← Chapters

နတ်ဆိုးနတ်ဘုရားနှင့် အိမ်မက်သရဲ

Vol. 29 Ch. 430

နတ်ဆိုးနတ်ဘုရားနှင့် အိမ်မက်သရဲ

Vol. 29 Ch. 430

ယုံကြည်မှုဟူသည်မှာ ခိုင်မာမှုရှိသလို သာယာနာပျော်ဖွယ်ရှိသော တစ်စုံတစ်ခုဖြစ်သည်။ ကောင်းမင်သည် ဤညစ်ညမ်းသော အတွေးများကို မထိတွေ့သရွေ့ ထိုမှတ်ဉာဏ်ကို ဘေးကင်းစွာ ကျော်ဖြတ်နိုင်လိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော် မကြာမီတွင် သူပြဿနာတစ်ခု ရှာတွေ့ခဲ့သည်။ ထိုအရာများသည် အနာဂတ်နတ်ဘုရားနှင့် သက်ဆိုင်ခြင်းမရှိဘဲ ကံကြမ္မာ၏ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံနေရသော သက်ရှိများနှင့်သာ သက်ဆိုင်လေသည်။ပြောင်းလဲမရနိုင်သော ထိုကံကြမ္မာများအတွက် ယုံကြည်မှုနှင့် နတ်ဘုရားသည် သူတို့၏ ခိုလှုံရာ ဖြစ်လာခဲ့သည်။ ၎င်းသည် ဆင်ခြေတစ်ခုမဟုတ်ဘဲ ကြိုး၏အဆုံးတစ်ဖက်တွင် ကိုယ့်ကိုယ်ကိုယ်ကယ်တင်ခြင်းဖြစ်သည်။

သူ ထိုအတွေးများနှင့် ပေါင်းစည်းလေလေ သက်ရှိတို့၏လိုအင်ဆန္ဒများက ပိုမိုကြီးမားလာလေလေ ဖြစ်လာခဲ့သည်။ ကောင်းမင်၏အကြည့်သည် သရဲခြောက်သောအိမ်သို့သာ ကန့်သတ်မထားတော့ပေ။ နောက်လိုက်တိုင်း၏မျက်လုံးများသည် သူ့မျက်လုံးများ ဖြစ်လာခဲ့သည်။

ထိုအခိုက်အတန့်တွင် ကောင်းမင်က သူသည်လက်တွေ့ကမ္ဘာတွင် မရှိကြောင်း သိရှိလိုက်သည်။ ဤသည်မှာ အရိပ်၏အနက်ရှိုင်းဆုံးအပိုင်း၌ တည်ဆောက်ထားသော ရွာလေးတစ်ရွာဖြစ်သည်။ ရွာပတ်ဝန်းကျင်ရှိ နေရာများမှလွဲ၍ အစစ်အမှန်ကမ္ဘာမှ နုတ်ယူထားသော အပျက်သဘောဆောင်သည့် ခံစားချက်များသည် နေရာအနှံ့တွင် ရှိနေသည်။ ထူးဆန်းသော မကောင်းဆိုးဝါးများသည် ၎င်းတို့ထဲမှ မွေးဖွားလာကြသည်။ ကုန်းမြေကြီးကို မပြန့်ကားနိုင်သော မြူခိုးများက လွှမ်းခြုံထားလေသည်။

