← Chapters

ရှာတွေ့တာ နောက်ကျတယ်

Vol. 29 Ch. 424

ရှာတွေ့တာ နောက်ကျတယ်

Vol. 29 Ch. 424

မျက်နှာကျက်ပေါ်တွင် နောက်ပျစ်မဲနက်နေသော သွေးများစီးဆင်းနေကြသည်။ပုပ်ပွနေသော ရုပ်အလောင်းများသည် ငြိမ်သက်စွာဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်လျက်ရှိနေကြသည်။ တက်ကြွသော အသက်စွမ်းအားများ ဆွေးမြေ့ပျက်စီးသွားသည်။ သေလုဆဲဆဲ ကိုယ်တွင်းအင်္ဂါများကြားတွင် ယက်လုပ်ထားသော ပန်းများ ပွင့်လန်းလာကြသည်။ စီတုအန်း၏ လှုံ့ဆော်မှုကြောင့် ဦးခေါင်းမဲ့ရုပ်တုပေါ်ရှိ အက်ကွဲကြောင်းများ ပိုတိုးလာလေသည်။ စီတုအန်းခန္ဓာကိုယ်ပေါ်ရှိ မျက်လုံးများက မျက်လုံးဖွင့်လိုက်ကြသည်။ ထိုရူးသွပ်နေသောလူသည် သေမင်းနူတ်ခမ်းဝတွင်ရောက်နေသော်လည်း နတ်ဘုရားစွမ်းအားကို အရူးအမူးထုတ်လွှတ်နေခဲ့သည်။

အနာဂတ်နတ်ဘုရားသည် စီတုအန်းကို အမှန်တကယ် ကူညီလိုခြင်း မရှိခဲ့ချေ။ သို့ပါသော်လည်း နတ်ဘုရားက စီတုအန်းသည် သူ့စွမ်းအားကို လျော့ချရန်အတွက် သူ့ခန္ဓာကိုယ်ကို ၁၇ ကြိမ်တိုင်တိုင် ဆုတ်ဖြဲပစ်ရဲလောက်အောင် ရူးသွပ်လိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ခဲ့သည်ကတော့ အမှန်ပင်။ ဤနောက်ဆုံးအကြိမ်တွင် စီတုအန်းသည် လူတိုင်းနှင့်အတူ သေဆုံးရန် ဆုံးဖြတ်ထားပုံရသည်။

ကောင်းမင်ကို ဖမ်းဆီးရန် ထွက်သွားခဲ့သော အနာဂတ်နတ်ဘုရား၏ပင်မအသိစိတ်သည် ပြန်လာရန် ကြိုးစားနေခဲ့သည်။ သူ့အမြင်တွင် ဟန်ဟိုင်းသည် လယ်ယာတစ်ခုထက် မပိုခဲ့ပေ။ သို့သော်လည်း အနှီသိုးဝက်များကဲ့သော အိမ်မွေးတိရစ္ဆာန်များအားလုံးက သူ့ကို သတ်ချင်နေကြလေသည်။

နတ်ဘုရားသည် ရူးသွပ်နေသော လူများအားလုံး သူ့ပတ်လည်တွင် အဘယ်ကြောင့် စုဝေးနေရပါသနည်းဟု တွေးမိလိုက်သည်။

“အနာဂတ်နတ်ဘုရားရဲ့ ကလေး! နတ်ဘုရားအသား ရောက်လာနေပြီ”

ရှရန်သည် သူ့ရှေ့မှ သွေးကြောကို စိတ်လှုပ်ရှားစွာဖြင့် ကိုက်ချလိုက်ပြီး သွေးများအား သူ့ပါးစပ်ထဲသို့ စီးဝင်စေလိုက်သည်။ သူ့ခန္ဓာကိုယ်သည် မြေအောက်ကားပါကင်ထဲသို့ ဆက်လက်ပေါင်းစည်းသွားခဲ့သည်။

“နတ်ဘုရားအသိစိတ်က ပြန်မလာသေးဘူး ၊မင်းရဲ့ ခန္ဓာကိုယ်ကို ငါပုံဆွဲပေးပါရစေ”

