← Chapters

အခန်း (၁၃၀)

Vol. 11 Ch. 130

အခန်း (၁၃၀)

Vol. 11 Ch. 130

တစ်ညခန့်အကြာတွင် ထိုအမျိုးသားသည် ပို၍ ချဉ်းကပ်ရလွယ်ကူလာပြီး မနေ့ညကကဲ့သို့ အေးစက်ပြီး တောင့်တင်းသော ပုံစံမျိုး မဟုတ်တော့ပေ။

ဝယ်လာသော ပစ္စည်းများကို ထမင်းစားပွဲပေါ် တင်ပြီးနောက် သူက လင်းဝေ့ကို မေးလိုက်သည်။ “စားချင်တာတစ်ခုခု ရှိသေးလား။”

လင်းဝေ့ကတော့ သူ့ကို ထမင်းဖိတ်ကျွေးသည်ဟုသာ ထင်ပြီး အလျင်အမြန်ငြင်းလိုက်၏။ “မလိုပါဘူး၊ မလိုပါဘူး။ ချောင်ချောင်က အားလုံး စီစဉ်ပေးထားပြီးသားပါ။ ငါက အစားမရွေးပါဘူး။”

“ပုစွန်ရော စားဦးမလား။”

ကျိသော်က လင်းချောင်ဘက်သို့ ပုစွန်ဟင်း တစ်ဘူးကို တွန်းပို့လိုက်ရင်း မေးလိုက်ပြန်သည်။

လင်းချောင် တစ်ကိုက်စားလိုက်သည်နှင့် ချက်ချင်း မှတ်မိသွား၏။ “အိမ်ဟောင်းနားက ဦးလေးဆီကနေ ဝယ်လာတာလား။”

ထိုနေရာမှ ဟင်းများက အရသာရှိသည်။ လွန်ခဲ့သည့် နှစ်နှစ်တာ ပညာသင်နေစဉ်ကာလအတွင်း လင်းချောင်သည် အခြားနေရာများကိုသွားကာ စမ်းသပ်ကြည့်ဖူးသော်လည်း အမြဲတမ်း အရသာ တစ်ခုခုလိုနေသလိုသာ ခံစားခဲ့ရသည်။

ထိုအမျိုးသားက သူမကို ပထမဆုံး အကြိမ် ထိုဆိုင်တွင် ထမင်းခေါ်ကျွေးခဲ့သည်မှာ သူတို့ လက်ထပ်ရန် ဆုံးဖြတ်ပြီးခါစအချိန်က ဖြစ်သည်။ မျက်စိမကောင်းသော ပိုင်ရှင်က သူမကို သူ၏တူမဟုပင် မှားယွင်းစွာ ထင်မှတ်ခဲ့ဖူးသည်။

အကယ်၍ စီစဉ်ထားခဲ့သော လက်ထပ်ထိမ်းမြားမှုသာ မဟုတ်ပါက သူတို့၏ ဆက်ဆံရေးနှင့် အသက်အရွယ်အရ သူမသည် သူ့ကို “ဦးလေး” ဟုပင် ခေါ်ရပေလိမ့်မည်။

သူမ ထိုအမျိုးသားကို ကြည့်လိုက်သောအခါ သူကလည်း ခေါင်းညိတ်ပြပြီး သူမကို ကြည့်နေသည်ကို တွေ့လိုက်ရ၏။ ဤအကြောင်းကို ပြန်အမှတ်ရနေခြင်း ဖြစ်နိုင်သည်။

သို့သော် လင်းဝေ့ကတော့ သိပ်သတိမထားမိသေးဘဲ ကျိသော်ကို အနေရခက်စွာ ပြန်ဖြေလိုက်သည်။ “ငါက အကုန်လုံး စားပါတယ်။”

“ဒါဆို ပုစွန်ပဲ စားကြရအောင်။”

ကျိသော်က ဆုံးဖြတ်ပေးလိုက်သည်။ ထမင်းစားပြီးနောက် ကျိသော်က သူတို့နှစ်ဦးလုံးကို ကျောင်းသို့ လိုက်ပို့ခဲ့သည်။

သူတို့ ထွက်သွားခဲ့ပြီးနောက်တွင်မှ လင်းဝေ့ သက်ပြင်းချနိုင်ခဲ့ပြီး လင်းချောင်ကို မဝံ့မရဲ ကြည့်လိုက်သည်။

“ဒါက သူ့ရဲ့ ပုံမှန်ပုံစံပဲ။ သူက သူ့မိဘတွေရှေ့မှာလည်း ဒီလိုပဲလေ။”လင်းချောင် ရှင်းပြလိုက်သည်။