ဟောင်းနွမ်းပျက်စီးနေသော အဆောက်အအုံများမှာ နေရာအနှံ့ပင်။ ကောင်းကင်တွင် နေလည်းမရှိသလို လလည်းမရှိပေ။ ကြီးမားသော အပျက်အစီးကြီးတစ်ခုနှင့် ကြီးမားလှသော ဖိအားကို ထုတ်လွှတ်နေသည့် ဂလက်ဆီဘုရားကျောင်းတစ်ခုသာ ရှိသည်။ တစ်လတာ၏ အပူဆုံးနေ့ နေ့လယ်ခင်းအချိန်တွင်သာ ရွာသားများသည် နေကို တစ်ချက်မျှ မြင်နိုင်ကြကြသည်။ ၎င်းသည် ကောင်းကင်၏အခြားတစ်ဖက်၌ ရောင်ပြန်ဟပ်နေသော အစစ်အမှန်ကမ္ဘာဖြစ်သည်။ ထိုနေရာသည် နွေးထွေးပြီး တောက်ပနေသည်။ ညဘက်တွင်ပင် တောက်ပနေခဲ့သည်။ ကမ္ဘာကြီးသည် ကြင်နာမှုများဖြင့် စိမ့်ဝင်ပျံ့နှံ့နေခဲ့သည်။ အမှောင်မိုက်ဆုံးသော စိတ်ပျက်အားငယ်မှုက အရိပ်ထဲသို့ ကျဆင်းနေခဲ့သည်။ ရွာသားများသည် ကောင်းကင်တစ်ဖက်ရှိ ကမ္ဘာကြီးသို့ ရောက်ရှိရန် ဆန္ဒရှိကြသော်လည်း ၎င်းသည် ချဉ်းကပ်မရနိုင်သော အိပ်မက်တစ်ခုဖြစ်သည်။ နောက်ထပ်တစ်ရက် ရှင်သန်ရန်အတွက် ဆုတောင်းခြင်းက ပိုလက်တွေ့ကျသည်။

“အနာဂတ်နတ်ဘုရားက အရိပ်ကမ္ဘာမှာရှိတဲ့ သက်ရှိရွာလေးတစ်ရွာမှာ မွေးဖွားခဲ့တာလား”

စားပွဲပေါ်ရှိ ရွှံ့ရုပ်တုက ပြုံးနေခဲ့သည်။ ၎င်းသည်လည်း ဆိုးရွားသောအတွေးများစွာကို စုဆောင်းထားခဲ့သည်။ ၎င်းသည် နောက်လိုက်များကို သူတို့၏ဆန္ဒများကို ဖြည့်ဆည်းပေးရန် သူ၏ကိုယ်ပိုင်နည်းလမ်းများဖြင့် ထိန်းချုပ်ထားသည်။

ကောင်းမင်သည် ရုပ်တုကို တိုက်ရိုက်တိုက်ခိုက်ရန် မရွေးချယ်ခဲ့ပေ။သူသည် စိတ်ပျက်အားငယ်မှုများ ပြည့်နှက်နေသည့် အရိပ်ကမ္ဘာကို မြင်လိုက်ရသောအခါ သူ၏နှလုံးသားမှာ အလွန်အမင်းတုန်လှုပ်သွားရသည်။ သူ ကြီးမားသော ပြဿနာတစ်ခုကို စဉ်းစားနေမိသည်။ 'ကောင်းကင်ရဲ့ အခြားတစ်ဖက်က ကမ္ဘာကို အရိပ်ကမ္ဘာထဲဆွဲသွင်းတာက ကောင်းတဲ့အကြံတစ်ခုလား။ ဒါက ဘာမဆို ဖြေရှင်းပေးနိုင်မှာလား'

သူ အခြားရွှံ့ရုပ်တုများနှင့် တိုက်ခိုက်ခဲ့စဉ်က ကောင်းမင်သည် အရိပ်ကမ္ဘာတွင် သွေးနီရောင်မြို့တော် ကိုးမြို့ရှိသည်ကို မြင်ခဲ့ရသည်။ မြို့တော်တိုင်းတွင် ပိုင်ရှင်တစ်ဦးစီ ရှိသည်။ ပိုင်ရှင်တိုင်းတွင် သူတို့၏ ထူးခြားသော ရည်မှန်းချက်များနှင့် အစီအစဉ်များ ရှိကြသည်။