သူ့အောက်ရှိ အသားနှင့်အသွေးများက လှုပ်ရှားနေသည်။ ရှရန်၏ အဝတ်အစားနှင့်အရေပြားများပေါ်တွင် ထူးဆန်းသော ပုံစံကွက်များ ပေါ်ထွက်လာခဲ့သည်။ ၎င်းသည် သူ ရေးဆွဲနေသော အနာဂတ်နတ်ဘုရားပုံဖြစ်သည်။ သူသည် နတ်ဘုရားအား လေးစားသမှုရှိမနေချေ။ နတ်ဘုရားပုံစံကို သူ့ခန္ဓာကိုယ်အနှံ့ပင် ရေးဆွဲထားခဲ့သေးသည်။ ရှရန်သည် ကားပါကင်ထောင့်ဆီသို့ အလျင်အမြန် တွားသွားလိုက်သည်။ စီတုအန်း မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ကားပါကင်ရှိ မူမမှန်မှုအားလုံးကို လှုံ့ဆော်ခဲ့သူဖြစ်သော်လည်း ထူးဆန်းသောအသားအနုပညာဖန်တီးမှုများသည် ရှရန်အား ၎င်းတို့ထဲမှ တစ်ဦးကဲ့သို့ လျစ်လျူရှုထားခဲ့ကြခြင်းဖြစ်သည်။

“အနာဂတ်နတ်ဘုရားနဲ့ သူ့ရွှံ့ရုပ်တုကို ငါ ရှာတွေ့ခဲ့ပြီ ၊ ဒါတွေက ငါ့ဟာတွေပဲ”

စီတုအန်းသည် သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ မြေပြင်ပေါ်ရှိ သွေးကြောမျှင်များက အသားမြွေတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။

“ငါ့ရဲ့ ရုပ်ခန္ဓာကို ကောင်းမင်က ဖျက်ဆီးခဲ့ပစ်လိုက်ပြီ ၊ ငါခန္ဓာကိုယ်အသစ်တစ်ခု လိုတယ်”

နတ်ဘုရားသည် လူသားများကို စစ်တုရင်နယ်ရုပ်များအဖြစ် ဆက်ဆံခဲ့ပြီး လူသားများက နတ်ဘုရားကို ပြန်လည်ဆန့်ကျင်၍ တွက်ချက်ခဲ့ကြသည်။ စီတုအန်းသည် ထိန်းချုပ်မှုလွတ်လုနီးပါးဖြစ်နေသည့် အနက်ရောင်ယုံကြည်မှု၏ ပေါက်ကွဲမှုကို တွန်းလှန်၍ သူ၏အနီရောင်ယုံကြည်မှုကို ဂရုတစိုက် ဖုံးကွယ်ထားခဲ့သည်။ ၎င်းသည် သူ၏မိခင်ဖြစ်သူပင် မသိသော အနက်ရှိုင်းဆုံး လျှို့ဝှက်ချက် ဖြစ်သည်။

“ဘယ်လောက်တောင် ရက်စက်ပြီး သနားစရာကောင်းတဲ့ လူလဲ”

ကောင်းယန်သည် မမြင်ရသောလက်တစ်ဖက်ဖြင့် ဖမ်းဆုပ်ခံထားရဆဲ ဖြစ်ပုံရသည်။ စီတုအန်းသည် သူ့ကို အလွန်သတိထားခဲ့သည်။ သို့သော် ကောင်းယန်သည် သူ၏လက်ရှိခန္ဓာကိုယ်၏ ဘေးကင်းရေးကို ဂရုစိုက်ပုံမရပေ။ သူ ကားပါကင်ထောင့်ကို စိုက်ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် လောဘများမရှိဘဲ သီးသန့်ဆန်သည့် အမူအရာသာ ရှိသည်။

“ဘာလုပ်ကြမလဲ ၊ ငါတို့လည်း သွားသင့်လား”

ဟယ်ကျင်းသည် ရုပ်ပိုင်းဆိုင်ရာပုံပျက်နေသောရှရန်က အသားတောအုပ်ထဲ ဖြတ်သွားနေသည်ကို ကြည့်လိုက်သည်။ သူ ဖြူဖျော့သွားခဲ့သည်။

“သူကူးပြီး သွားတော့မယ်”

ဖန်လီလည်း ဘာလုပ်ရမှန်းမသိ ဖြစ်နေလေသည်။ ကောင်းမင်သည် ရှရန်အား သူ့လက်ထဲ အပ်ခဲ့သော်လည်း အခြေအနေက ထိန်းမနိုင်သိမ်းမရ ဖြစ်သွားခဲ့သည်။ သူသည် စီဆန်းကို တောင်းပန်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

