← Chapters

ငါက ဒီလောကကြီးရဲ့အရှင်သခင်ပဲ...

Vol. 60 Ch. 836

ငါက ဒီလောကကြီးရဲ့အရှင်သခင်ပဲ...

Vol. 60 Ch. 836

ဆယ်နှစ်ကြာပြီးနောက်....

ဆယ်နှစ်ဆိုသည်မှာ အရမ်းကြာသောအချိန်တော့မဟုတ်ဘူး..အမှန်‌တော့ ကြာရှည်စွာနေထိုင်သောကျင့်ကြံသူများအတွက် ဆယ်နှစ်ဆိုတာ တရားထိုင်ချိန်တိုတိုလေးပင်ဖြစ်၏။ သူတို့က အချိန်ကို

အလဟဿဖြုန်းတီးနိုင်ပြီး ဆယ်နှစ်၊ တစ်ရာ သို့မဟုတ် ထို့ထက်ပိုသော်လည်း

အရေးမကြီးပေ။

ထိုအရာက သာမန်လူသားများ မနာလိုသောအရာဖြစ်ပြီး သူတို့အမြဲတောင့်တနေသောအရာလဲဖြစ်၏။ သာမန်လူတစ်ယောက်က ကျင့်ကြံသူတစ်ယောက်ဖြစ်ချင်သောရည်ရွယ်ချက်မှာ အသက်ရှည်ခြင်းဖြစ်နိုင်သည်။ သို့ပေမဲ့ ထိုအကြောင်းပြချက်ကြောင့် သာမန်လူတိုင်းက ကျင့်ကြံသူဖြစ်ချင်တာတော့မဟုတ်ပေ။

အသက်ရှည်ခြင်းအပြင် လူတစ်ယောက် ကျင့်ကြံသူတစ်ယောက်ဖြစ်ရန် အိပ်မက်မက်ရသောအကြောင်းရင်းတစ်ခုမှာ အချိန်ဖြုန်းချင်တာတော့မဟုတ်ပေ။

သာမန်လူတစ်ယောက်အတွက် ဆယ်နှစ်ဆိုတာ သူတို့၏တစ်သက်တာလုံး မဟုတ်သော်ငြား အတိတ်ကို လွမ်းဆွတ်ခြင်း၏ အရင်းအမြစ်တစ်ခု ဖြစ်လာလိမ့်မည်။လွန်ခဲ့သောဆယ်နှစ်တုန်းက သူတို့နှင့်အတူ အပေါင်းအသင်းဖြစ်ခဲ့သော လူတစ်ယောက် ရှိခဲ့ဖူးပါလိမ့်မည်။လွန်ခဲ့သော ဆယ်နှစ်တုန်းက ထိုလူက အိပ်မက်များကို အကောင်အထည်မဖော်ရသေးသော ကောင်လေးတစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်သည်။ လွန်ခဲ့သော ဆယ်နှစ်တုန်းက ထိုလူက သူ့ဘေးနားရှိသောအရာများကို တန်ဖိုးထားရမည်ကို မသိသေးပေ။ လွန်ခဲ့သောဆယ်နှစ်တုန်းက ထိုလူမှာ စိုးရိမ်ပူပန်မှုမရှိဘဲ ပျော်ရွှင်စွာ ရယ်မောနေဆဲ ဖြစ်ကောင်းဖြစ်နိုင်မည်။

သို့ပေမဲ့ ဆယ်နှစ်အကြာမှာတော့...

ထိုလူက ကောင်းကင်ပြာ၊ တိမ်ဖြူတွေ.. နေဝင်ချိန်နှင့်နေထွက်ချိန်များကိုပဲ ကြည့်ပြီး သက်ပြင်းချလိမ့်မည်။ထိုလူက သာမန်လူတစ်ယောက်ဖြစ်၏။

