← Chapters

ကစားပွဲ၏ လျှို့ဝှက်ချက်များ

Vol. 128 Ch. 1792

ကစားပွဲ၏ လျှို့ဝှက်ချက်များ

Vol. 128 Ch. 1792

ကောင်းကင်ပါယာနှင့် နာမည်မဲ့ အင်ပါယာတို့ ဝင်ရောက်လာခဲ့ကြပြီး နောက်တွင်တော့ အခြေအနေက အနည်းငယ် ပြောင်းလဲ သွားခဲ့သည်။ ကောင်းကင် အင်ပါယာမှာ အဆုံးမဲ့ ခရီးသွား နယ်မြေသို့ ကောင်းကင် မျိုးနွယ်ဝင်များကို စေလွှတ်ခဲ့သည်။

သို့သော်လည်း အတော်လေး နောက်ကျမှ ဝင်ရောက်လာခဲ့သောကြောင့် အရှိန်အဟုန်နှင့် တိုးပွားနေသည့် လူသား အရေအတွက်ကို မယှဉ်နိုင်ခဲ့ဘဲ တိုက်တန်များနှင့် ခြားနားသည့် သွယ်ဝိုက်သော လမ်းကြောင်းကို ရွေးချယ်ခဲ့ကြသည်။

ကောင်းကင် အင်ပါယာမှာ စစ်တုရင်ရုပ်များကို အငြင်းပွားဖွယ်မရှိသော ဒေသများတွင် အသိသတိဖြင့် ထားရှိခဲ့ပြီး လျှို့ဝှက်စွာ တိုးတက်အောင် လုပ်ဆောင်ခဲ့သည်။ ဤသူများမှာ အစစ်အမှန် မွေးဖွားခြင်းပင် ဖြစ်သည်။ သူတို့၏ ရည်ရွယ်ချက်က အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ၏ ချိပ်ဆက်များကို ဖျက်ဆီးကာ ရှေးဟောင်း ချိပ်ပိတ် နယ်မြေကို ချေမှုန်း၍ လွတ်မြောက်ခြင်း ဖြစ်သည်။

နာမည်မဲ့ အင်ပါယာ၏ လှုပ်ရှားမှုများမှာ ခန့်မှန်းရန် ခက်ခဲလှသည်။ ဝေ့ဝူယင်၏ ယူဆချက်အရ ထျန်းကလန်မှာ ထိုအင်ပါယာနှင့် ညှိနှိုင်းခဲ့ခြင်း ဖြစ်နိုင်သည်။ ထိုအချက်က ချုံကုန်း အင်ပါယာမှာ ကစားပွဲတွင် ဆက်လက် ပါဝင်ရန် ကြိုးပမ်းခဲ့သော်လည်း သူ၏ အင်ပါယာ ကလန် နှစ်ခုစလုံးမှာ အခြား အင်ပါယာများဆီသို့ သစ္စာဖောက်သွားခဲ့ကြောင်း ဖော်ပြသည်။

ထိုအချက်က မှားယွင်းကောင်း မှားယွင်းနိုင်သည်။ အခွင့်အရေး ရလျှင် ထျန်းတိုက်ကျုံး၏ မှတ်ဉာဏ်များကို စစ်ဆေးဖို့ ဝေ့ဝူယင် တွေးတောထားသည်။ ဒုတိယ ခန့်မှန်းချက် အနေဖြင့် နာမည်မဲ့ အင်ပါယာ၏ ရည်ရွယ်ချက်မှာ 'လွတ်မြောက်ခြင်း' မဟုတ်ဘဲ 'အကျဉ်းချခြင်း' သို့မဟုတ် 'တားဆီးခြင်း' ဖြစ်နိုင်သည်။

ဤသို့ဆိုလျှင် အာကာသ ဝေဟင်ဂိုဏ်းနှင့် အစစ်အမှန် မွေးဖွားခြင်းကို တားဆီးရန်၊ ရှေးဟောင်း ချိပ်ပိတ် နယ်မြေ၏ တည်ငြိမ်မှုကို ကာကွယ်ရန် ဒီဇိုင်းထုတ်ထားသည့် အဆုံးမဲ့ ခရီးသွား နယ်မြေ တစ်ခုလုံးမှာ သူ၏ အင်အားစုများ ဖြစ်နိုင်သည်။

ကံဆိုးစွာပင် အာဏာရှင် အင်ပါယာကြီးများ အတွက် ထိုအစီအစဉ်များက အရေးမပါတော့ပါချေ။ ဝေ့ဝူယင်မှာ အဆိုပါ ကစားပွဲတွင် ကစားသမားတစ်ဦး မဟုတ်သော်ငြား အနိုင်ရရှိမည့် မဟာဗျူဟာ တစ်ခုစီတိုင်းကို စနစ်တကျ ဖျက်ဆီးကာ စစ်ဆေးခဲ့ပြီး ဖြစ်သည်။

