စား
Vol. 29 Ch. 435
ကျင်းထောင်ရှန်းသည်လည်း သွေးနီရောင်မြို့တော် ရွေးချယ်ခံများထဲမှ တစ်ယောက်ဖြစ်သည်။
“သူတို့ ဆယ့်နှစ်ယောက်လုံးကို ငါ့ရဲ့ ညှဉ်းပန်းနှိပ်စက်ခန်းထဲ ပို့လိုက်မယ်ဆိုရင် ငါဟာ အလိုအလျောက် ဟန်ဟိုင်းရဲ့ ပိုင်ရှင် ဖြစ်လာလိမ့်မယ်”
ညလေပြေသည် အသားနံ့ကိုမောင်းထုတ်သွားပြီး ခြေရာလက်ရာအားလုံးကို ဖယ်ရှားလိုက်သည်။ အရာအားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ တံခါးနေရာတွင် ညှဉ်းပန်းနှိပ်စက်ခန်းဖြင့် အစားထိုးထားသည်ကို မြင်နိုင်ရန်ခက်ခဲသည်။
ကောင်းမင်က လုံခြုံအောင် လုပ်ဆောင်လိုက်သည်။ သူသည် ညှဉ်းပန်းနှိပ်စက်ခန်းကို ပုံမှန်မဟုတ်သော အခြေအနေ၏အတိုင်းအတာထက် ကျော်အောင် ချဲ့ထွင်ခြင်းမရှိပေ။ ကျင်းထောင်ရှန်း ထာဝရဘဝအိမ်ရာထဲသို့ ခြေချလိုက်သည်နှင့် ညှဉ်းပန်းနှိပ်စက်ခန်း၏ ဝါးမျိုခြင်းကို ခံရဖွယ်ရှိသည်။
“သူ မကြာခင် ဒီရောက်လာလိမ့်မယ်”
ကောင်းမင်တွင် မဖြေရှင်းရသေးသော မေးခွန်းများစွာ ရှိသည်။ ဌာနချုပ်တွင် အဘယ်ကြောင့် သူ၏လူသေဓာတ်ပုံကို ထားရှိသနည်း။ ထိုပုံထဲတွင် သူက စုံစမ်းစစ်ဆေးရေးဌာနအထက်အရာရှိ ယူနီဖောင်းကို ဝတ်ဆင်ထားတာလား။ ဌာနချုပ်က ဖုံးကွယ်ထားတဲ့ အိပ်မက်သရဲကဘာလဲ။ သူတို့ရဲ့ ကံကြမ္မာနှင့်မည်သို့ဆက်နွယ်နေသနည်း။
ဌာနချုပ်သည် အလွန်လျှို့ဝှက်ဆန်းကြယ်သည်။ သူတို့သည် ဟန်ဟိုင်းနှင့်ပတ်သက်သော အမှန်တရားကို သိထားပေလိမ့်မည်။ ကျင်းထောင်ရှန်းကို ညှဉ်းပန်းနှိပ်စက်ခန်းထဲသို့ ဆွဲသွင်းပြီးသည်နှင့် ကောင်းမင်သည် သူ့ကိုစစ်ဆေးရန် အချိန်လုံလောက်စွာ ရရှိလိမ့်မည်။
မူမမှန်ဖြစ်ရပ်သည် အမှောင်ထုဖြင့် လုံးဝဖုံးလွှမ်းနေလေသည်။ ကောင်းမင်သည် ရုတ်တရက် အနီးအနားရှိ လမ်းမီးများ လင်းလာသည်ကို မြင်လိုက်သည်။ လုံခြုံရေးအဖွဲ့ဝင်များက အိမ်ရာများသို့ ချဉ်းကပ်လာရာ ဌာနချုပ်သည်လည်း ထိုမတော်တဆမှုကို သိထားရမည်။
“ဒီလောက်ထိ သတိထားနေတာပဲ”
