← Chapters

မင်းသမီးကို ကယ်တင်ခြင်း

Vol. 36 Ch. 528

မင်းသမီးကို ကယ်တင်ခြင်း

Vol. 36 Ch. 528

ဖယ်ရီမလေးမှာ ဖရန်ဂျီပန်နီ ရှားလော့ခ်နှင့် ပူးပေါင်း ကြံစည်နေသည်ဟုသာ ထင်နေသည်။ ဖရန်ဂျီပန်နီ သူမ၏ အတွေးများကို နားလည်ပြီး ရှင်းပြသည်။ "မင်း ငါ့ကို ယုံကြည်ပေးဖို့ ခက်တယ် ဆိုတာ ငါ သိတယ်၊ ဒါပေမဲ့ ငါ အဲ့ဒီ ဆိုးယုတ်တဲ့ ရှားလော့ခ်နဲ့ ပူးပေါင်း ကြံစည်နေတာ တကယ် မဟုတ်ဘူး။ ငါ သူ့ကို အရိုးထဲကနေ မုန်းတာ။ ဖြစ်နိုင်ရင် ငါ သူ့ကို အပိုင်းပိုင်း ဖြတ်ပစ်ချင်တယ်။"

"ငါ နင့်ကို ယုံပေးလိမ့်မယ်လို့ နင် ထင်လား။ နင်က လူတိုင်းရှေ့မှာ ငါ့ကို အရှက်ခွဲဖို့ ကြိုးစား နေတာလား။ သူတို့လည်း ငါ့ကို လှည့်စားဖို့ ကြိုးစား နေကြတာမလား။" ဖယ်ရီမလေးက စိတ်မရှည်စွာ ပြောလိုက်သည်။ သူမ လှည့်ကာ သစ်ပင်အိမ် အတွင်းသို့ ပြန်ဝင်ရောက်ရန် လုပ်တော့သည်။

ထိုအချိန်တွင်ပင် ဖရန်ဂျီပန်နီက ပြောလိုက်၏။ "ပြန်ဝင်သွားလိုက် သနားစရာ ဖယ်ရီမလေး။ မင်း သစ်ပင်အိမ်ထဲကို ဒီတစ်ခေါက် ဝင်သွားရင် မင်း ထာဝရတိုင်းပြည်ကနေ ဘယ်တော့မှ ထပ်ထွက်ပြေးနိုင်တော့မှာ မဟုတ်ဘူး။ မင်းက အဲ့ဒီသစ်ပင်အိမ် သေးသေးလေးထဲမှာ တစ်သက်လုံး နေနေရလိမ့်မယ်။"

ထိုစကားလုံးများမှာ ဖယ်ရီမလေး၏ နှလုံးသားထဲသို့ နက်ရှိုင်းစွာ ထိမှန်သွားပြီး သူမ ခြေလှမ်းများ နှေးကွေး သွားခဲ့သည်။ ထို့နောက် သူမ ခေါင်းလှည့်ကာ ဖရန်ဂျီပန်နီကို စူးရှစွာ ကြည့်ရင်း ပြောလိုက်သည်။ "နင် ငါ့ကို လှည့်စားရဲရင် ငါ နင့်ကို သတ်မယ်။"

ဖရန်ဂျီပန်နီကမူ ယုံကြည်ချက် ရှိစွာ ပြုံးလိုက်တော့သည်။

...

ဖယ်ရီမလေးမှာ ဖရန်ဂျီပန်နီ နှင့်အတူ ထွက်ပြေးရန် သဘောတူခဲ့သည်။ ဤသည်မှာ လျှို့ဝှက်ချက် မဟုတ်နေပေ။ အကြောင်းမှာ ဂိမ်းမာများက ဖရန်ဂျီပန်နီနှင့် ဖယ်ရီမလေးတို့ ကြားမှ စကားဝိုင်းကို ကိုယ်တွေ့ မြင်ခဲ့သော ကြောင့်ပင်။

ဖယ်ရီမလေးက သူတို့ကို မယုံသောကြောင့် ဂိမ်းမာ အနည်းငယ်မျှသာ ထွက်ပြေးခြင်းမစ်ရှင်တွင် ပါဝင်ခွင့် ရနိုင်ခဲ့ကြသည်။

ဖရန်ဂျီပန်နီမှာလည်း ဂိမ်းမာခပ်များများ ပါဝင်ရန် ဖိတ်ခေါ်ခဲ့ခြင်း မရှိခဲ့ပေ။ ဂိမ်းမာ အနည်းငယ်သာ ပါခြင်းက ပိုကောင်းသည်။ ရွေးချယ်ခံရသောဂိမ်းမာ တစ်ဦးစီတိုင်းမှာ အကောင်းဆုံးထဲမှ အကောင်းဆုံး ဖြစ်ပြီး သူက ထာဝရတိုင်းပြည် အကြောင်း ရင်းရင်းနှီးနှီး သိနေသည်။

ဂိမ်းမာ ခြောက်ဦးသာ ပါခွင့်ရခဲ့သည်။

သူတို့က အာသာ၊ ဘောင်းဘီမဝတ်သူ၊ ဆယ်ဗားနပ်စ်၊ ဂနိုင်သား၊ ရင်မွှေးမီးလောင်နှင့် မိုးလက်ဖက်ရည်တို့ ဖြစ်ကြ၏။ မိုးလက်ဖက်ရည်မှာမူ ဖယ်ရီမလေးမှ သီးသန့် ရွေးချယ်ပေးခြင်း ခံခဲ့ရသည်။