ဆယ်နှစ်ဆိုတာ လူသားတစ်ယောက်ကို ပြောင်းလဲစေနိုင်သော်လည်း ကျင့်ကြံသူကိုတော့ အများကြီး မပြောင်းလဲနိုင်ပေ။သို့ပေမဲ့ ကျင့်ကြံသူတစ်ယောက်၏နှလုံးသားထဲမှာ အမှတ်တရများကို ဗျပ်စောင်းလို သိမ်းထားလေသည်။ ဆိုလိုတာက ဗျပ်စောင်းကို မတီးခတ်လျှင် အသံထွက်မှာမဟုတ်သလို ကျင့်ကြံသူက တစ်ခုခုကြုံကြိုက်မှသာ သတိရလိမ့်မည်။

လွန်ခဲ့သောဆယ်နှစ်တုန်းက ကျောက်တိုင်တစ်သိန်းနယ်မြေ၏ ထိတ်လန့်မှုက ထိုကဲ့သို့ပင်ဖြစ်၏။ ထိုလူများ၏နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်းစွဲမြဲနေရုံသာမက မည်သူကိုမှ ပြန်မပြောလိုသောဖြစ်ရပ်တစ်ခုပင်ဖြစ်ဧ။်။ သို့ပေမဲ့

တစ်ခါတရံသူတို့က တခြားကျောက်တိုင်များကြားမှာ မားမားမတ်မတ်ရှိသောကျောက်တိုင်တစ်ခုကို ကြည့်မိသွားသည်။ ထိုကျောက်တိုင်မှာ မိုစု၏အမည်ကိုထွင်းထုထားလေသည်။

လွန်ခဲ့သောဆယ်နှစ်က ကျောက်တိုင်တစ်သိန်းထဲက တစ်သောင်းမှာ ပျက်စီးသွားခဲ့သည်။ ကျင့်ကြံသူတစ်သိန်းမှာတစ်သောင်းက သေဆုံးသွားခဲ့သည်။ ထိုဖြစ်ရပ်က သီးခြားနယ်မြေတစ်ခုလုံးကို တုန်လှုပ်စေခဲ့ပြီး လူအားလုံးကို အံ့အားသင့်စေခဲ့သည်။ ဆယ်နှစ်ကြာပြီးနောက် ထိုခံစားချက်များကို သူတို့၏နှလုံးသားထဲမှာ မြှပ်နှံထားခဲ့သည်။သို့ရာတွင် မိုစု၏ကျောက်တိုင်ကသာ အထပ်ထပ်အခါခါ အာရုံစိုက်ခံရသော တစ်ခုတည်းသော မြင်ကွင်းဖြစ်၏။

ထိုအကြည့်များထဲမှာ ကျိုးခန်း၏အကြည့်..စုမင်၏အသက်ကိုရန်ရှာသူများ၏အကြည့်..စုမင်မလာခင်ကတည်းက သီးခြားနယ်မြေမှာရှိနေသူများပင်ဖြစ်သည်။

သူတို့က စုမင်ပေါ်လာသည့်အချိန်ကို အမြဲတမ်းစောင့်နေတာတော့မဟုတ်ပေ။ သူတို့က တကယ်သိချင်စိတ်မရှိကြပေ။သို့သော် လွန်ခဲ့သောဆယ်နှစ်က ကပ်ဘေး၏ထိတ်လန့်မှုက မိုစု၏ ကျောက်တိုင်နှင့် ဆက်စပ်မှုရှိသည်ကို လူတိုင်းသေချာစွာသိကြသည်။စုမင် ပေါ်လာမှသာ လွန်ခဲ့သောနှစ်များက ကပ်ဘေး၏နောက်ကွယ်မှ အကြောင်းရင်းကို ရှာတွေ့နိုင်ပေလိမ့်မည်။

ဆယ်နှစ်အတွင်း ခရမ်းရောင်အိစန်းရှိရာ နဂါးငွေ့တန်းတစ်သိန်းကြားတွင် နယ်နမိတ်များ မရှိတော့ပေ။ ၎င်းတို့ ပေါင်းစပ်သွားသော်လည်း စုမင်း၏နက်ရှိုင်းသော အိပ်စက်ခြင်းက ဆက်လက်ဖြစ်ပေါ်နေ၏။ သူ နိုးထလာမည့်လက္ခဏာမပြသေးပေ။