သူတို့ထဲမှ အချို့သည် အရိပ်ကမ္ဘာနှင့် အစစ်အမှန်ကမ္ဘာကို ပေါင်းစပ်၍ စိတ်ပျက်အားငယ်မှုနှင့် နာကျင်မှုများကို မျှဝေခံစားလိုကြသည်။ အချို့မှာ အစစ်အမှန်ကမ္ဘာ၏ဘေးကင်းမှုနှင့် ကိုယ်ပိုင်လက္ခဏာကို အာမခံလိုကြသည်။ သူတို့အထဲမှ အစွန်းရောက်သူများက စိတ်ပျက်အားငယ်မှုနှင့် အပျက်သဘောဆောင်သော ခံစားချက်အားလုံးကို အစစ်အမှန်တကယ်ကမ္ဘာထဲသို့ ထိုးသွင်း၍ အရာအားလုံးပြောင်းပြန်လှန်ပစ်ရန် စီစဉ်ခဲ့ကြသည်။

တစ်ဦးတစ်ယောက်၏ ဘဝအတွေ့အကြုံသည် သူ၏တွေးခေါ်ပုံကို ဆုံးဖြတ်စေသည်။ သူတို့သည် မှန်ကန်သောအရာကို လုပ်ဆောင်နေသည်ဟု ယုံကြည်ထားကြသည်။ သွေးနီရောင်မြို့တော်ရှိ အခြားမြို့သားများသည် ပိုင်ရှင်များ၏ဆွဲဆောင်မှုကြောင့် လိုက်ပါနေကြခြင်းဖြစ်သည်။

အနာဂတ်နတ်ဘုရား၏ အကာအကွယ်အောက်တွင် ခိုလှုံနေသော ဤရွာငယ်လေးသည် စကားပြောခွင့်ပင် မရှိပေ။ ထိုနေရာတွင် စုဝေးနေသော သက်ရှိများသည် အသက်ရှင်နိုင်လျှင် ကံကောင်းလှသည်။

“အရိပ်ကမ္ဘာမှာရှိတဲ့ သက်ရှိတွေ...”

အရိပ်ကမ္ဘာတွင် နေ့စဉ်နေ့တိုင်း သရဲအသစ်တစ်ကောင် မွေးဖွာနေလိမ့်မည်ဖြစ်သည်။ အကူအညီမဲ့သူများမှာ နေရာအနှံ့တွင် ရှိသည်။ ဤသည်မှာ ကောင်းမင် အရိပ်ကမ္ဘာကို ထိုရှုထောင့်မှ ပထမဆုံးအကြိမ် တွေ့မြင်ရခြင်းဖြစ်သည်။ ယင်းသည် စိတ်ပျက်အားငယ်မှု၏ ညှဉ်းပန်းနှိပ်စက်မှုကြောင့် အသိစိတ်လွတ်နေသည့် သေလုဆဲဆဲ လူနာတစ်ဦးဖြစ်သည်။ သို့သော်လည်း သူ၏ဗီဇက ဆက်လက်ရှင်သန်ရန် သူ့ကို တွန်းအားပေးနေခဲ့သည်။ ဤကမ္ဘာကြီးသည် ၎င်း၏မြေပေါ်တွင် နေရာယူထားသော သက်ရှိလူသားများနှင့် ဆင်တူသည်။

သို့ပါသော်လည်း အနည်းဆုံး သက်ရှိများတွင် မှီခိုအားထားရန် ယုံကြည်မှုရှိသည်။ အနာဂတ်နတ်ဘုရားသည် ဤရွာငယ်လေးတွင် နေထိုင်သော လူသားများ၏ရှင်သန်မှုကို ထိန်းသိမ်းပေးသော မျှော်လင့်ချက်ဖြစ်သည်။ သူတို့၏ အနာဂတ်အတွက် မျှော်လင့်ချက်သည် အနာဂတ်နတ်ဘုရား၏ စွမ်းအားအရင်းအမြစ် ဖြစ်လာသည်။

