← Chapters

လမ်းစမရှိ

Vol. 36 Ch. 530

လမ်းစမရှိ

Vol. 36 Ch. 530

ပက်ထရစ်စတားမှာ ထာဝရတိုင်းပြည်မှ ရဲရင့်ပြီး စည်းလုံးသော စစ်သည်တော်များ အတွင်းပိုင်း ပဋိပက္ခ ဖြစ်ပွားနေ လိမ့်မည်ဟု မထင်ထားပေ။ တခြား ဒန်ဂျင်များတွင်လည်း အတွင်းပိုင်း ပဋိပက္ခ ဖြစ်ပွားနိုင်ခြေမှာ အလွန်ပင် နည်းပါးလှ၏။ သူတို့၏ နိုင်ငံသားများကို ထိန်းချုပ်မှု ဆုံးရှုံးနေသော ဒန်ဂျင်အရှင်များ တွင်သာလျှင် အတွင်းပိုင်း ပဋိပက္ခ ဖြစ်ပွား ပေလိမ့်မည်။ ရှားလော့ခ်မှာ သူ၏ နိုင်ငံသားများကို ထိန်းချုပ်မှု ဆုံးရှုံးနေပုံလည်း မရပေ။

သို့သော် အမှန်တရားမှာ ပက်ထရစ်စတား၏ ရှေ့တွင်ပင် ရှိနေသည်။ ထာဝရတိုင်းပြည်မှ စစ်သည်တော်များက အမှန်ပင် အတွင်းပိုင်းပဋိပက္ခ ဖြစ်ပွားခဲ့ကြသည်။

ထာဝရတိုင်းပြည်မှ စစ်သည်တော် ထောင်ပေါင်း များစွာက အမှောင်ဝင်ပေါက်တွင် စုရုံး နေခဲ့ကြသော်လည်း သူတို့က အမှောင်ဝင်ပေါက်ကို ကာကွယ်ရန် သို့မဟုတ် မြေပေါ်ကမ္ဘာ မွန်းစတားများကို တိုက်ခိုက်ရန် ထိုနေရာတွင် ရှိနေကြခြင်းတော့ မဟုတ်ပေ။

၎င်းမှာ ထာဝရတိုင်းပြည် အတွင်းမှ ပြိုင်ဘက် အုပ်စု နှစ်စု ဖယ်ရီမလေးကို လွှတ်ပေးခြင်းအပေါ် အမြင်မတူ၍ တိုက်ခိုက် နေကြခြင်း ဖြစ်၏။

ပက်ထရစ်စတားမှာမူ ဖယ်ရီမလေး အလင်းလူမျိုးစု၏ အစိတ်အပိုင်း တစ်ခု ဖြစ်သောကြောင့် လွှတ်ပေးခြင်း မပြုသင့်ဟု ထင်သည်။ နှစ်ပေါင်းထောင်ချီ အကြာက မိုက်ကယ်အိန်ဂျယ်လိုမှာ လူသားများနှင့် တိုက်ခိုက်ခဲ့ပြီး အလင်းလူမျိုးစုများအပေါ် မပြေနိုင်သော ရန်ငြိုးများ ဖြစ်လာစေခဲ့သည်။

မြေပေါ်ကမ္ဘာကို ခုခံ တိုက်ခိုက်မည့် ရှေ့ပြေး တစ်ဦး အနေဖြင့် ထာဝရတိုင်းပြည်တွင် အတွင်းပိုင်း ပဋိပက္ခ မဖြစ်ပွားသင့်ပေ။ ပက်ထရစ်စတားမှာ စစ်သည်တော် ထောင်ပေါင်း များစွာက ဖယ်ရီမလေးအား ဘေးကင်းစွာ ထွက်ပြေးနိုင်ရန် ကာကွယ် ပေးနေသည်ကိုလည်း တွေ့ရှိ ခဲ့သည်။ သူ စိတ်ရှုပ်ထွေးနေခဲ့၏။ ၎င်းမှာ အရှင်ရှားလော့ခ်၏ ပရိယာယ် တစ်ခုများ ဖြစ်နိုင်သလော။

ပက်ထရစ်စတား သင့်တော်သော အကြောင်းပြချက် တစ်ခု ရှာဖွေရန် ကြိုးစားခဲ့သည်။ သူ ကံကောင်းခဲ့၏။ တိုက်ပွဲ မဖြစ်ပွားမီက သူ အမှောင်ဝင်ပေါက်တွင် ထာဝရတိုင်းပြည်မှ စစ်သည်တော်များနှင့် အင်တာဗျူး ပြုလုပ် နေခဲ့သည်။ သူတို့က လွန်ခဲ့သော နှစ်ထောင်ချီက ဖြစ်ပွားခဲ့သော နောက်ဆုံး စစ်ပွဲပြီးနောက်တွင် မြေပေါ်ကမ္ဘာ မွန်းစတားများနှင့် တိုက်ခိုက်ခဲ့သော တစ်ခုတည်းသော စစ်သည်တော်များ ဖြစ်ကြ၏။ သူတို့မှာ မြေအောက်လောက နေထိုင်သူများ စစ်ပွဲအကြောင်းကို နားလည်ရန် အတွက် အကောင်းဆုံး တိုက်ရိုက် သတင်းရင်းမြစ်များ ဖြစ်ကြ၏။