“အရင်ကတော့ နည်းနည်း ပိုအဆင်ပြေပါသေးတယ်၊ ဒါပေမဲ့ သူက မနေ့ကမှ စစ်မြေပြင်က ပြန်လာတာမို့လို့ သိပ်ပြီး စိတ်အဆင်မပြေသေးတာ ဖြစ်မှာပါ။”

သူတို့နှစ်ဦးကို ချပေးခဲ့ပြီးနောက် စစ်မြေပြင်မှ ခုလေးတင် ပြန်လာခဲ့သော ကပ္ပတိန်ကျိသည် အနီးဆုံး စျေးရှ်ိရာကို မေးမြန်းခဲ့ပြီး စားသောက်ကုန်များစွာ ဝယ်ယူခဲ့သည်။ သူ စားသောက်ကုန်များဝယ်ပြီးနောက် ခြံဝင်းအိမ်သို့ ပြန်လာခဲ့ရာ တံခါးဝတွင်ရပ်နေသော လူကြီးနှစ်ဦးကို တွေ့လိုက်ရ၏။

“အဖေ၊ အမေလား။”သူ အနည်းငယ် အံ့အားသင့်သွားခဲ့မိသည်။

သူ၏လက်ထဲရှိ ပစ္စည်းများကို မြင်လိုက်သောအခါ ထိုလူကြီးစုံတွဲသည် ပို၍ပင် အံ့အားသင့်သွားခဲ့ရသည်။

အဘိုးကြီးက ရွှီလီ ဘက်သို့လှည့်ကာ မေးသည်။ “ဒါက ဒုတိယသားလား။ ငါ အမြင်မှားတာလား။”

သူသည် သူ၏အမြင်အာရုံကိုပင် သံသယဝင်ပြီး သူ သေသေချာချာ မမြင်နိုင်တော့ဘူးဟု ထင်ခဲ့မိသည်။

ရွှီလီက နောက်ပြောင်ရင်း ရယ်လိုက်၏။ “ရှင် အမြင်မှားတယ်ဆိုရင် သူက ရှင့်ကို ‘အဖေ’ လို့ ခေါ်မှာလား။”

အဘိုးကြီး ခဏလောက် တွေးကြည့်ပြီးနောက် သဘောတူလိုက်ကာ သူ၏အကြည့်ကို ပြန်လှည့်သည်။ “မင်း ပြန်လာပြီပဲကို အိမ်ကို အရင်ပြန်မလာဘူး။ ငါတို့ကပဲ မင်းကို လာရှာရတယ်။”

“ကျွန်တော် ဖုန်းခေါ်ခဲ့ပါတယ်။” ကျိသော် ဘာခံစားချက်မှ မပြဘဲ တံခါးဖွင့်ရန်အတွက် သော့ကို ထုတ်ယူလိုက်သည်။

“ဟုတ်တယ်၊ မင်း ဖုန်းခေါ်ခဲ့တယ်၊ ‘ပြန်လာပြီ’ လို့ ပြောပြီး ပျောက်သွားခဲ့တယ်လေ။” အဘိုးကြီးလည်း မျက်နှာတချက်မဲ့လိုက်ပြီးနောက် သူ့သားနှင့် ဇနီးသည်တို့၏ နောက်မှနေ၍ အတွင်းထဲသို့ လိုက်ဝင်သွားခဲ့သည်။

သူ့သား ပြန်ရောက်လာပြီဆိုသည့် သတင်းကို ကြားလိုက်ရပြီးနောက် သူ တစ်ညလုံး အိပ်မပျော်လောက်အောင် ပျော်ရွှင်ခဲ့ရသည်။

သို့သော်လည်း ဒီကလေးက သူ့မိန်းမထံ ရောက်သွားပြီးနောက် သတင်းအစအနပါ မရောက်လာတော့ဘဲ၊ သူကိုယ်တိုင်ပါ စားသောက်ကုန်များ သွားဝယ်ခဲ့သည်။

စားသောက်ကုန်များကို ဝယ်ရုံသာမကဘဲ ဝင်လာသည်နှင့် တပြိုင်နက် ကျိသော်သည် အင်္ကျီလက်နှစ်ဖက်ကို လိပ်တင်ကာ ဟင်းသီးဟင်းရွက်များကို ရွေးချယ် ဆေးကြောတော့သည်။

