← Chapters

ရဲရင့်သောစစ်သည်တော် တစ်ဦး လုယက်သင့်သည်

Vol. 36 Ch. 534

ရဲရင့်သောစစ်သည်တော် တစ်ဦး လုယက်သင့်သည်

Vol. 36 Ch. 534

အဘိုးကြီးဂျွန်မှာ အင်ပါယာ၏ နယ်နိမိတ်ရှိ ကျေးရွာသူကြီး တစ်ဦး ဖြစ်၏။ သူ့ဘဝမှာလည်း သူ၏အမည်အတိုင်းပင် သာမန်ဆန်ကာ အထူးအဆန်း ကင်းမဲ့လှ၏။ သူကြီးရာထူး ကိုပင်လျှင် သူ၏ ဖခင်ထံမှ အမွေဆက်ခံခဲ့ရခြင်း ဖြစ်၏။

အသက်အရွယ်အရဆိုလျှင် သူက သက်တောင့်သက်သာ ရှိသည့် ဘဝ တစ်ခုတွင် နေထိုင် နေရသင့်သည်။ သို့သော်လည်း လူငယ် တစ်ဦးက ရွာထဲသို့ ပြန်ပြေးဝင်လာပြီး ရွာသားများအား ရွာအပြင်တွင် ထူးဆန်းသော လူသားများနှင့် မွန်းစတားအုပ်စု တစ်စု ရှိနေကြောင်း အကြောင်း ကြားခဲ့သည်။

လူသားများမှာ မွန်းစတားများ၏ ဖမ်းဆီးခြင်းကို ခံထားရပုံ ပေါ်၏။ ကြင်နာသော အဘိုးကြီးဂျွန်မှာ မျိုးနွယ်တူလူသားများ မွန်းစတားများ၏ ဖမ်းဆီးခြင်း ခံထားရသည်ကို ခွင့်ပြုလိမ့်မည် မဟုတ်ပေ။ အနှီးလူသားများက သူ၏ ကျေးရွာ သို့မဟုတ် အနီးအနားရှိ ကျေးရွာများမှ ဟုတ်၊ မဟုတ် ဆိုသည်ကို မည်သူ သိနိုင်မည်နည်း။

အဘိုးကြီးဂျွန်က ရွာရှိ လူငယ်များ အားလုံးကို စုစည်းလိုက်ပြီး သူတို့ကို လယ်ယာသုံး ကိရိယာများနှင့် မီးတုတ်များဖြင့် လက်နက်တပ်ဆင် ပေးခဲ့သည်။ တောရိုင်း သားရဲကောင်များနှင့် မွန်းစတား အများစုမှာ မီးကို ကြောက်ရွံ့ကြ၏။ ထိုအရာမှာ အဘိုးကြီးဂျွန်၏ အတွေ့အကြုံပင်။

ပုံမှန် အားလပ်ချိန်များတွင် အဘိုးကြီးဂျွန်က လူငယ်များအား သူတို့၏ လက်နက်များကို မည်သို့ လွှဲယမ်း ရမည်နှင့် မီးတုတ်များဖြင့် မိမိကိုယ်ကို မည်သို့ ကာကွယ် ရမည်ကို သင်ကြားပေးခဲ့သည်။ သူ၏ ကြိုးပမ်းမှုများမှာ ယခု အကျိုးသက်ရောက်နေလေပြီ။

အဘိုးကြီးဂျွန်က လက်နက် တပ်ဆင်ထားသော လူငယ်များကို နဂါးမျိုးနွယ်သားနှင့် အာသာတို့ရှိရာ နေရာသို့ ခေါ်ဆောင် သွားခဲ့သည်။ အဘိုးကြီးဂျွန်က ၎င်းတို့က လှည့်လည် သွားလာနေသော သားရဲကောင် အချို့မျှသာ ဖြစ်လိမ့်မည်ဟု ထင်ခဲ့သည်။ သူက အဝေးရှိ ချောင်းတွင် လက်ဆေးနေသော အော့ခ်များကို မြင်တွေ့ လိုက်ရသည့်အခါ သူ ထိတ်လန့် သွားခဲ့သည်။

"မြင့်မြတ်သော အလင်းတန်း၏ ကျေးဇူးတော်အားဖြင့်... သူတို့က ဘာမွန်းစတားတွေလဲဟ။ ငါ့ ဘဝတစ်လျှောက်လုံး ဒီလို မွန်းစတားတွေကို တစ်ခါမှ မမြင်ဖူးဘူး။"

