← Chapters

စုမင် ပြန်မမွေးဖွားခင် နှစ်ချိုက်စွာအိပ်စက်သွားခြင်း...

Vol. 60 Ch. 835

စုမင် ပြန်မမွေးဖွားခင် နှစ်ချိုက်စွာအိပ်စက်သွားခြင်း...

Vol. 60 Ch. 835

လုံးဝပိုင်ဆိုင်ခြင်း

စုမင်၏ပိုင်ဆိုင်မှု ပြီးပြည့်စုံသွားသောအခါ အိစန်း၏ဆန္ဒက ညိုးနွမ်းသွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အိစန်းက စုမင်၏ကိုယ်ပွားဖြစ်လာသည်။

ထို့နောက် ရေကာတာတစ်ခုကိုချိုးဖျက်ထားသောရေလှိုင်းကြီးများလို ရှေးဟောင်းမှတ်ဉာဏ်စွမ်းအားလှိုင်းများက သူ့ဝိညာဉ်ထဲကို စီးဝင်လာခဲ့သည်။

ထိုအမှတ်တရများက အလွန်ရှုပ်ထွေးပြီး

စုမင်၏စိတ်ထဲမှာ ပြွတ်သိပ်ဝင်ရောက်လာခဲ့သည်။ ထိုအမှတ်တရများက

သူ့ဝိညာဉ်ထဲကို နက်နက်ရှိုင်းရှိုင်း စွဲထင်နေသလို နာကျင်စရာကောင်းလှသည်။ထိုနာကျင်မှုကို စကားလုံးများနှင့်ဖော်ပြ၍မရပေ။ သို့ပေမဲ့ တစ်ချိန်တည်းမှာပဲ စုမင်က သူ့ဝိညာဉ်က အလျင်အမြန် ပိုမိုအားကောင်းလာတယ်ဆိုတာကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရသည်။ သူ့အမှတ်တရများက စုစည်းလာပြီးနောက် သူ့ကနဦးကျင့်ကြံစွမ်းအားက သိသိသာသာပြောင်းလဲသွားတာကို ခံစားလိုက်ရသည်။

သူကလောကကြီး၏‌ပြောင်းလဲမှုများကို ရုတ်တရက် ချက်ချင်းနားလည်လာပြီး အရင်က ပိတ်ဆို့ထားခံရသောအတွေးများ ပွင့်ထွက်လာသည်။

နဂါးငွေ့တန်းတစ်သိန်း...ရွှေရောင်အလင်းတန်းပင်လယ်တစ်သိန်း..ကျင့်ကြံဂြိုလ်တစ်သိန်းအတွင်းရှိအိစန်း၏

သစ်ပင်တစ်သိန်း...ဤအရာအားလုံးက တုန်လှုပ်စပြုလာသည်။ စုမင်က အိစန်းကိုသိနိးပိုက်ပြီးနောက် လက်ရှိနဂါးငွေ့တန်းအပြင် အခြားနဂါးငွေ့တန်းများစွာကို ခံစားမိလိုက်သည်။

ဤနဂါးငွေ့တန်းတွင် စုမင်၏ဆန္ဒနှင့်ညီမျှသောဆန္ဒကိုးခုရှိ၏။ ဆန္ဒတစ်ခုစီတွင် နဂါးငွေ့တန်းတစ်သိန်း၏ စွမ်းအားပါရှိသည်။ ထိုစွမ်းအားက စုဝေးပြီး စုမင်ပိုင်ဆိုင်သောနဂါးငွေ့တန်းများကို ဝန်းရံနေကြသည်။

စုမင်ထိန်းချုပ်ထားသော‌နေရာအပြင်ဘက်တွင် အိစန်း၏ကျန်ဆန္ဒကိုးခုရှိလေသည်။

လွန်ခဲ့တဲ့နှစ်တွေတုန်းက အိစန်းက အပိုင်းဆယ်ပိုင်းကွဲသွား၏။ ထိုအပိုင်းများက သီးခြားနယ်မြေကို အသုံးပြုပြီး သူတို့ကိုယ်သူတို့ ပြန်လည်ကုစားခဲ့ကြသည်။

