← Chapters

ပြန်လည်ဆုံတွေ့ခြင်း

Vol. 29 Ch. 425+426

ပြန်လည်ဆုံတွေ့ခြင်း

Vol. 29 Ch. 425+426

(မူရင်းမှာ တစ်ပိုင်းကျော်သွားလို့ ဒီအတိုင်းပဲရေးလိုက်ပါတယ်)

စီတုအန်းတွင် နက်ရှိုင်းစွာမြှုပ်နှံထားသော လျှို့ဝှက်ချက်တစ်ခု ရှိသည်။ သူသည် ဟန်ဟိုင်းမှ အမှန်တကယ် ထွက်ခွာခဲ့သော ဟန်ဟိုင်းရှိတစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်သင့်သည်။ သူသည် ဟန်ဟိုင်းပြင်ပရှိ ကမ္ဘာကြီးသည် မည်သို့မည်ပုံရှိသည်ကိုသိပြီး ဤမြို့၏အမှန်တရားကိုလည်း သိထားသည်။

“လက်တွေ့ကမ္ဘာနဲ့အရိပ်ကမ္ဘာ ပေါင်းစပ်ထားတဲ့ သက်ရှိပုံစံက ရောက်ရှိလာပြီ ၊ အရက်စက်ဆုံး သွေးနီရောင်တော်မြို့ပိုင်ရှင်က အမှန်တရားကို ခန့်မှန်းထားခဲ့ပြီးပြီ ၊ အရိပ်က မြို့ကို အပြည့်အဝ ဖုံးလွှမ်းသွားတဲ့အခါကျရင် ဒီမြို့က အကျဉ်းသားအားလုံးရဲ့နောက်ဆုံးကံကြမ္မာဟာ ဒီလိုသတ္တဝါတွေ ဖြစ်လာကြမယ့် ကံကြမ္မာလား”

လုဇန်၏လမ်းညွှန်မှုဖြင့် စီတုအန်းသည် လူအများစုထက် လျှို့ဝှက်ချက်များကို ပိုသိခဲ့ရသည်။ အရိပ်ကမ္ဘာကို သွေးနီရောင်မြို့တော်ပိုင်ရှင်များအားလုံးက ပူးပေါင်းကာ သတ်ဖြတ်ခဲ့ကြခြင်းဖြစ်သည်။ သူတို့သည် တစ်စုံတစ်ခုပေါ်ပေါက်လာသည်ကို စောင့်ဆိုင်းရန် ဟန်ဟိုင်းကို လှောင်အိမ်တစ်ခုအဖြစ် ချန်ထားခဲ့ကြသည်။

ကံကြမ္မာသည် နဂါးငွေ့တန်းလက်ဆီထဲသို့ ကြီးထွားလာသော သစ်ပင်တစ်ပင်ဖြစ်ပါက ကမ္ဘာအမျိုးမျိုးသည် ထိပ်ဖျားရှိသစ်ရွက်များဖြစ်မည်ဖြစ်ပြီး တစ်ဦးချင်းစီ၏ကံကြမ္မာသည် ဆုံးဖြတ်ထားသော လမ်းကြောင်းများအပေါ် အခြေခံ၍ကြီးထွားလာသော အရွက်စေ့များ ဖြစ်ပေလိမ့်မည်။ သွေးနီရောင်မြို့တော်ပိုင်ရှင်များအားလုံး စောင့်ဆိုင်းနေသော အရာသည် မျိုးစေ့ပင်ဖြစ်သည်။ ထိုမျိုးစေ့သည် မြို့ပိုင်ရှင်များအားလုံးကို ရူးသွပ်သွားစေနိုင်သော မျိုးစေ့ဖြစ်သည်။

စီတုအန်းသည် လုဇန်ပြောပြသော အမှန်တရား၏တစ်စိတ်တစ်ပိုင်းကိုသာ သိရှိခဲ့သော်လည်း မျိုးစေ့သည် ကံကြမ္မာ၏သတ်ဖြတ်မှုနှင့် သက်ဆိုင်လိမ့်မည်ဟု သူ ခန့်မှန်းထားခဲ့သည်။

“ငါ အများကြီး စဉ်းစားမနေသင့်ဘူး”

