← Chapters

အိစန်းကို ကိုယ်ပွားအဖြစ်ဖန်တီးခြင်း(၈)

Vol. 60 Ch. 833

အိစန်းကို ကိုယ်ပွားအဖြစ်ဖန်တီးခြင်း(၈)

Vol. 60 Ch. 833

ကျိုးခန်းက တစ်ချက်ကြည့်လိုက်သည့်အခါ စမ်းသပ်မှုကိုကျရှုံးသူများ၏ ကျောက်တိုင်အမြင့်လျော့ကျသွားလေသည်။ သူတို့၏အမူအရာများက သိသိသာသာပြောင်းလဲသွား၏။ သူတို့နှင့်အတူတူစမ်းသပ်မှုကိုဖြေဆိုသောစုမင်ဧ။်ကျောက်တိုင်ကို စိုက်ကြည့်နေလေသည်။

ထိုလူကို မိုစုဟုခေါ်ကြောင်း သူတို့ရှင်းရှင်းလင်းလင်း မှတ်မိကြသည်။

ထိုအချိန်မှာ စုမင်၏နာမည်က ကျောက်တိုင် တစ်သိန်းနီးပါးမှာ ပေါ်လာခဲ့သည်။ ထိုအရာက လူတိုင်းကို အံ့အားသင့်စေပြီး သူတို့၏နှလုံးသားထဲမှာ မရေမတွက်နိုင်သောခန့်မှန်းချက်များ ပေါ်လာ၏။ သူတို့၏အသက်ရှုသံများက တဒုန်းဒုန်းမြန်ဆန်စေခဲ့သည်။

စမ်းသပ်မှုက‌နေပြန်လာသူများပင် ထိုအရာကို သတိထားမိတာမဟုတ်ပေ။ကျောက်တိုင်၏လောကကနေထွက်လာသူများကပါ မြေပြင်ပေါ်က ကျောက်တိုင်များထဲက တစ်ခုဆီကို အကြည့်ရောက်သွားလေသည်။

“အဲဒါက… မိုစုရဲ့ ကျောက်တိုင်ပဲ..”

ကျောက်တိုင်တစ်သိန်း၏နယ်မြေတွင်

ပေါက်ကွဲသံများက တဖြည်းဖြည်း ပျံ့နှံ့သွားပြီး တိတ်ဆိတ်မှုကို အစားထိုးလိုက်သည်။ လူအားလုံးက စုမင်၏ ကျောက်တိုင်ကို ကြည့်နေကြပြီး သူတို့၏ မျက်နှာအမူအရာများ ပြောင်းလဲလာသည်။ သူတို့ခေါင်းထဲတွင် အတွေးပေါင်းများစွာဖြတ်သန်းသွားလေသည်။

အထူးသဖြင့် စုမင်၏အသက်ကို ရန်ရှာရန်ရောက်လာသူများဖြစ်၏။ သူတို့က အလွန်စိတ်‌ရှုပ်ထွေးနေပုံရသည်။ အခြားသူများအတွက်တော့ မိုစု၏နာမည်နှင့်အဆင့်အတန်းက မရင်းနှီးသော်လည်း သူတို့က စုမင်အတွက် သီးခြားနယ်မြေကိုလာခဲ့ကြသည်။ သီးခြားနယ်မြေက ဥပဒေသများက သူတို့၏လုပ်ရပ်များကို

အနှောင့်အယှက်မပေးခဲ့လျှင် စုမင်ကို အစကတည်းက တိုက်ခိုက်ပြီးသားဖြစ်၏။စုမင်အပေါ် သူတို့၏နားလည်မှုက အခြသူများထက် ပိုကြီးမားတာကြောင့် သူတို့၏ခံစားချက်များက ပို၍ရှုပ်ထွေးနေကြသည်။

ကျောက်တိုင်နယ်မြေထဲရှိလူများမှာ စုမင်၏သိမ်းပိုက်မှုကြောင့် တိတ်ဆိတ်သွားသည်။ အိစန်းကလဲ တကယ်ကိုထိတ်လန့်သွားလေသည်။

