အခန်း (၁၃၃-၁၃၅)
Vol. 11 Ch. 133-135
အခန်း (၁၃၃)။
"အရှင်, အရှင်က ကျွန်တော်တို့အပေါ် ဒီလောက် ကောင်းကောင်းဆက်ဆံမှတော့, ကျွန်တော်တို့အနေနဲ့ အရှင့်အတွက် သေတဲ့အထိ ဘယ်လိုလုပ် မတိုက်ခိုက်ဘဲ နေနိုင်ပါ့မလား…"
တိုက်ပွဲအပြီးတွင် ကျဆုံးသွားသည့် စစ်သည်တွေ၏ အလောင်းများကို စုစည်းပြီး သူတို့မွေးရပ်မြေကို ပြန်ပို့ပြီး၊ ငြိမ်ချမ်းစွာ အနားယူနိုင်ရန် စီစဉ်နေသည့်ကြောင်းကို ကြားတော့ ကျန်သည့် စစ်သည်နှစ်ရာကျော်သည် အကြည့်ချင်း ဖလှယ်ကာ တယောက်ပြီး တယောက် ဒူးထောက်လိုက်ကြသည်။ သူတို့သည် ထိုစကားကို တညီတညွတ်တည်း ဟစ်ကြွေးလိုက်ရာ မြွေတောင်ကြားတစ်ခုလုံး အချိန်အတော်ကြာ လှုပ်ခါသွားလေသည်။
အများအားဖြင့်, စစ်မြေပြင်မှာ ကျဆုံးသွားသည့် စစ်သည်များ၏ အလောင်းတွေကို တောတောင်တွေထဲမှာ စွန့်ပစ်ခဲ့ကြ သည်။ သူတို့ကို မည်သူမှ ဂရုစိုက်မှာ မဟုတ်ပါဘူး။ စစ်နိုင်သည့် ဘက်က အလောင်းတွေကို စုစည်းပြီး သဂြိုလ်ပေးရင် တောင် အစုလိုက်ပြုံလိုက် မြှုပ်နှံပြီး သင်္ဂြိုဟ်ပေးကြလိမ့်မည်။ စရိက်စကက အရမ်းကြီးမားသည့်အတွက် သူတို့ မွေးရပ်မြေ ၏ကို ပြန်ပို့ပေးပြီး၊ သင်္ဂြိုဟ်စရာအကြောင်း မရှိပါဘူး။
သို့သော်, မိမိတို့မွေးရပ်မြေသို့ ပြန်သွားခြင်းသည် တော်ဝင်ချန်၏ ဘိုးစဉ်ဘောင်ဆက် ရိုးရာဓလေ့တစ်ခု ဖြစ်နေပါပြီ။ ကိုယ့်မွေးရပ်မြေမှာ မြှုပ်နှံမှသာလျှင် ငြိမ်းချမ်းစွာ အနားယူနိုင်မည်ဟု ယုံကြည်ကြပါသည်။ ထိုယုံကြည်ချက်သည် လူတိုင်း၏ နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေခဲ့ပြီ။ ထိုစစ်သည်တွေကို မဆိုထားနှင့်, နတ်ဘုရားတွေ၊ သရဲတစ္ဆေတွေကို မယုံကြည်ကြသည့် မဟာပညာရှင်ကြီးတွေတောင် သူတို့ မွေးရပ်မြေကို ပြန်ကြလိမ့်မည်။
"ကောင်းပြီ! ဒီမှာ အနားယူကြပါ။”
ဤသည်မှာ ဟုန်ယွိ လိုချင်သော အကျိုးသက်ရောက်မှု ဖြစ်သည်။ သူ့လက်ကို ဝှေ့ယမ်းပြသည်နှင့် စစ်သည်များသည် ပြန်ထပြီး၊ အနားယူရန် မြေပြင်ပေါ်တွင် ထိုင်ကြသည်။ အချို့က ရေသောက်ကြပြီး အချို့က ချွေးတွေကို သုတ်ကြသည်။
"ငါတို့ ကြီးကြီးမားမား ဆုံးရှုံးမှုတွေ ကြုံခဲ့ရပေမယ့် မျက်ခုံးစိမ်းကို သတ်ပစ်နိုင်ခဲ့တယ်။ ဒါက ငါတို့အတွက် ကြီးကျယ်တဲ့ ကမ္မကုသိုလ်ပဲ" ချီဇီယန်သည် စမ်းချောင်းထဲသို့ လျှောက်သွားပြီး မျက်ခုံးစိမ်း၏ မီးလောင်ကျွမ်းနေသော အလောင်းကို ကောက်ယူလိုက်သည်။ အလောင်းသည် လူရုပ် မပေါက်တော့သော်လည်း၊ သူ၏ ခက်ထန်သော မျက်နှာကို ယောင်ဝါးဝါး မှတ်မိနိုင်ပါသေးသည်။ ယင်းက သူ့အတွက် ဂုဏ်သိက္ခာနှင့် ဆုလာဘ်တွေ တောင်းခံဖို့ အဟန့်တား မဖြစ်နိုင်ပေ။
"သူ့ခေါင်းကိုဖြတ်ပြီး ယူခဲ့လိုက်" ရွှေပင့်ကူက ပေါ့ပေါ့ဆဆ ပြောသည်။
"သူ့အလောင်းကို နဂိုအတိုင်းထားလိုက်ပါ" ဟုန်ယွိသည် ချီဇီယန်က ဦးခေါင်းကို ရီဗာသံမဏိဓားဖြင့် လှီးဖြတ်တော့မည် ကို မြင်သောအခါ တားမြစ်လိုက်သည်။
“မင်းတို့ လူအနည်းငယ်က ဒီမှာနေပြီး၊ အလောင်းတွေနဲ့ စစ်မြေပြင်ကို စောင့်ရှောက်ထားပါ။ နောက်ပြီး, ငါတို့ သိမ်းဆည်းထားတဲ့ လက်နက်တွေနဲ့ သံမဏိချပ်ဝတ်တွေကိုလည်း ဂရုစိုက်ကြ။ နောက်လာမယ့် စစ်တပ်ကို စောင့်နေ ကြ။ အခြားသူတွေက ငါနဲ့အတူ ဆက်လက် ချီတက်မယ်။ မြွေတောင်ကြားကို ဖြတ်ကျော်ပြီးရင်, ပင်လယ်ဓားပြတွေရဲ့ အခြေစိုက် စခန်းကို ရောက်ရှိလိမ့်မယ်။ အားလုံး သတိထားကြပါ။”
ဟုန်ယွိသည် တုန့်ဆိုင်းခြင်းမရှိ အမိန့်တွေကို ဆက်တိုက် ထုတ်လိုက်ပါသည်။
ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသည့် စစ်သည်တွေကို ပြုစုစောင့်ရှောက်ဖို့၊ စစ်မြေပြင်ကို စောင့်ကြပ်ပြီး၊ ပင်မစစ်တပ် ရောက်ရှိလာချိန်ကို စောင့်ဆိုင်းရန် အားနည်းသည့် တပ်ဖွဲ့ဝင်အချို့ကို ချန်ထားခြင်းသည် သူ့အတွက် အကောင်းဆုံး ရွေးချယ်မူ ဖြစ်သည်။ သူသည် အစွမ်းထက်သည့် တပ်ဖွဲ့ဝင်များကို ဦးဆောင်ပြီး ရှေ့ဆက်ရပါမည်။
"ညီအစ်ကိုဟုန်…၊ လာကြည့်စမ်း!" ချီဇီယန်သည် မျက်ခုံးစိမ်း၏ အလောင်းကို သိမ်းဆည်းစဉ် တစ်စုံတစ်ခုကို တွေ့ရှိသွားပုံရသည်။
ဟုန်ယွိက မတ်တပ်ထရပ်ပြီး လမ်းလျှောက်လာရင်း ပေါ့ပေါ့ပါးပါး ကြည့်လိုက်သည်။ မျက်ခုံးစိမ်း၏ မီးလောင် ပျက်စီးနေ သော အစိမ်းရောင် ဝတ်စုံအတွင်းမှာ ရွှေနက်ရောင် ခပ်ဖျော့ဖျော့ ရှိနေသည်ကို သူ သတိပြုမိသည်။ ရွှေနက်ရောင် ဝတ်ရုံကို ချည်မျှင်များဖြင့် ရောနှောရက်လုပ်ထားပြီး၊ ထူးခြားသောပုံစံများဖြင့် ဖန်တီးထားသည်။ ၎င်းသည် မူလက ထူးထူးခြားခြား မရှိသော်လည်း မီးလောင်ကျွမ်းပြီး ရေဖြင့် ဆေးကြောပြီးနောက် အဖိုးတန် ဝတ်ရုံကဲ့သို့ တောက်ပနေပါ သည်။ ဤရွှေနက်၀တ်ရုံသည် ကာဇယာ ဖြစ်ပုံရသည်။ (ကာဇယာဟူသည် တရုတ်ဘုန်းတော်ကြီးများ ဝတ်ရုံသည့် လေးထောင့်အကွက်ပါ သင်္ကန်းကို ဆိုလိုပါသည်။)
"ဒါက ကာဇယာလား….?"
ဟုန်ယွိနှင့် ချီဇီယန်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
“မှန်တယ်၊ အဲဒါက ကာဇယာပဲ။ ရွှေနက်ချည်နဲ့ ရက်လုပ်ထားတာ။ မီးကို မကြောက်ဘူး။ ပိုလောင်ကျွမ်းလေ, ပိုတောက်ပလေပဲ။ ဒါ့အပြင်၊ အဲဒီဝတ်ရုံကို ဝတ်ဆင်ထားတာနဲ့ ဓားတွေ ဆေဘာတွေကြောင့် ထိခိုက်ဒဏ်ရာရမှာ မဟုတ်ဘူး။ ဒီဝတ်ရုံက ငွေးငါးမန်းချပ်ဝတ်ထက် ပိုကောင်းတဲ့ အဆင့်တစ်ခုပဲ။ ဒါက ယခင်က ဒိုင်ဇင်ဘုရားကျောင်းရဲ့ အကြီးအကဲ ဘုန်းတော်ကြီးတွေ အသုံးပြုတဲ့ ကာဇယာပဲ" ချီဇီယန်က ပြောသည်။
"ရွှေနက်ချည်လား….၊ အံ့ဩစရာ မရှိပါဘူး..." ဟုန်ယွိသည် အမိတ္တဘသုတ္တန်၏ အဝတ်အထည်သည် ဤဝတ်ရုံနှင့် တူညီသော အရောင်နှင့် အရည်သွေးရှိကြောင်း ရုတ်တရက် သတိရမိသော်လည်း၊ ၎င်းသည် မျက်ခုံးစိတ်၏ အလောင်း ပေါ်ရှိ ကာဇယာထက် များစွာ သန့်စင်နေပါသည်။
"ဒီကာဇယာက ငါတို့ အားလုံးပေါင်းထားရဲ့ ပိုင်ဆိုင်မူအားလုံးထက် ပိုတန်ဖိုးရှိတယ်။" ချီဇီယန်က သူ့လက်ကို ဆန့်ထုတ် ပြီး မျက်ခုံးစိမ်း၏ ခန္ဓာကိုယ်မှ ကာဇယာကို ဆွဲထုတ်လိုက်သည်။ သူသည် အိပ်ယာခင်းနှင့်တူသည့် ရွှေနက်ရောင် အဝတ်တစ်ထည်ကို ဆွဲထုတ်ပြီး ခေါက်လိုက်သည်။ ၎င်းသည် လက်ကိုင်ပုဝါတစ်ထည်နှင့် မခြားနားတော့ပေ။
"အယ်….၊ အဲဒီကာဇယာမှာ စကားလုံးတွေ ရှိနေတယ်။” ဟုန်ယွိသည် ချီဇီယန်ကို မခေါက်ခိုင်းတော့ဘဲ တားမြစ်လိုက် သည်။ သူသည် ကာဇယာကို လှုပ်ခါပြီး နေရောင်အောက်တွင် ခံကြည့်လိုက်သောအခါ, ကာဇယာ၏အလယ်၌ စာလုံးများ ရေးထားသည့်အရိပ်ယောင် တွေ့ရလေ၏။ ၎င်းသည် ကျမ်းဂန်တစ်ခု ဖြစ်ပုံရသည်။
"ဒီစာလုံးတွေက ဘာလဲ။ ဒါက လျှို့ဝှက် ကိုယ်ခံပညာကျမ်းစာ ဖြစ်နေမလား။" ချီဇီယန်သည် သူ့မျက်လုံးတွေကို အနီးကပ် ကြည့်လိုက်သော်လည်း, သူသည် ထိုစာလုံးတွေကို မသိရှိပါဘူး။
“ဒါက လွန်ခဲ့တဲ့ နှစ်တစ်ထောင်က တံဆိပ်တုံးစာလုံးတွေပဲ" ဟုန်ယွိက ပြောသည် “ဒါက ကိုယ်ခံပညာ လျှို့ဝှက်ကျမ်းစာ မဟုတ်ပေမယ့် ကျမ်းဂန်ထဲမှာ ကမ္မကုသိုလ်အကြောင်းတွေ ပါတယ်။”
"ဒါက ဘယ်လို ကုသိုလ်ကျမ်းမျိုးလဲ...၊ အဲဒါက ထူးဆန်းလွန်းတယ်။ ဒါပေမယ့် တိုက်ရိုက်ဆန်တယ်" ဟုန်ယွိက ကာဇယာပေါ်က ကျမ်းစာကို ကြည့်ရင်း ချီဇီယန်ကို ပြန်ပြောသည်။ သူ ပိုဖတ်ကြည့်လေ, ပိုတုန်လှုပ်ရလေပင်။
ကာဇယာပေါ်ရှိ ကျမ်းစာသည် လျှို့ဝှက် ကိုယ်ခံပညာကျမ်းစာ မဟုတ်သလို တာအိုပညာရပ် ကျင့်ကြံခြင်း ကျမ်းစာ လည်း မဟုတ်ပေ။ ၎င်းကျမ်းစာသည် ကမ္မကုသိုလ်အကြောင်း ဖော်ပြထားသော ကျမ်းစာတစ်ဆောင် ဖြစ်ပေသည်။
ဟုန်ယွိသည် လူတို့အား ကုသိုလ်ကောင်းမှု ပြုလုပ်ရန် အကြံပေးထားသည့် ဗုဒ္ဓဘာသာကျမ်းများ၊ တာအိုကျမ်းများ၊ ကွန်ဖြူးရှပ် ကျမ်းစာများကို အများပြား ဖတ်ရှုခဲ့ဖူးပြီး၊ ၎င်းတို့အားလုံးသည် ကုသိုလ်တရားများကို ဖော်ပြထားကြသည်။ သို့သော် ဤကာဇယာပေါ်ရှိ ကုသိုလ်အကြောင်းကျမ်းစာသည် ယခင်က သူဖတ်ဖူးသော ကျမ်းစာနှင့် လုံးဝ မတူပါ။
“ကျွန်ုပ် ကြားခဲ့ဖူးတယ်။ တခါတုန်းက “ကုသိုလ်ဆိုတာ ဘာလဲ” လို့ ကျွန်ုပ် ဗုဒ္ဓကို မေးမြန်းခဲ့ဖူးတယ်။ တကယ်လို့, ကျွန်ုပ်ဟာ အနန္တရတနာတွေနဲ့အတူ အဓိကကမ္ဘာကြီးတစ်ထောင်ကို အသုံးပြုပြီး၊ ဆင်းရဲသားတွေကို ပေးလှူမယ်, ကမ္ဘာကြီး ငြိမ်းချမ်းအောင် လုပ်ဆောင်မယ်, ပြီးတော့ ဆင်းရဲဒုက္ခ အပေါင်းမှ လွတ်မြောက်အောင် လုပ်ဆောင်ပေးမယ် ဆိုရင်, အဲဒါက ကုသိုလ်ရမှာလား။ မြတ်စွာဘုရား မိန့်တော်မူသည်ကား၊ ထိုအရာက ကုသိုလ်မဟုတ်။ ဆွမ်းလှူသောအခါ ကောင်းမြတ်သော ရည်ရွယ်ချက်သည် ကောင်းချီးမင်္ဂလာကို ရှာဖွေရန်ဖြစ်ပြီး၊ ကောင်းချီးမင်္ဂလာကို ကုသိုလ်အဖြစ် အသုံးပြု၍ မရပေ။ ကုသိုလ်တရားသည် ဓမ္မကာယ၌ တည်ရှိပြီး၊ ကောင်းချီးမင်္ဂလာ ရှာဖွေခြင်း၌ မတည်။ လူတစ်ယောက်၏ အစစ်မှန် အနှစ်သာရကို သိမြင်နားလည်ခြင်းက ကုသိုလ်ဖြစ်ပြီး၊ သမာသမတ်ကျမူက အကျင့်သီလ ဖြစ်၏။ တုံ့ဆိုင်းမူမရှိဘဲ တွေးတောခြင်း, လူတစ်ယောက်၏ အစစ်မှန် ပင်ကိုယ်စိတ် သဘာဝကို သိမြင်နားလည်ခြင်း, လက်တွေ့အသုံးချခြင်းတို့က ကုသိုလ်ဖြစ်၏....။”
"ဒါဆို ကုသိုလ်ဆိုတာက ကောင်းခြင်း ဆိုးခြင်းနဲ့ မသက်ဆိုင်တော့ဘူးလား။ တုံ့ဆိုင်းမူမရှိဘဲ တွေးတောခြင်းဆိုတာက လည်း အတွေးတိုင်းက အတားအဆီး ချောမွေ့ပြီး သန့်စင်တယ်ဆိုတဲ့ အဓိပ္ပာယ်လား။ အဲဒါက ကုသိုလ်လား။ တကယ် လို့, နတ်ဆိုးတစ်ယောက်ဟာ သူ့ပင်ကိုယ်စိတ် သဘာဝအရ စိတ်ကျေနပ်မူရဖို့ အရူးတစ်ယောက်လို လူတွေကို သတ်ဖြတ်နေမယ်ဆိုရင်, ဒါကရော ကုသိုလ်ပဲလား…..၊” ဟုန်ယွိသည် ပညာရှင်တစ်ဦးဖြစ်သောကြောင့် ကျမ်းစာ၏ အဓိပ္ပါယ်ကို ချက်ချင်း နားလည်ပါသည်။ သို့သော် သူသည် သံသယများ ရှိနေသေးသည်။ ထို့ကြောင့်, သူသည် အမြန် ဆက်ဖတ်နေခဲ့သည်။
