ရွေးချယ်မှု
Vol. 128 Ch. 1784
မှု
ဂီး... ဂီး...
ပိုင်လင်သည် နန်းတော်တစ်ဝိုက်တွင် ကစားနေ၏။ ဆန်းကြယ် ဧကရာဇ်ပင်လျှင် မဝင်နိုင်ခဲ့သော အစီအရင် အချို့ကို ချိုးဖောက်ခြင်းဖြင့် အဖိုးတန်ပစ္စည်းအချို့ကိုပင် ရယူထားပြီး ဖြစ်သည်။ သူမက နန်းတော်ကို လုယက်ရာတွင် လုံးဝ မတွန့်ဆုတ်ခဲ့ပေ။
အန်နုမှာ ဝေ့ဝူယင် ကောင်းကင်ယံ၌ စိတ်ကူးယဉ်ဆန်စွာ ပျံဝဲနေသည်ကို သတိထားမိပြီးနောက် ခိုးကြောင်ခိုးဝှက်ဖြင့် ပိုင်လင်ကို သွားကူနေခဲ့ပြီ ဖြစ်သည်။ ဖီးနစ်တစ်ကောင်နှင့် နဂါးတစ်ကောင်တို့မှာ ကျောက်စိမ်း နန်းတော် တစ်ခုလုံးကို ရှုပ်ပွသွားစေဖို့ အချိန် အကြာကြီး မယူခဲ့ရပါချေ။
ဝေ့ဝူယင် မိန်းကလေး သုံးဦးထံသို့ ပေါ့ပေါ့ပါးပါး လျှောက်လှမ်းလာရင်း နွေးထွေးသည့် အပြုံးတစ်ခုကို ဆင်မြန်း လိုက်၏။
"ခင်ဗျားတို့ နှစ်ယောက်လုံး နေကောင်းရဲ့လား"
ထိုမေးခွန်းက လင်းရှန်းရှန်း၏ ရွှေရောင် မျက်လုံးများကို တောက်ပလာစေခဲ့၏။ ဝေ့ဝူယင်၏ စကားလုံး တစ်လုံးချင်းစီက ဂရုစိုက်မှု၊ စစ်မှန်သည့် စိတ်ခံစားချက်တို့ဖြင့် ပြည့်နှက်နေခဲ့သည်။
လွန်ခဲ့သည့် နှစ်ပေါင်းများစွာတုန်းက ဝေ့ဝူယင် ယွီစွန်းလီကို ကယ်တင်ကာ အစစ်အမှန် မွေးဖွားခြင်းနှင့် စစ်ခင်းခဲ့ပုံ အကြောင်း သတင်းများကို သူမ မှတ်မိနေဆဲ ဖြစ်သည်။
ထို့နောက်တွင်တော့ မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ နံပါတ်တစ် အလှမယ်ဟောင်းမှာ သူမကိုယ်သူမ ဝေ့ဝူယင်၏ မိန်းကလေးအဖြစ် တိုက်ရိုက် ကြေညာခဲ့သည်။
ထက်မြက်ချောမောသော ကျင့်ကြံသူတစ်ဦး၏ ကယ်တင်ခံရသည့် ဒုက္ခသည် မိန်းကလေး မဖြစ်လိုဟု ပြင်းပါက သူမ ညာရာ ကျလိမ့်မည် ဖြစ်သည်။ ယခုတွင်တော့ လက်တွေ့ ကြုံခဲ့ရပြီ ဖြစ်သည်။ ထိုခံစားချက်သည် ပုံပြင်များတွင် ဖော်ပြထားသကဲ့သို့ ပျော်ရွှင်ကြည်နူးစရာပင် ဖြစ်သည်။
ဒုက္ခတွင်းထဲ ရောက်တာ သိပ်မကြာခဲ့သော်လည်း ဒြပ်စင်ကိုးပါး ဆန်းကြယ် ဧကရာဇ်မှာ ဆိုးယုတ်သည့် အကြံအစည် တစ်ခု အတွက် သူတို့ကို သတ်ဖြတ်ဖို့ စီစဉ်ခဲ့သည်။ လင်းရှန်းရှဲ့ကို တပည့် အဖြစ် လက်ခံခဲ့ခြင်းမှာလည်း အစီအစဉ်ကြီး၏ တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်သည်။
လွန်ခဲ့သည့် ရာစုနှစ်များက ဟန်ရှဲ့မှာ အလျှံပယ် ရင်းမြစ်များကို ချီးမြှင့်ကာ သူမကို လျှို့ဝှက် ဝိညာဉ် အဆင့် ရောက်ရှိအောင် ကူညီပေးခဲ့ဖူးသည်။ ထို့နောက် နာမည်ခံ ဂိုဏ်းချုပ် ဖြစ်လာအောင် ထောက်ခံခဲ့သည်။ သို့သော်လည်း... ယခုတွင်တော့ ထိုအရာ အားလုံးမှာ သူ့တစ်ဘို့တည်း အတွက် ရင်းနှီး မြှုပ်နှံနေခဲ့ခြင်း ဖြစ်ကြောင်း နောက်ဆုံး၌ သူမ နားလည် လာခဲ့သည်။
“ကောင်းပါတယ်....”
