မွေးဖွားခြင်း
Vol. 29 Ch. 423
လူချမ်းသာရပ်ကွက်ရှိ မြေအောက်ကားပါကင်သည် အန္တရာယ်အရှိဆုံးနေရာများထဲမှ တစ်ခုဖြစ်သည်။ ၎င်းကို ထူးခြားသောသေဆုံးမှုများဖြင့် သေဆုံးခဲ့သည့် အလောင်းများကို သိုလှောင်ထားရန် အသုံးပြုခြင်းဖြစ်သည်။ သာမန်လူတစ်ယောက်သည် ၎င်းအနီးသို့ သွားရန် ဆန္ဒရှိမည်မဟုတ်ပေ။ သို့သော်လည်း ထိုနေရာသို့ ဝင်ရောက်ရန် အသားနံရံကို တူးဖောက်ဝင်လာသော အရူးအချို့ ရှိနေသည်မှာ သေချာပေသည်။
အသစ်ရောက်လာသူသည် ကောင်းမင် မဟုတ်ကြောင်း မြင်လိုက်ရသောအခါ ကောင်းယန်နှင့် စီတုအန်းတို့နှစ်ဦးလုံး စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်ကြသည်။ ကောင်းယန်သည် ကောင်းမင်က အနာဂတ်နတ်ဘုရား၏ ရွှံ့ရုပ်တုအတွက် သူနှင့်လာတိုက်ခိုက်မည်ကို စိုးရိမ်ပြီး စီတုအန်းကမူ သူ၏လွတ်လပ်မှုကို ထပ်မံဆုံးရှုံးသွားမည်ကို စိုးရိမ်သည်။ သို့သော်လည်း ထိုနှစ်ဦးသည် မကြာမီ မျက်မှောင်ကြုတ်လိုက်ကြသည်။ သူတို့သည် ရှရန်၏ စိတ်အားထက်သန်နေသော အမူအရာကို မြင်လိုက်ရသည်။ ကောင်းယန်သည် ရှရန်ကို သိပ်မသိပေ။ သူသည် သူ့မျက်လုံးများထဲရှိ ဆိုးယုတ်စိတ်ကို ဗီဇအရ ခံစားလိုက်ရရုံသာဖြစ်သည်။ ယင်းနှင့်နှိုင်းယှဉ်လျှင် ရှရန်၏ အကျဉ်းသားဟောင်းဖြစ်သူ စီတုအန်းသည် ထိုလူ၏ရူးသွပ်မှုကို ကောင်းကောင်းသိသည်။ ပန်းချီကားထဲတွင် နေထိုင်သော ဤမကောင်းဆိုးဝါးသည် အနီရောင်တစ္ဆေများကို သူ့ခန္ဓာကိုယ်ပေါ်တွင် ရေးဆွဲဝံ့သူဖြစ်သည်။
“ငါတို့ အချိန်ကိုက် ရောက်လာတာပဲ”
ရှရန်၏ မျက်လုံးများက နီရဲနေလေသည်။ သူသည် နံရံရှိ အပေါက်မှတဆင့် သူ့မျက်နှာကိုညှစ်သွင်း၍ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
“အဲ့ဒါ မမွေးဖွားသေးဘူး ၊ ကံကောင်းလို့ပဲ အဲ့ဒါမမွေးဖွားသေးဘူး”
ဒဏ်ရာရထားသော ရှရန်သည် မြေပြင်ပေါ်တွင် မြွေတစ်ကောင်ကဲ့သို့ တွားသွားလိုက်သည်။ သူ့ခန္ဓာကိုယ်မှ သွေးများက ကားပါကင်ရှိအသားများနှင့် ရောနှောသွားသည်။ သူသည် ကားပါကင်နံရံများပေါ်တွင် ပန်းချီဆွဲရန်အတွက် သူ့ကိုယ်သူ ဝိညာဉ်သွေးထဲသို့ နှစ်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို စုတ်တံအဖြစ် ပြောင်းလဲလိုက်သည်။
