← Chapters

ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့ (၃)

Vol. 128 Ch. 1781

ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့ (၃)

Vol. 128 Ch. 1781

ဟူး... ဟူး...

ကျောက်စိမ်း နန်းတော်မှာ သန့်စင်သည့် ကျောက်စိမ်း အလင်းရောင်များကို ထုတ်လွှတ်လာကာ လောကနယ်မြေ တစ်ခုလုံးကို ထိန်လင်း သွားစေခဲ့၏။

ဟန်ရှဲ့မှာ သင်္ကေတများ၏ အလယ်တွင် နစ်မြုပ် သွားခဲ့၏။ ၎င်းတို့က လျှို့ဝှက်ဆန်းကြယ်စွာဖြင့် ပေါင်းစည်းသွားကာ ကျောက်စိမ်း စက်ဝိုင်းပုံ လှောင်အိမ်တစ်ခု ဖြစ်လာသည်။ ဟန်ရှဲ့မှ အတွင်း၌ ပိတ်မိနေခဲ့၏။ လှုပ်ရှားမှု တစ်ခုတည်းဖြင့်ပင် ဟန်ရှဲ့မှာ အကျဉ်းချခံလိုက်ရပြီ ဖြစ်သည်။

"မင်း... မင်း ကောင်းကင်ဝိညာဉ် ကျောက်စိမ်း နန်းတော်ရဲ့ အစီအရင်ကို ထိန်းချုပ်နိုင်တာလား...”

ဟန်ရှဲ့မှာ လုံးဝ မယုံနိုင်လောက်အောင် ဖြစ်နေခဲ့၏။ သူ၏ အသံက တုန်ယင်နေကာ စက်ဝိုင်းပုံ လှောင်အိမ်ကို ဝိညာဉ် အင်အားဖြင့် စူးစမ်းကြည့်လိုက်သည်။

“ဘုန်း...”

"အား..."

ဝိညာဉ် စွမ်းအင် ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ်လာကာ သူ၏ ခန္ဓာကိုယ်မှာ စက်ဝိုင်း၏ အခြားတစ်ဖက်သို့ လွင့်စဉ် သွားခဲ့၏။ ထို့နောက် နံရံနှင့် ရိုက်မိကာ မထင်မရှား ပုံရိပ်မှာ လိမ်ကွေးသွားခဲ့သည်။

ဟန်ရှဲ့ တစ်ယောက် ဓာတ်လိုက်ခံလိုက်ရ သကဲ့သို့ တုန်ယင်နေကာ နာကျင်မှု၊ ပြင်းထန်သော ဝေဒနာတို့ဖြင့် အော်ဟစ်နေရ၏။ ကျောက်စိမ်း အလင်းရောင် အရိပ်များမှာ သူ၏ ဝိညာဉ် ခန္ဓာကိုယ် အတွင်း ကျူးကျော် ဝင်ရောက်လာကာ အတွင်းမှ တဖြည်းဖြည်းချင်း သန့်စင်နေခဲ့သည်။

ဟန်ရှဲ့၏ အော်ဟစ်သံများမှာ ပို၍ ဆိုးရွားလာနေကာ ဝိညာဉ် အော်ရာကို အရှိန်အဟုန်ဖြင့် ဖောက်ခွဲရင်း ကျူးကျော်ဝင်ရောက်လာသည့် ကျောက်စိမ်း အရိပ်များကို အလျင်အမြန် ဖယ်ရှားရန် ကြိုးစားလိုက်၏။

ဝေ့ဝူယင် လက်ကို မြှောက်ကာ လက်သီးဆုပ်လိုက်သည်။ လျှို့ဝှက် အာဏာရှင် တစ်ယောက်၏ မျက်တောင် တစ်ခတ်စာ အတွင်း၌ပင် စက်ဝိုင်းမှာ ကျုံ့ဝင်သွားခဲ့သည်။ ၎င်းမှာ ငါးမီတာမျှသာ အချင်းရှိပြီး၊ ဟန်ရှဲ့၏ ဝိညာဉ်အသွင် တစ်ခုလုံးကို ဆံ့ရုံမျှသာ ရှိတော့၏။

ဝှစ်...