နောက်ထပ် ဆယ်နှစ်တာ ကုန်ဆုံးသွားခဲ့သည်။ နဂါးငွေ့တန်းတစ်သိန်းက လုံးဝပေါင်းစပ်ပြီးသားဖြစ်၏။ နောက်တစ်ဆင့်မှာ အနက်ရောင်ဆိုးထားသောနှလုံးသားတစ်သိန်းကို ပေါင်းစပ်ရန်ဖြစ်သည်။

စုမင်က နှစ် ၆၀ ကြာ အိပ်ပျော်နေခဲ့သည်။ ကျောက်တိုင်ကိုးသောင်းသာရှိသော နယ်မြေအတွင်းရှိလူများက စုမင် ၏ကျောက်တိုင်နှင့်ပတ်သတ်၍ နေသားကျလာသည်။သူတို့က ကျောက်တိုင်

ပိုင်ရှင်က ထွက်လာခြင်းမရှိတာကို ကျင့်သားရသွားပြီး ပျက်စီးသွားသော ကျောက်တိုင်တစ်သောင်းမရှိတာကို ကျင့်သားရသွားကြသည်။။

တကယ်တော့ နှစ်ခြောက်ဆယ်ကာလအတွင်းမှာ ဤနေရာကို ရောက်လာသူထောင်ပေါင်းများစွာရှိခဲ့သည်။ ထိုလူသစ်များက လွန်ခဲ့သောခြောက်ဆယ်နှစ်က ကပ်ဘေးအကြောင်း မသိခဲ့ကြပေ။ ထိုအချိန်မှာ သူတို့ ယုံကြည်တာက ကျောက်တိုင်ကိုးသောင်းသာအမြဲရှိသည်ဟု ထင်ခဲ့သည်။

ထိုနှစ်အတွင်းမှာ စုမင်၏‌လောကမှာ နဂါးငွေ့တန်းတစ်သိန်းက လုံးဝပေါင်းစည်းသွားပြီး ကြီးမားသောနဂါးငွေ့တန်းကြီးတစ်ခုကိုဖန်တီးပေးခဲ့သည်။ အနက်ရောင်နှလုံးသား တစ်သိန်းကလဲ ဖြည်းဖြည်းချင်း ပေါင်းစည်းသွားခဲ့သည်။ သူတို့က နဂါးငွေ့တန်းတစ်သိန်းထဲမှာ ပေါလောမျောနေသောအရာတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

သို့ပေမဲ့ စုမင်က အိပ်မောကျနေဆဲပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နောက်ဖြစ်ရပ်တစ်ခုက အိစန်းသစ်ပင်တစ်သိန်း၏ပေါင်းစည်းမှုပင်ဖြစ်သည်။ ခရမ်းရောင်အိစန်းက ဧရာမခန္ဓာကိုယ်တစ်ခုအဖြစ် ပေါင်းစည်းသွားခဲ့၏။

နောက်ထပ် အချိန်ခြောက်ဆယ်နှစ် ကုန်ဆုံးသွားခဲ့၏။ စုစုပေါင်းနှစ်ပေါင်း

တစ်ရာ့နှစ်ဆယ်ရှိ၏။

ဆယ်နှစ်တာက တစ်စုံတစ်ခုကို မှတ်ဉာဏ်တစ်ခုအဖြစ် ပြောင်းလဲနိုင်လျှင် နှစ်တစ်ရာက တစ်စုံတစ်ခုကို ဒဏ္ဍာရီတစ်ခုအဖြစ် ပြောင်းလဲနိုင်သည်။ ကျင့်ကြံသူများအဖို့ လွန်ခဲ့သောနှစ်တစ်ရာတုန်းကအဖြစ်အပျက်က တဖြည်းဖြည်းမှိန်းဖျော့သွားလေသည်။ သူတို့က မေ့မေ့ပျောက်ပျောက်ဖြစ်ကာ ကျောက်တိုင်လောကထဲသို့ ဝင်လိုက်ထွက်လိုက်လုပ်‌နေကြသည်။ ထို့‌နောက် သူတို့၏ကျောက်တိုင်များကို ပေတစ်သန်းအထိ ထပ်ခါတလဲလဲ ကြီးထွားလာစေခဲ့သည်။

