← Chapters

ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့ (၄)

Vol. 128 Ch. 1782

ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့ (၄)

Vol. 128 Ch. 1782

ဝေ့ဝူယင် ဟန်ရှဲ့ကို ကြည့်ကာ သက်ပြင်းချလိုက်မိ၏။ ထိုကဲ့သို့ မျက်လုံးမျိုးများကို မစိမ်းပေ။ သူ ကိုယ်တိုင်သည်လည်း တစ်ချိန်က သူ့ မိသားစုကို သေဆုံးစေခဲ့သူများ၊ မတရား စီရင်ခဲ့သူများ၊ သူတို့၏ အသက်များကို အရေးမပါသကဲ့သို့ သဘောထားခဲ့သူများ အားလုံးကို မျိုးတုန်းသွားစေလိုခဲ့သည်။ သူ့အတွက် ထိုအရာကသာလျှင် အရေးအကြီးဆုံး ဖြစ်ခဲ့သည်။

အပြောကျယ်လှသော လောကကြီးတွင် ကျင့်ကြံသူ မည်မျှများများထံ၌ အလားတူ ဇာတ်လမ်းများ၊ အလားတူ ခံစားချက်များ ရှိကြသနည်း။

သူနှင့် ဟန်ရှဲ့တို့ကို မိမိတို့ ကိုယ်တိုင်၏ လက်ဖြင့် လက်စားချေနိုင်ခဲ့သည့်လူ မည်မျှများများ ရှိသနည်း။

လက်စားချေရန် ကြိုးပမ်းရင်း ရုန်းကန်ရမှုများထဲ၌ သေဆုံးခဲ့ရသူ မည်မျှရှိသနည်း။

ရန်သူများက ပြီးပြည့်စုံပြီး သာယာ စိုပြည်သော ဘဝဖြင့် ဆက်လက် နေထိုင်နေစဉ်တွင် ဤလောကကို မပြည့်စုံဘဲ စွန့်ခွာသွားခဲ့ရသူ မည်မျှရှိသနည်း။

လောက၌ အပြစ်ကင်းစင်မှုမှာ ပျောက်ကွယ်နေသည်။ လူတစ်ယောက်ချင်းစီတိုင်း အတွက် အသက်တိုင်းမှာ အရေးကြီးသည်။ အသက်တိုင်းမှာ အမြဲတမ်း အခြားအသက်များနှင့် တွဲလျက် ချည်နှောင်ထားသည်။ သို့သော်လည်း... ဤအရာများအကြောင်းကို အလွန်အကျွံ စဉ်းစားနေပါက ကျင့်ကြံခြင်း နှလုံးသားမှာ ထာဝရ ရပ်တန့်သွားမည်ဖြစ်ပြီး၊ နောက်ဆုံးတွင် ကိုကိုယ်တိုင်ပါ ညှိုးနွမ်းပျောက်ကွယ်သွားရမည်ဖြစ်သည်။

"ဒါပေမဲ့..."

ရုတ်တရက် ဝေ့ဝူယင်၏ လေသံက အေးစက်သွား၏။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် နဂါး အကြေးခွံများ ဖြစ်ပေါ်လာကာ အဆုံးမဲ့ ဟင်းလင်းပြင် တောင်ပံများက နောက်ကြောဘက်၌ ထွက်ပေါ်လာသည်။ တစ်ချက် ဝှေ့ယမ်းရုံဖြင့်ပင် ကောင်းကင်မှာ မြူများဖြင့် ဖုံးလွှမ်း သွားခဲ့၏။

အစစ်အမှန် နဂါး အသွင်ပြောင်လဲခြင်းထဲ ဝင်ရောက်သွားသည့် ဝေ့ဝူယင်ကို ကြည့်ရင်း ဟန်ရှဲ့၏ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့၏။ လူငယ်၏ သွေးကြောများအတွင်း စီးဆင်းနေသည့် ရွံရှာဖွယ် နဂါးသွေးကို သူ ရှင်းရှင်းလင်းလင်း ခံစားမိသည်။ သူ၏ ဝိညာဉ်သည် တုန်ခါသွားခဲ့၏။ ထို့နောက်... သူ ငြိမ်သက်ခြင်းကို ခံစားလိုက်ရသည်။

