← Chapters

သူဌေးကတော်များ၏ လက်ဖက်ရည်ပါတီ

Vol. 5 Ch. 70

သူဌေးကတော်များ၏ လက်ဖက်ရည်ပါတီ

Vol. 5 Ch. 70

ထိုနေ့။

ရှန်းမူမူတစ်ယောက် အိပ်ရာနိုးလာတော့ သူမ သတင်းကောင်းတစ်ခုကို လက်ခံရရှိခဲ့သည်။

ရှေ့နေက သူမထံ စာတစ်စောင် ပေးပို့ထားသည်၊ “မစ္စရှန် ဝီချက်စကားပြောမှတ်တမ်းတွေနဲ့ ငွေလွှဲမှတ်တမ်းတွေကို ပြန်စစ်ဆေးကြည့်တော့ ကျွန်တော်တို့တွေ ရှန်းလဲ့ကို တရားစွဲဆိုရာမှာ အနိုင်ရဖို့ အခွင့်ကောင်းရှိပါတယ်။ တကယ်လို့ ကျွန်တော်တို့တွေ အနိုင်ရခဲ့ဆိုရင် သူ့ဆီကနေ လျော်ကြေးငွေ စုစုပေါင်း ၁,၂၂၉,၄၃၆,၄၆ ယွမ် ရရှိမယ်လို့ ခန့်မှန်းရပါတယ်။”

ရှေ့နေသည် အလွန်ကျွမ်းကျင်ပြီး ယုံကြည်စိတ်ချရသည့် အလွန်ပညာရှင်ဆန်သော အမူအကျင့်ကို ထိန်းသိမ်းထားသည်။ သူသည် စကားအလွန်အကျွံ မပြောခဲ့ပေ။

ဒါပေမယ့် ရှန်းမူမူသည် အဆိုပါ နံပါတ်အတွဲလိုက်ကို မြင်လိုက်ရတဲ့အခါ သူမ၏ စိတ်တွေ လုံးဝ နိုးကြားလာပြီး ဝမ်းသာအားရ ဖြစ်သွားသည်။

ရှန်းမူမူသည် သူမ၏ မျက်လုံးတွေကို ပွတ်သပ်ပြီး ဂရုတစိုက် ပြန်ရေတွက်ကြည့်သည်။

သူမမြင်တာ မမှားဘူးပဲ - အဲ့တာက ယွမ် တစ်သန်းကျော်တယ်။

အရမ်းကောင်းတယ်။

ပိုက်ဆံတွေ ဒီလောက် အများကြီး စုဆောင်းထားမိလိမ့်မယ်လို့ မထင်ခဲ့ဘူး။

ဒီပမာဏက ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် ခရီးစဉ် သုံးခုလောက် ထွက်ဖို့ လုံလောက်ပေသည်။

ဒါက သူမ လိုအပ်နေတဲ့အချိန်မှာ ကွက်တိရောက်လာခဲ့တယ်လို့ဆိုရမည်။

သူမ ယွဲ့ကျီပန်းဆိုင်၏ လူနေမှုဘဝပုံစံ အမှတ်တံဆိပ်ကို ဖန်တီးဖို့ စိတ်ကူးထားပြီး ယခုအခါ သူမ၏ ဘဏ်အကောင့်ထဲကို ငွေတွေ ဝင်လာတော့မည်။

အရမ်းကောင်းတာပဲ။

သူမသည် ချီမော့၏ အကြွေး နှစ်သန်းကိုတောင် ပြန်မဆပ်ရသေးဘဲ နောက်ထပ် ငွေချေးဖို့ ရှက်ရွံ့နေခဲ့သည်။

ထိုညနေ သူမ ပန်းဆိုင်မှ အလုပ်ဆင်းလာသောအခါတွင် ချီမော့က အလုပ်ခရီးကြောင့် အိမ်မှာ မရှိသလို ချီရှောင်ပိုင်ကလည်း ကိုယ်ပိုင်စာကြည့်ချိန်ရှိလို့ နောက်ကျမှ ပြန်လာလေ့ရှိကြောင်း အမှတ်ရမိသည်။ ထို့ကြောင့် သူမသည် အိမ်မှာ တစ်ယောက်တည်း ရှိနေသော စုထင်းရန်ကို ဖုန်းဆက်လှမ်းခေါ်ခဲ့သည်။