ကောင်းမင်သည်လည်း ထိုအချက်ကို တွေ့ရှိခဲ့သည်။ သူ ဆန္ဒများ ပိုမိုဖြည့်ဆည်းပေးလေလေ သူ ပိုသန်မာလာလေလေ ဖြစ်သည်။ ကံကြမ္မာကို ပြောင်းလဲရန်မှာ သူ့အတွက် ပိုမိုလွယ်ကူလာခဲ့သည်။

ကောင်းမင်နှင့် အနာဂတ်နတ်ဘုရားတို့၏ အသိစိတ်သည် သရဲခြောက်သောအိမ်ထဲတွင် တစ်ချိန်တည်း ပေါ်လာခဲ့ခြင်းဖြစ်သည်။ သူတို့ နောက်လိုက်၏ လိုအင်ဆန္ဒများကို ဖြည့်ဆည်းပေးသည့် နည်းလမ်းမှာ လုံးဝကွာခြားပေသည်။ ကောင်းမင်သည် အမုန်းတရားကို အဆုံးသတ်ရန် ရက်စက်သော လူသတ်မှုများနှင့် ကျိန်စာများအသုံးပြုခြင်းကို ရွေးချယ်ခြင်းမပြုခဲ့ပေ။ အကြောင်းမှာ ထိုသို့ပြုလုပ်ခြင်းသည် သံသရာအသစ်တစ်ခုကိုသာ စတင်စေလိမ့်မည်ဖြစ်သောကြောင့်ပင်။ သူသည် သူ၏အသိစိတ်ကို အသုံးပြု၍ နောက်လိုက်များထံမှ နာကျင်မှုနှင့်မုန်းတီးမှုများကို စုပ်ယူခြင်းဖြင့် သူတို့သည် ဝမ်းနည်းဖွယ်ရာများနှင့်အရိပ်များကို ဖြည်းညင်းစွာ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နိုင်လာကြသည်။

ကောင်းမင်၏နောက်လိုက်များသည် ရွာအတွင်းရှိ ကန့်သတ်ထားသော ကောင်းချီးနေရာအတွက် တိုက်ခိုက်ခြင်းမရှိခဲ့ပေ။ သူသည် လူသားများ၏နှလုံးသားအတွင်း၌ရှိသော သတ္တိနှင့် ဉာဏ်ပညာကိုသာ နှိုးဆွပေးခဲ့သည်။ သေခြင်းတရားနှင့် ဖျားနာခြင်းတို့ကို အဖိုးအခအဖြစ် သုံး၍ နောက်လိုက်အချို့၏ခန္ဓာကိုယ်ပေါ်တွင် သရဲတက်တူးကို အောင်မြင်စွာခတ်နှိပ်စေခဲ့သည်။

နတ်ဘုရား၏ ပင်ကိုယ်စရိုက်နှင့်လူသားဆန်မှုကို နားလည်သော ကောင်းမင်သည် သူ့နောက်လိုက်များကို ရွာကို မချဲ့ထွင်ခိုင်းခဲ့ပေ။ ယင်းအစား သူသည် သူတို့ကိုယ်သူတို့ သန်မာလာစေရန် အာရုံစိုက်စေခဲ့သည်။ သူတို့ အလုံအလောက်အစွမ်းထက်လာသောအခါ သူတို့သည် စည်းကမ်းမရှိသော ခရီးသွားများကို ဆွဲဆောင်ရန် အခွင့်အရေးရရှိကြသည်။