ဒေါသတကြီးဟိန်းဟောက်သံများက သူ၏ရင်ထဲကနေ ကြောက်ရွံ့မှုနှင့်သတိထားမှုတို့ပါဝင်နေလေသည်။ သူ့ဟိန်းဟောက်သံများက အဆက်မပြတ် ပဲ့တင်ထပ်နေလေသည်။

အကြောင်းကတော့ သစ်ပင်၏ သွေးကြောအားလုံးက မည်းမှောင်သွားတာကြောင့် စုမင်၏ဝိညာဉ်က သစ်ပင်၏နှလုံးသားကို ပိုင်ဆိုင်သွားပြီဟု ယူဆရလေသည်။

စုမင်က ထိုနှလုံးသားကို အောင်မြင်စွာပိုင်ဆိုင်ပြီး‌နောက် အိစန်းဆိုတာ မရှိတော့ပေ။ စုမင်၏အကောင်းဆုံးကိုယ်ပွားအိစန်းသာ ရှိတော့သည်။

“မ..မလုပ်နဲ့...နိမ့်ကျတဲ့ကောင်..အရှက်မရှိတဲ့သူခိုး..အိစန်း‌ဆိုတဲ့ငါက စကြဝဠာထဲမှာ တစ်ဦးတည်းသောတည်ရှိမှုပဲ..ငါက စကြဝဠာထဲမှာ အရာအားလုံးထက် မြင့်မြတ်တဲ့သက်ရှိပဲ..ငါ့ကိုပိုင်ဆိုင်ဖို့ မင်းမှာ ဘာအခွင့်အရေးရှိလို့လဲ..”

အိစန်းက ဒေါသတကြီးအော်ဟစ်နေလေသည်။

ကျယ်လောင်သောအသံများက လေထုထဲမှာ ပဲ့တင်ထပ်သွားပြီး အရပ်လေးမျက်နှာတွင် ပျံ့နှံ့သွားသည်။ ထို့နောက် နဂါးငွေ့တန်းတစ်သိန်းကိုပြင်းထန်စွာ တုန်လှုပ်စေခဲ့သည်။ အက်ကွဲကြောင်းများစွာ ပေါ်လာပြီး ထိုနဂါးငွေ့တန်းက ပြိုကွဲတော့မည့်ပုံပေါ်သည်။

အိစန်း၏စိတ်လှုပ်ရှားနေသောဆန္ဒက

စွေ့ချန်ကျစ်ကို ဆန့်ကျင်သောအခါ ပေါက်ကွဲသံများစွာ ထွက်ပေါ်လာသည်။

အိစန်း၏ဟိန်းဟောက်သံများဖြစ်ဖြစ် ပေါက်ကွဲသံများဖြစ်ဖြစ် စုမင်ကို ခဏလေးတောင် ရပ်တန့်‌အောင်မလုပ်နိုင်ပေ။ စွေ့ချန်ကျစ်၏ဥပဒေသကြောင့်ဖြစ်ပေါ်လာသောပုံရိပ်တစ်သိန်းက အိစန်း၏စိတ်ဆန္ဒကို တိုက်ခိုက်နေသောကြောင့် စုမင်၏လုပ်ရပ်များကို ရပ်တန့်ရန်မဖြစ်နိုင်ပေ။

စုမင်၏ဝိညာဉ်က သစ်ပင်၏နှလုံးသားဆီသို့ ပျံ့နှံ့သွားလေသည်။ ထိုမြင်ကွင်းက

ရွှေရောင်ပုံဆွဲစက္ကူတစ်ရွက်ကို အနက်ရောင်မင်နှင့် ရေးဆွဲထားသလိုပင်ဖြစ်သည်။ သို့သော် အလယ်ဗဟိုတွင် အနက်ရောင်မင် ကင်းလွတ်သောနေရာလွတ်လေးရှိ‌နေပြီး မင်က ဗလာနေရာဆီကို အလျင်အမြန် ပျံ့နှံ့သွား၏။မင်က စက္ကူတစ်ရွက်လုံးကို အနက်ရောင်ဆိုးရန် ရည်ရွယ်ထားပုံရသည်။