ဝေ့ဝူယင်မှာ ပိုင်လင်မှ ကျောထက်မှ နေ၍ ဖယ်ခွာလိုက်၏။ အန်နု၏ အရွယ်အစားက ကြီးမားလာကာ မီတာ လေးဆယ် အထိ ရောက်ရှိလာသည်။ ဝေ့ဝူယင် ထိုအဇူရာ နဂါး၏ ဦးခေါင်းထက်၌ နေရာယူကာ တစ်ခုတည်းသော ဦးချိုကို ဆုပ်ကိုင် ထားလိုက်သည်။

ဟူး... ဟူး...

အန်နုက ချက်ချင်းပင် ကောင်းကင်သို့ တဟုန်ထိုး ပျံတက် လာခဲ့သည်။ ၎င်း၏ ခြေသည်းများသည် လေကို ကုတ်ခြစ်ထားကာ၊ အစွယ်များ ပြည့်နှက်နေသည့် မေးရိုးမှာ နှလုံးသား၏ အနက်ရှိုင်းဆုံး နေရာမှ ထွက်ပေါ်လာသော ဟိန်းသံများဖြင့် တုန်ခါနေခဲ့၏။ သူ၏ မျက်လုံးများကတော့ ဟန်ရှဲ့ကို တစ်ယောက်တည်းသာလျှင် တည်ရှိနေသကဲ့သို့ စူးစိုက်ကြည့်နေ၏။

လင်းကလန်မှ မိန်းကလေးနှစ်ဦးမှာ ပိုင်လင်နှင့် အတူ ထိုမြင်ကွင်းကို ကြည့်နေခဲ့ကြသည်။ ဝေ့ဝူယင်ထံမှ တစ်ဆင့် ဟန်ရှဲ့၏ လျှို့ဝှက် အကြံအစည်များ အပါအဝင် အခြေအနေအားလုံးကို သူတို့ သဘောပေါက် ခဲ့ကြပြီး ဖြစ်သည်။

အယုံကြည်ရဆုံးသူထံမှ အသတ်ခံရခြင်း...

၎င်းမှာ လူတစ်ဦး ခံစားဖူးသမျှ အထိတ်လန့်ဆုံး အတွေ့အကြုံ ဖြစ်သောကြောင့် ဟန်ရှဲ့ ရုန်းရင်းဆန်ခတ် အော်ဟစ်နေသည်ကို မြင်ရသော်လည်း သူမထံ၌ မည်သည့် ခံစားချက်မျှ မရှိပေ။ ဆရာ ဖြစ်ခဲ့ဖူးသူ အတွက် သနားခံရန် စိတ်ကူးလည်း သူမ၏ စိတ်ထဲ၌ မပေါ်ပေါက်ခဲ့ချေ။

“ဝေ့ဝူ... ဧကရာဇ် ဝေ့... ဒီလို လုပ်ဖို့ မလိုပါဘူး...”

ဟန်ရှဲ့၏ မထင်မရှား ပုံရိပ်မှာ ထိတ်လန့်တကြား အော်ဟစ်ရင်း တဖြည်းဖြည်း ပိုမို၍ ထင်ရှား လာခဲ့၏။ သူက ရှည်လျား ထူပျစ်သည့် မုတ်ဆိတ်မွေးများနှင့် ဆံပင်ကို ဆံထုံးထုံးထားသည့် ခန့်ညားသော လူလတ်ပိုင်း အရွယ် အမျိုးသား တစ်ယောက် ဖြစ်သည်။ ဟန်ရှဲ့ထံတွင် ဝူယုလို အင်ပါယာ အော်ရာမျိုး မရှိသော်လည်း ဒြပ်စင်များနှင့် တစ်သားတည်း တည်ရှိနေသည့် အလား ထူးခြားသည့် ဆွဲဆောင်မှု တစ်မျိုးကို ပိုင်ဆိုင်ထားသည်။

“ကျုပ်...”