ဆယ်မိနစ်အကြာတွင် သူတို့နှစ်ဦးသည် လူကြိုက်များသော စီချွမ်စားသောက်ဆိုင်၏ ရှေ့တွင် တန်းစီစောင့်ဆိုင်းနေခဲ့သည်။

သူမတို့၏ နံပါတ်ကိုခေါ်ဖို့ စောင့်ဆိုင်းနေစဉ် ရှန်းမူမူသည် အမှတ်တံဆိပ်ခွဲတစ်ခု စတင်ဖို့ သူမ၏ စိတ်ကူးအကြောင်းကို ပြောပြခဲ့သည်။

“မူမူ နင် ကုမ္ပဏီတစ်ခု စချင်တာလား” သူမစကားကို နားထောင်ပြီးနောက် စုထင်းရန်က အံ့အားသင့်စွာ မေးလိုက်သည်။

ရှန်းမူမူက ခေါင်းညိတ်ပြပြီးနောက် ခေါင်းခါကာ ရှင်းပြပေးခဲ့သည်၊ “ကုမ္ပဏီတစ်ခု စတင်ချင်တာ မဟုတ်ဘူး၊ အမှတ်တံဆိပ်ခွဲတစ်ခုပါ။ အခုဆို ယွဲ့ကျီပန်းဆိုင်က အွန်လိုင်းအမှာစာတွေကို ပို့ဆောင်ပေးခြင်းလုပ်ငန်းကို လုပ်ဆောင်နေပြီ။ အမှတ်တံဆိပ်ခွဲတစ်ခု ဖန်တီးတာက ကလေးတစ်ယောက်ကို မွေးဖွားပေးတာနဲ့ တူတယ်။ မိဘတစ်ဦးက ကလေး နှစ်ယောက်ကို ပြုစုပျိုးထောင်ပေးသလိုပါပဲ။”

ဒီရှင်းပြချက်အပြီးမှာ စုထင်းရန်သည် နားလည်သွားပြီး ရယ်မောလိုက်သည်၊ “ဒါဆို နင် နာနီတွေ များများ ငှားရမ်းသင့်တယ်၊ မဟုတ်ရင် နင် သေချာပေါက် အလုပ်ရှုပ်နေလိမ့်မယ်။”

ရှန်းမူမူက သက်ပြင်းချလိုက်သည်၊ သူမသည် နှုတ်ခမ်းစူပြီး အရှေ့က လူတန်းရှည်ကြီးကို ဝမ်းနည်းပူဆွေးစွာ ကြည့်လိုက်မိသည်။

“အင်း၊ ဒါပေမယ့် စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေကို ရှာရတာ လွယ်တော့ မလွယ်ဘူး။”

စုထင်းရန် - “ဥက္ကဌချီကတော့ အဆင်သင့်ရှိတယ်မလား။”

ရှန်းမူမူက ခေါင်းခါလိုက်သည်၊ “သူလား။ ထားလိုက်ပါ။”

သူမရဲ့ စွန့်စားခန်းလေးကို သူ ဘယ်လိုလုပ်ပြီး စိတ်ဝင်စားပါ့မလဲ။

“အမှတ်တံဆိပ်ကို အောင်မြင်စွာ တည်ထောင်နိုင်ပြီး နိုင်ငံတခွင် ပန်းပို့ဆောင်ခြင်းလုပ်ငန်းဆို ယွဲ့ကျီက အကောင်းဆုံးဆိုတဲ့ နာမည်တစ်လုံး ရလာတဲ့အခါကျရင်တော့ သူ့ကို အရင်းအနှီးထည့်ခိုင်းလို့ရတယ်” ရှန်းမူမူက ပြုံးလိုက်သည်၊ “ဒါပေါ့၊ ဒါက အခုချိန်မှာတော့ အိပ်မက်တစ်ခုအနေနဲ့ပဲ ရှိပါသေးတယ်။”

သူမ မျှော်မှန်းထားတဲ့ ပန်းတိုင်နဲ့ မိုင်ပေါင်းထောင်ချီ ဝေးကွာနေပါသေးသည်။

“ဒါက အိပ်မက်သက်သက် မဟုတ်ဘူး” စုထင်းရန်က ပြောသည်၊ “နင်လုပ်နိုင်တယ်လို့ ငါထင်တယ်။”