မြေအောက်လောက နေထိုင်သူများမှာ မြေပေါ်ကမ္ဘာနှင့် စစ်ပွဲအပေါ် အလွန် စိုးရိမ် နေခဲ့ကြသည်။ ထာဝရတိုင်းပြည်ကို ထောက်ပံ့ရန် ရောက်လာသော အရပ်ဘက် အဖွဲ့အစည်းများ ရှိကြသည်။ သူတို့ထဲမှ တစ်ခုမှာ ပွဲချင်းပြီးသေ ဆေးရုံပင်။

သို့သော် ရှားလော့ခ်မှာ ပွဲချင်းပြီးသေ ဆေးရုံ၏ ကမ်းလှမ်းချက်ကို တိုက်ရိုက် ငြင်းပယ်ခဲ့သည်။ ပက်ထရစ်စတားမှာ ၎င်းမှာ နှမျောဖို့ ကောင်းသည်ဟု ထင်မှတ်ပြီး ထာဝရတိုင်းပြည်နှင့် ပွဲချင်းပြီးသေ ဆေးရုံတို့ ပူးပေါင်း ဆောင်ရွက်မည့် နေ့ကို မျှော်လင့် နေသည်။

ပက်ထရစ်စတား အမှောင်ဝင်ပေါက်တွင် အင်တာဗျူးများ ပြုနေတုန်း နေ့လည်ခင်းတွင် တိုက်ပွဲ စဖြစ်ပွားခဲ့သည်။ သူ ဘီးတယ်လ်မွန် မှတ်တိုင်တွင် ပြိုင်ဘက် စစ်သည်တော် အုပ်စုနှစ်စု အချင်းချင်း ရင်ဆိုင် တိုက်ခိုက်နေကြသည်ကို တွေ့ခဲ့ရသည်။ သတ္တဝါ များစွာ ဘီးတယ်လ်မွန် မှတ်တိုင်တွင် ပိတ်မိ နေခဲ့ကြသည်။ ဆယ်မိနစ် တစ်ကြိမ် အချိန်ဇယားဖြင့် ပြေးဆွဲသော ဘီးတယ်လ်မွန်များပင်လျှင် သူတို့၏ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုကို ရပ်တန့် ထားခဲ့ရသည်။

ပက်ထရစ်စတားမှာ အုပ်စုနှစ်စုကို ကြားဝင် ဖျန်ဖြေရန် ကြိုးစား ခဲ့သေးသော်လည်း သူတို့က နားမထောင်ခဲ့ကြပေ။ အဓိက အကြောင်းရင်းမှာ ပဋိပက္ခ၏ အသံများက ပက်ထရစ်စတား၏ အသံကို လွှမ်းသွားသောကြောင့်ပင်။

ပက်ထရစ်စတား သူ၏ တွေ့ဆုံ မေးမြန်းမှု ဗီဒီယိုများကို မှတ်တမ်း တင်ရန် အကောင်းဆုံး ကြိုးစားနေစဉ်မှာပင် အခြေအနေမှာ ထိန်းချုပ်မှုမှ လွတ်ထွက်သွားသည်။ ဘီးတယ်လ်မွန် တစ်စီး ဘီးတယ်လ်မွန် မှတ်တိုင်ဆီသို့ ဆိုက်လာသည်ကို တွေ့လိုက်ရသည်။ ဘီးတယ်လ်မွန် ရောက်လာခြင်းက အုပ်စုနှစ်စုကို တိုက်ခိုက်ရန် အစပြု မီးမွှေးပေး လိုက်သလိုပင်။ တိုက်ခိုက်မှုမှာ တောမီးနှယ် ပျံ့နှံ့သွားပြီး ပွဲကြည့်ပရိသတ်များပင် ပဋိပက္ခထဲတွင် ပါဝင်လာ ခဲ့ကြသည်။

နေရာအနှံ့တွင် သွေးထွက်သံယိုမှုများနှင့် ပျံဝဲနေသော ခြေလက်များ ရှိနေကြသည်။ ထာဝရတိုင်းပြည်၏ အတွင်းပိုင်း ပဋိပက္ခမှာ မြေပေါ်ကမ္ဘာနှင့် စစ်ပွဲလောက် ပြင်းထန်ခြင်း မရှိလျှင်တောင်မှ ထို့အောက်တော့ မကျလောက်ပေ။

ကံကောင်းသော အချက်မှာ မည်သူမျှ ပက်ထရစ်စတားကို မတိုက်ခိုက်ခဲ့ခြင်းပင်။ ထိုပရမ်းပတာ ဖြစ်သော တိုက်ပွဲထဲတွင် ပက်ထရစ်စတား သူ၏ အသက်ကို ကာကွယ်နိုင်ခြင်း မရှိပေ။ ထာဝရတိုင်းပြည်မှ စစ်သည်တော်များက သူ့ကို တိုက်ခိုက်ရန် မစဉ်းစားကြပေ။ သူ့ကို ဓားခုတ်ချက်များနှင့် မြားများမှ သူတို့၏ ခန္ဓာကိုယ်များကို အသုံးပြု ကာကွယ်ပေးခဲ့သော စစ်သည်တော်အချို့ပင် ရှိနေ ခဲ့ကြသည်။ ပက်ထရစ်စတားမှာ မျက်ရည်ကျလု နီးပါး ဖြစ်သွားခဲ့သည်။