နဂါးငွေ့တန်းတစ်သိန်းတွင် ဟိန်းဟောက်သံများ ထွက်ပေါ်လာခဲ့သည်။ သစ်ပင်တစ်သိန်းက တသိမ့်သိမ့် တုန်လှုပ်သွားခဲ့သည်။အိစန်း၏စိတ်ဆန္ဒမှ စူးစူးဝါးဝါးအော်သံများ ထွက်ပေါ်လာလေသည်။ စုမင်၏ဝိညာဉ်က သစ်ပင်၏နှလုံးသားကို ထိတွေ့မိခဲ့သည်။

သူ့ဝိညာဉ်တွင် ပေါက်ကွဲသံတစ်ခု ထပ်မံထွက်ပေါ်လာ၏။ထိုအသံမှာ သွေးကြောများ နည်းနည်းချင်းစီသိမ်းပိုက်ပြီးနောက် သူကြားခဲ့ရသော အသံနှင့် အတူတူပင်ဖြစ်သည်။ သူ့ဝိညာဉ်တွင် ထင်ယောင်ထင်မှားပုံရိပ်တစ်ခုပေါ်လာလေသည်။

စုမင် သွေးကြောများ၏သုံးပုံတစ်ပုံကို သိမ်းပိုက်ထားစဉ်က အိစန်း၏ဝိညာဉ်နှင့်ဧရာမခန္ဓာကိုယ်ကို ပထမဆုံးမြင်တွေ့ခဲ့ရသည်။

စုမင်က သွေးကြောများ၏တစ်ဝက်ကို သိမ်းပိုက်ထားသောအခါ သူ့အား ပိုမိုထိတ်လန့်မှုနှင့် စိတ်ပျက်အားငယ်မှုကိုပင် ယူဆောင်လာသည့် မြင်ကွင်းတစ်ခုကို ဒုတိယအကြိမ်မြင်တွေ့ခဲ့ရသည်။ သူက နဂါးငွေ့တန်းတစ်သိန်း...ရွှေရောင်ပင်လယ်တစ်သိန်းနှင့် သစ်ပင်တစ်သိန်းကို မြင်ခဲ့ရသည်။

နောက်မြင်ကွင်းမှာ စုမင်က အစစ်အမှန်နှင့်ထင်ယောင်ထင်မှားအကြား ခြားနားချက်၊ လှည့်စားမှုနှင့် လက်တွေ့ဘဝကြားက ခြားနားချက်ကို ခံစားမိခဲ့သည်။ သူက ဘာကိုမှဂရုမစိုက်ဘဲ သွေးကြောအားလုံး၏ဆယ်ပုံရှစ်ပုံကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်။

ထိုအခိုက်အတန့်အတွင်း စုမင်က စွေ့ချန်ကျစ်ကို မြင်တွေ့ခဲ့သည်။ သူက နတ်ဘုရားအနှစ်သာရစွမ်းရည်လေးမျိုးကို ခံစားမိပြီး အသက်လမ်းကျင့်စဉ်ကို အတည်ပြုနိုင်ခဲ့သည်။ နောက်ဆုံးမှာ သူက စွေ့ချန်ကျစ်၏ဥပဒေသကို ကျွမ်းကျင်စွာအသုံးချနိုင်ခဲ့သည်။

