← Chapters

ဖြစ်လာမည့် အနာဂတ်

Vol. 29 Ch. 427

ဖြစ်လာမည့် အနာဂတ်

Vol. 29 Ch. 427

ဖန်လီသည် အရင်က ကောင်းမင်အပေါ် လေးစားမှုနှင့်အားကျမှုတို့သာ ခံစားခဲ့ရသည်။သို့သော်လည်း ထိုသို့ အလွန်အမင်းအန္တရာယ်ပြင်းထန်လှသော မူမမှန်ဖြစ်ရပ်ထဲတွင် ဖန်လီသည် ကောင်းမင်အား သူ့မျှော်လင့်ချက်အဖြစ် ဖြည်းညင်းစွာရှုမြင်လာခဲ့သည်။သူကောင်းမင်နှင့် တစ်ကြိမ်တွေ့လိုက်ရသည်နှင့် ပြဿနာအားလုံးကို ဖြေရှင်းနိုင်လိမ့်မည်ဟူ၏။

ကောင်းမင်၏ယုံကြည်မှုသည် သူကိုယ်တိုင်သာဖြစ်သော်လည်း သူသည် များစွာသောလူများကို သွယ်ဝိုက်၍ သက်ရောက်မှုရှိစေခဲ့သည်။အကယ်၍ သူ့ယုံကြည်မှုတွင် အရောင်ရှိခဲ့ပါက အနာဂတ်နတ်ဘုရား၏ အနက်ရောင် သို့မဟုတ် ကောင်းယန်၏ အနီရောင်နှင့် တူညီမည် မဟုတ်ပေ။ အစစ်အမှန်နှင့်အတုအယောင် ရောထွေးနေသော ဤကမ္ဘာကြီးကဲ့သို့ပင် အရောင်အသွေးစုံလင် နေပေလိမ့်မည်။

ဖန်လီသည် ကျောင်းဝတ်စုံအစကို ဆုပ်ကိုင်ထားပြီး သူ့ခြေလှမ်းများက ပေါ့ပါးနေလေသည်။ အခန်းနံပါတ်များသည် သေဆုံးသည့်ရက်စွဲများ ဖြစ်နေလင့်ကစား ဖန်လီသည် အသက်ရှင်ခြင်းလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေသကဲ့သို့ ခံစားလိုက်ရသည်။

အလောင်းများ ပိုမိုများပြားလာသည်။ နံရံများပေါ်တွင် ကျိန်စာများကို တံဆိပ်ခတ်နှိပ်ထားသည်။ ဟယ်ကျင်းသည် ဤကဲ့သို့သောအရာမျိုးကို ယခင်ကမကြုံဖူးခဲ့ပေ။ သူ နောက်ဆုတ်ချင်နေလေသည်။ ခြောက်ခြားဂိမ်းကစားသမားများသည် လုံခြုံရေးအဖွဲ့ဝင်များနှင့် ယှဉ်လျှင် အားနည်းနေသေးသော်လည်း သူတို့သည် သေခြင်းတရားကို ကြောက်ရွံ့မှုမရှိဘဲ နောက်ဆက်တွဲဆိုးကျိုးများကို မစဉ်းစားဘဲ လုပ်ဆောင်တတ်ကြသည်ဟု သူယုံကြည်သည်။

“ငါသာ ဒီမူမမှန်မှုကနေ အသက်ရှင်လျက် ထွက်သွားနိုင်ရင် ငါ့လောင်းကြေးကို ခြံစည်းရိုးခွထိုင်ထားတာ ပိုကောင်းလိမ့်မယ် ၊ငါ့ရဲ့ လုံခြုံရေးအဖွဲ့ဝင်အထောက်အထားကို မဆုံးရှုံးစေဘဲ ကောင်းမင်တို့နဲ့ ဆက်ဆံရေးကောင်း တည်ဆောက်ထားမှ လိုအပ်ရင် အချိန်မရွေး ဘက်ပြောင်းလို့ရမှာ”

