ရန်သူများ၊မိတ်ဆွေများ
Vol. 29 Ch. 433
ကောင်းမင်၏ ဝိညာဉ်မှာ အပိုင်းပိုင်းကွဲထွက်ခဲ့ရသည်။သူ အန္တရာယ်အရှိဆုံးအခြေအနေဖြစ်နေချိန်တွင် အချို့က သူ့ကိုများစွာအကူအညီပေးခဲ့ကြပြီး အချို့မှာ သူနိမ့်ပါးနေချိန်တွင် တွန်းချခဲ့ကြသည်။
မူမမှန်မှုများထဲတွင် ကောင်းမင်သည် ခြောက်ခြားဂိမ်းကစားသမားများအတွက် အကြီးမားဆုံးကျောက်ဆောင်ကြီးဖြစ်သည်။သို့သော်လည်း သူတို့မူမမှန်ဖြစ်ရပ်ထဲရှိမနေချိန်တွင်တော့ ကောင်းမင်သည် အကြီးမားဆုံးမူမမှန်မှုဖြစ်သည်။
“စုံစမ်းစစ်ဆေးရေးဌာနက အဲ့ဒီလူယုတ်မာတွေကို ငါအမြဲတမ်း မုန်းတီးခဲ့တာ “
လော်တုန်းသည် ယခင်က ယွမ်ဟွေ့ဦးဆောင်သော စုံစမ်းရေးမှူးများ၏ ဝန်းရံခြင်းခံခဲ့ရသည်။
“ဒါပေမယ့် ငါ့မိသားစုကို ငါပိုစိုးရိမ်တယ်…”
“အဆိုးရွားဆုံးအနာဂတ်ထဲမှာ ပိတ်မိနေတဲ့ လူသားတွေနဲ့ သရဲတွေအတွက် သူတို့ရဲ့ ယုံကြည်မှုကို အနာဂတ်နတ်ဘုရားက အပြည့်အဝ မစုပ်ယူလိုက်သေးရင်တော့ သူတို့ ရှိနေဆဲပါပဲ ၊ မစိုးရိမ်ပါနဲ့”
ကောင်းမင် လော့တုန်းကို နှစ်သိမ့်ပေးလိုက်ပြီး ဟယ်ကျင်းကို ကြည့်လိုက်သည်။ နောက်ဆုံးတစ်ဦးကမူ ကြောက်လန့်တကြားဖြင့် ကြမ်းပြင်ပေါ် ဒူးထောက်ချလိုက်သည်။
ဟယ်ကျင်းသည် သူ၏အသက်လေး ပျောက်ကွယ်သွားမည်ကို ကြောက်ရွံ့သဖြင့် လျင်မြန်စွာ ပြောလိုက်သည် ။
“ကျုပ်က အမြဲတမ်း ခင်ဗျားဘက်မှာ ရှိနေခဲ့တာပါ ၊ ယွမ်ဟွေ့ ခင်ဗျားရဲ့အလောင်းကို ယူသွားပြီးနောက်ပိုင်း ကျုပ်သူ့ကို နှောင့်နှေးအောင် လုပ်ခဲ့တယ် ၊ နောက်ဆုံး ကျုပ်ကိုယ်တိုင် ရုပ်တုကို ရှရန်ဆီ ပို့ပေးခဲ့တယ် ၊ကျုပ်က သူနဲ့အတူ ထာဝရအိမ်ရာတိုက်ခန်းကနေ ရဲရဲဝံ့ဝံ့ ထွက်ခွာခဲ့တာပဲ၊ လူချမ်းသာရပ်ကွက်မှာတောင် ကျုပ်ကလူတိုင်းကို ကာကွယ်ဖို့ အစွမ်းကုန် ကြိုးစားခဲ့တယ်၊ ကျုပ်ရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကို ကြည့်ပါဦး ၊ ကျုပ်ရဲ့ နောက်ဆုံးသွေးစက်ကတောင် ခင်ဗျားရဲ့ တောင်းဆိုချက်ကို ပြီးမြောက်ဖို့ ကုန်ခန်းလုနီးပါး ဖြစ်နေပြီ!”
