← Chapters

အိစန်းကို ကိုယ်ပွားအဖြစ်ဖန်တီးခြင်း(၇)

Vol. 60 Ch. 832

အိစန်းကို ကိုယ်ပွားအဖြစ်ဖန်တီးခြင်း(၇)

Vol. 60 Ch. 832

ပထမအသက်ရှိုက်စာ...

စုမင်က နတ်ဘုရားအနှစ်သာရ၏စွမ်းရည်လေးမျိုးကြောင့် အံ့အားသင့်ပြီး မှင်သက်နေလေသည်။ သူ့မျက်စိရှေ့တွင် စွမ်းရည်လေးမျိုး အချင်းချင်းရောယှက်နေလေသည်။ ထိုတိုတောင်းသောအသက်ရှိုက်စာအတွင်း ၎င်းတို့က အကြိမ်ပေါင်းထောင်ချီ၍ ထပ်ခါတလဲလဲရောယှက်နေကြသည်။

ပထမအသက်ရှိုက်စာကုန်ဆုံးပြီးနောက် စုမင်က သူ့ကိုယ်သူ စွေ့ချန်ကျစ် မဟုတ်တော့ကြောင်း သဘောပေါက်လိုက်သည်။သူက အဖြူရောင်ဝတ်ရုံနှင့်ဆံရှည်စွေ့ချန်ကျစ်ထံမှ ထွက်လာသော မြူခိုးနက်အလွှာကို မြင်နိုင်ပုံရသည်။ထို မြူခိုးနက်ထဲတွင် မျက်နှာတစ်သိန်းရှိပြီး ၎င်းတို့အားလုံးက စုမင်းပိုင်ဖြစ်သည်။

ဒုတ်ယအသက်ရှိုက်စာရောက်လာသောအခါ မြူခိုးနက်များဖြင့်ဖွဲ့စည်းထားသောမျက်နှာတစ်သိန်းက စွေ့ချန်ကျစ်၏

ခန္ဓာကိုယ်မှ ပျံ့နှံ့သွားသည်။ ထိုမျက်နှာများက စုမင်၏နောက်တွင် စုဝေးသွားသည်။ ယခုအခါ စုမင်က ခန္ဓာကိုယ်တစ်ခု ပိုင်ဆိုင်ထားပြီး လောကကြီးထဲတွင် ပျောက်ဆုံးနေသောဝိညာဉ်တစ်ခု မဟုတ်တော့ကြောင်း ခံစားလိုက်ရသည်။

တတိယအသက်ရှိုက်စာ ရောက်လာသောအခါ စုမင်က ‌စွေ့ချန်ကျစ်၏နောက်ကျောကိုမြင်လိုက်ရသည်။ သူ့စိတ်ထဲတွင် ပေါ်လာသည်မှာ နတ်ဘုရားအနှစ်သာရစွမ်းရည်လေးမျိုးကြောင့် သူရရှိခဲ့သော အံ့အားသင့်မှုပင် ဖြစ်သည်။ ထိုအံ့အားသင့်မှုကို သူ့အသက်စွမ်းအားနှင့် အနည်းငယ် ရောနှောသွားပုံရပြီး တစ်ခုခုကို နားလည်သွားပြီဟု ခံစားရသည်။ အသက်သုံးရှိုက်စာပြီးနောက် စုမင်ဘက်သို့ ကျောပေးထားသောစွေ့ချန်ကျစ်က ခေါင်းခါပြီး တဖြည်းဖြည်း ဝေးရာသို့ ထွက်ခွာသွားသည်။ စုမင်၏ခန္ဓာကိုယ် မှေးမှိန်သွားသောအခါ ရုတ်တရက် စကားပြောလိုက်သည်။

“ကျုပ်ရဲ့အသက်လမ်းစဉ်က ဆောင်းရာသီအလယ်လောက်မှာရှိနေတယ်..လောကကြီးက ငြိမ်သက်နေပြီး အဲဒီမှာ အသက်စွမ်းအားတွေမရှိဘူး..နှင်းထုလွှာကြီးက မြေကြီးကို ဖုံးလွှမ်းထားပြီး ဘဝအမျိုးမျိုး ဝဇီချုပ်ငြိမ်းသွားသလိုပဲ..ဒါကြောင့် ခင်ဗျားက တစ်ချက် တွေးရုံနဲ့ ကောင်းကင်ကို ဖျက်ဆီးနိုင်တယ်လို့ ပြောတာလား” ..