အဘိုးကြီးက သားဖြစ်သူ၏ ကျွမ်းကျင်သည့် လှုပ်ရှားမှုများကို ကြည့်ပြီး ရွှီလီကို မေးလိုက်မိသည်။ “သူ ဒါတွေ ဘယ်တုန်းက သင်ထားတာလဲ။ ငါ ဘာလို့ မသိရတာလဲ။”

“အရာရာတိုင်းကို ရှင် သိနေဖို့ လိုအပ်လို့လား။” ရွှီလီက သူ့ကို တစ်ချက်ကြည့်လိုက်သည်။

“သူတို့လူငယ်တွေ သူတို့ကိစ္စ သူတို့ဘာသာ ရှင်းကြပါစေ။”

“ငါကလည်း ဝင်ပါဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး။”

အဘိုးကြီးက ညည်းတွားခဲ့သော်လည်း နှစ်နှစ်ကျော်ကြာ မတွေ့ခဲ့ရသည့် သားဖြစ်သူကို မရိုးနိုင်သလို ဆက်ကြည့်နေမိသည်။

ထို့နောက် သူသည် သူ၏သားဖြစ်သူ စပျစ်သီးနှင့် မက်မွန်သီးများကို ရေဖြင့်ဆေးကြောပြီး သူတို့ရှေ့မှ ပန်းကန်ပေါ် တင်ပေးလိုက်သည်ကိုပါ မြင်လိုက်ရသည်၊။

“နေ့လယ်စာ စားသွားကြလေ။”

သူသည် သူ၏အဖေကို ဖြစ်သူကို တစ်ဖန် ကြည့်လိုက်မိပြီးနောက် မျက်မှောက်ကြုတ်လိုက်မိသည်။ “အဖေ၊ အံကပ် မေ့ခဲ့တာလား။”

အချိန်အကြာကြီး တိတ်ဆိတ်နေခဲ့သည့် ရွှီလီကို သူ သက်ပြင်းချကာ ပြောလိုက်သည်။ “မင်း ပြောတာ မှန်တယ်။ သူ အိမ်ထောင်ကျသွားတာ အတော်ကောင်းတယ်။”

အိမ်ထောင်ကျသွားခြင်းက သူ့အတွက် နွေးထွေးမှုနှင့် လူသားဆန်မှုတို့ကို ယူဆောင်လာနိုင်ခဲ့သည်။ အရင်ကဆိုလျှင် ထိုသူသည် စစ်သားများနှင့်သာ ထာဝရနေထိုင်ရန် စီစဉ်ထားသလို စစ်တပ်ထဲတွင်ပဲ အချိန်ကုန်နေခဲ့သည်။

သူသည် ယခင်က ယောက်ျားများသည် အလုပ်အကိုင်ကို အာရုံစိုက်သင့်ပြီး မိသားစုကို လျစ်လျူရှုမိသည်မှာ အဆင်ပြေသည့် ကိစ္စတစ်ခုဟု ထင်ခဲ့မိသည်။ သို့သော် အသက်ကြီးလာသည်နှင့်အမျှ ယောက်ျားများသည် သူတို့၏ မိသားစုကိုလည်း ဂရုစိုက်ပေးသင့်သည်ဟု ရုတ်တရက် သူ ခံစားလာရသည်။

ချောင်ချောင်၏ ကိုယ်ပိုင်ရပ်တည်နိုင်သည့် သဘောသဘာဝနှင့် ကလေးမရှိခဲ့ခြင်းတို့ကြောင့်သာ မဟုတ်လျှင် ဒီနှစ်နှစ်တာကာလက သူမအတွက် ပိုမိုခက်ခဲခဲ့လိမ့်မည်။

နောက်ဆုံးတွင်တော့ ရွှီလီတို့ နေ့လယ်စာ မစားဖြစ်ခဲ့ကြပေ။ သူတို့သည် သူတို့၏သားကို လွမ်းဆွတ်လွန်းလှသဖြင့် အံကပ်ပင် မယူနိုင်ခဲ့ဘဲ လာတွေ့ခဲ့ကြခြင်းဖြစ်သည်။ သို့သော် လင်းဝေ့ ရောက်ရှိနေကြောင်း ကြားသိလိုက်သောအခါတွင်တော့ သူတို့သည် ကျိသော်ကို လင်းချောင်နှင့် လင်းဝေ့တို့အား သူတို့အိမ်သို့ ထမင်းစားဖိတ်ရန် ပြောခိုင်းခဲ့သည်။