ဟုတ်ပါသည်, အောက်ပါကျမ်းစာက ထိုမေးခွန်းကို ဖြေဆိုပြပါသည်။
ဤကမ္မကုသိုလ်ကျမ်းဂန်ကို အမေးအဖြေပုံစံဖြင့် ရေးသားထားပါသည်။ မြတ်စွာဘုရား၏ တပည့်သည် မြတ်စွာဘုရား အား မေးလျှောက်ပြီး, မြတ်စွာဘုရားက ဖြေကြားတော်မူ၏။
“တုံ့ဆိုင်းမူမရှိဘဲ တွေးတောခြင်းသည် ကုသိုလ်တရား ဖြစ်၏။ အကယ်၍, နတ်ဆိုးတစ်ယောက်သည် အစစ်မှန် ပင်ကိုယ် စိတ် သဘာဝအရ မကောင်းဆိုးဝါး ဖြစ်ပြီး၊ သူ၏ ဆိုးသွမ်းသော ပင်ကိုယ်စိတ် သဘာဝသို့ လိုက်၍ လူတွေကို သတ်ဖြတ် မည်ဆိုလျှင်, ယင်းက ကုသိုလ်တရား ဖြစ်ပါ၏လော။ မြတ်စွာဘုရား မိန့်တော်မူသည်ကား၊ “နတ်ဆိုးသည် ပင်ကိုယ်စိတ် သဘာဝအရ မကောင်းသော်လည်း သူ့ပင်ကိုယ်စိတ် သဘာဝကို လက်ခံပြီး၊ လူတွေကို သတ်ဖြတ်ခြင်းဖြင့်, သူသည် ကြီးမြတ်သော နတ်ဘုရားစွမ်းရည်များကို ပိုင်ဆိုင်ကာ၊ ကန့်သတ်ချုပ်ချယ်မူများမှ ကိုယ့်ကိုယ်ကိုလွန်မြောက်ပြီး၊ ဗုဒ္ဓနှင့် တန်းတူ တန်ခိုးကြီးသည့် ကောင်းကင်နတ်ဆိုး တစ်ပါး ဖြစ်လာလိမ့်မည်။
“အလိုကောင်းကင်ဘုံ, ဒီကျမ်းစာပိုဒ်က တကယ်ကို ကျက်သရေကင်းမဲ့ပြီး အယူမှားနေတာပဲ။ ဒီကျမ်းစာက ဗုဒ္ဓကျမ်းစာရော ဖြစ်နိုင်လို့လား။ ဗုဒ္ဓလမ်းစဉ်နဲ့ သွေဖည်နေတဲ့ ကျမ်းစာ မဟုတ်လား။” ဟုန်ယွိသည် ဤကျမ်းစာပိုဒ်ကို ဖတ်ရင်း သူ့တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့သည်။ ဤကျမ်းပိုဒ်ကို မြတ်စွာဘုရားက တပည့်အား ဟောကြားခဲ့ခြင်း ဖြစ်သည်။ ထိုကျမ်းစာပိုဒ်၏ အဓိပ္ပါယ်မှာ ဤကဲ့သို့ ဖြစ်သည် - မြတ်စွာဘုရား၏ တပည့်က မြတ်စွာဘုရားအား မေးလျှောက်လိုသည်မှာ… ကောင်းကင်နတ်ဆိုးတစ်ပါးသည် သူ့ပင်ကိုယ် သဘာဝအတိုင်း သတ်ဖြတ်ပြီး၊ အလွန်မင်း ဆိုးရွားလာခဲ့သည်။ အကယ်၍, ထိုကောင်းကင်နတ်ဆိုးသည် သူ့ပင်ကိုယ်စိတ် သဘာဝအတိုင်း လိုက်ပါပြီး၊ သတ်ဖြတ် ခြင်း, ဒဏ်ရာရအောင် ပြုလုပ်ခြင်းဖြင့် သူ့ပင်ကိုယ်စိတ် သဘာဝကို ထုတ်ဖော်ခွင့်ပေးလိုက်မည်ဆိုလျှင်, ထိုအရာကို ကုသိုလ်ဟု သတ်မှတ်ရမည်လား….။ မြတ်စွာဘုရားက “ကုသိုလ်” ဟု ဖြေကြားတော်မူပါသည်။ နတ်ဆိုးသည် မိမိ၏ မကောင်းသော ပင်ကိုယ်စိတ် သဘာဝကို သိရှိနားလည်ပြီး၊ မိမိ၏အတွေးများကို ရှင်းထုတ်ရန်, မကောင်းမှုများကို ပြုလုပ်ခြင်းဖြစ်သောကြောင့် ကုသိုလ်လည်း ဖြစ်ပေသည်။ ဤနတ်ဆိုးမျိုးသည် ကြီးစွာသော လွတ်လပ်မူ၏ သဘာဝ လွန် စွမ်းအားကို ပိုင်ဆိုင် ပြီး၊ မြတ်စွာဘုရားနှင့် တူညီသော တန်ခိုးရှိ၏။ ၎င်းကို လွတ်လပ်ခြင်းနတ်ဆိုးဟု ခေါ်သည်။
"လူတစ်ယောက်၏ ပင်ကိုယ်စိတ် သဘာဝကို ဝန်ခံမူဖြစ်စဉ်ကလည်း ကုသိုလ်တရားလား။ လူတစ်ယောက်၏ ပင်ကိုယ် စိတ် သဘာဝကို သိရှိပြီးနောက်၊ သူ့ပင်ကိုယ်စိတ် သဘာဝကို လွတ်မြောက်ခွင့်ပေးနိုင်ရန် သူ့ပင်ကိုယ်စိတ် သဘာဝ အတိုင်း ကျင့်ဆောင်မည်။ ထိုအရာက ကုသိုလ်ပေတည်း။ ကုသိုလ်တရားက ကောင်းခြင်း ဆိုးခြင်းနှင့် မဆိုင်သက်ပါဘူး ...။ ရွံစရာကောင်းလိုက်တာ..၊ ဒေါသဖြစ်စရာ ကောင်းလိုက်တာ.. ဘယ်လိုကျမ်းစာမျိုးလဲ။ ဒိုင်ဇင်ဘုရားကျောင်း ဖျက်ဆီးခံရတာ အံ့ဩစရာ မဟုတ်တော့ဘူး။ ဒါပေမယ့် … လူသားတစ်ယောက်ဟာ မွေးဖွားလာချိန်မှာ သူ့ပင်ကိုယ် စိတ် သဘောထားက ကောင်းမွန်ကြပါတယ်။ လူတစ်ယောက်ရဲ့ ပင်ကိုယ်စိတ် သဘာဝက ကောင်းမွန်တယ်လို့ ပြောလို့ရ တယ်လေ... ဒီအတိုင်းဆို ဒီကျမ်းစာက မှားနေတဲ့ပုံ မပေါ်ဘူး။ ငါ့ရဲ့ ပင်ကိုယ်စိတ် သဘာဝက ဘာလဲ။ အကောင်းလား…၊ အဆိုးလား..၊ အမုန်းတရား လား? ဒါမှမဟုတ် လက်စားချေဖို့လား။ ဒါမှမဟုတ် အားနည်းချက်လား? ဒါမှမဟုတ် ကိုယ်ကျင့်သီလလား။ ဒါမှမဟုတ် အကြောင်းပြချက်ကို ထောက်ခံသူများ၊ အကြမ်းဖက်မှုကို ထောက်ခံသူများ...”။
ဟုန်ယွိသည် ဤကျမ်းစာထဲတွင် နက်နက်ရှိုင်းရှိုင်း နှစ်မြှုပ်နေခဲ့သည်။
ရုတ်တရက် သူ့မှာ သူ့ပင်ကိုယ်စိတ် သဘာဝကို ရှင်းရှင်းလင်းလင်းနှင့် လုံလောက်အောင် နားလည်မှု မရှိသေးကြောင်း သဘောပေါက်သွားပါသည်။
သူ့ အစစ်မှန် ပင်ကိုယ်စိတ် သဘာဝက ဘယ်လိုနေမလဲ။
ဟုန်ယွိသည် ရှင်းရှင်းလင်းလင်း ကောက်ချက်မချနိုင်ခဲ့ဘဲ သူ့စိတ်ထဲတွင် အနည်းငယ် မရေမရာ ဝိုးတဝါး ဖြစ်နေသည်။
“ကြည့်ရတာ, ငါ့ရဲ့ကုသိုလ်တရားက မလုံလောက်ဘူး ထင်တယ်။ ကုသိုလ်တရားမရှိဘဲ ကုသိုလ်တရားအကြောင်း ပြောလို့မရဘူး။ ဒီကျမ်းစာက အမှန်တကယ် ဗုဒ္ဓလမ်းစဉ်နဲ့ ကွဲလွဲနေသလား။ တကယ်ရော ဗုဒ္ဓဟောကြားခဲ့တာ ဟုတ်ရဲလား။ ဗုဒ္ဓအတုယောင်ရောင် မဖြစ်နိုင်ဘူးလား။”
ဟုန်ယွိသည် ဆယ်နှစ်ကျော်ကြာအောင် စာဖတ်ခဲ့ပြီး၊ လူနေမူအလွှာပေါင်းစုံမှ ဂန္တဝင်စာပေအထိ တရားဝင်ရော, တရားမဝင် စာအုပ်များကိုပါ ဖတ်ဖူးခဲ့သည်။ ကုသိုလ်တရားအကြောင်း ပြောကြစတမ်းဆို, သူသည် ဆင်းရဲနွမ်းပါးသူ များကို ပေးကမ်းနည်း၊ ကုသိုလ်ပြု လုပ်နည်း၊ အကျင့်သီလ စောင့်ထိမ်းနည်းစသည့် အကြောင်းအရာတွေကို ဆွေးနွေးနိုင် ပါသည်။
လူတစ်ယောက်၏ ပင်ကိုစိတ် သဘာဝကို သိရှိပြီးနောက်, သူ့ပင်ကိုယ်စိတ် သဘာဝနှင့်အညီ လုပ်ဆောင်ခြင်းက ကုသိုလ်ဟု ဘယ်တုန်းကမှ မပြောခဲ့ဖူးပါဘူး။
အကယ်၍ ဤကျမ်းစာကို အင်ပါယာနန်းတွင်းသို့ ယူဆောင်လာပါက၊ ၎င်းကို အယူဖောက်ပြန်ပြီး လိမ်ညာနေသော ဂိုဏ်းတစ်ခုအဖြစ် မှတ်ယူခံရမည်မှာ သေချာပါသည်။ လူထောင်ပေါင်းများစွာ၏ ပြင်းထန်စွာ ဝေဖန်ခြင်း၊ တားမြစ်ခြင်း နှင့် ကဲ့ရဲ့ခြင်းကို ခံရမည် ဖြစ်သည်။
"ညီအစ်ကိုဟုန်၊ မင်း စာဖတ်လို့မပြီးသေးဘူးလား။ စစ်သည်တွေ ကောင်းကောင်း အနားယူပြီးပြီ။ ငါတို့ မြွေတောင်ကြား ကို ဖြတ်ကြရအောင်။” ချီဇီယန်သည် ကိုယ်ခံပညာကျမ်း မဟုတ်သလို တာအိုပညာရပ်ကျမ်းလည်း မဟုတ်ဘဲ ပညာရှင်များနှင့် ပတ်သက်သည့် ကျမ်းဂန်တစ်ခု ဖြစ်ကြောင်း ကြားသိရသောအခါ, သူ့စိတ်ဝင်စားမှုက ပျောက်ဆုံးသွားခဲ့ သည်။ ဟုန်ယွိသည် ထိုကျမ်းစာကို စွဲစွဲမြဲမြဲ ဖတ်ရူနေသည်ကို မြင်လိုက်ရသဖြင့် သူသည် မတတ်တာဘဲ ကာဇယာကို လှုပ်ခါလိုက်သည်။
"ဟမ်…၊ ကာဇယာကို သိမ်းလိုက်ပါ။” ဟုန်ယွိသည် နိုးလာပြီးနောက် ကုသိုလ်ကျမ်း၏ ဇာတ်ကြောင်းကို ဘေးဖယ်ထား ပြီး သူ့စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပါသည်။ သူ့စစ်သည်တွေ ကောင်းကောင်း အနားယူပြီးသည်ကို မြင်တော့, သူက အမိန့်ပေးလိုက်သည် “ထွက်ခွာဖို့ ပြင်ဆင်ကြ…။”
ရွှပ်….၊ ရွှပ်…၊ ရွှပ်…။
ဓားများကို ဓားအိမ်ထဲသို့ ထည့်ပြီး၊ လေးနှင့် မြှားတွေကို ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်တွင် ချိတ်ဆွဲထားကာ၊ ရဲရင့်သော စစ်သည်များအားလုံးသည် မတ်တပ်ရပ်ပြီး သပ်ရပ်စွာ တန်းစီနေကြသည်။
အခုနက တိုက်ပွဲပြီးဆုံးပြီးနောက်, ထိုစစ်သည်အုပ်စုသည် တခဏချင်း ရင့်ကျက်လာပုံပင်။
"စစ်ပွဲတစ်ပွဲကို တိုက်ခိုက်ရာတွင် ပင်မအင်အားပေါ်မှာ မူတည်နေသေးသည်။ ကျန်စစ်သည်များသည် ထောက်ပံရေး အခန်းကဏ္ဍတွင်သာ ပါဝင်နိုင်ကြသည်။ သမိုင်းတွင်အောင် တည်ထောင်ခဲ့ကြသည့် ဧကရာဇ်များတွင် ၎င်းတို့ဘေးတွင် စစ်ဗိုလ်ချုပ် အနည်းငယ် အမြဲရှိနေသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။ သူတို့သည် ရှုံးနိမ့်၍ ထွက်ပြေးသွားသော်လည်း အချိန်မရွေး ပြန်လည် စုဖွဲ့နိုင်သည်။ ပင်မအစုအဖွဲ့ မပြန့်ကျဲသွားသရွေ့ စစ်သားသစ်စုဆောင်းရန် လွယ်ကူပါသည်။ စစ်သည်တစ်ထောင်ရရန် လွယ်ကူသော်လည်း စစ်ဗိုလ်ချုပ်ကောင်း တစ်ယောက်ကို ရှာရခက်သည်မှာ အံ့ဩစရာ မဟုတ်တော့ပေ…..။”
ပင်မတပ်ကို စောင့်ဆိုင်းရန် မြွေတောင်ကြားတွင် နေရစ်ခဲ့သော စစ်သည်များမှလွဲ၍ ဟုန်ယွိ၏ သန်မာသော စစ်သည် များ အားလုံး လျင်မြန်စွာ ချီတက်လာကြသည်။
အပြင်းအထန် ချီတက်မှုအတွင်း ဟုန်ယွိသည် အခုနက ကြုံတွေ့ခဲ့ရသည့် ပြင်းထန်သော တိုက်ပွဲကို ပြန်ပြောင်း သတိရပြီး "စစ်သည်တစ်ထောင်ရရန် လွယ်ကူသော်လည်း စစ်ဗိုလ်ချုပ်တစ်ဦး ရှာရခက်သည်" ဟူသော စကားကို နားလည်လာခဲ့သည်။
မကြာသေးခင်က မျက်ခုံးစိမ်း ပင်လယ်ဓားပြများနှင့် တိုက်ပွဲတွင် ဟုန်ယွိသည် ချီဇီယန် ရှန်ထိုက်ဇူ မုကလေးနှင့် တိမ်ဖြူ အကြီးအကဲ ငါးဦးတို့နှင့်အတူ ဦးဆောင်တိုက်ခိုက်ခဲ့သည်။ ကျန်စစ်သားများသည် "ထိုးဖောက်ခြင်းနည်းဗျူဟာ" ကို အသုံးပြု၍ သူတို့နောက်မှ လိုက်ပါကာ တွန်းလှန်နိုင်ခဲ့ကြသည်။ စစ်သည်သုံးရာကျော်သည် တဖက်မှ စစ်သည် ငါးရာမှ ခြောက်ရာအထိကို တွန်းလှန်တိုက်ခိုက်ခဲ့သော်လည်း အသေအပျောက် နည်းခဲ့သည်။ သို့သော်လည်း သူတို့ကို မျက်ခုံးစိမ်း ပင်လယ်ဓားပြတွေက ပိတ်ဆို့ခဲ့ပြီး၊ သူတို့အရှိန်အဟုန်ကို အဟန့်အတား ဖြစ်စေကာ၊ ယင်းကြောင့် သူ၏ လက်အောက်ငယ်သားများ ချက်ချင်း အသေအပျောက် ပြင်းထန်စွာ ခံစားခဲ့ရသည်။
ဤသို့ဖြင့် ဟုန်ယွိသည် စစ်တပ်တစ်ခုအတွင်းမှာ အမာခံ ရှေ့ပြေးတပ်၏ အခန်းကဏ္ဍကို နားလည်စေခဲ့သည်။
အကယ်၍, စစ်တပ်တစ်ခုတွင် ပြိုင်ဘက်ကင်း ရှေ့ပြေးတပ်တစ်ခု ရှိနေပါက, ၎င်းတို့သည် ပြိုင်ဘက်ကင်း ဖြစ်နိုင်ပြီး၊ တိုက်ပွဲတိုင်းကို အနိုင်ယူနိုင် မည်ဖြစ်သည်။ ပြိုင်ဘက်ကင်း ရှေ့ပြေးတပ်မရှိပါက, သူတို့မှာ စစ်သည် မည်မျှပင် ရှိနေပါ စေ, သူတို့ ရှုံးနိမ့်ရလိမ့်မည်။
သမိုင်းစာအုပ်များတွင် စစ်သည်တစ်သိန်းကို စစ်သည်ခုနစ်ထောင်ဖြင့် အနိုင်ယူခဲ့သည့် ဥပမာတစ်ခု ရှိသည်။ ဟုန်ယွိ သည် အကြောင်းရင်းကို နားမလည်နိုင်ဘဲ သမိုင်းစာအုပ်များသည် ကြွားလုံးထုတ်နေသည်ဟု တွေးခဲ့ဖူးသည်။ အခုတော့ သူ နားလည်သွားခဲ့ပြီ။
"အနာဂတ်မှာ, ငါ့ကွပ်ကဲမှုအောက်မှာရှိတဲ့ တပ်ဖွဲ့ဝင်အားလုံးကို ငွေကြေးအထောက်အပံ့နဲ့ အားဖြည့်ပြီး၊ လက်ရွေးစင် ကျွမ်းကျင်သူတွေနဲ့ အဓိကဖွဲ့စည်းရမယ်။ ငါ့မှာ အဓိကအင်အားစုနဲ့ ခိုင်မာတဲ့ ဘဏ္ဍာရေးအရင်းအမြစ်တွေ ရှိနေသရွေ့၊ ငါ တိုက်ပွဲဝင် ခြင်္သေ့တစ်ရာကို အချိန်မရွေး စုဆောင်းနိုင်မယ်" ဟုန်ယွိက ပြောသည်။