စုမင်က တိုးတိုးလေးပြောပြီး သူ့မျက်လုံးထဲမှာ နားလည်မှုအလင်းရောင်တစ်ခု တောက်ပလာခဲ့သည်။

“ဆောင်းလယ်ပြီးသွားရင် ကျုပ်ရဲ့အသက်လမ်းစဉ်က သွေးစွန်းနေတဲ့ဆောင်းဦးရာသီလိုပဲ..သွေးနဲ့ ကောင်းကင်ကို အရောင်ဆိုးပြီး ဆောင်းဦးရာသီရဲ့အရောင်အဖြစ် ပြောင်းလဲမယ်..ပြီးတော့

ဆောင်းဦးရာသီရဲ့ဆန္ဒကို ရယူမယ်..ဒါက ရှင်ခြင်းနဲ့သေခြင်းကြားကအကူးအပြောင်းတစ်ခုပဲ...ကျုပ်ရဲ့အသက်လမ်းစဉ်အတွင်းမှာ သေခြင်းနဲ့ရှင်ခြင်းတည်ရှိနေတဲ့ တစ်ပြိုင်တည်းရှိနေတဲ့ အခြေအနေပဲ..ဆောင်းလယ်ရာသီက လုံးဝတိတ်ဆိတ်ငြိမ်သက်သွားတာမျိုး မဟုတ်သလို ပူပြင်းတဲ့နွေရာသီလို အသက်စွမ်းအားတွေအများကြီးရှိနေတာမဟုတ်ဘူး..”

“ရှင်ခြင်းနဲ့ သေဆုံးခြင်းက နှစ်မျိုးလုံး တစ်ပြိုင်နက်တည်း ရှိနေတာကြောင့်

ဘဝအားလုံး သေဆုံးတာရော ပြန်လည်ရှင်သန်တာတွေဖြစ်နိုင်တဲ့အခြေအနေပဲ..ဒါ့ကြောင့် ခင်ဗျား တစ်ချက်တွေးလိုက်ရုံရဲ့ စကြာဝဠာကြီးကို အသက်သွင်းနိုင်တယ်လို့ပြောတာမလားး..”

စုမင်က ဘယ်သူ့ကိုမှမပြောသလိုအတွေးမဲ့စွာ တိုးတိုးလေးပြောနေခဲ့သည်။ သို့ပေမဲ့ အဝေးက စွေ့ချန်ကျစ်က စုမင်၏စကားနှစ်ခွန်းကိုကြားသောအခါ သူ့ခြေလှမ်းများကို တုံ့ခနဲရပ်လိုက်သည်။ စုမင်၏စကားကို စောင့်နားထောင်နေသလိုမျိုး သူ့ကိုယ်သူ ငြိမ်ငြိမ်လေးနေခဲ့သည်။

“ကျုပ်နားလည်လာတဲ့ အသက်လမ်းကျင့်စဉ်ဆိုတာ ဆောင်းလယ်ကနေ နွေဦးရာသီကိုရွေ့လျားသလိုမျိုး သေခြင်းကနေရှင်ခြင်းကို ရွေ့လျားနေတဲ့လမ်းစဉ်တစ်ခုပဲ...ဒါပေမဲ့ လောကကြီးထဲမှာ နွေဦးကနေ ဆောင်းရာသီကိုရွေ့လျားတာက ပြောင်းပြန်လှန်လို့မရတဲ့အရာတစ်ခုပဲ..(ပြောချင်တာက လောကကြီးထဲကလူတွေက ရှင်သန်နေရတာကနေ သေဆုံးခြင်းကိုဦးတည်တယ်)