လင်းရှန်းရှန်းက သူမ ကျန်းမာရေး ကောင်းမွန်နေကြောင်း သက်သေပြရန် အတွက် အခိုင်အမာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူမက အန်နုကို တစ်ချက် လှမ်းကြည့်ရင်း ဆက်မေးလိုက်၏။
"ပြီးသွားပြီလား..."
ဝေ့ဝူယင်က ခေါင်းညိတ်လိုက်သည်။
"ဟန်ရှဲ့က ပြဿနာ မရှိတော့ပါဘူး... ဒီဘဝမှာ သူ မင်းတို့ နှစ်ယောက်လုံးကို ထပ်ပြီး ထိခိုက်စေနိုင်မှာ မဟုတ်တေ့ဘူး”
လင်းရှန်းရှန်းက သူမ၏ ပြည့်ပြည့်ဖောင်းဖောင်း ရင်အုံကို ထိကိုင်ရင်း သက်ပြင်းတစ်ချက် ချလိုက်၏။
"ရှင်သာ မရှိရင်..."
ကျန်းကျိရီမှာ ထိုမိန်းမကို လည်ပင်းညှစ်လိုသည့် ဆန္ဒများ တဖွားဖွား ဖြစ်ပေါ်လာခဲ့သော်လည်း ဝိညာဉ်စွမ်းအားဖြင့် ဆက်လက် ထိန်းထားလိုက်ရသည်။ သူမက ခေါင်းစဉ် ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်၏။
"ဒီလောကနယ်မြေအကြောင်းကရော..."
ဝေ့ဝူယင်က လျှို့ဝှက် နယ်မြေကို ဖုံးအုပ်ထားသည့် ထူးခြားသော ဟင်းလင်းပြင် စွမ်းအင်များကို ကြည့်လိုက်သည်။
"လောလောဆယ်တော့ ဒါကို အာရုဏ်ဦး ကြယ်တာရာ နယ်မြေရဲ့ လောက အာရုဏ်ဦးဆီကို ရွှေ့ထားဦးမယ်... စီစဉ်စရာ ရှိတာ စီစဉ်ပြီးရင်တော့ အစစ်အမှန် ဒြပ်စင်ဂိုဏ်းသားတွေကို ဝင်ခွင့်ပြုမယ်... ဒီအထဲမှာ ထူးခြားတဲ့ အခွင့်အရေးတွေ ရှိတယ်... နောက်ပြီး ကျောက်စိမ်း စွမ်းအင် ကျင့်ကြံသူတွေအတွက်လည်း သင့်လျော်တဲ့ ကျင့်ကြံခြင်း ကုန်းမြေတွေလည်း ရှိတယ်"
ကျန်းကျိရီ၏ မျက်လုံးများမှာ တလက်လက် တောက်ပလာခဲ့၏။ ဤလောကနယ်မြေမှာ သူမ၏ ကျင့်ကြံခြင်း အခြေခံ အတွက် မည်မျှ အာဟာရ ဖြစ်သည်ကို သူမ ခံစားမိသည်။
၎င်းအား မည်ကဲ့သို့ လုပ်ဆောင်မည်ကို မေးခဲ့ရခြင်းမှာ ဤနေရာတွင် ကျင့်ကြံခြင်းဖြင့် အကျိုးကျေးဇူးအချို့ ရရှိရန် မျှော်လင့်ထားသောကြောင့် ဖြစ်သည်။ ရည်မှန်းချက်များကို ပြန်လည် စတင်နေသည့် ကျင့်ကြံသူတစ်ဦး အနေဖြင့် ရရှိနိုက်သမျှ အခွင့်အရေးတိုင်းကို သူမ ဖမ်းဆုပ်လိုသည်။
"..."