သီးခြားနယ်မြေမှာ ဘာမှထူးခြားတာ မရှိတော့ပေ။ ကျင့်ကြံသူများက ခါတိုင်းလို ပေတစ်သန်းစမ်းသပ်မှုများကို ဖြေဆိုဆနကြဆဲဖြစ်၏။

နောက်ထပ် နှစ်ခြောက်ဆယ် ကုန်ဆုံးသွားသည့်အခါ စုမင်ကို မှတ်မိသူက လက်တဆုတ်စာသာရှိတော့သည်။

ကျိုးခန်းကလဲ ထိုလက်တဆုတ်စာထဲက တစ်ယောက်ဖြစ်၏။ သူက တိတ်ဆိတ်ငြိမ်သက်စွာနေရတာကိုကြိုက်သောစုမင်နှင့် စုမင်၏အကူအညီများကို မေ့၍မရပေ။

နောက်နှစ်ခြောက်ဆယ်ကုန်ဆုံးသွားသည့်အခါ စုစုပေါင်းနှစ်ပေါင်းနှစ်ရာ့လေးဆယ်ကုန်ဆုံးသွားလေသည်။ စုမင်၏လောကမှာ ကောင်ကင်းယံအထိမြင့်မားသောသစ်ပင်ကြီးက ကျယ်ပြောလှသောနဂါးငွေ့တန်းမှာ စုဝေးနေခဲ့သည်။

သစ်ပင်က နဂါးငွေ့တန်း၏နေရာအများစုကို သိမ်းပိုက်ထားပြီး ရှေးကျသောတည်ရှိမှုတစ်ခုထွက်ပေါ်လာသည်။ ထိုသစ်ပင်က လုံးဝခရမ်းရောင်ဖြစ်ပြီး မဖော်ပြနိုင်သောဖိအားကြီးတစ်ခု ပိုင်ဆိုင်လေသည်။ ထိုအချိန်တွင် ထိုသစ်ပင်က နဂါးငွေ့တန်းထဲမှာ စစ်မှန်သောတည်ရှိမှုတစ်ခုဖြစ်သည်။

တစ်စုံတစ်ယောက်က သေချာကြည့်လိုက်လျှင် ခရမ်းရောင်သစ်ပင်ထဲမှာ ရွှေရောင်အလင်းတန်းတစ်ခု ရှိနေတာကို မှုန်ဝါးဝါး မြင်နိုင်သည်။ ပထမတစ်ချက်ကြည့်လိုက်လျှင် ခရမ်းရောင်ဟုထင်ရ၏။ တကယ်တော့ အလင်းတန်းက ခရမ်းရောင်နှင့် ရွှေရောင်ပေါင်းစပ်ထားခြင်းဖြစ်သည်။

ခရမ်းရောင်က သစ်ပင်ဧ။်အ‌ခြေခံအုတ်မြစ်ဖြစ်ပြီး ရွှေရောင်က သစ်ပင်၏အနှစ်သာရပင်ဖြစ်၏။ ခရမ်းရောင်သစ်ပင်၏ကိုယ်ထည်က စုစည်းပြီးနောက် ခရမ်းရောင်အလင်းတန်းက ကောင်းကင်ယံကို ထိုးတက်သွားသည်။ အလင်းတန်းက နဂါးငွေ့တန်းတစ်ခုလုံးကို လင်းလက်စေသည့်အခါ သူ့ခန္ဓာကိုယ်က ကျုံ့သွားလေသည်။

သစ်ပင်က အရွယ်အစားကျုံ့သွားရုံတင်မကဘဲ ပြန်လည်မွေးဖွားလာခြင်းဖြစ်၏။ သစ်ပင်က ညှိုးနွမ်းသွားသော်လည်း ပင်စည်ထဲမှာ အသက်တစ်ချောင်း(ဘဝသစ်) မွေးဖွားတော့လက္ခဏာပြနေလေသည်။ သစ်ပင်၏အာဟာရများကိုလိုအပ်သောအသက်၏မွေးဖွားမှုပင်ဖြစ်သည်။ ထိုအသက်တစ်ချောင်းက သစ်ပင်၏အာဟာရများကိုစုပ်ယူပြီး သစ်ပင်က တဖြည်းဖြည်းကျုံ့သွားလေသည်။