“ဒါပေမဲ့ မင်းက ကျင်းထောင်ရှန်းအတွက် အလုပ်လုပ်နေတုန်းပဲနော်”
“ကျင်းထောင်ရှန်းက ဘယ်သူလဲ ၊ သူက ရူးသွပ်နေတဲ့ လူယုတ်မာတစ်ယောက်ပဲ။ ကျုပ်သူ့နောက် လိုက်တုန်းက ကြောက်ကြောက်လန့်လန့်နဲ့ နေထိုင်ခဲ့ရတာ ၊ ကျုပ်…ကျုပ်လမ်းကြောင်းရဲ့ အလင်းရောင်ကို မြင်နေရပြီ”
ဟယ်ကျင်းသည် ကောင်းမင်နှင့်မျက်လုံးချင်း မဆုံဝံ့ပေ။ သူ၏မျက်လုံးများသည် သူ၏အတိတ်နှင့် အနာဂတ်ကို မြင်နေရသကဲ့သို့ ဖြစ်နေသည်။
ကောင်းမင်သည် အစပိုင်းတွင် သူ့ကို လွှတ်ပေးရန် စီစဉ်ထားသော်လည်း ထိုမျှပြင်းထန်လှသော တောင်းဆိုမှုကြောင့် ကောင်းမင် သူ့ကို ငြင်းဆန်ရန် ရှက်ရွံ့နေသည်။ သူ ညှဉ်းပန်းနှိပ်စက်ခန်းကို ညွှန်ပြလိုက်သည်။
“အထဲဝင်ပြီး ချိန်းကြိုးတွေကို ထိလိုက်ပါ ၊ မင်းနာမည်ကို ချန်ထားခဲ့ပြီး ပြန်ထွက်လာခဲ့”
ဟယ်ကျင်း အံကြိတ်လိုက်ပြီး သူပြောသည့်အတိုင်း လုပ်ဆောင်လိုက်သည်။ သူသည် ကျိန်စာသင့်ခံရလိမ့်မည်ဟု ထင်ခဲ့သော်လည်း ဘာမှမဖြစ်ခဲ့ပေ။
“အခု မင်း လွတ်လပ်သွားပြီ ၊ ပြန်သွားပြီးတော့ ကျင်းထောင်ရှန်းအတွက် အလုပ်ပြန်လုပ်လိုက် ၊ မင်း ငါ့အကူအညီ လိုလာရင် ငါ့လူတွေကို မင်းကို ဆက်သွယ်ခိုင်းလိုက်မယ်”
ကောင်းမင် လက်ဝှေ့ယမ်းလိုက်သည်။
“ဒါပဲလား”
ဟယ်ကျင်းက ဤသည်မှာ စမ်းသပ်မှုတစ်ခုဟု ယုံကြည်သည်။ သူ ပြတ်သားစွာ ပြောလိုက်သည်။
“ကျုပ် ကျင်းထောင်ရှန်းလက်အောက်က လုံခြုံရေးအဖွဲ့ဝင်တချို့နဲ့ ပဋိပက္ခကြီးကြီးမားမား ရှိဖူးတယ် ၊ ကျုပ် သူတို့ထဲကတချို့ကို ခင်ဗျားရှေ့မှာ သတ်ပြပါ့မယ်”
ဤမျှပြင်းပြသော တောင်းဆိုမှုကြောင့် ကောင်းမင်သည် ဟယ်ကျင်း၏ကမ်းလှမ်းမှုကို မတတ်သာဘဲ လက်ခံလိုက်ရသည်။
အနာဂတ်နတ်ဘုရား၏အသိစိတ် ပျောက်ကွယ်သွားသည်နှင့်အမျှ လူချမ်းသာရပ်ကွက်ရှိ ပြင်ပလူများအပေါ်ဖိနှိပ်မှုများ ပျောက်ကွယ်သွားသည်။ အထပ်အသီးသီးမှ အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။ ရန်သူတစ်ခုတည်းရှိသောအခါ အင်အားအမျိုးမျိုးတို့သည် အတူတကွ လုပ်ဆောင်ခဲ့ကြသည်။ ဘုံရန်သူ ပျောက်ကွယ်သွားသောအခါ လူတိုင်းတွင် သူတို့၏ ကိုယ်ပိုင်ရည်မှန်းချက်များ ရှိလာကြသည်။ ဟန်ဟိုင်းရှိ အင်အားစုများအတွက် မူမမှန်ဖြစ်ရပ်သည် အန္တရာယ်နှင့် အကျိုးကျေးဇူးကို ကိုယ်စားပြုသည်။ အမွေအနှစ်တိုင်းတွင် ကြီးမားသော တန်ဖိုးတစ်ခုရှိသည်။ ထို့အပြင် ဤအမွေအနှစ်ပစ္စည်းသည် သရဲတက်တူး၏စွမ်းအားကို ဖိနှိပ်နိုင်လောက်အောင်ပင် အစွမ်းထက်သည်။