ရှန်းမူမူက အရမ်းစိတ်လှုပ်ရှာသွားပြီး စုထင်းရန်၏ လက်မောင်းကို ဖက်တွယ်လိုက်သည်။

“ထင်းရင် နင်က အရမ်းကောင်းတာပဲ၊ လူတွေကို ဘယ်လိုအားပေးရမလဲဆိုတာ နင်တကယ်သိတယ်။”

သူတို့နှစ်ယောက်သား ရယ်မောလိုက်ကြသည်။

ရုတ်ခြည်းဆိုသလို သူမ၏ အိတ်ထဲမှ ဖုန်းက တုန်ခါသွားသလို ခံစားလိုက်ရသည်။

စစ်ဆေးကြည့်လိုက်တော့ ချင်ကျားမူထံမှ သတင်းစကား ဖြစ်နေသည်၊ “ရှောင်မူမူ နင် ဒီနေ့ည အားလား။ ငါတို့ ကားပြိုင်ကြမလား။”

ချင်ကျားမူသည် ရှန်းမူမူထက် ကိုးနှစ်ကြီးကာ ဒီနှစ်မှာ ၃၇ နှစ်ရှိနေပြီဖြစ်သည်။ သူမတို့၏ နာမည်များတွင် “မူ” ဟု ပါသောကြောင့် ချင်ကျားမူသည် သူမကို ညီမလေးတစ်ယောက်ကို ခေါ်ဆိုသကဲ့သို့ ”ရှောင်မူမူ” လို့သာ ခေါ်ဆိုခဲ့သည်။

ချင်ကျားမူ၏ အသက်အမှန်ကို မသိမိခင်က ရှန်းမူမူသည် ချင်ကျားမူအား သူမလို မိထွေးဖြစ်နိုင်တယ်လို့ အမြဲလိုလို ခန့်မှန်းခဲ့သည်။

သူတို့ကားပြိုင်ဖို့သွားရင်း အဲဒီအကြောင်းကို စကားဆက်မိသည့်အခါကျမှ ချင်ကျားမူသည် သူမထက် အသက်အများကြီးကြီးမှန်း သိလိုက်ရသည်။

ရှန်းမူမူက ရိုးရှင်းစွာ ဒါကို မယုံနိုင် ဖြစ်သွားခဲ့သည်။

ချင်ကျားမူ၏ မျက်နှာနှင့် အသွင်အပြင်ကို ကြည့်ရုံဖြင့် အသက်ကြီးတဲ့ အရိပ်အယောင် လုံးဝ မရှိပါ။

သူမ အလေးစားဆုံးကတော့ ချင်ကျားမူသည် သူမ၏ အသက်အရွယ်နှင့် ပတ်သက်ပြီး ဘယ်တော့မှ စိုးရိမ်ပူပန်ခြင်းမရှိခဲ့ဘဲ ပေါ့ပေါ့ပါးပါးနှင့် ယုံကြည်မှုအပြည့်ရှိကာ သူမနှင့် ပြောဆိုဆက်ဆံရာတွင် မည်သူမဆို သဘောကျနှစ်သက်သွားစေသည့် ချောမောလှပပြီး ချစ်စဖွယ်ကောင်းသည့် အမျိုးသမီး တစ်ဦး ဖြစ်သည်။

ရှန်းမူမူ၏ မျက်လုံးတွေ တောက်ပသွားခဲ့သည်၊ “ထင်းရင် ငါတို့စားပြီးသွားရင် နင်အားလား။ ကားပြိုင်ဖို့ လိုက်ချင်လား။”

“အာ… ကားပြိုင်တာလား။ ဗီဒီယိုဂိမ်းလား ဒါမှမဟုတ် တကယ့်ကားတွေလား” စုထင်းရန်က တခဏတာမျှ စိတ်ရှုပ်ထွေးသွားခဲ့သည်၊ “ဒါမှမဟုတ် တကယ့်ကားတွေလား။”

“ဖူး…” ရှန်းမူမူက ရယ်မောလိုက်သည်၊ “တကယ့်ကားတွေပေါ့ဟ၊ အဲတာက တကယ်ပျော်ဖို့ကောင်းတယ်၊ လုပ်စမ်းပါ၊ ငါတို့ အတူတူ သွားရအောင်လေ။”