အဘိုးကြီးဂျွန်က တစ်ကိုယ်ကြား ရေရွတ်ရင်း ခေါင်းခါလိုက်သည်။ ထိုအော့ခ်များမှာ ကြောက်မက်ဖွယ် ကောင်းလှ၏။

သူ ဒိုင်းယားဝံပုလွေများနှင့် ဝက်ဝံနက်ကြီးများ၏ သွေးဝေးမျိုးနွယ်ကွဲ အချို့မျှနှင့်သာ ကြုံတွေ့ခဲ့ဖူးသည်။ ဒိုင်းယားဝံပုလွေများ ဆိုလျှင် သာမန် ဝံပုလွေများထက် အလွန် ကြီးမားလှ၏။

ပိုမို ကြောက်မက်ဖွယ် ကောင်းသော မွန်းစတားများမှာ တောင်တန်းများ သို့မဟုတ် သစ်တောများ၏ နက်ရှိုင်းသော နေရာများတွင်သာ ထွက်ပေါ်လာ ပေလိမ့်မည်။ သို့သော် ဤအော့ခ်များမှာ တောရိုင်း သားရဲကောင်များထက် ပို၍ ကြောက်မက်ဖွယ် ကောင်းလှ၏။ အော့ခ်များမှာ အရွယ်အစား ကြီးမားလှပြီး အစိမ်းရောင် အသားအရေကြောင့် သူတို့၏ အသွင်အပြင်မှာ ထူးဆန်း နေခဲ့သည်။

အော့ခ် တစ်ဦး၏ မျက်နှာသွင်ပြင်မှာ လူသားများနှင့် ဆင်တူ၏။ သူတို့က လူသားများနှင့် ဆင်တူသည် မှန်သော်လည်း သူတို့က လူသားများကဲ့သို့တော့ မပြုမူကြပေ။ ၎င်းတို့က ကြောက်မက်ဖွယ် ကောင်းလှသည်။

သူတို့ ကြောက်မက်ဖွယ် ကောင်းနေသော်လည်း အဘိုးကြီးဂျွန်မှာတော့ ကြောက်စိတ် မရှိပေ။ သူက သူ့သတ္တိကို စုစည်းကာ လူငယ်များကို စုရုံးလိုက်သည်။

အဘိုးကြီးဂျွန်က ရွာသားများကို ခေါ်ဆောင်ကာ ဂိမ်းမာများကို ဝန်းရံလိုက်သည်။

အဘိုးကြီးဂျွန်က လူသားများ အနီးသို့ ရောက်လာသည့်အခါ သူတို့က မွန်းစတားများ၏ အကျဉ်းသားများ မဖြစ်နိုင်ကြောင်း တွေ့ရှိ ခဲ့ရသည်။ သူတို့မှာ အဖော်များနှင့် ပိုတူနေကြသည်။

အဘိုးကြီးဂျွန်မှာ သူ၏ သတိကပ်ထားမှုကို မလျှော့ချခဲ့ပေ။

ခေါင်းပေါ်တွင် အစိမ်းရောင် သင်္ကေတများ ရှိသော လူသား အနည်းငယ်က အုပ်စုထဲမှ ထွက်လာကြသည်။ သူတို့က သွေးစွန်းများဖြင့် ဖုံးလွှမ်းနေသော ချပ်ဝတ်များကို ဝတ်ဆင်ထားကြပြီး သူတို့ ကြည့်ရသည်မှာ တိုက်ပွဲ တစ်ခုကို ဖြတ်သန်းခဲ့ကြရပုံ ပေါ်၏။ သူတို့၏ ခြေလှမ်းများမှာ ပင်ပန်းနွမ်းနယ်ဟန် ဖြစ်နေသော်လည်း သူတို့၏ အကြည့်များမှာတော့ အားမာန်များဖြင့် ပြည့်နှက် နေခဲ့သည်။

လူသား အနည်းငယ်က အဘိုးကြီးဂျွန်နှင့် ရွာသားများ ရှေ့သို့ ရောက်လာကြသည်။ ထို့နောက် ကြောက်မက်ဖွယ်ရာ ပုံပျက်နေသော လူတစ်ဦးက ရှေ့ထွက်လာပြီး ရွာသားများအား ပြောလိုက်သည်။ "မင်းတို့ရဲ့ ခေါင်းဆောင်က ဘယ်သူလဲ။ ငါတို့ ဘာအန္တရာယ်မှ မပြုဘူး။ ငါက ဗစ်တိုးရီးယားမြို့က လူဆိုးလေးပါ။ မင်းတို့ မြို့အကြောင်း ကြားဖူး၊ မကြားဖူးကိုတော့ ငါလည်း မသိဘူး။ ငါတို့က သိပ်မကြာသေးမီကမှ မြေအောက်လောက သတ္တဝါတွေနဲ့ ရင်ဆိုင် တိုက်ခိုက်ခဲ့ကြတဲ့ ကမ္ဘာ့သူရဲကောင်းတွေပါ။ မြေအောက်လောက သတ္တဝါတွေက ငါ့ နောက်မှာ ရပ်နေကြတယ်။ မကြောက်ကြနဲ့။ သူတို့က သတ္တဝါဆိုးတွေ မဟုတ်ဘူး၊ ပြီးတော့ သူတို့က ငါတို့နဲ့ တစ်ဘက်တည်းပါ။"