ဒါပေမဲ့ ဒါက ကျုပ်ဘဝမှာချို့တဲ့နေတဲ့အရာပဲ..ဒါက ပြောင်းပြန်လှန်လို့မရတဲ့အရာတစ်ခုဖြစ်ရင်တောင် ကျုပ် ဒီလမ်းကြောင်းကို လျှောက်လှမ်းရဦးမှာ”

“သွေးစွန်းတဲ့ ဆောင်းဦးရာသီပြီးနောက်မှာ ကျုပ်က လမ်းပျောက်နေခဲ့တယ်..အခု ကျုပ် နားလည်လာပါပြီ..ပူပြင်းတဲ့နွေရာသီက အသက်ဓါတ်တွေအများကြီးနဲ့ပြည့်နှက်နေသင့်တယ်..အဲဒီအသက်ဓါတ်ဟာ ပူပြင်းပြီး အရာအားလုံးကို လောင်ကျွမ်းစေနိုင်တယ်..အဲဒီအသက်ဓာတ်ဟာ ကြီးမားပြီး ဘဝအမျိုးမျိုးကို လင်းလက်စေနိုင်တယ်..”

“ဒါက စိတ်ကူးယဉ်မှုတစ်ခုသာ ဖြစ်နိုင်ပေမဲ့ ဘဝတွေချုပ်ငြိမ်းသွားတဲ့အခါ တကယ်ဖြစ်လာလိမ့်မယ်..နွေရာသီ..နွေရာသီ..ကျုပ်ရဲ့ဘဝက ပိုမိုလင်းလက်လာဖို့ ဘဝအားလုံးကို လောင်ကျွမ်းပစ်ရမယ်..ဒါက ခင်ဗျားတစ်ချက်တွေးရုံနဲ့ ဘဝအားလုံးကို ပျက်စီးစေနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ..”

စုမင်၏မျက်လုံးများက ပိုပြီးတောက်ပလာသည်။ ဤသည်မှာ လွန်ခဲ့တဲ့နှစ်တွေတုန်းက အရှေ့မြေရိုင်းမျှော်စင်မှာရှိစဉ် သူ ရရှိခဲ့သောထူးခြားသောနားလည်မှုဖြစ်သည်။ ယခု နတ်ဘုရားအနှစ်သာရစွမ်းရည်လေးမျိုးကနေ စွေ့ချန်ကျစ်တောင် မမျှော်လင့်ထားသည့် နားလည်မှုတစ်ခုကိုရရှိလာသည်။

ထိုအရာက စုမင်းတစ်ယောက်တည်းသာ ပိုင်ဆိုင်သောနားလည်မှုပင်ဖြစ်သည်။

စွေ့ချန်ကျစ်က ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်။ သူက စုမင်၏နောက်ဆုံးစကားများကို တိုးတိုးလေးရေရွတ်လိုက်သည်။

“ပူပြင်းတဲ့နွေရာသီပြီးရင် နွေဦးရာသီရောက်တော့မယ်…အရာအားလုံး ပြန်လည်ရှင်သန်လာတဲ့အချိန်..ဘဝအမျိုးမျိုး နိူးထလာမဲ့အချိန်ပဲ..ဒါက ဘဝအားလုံးအတွက် ပထမခြေလှမ်းဆိုပေမဲ့ ငါ့အတွက်တော့ နောက်ဆုံးခြေလှမ်းပဲ..ပြန်လည်ရှင်သန်ထမြောက်ခြင်းရဲ့စွမ်းအားနဲ့ ငါ့ကိုယ်ငါ နိူးထမယ်..”