စုမင်သာ မပေါ်လာခဲ့လျှင် အချိန်အတော်ကြာသည့်အထိ သစ်ပင်၏ဆန္ဒတစ်ခုနှင့်တစ်ခုဝါးမျိုပြီး အစစ်အမှန်အိစန်းအဖြစ် ပေါင်းစည်းသွားကြလိမ့်မည်။ သို့ပေမဲ့ စုမင်ပေါ်လာပြီး ခရမ်းရောင်အိစန်းကို အောင်မြင်စွာ ပိုင်ဆိုင်နိုင်ခဲ့သည်။ သို့ပေမဲ့

အိစန်းက ဆန္ဒကိုးခု၏အဝါးမျိုခံရန် ကြိုးစားခဲ့ကြသည်။

ထို့ပြင် စုမင်က သူ့ကိုယ်ပွားကို မဖန်တီးနိုင်ခင် အရေးကြီးသောအခိုက်အတန့်၌ နှောင့်ယှက်ခံလိုက်ရသည်။ထိုသို့ဖြစ်လျှင် သူက အိစန်းကို ပိုင်ဆိုင်ခဲ့လျှင်တောင် ရလဒ်များက သူ့အတွက် ဘာအကျိုးမှမရှိပေ။ သူက အစစ်အမှန်အိစန်ဝိညာဉ်၏အစိတ်အပိုင်းတစ်ခုသာ ဖြစ်လာမည်ဖြစ်၏။

ထို့နောက် ထိုဆန္ဒကိုးခုက အိစန်းပိုင်ဆိုင်သောနဂါးငွေ့တန်းတစ်သန်းထဲကို အပြေးအလွှားဝင်ရောက်လာခဲ့သည်။ ထို့နောက် ထိုဆန္ဒများက ရက်စက်ကြမ်းကြုတ်သောအစီအစဉ်ကို အကောင်အထည်ဖော်ပြီး စုမင်ကို ဝါးမျိုရန် စီစဉ်ထားသည်။ ထို့နောက် ဆန္ဒကိုးခုက ပို၍အားကောင်းလာသည်။

အိစန်း မသေဆုံးခင်မှာ သူ့ဆန္ဒကိုးခုဆီသို့ အတွေးများပို့ပေးခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူက အခြားအိစန်းကိုးယောက်ဆီ ကတိပေးထားသောကြောင့်ဖြစ်၏။ သူတို့ဆယ်ယောက်လုံးက ပြန်လည်မကောင်းမွန်မချင်း တစ်ယောက်နှင့်တစ်ယောက် ဝါးမျိုကြမှာ မဟုတ်ပေ။ သူတို့အားလုံး ပြီးပြည့်စုံသည့်အထိစောင့်ဆိုင်းနေကြသည်။ ထိုအခါမှသာ အိစန်းက ဒါဏ်ရာမရဘဲမွေးဖွားလာလျှင် အရင်ကထက် ပိုအစွမ်းထက်လာလိမ့်မည်။

ထို့ကြောင့် အိစန်းက သူတို့ဆီ ထိုအတွေးကိုမပေးပို့လျှင် အိစန်းဧ။်အခြားဝိညာဉ်များလဲ ရှေ့ကိုထွက်လာမှာမဟုတ်ပေ။ သို့ပေမဲ့ စုမင်က သူ၏ခန္ဓာကိုယ်သက်သက်သာလိုချင်သည်ဟု အိစန်းက တွေးထင်ခဲ့သည်။ တကယ်တော့ အိစန်း၏တွက်ချက်မှုက မှားယွင်းခဲ့သည်။ စုမင်က သူ၏ဝိညာဉ်ကို အမြစ်ပျက်ချေမှုန်းပြီး ကိုယ်ပွားအဖြစ်ဖန်တီးချင်ခဲ့သည်။