ဟန်ရှဲ့က စကားပြောဆိုဖို့ ပြင်လိုက်သော်လည်း ဝေ့ဝူယင်က လက်တစ်ဖက် ဝှေ့ယမ်းရုံဖြင့်ပင် ဝိညာဉ်နှင့် အသံ ထုတ်လွှတ်မှု အားလုံးကို တားဆီးလိုက်သည်။

ဆန်းကြယ် ဧကရာဇ်မှာ အသက် ချမ်းသာပေးဖို့ တောင်းပန်လိုခြင်း ဖြစ်နိုင်သလို ညှိနှိုင်းလိုခြင်းလည်း ဖြစ်နိုင်ပေသည်။ သို့တည်းမဟုတ်... သူ၏ လုပ်ရပ်များ အတွက် ဆင်ခြေပေးလိုခြင်းလည်း ဖြစ်နိုင်သည်။

"ခင်ဗျား ဘာပြောပြော ကျုပ် နားထောင်ဖို့ မလိုအပ်ဘူး"

ဝေ့ဝူယင်နှင့် အန်နတို့ နှစ်ယောက် စက်ဝိုင်း ပုံသဏ္ဌာန် အကျဉ်းထောင် အနားသို့ ရောက်ရှိလာခဲ့ကြသည်။ ဟန်ရှဲ့၏ မျက်လုံးများက တောင်းပန်လိုမှုများနှင့် ပြည့်နှက် နေကာ နှုတ်ကလည်း တတွတ်တွတ် ဆက်လက် ပြောဆို နေခဲ့သည်။

ဝေ့ဝူယင်မှာ ကြားနိုင်စွမ်း မရှိသော်လည်း နှုတ်ခမ်း လှုပ်ရှားပုံများအရ မည်သည့် အရာကို ပြောချင်နေကြောင်း သိရှိပေသည်။ ထိုအထဲ၌ တာဝန် ကျွေပြွန်စွာ အစေခံပါမည့် အကြောင်း ပါဝင်သလို လင်းရှန်းရှဲ့ အကြောင်းလည်း ပါဝင်နေသေည်။

သို့သော်လည်း... ဝေ့ဝူယင် မကြားနိုင်သည်ကို သတိထားမိသွားပြီးနောက် ဟန်ရှဲ့မှာ လှောင်အိမ်ကို စူးစိုက်ကြည့်ကာ အမျက်ဒေါသဖြင့် မျက်မှောင်ကုပ်လိုက်သည်။ သူ၏ မျက်လုံးများအတွင်းရှိ အန္တရာယ်ပြုလိုသည့် အော်ရာမှာ ကမ္ဘာလောကများကိုပင် ပျက်စေနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းလှသည်။

အန်နု၏ ပါးစပ်ကြီးမှာလည်း သတ်ဖြတ်လိုသော စိတ်ဆန္ဒနှင့် အတူ ပွင့်ဟလာလေ၏။

"လွန်ခဲ့တဲ့ နှစ်ပေါင်း ထောင်ချီလောက်တုန်းက ထာဝရ ကြယ်တာရာ နယ်မြေက နဂါးမျိုးနွယ်တွေကို ခင်ဗျား သုတ်သင်ပစ်ခဲ့တယ်... မသေးပဲ ကျန်ရစ်ခဲ့တဲ့ အကြွင်းအကျန်တွေကိုလည်း ခင်ဗျားရဲ့ ဒြပ်စင် စမ်းသပ်မှုအတွက် အသုံးချခဲ့တယ်... သူတို့ရဲ့ အသက်စွမ်းအင်နဲ့ အမတေ တွေကို စုပ်ယူရင်း နှစ်ပေါင်း ထောင်ချီပြီး အကျဉ်းချထားခဲ့တယ်"

ဝေ့ဝူယင် စကားလုံး တစ်လုံးချင်းစီကို ဖြည်းညှင်းစွာပင် ပြောလိုက်၏။ သူ ဝိညာဉ် အင်အားကို အသုံးပြုပြီး ဟန်ရှဲ့၏ ဝိညာဉ်ထဲသို့ တိုက်ရိုက် ပို့လွှတ်နေခြင်း ဖြစ်လေရာ ဟန်ရှဲ့ နားထောင်ဖို့ ငြင်းဆန်မည် ဆိုလျှင်ပင် ကြားနေရဦးမည် ဖြစ်သည်။ သို့သော်လည်း ဟန်ရှဲ့က မငြင်းပါချေ။