ကောင်းမင်သည် ထိုနေရာတွင် တိတ်ဆိတ်စွာရပ်၍ မြို့ကို စိုက်ကြည့်နေ၏။ နှစ်နာရီကြာပြီးနောက် အချိန်စီးဆင်းမှုများ ပုံမှန်ပြန်ဖြစ်လာသည်။ နေသည် မိုးကုတ်စက်ဝိုင်းမှ ထွက်ပေါ်လာသည်။ ထောင့်တစ်ခုမှ အနက်ရောင်ကားတစ်စီး ဖြည်းညင်းစွာ မောင်းထွက်လာခဲ့သည်။ လုံခြုံရေးအဖွဲ့ဝင်များအားလုံး လက်နက်ကိုင်ဆောင်ထားသည်။ နေထွက်လာသောကြောင့် သူတို့၏ သတိကို လျှော့မချခဲ့ပေ။
ကားက ထာဝရဘဝအိမ်ရာနှင့် ဆယ်မီတာခန့် ရောက်လာသောအခါ တံခါးပွင့်လာသည်။ ကားထဲမှ သွေးနံ့များ လွင့်ပျံလာရာ လေထုမှာ လေးလံနေတော့သည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် သွေးစွန်းနေသော ဘွတ်ဖိနပ်များက မြေပြင်ပေါ်သို့ နင်းလိုက်သည်။ ကျင်းထောင်ရှန်းသည် အဖြူရောင်လက်အိတ်တစ်စုံဖြင့် ကားပေါ်မှဆင်းလာပြီး မူမမှန်ဖြစ်ရပ်ဆီသို့ စိုက်ကြည့်လိုက်သည်။
သူ့အကြည့်များ ကောင်းမင်ပေါ်သို့ ကျရောက်လာသည်။ ဤသည်မှာ ကျင်းထောင်ရှန်းသည် ကောင်းမင်အား လက်တွေ့ဘဝတွင် ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းဖြစ်သည်။ ကောင်းမင်သည် သူ ထင်ထားသည်ထက် ပို၍သာမန်ဆန်နေလေသည်။ သို့သော်လည်း ထိုသာမန်လူက သူ၏ အစီအစဉ်များအားလုံးကို ဖျက်ဆီးခဲ့ပြီး ဌာနချုပ်၏ဆူးတစ်ချောင်း ဖြစ်လာခဲ့သည်။
ကျင်းထောင်ရှန်းသည် ကားထဲသို့ လက်လှမ်းလိုက်ပြီး အနက်ရောင်အရိုးပြာအိုးတစ်အိုးကို ထုတ်ယူလိုက်သည်။ယင်းကို မြေပြင်ပေါ်သို့ လွတ်ချလိုက်သည်။ အဖုံးက အက်ကွဲသွားပြီး ပျစ်ချွဲနေသော အရိပ်အစုအဝေးတစ်ခု စီးဆင်းလာသည်။ ၎င်းသည် နေအသစ်အောက်တွင် အော်ဟစ်လိုက်သည်။ ၎င်း ထွက်ပြေးရန် ကြိုးစားသောအခါ ကျင်းထောင်ရှန်းက ၎င်းကို တက်နင်းလိုက်သည်။ အရိပ်သည် ခွေးကြီးတစ်ကောင်၏ပုံသဏ္ဍာန်အဖြစ် ရုန်းကန်နေလေသည်။
“မင်းက ဌာနချုပ်ရဲ့ ၁၀ လွှာကို ထိုးဖောက်လာတယ်ဆိုတော့ သတ္တိအလုံအလောက်ရှိတာ သေချာတယ် ၊ ငါတောင် အဲဒီနေရာကို သွားတာရှားတယ်”
ကျင်းထောင်ရှန်း၏မုန်းတီးမှုသည် တောက်လောင်နေသော်လည်း သူ၏လေသံမှာ အတက်အကျမရှိပေ။
“ဖမ်းမိတဲ့သူက ဒီတစ်ယောက်တည်း မဟုတ်ဘူး ၊ ဒီအားအနည်းဆုံး ခွေးက မင်းအတွက် ငါ့ရဲ့ လက်ဆောင်ပဲ”