ထို့ကြောင့် လင်းဝေ့ နေ့လယ်စာစားရန် ပြန်ရောက်လာသည့်အခါ ပထမဆုံး မြင်လိုက်ရသည့်မြင်ကွင်းမှာ မီးဖိုခန်းသုံးအဝတ်ဖြင့် ကျိသော်၏ ပုံစံဖြစ်နေခဲ့သည်။ ကျိသော်သည် သူ့ကို အပြင်ထွက်၍ စားသောက်ရန် ဖိတ်ခေါ်ခဲ့ခြင်း မဟုတ်ဘဲ သူ့အတွက် ချက်ပြုတ်ပေးရန် မေးမြန်းခဲ့ခြင်းသာဖြစ်ကြောင်း ထိုအခါမှ ရုတ်တရက် သဘောပေါက်သွားခဲ့သည်။

ထိုအမျိုးသား၏ မည်သည့်မျက်နှာအမူရာမဇမရှိဘဲ ဟင်းချက်ဇွန်း ကိုင်ထားသည့်မြင်ကွင်းကို မြင်လိုက်ရသောအခါ လင်းဝေ့ တံခါးဝတွင် နှစ်စက္ကန့်လောက် ငြိမိသက်သွားခဲ့ပြီးမှ အတွင်းထဲသို့ ဝင်လာခဲ့သည်။

ထို့နောက် သူသည် ကျိသော်ကို မြင်နေရသည်မှာ ပိုပြီး ရင်းနှီးလာသလို ရုတ်တရက် ခံစားလိုက်ရသည်။ မည်မျှပင် အေးစက်ပြီး တိတ်ဆိတ်စွာနေတတ်သူ ဖြစ်ပါစေ၊ သူ့ဇနီးအတွက်တော့ အစားအသောက် ချက်ပြုတ်ပေးရန် ဆန္ဒရှိနေသည့် အမျိုးသားတစ်ဦးသည် ကောင်းမွန်သည့် ဘဝတစ်ခုကို နေထိုင်ချင်သူတစ်ဦးသာ ဖြစ်လိမ့်မည်။

ကျိမိသားစုအိမ်ဟောင်းသို့ သွားရောက်လည်ပတ်သည့်အခါ လင်းဝေ့သည် မုန့်မျိုးစုံနှင့် လက်ဖက်ရည်တို့ကို ဝယ်ယူခဲ့ပြီးမှ ကျိသော်၊ လင်းချောင်တို့နှင့်အတူ သွားခဲ့သည်။

အဘိုးကြီးက သူ့ကို မြင်တော့ အံ့အားသင့်သွား၏။“မင်းက အရမ်းတူတာပဲ။”

“ကျွန်တော်က အဘိုးနဲ့ တူတယ်လို့ ပြောချင်တာလား။ ကျွန်တော့် အဘွားကလည်း ကျွန်တော်က သူနဲ့ တူတယ်ဆိုပြီး ပြောဖူးပါတယ်။”

“ဟုတ်တယ်၊ ငါ လောင်လင်းကို ပထမဆုံး တွေ့ဖူးခဲ့တုန်းက သူက မင်းအရွယ်လောက်ပဲ ရှိသေးတယ်။”အဘိုးကြီးက အနည်းငယ် ပြန်တွေးကြည့်မိလိုက်၏။

အသက်ကြီးလာလေလေ မှတ်ဉာဏ်များ ပိုဆိုးလာလေလေ ဖြစ်သည်။ မနေ့က ဖြစ်ရပ်များကို ဒီနေ့ မေ့သွားနိုင်သော်လည်း ငယ်ဘဝ မြင်ကွင်းများကတော့ ထင်ရှားနေဆဲပင်။

ဤဆင်တူမှုကြောင့် တစ်ခါမှ မတွေ့ခဲ့ဖူးသော လူများပင်လျှင် ရုတ်တရက် အလွန် ရင်းနှီးသွားကြသည်။ လင်းချောင်ထက် အသက်ပိုကြီးသော လင်းဝေ့တွင် သူ့အဘိုးအကြောင်းနှင့် ပတ်သတ်သည့် အမှတ်ရစရာများ ပိုများသည်။ သူတို့သည် လင်းချန်နှင့် စစ်မြေပြင်မှ အခြေအနေဟောင်းများအကြောင်း ဇာတ်လမ်းများလုပ်၍ ပြောဆိုခဲ့ကြသည်,

“အဖေ ဒီလောက်မပျော်ရတာ နှစ်အတော်ကြာပြီ။”

ကျိသော်ကတော့ ဘေးတွင်ထိုင်လျက် မည်သူမှ မကြည့်မိချိန်တွင် လင်းချောင်၏ လက်ကို ညှစ်လိုက်သည်။