“သူတို့ အချင်းချင်း တိုက်ခိုက်ပါစေ”
ကောင်းမင်သည် တောင်ဘက်ဆိပ်ကမ်း စုံစမ်းစစ်ဆေးရေးဌာမှ လူများကို လျစ်လျူရှုလိုက်သည်။ သူတို့ ကောင်းမင်နောက်သို့ မလိုက်လာသရွေ့ ကောင်းမင် သူတို့ကို လျစ်လျူရှုထားနိုင်သည်။
ကောင်းမင်သည် လော့တုန်း၏မိသားစုကို ရှာတွေ့ပြီးနောက် ပထမထပ်တွင် ဒေါက်တာလီနှင့် အိုးရန်စုစုတို့ကို ရှာတွေ့ခဲ့သည်။ထိုဇနီးမောင်နှံစုံတွဲသည် ရံဖန်ရံခါ အငြင်းပွားတတ်သော်လည်း သူတို့ တစ်ဦးကိုတစ်ဦး ချစ်ခင်ကြသည်မှာ ရှင်းလင်းနေသည်။
“မင်းတို့ အခု အဆောက်အအုံ၃မှာ ခဏနေသင့်တယ် ၊ မင်းတို့ ရှာတွေ့နိုင်သမျှ ကျိန်စာသင့်ပစ္စည်းတွေ အကုန်လုံး ယူလိုက်ကြပါ ၊ မင်းတို့အတွက် အကျိုးရှိတဲ့ ဘာမဆို သိမ်းထားလိုက် ၊ အန္တရာယ်ရှိရင် ငါ မင်းတို့အတွက် ဖြေရှင်းပေးမယ် ၊ ဒီနေရာကို မင်းတို့အိမ်လို သဘောထားလိုက်”
ကောင်းမင်သည် တွန့်ဆုတ်နေသော ဟယ်ကျင်းကို ကောက်ယူ၍ အဆောက်အအုံ ၃ မှ ခေါ်ထုတ်သွားသည်။
လူတိုင်း သူတို့ကို မြင်တွေ့ကြသော်လည်း ကောင်းမင်သည်ဂရုမစိုက်ဘဲ ထာဝရဘဝတိုက်ခန်းများဆီသို့ လျှောက်သွားလိုက်သည်။ ရပ်ကွက်နှစ်ခုသည် ဟန်ဟိုင်း၏ အတိတ်နှင့် အနာဂတ်ကို ကိုယ်စားပြုသည်။ ကောင်းမင်က ၎င်းတို့ကို တစ်ခုတည်းအဖြစ် ပေါင်းစည်းပေးလိုက်သည်။
စွမ်းအားများ ပြန်လည်ရရှိလာသော လုံခြုံရေးအဖွဲ့ဝင်များက မီးကို ငြှိမ်းသတ်လိုက်ကြသည်။ ထွက်ပြေးရန် နောက်ကျသွားသော ခြောက်ခြားဂိမ်းကစားသမားများမှာ ဖမ်းဆီးခံလိုက်ရသည်။ အခြေအနေကို တတ်နိုင်သမျှ မြန်မြန်ထိန်းချုပ်ရန်အတွက် ကျိုးကျွင်းနှင့် ယွမ်ဟွေတို့သည် လူသတ်ပွဲတစ်ခု စတင်ခဲ့သည်။ ကောင်းမင်သည် အဆောက်အအုံအတွင်းမှ အော်ဟစ်သံများကို ကြားနေရသည်။
“အနာဂတ်နတ်ဘုရားက လူသားတွေကို ယုံကြည်မှုပေးတဲ့ ကိရိယာတွေအဖြစ် သတ်မှတ်ပေမဲ့ ကျိုးကျွင်းက ပိုဆိုးတယ် ၊ သူက လူသားတွေကို ကိရိယာအဖြစ်တောင် မမြင်ပါလား”
ကောင်းမင် တိုက်ခန်းများသို့ ရောက်ရှိလာသောအခါ ဝင်ပေါက်ကို သော့ခတ်ထားလေသည်။ နတ်ဘုရားနှစ်ပါးမှာ ပျောက်ကွယ်သွားပြီဖြစ်၍ ဤနောက်ကွယ်တွင် သက်ရှိများသာ ရှိနိုင်သည်။