"ပုံမှန်ဆိုရင် ကျုပ် ဂရုစိုက်မှာ မဟုတ်ဘူး... လောကကြီးက ရက်စက်တယ်... အားနည်းသူတွေဟာ သုတ်သင်ခံရတယ်... ခင်ဗျား ပေါ်ထွန်းမလာခင် အချိန်တုန်းက နဂါးငွေ့တန်း ကြယ်ကွင်းပြင်မှာ နဂါးတွေဟာ လူသားတွေ၊ တိုက်တန်တွေ၊ အယ်ဗန်တွေ၊ နတ်ဆိုးတွေကို အစာ အာဟာရလို သဘောထားပြီး စားခဲ့ကြတယ်... ကစားစရာလို ကစားခဲ့ကြတယ်... စိတ်ထင်တိုင်း အပြစ်မဲ့ လူတွေရဲ့ အသက်တွေနဲ့ နောက်ပြောင်ခဲ့ကြတယ်... နယ်မြေအတွက်ပဲဖြစ်ဖြစ်၊ ဂုဏ်သိက္ခာအတွက်ပဲဖြစ်ဖြစ် တိုက်ခိုက်ရင်း လူပေါင်း ထောင်ချီရဲ့ စခန်းတွေကို ဖျက်ဆီးခဲ့ကြတယ်...”

"ထာဝရ ဧကရာဇ် ထင်ပေါ်ကျော်ကြားလာပြီးတဲ့ နောက်မှသာ အခြေအနေတွေက ပြောင်းလဲသွားခဲ့တာ... လူသား‌တွေ နတ်ဆိုးတွေ အယ်ဗန်တွေထဲမှာ လျှို့ဝှက် အာဏာရှင် အဆင့်တွေ ပေါ်လာခဲ့ကြတယ်... ဒီလိုနဲ့ ကျုပ်တို့ မျိုးနွယ်တွေဟာ နဂါးတွေနဲ့ ယှဉ်ပြီး ရပ်တည်နိုင်တဲ့ အခွင့်အရေးကို နောက်ဆုံးမှာ ရရှိခဲ့ကြတယ်... ဒါပေမဲ့ သွေးကြွေးဆိုတာ သွေးကြွေးပါပဲ... သူတို့ မျိုးနွယ်စုကို နောက်ဆုံး တစ်ယောက်တောင် မကျန်အောင် သုတ်သင်ခဲ့ရင်တောင် ခင်ဗျားရဲ့ လုပ်ရပ်တွေကို ကျုပ် အပြစ်မမြင်ပါဘူး... ဒါဟာ အသက်ရှင်သန်မှု သဘောတရားသက်သက်ပဲ”

“...”

ဟန်ရှဲ့ အံ့အားသင့်သွား၏။ ပြင်းထန်စွာ ဟိန်းဟောက်ရင်း အရိုင်းဆန်ဆန် ဖြစ်နေသည့် အန်နုကို ကြည့်ရင်း သူ၏ အမူအရာက ပိုမို၍ ရှုပ်ထွေး လာခဲ့သည်။ ဝေ့ဝူယင်က ဤအရာအားလုံးကို အဘယ်ကြောင့် ပြောနေရသနည်း။ ဤသို့ဆိုလျှင် သူက အဘယ်ကြောင့် သူ့ကို ဖမ်းဆီးထားရသနည်း။ သူ၏ ရည်ရွယ်ချက်က အဘယ်နည်း။