“ငါအောင်မြင်ရင် တစ်ချက်တွေးရုံနဲ့ ဘဝအမျိုးမျိုးကို အသက်ပေးနိုင်မယ်..ဒါပေမဲ့ ငါမအောင်မြင်ရင်... တစ်ချက်တွေးရုံနဲ့ ဘဝအားလုံးကို ပျက်စီးစေမယ်”

စုမင်ဧ။်မျက်လုံးများက ဖျတ်ခနဲတောက်ပလာပြီး စွေ့ချန်ကျစ်ကိုကြည့်လိုက်သည်။ သူက ဆံဖြူနှင့်ဥာဏ်ပညာရှိအဘိုးအိုကို ကြည့်လိုက်ရင်း သူ့မျက်နှာမှာ ယုံကြည်ချက်ခိုင်မာမှုတစ်ခုပေါ်လာလေသည်။

“ဒါက ငါ့ရဲ့နားလည်မှုပဲ..”

စွေ့ချန်ကျစ်က ထိုစကားများကို ရေရွတ်ရင်း သူ့မျက်နှာမှာ ထူးဆန်းသောအကြည့်တစ်ခုပေါ်လာသည်။ သူက တစ်ခုခုပြောချင်ပုံရသော်လည်း ပြော၍မရ‌တော့ပေ။ ယင်းအစား သူ့မျက်လုံးများမှာ တစ်စုံတစ်ခုသော

ဉာဏ်အလင်းနဲ့အတူ အံအားသင့်နေသောအကြည့်ရှိပြီး သူ့ခန္ဓာကိုယ်က တဖြည်းဖြည်းပျောက်ကွယ်သွားသည်။

စွေ့ချန်ကျစ်၏ခန္ဓာကိုယ်ပျောက်ကွယ်သွားပြီး သူတို့ပတ်ဝန်းကျင်ကနေရာတွေလည်းပျောက်ကွယ်သွားသည်။ အိစန်း၏ဟိန်းဟောက်သံများက စုမင်၏နှလုံးသားထဲမှာ တစ်ဖန်ပြန်လည်ပဲ့တင်ထပ်သွားသည်။ အစွမ်းထက်သောစိတ်ဆန္ဒက နေရာတစ်ခုလုံးကို ဖြတ်သန်းသွားပြီး စုမင်၏ဝိညာဉ်ထဲမှာ ပေါက်ကွဲသံများထွက်ပေါ်လာတာကို ကြားနိုင်သည်။

သို့ပေမဲ့ စုမင်၏အာရုံထဲမှာတော့ ထိုပေါက်ကွဲသံက သူနှင့်အလွန်ဝေးကွာနေသလိုခံစားရလေသည်။ ထိုအချိန်မှာ သူ့ဝိညာဉ်က လုံးဝလောင်ကျွမ်းသွားခဲ့သည်။ သို့ပေမဲ့ သူ့ဝိညာဉ်တစ်ခုလုံး လောင်ကျွမ်းသွားချိန်မှာတောင် သူ သတိထားမိတာက… သူ ပျောက်ကွယ်သွားခြင်း မရှိပေ။

“ငါက အစကတည်းက သေလူ.. ငါ့ဝိညာဉ်တောင် သေပြီသား.. ငါထပ်သေရင် ဘာဖြစ်မှာလဲ”

စုမင်က တိုးတိုးလေးပြောလိုက်သည်။

“ဒါက ငါ့အတွေးပဲ... ဒါက ငါ့အတွေးပဲ...”

သူက ပထမဆုံးအချိန်ကို ထိန်းချုပ်နိုင်စဉ် လူသိများသောအသူရာနိုးထခြင်းနယ်ပယ်ဧ။်လက္ခဏာများကို သတိရသွားလေသည်။

တာအိုယွမ်ရောက်လာသည့်အခါ...

စုမင်၏ဝိညာဉ်ထဲမှ ချိပ်တံဆိပ်သုံးခုထွက်လာသည့်အခါ..