လူဆိုးလေး အာသာနှင့်သူ၏ အဖော်များကို ညွှန်ပြရင်း ပြောလိုက်သည်။

လူဆိုးလေးက မြေပေါ်ကမ္ဘာ ဘုံဘာသာစကားဖြင့် ပြောဆိုခဲ့သောကြောင့် အာသာက သူ့စကားကို နားမလည်ပေ။

ဤသည်က ဗစ်တိုးရီးယားမြို့မှ တခြား ဂိမ်းမာများအား ဘာသာပြန် ပြောပြခြင်းကိုတော့ ‌မတားဆီး နိုင်ခဲ့ပေ။ ဆယ်ဗားနပ်စ်က လှံထိုးခံရသူအား လှမ်းမေးလိုက်သည်။ "လူဆိုးလေးက ဘာပြောလိုက်တာလဲ။"

"သူက ငါတို့ရဲ့ ရည်ရွယ်ချက်တွေကို သူတို့ကို ပြောပြနေပြီး မင်းတို့က သတ္တဝါဆိုးတွေ မဟုတ်ကြောင်းနဲ့ ငါတို့က တစ်ဖက်တည်းမှာ ရှိကြောင်း ရှင်းပြနေတာ။"

ရင်မွှေးမီးလောင်က ချက်ချင်း မြေအောက်လောက ဘာသာစကားဖြင့် ပြောလိုက်သည်။ "ဘာဖြစ်လို့ ငါတို့ သူတို့နဲ့ တစ်ဖက်တည်းမှာ ရှိနေတာတဲ့လဲ။ ငါတို့က ထူးဆန်းတဲ့ တွေ့ကြုံမှု မစ်ရှင်ကို ရခဲ့တာ မဟုတ်ဘူးလား။ ဆုတွေကိုရော သူတို့ပဲ ယူသွား ကြမှာတဲ့လား။"

"ဟုတ်တယ်၊ ငါလည်း အမ်ပီစီတွေ လုပ်နေရသလို ခံစားရတယ်။ ဘယ်သူမှ ထူးဆန်းတဲ့ တွေ့ကြုံမှု မစ်ရှင်နဲ့ ဆုတွေကို သူတို့ ပိုင်ဆိုင်သင့်တယ်လို့ ထင်မှာ မဟုတ်ဘူး။" ဂနိုင်သားက စိုးရိမ်စွာ ပြောလိုက်သည်။ ထာဝရတိုင်းပြည်မှ ဂိမ်းမာများက ဗစ်တိုးရီးယား မြို့သားများ နားမလည်နိုင်သော မြေအောက်လောက ဘာသာစကားဖြင့် အချင်းချင်း ဆက်သွယ်ပြောဆို ခဲ့ကြသည်။

ထာဝရတိုင်းပြည်မှ ဂိမ်းမာများက သူတို့၏ ကိုယ်ပိုင် ဘာသာစကားဖြင့် စကားပြောဆို နေသည်ကို မြင်ရသော် ဗစ်တိုးရီးယား မြို့သားများလည်း ဗစ်တိုးရီးယား ဘာသာစကားဖြင့် စကားပြောဆို ကြတော့သည်။

အကယ်၍ သူတို့က အချင်းချင်း နားမလည် နိုင်ခဲ့ပါက အချင်းချင်း သံသယဝင်စ ပြုလာကြ ပေလိမ့်မည်။ ထို့အပြင် ဗစ်တိုးရီးယားမြို့နှင့် ထာဝရတိုင်းပြည်မှ ဂိမ်းမာများမှာ သဘောထား မတိုက်ဆိုင်မှုများ စတင်ဖြစ်ပွား နေခဲ့ကြလေပြီ။ တစ်ယောက်က ပြိုင်ဘက်အုပ်စုအား သူတို့ အဘယ်ကြောင့် မန်ဒရင်း ဘာသာစကားဖြင့် မပြောဆိုသည်ကို မေးမြန်းခဲ့ရာ ပြိုင်ဘက်အုပ်စုမှာ ထိုမေးခွန်းအတိုင်း ပြန်တုန့်ပြန် မေးခဲ့သည်။