ငြိမ်သက်ခြင်း...။

ဟန်ရှဲ့၏ အမူအရာက တဖြည်းဖြည်း ပြောင်းလဲ လာခဲ့၏။ သူ၏ မျက်လုံးများ အတွင်းမှ စူးစမ်းလိုစိတ်က ပျောက်ကွယ်သွားကာ မုန်းတီးမှုများက ပြောင်းလဲ နေရာယူလာခဲ့သည်။

ဝေ့ဝူယင်က ရပ်တန့်ခြင်း မပြုပါချေ။

“ခင်ဗျားက သူတို့ကို သတ်ရုံတင် မဟုတ်ဘူး... သေခြင်းတရားထက် ပိုပြီး ဆိုးရွားတဲ့ ဘဝတစ်ခုထဲမှာ အကျဉ်းချထားခဲ့တယ်... သူတို့ကို အသက်ရှင်ဖို့ ရုန်းကန်စေခဲ့တယ်... လွတ်မြောက်ဖို့ အခွင့်အရေး မရှိဘဲ အမြုတေနဲ့ အသက်ဓာတ်တွေကို အပ်နှင်းဖို့ အတင်းအကျပ် ခိုင်းစေခဲ့တယ်... အဲဒီနောက် ဘာဖြစ်ခဲ့တယ်ဆိုတာ ခင်ဗျား သိလား..."

"အဲဒီမှာ အစားအသောက် မရှိဘူး... မိဘတွေဟာ သူတို့ရဲ့ ကလေးတွေ စားဖို့ သူတို့ ခန္ဓာကိုယ်ကို စတေး ခဲ့ရတယ်... သူတို့ရဲ့ ကလေးတွေ ဖြည်းဖြည်းချင်း ပြန်သတ်ပစ်တာကို ခံခဲ့ရတယ်... ကိုယ်ဝန်ရှိနေတဲ့ သူတွေဟာ ဆင်းရဲဒုက္ခနဲ့ စိတ်ပျက်အားငယ်မှုကလွဲလို့ ဘာကိုမှ မသိတဲ့ ကလေးတွေကို မွေးဖွားပေးခဲ့တယ်... ခင်ဗျား သူတို့ကို ငရဲပို့ခဲ့တယ်... ချစ်ရသူတွေ မျှော်လင့်ချက်မရှိဘဲ ပျက်စီးသွားတာကို ကြည့်ခွင့်ပေးခဲ့တယ်... ကိုယ့်ကိုယ်ကို သတ်သေဖို့တောင် သူတို့ မလုပ်နိုင်ခဲ့ဘူး... အဲဒီလိုမျိုး သေချာအောင် အတွက်လည်း ခင်ဗျားက လုပ်ခဲ့တယ်”

"ခင်ဗျားရဲ့ လုပ်ရပ်တွေက လွန်လား မလွန်ဘူးလား ဆိုတာကိုတော့ ကျုပ် မဆုံးဖြတ်နိုင်ဘူး... အနည်းဆုံးတော့ ခင်ဗျား သူတို့ လွတ်မြောက်ဖို့အတွက် မျှော်လင့်ချက် တံခါးတစ်ခုတော့ ချန်ထားခဲ့တယ်... ပြီးတော့ သူတို့ လွတ်မြောက်လာခဲ့တယ်... ကြီးမားတဲ့ ဆင်းရဲဒုက္ခကြားက လွတ်လပ်မှုကို သူတို့ ရရှိခဲ့တယ်... ဒီနေ့ ဒီလိုအချိန် ရောက်လာခဲ့တာဟာ သူတို့ကို တစ်ခါတည်း သုတ်သင် မပစ်ခဲ့ပဲ လွတ်လပ်ဖို့ လမ်းစ တစ်ခု ချန်ထားခဲ့တဲ့ ခင်ဗျားရဲ့ အမှားပဲ... ဝေ့ကလန်ရဲ့ သွေးသားစစ်စစ် ဖြစ်တဲ့ ကျုပ်ကို အသက်ရှင်လျက် ချန်ထားခဲ့တဲ့ ရန်သူတွေရဲ့ ကံကြမ္မာလိုမျိုးပဲပေါ့လေၑ

