← Chapters

အခန်း (၁၂၉)

Vol. 11 Ch. 129

အခန်း (၁၂၉)

Vol. 11 Ch. 129

ခြံဝင်းထဲရှိ ထိုအမျိုးသား၏ ခြေသံများသည် လုံးဝ ရပ်တန့်သွားခဲ့ပြီး အခန်းထဲမှ လင်းချောင်ကတော့ အပြင်ဘက်မှ လှုပ်ရှားမှုကို သတိမထားမိသေးပေ။ သူမသည် လင်းဝေ့ကို သူမ၏အိမ်တွင် တည်းခိုခွင့်ပြုခြင်းမှာ သူ့တွင် အိမ်ထောင်စု စာရင်း သို့မဟုတ် ထောက်ခံစာ မရှိနေသောကြောင့် ဖြစ်သည်။

သူသည် ပုံမှန်ဟိုတယ်မျိုးတွင် တည်းခို၍မရဘဲ အဆင့်မမီသော နေရာများသည်လည်း မလုံခြုံပေ။ သူ သူမနှင့် အတူနေခြင်းက ပို၍ကောင်းပြီး ကျောင်းရှိ ယန်မောက်ရှန်ကို သွားရောက်တွေ့ဆုံရန်လည်း ပိုအဆင်ပြေသည်။ ထို့အပြင် ကျိလင် အားလပ်ရက်အတွင်း လာနေခဲ့သည့် အခန်းလွတ်တစ်ခုသည်လည်း ရှိထားပြီးသားပင်။

“အဲ့လိုလည်း အဆင်ပြေပါတယ်။” လင်းဝေ့သည် သူမ၏ အစ်ကိုဖြစ်သည့်အတွက် မငြင်းဆန်နေတော့ပေ။

“ကျွန်မ အစ်ကို့အတွက် အိပ်ရာခင်း သွားယူလိုက်ဦးမယ်။”

လင်းချောင် ထရပ်လိုက်သည်။ ထို့နောက် သူမ မော့ကြည့်လိုက်မိရာ တံခါးအပြင်ဘက်မှ အမျိုးသားတစ်ဦးကို သတိပြုမိလိုက်သည်။ ရာသီဥတု မအေးသေးသောကြောင့် အတွင်းခန်းတံခါးက ပွင့်နေသည်။

မှိန်ပျပျ အလင်းရောင်အောက်တွင် ထိုအမျိုးသား၏ ပုံစံသည် ပင်မအခန်း၏ မှောင်ရိပ်ထဲတွင် တစ်ဝက်တစ်ပျက် ဖုံးကွယ်နေခဲ့ပြီး နက်ရှိုင်းသော မျက်လုံးနက်တစ်စုံကို သာ မြင်နေရသောကြောင့် သူမကို ထိတ်လန့်သွားစေခဲ့သည်။

လင်းချောင် အလိုအလျောက် နောက်သို့ဆုတ်လိုက်မိပြီး လင်းဝေ့ပင်လျှင် သတိကြီးစွာဖြင့် ထရပ်လိုက်မိသည်။ “ခင်ဗျားက ဘယ်သူလဲ။”

ထိုအမျိုးသား၏ စူးရှသောအကြည့်သည် လင်းဝေ့၏ မျက်နှာပေါ်သို့ ဖြတ်သန်းသွားခဲ့ပြီး ခဏတာရပ်တန့်သွားကာ ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်သည်။ စစ်ဝတ်စုံဝတ်ထားသော သူ၏ အရပ်ရှည်သွယ်သည့် ပုံစံသည် အလင်းရောင်အောက်တွင် အပြည့်အဝ ပေါ်လာခဲ့သည်။

လင်းချောင် အံ့အားသင့်သွား၏။“ကျိသော်?”

အချိန်နှစ်နှစ်ကျော်နှင့် ညပေါင်းရှစ်ရာကျော်ကြာခဲ့ပြီးနောက် ဒီမျက်နှာကို ထပ်တွေ့ရသောအခါ သူမ၏ မှတ်ဉာဏ်ထဲတွင် သူ၏ပုံစံသည် မည်မျှလောက်အထိ နက်နက်ရှိုင်းရှိုင်း ထွင်းထုထားမိပြီဆိုသည်ကို သူမ သဘောပေါက်လိုက်သည်။