လောကကြီးက အသူရာဖန်ဆင်းရှင်များအတွက် တည်ဆောက်ထားသည်ဟုပြောသော စကားသံပေါ်လာသည့်အခါ..

သူက အသူရာနိုးထခြင်းနယ်ပယ်၏အစစ်အမှန်အခြေအနေထဲကို ရောက်သွားကြောင်း ခံစားလိုက်ရသည်။

ထိုအချိန်တွင် သူက ကြက်သွေးရောင်ဖီးနစ်သားရဲကို ပိုင်ဆိုင်ပြီး သူ၏ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်အသစ်ကို ဖွဲ့စည်းနိုင်ခဲ့သည်။ ထိုသားရဲမှာ သဘာဝအတိုင်းမွေးဖွားလာသောမျိုးရိုးဗီဇရှိသည်။

“အသူရာဖန်ဆင်းရှင်တွေက သေသူတွေကို အသက်ပြန်ရှင်စေနိုင်တယ်လို့ မီးလျှံဂြိုလ်သခင်က တစ်ခါပြောခဲ့ဖူးတယ်…ဒါက မွေးရာပါ စွမ်းရည်တစ်ခုဖြစ်ပြီး စကြာဝဠာကြီးရဲ့လက်ထဲကနေ ဖန်ဆင်းခြင်းစွမ်းအားကို လုယူတဲ့ စွမ်းရည်တစ်ခုပဲ..ဒါက ကောင်းကင်ဘုံရဲ့အလိုတော်နဲ့ မကိုက်ညီသလို စကြာဝဠာနဲ့လည်း မကိုက်ညီဘူး..”

“ဒီစွမ်းရည်က ဘယ်ကလာလဲဆိုတာ ငါစဉ်းစားနေခဲ့တာ… အခု ငါ နားလည်သွားပြီ..အသူရာနိုးထခြင်းနယ်ပယ်ပြီးတဲ့နောက်မှာ အသူရာလောကကိုတည်ဆောက်ဖို့နဲ့..ဘဝကိုတည်ဆောက်ဖို့ပဲ..”

“ဒါကြောင့် အသူရာနိုးထခြင်းနယ်ပယ်မှာ လူတစ်ယောက်က တစ်ကြိမ်တည်းနဲ့ တကယ်သေသွားဖို့လိုတယ်..”

စုမင်က ထိုသဘောတရားကိုနားလည်လာရင်း သူ့ဝိညာဉ်က ပြီးပြည့်စုံသောဝိညာဉ်တစ်ခုချက်ချင်းဖြစ်လာခဲ့သည်။

ထိုပြီးပြည့်စုံမှုက သူ့ဝိညာဉ်ကိုမလောင်ကျွမ်းခင်ကနှင့်မတူပေ။ သို့ရာတွင် သူ့ကိုယ်သူ ကွာခြားမှုကို မပြောနိုင်ပေ။ သူ့မှာရှိသောဝိညာဉ်က တစ်ခုခုအဆင့်ပိုမြှင့်လာကြောင်း ခံစားမိနိုင်သည်။တစ်ချိန်တည်းတွင် သူ့ဝိညာဉ်က ရှင်ခြင်းနှင့်သေခြင်းအခြေအနေထဲမှာ ရှိနေလေသည်။

သူက သေဆုံးနေသောဝိညာဉ်တစ်ခု မဟုတ်တော့ဘဲ…အသက်စွမ်းအားကိုပိုင်ဆိုင်သောဝိညာဉ်တစ်ခုဖြစ်လာသည်။

သူ ဆောင်းဦးရာသီ၏ဆန္ဒကိုနားလည်ပုံနှင့်အတူတူဖြစ်သည်။ ထိုအချိန်တွင် စုမင်က ဆောင်းဦးရာသီ၏ဆန္ဒထဲကို တကယ်ဝင်ရောက်သွားပြီဆိုတာ သတိထားမိလိုက်သည်။ ယခုတော့ သူနားလည်ရုံသာမက သူ့ဝိညာဉ်ကို အရယူခဲ့သည်။