ဖယ်ရီမလေးက ပြောလိုက်သည်။ "မိုးလက်ဖက်ရည်၊ နင်က ကြင်နာတဲ့ ဂိုဘလင် တစ်ယောက်ဆိုတာ ငါ သိတယ်။ နင်က ဂိုဘလင် တစ်ယောက် ဖြစ်နေပေမဲ့ နင်စရိုက်က ဖယ်ရီ တစ်ယောက်နဲ့ ပိုတူတယ်။ နင်က သစ်တောထဲမှာ လာနေသင့်တာ၊ ဒီဆိုးယုတ်တဲ့ ဒန်ဂျင်ထဲမှာ မနေသင့်ဘူး။ ငါ နင်ကို အတူ ခေါ်သွားမယ်လေ။ ငါနဲ့ အတူ လိုက်ခဲ့ပါ။"

မိုးလက်ဖက်ရည်မှာ ထာဝရတိုင်းပြည်မှ စွန့်ခွာရန် ရည်ရွယ်ချက် မရှိသော်လည်း သူမသာ ဖယ်ရီမလေးအား ဒန်ဂျင်မှ ထွက်ပြေးရန် ကူညီပေးနိုင်ပါက သူမ ကူညီပေးရန် ဆန္ဒရှိသည်။ မိုးလက်ဖက်ရည်မှာ ဤဒန်ဂျင်ကို ချစ်ခြင်းမေတ္တာများဖြင့် ပြည့်နှက်နေသည်ဟု ခံစားရသော်လည်း ဖယ်ရီမလေး အတွက်မူ ၎င်းမှာ မှောင်မိုက်ပြီး ကြောက်မက်ဖွယ် ကောင်းသည့် နေရာ တစ်ခုသာ ဖြစ်၏။ မြေပေါ်ကမ္ဘာသည်သာ ဖယ်ရီမလေး အတွက် ပိုသင့်တော်ခဲ့သည်။

ထွက်ပြေးခြင်း အစီအစဉ်မှာလည်း ရိုးရှင်းလှ၏။

ပထမအဆင့် - ထာဝရတိုင်းပြည်မှ ထွက်ခွာပါ။

ဒုတိယအဆင့် - ဖယ်ရီမလေးအား သူမ၏ အဖော်များကို ရှာဖွေရာတွင် ကူညီပါ။

တတိယအဆင့် - ထာဝရတိုင်းပြည်ကို ပြန်လည် တိုက်ခိုက်ပြီး ရှားလော့ခ်ကို အရှင် ဖမ်းဆီးပါ။

ယခင်က ဖယ်ရီမလေးမှာ သံသယ ဝင်နေ ခဲ့သော်လည်း ဖရန်ဂျီပန်နီ၏ အစီအစဉ်ကို ကြားရပြီးနောက်တွင်မူ သူမက ထိုအစီအစဉ်တို့မှာ ပြစ်ချက်ကင်းသည်ဟု ထင်သည်။ သူမက သူတို့အကြံအစည် အောင်မြင် လိမ့်မည်ဟု ခံစားရ၏။ အကယ်၍ သူမသာ ဖရန်ဂျီပန်နီနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ပါက သူမ ထာဝရတိုင်းပြည်မှ ထွက်ပြေး လွတ်မြောက်နိုင်ပြီး ရှားလော့ခ်ကို ပြန်ဖမ်းဆီးကာ လက်စားချေနိုင် ပေလိမ့်မည်။ ထို့နောက်တွင်မူ ရှားလော့ခ်က သူ့အပြစ်များကို ဆေးကြောရန် သူမ၏ ဇာတိမြေတွင် အတင်းအကျပ် ဆေးပင်များ စိုက်ပျိုးရန် စေခိုင်းခြင်း ခံရ ပေလိမ့်မည်။

ထိုအရာမှာ ဖယ်ရီမလေး ထင်မှတ်ခဲ့သော အရာပင်။

အစီအစဉ်မှာ လျင်မြန်စွာဖြင့် အကောင်အထည် ဖော်ခဲ့သည်။ ဂိမ်းမာ များစွာက သူတို့၏ ထွက်ပြေးခြင်း အစီအစဉ်ကို သိခဲ့ကြပြီး အချို့ဂိမ်းမာများက ရှားလော့ခ်အား သွားရောက်၍ အကြောင်းကြား ခဲ့သော်လည်း ရှားလော့ခ်မှာမူ ထိုထွက်ပြေးခြင်း အစီအစဉ်ကို တားဆီးရန် ဘာမှ မလုပ်ခဲ့ပေ။ ယင်းအစား သူက ဂိမ်းမာများအား ပြန်ပြောလိုက်သည်။ "မဖြစ်နိုင်ဘူး။ ငါ ဖရန်ဂျီပန်နီနဲ့ ဖယ်ရီမလေးက ထာဝရတိုင်းပြည်ကို သစ္စာဖောက်မှာ မဟုတ်ဘူးလို့ ယုံကြည်တယ်။ ထပ်မပြောနဲ့တော့။"