ဤဖြစ်စဉ်က နောက်နှစ်ပေါင်းခြောက်ဆယ်ကြာလေ၏။

စုမင် အိပ်ပျော်သွားချိန်ကနေ ယခုအချိန်အထိ နှစ်ခြောက်ဆယ် ငါးကြိမ် ကုန်ဆုံးခဲ့သည်။ စုစုပေါင်း နှစ်သုံးရာကြာမြင့်ခဲ့၏။ ထိုအချိန်က ကျောက်တိုင်ကိုးသောင်းအမြင့်ရှိနယ်မြေက လူအားလုံးအတွက် ကပ်ဘေးကြီးကို မေ့ဖျောက်ရန်လုံလောက်သည်။ စုမင်၏ကျောက်တိုင်ကို မကြာခဏကျရောက်တတ်သောအကြည်များက နောက်ဆုံး တစ်ယောက်သာကျန်ခဲ့သည်။

ကျောက်တိုင်ကို အဆက်မပြတ် စောင့်ကြည့်နေသောအကြည့်က ကျိုးခန်း၏ အကြည့်ပင်ဖြစ်သည်။နှစ်သုံးရာကာလအတွင်းမှာ သူ့ကျောက်တိုင်က ပေကိုးသိန်းလောက်အထိ အကြိမ်ပေါင်းများစွာ ရောက်ရှိနိုင်ခဲ့သည်။ သူက စမ်းသပ်မှုကိုကြိုးစားခဲ့သော်လည်း အကြိမ်တိုင်းမှာ ကျရှုံးခဲ့သည်။ သို့ပေမဲ့ ထိုစမ်းသပ်မှုကသူ့ဘဝမှာ အရေးကြီးဆုံးအရာ မဟုတ်တော့ပေ။ ယခုအချိန်တွင် သူက စုမင်၏ကျောက်တိုင်ကိုကြည့်နေဆဲပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သောနှစ်တွေတုန်းက ကွယ်လွန်သွားသောဇနီး၏ ခန့်မှန်းချက်က မှန်ကန်မှု ရှိမရှိ စစ်ဆေးချင်သောကြောင့်ဖြစ်၏။

ထို့ပြင် သူက လောကမှော်ယာဉ်ပျံနှောင်းပိုင်းအဆင့်ရောက်ရှိသည့်အခါ ကျောက်တိုင်လောကထဲရှိမှတ်ဉာဏ်အားလုံးက အတုအယောင်ဖြစ်ကြောင်းနားလည်ခဲ့သည်။ ထိုအရာက အချိန်ကာလနှင့်သက်ဆိုင်သောအရာဖြစ်သည်။ သူ့ဇနီး၏ခန့်မှန်းချက်က… အစစ်အမှန် ဖြစ်ရမည်။

စုမင်က သူ့သူငယ်ချင်းလဲ မဟုတ်သလို ဆွေမျိုးလဲ မဟုတ်ပေ။ သို့သော် သူက စုမင်ကို အိတ်သွန်ဖာမှောက်အကုန်ပြောပြခဲ့သည်။စုမင် လျှောက်လှမ်းခဲ့သောလမ်းကြောင်းက သူ့ဇနီး၏ခန့်မှန်းချက်နှင့်အဆုံးသတ်ပင်ဖြစ်၏။ သူမ၏သေဆုံးမှုက ကျိုးခန်းကိုထောက်ပံ့ပေးသောအရာဖြစ်ပြီး သူ့ကို ရှေ့ဆက်တိုးစေခဲ့သည့်တစ်ခုတည်းသော အရာပင်ဖြစ်သည်။