ထိုအချိန်ကစပြီး တောက်ပသောယန်၏တည်ရှိမှုက သူ့ကို ဖျက်ဆီးပစ်နိုင်သည့် ကြောက်စရာကောင်းသောအရာတစ်ခု မဟုတ်တော့ပေ။ အဘယ်ကြောင့်ဆိုသော် စုမင်၏ဝိညာဉ်က လုံးဝသေဆုံးသွားခြင်းမရှိတော့ဘဲ အသက်စွမ်းအားရလာသည်။ သူ့ဝိညာဉ်က ဆောင်းဦးရာသီလို ရှင်ခြင်းနှင့်သေဆုံးခြင်းကြားမှာ ပိတ်မိနေခဲ့သည်။

ထိုအချိန်တွင် အိစန်း၏ဒေါသတကြီး အော်ဟစ်သံများအပြင် အံ့ဩထိတ်လန့်သောအသံများက နီးကပ်လာသည်။ ထိုအသံများက နေရာတစ်ဝိုက်မှာ ရှင်းရှင်းလင်းလင်း ပဲ့တင်ထပ်သွားခဲ့သည်။ အိစန်း၏အသံမှာ စုမင်၏ပြောင်းလဲမှုအပေါ် ထိတ်လန့်မှု၊ ဇဝေဇဝါဖြစ်မှု၊ အံ့အားသင့်မှုများဖြင့်ပြည့်နှက်နေလေသည်။

ထိုအချိန်တွင် စုမင်၏ဝိညာဉ်က ရွှေရောင်သွေးကြောအားလုံး၏ဆယ့်ပုံရှစ်ပုံကို သိမ်းပိုက်ထားပြီးဖြစ်သည်။ ၎င်းက အလယ်ဗဟိုရှိမရဏအရှိန်အဝါနှင့်ပြည့်နှက်နေသောနှလုံးသားကို ဝန်းရံထားသည်။ စုမင်က အသူရာနိုးထခြင်းနယ်ပယ်ရောက်ရှိပြီး သူ့ဝိညာဉ်က ပြည့်စုံလာသည်။ သူက တွန့်ဆုတ်ခြင်းမရှိဘဲ အိစန်းကို ထပ်မံပိုင်ဆိုင်ရန်ကြိုးစားခဲ့သည်။

ယခု သူက အိစန်း၏ဆန္ဒကိုတိုက်ခိုက်သည့်အခါ သူက ကိုယ်ပိုင်မဟုတ်သောစွမ်းအားတစ်ခုခုကို ထိန်းချုပ်နိုင်ပုံရကြောင်းကို သတိပြုမိခဲ့သည်။

ထိုအရာက ဥပဒေသ၏စွမ်းအား၊ စွေ့ချန်ကျစ် မသေဆုံးခင်က ချန်ထားခဲ့သောဥပဒေသပင်ဖြစ်၏။

စုမင်၏နှလုံးသားထဲတွင် ဉာဏ်အလင်းရသွားသောအခါ သူ့မျက်နှာတစ်သိန်းဧ။်ညာမျက်လုံးမှာမှော်သင်္ကေတများ ရုတ်တရက် ပေါ်လာခဲ့သည်။ ထိုမှော်သင်္ကေတများက ယခင်က မရှိခဲ့ဖူးပေ။ ထို့သို့ပေါ်လာစဉ် မျက်နှာတစ်သိန်း၏အမူအရာက သိပ်အရေးတယူမလုပ်ခဲ့ပေ။ ထိုသင်္ကေတများမှ အဆုံးမဲ့ အနက်ရောင်အလင်းတန်းများ ဖြာထွက်ပြီး ၎င်းတို့တစ်ခုစီသည် အနက်ရောင်ပုံရိပ်အဖြစ်သို့ ပြောင်းလဲသွားသည်။