သားရေဘွတ်ဖိနပ်က ရွေ့လျားသွားသည်။ စေးကပ်နေသော အရိပ်သည် ကောင်းမင်ထံ ချဉ်းကပ်လာခြင်း မရှိသလို ထာဝရဘဝအိမ်ရာထဲသို့ ဝင်ရောက်လာခြင်းလည်း မရှိပေ။ ၎င်း၏ခန္ဓာကိုယ်သည် သူ့အရေပြားပေါ်ရှိကျိန်စာများကို ဖော်ပြရန် ဆက်လက်ပြောင်းလဲနေခဲ့သည်။
“ခွေးတွေက လူသားတွေရဲ့အကောင်းဆုံးအဖော် ဖြစ်နေတာ အံ့သြစရာမရှိပါဘူး ၊ ကျိန်စာတွေကို မင်းဆီ ယူသွားမယ့်အစား သေရတာကို ရွေးချယ်နေတယ်”
ကျင်းထောင်ရှန်းသည် ကောင်းမင်အား ရည်ရွယ်ချက်ရှိရှိဖြင့် စိန်ခေါ်ရန် ကြိုးစားနေခြင်းဖြစ်သည်။
ကောင်းမင်၏အမူအရာမှာ ဖတ်ရှု၍မရပေ။ သူသည် လက်ကို ဆန့်ထုတ်လိုက်ပြီး မူမမှန်ဖြစ်ရပ်ကို ချဲ့ထွင်လိုက်သည်။ သူ အန္တရာယ်ကို လျစ်လျူရှု၍ ခွေးကြီးကို ၎င်း၏အတွင်းသို့ ခေါ်ဆောင်သွားလိုက်သည်။ သူ့အရိပ်ကို မစုစည်းနိုင်သော ခွေးကြီးက ခေါင်းခါလိုက်သည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ကျိန်စာများသည် အရိပ်ထဲသို့ စိမ့်ဝင်သွားတော့သည်။ ဌာနချုပ်သည် ဤအခွင့်အရေးကို အသုံးပြု၍ ထိုမူမမှန်ဖြစ်ရပ်ကို စူးစမ်းလေ့လာလိမ့်မည်ဖြစ်သည်။
“မင်းက တော်တော် သစ္စာရှိတဲ့လူပဲ ၊ မိုးမချုပ်ခင် ဌာနချုပ်ထဲကို ဖောက်ထွင်းဝင်လာတဲ့ ကျန်တဲ့ သရဲတွေနဲ့ လူသားတွေကို ငါဒီကို ခေါ်လာပေးမယ်”
ကျင်းထောင်ရှန်းက ပြောသည်။
“အလဲအလှယ်တဲ့အနေနဲ့ ဌာနချုပ်က မင်းဆီကနေ အသက်ရှင်နေတဲ့ ဝမ်ကျားနဲ့ အဖွဲ့တစ်ခေါင်းဆောင်ကို ပြန်အပ်ဖို့ တောင်းဆိုတယ် ၊ ဒါ့အပြင် ငါတို့ အတိတ်နတ်ဘုရားနဲ့ အနာဂတ်နတ်ဘုရားရဲ့ ခန္ဓာကိုယ်ကိုလည်း လိုအပ်တယ်”
“ခင်ဗျား တောင်းဆိုတာတွေ များလှချည်လား ၊ ဒီမူမမှန်ဖြစ်ရပ်က ထိန်းချုပ်မှုလွတ်သွားပြီး မြို့ဟောင်းတစ်ခုလုံးကို ဖရိုဖရဲဖြစ်သွားကို ခင်ဗျားမကြောက်ဘူးလား”
ကောင်းမင်က ထိုအရာကို သူကိုယ်တိုင် လုပ်နိုင်စွမ်းရှိသည်။
“ဌာနချုပ်မှာ အိပ်မက်သရဲတွေကို ကိုင်တွယ်မယ့် နည်းလမ်းတွေ ရှိတယ် ၊ ဒါပေမဲ့တန်ကြေးက ကြီးလွန်းတယ် ၊ မင်း ဌာနချုပ်ကို သူတို့ရဲ့လက်တံတွေထုတ်ပြဖို့ တွန်းအားပေးတဲ့ ပထမဆုံးလူသား မဖြစ်ပါစေနဲ့လို့ ငါမျှော်လင့်တယ်”