ဂိမ်းမာများ တံခါးကို ဇွဲကြီးစွာ ခေါက်နေခဲ့ကြသော်လည်း ရှားလော့ခ် ဖွင့်ပေးလိမ့်မည် မဟုတ်ပေ။ သူ့တ္ငင် ဂိမ်းမာများနှင့် စကားပြောရန် ရည်ရွယ်ချက် မရှိပေ။

ကိစ္စများမှာ အလွန် ထူးဆန်း လာခဲ့သည်။ ဖယ်ရီမလေး၊ ဖရန်ဂျီပန်နီနှင့် ဂိမ်းမာ အနည်းငယ်က ထွက်ပေါက်ဆီသို့ လမ်းလျှောက် သွားခဲ့ကြသည်။ ထာဝရတိုင်းပြည်မှာ လုံခြုံရေးဇုန် တစ်ခု ဖြစ်နေသောကြောင့် တခြား ဂိမ်းမာများက သူတို့ကို တားဆီးခြင်း သို့မဟုတ် ဝင်တိုက်ခိုက်နိုင်ခြင်း မရှိပေ။ သူတို့ အရှင်ရှားလော့ခ်ဆီသို့ သွားရောက် အကြောင်းကြားခဲ့လျှင်ပင် သူက ဂရုမစိုက်ပေ။ တခြား အမ်ပီစီများအား ပြောပြသည့် အခါတွင်လည်း သူတို့က ပုံမှန်အတိုင်းသာ ပြန်တုန့်ပြန်ကြသည်။

ဆင်းဘမှာ တိုင်တစ်တိုင်ကို မှီကာ သူ၏ သတ္တုဆေးတံကို သောက်သုံး နေခဲ့သည်။ သူက သူ၏ ဝမ်းကွဲ မုဖာဆာနှင့် စကားပြောဆိုရင်း ထိုဖြစ်ရပ်ကို ကြည့်ရှု နေသည်။

ဖိုးဉာဏ်ကျယ်ကမူ သူတို့ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။ "ပုံမှန်ပဲ မဟုတ်ဘူးလား။ ဒါက ဘယ်လိုလုပ် ထွက်ပြေးနေတာ ဖြစ်နိုင်မှာလဲ။ သူတို့က လေ့လာရေး ခရီးထွက် နေကြတာ သက်သက်ပဲ။ ဒီလိုကိစ္စတွေနဲ့ ငါ့ကို လာမနှောင့်ယှက်နဲ့။ ငါ လုပ်စရာတွေ အများကြီး ရှိသေးတယ်။"

ဂိမ်းမာများမှာ အကြံအိုက် နေခဲ့ကြသည်။ သူတို့က ဖယ်ရီမလေးနှင့် ဖရန်ဂျီပန်နီအား ဒန်ဂျင်မှ ထွက်ခွာနေခြင်းကို တားဆီးနိုင်ခြင်း မရှိခဲ့ပေ။

ကိစ္စများမှာ အလွန် ချောမွေ့စွာ ဖြစ်ပျက်ခဲ့သည်။ ဖယ်ရီမလေးမှာမူ သူတို့က ထွက်ပြေးနေခြင်း မဟုတ်ဟုပင် ခံစားရသည်။ ယင်းအစား ရှားလော့ခ်က သူတို့ကို ချောချောချူချူ ပို့ဆောင်ပေးရန် ကြိုးစားနေခြင်း ဖြစ်နိုင်လောက်၏။ ဖယ်ရီမလေး စဉ်းစားစ ပြုလာခဲ့သည်...

သူမ အစွမ်းထက်လာ၍ ရှားလော့ခ်ပင်လျှင် သူမ ထွက်ပြေးနေသည်ကို မသိနိုင်တော့ ဟုသာ အဖြေထုတ် နိုင်တော့သည်။ ၎င်းမှာ ထိုသို့သာ ဖြစ်ရမည်။ ဂိမ်းမာများမှာမူ သူတို့က မစ်ရှင်ကို ပြီးမြောက်အောင် လုပ်ဆောင် နေသောကြောင့် ဂရုမစိုက်ခဲ့ကြပေ။ ဖယ်ရီမလေး ထာဝရတိုင်းပြည်မှ လွတ်မြောက် သွားသည်နှင့် သူတို့၏ ဆုများ ရနိုင်ပေမည်။

နောက်ဆက်တွဲ မစ်ရှင်မှာမူ ရှုပ်ထွေးလှ၏။ သူတို့က ဒန်ဂျင်၏ လွင်ပြင်နှင့် အမှောင်ဝင်ပေါက်ကို ဖြတ်ကာ ဗစ်တိုးရီးယားမြို့သို့ သွားရပေမည်။ ဖြစ်နိုင်ပါက သူတို့ ဖယ်ရီမလေးကို နဂါးမျိုးနွယ်သားထံသို့ အပ်နှံရ ပေလိမ့်မည်။

သူတို့၏ ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင်မှာ မစ်ရှင်တူ ရထားသည့် နဂါးမျိုးနွယ်သားနှင့် ပူးပေါင်း ဆောင်ရွက်ရန် ဖြစ်၏။

ခရီးစဉ်တစ်လျှောက် သူတို့၏ တစ်ခုတည်းသော စိုးရိမ်ရမည့် အရာမှာ ဗစ်တိုးရီးယားမြို့နှင့် ထာဝရတိုင်းပြည်မှ ဂိမ်းမာများ၏ အနှောင့်အယှက် ပေးမှုပင်။