စုမင်က ယခင်က ထိုကဲ့သို့သောပုံရိပ်များကို မြင်တွေ့ခဲ့ဖူးသည်။ ၎င်းတို့က ကျောက်တိုင်လောကထဲရှိလူအားလုံးကို သတ်ပစ်နိုင်သည့် ပုံရိပ်များဖြစ်သည်။

ထိုပုံရိပ်များက စုမင်ကို ဦးညွှတ်လိုက်၏။ စုမင်က သူတို့ကို ထိန်းချုပ်နိုင်ကြောင်း ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။

“စွေ့ချန်ကျစ်က အိစန်းကိုအောင်အောင်မြင်မြင်သိမ်းပိုက်နိုင်တဲ့သူကို မျှော်လင့်နေခဲ့တယ်..မဟုတ်ရင် ငါ သွေးကြောတွေရဲ့သုံးပုံတစ်ပုံ..တစ်ဝက်..ဆယ့်ပုံရှစ်ပုံလွှမ်းမိုးနိုင်တဲ့အချိန်မှာ ကူညီပေးမှာမဟုတ်‌ဘူး..”

ထိုအနက်ရောင်ပုံရိပ်များ ပေါ်လာစဉ် စုမင်၏ခေါင်းထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ ပုံရိပ်တစ်သိန်းက အိစန်း၏ဆန္ဒဆီသို့ ဒေါသတကြီး ဟိန်းဟောက်သံများဖြင့် ဝင်ရောက်လာသည်။ အိစန်းကလဲ ရူးသွပ်စွာ ဟိန်းဟောက်လိုက်သောအခါ စုမင်ကသူ၏ လွှမ်းမိုးမှုကို သွေးကြော၏ရှစ်ဆယ်ပုံမှ ရှစ်ဆယ့်ငါးပုံအထိ မြှင့်တင်ခဲ့သည်။

ရွှေရောင်ကနေမည်းနက်သွားသောအစိတ်အပိုင်းများက သွေးကြောအများစုကို သိမ်းပိုက်ထားသည်။အလယ်ဗဟိုရှိ နှလုံးသားမှလွဲ၍ ရွှေရောင်တောက်ပနေသောအစိတ်အပိုင်း အနည်းငယ်သာရှိတော့သည်။

“ရှစ်ဆယ့်ခြောက်.. ရှစ်ဆယ့်ရှစ်.. ကိုးဆယ်..”

“ကိုးဆယ့်တစ်.. ကိုးဆယ့်နှစ်..ကိုးဆယ့်သုံး…”

စွေ့ချန်ကျစ်၏ဥပဒေသကြောင့် ပုံရိပ်တစ်သိန်းဖြစ်ပေါ်လာခဲ့သည်။ သူတို့က အိစန်းနှင့်တိုက်ခိုက်ချိန်မှာ စုမင်၏ဝိညာဉ်က အလျင်အမြန် ပျံ့နှံ့သွားခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ မရဏအငွေ့အသက်နှင့်ပြည့်နှက်နေသောနှလုံးသားအပြင် ရွှေရောင်တောက်ပနေသောအခြားသွေးကြာအားလုံးက အနက်ရောင်ပြောင်းသွားခဲ့သည်။ သွေးကြောအားလုံးက စုမင်၏ပိုင်ဆိုင်မှု ဖြစ်လာခဲ့သည်။ သူ့ဝိညာဉ်စွမ်းအားက ပျံ့နှံ့သွားပြီး စွမ်းအားလှိုင်းများကြောင့် အိစန်းကစိတ်ပျက်အားငယ်စွာ အော်ဟစ်ခဲ့ရသည်။