ယခင် ဝူကလန်၊ ကြယ်တာရာ အသိုက်၊ အဆုံးမဲ့ ခရီးသွား နယ်မြေသားများ၊ အစစ်အမှန် မွေးဖွားခြင်းနှင့် ဟင်းလင်းပြင် ချိတ်ဆက်များ၊ ထျန်းကလန် အပါအဝင် ကျန်သူများအားလုံးကို သူ ဖိနှိပ်နိုင်ခဲ့ပြီး ဖြစ်သည်။ သူ၏ ခွင့်ပြုချက် မရှိပါက လုံးဝ မဖြစ်နိုင်တော့အောင် လုပ်ဆောင်ခဲ့သည်။

"ငါက အနိုင်ရမယ့်သူကို ကြိုပြီး ဆုံးဖြတ်ပြီးထားသား..."

ဝေ့ဝူယင်က စပျစ်သီး တစ်ဆုပ်ကို မြှောက်ကာ ပစ်လိုက်၏။ ပိုင်လင်က ၎င်းတို့ကို လောဘတကြီး လှမ်းဖမ်းကာ စားသောက် လိုက်သည်။

ဝေ့ဝူယင်မှာ အင်ပါယာ ဥပဒေသ အပေါ် သာမည အာဏာကို အာရုဏ်ဦး ကြယ်ကွင်းပြင် တစ်ခုလုံးအား လွှမ်းခြုံ ထားခဲ့ပြီး ဖြစ်သည်။ ထို့အပြင် ဖီဆန်ပေါက်စမှာလည်း သူ့ ထိန်းချုပ်မှုအောက်၌ ရှိနေသည်။ အထွတ်အထိပ် ကောင်းကင် ရတနာ ဖြစ်သည့် အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံမှာလည်း သူ့ ထိန်းချုပ်မှု အောက်၌ ရှိနေသည်။ ထို့ကြောင့်ပင် ပြိုင်ပွဲဝင်များ အတွက် အောင်ပွဲဆီ လျှောက်လှမ်းရန် အခြားလမ်း မရှိတော့ချေ။

အာဏာရှင် အင်ပါယာကြီးများ၏ ကစားပွဲ ဆုလာဒ် အကြောင်းကို နတ်ဆိုး အင်ပါယာနှင့် စကားဝိုင်းမှ တစ်ဆင့် သူ မသိခဲ့ရသော်လည်း မည်မျှပင် တန်ဖိုးရှိစေကာမး

ဤကစားပွဲအတွက် ဆုလာဘ်အကြောင်းကို နတ်ဆိုး အင်ပါယာနှင့် တိုတောင်းပြီး ကန့်သတ်ထားသော စကားပြောဆိုမှုမှ သူ မသိရှိနိုင်ခဲ့သော်လည်း မည်မျှပင် တန်ဖိုးရှိစေကာမူ နတ်ဆိုး အင်ပါယာ သဘောတူခဲ့ခြင်းက မိုက်မဲသည်ဟု သူ ခံစားရသည်။

သို့သော်လည်း... အာဏာရှင် အင်ပါယာများ၏ တိုးတက်မှုနှုန်းကို ထည့်သွင်း စဉ်းစားပါက နတ်ဆိုး အင်ပါယာ လွတ်မြောက်ချိန်တွင် သူတို့၏ ခွန်အားကို ခုခံနိုင်၊ မခုခံနိုင် မည်သူ သိနိုင်မည်နည်း။ ၎င်းမှာ ရေရှည်တွင် နတ်ဆိုး အင်ပါယာကို အကြီးအကျယ် နစ်နာစေမည့် မညီမျှသော သဘောတူညီချက်တစ်ခုသာ ဖြစ်သည်။

သို့သော်လည်း... နတ်ဆိုး အင်ပါယာထံတွင် သူ မသိသေးသော တစ်စုံတစ်ခု ရှိနိုင်ပါသည်။ တစ်ခုတည်းသာ မဟုတ်...။ အရာများစွာ ရှိနေနိုင်သေးသည်။