အင်ပါယာမှ ရွာသားများမှာမူ ဝင်တိုက်ခိုက်ရန်ပင် မလိုအပ်ခဲ့ဘဲ အုပ်စုနှစ်စုမှ ဂိမ်းမာများမှာ အချင်းချင်း လည်မျိုညှစ် နေခဲ့ကြလေပြီ။

ကံကောင်းထောက်မစွာပင် နဂါးမျိုးနွယ်သားနှင့် အာသာတို့က အချိန်မှီ ရှေ့ထွက်လာပြီး ဤအခြေအနေကို ဖြေရှင်း ပေးခဲ့ကြသည်။

အဘိုးကြီးဂျွန်နှင့် ရွာသားများ အတွက်မူ ထိုလူသားများနှင့် မွန်းစတားများမှာ မတူညီသော ဘာသာစကားများ အသုံးပြု၍ ရန်ဖြစ်နေကြပုံ ပေါက်၏။ ရံဖန်ရံခါတွင်တော့ သူတို့က တူညီသော ဘာသာစကားကို အသုံးပြု ကြပေလိမ့်မည်။

သူတို့ ဘေးတွင်တော့ ဖယ်ရီနှစ်ဦး ရှိနေသည်။ အဘိုးကြီးဂျွန်မှာ ဖယ်ရီများကို အရင်က မမြင်ဖူး ခဲ့သော်လည်း သူက ရုပ်ပုံများကို မြင်ဖူးပြီး၊ တခြား လူများထံမှလည်း ဖယ်ရီများ အကြောင်း ကြားဖူးသည်။ ဖယ်ရီများမှာ လူသားများ၏ ခိုင်မာသော မဟာမိတ်များ ဖြစ်ကြ၏။ သူတို့က ဒဏ္ဍာရီများနှင့် ဇာတ်လမ်းများစွာထဲတွင် ထွက်ပေါ် လာခဲ့ဖူးသည်။

အဘိုးကြီးဂျွန်နှင့် ရွာသားများမှာ ဂိမ်းမာများ အပေါ် ယခင်ကလောက် သတိမထား နေတော့ပေ။

အဘိုးကြီးဂျွန်၏ သတိထားနေမှုကို လုံးဝ ပယ်ပျောက်စေခဲ့သော အရာမှာတော့ လူဆိုးလေး သူ၏ အိတ်ကပ်ထဲမှ ထုတ်ယူခဲ့သော အဓိပ္ပာယ်ရှိသော အရာဝတ္ထု တစ်ခုပင်။

၎င်းမှာ သန့်စင်ထားသော ရွှေတုံးတစ်တုံး ဖြစ်၏။

"အာ၊ အဝေးက ဧည့်သည်တော်တို့၊ မင်းတို့ကို စောစော ထွက်မကြို ခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်။ စိတ်မပူပါနဲ့၊ ငါ ကျေးရွာက အလှဆုံး အမျိုးသမီးတွေကို ရှာပေးမယ်။ အဲ... ငါ ပြောချင်တာက အကြီးဆုံးအိမ်နဲ့ အရသာ အရှိဆုံး အစားအစာတွေ ရှာပေးမယ်လို့ပါ..." အဘိုးကြီးဂျွန်က စိတ်အားထက်သန်စွာ ပြောလိုက်သည်။

ရွာသားများကလည်း ချက်ချင်း သူ့ကို သတိလှမ်းပေးကြသည်။ "သူကြီး၊ ပိုက်ဆံကို အရင် သိမ်းထားလိုက်။ ပိုက်ဆံကို အရင်သိမ်း။"

အဘိုးကြီးဂျွန်က သတိပေးချက်ကို လိုက်နာသည်သာ။ သူက ရွှေတုံးကို တိုးတိုးတိတ်တိတ် လျင်မြန်စွာ သိမ်းဆည်းကာ သူ့ နောက်မှ ရွာသားများအား အော်ပြောလိုက်သည်။ "လမ်းဖယ်ပေးကြ၊ လမ်းဖယ်ပေးကြ။ သူတို့က ငါတို့ရဲ့ မိတ်ဆွေတွေပဲ၊ ရန်သူတွေ မဟုတ်ဘူး။"

အဘိုးကြီးဂျွန် နောက်မှ ရွာသားများကလည်း ဧည့်သည်များ အတွက် အလျင်အမြန် လမ်းဖယ် ျပေးခဲ့ကြသည်။