လင်းချောင် လှည့်ကြည့်လိုက်သောအခါ သူက လေးနက်သည့် အမူအရာဖြင့် ကြည့်နေပြီး သူ၏အကြည့်သည် အဘိုးကြီးနှင့် လင်းဝေ့အပေါ်တွင်သာ ရှိနေခဲ့သည်။ သူ ခုနကလုပ်ခဲ့သည့် အပြုအမူ၏ အရိပ်အယောင်ကိုတော့ လုံးဝ ထုတ်မပြခဲ့ပေ။

တံခါးဖွင့်ထားလျက် နမ်းခဲ့သည့် ထိုနေ့မှစ၍ ဤအရာရှိအိုကြီးသည် သူ့ဘာသာသူ တစ်ခုခုကို သင်ယူနိုင်ခဲ့ပုံရသည်။ တစ်ခါတရံ စားပွဲအောက်တွင်၊ တစ်ခါတရံ တံခါးနောက်တွင်၊ ထိုသူ၌ လျှို့ဝှက်စွာ ပြုလုပ်တတ်သော လုပ်ရပ်ငယ်များ အမြဲရှိနေတတ်သည်။ သူ၏ အမူအရာက အလေးအနက် ရှိနေဆဲဖြစ်သောကြောင့် သူမသာ တစ်ခုခုတုံ့ပြန်လိုက်ပါက တစ်ခုခု လုပ်နေသူမှာ သူမဖြစ်သွားလိမ့်မည်။

လင်းချောင် သူ၏လက်ကို ညှစ်လိုက်သော်လည်း ထိုသူကတော့ ခံနိုင်ရည်ရှိသည့်အတွက် တစ်စက်ကလေးမှ မတုန်လှုပ်သွားခဲ့ပေ။

မကြာမီတွင်ပဲ ကျိဇယ်သည် တောက်ပသော အဝတ်အစားများကို ဝတ်ဆင်ထားလျက် ရောက်လာခဲ့ပြီး ကျိသော်၏ အာရုံကို ချက်ချင်း ဆွဲဆောင်နိုင်ခဲ့သည်။

“မင်း ဘာတွေ ဝတ်လာတာလဲ။”

ကျိသော်၏ အကြည့်သည် သူ၏ ပြောင်လက်နေသော ဆံပင်မှနေ၍ သူ၏ဖိနပ်အမြင့်များထံသို့ ရောက်သွားခဲ့ပြီးနောက် မျက်မှောင်ကြုတ်မိလိုက်သည်။

သည်းမခံနိုင်တော့သည့်အတွက် ကျိသော် ထရပ်လိုက်၏။

“ငါနဲ့ လိုက်ခဲ့။”

ကျိဇယ်သည် အလိုလို တွန့်ဆုတ်သွားခဲ့သော်လည်း ကျောကိုဆန့်လိုက်ပြီး ကျိသော်၏ အနောက်သို့ လိုက်သွားခဲ့လိုက်သည်။ ဖိနပ်အမြင့်များကြောင့် နောက်ဆုံးတွင်တော့ သူသည် ကျိသော်နှင့် အရပ်ချင်းတူညီသွားခဲ့လေပြီ။

သူတို့နှစ်ဦးလုံး အိမ်ဟောင်းရှိ ကျိသော်၏ အခန်းထဲသို့ ဝင်ရောက်ပြီး မတ်တတ်ရပ်နေစဉ်အတွင်း ကျိသော်က ကျိဇယ်ထံမှ စိတ်ခံစားချက် ပြောင်းလဲမှုလေးတစ်ခုကို သတိပြုမိလိုက်သည်။

“ဦးလေး၊ နားလည်မှု မလွဲပါနဲ့။ ကျွန်တော့်မှာ အခြားဘာရည်ရွယ်မှ မရှိပါဘူး။ ကျွန်တော့်မှာ ရောဂါကြီးကြီးမားမားတစ်ခု ရှိနေလို့ပါ။ ဒီလို ဖိနပ်အမြင့်မျိုးကို တစ်ရက်စီးလိုက်တာက ဝေဒနာခံစားနေရတဲ့တစ်ရက် လျော့သွားသလိုပါပဲ။”

ကျိသော် စကားမပြောနိုင်ခင်တွင်ပဲ ကျိဇယ်၏ စိတ်ပျက်စွာ ပြောလိုက်သောစကားကြောင့် မျက်မှောင်ကြုတ်မ်ိလိုက်သည်။

“ရောဂါကြီးကြီးမားမားလား။ ဘာရောဂါလဲ။”