အာသာ၊ သူ၏ အဖော်များနှင့် အမ်ပီစီနှစ်ဦး ထာဝရတိုင်းပြည်မှ ထွက်ခွာသွားသည့်အခါ ရှားလော့ခ်က ဒန်ဂျင်၏ ထွက်ပေါက်တွင် ပေါ်လာ၏။

"အရှင်ရှားလော့ခ်၊ ကျွန်တော်တို့ အစီအစဉ် တစ်ဝက်နီးပါး ပြီးနေပါပြီ။" ဘရု၏ အသံက ရှားလော့ခ်၏ စိတ်ထဲတွင် ပေါ်လာခဲ့သည်။

"ဖရန်ဂျီပန်နီ ထွက်ပြေးမှာ မဟုတ်ဘူးဆိုတာ အရှင် ဘယ်လို သိတာလဲ။ ဒန်ဂျင်ပတ်ဝန်းကျင်နေ ထွက်သွားရတဲ့ အတွက် ဒါက သူ့အတွက် ထွက်ပြေးဖို့ အခွင့်အရေးကောင်း တစ်ခုပဲ။ ကျွန်တော်တို့ သူ့ကို ထိန်းချုပ် ချင်ရင်တောင် မဖြစ်နိုင်ဘူး။ အရှင့်ရဲ့ တားမြစ်ခြင်းမန္တန်က သူ့ မာနာစွမ်းရည်တွေကို ထိန်းချုပ်ထားတယ် ဆိုပေမဲ့ သူမှာ လျှို့ဝှက် အစီအစဉ် တစ်ခုခု ရှိနေရင်ကော ဘယ်လို လုပ်ကြမလဲ။"

ဘရုမှာ စိုးရိမ်နေ ခဲ့သော်လည်း ရှားလော့ခ်ကမူ အသာခေါင်းညိတ်ကာ ပြောလိုက်သည်။ "စိတ်မပူနဲ့။ ငါလည်း သူ အဲ့ဒီလောက် အရည်အချင်း ရှိစေချင်တယ်။ ငါ သူ ထွက်ပြေးနိုင်မယ်လို့ ဘယ်တော့မှ မတွေးမိဖူးဘူး။"

ရှားလော့ခ် နောက်လှည့်ကာ ဘရုအား ပြောလိုက်သည်။ "ငါတို့ရဲ့ အစီအစဉ်အတိုင်း ပြင်ဆင်ပါ။ မင်း ဂိမ်းမာတွေကို သဘာဝကျကျ နေထိုင်ဖို့ သတိပေးရဦးမယ်။ မင်း နားလည်လား။"

"အရှင်ရှားလော့ခ်၊ စိတ်မပူပါနဲ့။ ကျွန်တော့်ကို ယုံလိုက်ပါ။ ကျွန်တော် အရှင့်တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်ပါ့မယ်။" ဘရု ရှားလော့ခ်အား အာမခံလိုက်သည်။

...

အမှောင်ထဲတွင် လူတစ်ဦးက သစ်သားကုတင် တစ်ခု ပေါ်တွင် လဲလျောင်း နေခဲ့သည်။ သူ၏ ဘေးတွင်တော့ အဝါရောင် ခပ်တောက်တောက် မျက်လုံးတစ်စုံက သူ့ကို ပြင်းထန်စွာ စိုက်ကြည့် နေသည်။ ထိုသတ္တဝါမှာ ထိုလူ ပျောက်ကွယ်သွားမည်ကို ကြောက်ရွံ့နေ သကဲ့သို့ပင်။

ပုံမှန်အားဖြင့် လူတစ်ဦးက ပြင်းပြင်းထန်ထန် စိုက်ကြည့် ခံနေရစဉ် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်မည် မဟုတ်သော်လည်း ဤလူသားမှာမူ ဘာမှ မဖြစ်နေသကဲ့သို့ ဖြည်းညင်းစွာ အသက်ရှူ နေခဲ့သည်။

အချိန်တစ်ခု အရောက်တွင် ထိုလူသားက ထထိုင်ကာ မိမိကိုယ်ကို အကျောဆန့်လိုက်သည်။ ထို့နောက် သူက ရုတ်တရက် နိုးလာသကဲ့သို့ သူ၏ လက်များနှင့် ပခုံးများကို လှုပ်ရှား လိုက်သည်။

အမှောင်ထဲတွင် ထိုင်နေသော လူသားမှာ ထိုအဝါရောင် မျက်ဆံများကို သတိပြုမိ နိုင်ရန် အချိန်ခဏမျှတော့ ကြာခဲ့သည်။ သူက နံရံကိုဖိကာ မီးအိမ် တစ်လုံးကို ဖွင့်လိုက်သည်။

မီးအိမ်မှာ မာနာစွမ်းအင်ဖြင့် လင်းထိန် နေခဲ့သည်။ ဗစ်တိုးရီးယားမြို့ရှိ ဂိမ်းမာများ အားလုံး၏ အိမ်များတွင် ထိုသို့သော မီးအိမ် တစ်လုံးစီ ရှိနေ ခဲ့ကြသည်။

