← Chapters

ဝန်ထမ်းညီလာခံ ပထမပိုင်း

Vol. 36 Ch. 538

ဝန်ထမ်းညီလာခံ ပထမပိုင်း

Vol. 36 Ch. 538

ဘုရင်အာလူး ၂မှာ နတ်ဘုရား တိုင်းပြည်၏ အုပ်ချုပ်သူ ဖြစ်၏။ သူက အရပ်ရှည်ပြီး အားကောင်းလှ၏။ သူ ငယ်ရွယ်စဉ် အခါကဆိုလျှင် တခြားသော တော်ဝင်သူကောင်းမျိုးများ ကဲ့သို့ပင် ပညာရပ် နယ်ပယ်အားလုံးအား ပင်ပင်ပန်းပန်း လေ့လာသင်ယူ ခဲ့ရသည်။

သို့သော် ထိုပညာရပ်များက သူ၏ စိတ်ခံစားချက်များကို ထိန်းချုပ် နိုင်ရန်တော့ မသင်ကြား ပေးခဲ့ပေ။ တခြားသူများ အတွက် ဘုရင်အာလူး ၂မှာ စိတ်တိုလွယ်သူ တစ်ဦး ဖြစ်၏။

သူ နေ့စဉ်လိုလို ဒေါသထွက်တတ်ပြီး ယနေ့ အဖြစ်အပျက်မှာမူ သူ့ကို အလွန် အမျက်ထွက်စေခဲ့သည်။

"သောက်ကျိုးနည်းပဲဟေ၊ ဘာဖြစ်နေတာလဲ။" ဘုရင်အာလူး ၂က ဒေါသတကြီး ဟိန်းဟောက်ရင်း ပန်းအိုး တစ်လုံးကို ကြမ်းပြင်ပေါ်သို့ ရိုက်ခွဲ လိုက်သည်။ ကျိုးပဲ့သွားသော အစအနများက နေရာအနှံ့ ပြန့်ကျဲ သွားသည်။

ဘုရင်အာလူး ၂၏ ရှေ့တွင်မူ ကြီးမားသော မျက်နှာပြင်ပါ မှော်ဖန်လုံး တစ်လုံး ရှိနေသည်။ မှော်ဖန်လုံးကို မှော်ဖန်လုံး အတွင်းမှ ပုံရိပ်များကို ထိန်းသိမ်း ပြသထားနိုင်ရန် သူတို့၏ မာနာစွမ်းအင်ဖြင့် ထောက်ပံ့ပေးထားသော ဝတ်ရုံဝတ် မှော်ဆရာများက ဝန်းရံ ထားခဲ့ကြသည်။

ရှေးအခါက လူသားများမှာ မာနာစွမ်းအင်ကို ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ကြပေ။ မိုက်ကယ်အိန်ဂျယ်လိုက သူ၏ နတ်ဆိုးစစ်တပ် နှင့်အတူ မြေပေါ်ကမ္ဘာကို ကျူးကျော်လာသည့် အခါမှသာ လူသားများက မြင့်မြတ်သော အလင်းတန်း စွမ်းအားနှင့် မှော်နက်ပညာရပ်ကို ကျွမ်းကျင် ခဲ့ကြသည်။

ဤမှော်နက်ပညာရပ်မှာ ဆိုးယုတ်၊ မဆိုးယုတ်ကို လူအများစုက ထည့်သွင်း စဉ်းစားခြင်း မရှိကြပေ။ ယင်း၏ မာနာစွမ်းအင် အစွမ်းအစမှာ အသုံးပြုရ အဆင်ပြေသော်လည်း မြင့်မြတ်သော အလင်းတန်း စွမ်းအားထက်တော့ အဆင့်နိမ့်သည်။

