← Chapters

အသူရာ နတ်ဆိုးသခင် (၃)

Vol. 128 Ch. 1789

အသူရာ နတ်ဆိုးသခင် (၃)

Vol. 128 Ch. 1789

ဝှစ်...

နာ့ရှင်းရီနှင့် လုံထျန်းယုတို့မှာ ရှေ့တန်း စခန်းမှ မိုင်ပေါင်း ထောင်နှင့်ချီ ကွာဝေးပြီး မြူခိုးများ ဖုံးလွှမ်းနေသည့် နေရာတစ်ခုသို့ ရောက်သည် အထိ ဆက်လက် ပျံသန်း လာခဲ့ကြ၏။

"..."

နတ်ဆိုးများမှာ နောက်မှ ကပ်ကာ လိုက်ပါလာကြသည်။ နာ့ရှင်းရီ ရပ်လိုက်သောအခါ သူတိ့သည်လည်း ဆတ်ခနဲ ရပ်လိုက်ကြ၏။

“ဘာလို့ ရပ်လိုက်တာလဲ... ဟိုလာကရှန့်ထို လိုက်လာရင် ဘယ်လိုလုပ်မလဲ...”

အသံခပ်ကြမ်းကြမ်းနှင့် နတ်ဆိုးတစ်ဦးက ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။ လောကရှန့်ထို လိုက်မလာပါစေနှင့်ဟု ဆုတောင်းရင်း သူ နောက်ကို လှည့်ကြည့်လိုက်မိ၏။ လုံထျန်းယုမှာ အနည်းငယ် ထိတ်လန့် သွားခဲ့သော်လည်း အမကြီး ရှင်းရီကို ယုံကြည်ပေသည်။

“သူ့တာဝန်က စခန်းချထားတဲ့ နယ်မြေထဲကနေ ခွာလို့ မရဘူး...”

နာ့ရှင်းရီက ယုံကြည်ချက် ရှိစွာပင် ပြောလိုက်သည်။ လုံထျန်းယုကို လှည့်ကြည့်ရင်း သူမ၏ အမူအရာက နွေးထွေးလာကာ မျက်လုံးများမှာလည်း ထူးခြားစွာ စိုစွတ်တောက်ပလာခဲ့သည်။ မိန်းကလေး၏ ကြီးပြင်းလာသည့် ရုပ်သွင်ကို စိုက်ကြည့်ရင်း သူမက ဆက်ပြောလိုက်၏။

"သူ လိုက်လာမှာ မဟုတ်ဘူး"

"..."

နတ်ဆိုးများမှာ နာ့ရှင်းရီကို လောကရှန့်ထို တစ်ယောက်၏ ခွန်အားကို မသိသည့် လူမိုက် တစ်ယောက် ဟု ခေါ်ဖို့ ရည်ရွယ်လိုက်ကြသော်လည်း အရပ်ရှည်ရှည် နတ်ဆိုးက ဝင်ရောက်ကာ စကားပြောလိုက်လေသည်။

"သူ ပြောတာ မှန်တယ်... ဟို လောကရှန့်ထိုက ငါတို့ ရှိနေတာကို အစောတည်းက သိနေခဲ့တာ... ဒါပေမဲ့ သူတို့ စခန်းချထားတဲ့ နယ်နိမိတ်ထဲကို ဝင်မှပဲ စပြီး တိုက်ခိုက်ခဲ့တယ်.. ဒါက သူ လုပ်ဆောင်နိုင်တဲ့ နယ်ပယ်နဲ့ စွမ်းရည်မှာ အကန့်အသတ် တစ်ခု ရှိနေတယ် ဆိုတာ ပြနေတယ်... "

နတ်ဆိုးများ၏ မျက်လုံးများမှာ နားလည် သဘောပေါက်မှုများနှင့် ပြည့်နှက် သွားကာ ငြိမ်သက် သွားခဲ့ကြသည်။ မှန်ပေသည်။

"..."

လုံထျန်းယုမှာလည်း သက်ပြင်းချကာ စိတ်သက်သာရာ ရသွားခဲ့၏။

"ထျန်းယု..."