သူတို့၏ အိမ်များမှာ ထာဝရတိုင်းပြည်ရှိ အိမ်များထက်တော့ ပိုမို၍ သက်တောင့်သက်သာ ရှိကြသည်။ ထာဝရတိုင်းပြည်မှ ဂိမ်းမာများတွင်လည်း အိမ်များ ရှိနေသော်လည်း သူတို့က မာနာ မီးအိမ်များကို အလင်းရောင်ရရန် အသုံးမပြု နိုင်ခဲ့ကြပေ။ အဲ့အစား သူတို့က ရေနံဆီ မီးအိမ်များ သို့မဟုတ် တခြားသော အလင်းရောင် ရင်းမြစ်များကို လက်ဖြင့် မီးညှိယူရသည်။

နဂါးမျိုးနွယ်သား ရှေ့မှ လူကို သိသည်။ ၎င်းမှာ သစ်တောထဲမှ သူ့ နောက်သို့ လိုက်လာခဲ့သော ဖယ်ရီပင်။

"လူသား၊ မင်း နိုးလာပြီပဲ။ ငါ မင်းကို လေ့လာနေတာ ရက်ပေါင်း မနည်းတော့ဘူး။ မင်းက အမြဲတမ်း ဒီလို အိပ်တာလား။ ဒါကြောင့်မို့ ခရမ်းချဉ်သီး မင်းကို သဘောကျ ခဲ့တာလား။"

နဂါးမျိုးနွယ်သားမှာ အံ့ဩ သွားခဲ့ပြီး ထိုဖယ်ရီက သူ အိပ်ပျော်နေစဉ် သူ့ကို လေ့လာနေ လိမ့်မည်ဟု မမျှော်လင့် ထားပေ။ ခရမ်းချဉ်သီးသည်လည်း သူ အိပ်ပျော်နေစဉ် သူ့ကို လေ့လာခဲ့သေးသည်။

ဂိမ်းမှာ လက်တွေ့ကျသည် မှန်သော်လည်း အမ်ပီစီများ၏ တုံ့ပြန်မှုများမှာ အလွန်အမင်း လက်တွေ့ကျလွန်း နေခဲ့သည်။ သူတို့က နဂါးမျိုးနွယ်သားအား သူတို့ကဲ့သို့ အမ်ပီစီ တစ်ဦး ဖြစ်မည်ဟုသာ ထင်ကြသည်။

နဂါးမျိုးနွယ်သားမှာ သူ၏ မေးခွန်းကို မည်သို့ ဖြေပေးရမည်ကို မသိဘဲ ခဏကြာ ချီတုံချတုံ ဖြစ်နေခဲ့သည်။ သူက ဖယ်ရီအား သူ အိပ်ပျော်နေမခြင်း မဟုတ်ဘဲ အော့ဖ်လိုင်း ဆင်းသွားခဲ့တာ ဖြစ်ကြောင်း မည်သို့ ရှင်းပြနိုင်မည်နည်း။ ဖယ်ရီလည်း ခေါင်းခါကာ ပြောလိုက်သည်။ "ထားလိုက်ပါတော့။ ဒါက မင်းရဲ့ လျှို့ဝှက်ချက်ပဲ မဟုတ်လား၊ ဒါကြောင့် ငါ မစပ်စုနေတော့ဘူး။ မင်းရဲ့ ဝိုင်ဗန် နဂါးငယ်လေးကို မင်း အိပ်ပျော်နေတုန်း တခြားသူတွေ လာခေါ်သွားကြတယ်။"

"ဘာလဲ။"

နဂါးမျိုးနွယ်သားမှာ ထိတ်လန့် သွားခဲ့သည်။ သူ ခုန်ထကာ ဖယ်ရီအား မေးလိုက်သည်။ "ငါ့ ဝိုင်ဗန်နဂါး၊ ငါ့ ဝိုင်ဗန်နဂါးက ဘယ်မှာလဲ။"

ဖယ်ရီက အိမ်အပြင်ဘက်ကို ညွှန်ပြ လိုက်သဖြင့် နဂါးမျိုးနွယ်သားက အပြင်ဘက်သို့ ပြေးထွက် သွားသည်။ ထွက်ပေါ်လာသော နေရောင်ခြည်က အဆောက်အအုံများကို လင်းထိန်စေခဲ့သည်။ ၎င်းမှာ အရုဏ်တက်ချိန်သာ ရှိသေးသော်လည်း နေရောင်ခြည်မှာ မျက်စိကျိန်း နေလောက်ဆဲပင်။ ကောင်းကင်မှာ ကြက်သွေးရောင် ဖြစ်နေပြီး လှပ နေခဲ့သည်။ သို့သော် နဂါးမျိုးနွယ်သားမှာ ရှုခင်းကို ခံစားရန် စိတ်မဝင်စားနေပေ။

သူက ခက်ခဲသော ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင် တစ်ခု အပြီးတွင်မှ ဝိုင်ဗန် နဂါးငယ်လေးကို ရခဲ့သည်။ သူ အိပ်ပျော်နေစဉ် ယူသွားခံရသော ပျောက်နေသည့် ဝိုင်ဗန် နဂါးငယ်လေး အကြောင်း စဉ်းစားမိသည့်အခါ သူ၏ နှလုံးသား ဖြတ်တောက်ခံနေရ သကဲ့သို့ ခံစားခဲ့ရသည်။