ဒီလိုနဲ့ ဟော့ပေါ့စားသောက်ဆိုင်မှာ ခဏတာ ချက်အင်ဝင်တဲ့ ခရီးစဉ်ကနေ သူဌေးအမျိုးသမီးတွေရဲ့ လက်ဖက်ရည်ပါတီအဖြစ်‌ ပြောင်းလဲသွားခဲ့သည်။

ကိုယ်ပိုင်လမ်းကြောင်းပေါ်တွင် လေး၊ ငါးပတ်ခန့် ပတ်မောင်းပြီးနောက် ရှန်းမူမူသည် ချင်ကျားမူနှင့် လက်ရည်တူ ယှဉ်ပြိုင်ခဲ့သည်။

စုထင်းရန်က ကားမမောင်းဝံ့ဘဲ လူနှစ်ယောက်နဲ့ ခရီးသည်ထိုင်ခုံမှာ အလှည့်ကျ ဝင်ထိုင်ပေးခဲ့သည်။ သူမသည် မျက်နှာဖြူဖျော့နေကာ ကားလက်ကိုင်ကွင်းကို လက်သုံးချောင်းဖြင့် တင်းတင်းဆွဲကိုင်ထားပြီး “ငါတော့ သွားပြီ” ဟု ထပ်ခါတလဲလဲ ရေရွတ်ကာ နောက်တော့ လိုက်မစီးတော့ဘဲ ဘေးကနေသာ ထိုင်ကြည့်နေတော့သည်။

နောက်ဆုံးအချီတွင် ရှန်းမူမူသည် အနည်းငယ် အသာစီးဖြင့် အနိုင်ရခဲ့သည်။

ယခင်သဘောတူညီချက်အရ အရှုံးသမား ချင်ကျားမူသည် သူတို့ကို အချိုပွဲ လိုက်ဝယ်ကျွေးခဲ့သည်။

ရှန်းမူမူက ထောပတ်သီးဒိန်ချဉ်ကိုသောက်ရင်း ချင်ကျားမူအား သူမ၏ စွန့်ဦးတီထွင်မှုဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ပြောပြခဲ့သည်။

မမျှော်လင့်ထားတာက ချင်ကျားမူသည် သူမပြောနေတာတွေကို နားထောင်ပြီးပြီးချင်းမှာပင် တစ်ခါတည်း ရင်းနှီးမြှုပ်နှံလာခဲ့သည်၊ “ဒီမှာလေ၊ ငါက နင့်ရဲ့ အဆင်သင့် လုပ်ဖော်ကိုင်ဖက်ပဲ။”

ရှန်းမူမူ၏ မျက်လုံးတွေ ပြူးကျယ်သွားခဲ့သည်၊ “တကယ်လား”

သူတို့နှစ်ယောက်သား တစ်နာရီလောက် ဟိုဟိုဒီဒီ စကားစမြည်ပြောနေကြပြီး အချိုပွဲတွေ တစ်ပွဲပြီး တစ်ပွဲ မှာယူခဲ့သည်။

သူတို့တွေ စကားများများပြောလေလေ အမှတ်တံဆိပ်ခွဲ တစ်ခု ဖန်တီးခြင်းသည် အလားအလာရှိသော အကြံအစည်တစ်ခုဖြစ်သည်ဟု ခံစားရလေလေ ဖြစ်သည်။

နောက်ဆုံးတော့ သူတို့ဟာ နေရာမှာတင် စာချုပ်ချုပ်ဆိုဖို့ အဆင်သင့်ဖြစ်နေကြပြီ။

စုထင်းရန်သည် ဘာမှ နားမလည်သော်လည်း ဘေးနားတွင် နားထောင်နေရင်း သူမသည်လည်း စိတ်လှုပ်ရှားလာခဲ့သည်၊ “မူမူ၊ အစ်မကျားမူ နင်တို့က အရမ်းအံ့ဩဖို့ကောင်းတယ်။ စီးပွားရေးလောကဟာ အမျိုးသားတွေရဲ့ စစ်မြေပြင်လို့ ငါထင်ခဲ့ဖူးတယ်။ ဒါပေမယ့် အခု ဒီအယူအဆက လုံးဝ မှားသွားပြီ။ အမျိုးသမီးတွေလည်း သူတို့ ဆန္ဒရှိတာတွေကို လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်ပြီး တစ်နေ့လုံး အိမ်မှုကိစ္စတွေ လုပ်ကိုင်နေစရာ မလိုဘူး။”