“ဘာလို့ အချင်းချင်းအလုအယက် သတ်ဖြတ်နေကြတာလဲ”
သူ၏လက်မောင်းပေါ်တွင် သွေးနီရောင်မြို့တော်တက်တူး ပေါ်ထွက်လာ၏။ ကောင်းမင်သည် သားစားကြူးနတ်ဘုရား၏ စွမ်းအားတစ်စိတ်တစ်ပိုင်းကို ရရှိခဲ့သည်။တံခါးကို အင်အားသုံး၍ ဆွဲဖွင့်လိုက်သည်။ ဓားများ ကိုင်ဆောင်ထားသော လုံခြုံရေးအဖွဲ့ဝင်နှစ်ဦးက ကောင်းမင်ကို ပစ်မှတ်ထားလိုက်သည်။ သူတို့ စကားမပြောနိုင်ခင် ဟယ်ကျင်းအလျင်အမြန် ပြေးထွက်လာပြီး သူတို့ကို ပါးရိုက်လိုက်သည်။
“ရှူး! ငါ့ကို အခု ယွမ်ဟွေ့ဆီ ခေါ်သွားစမ်း ၊ ငါ သူ့ကို သွားသတ်မလို့”
လုံခြုံရေးအဖွဲ့ဝင်များ အံ့အားသင့်သွားကြသည်။ ဟယ်ကျင်း ဤသို့လုပ်ဝံ့သည်မှာ ဤနှစ်ဦးသည် တစ်ချိန်က သူအဖွဲ့၏အစိတ်အပိုင်းဖြစ်ခဲ့သောကြောင့် ဖြစ်သည်။
“ဟုတ်ကဲ့ပါ ၊ အဖွဲ့ခေါင်းဆောင်”
ကောင်းမင်သည် ဤအရာကို လျစ်လျူရှုလိုက်သည်။ သူ အနာဂတ်တံခါးရှေ့တွင် ရပ်တန့်လိုက်သည်။ ထာဝရဘဝအိမ်ရာတွင် တံခါးသုံးပေါက် ရှိခဲ့သည်။ယခုတွင် အနာဂတ်တံခါးတစ်ခုသာ ကျန်ရှိတော့သည်။ တံခါးသည် လုံးဝ အနီရောင်အဖြစ်သို့ ပြောင်းလဲနေခဲ့သည်။
“အဖွဲ့တစ်ခေါင်းဆောင်နဲ့ လျိုယီတို့ ဒီထဲဝင်သွားတာ ငါ မှတ်မိတယ်”
အဖွဲ့တစ်ခေါင်းဆောင်သည် ကောင်းမင်အား ကောင်းမွန်သောအထင်အမြင်တစ်ခုပေးခဲ့သည်။ ဆန့်ကျင်ဘက်အားဖြင့် လျိုယီအပေါ် ကောင်းမင်၏ယုံကြည်မှုမှာ ယိမ်းယိုင်နေ၏။
ဤမူမမှန်ဖြစ်ရပ်မတိုင်မီက ကောင်းမင်သည် ကောင်းယန်နှင့်သာ ဆက်သွယ်ခဲ့ခြင်းဖြစ်သည်။ သူ လျိုယီကို အကြောင်းမကြားခဲ့ပေ။ သို့သော် သူ၏အသိစိတ် ခွဲထုတ်မခံရမီ လျိုယီသူ့ကို ရပ်ကွက်အတွင်း၌ ရှာတွေ့ခဲ့သည်ကို ကောင်းမင်မှတ်မိသည်။ ကောင်းယန်က သူမအား အစီအစဉ်ကို ပြောပြခဲ့ခြင်းလည်း ဖြစ်နိုင်သည်။ လျိုယီသည် ကောင်းမင်ကို ထိခိုက်စေရန် ဘာမှမလုပ်ခဲ့သော်လည်း ကောင်းမင်သံသယဝင်နေဆဲဖြစ်သည်။ ကောင်းမင်သည် နောက်ဆုံးအကြိမ် ဥမင်လိုဏ်ခေါင်းမှ ထွက်ခွာလာပြီးကတည်းက လျိုယီသည် မူလကရွှမ်ဝမ်ကို ပေးအပ်ခဲ့သော အခန်းကဏ္ဍကို လွှမ်းမိုးထားခဲ့ပုံရသည်။
“သူ့မှာ ဘာလျှို့ဝှက်ချက်တွေ ရှိနေတာလဲ”