အလွန်နက်ရှိုင်းစွာ ထွင်းထုထားသောကြောင့် တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ ပိန်သွားသည်ကို သတိပြုမိနေခဲ့သည်။ သူ၏ပုံစံက ပို၍ပင် ခန့်ညားလာခဲ့ပြီး သူ၏ မျက်နှာသွင်ပြင်များက ကြမ်းတမ်းလာရုံသာမက စူးပြီး သေစေနိုင်သော အငွေ့အသက်များကိုလည်း ထုတ်လွှတ်နေခဲ့သည်။

အခြားတစ်ဖက်တွင်တော့ ကျိသော်သည် သူမကို မြင်တွေ့ပြီးသည့် အချိန်မှစ၍ လင်းချောင်ထံမှ မျက်လုံးအကြည့်ကို မခွာတော့ပေ။

နှစ်နှစ်ကြာပြီးနောက် သူ ပထမဆုံး တွေ့ခဲ့ရချိန်က အတွေ့အကြုံနုနယ်ခဲ့သော မိန်းကလေးသည် ယုံကြည်မှုရှိပြီး တောက်ပသော အမျိုးသမီးတစ်ဦး ဖြစ်သွားခဲ့လေပြီ။ စစ်မြေပြင်တွင် အိပ်မပျော်သောညများ၌ သူမ၏ ဓာတ်ပုံကို အကြိမ်ပေါင်းများစွာ ကြည့်ခဲ့မိသကဲ့သို့ ယခုလည်း အချိန်ခဏကြာသည်အထိ အလေးအနက် လိုက်ကြည့်နေမိသည်။

သူတို့နှစ်ဦးသားသည် အချိန်အတော်ကြာသည်အထိ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေခဲ့ကြပြီး နောက်ဆုံးတွင်တော့ သူက အသံနိမ့်နိိမ့်ဖြင့် ပြောလိုက်သည်။

“ကိုယ်ပါ။” ထို့နောက် သူ ထပ်မံ တိတ်ဆိတ်သွားပြန်သည်။

ဒါက လင်းဝေ့ကို နေရာမှားရောက်နေသလို ခံစားရစေပြီး သူ့ကို နှုတ်ဆက်သင့်လား နှုတ်မဆက်သင့်ဘူးလားဟူ၍ မသေချာဖြစ်စေကာ အနည်းငယ် နေရခက်စေခဲ့သည်။

နောက်ဆုံးတွင်တော့ လင်းချောင်က တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ “ရှင် ပြန်လာပြီပဲ။ အဲ့ဒါကို ဘာလို့ ကျွန်မကို မပြောဘဲ တံခါးဝမှာ ရပ်နေတာလဲ။ ကျွန်မ လန့်သွားခဲ့တာ။”

ကျိသော် ခဏတာ ငြိမ်သက်သွားခဲ့သည်။ သူ၏ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်ကသာ သူ့ကို လင်းဝေ့အား မကြည့်မိစေရန် ထိန်းထားနိုင်ခဲ့သည်။

သို့သော်လည်း လင်းချောင်ကတော့ တုံးအသူ မဟုတ်ပေ။ သူ အခု မကြည့်လျှင်တောင် ဝင်လာချိန်ကတည်းက လင်းဝေ့ကို မြင်ခဲ့ပြီးသားဖြစ်ကြောင်း သူမ သိသည်။ သူမ မျက်ခုံးပင့်လိုက်၏။

ကျိသော်လည်း စိတ်ကို အလျင်အမြန် ပြန်ထိန်းပြီး လင်းဝေ့ကို နှုတ်ဆက်လိုက်သည်။ “အစ်ကို၊ ရောက်နေတာပဲ။”

“ဪ? ဟုတ်တယ်၊ ချင်တက္ကသိုလ်မှာ ကိစ္စရှိလို့လာရင်းက ချောင်ချောင်နဲ့ ဆုံဖြစ်တာ။”

လင်းဝေ့ နောက်ဆုံးအကြိမ် ကျိသော်က်ို အိမ်တွင်တွေ့ခဲ့ချိန်က အနည်းငယ် ကြောက်ရွံ့ခဲ့မိသည်။ ဒါက ချောင်ချောင်အပေါ် အပြစ်ရှိသလို ခံစားရသောကြောင့်ဟုသာ ထင်ခဲ့သည်။ သို့သော် ဒီတစ်ကြိမ်တွင်တော့ ကျိသော်၏ တည်ရှိမှုက ပို၍ပင် အားကောင်းနေသလို သူ ခံစားလာရသည်။