ဘုရင်အာလူး ၂၏ ရှေ့မှ မှော်ဖန်လုံးတွင် ဗိုလ်ချုပ်ရှီဒန်၏ ပင်ပန်းနွမ်းနယ်နေသော မျက်နှာကို ဖော်ပြနေပြီး သူက ဗစ်တိုးရီးယား မြို့သားများကို တိုက်ခိုက်ခြင်းနှင့် ဖယ်ရီမလေး မင်းသမီးကို ကယ်တင်ခြင်းတို့တွင် သူ၏ ကျရှုံးမှုကို သတင်းပို့ ခဲ့သည်။ သူက သူ၏ မကျေနပ်မှုများကို ပြသရန် ကြိုးစားပြီး ထိခိုက်သေဆုံးမှု နှုန်းကို အနိမ့်ဆုံးသို့ လျှော့၍ သတင်းပို့ ခဲ့သော်လည်း ၎င်းသည်ပင် ဘုရင်အာလူး ၂အတွက် အလွန် ဆိုးရွားသော သတင်းဆိုး တစ်ခု ဖြစ်နေ၏။

ဗစ်တိုးရီးယားမြို့နှင့် တိုက်ခိုက် နေသည်လော။ ဘုရင်အာလူး ၂က သူ့စစ်တပ်ကို ဗစ်တိုးရီးယားမြို့နှင့် စစ်မက်ဖြစ်ပွားရန် မည်သည့် အချိန်က အမိန့်ပေး မိခဲ့သနည်း။

ဗစ်တိုးရီးယား မြို့သားများက နတ်ဘုရား တိုင်းပြည်နှင့် တိုက်ခိုက်ခဲ့ပြီး မြို့စား တစ်ဦးကို သတ်ဖြတ်ခဲ့သည် မှန်သော်လည်း သူတို့က မြေအောက်လောက သတ္တဝါများကို ခုခံ တိုက်ခိုက် နေကြဆဲပင်။

"အရှင်မင်းကြီး၊ ကျွန်တော်မျိုး ဗစ်တိုးရီးယား မြို့သားတွေကို တိုက်ခိုက်ခဲ့တာက အကြောင်းရင်း ရှိပါတယ်။ သူတို့က ကျွန်တော်တို့ကို သစ္စာဖောက်ပြီး မြေအောက်လောက သတ္တဝါတွေနဲ့ ပူးပေါင်း ကြံစည် နေခဲ့ကြတာပါ။ ကျွန်တော်မျိုးမှာ သက်သေ တစ်ယောက် ရှိပါတယ်။"

ဗိုလ်ချုပ်ရှီဒန်က စိတ်လှုပ်ရှားစွာ အော်ခေါ်လိုက်သည်။ ထို့နောက်တွင်မူ ခေါင်းပေါ်တွင် အစိမ်းရောင် သင်္ကေတများ ရှိသော အက်လ်ဖ် တစ်ဦးကို ဆွဲခေါ် လာခဲ့သည်။ ထိုအက်လ်ဖ်မှာ စိတ်လှုပ်ရှား နေပုံရသော်လည်း သူ့ အပြုအမူက တည်ငြိမ် နေသည်။ သူက မှော်ဖန်လုံးရှိ ဘုရင်အာလူး ၂ အား ပြောလိုက်သည်။ "ဗိုလ်ချုပ်ရှီဒန်က နတ်ဘုရား တိုင်းပြည်နဲ့ လူသားတွေအပေါ် သစ္စာစောင့်သိခဲ့တယ် ဆိုတာကို ကျွန်တော် အာမခံ ပေးနိုင်ပါတယ်။ ဗစ်တိုးရီးယား မြို့သားတွေကိုက စာရိတ္တ ပျက်ပြား နေခဲ့ကြတာပါ။ သူတို့က ထာဝရဝက်တွေဆီမှာ လက်နက်ချ ခဲ့ပါတယ်။ အထူးသဖြင့် လူဆိုးလေးနဲ့ နဂါးမျိုးနွယ်သားတို့က ထာဝရဝက်တွေကို ကူညီ ပေးခဲ့ပါတယ်။ ကျွန်တော်ဆို အမှောင်ဝင်ပေါက်မှာ ပစ္စည်း ကိရိယာ နှစ်စုံစာ ဆုံးရှုံးခဲ့ရတယ်။ ဒါက တော်တော် ဒေါသထွက်စရာ ကောင်းတယ်ဗျ။"