အခြားဆန္ဒကိုးခုက စုမင်၏လုပ်ရပ်ကို လုံးဝမနှစ်မြို့သောကြောင့် စုမင်ကိုဝါးမျိုရန်ကြိုးစားခဲ့ကြသည်။ သို့ပေမဲ့ စုမင်၏ပိုင်ဆိုင်မှုက အသူရာဖန်ဆင်းရှင်၏မွေးရာပါစွမ်းရည်ဖြစ်သည်။ ထိုစွမ်းရည်မျိုးက ပစ်မှတ်၏ခန္ဓာကိုယ်တင်မဟုတ်ဘဲ ဝိညာဉ်ကိုပါသိမ်းပိုက်ကြသည်။ ထို့ပြင် စုမင်က အိစန်း၏အစွယ်အပွားများကိုပါ ပိုင်ဆိုင်ချင်ခဲ့သည်။စုမင်က အိစန်း၏ပုံသဏ္ဍာန်ကနေ ခန္ဓာကိုယ်တစ်ခုမွေးဖွားလိုက်သည်။ ထိုကိုယ်ပွားက အိစန်း၏တည်ရှိမှု သိုမဟုတ် အသက်စွမ်းအားလက္ခဏာများ ပါရှိရမည်။

လွန်ခဲ့တဲ့နှစ်တွေတုန်းက စုမင်က ဖီးနစ်သားရဲသုံးကောင်ထဲက တစ်ကောင်ကို ပိုင်ဆိုင်ခဲ့သည်။ ကျန်သားရဲနှစ်ကောင်က သူ့ကို သတိမထားမိခဲ့ပေ။ ယင်းအစား သားရဲများက စုမင်ကို သူတို့၏အဖော်အဖြစ် အမြဲထင်လိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် စုမင်က သူ၏တည်ရှိမှုက မပြောင်းလဲသောကြောင့်ဖြစ်သည်။

ထိုအရာက အသူရာဖန်ဆင်းရှင်၏ပိုင်ဆိုင်မှုပင်ဖြစ်သည်။

ထိုအကြောင်းပြချက်က အိစန်းကျရှုံးပြီး သေဆုံးရသောအကြောင်းပြချက်ဖြစ်သည်။

အတိအကျပြောရလျှင် အသူရာဖန်ဆင်းရှင်၏ပိုင်ဆိုင်မှုကို အဆင့်သုံးဆင့် ခွဲခြားထားသည်။ ပထမအဆင့်က အတုအယောင်နှင့်အစစ်အမှန်ကို ရောနှောပြီး ရှုပ်ထွေးအောင် ဖန်တီးရန်ဖြစ်သည်။ ၎င်းကို စိတ်ဝိညာဉ်ကျူးကျော်မှုကို ခေါ်နိုင်သည်။ အိစန်းကလဲ ကြက်သွေးရောင်သားရဲလိုမျိုး လှည့်စားခံခဲ့ရသည်။

ထိုလှည့်စားမှုက စုမင်၏ဝိညာဉ်ကို အဟုတ်ဘဲ သူ့ပစ်မှတ်၏ခန္ဓာကိုယ်နှင့်ဝိညာဉ်ကို ရည်ညွှန်း၏။

ဒုတိယအဆင့်ကတော့ အစစ်အမှန်ကို အတုအယောင်နှင့် အစားထိုးရန်ဖြစ်သည်။ သူက ကောင်းကင်ရှိနေနှင့်လကိုလဲလှယ်သလိုမျိုး သူ့ပစ်မှတ်၏ ခန္ဓာကိုယ်၊ ဝိညာဉ်၊ အသက်ဓာတ်နှင့် အသက်စွမ်းအားကိုပါ လုံးဝပိုင်ဆိုင်သွားမည်ဖြစ်သည်။ ယခုအချိန်မှာ စုမင်က ဒုတိယအဆင့်ရှိနောက်ဆုံးအပိုင်းကို ရောက်ရှိနေလေသည်။ သူ ပိုင်ဆိုင်မှုကို ပြီးမြောက်သွားလျှင် ကောင်းကင်ရှိနေနှင့်လကို အတုအယောင်နှင့် ပြောင်းလဲပစ်လိမ့်မည်။