ထိုမြင်ကွင်းသုံးခုက စုမင်၏စိတ်ထဲမှာ မပေါ်လာလျှင် စုမင်က ဤအခြေအနေထိရောက်ရှိလာနိုင်မည်မဟုတ်ပေ။ ဟိုးရှေးခေတ်ကတည်းက မည်သူမှ မရရှိနိုင်သောနေရာတစ်ခုပင်ဖြစ်သည်။ သူ့ဝိညာဥ်ထဲမှာ သုံးကြိမ်တိုင်တိုင်ပေါ်လာသောလှည့်စားမှုများက စွမ်းအားသုံးခုကိုတိုးမြှင့်ပေးသလို စမ်းသပ်မှုကြီးသုံးခုလဲဖြစ်သည်။ ထိုစမ်းသပ်မှုသုံးခုကို အောင်မြင်လျှင် စုမင်က အကူအညီသုံးခုရလိမ့်မည်။

တစ်စုံတစ်ယောက်က ထိုအရာအားလုံးကို

ကြိုတင်ချန်ထားခဲ့သည်မှာ ရှင်းလေ၏။ သူ့ရည်ရွယ်ချက်က နောက်ပိုင်းမျိုးဆက်များ၏သားစဉ်မြေးဆက်များက အိစန်းကို သိမ်းပိုက်ချိန်တွင် အနည်းငယ်လွယ်ကူစေရန်ဖြစ်သည်။ သို့သော် သူက အရာအားလုံးကို အနည်းငယ်သာလွယ်ကူအောင် လုပ်ပေးခဲ့သည်။ အကယ်၍ စုမင်သာ သူ့ကိုယ်တိုင် မကြိုးစားခဲ့လျှင် သူ့ဧ။်လက်ရှိအခြေအနေကို မရောက်နိုင်သေးပေ။ ရှင်းနေသည်မှာ ထိုအရာအားလုံးကိုချန်ထားသူမှာ စွေ့ချန်ကျစ်ပင်ဖြစ်သည်။

စုမင်၏ဝိညာဉ်ထဲမှာ ပုံရိပ်ယောင်မြင်ကွင်းပေါ်လာပြန်သည်။ စွေ့ချန်ကျစ်က သူ့ကို လေးကြိမ်မြောက်ကူညီမည်ဖြစ်ကြောင်း ကောင်းစွာသိလေသည်။ ထို့အပြင် ထိုအကူအညီက နောက်ဆုံးအကူအညီလဲဖြစ်နိုင်သည်။

စုမင်၏ဝိညာဉ်ထဲမှာ ပေါက်ကွဲသံများထွက်ပေါ်လာပြီး သူက ပျက်စီးနေသောစကြဝဠာတစ်ခုကို မြင်လိုက်ရသည်။

ထိုစကြာဝဠာက အကန့်အသတ်မရှိပေ။၎င်းက စစ်မှန်သောလောကကြီးတစ်ခုဖြစ်ကြောင်း စုမင် ခံစားခဲ့ရသည်။ ၎င်းက ကြီးမားပြီး ပြီးပြည့်စုံသောလောကကြီးတစ်ခုဖြစ်၏။ သူ့အရွယ်အစားကို စကားလုံးများနှင့် ဖော်ပြ၍မရအောင် ကြီးမားလွန်းသည်။

စုမင်က စကြာဝဠာကြီး၏ကြီးမားမှုကို ဖော်ပြနိုင်မှာ မဟုတ်ပေ။သို့ပေမဲ့ စစ်မှန်သောလောကကြီးက နည်းလမ်းများစွာဖြင့်ပျက်စီးသွားခဲ့သည်။ စကြာဝဠာပြိုကွဲသွားသံများက စုမင်၏နှလုံးသားထဲမှာ ပဲ့တင်ထပ်သွားခဲ့သည်။ ထိုအသံများက ရပ်တန့်မသွားဘဲ ပိုမိုကျယ်လောင်လာသည်။

စုမင် တစ်ချက်ကြည့်လိုက်စဉ် အဆုံးမဲ့နဂါးငွေ့တန်းထဲကကျင့်ကြံဂြိုလ်များက

အလျင်အမြန် ပြိုကျပြီး အပျက်အစီးများအဖြစ် ပြောင်းလဲသွားခဲ့သည်။ ဂြိုလ်ထဲက သက်ရှိများလဲ ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားခဲ့သည်။