“ဦးနှောက်နဲ့ ပတ်သက်တာပါ။” ကျိဇယ် ပြန်ဖြေလိုက်သည်။

“လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက်ကတည်းကစပြီး ကျွန်တော် အိပ်မက်တစ်ခုကို စမက်ခဲ့တယ်။ အစပိုင်းမှာတော့ သေသေချာချာ မမှတ်မိဘူး၊ ဒါပေမဲ့ ဒီခြောက်လအတွင်း ပိုပြီးရှင်းလာတယ်၊ တကယ့်အဖြစ်အပျက်တစ်ခုလိုမျိုးပဲ။”

“အိပ်မက်တစ်ခုတည်းကို ဆက်တိုက်မက်နေတာလား။”

“ဟုတ်ကဲ့။”

ကျိဇယ် ခေါင်းညိတ်သည်၊ သူ၏မျက်လုံးများကလည်း ပင်ပန်းနွမ်းနယ်နေ၏။

“ကျွန်တော် အဒေါ့်ကို မငြင်းဘဲ လက်ထပ်လိုက်တယ်လို့ အိပ်မက်မက်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့် အိပ်မက်ထဲက အဒေါ်က အဒေါ်နဲ့ သိပ်မတူနေဘူး…”

သူ၏ စကားမဆုံးမီတွင်ပဲ တင်ပါးပေါ်သို့ ပြင်းထန်သော ကန်ချက်တစ်ချက် ရောက်လာခဲ့သည်။ “ငါ မင်းကို တကယ်မရိုက်ဘူးလို့ ထင်နေတာလား။”

ကျိဇယ်သည် လင်းချောင်အကြောင်း အိပ်မက်မက်ခဲ့သည်မှာ မှန်သော်လည်း အခြေအနေတိုးတက်မှုမှာတော့ လက်တွေ့နှင့် များစွာ ကွာခြားခဲ့သည်။

လက်တွေ့တွင်၊ လင်းချောင်သည် သူ၏အဘိုးကို ဆေးရုံတွင် သွားရောက်တွေ့ဆုံသည့်နေ့၌ သူ့ထံသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။ အိပ်မက်ထဲတွင်တော့ လင်းချောင်က နှစ်ရက်နောက်ကျပြီးမှ ပေါ်လာခဲ့သည်။

အိပ်မက်ထဲတွင်၊ လင်းချောင်သည် သူ၏ဦးလေးနှင့် မတွေ့ခဲ့ရဘဲ သူ့အမေနှင့်သာ တွေ့ဆုံခဲ့ရသည်။ သူ့အမေက လင်းချောင်သည် ကျိမိသားစုထံ ရောက်လာသည်ကို ဝန်ခံရန် ငြင်းဆန်ပြီး သူမကို မောင်းထုတ်ခဲ့သည်။ ထို့ကြောင့် လင်းချောင်သည် စိတ်ပျက်အားငယ်ကာ နှလုံးသားကွဲကြေလျက် ကျိမိသားစုအိမ်တံခါးဝတွင် လဲကျသွားခဲ့သည်။

တစ်ခုခု ဖြစ်သွားသည့်အခါ ကျိိမိသားစု၏ အိမ်အကူအဖြစ် အလုပ်လုပ်ပေးနေသော အဒေါ်ကျန်းသည် လျစ်လျူရှုထားလို့ မဖြစ်တော့ဘဲ၊ အဘိုးသည်လည်း လျင်မြန်စွာ သိရှိသွားခဲ့သည်။ အဘိုးကြီးသည် ဆေးရုံတွင်သာ ရှိနေသေးပြီး ဆေးရုံဝတ်စုံပင် မလဲဘဲ အိမ်သို့ ပြန်လာခဲ့သည်။

လင်းချောင်ကို အရေးပေါ် ကုသမှုအတွက် ဆေးရုံသို့ အလျင်စလို ခေါ်ဆောင်သွားပြီးနောက် အသက်မသေရုံတမယ် အခြေအနေနှင့် ပြန်ထွက်လာသည်ကို သူကြည့်နေခဲ့သည်။ ဆရာဝန်က သူမသည် လွန်ခဲ့သော ရက်အနည်းငယ်ကမှ ဖျားနာခဲ့ကြောင်း၊ အချိန်မီ ခေါ်လာနိုင်ခဲ့၍ ကံကောင်းကြောင်း၊ မဟုတ်ရင် အသက်မရှင်နိုင်တော့ကြောင်း ပြောခဲ့သည်။