အခြားတစ်ဖက်၌... လင်းရှန်းရှဲ့၏ ရွှေရောင် မျက်လုံးများမှာ ဝေ့ဝူယင်ကို မျက်တောင်မခတ်ဘဲ ကြည့်နေခဲ့၏။ လွန်ခဲ့သည့် နှစ်များ အတွင်း၌ ဝေ့ဝူယင်မှာ သူမထံသို့ တစ်ခါတစ်ရံ လာရောက် လည်ပတ်လေ့ ရှိလေရာ နှစ်ယောက်သား ဆက်ဆံရေးက ရင်းနှီးသည့် အဆင့်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ပြောပြလိုသည့် အကြောင်းအရာများစွာ ရှိသော်လည်း သူမ မည်သည့်အရာကို ပြောရမှန်း မသိပါချေ။
ထိုနေ့က မဟာ ပုရောဟိတ် ပြောခဲ့သည့် စကားလုံးများကို သူမ ပြန်လည် ကြားယောင် နေခဲ့မိ၏။ သို့သော်လည်း... သူမ၏ နှလုံးသားက ပယ်ချခံရနိုင်သည့် ဖြစ်နိုင်ချေကို တွေးတောကာ ကြောက်ရွံ့စွာဖြင့် တဒုတ်ဒုတ် ခုန်နေခဲ့သည်။
ဝေ့ဝူယင်က လင်းရှန်းရှဲ့ကို ကြည့်လိုက်မိ၏။ အရောင် အမျိုးမျိုး ပြောင်းလဲနေသည့် ရွှေရောင် မျက်ဝန်းများမှ တစ်ဆင့် မိန်းကလေး မည်သည့် အရာများ တွေးတောနေသည်ကို သူ ခန့်မှန်းနိုင်ပေသည်။ သူမ မေးချင်သည့် မေးခွန်းများကိုလည်း သူ သိသည်။
"လင်းရှန်းရှဲ့... ငါ မင်းကို မူလ အာရုဏ်ဦး နန်းတော်ဆီ ခဏ ပို့ထားမယ်... ကိစ္စတွေ အားလုံး ပြီးတဲ့အထိ အဲဒီမှာ နားနေလို့ ရတယ်... မင်း ဘယ်လို သဘောရလဲ"
ဝေ့ဝူယင်၏ စကားလုံးများက လင်းရှန်းရှဲ့ကို အနည်းငယ် တုန်ရီ သွားစေခဲ့၏။ သူမ အဖြေမပေးနိုင်ခင်မှာပင် ဝေ့ဝူယင်က ဆက်ပြောလိုက်သည်။
"မင်းမှာ မေးခွန်းတွေ အများကြီး ရှိတယ်ဆိုတာ ငါ သိပါတယ်... ငါ မင်းအတွက် ဖြေပေးနိုင်သမျှ အကုန် ဖြေပေးပါ့မယ်... အနည်းဆုံး မင်း သိသင့်တဲ့ အဖြေတွေပေါ့လေ..."
ဒိတ်... ဒိတ်... ဒိတ်...
လင်းရှန်းရှဲ့၏ နှလုံးသားက ပြင်းထန်စွာ ခုန်နေခဲ့၏။ အခြားတစ်ဖက်၌ လင်းရှန်းရှန်း၏ အမူအရာက အနည်းငယ် ထူးဆန်း နေခဲ့သည်။ အစေခံ တစ်ဦး အနေဖြင့် မူလ အာရုဏ်ဦး နန်းတော်သို့ ဝင်ရောက်သော မိန်းကလေးများ၏ ကံကြမ္မာကို သူမ အပြည့်အဝ နားလည်သည်။
ထိုနေရာမှာ သူမ ဘဝ တစ်လျှောက် ကျင့်ကြံဖူးသမျှ အကောင်းဆုံး နေရာ ဖြစ်ကာ ကျင့်ကြံခြင်း ရင်းမြစ် အပေါကြွယ်ဝဆုံးသော နေရာလည်း ဖြစ်သည်။ လူ့လောကတွင် ရှိနေသည့် နတ်ဘုံနတ်နန်း တစ်ခု ဖြစ်သည်။ ထိုအပြင်... ၎င်းမှာ ပြင်ပလူများ ဝင်ရောက်ခွင့် မရှိသည့် နေရာ တစ်ခု ဖြစ်ပေသည်။ တစ်နည်းဆိုရပါက... ၎င်းမှာ ဝေ့ဝူယင်၏ ချစ်သူနှင့် အစေခံများသာ နေထိုင်သည့် နေရာ ဖြစ်ပေသည်။