ပိုင်ဆိုင်မှု၏အဓိကအချက်က ပြောင်းလဲရန်ဖြစ်ပြီး ဖျက်ဆီးပစ်ရန်မဟုတ်ပေ။စုမင်က ပျက်စီးနေသောအရာများကို အံ့သြဖွယ်ကောင်းသောအရာများနှင့် အစားထိုးလိုက်မည်။ ပြောင်းလဲမှုက ပြန်လည်မွေးဖွားခြင်းနှင့်ဆင်တူလေသည။

ဤအဆင့်က စုမင် ယခုလုပ်ရန်ပြင်ဆင်ထားသောအဆင့်ဖြစ်၏။

တစ်နည်းအားဖြင့် စုမင်နှင့် အိစန်းတို့ကြားတွင် အတွင်းပိုင်းကွာခြားချက်များ အလွန်များပြားလွန်းသည်။ သို့သော် အခြားရှုထောင့်မှကြည့်လျှင်… ၎င်းတို့က အတူတူပင်ဖြစ်သည်။

အိစန်းက စွေ့ချန်ကျစ်၏သေဆုံးမှုကို အသုံးပြု၍ ပြန်မွေးဖွားလာသည်။ ထို့နောက် စွေ့ချန်ကျစ်၏နတ်ဘုရားအနှစ်သာရကို စားသုံးခဲ့သည်။ အလားတူ စုမင်ကလဲ အိစန်း၏ခန္ဓာကိုယ်အတွင်း ပြန်လည်မွေးဖွားလာခဲ့သည်။သူက အိစန်းစုပ်ယူခဲ့သည့်အရာကို စုပ်ယူခဲ့ပြီး အိစန်း၏အရာအားလုံးကို ဝါးမျိုခဲ့သည်။ ထိုနည်းလမ်းကိုကြည့်လျှင် အသူရာဖန်ဆင်းရှင်များသည် အိစန်းထက် ပို၍စိုးမိုးခြယ်လှယ်လိုစိတ်ရှိကြသည်။

အဘယ်ကြောင့်ဆိုသော်…

“မင်းက နတ်ဘုရားအနှစ်သာရကို စားသုံးပြီး မွေးဖွားလာခဲ့တာ.. ငါလဲ မင်းရဲ့အသက်ကို ဝါးမျိုပြီး ရှင်သန်မယ်...”

စုမင်က တိုးတိုးလေးပြောလိုက်သည်။ သူ၏ဝိညာဉ်ရှိရှုပ်ထွေးနေသောအမှတ်တရများက သူ၏နှလုံးသားနှင့် ခန္ဓာကိုယ်တွင် ဆက်လက်ပေါ်လာလေသည်။ ထို့ပြင် အသူရာဖန်ဆင်းရှင်မျာ၏ပိုင်ဆိုင်ခြင်းစွမ်းအပေါ် စုမင်၏နားလည်မှုက ပိုမိုကြီးမားလာခဲ့သည်။

အကယ်၍ ရှေးခေတ်ကတည်းက စုမင်က အိစန်းလို တစ်ခုခုကိုဝါးမျိုနိုင်သောအသူရာဖန်ဆင်းရှင်ဖြစ်သည်။

“အသူရာဖန်ဆင်းရှင်တွေ..ငါးသေးသေးလေးတွေက ပုစွန်ကိုစားပြီး ငါးကြီးတွေက ငါးသေးသေးလေးတွေကို စားသလိုပဲ..ဒါက တောတွင်းနိယာမပဲ .ဒီဆိုရိုးကို အသူရာဖန်ဆင်းတွေရဲ့မွေးရာပါစွမ်းရည်နဲ့ ဒီလောက်ရှင်းလင်းစွာ သရုပ်ဖော်ထားလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး..”