“မင်းလည်း အခန်း၁၃က ဆိုတော့ ကောင်းမင် မင်းကို တစ်ခုခု ပြောပြခဲ့သေးလား”

“ဟုတ်တယ် ၊မင်း လက်ကို မင်းအိတ်ကပ်ထဲမှာပဲ ထည့်ထားတာ ငါသတိထားမိတယ် ၊ မင်း ဘာဖုံးကွယ်ထားလဲဆိုတာ အခုပဲ ထုတ်ပြလိုက်တော့”

ဟယ်ကျင်းမှာ အသည်းအသန် ဖြစ်နေလေသည်။ သူ့အရေပြားပေါ်တွင် ပါးစပ်များစွာ ပေါ်လာပြီး ၎င်းတို့သည် ကိုယ်ပိုင်စိတ်များ ပိုင်ဆိုင်ထားကြသည်။ အချို့က ငိုနေကြပြီး အချို့မှာ ရယ်မောနေကြသည်။

စီဆန်းသည် ခရမ်းရောင်ဘရာစီယာကို ဆုပ်ကိုင်ထားပြီး သူ့အမူအရာသည်လည်း မသက်မသာ ဖြစ်နေလေသည်။

“ဒီသုံးယောက်ကို ကျွန်တော်တိုက်ခိုက်နိုင်မယ်လို့ မျှော်လင့်နေတာလား”

သွေးမိုးက မြင်ကွင်းကို လွှမ်းခြုံသွားသည်။ လူတိုင်း၏ခန္ဓာကိုယ်များ သန္ဓေပြောင်းနေကြသည်။ သေခြင်းနယ်မြေတွင် အသက်ဓာတ်၏တက်ကြွမှုများ ပွင့်လန်းလာတော့သည်။

ရှေ့မှ ကူးသွားသော ရှရန်က တစ်စုံတစ်ခုမှားနေသည်ကို ပထမဆုံးသတိထားမိသူဖြစ်သည်။ အသားတောအုပ်ထဲရှိ ရုပ်အလောင်းများ ပြန်လည်ဖွဲ့စည်းလာကြသည်။ ၎င်းတို့သည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေကြသည်။ ထောင့်နားရှိ ရုပ်အလောင်းများအားလုံးမှာ အဖြူရောင်ကျောင်းသားကောင်စီတံဆိပ်များကို ဝတ်ဆင်ထားကြခြင်းဖြစ်သည်။ ၎င်းမှာ အလွန်ထူးဆန်း၏။ ၎င်းသည် နတ်ဘုရား၏ဘဝအသစ်တစ်ခု ဆင်းသက်လာမည့်အချိန် ဖြစ်သင့်သော်လည်း ရုပ်အလောင်းများက ဈာပနအတွက် ရောက်ရှိနေသည့်အလား ဖြစ်နေသည်။

“ဒါ မဟုတ်သေးဘူး”

ရှရန် သူ့ခေါင်းကို လှည့်ကြည့်လိုက်သည်။ သူက စီတုအန်းကိုကျော်၍ ကောင်းယန်ကို စိုက်ကြည့်လိုက်သည်။

ကောင်းယန်က ရှရန်နှင့် အကြည့်ချင်း ဆုံမိသွားသည်။ သူသည် ပါးစပ်ကို ဖွင့်၍ မဆိုင်းမတွပင် သူ့လျှာကို ကိုက်လိုက်သည်။ သူ့မျက်လုံးများ ဖောင်းကြွလာပြီး သူ့ခန္ဓာကိုယ်မှ အသက်စွမ်းအားများ ယိုစိမ့်ထွက်လာတော့သည်။ သူ့ခန္ဓာကိုယ်သည် ကျုံ့ဝင်သွားပြီး မမြင်ရသော လေပြင်းတစ်ချက်က ကားပါကင်ထောင့်ဆီသို့ တိုက်ခတ်သွားသည်။ မရဏတရား၏ ဆိုးယုတ်မှုဖြင့် ထောက်ကန်ထားသော ခန္ဓာကိုယ်သည် ရုပ်သေးရုပ်တစ်ရုပ်ကဲ့သို့ ကျိုးပဲ့၍ ပြိုကျသွားသည်။ ကောင်းယန်၏ ရုပ်အလောင်းသည် တိုင်များပတ်လည်တွင် ချိတ်ဆွဲထားသည့် ၁၇ ခုသောအလောင်းများကို စိုက်ကြည့်နေလေသည်။ သူ့မျက်နှာပေါ်ရှိ နောက်ဆုံးအမူအရာမှာ အပြုံးတစ်ခု ဖြစ်သည်။ ၁၇ ခုသော အလောင်းများသည် စီတုအန်းပေါ်ရှိ ၁၇ ခုသော ချိန်းကြိုးများနှင့် ကိုက်ညီနေသည်။ ကောင်းယန်သည် ဤရလဒ်ကို ကြိုတင်ခန့်မှန်းထားခဲ့ပုံရသည်။ ၁၈ ခုသောအလောင်းများထံမှ သွေးများသည် အနာဂတ်နတ်ဘုရား၏ ရွှံ့ရုပ်တုထဲသို့ စီးဝင်သွားခဲ့ပြီး ဖြစ်သည်။