မူအမျိုးသမီးနှစ်ယောက်သား သူမကို ပြုံးပြလိုက်သည်။

စုထင်းရန်က သူမကိုယ်သူမ ပြန်တွေးကာ သူမ၏ အမူအရာ တခဏတာမျှ တုံ့ဆိုင်းသွားခဲ့ပြီး သူမ၏ စိတ်ထဲ သိမ်ငယ်စိတ်များ ဝင်လာခဲ့သည်။

သူတို့ကိုကြည့်ပြီး သူမကိုယ်သူမ ပြန်ကြည့်လိုက်တော့ မိသားစုအငြင်းပွားမှုများကို ကိုယ်တွယ်ဖြေရှင်းပြီး နေ့စဉ် အိမ်မှုကိစ္စတွေကို စီမံခန့်ခွဲနေရတာ တကယ်ရှက်ဖို့ကောင်းတယ်လို့ ခံစားခဲ့ရသည်။

ရှန်းမူမူသည် စုထင်းရန်၏ မသက်မသာဖြစ်မှုကို သတိထားမိပြီး နူးညံ့သိမ်မွေ့စွာ ပြုံးလိုက်သည်၊ “စီးပွားရေးလုပ်တာက ကြီးကျယ်တဲ့ ကိစ္စလို့ ဘယ်သူပြောလဲ၊ မိသားစုကို ဂရုစိုက်ပြီး အိမ်မှုကိစ္စအဝဝကို ကိုင်တွယ်ဖြေရှင်းရတာကမှ တကယ့်ကို ကိစ္စကြီးလေ။”

စုထင်းရန်က သူမကို ဗလာအကြည့်ဖြင့် ကြည့်လိုက်သည်။

ရှန်းမူမူက ပြုံးပြီး “မိသားစု၊ အမျိုးသားနဲ့ သားသမီးတွေကို ပြုစုစောင့်ရှောက်ဖို့ သူတို့ကိုယ်သူတို့ မြှုပ်နှံထားတဲ့ အမျိုးသမီးတွေကလည်း စီးပွားထွက်ရှာတဲ့ အမျိုးသမီးတွေထက် မနိမ့်ကျပါဘူး။ သူတို့မှာ နူးညံ့သိမ်မွေ့တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ခွန်အား၊ သည်းခံနိုင်မှု၊ အမြော်အမြင်ရှိမှုတွေ ရှိတယ်။”

စုထင်းရန်သည် သူတို့၏ စကားကိုကြားတော့ အတော်လေး စိတ်လှုပ်ရှားခဲ့ရသည် - သူမ နေ့တိုင်း လုပ်ဆောင်သော အရာများသည် အပြင်မှာ စီးပွားထွက်ရှာသကဲ့သို့ ရှန်းမူမူ၏ အမြင်တွင် အံ့အားသင့်ဖွယ်ကောင်းနေမည်ဟု သူမ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး။

သူမ၏ မျက်ဝန်းထဲမှာ သိမ်ငယ်စိတ်များ အလုံးစုံ ပျောက်ကွယ်သွားခဲ့လေကာ အဆုံးမဲ့ စွမ်းအင်အဖြစ် ပြောင်းလဲသွားခဲ့ပြီး သူမ၏ နှလုံးသား အလင်းတစ်ခုအဖြစ် ပေါက်ဖွားလာခဲ့သည်။

“ရှောင်မူမူပြောတာ မှန်တယ်၊ အဓိကကတော့ ငါတို့အားလုံး ငါတို့ လုပ်ချင်တာကို လုပ်နိုင်တယ်၊ ဘယ်လမ်းကိုရွေးရွေး ကြိုးကြိုးစားစားလုပ်သင့်တယ်၊ သားသမီးတွေကို ပြုစုစောင့်ရှောက်ဖို့ ရွေးချယ်ထားတဲ့ အချိန်ပြည့် အိမ်ထောင်ရှင်မတွေကို မရယ်သင့်သလို အချိန်ပြည့် အိမ်ထောင်ရှင်မတွေကလည်း အပြင်မှာ စီးပွားထွက်ရှာတဲ့ အမျိုးသမီးကို မရယ်သင့်ဘူး။ အားလုံး မိသားစုကို ဂရုစိုက်တာပါပဲ။ အမြင့်နဲ့ အနိမ့် ကွဲပြားတာ မရှိဘူး။”

“အင်း”

“အင်း…”

***

All Chapters