စီတုအန်းသည် ကောင်းယန်ကို လိုက်မဖမ်းတော့ဘဲ ရှရန်ဆီသို့ လှည့်သွားလိုက်သည်။

“ငါတို့ နှစ်ယောက်လုံး ကောင်းမင်ရဲ့ အကျဉ်းသားတွေပဲ ၊ ဒီနေရာကနေ ထွက်ပြေးဖို့ အတူတူ ပူးပေါင်းကြရအောင်လား”

အသားပုံထဲ လဲကျနေသော ရှရန်က စီတုအန်းကို လျစ်လျူရှုလိုက်သည်။ သူက သူ့ဘာသာ ရေရွတ်နေခဲ့သည်။

“ဒါက ပြီးပြည့်စုံမှုရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ အရမ်းဝေးလွန်းနေသေးတယ်”

ကျိုးနေသည့် သူ့လက်မောင်းကိုပိုက်ထားတသည့် ရှရန်တွင် အပြုံးများ ပျောက်ကွယ်နေခဲ့သည်။ သူ့မျက်လုံးထဲတွင် စိတ်ပျက်အားငယ်မှုများ လျှံကျနေသည်။

“နတ်ဘုရားဖန်တီးမှုက ဒီလောက်ပဲလား”

စီတုအန်းသည် ရှရန်ကို ဆုပ်ကိုင်လိုက်သည်။ သူ့မျက်လုံးများက သတ်ဖြတ်ချင်စိတ်ဖြင့် တောက်လောင်နေလေသည်။ သို့သော်လည်း မကြာမီတွင် သူနှင့်ကောင်းမင်မှလွဲ၍ အနီရောင်တစ္ဆေများနှင့်နတ်ဘုရားရုပ်တုများစွာ အပါအဝင် ထူးဆန်းသော ရုပ်ပုံများစွာ ရှရန်၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေကြောင်း သူသတိပြုမိလိုက်သည်။ နောက်ဆုံးဆွဲထားသောပုံများမှာ အတိတ်နတ်ဘုရားနှင့် အနာဂတ်နတ်ဘုရားတို့ ဖြစ်သည်။

စီတုအန်းသည် ရှရန်ကို မသတ်ချင်၍မဟုတ်ဘဲ သူသတ်လိုက်လျှင် အခြားထူးဆန်းသောအရာများ သူ့ခန္ဓာကိုယ်မှ လွတ်မြောက်လာမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

“ကောင်းမင် ခဏနေ ရောက်လာတော့မယ် ၊ ငါတို့နဲ့ သူ့နဲ့ ဆက်နွယ်မှုကို လုံးဝဖြတ်လို့မရသေးဘူး ၊ မင်းကို ငါဒီနေရာကနေ ခေါ်သွားမယ်”

ရှရန်က သူ့ကိုမခုခံသောကြောင့် စီတုအန်းသည် သူ့ကိုကောက်မလိုက်သည်။ သူသည် ရှရန်အား စိတ်ကောင်းစေတနာကောင်းဖြင့် ကူညီခြင်း မဟုတ်ပေ။ ရှရန်၏ခန္ဓာကိုယ်သည် ကောင်းမင်၏ ပန်းချီကားများဖြင့် ဖုံးလွှမ်းနေသောကြောင့် သူထိုသို့ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သူသည် ၎င်းတို့ကို အသုံးပြု၍ ကောင်းမင်ကို တိုက်ခိုက်ရန် စီစဉ်ထားသည်။

“မင်း ထွက်ပြေးနိုင်မှာ မဟုတ်ဘူး ၊ ကောင်းမင်က အနာဂတ်ရဲ့ဗားရှင်းအားလုံးကို မြင်ပြီးပြီ ၊ မင်း သူ့ကို ဘယ်တော့မှ အနိုင်ယူနိုင်မှာ မဟုတ်ဘူး ၊ တစ်ခုတည်းသော နည်းလမ်းက သူ့လို ဖြစ်လာပြီး ရွေးချယ်ခံတစ်ယောက်ရဲ့ အခန်းကဏ္ဍကို ရယူဖို့ပဲ”

ရှရန်သည် ရုန်းကန်ဖို့ပင် ပျင်းရိနေခဲ့သည်။

“သူ အနာဂတ်ကို မြင်ထားတော့ကော ဘာဖြစ်လဲ”