မည်သူကမျှ ဟယ်ကျင်းကို ဂရုမစိုက်ကြချေ။ အဖွဲ့သည် ကော်ရစ်ဒါရှည်ကြီးကို ဖြတ်သန်းသွားချိန်တွင် နောက်ဆုံး၌ တိုက်ခိုက်သံများကို ကြားလိုက်ရတော့သည်။

ဖန်လီ စိတ်လှုပ်ရှားစွာဖြင့် ပြေးသွားလိုက်သည်။ ရင်းနှီးနေသော ကျောင်းဝတ်စုံကို သူမြင်လိုက်ရသောအခါ ကောင်းမင်၏နာမည်ကို အော်ခေါ်လုနီးပါး ဖြစ်သွားသည်။ သို့သော် ထိုလူလှည့်ကြည့်လာသောအခါ ဖန်လီမရင်းနှီးသော မျက်နှာတစ်ခု ဖြစ်နေလေသည်။

“ခင်ဗျား ဘယ်သူလဲ”

ဖန်လီက ကလေးကို ပွေ့ထားရင်း ထိုလူကို အကဲခတ်လိုက်သည်။

“ခင်ဗျားလည်း အခန်း ၁၃ ကပဲလား”

“ဝမ်ကျား၊နောက်ဆုံးတော့ ငါမင်းကို ရှာတွေ့ပြီပဲ”

ထိုလူကို မြင်လိုက်သောအခါ စီဆန်းက ချက်ချင်း ပြေးသွားလိုက်သည်။ အလောင်းပုံဘေးတွင် ရပ်နေသော ဝမ်ကျားသည် အခြားသူများနှင့်တွေ့ဆုံရမည်ဟု မထင်မှတ်ထားခဲ့ပေ။ သူသည် စီဆန်းနှင့် ချက်ချင်း ပြန်မပေါင်းစည်းသေးချေ။ သူသည် ထူးဆန်းပုံရသော ဓားတစ်ချောင်းကို မြှောက်လိုက်ပြီး စီဆန်းနှင့်ဖန်လီကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

“ငါပါကွ”

စီဆန်းသည် ဟန်သဲ့ကိုယ်ပိုင်ကျောင်းတွင် သူတို့သတ်မှတ်ထားခဲ့သော လျှို့ဝှက်သင်္ကေတကို ထုတ်ဖော်လိုက်သည်။ ထိုအခါမှသာ ဝမ်ကျား၏အမူအရာ ပြေလျော့သွားသည်။

“ဒီကလူတွေ အကုန်လုံးကို ခင်ဗျား သတ်လိုက်တာလား”

ဟယ်ကျင်း ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ အခန်း ၁၃ မှ လူများသည် ကြောက်စရာကောင်းမှန်း သူသိသော်လည်း ဤမျှလောက်ထိ ကြောက်စရာကောင်းမည်ဟု မထင်ထားခဲ့ပေ။

ဝမ်ကျားက ခေါင်းခါလိုက်ပြီး သူ့ဓားပေါ်မှ သွေးများကို လျက်လိုက်သည်။ သူ့လုပ်ရပ်ကြောင့် လူတိုင်း မျက်မှောင်ကြုတ်သွားကြသည်။ သွေးများသည် ညစ်ပတ်ရုံသာမက ကျိန်စာများနှင့်လည်း ပြည့်နှက်နေသည်။ သို့သော်လည်း ဝမ်ကျားသည် ၎င်းကို စားသုံးပြီးနောက် မသက်မသာဖြစ်ပုံမပြပေ။ထို့အစား သွေးအရသာကို အရသာခံနေသကဲ့သို့ ဖြစ်နေလေသည်။

အနားရောက်သွားသောအခါ စီဆန်းသည် ဝမ်ကျား၏အင်္ကျီကော်လာအောက်ရှိ ကျိန်စာများကို တွေ့လိုက်ရသည်။ သူသည် ထာဝရအသက်တိုက်ခန်းမှ အသားစားကောင်းမင်နှင့် တူနေ၏။

“မင်း ဒီနေရာကို ဘယ်လိုရှာတွေ့တာလဲ”