အက်လ်ဖ်မှာ ဒေါသထွက်နေပုံ ရ၏။ သို့သော် ဘုရင်အာလူး ၂မှာမူ ဗိုလ်ချုပ်ရှီဒန်နှင့် ဤအက်လ်ဖ်၏ စကားများ နားထောင်ပြီးသည့်တိုင် ဗစ်တိုးရီးယား မြို့သားများကို အဘယ်ကြောင့် တိုက်ခိုက်ခဲ့ရသည်ကို နားမလည် နိုင်သေးပေ။

"ဒါက အားလုံး မဟုတ်သေးပါဘူး အရှင်မင်းကြီး။ ဗစ်တိုးရီးယား မြို့သားတွေ ကျူးလွန်ခဲ့တဲ့ အပြစ်တွေကို သုံးရက်သုံးည စာရင်းပြုစုလို့တောင် မကုန်နိုင်ပါဘူး။ ဗစ်တိုးရီးယားမြို့ကို ဝင်တိုက်ခိုက်တာက ဘုရားကျောင်းတော်ကို ရန်ငြိုးဖွဲ့စေလိမ့်မယ် ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ကျွန်တော့်စကားကို ယုံကြည်ပေးပါ၊ ကျွန်တော် ဘုရားကျောင်းတော်ကို ကိုယ်တိုင်ကိုယ်ကျ ရှင်းပြပြီး ဒီကိစ္စကို အသေးစိတ် စုံစမ်း စစ်ဆေး ခိုင်းပါ့မယ်။ အဲ့ဒီအခါကျ အရှင် ကျွန်တော့်ကို နားလည် လာပါလိမ့်မယ်။"

ဗိုလ်ချုပ်ရှီဒန်၏ အပြောမှာ စိတ်ရင်းမှန်ပြီး လေးစားပုံ ရသော်လည်း ဘုရင်အာလူး ၂မှာ သူ၏ အပြောသက်သက်ဖြင့် ပြန်ခွင့်မလွှတ်နိုင်ပေ။

"မင်း စစ်တပ်ရဲ့ ကျန်တဲ့ အစိတ်အပိုင်းကို ပြန်ခေါ်လာရင် ငါ မင်းကို ဆုချီးမြှင့် ပေးမယ်။"

ဘုရင်အာလူး ၂က "ကျန်တဲ့" ဟူသော စကားလုံးကို အလေးပေး၍ ပြောခဲ့သည်။ ဘုရင်အာလူး ၂က ဆက်သွယ်ရေး လမ်းကြောင်းကို ဖြတ်တောက်ရန် ပြင်လိုက်စဉ် ဗိုလ်ချုပ်ရှီဒန်က ကြောက်ရွံ့စွာ အော်ပြောလိုက်သည်။ "အရှင်မင်းကြီး။ အရှင်မင်းကြီး။ ကျွန်တော် အရှင့်ကို အခြား ကိစ္စရပ် တစ်ခု သတင်းပို့စရာ ရှိပါသေးတယ်။"

"ဒါက ဘာလဲ။ မင်းက ဖယ်ရီတွေ ငါတို့အပေါ် စစ်ကြေညာလိုက်ပြီး ငါတို့နဲ့ စစ်မက်ဖြစ်ပွားဖို့ ပြင်ဆင်နေတယ်လို့ ပြောချင်တာလား။ မင်းရဲ့ သူတို့ မင်းသမီးအပေါ် ဉာဏ်မရှိတဲ့ မိုက်မိုက်မဲမဲ ဝင်တိုက်ခိုက်မှု အကြောင်းကို ပြောဦးမလား။"

ဘုရင်အာလူး ၂ နှာခေါင်းရှုံ့ လိုက်သော်လည်း ဗိုလ်ချုပ်ရှီဒန်မှာ ဂရုမစိုက်ခဲ့ပေ။ သူက ပြောလိုက်သည်။ "အရှင်မင်းကြီး၊ ကျွန်တော် ကျွန်တော်တို့ရဲ့ ဝိုင်ဗန် နဂါးငယ်လေးကို ခိုးသွားတဲ့လူကို ရှာတွေ့ပါပြီ။"