“အရူးလို လုပ်မနေနဲ့တော့”
ဖန်လီနှင့် ဟယ်ကျင်းတို့ စိတ်ရှုပ်နေကြသည်။ အစပိုင်းတွင် သူတို့သည် ရှရန်ကို တားဆီးနိုင်ခဲ့သော်လည်း ရှရန်က ကားပါကင်ရှိအသားများနှင့် ပေါင်းစည်းလိုက်သောအခါ သူတို့သည် သူ့ကို မည်သို့မျှ မလုပ်ဆောင်နိုင်လောက်အောင် အားနည်းသွားခဲ့ကြသည်။ လမ်းတစ်လျှောက်တွင်လည်း မူမမှန်မှုများစွာကို ကြုံတွေ့ခဲ့ရသည်။ အကယ်၍ အနာဂတ်နတ်ဘုရား အားနည်းသွားပြီး ဟယ်ကျင်းအား ဝိညာဉ်တက်တူး အသုံးပြုနိုင်စေခဲ့ခြင်း မရှိခဲ့ပါက သူတို့ သေဆုံးသွားလောက်ပြီ ဖြစ်သည်။
ဟယ်ကျင်းမှာ စီဆန်းကြောင့် အလွန်အမင်းနာခံနေခဲ့ခြင်း ဖြစ်သည်။စီဆန်းသည် အခန်း ၁၃ မှ ဖြစ်သောကြောင့် မည်သူမှ သူ့ကိုလျှော့မတွက်ရဲကြပေ။ ကြောက်စရာအကောင်းဆုံးအရာမှာ မည်သည့်ကိစ္စများ ဖြစ်ပျက်ပါစေ စီဆန်းက ဤအရာများသည် သူ့အာရုံစိုက်မှုနှင့် မထိုက်တန်သည့်အလား မည်သည့်အရာကိုမျှ မလုပ်ဆောင်ခဲ့ခြင်းပင်။ တစ်ခါတစ်ရံတွင် ဟယ်ကျင်းသည် စီဆန်းတွင် အမှန်တကယ်ဝှက်ဖဲတစ်ခု ရှိနေသလားဟုပင် တွေးမိသေးသည်။
“နောက်တစ်ယောက်လား”
ကောင်းယန်၏စွမ်းအားသည် စည်းမျဉ်းများအပေါ် အခြေခံ၍ လည်ပတ်သောကြောင့် အလွန်အားကောင်းပေသည်။ သာမန်လူများသည် ယင်းကိုဆန့်ကျင်ရန် စွမ်းအားမဲ့ကြရသည်။ သို့သော်လည်း သူ့စွမ်းအား ဖော်ထုတ်ခံလိုက်ရသည်နှင့် အကျိုးသက်ရောက်မှုက များစွာ လျော့နည်းသွားမည်ဖြစ်သည်။ သူ့ကို ထိုစွမ်းအားကို အသုံးပြုရန် တွန်းအားပေးခဲ့သူတိုင်း သေဆုံးခဲ့ရသည်။ ယခုတစ်ကြိမ်တွင်လည်း စီတုအန်းနဲ့ မတွေ့ဆုံခဲ့ရပါက သူ့၏ဆက်တိုက်နိုင်ပွဲက ဆက်ရှိနေခဲ့ဦးမည်ဖြစ်သည်။
“ပစ်မှတ်အရေအတွက် များလာတာနဲ့ စွမ်းအားကုန်ဆုံးမှုလည်း များလာလိမ့်မယ်…”
ကောင်းယန်သည် အနာဂတ်နတ်ဘုရား၏စွမ်းအားကို လိုချင်နေခြင်းပင်။ သူ ထိုရုပ်တုကို စားလိုက်သည်နှင့် လုံးဝတိုးတက်မှု ရရှိသွားမည်ဖြစ်သော်လည်း သူစောင့်ရဦးမည့်ပုံ ရသည်။
“မတွေ့တာကြာပြီ ရှရန်”
စီတုအန်းသည် ချိန်းကြိုးများကို ဖျက်ဆီးပြီးကာစ ဖြစ်သည်။ သူက သူ့လည်ပင်းကိုချိုးလိုက်ရင်း ရှရန်ကို ကြည့်ကာ မေးလိုက်သည်။