ကျိသော် အခန်းထဲသို့ ဝင်လာပြီးနောက် သူ၏ပစ္စည်းများကို ချထားလိုက်သည်။ “အစ်ကို ရောက်နေတာဆိုတော့ ရက်နည်းနည်းလောက် ထပ်နေသွားပါဦး။”

“ကောင်းပါပြီ။”

လင်းဝေ့တစ်ယောက် ရုတ်တရက်ဆိုသလို ဆက်နေရမည်ကို အနည်းငယ် စိတ်မပါတော့သလို ခံစားလာရသည်။ သူ၏ ညီမဖြစ်သူသည် အလွန် စိတ်သဘောထားကောင်းပြီး—လှပကာ ကျေးဇူးသိတတ်သည်—သိို့သော် သူ၏ ယောက်ဖကတော့ အနည်းငယ် ကြောက်စရာကောင်းနေ၏။

သို့သော် လင်းချောင်က သူ့အတွက် အိပ်ရာခင်း သွားယူနှင့်ပြီဖြစ်ပြီး ကျိသော်အား လှမ်းပြောလိုက်သည်။ “ကျွန်မ အစ်ကို့အတွက် အိပ်ရာ အရင် ပြင်ပေးလိုက်ဦးမယ်။”

ထိုအမျိုးသားက ခေါင်းညိတ်လိုက်ပြီး စားပွဲတွင်ထိုင်ကာ သူ့ဘာသာသူ ရေတစ်ခွက် ငှဲ့သောက်လိုက်သည်။ လင်းဝေ့တွင် ညီမဖြစ်သူနောက်မှ အိမ်အနောက်ခန်းသို့ လိုက်သွားရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။

ထိုအခန်းကို သိပ်အသုံးပြုလေ့မရှိသောကြောင့် အတော်ရိုးရှင်းနေပြီး အဝတ်ဗီရိုပင် မပါဝင်နေခဲ့ပေ။

လင်းဝေ့သည် ညီမဖြစ်သူကို ကြည့်လိုက်သောအခါ သူမ၏ တည်ငြိမ်သော အမူအရာကို သတိပြုမိလိုက်သည်။ မျက်လုံးချင်းဆုံခဲ့သည့် အစောပိုင်းစက္ကန့်အနည်းငယ်မှလွဲ၍ သူမသည် ကျိသော် ပြန်လာခြင်းအပေါ် အလွန်အမင်း စိတ်လှုပ်ရှားပုံ မရပေ။

ကျိသော်သည်လည်း ထိုနည်းအတိုင်းပင်။ သူသည် ရှေ့တန်းကို သွားခဲ့ခြင်း မဟုတ်ဘဲ ပုံမှန် အလုပ်တစ်ခုကိုသာ သွားခဲ့သလို ဖြစ်နေခဲ့သည်။

ဤမျှလောက်အထိ ကာလရှည်ကြာစွာ ခွဲခွာနေခဲ့ပြီးနောက် သူတို့သည် ဘာကြောင့် ဒီလောက်အထိ တည်ငြိမ်နေနိုင်သည်ကို လင်းဝေ့ နားမလည်နိုင်ခဲ့ပေ။

သို့သော် လင်းချောင်ကတော့ အိပ်ရာပြင်ဆင်ပေးပြီးနောက် ရုတ်တရက် တစ်ခုခုကို သဘောပေါက်သွားခဲ့သည်။

“ကျွန်မ ခေါင်းအုံးစွပ် ယူခဲ့ဖို့ မေ့သွားတယ်။”

သူမ တစ်ဖက်လှည့်ပြီး သူမ၏အခန်းသို့ ပြန်သွားလိုက်၏။

“ကျွန်မ အစ်ကို့အတွက် ခေါင်းအုံးစွပ်တစ်ခု ရှာလိုက်ဦးမယ်။”

သူမ အခန်းထဲသို့ ရောက်သည်နှင့် တစ်ပြိုင်နက် ထိုအရပ်ရှည်ပြီး ချောမောသော အမျိုးသားက ခုံပေါ်တွင်ထိုင်လျက် သူမကို မော့ကြည့်လိုက်ပြီး သူမနှင့် အကြည့်ချင်းဆုံသွားခဲ့သည်။

မည်သည့် အရာကမှ တည်ငြိမ်ခြင်း မရှိတော့ပေ—သူတို့သည် သူတို့၏ စိတ်ခံစားမှုများကို ထိန်းချုပ်ထားရာတွင် အလွန်ကောင်းမွန်ခဲ့ခြင်းသာ ဖြစ်သည်။