နဂါးမျိုးနွယ်သားနှင့် ဗစ်တိုးရီးယား မြို့သားများမှာ ပင်ပန်းနွမ်းနယ် နေခဲ့ကြလေပြီ။ သူတို့က အော့ဖ်လိုင်း ဆင်းရန် နေရာ တစ်ခု ရှာလိုက်သည်။

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း သူတို့က ပုံမှန်ထက် အလွန် ကြာမြင့်စွာ အွန်လိုင်းတက် နေခဲ့ကြရသည်။ ဤအထူးမစ်ရှင်ကြောင့် ဂိမ်းမာ အများစုမှာ သူတို့ ဆန္ဒရှိသည့်အတိုင်း အော့ဖ်လိုင်းဆင်း အနားယူနိုင်ခြင်း မရှိခဲ့ကြပေ။

အခုတော့ သူတို့ ဘေးကင်းမည့် ကျေးရွာ တစ်ခုကို ရှာတွေ့ခဲ့လေပြီ။ ဖြစ်နိုင်သည်မှာ သူတို့ ဤကျေးရွာတွင် တခြား ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင်များကိုပင် ဖြစ်ပေါ် စေနိုင်လောက်သည်။ အရေးကြီးဆုံးမှာ သူတို့ သူတို့၏ လက်ရှိ တည်နေရာကို သိရှိနိုင် ပေလိမ့်မည်။

...

အဘိုးကြီးဂျွန်မှာ အစပိုင်းတွင် ပျော်ရွှင် နေခဲ့သည်။

သူက ဤမွန်းစတားများ ကျေးရွာကို ဝင်တိုက်ခိုက်တော့မည်ဟု ထင်ခဲ့သောကြောင့် ရွာသားများအား ဇာတိမြေကို ကာကွယ်ရန် စုစည်းခဲ့သည်။ သို့သော် ရောက်လာသူများက အဘိုးကြီးဂျွန်အား သန့်စင်ထားသော ရွှေတုံး တစ်တုံး ပေးအပ် ခဲ့ကြသည်။ အဘိုးကြီးဂျွန်က ဝက်မကြီး တစ်ကောင်ကို အမဲဖျက်ပြီး ဝက်သားဘူဖေးဖြင့်ပင် ဧည့်ခံ ပေးခဲ့သည်။ သူက မနေ့က အစားမစားခဲ့ရသော ဧည့်သည်များ အာဟာရ ပြန်ဖြည့်တင်းနိုင်ရန် ကြက်ဥ ဥနေသော အိမ်ကြက်မကြီးကိုပင် သတ်ကာ ကြက်စွပ်ပြုတ် လုပ်ကျွေးခဲ့သည်။ ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများသည်လည်း သူတို့၏ အစားအစာကို ပျော်ရွှင်စွာ စားသောက် ခဲ့ကြသည်။ ထာဝရတိုင်းပြည်မှ ဂိမ်းမာများမှာမူ လယ်ထဲသို့ သွားရောက်ပြီး ရွှံ့စေး အချို့ကို ယူလာကာ ချက်ပြုတ် ခဲ့ကြသည်။ သူတို့ကတော့ အဘိုးကြီးဂျွန် ပြင်ဆင် ပေးထားသော ခမ်းနားသော စားသောက်ပွဲကို တစ်ချက်မျှပင် မကြည့်ကြပေ။

၎င်းမှာ ထူးဆန်းသော အရာတော့ မဟုတ်ခဲ့ပေ။ မည်သို့ဆိုဆို ကမ္ဘာကြီးက ကြီးမား ကျယ်ပြန့်လှ၏။ ထူးဆန်းသော အကြိုက်ရှိမည့် သတ္တဝါဆန်းများ ရှိနေမည်မှာလည်း သေချာသည်။

သို့သော် ထိုအရာမှာ အပြဿနာ အရှိဆုံးတော့ မဟုတ်ခဲ့ပေ။ ရောက်ပြီး တစ်ရက် အကြာတွင် ဖြစ်ပွားခဲ့သော အဖြစ်အပျက်ကသာ အဘိုးကြီးဂျွန်အား အပြင်းအထန် ခေါင်းကိုက် စေခဲ့သည်။

ကျေးရွာတွင် ဧည့်သည်များအဖြစ် ဆက်ဆံခြင်း ခံခဲ့ရသော ဂိမ်းမာများမှာ အစပိုင်းတွင် ခင်မင်ရင်းနှီးပြီး သာမန်အတိုင်းသာ ဖြစ်ခဲ့ကြသည်။ သို့သော် သူတို့၏ အပြုအမူမှာ အဆိုးဆုံးဘက်သို့ ပြောင်းလဲ သွားသည်။ အဘိုးကြီးဂျွန် အိမ်ထဲတွင် အိပ်စက်နေစဉ် အပြင်ဘက်မှ ကျယ်လောင်သော အသံများကို ကြားလိုက် ရသည်။