ထိုအချိန်တွင် ကျောက်တိုင်ကိုးဆယ်မှစမ်းသပ်မှုကိုဖြေဆိုသူ

များက ကျရှုံးသွားပြီး မောင်းထုတ်ခံခဲ့ရသည်။ ထို့ပြင် သူတို့ပိုင်ဆိုင်သောကျောက်တိုင်များက အားကောင်းသောအလင်းတန်းနှင့်အတူ ပေါက်ကွဲထွက်လာခဲ့သည်။

ကျောက်တိုင်တစ်သိန်း.. ပေတစ်သန်းကျော်ရှိသူများမှလွဲ၍ ကျန် ၉၀၀၀၀ ခန့်ရှိသော ကျောက်တိုင်များက အလင်းရောင်ဖြင့် တောက်ပနေသည်။ ထိုအလင်းရောင်က မျက်စိစူးမတတ် တောက်ပနေလေသည်။ အံ့အားသင့်ပြီး အော်ဟစ်နေသောပုံရိပ်များစွာက ၎င်းတို့၏ ကျောက်တိုင်များမှ ထွက်ခွာလာကြသည်။

“ လူ ကိုးသောင်းးး..”

နတ်ဘုရားအနှစ်သာရကို ရယူလိုပြီး ကျောက်တိုင်များရှိ မှတ်ဉာဏ်များဖြင့် ဖွဲ့စည်းထားသောလောကတွင် ဇာတ်မြုတ်နေသောသူများအားလုံး ထွက်ပေါ်လာကြသည်။ ဤမြင်ကွင်းက လူအားလုံး၏ နှလုံးသားကို တုန်လှုပ်စေပြီး အံ့သြထိတ်လန့်သွားကြသည်။ အနောက်တိမ်တိုက်ဂြိုလ်၏သီးခြားနယ်မြေဖြစ်တည်ပြီးကတည်းက တစ်ခါမှ မဖြစ်ဖူးသော အရာဖြစ်သည်။

“ဘာဖြစ်သွားတာလဲ..”

“ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ.. အခု ငါ ကျောက်တိုင်ထဲမှာ ရှိနေနေတာ..အဲဒီအချိန် ငါမတွန်းလှန်နိုင်တဲ့ ဆန္ဒတစ်ခုကြောင့် အတင်းအကျပ် ထွက်လာရတာ”

“ဖြစ်နိုင်ပါ့မလား... တစ်ယောက်ယောက်က ပေဆယ်သန်းအထိ ရောက်သွားတာလား.. မဖြစ်နိုင်ဘူး..ဒီမှာ ပေဆယ်သန်းမြင့်တဲ့ ကျောက်တိုင် မရှိဘူး..”

“ကြည့်အုံးး.. အဲဒါ... ငါတို့ရဲ့ ကျောက်တိုင်တွေ... “

အံ့အားသင့်နေသောဆွေးနွေးမှုများက လေထဲမှာ ပျံ့လွင့်သွားသည်။ နောက်ဆုံးတွင် သူတို့က ထူးဆန်းသောအရာတစ်ခုကိုတွေ့လိုက်ရသည်။ သူတို့နာမည်အပြင် တခြားနာမည်တစ်ခုလဲ ရုတ်တရက် ပေါ်လာတာကို တွေ့လိုက်ရသည်။

နောက်ထပ်နာမည်က… မိုစုပင်ဖြစ်၏။

ကျိုးခန်းက ဘေးမှာရပ်နေပြီး

စုမင်၏ကျောက်တိုင်ကို ‌‌ငေးကြောင်ကြောင်စိုက်ကြည့်နေလေသည်။ကျိုးခန်းက စုမင် သီးခြားနယ်မြေပထမဆုံးရောက်ချိန်ကို သတိရမိသည်။စုမင်က သူ၏အတွေ့အကြုံများကို လေးနက်နက်နားထောင်နေသောပုံရိပ်က ကျိုးခန်း၏စိတ်ထဲမှာ ပေါ်လာသည်။

All Chapters