နောက်ထပ် ဆယ်နှစ် ကုန်ဆုံးသွားခဲ့၏။

နှစ်သုံးရာ့ဆယ်နှစ်ပြည့်ခါနီးတွင် ကျောက်တိုင်ကိုးသောင်း‌လောကအတွင်းရှိ မည်သူမျှ သူတို့၏လောကထဲရှိ ပြောင်းလဲမှုတစ်ခုကို သတိမထားမိကြပေ။

ဤပြောင်းလဲမှုက စုမင်း၏လောကမှဖြစ်ပေါ်လာခြင်းဖြစ်သည်။ သူက မျက်လုံးများကို ဖွင့်လိုက်သည်။

စုမင်၏လောကအတွင်းရှိ ကျယ်ပြောလှသောနဂါးငွေ့တန်းတွင် သစ်ပင်မရှိတော့ပေ။ ထိုအချိန်တွင် တည်ရှိနေသာအရာမှာ

မည်းနက်သောဆံပင်ရှည်နှင့်အနက်ရောင်မျက်လုံးရှိသော လူငယ်တစ်ဦးဖြစ်သည်။

သူ့ဆံပင်မျာက ခြေထောက်အထိ ရောက်နေပြီး မျက်နှာက ဖြူဖတ်ဖြူ‌ရော်နှင့်နေမကောင်းဖြစ်နေပုံရသည်။ သို့သော် အခြားသူများကို အသက်ရှူကျပ်စေနိုင်သော အသက်စွမ်းအားများစွာက လူငယ်၏ခန္ဓာကိုယ်ထဲတွင် ပေါက်ကွဲသံနှင့်အတူ ထွက်ပေါ်လာသည်။

နှစ်သုံးရာအတွင်း စုမင်က အသူရာဖန်ဆင်းရှင်၏ပိုင်ဆိုင်မှုတတိယအဆင့်ကို ပြီးမြောက်ခဲ့သည်။ သူက ဆိုးဝါးသောအရာကို အံ့သြဖွယ်ကောင်းသောအရာတစ်ခုအဖြစ် ပြောင်းလဲခဲ့သည်။သူက အိစန်း၏သစ်ပင်မှ သူ့ကိုယ်ပွားကို ဖန်တီးခဲ့သည်။

ဤသည်မှာ စကြဝဠာတစ်ခုလုံးအတွင်းအိစန်းကဲ့သို့သက်ရှိကိုပိုင်ဆိုင်ပြီးနောက် ဖြစ်ပေါ်‌သောပထမဆုံးကိုယ်ပွားပင်ဖြစ်သည်။ ဤကိုယ်ပွားက စကြာဝဠာ၏ ဥပဒေသများအတွင်း မရှိပေ။ ၎င်းက စုမင်၏အင်အားအကြီးဆုံးကိုယ်ပွားပင်ဖြစ်သည်။

၎င်းက အိစန်း၏ကိုယ်ပွားပင်ဖြစ်၏။

စုမင် မျက်လုံးဖွင့်လိုက်သည်။

ထိုစဉ် နဂါးငွေ့တန်းတစ်ခုလုံးတုန်ခါသွားပြီး စုမင်၏စကားကိုနာခံနေသလို အက်ကွဲကြောင်းများ အဆက်မပြတ် ပြန့်ကျဲသွားသည်။ အတွေးတစ်ချက်တည်းနှင့် စုမင်က ဤနဂါးငွေ့တန်းပြိုကွဲအောင်လုပ်နိူင်သလိုပင် ထင်ရသည်။

သူ့မျက်လုံးထဲမှာ ရွှေရောင်အလင်းတန်းများ တောက်ပနေပြီး ညာမျက်လုံးမှာလဲ မှော်သင်္ကေတများ၏ပုံရိပ်များရှိနေလေသည်။သူ့မျက်လုံးအိမ်များတွင် ထိုပုံရိပ်များက အစားထိုးလဲလှယ်သွားပြီး မဖော်ပြနိုင်လောက်အောင် ကြီးမားသောဖိအားကို ထုတ်လွှတ်နေလေသည်။ ထိုအချိန်တွင် တစ်ယောက်ယောက်က စုမင်ကိုစိုက်ကြည့်မည်ဆိုလျှင် သူတို့၏နှလုံးသားထဲမှာ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး သူတို့၏စိတ်ဝိညာဉ်များလဲ အပိုင်းပိုင်းကွဲသွားလိမ့်မည်။။