နာ့ရှင်းရီက လုံထျန်းယုကို သူမ၏ ဘေးသို့ ဆွဲခေါ်လိုက်ရင်း လက်ထဲရှိ ဓားထိပ်ဖျားကို အရပ်ရှည်ရှည် နတ်ဆိုးထံသို့ ဦးတည် ဆန့်တန်း လိုက်သည်။

“အသူရာ နတ်ဆိုးသခင်... ရှင်က ကျွန်မ ညီမကို ကျွန်မဆီကနေ ခေါ်သွားခဲ့တယ်... အဲဒီ အတွက် ဖြေရှင်းချက် မပေးနိင်ဘူး ဆိုရင် ဒီနေ့က လောကမှာ ရှင်အသက်ရှင်နိုင်မယ့် နောက်ဆုံးနေ့ ဖြစ်ရမယ် ဆိုတာ ကျွန်မ အာမခံတယ်”

"..."

အသူရာ နတ်ဆိုးသခင် တစ်ဖြစ်လည်း အရပ်ရှည်ရှည် နတ်ဆိုး၏ မျက်လုံးများမှာ ပေါက်ကွဲလုနီးပါး နတ်ဆိုး အလင်းတန်းများနှင့် ပြည့်နှက် လာခဲ့၏။ ကျန်နတ်ဆိုးများ အားလုံးမှာလည်း နာ့ရှင်းရီ၏ အပြုအမူကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြကာ နတ်ဆိုး အော်ရာများ မြင့်တက် လာခဲ့ကြသည်။

"မလုပ်ပါနဲ့..."

လုံထျန်းယုက အော်လိုက်၏။

"သူက ကျွန်မတို့ကို ကယ်ခဲ့တာ..."

"မဟုတ်ဘူး... ငါက နင်တို့ကို ကယ်ခဲ့တာ"

နာ့ရှင်းရီက အေးစက်စွာဖြင့် ပြင်ဆင်ပြောလိုက်သည်။

"ခဏနေပါဦး... အစ်မကြီး ရှင်းရီ... သူက ကျွန်မရဲ့ ဘိုးဘေးပါ... ကျွန်မသိပါတယ်... ကျွန်မကို ရှာဖို့အတွက် အစ်မကြီး အချိန်တွေ အများကြီး ကုန်ခဲ့တယ် ဆိုတာ... နောက်ပြီး အစ်မကြီး ဒေါသထွက်နေတယ် တကယ့် တကယ်ကို ဒေါသထွက်နေတယ်ဆိုတာကိုလည်း သိပါတယ်... ဒါပေမဲ့ မတိုက်ပါနဲ့နော်"

သူမက နာ့ရှင်းရီ၏ အင်္ကျီလက်ကို ဆွဲရင်း ပြောလိုက်၏။ နာ့ရှင်းရီ အသက်ကို ခပ်ပြင်းပြင်း ရှူရင်း ဓားကို ပြန်ချလိုက်သည်။

"အသူရာ နတ်ဆိုးသခင် ဘာလို့ နင့်ကို ခေါ်သွားလဲဆိုတာ ရှင်းပြမယ် ဆိုရင် သူတို့တွေရဲ့ အသက်တွေကို ချမ်းသာပေးမယ်"

"ကတိပေးလား..."

လုံထျန်းယုက မေးလိုက်၏။

“အင်း...”

နာ့ရှင်းရီက မတတ်သာစွာဖြင့် ခေါင်းညိတ်လိုက်ရသည်။

အခြားတစ်ဖက်၌ နတ်ဆိုးများမှာ ရုတ်ရုတ်သဲသဲ ဖြစ်နေကြ၏။ သေမျိုး တစ်ယောက်က သူတို့ကို ခြိမ်းခြောက်နေသည့် အပြင် ၊ ရှင်းလင်းချက် မပေးသရွေ့ အသက်ရှင်ခွင့် ရလိမ့်မည် မဟုတ်ဟု ကြေညာခဲ့သည်။ သူမ၏ စကားလုံးများက မောက်မာလွန်းလှလေရာ သူတို့၏ နှလုံးသားများမှာ သတ်ဖြတ်လိုစိတ်များနှင့် ပြည့်နှက် လာခဲ့ကြသည်။