ထိုအချိန်တွင် ခရမ်း‌ရောင်အိစန်းသစ်ပင်တစ်သိန်းထဲရှိ အနက်ရောင်သွေးကြောများနှင့်အနက်ရောင်နှလုံးသားများက စုမင်၏ မျက်နှာတစ်သိန်းအဖြစ် ပြောင်းလဲသွားခဲ့သည်။ စုမင်က သူ့နားမှာ အိစန်း၏ဝိညာဉ်ကိုးခု (ဆန္ဒကိုးခု)ရှိနေရသည့်အကြောင်းရင်းကို ရှာတွေ့သွားလေသည်။

“သူတို့အမြင်အရတော့ ငါ့ရဲ့တည်ရှိမှုက ခရမ်းရောင်အိစန်းနဲ့သိပ်မကွာခြားဘူး..ဒါပေမဲ့ တတိယအဆင့်က မပြီးသေးတာကြောင့် ကွာခြားချက်တွေ ရှိနေသေးတယ်..ဒါ့ကြောင့် သူတို့ဆက်ရှိနေပြီးထွက်မသွားသေးတာ...”

“ဒါမျိုးက ပိုင်ဆိုင်မှုရဲ့တတိယအဆင့်ကို ပြီးမြောက်တဲ့အထိဖြစ်နေလိမ့်မယ်..ယိုယွင်းပျက်စီးနေတဲ့အရာကို အံ့သြစရာကောင်းတဲ့အရာအဖြစ် ပြောင်းလဲလိုက်တာနဲ့ ပြီးဆုံးသွားလိမ့်မယ်…”

“အချိန်လိုတယ်..ဒါက အချိန်အကြာကြီးယူလို့မရဘူး.. ဒါမှမဟုတ်ရင် ထာဝဖြစ်သွားလိမ့်တယ်..ဒီအတွက်ကြောင့် ငါ့ဝိညာဉ်လဲ အိပ်ပျော်သွားလိမ့်မယ်.. ဘာပဲဖြစ်ဖြစ်… ခရမ်းရောင်အိစန်းက ငါ့ရဲ့ကိုယ်ပွားကို ချက်ချင်းဖွဲ့စည်းနိုင်တဲ့ ဖီးနစ်သားရဲနဲ့ မတူဘူး.. ခရမ်းရောင်အိစန်း က အရမ်းကြီးတယ်…”

“ဒီအချိန်ကာလက ကြာလဲကြာနိုင်သလို ခဏလေးလဲဖြစ်နိုင်တယ်.. ဆန္ဒကိုးခုကအမြဲတမ်းချောင်းမြောင်းနေတဲ့ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာလိမ့်မယ်.. သူတို့က ဒီနေရာ ဆက်လက်တည်ရှိနေမယ်ဆိုရင်… ငါ့အသက်ကို ဝှက်ဖဲအနေနဲ့မသုံးချင်ဘူး..သူတို့က ငါ့ကို လာပြီး ဝါးမျိုမှာ မဟုတ်ဘူးလို့ အလောင်းအစားလုပ်ချင်တယ်..”

“ကံကောင်းထောက်မစွာနဲ့ ငါ့မှာ အနက်ရောင်ကျောက်တုံးအပိုင်းအစရှိတယ်.. ခရမ်းရောင်အိစန်းခေါ်တဲ့ ဒီအသက်မျိုးစေ့က ကြိုးကြာနဲ့ မျိုးဆက်တူတူက လာတယ်လို့ ထင်ရတယ်.. အဲဒါကြောင့် အိစန်းက “အရင်တုန်းကလဲ” ဆိုတဲ့စကားကိုထည့်ထည့်ပြောတာ..”