စုမင်၏ကိုယ်ပွားက စွေ့ချန်ကျစ်၏နတ်ဘုရားအနှစ်သာရ၏အစိတ်အပိုင်းတစ်ခုကို ကျွမ်းကျင်လေသည်။ ထိုအချိန်တွင် ကိုယ်ပွား၏စွမ်းအားက သူ့စိတ်ကူးထက် ကျော်လွန်သော စွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားလေသည်။

ပိုတိကျစွာပြောရရင် ထိုအရာက စွမ်းအားတစ်ခု မဟုတ်ဘဲ နတ်ဘုရားအနှစ်သာရကို ထိန်းချုပ်နိုင်စေသောကိုယ်ပွားတစ်ခု ဖြစ်လာသည်။

“ဒီကိုယ်ပွား ဘယ်လောက်အစွမ်းထက်လဲဆိုတာ မသိပေမဲ့ ငါခံစားမိတယ်…ငါက ဒီနဂါးငွေါတန်းတစ်သိန်းရဲ့ အရှင်သခင်ပဲ..”

“ လောကမှော်ယာဥ်ပျံ‌နှောင်းပိုင်းအဆင့်ရှိတဲ့ကျောက်မိသားစုရဲ့ဘိုးဘေး ပေါ်လာရင်တောင် ကိစ္စမရှိဘူး..အဲ့လိုလူအရေအတွက်ဘယ်လောက်များများ ဂရုမစိုက်ဘူး..ငါက တစ်ချက်တည်းနဲ့သူတို့အားလုံးကို ရှင်းပစ်နိုင်တယ်..”

“ဒါဆ်ိို ငါ ယင်းမရဏနယ်မြေထဲက ရှေးဟောင်းဆန္ဒတွေကိုတောင် တိုက်ခိုက်နိုင်မယ်ထင်တယ်..ဘာပဲဖြစ်ဖြစ် ဒီကိုယ်ပွက ငါ့ရဲ့လက်ရှိပိုင်ဆိုင်မှုပဲ..ငါ အဲဒီကိုယ်ပွားရဲ့အင်အားကြီးမှုကို ခံစားနိုင်တယ်..ဒီကိုယ်ပွားရဲ့ခန္ဓာကိုယ်က မွေးကင်းစကလေးတစ်ယောက်လိုပဲ..သူက အခုထိကြီးထွားနေပြီး အသက်ရှုလိုက်တိုင်း ပိုပြီးအားကောင်းလာတာပဲ..”

စုမင်က သူ့ကိုယ်သူ တိုးတိုးလေးပြောရင်း သူ့မျက်လုံးထဲက ရွှေရောင်အလင်းတန်းက နေကဲ့သို့ တောက်ပလာသည်။

“အခုကစပြီး လောကထဲမှာရှိတဲ့ ကျောက်တိုင်ကိုးသောင်းဟာ

ပေဆယ်သန်းအထိ ဘယ်တော့မှ မရောက်ရှိနိုင်တော့ဘူး..”

“သူတို့ရဲ့ ကန့်သတ်ချက်က ပေကိုးသန်းပဲ ရှိလိမ့်မယ်… ဘာလို့လဲဆိုတော့ အဲဒီ ပေဆယ်သန်းနောက်က‌ဟာတွေအားလုံးက… ငါ့အတွက်ပဲ ..ငါပဲထာဝရပိုင်ဆိုင်ရမှာ”

စုမင်၏ မျက်နှာမှာ မှိန်ဖျော့ဖျော့ အပြုံးတစ်ခု ပေါ်လာသည်။ သူက သူ့ ညာဘက်လက်ကို မြှောက်ပြီး သူ့ရှေ့မှာ လွှဲယမ်းလိုက်သည်။