“ကောင်းမင်က မင်းကို လွှတ်လိုက်တာလား”
“မင်းရဲ့ တိုက်ပွဲကိုပဲ အာရုံစိုက်ပါ ၊ငါက သွေးနီရောင်မြို့တွေ၊ ရွှံ့ရုပ်တုတွေ ဒါမှမဟုတ် အနာဂတ်တွေကို စိတ်မဝင်စားဘူး ၊ ငါက ပြီးပြည့်စုံတဲ့ဖန်တီးမှုကို ရေးဆွဲချင်ရုံပဲ”
ရှရန်က ရူးသွပ်သောစိတ်လှုပ်ရှားမှုဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
“ဒီမှာ ရှိရမယ် ၊ မိခင်ရဲ့ သားအိမ်က အနီးနားမှာပဲ”
ရှရန်သည် တိုက်ပွဲတွင် ပါဝင်ပူးပေါင်းရန် စီစဉ်ထားခြင်း မရှိသော်လည်း စီတုအန်းသည် ပုပ်ပွနေသော အသားများထဲရှိ သေခြင်းတရား၏အရှိန်အဝါကို စုစည်း၍ ရှရန်ဆီသို့ တွန်းလွှတ်လိုက်သည်။ သူသည် စိုးရိမ်စိတ်များတတ်သော လူတစ်ယောက်ဖြစ်သည်။ ရှရန်ပေါ်လာသည်နှင့် ယင်းက ကောင်းမင်၏ ထောင်ချောက် ဖြစ်နိုင်သည်ဟု သူသံသယရှိသည်။ ကောင်းမင်၏ဝိညာဉ် အပိုင်းပိုင်းဆုတ်ဖြဲခံရသောအချိန်တွင် သူ(ကောင်းမင်)သည် အကူအညီ မတောင်းခဲ့ဘဲ ညှဉ်းပန်းနှိပ်စက်သည့်အခန်းကို ဖွင့်၍ ရှာယန်ကိုထွက်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ထိုပန်းချီဆရာသည် ကောင်းမင်၏အကူအညီ ဖြစ်နိုင်သည်။
ထပ်မံအတည်ပြုရန်အတွက် စီတုအန်းက ပြုံးလိုက်ပြီး
“ငါတို့ နှစ်ယောက်လုံးက အကျဉ်းသားဟောင်းတွေပဲလေ ၊ ငါတော့ ထောင်ကနေ လွတ်မြောက်လာပြီ ၊ မင်းအပေါ်က ကောင်းမင်ရဲ့ ချိန်းကြိုးတွေကို ဖယ်ရှားပစ်ဖို့ ငါ့အကူအညီ လိုသေးလား”
“မြင်ရတဲ့ ချိန်းကြိုးတွေကိုတော့ မင်းဖြတ်နိုင်ပေမယ့် မမြင်ရတဲ့ ချိန်းကြိုးတွေကိုကော”
ရှရန်က စီတုအန်းကို တစ်ချက်ကြည့်လိုက်သည်။
“ထူးဆန်းတယ် ၊ မင်း ချိန်းကြိုးတွေနဲ့ရှိနေတုန်းက ငါ့မျက်စိထဲပိုကြည့်ကောင်းတယ်၊ အခုတော့ မင်းက ငါ့ကို စိတ်မသက်မသာ ဖြစ်စေပြန်တယ် ၊ငါတို့က ကံကြမ္မာက ဆုံးဖြတ်ထားတဲ့ ရန်သူတွေလိုပဲ မင်းကို သတ်ချင်တဲ့စိတ်တွေ ချက်ချင်းပေါ်လာတယ်”
အကယ်၍ ကောင်းမင်ပေါ်မလာခဲ့လျှင် ရှရန်သည် ရေသေဖိုရမ်ကို တည်ထောင်သူ ဖြစ်လာလိမ့်မည်ဖြစ်သည်။ သူသည် ခြောက်ခြားဂိမ်းကစားသမားများကို ထိန်းချုပ်၍ စုံစမ်းစစ်ဆေးရေးဌာနကို ကိုယ်စားပြုသော စီတုအန်းကို တိုက်ခိုက်လိမ့်မည်ဖြစ်သည်။