ကျင်းထောင်ရှန်းက ‘လူသား’ဟူသော စကားလုံးကို ဖိပြောလိုက်သည်။ ဌာနချုပ်သည် စုံစမ်းရေးမှူးများနှင့် ခြောက်ခြားဂိမ်းကစားသမားများကြား စစ်ပွဲကို ရှောင်ရှားရန်အတွက် ကောင်းမင်နှင့်အပေါ်ယံဆက်ဆံရေးကို ထိန်းသိမ်းထားလိုခြင်းဖြစ်သည်။
“ခင်ဗျားမှာ အိပ်မက်သရဲတွေကို ကိုင်တွယ်ဖို့နည်းလမ်းတွေရှိရင် ဝမ်ကျားကို ဘာလို့ ဂရုစိုက်နေတာလဲ ၊ ရှင်းလုကနေပြန်လာတဲ့ ဒီလုံခြုံရေးအဖွဲ့ဝင်က အဲဒီလောက် အရေးကြီးမှာမဟုတ်ဘူးလေ ၊ သူက သွေးနီရောင်မြို့ပိုင်ရှင် ၁၃ ယောက်ရဲ့ ကိုယ်စားလှယ်လောင်းတစ်ယောက်တောင် မဟုတ်ဘူး”
ကောင်းမင်၏အသံသည် ကျင်းထောင်ရှန်းသတိမပြုမိနိုင်အောင် တဖြည်းဖြည်း တိုးတိုးသွားသည်။
ကျင်းထောင်ရှန်း ထိုစကားကို ကြားလိုက်သောအခါ သူ၏မျက်စိသူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။ သူသည် သွေးနီရောင်မြို့တော် လူသေဓာတ်ပုံကို မမြင်ဖူးသော်လည်း စီတုအန်းထံမှ အချက်အလက်အချို့ကို ရရှိခဲ့သည်။ ကောင်းမင်သည် သူ့ရှပ်အင်္ကျီကို ချွတ်၍ ကျင်းထောင်ရှန်း၏တုံ့ပြန်မှုများကို စောင့်ကြည့်နေခဲ့သည်။ နတ်ဘုရားပုံစံကွက်များသည် သူ၏အရေပြားပေါ်တွင် သွေးမြို့တော်တစ်ခုကို ယက်လုပ်ရန်ဖြတ်ကျော်နေကြသည်။ မြို့တော်ထဲတွင် ပုံရိပ်၁၃ ခု ရှိလေသည်။
“ခင်ဗျားက ကိုယ်စားလှယ်လောင်းတစ်ယောက်ဆိုတာ ကျုပ်သိရုံမကဘဲ ဌာနချုပ်ထဲမှာ တခြားကိုယ်စားလှယ်လောင်းတစ်ယောက် ပုန်းနေတာကိုလည်း သိတယ်”
ကောင်းမင်သည် ကိုယ်စားလှယ်လောင်း ၁၃ ဦးလုံး၏မျက်နှာများကို မြင်ခဲ့ရသည်။ သို့သော် သူ ပြောခဲ့သော နောက်ဆုံးဝါကျသည် ခန့်မှန်းချက်သက်သက်သာ ဖြစ်သည်။ သူသည် ၎င်းကို ထောက်ခံရန် သက်သေအထောက်အထားမရှိပေ။ မည်သို့ပင်ဆိုစေကာမူ ဤထုတ်ပြန်ချက်သည် ကျင်းထောင်ရှန်း၏နှလုံးသားထဲတွင် ကြီးမားသော လှိုင်းလုံးများကို ဖြစ်ပေါ်သွားစေခဲ့သည်။ ဌာနချုပ်တွင် ဖုံးကွယ်ထားသော အခြားကိုယ်စားလှယ်လောင်းတစ်ဦးရှိနေပါက သူသည် အခြေခံအားဖြင့် အရံလူအဖြစ် သတ်မှတ်ခံထားရခြင်း ဖြစ်သည်။ လျှို့ဝှက်ကိုယ်စားလှယ်လောင်းကမူ ဌာနချုပ်၏အမှန်တကယ် မျှော်လင့်ချက်ဖြစ်သည်။