စီတုအန်းသည် အနာဂတ်နတ်ဘုရား၏ အစိတ်အပိုင်းများပေါ် တက်နင်းလိုက်သည်။

“အနာဂတ်ကို ထိန်းချုပ်တဲ့ နတ်ဘုရားတောင် အခု ဖုန်မှုန့်ဖြစ်သွားပြီ ၊ ငါ သူ့ကို ကြောက်နေမယ်လို့ မင်း ထင်နေတာလား”

စီတုအန်းသည် သူစွမ်းအားရှိနေသရွေ့ အပြစ်တိုင်းကို ပြင်ဆင်နိုင် ၊ ဖျက်ပစ်နိုင်သည်ဟု ယုံကြည်သောကြောင့် သူ့ကိုယ်သူ လူဆိုးတစ်ယောက်ဟု တစ်ခါမှ မတွေးခဲ့မိပေ။ အကြီးမားဆုံး အပြစ်သားသည် အမြဲတမ်း ရှုံးနိမ့်သည့်လူသာဖြစ်သည်။

“အဲ့လိုဆိုရင် မင်း ဘာလို့ ထွက်ပြေးနေရတာလဲ”

ရှရန်မျက်လုံးထဲမှ စိတ်ပျက်အားငယ်မှုများ ပျောက်ကွယ်သွားသည်။ ပြီးပြည့်စုံသော ဖန်တီးမှုအပေါ် သူ၏ဆန္ဒက ပိုမိုနက်ရှိုင်းလာတော့သည်။ သူ့နှလုံးသားသည် ပိုမိုတောင့်တလာတော့သည်။

စီတုအန်း မငြင်းပေ။ သူ ရှရန်ကို ကောက်ယူလိုက်ပြီး ပြေးထွက်သွားသည်။ သူတို့နှစ်ဦးလုံးသည် ခန္ဓာကိုယ်များပျက်စီးနေကြခြင်းဖြစ်သည်။ သူတို့တွင် ကျန်ရှိနေခဲ့သော ဝိညာဉ်များသာရှိသည်။ သူတို့ မူမမှန်မှုမှ ထွက်သွားပြီးနောက် လွတ်လွတ်လပ်လပ်လှုပ်ရှားလိုပါက ကောင်းယန်လုပ်ခဲ့သည့်အတိုင်း ပူးဝင်နိုင်မည့် လူများကိုရှာဖွေရမည်ဖြစ်သည်။

“မင်း ထွက်ပြေးလို့ မရဘူးလို့… ငါ ပြောခဲ့တယ်လေ…”

“ပါးစပ်ပိတ်ထား”

စီတုအန်းသည် အနာဂတ်နတ်ဘုရား၏ မရဏဘုံပြိုကျသွားပြီး ကောင်းမင်အပြည့်အဝ ပြန်လည်ကောင်းမွန်လာသည်နှင့် ချက်ချင်း သူ၏တည်နေရာကို သိရှိနိုင်ကြောင်း သိသည်။ ထို့ကြောင့် ထိုသို့ဖြစ်မလာမီ အတတ်နိုင်ဆုံး ဝေးရာသို့ သူထွက်ပြေးရန် လိုအပ်သည်။

…

“စီတုအန်းက ကျွန်တော်တို့နောက် မလိုက်တော့ဘူး ၊ကျွန်တော်တို့ ခဏနားလို့ရပြီ”

မူလက ရှေ့ဆုံးမှ ပြေးခဲ့သော စီဆန်းသည် နောက်ဘက်တွင်ကျန်ရစ်နေခဲ့သည်။ သူသည် သက်လုံကောင်းသော်လည်း ဖန်လီနှင့်ဟယ်ကျင်းတို့နှင့် နှိုင်းယှဉ်၍ မရပေ။

“သူ ငါတို့နောက် လိုက်မလာတော့ဘူးလား”

ကလေးကို ပွေ့ချီထားသော ဖန်လီက ခဏရပ်လိုက်သည်။ သူ ပတ်ဝန်းကျင်ကို ထိတ်လန့်တကြား ကြည့်သည်။ ထို့နောက် သူ အသက်ရှုသံ ပြင်းပြင်းဖြင့်ပြောသည်။

“ဆိုးတာပဲ ၊ ရှရန်က မြေအောက်ကားပါကင်မှာ ကျန်နေခဲ့သေးတယ်”

“ကောင်းမင်အတွက် ဆရာရှကိုတော့ နည်းနည်းဒုက္ခပေးရလိမ့်မယ်”