“ကံကြမ္မာရန်ဘက်လား ၊ ခင်ဗျား ကောင်းမင်ကို ကံကြမ္မာလို့ ဆိုလိုတာလား ၊ ခင်ဗျားတို့သုံးယောက်ရဲ့ဆက်ဆံရေးက တော်တော်ရှုပ်ထွေးတာပဲ”
စီဆန်းက ခပ်တိုးတိုးမှတ်ချက်ချသည်။ စီတုအန်းနှင့် ရှရန်တို့နှစ်ဦးလုံး သူ့ကို လျစ်လျူရှုထား၏။
“တကယ်တော့ ငါတို့ တစ်ယောက်ကိုတစ်ယောက် ပစ်မှတ်ထားဖို့ မလိုပါဘူး ၊ မင်းက ပြီးပြည့်စုံတဲ့ အနုပညာလက်ရာကို ဖန်တီးချင်တယ်။ ကောင်းယန်က အနာဂတ်နတ်ဘုရားရဲ့ရုပ်တုကို စားသုံးနေတယ် ၊ပြီးတော့ ငါက လွတ်လပ်မှုကို လိုချင်တယ်။ ငါတို့ရဲ့ ရည်မှန်းချက်တွေက တစ်ထပ်တည်း မကျဘူးလေ။ဘာလို့ ကျန်တဲ့သူတွေကို ချန်မထားခဲ့ရမှာလဲ”
စီတုအန်းသည် အချုပ်အနှောင်များမှ လွတ်မြောက်ရန် ကောင်းယန်နှင့် အနာဂတ်နတ်ဘုရား၏ စွမ်းအားကို အသုံးပြုခဲ့ခြင်းဖြစ်သည်။ သူသည် အကျဉ်းချခံထားရသော်လည်း ရှေ့သို့ အလွန်ပင် ကြိုတွက်ထားခဲ့သည်။
ကောင်းယန်နှင့် ရှရန်တို့က စီတုအန်း၏အကြံပြုချက်ကို လျစ်လျူရှုလိုက်သည်။ သို့သော်လည်း ဟယ်ကျင်းသည် သူ့ပတ်ဝန်းကျင်ရှိ ချိတ်ဆွဲထားသောအလောင်းများကို ကြည့်၍ ကြောက်ရွံ့နေခဲ့သည်။
“လူသားတွေဆိုတာ အနာဂတ်နတ်ဘုရားရဲ့ မျက်လုံးထဲမှာ ပုရွက်ဆိတ်ထက် မပိုဘူး ၊ ကျုပ်တို့ အတူတူ ပူးပေါင်းပြီး လွတ်မြောက်ဖို့ နည်းလမ်းတစ်ခု ရှာကြည့်ရအောင်လား”
သူ စကားဆုံးသည်နှင့် ဖန်လီက သူ့ကိုတွန်းထုတ်လိုက်သည်။
“သတိထား”
ဗီဇပြောင်းလဲထားသော အသားများသည် လှိုင်းလုံးတစ်ခုကဲ့သို့ လှုပ်ရှားလာတော့သည်။ ဆူနာမီသည် မြေအောက်ကားပါကင်ထဲတွင် သတိမပေးဘဲ ပေါ်လာခဲ့ချေပြီ။
စီတုအန်း ပြုံးလိုက်သည်။ သူသည် ငြိမ်းချမ်းရေးကို မဲပေးခဲ့သော်လည်း သူ၏လုပ်ရပ်များကမူ သူ၏ အစစ်အမှန်အတွေးများကို ဖော်ပြနေလေသည်။
“အဲ့လိုလူမျိုးကို ခင်ဗျားတို့ ဘယ်လို ယုံကြည်လို့ရမှာလဲ”
စီဆန်းသည် စီတုအန်းကို ဟန်သဲ့ကိုယ်ပိုင်ကျောင်းတွင် တွေ့ခဲ့ဖူးသည်။ သူသည် သူ့ကို မြင်သောအချိန်၌ပင် ဆုတ်ခွာရန်အသင့်ဖြစ်နေပြီဖြစ်သည်။ မူမမှန်ဖြစ်ရပ်များစွာမှ စီဆန်းအသက်ရှင်နိုင်ခဲ့ခြင်းမှာ အဓိကအားဖြင့် သူ့ရဲ့ ပြေးလွှားနှုန်းနှင့် ထက်မြက်သော အလိုလိုသိစိတ်တို့ကြောင့် ဖြစ်သည်။