ရွာအတွင်းရှိ နောက်လိုက်များမှာ တဖြည်းဖြည်းနှင့် အုပ်စုနှစ်စုကွဲသွားသည်။ ကောင်းမင်၏နောက်လိုက်များသည် အရေအတွက် နည်းပါးသော်လည်း အလွန်ဉာဏ်ကောင်းပြီး စိတ်ဓာတ်ခိုင်မာကြသည်။ သူတို့သည် လူသားဆန်မှုကို ဆက်လက်ထိန်းသိမ်းထားပါသော်လည်း... သရဲတက်တူး၏ အမှတ်အသားကို ခတ်နှိပ်ခဲ့ကြသောကြောင့် သူတို့၏ရုပ်ရည်သည် အမျိုးမျိုးသော ကြောက်မက်ဖွယ်ရာများအဖြစ် သန္ဓေပြောင်းသွားခဲ့ကြသည်။

အခြားတစ်ဖက်မှာမူ အနာဂတ်နတ်ဘုရား၏နောက်လိုက်များဖြစ်သည်။ သူတို့သည် အများစုဖြစ်သည်။ သူတို့သည် နေ့စဉ်နေ့တိုင်း နတ်ဘုရားထံ ဆုတောင်းကြပြီး မနက်ဖြန်အတွက် မျှော်လင့်ချက်ရရှိရန် သူတို့၏ယုံကြည်မှုကို ယဇ်ပူဇော်ကြသည်။

နှစ်ဖက်အဖွဲ့အကြားရှိ ပဋိပက္ခမှာ ပိုမိုနက်ရှိုင်းလာခဲ့သည်။ နောက်ဆုံးတွင် ၎င်းသည် ထိပ်တိုက်ရင်ဆိုင်မှုသို့ ဦးတည်သွားတော့သည်။ သရဲခြောက်သောအိမ်အတွင်း၌ တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့လေသည်။ နောက်လိုက်များစွာ သေဆုံးခဲ့ကြသည်။ နောက်ဆုံးတွင် ကောင်းမင်၏နောက်လိုက်များက ရွာကို သိမ်းပိုက်လိုက်ကြသည်။ အနာဂတ်နတ်ဘုရား၏နောက်လိုက်များကမူ ရွှံ့ရုပ်တုကို သယ်ဆောင်၍ ထွက်ပြေးသွားခဲ့ကြသည်။

အနာဂတ်နတ်ဘုရား၏ ဝင်ရောက်စွက်ဖက်မှု မရှိတော့သောကြောင့် ကောင်းမင်အတွက် ကိစ္စများစွာ ပိုမိုသက်တောင့်သက်သာ ရှိလာတော့သည်။ သူသည် နတ်ဘုရား၏အခန်းကဏ္ဍကို လွယ်လင့်တကူ သိမ်းပိုက်လိုက်သည်။ သူသည် ခြေသလုံးအိမ်တိုင်လေလွင့်သူများကို ဆွဲဆောင်ခဲ့ပြီး သရဲများနှင့် မကောင်းဆိုးဝါးများကိုပင် လက်ခံ၍ ရွာကိုချဲ့ထွင်ခဲ့သည်။ များမကြာမီ ရွာလေးသည် အရိပ်ကမ္ဘာထဲတွင် ထူးခြားသော နေရာတစ်ခု ဖြစ်လာခဲ့သည်။

လူသားများသည် သရဲတက်တူးများကို သယ်ဆောင်ထားကြပြီး သရဲများသည် သူတို့၏နှလုံးသားထဲတွင် လူသားဆန်မှုကို တွေ့ရှိခဲ့ကြသည်။ ကောင်းမင်သည် သွေးနီရောင်မြို့တော်၏ ပိုင်ရှင်မဟုတ်သော်လည်း ရွာလေးသည် သူ၏စိတ်ဆန္ဒအောက်တွင် ဖြည်းညင်းစွာ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။

ကောင်းမင်သည် ကမ္ဘာတစ်ခုလုံး၏ သဘောသဘာဝကို မပြောင်းလဲနိုင်ပေ။ သူသည် မျှော်လင့်ချက်၏ အလင်းရောင်တစ်ခု ဖြစ်ချင်ရုံသက်သက်သာ ဖြစ်သည်။ယင်းက သူတို့၏နှလုံးသားထဲတွင် မျှော်လင့်ချက်ရှိသော လူများကို ပိုမိုဆွဲဆောင်ကောင်း ဆွဲဆောင်နိုင်ပေလိမ့်မည်။ ၎င်းသည် နတ်ဘုရားဖြစ်တည်မှု၏ ရည်ရွယ်ချက် ဖြစ်သည်။