ထိုစကြာဝဠာထဲက အရာအားလုံးမှာ လူသားတစ်ယောက်၏ဘဝလို အဆုံးထိရွေ့လျားဦးတည်နေ‌လေသည်။

အသက်စွမ်းအားများစွာရှိနေ‌သောကျင့်ကြံဂြိုလ်များတောင်မှ မရဏအငွေ့အသက်၏ဝန်းရံခြင်းကို ခံခဲ့ရသည်။ အလားတူ နဂါးငွေ့တန်းတစ်ခုလုံးမှာ မရဏအငွေ့အသက်များနှင့်ချက်ချင်းသိမ်းပိုက်ခံလိုက်ရသည်။

“စကြာဝဠာထဲက နောက်ဆုံးလောက... သေခြင်းတရားဆိုတဲ့ကပ်ဘေးကနေ လွတ်မြောက်နိုင်မှာမဟုတ်ဘူး... ငါ စွေ့ချန်ကျစ်လဲ ဒါကို တိုက်ထုတ်နိုင်စွမ်းမရှိဘူး...ဟူးး..ငါ ကျရှုံးခဲ့တယ်”

ဝမ်းနည်းပူဆွေးမှုများနှင့် ပြည့်နှက်နေသော ရှေးဟောင်းအသံတစ်ခုက စကြာဝဠာထဲမှာ ပဲ့တင်ထပ်သွားလေသည်။

စွေ့ချန်ကျစ်က အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ပြီး အသက်ကင်းမဲ့နေသောနဂါးငွေ့တန်းထဲ လျှောက်သွားနေတာကို စုမင် မြင်လိုကခရသည်။ သူ့ဆံပင်များက ဖရိုဖရဲဖြစ်နေပြီး ကောင်းကင်ကို ဟားတိုက်ရယ်လိုက်သည်။ သို့ပေမဲ့ ထိုရယ်သံက စုမင်၏နားထဲသို့ဝင်လာသောအခါ စကားလုံးများနှင့်ဖော်ပြရန်ခက်ခဲသောဝမ်းနည်းပူဆွေးမှုတစ်ခုကို ခံစားခဲ့ရသည်။

“ဒါပေမဲ့ ငါ... အောင်မြင်ခဲ့တယ်”

စုမင်က စွေ့ချန်ကျစ်ကိုမင်သက်စွာကြည့်လိုက်တော့ အပိုင်းအစတစ်ခုက စွေ့ချန်ကျစ်၏မျက်နှာမှ ထွက်လာတာကို တွေ့လိုက်ရသည်။ ထို့နောက် အပိုင်းအစအများကြီးက စွေ့ချန်ကျစ်၏ခန္ဓာကိုယ်တစ်ခုလုံးကနေ ထွက်ကျလာသည်။ စွေ့ချန်ကျစ်က အပိုင်းအစများနှင့်ဖွဲ့စည်းထားပုံပေါ်သည်။ အပိုင်းအစများကုန်သလောက်နီးပါးဖြစ်သွားစဉ် စွေ့ချန်ကျစ်၏ခန္ဓာကိုယ်က အပိုင်းပိုင်းကွဲသွားသည်။

“ငါသေသွားရင် ဒီလောကက ဖုန်မှုန့်ဖြစ်သွားလိမ့်မယ်..ငါမျက်လုံးမှိတ်လိုက်ရင် ဒီစကြာဝဠာမှာ အလင်းရောင်မရှိတော့ဘူး... ငါ့ရဲ့ နတ်ဘုရားအနှစ်သာရကို အမွေဆက်ခံတဲ့ သားစဉ်မြေးဆက်တွေ.. ငါဘယ်လိုသေဆုံးသွားလဲဆိုတာ သတိရပါ.. ပြီးတော့... စကြာဝဠာရဲ့ လုပ်ဆောင်ချက်တွေကို ထိန်းချုပ်တဲ့ ဥပဒေသတွေ သေဆုံးသွားတယ်ဆိုတာနဲ့ စကြဝဠာမှာ ဉာဏ်ပညာမရှိတော့ဘူးဆိုတာ သတိရပါ...”