‌”ငါ ခရမ်းရောင်အိစန်းကို ပိုင်ဆိုင်သွားရင် စွေ့ချန်ကျစ်ရဲ့ရှေးခေတ်က လျှို့ဝှက်ဆန်းကြယ်မှုတွေ တဖြည်းဖြည်း ပေါ်လာလိမ့်မယ်..အဲ့အချိန်ကျရင် ယင်းမရဏနယ်မြေကငါ့ကိုခြယ်လှယ်နေတဲ့ စိတ်ဆန္ဒတွေ မရှိတော့ဘူး..ပြီးတော့ တိထျန်းလဲ ငါ့ကိုထိန်းချုပ်ပြီး အသုံးချလို့မရတော့ဘူး...အခုကစပြီး ငါက ငါဖြစ်သွားပြီ..”

“ငါ စိုးရိမ်ရမယ့်တစ်ခုတည်းသောအရာက... တိထျန်းက အသူရာဖန်ဆင်းရှင်ရဲ့ခန္ဓာကိုယ်ကို ခိုးယူဖို့ သူ့ရဲ့အစီအစဉ်က ဒီလိုပျက်စီးသွားတာကို လုံးဝလက်မခံဘူးဆိုတာပဲ..ပြီးတော့ သူက ငါ့ဝိညာဉ်ကိုမထိန်းချုပ်နိုင်တော့လို့ သူ့ရဲ့အရန်အစီအစဉ်ကို ထုတ်သုံးလာလိမ့်မယ်..အင်မော်တယ်ပြည်မှာရှိတဲ့ ငါ့ရဲ့အစစ်အမှန်ခန္ဓာကိုယ်ကို အသုံးပြုဖို့ ရွေးချယ်လိမ့်မယ်...”

“ငါ့ရဲ့အစစ်အမှန်ခန္ဓာကိုယ်က ငါ့ရဲ့အခြေခံအုတ်မြစ်ဖြစ်တယ်ဆိုတာ သူသိတယ်..နောက်ဆုံးတော့ ငါလဲ အဲဒီနေရာကိုပြန်ရလိမ့်မယ်..သူကလဲ ငါ့ရဲ့အဓိကအစိတ်အပိုင်းတွေကို စောင့်ကြည့်နေလိမ့်မယ်..”

“ဒါပေမဲ့ ငါ့ရဲ့အစစ်အမှန်ခန္ဓာကိုယ်က ငါ့ဖြစ်တည်မှုရဲ့အဓိကအစိတ်အပိုင်းဆိုရင် ဒါဟာလဲ.တိထျန်းရဲ့အသက်ပါပဲ..”

လက်ရှိ စုမင်းဟာ အတိတ်ကစုမင်နှင့်မတူတော့ပေ။ သူက ပင်လယ်ထဲကို ပြန်လာသော ငါးတစ်ကောင်၊ တောထဲကို ပြန်လာသော ကျားတစ်ကောင်၊ မိုးတိမ်ထဲကို ပြန်လာသော နဂါးတစ်ကောင်လို ဖြစ်နေလေပြီ။ တခြားသူတစ်ယောက်က သူ့ကံကြမ္မာကို ထိန်းချုပ်နိုင်တော့ဘဲ သူ့ကိုယ်သူ အပြည့်အဝ ထိန်းချုပ်လာနိုင်သည်။ ထို့နောက်သူ့မှာ သဘာဝအတိုင်းပေါ်လာသောယုံကြည်မှုနှင့်စိတ်နေစိတ်ထား ပိုင်‌ဆိုင်လာသည်။

ထိုအခိုက်အတန့်တွင် စုမင်ကို တကယ့်စုမင်အဖြစ် သတ်မှတ်နိုင်သည်။

ထို့နောက် အနက်ရောင်ကျောက်တုံးအပိုင်းအစကနေ အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။ ထိုကျောက်တုံးက စုမင်၏တတိယအဆင့်ပြီးမြောက်ရန် ကျန်ရှိနေ‌သောအိစန်း၏ခန္ဓာကိုယ်နှင့်တည်ရှိမှုကို ပေါ်လွင်စေသည်။ စုမင်၏ဝိညာဉ်နှင့်အိစန်း၏တည်ရှိမှုမှာ ကွာခြားချက် မရှိတော့သည့်အခါ စုမင်က အိစန်း၏ဆန္ဒကိုးခုဆီ နတ်ဘုရားအတွေးတစ်ခုကိုပို့ပေးလိုက်သည်။

