← Chapters

ရွေးချယ်မှု (၂)

Vol. 128 Ch. 1785

ရွေးချယ်မှု (၂)

Vol. 128 Ch. 1785

ဝှစ်....

စကားတစ်ခွန်းမှ မဆိုပဲ လင်းရှန်းရှဲ့မှာ ဟင်းလင်းပြင် ပေါ်တယ်ထဲသို့ ဝင်ရောက်သွားခဲ့၏။ ၎င်းမှာ တွေးတောဖို့ မလိုအပ်သည့် ကောင်းကင်မှ ပေးအပ်သော အခွင့်အရေးတစ်ခု ဖြစ်ပေသည်။

သမီးဖြစ်သူ၏ မတုန့်မဆိုင်း ဆုံးဖြတ်ချက်ကို ကြည့်ကာ လင်းရှန်းရှန်းပင်လျှင် ဆွံ့အ သွားခဲ့၏။

ဝေ့ဝူယင် ရယ်မောလိုက်သည်။ ထို့နောက် သူက လက်ညိုးကို တောက်လိုက်ရင်း လင်းရှန်းရှန်းကိုပါ ဟင်းလင်းပြင် ပေါ်တယ်ထဲသို့ တွန်းပို့လိုက်သည်။

"..."

ကျန်းကျိရီ တစ်ယောက်ကတော့ ဆွံ့အ ငြိမ်သက်စွာသာ ကျန်ရစ်ခဲ့၏။ သူမသာ လင်းရှန်းရှဲ့ နေရာတွင် ဆိုလျှင်ရော မည်ကဲ့သို့ ရွေးချယ်မည်ကို တွေးတော နေခဲ့မိသည်။ လင်းရှန်းရှဲ့ကဲ့သို့ပင် လျှင်မြန်သည့် အဖြေ တစ်ခုဆီ သူမ ရောက်ရှိလာခဲ့သည်။ မဟုတ်သေး... လင်းရှန်းရှဲ့ထက်ပင် ပိုမို၍ လျှင်မြန်နိုင်သေးသည်။

လှပ နုပျိုသည့် အပျိုစင် မိန်းကလေး တစ်ယောက် ဖြစ်ရသည်မှာ ဘယ်လောက်တောင် ကောင်းလိုက်သနည်း။ ဝေ့ဝူယင် ကဲ့သို့သော မြင့်မြတ်သည့် ပုဂ္ဂိုလ်ပင်လျှင် မျက်စိကျကာ စကားလုံး အနည်းငယ်ဖြင့် သင့်ဘဝတစ်ခုလုံးကို ပြောင်းလဲပေးလိမ့်မည် ဖြစ်သည်။

သို့သော်လည်း... သူမမှာ ငယ်ရွယ်စဉ် အခါတုန်းက မိသားစု တစ်ခုကို တည်ထောင်ခဲ့ပြီး ဖြစ်သည်။ ပြီးပြည့်စုံသည့် အိမ်ထောင်သည် ဘဝကို နေထိုင်ခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း... မြေကြီး ရှန့်ထို တစ်ယောက် အနေဖြင့် နှစ်ပေါင်း သောင်းနှင့်ချီ နေထိုင်ခဲ့ပြီး နောက်တွင် သူမ၏ ခင်ပွန်း အပါအဝင် သားသမီး၊ မြေး၊ မြစ်၊ တီ၊ တွတ် အချို့ပင် သေဆုံး သွားခဲ့လေပြီ ဖြစ်သည်။

ထို့ကြောင့်ပင်... လင်းရှန်းရှဲ့လို ဖြစ်နိုင်ချေ အတွက် သူမထံ၌ မျှော်လင့်ချက် သိပ်မရှိပါချေ။ ကံဆိုးစွာပင်... ကျန်းကျိရီမှာ ဝေ့ဝူယင်ကို အပြည့်အဝ မသိရှိခဲ့ပါချေ။

"ကျောက်စိမ်း နန်းတော်ကို ခဏလောက် စူးစမ်းကြည့်လိုက်ကြရအောင်... နာရီပိုင်းလောက် ဆိုရင် လုံလောက်ပါတယ်"

ခန္ဓာကိုယ် အတွင်းရှိ အစစ်အမှန် နဂါး သွေးမျိုးဆက်က လှုပ်ရှားလာလေရာ ဝေ့ဝူယင် လက်များကို ဆန့်ထုတလိုက်၏။

"နောက်ပြီး ကျုပ် ရှာတွေ့ထားတဲ့ နေရာကောင်းလေးတွေကို ခင်ဗျားကို လိုက်ပြပေးမယ်”

ကျန်းကျိရီမှာ ငြင်းဆန်ခြင်း မရှိပဲ ခေါင်းညိတ်လိုက်၏။ သို့သော်လည်း ဝေ့ဝူယင်မှာ ထိုနာရီပိုင်းလောက် အတွင်းတွင် နန်းတော် တစ်ခုတည်းကိုသာ စူးစမ်းဖို့ ရည်ရွယ်ထားခဲ့ခြင်း မဟုတ်ပါချေ။

....