ထိုအခိုက်တန့်တွင်, သူ့မျက်လုံးတွေက တောက်ပလာသည်။
တပ်ဖွဲ့များသည် နောက်ဆုံးတွင် မြွေတောင်ကြားကို ဖြတ်ကျော်သွားခဲ့သည်။
ဟုန်ယွိသည် ယခင်က မြေပုံကိုကြည့်ပြီး၊ မြွေတောင်ကြား၏နောက်တွင် လွင်ပြင်တစ်ခုရှိကြောင်း သိထားခဲ့သော်လည်း ထိုလွင်ပြင်အလယ်တွင် ဧရာမဝေလငါးမြို့ဟုခေါ်သော တောင်ပေါ်မြို့တစ်မြို့ ရှိနေပါသည်။ ထိုမြို့သည် ပင်လယ် ဓားပြတွေ၏ အခြေစိုက်ရာ မြို့တမြို့ဖြစ်သော်လည်း အခု သူကိုယ်တိုင် မျက်စိဖြင့်မြင်လိုက်ရတော့ မည်မျှ ကြီးကျယ် ခမ်းနားသည်ကို သိရှိသွားခဲ့ပြီ။
သူ့ရှေ့မှာ လွင်ပြင်ကြီးတစ်ခု ပေါ်လာပါသည်။
လွင်ပြင်ကြီးသည် စံအိမ်ကြီးတစ်ခုကဲ့သို့ ကျယ်ဝန်းပြီး၊ လွင်ပြင်ကြီးကို ကျယ်ဝန်းသော မြေကွက်များအဖြစ် ပိုင်းခြားထား သည်။ လွင်ပြင်ကြီးဘေးတွင် အိမ်များ၊ တူးမြောင်းများ၊ ရေဘီးများ၊ ဆန်စက်များ၊ နွားများ၊ မြင်းများ၊ စသည်ဖြင့် အစုံ ရှိနေပါသည်။
လွင်ပြင်ပေါ်တွင် ရွှေရောင်စပါးနှင့် သီးနှံမျိုးစုံက ထွန်းလင်းတောက်ပနေသည်။
လမ်းများသည် တော်ဝင်ချန်၏ တရားဝင်လမ်းများကဲ့သို့ လယ်ကွင်းများကို ဖြတ်ကျော်၍ ဖောက်လုပ်ထားပါသည်။
လွင်ပြင်ကြီးအလယ်မှာ မြို့တစ်မြို့ တည်ရှိနေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ဧရိယာ ထောင်ဂဏန်းလောက် ကျယ်ဝန်းပါသည်။ မြို့တော်သည် ကြီးကြီးမားမားကြီး မဟုတ်သော်လည်း ခရိုင်မြို့တော်ကြီး တစ်ခုလိုပင်။ မြို့တော် အတွင်းမှာ မြင့်မားသော အစောက်ဦးများရှိနေပြီး၊ မြို့ရိုးထိပ်တွင် အစောင့်အကြပ်တပ်သားများ စောင့်ကြပ်နေကြကာ၊ အလံများက လေထဲတွင် ဝိုးတဝါး တဖျပ်ဖျပ်လှုပ်ခတ်နေသည်။
"ဒါက ပင်လယ်ဓားပြတွေလား။ နိုင်ငံတစ်ခု မဟုတ်ဘူးလား။”
ဟုန်ယွိက မယုံနိုင်လောက်အောင် ခံစားရ၏။ သူ၏ အထင်အမြင်တွင် ပင်လယ်ဓားပြများသည် သင်္ဘောများ၊ ပျက်ဆီးနေ သော တောင်တန်းခံတပ်များနှင့် ဂူများမှာသာ နေထိုင်ကြမည်။ အင်အားအကြီးဆုံး ပင်လယ်ဓားပြများပင်လျှင် သစ်လုံးကြီးများဖြင့် တည်ဆောက်ထားသော ရေခံတပ်များထက် မပိုနိုင်ပေ။
သူ့ရှေ့မှ ပင်လယ်ဓားပြများသည် ဧရာမဝေလငါးကျွန်း၏ အလယ်ပိုင်းလွင်ပြင်မှာ မြို့တစ်မြို့ တည်ဆောက်ထားသည် ကို မည်သူသိမည်နည်း။ သူတို့သည် မွေးမြူရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းနများကိုပင် စတင်ခဲ့ကြသည်။ ဘုရင်တစ်ပါး ရာထူးနှင့်အတူ ၎င်းသည် ပင်လယ်ပြင်တွင် လုံးဝ လွတ်လပ်သည့် နိုင်ငံတစ်ခု ဖြစ်လာခဲ့သည်။
"ဧရာမဝေလငါးကျွန်းမှာ နေရင်းဒေသခံတွေ ရှိခဲ့ဖူးပေမယ့် သူတို့ကို ကျွန်းသခင်သုံးယောက်က စုစည်းပြီး ကျွန်စနစ် ကျင့်သုံးခဲ့တယ်။ ယွန်မင်အင်ပါယာရဲ့ ပံ့ပိုးကူညီမှုနဲ့အတူ သူတို့ဟာ အတော်လေးကို ကောင်းမွန်စွာ တည်ဆောက်နိုင်ခဲ့ ကြတယ်။ နောက်နှစ်အနည်းငယ်အတွင်းမှာ သူတို့ဟာ ကိုယ်ပိုင်နိုင်ငံတစ်ခု ထူထောင်နိုင်တော့မှာ။ ပစိဖိတ်ရေတပ်က ဒီလောက် ကြီးမားတဲ့ လှုပ်ရှားမှုကြီး ပြုလုပ်လာတာ အံ့ဩစရာ မရှိတော့ပါဘူး။ ဒီနေရာကို သိမ်းပိုက်ပြီးနောက်၊ ဒီနေရာကို မြေယာမဲ့ သာမန်လူတွေကို အပြီးအပိုင် လွှဲပြောင်းနိုင်ပြီး၊ ဒီနေရာကို တော်ဝင်ချန်၏ နိုင်ငံရပ်ခြား ပြည်နယ် တစ်ခုအဖြစ် ပြောင်းလဲနိုင်တယ်…။”
ဟုန်ယွိက တီးတိုးရေရွတ်သည်။
"ကြည့်စမ်း၊ တစ်ယောက်ယောက်က ထိုးဖောက်နေပြီ။ မီးရှူးမီးပန်းတွေ, မီးခိုးတွေ လှိမ့်တက်နေပြီး မြို့ကို စတင် တိုက်ခိုက်နေပြီ။ အဲဒါ ဝေလဲ့ရဲ့ ရှေ့ပြေးတပ်ပဲ။” ချီဇီယန်သည် အဝေးက မြို့ကို နောက်တစ်ကြိမ် ညွှန်ပြရင်း တစ်ဖက်ရှိ တောအုပ်ထဲမှာ လူတစ်ထောင်နီးပါး အင်အားဖြည့်တင်းထားသော တပ်ကြီးတစ်တပ်သည် လွင်ပြင်၏ တရားဝင် လမ်းမ ပေါ်သို့ အပြေးအလွှား ချီတက်နေသည်ကို တွေ့လိုက်ရသည်။ သူတို့သည် မြို့ထဲသို့ လျင်မြန်စွာ ချဉ်းကပ်နေကြပြီး ထိုးစစ်ဆင် တိုက်ခိုက်နေကြသည်။
ဟုန်ယွိ၏ အမြင်အာရုံလည်း ကောင်းမွန်ပြီး၊ ဝေလဲ့ ဦးဆောင်သော ရှေ့ပြေးတပ် ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
"ငါတို့ သူတို့ကို မြို့ထဲ အရင်ထိုးဖောက်ခွင့် ပြုလို့မရဘူး။ သူတို့ကို လမ်းခုလတ်မှာ သတ်ပစ်ရမယ်။ ဒီဧရာမဝေလငါး ကျွန်းမှာ မရေမတွက်နိုင်တဲ့ ရတနာတွေ ရှိတယ်။ ငါတို့ လမ်းခုလတ်မှာတင် သတ်ပစ်ရအောင်။" ရွှေပင့်ကူက အော်ပြော သည်။
"နင်က ရွှေပင့်ကူတစ်ကောင်လေ။ နင်က ရတနာတွေကို ဘာလုပ်ဖို့ လိုချင်တာလဲ။" မုကလေးသည် အခြားသူများထက် ပို၍ စိတ်လှုပ်ရှားနေသော ရွှေပင့်ကူကို ကြည့်ကာ စပ်စုမေးမြန်းသည်။
"ဟမ့်…၊ သေချာပေါက်, ငါ ရတနာတွေကို သဘောကျတာပေါ့။" ရွှေပင့်ကူက ဟုန်ယွိကို ကြည့်ပြီး၊ ခုန်ပေါက်သည်။ "ငါတို့ သူတို့ကို လမ်းခုလတ်မှာ သတ်ပစ်ရမယ်။ လမ်းခုလတ်မှာ သတ်ပစ်ရမယ်”။
“ထုံးစံအတိုင်း, ဝေလဲ့ကို အရင်ဆုံး ဂုဏ်ဆောင်ခွင့် မပေးနိုင်ဘူး။ အားလုံး ဆင်းကြရအောင်။” ဟုန်ယွိ၏ မျက်လုံးများက ဖျတ်ခနဲ လင်းလက်သွားခဲ့ပြီး၊ သူ့လက်ထဲမှ ဓားကို ကိုင်ကာ၊ သူ့လူများကို ဦးဆောင်ပြီး၊ မြွေတောင်ကြားထဲမှ ဧရာမ ဝေလငါးကျွန်း၏ လွင်ပြင်ရှိ တရားဝင်လမ်းမဆီသို့ ချီတက်ကြသည်။
ဤဧရာမဝေလငါးကျွန်း၏ လွင်ပြင်သည် အဝန်း စတုရန်းကီလိုမီတာ ရာနှင့်ချီရှိပြီး၊ ဘက်ပေါင်းစုံမှ တောင်တန်းများဖြင့် ဝန်းရံထားကာ၊ သဘာဝအတားအဆီးတစ်ခုအဖြစ် ဖန်တီးထားသည်။ လွင်ပြင်၏မြေပြင်သည် မြေဩဇာကောင်းပြီး ရေလည်း ပေါများသည်။ လက်တွေ့အားဖြင့် ၎င်းသည် ကျွန်းပေါ်တွင် ကြီးမားသော စပါးကျီကြီးတစ်ခု ဖြစ်သည်။ ဤနေရာ၌ မြို့တည်၍၊ ကျွန်းပေါ်တွင် လယ်ယာစိုက်ပျိုးခြင်းသည် လက်တွေ့အားဖြင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားသော အခြေခံ အုတ်မြစ်ဖြစ်သည်။
ဟုန်ယွိသည် လွင်ပြင်ကြီးရှိ တရားဝင်လမ်းမပေါ်သို့ လျှောက်လှမ်းသွားရင်း၊ လမ်းဘေးနှစ်ဖက်စလုံးရှိ မရိတ်သိမ်းရသေး သော လယ်ကွင်းများကို ကြည့်ကာ သဘာဝတရား၏ အံ့ဖွယ်များကို တိတ်တဆိတ် အံ့ဩနေမိသည်။
ဧရာမဝေလငါးကျွန်းတွင် စပါးသီးနှံများကို တစ်နှစ်လျှင် လေးကြိမ် ရိတ်သိမ်းရသည်။
"သခင်လေး…! မြို့ရိုးတွေမှာ ခံစစ်အင်အား သိပ်မရှိဘူး။ ကျွန်တို့က ဒီမြို့ကို ဖြတ်ကျော်ပြီး၊ မြို့လယ်က စံအိမ်ကြီးတွေ ဆီ တိုက်ရိုက် ရောက်အောင်သွားပြီး အရင် လုယူလို့ရတယ်။”
ထိုအချိန်တွင် ဝေလဲ့၏ လူရာဂဏန်းအဖွဲ့သည် ဧရာမဝေလငါးကျွန်း၏ အခြေသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဝေလဲ့သည် မြို့ရိုးပေါ်ရှိ အလံများနှင့် ရန်သူကြီးနှင့် ရင်ဆိုင်နေရပုံပေါ်သော အစောင့်အနည်းငယ်ကို ကြည့်လိုက်ပါသည်။ သူက အေးစက်စွာ ရယ်မောသည်။ "ဒါက သဘာဝပဲ။ ဒီဧရာမဝေလငါးကျွန်းမှာ လူဘယ်နှစ်ယောက် ရှိမှာလဲ။ သူတို့အနေနဲ့ ခုခံကာကွယ်ဖို့ မဖြစ်နိုင်ဘူးဆိုတာ သိတယ်။ ဒါကြောင့် ပတ်ဝန်းကျင် တောအုပ်ထဲမှာ ပိတ်ဆို့ပြီး၊ ပြောက်ကျားစစ် တိုက်ခိုက်ဖို့ ထွက်သွားကြပြီ။ ငါက ပိတ်ဆို့မူတွေကို အရင် ဖြတ်ကျော်နိုင်ခဲ့တယ်။ ဒါကြောင့် သဘာဝ အတိုင်း ငါက မြို့ထဲ အရင်ဖြတ်ကျော်ဝင်ရောက်ပြီး လုယူရမယ်။ ယုလေး…၊ မြို့တံခါးကို ချိုးဖျက်လိုက်ပါ။”
"ဟုတ်ကဲ့ပါ…. သခင်လေး….။”
ဝေလဲ့၏အနားတွင် နောက်ကျောမှာ ဧရာမဓားကြီးတစ်ချောင်း လွယ်ထားသော အမျိုးသမီးတစ်ဦး ကမန်းကတန်း ခေါင်းညိတ်လိုက်သည်။ ရုတ်တရက် သူမသည် လေးတစ်စင်းကို ထုတ်ပြီး လေးပေါ်တွင် မြှားတစ်စင်း တပ်လိုက်သည်။ ထိုမြှားကို သစ်သားဖြင့် ပြုလုပ်ထားပြီး မြှား၏ကိုယ်ထည်သည် ယမ်းမှုန့်အနံ့ပြင်းပြင်း ထွက်ပေါ်နေကာ၊ မှောင်မိုက်သော မှော်သင်္ကေတများဖြင့် ဖုံးအုပ်ထားသည်။
ထိုအမျိုးသမီးသည် မြှားကို ပစ်လွှတ်ပြီးနောက်, မြှားက မြို့တံခါးကို ထိမှန်၏။
ဘုန်း…။
သစ်သားမြှားသည် ပေါက်ကွဲပြီး မြို့တံခါးတစ်ခုလုံး တုန်ခါသွားသည်။ မြို့ရိုးပေါ်ရှိ အနက်ရောင်ဝတ် စစ်သည်များသည် အလွန်မင်း ထိတ်လန့်တုန်လှုပ်ပြီး ခေါင်းအုပ်ကာ ထွက်ပြေးသွားကြသည်။
ရွှီး….၊ ရွှီး….၊ ရွီး…..။
ထိုအမျိုးသမီးက နောက်ထပ် မြှားသုံးချောင်းကို ဆက်တိုက် ပစ်သည်။
ဘုန်း….၊ ဘုန်း….၊ ဘုန်း….။ ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာပြီး၊ မြို့တံခါးသည် ပြိုကျလုနီးပါး တုန်ခါနေပြီ။ ဝေလဲ့၏ လက်အောက်ခံ အဖိုးအို လီလဲ့သည် ရှေ့သို့ခုန်တက်ကာ ပြိုကျနေသော မြို့တံခါးကို လက်သီးဖြင့် ထိုးသည်။ ဘန်း…။ မြို့တံခါးက လုံးလုံး ပွင့်ထွက်သွားခဲ့သည်။
"သခင်လေး…၊ နောက်ထပ် စစ်သားတစ်စု ရောက်လာတော့မယ်။ အဲ့ဒါ ဟုန်ယွိတို့ပဲ။
ထိုအချိန်တွင် ဝေလဲ့အနားမှ လူများက ဟုန်ယွိနှင့် အခြားလူများ တရားဝင်လမ်းမပေါ်တွင် ချီတက်နေသည်ကို တွေ့လိုက်ရသည်။
"လီလဲ့, မင်းနဲ့အတူ မဟူရာအစောင့် အယောက်သုံးဆယ်ကို ခေါ်ပြီး သူတို့ကို ကြားဖြတ် တိုက်ခိုက်လိုက်ပါ။ အားလုံးကို သတ်ပစ်ပြီး တစ်ကောင်မှ အသက်မရှင်စေနဲ့။ ငါ မြို့ထဲကို အရင်ဝင်မယ်။” ဝေလဲ့က အေးစက်စွာ ပြောလိုက်သည်။
အခန်း (၁၃၄)။
"ဟုတ်ကဲ့ပါ…"
ဝေလဲ့၏ အမိန့်အောက်တွင် ဒေါသထန်ပြင်း မဟာအုပ်ထိန်းသူအဖြစ် အနှစ်သုံးဆယ်ကျော် ကျော်ကြားခဲ့သော ကျွမ်းကျင်ပညာရှင် လီလဲ့သည် ရုတ်တရတ် နောက်ဆုတ်သွားကာ လက်ညှိုးထိုးကာ ပြောသည် "မင်း၊ မင်း၊ မင်း၊ မင်းတို့ သုံးယောက်၊ တစ်ယောက်ကို လူဆယ်ယောက်ခေါ်ပြီး ငါ့နောက်လိုက်ခဲ့ကြ…"
"ဟုတ်ကဲ့ပါ…"