တစ်စုံတစ်ယောက် သူ၏ တံခါးကို ဖွင့်ရန် ကြိုးစားနေပြီး ဧည့်ခန်းဘက်တွင် ထိန်းထိန်းသိမ်းသိမ်း မရှိဘဲ လမ်းလျှောက်နေ သကဲ့သို့ တဒုန်းဒုန်း အသံမြည် နေခဲ့သည်။ အဘိုးကြီးဂျွန်က သူ၏ ဇနီး ထိတ်လန့်တကြား စိုက်ကြည့်နေစဉ် အိပ်ရာမှ ထလိုက်သည်။ အဘိုးကြီးဂျွန်က သစ်သား တုတ်တစ်ချောင်းကို လှမ်းယူကာ သူ၏ ဇနီးအား တိတ်တိတ်နေရန် အမူအရာ ပြလိုက်သည်။ ထို့နောက် သူက သူ့ဇနီးအား အတွင်းဘက်တွင် ပုန်းအောင်းနေရန် ဘေးမှ အခန်းကို ညွှန်ပြလိုက်သည်။

အဘိုးကြီးဂျွန်က တိတ်တဆိတ် ကိုယ်ကိုကုန်း၍ ထွက်သွားသည်။ သူ တံခါးဝသို့ ရောက်သော် သူ၏ ဧည့်ခန်းရှိ မီးအိမ် လင်းထိန်နေသည်ကို မြင်လိုက် ရသည်။ ယခုခေတ် သူခိုးများက ဤမျှတောင် ရဲရင့်ကြသလော။ အဘိုးကြီးဂျွန်မှာ ယင်းပုဂ္ဂိုလ်တို့က သူ၏ ဆွေမျိုးများ ဖြစ်လိမ့်မည်ဟု မထင်ပေ။ ဤကျေးရွာထဲတွင် ထိုသို့ သူ၏ အိမ်အတွင်းသို့ ဝင်ရောက်လာမည့် မည်သည့် ဆွေမျိုးမျှ မရှိပေ။

သူ အိပ်ခန်းမှ ထွက်လိုက်သော် အော့ခ်နှစ်ဦးနှင့် လူသားနှစ်ဦးက သူ၏ ပစ္စည်းများကို လုယက်နေသည်ကို အံ့ဩတကြီး မြင်လိုက်ရသည်။

သူတို့၏ ခေါင်းပေါ်တွင်မူ အစိမ်းရောင် သင်္ကေတများ ရှိနေကြသည်။ အကယ်၍ အဘိုးကြီးဂျွန်သာ တရုတ်စာ ဖတ်တတ်ခဲ့ပါက သူ တရုတ်စာလုံးများကို တွေ့ပေလိမ့်မည် -

ဂနိုင်သား၊ ရင်မွှေးမီးလောင်၊ လှံထိုးခံရသူနှင့် ဖျံခေါင်းလင်ချောင်း။

သူတို့ လေးဦးလုံးက အဘိုးကြီးဂျွန်အား မြင်ရသည်ကို အံ့ဩသွားခြင်း မရှိကြပေ။ လှံထိုးခံရသူက ရှေ့သို့ ထွက်လာပြီး အဘိုးကြီးဂျွန်အား ယဉ်ကျေးစွာ ပြောလိုက်သည်။ "မင်္ဂလာပါနော် သူကြီး၊ ငါတို့က မင်းရဲ့ ပစ္စည်းတွေကို ခိုးဖို့ ဒီရောက်လာတာ မဟုတ်ဘူး။ ကမ္ဘာကြီးကို ကယ်တင်ခဲ့တဲ့ စစ်သည်တော်တွေ အနေနဲ့ ငါတို့အတွက် အသုံးဝင်တဲ့ အရာတွေ ရှိ၊ မရှိ ကြည့်ရှုဖို့ ဒီကို လာခဲ့တာပါ။ ငါတို့ရဲ့ ဘဝက ဘေးအန္တရာယ်တွေနဲ့ ပြည့်နှက် နေတာမလို့ ငါတို့ မကြာမကြာ ဒဏ်ရာ ရတတ်ကြတယ်။ ပတ်တီးတွေ ဒါမှမဟုတ် လက်နက်တွေ ရှိရင် ငါတို့ အတွက် ပိုကောင်းတယ်။"

"ဘာ၊ မင်း ဘာပြောနေ တာလဲ။"