"မင်း ဘာပြောလိုက်တာလဲ။"

ဘုရင်အာလူး ၂က ခေါင်းလှည့်ကာ မှော်ဖန်လုံးရှိ ဗိုလ်ချုပ်ရှီဒန်ကို စိုက်ကြည့်လိုက်သည်။ ဗိုလ်ချုပ်ရှီဒန်က လေးနက်စွာ ဆက်ပြောသည်။ "အဲ့ဒါက နဂါးမျိုးနွယ်သားလို့ ခေါ်တဲ့ ဗစ်တိုးရီးယား မြို့သားပဲ။"

...

ဥမင်လိုဏ်ခေါင်း၏ ဘေးနှစ်ဖက်တွင် မှိန်ဖျော့ဖျော့ အလင်းရောင် ထွက်နေသော နွယ်ပင်များ ရှိနေသည်။ ဂိမ်းမာများ၏ မီးညှိထားသော ရေနံဆီ မီးတုတ်များလည်း ရှိနေသည်။

မြေအောက်လောကတွင် မှော်မီးအိမ်များ အသုံးပြုခြင်းမှာ သာမန် ဖြစ်သော်လည်း ဂိမ်းမာများမှာ မီးတုတ်များကို အသုံး ပြုနေဆဲပင်။ ဝန်ထမ်း များစွာ ဤမေးခွန်းကို မေးခွန်းထုတ်ခဲ့ရာ အရှင်ရှားလော့ခ်က ပြန်ဖြေဖူးသည်။ "ငါတို့ မာနာစွမ်းအင်ကို ချွေတာ သုံးတာက ပိုမကောင်းဘူးလား။ မာနာစွမ်းအင် ညစ်ညမ်းမှုက ပိုဆိုးရွားလာနေပြီလေ။ ငါတို့ မာနာစွမ်းအင် နည်းနည်း သုံးရင် လျှပ်စစ်ဓာတ်အား နည်းနည်း သုံးရတယ်။ ငါတို့ရဲ့ ကျန်းမာရေး အတွက် ငါတို့ရဲ့ ကနဦး ဘဝနေထိုင်မှု ပုံစံအတိုင်း ပြန်နေထိုင်တာက ပိုကောင်းတယ်။"

ထိုအရာမှာ အရှင်ရှားလော့ခ်၏ ပေါပေါပဲပဲ အကြောင်းပြချက် တစ်ခု ဖြစ်၏။

မိုရိုးစ်မှာ အရှင်ရှားလော့ခ် ဘာပဲပြောပြော စိတ်မဝင်စားပေ။ သူ့အတွက် အရှင်ရှားလော့ခ်မှာ အားအကောင်းဆုံးနှင့် အစွမ်းအထက်ဆုံး အထက်တန်းစား နတ်ဆိုး တစ်ပါး ဖြစ်၏။ အရှင်ရှားလော့ခ်မှာ သူ၏ ရန်သူများအပေါ်တွင် မြောက်ပိုင်း ဆောင်းရာသီကဲ့သို့ အလွန် ကြမ်းတမ်း ခက်ထန်ပြီး သူငယ်ချင်း မိတ်ဆွေများ အပေါ်တွင်မူ နှောင်းပိုင်း ဆောင်းဦးရာသီ ကဲ့သို့ တစ်ဝက်တစ်ပျက်မျှသာ အေးစက်တတ်သည်။

မိုရိုးစ်မှာ ထိုသို့သော အထူး အစွမ်းထက်သော အထက်တန်းစား နတ်ဆိုး တစ်ပါးနှင့် ဘယ်တုန်းကမှ မကြုံတွေ့ ခဲ့ရဖူးပေ။

