မျက်လုံးများ
Vol. 29 Ch. 432
အိမ်ဟောင်း ပြိုလဲသွားပြီး အုတ်မြစ်များ ပျောက်ကွယ်သွားခဲ့သည်။ မြို့အပြင်ဘက်ရှိ ရွှံ့ရုပ်တုသည်လည်း အက်ကွဲသွားသည်။ အနာဂတ်နတ်ဘုရားသည် သူ၏အသိစိတ် ပျောက်ကွယ်မသွားမီ မြို့အတွင်းရှိ လူသားအားလုံးကို သတ်ပစ်ချင်ခဲ့သည်။ သို့သော် ယုံကြည်မှု၏မျိုးစေ့များကိုမူ လုံးဝ ငြိမ်းသတ်၍မရနိုင်ပေ။ သူတို့၏နှလုံးသားထဲတွင် မျှော်လင့်ချက်ကို အလိုရှိသူများသည် ကောင်းမင်၏လွှမ်းမိုးမှုကို ခံရလိမ့်မည်။ ဖြစ်နိုင်သည်က ၎င်းသည် အနာဂတ်၏ အစစ်အမှန်အဓိပ္ပာယ်ဖြစ်နိုင်ပေသည်။
အနာဂတ်နတ်ဘုရားသည် နောက်ဆုံးတွင် မြို့တော်ကို ဖျက်ဆီးပစ်ရန် ရွေးချယ်လိုက်သည်။ ကောင်းမင် လုပ်ခဲ့သမျှ အရာအားလုံးကို ဖျက်ဆီးလိုက်လျှင်ပင် လူတို့၏နှလုံးသားထဲရှိ အရာများကို သုတ်သင်၍မရနိုင်ပေ။ သူ၏မျက်လုံးထဲတွင် လူတိုင်း ကောင်းမင်အဖြစ် ပြောင်းလဲသွားသည်။ ရွှံ့ရုပ်တုသည် ယဇ်ပလ္လင်ပေါ်မှ ပြုတ်ကျသွားသည်။ မြို့တော်အပျက်အစီးများအတွင်းမှ အဆုံးမဲ့သော အားပေးကြွေးကြော်သံများ ထွက်ပေါ်လာသည်။ အနာဂတ်နတ်ဘုရားသည် ကောင်းမင်ကို အားပေးနေသော လူများ၏အသံကို ကြားနေရဆဲဖြစ်သည်။ ဧရာမနှလုံးသားသည် စုတ်ပြဲရတော့မလို ခံစားနေရသည်။ အနာဂတ်နတ်ဘုရားသည် သူ၏ကိုယ်ပိုင်မှတ်ဉာဏ်ထဲတွင် ကောင်းမင်ကို ရှုံးနိမ့်သွားခဲ့ပြီဖြစ်သည်။
အရိပ်ကမ္ဘာမှာ စတင် မှေးမှိန်လာလေသည်။ နောက်ဆုံးတွင် အနာဂတ်နောက်သို့ ပြေးလိုက်နေသော လူတစ်စုသာ ကျန်ရစ်ခဲ့ပြီး ကောင်းမင်၏ဆန္ဒသည် သူတို့၏နှလုံးသားထဲတွင် ကောင်းစွာရှင်သန်နေခဲ့တော့သည်။
ကောင်းမင် မျက်လုံးများကို တဖန်ပြန်ဖွင့်လိုက်သည်။ ဤတစ်ကြိမ်တွင်တော့ သူသည် မည်သည့်အိပ်မက်ဆိုးထဲတွင် ရှိမနေတော့။ သူသည် အနာဂတ်နတ်ဘုရား၏အခန်းထဲတွင် ရှိနေခဲ့သည်။ အိပ်မက်များသည် စက္ကန့်အနည်းငယ်သာ ကြာမြင့်သော်လည်း နှစ်ပေါင်းထောင်ချီ ကြာသွားသကဲ့သို့ ခံစားနေရသည်။
“နတ်ဘုရားတွေကြားက တိုက်ပွဲက ဒီလောက်အထိ အန္တရာယ်များပြီး ရှည်ကြာတာပဲ”