စီဆန်းသည် ဝမ်ကျား၏ပုံစံအသစ်ကို ကြောက်နေသော်လည်း အမှန်အတိုင်း ပြောလိုက်သည်။

“ငါတို့ အနာဂတ်နတ်ဘုရားရဲ့ အခန်းထဲ ဝင်ချင်လို့ပါ၊ အဲဒီမှာ ထွက်ပေါက်ရှိတယ်လေ”

“မင်းတို့လည်း အဲဒီကို သွားချင်တာလား”

ဝမ်ကျား၏မျက်လုံးများက ဆာလောင်နေသော ကျားသစ်တစ်ကောင်ကဲ့သို့ ကျဉ်းမြောင်းသွား၏။

“အရင်က ဘယ်သူ အဲဒီကို ရောက်ဖူးလဲ”

ဖန်လီသည် စေတနာ့ဝန်ထမ်း ရဲအရာရှိတစ်ဦးဖြစ်ပြီး အကြောင်းပြချက်မရှိဘဲ ဝမ်ကျားကို ဗီဇအရ မုန်းတီးနေမိသည်။

ဝမ်ကျားက သွေးစွန်းနေသော နှုတ်ခမ်းများကို ဖွင့်၍ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“ကောင်းမင်”

“ခင်ဗျား သူ့ကို တွေ့ခဲ့တာလား”

“ငါက ဒီအဆောက်အအုံရဲ့ အဆိုးရွားဆုံးအနာဂတ်ထဲ ပစ်ချခံခဲ့ရတာ ၊ ငါ့ဦးလေးတွေနဲ့ ငါ့အဘိုးရဲ့ လိုက်လံသတ်ဖြတ်တာကို ခံခဲ့ရတယ် ၊ ဒါပေမယ့် သူတို့က တစ်နည်းနည်းနဲ့ ကောင်းမင်ရဲ့ မိဘတွေအဖြစ် ဗီဇပြောင်းသွားခဲ့တယ် ၊ သူ့တစ်ယောက်တည်းရဲ့ အဆိုးရွားဆုံး အနာဂတ်က ငါတို့အားလုံးကို စိတ်ပျက်အားငယ်စေဖို့ လုံလောက်နေပြီ ၊ ဘယ်လောက်တောင် မတရားလိုက်သလဲ”

ဝမ်ကျားက သူ့ဓားကို လေ့လာလိုက်သည်။

“ငါ ကောင်းမင်ရဲ့ မိဘတွေကို သတ်ဖြတ်ဖို့ နည်းလမ်းပေါင်းစုံ ကြိုးစားခဲ့တယ် ၊ ငါ သူတို့ကို သတ်တာ များလွန်းလို့ ကောင်းမင်က ငါ့ကို တွေ့ပြီး ဒီနေရာကို ခေါ်လာတာ ဖြစ်မယ်”

ဝမ်ကျားက ကော်ရစ်ဒါကို လက်ညှိုးထိုးပြလိုက်သည်။

“သာမန်မျက်လုံးတွေက အနာဂတ်နတ်ဘုရားရဲ့ အခန်းကို မမြင်နိုင်ဘူး ၊ မင်းတို့ အဲဒီထဲကို ဝင်ချင်ရင် ငါ့လိုပဲ ဗီဇပြောင်းလဲတာကို လက်ခံရလိမ့်မယ်”

ဝမ်ကျားက သူ့ရှပ်အင်္ကျီကြယ်သီးများကို ဖြုတ်လိုက်သည်။ သူ့အရေပြားသည် ကျိန်စာများဖြင့် ဖုံးလွှမ်းနေလေသည်။ သူ့လက်ချောင်းများသည်လည်း ထူးဆန်းသောဓားနှင့် ပေါင်းစပ်နေသည်။ ဓားက သူ့အစား နာကျင်မှုကို ခံစားပေးနေခြင်း ဖြစ်သည်။

“လာ... ငါ့လက်ကို ကိုင်ထား”

စီဆန်း မငြင်းဆန်နိုင်မီ ဝမ်ကျားက သူ့ကို ဖမ်းဆွဲလိုက်သည်။ စီဆန်း မျက်လုံးများ ပြူးကျယ်သွားသည်။ သူ့မျက်လုံးထဲမှ ကော်ရစ်ဒါက ပြောင်းလဲသွားလေသည်။ တံခါးတိုင်းသည် အနက်ရောင်ချည်မျှင်များဖြင့် ချည်နှောင်ခံထားရသော သက်ရှိလူသားများ ဖြစ်လာကြသည်။ သူတို့သည် လူသားနမူနာများကဲ့သို့ပင်။