ဘီးတယ်လ်မွန် ပေါ်တွင် ရှိနေသော ဖယ်ရီမလေးမှာတော့ စိတ်မွန်းကြပ်မှုကို ခံစားနေရသည်။ သူမက ထာဝရတိုင်းပြည် သူမကို လွယ်လွယ်ကူကူ လွှတ်ပေးမည် မဟုတ်ကြောင်း သိသော်လည်း သူမကို တားဆီးရန် စစ်သည်တော် များစွာ ထိုနေရာတွင် ရှိနေ လိမ့်မည်ဟုတော့ မမျှော်လင့် ထားခဲ့ပေ။

ဤပြိုင်ဘက် စစ်သည်တော်များကို ရှားလော့ခ်မှ အမိန့်ပေးထားခြင်းသာ ဖြစ်ရမည်။ ရှားလော့ခ်က သူမ၏ ထွက်ပြေးခြင်းကို သိနေသည်ဟု တွေးမိသည့်အခါ သူမ အလွန် စိုးရိမ် လာခဲ့သည်။

သို့သော် သူမကို လိုက်ပါပို့ဆောင်နေသော ဂိမ်းမာများမှာမူ စိုးရိမ်နေခြင်း မရှိခဲ့ကြပေ။ အာသာက ထရပ်ကာ သူ၏ မျက်နှာဖုံးကို ချွတ်လိုက်ပြီး သူ၏ အစစ်အမှန် အသွင်အပြင်ကို ပြသရင်း အော်ပြော လိုက်သည်။ "ငါတို့ ပေါ်သွားပြီ၊ ဒါကြောင့် ပုံဖျက်နေစရာ မလိုတော့ဘူး။ ငါတို့ ဖယ်ရီမလေး၊ ဖရန်ဂျီပန်နီနဲ့အတူ အမှောင်ဝင်ပေါက်ကနေ ထွက်သွားနိုင်သရွေ့ ငါတို့ မစ်ရှင် အောင်မြင် သွားလိမ့်မယ်။ ငါတို့ သေဆုံး သွားရင်တောင်မှ ငါတို့ ဒီမစ်ရှင်ကို ပြီးမြောက်အောင် လုပ်ရမယ်။ ငါတို့ အစည်းအရုံးက ရက်ရောတဲ့ ဆုတစ်ခု ရလာလိမ့်မယ်။"

တခြား အစည်းအရုံးဝင်များကလည်း အာသာနှင့် အတူတူ ဟစ်ကြွေးကာ သူတို့၏ မျက်နှာဖုံးများကို ချွတ်လိုက်ကြသည်။ ဘီးတယ်လ်မွန်မှာ ဘီးတယ်လ်မွန် မှတ်တိုင်တွင် ရပ်တန့် သွားတော့သည်။ တံခါးပွင့်သွားသည်နှင့် စစ်သည်တော် အုပ်စု နှစ်စု ဘီးတယ်လ်မွန်ဆီသို့ ပြေးဝင်ကာ အချင်းချင်း ပြင်းထန်စွာ တိုက်ခိုက်ကြသည်။

အမှောင်ဝင်ပေါက်ရှိ တိုက်ပွဲမှာ ပိုမို ပြင်းထန် လာခဲ့သည်။

ဖယ်ရီမလေး ဘီးတယ်လ်မွန်မှ ဆင်းလာနေစဉ် အာသာနှင့်သူ၏ အဖော်များ အနီးကပ် လိုက်ပါ လာခဲ့ကြသည်။ လူအုပ်ထဲမှ တစ်ယောက်က အော်ပြော လိုက်သည်။ "ဖယ်ရီမလေး ဒီမှာပဲ။ မင်းသမီး ဒီမှာပဲ။"

စစ်သည်တော်များ ပိုမို များပြားစွာ ဖယ်ရီမလေး၊ ဖရန်ဂျီပန်နီ၊ အာသာနှင့် သူ၏ အဖော်များ ရှိနေသည်ကို သတိပြု မိလိုက်ကြသည်။

အာသာ သူ၏ ဓားတိုကို တစ်ဖက်တွင် တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း မှော်တောင်ဝှေး တစ်ခုကို မြှောက်လိုက်သည်။ အဖြူရောင် ရောင်ခြည်များ အာသာ၏ ခန္ဓာကိုယ်မှ ထွက်လာနေစဉ် ဆယ်ဗားနပ်စ်ကမူ သူမ၏ လေးကို အသင့်ပြင် လေးတင် ထားခဲ့သည်။

ရင်မွှေးမီးလောင်၊ ဂနိုင်သားနှင့် ဘောင်းဘီမဝတ်သူတို့မှာမူ ဘေးတွင် အဆင်မပြေစွာ ရပ်နေ ခဲ့ကြသည်။ ဂနိုင်သားက လှမ်းမေးလိုက်သည်။ "ငါတို့က လူပိုတွေ ဖြစ်နေတာလား။"

"ခုက အဲ့လို တွေးနေဖို့ အချိန် မဟုတ်ဘူး။ တိုက်ခိုက်ကြစို့။" ဘောင်းဘီမဝတ်သူက အော်ဟစ်ကာ တိုက်ခိုက်မှုကို ဦးဆောင်ခဲ့သည်။

ဤပရမ်းပတာ အခြေအနေတွင် မည်သူမျှ ဖရန်ဂျီပန်နီက မျက်လုံးများ မှေးမှိန်ကာ ပြင်းထန်စွာ စိုက်ကြည့် နေသည်ကို သတိမပြု မိခဲ့ကြပေ။

...