နှလုံးသားက ခုန်ပေါက်နေသည်။ သားစားကြူးနတ်ဘုရားက လက်မထောင်ပြသည်။ ကောင်းမင်၏နှလုံးသားပေါ်၌ စိုက်ဝင်နေသော သံချောင်းရှည်များ ပျောက်ကွယ်သွား၏။ ကောင်းမင်သည် အနာဂတ်နတ်ဘုရား၏ယုံကြည်မှုအားလုံးကို သယ်ဆောင်ထားသော နတ်ဘုရား၏နှလုံးသားကို ကိုင်ဆောင်ထားသည်။ ၎င်းသည် ကောင်းမင် သူ၏မှတ်ဉာဏ်ထဲတွင် တည်ဆောက်ခဲ့သော မြို့တော်နှင့်တူသည်။ သားစားကြူးနတ်ဘုရားသည် အရွယ်အစား နှစ်ဆ ကြီးမားလာပြီး ညှဉ်းပန်းနှိပ်စက်ခန်းလည်း ပိုမိုကြီးမားလာလေသည်။ အနာဂတ်နတ်ဘုရားကို သတ်ဖြတ်ခြင်းသည် သူ့ကိုယ်သူ ရှာဖွေတွေ့ရှိခြင်းဟု ဆိုလိုပြီး၊ အနာဂတ်နတ်ဘုရားကို သတ်ဖြတ်ခြင်းသည် မနက်ဖြန်ကို ဖမ်းဆုပ်နိုင်ခြင်းဟု ဆိုလိုသည်။
ကောင်းမင်သည် ဤမူမမှန်ဖြစ်ရပ်ထဲသို့ ဝင်ရောက်လာသည့်အခါ ချက်ချင်းပင် အပိုင်းပိုင်းပြတ်လုနီးပါး ဖြစ်ခဲ့ရသည်။ သို့သော်လည်း ထိုမူမမှန်မှု အဆုံးသတ်ရန် နီးကပ်လာချိန်တွင် သူ၏ခန္ဓာကိုယ်နှင့် စိတ်တို့သည် အလွန်အမင်း ပြောင်းလဲတိုးတက်လာတော့သည်။ သူနှင့် သားစားကြူးနတ်ဘုရားတို့သည် အိပ်မက်သရဲအဆင့်သို့ အလွန်နီးစပ်လာချေပြီ။
သူ၏မျက်လုံးများ တစ်ဖန်ပိတ်သွားသည်။ သူ့မျက်လုံးများတစ်လျှောက် ပျံ့နှံ့နေသော သွေးချည်မျှင်များ လျော့ပါးသွား၏။ ကောင်းမင်၏ဘယ်ဘက်မျက်လုံးသည် အတိတ်ကို ဖောက်ထွင်းမြင်နိုင်ပြီး သူ၏အတိတ်ဘဝမှတ်ဉာဏ်များဖြင့် ရောယှက်နေလေသည်။ သူ၏ညာဘက်မျက်လုံးသည် ကံကြမ္မာ၏ထိန်းချုပ်မှုမှ လွတ်ကင်းနေပြီး အနာဂတ်တွင် တောက်လောင်နေသော မီးတောက်မီးလျှံများကို မြင်နိုင်သည်။
ဤတိုက်ပွဲသည် ကောင်းမင်အတွက် ကြီးမားသော ဆုလာဘ်တစ်ခုလည်း ယူဆောင်ပေးခဲ့သေးသည်။ သူသည် အရိပ်ကမ္ဘာတွင် အချိန်ကြာမြင့်စွာ ‘ရှင်သန်နေထိုင်’ ခဲ့ခြင်းဖြစ်သည်။ သူသည် ထိုကမ္ဘာနှင့် ထိုကမ္ဘာရှိနေထိုင်သူများအကြောင်းကို ပိုမိုနက်ရှိုင်းစွာ နားလည်လာခဲ့သည်။ သူ၏လမ်းကြောင်းသည်လည်း ပိုမိုပြတ်သားလာခဲ့ပေသည်။