နာရီများမှာ တဖြည်းဖြည်း ကုန်လွန်သွားခဲ့၏။ အဇူရာ နဂါးနှင့် မီးဖီးနစ်တို့မှာ အမည်မသိ လောကနယ်မြေ အတွင်းရှိ နေရာများစွာကို စူးစမ်း ရှာဖွေခဲ့ကြပြီး ဖြစ်ကာ နေရာတကာကို ကလေးလေးများလိုမျိုး သိလိုစိတ်ဖြင့် သွားလာ ခဲ့ကြသည်။

တစ်ခါတစ်ရံ အင်အားသုံး၍ လည်းကောင်း၊ တစ်ခါတစ်ရံ ရွှေသွေးရောင် မီးတောက်များကို ထုတ်လွှတ်၍လည်းကောင်း၊ သို့တည်းမဟုတ်... ဟင်းလင်းပြင် စွမ်းအားမျာကို သုံး၍ လည်းကောင်း... အမျိုးမျိုး အဖုံဖုံ စူးစမ်းခဲ့ကြသည်။ ထို နှစ်ကောင်ကို မည်သူမျှ တားဆီး၍မရနိုင်ပေ။

ထိုသတ္တဝါနှစ်ကောင် စိတ်ပါဝင်စားစွာဖြင့် ကစားနေစဉ်တွင် အခြားနှစ်ဦးမှာလည်း ကန်ပြင်ကျယ်ကြီး တစ်ခု၏ အစပ်ရှိ ဝင်းခြံတစ်ခုထဲတွင် အချိန်ဖြုန်းနေကြသည်။ ထိုဝင်းခြံအတွင်း၌ မက်မွန်ပင်များ ပေါက်ရောက်နေသည်။ ရေကန်ကြီးမှာ အလွန်ပင် ကျယ်ပြန့်လှကာ ငါးသတ္တဝါ ကဲ့သို့ ဝိညာဉ် စွမ်းအင်များက လူးလာတုံခေါက် ကူးခပ်နေကြသည်။ ကျောက်စိမ်းခင်းထားသည့် လမ်းကလေးမှာလည်း သာယာ စိုပြည်လှ၏။ မက်မွန်သီးများမှာ စိမ်းပြာရောင် အသားနှင့် ခရမ်းရောင် အခွံရှိကာ ပုံမှန်မဟုတ်ဘဲ ချိုမြိန်သည့် အရသာ ရှိသည်။

ဝင်းခြံထဲတွင်တော့ ခပ်ပါးပါး အဖြူရောင် တံခါး တစ်ချပ်ကာ ရှိသည့် အိမ်ရာ တစ်ခု ရှိသည်။ ထိုအိမ်အတွင်းတွင်တော့ အရိပ်နှစ်ခု ရှိနေခဲ့၏။ ညည်းညူသံများနှင့် အားယူသံများမှာ စိတ်လှုပ်ရှားဖွယ် ပဲ့တင်ထပ်နေခဲ့ကာ ပတ်ဝန်းကျင်ရှိ စွမ်းအင်လှိုင်းများကိုပင် လှုပ်ရှား သွားစေခဲ့သည်။

မိန်းကလေးမှာ အစစ်အမှန် အသက်ကို သစ္စာဖောက်ကာ ချီးကျူးဖွယ် ကောင်းလောက်အောင် တက်ကြွ နေခဲ့ပြီး ဆယ်ကျော်သက် မိန်းမငယ်လေးများနှင့်ပင် နှိုင်းယှဉ်နိုင်သည့် လန်းဆန်းမှုမျိုးဖြင့် လှုပ်ရှား နေခဲ့၏။

လူငယ်မှာ အရာအားလုံးကို ထိန်းချုပ်ထားသည်။ နှစ်ဦးကြား၌ အသက်အရွယ် ကွာခြားမှု ကြီးမားသော်လည်း အတွေ့အကြုံ အဆင့်ကတော့ လုံးဝ ကွဲပြားနေကာ အသက်ကြီးသူမှာ အသက်ငယ်သူထံမှ စိတ်လှုပ်ရှားဖွယ် အသစ်အဆန်းများစွာကို သင်ယူရန်မှ တစ်ပါး အခြား ရွေးချယ်စရာ မရှိခဲ့ချေ။

ဖြစ်စဉ် တစ်ခုလုံးမှာ နာရီပေါင်းများစွာ ကြာမြင့်ခဲ့ကာ သင်းပျံ့ နူးညံ့သော ခန္ဓာကိုယ် ရနံ့များက လေထုကို ပြည့်နှက် နေစေခဲ့လေ၏။ ထိုရနံ့မှာ တစ်ချက် ရှူရှိုက်ရုံဖြင့်ပင် သေမျိုးများကို အမြင့်ဆုံး အဆင့်အထိ လှုံ့ဆော်ပေးနိုင်လိမ့်မည် ဖြစ်သည်။

"အင်း... အား... ဝီုး...”