လီလဲ့ ညွှန်ပြသော လူသုံးယောက်က အော်ပြောပြီး တစ်ချိန်တည်း လှည့်ထွက်သွားကြသည်။ သူတို့သည် သူတို့ ခန္ဓာကိုယ်အတွင်းမှ ခွန်အားများကို အားစိုက်ထုတ်ပြီး တရားဝင်လမ်းမပေါ်ရှိ ဟုန်ယွိတို့ အဖွဲ့ဆီသို့ ရုတ်တရက် ပြေးသွားကြသည်။
ဝေလဲ့သည် ဟုန်ယွိကို အဝေးမှ လှမ်းကြည့်ရင်း အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူ့လက်ကို ဆန့်ထုတ်သည်နှင့်, သူ့ ဘေးနားက ကျွမ်းကျင်သူတစ်ယောက်က ငါးမန်းအရေခွံဓားအိမ်ပါ ဆေဘာကို ပေးလိုက်သည်။ ဆေဘာသည် ခြောက်ပေရှည်သည်။ ၎င်းသည် အနည်းငယ် အရပ်ပုသည့် အရွယ်ရောက်ပြီးသူ တစ်ဦး၏ အရပ်အမြင့်နီးပါး ဖြစ်သည်။
ဝေလဲ့သည် သူ့ဆေဘာကို ဓားအိမ်ထဲမှ ချွတ်လိုက်သောအခါ, ၎င်းသည် နေရောင်အောက်တွင် ချက်ချင်း ရောင်ပြန် ဟပ်လာသည်။ ဆေဘာသည် အသက်ရှင်နေသကဲ့သို့ ကောင်းကင်လှေကားပုံစံများ စီးဆင်းနေသည်ကို ယောင်ဝါးဝါး မြင်နိုင်ပါသည်။
တစ်ချိန်တည်းမှာပင် ဆေဘာပေါ်၌ သာမန်စာလုံး နှစ်လုံး ပေါ်လာသည်။ သူတို့သည် ယွန်မင်အင်ပါယာ၏ စာလုံးများ ဖြစ်သည်။ စာလုံးတွေက တွန့်လိမ် ကောက်ကွေးနေသော်လည်း၊ ၎င်းတို့ထံမှ အလွန်ရက်စက်ကြမ်းကြုတ်သည့် သတ်ဖြတ်လိုသည့် အငွေ့အသက်များ ထွက်ပေါ်နေသည်။
ဆေဘာပေါ်ရှိ ရင်သပ်ရူမောဖွယ် အကွေ့အကောင် စာလုံးများ၊ သွေးစီးကြောင်းများနှင့် ကောင်းကင်လှေကားပုံစံများကို ကြည့်ရုံမျှဖြင့်၊ ဤဆေဘာသည် မရေမတွက်နိုင်သော လူများကို သတ်ဖြတ်ခဲ့သည့် သတ်ဖြတ်ခြင်း ဆေဘာတစ်လက် ဖြစ်ကြောင်း သာမန်လူတစ်ဦးပင် သိနိုင်ပေလိမ့်မည်။
ဆေဘာပေါ်က ယွန်မင်၏စာလုံးများသည် တော်ဝင်ချန်ဘာသာဖြင့် ပြန်ဆိုပါက "ဖြိုခွဲခြင်း"ဟု အဓိပ္ပါယ်ရပါသည်။
အကယ်၍ လူတစ်ယောက်သည် ဤဆေဘာကို သိရှိပါက, ဤဖျက်ဆီးခြင်းဆေဘာသည် လွန်ခဲ့သော နှစ်ပေါင်းတစ်ရာ ကျော်က ယွန်မင်၏ နာမည်ကျော် “ဆေဘာသူတော်စင်” ဂွန်ယန်ယု၏ လက်နက်ဖြစ်သည်ကို သိကြပါလိမ့်မည်။
ဆေဘာသူတော်စင် ဂွန်ယန်ယု သေဆုံးပြီးနောက် ဤဖြိုခွဲခြင်း ဆေဘာသည် ပျောက်ဆုံးသွားခဲ့သည်။ ထိုဆေဘာသည် ဝေလဲ့၏လက်ထဲသို့ ကျရောက်နေမည်ဟု မမျှော်လင့်ခဲ့ပေ။
"ငါ့နောက်ကနေ မြို့ထဲလိုက်ခဲ့"
ဝေလဲ့သည် ဖြိုခွဲခြင်းဆေဘာကို ဆွဲထုတ်ပြီးနောက် သူ့လက်ထဲတွင် အလျားလိုက် ကိုင်ထားသည်။ သူသည် အဝေးက လာနေသည့် ဟုန်ယွိကို ကြည့်တောင် မကြည့်ပါဘူး။ ဤလူအုပ်စုသည် လူသေအုပ်စုဖြစ်ပြီး၊ စကားထဲ ထည့်ပြောရန် မထိုက်တန်သည့် အတိုင်းပင်။
ပေါ့ပါးသော ခြေလှမ်းများဖြင့် ဝေလဲ့သည် ပျက်စီးနေသော မြို့တံခါးဆီသို့ လျှောက်သွားခဲ့သည်။ တံခါးနောက်ကွယ်မှ လှံနှစ်ချောင်းသည် သူ့ဆီသို့ တပြိုင်တည်း ထိုးစိုက်လာသည်။ သူ့ဆေဘာက လင်းလက်သွားပြီး၊ လှံနှစ်ချောင်းကို အလယ်မှ ဖြတ်တောက်လိုက်သည်။
သူ့ကို တိုက်ခိုက်သည့် လူတွေက သံချပ်ကာဝတ် ကျွမ်းကျင်သူ နှစ်ယောက် ဖြစ်သည်။ သူတို့သည် မြို့တံခါးနောက်မှာ ပုန်းအောင်းနေကြပြီး၊ ခိုးဝင်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ထင်ရှားပါသည်။
ဝေလဲ့သည် လှံကို ခုတ်ပိုင်းပြီးနောက် အေးအေးဆေးဆေး လျှောက်သွားသည်။ သူ့ကို ခိုးဝင်တိုက်ခိုက်သူ နှစ်ဦးသည် ကြောင်တက်တက် အမူအရာဖြင့် ထိုနေရာတွင် ရပ်နေခဲ့သည်။ အသက်ရူချိန် သုံးရှိုက်စာ ကြာပြီးနောက်၊ သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ ချပ်ဝတ်တန်ဆာသည် ရုတ်တရက် ပွင့်ထွက်သွားပြီး ၎င်းတို့၏ ခန္ဓာကိုယ်သည် နှစ်ခြမ်းကွဲသွားသည်။
ဝေလဲ့၏ ခုတ်ချက်သည် ၎င်းတို့၏ လှံများကို ဖြတ်တောက်ပစ်ရုံသာမက ၎င်းတို့၏ ချပ်ဝတ်တန်ဆာများကိုပါ ဖြတ်တောက်ကာ ခန္ဓာကိုယ်များကိုပါ ဖြတ်တောက်သွားခဲ့သည်။
ထိုကဲ့သို့ပင် ဝေလဲ့သည် ဧရာမဝေလငါးမြို့တော်၏ လမ်းများတစ်လျှောက်တွင် ဖြိုခွဲခြင်းဆေဘာကို ကိုင်ဆွဲရင်း လျှောက်လှမ်းခဲ့သည်။ မကြာခဏဆိုသလို၊ မြှားများ၊ လှံများနှင့် ကျွမ်းကျင်ပညာရှင်များသည် လမ်းဘေးနှစ်ဖက်ရှိ အိမ်များမှ ထွက်ပေါ်လာတတ်သည်။ သို့သော်လည်း ဝေလဲ့က ၎င်းတို့အားလုံးကို အလွယ်တကူ ရှောင်တိမ်းသွားခဲ့သည်။ ထို့နောက် သူ့ဆေဘာကို ခုတ်ပိုင်းလိုက်တိုင်း, တဖက်ကျွမ်းကျင်သူများ၏ လည်ချောင်းတွေ သို့မဟုတ် ခန္ဓာကိုယ်တွေက တစ်ဝက်လောက်မှ ပြတ်တောက်သွားကြပါသည်။ သူ့ခုတ်ပိုင်းချက် တစ်ချက်ကိုပင် ခုခံနိုင်သည့် ပြိုင်ဘက်မျိုး တစ်ဦးတစ်ယောက်မှ မတွေ့ခဲ့ရပေ။
ဝေလဲ့၏ ကိုယ်ရံတော်များနှင့် ကျွမ်းကျင်ပညာရှင်များကလည်း သူ့ကို အနီးကပ် စောင့်ကြပ်နေကြပါသည်။ သူတို့သည် သူတို့ခွန်အားတွေကို စုဆောင်းထားပြီး၊ အဆိပ်ပြင်းစပါးအုံးမြွေတစ်ကောင်ကဲ့သို့ မြို့လယ်ခေါင်က ခမ်းနားထည်ဝါသည့် စံအိမ်ကြီးဆီသို့ ဦးတည်ပြီး ချီတက်နေကြသည်။
မြို့လယ်ခေါင်ရှိ နေအိမ်ကြီးသည် ပတ်ပတ်လည်တွင် မြင့်မားသောနံရံများ၊ ကျောက်ခြင်္သေ့များနှင့် ကြေးနီလက်သည်း ကွင်းပါ တံခါးမကြီးတစ်ခု ရှိသည်။ ၎င်းတံခါးမကြီးပေါ်တွင် အဝါရောင်တောက်တောက် စာလုံးများဖြင့် ဆိုင်းဘုတ်ကြီး တစ်ခု ရှိသည်။ “ဧရာမဝေလငါးကျွန်းမြို့တော်ရဲ့ နန်းတော်ကြီး”။
ဤသည်မှာ သာမာန်ပင်လယ်ဓားပြအုပ်စုတစ်ခု မဟုတ်တော့, နိုင်ငံတစ်ခု ထူထောင်ခြင်းဖြစ်ကြောင်း ထင်ရှားပါသည်။
ဝေလဲ့၏ ကြမ်းတမ်းခက်ထန်သော စစ်သားများသည် မြို့၏ခံစစ်ကို ဖြတ်ကျော်ကာ၊ ဧရာမဝေလငါးမြို့တော်၏ 'အင်ပါယာနန်းတော်' ဆီသို့ လျှောက်လှမ်းရင်း၊ လမ်းတလျှောက်လုံး တိုက်ခိုက်နေကြစဉ်မှာ….. မြို့ပြင်ဘက် လွင်ပြင် ၏ တရားဝင်လမ်းမပေါ်တွင် ဒေါသထန်ပြင်း မဟာအုပ်ထိန်းသူ လီလဲ့နှင့် သူ၏ သေမင်းတမန်အစောင့် သုံးကျိပ်တို့သည် ဟုန်ယွိတို့အဖွဲ့နှင့် ထိပ်တိုက် ရင်ဆိုင်နေခဲ့ကြပြီ။
"မင်းတို့ ဘယ်လောက် အတင့်ရဲလိုက်လဲ။ မင်းတို့က လုံးဝ အရှက်မဲ့တဲ့လူတွေပဲ။ ဖြောင့်ဖြူးနေတဲ့ လမ်းမကြီးပေါ်မှာ တောင် မင်းတို့က ငါ့တို့ကို ဘယ်လိုလုပ် ဝိုင်းထားရဲတာလဲ။ တပ်ထဲမှာ ကမ္မကုသိုလ်ရယူနိုင်ဖို့ အချင်းချင်း လက်ငှားတဲ့ နည်းလမ်းတွေကို အသုံးပြုပြီး၊ တိုက်ခိုက်ကြတဲ့လူတွေ အများအပြားရှိပေမယ့် ဝေလဲ့ကတော့ လက်ငှားတဲ့ နည်းလမ်းကို တောင် အသုံးမပြုဘဲ လူတွေကို ပြောင်ပြောင်တင်းတင်း သတ်ဖြတ်နေတယ်…။”
ဟုန်ယွိသည် ပြေးလွှားနေစဉ်မှာ, ဝေလဲ့၏တပ်များ ခွဲထွက်ကာ သူတို့ဆီ ဦးတည်လာနေသည်ကို မြင်လိုက်ရပါသည်။ သူတို့ မည်သည့်အရာကို လုပ်ဆောင်လိုမှန်း သူ မည်သို့ မသိနိုင်နေမည်နည်း။
အခြားတဖက်လူက သတ်ဖြတ်ရန် ကြံရွယ်ထားသည်။ သူတို့သည် သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် သိုးအုပ်ထဲသို့ တဟုန်ထိုး ပြေးဝင်လာသည့် ကျားများကဲ့သို့ပင်။ ဤအခိုက်တန့်မှာ ဟုန်ယွိသည် အကယ်၍, လူတုံးလူအ ဖြစ်နေရင် တောင်, ထိုလူများသည် အဘယ့်ကြောင့် သူတို့ဆီ လာနေမှန်း သူ သိပါသည်။
ဤလူသုံးဆယ်သည် အနက်ရောင်မြွေအရေခွံဖြင့် ပြုလုပ်ထားသည့် ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားပြီး ခေါင်းပေါ် တွင် သံခမောက်များ ဆောင်းထားကြသည်။ ဆွဲထုတ်ထားသည့် သူတို့၏ ဆေဘာရှည်တွေက တောက်ပစွာ လင်းလက်နေ၏။ ထိုလူများသည် အလွန်မင်း လျင်မြန်ပြီး ပြေးနေသော မြင်းများနှင့်ပင် ယှဉ်နိုင်ပါသည်။ သူတို့သည် လေးလံသော မြင်းတပ်တစ်ခုကဲ့သို့ တဟုန်ထိုး ပြေးတက်လာကြပြီး၊ မြေကြီးက တုန်ခါနေသည်။
"ဒီလူတွေအားလုံးဟာ ထိပ်တန်း သိုင်းသခင်တွေပဲ။ ဒီလူတွေဟာ သွေးအေးလင်းယုန် ဆယ့်သုံးဖော် အဆင့်မှာ ရှိတယ်။ သူတို့ရဲ့ ခေါင်းဆောင်ဖြစ်သူ ဒေါသထန်ပြင်း မဟာအုပ်ထိန်းသူလီလဲ့ကတော့ ပိုပြီးတော့ လျှို့ဝှက်ဆန်းကြယ်တယ်။ သူက မျက်ခုံးစိမ်းထက်တောင် ပိုကြောက်စရာကောင်းတယ်။” ဟုန်ယွိသည် ထိုလူအုပ်စု၏ အရှိန်အဟုန်ကို မြင်လိုက်ရ တော့ တုန်လှုပ်သွားပါသည်။
သွေးအေးလင်းယုန် ဆယ့်သုံးဖော် အဆင့်ရှိ ထိပ်တန်းသိုင်းသခင် ၃၀ နှင့် အနှစ် ၃၀ ကျော်ကြာ ကျော်ကြားခဲ့သော ဒေါသထန်ပြင်း မဟာအုပ်ထိန်းသူတစ်ဦးက တဟုန်ထိုး ပြေးလာနေကြသည်။ ဟုန်ယွိ၏ လက်ရှိ လူနှစ်ရာကျော် တပ်အင်အားဖြင့်ဆိုပါက, တခဏချင်း ပြိုကွဲသွားပေလိမ့်မည်။ ထို့နောက် ၎င်းတို့အားလုံး ပေါင်းပင်ခြောက်များကဲ့သို့ သတ်ဖြတ်ခံရလိမ့်မည်။
"ဟင်း…၊ တကယ်လို့, ငါသာ ဘာတာအိုနည်းစနစ်ကိုမှ မသိထားဘူးဆိုရင်, သူ့ခွန်အားနဲ့ ငါ့ကို သဘာဝအတိုင်း သတ်ပစ်နိုင်လိမ့်မယ်။ ငါက တာအိုနည်းစနစ်တွေကို သိထားပြီး၊ ယင်ယန်မက်မွန် နတ်ဘုရားဓားလို ပျံသန်းနိုင်တဲ့ ဓားတစ်လက်ကို ပိုင်ဆိုင်ထားတာ သနားစရာပဲ။ ငါ အခုလေးတင် သင်ခန်းစာတစ်ခုကို သင်ယူပြီးပြီ။ အားလုံးကို ရှေ့တက် ရင်ဆိုင်ဖို့ ဘယ်လိုလုပ် ခွင့်ပြုနိုင်မှာလဲ။”
ဟုန်ယွိသည် မျက်ခုံးစိမ်းကို ရင်ဆိုင်ခဲ့စဉ်က အတွေ့အကြုံကို ရရှိခဲ့ပြီး၊ ကျွမ်းကျင်ပညာရှင်များ၏ ကြောက်စရာ ကောင်းပုံကို သိရှိထားသည်။ ထိုနတ်ဆိုးအုပ်စုကို ရင်ဆိုင်ဖို့ သူ မည်သို့ ခွင့်ပြုနိုင်မည်နည်း။ သူတို့နှင့် ခြေလှမ်း ခုနစ်ဆယ် ရှစ်ဆယ်လောက်သာ ကွာဝေးတော့သည့်အချိန်မှာ သူက အော်ပြောလိုက်သည် "ချီဇီယန်… ငါ့ကို ကာကွယ်ပေထား။ ကျန်တဲ့သူတွေ၊ မင်းတို့ရဲ့ လေး၊ မြှားတွေကို အသင့်ပြင်ထား။ ပြီးရင် ငါ့ကိုဝိုင်းရံထားပြီး အနီးကပ်လာသူတိုင်းကို သတ်ပစ်ကြ…"
ထိုအမိန့်အရ, လူနှစ်ရာကျော်တို့သည် ဟုန်ယွိကို ပတ်ပတ်လည်လည်မှ ဝိုင်းရံထားကြသည်။ လူတိုင်းက လေးကိုဆွဲပြီး၊ တဟုန်ထိုး ပြေးဝင်လာသော စစ်သားများကို အရေးမစိုက်သလို လျစ်လျူရှုထားကြသည်။
သူတို့ဖွဲ့စည်းပြီးသည်နှင့် ရန်သူက ပိုမိုနီးကပ်လာပြီ။
ဟုန်ယွိ၏အနားမှ လေတိုးသံတစ်ချက် ထွက်ပေါ်လာပြီး မက်မွန်နတ်ဘုရားဓားသည် လွင့်ပျံလာသည်။ ဓားက လေတိုးသံနှင့်အတူ လေထုကို ထိုးဖောက်ပြီး အလင်းကြောင်းရှည်တစ်ခု ရေးဆွဲရင်း ဒေါသထန်ပြင်း မဟာအုပ်ထိန်းသူ လီလဲ့ဆီသို့ ပစ်ခတ်သွားလေသည်။