သူ၏ စိုးရိမ်မှုမှာ မလိုအပ်ခဲ့ပေ။ သူက သူ၏ အစည်းအရုံး ခံတပ်ထဲတွင် ရှိနေတာ ဖြစ်ပြီး သူ၏ ပတ်ဝန်းကျင်တွင်လည်း တခြားသော အိပ်စက်နေသော အစည်းအရုံးဝင်များ ရှိနေကြသည်။ ပြိုင်ဘက် အစည်းအရုံးများမှ အဖွဲ့ဝင်များမှာမူ သူ၏ ဖိတ်ခေါ်မှု မရှိဘဲ အခန်းထဲ ဝင်ရောက်လာနိုင်ခြင်း မရှိသောကြောင့် လုံခြုံရေးဇုန်အတွင်းတွင် သူ၏ ဝိုင်ဗန် နဂါးငယ်လေးကို မည်သူမျှ ခိုးယူနိုင်ခြင်း မရှိပေ။

သူ၏ ဝိုင်ဗန် နဂါးငယ်လေးကို ယူဆောင် သွားခဲ့သူများမှာ ဖျံခေါင်းလင်ချောင်းနှင့် လှံထိုးခံရသူတို့သာ ဖြစ်၏။

ဆယ်ရက်ကြာပြီး နောက်တွင် ဝိုင်ဗန် နဂါးငယ်လေး၏ အရွယ်အစားမှာ လူတစ်ဦး၏ အရပ်အမောင်းနှင့် တူတူလောက်ပင်။ သူ၏ လက်သည်းများမှာ လူသားအရေပြားကို အလွယ်တကူ ထိုးဖောက်နိုင်ပြီး သေစေနိုင်သည်။ သို့သော် ဤဝိုင်ဗန် နဂါးငယ်လေးမှာ လူသားများကို မြင်သည်နှင့် တိုက်ခိုက်လိမ့်မည် မဟုတ်ပေ။ အထူးသဖြင့် နဂါးမျိုးနွယ်သားနှင့် နီးစပ်သော လူသားများကိုပင်။

ဝိုင်ဗန် နဂါးငယ်လေး ဗစ်တိုးရီးယားမြို့သို့ ဝင်ရောက် လာသည့်အခါ သူက နဂါးမျိုးနွယ်သား၏ သူငယ်ချင်းများကို သိလိုက်ရပြီး သူတို့၏ နောက်သို့ လိုက်ပါ သွားခဲ့သည်။ ဝိုင်ဗန် နဂါးငယ်လေးမှာ နဂါးမျိုးနွယ်သား၏ သူငယ်ချင်းများကိုလည်း တိုက်ခိုက်မည် မဟုတ်ပေ။

လှံထိုးခံရသူမှာလည်း ဝိုင်ဗန် နဂါးငယ်လေးကို ကြည့်ရှုရန်သာ ဆန္ဒရှိခဲ့သည်။ သူ့တွင် တခြား ရည်ရွယ်ချက် မရှိပေ။

နဂါးမျိုးနွယ်သား အခန်းထဲမှ ထွက်လာသည့်အခါ ဖယ်ရီလည်း သူ့ နောက်သို့ လိုက်ပါ လာခဲ့သည်။

"မင်း နိုးလာပြီဆိုတော့ ငါတို့ ထာဝရတိုင်းပြည်ကို ကျူးကျော်ရေး အကြောင်း ဆွေးနွေးကြရအောင်။ ငါတို့ မင်းသမီးက ဒန်ဂျင်ထဲမှာ အကျဉ်းချ ခံထားရတယ်။ ငါ သူမရဲ့ လုံခြုံရေး အတွက် နေ့တိုင်း စိုးရိမ်နေရတယ်။ အဲ့ဒီ ဆိုးယုတ်တဲ့ သတ္တဝါတွေ သူမကို အချိန်မရွေး သတ်ဖြတ် ပစ်လိုက်နိုင်တယ်။"

ဖယ်ရီမှာ မင်းသမီး၏ လုံခြုံရေး အတွက် အလွန် စိုးရိမ် နေခဲ့သည်။

"ငါ နားလည်ပါတယ်။ ငါ့ နောက်က လိုက်ခဲ့၊ ငါ မင်းကို ငါတို့ရဲ့ ကျူးကျော်ရေး အစီအစဉ်ကို ပြမယ်။ ငါတို့ အချိန်မရွေး ထွက်လို့ရနေပြီ။"

နဂါးမျိုးနွယ်သား ခေါင်းညိတ်ကာ ဖယ်ရီကို ယာယီကွပ်ကဲရေး စင်တာသို့ ခေါ်သွားလိုက်သည်။ ထိုအရာမှာ အစည်းအရုံး နှစ်ခု ဖြစ်သော ‘ရှားလော့ခ်နဲ့အတူ ထိုညအတွက်’နှင့် လူဆိုးလေး ယောဂအသင်းတို့ အတွက် ဖန်တီးထားသော ကွပ်ကဲရေးစင်တာပင်။ ဟုတ်ပါတယ်၊ တခြား အစည်းအရုံးများလည်း ပါကြသည်။

အဖွဲ့ဝင် တစ်ထောင်ခန့် ရှိနေသော်လည်း ၎င်းမှာ စုစုပေါင်း အရေအတွက် ဗစ်တိုးရီးယား မြို့သား ၅,၀၀၀ ထက်တော့ နည်းနေဆဲပင်။ အဖွဲ့အစည်းမဲ့ ဂိမ်းမာများနှင့် ရန်လိုသော အစည်းအရုံး များစွာက နဂါးမျိုးနွယ်သား၏ ထိန်းချုပ်မှု အောက်တွင် မရှိကြပေ။ သူတို့က မင်းသမီးကိုပင် ပြန်ပေးဆွဲနိုင်ခြေ ရှိ၏။ သူတို့မှာ နဂါးမျိုးနွယ်သား၏ ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင်ကို လုယူလိုသော ထာဝရတိုင်းပြည်မှ ဂိမ်းမာများ ကဲ့သို့ပင်။