ပင်ပန်းနွမ်းနယ်မှုနှင့် စိတ်ကျေနပ်မှုတို့ ရောယှက်နေသည့် နက်ရှိုင်းသော အသသက်ရှူသံများက တန်ဂိုအကကို အဆုံးသတ်လိုက်သည်။ ထိုမတိုင်ခင် အကျယ်လောင်ဆုံးသော အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာခဲ့လေရာ ပိုင်လင်နှင့် အန်နုတို့ နှစ်ဦး လန့်ဖျပ် သွားခဲ့ပြီး လျှို့ဝှက်အဆင့် ကုန်ကြမ်း ပစ္စည်းများကို ပလုတ်ပလောင်း စားသောက်နေရာမှ လှမ်းကြည့် လိုက်မိကြသည်။

“နောက်တစ်ယောက် ရှုံးသွားပြန်ပြီလား...”

ပိုင်လင်က ရယ်မောရင်း တွေးလိုက်မိ၏။ ကျင့်ကြံခြင်း အခြေခံများတွင် ကြီးမားသည့် ကွာဟချက်များ ရှိနေသည့်တိုင် ဝေ့ဝူယင်မှာ သူ၏ ထိုသီးခြား တိုက်ခိုက်ရေး ကွင်း အတွင်း ဝင်ရောက်လာသည့် မည်သည့် မိန်းကလေးကို မဆို မေးခွန်းထုတ်စရာမလိုအောင် အပြတ်အသတ် အနိုင်ယူလိမ့်မည် ဖြစ်သည်။

ထိုကဲ့သို့သော တိုက်ခိုက်မှု ပုံစံမျိုးတွင် သာမန် သေမျိုးတစ်ဦးက လျှို့ဝှက် အာဏာရှင် တစ်ယောက်ကို အနိုင်ယူနိုင်ကြောင်း သိရှိပါက... လောက တစ်ခုလုံး အလွန်အမင်း ထိတ်လန့် တုန်လှုပ် သွားကြလိမ့်မည် ဖြစ်သည်။

တစ်ခဏ ကြာပြီးနောက် ဝေ့ဝူယင် ကိုယ်လက် သန့်စင်ကာ အဝတ်လဲခဲ့ပြီး ဖြစ်သည်။ သူက ရေကန်၏ အစပ်တွင် ရပ်နေခဲ့ကာ ဝိညာဉ်ငါးများကို ငွေရောင် မျက်လုံးများဖြင့် တိတ်တဆိတ် လေ့လာ နေခဲ့၏။

သူ၏ နောက်ဖက်တွင်တော့ ကိုယ်လုံးကိုယ်ပေါက် လှပသည့် သက်လတ်ပိုင်း အရွယ် အမျိုးသမီး တစ်ဦး ရှိနေခဲ့၏။ သူမ၏ မျက်လုံးများထဲ၌ စိတ်လှုပ်ရှားမှုနှင့် ရှုပ်ထွေးမှုများ နှစ်မျိုးစလုံး ရှိနေခဲ့သည်။ ဝေ့ဝူယင်မှာ သေမျိုးတစ်ဦး ဖြစ်နေသည်မှာ ရှင်းလင်းသည်။ သူ၏ တည်ရှိမှုသည်ပင် သေမျိုးဘောင် အတွင်း၌ ရှိနေသည်။

သို့သော်လည်း... သူမလို မြေကြီး ရှန့်ထို တစ်ယောက်နှင့် ကိုယ်လက် နှီးနှောဖို့ ပြဿနာ တစ်စုံတစ်ရာ မရှိခဲ့ပါချေ။ စုံတွဲ ကျင့်ကြံခြင်းကိုပင် အလွယ်တကူ ပြုလုပ်နိုင်သည်။ သူမ ဤအရာကို နားမလည်နိုင် ဖြစ်နေခဲ့သည်။

လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာ ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားခဲ့ပြီး ကတည်းက ကျန်းကျိရီ လိင်ပိုင်းဆိုင်ရာ အတွေ့အကြုံများနှင့် ကင်းဝေး နေခဲ့သည်။ ယခု... သူမထံတွင် ဆွဲဆောင်မှုများ ကျန်ရှိနေသေးကြောင်း သိလိုက်ရသည့် အတွက် ကျေနပ်မိသည်။