"ဟမ့်…၊ ပျံသန်းနိုင်သော ဓားလား…။ ဟမ့်…”
ဒေါသထန်ပြင်း မဟာအုပ်ထိန်းသူ လီလဲ့သည် ထိပ်တန်း လက်ရွေးစင်တစ်ဦး ဖြစ်သည်။ သူသည် သူ့ဆီသို့ ပျံသန်းလာ သော ဓားရိပ်များကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး အေးစက်စွာ နှာခေါင်းရှုံ့သည်။ သူ့ပတ်ဝန်းကျင် လယ်ကွင်း ပြင်ထဲမှ စပါးပင်တွေ တုန်ခါပြီးနောက်, သူသည် ရုတ်တရက် ဆေဘာတစ်ချောင်းကို ပစ်လွှတ်လိုက်သည်။ ဆေဘာ သည် ပျံသန်းနေသော ဓားကို တိကျစွာ ထိမှန်သွားခဲ့သည်။
ဤပစ်လွှတ်လိုက်သော ဆေဘာသည် အလွန်အစွမ်းထက်ပြီး၊ မက်မွန်နတ်ဘုရားဓားကဲ့သို့ ၎င်းသည် ရှည်လျားသော အလင်းလမ်းကြောင်းရှည် တစ်ခုနှင့်အတူ လေထဲသို့ ဖြတ်သန်းသွားခဲ့ပြီး နားကန်းလောက်သည့် ပေါက်ကွဲတစ်ချက် ထွက်ပေါ်လာခဲ့သည်။ လေထုနှင့်ဆေဘာကြား ပြင်းထန်သော ပွတ်တိုက်မူမှ သတ္တုအနံ့များပင် ထွက်ပေါ်နေ၏။
ထိုတိုက်ခိုက်မှုမှတဆင့် ဒေါသထန်ပြင်း မဟာအုပ်ထိန်းသူလီလဲ့ မည်မျှ အစွမ်းထက်သည်ကို မြင်နိုင်ပါသည်။
ဘန်း…။ ဆေဘာနှင့်ဓားတို့သည် လေထဲတွင် ထိပ်တိုက်တွေ့ဆုံ နေချိန်မှာ လီလဲ့သည် ရှည်လျားစွာ ဟစ်ကြွေးပြီး၊ အခြား ဆေဘာတစ်ချောင်းကို ဆွဲထုတ်လိုက်သည်။ သူ့ခန္ဓာကိုယ်က ဝှေ့ယမ်းသွားပြီး၊ တစ္ဆေတစ်ကောင်ကဲ့သို့ ရှေ့သို့ ရွေ့လျားသွားသည်။ ဆေဘာအလင်းသည် တုန်ခါသွားပြီး၊ တိုးဝင်လာသော ဓားကို လုံးလုံးလျားလျား ဖုံးအုပ်ထားသည့် ငွေရောင်အလုံးကြီးတစ်ခု ဖြစ်ပေါ်လာပါသည်။
"ဒီလူကြီးရဲ့ ဆေဘာပညာရပ်က တကယ်ကို အစွမ်းထက်တယ်…." ဟုန်ယွိ၏ဓားသည် ပျံထွက်သွား၏။ ပထမ၊ သူသည် သူ့ပြိုင်ဘက်၏ ဆေဘာကို သူ့ဓားနှင့် အပြင်းအထန် ထိပ်တိုက်တိုက်ခိုက်ပြီးနောက် တုန်ခါသွားသည်ကို ခံစားလိုက်ရ ၏။ ထိုနောက် သူ့ရုပ်အသွင်သည် တစ္ဆေတစ်ကောင်ကဲ့သို့ ရှေ့ကို ခုန်တက်သွားပြီး၊ မုန်တိုင်း တိုက်ခတ်သကဲ့သို့ သူ့ဓားဖြင့် အကြိမ်ပေါင်းများစွာ ခုတ်ပိုင်းသည်။
"ဆေဘာဓားဝန်းပညာရပ်…။ ဒီပညာရပ်က သာမန်ပျံသန်းနိုင်တဲ့ဓား ဒါမှမဟုတ် သာမာန် တာအိုနည်းစနစ်တွေကို ကျွမ်းကျင်သူတစ်ယောက်သာ ဖြစ်နေခဲ့ရင်၊ ဒီဆေဘာဓားဝန်းပညာရပ်ကြောင့် ပျံသန်းနိုင်တဲ့ဓားတွေဟာ ချက်ချင်း ဆိုသလို အစိပ်စိပ်မွှာမွှာ ပေါက်ကွဲသွားလိမ့်မယ်။ ဓားရဲ့အရှိန်ဟုန်ကို ချိုးဖျက်လိုက်တာနဲ့ ရုပ်ခန္ဓာကိုယ်လည်း ဖျက်ဆီးခံ ရလိမ့်မယ်..”။
ဟုန်ယွိသည် ကျောက်ဖေးရုန်နှင့် မျက်ခုံးစိမ်းတို့ကဲ့သို့ ကိုယ်ခံပညာ ကျွမ်းကျင်သူများကို တိုက်ခိုက်ရာတွင် အတွေ့အကြုံ ရှိပြီးသားဖြစ်ပြီး၊ ယခုအချိန်တွင် သူသည် ပိုမိုတည်ငြိမ်လာပြီ ဖြစ်သည်။ လီလဲ့၏ ဆေဘာနည်းစနစ်နှင့် လှုပ်ရှားမူအမျိုးမျိုးကို ကြည့်ခြင်းအားဖြင့် သူ့ပြိုင်ဘက်၏ စွမ်းအားသည် မျက်ခုံးစိမ်းအောက် အားမနည်းကြောင်း သူ သိသည်။ ဤသည်မှာ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ် တသားတည်းဖြစ်နေသည့် နောက်ထပ် မဟာပညာရှင်တစ်ဦး ဖြစ်သည်။
ထိုကဲ့သို့ မဟာပညာရှင်မျိုးနှင့် ရင်ဆိုင်ရာ၌ သာမန် တာအိုပညာရပ်များသည် လုံးဝ ပြိုင်ဘက် မဖြစ်နိုင်ပေ။ ပျံသန်းနေ သောဓားဖြင့် တိုက်ခိုက်လျှင်ပင် တစ်ဖက်လူသည် ဓား၏အရှိန်ဟုန်ကို ချက်ချင်း ဖြတ်ကျော်ကာ ပြိုင်ဘက်၏ ရုပ်ခန္ဓာကိုယ်ကို သတ်ဖြတ်ရန် တဟုန်ထိုး ဝင်ရောက်လာနိုင်ပါသည်။ သူသည် ပျံသန်းနေသော ဓားကို ဖမ်းဆီးရန် ချုပ်နှောင်ခြင်း နည်းစနစ်များကိုပင် အသုံးပြုနိုင်ပြီး၊ ထို့နောက် ယင်စိတ်ဝိညာဉ်ကို သတ်ဖြတ်ရန် သူ၏ အစွမ်းထက် သော သွေးချီကို အသုံးပြုနိုင်ပါသည်။
သို့သော် ဟုန်ယွိသည် သာမန် တာအိုပညာရပ်ကို ကျင့်ကြံထားသူ မဟုတ်ပေ။ သူသည် အနန္တတန်ခိုးရှင် ကောင်းကင် နဂါးဗောဓိသတ္တကျမ်းကို ကျင့်ကြံထားပြီး၊ အတိတ်ကျမ်းဂန်ကိုလည်း ကျင့်ကြံထားသူ ဖြစ်သည်။ သူ့တွင် မက်မွန် နတ်ဘုရားဓားနှင့်အတူ တစ္ဆေအင်မော်တယ်တစ်ပါး၏ စွမ်းအားကို ပိုင်ဆိုင်ထားသည်။ ထို့အပြင်, သူ၏ လက်ရှိကျင့်ကြံမူ သည် ကျောက်ဖေးရုန်ကို တိုက်ခိုက်စဉ်ကထက် အများကြီး ကျော်လွန်သွားခဲ့ပြီ။
"ကောင်းကင်ဝံပုလွေ လကို ဟိန်းဟောက်…”။
ဟုန်ယွိသည် ရှောင်တိမ်းမည့်အစား မက်မွန်နတ်ဘုရားဓားကို အသက်သွင်းလိုက်ပြီး၊ ဓားက ရုတ်တရက် တုန်ခါသွားကာ၊ အစိမ်းရောင် အရိပ်ကြီးတစ်ခု ထွက်ပေါ်လာသည်။ ဓား၏ ကြီးမားသော စွမ်းအားသည် လီလဲ့၏ဆေဘာပညာဖြင့် ဖန်တီးထားသော ငွေရောင်အလုံးကြီးကို ချက်ခြင်း ထိုးဖောက် ဝင်ရောက်သွားသည်။
ဘန်း….။ ဘန်း….။ ဘန်း….။
လီလဲ့၏ အနက်ရောင်သံမဏိ တိုက်ပွဲဝင်ဆေဘာသည် မက်မွန်နတ်ဘုရားဓားကြောင့် သုံးပိုင်းပြတ်သွားပြီး၊ မြေပြင်ပေါ် သို့ ပြုတ်ကျသွားခဲ့သည်။
ထို့နောက်, မက်မွန်နတ်ဘုရားဓားသည် ဝှေ့ယမ်းသွားသည်။ ရွှတ်…. ဓားသည် လေထဲတွင် အလျားလိုက် ပျံသန်းသွားပြီး၊ ၁၀ ပေ ရှည်လျားသော ကျောက်စိမ်း ချီဓားတစ်ချောင်း ပျံထွက်လာသည်။ ထိုချီဓားသည် မဟူရာ သေမင်းတမန် ၁၀ ဦး၏ အနက်ရောင်မြွေအရေခွံ ချပ်ဝတ်များကို ဖြတ်တောက်ပြီး ၎င်းတို့ခါးတွေကို နှစ်ပိုင်းဖြတ်တောက်သွားခဲ့သည်။
ထိုကျွမ်းကျင်သူ ၁၀ ယောက်စလုံးသည် ထိုကျောက်စိမ်းချီဓားချက်ဖြင့် ခါးတစ်ဝက် ဖြတ်ပိုင်းခံလိုက်ရသည်။ မည်မျှ ကြေကွဲဖွယ်ကောင်းလိုက်ပါနည်း။
မက်မွန်နတ်ဘုရားဓားသည် တဖန် လှုပ်ယမ်းသွားပြန်ပြီး၊ ၁၀ ပေ ရှည်သော ချီဓားတစ်ချောင်း ထွက်လာပြန်သည်။ ၎င်းသည် ဓားချီနှင့်တူသော်လည်း ၎င်းသည် အလွန်လျင်မြန်သောကြောင့် အခြားသူများ၏ အမြင်အာရုံကို ရှုပ်ထွေးစေ ကာ လေထဲတွင် နောက်ဆက်တွဲ ပုံရိပ်များကို ဖန်တီးသွားခဲ့သည်။
ဓားချီကို ကျွမ်းကျင်များသည် အလွန်မင်း မြန်ဆန်သော အမြန်နှုန်းဖြင့် လေထုကိုဖြတ်ပြီး ဓားချီကို ထုတ်လွှတ်နိုင်ကြပါ သည်။ ဓား လှုပ်ရှားသွားသည့် အခိုက်မှာပင် တဖက်လူကို သတ်ဖြတ်ပြီး၊ ဓားက ပြန်ရောက်လာသည်။ အခြားသူများ၏ အမြင်တွင် ဓားအလင်းတန်းများ ပျံထွက်သွားသည်ကိုသာ မြင်လိုက်ရပြီး၊ သတ်ဖြတ်ဖို့ ထုတ်လွှတ်သော ရွှေရောင်ချီကို ဓားဟု တွေးထင်ကြလိမ့်မည်။
ယခု၊ ဟုန်ယွိ၏ မက်မွန်နတ်ဘုရားဓားသည်လည်း တချက် လှုပ်ရှားလိုက်ရုံဖြင့် ဓားချီနှင့်တူညီသော အမြင်အာရုံ သက်ရောက်မူကို စွမ်းဆောင်နိုင်ပါသည်။
နောက်မှာရှိနေသည့် မဟူရာသေမင်းတမန် အယောက် ၂၀ သည် ထိုမြင်ကွင်းကို မြင်ပြီး၊ အေးစိမ့်သွားကာ ထိုနေရာမှပင် တညီတညွတ်တည်း ဆုတ်ခွာသွားကြသည်။
၎င်းတို့သည် မဟူရာ သေမင်းတမန်အစောင့်များ ဖြစ်သော်ငြားလည်း ခုခံနိုင်စွမ်းမရှိသော စွမ်းအားကြောင့် ကိုယ့်ကိုယ်ကို အသေခံရန် အလျင်စလို မလုပ်ဆောင်ကြပေ။
"ယင်ယန်မက်မွန် နတ်ဘုရားဓား။ မင်း ဘယ်သူလဲ” လီလဲ့သည် လက်နက်မဲ့ဖြင့် လက်ဗလာဖြစ်နေပြီ။ သူသည် လက်နက်မရှိဘဲ ထိုကဲ့သို့ ပြင်းထန်သော ဓားအရှိန်ဟုန်ကို ရင်ဆိုင်ရသည့်အခါ, သိုင်းသူတော်စင်၏အဆင့်တွင် မရှိပါက သေခြင်းတရားကိုသာ စောင့်ဆိုင်းနေရုံသာ တတ်နိုင်ပါသည်။
ဝှီး….။
နောက်ထကြိမ် "ဓားချီ" က ပျံထွက်သွားပြီး၊ လီလဲ့လည်း နောက်သို့ ခုန်ဆုတ်သွားခဲ့သည်။ သို့တိုင် သူ့ကိုယ်ပေါ်ရှိ အနက်ရောင်မြွေအရေခွံချပ်ဝတ်သည် ချက်ချင်းပင် တစ်ဝက်ကျော် ပြတ်တောက်သွားခဲ့သည်။
ဤသည်မှာ ဟုန်ယွိ၏ ဓားစွမ်းအားကြောင့် ဖြစ်သည်။
ဟုန်ယွိ၏ ဓားနည်းစနစ်သည် အထီးကျန်ဆန်သော်လည်း၊ ၎င်းသည် လရောင်ဝံပုလွေဓားသိုင်း၏ သတ်ဖြတ်ခြင်း သိုင်းကွက်ဖြစ်သည့် လရောင်သိပ်သည်း သတ်ဖြတ်ခြင်းချီဓား ဖြစ်သည်။
လူတစ်ယောက်၏ သိုင်းပညာသည် မဟာဆရာသခင်အဆင့်၏ အထွတ်အထိပ်နှင့် သိုင်းသူတော်စင်အဆင့်သို့ ရောက်ရှိ သွားသောအခါတွင် ဓားစွမ်းအားသည် ခြေလှမ်း ၃၀ ကျော်အထိ ရောက်ရှိနိုင်ပြီး၊ ဓားအလင်းက လရောင်ကဲ့သို့ ဖြစ်သည် ဟု အဆိုရှိကြသည်။
လီလဲ့သည် သူ၏ အစွမ်းထက်သော စွမ်းရည်များကို ထုတ်ဖော်ပြသကာ ထိုဓားချက်ကို ရှောင်တိမ်းသွားခဲ့သည်။
"ငါက ကျောက်ဖေးရုန်ကို သတ်ခဲ့သူပဲ။ ဒါကြောင့် သူမရဲ့ မက်မွန်နတ်ဘုရားဓားက သဘာဝအတိုင်း ငါ့လက်ထဲမှာ ရှိနေတယ်။ လီလဲ့၊ ခင်ဗျား…. ကျုပ်ကို မှီခိုလိုက်ပါ။ ကျုပ်ကိုမှီခိုတာက ဝေလဲ့ကို မှီခိုတာထက် ဆယ်ဆ ပိုသာတယ်။ အခု ကျုပ် ခင်ဗျားကို အခွင့်အရေးတစ်ခု ပေးမယ်။ ခင်ဗျားရဲ့ အတွေးတွေကို လွှတ်ပေးပြီး ကျုပ်ကို ကိုးကွယ်လိုက်ပါ။ ကျုပ် ခင်ဗျားရဲ့ ကိုးကွယ်ဝတ်ပြုမူကို လက်ခံပေးမယ်။ ကျုပ် ခင်ဗျားကို မသတ်ဘူး။ မဟုတ်ရင် ခင်ဗျားရဲ့သိုင်းပညာ ဘယ်လောက်ကောင်းနေပါစေ၊ ခင်ဗျားက လူသားအင်မော်တယ်တစ်ဦး မဟုတ်သလို သိုင်းသူတော်စင်လည်း မဟုတ်ဘူး။ ခင်ဗျား ကျုပ်ကို တိုက်ခိုက်တာက ကျောက်တုံးကို ကြက်ဉနဲ့ ပေါက်နေသလိုပဲ…။”
လီလဲ့ကို သတ်ဖြတ်ရန် ကျရှုံးခဲ့ပြီးနောက်၊ ဟုန်ယွိ၏ ဂုဏ်သိက္ခာရှိသော အသံက ဓားထဲမှ ထွက်ပေါ်လာသည်။ လီလဲ့၏ မျက်လုံးများ တဖျပ်ဖျပ်ခတ်နေသည်ကို မြင်ပြီး၊ ဟုန်ယွိက နောက်တဖန် အော်ပြောလိုက်သည် "လီလဲ့… ခင်ဗျား ကြက်ဥနဲ့ ကျောက်တုံးကို ပေါက်သလိုမျိုး ကျုပ်ကို တိုက်ခိုက်ဖို့ ကြိုးစားနေတာလား….။"
အခန်း (၁၃၅)။
"ဒါဆို မင်းက တကယ်ပဲ တာအိုပညာရပ်တွေကို ကျွမ်းကျင်သူပေါ့။ မင်းက မင်းရဲ့အစွမ်းကို ကောင်းကောင်း ဖုံးကွယ်ထား တာပဲ။ ယင်ယန်မက်မွန်နတ်ဘုရားဓားဟာ မင်းလက်ထဲ ကျရောက်သွားပြီး၊ နတ်သမီးကျောက်လည်း မင်းလက်ထဲမှာ ကျဆုံးသွားခဲ့တယ်။ မြို့စားဝူဝမ်ရဲ့ ကိုယ်တော်သားတစ်ယောက်က ဒီလောက် အစွမ်းထက်မယ်လို့ ဘယ်သူ ထင်မှာလဲ” ကမ္ဘာပေါ်ရှိ လူတိုင်းက မင်းကို အထင်သေးကြတယ်..."