လင်းချောင် အကြည့်လွှဲလိုက်ပြီး တံခါးရှိရာသို့ လျှောက်သွားကာ လက်ဆန့်၍ အဝတ်ဗီရိုကို ဖွင့်လိုက်သည်။ သူမ အနည်းငယ် တွန်းဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် နောက်ကွယ်မှ တစ်စုံတစ်ယောက်က ရုတ်တရက် ချဉ်းကပ်လာ၏။

သူမ တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပဲ သူမ၏ ခါးကို လက်တစ်ဖက်ဖြင့် ရစ်ပတ်ခံလိုက်ရပြီး နောက်တစ်စက္ကန့်လောက်တွင်တော့ သူမ၏ ခန္ဓာက်ိုယ် တစ်ဖက်လှည့်သွားကာ အဝတ်ဗီရိုတံခါးနှင့် ဖိကပ်ခံလိုက်ရသည်။

သူမ၏ အဝတ်ဗီရို တံခါး ‘ဘန်း’ ကနဲမြည်ကာ ပိတ်သွားသည်ကိုသာ ကြားလိုက်ရပြီး အနီးနားရှိ အခန်းတံခါးမှာ တစ်ဝက်ပွင့်လျက် ရှိနေသည်ကို မြင်လိုက်ရသည်။

သို့သော် သူမ၏ နှုတ်ခမ်းများသည်တော့ ထိုအမျိုးသား၏ အေးစက်သော အသက်ရှူသံဖြင့် ပြည့်နှက်နေခဲ့လေပြီ။ လက်တစ်ဖက်က သူမ၏ ခါးကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်က သူမ၏ ခေါင်းနောက်ဘက်ကို တိကျစွာ ဖမ်းဆုပ်ထားကာ အဝတ်ဗီရိုကို မတိုက်မိစေရန် ကာကွယ်ပေးထားသော်လည်း သူမ ထွက်ပြေးနိုင်မည့် လမ်းကြောင်းအားလုံးကိုတော့ ပိတ်ဆို့ထားခဲ့သည်။

လင်းချောင် မျက်လုံးများ ပြူးကျယ်သွား၏။ ရိုမန်တစ်ဆန်သည့် ရုပ်ရှင်များကိုပင် မျက်မှောင်ကြုတ်လေ့ရှိသော ဒီလိုလူ က တံခါးဖွင့်ထားပြီး အိမ်ထဲတွင် လူရှိနေပါလျက် သူမကို နမ်းနေသည်လား!

သို့သော် ကျ်ိသော်ကတော့ သူမကို နမ်းနေခဲ့ပြီဖြစ်ပြီး တိတ်ဆိတ်နေသော အခန်းသည်လည်း သူတို့၏ နီးကပ်သော အခိုက်အတန့်မှ ထွက်ပေါ်လာသော အသံဖြင့် ပြည့်နှက်နေခဲ့သည်။

လင်းဝေ့အနေနှင့် အတွင်းထဲထိ ဝင်လာစရာမလိုဘဲ တံခါးနှင့် နှစ်မီတာအဝေးလောက်ကပင် သူတို့ ဘာလုပ်နေသလဲဆိုသည်ကို မြင်နိုင်၊ ကြားနိုင်သည်…

လင်းချောင် ထိုအမျိုးသား၏ ရင်ဘတ်ကို တွန်းထုတ်လိုက်မိသော်လည်း သူ့လျှာ၏ ပိုပြင်းထန်သော တိုက်ခိုက်မှုနှင့်သာ ရင်ဆိုင်လိုက်ရသည်။ သူမ၏ ခါးပေါ်ရှိ ကြီးမားသော လက်သည်လည်း သူမ၏ အင်္ကျီအောက်သို့ လျှိုဝင်သွားပြီး သူမ၏ တောင့်တင်းနေသော ကျောရိုးကို ပွတ်သပ်လိုက်ရာ သူမ၏ အားအင်များ ချက်ချင်း ကုန်ဆုံးသွားတော့သည်။

လင်းချောင်၏ နှုတ်ခမ်းများမှ ပေါ့ပါးသည့် ညည်းသံများ ထွက်ပေါ်လာပြီး အားပြုရန် ကြိုးစားလိုက်ချိန်တွင် တံတောင်ဆစ်ဖြင့် အဝတ်ဗီရိုတံခါးကို “ဒုန်း” ကနဲ ကျယ်လောင်စွာ ရိုက်မိခဲ့ပြန်သည်။