“အခွံဆိုတာ ဝိညာဉ်ရဲ့ အခန်းပဲ ၊ ဒီလူသားတွေက အနာဂတ်နတ်ဘုရားက သူကိုယ်တိုင်အတွက် ပြင်ဆင်ထားတဲ့ တည်းခိုစရာတွေလေ”

ဝမ်ကျားက စီဆန်းကို အခြားသူများ၏လက်ကို ကိုင်စေလိုက်သည်။ သူတို့သည် နာကျင်ခံစားနေရသော လူများကို ကျော်ဖြတ်လာပြီး မိန်းကလေးငယ်လေးတစ်ဦးရှေ့တွင် ရပ်တန့်လိုက်ကြသည်။ ထိုမိန်းကလေးသည် လောကကြီး၏ညစ်ညမ်းမှုများ စွန်းထင်းနေခြင်း မရှိသကဲ့သို့ ဖြူစင်သန့်ရှင်း၍ အပြစ်ကင်းစင်နေလေသည်။

“ငါတို့ ရောက်ပြီ ၊ ဒါက အနာဂတ်နတ်ဘုရားရဲ့ အခန်းပဲ”

ဝမ်ကျားသည် ထိုအမျိုးသမီး၏ဖြူဖွေးသော အသားအရေကို စိုက်ကြည့်ရင်း သူ့အတွင်းရှိ ကျိန်စာကို ဖိနှိပ်ရန် ကြိုးစားလိုက်သည်။

“နတ်ဘုရားရဲ့အခန်းက ကောင်မလေးတစ်ယောက်လား ၊ သူ့ရဲ့ အသိစိတ်က ဒီကောင်မလေးရဲ့ နှလုံးသားထဲမှာ နေနေတာလား”

ဖန်လီ သံသယဝင်သွားသည်။ ထို့နောက် မမျှော်လင့်ထားသော အရာတစ်ခု ဖြစ်ပျက်လာ၏။ ကောင်မလေး၏ဗလာဖြစ်နေသော အကြည့်သည် ဖန်လီ့ရင်ခွင်ထဲရှိ ကလေးဆီရောက်ရှိသွားသည်။ သူမ၏ငွေရောင်ရယ်သံက ကလေးငိုကြွေးသံနှင့်အတူ ပဲ့တင်ထပ်သွားသည်။ အရိပ်များက ကောင်မလေး၏ဦးခေါင်းနောက်မှ စီးထွက်လာပြီး လူအားလုံးကို လွှမ်းခြုံသွားတော့သည်။

တံခါး လှည့်ပတ်သွားသည်။ နှလုံးသားနှင့် ဦးနှောက်တံခါးများ ပွင့်သွားကြသည်။ ကောင်မလေး၏ ခန္ဓာကိုယ်က ဘေးသို့ ယိုင်လဲသွားသည်။ အသားများက ချည်မျှင်များအတိုင်း လိုက်ပါသွားကြသည်။ အဖွဲ့သားများသည် သူမ၏မှတ်ဉာဏ်ထဲသို့ ဝင်ရောက်သွားကြတော့သည်။

ထိုကောင်မလေးသည် လက်တွေ့ကမ္ဘာနှင့် ပုံရိပ်ယောင်ကမ္ဘာကြားရှိ ကြားခံဘူတာရုံတစ်ခုကဲ့သို့ ဖြစ်သည်။

အဖွဲ့သည် ကောင်မလေး၏နောက်ရှိ အခန်းထဲသို့ ဝင်ရောက်သွားကြသည်။ သူတို့သည် သူတို့ မြင်လိုက်ရသည့်အရာကြောင့် ညို့ယူဖမ်းစားခံလိုက်ရသည်။