သူ့ရှေ့က နဂါးငွေ့တန်းထဲမှာ တွန့်လိမ်ပုံပျက်နေသောစွမ်းအားလှိုင်းများထွက်ပေါ်လာသည်။ ထိုစွမ်းအားလှိုင်းများကမြန်မြန်ဆန်ဆန် ပျံ့နှံ့သွား၏။ ခဏအကြာတွင် ထိုလှိုင်းများထဲမှာ ခန္ဓာကိုယ်တစ်ခု ပေါ်လာပြီး စုမင်ဆီကို တဖြည်းဖြည်း ရွေ့လျားသွားလေသည်။

ထိုအရာက သူ၏ကြက်သွေးရောင်ဖီးနစ်သားရဲ၏ပုံတူကိုယ်ပွားဖြစ်၏။ ထိုကိုယ်ပွားက သူ၏ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်အဖြစ်သုံးသောပထမဆုံးကိုယ်ပွားဖြစ်သည်။ စုမင်က ထိုကိုယ်ပွားကြောင့် ပထမဆုံးရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ် ရရှိလာသည်ဟုပြောလျှင်လည်း မမှားနိုင်ပေ။စုမင်က ထိုကိုယ်ပွားကို ပုံရိပ်ဝါးမျိုခြင်းစွမ်းရည် ကျင့်ကြံရန် အသုံးပြုခဲ့သည်။

“အိစန်းရဲ့ ပုံတူကိုယ်ပွားက နတ်ဘုရားအနှစ်သာရကို သန့်စင်ပေးတယ်..”

“ပုံရိပ်ဝါးမျိုခြင်းစွမ်းရည်ကို ကျင့်ကြံခဲ့တဲ့ကိုယ်ပွားက ငါ့ရဲ့ လက်ရှိရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို သန့်စင်ပေးတယ်..”

“အင်မော်တယ်ပြည်မှာရှိတဲ့ငါ့ရဲ့အစစ်အမှန်ခန္ဓာကိုယ်က ငါ့ရဲ့ဝိညာဉ်ကိုသန့်စင်ပေးတယ်..”

“ငါ့ရဲ့ကောင်းချီးကို ပိုမိုသန့်စင်ဖို့နောက်ထပ် ကိုယ်ပွားတစ်ခုလိုအပ်တယ်”

“အခုတော့ပုံရိပ်ဝါးမျိုစွမ်းရည်ကိုကျင့်ကြံထားတဲ့ဒီကိုယ်ပွားက ပိုအားကောင်းလာသင့်တယ်...”

စုမင်ဧ‌။်မျက်လုံးထဲမှာ ရွှေရောင်အလင်းတန်းများ တောက်ပလာပြီး သူ့ ညာဘက်လက်ညှိုးနှင့် ထိုကိုယ်ပွားကို လက်ညှိုးထိုးပြလိုက်သည်။

“ငါက နဂါးငွေ့တန်းတစ်သိန်းပေါင်းစပ်မှုဖြင့် ဖွဲ့စည်းထားတဲ့ ဒီနဂါးငွေ့တန်းကြီး၏အရှင်သခင်ပဲ....ငါတစ်ချက်တွေးလိုက်ရုံနဲ့ ..ငါ့ရဲ့ခန္ဓာကိုယ်က ပိုအားကောင်းလာတယ်..”

စုမင်က တိုးတိုးလေးပြောလိုက်သည်။

ထို့နောက် ကြီးမားသောနဂါးငွေ့တန်းတွင် ဥပဒေသများနှင့်စည်းမျဉ်းများ ချက်ချင်းပေါ်လာသည်။ ၎င်းတို့က ပုံရိပ်ဝါးမျိုစွမ်းရည်ကိုကျင့်ကြံထားသောစုမင်၏ကိုယ်ပွားပေါ်တွင် စုဝေးနေကြသည်။

စုမင်၏ထိုကိုယ်ပွားက မျက်လုံးဖွင့်လိုက်သောအခါ ကြီးမားသောတည်ရှိမှုတစ်ခုက ဒီရေလှိုင်းကဲ့သို့ ပေါက်ကွဲထွက်လာသည်။

All Chapters