"ဖရန်ဂျီပန်နီက သေချာပေါက် ထွက်ပြေးမှာပဲ။ သူ ထွက်ပြေးလိမ့်မယ်။" ကုတင်ပေါ်တွင် လဲလျောင်းနေသော ပိုလီယိုက သူ၏ လက်သည်းများကို သန့်ရှင်းရင်း ဖီးနစ်အား လှမ်းပြောလိုက်သည်။

ရှားလော့ခ်က ဖရန်ဂျီပန်နီအား ဖယ်ရီမလေး၊ ထာဝရတိုင်းပြည်မှ စစ်သည်တော်များ နှင့်အတူ အမှောင်ဝင်ပေါက်ဆီသို့ ထွက်ပြေးရန် အမိန့်ပေး ထားခဲ့ကြောင်း ပိုလီယို သိထားသည်။ ပိုလီယိုမှာမူ ထိုအစီအစဉ်ကို ကန့်ကွက်ခဲ့ပြီး ရှားလော့ခ်အား ဖရန်ဂျီပန်နီ ထိုမစ်ရှင်အတွင်း ထွက်ပြေး သွားလိမ့်မည်ဟု ပြောခဲ့သည်။ ပိုလီယိုမှာ ရှားလော့ခ်အား ထိုမစ်ရှင်ကို သူ့အား ပေးအပ်ရန် ဆွဲဆောင်ရန်ပင် ကြိုးစားခဲ့သေးသည်။ အကြောင်းမှာ သူသာလျှင် ထိုမစ်ရှင်ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်သော တစ်ဦးတည်းသော သစ္စာရှိ အစေခံ ဖြစ်နေသောကြောင့်ပင်။

ဖီးနစ်သည်လည်း ရှားလော့ခ်အား ထိုမစ်ရှင်ကို ပိုလီယို သို့မဟုတ် ဖရန်ဂျီပန်နီ အစား သူ့အား ပေးရန် ဖြောင်းဖျခဲ့သေးသည်။ ဖီးနစ်နှင့် ပိုလီယိုတို့မှာ စိတ်အားထက်သန် နေသော်လည်း ရှားလော့ခ်မှာမူ မစ်ရှင်ကို ဖရန်ဂျီပန်နီအား ပေးရန်သာ စိတ်ပိုင်းဖြတ် ထားခဲ့သည်။ ဖီးနစ်နှင့် ပိုလီယိုတို့မှာ စိတ်ပျက် ခဲ့ကြသော်လည်း သူတို့က ရှားလော့ခ်၏ ဆုံးဖြတ်ချက်ကို မပြောင်းနိုင်ကြပေ။

ဖရန်ဂျီပန်နီမှာ အားကျမှုများဖြင့် ပြည့်နှက်နေသော ဖီးနစ်နှင့် ပိုလီယိုတို့၏ ရှေ့မှောက်တွင်ပင် ထာဝရတိုင်းပြည်မှ ထွက်ခွာ သွားခဲ့သည်။ အကူအညီမဲ့သော သတ္တဝါနှစ်ကောင်မှာ သက်ပြင်း ချကာ ဒန်ဂျင်အရှင် ခန်းမဆောင်တွင် အချင်းချင်း နှစ်သိမ့်ရုံသာ တတ်နိုင်ကြသည်။

"ငါတော့ ဖရန်ဂျီပန်နီ ထွက်ပြေးဖို့ ဒီအခွင့်အရေးကို ယူလိမ့်မယ်လို့ လောင်းတယ်။ ငါ သူ့ စရိုက်ကို သေချာသိတယ်။ ဖရန်ဂျီပန်နီက နှစ်ကြိမ်တောင် ထွက်ပြေးဖို့ ကြိုးစားခဲ့တာ။ သူ ဒီတစ်ကြိမ်လည်း အရှင်ရှားလော့ခ်ကို သေချာပေါက် သစ္စာဖောက်ဦးမှာပဲ။"

"ဟုတ်တယ်၊ အရှင်ရှားလော့ခ်က ငါတို့ကို မယုံဘူး။ အဲ့အစား သူက ဖရန်ဂျီပန်နီကိုပဲ ယုံခဲ့တယ်။ အရှင်ရှားလော့ခ် သစ္စာဖောက် ခံရလိမ့်မယ်။ ဒါက ရှက်စရာ ကောင်းနေမှာပဲ။"

ကြက်ဥခေါင်းမှာမူ ကွန်ပျူတာ ဂိမ်းများ ကစားနေရန်း သူတို့အား စကားပြောရန် ခေါင်းလှည့်လိုက်သည်။

"ငါတော့ ဖရန်ဂျီပန်နီ ဒီတစ်ကြိမ် ထွက်ပြေးမှာ မဟုတ်ဘူးလို့ ထင်တယ်။ သူက မာနာစက်ကနေ ထွက်လာပြီးနောက် အရမ်း အပိုးကျိုးသွားတာ။ ငါတို့ ဘာပဲခိုင်းခိုင်း လုပ်ပြီး အရှင်ရှားလော့ခ်ရဲ့ အမိန့်တွေကိုလည်း သေချာ ပြီးမြောက်အောင် လုပ်လိမ့်မယ်။ သူက အရှင်ရှားလော့ခ်ကို လုံးဝ လက်ခံ ယုံကြည်သွားခဲ့ပြီပဲ။ ငါက အရှင်ရှားလော့ခ်နဲ့ အချိန်အများစုမှာ သဘောထားချင်း မတိုက်ဆိုင်ဘူး ဆိုပေမဲ့ ငါ အရှင်ရှားလော့ခ်ရဲ့ စီမံခန့်ခွဲရေး စွမ်းရည်တွေကိုတော့ ယုံတယ်။"