သို့သော်လည်း... အသူရာ နတ်ဆိုးသခင်ကတော့ တည်ငြိမ်စွာပင် တုန့်ပြန်လိုက်၏။

"ငါက ကျေးဇူးကို ရန်နဲ့ မတုံ့ပြန်တတ်ဘူး... မင်းသာ ပေါ်မလာခဲ့ရင် ငါတို့ အဲဒီမှာ ဆက်ပြီး အဖမ်းခံနေရဦးမှာ... ဒါကြောင့် ငါ ဖြေနိုင်တဲ့ မေးခွန်းမှန်သမျှကို ဖြေပေးမယ်"

နာ့ရှင်းရီက သူတို့ကို ကယ်တင်ခဲ့သူ ဖြစ်လေရာ သူ ဖြေနိုင်သမျှကို ဖြေကြားပေးမည် ဖြစ်သည်။ ထို့အပြင်... ကောင်းထျန်းယု အပေါ် ထားရှိသည့် သူမ၏ စိတ်ခံစားချက်များကို မြင်လိုက်ရလေရာ ကိစ္စကို ဖိအားပေးရန် လိုအပ်သည်ဟု မခံစားရပေ။

...

တစ်ချိန်တည်း၌ ဝေ့ဝူယင်နှင် ပိုင်လင်တို့ နှစ်ယောက်မှာ ထိုအုပ်စုနှင့် အလွန် ဝေးကွာသည့် နေရာတစ်ခုတွင် ရှိနေခဲ့၏။ သူတို့မှာ မြူခိုးများ ပျံ့လွင့်နေသည့် ကောင်းကင်တွင် ပျံဝဲ နေခဲ့သည်။ ဤနေရာကို ပထမဆုံး အကြိမ် ရောက်ရှိခဲ့စဉ်က ဝေ့ဝူယင် ဘာကိုမှ မမြင်နိုင်ခဲ့ချေ။ သို့သော်လည်း... ယခုတွင်တော့ ကောင်းကင်ဘုံ နတ်မျက်လုံးများမှာ အပြည့်အဝပင် လှုပ်ရှား နေခဲ့ပြီ ဖြစ်သည်။

"ဒီတော့ ဒါက ခင်ဗျား ပုံသဏ္ဌာန်ပဲပေါ့ နတ်ဆိုး အင်ပါယာ"

မြေပြင်အောက်တွင်တော့ ဧရာမ ခရမ်းရောင် မြွေကြီး၏ မျက်လုံး တစ်လုံးမှာ တောက်ပစွာ ထွန်းလင်းနေကာ လူသားနှင့် သားရဲတို့ကို တိုက်ရိုက် စိုက်ကြည့်နေခဲ့သည်။

ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများက တဖျပ်ဖျပ် တောက်ပနေကာ ပြုံးလိုက်၏။

"ကျုပ်ရဲ့ အောင်မြင်ရေး လမ်းကြောင်းကို စမ်းသပ်ဖို့ မကြိုးစားခဲ့တာ နည်းနည်းတော့ ကံမကောင်းဘူး မလား... ဒါတောင်မှ အဲဒါက ကိစ္စတွေကို ပိုပြီး လွယ်ကူစေခဲ့တယ်... ခင်ဗျား လွတ်မြောက်ချင်တယ် ဟုတ်တယ်မလား... ဖီဆန်ပေါက်စရဲ့ နေရောင်ခြည် ရောင်စဉ်လှိုင်းတွေကို လိုချင်တာလား... ကောင်းပြီ... ခင်ဗျား အတွက် နည်းနည်း ပိုပြီး ကြီးတဲ့ အရာတစ်ခု ရှိတယ်”

ဝေ့ဝူယင် စကားပြောနေစဉ်မှာပင် ခရမ်းရောင် အလင်းတန်းများနှင့် တောက်ပနေသည့် မြွေကြီး၏ နောက်ထပ် မျက်လုံးများ ပေါ်လာခဲ့၏။

လေးလုံးတိတိ...