ထိုဆူညံသံက ဘေးအခန်းမှ လင်းဝေ့ကြားလောက်သည်အထိကို ကျယ်လောင်သွားခဲ့သည်။ “ဘာဖြစ်တာလဲ။”

“ဘာမှ မဖြစ်ပါဘူး၊ ဘာမှ မဖြစ်ပါဘူး။” လင်းချောင် ထိုအမျိုးသားကို အလျင်အမြန် တွန်းထုတ်မိလိုက်ပြီး သူမ၏ အသံက ပုံမှန်မဟုတ်နေကြောင်း သတိထားမိသွားသောကြောင့် အနည်းငယ် လည်ချောင်းရှင်းကာ ပြန်ပြောလိုက်သည်။

“ဒူးနဲ့ ဗီရိုကိုတိုက်မိသွားတာပါ။”

သူမ ကျိသော်ကို စူးစိုက်ကြည့်လိုက်ပြီး အဝတ်ဗီရိုကို အလျင်အမြန် ပြန်ဖွင့်ကာ သန့်ရှင်းသော ခေါင်းအုံးစွပ်တစ်ခုကို ရှာလိုက်သည်။ သူမ ထိုခေါင်းအုံးစွပ်ကို ယူသွားပေးရန် ပြင်ဆင်နေစဉ်တွင်ပဲ ကျိသော်က သူမလက်ထဲမှ လှမ်းယူလိုက်၏။

“ကိုယ် သွားလိုက်မယ်။”

သူ၏အကြည့်သည် သူမ၏ နှုတ်ခမ်းများပေါ်တွင် ရစ်ဝဲနေလေသည်။

တစ်ခုခု မှားနေသည်ဟု ခံစားရသောကြောင့် လင်းချောင် မှန်တစ်ချပ်ကို ယူကြည့်လိုက်ရာ သူမ၏ နှုတ်ခမ်းများသည် ရောင်ရမ်းနေပြီး၊ နီရဲနေကာ မှည့်နေသော ချယ်ရီသီးများ ကဲ့သို့ တောက်ပနေသည်ကို တွေ့လိုက်ရ၏။ သူမ၏ မျက်လုံးများသည်လည်း အနည်းငယ် အရည်လဲ့နေပြီး ဘာဖြစ်ခဲ့သည်ဆိုသည်ကို မြင်သည့်သူတိုင်း သိနိုင်လောက်သည်။

ဒီလိုပုံစံနှင့် ဘယ်လိုလုပ် အပြင်ထွက်နိုင်မည်လဲ။

ကျိသော် ကူညီမည်ဟု ကမ်းလှမ်းခဲ့သည်မှာ အံ့သြစရာ မရှိတော့ပေ။ ပုံမှန်အားဖြင့်ဆိုလျှင် တည်ငြိမ်စွာနေတတ်သော ဤအမျိုးသားသည် ယနေ့မှ ပုံမှန်နှင့်မတူဘဲ စိတ်အားထက်သန်နေခဲ့သည်။

လင်းချောင် မှန်ကို ချလိုက်ပြီး သူမ၏အင်္ကျီကို သပ်ရပ်အောင် ပြင်ဆင်လိုက်သည်။ ဘေးအခန်းမှ ကျိသော်၏ တည်ငြိမ်မှုအပြည့်နှင့် အသံက ထွက်ပေါ်လာ၏။

“အခြား ဘာများ လိုသေးလဲ။”

“မလိုတော့ပါဘူး၊ ဒီလောက်ဆို ရပါပြီ။”

လင်းဝေ့က ခေါင်းဆောင်တစ်ဦး၏ လည်ပတ်စစ်ဆေးမှူကို ခံယူနေရသော စစ်သားတစ်ဦးကဲ့သို့ အသံဖြင့် ပြောလိုက်သည်။

“ဒီနေ့မှ ပြန်ရောက်တာလေ၊ စောစော အနားယူလိုက်ပါ။”

“ကောင်းပါပြီ၊ အစ်ကိုရောပဲ။”

ကျိသော် ပြန်လာသည်နှင့် အနောက်မှတံခါးကို ပိတ်လိုက်ပြီး၊ သူ၏ နက်ရှိုင်းသော အကြည့်သည် လင်းချောင်အပေါ်တွင် စွဲမြဲစွာရှိနေခဲ့သည်။ စစ်မြေပြင်တွင် အချိန်ကုန်ဆုံးခဲ့ပြီးနောက် သူ၏ အကြည့်သည်လည်း ပိုပြင်းထန်လာကာ ထိန်းချုပ်ထားခြင်းမရှိတော့ကြောင်း သူမ သတိပြုမိလိုက်သည်။