ကြက်ဥခေါင်းမှာမူ အရှင်ရှားလော့ခ်ကို ထောက်ခံသည်။ သူက ဖရန်ဂျီပန်နီ ထွက်ပြေးလိမ့်မည် မဟုတ်ဟု ယုံကြည် နေခဲ့သည်။

"ဘာဖြစ်လို့ ဖရန်ဂျီပန်နီက မထွက်ပြေးရမှာလဲ။ ငါတော့ သူ ထွက်ပြေးလိမ့်မယ်လို့ ထင်တယ်။ သူ ဖယ်ရီမလေး နဲ့အတူ အမှောင်ဝင်ပေါက်မှာ ရှိနေပြီးဆိုတော့ မြေအောက်လောက ကနေ ထွက်ခွာသွားဖို့ အခွင့်အရေး ရနေပြီ။ ငါသာဆိုရင် သေချာပေါက် ထွက်ပြေး... အာ၊ ငါ ဆိုလိုတာက ငါဆို ထွက်ပြေးမှာ မဟုတ်ဘူး။ ငါဆို အရှင်ရှားလော့ခ်ရဲ့ မစ်ရှင်ကို ပြီးမြောက်အောင် လုပ်ဆောင်မှာ။" ပိုလီယိုက သူ စကားမှား ပြောမိကြောင်း သတိပြု မိပြီး တစ်ဝက်တွင် ပြန်ပြင် ပြောလိုက်သည်။ သူက ဖီးနစ် မျက်မှောင် ကြုတ်နေသည်ကို သတိပြု မိသဖြင့် ဖီးနစ် သူ့ အပေါ် နိုင်ကွက် မရစေရန် ချက်ချင်း စကားလမ်းကြောင်းကို လွှဲလိုက်သည်။

ဖီးနစ်က ခေါင်းညိတ်ကာ ပြတ်သားစွာ ပြောလိုက်သည်။ "ဟမ်၊ သူ သေချာပေါက် ထွက်ပြေးမှာ။"

...

ပက်ထရစ်စတား ခေါင်းငုံ့ကာ လျင်မြန်စွာ ပြေးသွားရင်း ပုန်းအောင်း လိုက်သည်။ စစ်မြေပြင် တစ်ခုလုံးတွင် မီးခိုးများဖြင့် ပြည့်နှက်နေပြီး မီးစွဲနေသော ဆီးအိတ်ဗုံး တစ်လုံးက သူ၏ ခေါင်းပေါ်မှ ပျံဝဲ သွားခဲ့သည်။ အရပ်ရှည်သော အော့ခ် တစ်ဦးက သူ့ အပေါ်သို့ ခုန်အုပ်ကာ အော်ပြော လိုက်သည်။ "အန္တရာယ် ရှိတယ်ဟေ့။ အောက်ဝပ်နေ။"

ပက်ထရစ်စတား ပြန်တုံ့ပြန်ခြင်း မပြုနိုင်မီ သူ့ဘေးနားတွင် ပေါက်ကွဲသံကြီး တစ်ခု မြည်ဟည်းသွားပြီး အပူလှိုင်း တစ်ခုက သူ့ကို ဘေးဘက်သို့ တွန်းထုတ် လိုက်သည်။ ကြီးမားသော အရာဝတ္ထု တစ်ခုနှင့် သူ၏ ခန္ဓာကိုယ် ဝင်တိုက်မိသည်ကို ခံစား လိုက်ရပြီး သူ၏ အရိုးများပင် နာကျင် နေခဲ့သည်။ သို့သော် သူ မီးလောင်ခြင်းတော့ မရှိခဲ့ပေ။ သတိပြန်ဝင်လာသည့် အခါတွင်တော့ သူ မြေပြင်ပေါ်တွင် ရှိနေလေပြီ။ မှတ်တမ်းတင် ကိရိယာမှာမူ သူ့လက်မှ လွတ်ထွက်သွားပြီး သူ ယူလာခဲ့သော အဒါမန်တိုင်း ကျောက်တုံးဝိုင်းများက မြေပြင်ပေါ်တွင် ပြန့်ကျဲ နေခဲ့သည်။

သူ၏ ဦးနှောက်မှာလည်း အဆက်မပြတ် တုန်ခါ နေခဲ့သည်။ သူ သတိ ပြန်လည်လာခြင်း မရှိမီ အချိန်အတော် ကြာခဲ့သည်။ သူ ခေါင်းမော့ ကြည့်လိုက်သော် မြေပြင်ပေါ်တွင် အော့ခ် တစ်ဦး လဲကျနေသည်ကို မြင်လိုက်ရသည်။ ထိုအော့ခ်၏ ကျောဘက်ကမူ ကြီးမားသော အရာတစ်ခုခုဖြင့် ထိုးဖောက်ခြင်း ခံထားရ၏။ ထိုအော့ခ်က သူ့ကို ပေါက်ကွဲမှုဒဏ်မှ ကာကွယ် ပေးခဲ့သည်။