ရွာရှိလူဦးရေမှာ လျင်မြန်စွာ တိုးတက်လာလေသည်။ ကောင်းမင်၏ဝိညာဉ်ပေါ်ရှိ ဒဏ်ရာများမှာလည်း တိုးပွားလာခဲ့သည်။ သူ၏စိတ်ဆန္ဒတွင် အပေါက်များ ပေါ်ထွက်လာသည်။ သူ့ကို ထိတ်လန့်စေသည်မှာ အရိပ်၏ ပိုမိုနက်ရှိုင်းသောအပိုင်း၌ အနာဂတ်နတ်ဘုရား၏အသိစိတ် ကြီးထွားလာသည်ကို အာရုံခံမိလိုက်ခြင်းဖြစ်သည်။ ၎င်းသည် သူ့ကိုယ်သူ ခွန်အားကြီးလာရန်အတွက် ယုံကြည်မှုကို စားသုံးနေခြင်းဖြစ်သည်။ ၎င်း၏တည်ရှိမှုသည် လူချမ်းသာရပ်ကွက်ရှိ အနာဂတ်နတ်ဘုရား၏ ခွန်အားနှင့် အတူတူလောက်ပင် ဖြစ်သည်။

ဘဝဟူသည် အဆုံးမရှိသော သီချင်းတစ်ပုဒ်ပင်။ ကောင်းမင်၏ရွာလေးသည် မြို့ငယ်လေးတစ်ခု ဖြစ်လာခဲ့သည်။ ၎င်းသည် သွေးနှရောင်မြို့တော်ကဲ့သို့ မထင်ရှားသော်လည်း အရိပ်ကမ္ဘာတွင် လက်ခံထားသော ခိုလှုံရာနေရာတစ်ခု ဖြစ်သည်။ မြို့သူမြို့သားများသည် မြို့တော်၌ နေကဲ့သို့ တောက်လောင်နေသော မီးအရင်းအမြစ်ကိုပင် တည်ဆောက်ခဲ့ကြသည်။

အရိပ်ကမ္ဘာတွင် မျှော်လင့်ချက် ပွင့်လန်းနေခဲ့သည်။ ကောင်းမင်၏စိတ်ဆန္ဒသည် ကျိန်စာများနှင့် နာကျင်မှုများစွာကို စုပ်ယူပြီးနောက် စုတ်ပြဲပျက်စီးလာခဲ့သည်။ ထက်မြက်သော စိတ်ဆန္ဒသည် အချိန်ကြာလာသည်နှင့်အမျှ ပျက်စီးယိုယွင်းလာတော့သည်။ သူသည် အချိန်အတော်ကြာသည်အထိ မျက်လုံးမဖွင့်တော့ပေ။

မှတ်ဉာဏ်မြစ်သည် အခြားသော ရေစီးသန်သော မြစ်တစ်စင်းနှင့် ဆုံတွေ့ချိန်အထိ စီးဆင်းသွားခဲ့သည်။ အနာဂတ်နတ်ဘုရား၏ အသိစိတ်သည် မြို့ပတ်ဝန်းကျင်တွင် စတင်ပေါ်ထွက်လာတော့သည်။ နှစ်များတစ်လျှောက်တွင် သူ၏ဒဏ်ရာများသည် ကုသခဲ့ပြီးဖြစ်ပြီး နောက်လိုက်များစွာကို ထပ်မံစုဆောင်းထားခဲ့သည်။

“ဒီအိပ်မက် ပြီးဆုံးဖို့ အချိန်ကျပြီ...”

All Chapters