အကြည့်များကသာ ဝါးမျိုနိုင် မည်ဆိုပါက သူမသည် ယခုအချိန်တွင် ဝါးမျိုခံရပြီးလောက်ပြီ။ လင်းချောင် ပြန်စူးစိုက်ကြည့်လိုက်ပြီး သူ့ကို အားပျော့ပျော့နှင့် ကန်လိုက်၏။

ကျိသော် မလှုပ်ရှားခဲ့ပေ။ သူမ၏ ကန်ချက်ကို ခံလိုက်ပြီးနောက် ရှေ့သို့ တိုးလာကာ သူမကို ပွေ့ဖက်လိုက်သည်။

“ဒီနှစ်နှစ်အတွင်း မင်း ဘယ်လိုနေခဲ့လဲ။”

သူသည် သူမ၏ ခေါင်းပေါ်တွင် မေးတင်လျက် စကားပြောနေခြင်းဖြစ်ပြီး သူ၏ အသံက တိုးလွန်းနေကာ ပုံမှန်မဟုတ်ဘဲ နူးညံ့နေခဲ့သည်။

လင်းချောင် သူ၏ရင်ဘတ်ကို ခေါင်းမှီလိုက်၏။ “အဆင်ပြေပါတယ်။ ကျွန်မ လုပ်နေတဲ့ ပရောဂျက်က အဆင်ပြေပြေနဲ့ အဆုံးသတ်တော့မယ်။”

ထိုအမျိုးသားက “အင်း” ဟု အသံပြုလိုက်ရာ သူ၏ရင်ဘတ် တုန်ခါသွားပြီး သူမ၏ နားရွက်မှတစ်ဆင့် သူ၏ နှလုံးခုန်သံကို ကြားနိုင်ခဲ့သည်။

အားကောင်းသော နှလုံးခုန်သံသည် သူမဘေးသို့ ပြန်ရောက်လာခဲ့လေပြီ။

လင်းချောင် သူ၏ ရင်းနှီးနေသော ကိုယ်သင်းနံ့ကို ပေါ့ပေါ့ပါးပါး ရှူရှိုက်လိုက်သည်။ “ရှင်ရော ဘယ်လိုလဲ။ ဒီတစ်ခါ ဒဏ်ရာရခဲ့သေးလား။”

“မရပါဘူး။” သူ အေးဆေးစွာ ပြောလိုက်ပြီးနောက် ခေတ္တရပ်သွားကာ သူ၏အသံက ပိုတိုးလျသွားခဲ့သည်။ “ဒါပေမဲ့ ကိုယ့်တပ်သားတချို့ သေဆုံးခဲ့တယ်။”

စစ်ပွဲကြီးများ မရှိသော်လည်း ပဋိပက္ခငယ်လေးများ ရှိနေသည်ဆိုလျှင်ပင် ထိုနေရာ၌ လူငယ်ဘဝများ ဆုံးရှုံးနေရဆဲပင်။

လင်းချောင် အချိန်အကြာကြီး တိတ်ဆိတ်သွား၏။ “သူတို့ရဲ့ မိသားစုတွေက…”

“မိသားစု တစ်ခုစီတိုင်းကို ယွမ်ငါးရာ ထောက်ပံ့ကြေးအနေနဲ့ ပေးတယ်။”

ကျိသော်၏ အသံသည် ပို၍ပင် တိုးလျသွားပြီး ထို့နောက် သူ လုံးဝ တိတ်ဆိတ်သွားတော့သည်။

လင်းချောင် မော့ကြည့်လိုက်ရာ တင်းမာနေသော သူ၏မေးရိုးနှင့် ဖြောင့်တန်းနေသော နှုတ်ခမ်းများကို တွေ့လိုက်ရ၏။

ယွမ်ငါးရာ၊ နွားတစ်ကောင်၏ တန်ဖိုးထက်ဝက်။ ဤခေတ်တွင် နွားတစ်ကောင်သည် ယွမ်တစ်ထောင် တန်သော်လည်း လူ့အသက်သည်တော့ ယွမ်ငါးရာသာ တန်သည်။ သို့သော် နိုင်ငံတော်တွင် အသက်စွန့်ခဲ့သော ဤရဲရင့်သူများ၏ ကိစ္စများကို စနစ်တကျ စီစဉ်ဆောင်ရွက်ပေးနိုင်ရန်အတွက် ငွေကြေးနှင့် စွမ်းရည် အလုံအလောက် မရှိနေသေးပေ။