ရှားလော့ခ်တွင် လျှို့ဝှက် ဆန်းကြယ်ပြီး အားကောင်းသော နောက်ခံ တစ်ခု ရှိနေသည်။ သူက သူ၏ နိုင်ငံသားများကိုလည်း မျက်စိတစ်မှိတ်အတွင်း ပြန်လည် ရှင်သန် စေနိုင်သည်။ သူတို့၏ အလောင်းများ ဆုံးရှုံးရသွားလျှင်ပင် ရှားလော့ခ်က သူတို့အတွက် ခန္ဓာကိုယ်များ ပြန်ဖန်တီး ပေးနိုင်သည်။ လူသစ် တိုက်ခိုက်ရေး သင်တန်းဆရာ တစ်ဦး အနေဖြင့် ၎င်းမှာ သူ့အတွက် နိုင်ငံသားများ၏ ဖုတ်ကောင်ကဲ့သို့သော စွမ်းရည်ကို ပထမဆုံး အကြိမ် မြင်တွေ့ဖူးခြင်း မဟုတ်ပေ။

မိုရိုးစ်မှာ အလုပ်မှ ထုတ်ပယ်ခံရပြီး နောက်တွင် တည်ငြိမ်သော အလုပ်အကိုင် တစ်ခု ထပ်ရှာဖွေပြီး သူ့မိသားစုကို ထောက်ပံ့ပေးနိုင်ကြောင်း ဇနီးဖြစ်သူအား သက်သေပြရန် ထာဝရတိုင်းပြည်သို့ ရောက်လာခဲ့ခြင်း ဖြစ်၏။ မိုရိုးစ်က အရှင်ရှားလော့ခ် အတွက် သစ္စာရှိစွာဖြင့် အလုပ်,လုပ် လိုခဲ့သည်။ သူက အရှင်ရှားလော့ခ်နှင့် ဝိညာဉ်စာချုပ် တစ်ခုပင် ချုပ်ဆို လိုခဲ့သည်။

ထို့နောက် မိုရိုးစ်မှာ ထာဝရတိုင်းပြည်မှ နိုင်ငံသားများ ကဲ့သို့ ထာဝရအသက်ကို ရရှိလာ ပေလိမ့်မည်။

သူ နောက်ဆုံးတွင် ဤဒန်ဂျင်ကို အဘယ်ကြောင့် ထာဝရတိုင်းပြည်ဟု ခေါ်ဆိုရသည်ကို သဘောပေါက် သွားလေပြီ။

မိုရိုးစ်က သူ၏ စိတ်ကူးစိတ်သန်းများကို အထိန်းအကွပ်မဲ့ လွှတ်ထားလိုက်သည်။ ဘီတာစမ်းသပ်မှုမှာ လပေါင်း များစွာ ကြာခဲ့သည်။ ဂိမ်းမာများမှာ လေ့ကျင့်မှု အတွက် မိုရိုးစ်ကို ရှာဖွေနေကြဆဲ ဖြစ်သော်လည်း အရေအတွက်မှာတော့ သိသိသာသာ လျော့နည်း သွားလေပြီ။

၎င်းမှာ ဂိမ်းမာများက တိုက်ခိုက်ရေး စွမ်းရည်များကို ကျွမ်းကျင် သွားသောကြောင့် မဟုတ်ဘဲ ဂိမ်းမာများအတွက် ဆရာ-တပည့်စနစ်ဟု ခေါ်သော လေ့ကျင့်ရေး စနစ် အသစ် တစ်ခု တီထွင်ပေးခဲ့သောကြောင့်ပင်။

စနစ်အသစ်မှာ ငွေကုန်ကြေးကျ နည်းပါးပြီး မိုရိုးစ်ကဲ့သို့ ဂိမ်းမာပေါင်း များစွာနှင့် စုပေါင်း လေ့လာရသည် မဟုတ်သောကြောင့် လေ့ကျင့်မှု ရလာဒ် ပိုကောင်းခဲ့သည်။

"မိုရိုးစ်။ အစည်းအဝေး တက်ဖို့ လာပါဦး။" ကြက်ဥခေါင်းက အဝေးမှ အော်ခေါ် လိုက်သည်။

All Chapters