သူ့အသက်ကို ကယ်ခဲ့ဖူးသော တပ်ရင်းမှ ရဲဘော်ဟောင်း၏ မြေးမ၊ သူ့မိသားစုနှင့် ငယ်စဉ်ကတည်းက လက်ထပ်ထိမ်းမြားရန် ကတိကဝတ် ပြုထားခဲ့သူသည် သူ၏ ချွေးမအကြီးဆုံး လုပ်ရပ်များကြောင့် သေလုနီးနီး ဖြစ်ခဲ့ရသည်။ အဘိုးကြီး၏ ဒေါသထွက်မှုကို နားလည်နိုင်သည်။ သူသည် သူ၏အမေကို ချက်ချင်း လက်ညှိုးထိုးကာ ထွက်သွားရန် ပြောခဲ့ပြီး၊ အလျင်စလို ပြန်လာသော သူ့အဖေကိုပါ မောင်းထုတ်ပစ်ခဲ့သည်။

သူ၏ အသက်နှစ်ဆယ်ကျော်ကာလတစ်လျှောက်လုံးတွင် အဘိုးဖြစ်သူ ဤမျှအထိ စိတ်ဓာတ်ခိုင်မာသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ သူလိုချင်သည်ဖြစ်စေ၊ မလိုချင်သည်ဖြစ်စေ ဤလက်ထပ်ပွဲသည် ဖြစ်မြောက်မှရတော့မည်။

အိပ်မက်ထဲတွင် သူသည် လက်တွေ့ထက်ပင် ပိုတွန့်ဆုတ်နေခဲ့သည်၊ သို့သော် သူ၏အမေထံမှ ပရိယာယ်ကြံစည်ကာ ရှောင်လွှဲနိုင်အောင် ကူညီပေးမည့် ဦးလေးလည်း မရှိနေခဲ့ပေ။ ထို့အပြင် လင်းချောင်သည် ဆေးရုံခုတင်ပေါ်တွင် လဲလျောင်းနေရပြီး မတော်တဆ အမှားအယွင်းလေးတစ်ခုက တကယ့်အဖြစ်ဆိုးကို ဖြစ်သွားစေနိုင်သည်။ ထို့ကြောင့် သူ့တွင် သူမကို လက်ထပ်မည်ဟု ရွေးချယ်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ

သူသည် ဤလက်ထပ်ပွဲကို မလိုလားသောကြောင့် မိသားစုနှင့် ညှိနှိုင်းခဲ့သည်။ လင်းချောင်ကို လက်ထပ်မည်ဆိုပါက သူ၏စီးပွားရေးလုပ်ငန်းများကို မိသားစုက အပြည့်အဝ ပံ့ပိုးပေးရမည်ဟု တောင်းဆိုခဲ့သည်။ မမျှော်လင့်ထားဘဲ၊ ဤသို့ ဆုံးဖြတ်ပြီးချိန်၌ လင်းချောင်၏ ဇာတိမြို့တွင် ရှင်းလင်းရမည့် နောက်ထပ်ပြဿနာတစ်ခု ရှိလာခဲ့သည်။

လင်ချောင်းသည် မာရုန်လျန်နှင့် လက်ထပ်ရမည့်နေ့၌ ထွက်ပြေးခဲ့သည်။ သူတို့၏ ထောက်ခံစာများက အသင့်ဖြစ်နေပြီဖြစ်ပြီး၊ ထိုနေ့တွင် မှတ်ပုံတင်ရန်သာ ကျန်ရှိတော့သည်။ သူမ၏ ထွက်ပြေးမှုကြောင့် မိသားစုနှစ်ခုလုံးက သူမကို လိုက်ရှာခဲ့ကြပြီး ပျောက်ဆုံးကြောင်း သတင်းပို့ခဲ့ကြသည်။ ဤအရာက သူ့မိသားစုအတွက် ဖြေရှင်းရမည့် ပြဿနာများစွာကို ဖြစ်ပေါ်စေခဲ့သည်။ သူမသည် လှပသော်လည်း ဤနည်းလမ်းဖြင့် ရောက်လာသော ဇနီးသည်ကို သူ သဘောမကျနိုင်ခဲ့ပေ။

ထို့ကြောင့် မင်္ဂလာဦးညတွင် သူသည် သတို့သမီးအခန်းထဲသို့ပင် မဝင်ခဲ့ဘဲ သူငယ်ချင်းများနှင့်အတူ ညဉ့်နက်သည်အထိ အရက်သောက်ကာ ဆိုဖာပေါ်တွင် အိပ်ခဲ့သည်။ နောက်တစ်နေ့တွင်လည်း သူသည် ပျားရည်ဆမ်းခရီးအတွက် ခွင့်ပင်မယူဘဲ သူ၏ လျှပ်စစ်ပစ္စည်းစက်ရုံကို စတင်တည်ထောင်ရန် ချက်ချင်း ပြင်ဆင်ခဲ့သည်။

“လျှပ်စစ်ပစ္စည်းစက်ရုံ?”