ဝေ့ဝူယင်၏ စကားလုံးများက ကောင်းကင်ဘုံ၏ အမှန်တရား အချို့ကို သယ်ဆောင်ထားရာ လောကနှင့် ပဲ့တင်ထပ်သွားခဲ့၏။

ဟန်ရှဲ့ကတော့ အသက်အတွက် ဆက်လက် တောင်းပန်ခြင်း မပြုတော့ချေ။ အဘယ်ကြောင့်နည်း။ ဝေ့ဝူယင်က သူ့ကို လွှတ်ပေးမှာ မဟုတ်တော့ကြောင်း သေချာ သွားခဲ့လိုပင်။

ထို့အပြင်... နဂါးသွေးမျိုးဆက် ပါသော ခွေးသူခိုးကိုလည်း သူ ဘယ်တော့မှ အောက်ကျခံ၍ တောင်းပန်လိမ့်မည် မဟုတ်ချေ။ ခွေးနဂါးတစ်ကောင်၏ ရှေ့တွင် ဒူးထောက်ရမည့်အစား ကျောရိုးဖြောင့်ဖြောင့်ဖြင့် သေရသည်ကို သူ ပို၍ လိုလားသည်။ အစောပိုင်းက အစေခံ လုပ်ရန် အထိ ကမ်လှမ်းခဲ့သည့် စကားလုံးများကို ပြန်လည် တွေးတောရင်း သူ ကိုယ့်ကိုယ်ကို ဝိညာဉ်ထဲ အထိ ရွံမုန်းသွားခဲ့၏။

"မင်း လုပ်သင့်တာကို လုပ်တော့"

ဟန်ရှဲ့၏ ကျောပြင်က ကောင်းကင်ကို ထောက်ထားသည့် တိုင်တစ်ခု အလား ဖြောင့်တန်းနေ၏။ သူ၏ မျက်လုံးများတွင် ကြောက်ရွံ့မှု လုံးဝ မရှိတော့ပေ။

ဝေ့ဝူယင် ညင်သာစွာ ခေါင်းညိတ်လိုက်သည်။ သူ လက်သီးကို ဆုပ်လိုက်ရာ လှောင်အိမ်မှာ သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သည် အထိ ကျုံ့ဝင် သွားခဲ့သည်။ ဝိညာဉ် စွမ်းအင်များနှင့် ကျင့်ကြံခြင်း အခြေခံ တစ်ခုလုံးမှာ ထိုအထဲ၌ ပါဝင်သွားခဲ့၏။ ယခုက သူက ကျင့်ကြံခြင်း အခြေခံ မရှိတော့သည့် လူတစ်ယောက်နှင့် ခြားနားခြင်း မရှိတော့ချေ။

“ကျုပ် လုပ်မှာ မဟုတ်ပါဘူး...”

ဝေ့ဝူယင်က ပြောလိုက်ရင်း စိတ်မထိန်းနိုင်တော့အောင် သွားရည် တမြှားမြှား ဖြစ်နေသည့် အန်နုကို လှည့်ကြည့်လိုက်သည်။

“သူတို့ လုပ်မှာ...”

ဝေ့ဝူယင်က ညင်သာစွာဖြင့် ဖြေလိုက်၏။ ထို့နောက်တွင်တော့ အန်နုမှာ ၎င်း၏ သွေးစွန်းနေသည့် ပါးစပ်ကြီးကို ဟကာ ကြမ်းတမ်းသော ဟိန်းသံဖြင့် ဟန်ရှဲ့၏ တစ်ကိုယ်လုံးကို မျိုချလိုက်တော့သည်။ ထို့နောက် သူက အစာအိမ်ထဲမှ တစ်ဆင့် ဟန်ရှဲ့ကို ကိုယ်ပိုင် အတွင်းပိုင်း လောကထဲသို့ ပို့ဆောင်လိုက်သည်။

ဝရား... ဂရား...