ကောင်းကင်မှာ လွင့်မျောနေသည့် မက်မွန်နတ်ဘုရားဓားနှင့် ဟုန်ယွိ၏ အသံကို စိုက်ကြည့်ရင်း ဒေါသထန်ပြင်း မဟာ အုပ်ထိန်းသူ လီလဲ့၏ မျက်လုံးတွေက နေ့ခင်းဘက် ကြောင်မျက်လုံးတွေကဲ့သို့ ကျဉ်းသွားခဲ့သည်။ မျက်လုံးတွေက အပေါက်များအသွင် ကျဉ်းသွားခဲ့ကာ၊ သူ၏ နောက်ဆုံး တိုက်ခိုက်မှုအတွက် သူ့ခွန်အားအားလုံးကို စုစည်းနေပုံပင်။
သို့သော် ဟုန်ယွိ၏ စကားတစ်ခွန်းက နောက်ဆုံး တိုက်ပွဲအတွက် ခွန်းအားစုစည်းရန် သူ့အတွေးကို မြေပြင်ပေါ်သို့ ပြိုကျသွားစေခဲ့ပါသည်။
"ကျုပ်နဲ့ ပူးပေါင်းပါ။ ခင်ဗျား ကျုပ်နဲ့အတူ ကောင်းကောင်းမွန်မွန် ပူးပေါင်းမယ်ဆိုရင်, ကျုပ်က ခင်ဗျားကို နဂါး-ဆင် တံ ဆိပ်နဲ့ ထိပ်တန်း ခြင်ဆီသန့်စင်ခြင်း လျှို့ဝှက်ပညာရပ်ကို သင်ကြားပေးမယ်။ ကျုပ်က ခင်ဗျားကို ရှန်တန်သိုင်းသခင် နယ်ပယ်ကို ဖြတ်ကျော်နိုင်စေရမယ်။ မဟာဆရာသခင်တစ်ယောက်ဖြစ်လာဖို့ကို မေ့ထားလိုက်ဦး။ သိုင်းသူတော်စင် အဆင့်ကို ရောက်ဖို့တောင် မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ချီဇီယန်, သူ့ကို ယွမ်ယန်ကောင်းကင်ပုလဲကို ပြလိုက်ပါ။”
"လီလဲ့! ဒါ ဘာလဲဆိုတာ ကြည့်လိုက်ပါ။” ချီဇီယန်သည် ဟုန်ယွိ၏ စကားကိုကြားသောအခါ သူ့ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းကာ ပိုးထည်ထုပ်တစ်ထုပ်ကို ထုတ်ယူလိုက်သည်။ သူသည် ၎င်းအထုပ်ကို အနည်းငယ် ဖွင့်လိုက်သည်နှင့် ရွှေရောင်အလင်းတန်းတစ်ခုနှင့်အတူ ကြွယ်ဝသောရနံ့များ လွင့်ပျံလာသည်။
"ကျားဂုံးကောင်ပုလဲ…ı ယွမ်ယန်ကောင်းကင်ပုလဲ၊ ဒါက လူတစ်ယောက်ကို အမှန်တကယ် ပြန်လည်မွေးဖွားပေးနိုင်တဲ့ ယွမ်ယန်ကောင်းကင်ပုလဲပဲ" လီလဲ့သည် ထိုပုလဲကို မြင်တော့ မျက်စိမှ မခွာနိုင်တော့။ ပိုးထည်အထုပ်ထဲက ရွှေရောင်အလင်းတန်းက သူ့အာရုံအားလုံးကို စွဲဆောင်နေသကဲ့သို့ပင်။
ရောက်ရှိနေကြသည့် စစ်သည်များသည် ဤယွမ်ယန်ကောင်းကင်ပုလဲက မည်သည့်အရာ ဖြစ်သည်ကို မသိသော ကြောင့် အံ့အားသင့်သည့် အရိပ်အယောင်များ မပြခဲ့ကြပေ။ သူတို့၏ တပ်ရင်းမှူးသည် ကျွမ်းကျင်သူတွေကို စုဆောင်းဖို့ ရတနာတစ်ခုကို အသုံးချနေသည်ဟုသာ သူတို့ ထင်နေကြသည်။
"ဝေတိုင်ကန်က နန်ကျိုး(တောင်ပိုင်း)ပြည်နယ်ခုနစ်ခုရဲ့ အုပ်ချုပ်ရေးမှူး ဖြစ်ခဲ့ရင်တောင်, သူ့မှာ ဒီလိုအရာမျိုး ရှိလိမ့်မယ်လို့ ငါ မထင်ဘူး။" ဟုန်ယွိက ရယ်မောလိုက်ပြီးနောက် သူ့ပုံစံက အနှိုင်းမဲ့ ခက်ထန်လာသည်။ "လီလဲ့၊ ကျုပ်ရဲ့ စိတ်ရှည်မှုဟာ အကန့်အသတ် ရှိတယ်နော်။ ကျုပ်က ခြွင်းချက်အနေနဲ့ ခင်ဗျားကို နောက်တစ်ကြိမ် မေးမယ်။ ခင်ဗျား ကျုပ်နောက်လိုက်ရင် ခင်ဗျားရဲ့သိုင်းလမ်းကြောင်းက တိုးတက်လာလိမ့်မယ်။ ခင်ဗျား ကျုပ်နောက် မလိုက်ဘူးဆိုရင် တော့ ချက်ချင်း သေရလိမ့်မယ်။"
“ငါ... လီလဲ့၏ မုတ်ဆိတ်မွေးတွေက ပြင်းထန်စွာ တုန်ခါသွားပြီး၊ သူ့လက်တွေက ထိန်းမနိုင်သိမ်းမရ တုန်ယင်နေပုံရ သည်။ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ် တစ်သားတည်း ဖြစ်လာပြီး အနှစ်သုံးဆယ်ကြာ ကျော်ကြားလာခဲ့သည့် သူ့လို ကျွမ်းကျင်ပညာအတွက် သူ့တည်ငြိမ်မူတွေ ပျောက်ဆုံးသွားခြင်းက သူ့စိတ်ခံစားချက်တွေ မည်မျှ ပြင်းထန်နေလဲ ဆိုသည်ကို ပြသနေပါသည်။
"ဟမ့်…."
ဟုန်ယွိက အေးစက်စွာ နှာခေါင်းရှုံ့သည်။ သူ၏မက်မွန်နတ်ဘုရားဓားသည် အနည်းငယ် ဝှေ့ယမ်းသွားကာ၊ စိတ်မရှည် ကြောင်း ပြသသည်။
"ငါ…. လီလဲ့..." လီလဲ့၏ နှုတ်ခမ်းတွေက လှုပ်သွားပြီး သူ့ခန္ဓာကိုယ်က ရှေ့ကို ကွေးညွှတ်သွားခဲ့သည်...
"လီလဲ့၊ မင်းရဲ့ဦးဏှောက်ထဲမှာ ပုန်ကန်လိုတဲ့ အခိုက်အတန့်တစ်ခု ရှိနေတာပဲ။ ဘုရင်ခံက မင်းကို အခုလိုအခြေအနေ ရောက်အောင် ပျိုးထောင်ခဲ့တာ အချည်းနှီးပဲ။ မင်းက တကယ်ပဲ သခင်ကို သစ္စာဖောက်ရဲတယ်။ ဘယ်လောက်တောင် သတ္တိကောင်းလိုက်လဲ။” လီလဲ့ ဦးညွှတ်ခါနီးမှာ သူ့နောက်က မဟူရာသေမင်းတမန် အစောင့်အကြပ် နှစ်ဆယ်က ရုတ်တရက် အော်ပြောလိုက်သည်။ ထို့နောက် ဒေါသကြီးသော ဝံပုလွေများကဲ့သို့ ၎င်းတို့၏ ခန္ဓာကိုယ်များသည် ရုတ်တရက် ပြေးထွက်လာကြပြီး၊ မိုးသည်းထန်စွာ ရွာသွန်းသကဲ့သို့ ဆေဘာများဖြင့် ဝန်းရံတိုက်ခိုက်ကြသည်။
သူတို့၏ ဝိုင်းရံတိုက်ခိုက်မူ သဘာဝအားဖြင့် ဟုန်ယွိကို ပစ်မှတ်ထားခြင်း မဟုတ်ဘဲ၊ ဟုန်ယွိကြောင့် ဆုံးဖြတ်ချက် ယိမ်းယိုင်သွားခဲ့သော ဒေါသထန်ပြင်း မဟာအုပ်ထိန်းသူ လီလဲ့ကို ဖြစ်သည်။
"ဟမ့်…၊ မင်းတို့ရဲ့ ကိုယ်ခံပညာအားလုံးကို ငါ သင်ပေးခဲ့တာပါ။ ဒါတောင် မင်းတို့က ငါ့ကိုတိုက်ခိုက်ဖို့ သတ္တိရှိတုန်း လား။” လီလဲ့က လှောင်ပြောင်ပြောရင်း ခါးကိုင်းနေသော အရှိန်ကို အသုံးပြုကာ ချက်ခြင်း လှိမ်းထွက်သွားခဲ့သည်။ သူသည် ခါးတစ်ဝက်ခန့် ဖြတ်ခံထားရသော စစ်သည်တစ်ဦး၏ ကိုယ်ပေါ်မှ တင်ထားသည့် အနက်ရောင်သံမဏိ ဆေဘာကို ဆုပ်ကိုင်လိုက်ပြီး၊ ရုတ်တရက် လျှပ်စီးလက်သလို ပြန်ပစ်သည်။ ဆေဘာက လျှပ်စီးလက်သလို လင်းလက် သွားပြီး "ရေဖြတ်ဆေဘာ" သိုင်းကွက်နှင့်အတူ နောက်ဆက်တွဲ ပုံရိပ်များဖြင့် ပျံထွက်သွားခဲ့သည်။
ထိုနောက်, သွေးတွေက ဖျန်းခနဲ လွင့်စင်ပြီး၊ ဦးခေါင်းတွေ လှိမ့်ကျလာသည်။ လျှပ်တပြက်အတွင်း သူသည် သေမင်းတမန် အစောင့်ကြပ် ငါးဦး၏ ဦးခေါင်းများကို ဖြတ်တောက်ပစ်ခဲ့သည်။
"လခွမ်း…၊ ဒီလီလဲ့က တကယ်ကို တမူထူးခြားသူပဲ။ သူက မျက်ခုံးစိမ်းထက်တောင် ပိုစိတ်ရှည်တယ်။" ဟုန်ယွိသည် ထိုမြင်ကွင်းကို မြင်ချိန်မှာ လုံးဝ မလှုပ်ခဲ့သော်လည်း အနည်းငယ် ထိတ်လန့်သွားခဲ့သည်။
လီလဲ့သည် အခုနက သူ့ကို ခါးကိုင်းခြင်းသည် သူ့ကို ဦးညွှတ်ရန် မဟုတ်ဘဲ၊ သူ့နောက်ကွယ်မှ သတ်ဖြတ်လိုသည့်ဆန္ဒကို သတိပြုမိသောကြောင့် ဖြစ်သည်။ သူသည် ဖောက်ထွက်နိုင်ရန် ထိုအရှိန်ဟုန်ကို အသုံးပြုပြီး၊ ဆေဘာကို ဆွဲယူပြီး၊ ပြန်လည် သတ်ဖြတ်ခဲ့သည်။ ထိုခဏ၌ သူပြသခဲ့သည့် နိုးကြားသတိထားမှု၊ တွက်ချက်မှုနှင့် ထိုးထွင်းသိမြင်မှုတို့က ဟုန်ယွိအား ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ် တစ်သားတည်းဖြစ်နေသည့် မဟာပညာရှင်များ၏ စွမ်းအားကို ခံစားရစေသည်။
"တကယ်လို့ ငါသာ ဒီလိုအခြေအနေမျိုးမှာဆိုရင် လီလဲ့လောက် ပြတ်ပြတ်သားသား လုပ်ဆောင်နိုင်မှာ မဟုတ်ဘူး"
"ချီဇီယန်…၊ ထိုက်ဇူ… မုကလေး.. မြှားတွေပစ်" လီလဲ့ လှုပ်ရှားလိုက်စဉ်မှာ ဟုန်ယွိကလည်း အမိန့်ပေးလိုက်ပါသည်။ ဘန်း…။ လေးကြိုးတွေက ပြင်းထန်စွာ တုန်ခါသွားပြီး၊ မြှားရှည်တွေက ဉက္ကာပျံတွေကဲ့သို့ လီလဲ့၏ ပတ်၀န်းကျင်ရှိ မဟူရာသေမင်းတမန်အစောင့်များဆီသို့ ပစ်လွှတ်သွားကြသည်။
ဤမဟူရာသေမင်းတမန် အစောင့်များသည် သံခမောက်များနှင့် အနက်ရောင်မြွေအရေခွံ ချပ်ဝတ်များကို ဝတ်ဆင်ထား သော်လည်း ချီဇီယန်, မုကလေးနှင့် ရှန်ထိုက်ဇူတို့သည် သန်မာသောလေးများကို ကိုင်ဆောင်ထားကြသည်။ သူတို့၏ မြှားများသည် အလွန်အစွမ်းထက်သော ထိုးဖောက်ဝင်ရောက်မူနှင့်အတူ အလွန်အမင်း ပတ်ခတ်နိုင်စွမ်းရှိသည်။ ထို့ကြောင့် မြှားများသည် ချက်ချင်းဆိုသလို အနက်ရောင်မြွေအရေခွံချပ်ဝတ်များကို ထိုးဖောက်သွားကြပါသည်။
ဤအခွင့်အရေးကို အရယူပြီး လီလဲ့က ဟစ်ကြွေးလိုက်ကာ၊ သူ၏နာမည်ကျော် ကိုယ်ခံပညာဖြစ်သည့် ဆေဘာဓားဝန်း ပညာရပ်နှင့်အတူ လွင့်မျောခြေလှမ်းပညာရပ်ကို ထုတ်ဖော်ပြသပါတော့သည်။ သူ့ခန္ဓာကိုယ်က ဘယ်ညာ ရှောင်လွှဲကာ၊ ရှေ့နောက် အပြန်အလှန် လွင့်မျောလျက် တစ္ဆေသရဲကဲ့သို့ လှုပ်ရှားနေချိန်မှာ၊ သူ့ဆေဘာ အငွေ့အသက်က ပြင်းထန် သော မုန်တိုင်းကဲ့သို့ ဖြစ်ပေါ်နေသည်။
လီလဲ့သည် သူ့ဆေဘာပညာရပ်ကို ထုတ်ဖော်ပြသပြီး၊ မဟူရာသေမင်းတမန် အစောင့်များကို သတ်နေစဉ် ဟုန်ယွိသည် ကြည့်ရှုနေခဲ့သည်။ ထိုလူ၏ ဆေဘာပညာရပ်ကြောင့် သူကိုယ်တိုင်လည်း အံ့အားသင့်ခဲ့ရပါသည်။ လီလဲ့၏ ဆေဘာ အငွေ့အသက်သည် တဟုန်ထိုး ပျံ့နှံ့သွားသည်နှင့်အမျှ သူ့တစ်ကိုယ်လုံးက ငွေရောင်အလင်းလုံးကြီးကဲ့သို့ ဖြစ်လာပါ သည်။ သူလှိမ့်ထွက်သွားသည့် နေရာတိုင်းမှာ သွေးမိုးတွေ ရွာသွန်းနေခဲ့သည်။
နှစ်ဆယ်…၊ သွေးအေးလင်းယုန် ဆယ့်သုံးဖော်နှင့် အဆင့်တူသည့် သိုင်းသခင် အယောက်နှစ်ဆယ်သည် ဤနည်းဖြင့် အကုန်လုံး အသတ်ခံလိုက်ရပါသည်။ အသက်ရူချိန် ဆယ်ကြိမ်ကြာပြီးနောက် သုံးလေးယောက်သာ ကျန်ရစ်ခဲ့သည်။