၎င်းတို့ အားလုံးမှာ ဝေ့ဝူယင် ပြောနေသည့် စကားလုံးများကို စိတ်ဝင်စား နေသည့် အလား စူးစိုက် ကြည့်နေခဲ့လေသည်။

"အဲဒါဟာ ခင်ဗျား ဟိုးအရင် အစတည်းက လိုချင်ခဲ့တဲ့ အရာ ဖြစ်တာကြောင့် အရောင်းအဝယ် လုပ်လိုက်ရအောင်"

မျက်လုံးငါးလုံး ထပ်မံ ထွက်ပေါ်လာခဲ့၏။ ၎င်းတို့မှာ တစ်ခုနှင့် တစ်ခု မိုင်ပေါင်း ရာနှင့်ချီ ဝေးကွာနေသော်လည်း သူငယ်အိမ် အားလုံးတည်းကတော့ နေရာတစ်ခုတည်းကိုသာ အာရုံစိုက်နေကြသည်။ ဝေ့ဝူယင်ပင်။

"ကောင်းပြီလေ..."

ဝေ့ဝူယင်၏ မျက်လုံးများမှာ ဥပဒေသ ခြောက်ခု အပေါ် သာမည အာဏာများဖြင့် တောက်ပ လာခဲ့လေ၏။

“ဆိုတော့ ခု ကျုပ် ခင်ဗျားရဲ့ အာရုံ စူးစိုက်မှု အားလုံးကို ရပြီပေါ့...”

...

ကြယ်တာရာ အသိုက်၏ အောက်ဖက်မှ လှုပ်ရှားမှုများမှာ မထင်မရှား မဟုတ်ခဲ့ပါချေ။ မျက်လုံးကြီးများ မြေပြင်နှင့် ပိုမို နီးကပ်လာသည်နှင့် အမျှ ၎င်းမှ ထွက်ပေါ်လာသည့် ခရမ်းရောင် အလင်းတန်းများမှာ နယ်မြေ တစ်ခုလုံးကို လင်းချင်း သွားစေခဲ့သည်။

ထိုထူးခြားသည့် မြင်ကွင်းက ပျော်ပွဲရွှင်ပွဲများ ကျင်းပ နေကြသည့် လူအားလုံးကို ရပ်တန့် သွားစေခဲ့သည်။ သူတို့ အံ့ဩစွာပင် အဝေးကို လှမ်းကြည့်လိုက်မိကြ၏။

မြေမျက်နှာပြင်အောက်မှ ခရမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာသည်ကို တွေ့မြင်ရခြင်းမှာ ဤသည်က ပထမဆုံး အကြိမ် မဟုတ်ပေ။

ဤထူးဆန်းသည့် နယ်မြေကို ရောက်ရှိလာကတည်းက မြေပြင်ပေါ်တွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာခြင်းနှင့် ထိုအက်ကွဲကြောင်းများမှ ခပ်ဖျော့ဖျော့ ခရမ်းရောင် အလင်းများ အချိန် အတိုင်းအတာ တစ်ခုအထိ ယိုစိမ့်ထွက်လာခြင်းများ ဆက်တိုက် ဖြစ်ပေါ်ခဲ့ကြောင်း သတင်းများ ကြားနေခဲ့ရသည်။

ပထမ၌ သူတို့ ထိုကိစ္စနှင့် ပတ်သက်၍ စိုးရိမ်ခဲ့ကြသော်လည်း အချိန်ကြာလာသည်နှင့် အမျှ အသားကျ လာခဲ့ကြသည်။ မည်သည့် ကိစ္စမှလည်း ထူးထူးခြားခြား မဖြစ်ပေါ်ခဲ့ချေ။ သို့သော်လည်း... ဤ ခရမ်းရောင် ရောင်စဉ်လှိုင်းများ၏ ပြင်းအားမှာ ယခင်ကထက် သိသိသာသာ မြင့်မားနေခဲ့သည်။

နတ်ဆိုးများ အားလုံးမှာ ရောင်စဉ်လှိုင်းကို စောင့်ကြည့်ရင်း တိတ်ဆိတ်သွားခဲ့ကြ၏။ ထိုအထဲ၌ အသူရာ နတ်ဆိုး သခင်နှင့် လုံထျန်းယု တစ်ဖြစ်လည်း ကောင်းထျန်းယုပါ အပါအဝင် ဖြစ်သည်။

***

All Chapters