အနာဂတ်နတ်ဘုရား၏ ယုံကြည်မှုက ကောင်းမင်၏ခန္ဓာကိုယ်ထဲသို့ ပျော်ဝင်သွား၏။ ထိုအခိုက်အတန့်တွင် သူသည် လူချမ်းသာရပ်ကွက်ရှိ ပုံမှန်မဟုတ်သော တည်ရှိမှုအားလုံးကို အာရုံခံလိုက်နိုင်သည်။ ၎င်းက ကောင်းမင်သည် သူတို့၏သေဆုံးမှုများကို မည်သည့်အချိန်မဆို ဆုံးဖြတ်နိုင်သကဲ့သို့ပင် ဖြစ်သည်။
“သူတို့အားလုံးက သူတို့ရဲ့ ယုံကြည်မှုကို အနာဂတ်နတ်ဘုရားဆီ အပ်နှင်းခဲ့ကြတာလား”
တည်ရှိမှုအားလုံးထဲမှ ကောင်းမင်အား အာရုံဖမ်းစားနိုင်သော လူတစ်ယောက်ရှိနေသည်။ ထိုလူသည် လူချမ်းသာရပ်ကွက်မှ ထွက်သွားပြီဖြစ်သော်လည်း သူ၏ရနံ့က ကောင်းမင်အတွက် အလွန်ရင်းနှီးနေသည်။
“စီတုအန်း ၊ အနာဂတ်နတ်ဘုရားက သူ့ကို လွှတ်ပေးလိုက်တာပဲ”
စီတုအန်းသည် ညှဉ်းပန်းနှိပ်စက်ခန်းထဲသို့ ဝင်ရောက်ခဲ့သည့်အချိန်မှစ၍ လွတ်လပ်မှုကို ဆုံးရှုံးခဲ့ပြီးဖြစ်သည်။ ကောင်းမင် သေဆုံးပါက သူလည်း သေဆုံးလိမ့်မည်ဖြစ်သည်။ ကံမကောင်းစွာဖြင့် စီတုအန်းသည် ထိုအကြောင်းကို မသိဘဲ လွတ်မြောက်ရန် ကြိုးစားနေဆဲဖြစ်သည်။
“သူက ပြတ်သားတဲ့လူတစ်ယောက်ပဲ”
ကောင်းမင်သည် ကံကြမ္မာထံမှ အပြည့်အဝ မလွတ်မြောက်သေးသော်လည်း သူ၏ထူးခြားသော မျက်လုံးများဖြင့် ဟန်ဟိုင်းတွင် အလွတ်လပ်ဆုံးလူ ဖြစ်လာသည်။ အနာဂတ်နတ်ဘုရား၏ မှတ်ဉာဏ်ထဲတွင် သူလုပ်ခဲ့သည့်အရာများကို ပြန်စဉ်းစားကြည့်ရင်း ကောင်းမင်သည် အနာဂတ်နတ်ဘုရား၏နောက်လိုက်များနှင့် သူ၏ချိတ်ဆက်မှုကို မဖြတ်တောက်ခဲ့ပေ။ ယင်းအစား သူသည် သူတို့ကို စတင်လမ်းညွှန်၍ ဆက်သွယ်ရန် ကြိုးစားလိုက်သည်။
“ဒီနေရာက နောက်လိုက်တိုင်းက ငါ့ရဲ့ မျက်လုံးနဲ့ နားတွေပဲ ၊ ငါ့ရဲ့ အသိစိတ်က ဒီဧရိယာထဲက မကောင်းဆိုးဝါးတွေနဲ့ သရဲတွေ အားလုံးအပေါ် ကို ဆင်းသက်နိုင်တယ်”
ကောင်းမင်၏မျက်လုံးများက ပတ်ပတ်လည်ကို ကြည့်ရှုလိုက်သည်။ နံရံများနှင့် ကြမ်းပြင်များသည် သူ့အတွက် အတားအဆီးများ မဟုတ်တော့ချေ။ သူသည် အနာဂတ်နတ်ဘုရား၏မရဏဘုံကို အမွေဆက်ခံခဲ့ပုံရသည်။ သို့သော်လည်း ထိုဘုံကို ချဲ့ထွင်နိုင်သော စွမ်းအားကိုတော့ သူမရရှိသေးပေ။
“သရဲနီ ကိုးကောင် ရှိတယ် ၊ သူတို့အားလုံးဟာ လူတွေရဲ့ အဆိုးရွားဆုံးအနာဂတ်မှာ သရုပ်ဆောင်ရမယ့် အခန်းကဏ္ဍတစ်ခုစီ ရှိနေတာပဲ”