ပက်ထရစ်စတားမှာ ထိုမျှ အန္တရာယ် ရှိသော အခြေအနေကို ဘယ်တော့မှ မကြုံတွေ့ ခဲ့ရဖူးပေ။ အော့ခ်၏ ခန္ဓာကိုယ်က ဖြည်းညင်းစွာဖြင့် မာနာအမှုန်များ အဖြစ်သို့ ပြိုကွဲကာ လေထဲ ပျောက်ကွယ် သွားခဲ့သည်။ ထိုအရာမှာ ထာဝရတိုင်းပြည်မှ စစ်သည်တော်များ သေဆုံးသည့် အထူးနည်းလမ်း ဖြစ်၏။ အလောင်းများ ရှိလိမ့်မည် မဟုတ်ဘဲ သေဆုံးမှုများနှင့် ပတ်သက်၍ ကဗျာဆန်သော ဆိုရိုးစကား တစ်ခုပင် ရှိနေသည်။

"ငါ သေဆုံးရင်တောင်မှ ငါ့ ခန္ဓာကိုယ်ကို အသုံးပြုပြီး ကမ္ဘာကြီးကို အာဟာရ ဖြည့်တင်းပေးဦးမယ်။"

ပက်ထရစ်စတားမှာ မျက်ရည်ကျကာ သူ၏ ကာကွယ်သူ သေဆုံးမှုကို ဝမ်းနည်းပူဆွေးနေရန် အချိန် မရှိခဲ့ပေ။ နောက်ထပ် အော့ခ် တစ်ဦး ပြေးဝင်လာပြီး သူ၏ လက်ကို ဖမ်းဆွဲကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "ဘရားသား၊ ငါ နောက်ဆုံးတော့ မင်းကို အမီလိုက်နိုင်ခဲ့ပြီ။ ငါ မင်းကို အခုကစပြီး ကာကွယ်ပေးသွားမယ်။ မင်းက သေခါနီးလေးပဲ။ အန္တရာယ် ရှိတဲ့ နေရာတွေကို လျှောက်မသွားနဲ့တော့။ မင်း သေသွားရင် ငါ့ ဆုတွေ ဆုံးရှုံးသွားရတော့မှာ။"

အော့ခ်မှာ ရူးသွပ်စွာ ပြောဆို နေခဲ့သည်။ ပက်ထရစ်စတား ပြန်တုံ့ပြန်ခြင်း မပြုနိုင်မီ နောက်ထပ် သတ္တဝါ တစ်ကောင်က ရမ်းကားစွာ ခုတ်ပိုင်းချရင်း အော်ပြော လိုက်သည်။ "လစ်စမ်း။ ဒီထူးဆန်းတဲ့ တွေ့ကြုံမှု မစ်ရှင်က ငါ့ ဟာပဲ။ ငါက ပက်ထရစ်စတားကို ကာကွယ်နေတဲ့ သူပဲကွ။"

ပက်ထရစ်စတားမှာ ငေးကြောင်နေတော့သည်။ ယခုမှ သူ့အား စကားပြောခဲ့သော အော့ခ်မှာ သူ၏ ရဲဘော်၏ ခုတ်သတ်ခြင်းကို ခံလိုက်ရသည်။ ပက်ထရစ်စတားမှာ ထိတ်လန့် သွားပြီး ခြေလှမ်းနှစ်လှမ်းမျှ နောက်ဆုတ် လိုက်သည်။ သူက မြေပြင်ပေါ်မှ အဒါမန်တိုင်း ကျောက်တုံးများနှင့် သူ၏ မှတ်တမ်းတင် ကိရိယာကို ကောက်ယူကာ ထွက်ပြေး လိုခဲ့သည်။ သို့သော် သူ မဖမ်းယူရသေးသော တိုက်ပွဲ မြင်ကွင်း များစွာ ရှိနေသည်။ သူ၏ အတွေ့အကြုံမှာ အလွန် ထိတ်လန့်စရာ ကောင်းလှ၏။

ပက်ထရစ်စတားမှာ ထွက်ပြေး သွားသော ဖယ်ရီမလေး၏ ပုံများကို မရိုက်ကူး ရသေးပေ။

သူ အဝေးမှ ဖယ်ရီမလေးကို သတိပြု မိလိုက်သည်။ အကွာအဝေး ဝေးလွန်းသဖြင့် သူ၏ မှတ်တမ်းတင် ကိရိယာမှာ ဖယ်ရီမလေး၏ ပုံရိပ်ကို ရှင်းရှင်းလင်းလင်း မဖမ်းယူနိုင်ပေ။ ထို့အပြင် သူက ထာဝရတိုင်းပြည်မှ စစ်သည်တော်များ၏ ဝန်းရံခြင်းကို ခံထားရ၏။ သူက လူအုပ်ကို ဖြတ်ကျော်ကာ ဖယ်ရီမလေးဆီသို့ ချဉ်းကပ်ရန် ကြိုးစားခဲ့သေးသည်။

သို့သော် သူ၏ ကြိုးပမ်းမှုများမှာ အချည်းနှီးသာ ဖြစ်ခဲ့သည်။

အာသာက သူ၏ ဓားတိုကို ဆုပ်ကိုင်ထားရင်း ဖယ်ရီမလေး၏ လက်ကို ကိုင်ထားသည်။ သူ့ ဆီသို့ ပြေးဝင် တိုက်ခိုက်လာသော ချန်အန်းမြို့ အဖွဲ့ဝင်များလည်း ရှိနေ၏။ သို့သော် သူတို့ကို ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့ဝင်များမှ တားဆီး ထားခဲ့ကြသည်။