နတ်ဘုရားက ဤကောင်မလေးကို မည်သည့်နေရာမှ ရှာတွေ့ခဲ့သည်မသိပေ။ သူမ၏နှလုံးသားသည် ဖြူစင်သန့်ရှင်းသည်။ ဖုန်မှုန့်တစ်စက်မျှ မရှိပေ။ မျက်နှာပြင်တိုင်းက ဖြူဖွေးနေသည်။ သို့သော်လည်း အနာဂတ်နတ်ဘုရား၏ဝင်ရောက်စွက်ဖက်မှုကြောင့် အပြစ်အနာအဆာကင်းသော အခန်း၏အလယ်တွင် ညစ်ပတ်ပြီး ပုံပျက်နေသော နှလုံးသားတစ်ခု ရှိနေခဲ့လေသည်။

“ရပ်လိုက်”

လော့တုန်းနှင့် သုံးမီတာမြင့်သော အမျိုးသမီးသရဲတို့က နှလုံးသား၏ တစ်ဖက်တစ်ချက်စီတွင် ရပ်နေကြသည်။ ကောင်းမင်က ခေါင်းငုံ့ထားဆဲဖြစ်သည်။ လက်တစ်ဖက်က နှလုံးသားပေါ် ရှိနေ၏။ သူ့ရင်ဘတ်ထဲမှ သွေးမည်းများ စီးကျနေခဲ့သည်။ သူသည် ဝိညာဉ်ဆုံးရှုံးနေသကဲ့သို့ ဖြစ်နေလေသည်။

“သွားမယ်”

ဖန်လီက ကောင်းမင်ကို မြင်သောအခါ ကလေးကို ပွေ့ချီ၍ ရှေ့သို့ ပြေးသွားလိုက်သည်။ ဤသည်မှာ လော့တုန်းနှင့် သူ ပထမဆုံးအကြိမ် တွေ့ဆုံခြင်းပင်။

သရဲမက သူမ၏လက်များကို ဖွင့်ပြီး ဝိညာဉ်အဆိပ်များ ယိုစီးနေသော လက်ချောင်းများကို ထုတ်ပြလိုက်သည်။ ဖန်လီ ကြောက်ရွံ့သွားခြင်းမရှိပေ။ သူက သူ၏သရဲမျက်နှာကို ဆင့်ခေါ်လိုက်သည်။

“ကောင်းမင်! ငါတို့ မင်းဆီ ကောင်းယန်နဲ့ အနာဂတ်နတ်ဘုရားရဲ့ အသားကို ယူလာပေးတာ”

“သူတို့က မင်းတို့ကို ပေးသွားမှာ မဟုတ်ဘူး”

ဝမ်ကျားက လှောင်ပြောင်လိုက်သည်။

“ငါ သူ့အတန်းဖော်ဟောင်းတောင် အပြင်မှာပဲ နေရတာ ၊ သူတို့က အနာဂတ်နတ်ဘုရားရဲ့ လှည့်စားတာကို ခံရဖန်များလို့ ဘယ်သူ့ကိုမှ မယုံတော့တာ ဖြစ်မယ်”

ဧရာမနှလုံးသားကြီးက ခုန်ပေါက်သွားသည်။ နှလုံးသား၏မျက်နှာပြင်ပေါ်တွင် လူသားမျက်နှာပေါ်ထွက်လာသည်။ မျက်နှာတစ်ခုချင်းစီသည် အမျိုးသမီးသရဲ၏မိဘများအပါအဝင် ဝါးမြိုခံလိုက်ရသော အနာဂတ်များကို ကိုယ်စားပြုပေသည်။ ကောင်းမင်သည် ထူးဆန်းသော အခြေအနေတစ်ခုတွင် ရောက်ရှိနေခြင်းဖြစ်သည်။ သူ့မျက်နှာသည် စိတ်ပျက်အားငယ်စရာကောင်းသော အနာဂတ်ထဲ နစ်မြုပ်နေသကဲ့သို့ တဖြည်းဖြည်း ပြောင်းလဲနေခဲ့သည်။ သူသည် နာကျင်မှုအားလုံးကို ကြုံတွေ့ရလျှင်ပင် ဖြေရှင်းချက်ကို ရအောင်ရှာရပေလိမ့်မည်။

All Chapters