နတ်ဆိုး အင်ပါယာ၏ မှတ်ဉာဏ်များကို မစစ်ဆေးနိုင်ခဲ့ခြင်းက တကယ် ဆိုးရွားလှသည်။ သူ အစိတ်အပိုင်း အနည်းငယ်ကို ရရှိခဲ့သော်လည်း ၎င်းတို့က လုံလောက်မှဒ မရှိသည်မှာ ရှင်းလင်းပေသည်။ ဥပမာအားဖြင့်... လရောင်ဖြာ ဧကရီမှာ နတ်ဆိုးတစ်ဦး မဟုတ်လေရာ မူလ အရှင်သခင်ကို သစ္စာဖောက်ခဲ့သည့် အခြား စစ်တုရင်ရုပ် တစ်ခု ဖြစ်ကောင်း ဖြစ်နေနိုင်ပေသည်။ သူမက ချုံကုန်း အင်ပါယာ၏ စစ်တုရင်ရုပ် တစ်ခုပင် ဖြစ်နိုင်ခဲ့သည်။

ဝေ့ဝူယင် အဖြေမရနိုင်သည့် မေးခွန်းများစွာ ရှိနေခဲ့သည်။ သူ ကစားပွဲ၏ အသေးစိတ်အချက်အလက်များကိုသာ သိရှိခဲ့ရပြီး နတ်ဆိုး အင်ပါယာနှင့် သဘောတူညီမှု တစ်ခု ပြုလုပ်ခဲ့သည်။

အေးစက်စက် မြူခိုးများဖြင့် ဖုံးလွှမ်းနေသည့် ကြယ်တာရာ အသိုက်၏ မြေပြင်ကို ဝေ့ဝူယင် ငုံ့ကြည့်လိုက်၏။ ခရမ်းရောင် အလင်းတန်းများ ပျောက်ကွယ်သွားခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

နတ်ဆိုး အင်ပါယာ၏ မျက်လုံးများမှာ ချိပ်တံဆိပ်ကို စိတ်အားထက်သန်စွာဖြင့် ဖိအားပေးနေခြင်း မရှိတော့ပေ။ ထို့အပြင် နတ်ဆိုး ချိပ်တံဆိပ်ကို အားနည်းစေသည့် ပြင်းထန်သော ထုထည်ရိုက်သံများလည်း မရှိတော့ပေ။

"အနည်းဆုံးတော့... ဒါက မင်း ငါ့ကို နည်းနည်း ယုံကြည်တယ်ဆိုတဲ့ လက္ခဏာပဲ"

ဝေ့ဝူယင်က မှတ်ချက်ပေးလိုက်၏။

"ကြယ်ကွင်းပြင်ဖျက် ကပ်ဘေးကြီးက မလွဲမသွေ ဖြစ်လာတော့မယ်.... အံ့ဩစရာ မရှိဘူး... ငါက အကြောင်းရင်းပဲ"

ဝေ့ဝူယင် ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။ အဆုံးမဲ့ ခရီးသွား နယ်မြေ ဆင်းသက်လာတော့မည့် အကြောင်း သိရှိခဲ့ရချိန်တွင် ဝေ့ဝူယင်၏ အမှတ်တရား မျက်လုံးမှာ လောက၏ စီးကြောင်းများ အတွင်း နစ်ဝင်ခဲ့ကာ ရှောင်လွှဲ၍မရသော ကပ်ဘေးတစ်ခု ရောက်ရှိလာမည်ကို ခံစားခဲ့ရသည်။

ကောင်းကင်တာအိုမှာ ထိုကပ်ဘေးကို ဟိုးအစ ကတည်းက စီစဉ်ထားခဲ့က လောက၏ စီးကြောင်း တစ်ခုက ၎င်းကို တွန်းအား ပေးလိမ့်မည် ဖြစ်သည်။ ဤစကြဝဠာ၌ ထိုစီးကြောင်းမှာ သူ ဖြစ်နေခဲ့သည်။

ဝေ့ဝူယင် ကပ်ဘေးမှ တစ်ဆင့် ကံကောင်းမှုများကို တတ်နိုင်သမျှ များများ သိမ်းပိုက်ဖို့ ရည်ရွယ်ထားသည်။ တတ်နိုင်လျှင် အားလုံးကိုပါ သိမ်းပိုက်ဖို့ ရည်ရွယ်ထားသည်။

ဂီး...

ရုတ်တရက် ထွက်ပေါ်လာသည့် ပိုင်လင်၏ နူးညံ့သော အော်ဟစ်သံကြောင့် ဝေ့ဝူယင် ပြန်လည် သတိဝင် လာခဲ့၏။ သူမက ပြင်းပြသည့် စိတ်ခံစားမှုများဖြင့် ဝေ့ဝူယင်ကို စိုက်ကြည့်နေခဲ့သည်။ ထိုမြင်ကွင်းက သူ့ကို ပစ္စုပ္ပန်သို့ ပြန်ရောက်စေခဲ့သည်။ နွေးထွေးသော အပြုံးဖြင့် သူ ခေါင်းညိတ်လိုက်၏။

"အေးပါ... အေးပါ... သူ့ကို သွားကယ်ကြတာပေါ့...."