“ငါ့ကို ပိုင်ဆိုင်ချင်ပြီး အောင်မြင်တော့မဲ့ ကျင့်ကြံသူတစ်ယောက်ရှိတယ်... ဒါပေမဲ့ နောက်ဆုံးမှာ သူလဲ ကျရှုံးခဲ့တယ်..ငါက ငါပါပဲ.. ငါတို့ရဲ့ ဝိညာဉ်တွေနဲ့ ပေးခဲ့တဲ့ ကတိက အကျိုးသက်ရောက်နေဆဲပါ.. အခု... ငါ့ရဲ့ ဒီနဂါးငွေ့တန်းတစ်သိန်းကို ထားခဲ့လိုက်..နောက်ဆုံးတော့ ငါတို့ အချင်းချင်း ဝါးမျိုပြီး ပေါင်းစည်းဖို့ အချိန်ရောက်ပြီ...”

ထိုနတ်ဘုရားအတွေးပျံ့နှံ့သွားသည့်အခါ နဂါးငွေ့တန်းတစ်သိန်း၏အိစန်း၏ဆန္ဒကိုးခုက တဖြည်းဖြည်း မှေးမှိန်သွားသည်။ ထို့နောက် ၎င်းတို့က စုမင်၏အာရုံက‌နေ ပျောက်ကွယ်သွားသည်။

အိစန်း၏ဆန္ဒကိုးခု မှေးမှိန်သွားသောအခါ နဂါးငွေ့တန်းတစ်သိန်း၏အစွန်းများက တဖြည်းဖြည်းပေါင်းစည်းစပြုလာသည်။

တစ်ချိန်တည်းမှာပဲ အပိုင်းတစ်သိန်းအဖြစ်ကွဲထွက်ထားသောအိစန်း၏သစ်ပင်က ပေါင်းစည်းတော့မည့်လက္ခဏာများ ပြသလာသည်။ စုမင်က တဖြည်းဖြည်း အိပ်စက်‌သွား‌တော့သည်။

“ငါ ဒီတစ်ခါပြန်နိုးလာရင် ငါ့ရဲ့ဒီကိုယ်ပွားက ပိုပြီးအားကောင်းလာမယ်ဆိုတာသေချာတယ်..ငါ့ရဲ့ ကျင့်ကြံမှုအဆင့်က အခုငါ့မှာရှိနေတာထက် ကျော်လွန်သွားလိမ့်မယ်..ပြီး‌တော့ ငါ့ရဲ့ဒီအိစန်းကိုယ်ပွက အနာဂတ်မှာ အင်အားအကြီးဆုံး..ငါ့ရဲ့ အဓိကဒေါက်‌တိုင်ဖြစ်လာလိမ့်မယ်..”

“ငါနိုးလာတဲ့အခါ… ငါဘယ်လိုကွဲပြားသွားမလဲဆိုတာ မျှော်လင့်နေတယ်”

စုမင်က တီးတိုးလေး ရေရွတ်လိုက်သည်။ သူ့မျက်နှာတစ်သိန်းလုံးက မျက်လုံးများကို ဖြည်းဖြည်းချင်းမှိတ်လိုက်၏။အိစန်း၏ကိုယ်ပွားအတွက် ပေါင်းစည်းခြင်း၊ ပြန်လည်မွေးဖွားခြင်း၊ကောင်းချီးနှင့်နောက်ဆုံးအဆင့်ဖွဲ့စည်းခြင်းက စတင်ခဲ့သည်။

All Chapters