ကျိသော် တိတ်ဆိတ်စွာဖြင့် လင်းချောင်ကို လွှတ်ပေးလိုက်ကာ စောစောက စားပွဲပေါ်တင်ထားသည့် ပစ္စည်းကို ကောက်ယူ၍ ဖွင့်လိုက်သည်။ အတွင်းထဲတွင် စစ်တပ်၏ တံဆိပ်ငယ်တစ်ခု ရှိနေသည်။ တံဆိပ်အောက်တွင် အသက်စွန့်ခဲ့သော စစ်သားများ၏ နာမည်ရေးထားသော စာရင်းရှည်ကြီးတစ်ခုရှိ၏။

သူ တံဆိပ်ကို လင်းချောင်အား ပေးလိုက်သည်။ “ဒီတပ်သားတွေရဲ့ မိသားစုတွေထဲက တချို့က အခက်အခဲ အရမ်းများနေတယ်၊ ချောင်ချောင်။ ကိုယ့်လစာရဲ့ တစ်စိတ်တစ်ပိုင်းကို သူတို့ကို ကူညီဖို့အတွက် သုံးလိုက်ချင်တယ်။”

ထိုအမျိုးသား၏ လေသံတွင် ရိုးသားမှု အပြည့်ရှိပြီး သူ၏ မျက်လုံးများက အလေးအနက်ရှိနေခဲ့သည်။ သူသည် သူမနှင့် ဒီကိစ္စကို အမှန်တကယ် ဆွေးနွေးနေကြောင်း သိသာနေလေသည်။

လင်းချောင် ခဏရပ်လိုက်၏။ “ကျွန်မ ကူညီပါ့မယ်။”

သူမသည် အေးစက်ပြီး မာကျောနေသော တံဆိပ်၏ မျက်နှာပြင်ကို ပွတ်သပ်နေရင်း ပိုခိုင်မာသော အသံဖြင့် ပြောလိုက်သည်။

“ကျွန်မလည်း ကူညီပေးပါ့မယ်။ ဒါကို ကျွန်မတို့ နှစ်ယောက်လုံးအတွက် ကောင်းမှုကုသိုလ် စုဆောင်းတဲ့နည်းလမ်းတစ်ခုလို့ပဲ သဘောထားလိိုက်ပါ။”

မုဇီ ဓာတုဗေဒစက်ရုံ၏ လေးဆယ်ရာခိုင်နှုန်းသော အမြတ်ဝေစုကြောင့် သူမသည် ယခုအခါ လစဉ်ဝင်ငွေ ယွမ်ထောင်ပေါင်းများစွာ ရရှိနေပြီဖြစ်ပြီး ငွေက သူမအတွက် အရေးမကြီးတော့ပေ။ သူမ လူတိုင်းကို ဂရုမစိုက်ပေးနိုင်သော်လည်း ကျိသော်၏ လက်အောက်ငယ်သားများကိုတော့ သေချာပေါက် ဂရုစိုက်နိုင်သည်။

ထိုအမျိုးသမီးငယ်လေး၏ နူးညံ့သော မျက်လုံးများနှင့် သနားကြင်နာသော အမူအရာတို့သည် သူမ၏ ခွန်အားရှိသော စကားများနှင့် ပေါင်းစပ်လိုက်သောအခါ ကျိသော်၏ ရင်ထဲ နက်နက်ရှိုင်းရှိုင်း ထိမိသွားစေခဲ့သည်။ သူသည် အဖိုးတန် ရတနာတစ်ခုကို ဖက်ထားသကဲ့သို့ သူမကို ပိုတင်းကျပ်စွာ ဖက်ထားမိလိုက်သည်။

စူးကျန့်၏ စကားက မှန်သည်။ သူသည် ဇနီးသည်တစ်ဦးကို လက်ထပ်ခဲ့ရုံသာမကဘဲ ရတနာတစ်ပါးကို လက်ထပ်ခဲ့ခြင်း ဖြစ်နေသည်။

သူ့ကို နားလည်ပေးသော၊ ထောက်ခံပေးသော၊ သူ၏ဘေးတွင် ရပ်တည်ပေးသော ရတနာတစ်ပါး။

သို့သော် အိပ်စက်ရန် အချိန်ရောက်သောအခါတွင်တော့ ထိုရတနာသည် သူ့အား သီးခြား စောင်တစ်ထည်ကိုသာ ကမ်းပေးခဲ့သည်။