ဖယ်ရီမှာ ကိစ္စများ ရှုပ်ထွေးနေသည်ကို မသိပေ။ သူက ဗစ်တိုးရီးယား မြို့သားများ အားလုံး သူ့ကို မင်းသမီးကို ရှာဖွေရာတွင် ကူညီပေး လိမ့်မည်ဟု ထင်နေသည်။ သူက နဂါးမျိုးနွယ်သား နောက်သို့ လိုက်ကာ ကွပ်ကဲရေးစင်တာသို့ ရောက်သွားသည်။ နဂါးမျိုးနွယ်သားက တစ်စုံတစ်ယောက်အား လူဆိုးလေးထံသို့ သူတို့ အစည်းအဝေး အတွက် ရောက်လာကြောင်း အကြောင်းကြားရန် စေလွှတ်လိုက်သည်။ နဂါးမျိုးနွယ်သား ဗစ်တိုးရီးယားမြို့သို့ မပြန်ရောက်မီကပင် လူဆိုးလေးနှင့် တခြား တပ်မှူးများက အသေးစိတ် တိုက်ခိုက်ရေး အစီအစဉ် တစ်ခု ရေးဆွဲထားခဲ့ နှင့်ကြ၏။

နဂါးမျိုးနွယ်သား၏ မစ်ရှင်ထဲတွင် အာသာနှင့် သူ၏ အဖော်များနှင့် လက်တွဲလုပ်ရန် မစ်ရှင် ထပ်တိုးလာသည့်အခါ လူဆိုးလေး၏ အစီအစဉ်အား အဓိက အကြောင်းအရာကို မွမ်းမံခြင်း မရှိဘဲ အနည်းငယ် ပြန်လည် ပြင်ဆင်ခဲ့ရသည်။

သူတို့က မင်းသမီး၊ အာသာနှင့်သူ၏ အဖော်များ ဘေးကင်းစွာ ရောက်ရှိလာနိုင်ရန် သတ်မှတ်အချိန် တစ်ခုကြာအောင် အမှောင်ဝင်ပေါက်ကို ထိန်းချုပ်ထား လိုခဲ့ကြသည်။ ထို့နောက်မှသာ မင်းသမီးကို ဗစ်တိုးရီးယား မြို့သားများထံသို့ အပ်နှံနိုင် ပေလိမ့်မည်။

အမှောင်ဝင်ပေါက်မှာ သူတို့၏ တစ်ခုတည်းသော လမ်းကြောင်း ဖြစ်သောကြောင့် တခြား ဂိမ်းမာများက ထိုနေရာတွင် ချောင်းမြောင်း တိုက်ခိုက်မှုများနှင့် အတားအဆီးများ ပြုလုပ်လာနိုင်ခြေ အများဆုံး ရှိ၏။

အမှောင်ဝင်ပေါက်မှာ မဟာဗျူဟာ ကျသည့် နေရာ တစ်ခုပင်။

အစီအစဉ်၏ တခြား အစိတ်အပိုင်းများမှာတော့ အသေးစိတ် မကျပေ။ အဓိကအချက်မှာ သူတို့၏ အင်အားစုများကို စုစည်းပြီး သူတို့၏ ပြိုင်ဘက်များကို လွှမ်းမိုး အနိုင်ယူရန်ပင်။ အာသာနှင့်သူ၏ အဖော်များနှင့် အပြန်အလှန် ဆက်သွယ်ရန် မစ်ရှင်ဝီချက် အုပ်စု တစ်ခုလည်း တည်ထောင် ထားခဲ့သေးသည်။

ဤအသေးစိတ်များကိုမူ ဖယ်ရီနှင့် ခရမ်းချဉ်သီးအား မပြောပြနိုင်ပေ။

"ထာဝရတိုင်းပြည်က ဂိမ်းမာတွေက မင်းသမီးကို ငါတို့ဆီ လိုက်ပို့ပေးမယ်ဆိုတာ မင်း သေချာလား။ မင်း သူတို့ကို ဘယ်လိုလုပ်ပြီး ဆွဲဆောင် နိုင်ခဲ့တာလဲ။ ငါ မင်းကို မယုံတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ဒါက မင်းသမီးရဲ့ လုံခြုံရေးနဲ့ ဆက်စပ်နေတဲ့ အတွက် ငါ မေးရမယ်။"

လူဆိုးလေး၏ အစီအစဉ်မှာ အသေးစိတ် ကျသော်လည်း ဖယ်ရီတွင် သူ၏ သံသယများ ရှိနေသည်။ သူက မျက်မှောင် ကြုတ်ကာ မေးလာရာ လူဆိုးလေး ပြန်ရှင်းပြ လိုက်သည်။ "ငါ မင်းရဲ့ သံသယတွေကို နားလည်တယ်။ စိတ်မပူနဲ့၊ ငါတို့ကို ယုံကြည်ပေးပါ။ ငါတို့က ပရော်ဖက်ရှင်နယ် တွေပဲလေ။ ငါတို့က သူတို့ကို ဘယ်လိုမျိုး ဆွဲဆောင်နိုင်ခဲ့လဲ ဆိုတာ မင်း သိစရာ မလိုပါဘူး၊ ဒါက ငါတို့ရဲ့ လျှို့ဝှက်ချက်ပဲ မဟုတ်လား။ ငါတို့ မင်းရဲ့ မင်းသမီးကို သေချာပေါက် ပြန်ကယ်တင်ပေးမယ်၊ ဒါပေမဲ့ မင်း ငါတို့ကို အရင်က သဘောတူညီထားတဲ့ အတိုင်း ဆုချီးမြှင့်ပေးမှ ရမယ်။"