ဝေ့ဝူယင်က ဆက်လက်ပြောလိုက်၏။

"ကျုပ်ရဲ့ မိသားစုဟာ အမဲလိုက်ပြီး သတ်ဖြတ်ခံခဲ့ရတယ်... မွေးစား ညီလေး တစ်ယောက်နဲ့ ကျုပ် နှစ်ယောက်ပဲ မျိုးနွယ်ထဲမှာ အသက်ရှင် ကျန်ရစ်ခဲ့တယ်... နောက်ပိုင်းမှာ ကျုပ် အင်အားကြီးလာခဲ့ပြီး သွေးကြွေးကို အစွန်းရောက်တဲ့ စိတ်နဲ့ ပြန်ပြီး ပေးဆပ်ခဲ့တယ်... ကျုပ် စိတ်ကျေနပ်တဲ့အထိ သတ်ခဲ့တယ်... နောက်ပြီး ကျုပ် မိသားစုရဲ့ ဝိညာဉ်တွေ စိတ်ကျေနပ်လောက်တဲ့အထိ ဆက်ပြီး သတ်ခဲ့တယ်... လူတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင် ဇာတ်လမ်းတွေ ဆိုတာ ရှိကြတယ်... ကိုယ်ပိုင် ဝမ်းနည်းကြေကွဲစရာတွေ ရှိကြတယ်... နောက်ပြီး ကျုပ် ခင်ဗျားရဲ့ နာကျင်မှုကို သိတယ်"

ဟန်ရှဲ့၏ မျက်လုံးများထဲမှ ဇဝေဇဝါ ဖြစ်မှုက ပျောက်ကွယ်သွားကာ ရီဝေ နာကျင်သည့် အမှတ်တရ တစ်ခုဆီသို့ ပြန်လည် တိုးဝင် သွားခဲ့သည်။

တစ်ချိန်တစ်ခါက နဂါးငွေ့တန်း ကြယ်ကွင်းပြင်ကို နဂါးမျိုးနွယ်က လွှမ်းမိုးထားခဲ့သည်။ သူတို့က လှည့်လည် သွားလာကာ လောကကို လွှမ်းမိုးခဲ့သည်။ ကောင်းကင်ယံနှင့် ဟင်းလင်းပြင်တို့တွင် တိုက်ခိုက်ခဲ့သည်။ ဂြိုဟ်များနှင့် ကုန်းမြေတိုက်ကြီးများကို ရိုက်ခတ်ခဲ့သည်။ အသက်ရှိသမျှကို စိတ်ထင်တိုင်း စားသောက်ခဲ့ကြသည်။ အခြားသူများကို ဂရုမစိုက်ဘဲ အိပ်စက်ခဲ့သည်။ စိတ်ထင်တိုင်း လိုချင်သည့်အရာကို တောင်းဆိုခဲ့သည်။ ထိုခေတ်ကာလမှာ အချို့သောသူများအတွက် မြေကြီးပေါ်က ငရဲကြီး ဆယ့်ရှစ်ထပ် ဖြစ်ခဲ့သည်။

ထာဝရ ဧကရာဇ် မတွေ့ဆုံမီ၊ ဝူယုနှင့် မတွေ့ဆုံမီ အချိန်က ဟန်ရှဲ့ထံ၌ မိသားစု ရှိခဲ့ဖူးသည်ကို လူအနည်းငယ်သာ သိကြသည်။ မျက်တောင် တစ်ခတ်စာ အတွင်းမှာပင် သူ၏ ငါးနှစ်အရွယ် သမီးလေး၊ ကိုယ်ဝန်ဆောင် ဇနီးသည်နှင့် ဦးလေး (ဟန်ယုဟိုင်၏ ဖခင်) တို့ အပါအဝင် မိသားစုဝင် အများအပြား အသတ်ခံခဲ့ရသည်။ တရားခံများက မည်သူများနည်း။

နဂါးများ...။

ထိုစပ်ဆုပ်ဖွယ် နဂါးများပင်။

အကြောင်းရင်းလား...။

သူတို့က နဂါးမျိုးနွယ်မှ ကလေးငယ် တစ်ကောင်ကို အမဲလိုက်နည်း သင်ပေးခြင်းပင် ဖြစ်သည်။ ထိုရိုးရှင်းသည့် အကြောင်းအရာလေး အတွက် သူတို့မှာ အင်အား အနည်းငယ် ရှိသော ကျင့်ကြံသူများနှင့် သားရဲများကို လိုက်လံရှာဖွေပြီး အားလုံးကို ဖျက်ဆီးပစ်ခဲ့သည်။ သူတို့က စခန်းများကို စီးနင်းခဲ့သည်။ မြို့ကြီးများကို ဖျက်ဆီးခဲ့ကြသည်။