ထိုသေမင်းတမန် သုံးလေးယောက်သည် သူတို့အသက်ကို ဂရုမစိုက်ဘဲ ထွက်ပြေးကြသေးသည်။ သို့သော် သူတို့အားလုံး ကို ချီဇီယန်၏ ကောင်းကင်မြွေမြှားကိုးစင်းက လမ်းမကြီးအလယ်သို့ ဖြတ်သန်းသွားခဲ့ပြီး တစ်ယောက်ပြီး တစ်ယောက် ထိုးဖောက်သွားခဲ့သည်။
"နှမြောစရာ ကောင်းလိုက်တာ၊ ဒီသေမင်းတမန် စစ်သည်တွေဟာ ငါ့စစ်သားတွေထက် ဆယ်ဆ ပိုသန်မာတယ်။ တကယ်လို့ ငါသာ သူတို့ကို ငါ့လက်အောက်ငယ်သားတွေ အဖြစ် စုစည်းနိုင်ခဲ့ရင် ကျားကို အတောင်ပံ တပ်ပေးလိုက် သလိုနေမှာ။ ကံမကောင်း အကြောင်းမလှစွာပဲ ဒီသေမင်းတမန် စစ်သည်တွေဟာ အသေခံစစ်သည်တွေ ဖြစ်ပြီး သစ္စာရှိ ကြတယ်။"
ဟုန်ယွိသည် ထိုသေမင်းတမန် စစ်သည်များ တယောက်ပြီးတယောက် အသတ်ခံနေရသည်ကို မြင်သောအခါ, သူ့ရင်ထဲ မှာ သက်ပြင်းချပြီး သနားသလိုမိသည်။ သို့သော်လည်း ဤလူများသည် သစ္စာရှိကြပြီး၊ ဝေမျိုးနွယ်အပေါ် သစ္စာရှိကြသည် ကို ရှင်းလင်းစွာ မြင်နိုင်ပါသည်။ သူတို့သည် သူတို့၏သခင်အတွက် အချိန်မရွေး အသက်ကိုစတေးရန် ဆန္ဒရှိကြသည်။ ဝေမျိုးနွယ်ကို သစ္စာဖောက်ဖို့က သူတို့အတွက် မဖြစ်နိုင်ပါဘူး။
သူတို့သည် လီလဲ့နှင့်မတူပေ။ ကျွမ်းကျင်ပညာရှင်တစ်ယောက်အနေဖြင့်, သူသည် လွတ်လပ်ပြီး၊ အမှီအခိုကင်းသည့် အတွေးအမြင်တွေကို ပိုင်ဆိုင်ထားကာ၊ သူ့ကိုယ်ပိုင်ရွေးချယ်မှုတွေ လုပ်ဆောင်နိုင်ပါသည်။
"သခင်လေးဟုန်….၊ ဒါကတော့ ကျုပ်လီလဲ့ရဲ့ သစ္စာခံမူသက်သေပါ။” သေမင်းတမန် စစ်သည်များကို သတ်ဖြတ်ပြီး နောက် လီလဲ့သည် သူ၏ဆေဘာကို အဝေးသို့ လွှင့်ပစ်လိုက်သည်။ သူက ဒူးထောက်ပြီး လေထဲမှာ လွင့်မျောနေသော ဓားကို ပြောလိုက်ပါသည်။
"ဒီလိုဆိုမှတော့ ငါ အရင်ကပြောခဲ့သလိုပဲ ငါ့ကို ကိုးကွယ်ပါ။ အမွှေးနံ့သာနဲ့အတူ ဆည်းကပ်ပါ။ မင်းက ဆေဘာပညာရပ် တွေကို လေ့ကျင့်တယ်။ မင်းအနေနဲ့ နေ့စဉ်နေ့တိုင်း ဆေဘာပညာရပ်ကို လေ့ကျင့်တဲ့အခါ, မင်းက စိတ်ရင်းမှန်ကန်မူ ရှိနေရမယ်။ နံ့သာတိုင်ဖြင့် ဆေဘာကို ပူဇော်ပြီးမှ ဆေဘာကို စတင်ဝှေ့ယမ်း လေ့ကျင့်ရမယ်။ ဒါမှသာ ဆေဘာဆန္ဒ ဖြစ်တဲ့ ဆေဘာရဲ့စွမ်းအား၊ ဆေဘာရဲ့ရက်စက်မှု၊ ဆေဘာရဲ့ ထက်ရှမှုတို့ကို ခံစားနိုင်မယ်။ အခု မင်းက ငါ့ကို မင်းရဲ့ဆေဘာလို သဘောထားပြီး အရိုအသေပေးလိုက်ပါ။” ဟုန်ယွိက တွေးတောပြီးနောက် လီလဲ့လုပ်ဆောင်ရမည့် အရာကို ညွှန်ကြားလိုက်ပါသည်။
"အဲဒီလိုလား.." လီလဲ့၏ မျက်လုံးများတွင် အလင်းရောင်တစ်ခု လင်းလက်လာသည်။ သူသည် ယွမ်ယန်ကောင်းကင်ပုလဲ ကို သိမ်းဆည်းထားသော ချီဇီယန်ကို ကြည့်လိုက်သည်။ သူသည် သူ့စိတ်နှလုံးကို ခွန်အားပေးကာ၊ ဆေဘာကို ကိုးကွယ်သကဲ့သို့ ဟုန်ယွိကို ကိုးကွယ်ဆည်းကပ်ရင်း ဦးညွှတ်လိုက်ပါသည်။
လီလဲ့က သူ့ကို ဦးညွှတ်နေအချိန်မှာ ဟုန်ယွိသည် သူ့အတွေးမျှင်များကို ခွဲထုတ်လိုက်ပြီး၊ လီလဲ့၏ ပတ်ဝန်းကျင်မှာ တဖြည်းဖြည်း ရစ်ပတ်လာသည်။ သူသည် လီလဲ့က သူ့ကို အမှန်တကယ် ကိုးကွယ်နေသည်ဟု ခံစားခဲ့ရပြီး၊ ၎င်းသည် အတုယောင် မဟုတ်ပေ။
နတ်ဘုရားတွေကို ကိုးကွယ်ခြင်းနှင့် တူညီသည့် ယခုလိုကိုးကွယ်မှုမျိုးသည် အတုအပ မဖြစ်နိုင်ပါဘူး။ အကယ်၍, တစ်ဖက်လူ၏ အတွေးအမြင်များသာ အတုအယောင် ဖြစ်နေခဲ့ပါက, ဟုန်ယွိ၏ အတွေးများလည်း လွှမ်းမိုးနိုင်တော့မှာ မဟုတ်ပါဘူး။ သူ့ပတ်ဝန်းကျင်မှာ တဖြည်းဖြည်း ရစ်ပတ်နေနိုင်သောကြောင့်၊ တစ်ဖက်လူက အမှန်ပင် အခြေအနေ တစ်ခုထဲသို့ ဝင်ရောက်သွားပြီဟု ဆိုလိုပါသည်။
အခြေအနေကြောင့် ဟုန်ယွိသည် ထိုအခမ်းအနားတွင် သဘာဝအတိုင်း မတ်တပ်ထွက်ရပ်ပြီး မနေခဲ့ပေ။ နောက်ဆုံး အကြိမ် ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့ကို ထိန်းချုပ်ဖူးသည့် အတွေ့အကြုံအရ, ဟုန်ယွိသည် ဤတစ်ကြိမ်တွင် ထိုလုပ်ငန်းစဉ်နှင့် သဘာဝအတိုင်း ရင်းနှီးနေခဲ့ပါပြီ။ ရုတ်တရက် သူသည် လီလဲ့၏ကိုးကွယ်ခြင်း အတွေးမျှင်များကို သူ့ကိုယ်ပိုင် စိတ်ဝိညာဉ် ပတ်ပတ်လည်မှာ ရစ်ပတ်လိုက်ပါသည်။ တစ်ချိန်တည်းမှာပင် သူသည် တစ်ဖက်လူ၏ ဘဝ အတွေ့အကြုံနှင့် အတွေးအမျိုးမျိုး၏ ပြင်းထန်သော ရိုက်ခတ်မှုကို ခံခဲ့ရသည်။
"အလို ကောင်းကင်ဘုံ…၊ ဒီလီလဲ့ရဲ့ စိတ်ဆန္ဒက တကယ်ကို သန်မာတယ်။ ဟွာနွန်ယင်နဲ့ ဟွာနွန်းယွီတို့ နှစ်ယောက်ကို ပေါင်းစည်းစဉ်ကထက် အများကြီး ပိုပြင်းထန်တယ်။ စက္ကန့်ပိုင်းလေးအတွင်းမှာ သူ့ပျော်ရွှင်မှု၊ ဒေါသ၊ ဝမ်းနည်းမှု၊ နာကျင် ကြေကွဲမှုတွေကို ခံစားရတယ်။ တကယ်လို့ ငါလို အတိတ်အမိတ္တဘသုတ္တန်ကို လေ့ကျင့်ထားတဲ့လူမျိုး မဟုတ်ရင်, တကယ်ကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။”
လီလဲ့၏ ဝတ်ပြုကိုးကွယ်ခြင်းကို လက်ခံလိုက်သည့်အခိုက်တွင်၊ ဟုန်ယွိသည် သေလုမျောပါး လူတစ်ယောက်လို ခံစားရ သည်။ တခဏအတွင်းမှာပင် တစ်ဖက်လူ၏ ဘဝတစ်ခုလုံး အတွေ့အကြုံတွေက သူ့စိတ်ထဲမှာ ကြည်လင် ပြတ်သားစွာ မြင်ယောင်လာသည်။ ဤအရာသည် သူ့မျှော်လင့်ချက်ထဲမှာ ရှိနေပါသည်။ သို့သော် အနည်းငယ် အဆင်မပြေမူ ရှိနေခဲ့ သည်။ အခြားလူ၏ စိတ်ဆန္ဒနှင့် အတွေ့အကြုံများသည် ပြင်းထန်လွန်းသဖြင့် ဟုန်ယွိ၏ နတ်ဘုရား စိတ်ဝိညာဉ်ကိုပင် တုန်လှုပ်သွားစေခဲ့သည်။
လီလဲ့၏စိတ်ဆန္ဒသည် ဆေဘာကဲ့သို့ ထက်မြက်သည်။ ဟုန်ယွိသည် သူ့တကိုယ်လုံး အေးစိမ့်သွားသလို ခံစားလိုက် ရသည်။
"အလို ကောင်းကင်ဘုံ….၊ ဒီလီလဲ့က ကျွမ်းကျင်ပညာရှင်တစ်ဦး ဖြစ်ပေမယ့် သူက အထွတ်အထိပ်သို့ မရောက်သေးဘူး။ တကယ်လို့, သူသာ အစစ်မှန် မဟာဆရာသခင်တစ်ဦး ဒါမှမဟုတ် သိုင်းသူတော်စင်တစ်ဦး ဖြစ်လာပါက၊ သူ့ စိတ်ဆန္ဒက ဘယ်လောက် သန်မာလိုက်မလဲ။ အနာဂတ်မှာ ငါ သတိထားရမယ်။ သူတပါးကို ထိန်းချုပ်ဖို့ ကြိုးစားရာကနေ ကိုယ့်ကိုယ်ကို ပြန်ထိခိုက်စေလို့ မဖြစ်ဘူး…။”
ဟုန်ယွိသည် လီလဲ့၏ စိတ်ထဲတွင် သူ့ကိုယ်ပိုင် စိတ်ဝိညာဉ် စည်းတံဆိပ်ကို စိုက်ထူပြီးနောက်၊ သူသည် ရုတ်တရက် သူ့အခွံထဲသို့ ပြန်သွားပြီး မက်မွန်နတ်ဘုရားဓားကို သိမ်းဆည်းလိုက်ပါသည်။
ယခုအချိန်တွင်၊ ဟုန်ယွိသည် စုစုပေါင်း လူသုံးဦး၏ နံ့သာတိုင်ထွန်းညှိ၍ ကိုးကွယ်ခြင်းကို လက်ခံထားသည်။ မကြာသေး ခင်က အတွေ့အကြုံတွေက သူ့အတွက် ဗဟုသုတ အများကြီး ပေးခဲ့ပါသည်။ သူသည် နောက်တစ်ခါ အခုလိုမျိုး သူတပါး ကို ထိန်းချုပ်ဖို့ ကြိုးစားရာတွင်, သတိထားရလိမ့်မည်။
အကယ်၍, အထွတ်အထိပ် မဟာဆရာသခင် သို့မဟုတ် သိုင်းသူတော်စင်တို့လို သန်မာသည့် တစ်စုံတစ်ယောက် ဖြစ်နေခဲ့လျှင်, ဟုန်ယွိသည် ၎င်းတို့ကို ထိန်းချုပ်နိုင်မည် မဟုတ်ကြောင်း သိထားသည်။ တစ်နည်းဆိုရသော် သူသည် သူတို့၏ ကိုးကွယ်ဆည်းကပ်မူကို လက်ခံနိုင်လိမ့်မည် မဟုတ်ပေ။
“မဟာပညာရှင်ကြီးတွေရဲ့ ကိုးကွယ်မူကို ခံယူပြီးနောက်, တစ်ချို့နတ်ဘုရား ရုပ်တုတွေနဲ့ ဗုဒ္ဓရုပ်ပွားတော်တွေ ပြိုကျ ပျက်စီးသွားတဲ့အကြောင်း ရှေးဟောင်းမှတ်တမ်းတွေမှာ မှတ်တမ်းတင်ထားခဲ့တယ်။ အဲဒါက တကယ်ကို မှန်ကန်နေပုံပဲ။ တကယ်လို့, ဒီနေ့ လီလဲ့သာ သိုင်းသူတော်စင် ဖြစ်နေခဲ့ပြီး၊ သူ့ကိုးကွယ်ဆည်းကပ်မူကို ငါ လက်ခံခဲ့မယ်ဆိုရင် ငါ့စိတ်ဝိညာဉ်လည်း ပြိုကွဲသွားနိုင်လောက်တယ်။”
ဟုန်ယွိသည် သူလေ့လာခဲ့ဖူးသော မှတ်တမ်းများကို ပြန်စဉ်းစားမိသည်။ အခု သူသည် တာအိုပညာရပ်ကို ကျင့်ကြံရာ တွင် သူ့အတွေ့အကြုံအရ ပြီးပြည့်စုံသည့် အတည်ပြုချက်ကို သူ တွေ့ရှိခဲ့ပါသည်။
သိုင်းသူတော်စင်ဖြစ်စေ, နတ်ဘုရားတွေပင် ဖြစ်နေပါစေ, စိတ်ဆန္ဒသန်မာသည့် တစ်စုံတစ်ယောက်၏ ဝတ်ပြု ကိုးကွယ် မှု သို့မဟုတ် နံ့သာတိုင် ထွန်းညှိ၍ ကိုးကွယ်ခြင်းကို လက်မခံနိုင်ကြပါဘူး။ သို့မဟုတ်ပါက, သူတို့၏ စိတ်ဝိညာဉ်တွေ ပြိုကွဲသွားပါလိမ့်မယ်။
"ကောင်းပြီ! ငါတို့ မြို့ထဲသွားရအောင်။ ဝေလဲ့ကို အရင် ဂုဏ်ဆောင်ခွင့် ပေးလို့မဖြစ်ဘူး။” လီလဲ့ကို ထိန်းချုပ်ပြီးနောက်၊ ဟုန်ယွိက အမိန့်ပေးပြီး၊ ရာနှင့်ချီသော လူများသည် ချက်ချင်း ထွက်ခွာကာ ဧရာမဝေလငါးကျွန်းမြို့တော်သို့ ချီတက်ခဲ့ ကြသည်။ "လီလဲ့…, ဝေလဲ့နဲ့အတူ တခြား ဘယ်သူတွေ ရှိသေးလဲ” ဟုန်ယွိက ပြေးလွှားရင်းဖြင့် အခုလေးတင် သူ ထိန်းချုပ်ထားသော လီလဲ့ကို မေးသည်။ သူသည် လီလဲ့၏ ကိုးကွယ်မူကို လက်ခံပြီးနောက် မျက်စိတစ်မှိတ်အတွင်းမှာ လီလဲ့၏ ဘဝအတွေ့အကြုံများကို သိရှိခဲ့သော်လည်း၊ ဟုန်ယွိသည် ၎င်းတို့အား မှတ်သားရန် မကြိုးစားခဲ့ပေ။ ယင်းအစား, သူသည် ထိုအကြောင်းတွေကို လုံးဝ မေ့ထားခဲ့ပါသည်။
ဤသည်မှာ အတိတ်သုတ္တန်၏ နည်းစနစ်တစ်ခုလည်း ဖြစ်သည်။