အဘိုးကြီးဂျွန်မှာ နားမလည်ပုံ ရ၏။ အမှန်တကယ်တွင်တော့ သူ ထိုစကားလုံးတိုင်းကို ကြားခဲ့သော်လည်း ထိုစကားလုံးများက အဓိပ္ပာယ် မရှိပေ။ သာမန် လူတစ်ဦးက ထိုသို့သော စကားမျိုးကို ပြောဆိုမည်လော။ ပုံမှန် လူတစ်ဦးက တခြား လူတစ်ဦး၏ အိမ်ထဲသို့ အသုံးဝင်သော ပစ္စည်းများ ရှာဖွေရန် ခိုးဝင်လာမည်လော။ လယ်ယာသုံး ကိရိယာများ၊ မျိုးစေ့များနှင့် တခြားသော အထွေထွေသုံး ပစ္စည်းများအပြင် အဘိုးကြီးဂျွန်တွင် မည်သည့်အရာများ ရှိနိုင်ဦးမည်နည်း။

ဂနိုင်သားမှာ စကားဆက်ပြောရန် ကြိုးစားနေသော်လည်း ဖျံခေါင်းလင်ချောင်းမှ သူ့ကို ဘေးသို့ တွန်းဖယ် လိုက်သည်။ ဖျံခေါင်းလင်ချောင်းက ဂနိုင်သားအား အသံတိုးတိုးဖြင့် မကျေမနပ် ပြောလိုက်သည်။ "မင်း ဘာပြောနေတာလဲဟ။ ဒီလောက် ဂိမ်းဆော့လာတာ ကြာပြီကို။ မင်း မင်းရဲ့ အခန်းကဏ္ဍမှာ ဘယ်လို နစ်မြောရမလဲဆိုတာ မသိသေးဘူးလား။ ငါ့ကို ပေးပြော။"

ဖျံခေါင်းလင်ချောင်းက အဘိုးကြီးဂျွန်ကို ကြည့်ကာ ယဉ်ကျေးစွာဖြင့် ပြောလိုက်သည်။ "တောင်းပန်ပါတယ် သူကြီး၊ ငါတို့မှာ မင်းရဲ့ အိမ်ထဲကို ကျူးကျော်ဝင်ရောက်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ငါတို့က မင်းရဲ့ တံခါးသော့မခတ် ထားဘဲ နည်းနည်း ဟနေတာကို တွေ့ခဲ့တယ်လေ။ ဒါကြောင့် ငါတို့က မင်းရဲ့ ဧည့်သည်တွေ အဖြစ်နဲ့ အိမ်ထဲက အလှဆင်ပစ္စည်းတွေကို ဝင်ကြည့်လို့ ရမယ်လို့ ထင်ခဲ့တာ။ တော်တော် သပ်ရပ်တယ်နော်။ ဟုတ်သား၊ မင်း အဲ့ဒီမှာ ရှိတဲ့ ပစ္စည်းတွေကို ရောင်းလား။"

ဖျံခေါင်းလင်ချောင်း အိမ်၏ ထောင့်ရှိ ကျောပိုးအိတ်ကြီး တစ်ခုကို ညွှန်ပြလိုက်သည်။ ထိုအရာမှာ အဘိုးကြီးဂျွန် အပြင်ထွက်သည့်အခါ အသုံးပြုသော အရာပင်။ တစ်ခါတစ်ရံတွင် အဘိုးကြီးဂျွန်က တောရိုင်းသားရဲကောင်များနှင့် မွန်းစတားများကို အမဲလိုက်ရာတွင် ကူညီပေးနိုင်သော စွန့်စားသူများကို ရှာဖွေရန် ရွာသား လူငယ်များ နှင့်အတူ အနီးအနားရှိ မြို့သို့ ခရီးထွက်ရတတ်သည်။ ၎င်းက တောရိုင်းသားရဲကောင်များနှင့် မွန်းစတားများ ရွာသားများကို တိုက်ခိုက်လာခြင်းမှ ကာကွယ် ပေးနိုင်ရန်ပင်။ ခရီးစဉ်မှာ ရှည်လျားလှ၏။ သူတို့က မြင်းလှည်း တစ်စီးဖြင့် ခရီးသွားလျှင်ပင် ရက်အနည်းငယ်မျှတော့ ကြာမြင့် ပေလိမ့်မည်။ သူ ပစ္စည်းများနှင့် ရိက္ခာခြောက်များကို ယူသွားရမည် ဖြစ်သောကြောင့် ကျောပိုးအိတ်ကြီး တစ်ခုမှာ မရှိမဖြစ် လိုအပ်သည်။