"စိတ်မပူနဲ့၊ ငါ မင်းရဲ့ တောင်းဆိုချက်တွေကို ဖြည့်ဆည်း ပေးပါ့မယ်။ လောကသစ်ပင်က ဖယ်ရီတွေ မင်းသမီးကို ပြန်ကယ်တင် နိုင်သရွေ့ ငါတို့က မင်းရဲ့ မဟာမိတ် အမြဲတမ်း ဖြစ်နေပါလိမ့်မယ်။"

လူဆိုးလေး ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ငါတို့ကို ယုံထားလိုက်ပါ။ ပြဿနာတွေ ရှိမှာ မဟုတ်ဘူး။"

"အင်း၊ ငါ အကူအညီ ထပ်တောင်းဖို့ ရည်ရွယ်ထားတယ်။"

ဖယ်ရီ လူသားများကို ကြည့်ကာ ပြောလိုက်သည်။ "ငါ မင်းတို့ရဲ့ အကူအညီ လိုနေတယ်။"

...

ဖယ်ရီ၏ အစီအစဉ်မှာ လောကသစ်ပင်နှင့် ချိတ်ဆက်ထားသော နေရာရွှေ့ပြောင်း ဝင်ပေါက် တစ်ခု တည်ဆောက်ရန်ပင်။ ဤသည်က ဖယ်ရီများအား ကယ်ဆယ်ရေး စစ်ဆင်ရေးတွင် ဝင်ကူညီရန် ဗစ်တိုးရီးယားမြို့သို့ နေရာပြောင်းရွေ့၍ ရောက်လာနိုင်စေမည် ဖြစ်၏။

၎င်းမှာ ခက်ခဲသော တာဝန် တစ်ခုလည်း ဖြစ်၏။ တိကျသော လမ်းညွှန်မှု မရှိဘဲ ဤမျှ ဝေးကွာသော အကွာအဝေးတွင် လောကသစ်ပင်သည်သာ ထိုသို့သော စီမံကိန်း အတွက် မာနာစွမ်းအင် ထောက်ပံ့ ပေးစွမ်းနိုင်ပေမည်။

ဂိမ်းမာများက ဖယ်ရီအား အမျိုးမျိုးသော ပစ္စည်းများ ထောက်ပံ့ ပေးခဲ့ရသည်။ သို့သော် ယင်းပစ္စည်းများကို ယော့ခ်နယ်မြေတွင် ဝယ်ယူ နိုင်သောကြောင့် ၎င်းမှာ ပြဿနာတော့ မဟုတ်ပေ။

သို့သော် နေရာရွှေ့ပြောင်း ဝင်ပေါက်ကို ဖွင့်လှစ်နိုင်ရန် အချိန်ပေးရသည်။ ဂိမ်းမာများက အမှောင်ဝင်ပေါက်သို့ ချက်ချင်း ထွက်ခွာနိုင်ခြင်း မရှိပေ။ သို့သော် သူတို့တွင် အချိန်အလုံအလောက် ရှိနေသောကြောင့် အလျင်လိုနေခြင်း မရှိကြပေ။ အာသာနှင့်သူ၏ အဖော်များပင်လျှင် မင်းသမီးကို သူတို့၏ ဦးတည်ရာသို့ လိုက်ပါပို့ဆောင် ပေးနေဆဲပင်။

ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများ လောကသစ်ပင်မှ ဖယ်ရီများကို လက်ခံနိုင်ရန် နေရာရွှေ့ပြောင်း ဝင်ပေါက် တစ်ခု တည်ဆောက် ခဲ့ကြသည်။ အာသာ၊ သူ၏ အဖော်များနှင့် မင်းသမီးတို့မှာ လမ်းဆုံလမ်းခွ ကင်းစခန်းဆီသို့ ဦးတည် လာနေကြသည်။ လမ်းတစ်လျှောက်တွင်တော့ တခြား ဂိမ်းမာများက သူတို့ ပတ်ဝန်းကျင်ကို ကင်းထောက် နေခဲ့ကြသော်လည်း အန္တရာယ်တစုံတရာ မတွေ့ခဲ့ပေ။ ချန်အန်းမြို့ အစည်းအရုံးဝင်များက မင်းသမီးကို အမဲလိုက်ရန် အုပ်စု တစ်ခု ဖွဲ့စည်း ခဲ့သော်လည်း သူတို့က သူမ၏ တည်နေရာကို မရှာတွေ့ခဲ့ကြပေ။ သို့သော် အာသာနှင့်မင်းသမီးတို့က အမှောင်ဝင်ပေါက်ကို ဖြတ်သန်း သွားရမည် ဖြစ်ရာ ပဋိပက္ခမှာ မလွဲမသွေ ဖြစ်ပွားရပေမည်။

All Chapters