စီဆန်းသည် မြေပြင်ပေါ်သို့ ပုံလဲကျကာ အသက်ပြင်းပြင်းရှုသွင်းနေရသည်။ သူ တကယ် မပြေးနိုင်တော့ခြင်းဖြစ်သည်။

“သူတို့ နှစ်ယောက်လုံးက မကောင်းဆိုးဝါးတွေပဲ ၊ ကံကြမ္မာကဖန်တီးပေးတဲ့ ပြိုင်ဘက်တွေပေါ့”

“အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့”

ဖန်လီက စီဆန်း၏လက်ကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ သူ ယခုချိန်ထိ ထိုလက်ကို အိတ်ကပ်ထဲထည့်ထားခဲ့ခြင်းဖြစ်သည်။

“မင်း အိတ်ကပ်ထဲမှာ ဘာရှိတာလဲ ၊ ဒီလောက် အန္တရာယ်များနေတာတောင် မင်းလက်ကို တစ်ခါမှ မထုတ်ဖူးဘူး”

စီဆန်းသည် ဖန်လီက သူ့ကို ကိုယ်ထိလက်ရောက်ရိုက်နှက်လိုလျှင် သူတားနိုင်မည်မဟုတ်ကြောင်း သိသည်။ ထို့ကြောင့် သူက အခန်း (၁၃) မှ သူ့အတန်းဖော်များကို အတုယူ၍ သတိပေးလိုက်သည်။

“ခင်ဗျား အဲ့ဒါကိုမြင်ရင် သေသွားလိမ့်မယ် ၊ အချိန်မကျသေးဘူး”

ဖန်လီ ပို၍ မျက်မှောင်ကြုတ်လိုက်သည်။ ထိုအချိန်တွင် သူတို့သည် မလှမ်းမကမ်းရှိ အခန်းတစ်ခန်းမှ အသံတစ်ခု ကြားလိုက်ရသည်။ သူတို့အတွက် မြေအောက်ကားပါကင်မှ လွတ်မြောက်ရန်မှာ လွယ်ကူခဲ့ခြင်းမရှိချေ။ သို့သော်လည်း အခြားအန္တရာယ်တစ်ခု ရောက်လာနေချေသည်။

တံခါးပွင့်လာပြီး အဖြူရောင်ကျောင်းသားကောင်စီတံဆိပ်များ ဝတ်ဆင်ထားသော မြို့သားနှစ်ဦး ထွက်လာလေသည်။ သူတို့သည် ဖန်လီ၏ရင်ခွင်ထဲရှိ ကလေးကို မြင်သောအခါ ပြုံးလိုက်သည်။

“ဥက္ကဋ္ဌကို ခေါ်ထုတ်လာပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ဗျာ”

“သူတို့က စီတုအန်းအတွက် လျှို့ဝှက်အလုပ်လုပ်နေတဲ့သူတွေများလား”

စီဆန်းက ဖန်လီကို တိုးတိုးလေး ပြောလိုက်သည်။

“ဥက္ကဋ္ဌက ကျွန်မတို့ကို ဒီမှာစောင့်ခိုင်းထားတာပါ”

အသက်ကြီးသော အမျိုးသမီးက အလွန်နူးညံ့သည်။ ဖန်လီ ယုံကြည်စေရန်အတွက် သူမသည် သူမ၏ အိတ်ကပ်ထဲမှ စာတစ်စောင်ကို ထုတ်ယူလိုက်သည်။ ၎င်းသည် ကောင်းမင် ရေးထားသော အာမခံချက်တစ်ခု ဖြစ်သည်။ သွေးစွန်းနေသော တံဆိပ်က ဖန်လီ့နှလုံးသားထဲရှိ သွေးနှင့် ပဲ့တင်ထပ်သွားသည်။

“ခြောက်ခြားဂိမ်းကစားသမားတွေဟာ ကျောင်းသားကောင်စီရဲ့ အခိုင်မာဆုံး မဟာမိတ်တွေပါပဲရှင် ၊ ကျွန်မတို့ ရှင်တို့ကို ဒီအဆောက်အအုံကနေ ထွက်သွားဖို့ ကူညီပေးပါ့မယ်”

“ဘယ်လိုထွက်သွားရမလဲ မင်းတို့ သိတာလား”