ဂိမ်းမာများအတွက်လည်း အဝတ်အစားများနှင့် ပစ္စည်း ကိရိယာများ အပြင် အရည်အသွေးမြင့် ကျောပိုးအိတ်ကြီး တစ်ခု ပိုင်ဆိုင်ရန်မှာလည်း အလွန် ဆွဲဆောင်မှု ရှိလှ၏။ ဂိမ်းမာများအနေဖြင့် မြို့ထဲတွင် ထိုသို့သော ကျောပိုးအိတ် တစ်ခု ဝယ်ယူနိုင်သည် မှန်သော်လည်း ၎င်းက ရှားပါသော ဈေးကြီးပစ္စည်း တစ်ခု ဖြစ်၏။ အကယ်၍ ဂိမ်းမာများက ရွာသားများအား တိုက်ရိုက် မေးဝယ်ပါက ၎င်းအား ဈေးနှုန်းသက်သာစွာဖြင့် ရနိုင်ပေသည်။

ရင်မွှေးမီးလောင်က ဖျံခေါင်းလင်ချောင်းအား မန်ဒရင်း ဘာသာစကားဖြင့် လှမ်းပြော လိုက်သည်။ "ဝါး၊ အဲ့လို မပြောနဲ့ဟ။ ငါတို့ ကျောပိုးအိတ်ကို အလကား ယူလို့ ရနေတာကို။ အခုကျ ငါတို့ အဲ့ဒါကို ငွေပေး ဝယ်ရတော့မယ်။"

"ငါတို့ ဒီဂိမ်းထဲမှာ တခြား လူတွေရဲ့ ပစ္စည်းတွေကို သွားလုယူလို့ မရဘူး။ ငါတို့ ခွင့်ပြုချက် မရှိဘဲ အိမ်ထဲ မဝင်လိုက်သင့်ဘူး။ ငါ မင်းကို အပြင်မှာ ပြောခဲ့သား၊ မင်းမှ နားမထောင်တာ။" ဖျံခေါင်းလင်ချောင်း ရင်မွှေးမီးလောင်အား မန်ဒရင်း ဘာသာစကားဖြင့် ပြန်တုန့်ပြန်လိုက်သည်။

"ရဲရင့်တဲ့ စစ်သည်တော်တွေ အနေနဲ့ ငါတို့က ဘာဖြစ်လို့ တခြား လူတွေရဲ့ ပစ္စည်းတွေကို မလုယူ နိုင်ရမှာလဲ။ ဒါက ငါတို့ရဲ့ စည်းမျဉ်းတွေနဲ့ မကိုက်ညီနေဘူး။ ငါ ကွန်ပလိန်း တက်ဖို့ ဖိုရမ်ကို သွားတော့မယ်။" ဂနိုင်သားက ပြုံးရင်း ပြောလိုက်သည်။ သူ့တွင် တိုင်ကြားရန် ရည်ရွယ်ချက် မရှိသောကြောင့် သူ ရွှတ်နောက်တောက် ပြောလိုက်သည်။ သူ ဟာသလုပ် နေခြင်းသာ ဖြစ်၏။

အဘိုးကြီးဂျွန်မှာ သူတို့ စကားကို နားမလည် နိုင်ခဲ့သော်လည်း သူတို့၏ အပြုံးများကို ကြည့်ရင်း သူတို့၌ ရည်ရွယ်ချက်ကောင်း မရှိဟု ခံစားရသည်။ အဘိုးကြီးဂျွန်မှာ စိုးရိမ်စိတ် ဝင်လာသဖြင့် သူတို့ကို အပြစ်မလုပ်မိ စေလိုခဲ့ပေ။ အကယ်၍ သူတို့က ငွေကြေးချမ်းသာပြီး ကျောပိုးအိတ်ကို လိုချင်သည် ဆိုပါက သူ သူတို့ကို ရောင်းချပေး ပေလိမ့်မည်။ သူ လက်ချောင်း တစ်ချောင်း‌ ထောင်ပြလိုက်သည်။

"ငါ ဒါကို ကြေးဒင်္ဂါး ၁၀ ပြားနဲ့ ရောင်းပေးမယ်။"

လှံထိုးခံရသူနှင့် ဖျံခေါင်းလင်ချောင်းတို့မှာ အံ့ဩ သွားခဲ့ကြသည်။ ထို့နောက် သူတို့ အော်ဟစ် လိုက်ကြသည်။ "သောက်ကျိုးနည်းပဲဟေ့၊ ယော့ခ်နယ်မြေက ကျောပိုးအိတ် ကုန်သည်က သောက်ရမ်း အမြတ်ကြီး စားထားတာ။"

All Chapters