ဟန်ရှဲ့ တစ်ယောက် ဟိန်းသံများ‌ ဆူညံနေသည့် လောက တစ်ခုဆီသို့ ရောက်ရှိလာခဲ့၏။ ထိုနေရာတွင် သူ အလွန် မုန်းတီးလှသည့် အရောင်အသွေး၊ အရွယ်အစား၊ ကျား၊မ နှင့် ကျင့်ကြံခြင်း အခြေခံ အမျိုးမျိုးရှိသော နဂါးများ မျက်စိတစ်ဆုံး ရှိနေခဲ့ကာ ၎င်းတို့မှာ ချက်ချင်းပင် သူ့ကို ဝန်းရံ လာခဲ့သည်။

၎င်းတို့ထဲမှ အများအပြားကို တစ်ချက်ကြည့်ရုံဖြင့် ဟန်ရှဲ့ ပြန်လည် မှတ်မိလိုက်၏။ သူ ဘယ်သော အခါမှ မေ့နိုင်လိမ့်မည် မဟုတ်ချေ။ ၎င်းတို့မှာ သူ အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးတွင် သူ ဖိနှိပ်ခဲ့သည့် နဂါးများ ဖြစ်ကြပေသည်။

အန်နုဟု ခေါ်သော နဂါးပင်လျှင် သူ တည်ရှိနေသည်ကို မသိသောကြောင့် လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ဟန်ရှဲ့သာ သိခဲ့ပါက အန်နုကိုလည်း အသက်ရှင်ခွင့် လုံးဝ ပေးလိမ့်မည် မဟုတ်ပေ။

အမျက်ဒေါသနှင့် မုန်းတီးမှုတို့ဖြင့် ဟိန်းသံပေးနေသည့် နဂါးများကို စိုက်ကြည့်ရင်း ဆန်းကြယ် ဧကရာဇ်က ရယ်မောလိုက်သည်။ လောကတစ်ခုလုံး ရယ်သံများဖြင့် ပြည့်နှက် သွားသည်အထိ သူ ဆက်လက် ရယ်မောခဲ့သည်။

လောကကြီးမှာ ဤကဲ့သို့ပင် အမြဲတမ်း သံသရာ တစ်ပတ်လည်နေဦးမည် ဖြစ်ပေသည်။

"လာခဲ့ကြစမ်း... ခွေးသူခိုး တိရစ္ဆာန်ကောင်တွေ..."

ကျင့်ကြံခြင်း မရှိတော့ သော်လည်း ဆန်းကြယ် ဧကရာဇ်မှာ ဘယ်တော့မှ ဒူးထောက် အသေခံမည့် လူစားမျိုး မဟုတ်ပါချေ။ သူ၏ မျက်ခုံးများမှာ သတ်ဖြတ်လိုသည့် အလင်းရောင်များနှင့် တောက်ပလာခဲ့လေ၏။ ထို့နောက်တွင်တော့...

...

နှစ်ထပ် လောကနယ်မြေ အတွင်း၌ ဝေ့ဝူယင်မှ မျက်လုံးများကို မှိတ်ရင်း အရာအားလုံးကို အလေးအနက် ဆင်ခြင်နေခဲ့သည်။

"ကျေးဇူးတင်ပါတယ်"

အန်နု၏ ကျေးဇူးတင်သော အသံက သူ၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာ၏။

"ကျေးဇူးတင်ပါတယ်"

ဝေ့ဝူယင်က ထပ်တူ စကားလုံးများဖြင့် ပြန်ဖြေလိုက်သည်။ နဂါးနှစ်ကောင်မှာ တစ်ဦး၏ ခံစားချက်ကို တစ်ဦး သိရှိကြဟန် ရှိသည်။

သို့သော်လည်း အန်နုမှာ သူ ဝေ့ဝူယင်အား ပေးခဲ့သော လက်ဆောင်၏ အရေးပါပုံကို မည်သည့်အခါမျှ သဘောပေါက်လိမ့်မည် မဟုတ်ပေ။

ခရာတို...

ခရာတိုမှာ ဝေ့ဝူယင်၏ မိသားစုဝင် ဖြစ်ပေသည်။ တစ်နည်းဆိုရသော်... အားနု ပေးခဲ့သည့် မိသားစုဝင်ပင် ဖြစ်လေတော့သည်။

***

All Chapters