ဝေ့ဝူယင်က လက်တစ်ဖက် ဝှေ့ယမ်းလိုက်ရာ ရေကန်ထဲရှိ ဝိညာဉ်ငါးများမှာ ပိုမို၍ တက်ကြွ လာခဲ့၏။ ၎င်းတို့၏ အရောင်အဆင်းများမှာလည်း ပိုမို၍ တောက်ပလာခဲ့သည်။

"ကျုပ် အန်နုကို ဒီမှာ ထားခဲ့မယ်... ခင်ဗျား ဒီနယ်မြေထဲက အရင်းအမြစ် အားလုံးကို စိတ်ကြိုက် အသုံးပြုနိုင်တယ်... အစစ်အမှန် ဒြပ်စင်ဂိုဏ်းကိုတော့ ဟန်ယုဟိုင်က စီမံခန့်ခွဲလိမ့်မယ်... ဒါမှမဟုတ်... ခင်ဗျား ခုတည်းက ထွက်ချင်တယ် ဆိုလည်း အဆင်ပြေပါတယ်”

ဝေ့ဝူယင်၏ အနည်းငယ် နွေးထွေးနေသည့် လေသံမှ တစ်ဆင့် သူမ၏ အဆင့်အတန်းမှာ အရင်ကနှင့် အနည်းငယ် ကွဲပြားသွားပြီ ဖြစ်ကြောင်း ချက်ချင်း သဘောပေါက်လိုက်သည်။ သူမမှာ ရွှဲ့ရီဖေးနှင့် လင်းရှန်းရှဲ့တို့လို အဆင့်အတန်းမျိုးတွင် မရှိနိုင်သော်လည်း လွန်ခဲ့သည့် နာရီအနည်းငယ်ကနှင့်တော့ ကွဲပြား သွားခဲ့ပြီ ဖြစ်သည်။

ထိုအရာတစ်ခုတည်းကပင် သူမ၏ နှလုံးသားကို စိတ်လှုပ်ရှားစွာဖြင့် တဒိတ်ဒိတ် ခုန်စေဖို့ လုံလောက်ခဲ့သည်။

"အင်း..."

ကျန်းကျိရီက ခေါင်းညိတ်လိုက်၏။ ဝေ့ဝူယင်၏ အစီအစဉ်ကို ငြင်းဆန်ဖို့ သူမထံတွင် အစီအစဉ် မရှိပါချေ။ မည်သို့ပင် ဆိုစေကာမူ... ဤသည်မှာ သူမအတွက် အထွတ်အမြတ် ကျင့်ကြံခြင်း နယ်မြေတစ်ခု ဖြစ်သည်။ သူမ မည်ကဲ့သို့ ငြင်းဆန်နိုင်မည်နည်း။ အစစ်အမှန် ဒြပ်စင်ဂိုဏ်း အတွက်လည်း သူမ မစိုးရိမ်ပါချေ။ ဝေ့ဝူယင် ရှိနေသမျှ ၎င်းမှာ မည်သည့် ထိခိုက်မှုမှ ရှိလိမ့်မည် မဟုတ်ချေ။

ဝေ့ဝူယင် ကျန်းကျိရီဘက်သို့ လှည့်ကြည့်ကာ ပြုံးပြလိုက်၏။

"ကောင်းကောင်း ကျင့်ကြံပါ"

ဂီး...

ထိုအခိုက်တွင်ပင် ပိုင်လင်မှာ လျှပ်စီးတစ်စ၏ အမြန်နှုန်းဖြင့် ပျံသန်း လာခဲ့၏။ ဝေ့ဝူယင်က ကောင်းကင်သို့ ပျံတက်သွားကာ ချိန်သားကိုက်ပင် ပိုင်လင်၏ ကျောပြင်ထက်၌ နေရာယူလိုက်သည်။ နောက်ထပ် တစ်စက္ကန့်မျှ အကြာတွင်တော့ သူတို့၏ ပျံသန်းမှု လမ်းကြောင်းတွင် ဟင်းလင်းပြင် ပေါ်တယ် တစ်ခု ပေါ်လာကာ နှစ်ဦးစလုံး ပျောက်ကွယ်သွားတော့၏။

တဖြည်းဖြည်း ပြန်ပိတ်သွားသည့် ဟင်းလင်းပြင် ပေါ်တယ်ကို ကြည့်ရင်း အာရုဏ်ဦး ဧကရာဇ်မှာ ဤလောကနယ်မြေ အတွင်း အချိန်မရွေး လာရောက်နိုင်ကြောင်း ကျန်းကျိရီ တွေးလိုက်မိသည်။ ဤသို့ဆိုလျှင်...။

ကျန်းကျိရီ၏ မျက်နှာမှာ ပန်းရောင် အသွေးဖြင့် လန်းဆန်း သွားခဲ့တော့၏။

***

All Chapters