ထာဝရတိုင်းပြည်မှ ဂိမ်းမာများက ဖယ်ရီမလေးအား ဒန်ဂျင်တွင်သာ နေစေ လိုခဲ့ကြသည်။ ထို့ကြောင့် ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့ဝင်များမှာ စိတ်ဒွိဟ ဖြစ်နေကြရသည်။ အဖွဲ့အစည်းမဲ့ ဂိမ်းမာ များစွာက ချန်အန်းမြို့၏ ရမ်းကားသော အပြုအမူကို လက်မခံ နိုင်ခဲ့ကြသော်လည်း သူတို့၏ ကိုယ်ကျိုးစီးပွားကို ထည့်စဉ်းစားပြီး နောက်တွင်တော့ သူတို့ ဤတိုက်ပွဲတွင် ချန်အန်းမြို့ဘက်မှ ရပ်တည် ပေးခဲ့ကြသည်။ အခြေအနေမှာ ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့ အတွက် မကောင်းတော့ပေ။ ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့က တိုက်ခိုက်မှုများကို တွန်းလှန်နိုင် ခဲ့သော်လည်း အမှောင်ဝင်ပေါက် အတွင်းသို့ ဝင်ရောက်ရန် အတွက်မူ ခက်ခဲလှ၏။

ချန်အန်းမြို့နှင့် သူ၏ မဟာမိတ်များမှ အဖွဲ့ဝင်များ ပိုမို များပြားစွာ နေရာရွှေ့ပြောင်း ဝင်ပေါက်မှ ထွက်ပေါ်လာ ခဲ့ကြသည်။ သူတို့၏ အရေအတွက်မှာလည်း ရှေ့ဆောင်လမ်းပြ မဟာမိတ် အဖွဲ့ဝင်များကို လွှမ်းမိုး သွားခဲ့သည်။

အာသာမှာ အကယ်၍ ဤအခြေအနေအတိုင်း ဆက်လက် ဖြစ်ပွားနေပါက သူ၏ မစ်ရှင် ကျရှုံးသွားတော့မည်ကို သိနေသည်။ သူက ဖယ်ရီမလေးအား အမှောင်ဝင်ပေါက် အတွင်းသို့ လိုက်ပါပို့ဆောင် နိုင်တော့မည် မဟုတ်ပေ။ သူ၏ အသက်ပင်လျှင် အန္တရာယ် ရှိနိုင်ပေသည်။ အကယ်၍ ဖယ်ရီမလေး သေဆုံးခဲ့ပါက ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင်လည်း ကျရှုံးသွား ပေလိမ့်မည်။

သူက ၎င်းမှာ ခက်ခဲသော မစ်ရှင် တစ်ခု ဖြစ်ကြောင်း နားလည်သည်။ အကယ်၍ သူတို့က ထိုမစ်ရှင်ကို လွယ်လွယ်ကူကူ အောင်မြင်အောင် လုပ်နိုင်နေပါက ၎င်းမှာ တခြား ဂိမ်းမာများ အတွက် မတရားရာ ကျပေလိမ့်မည်။ မစ်ရှင် ပိုခက်ခဲလေလေ ဆုများ ပိုမို ကြီးမားကောင်းမွန် လေလေပင်။ ၎င်းမှာ အွန်လိုင်းဂိမ်းများတွင် သာမန် ဗဟုသုတပင်။

အာသာမှာ လွယ်လွယ်ကူကူဖြင့် လက်မလျှော့ပေ။ သူက သူ၏ နောက်ဆုံး ထွက်သက်အထိ မစ်ရှင်ကို အောင်မြင်အောင် လုပ်ဆောင်နိုင်ရန် ကြိုးစား ပေလိမ့်မည်။

"အာသာကို ဖမ်းကြ။ သူက ဖယ်ရီမလေးနဲ့ အတူရှိနေတယ်။ သူတို့ကို မလွတ်စေနဲ့။" လူအုပ်ထဲမှ သတ္တဝါ တစ်ကောင်က အော်ပြော လိုက်သည်။ အာသာ သူ၏ အင်အားစုများ အားလုံးကို စုစည်းပြီး အမှောင်ဝင်ပေါက်ဆီသို့ ပြေးဝင် တိုက်ခိုက်လို ခဲ့သော်လည်း သူ၏ အစီအစဉ်မှာ ပျက်စီးသွားတော့သည်။

မြေလျှောက်ငှက်များ စီးထားသော အော့ခ်အုပ်စု တစ်စုက သူတို့၏ လှံကြီးများဖြင့် အာသာဆီသို့ ပြေးဝင် တိုက်ခိုက် ခဲ့ကြသည်။

ဂိမ်းမာများ၏ မြင်းတပ်မှာ အစွမ်းထက်သော လူသား သူရဲကောင်းများနှင့် မယှဉ်နိုင် သေးသော်လည်း အော့ခ်များ၏ အစွမ်းနှင့် မြေလျှောက်ငှက်များ၏ မျက်စိလျှမ်း စေလောက်သော အရှိန်တို့၏ ပေါင်းစပ်မှုမှာမူ အထင်သေး၍ မရပေ။

အာသာက သူ၏ အစည်းအရုံးဝင်များအား မြင်းတပ် တိုက်ခိုက်မှုကို ဒိုင်းမြှောက် ကာကွယ်ရန် အမိန့်ပေး ခဲ့သော်လည်း သူတို့၏ ခံစစ်စည်းများမှာ လွယ်လွယ်ကူကူပင် ကျိုးပေါက် သွားခဲ့သည်။