“ငါမအောင်မြင်ခဲ့ဘူး..အဲဒါကြောင့် ငါဖျက်ဆီးခံရတာ.. ဒါပေမဲ့ ငါ အောင်မြင်တယ်လို့ပြောလို့ရတယ်.. အဲဒါကြောင့်... ငါမင်းကို မျှော်လင့်ချက်ပေးနိုင်တာ”

စွေ့ချန်ကျစ်၏ခန္ဓာကိုယ်က အပိုင်းအစများစွာအဖြစ် ပြောင်းလဲသွား၏။ထို့နောက် လေပွေတစ်ခုအသွင် ‌‌ေပြာင်းသွားခဲ့၏။ စွေ့ချန်ကျစ်၏ကြေမွသွားသောခန္ဓာကိုယ်ကနေ နှလုံးသားတစ်ခုသာကျန်တော့ကြောင်း စုမင် မြင်လိုက်ရသည်။

ထိုအရာက ရွှေရောင်နှလုံးသားတစ်ခုကဲ့သို့ပင်ဖြစ်သည်။ စုမင်က ထိုနှလုံးသားကိုကြည့်ရင်း လောကကြီးတစ်ခုလုံးကိုမြင်ရသလိုခံစားရလေ၏။ စုမင် မီးလျှံဂြိုလ်ရှိလောကအမြုတေကျောက်တုံးကို မြင်ရသည့်ခံစားချက်နှင့်အတူတူဖြစ်သည်။ သို့ပေမဲ့ ယခုသူခံစားနေရသောခံစားချက်က အများကြီးပိုပြင်းထန်လေသည်။ အမှန်တော့ ထိုခံစားချက်နှစ်ခုကြားက ကွာခြားချက်ကို နှိုင်းယှဉ်ရန်ခက်ခဲသည်။

တစ်ခုက တောက်ပသော‌နေရောင်ဖြစ်ပြီး တစ်ခုက ပိုးစုန်းကြူးကနေ လင်းလက်နေ‌သောအလင်းရောင်လိုပင်ဖြစ်သည်။

စုမင်က ထိုမြင်ကွင်းကြောင့် အံ့အားသင့်သွားလေသည်။ စုမင်က လေပွေထဲရှိနှလုံးသားထဲက မျိုးစေ့တစ်စေ့ကိုမြင်လိုက်ရသည်။

မျိုးစေ့မှာ အရောင်ဆယ်မျိုးရှိပြီး ရွှေရောင်အလင်းထဲမှာ ပုန်းနေလေသည်။

စုမင်း ရှင်းရှင်းလင်းလင်းမမြင်ခင်မှာ

စွေ့ချန်ကျစ်၏ခန္ဓာကိုယ်က ရုတ်တရက် ပြန့်ကျဲသွားသည်။ နဂါးငွေ့တန်းအပြင် စကြာဝဠာတစ်ခုလုံးက ထိုနှလုံးသားဆီသို့ပြေးဝင်သွားလေသည်။ ထို့နောက် နဂါးငွေ့တန်းထဲက ဥပဒေသများ၊ စည်းမျဉ်းများ ပျက်စီးသွားသည်။ ၎င်းတို့ထဲရှိ သက်ရှ်ိများစွာပျောက်ကွယ်သွားပြီး အချိန်၏စီးဆင်းမှုက ရှုပ်ထွေးလာခဲ့သည်။ မရေမတွက်နိုင်သောသက်ရှိများ၏မှတ်ဉာဏ်က အတွေးများအဖြစ် ပြောင်းလဲသွားခဲ့သည်။ အတွေးအားလုံးက ဖောက်ထွင်းမြင်ရသောလေမုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ စုမင်မျက်လုံးရှေ့က စစ်မှန်သောလောကက နှလုံးသားထဲသို့ဝင်ရောက်သွားပြီး အသက်ဓာတ်မဲ့နေသောကွက်လပ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

“ဗုန်းးးးး..”