“ဒီ အဆိုးရွားဆုံး အနာဂတ်ကနေ ထွက်သွားရမယ့်လမ်းက အနာဂတ်နတ်ဘုရားရဲ့ အခန်းထဲမှာ ဝှက်ထားတာဖြစ်ရမယ် ၊ အရင်တုန်းကတော့ ကျွန်မတို့ အဲဒီကို သွားလို့မရခဲ့ဘူး၊ ဒါပေမယ့် အခု ရွှံ့ရုပ်တုပျက်စီးသွားပြီး ဥက္ကဋ္ဌက နတ်ဘုရားကလေးအဖြစ် ပြန်လည်မွေးဖွားလာပြီဆိုတော့ အဲဒီတံခါးကို ဖွင့်လို့ရလောက်ပါတယ်”

ထိုအဖွဲ့ဝင်နှစ်ဦးသည် ကလေးအတွက် မတိုက်ခိုက်ခဲ့ကြပေ။ သူတို့က ငြိမ်းချမ်းစွာဖြင့် ဦးဆောင်သွားခဲ့ကြသည်။ သူတို့ အလွန်သစ္စာရှိနေသည်ကို မြင်သောအခါ ဖန်လီပင်လျှင် မြေအောက်ကားပါကင်သည် ကျောင်းသားကောင်စီမှရုပ်အလောင်းများဖြင့် ပြည့်နှက်နေကြောင်း သူတို့ကို ပြောပြရန် ဆန္ဒမရှိတော့ချေ။

မကောင်းဆိုးဝါးများနှင့် ကောင်းမင်၏မိဘများကို ရှောင်ရှားခဲ့ပြီးနောက် သူတို့သည် အခန်းအမျိုးမျိုးကို ဖြတ်သန်းခဲ့ကြရသည်။ အုပ်စုသည် အခန်းနံပါတ်များ အဆက်မပြတ် ပြောင်းလဲနေသည်ကို သတိပြုမိသည်။ တစ်နည်းအားဖြင့် သူတို့သည် တူညီသော ရက်တွင်မရှိတော့ချေ။

“သာမန် အခန်းနံပါတ်တွေက အခန်းပိုင်ရှင်ရဲ့ အမှတ်ရစရာအကောင်းဆုံး ရက်ကို ရည်ညွှန်းတာလေ ၊ ဒါပေမယ့် ကျွန်မတို့ အနာဂတ်နတ်ဘုရားရဲ့အခန်းကို ချဉ်းကပ်လာတာနဲ့ အခန်းနံပါတ်တွေက မတူညီတဲ့ အဓိပ္ပာယ်တွေ ဖြစ်လာတယ် ၊ ဒါတွေက သေဆုံးရက်တွေကို ကိုယ်စားပြုလာတာပဲ”

အသက်ကြီးသောအဖွဲ့ဝင်က ကြင်နာစွာ ရှင်းပြသည်။

“ကျွန်မတို့ ဥက္ကဋ္ဌက သူ့လျှို့ဝှက်ချက်ကြောင့် အနာဂတ်နတ်ဘုရားရဲ့ စည်းမျဉ်းအများစုကို လျစ်လျူရှုနိုင်တယ် ၊ သူ့မှာက အစစ်အမှန်သေဆုံးတဲ့ရက် မရှိဘူး ၊ သူ့ရဲ့ ခန္ဓာကိုယ်အစစ်က နာကျင်မှုစက်ဝန်းတစ်ခုထဲမှာ ထာဝရပိတ်မိနေတာ”

သူတို့ ဆက်သွားလေလေ အခန်းနံပါတ်များက ပို၍ မီးခိုးရောင်သန်းလာလေလေ ဖြစ်သည်။ ကြမ်းပြင်ပေါ်တွင် ကျိန်စာသင့်အလောင်းများ ပေါ်လာပြီး ၎င်းတို့ထဲတွင် စုတ်ပြဲနေသော ကျောင်းဝတ်စုံအပိုင်းအစများရှိနေလေသည်။

ဖန်လီသည် သွေးစွန်းနေသော ကျောင်းဝတ်စုံအပိုင်းအစတစ်ခုကို ကောက်ယူလိုက်သည်။

“ဒါက ကောင်းမင်ရဲ့ ယူနီဖောင်းနဲ့ ဆင်တယ် ၊ သူ အရင်က ဒီကို ရောက်ဖူးတာလား”

All Chapters