"မြင်းတပ်ကို သတိထားကြ။" အစည်းအရုံးဝင် တစ်ဦးက မြင်းစီးသူရဲ တစ်ဦး၏ လှံကြီးဖြင့် ထိုးဖောက်ခြင်း ခံရပြီး အဝေးသို့ လွင့်သွားစဉ် အော်ပြော လိုက်သည်။ အာသာက သူ့ဆီသို့ ချိန်ရွယ်ထားသော လှံကြီး တစ်ခုကို ကာကွယ်ရန် သူ၏ ဒိုင်းကို မြှောက်လိုက်သည်။ လှံကြီး၏ ရိုက်ခတ်မှုအားက သူ့ကို သူ၏ နောက်မှ ဘောင်းဘီမဝတ်သူ အပေါ်သို့ လွင့်စင် သွားစေခဲ့သည်။

ဘောင်းဘီမဝတ်သူလည်း မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျ သွားသည်။ သူ သူ၏ အပေါ်တွင် ရှိနေသော အာသာကို ခေါင်းလှည့် ကြည့်လိုက်သည်။ အာသာ၏ လက်မှာ လှံကြီးဖြင့် ထိုးဖောက်ခြင်း ခံထားရပြီး သူ၏ ဒိုင်းမှာမူ လုံးဝ ရှာမတွေ့တော့ပေ။

စစ်သည်တော် တစ်ဦးက မြင်းတပ်ကို ယှဉ်မတိုက်နိုင်ပေ။

"အာသာ၊ အာသာ၊ မင်း အဆင်ပြေရဲ့လား။ မင်း မသေရင် အသက်ပြင်းပြင်း ရှူပြပါ။"

"ငါ အဆင်ပြေတယ်၊ ငါ အခုထိ မသေသေးဘူး။" အာသာ ပြတ်သားစွာ အော်ပြော လိုက်သည်။ သို့သော် သူ၏ လက်မှာမူ ထပ်မြှောက်ရန် အလွန် ပြင်းထန်စွာ ဒဏ်ရာရ သွားလေသည်။ ကံကောင်းထောက်မစွာဖြင့်ပင် ၎င်းမှာ သူ၏ ဒိုင်းကိုင်ထားသော ဘယ်လက် ဖြစ်သောကြောင့် ညာလက်ဖြင့် ဓား ကိုင်နိုင်သေးသည်။

မြင်းတပ်မှာ တစ်ကြိမ် တိုက်ခိုက်ပြီးနောက် အားနည်း သွားခဲ့သည်။ မြင်းတပ် ဒုတိယအကြိမ် တိုက်ခိုက်ရန် လှည့်လာသည့်အခါတွင်မူ မြင်းစီးသူရဲများမှာ ဆွဲချခြင်း ခံရပြီး ခုတ်သတ် ခံလိုက်ရသည်။

မြင်းစီးသူရဲများ သေဆုံးပြီးနောက်တွင် သူတို့၏ မြေလျှောက်ငှက်များလည်း ရက်စက်စွာဖြင့် သတ်ဖြတ်ခြင်း ခံလိုက်ရသည်။

ချန်အန်းမြို့မှာ ဤတိုက်ပွဲ အတွက် ပြင်ဆင်ရန် ငွေအမြောက်အမြား သုံးခဲ့ရသည်။ သူတို့ ဤတိုက်ခိုက်မှုတွင် သူတို့၏ မြေလျှောက်ငှက်များကိုပင် အသုံးပြု ခဲ့ကြသည်။ ဂိမ်းမာများ အတွက် မြေလျှောက်ငှက်များမှာ အဖိုးတန် သယံဇာတများ ဖြစ်ကြ၏။

သို့သော် ချမ်းသာသော ဂိမ်းမာများ အတွက်မူ ယင်းတို့မှာ ဘာမှ တန်ဖိုးမျှ မရှိပေ။

"အာသာ၊ ငါတို့ အခု ဘာဆက်လုပ်သင့်လဲ။" ဂနိုင်သား စိုးရိမ်တကြီး မေးလိုက်သည်။ အခြေအနေမှာ ချန်အန်းမြို့ဘက်တွင် ရှိနေခဲ့သည်။ အာသာနှင့်သူ၏ အဖွဲ့ဝင်များ တိုက်ပွဲရှုံးနိမ့်ရန်မှာ အချိန်ကာလ တစ်ခုသာ ကြာတော့မည်။ ဖယ်ရီမလေးပင်လျှင် ချန်အန်းမြို့ အဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံရ ပေလိမ့်မည်။

အာသာ မျက်လုံးများ မှိတ်လိုက်သည်။ ဗစ်တိုးရီးယား မြို့သားများ အင်အားဖြည့်တင်းမှုများ မပေးစွမ်းနိုင်လျှင် သူ့ အကြံကုန်လေပြီ။ သို့သော် ဗစ်တိုးရီးယား မြို့သားများမှာ စည်းလုံးခြင်း မရှိသောကြောင့် ၎င်းမှာ လက်တွေ့ ဖြစ်နိုင်ခြေ မရှိပေ။

ဤသေရေးရှင်ရေး အချိန်တွင် ဖရန်ဂျီပန်နီ ရှေ့သို့ ထွက်လာခဲ့သည်။ အခွံမရှိဘဲ အားနည်းပြီး ဆွဲဆောင်မှု ရှိပုံ ရသော်လည်း သူက စိန်ခေါ် အော်ပြော လိုက်သည်။ "ငါ ဘာလုပ်နိုင်လဲ ဆိုတာ ကြည့်လိုက်စမ်းပါ။"

All Chapters