ကျိသော် ခေတ္တရပ်တန့်သွားပြီး၊ သူ့စီးကရက်မှ ပြာကို ခါချလိုက်ကာ သူ၏ မျက်လုံးနက်များဖြင့် ကျိဇယ်၏ မျက်နှာကို စိုက်ကြည့်နေခဲ့သည်။

“အိပ်မက်ထဲမှာ မင်းအဒေါ်က ဆပ်ပြာရည် မလုပ်ဘူးလား။”

စောစောက ဆူပူခံခဲ့ရသည့်အတွက် နာကျင်နေဆဲဖြစ်သော ကျိဇယ်သည် မည်သည့်အရာကိုမျှ ကွယ်ဝှက်မထားရဲတော့ပေ။

“ကျွန်တော် မသိဘူး။ အိပ်မက်ထဲမှာ ကျွန်တော်တို့ သိပ်မရင်းနှီးကြဘူး။ တစ်နှစ်ကို အကြိမ်အနည်းငယ်လောက်ပဲ တွေ့ခဲ့ကြတာ။ သူမက အလုပ်မလုပ်ဘဲ တစ်နေကုန် အိမ်မှာနေပြီး တစ်ခါတလေ အိမ်စရိတ်လာတောင်းတယ်ဆိုတာပဲ ကျွန်တော် သိခဲ့ရတယ်။”

တကယ်ပဲ ငွေလိုအပ်လို့လာသည်လား၊ ဒါမှမဟုတ် သူ့ကိုတွေ့ဖို့ အကြောင်းပြချက်တစ်ခုလားဆိုသည်ကိုတော့ သူ မသိခဲ့။ အိပ်မက်ထဲတွင် သူ အလွန်စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရသည်။

အိပ်မက်ထဲမှ သူ၏လုပ်ငန်းက ချောချောမွေ့မွေ့ မဖြစ်ခဲ့ပေ။ လင်းချောင်ကို လက်ထပ်ခဲ့သည့်အတွက် မိသားစုရဲ့ ငြင်းပယ်ခြင်းကို မခံခဲ့ရဘဲ၊ ချေးငွေအပါအဝင် အပြည့်အဝသော ပံ့ပိုးမှုများ ရခဲ့သည့်တိုင်၊ သူ့ဦးလေးက ထုတ်လုပ်မှုလိုင်း ဝယ်ယူမှုကို ပိတ်ပင်ထားခဲ့သည်။

သူ့ဦးလေးက သူ့ကိုကျော်ပြီး သူ့အဒေါ်နှင့် ဦးလေးကို ဆက်သွယ်ကာ နိုင်ငံခြားမှ ထုတ်လုပ်မှုလိုင်းတစ်ခု ထပ်မှာလိုက်သည်ကို သူ ဘယ်အချိန်က သိခဲ့သလဲမသိသော်လည်း နောက်ပိုင်းတွင်တော့ သူ့ဦးလေး၏ ဆုံးဖြတ်ချက်က မှန်ကန်ကြောင်း သက်သေပြနိုင်ခဲ့သည်။ သို့သော် ထိုအချိန်တုန်းက ဒီသတင်းကြောင့် သူ ထိတ်လန့်တုန်လှုပ်သွားခဲ့ရပြီး၊ ဤအကြောင်းကို ကြားသိရသော ယွီကျင်းသည် သူ့ကို မယုံသင်္ကာဖြစ်ကြောင်း ဖော်ပြခဲ့ပြီး ချန်ဝေ့ကော်နှင့် ပိုရင်းနှီးသွားခဲ့သည်။

ထိုကာလအတွင်း သူသည် သူ၏သူငယ်ချင်းများစွာနှင့် ဝေးကွာသွားခဲ့ရသည် ဒါမှမဟုတ် သူတို့က သူ့ထံမှ ဝေးကွာသွားခဲ့ကြသည်ဟု ပြောလျှင် ပိုမှန်လိမ့်မည်။ စက်ရုံ၏ လုပ်ငန်းလည်ပတ်မှုက သူ စိတ်ကူးထားသလောက် ချောမွေ့ခြင်း မရှိခဲ့ပေ။

All Chapters