လူချမ်းသာရပ်ကွက်၏ နာရီများ စတင်လည်ပတ်လာသည်။ အတိတ်က နာရီသံများနှင့်မတူဘဲ ကော်ရစ်ဒါများထဲတွင် ပုံရိပ်များ ထွက်ပေါ်လာသည်။ သူတို့သည် အသက်အရွယ်မျိုးစုံနှင့် ပင်ကိုယ်စရိုက်အမျိုးမျိုး ရှိကြသော်လည်း မိသားစုတစ်ခုတည်းမှ ဖြစ်ကြသည်။
ညှဉ်းပန်းနှိပ်စက်ခန်း ဖွင့်လိုက်၏။ ကောင်းမင် သူတို့အားလုံးကို စစ်ဆေးလိုက်သည်။ သရဲနီကိုးကောင်က သူ့ကို လုံးဝနားလည်နေကြသည်။ သူတို့ ညှဉ်းပန်းနှိပ်စက်ခန်းထဲသို့ ဝင်ရောက်သွားကြသည်။ အမျိုးသမီးသရဲက သူတို့နောက်သို့ လိုက်ရန်ပြင်နေသဖြင့် ကောင်းမင် သူမကို တားလိုက်ရသည်။
“မင်း ဒီမှာပဲ နေလို့ရတယ် ၊ မင်းရဲ့ မိဘတွေကို မင်းဆီ ပြန်ခေါ်လာဖို့ ငါ စီစဉ်ထားတယ် ၊ ဒါက ငါ့ရဲ့ ကတိပဲ”
ကောင်းမင်သည် လူချမ်းသာရပ်ကွက်ရှိ အပြောင်းအလဲများကို အာရုံခံမိလိုက်သဖြင့် သူ့ရှေ့ရှိ တံခါးကို တဖြည်းဖြည်းဖွင့်လိုက်သည်။
အချိန်သည် လူတိုင်း၏ခန္ဓာကိုယ်ထဲသို့ ဖြတ်သန်းစီးဆင်းသွားသည်။ နာရီများ ပိုမိုထင်ရှားရှင်းလင်းလာလေသည်။ လူတိုင်း၏နှလုံးသားထဲသို့ နောက်ဆုံးနာရီသံ ရောက်ရှိသွားသောအခါ အနာဂတ်နတ်ဘုရား၏ခေတ်သည် အဆုံးသတ်သွားပြီး လူတိုင်း အဆိုးရွားဆုံးအနာဂတ်မှ လွတ်မြောက်သွားကြတော့သည်။
လေကောင်းလေသန့်ကို ရှူရှိုက်လိုက်ရင်း ကောင်းမင်သည် သူ့နောက်လိုက်များ၏ တည်နေရာကို အာရုံခံမိလိုက်သည်။ သူသည် သူတို့အား လူတိုင်းကို ရပ်ကွက်အပေါ်ဆုံးထပ်သို့ လမ်းပြစေလိုခြင်းဖြစ်သည်။
သူတို့ တံခါးဖွင့်လိုက်သောအခါ မြင်လိုက်ရသည့်အရာကြောင့် အံ့အားသင့်သွားကြသည်။ ခေတ်မီတိုက်ခန်းထဲတွင် အိမ်ဟောင်းတစ်လုံးကို တည်ဆောက်ထားလေသည်။ အိမ်သည် သေးငယ်ပြီး ဟောင်းနွမ်းနေပုံရသည်။