စီတုအန်း၏ လှုံ့ဆော်မှုကြောင့် သူ့အရေပြားပေါ်တွင် မျက်လုံးများ ပိုမိုပွင့်ဟလာလေသည်။ မျက်လုံးတစ်လုံးချင်းစီသည် စီတုအန်း၏အနာဂတ်များထဲမှ တစ်ခုကို ထင်ဟပ်နေစေသည်။
“ကောင်းယန်၊ မင်းရဲ့ ခန္ဓာကိုယ်အစစ် ဘယ်မှာပုန်းနေလဲဆိုတာ ငါကြည့်ပါရစေ”
စီတုအန်းသည် သူငှားယူနိုင်သမျှ စွမ်းအားအားလုံးကို ပေါက်ကွဲစေလိုက်သည်။ဦးတည်ချက်မရှိသော တိုက်ခိုက်မှုကို စတင်လိုက်တော့သည်။ ကောင်းယန်နှင့်ရှရန်သာမက ကားပါကင်ထဲတွင် ပုန်းအောင်းနေသော မကောင်းဆိုးဝါးများအားလုံးကိုပါ ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်။ စီတုအန်းသည် ကောင်းယန်၏ခန္ဓာကိုယ်အစစ်အမှန် ပုန်းအောင်းနေသည့်နေရာကို မသိသောကြောင့် သူ့အစီအစဉ်မှာ အရာအားလုံးကို ဖယ်ရှားပစ်ရန်ပင် ဖြစ်တော့သည်။
“မင်းရဲ့ စွမ်းအားကို နောက်ထပ် ဘယ်နှစ်ခါသုံးနိုင်မလဲ ငါကြည့်မယ်”
အသားများ ကြီးထွားလာသည်။ မြင်ကွင်းသည် မိစ္ဆာဆန်၍ ကြောက်မက်ဖွယ်ကောင်းလေသည်။ ထိုနေရာရှိ လူများအားလုံး သက်တမ်းမစေ့ဘဲ သေဆုံးကြတော့သည်။ သူတို့၏အနာဂတ်သက်တမ်းများကို အနာဂတ်နတ်ဘုရားထံ အစာကျွေးခဲ့သော်လည်း ထိုအခိုက်အတန့်တွင် ၎င်းကို စီတုအန်းက ထုတ်လွှတ်ပစ်လိုက်လေသည်။
ဟယ်ကျင်း၏ခန္ဓာကိုယ်ပေါ်တွင် ထူးဆန်းသည့်အရာများ ကြီးထွားလာပြီး သူ့ကိုယ်သူ စတင်ထိန်းချုပ်မှု လွတ်လာလေသည်။ သူတို့သည် သူ့ကိုယ်တွင်းအင်္ဂါများ စကားပြောနေသည်ကိုပင် ကြားနိုင်နေသည်။
သွေးများက မိုးကဲ့သို့ ရွာကျပြီး အသားတောအုပ်ကြီးတစ်ခုအဖြစ် ကြီးထွားလာတော့သည်။ သို့သော်လည်း ရှရန်နှင့် ကောင်းယန်တို့ နှစ်ဦးလုံးက စီတုအန်းကို လျစ်လျူရှုထားခဲ့သည်။ သူတို့ တစ်စုံတစ်ခုကို အာရုံခံမိလိုက်သည်။ စီတုအန်းက သူ၏စွမ်းအားအပြည့်အဝကို သုံးလိုက်သောအချိန်တွင် သူတို့နှစ်ဦးလုံးသည် ကားပါကင်၏ထောင့်တစ်နေရာသို့ လှည့်ကြည့်လိုက်ကြသည်။ သူတို့သည် အမျိုးသမီးတစ်ဦး၏အကူအညီတောင်းခံသံနှင့် ကလေးငယ်တစ်ဦး၏ ငိုကြွေးသံကို ကြားလိုက်ရလေသည်။
“အနာဂတ်နတ်ဘုရားက မကြာခင် မွေးဖွားလာတော့မှာလား”