ဝေ့ဝူယင်က လက်ကို လေထဲသို့ ဖိလိုက်၏။ သူတို့ ရှေ့နား၌ ဟင်းလင်းပြင် ပေါ်တယ်တစ်ခု ပေါ်လာခဲ့သည်။ ဒြပ်စင် သစ်တောများ၏ မှိန်ဖျော့သော အော်ရာနှင့် သွေးရနံ့တို့မှာ ပေါ်တယ် အတွင်းမှ တိုးလျှိုး ထွက်ပေါ်လာခဲ့သည်။

ခြားနားသည့် အချိန် စီးကြောင်း တစ်ခုတွင် ဝေ့ဝူယင် ထိုကယ်တင်မှုကို မလုပ်ဆောင်နိုင်ခဲ့ချေ။ ၎င်းက သူ့အတွက် စိတ်ကူးမယဉ်နိုင်သည့် အဖြစ်ဆိုး တစ်ခု ဖြစ်ကာ စိတ်ဝိညာဉ်၌ နက်ရှိုင်းသော နာကျင်မှုနှင့် နောင်တတို့ကို ဖြစ်ပေါ်စေခဲ့သည်။

သို့သော်လည်း... ဤဘဝတွင်တော့ သူ နယ်မြေတစ်ခုလုံးရှိ အာကာသနှင့် အချိန်ကို လုံးဝ ထိန်းချုပ်ထားခဲ့သည်။သူ လုပ်နိုင်သည်။

ဂီး...

ဝေ့ဝူယင် နာ့ရှင်းရီနှင့် ကောင်းထျန်းယုတို့ကို နောက်ဆုံးတစ်ချက် ကြည့်လိုက်၏။ ကောင်းကင်တာအို၏ လက်ဖြင့် ကိုယ်တိုင် ထုဆစ်ထားသလို အပြစ် ကင်းစင်အောင် လှပသည့် ညီအစ်မ နှစ်ဦးမှာ ပျော်ရွှင်စွာ ပြန်လည် ဆုံဆည်းနေကြပြီ ဖြစ်သည်။ ကောင်းထျန်းယု၏ ပါးပြင်ထက်၌ မျက်ရည်များ စီးကျနေသည့် မြင်ကွင်းမှာ မည်သူ့ အတွက် မဆို အလွန် စိတ်လှုပ်ရှားဖွယ်ရာ မြင်ကွင်းတစ်ခု ဖြစ်သည်။

နာ့ရှင်းရီမှာ ဖောက်ပြန်နတ်ဆိုးများကို ကိုင်တွယ်ဖြေရှင်းနိုင်လိုက်ပြီ ဖြစ်လေရာ အရာအားလုံးကို သူမနှင့် လွှဲအပ် ထားလိုက်သည်။

ဝိညာဉ် စိတ်အာရုံဖြင့် ဆက်သွယ်မှုမှတစ်ဆင့် မည်ကဲ့သို့ ထွက်ခွာရမည်ကို ညွှန်ကြားချက်များ ပေးပို့ပြီးနောက် ဝေ့ဝူယင် ပိုင်လင်ကို စီးနင်းကာ ဟင်းလင်းပြင် ပေါ်တယ် အတွင်း ဝင်ရောက်သွားခဲ့သည်။ ၎င်းမှာ ခဏချင်းပင် ပြန်လည်၍ ပိတ်သွားခဲ့၏။

အေးစက်စက် မျက်နှာပြင်အောက်တွင် ခရမ်းရောင် အလင်းများနှင့် ဧရာမ အကြေးခွံများ ပါရှိသည့် ပုံသဏ္ဌာန်မှာ လျှောတိုက် ရွေ့လျား သွားခဲ့သည်။ စကားပြောဆိုမှုမှာ တိုတောင်းသော်လည်း ၎င်းမှာ အနာဂတ်အတွက် ဖြစ်ရပ်များကို လှုံ့ဆော်ပေးခဲ့သည်။ ဤဖြစ်ရပ်များမှာ အာရုဏ်ဦး ကြယ်ကွင်းပြင်၏ ကံကြမ္မာကိုသာမက အနာဂတ်တွင် အဇူရာ မူလ ဂလက်စီ နယ်မြေ၏ ကံကြမ္မာကိုပါ ဆုံးဖြတ်ပေးလိမ့်မည် ဖြစ်သည်။

***

All Chapters