"ရှန်းရှန်း... အဲဒီကို ရောက်ရင် လင်းရှန်းရှဲ့ လျှို့ဝှက် အာဏာရှင် အဆင့်ကို ဝင်ရောက်နိုင်အောင် ကူညီပေးလိုက်ပါ... ကျုပ် သိုလှောင်ခန်းထဲမှာ ထားခဲ့တဲ့ အရင်းအမြစ်တွေနဲ့ အာရုဏ်ဦး အချိန်လေပွေ နယ်မြေ ဆေးလုံးတွေကိုပါ သုံးပြီး ကျင့်ကြံနိုင်တယ်”
ဝေ့ဝူယင်က မှာကြားလိုက်ရာ လင်းရှန်းရှန်းက ခေါင်းညိတ်ရင်း ရိုသေစွာ ပြန်ဖြေလိုက်၏။
“နားလည်ပါတယ်... အရှင်”
"မင်းရဲ့ ကိုယ်ပိုင် ကျင့်ကြံခြင်းကိုလည်း မပေါ့ဆနဲ့... နောက်ပြီး မူလ အာရုဏ်ဦး နန်းတော်နဲ့ ပတ်သက်ပြီး သူ သိဖို့ လိုအပ်တဲ့ အရာအားလုံးကို သင်ပေးပါ"
ဝေ့ဝူယင်က ထပ်မံ ညွှန်ကြားလိုက်ပြီး လင်းရှန်းရှဲ့ကလည်း တစ်ဖန် ခေါင်းညိတ်လိုက်သည်။ အခြားတစ်ဖက်၌... လင်းရှန်းရှဲ့မှာ မူလ အာရုဏ်ဦး နန်းတော်ကို သွားရမည် ဆိုသည့် အတွေးကြောင့် အံ့အားသင့် စိတ်လှုပ်ရှား နေခဲ့သော်လည်း အတွေးများ ရှုပ်ထွေးနေသောကြောင့် ဘာပြောရမည်မှန်း မသိချေ။
ဝေ့ဝူယင်မှာ လင်းရှန်းရှဲ့၏ မျက်လုံးများထဲမှ စိတ်ရှုပ်ထွေးမှုများကို မြင်လိုက်ရလေရာ လက်ကို ဟင်းလင်းပြင်ပေါ်သို့ ဖိလိုက်သည်။ ထို့နောက် သူတို့ရှေ့ ပေအနည်းငယ်ခန့် အကွာတွင် ဟင်းလင်းပြင် ပေါ်တယ် တစ်ခုကို ဖန်တီးလိုက်၏။
"မင်း နားလည်မှု မလွဲစေဖို့ အတွက် ငါ ရှင်းရှင်းလင်းလင်း ပြောပါ့မယ်... ဒီ ဟင်းလင်းပြင် ပေါ်တယ်ထဲကို ဝင်ရောက်လိုက်ပြီ ဆိုတာနဲ့ ခုအချိန်က စပြီး လင်းရှန်းရှဲ့ဟာ ငါ့ရဲ့ မိန်းကလေး ဖြစ်လာလိမ့်မယ်... မင်း လျှို့ဝှက် အာဏာရှင် အဆင့်ကို ရောက်ရှိပြီးတာနဲ့ မင်းရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ် တစ်ခုလုံးကို ရှာဖွေဖို့ ငါ နောက်ဆုတ်နေမှာ မဟုတ်ဘူး... မင်းရဲ့ အမေလိုပဲပေါ့"
"..." လင်းရှန်းရှဲ့။
"..." လင်းရှန်းရှန်း။
"..." ကျန်းကျိရီ။
"မင်း ငြင်းဆိုနိုင်ပါတယ်"
ဝေ့ဝူယင်က တည်ငြိမ်စွာပင် ဆက်ပြောလိုက်သည်။
"ဒါမှမဟုတ် ဝင်ရောက်နိုင်တယ်"
ကျန်းကျိရီ အံ့အားသင့်သွားခဲ့၏။ ဝေ့ဝူယင်မှာ မိခင်နှင့် သမီး နှစ်ဦးလုံးကို လိုချင်နေသည်။ ထို့အပြင် သူက ထိုကိစ္စကို ပွင့်ပွင့်လင်းလင်းပင် ပြောဆိုနေသည်။
သို့သော်လည်း... သူမကို ပို၍ အံ့သြသင့်စေခဲ့သည့် အရာက လင်းရှန်းရှဲ့၏ အဖြေပင် ဖြစ်လေသည်။
***