ကျိသော် စောင်ကို တည်ငြိမ်စွာ ကြည့်လိုက်ပြီးမှ သူမကို ကြည့်လိုက်သည်၊ စကားတစ်ခွန်းမှတော့ မပြောခဲ့ပေ။

လင်းချောင်က သူ့ကို ကြည့်လိုက်၏။ “ရှင် ပြန်ရောက်လာတာကို ဘာလို့ ဘာမှမပြောတာလဲ။”

သူမသည် စောင်အကြီးတစ်ထည်မှ မပြင်ဆင်ထားမိခဲ့ပေ။ ထို့နောက် သူမ မျက်ခုံးပင့်လိုက်၏။ “ရှင် ဒီနေ့ ဝင်လာတော့ ဘာလို့ ကျွန်မရဲ့ ဝမ်းကွဲအစ်ကိုကို ကြည့်နေတာလဲ။”

ကျိသော် ခဏတာလောက်အထိ စကားမပြောနိုင်ဘဲ တိတ်ဆိတ်သွားပြီး မည်သ်ို့ တုံ့ပြန်ရမည်ကိုသာ စဉ်းစားနေခဲ့သည်။ သို့သော် သူ မပြောလျှင်တောင် လင်းချောင် ခန့်မှန်းနိုင်၏။

“ကျွန်မ အိမ်မှာ တစ်ယောက်ယောက်ကို ဖွက်ထားတယ်လို့ ထင်နေတာ မဟုတ်ပါဘူးနော်။”

“မဟုတ်ပါဘူး။”

ကျိသော် အလျင်အမြန် ငြင်းဆိုလိုက်သည်။ သူသည် လင်းချောင်၏ စရိုက်ကို ကောင်းစွာ သိသည်—ထက်မြက်သည်၊ ဆင်ခြင်တုံတရားရှိသည်၊ ပြတ်သားသည်။ သူမသည် လုပ်စရာကိစ္စများစွာ ရှိသူဖြစ်ပြီး အချစ်ရေးကိစ္စများတွင် နစ်မွန်းနေမည့်သူမျိုးမဟုတ်၊ သူတို့၏ အိမ်ထောင်ရေးကိုလည်း သစ္စာဖောက်မည် မဟုတ်သလ််ို ဥပဒေကို ချိုးဖောက်မည့်သူမျိုးလည်း မဟုတ်ပေ။

စစ်တပ်တွင်းမှလူနှင့် အိမ်ထောင်တစ်ခုကို ဖျက်ဆီးလိုက်ခြင်းသည် တရားမဝင်ဘဲ ထောင်ဒဏ်အထိ ကျခံရနိုင်သည်။ ထို့အပြင် သူသည် လင်းချောင်၏ သမာဓိကို ယုံကြည်သည်။

သို့သော်လည်း သူသည် ဆင်ခြင်တုံတရားဖြင့် နားလည်ပြီး စိတ်ခံစားမှုအရ ယုံကြည်နေသည့်တိုင် သတိလက်လွတ်ဖြင့် အတည်ပြုမိနေဆဲပင်။ လင်းချောင်နှင့် ပတ်သက်လာလျှင် သူ့တွင် ဆင်ခြင်တုံတရားနှင့် တည်ငြိမ်မှုများ ပျောက်ဆုံးသွားတတ်သည်။

လင်းချောင်သည် သူမကိုယ်တိုင် သူ့ကို ယုံကြည်သည်၊ မယုံကြည်သည်ကို မသိခဲ့ဘဲ ပြုံး၍ကြည့်နေမိခဲ့သည်။ “ရှင့်ဆီက အမှတ်တစ်မှတ် ဖြတ်လိုက်ရမလား။”

ကျိသော် စကားမပြောတော့ဘဲ လက်မြှောက်ကာ သူ၏ယူနီဖောင်းမှ ပထမဆုံးကြယ်သီးကို ဖြုတ်လိုက်သည်။ သူမ၏ အကြည့်က သူ့ထံ အလိုအလျောက် ရောက်နေသည်ကို မြင်လိုက်သောအခါ သူ မီးပိတ်ပစ်လိုက်ပြီး သူမကို တိုက်ရိုက် နမ်းလိုက်၏။

နောက်တစ်နေ့တွင် လင်းဝေ့ မနက်စောစော ထခဲ့သော်လည်း ကျိသော်က သူ့ထက်ပို၍ပင် စောစောထကာ မနက်စာဝယ်ထားပြီးသား ဖြစ်နေခဲ့သည်။

All Chapters