စီတုအန်းသည် ရွှံ့ရုပ်တု၏ စွမ်းအားကို ဆွဲထုတ်ခဲ့ပြီး ကောင်းယန်၏သွေးများကို ရွှံ့ရုပ်တုအတွင်း၌ အသက်ဝင်လာရန် အခွင့်အရေးပေးခဲ့ခြင်းဖြစ်သည်။

“မင်းလည်း တိုက်ပွဲထဲ ဝင်လာတာလား”

စီတုအန်းနှင့် ရှရန်တို့ တစ်စုံတစ်ခုကို သတိပြုမိလိုက်ကြသည်။ သူတို့ အရှိန်မြှင့်လိုက်ကြသည်။ အသားတောအုပ် ဆုတ်ဖြဲခံလိုက်ရပြီး သူတို့သည် ငိုကြွေးသံနှင့် တောင်းပန်တိုးလျှိုးသံအနားသို့ အလျင်အမြန် ချဉ်းကပ်သွားကြသည်။

ရှရန် မြင်ခဲ့ရသော ဦးခေါင်းမဲ့အမျိုးသမီးများ ပိုမို ပေါ်ထွက်လာသည်။ သူတို့၏ ခန္ဓာကိုယ်များသည် ကားပါကင်ပေါ်တွင် တွားသွားနေသော သွေးကြောများနှင့် ချိတ်ဆက်ထားသည်။ သူတို့ထဲမှ အများစုသည် အဖြူရောင်ကျောင်းသားကောင်စီတံဆိပ်ကို ဝတ်ဆင်ထားကြလေသည်။

သူ့ရင်ထဲရှိ မကောင်းသော ခံစားချက်က ကြီးထွားလာတော့သည်။ ရှရန်သည် ‘လှပသော’ အနုပညာကို ဖျက်ဆီးရသည့် နှလုံးနာမှုကို လျစ်လျူရှု၍ အသားတောအုပ်၏အနက်ရှိုင်းဆုံး အစိတ်အပိုင်းထဲသို့ တွားသွားလိုက်သည်။ သူ အသားဖြင့်ပြုလုပ်ထားသော အကိုင်းအခက်များကို ခွဲထုတ်လိုက်သောအခါ အသနားခံမှုများ ရပ်တန့်သွားသည်။ မမြင်ရသောသော လေသည် ရှရန်ကို ကျော်ဖြတ်ကာ အမှောင်ထုထဲသို့ ကျရောက်သွားသည်။ လျှို့ဝှက်တောအုပ်၏ထောင့်တွင် နိုင်ငံသားအချို့၏ ခန္ဓာကိုယ်များက အချင်းချင်းလိမ်ယှက်နေကာ အသားကုတင်တစ်ခုဖြစ်ပေါ်နေသည်။ သူတို့အားလုံး အဖြူရောင်တံဆိပ်ကို ဝတ်ဆင်ထားကြသည်။ အိပ်ရာပေါ်တွင် မွေးဖွားလုနီးပါး အမျိုးသမီးတစ်ဦး ရှိနေလေသည်။ သူမသည် သူမ၏လက်တွဲဖော်များ၏လက်များကို ဆုပ်ကိုင်ထားပြီး နာကျင်မှုကြောင့် သူမ၏ခန္ဓာကိုယ်မှာ တုန်ယင်နေသည်။ သူမ၏မျက်နှာသည် နာကျင်မှုကြောင့် ရှုံ့မဲ့နေသော်လည်း မျက်လုံးများကမူ သီးသန့်ဆန်သည့်အသွင်ဖြင့် ရင်းနှီးနေသည်။