စစ်မှန်သောလောကတစ်ခုကိုဝါးမျိုထားသောရွှေရောင်နှလုံးသားက ဧရာမဝဲဂယက်တစ်ခုအဖြစ် ပြောင်းလဲသွားတာကို စုမင်ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။ ဝဲဂယက်၏အပြင်ဘက်မှာ အဆုံးမဲ့အက်ကွဲကြောင်းများရှိနေပြီး ကြည့်ရတာတော့ အနောက်တိမ်တိုက်ဂြိုလ်၏သီးခြားနယ်မြေဖြစ်၏။

စုမင်၏ထိတ်လန့်တုန်လှုပ်မှု ပျောက်ကွယ်သွားခင်မှာပဲ ‌နောက်ထပ်မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။ သူက အရင်ကြုံတွေ့ခဲ့ရတာတွေထက် ပိုပြီးအံ့ဩတုန်လှုပ်သွား၏။

ကောင်းကင်ယံအထိ ထိုးထွက်နေသော ဧရာမသစ်ပင်ကြီးတစ်ပင်ကို သူမြင်လိုက်ရသည်။ ၎င်းတွင် ကြီးမားသောတည်ရှိမှု၊ ရူးသွပ်သော ရက်စက်ကြမ်းကြုတ်မှုနှင့်စွေ့ချန်ကျစ်ထက်ကျော်လွန်သောဖိအား ရှိလေသည်။ ၎င်းက ဝဲဂယက်အတွင်းမှာမွေးဖွားခဲ့ပုံပေါ်သည်။

အသက်တစ်ရှိုက်စာအတွင်းမှာပဲ သစ်ပင်၏အရွယ်အစားက ဝဲဂယက်ထက် ကျော်လွန်သွားပြီး နတ်ဘုရားအနှစ်သာရများကို စားသုံးနေသလိုမျိုး ကြီးထွားလာခဲ့သည်။

ထိုသစ်ပင်ကြီးက စုမင် မြင်ခဲ့သောအရွယ်အစားထက်ကြီးမားနေသော်လည်း ထိုသစ်ပင်က အိစန်းပင်ဖြစ်၏။သို့ပေမဲ့ သူ့အရောင်က ခရမ်းရောင်မဟုတ်တော့ပေ။ သူ့မှာ အရောင်ဆယ်မျိုးလုံးရှိ၏။

ထိုအခိုက်အတန့်အတွင်းမှာ သစ်ပင်ထက်မှာ အညွန့်တစ်ညွန့်ပေါက်လာလေသည်။ ထိုအညွန့်ပေါက်လာသံက မွေးကင်းစကလေးလေးအသံနှင့်တူလေသည်။

“အိ… စန်း…”

ထိုအသံကို ပီပြင်စွာမကြားရသော်လည်း ထိုထဲမှာ ကြောက်စရာကောင်းသော စွမ်းအားတစ်ခု ရှိနေ၏။ အတွေးတစ်ခုတည်းနဲ့တင် သစ်ပင်က စုမင်ကို အကြိမ်ပေါင်းများစွာဖျက်ဆီးပစ်နိုင်သောခံစားချက်မျိုး ပေးစွမ်းလေသည်။ စုမင်က ထိုအသံကိုကြားသော် တသိမ့်သိမ့်တုန်လှုပ်သွားလေသည်။

ထိုတည်ရှိမှုက အစွမ်းထက်၏။ ထိုအရာက စကြာဝဠာ၏အမြင့်မြတ်ဆုံး စွမ်းအားဖြစ်ပြီး တကယ်တော့…စကြာဝဠာ၏အပြင်းထန်ဆုံး စွမ်းအားထက် ကျော်လွန်သွားသည်။

“ပြီးပြည့်စုံတဲ့… အိစန်းးး”

စုမင်က မျက်မှောင်ကြုတ်ရင်း တိုးတိုးလေးပြောလိုက်သည်။

All Chapters