မံမီဖြစ်နေသော နောက်လိုက်များသည် အိမ်ပတ်ပတ်လည်နှင့် အခန်းများအတွင်း ထိုင်လျက်ရှိနေကြသည်။ သူတို့၏ခန္ဓာကိုယ်များသည် လိုင်းများဖြင့် ထိုးဖောက်ခံထားရသည်။ သူတို့သည် အိမ်ကို မျက်နှာမူလျက် နတ်ဘုရားထံ အချိန်တိုင်း သူတို့၏အပြင်းပြဆုံး ယုံကြည်မှုကို ပေးအပ်နေကြသည်။ သူတို့သည် သူတို့၏မျှော်လင့်ချက်များကို နတ်ဘုရားပေါ် ထားရှိခဲ့ကြသည်။ သို့သော်လည်း နတ်ဘုရား၏မျက်လုံးထဲတွင် သူတို့သည် အသုံးချကိရိယာများထက် ပိုသာခြင်းမရှိပါပေ။
ကောင်းမင် မည်သည့်အရာမှမလုပ်လိုက်ရဘဲ အမျိုးသမီးသရဲက ပြေးလာသည်။ သူမသည် သူမ၏မိဘများကို မြင်တွေ့လိုက်ရသည်။ သူတို့သည် မှတ်မိနိုင်ရန်ပင် ခက်ခဲနေပြီဖြစ်သည်။ အိမ်ဟောင်းရှေ့တွင် ရပ်နေရင်း များစွာသောမှတ်ဉာဏ်များ ကောင်းမင်၏ဦးနှောက်ထဲ လျှပ်တစ်ပြက် ပေါ်လာသည်။ နောက်လိုက်များအားလုံး နိုးထလာသောအခါ အိမ်ဟောင်းသည် လျင်မြန်စွာ ပြိုကွဲသွားခဲ့သည်။ မည်သည့်အရာမှ မကျန်ခဲ့ပေ။ ဖန်လီ၏လက်ထဲရှိ ကလေးငယ်သည် စတင်ငိုကြွေးလိုက်ပြီးနောက် ရယ်မောလိုက်သည်။
“ဒီဦးခေါင်းမဲ့ကလေးဟာ အနာဂတ်နတ်ဘုရားနဲ့ အတိတ်နတ်ဘုရားရဲ့ ယုံကြည်မှုတွေကို အများကြီး ကုန်ဆုံးစေခဲ့တာ ၊ မဟုတ်ရင် မင်းကိုကယ်ဖို့အတွက် ဥက္ကဌက အများကြီးပေးဆပ်ရမှာ”
နူးညံ့သော ကျောင်းသူက ကြင်နာစွာပြောလိုက်သည်။ သူမသည် ကောင်းမင်နှင့်ဖန်လီကြားတွင် ရပ်နေခြင်းဖြစ်သည်။ ကလေးကို ကာကွယ်လိုသည့် သူမ၏ဆန္ဒက ရှင်းလင်းနေသည်။
“ကောင်းယန်နဲ့ငါက ရစရာတစ်ခုစီ ရှိတယ် ၊ သူလိုချင်တာ ရသွားပြီဆိုတော့ မင်းတို့ အခု ထွက်သွားသင့်ပြီ”
ကောင်းမင် နောက်လှည့်၍ ပြတင်းပေါက်မှတစ်ဆင့် ထာဝရတိုက်ခန်းများကို ကြည့်လိုက်သည်။
“နတ်ဘုရားနှစ်ပါးလုံးရဲ့ သရဲတက်တူးကို ဖိနှိပ်ထားတဲ့စွမ်းရည်က ပျောက်ကွယ်သွားပြီ ၊ မကြာခင် စုံစမ်းရေးမှူးတွေ လွှတ်လာတော့မယ် ၊ ဒါပေမဲ့ သူတို့က ဒီလောက် မြန်မြန်တော့ ထွက်သွားမှာ မဟုတ်ဘူး”
“ဘာလို့လဲ ၊ အနာဂတ်နတ်ဘုရားရဲ့အသိစိတ် မပျက်စီးသေးလို့ ဒီမူမမှန်ဖြစ်ရပ်က မဖြေရှင်းရသေးတာလား”
ဖန်လီသည် တိုက်ရိုက်ပြောတတ်သူ ဖြစ်သည်။
“ဖြေရှင်းတာလား”
ကောင်းမင် ပြုံးလိုက်ပြီး ခေါင်းခါလိုက်သည်။
“ငါ အနာဂတ်နတ်ဘုရားကို စားလိုက်တော့ ငါက နောက်ထပ် အန္တရာယ်များတဲ့ မူမမှန်ဖြစ်ရပ်ဖြစ်လာပြီလေ”