“အဖြူရောင် ကျောင်းသားကောင်စီတံဆိပ်တွေလား”

စီတုအန်းလည်း ထိုအမျိုးသမီးကို မြင်လိုက်ရသည်။ အသက်စွမ်းအားများအားလုံး သူမဆီသို့ စီးဆင်းနေကြသည်။ အနာဂတ်နတ်ဘုရားသည် အချိန်မြစ်ထဲမှ ခိုးယူထားသော အသက်စွမ်းအားများကို ထိုအမျိုးသမီးထဲသို့ ထိုးသွင်းထားခဲ့သည်။

“ကောင်းယန်.. မင်းပဲလား”

စီတုအန်း၏မျက်လုံးများ တုန်ယင်သွား၏။

“မင်းက အနာဂတ်နတ်ဘုရားရဲ့အစီအစဉ်ကို အချိန်အကြာကြီးကတည်းက ရှာတွေ့ထားခဲ့တာပဲ ၊ မင်းရဲ့ နောက်တွေကိုတောင် မြေအောက်ကားပါကင်ထဲ ပို့ထားခဲ့သေးတယ်”

ရှရန်သည် ထိုအမျိုးသမီးကို မြင်လိုက်သောအခါ အရာအားလုံးကို နားလည်သွား၏။

“အနာဂတ်နတ်ဘုရားရဲ့ ကလေးကို ခိုးဖို့အတွက် မင်းက မင်းရဲ့နောက်လိုက်တွေကို သူ့ရဲ့ မိခင်တွေအဖြစ် ပြောင်းလဲလိုက်တာလား ၊ ဒီအတွက် လူဘယ်နှစ်ယောက်ကိုတောင် စတေးခဲ့ရတာလဲ”

ကားပါကင်သည် ရေခဲတိုက်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ကောင်းယန်က ၎င်းကို သိရှိပြီးနောက် ထိုနေရာကို ရှောင်ရှားခြင်းမပြုဘဲ နတ်ဘုရားမွေးဖွားရန်အတွက် ပြီးပြည့်စုံသောကုတင်တစ်ခု တည်ဆောက်ရန် သူ့နောက်လိုက်များကို စေလွှတ်ခဲ့ခြင်းဖြစ်သည်။

ရှရန်၏စကားများသည် လူတိုင်းကို ထိတ်လန့်သွားစေခဲ့သည်။ သူတို့သည် အဖြူရောင်တံဆိပ်များ ဝတ်ဆင်ထားသော များစွာသောအလောင်းများကို မြင်ပြီး တုန်ယင်သွားကြသည်။ သူတို့သည် သူတို့အားလုံးထဲတွင် ကောင်းယန်က စိတ်အတည်ငြိမ်ဆုံးဖြစ်မည်ဟု ထင်ခဲ့ကြသော်လည်း နောက်ဆုံးတွင် သူသည် အရူးသွပ်ဆုံး ဖြစ်နေခဲ့သည်။

ကောင်းယန်၏ဘဝအပေါ် နားလည်မှုသည် ဥမင်လိုဏ်ခေါင်း၏ သံသရာစက်ဝန်းထဲတွင် နှစ်ပေါင်းများစွာ ကုန်ဆုံးခဲ့ပြီးနောက် အစွန်းရောက်သွားခဲ့သည်။ ကောင်းမင်နှင့်မတူညီစွာ စက်ဝန်းတစ်ခုစီတိုင်းတွင် အရာအားလုံးကို မေ့ပစ်နိုင်သော ကောင်းမင်နှင့်မတူဘဲ နာကျင်မှုနှင့် ဆင်းရဲဒုက္ခခံစားရမှုများက သူ့အပေါ် စုပုံလာခဲ့သည်။

“ရှက်စရာပဲ”

ကောင်းယန်၏အသံသည် ထိုအမျိုးသမီး၏နှုတ်ခမ်းများမှ ထွက်လာသည်။ သူမက ဦးခေါင်းမဲ့ရုပ်တုကို လှည့်ကြည့်လိုက်သည်။ သူမ၏သွေးနှင့် ယုံကြည်မှုများက ၎င်းထဲသို့ စီးဝင်နေလေသည်။

“မင်းတို့ ဒါကိုရှာတွေ့တာ နည်းနည်းနောက်ကျသွားတာပဲ”

All Chapters