ဟန်ရှဲ့ ထိုနေရာ၌ ရှိခဲ့သည်။ သူ အသက်ရှင်ခဲ့သည်။

အလွန် ကံကောင်းစွာပင် သူ အသက်ရှင်ခဲ့သည်။

ဟန်ရှဲ့သည် သူ၏ လက်များကို ကြည့်လိုက်၏။ သူ၏ နှလုံးသားထဲတွင် ကာလရှည်ကြာ မြှုပ်နှံထားခဲ့သော မှတ်ဉာဏ်တစ်ခု ပေါ်လာခဲ့သည်။

ခါးမှ တစ်ပိုင်းပြတ်နေသော ကလေးငယ်တစ်ဦး...

သူမ၏ ကိုယ်တွင်းအင်္ဂါများက ပြန့်ကျဲနေကာ၊ မိခင် ဖြစ်သူနှင့် တစ်ချိန်က သက်ဆိုင်ခဲ့သည့် လက်မောင်းလေး တစ်ဖက်ကို ဖက်ထားခဲ့သည်။ အလွန်တင်းကြပ်စွာ ဖက်ထားခဲ့ပြီး တစ်စက္ကန့်မျှပင် မလွှတ်ချင်သကဲ့သို့ ရှိသည်။ သူမ သူ့ဆီသို့ တွားသွားလာချိန်တွင် ခန္ဓာကိုယ်ထဲ၌ အသက်အချို့ ကျန်နေသေးသည်။

သူမ၏ မျက်ရည်များ...

သူမ၏ ခေါ်သံ...

သူမ၏ နောက်ဆုံး စကားများ...

"ဖေဖေ... ဖေဖေ..."

ဟန်ရှဲ့၏ ဝိညာဉ်က တုန်ခါသွားကာ လက်ရှိသို့ ပြန်ရောက်လာခဲ့၏။

ဟန်ရှဲ့ ဝေ့ဝူယင်ကို မော့ကြည့်လိုက်သည်။ သူ၏ မျက်လုံးများထဲတွင် နောင်တ အနည်းငယ်မျှပင် မရှိပါချေ။ အကယ်၍ ရွေးချယ်ခွင့် ပေးခဲ့ပါက... သူ နဂါးမျိုးနွယ် အားလုံးကို နောက်တစ်ကြိမ် ထပ်မံ သတ်ပစ်လိမ့်ဦးမည် ဖြစ်သည်။

ထို့အပြင် သူ့ထံတွင် အစီအစဉ် အကြီးကြီး ရှိပေသည်။ ကျင့်ကြံခြင်း အခြေခံကို ပြန်လည် ရရှိပြီးနောက်တွင် နဂါးမျိုးနွယ်များ အားလုံး... ရွံရှာဖွယ် ဗီဇပြောင်း ရှို့ရန်နှင့် သွေးမျိုးဆက်များပါ မကျန် အားလုံးကို လောက၌ ဆက်မရှိတော့တာ သေချာအောင် လုပ်ဆောင်မည် ဖြစ်သည်။ ကောင်းကင်ဘုံ တစ်ခွင်လုံး၌ နဂါးများအားလုံး မျိုးတုန်းသွားစေရပေမည်။

ထိုအတွက်လည်း သူ၏ ကျင့်ကြံခြင်း နှလုံးသားမှာ မယုံကြည်နိုင်လောက်အောင် ခိုင်မာ နေခဲ့ပြီး ဖြစ်သည်။ ထိုရည်မှန်းချက် အောင်မြင်ရန်အတွက်လည်း မိသားစု အပါအဝင် မည်သည့်အရာကို မဆို စွန့်လွှတ်ရန် သူ ဆန္ဒရှိသည်။ သို့သော်လည်း... ရွေးချယ်ခွင့် ရှိပါက ဟန်ယုဟိုင်နှင့် လင်းမင်တို့ထက် လင်းရှန်းရှန်းနှင့် လင်းရှန်းရှဲ့ဟူသော သွေးမတော် သားမစပ်သူ နှစ်ဦးကိုသာ ပိုမို အသုံးပြုလိုပေသည်။

***

All Chapters