“ကျုပ် ခင်ဗျားနဲ့ အရောင်းအဝယ်တစ်ခု လုပ်ချင်တယ် ၊ မစိုးရိမ်နဲ့ ၊ ကျုပ်တို့နှစ်ယောက်တည်းပဲ ဒါကို ကြားနိုင်တာ”
ကောင်းမင် မည်သည့်စကားမှ မဆိုဘဲ ကျင်းထောင်ရှန်း သူ့ဆီလှမ်းလာရန်သာ စောင့်နေလိုက်သည်။
အမျိုးသမီးဆန်သော လူ၏မျက်လုံးများ တဖျတ်ဖျတ်ဖြစ်သွား၏။ ကျင်းထောင်ရှန်းသည် မည်သည့်ခြိမ်းခြောက်မှုကိုမျှ မခံစားရပေ။ သူ့တွင် အန္တရာယ်ကို ရုတ်ချင်းသတိပေးနိုင်သည့် အရာများစွာရှိသော်လည်း မည်သည့်သတိပေးချက်ကိုမှ မဖြစ်ပေါ်စေခဲ့ပေ။ သို့သော်လည်း သူ၏နှလုံးသားထဲမှအသံက ကောင်းမင်နှင့် ဝေးဝေးနေရန် သူ့ကို ပြောနေခဲ့သည်။
ကျင်းထောင်ရှန်းသည် ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ရပ်တန့်လိုက်သည်။ သူသည် ကောင်းမင်၏အရောင်းအဝယ်အခြေအနေကို နားထောင်ရန်မဟုတ်သော်လည်း ကောင်းမင်ပေါ်ရှိ တက်တူးကို ပိုအနီးကပ်ကြည့်လိုခြင်းဖြစ်သည်။ သို့သော် မည်သို့ပင်ဖြစ်စေ တက်တူးကို မမြင်နိုင်ကြောင်း သဘောပေါက်သွားပြီးနောက် ကျင်းထောင်ရှန်းကရပ်လိုက်သည်။ သူသည် မူမမှန်ဖြစ်ရပ်နှင့် ခြေတစ်လှမ်းသာ ဝေးတော့သည်။ သူသည် လေထုထဲတွင် အသားနံ့အနည်းငယ်ကို အနံ့ရလိုက်သည်။ ကျင်းထောင်ရှန်း မျက်မှောင်ကြုတ်သွားသည်။ ဘယ်ကမှန်းမသိသော လေတစ်ချက် တိုက်ခတ်လာပြီး သူ၏ဆံပင်ရှည်များကို သယ်ဆောင်သွားသည်။ သူ၏ဆံပင်အချို့က အရိပ်ထဲသို့ ကျရောက်သွား၏။
ကျင်းထောင်ရှန်းသည် သူ၏ဆံပင်များ ပြတ်တောက်သွားသည်ကို မခံစားမိပေ။ သို့သော်လည်း ဆံပင်များ မမြင်ရသောအရာတစ်ခုက ဆန်းကြယ်စွာမျိုချလိုက်သကဲ့သို့ ကျင်းထောင်ရှန်း၏ အမြင်အာရုံမှ ပျောက်ကွယ်သွားလေသည်။ ထိုအရာသည် စားသောက်နေခြင်း မပြီးဆုံးသေးပေ။
“ဌာနချုပ်က နေမဝင်ခင် သူတို့ကို ဒီကိုပို့ပေးလိမ့်မယ် ၊ ငါတို့ ကျန်တဲ့အပေးအယူကို အပြီးသတ်မယ်၊ ဌာနချုပ်က မင်းရဲ့ ပြစ်မှုအားလုံးကို မေ့ပစ်ပေးလိမ့်မယ်”
ကျင်းထောင်ရှန်း လှည့်ထွက်သွား၏။ သူသည် ကောင်းမင်၏ယခင်က အမူအရာကင်းမဲ့နေသော မျက်နှာတွင် ပေါ်လာသည့်အပြုံးတစ်ခုကို မမြင်လိုက်ရပေ။(ရွေးချယ်ခံကို ကိုယ်စားလှယ်လောင်းလို့ပဲ ရေးပါတော့မယ်)