အနာဂတ်တံခါးကို ကိုင်ထားရင်း သားစားကြူးနတ်ဘုရားသည် ကောင်းမင်နောက်တွင် တဖျတ်ဖျတ် ဖြစ်နေလေသည်။ သူတို့ အတူတကွ တံခါးကို ဖွင့်လိုက်သည်။ တံခါး လှုပ်ရှားသွားချိန်တွင် တံခါးပေါ်၌ အက်ကွဲကြောင်းများစွာ ပျံ့နှံ့သွားသည်။ တံခါးက ပေါက်ကွဲသွား၏။ အဆောက်အအုံတစ်ခုလုံး တုန်ခါသွားသည်။ ကြမ်းခင်းကြွေပြားများမှ သွေးများ ယိုစီးထွက်လာတော့သည်။
တံခါးသုံးပေါက်လုံး ပြိုလဲသွားသည်။ အဖွဲ့တစ်ခေါင်းဆောင်နှင့် လျိုယီတို့ အနာဂတ်မှ လွင့်ထွက်လာကြသည်။ လျိုယီက သူမလက်ထဲတွင် လူဦးခေါင်းတစ်လုံးကို ပွေ့ချီထားခဲ့သည်။
“သီသီလေးပဲ ၊ ငါတို့ ပြန်မလာနိုင်တော့ဘူး ထင်ခဲ့တာ”
အဖွဲ့တစ်ခေါင်းဆောင်သည် တံခါးအတွင်းရှိ သူ၏အတွေ့အကြုံကို ပြန်စဉ်းစားရင်း စိတ်လှုပ်ရှားနေဆဲဖြစ်သည်။ သူ လှည့်ကြည့်ပြီး ကောင်းမင်ကို မြင်လိုက်သောအခါ အံ့အားသင့်သွားသည်။ ကောင်းမင်သည် အလွန်အမင်း ပြောင်းလဲသွားခဲ့သည်။
“ခင်ဗျားတို့ တံခါးထဲမှာ ဘာတွေ မြင်ခဲ့ရလဲ”
ကောင်းမင် ထိုနှစ်ဦးကို ကြည့်လိုက်သည်။
“ဒါက ဟန်ဟိုင်းပြည်သူအားလုံးအတွက် အဆိုးရွားဆုံးအနာဂတ်ပဲ ၊ နတ်ဆိုးနတ်ဘုရားတွေ ပြန်လည်ရှင်သန်လာကြပြီး သရဲတွေက နေရာအနှံ့မှာ ရှိနေတယ် ၊ သက်ရှိတွေ အသက်မရှင်နိုင်လောက်အောင်ပဲ ၊ စည်းမျဉ်းတွေ မရှိတော့ဘူး”
လျိုယီက အနာဂတ်နတ်ဘုရား၏ရုပ်တုဦးခေါင်းကို ကိုင်ဆောင်လျက် ထရပ်လိုက်သည်။ သူမက ထပ်ပြောသည်။
“ဒါက ကံကြမ္မာရဲ့ ဖမ်းဆုပ်မှုကနေ လွတ်မြောက်သွားတဲ့ လူသားမျိုးနွယ်အနာဂတ်ပဲ”
သူမသည် ထိုဦးခေါင်းကို ကောင်းမင်ဆီ ပစ်ပေးလိုက်သည်။ သူမသည် တံခါးနောက်ကွယ်တွင် သူမ လိုချင်သောအရာကို ရှာတွေ့ခဲ့ပုံရသည်။
“အစီအစဉ်ချထားတဲ့ လမ်းကြောင်းက မဖြစ်မနေ မှားနေမှ ရမှာလား ၊အဲဒီအကြောင်း ငါ စဉ်းစားနေခဲ့တာ ၊ ဒါပေမဲ့ အခု ငါအဖြေရသွားပြီ”
ကောင်းမင် မျက်မှောင်ကြုတ်လိုက်သည်။ အနာဂတ်နတ်ဘုရား၏ ဦးခေါင်းတွင် စွမ်းအားမရှိပေ။ အနည်းငယ် အားထည့်ညှစ်လိုက်ရုံဖြင့် ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားနိုင်သည်။
“နင့်ရဲ့ အဖြေက ဘာလဲ”
“ငါတို့ ကံကြမ္မာအသစ် ဖြစ်လာဖို့ ကံကြမ္မာကို မခုခံတော့ဘူး”
လျိုယီက သူမ၏အကြည့်များကို လွှဲဖယ်လိုက်ပြီး သူမ၏မျက်နှာပေါ်တွင် ရှားပါးသောအပြုံးတစ်ခု ပေါ်လာခဲ့သည်။
“စိတ်မပူပါနဲ့ ၊ ငါက ကံကြမ္မာအတွက် အလုပ်လုပ်နေတာ မဟုတ်ပါဘူး ၊ ငါကအရင်က လျိုယီဖြစ်နေတုန်းပါပဲ”