ဆန့်ကျင့်ဘက်အနေဖြင့်, အကယ်၍, သူသည် တခြားလူများ၏ ဘဝအတွေ့အကြုံများကို ပြန်လည်သတိရပြီး၊ အကြောင်းအရာများစွာကို သင်ယူနိုင်ကာ၊ ထိုနားလည်သမျှကို သူ့ကိုယ်ပိုင် စိတ်ဝိညာဉ်ထဲ ပေါင်းစပ်လိုက်မည်ဆိုလျှင်, တခြားလူများ၏ သိုင်းပညာနှင့်ပတ်သက်၍ ဘဝတစ်သက်တာ အတွေ့အကြုံများကိုတောင် နားလည်နိုင်သော်လည်း, အချိန်ကြာလာသည်နှင့်အမျှ ကောင်းကျိုးထက် ဆိုးကျိုးတွေ ပိုများလာပါလိမ့်မည်။ သူသည် စိတ်အခြေအနေ ပြောင်းလဲ ဖြင့်များပင် အဆုံးသတ်သွားနိုင်ပါသည်။
"ဝေ့လဲ့ဘေးမှာ တာအိုပညာရှင် နှစ်ယောက်ရှိတယ်။ သူတို့ဟာ တစ်ချိန်တုန်းက ဖန်ရှင်းတာအိုဂိုဏ်းရဲ့ အစွန့်ပစ်ခံ တပည့်တွေပဲ။ တစ်ယောက်က ရှောင်ရှန်လို့ခေါ်ပြီး၊ နောက်တစ်ယောက်ကတော့ ရှောင်ယုတဲ့။ သူတို့နှစ်ယောက်ကို လျှော့တွက်လို့ မရဘူး။ သူတို့ဟာ အရင်တုန်းက ဖန်ရှင်းတာအိုဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင် ရှောင်အန်းရန်ရဲ့ တပည့်တွေ ပဲ။ ဒါပေမယ့်, နောက်ပိုင်းမှာ သူတို့က တိတ်တဆိတ် လက်ထပ်ခဲ့လို့ နှင်ထုတ်ခံခဲ့ရတာ။ သူတို့နှစ်ယောက်က မီးလျှံ အဆောင်တွေနဲ့ အဂ္ဂိရတ်ပညာရပ်တွေမှာ ကျွမ်းကျင်ကြတယ်။ သူတို့က အရာဝတ္ထုတွေကို ပုံဖော်နိုင်ပြီး၊ နေ့ရောညပါ ခရီးသွားနိုင်တယ်။ သူတို့က အရမ်းအစွမ်းထက်တယ်။ သူတို့အပြင်, ဝေလဲ့ဘေးမှာ မဟူရာအစောင့်တပ်က ခေါင်းဆောင် ငါးဦးလည်း ရှိသေးတယ်။ သူတို့အားလုံးက ဆေဘာပညာရပ်တွေမှာ နက်ရှိုင်းစွာ ကျွမ်းကျင်ကြပြီး၊ ရှင်တန်သိုင်းသခင် နယ်ပယ်ထဲ ဝင်ရောက်ခါစ ဖြစ်သည့်တိုင်, ဒီလူငါးယောက်သာ ပူးပေါင်းတိုက်ခိုက်ပါက ကျွန်တော်လည်း ဘာမှ တတ်နိုင်မှာ မဟုတ်ဘူး။ ဒါ့အပြင် ဝေလဲ့ကိုယ်တိုင်ကလည်း မဟာပညာရှင်တစ်ဦး ဖြစ်တယ်။ မင်း သတိထားရမယ်။” ဟုန်ယွိ၏ယုံကြည်မှုကို တိုးလာစေရန်အတွက် လီလဲ့က ဝေလဲ့၏ပတ်ဝန်းကျင်ရှိ အင်အားစုများကို လျင်မြန်စွာ ပြောပြပါသည်။ (မဟာပညာရှင်ဟူရာ၌ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ် တစ်သားတည်း ပေါင်းစပ်နိုင်သည့် ကျွမ်းကျင်သူများ ကို ဆိုလိုပါသည်)။
"ဝေလဲ့ရဲ့ ဆေဘာပညာရပ်ကို ငါ မြင်ဖူးတယ်။ အဲဒါက မယုံနိုင်လောက်အောင်ပဲ။ တကယ်ကို အစွမ်းထက်တယ်။" ဟုန်ယွိသည် ပစိတ်ဖိတ်ရေတပ်၏ ကိုယ်ခံပညာခန်းမမှာ ကြုံတွေ့ခဲ့ရသည့်နေ့ကို ပြန်သတိရမိသည်။ ဝေလဲ့၏ ဆေဘာ နည်းစနစ်သည် ငွေရောင်ဘောလုံးကဲ့သို့ ဖြစ်ပြီး ရေပက်တောင် မဝင်နိုင်ပေ။
"ဒါတင်မကဘူး၊ သူက ငါ့ရဲ့ ဆေဘာဓားဝန်း ပညာရပ်ကိုလည်း လေ့ကျင့်ထားတယ်။ သူက ထက်မြက်ပြီး အင်အားတွေ အများကြီး ထိန်းချုပ်ထားနိုင်ခဲ့တယ်။ သူ့ရဲ့ အစစ်မှန် အစွမ်းထက် ဆေဘာပညာရပ်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ က ယွန်မင်အင်ပါယာရဲ့ ဆေဘာသူတော်စင် ဂွန်ယန်ယုထံကနေ ဆင်းသက်လာတဲ့ မိုးကြိုးဆေဘာကျမ်းပဲ။ အဲဒီဆေဘာ ပညာရပ်ဟာ ဆေဘာရဲ့ အဖျက်စွမ်းအားကို လုံးဝ အာရုံစိုက်ထားတယ်။ နားလည်သဘောပေါက်မူ, သို့မဟုတ် ခန္ဓာကိုယ် သန့်စင်ရခြင်းမျိုး မရှိပေမယ့် အဖျက်စွမ်းအားကတော့ မြေကြီးပြိုကွဲလောက်တယ်။ ပိုပြီး ကြောက်စရာ ကောင်းတာက သံမဏိကို ရွှံ့လို ဖြတ်တောက်နိုင်တဲ့ သူ့ရဲ့ ဖြိုခွဲခြင်းဆေဘာပဲ။ ဘယ်နတ်လက်နက်မဆို ခုတ်ပိုင်းမိတာနဲ့ ဖြတ်သွားလိမ့်မယ်..."
"ရှင်တန်သိုင်းသခင် ကျွမ်းကျင်သူ ငါးယောက်။ တာအိုနည်းပညာ ကျွမ်းကျင်သူနှစ်ယောက်။ လက်ရွေးစင် သိုင်းသခင် အသေခံတပ်သား တစ်ရာကျော်။ သူကိုယ်တိုင်က စိတ်ဝိညာဉ်နဲ့ခန္ဓာကိုယ် တစ်တားတည်းဖြစ်ပြီး၊ မဟာဆရာသခင် နယ်ပယ်ထဲ ခြေလှမ်း တစ်ဝက်ခန့် ဝင်ရောက်ထားတဲ့ မဟာပညာရှင်တစ်ဦး၊ ပြီးတော့ စစ်သည် ၅၀၀၊ ဒီစာရင်းက တကယ်ကို အစွမ်းထက်လွန်းတယ်။ ခင်ဗျားကိုယ်တိုင်ကလည်း ရှင်တန်သိုင်းသခင် ကျွမ်းကျင်သူတစ်ယောက်ပဲ။ ဒီအင်အားနဲ့ဆို၊ လူထောင်ပေါင်းများစွာ ထိပ်တိုက်ရင်ဆိုင်ကြတဲ့ ယွန်မင်အင်ပါယာ စစ်တပ်နဲ့ တော်ဝင်ချန် စစ်တပ်ကြား တိုက်ပွဲမြေပြင် မှာတောင် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်တယ်။ ဝေလဲ့က ဒီလောက် ရင်းနှီးမြုပ်နှံထားတာ လား။”
ဟုန်ယွိသည် ဤအင်အားကို ကြားသောအခါ တုန်လှုပ်သွားသည်။
ဝေလဲ့၏အင်အားက တကယ်ကို ကြီးမားလွန်းပါသည်။ အကယ်၍, သူတို့အားလုံးသာ အခုချိန်မှာ သူ့ကို တိုက်ခိုက်လာ မည်ဆိုပါလျှင်, သူ ခံနိုင်ရည်ရှိမှာ မဟုတ်ပါဘူး။ အကယ်၍, သူသည် သူ့တာအိုပညာရပ်များကို အသုံးပြုပြီး၊ တားဆီးထား မည်ဆိုလျှင်ပင်, သူ၏လက်အောက်ငယ်သားများသည် သေချာပေါက် ပျောက်ကွယ်သွားပါလိမ့်မည်။
စကားစမြည် ပြောဆိုရင်း, သူတို့သည် ဧရာမဝေလငါးကျွန်းမြို့တော်၏ မြို့တံခါးများဆီသို့ ရောက်ရှိလာကြသည်။
ပေါက်ကွဲနေသော မြို့တံခါးများကို ကြည့်ရင်း ဟုန်ယွိသည် ယမ်းအနံ့ကို ရှူရှိုက်မိသည်။ ထို့နောက် သူသည် တစ်ဝက် တစ်ပျက် ဖြတ်ပိုင်းခံထားရသော သံချပ်ကာဝတ် စစ်သည်နှစ်ဦးကို ကြည့်ကာ၊ သူ့စိတ်ထဲတွင် ပို၍ပင် သတိထားလာခဲ့ သည်။
လမ်းတစ်လျှောက်တွင် လူသေအလောင်းများကို နေရာအနှံ့ပြားမှာ တွေ့နေရ၏။ ၎င်းတို့ထဲ အများစုသည် အနက်ရောင် ဝတ်လူများ ဖြစ်သည်။ ၎င်းတို့သည် ဧရာမဝေလငါးကျွန်း၏ ပင်လယ်ဓားပြတွေဖြစ်ကြောင်း ထင်ရှားပါသည်။
ဧရာမဝေလငါးကျွန်း မြို့တော်၏ အတွင်းပိုင်းကို တော်ဝင်ချန်၏ ပုံစံဖြင့် တည်ဆောက်ထားသည်။ အုတ်,သစ်သားတို့ဖြင့် ဆောက်လုပ်ထားသော အိမ်တွေ၊ စားသောက်ဆိုင်တွေ၊ ပိုးထည်ဆိုင်များနှင့်အတူ အခြားဆိုင်တွေလည်း ရှိနေပါသည်။ မြို့တော်သည် တော်ဝင်ချန်၏ သာယာဝပြောသော မြို့တစ်မြို့နှင့်တူသည်။
သို့သော် ယခုအချိန်တွင် လမ်းမများပေါ်တွင် အလောင်းများသာရှိပြီး၊ အသက်ရှင်သူ တစ်ယောက်မှ မရှိပါဘူး။
ဤအခိုက်တန့်တွင် ဟုန်ယွိသည် လမ်းတစ်လျှောက်မှ ထိုအရာတွေကို တန်ဖိုးထား သဘောကျနေဖို့ အချိန်မရှိပါဘူး။ သူသည် သူ့လူများကို ခေါ်ဆောင်ပြီး၊ ဧရာမဝေလငါးကျွန်းမြို့တော်၏ အလယ်ဗဟိုရှိ မြင့်မားသော စံအိမ်ကြီးဆီသို့ အမြန် ပြေးသွားခဲ့ကြသည်။
စံအိမ်ကြီးနှင့် နီးကပ်လာလေလေ၊ ဝမ်းနည်းကြေကွဲဖွယ်ရာ မြင်ကွင်းများက ပို၍ တွေ့မြင်ရလေပင်။ အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် ပင်လယ်ဓားပြများနှင့် ပစိဖိတ်ရေတပ်မှ စစ်သည်အများပြားသည် တိုက်ခိုက်နေကြပြီး၊ ဓားနှင့် ဆေဘာ အချင်းချင်း ထိပ်တိုက်တွေ့သည့် အသံတွေက ဆူညံနေကာ၊ မြေပြင်ပေါ်တွင် သွေးများက ထူထပ်စွာ ဖုံးလွှမ်းပြီး စီးဆင်းနေပါသည်။
"ဒီတိုက်ပွဲတွေကို စိတ်၀င်စားမနေနဲ့။ ငါ့နောက်ကနေ အလယ်ဗဟိုကို လိုက်ခဲ့ကြ" ဟုန်ယွိသည် သူ့ဘေးနားမှ ကျွမ်းကျင်သူများကို ဦးဆောင်ပြီး အော်ပြောလိုက်သည်။ လေပွေတစ်ခု တိုက်ခတ်သွားသကဲ့သို့ သွေးစွန်းနေသော လမ်းမအလယ်၌ လမ်းကြောင်းတစ်ခုကို ပွင့်သွားခဲ့သည်။ အသက်ဆယ်ရှိုက်စာ အချိန်တွင်းမှာ သူတို့သည် ဧရာမ ဝေလငါးကျွန်းမြို့တော်၏ နန်းတော်ကမ္ဗည်းပြားရှေ့ကို ရောက်ရှိလာကြပါသည်။
"ဧရာမဝေလငါးကျွန်း မြို့တော်ရဲ့ နန်းတော်လား။ သူတို့က နိုင်ငံတစ်ခု ထူထောင်ထားတာပဲ။” ဟုန်ယွိသည် ပစိဖိတ် ရေတပ်မှ ၎င်းတို့ကို ရှင်းလင်းသုတ်သင်ရန် လူပေါင်းများစွာ စုစည်းခဲ့ရသည့် အကြောင်းအရင်းကို ပို၍ရှင်းလင်းစွာ နားလည်ခဲ့ပါသည်။ သို့သော် သူသည် သူတို့ကို လျစ်လျူရှုကာ ဝံပုလွေတစ်ကောင်ကဲ့သို့ ပြေးထွက်သွားခဲ့သည်။
လမ်းတစ်လျှောက်တွင် အတားအဆီး မရှိသော်လည်း မြေပြင်တွင် လူသေအလောင်းများဖြင့် ပြည့်နှက်နေပါသည်။ အချို့ မှာ ပင်လယ်ဓားပြများ ဖြစ်ပြီး၊ အချို့မှာ ပစိဖိတ်ရေတပ်မှ ဖြစ်ကာ၊ အချို့ဆို မဟူရာအရိပ် သေမင်းတမန် အစောင့်များ ပင် ပါဝင်နေသည်။
နင်းမိသောအခါတွင် စေးကပ်သော သွေးများဖြင့် ဖုံးလွှမ်းနေပြီး၊ ယင်ကောင်များစွာကို စွဲဆောင်နေသည်။ ထူထဲသော သွေးရနံ့က အသက်ရှုရခက်စေသည်။ ဟုန်ယွိ၏ မျက်နှာသည် သွေးရနံ့ကြောင့် ဖြူဖျော့သွားခဲ့သည်။ သူ့ဗိုက်က အနည်းငယ် တုန်လာပြီး၊ ပြင်းထန်စွာ အော့အန်ချင်စိတ်ကိုပင် ခံစားလိုက်ရ၏။
ဧရာမဝေလငါးကျွန်းမြို့တော်၏ နန်းတော်သည် မြို့စားဝူဝမ်စံအိမ်ထက်ပင် ပိုကျယ်ဝန်းသည်။ သို့သော် ယခုအချိန်တွင် စောင့်ရှောက်မည့်သူ မရှိတော့ပေ။ ဟုန်ယွိနှင့် ကျန်လူများအားသည် အတွင်းပိုင်းကျဆုံး နေရာသို့ အလွယ်တကူ ပြေးဝင် လာကြသည်။
လေ့ကျင့်ရေး ကွင်းကြီးတစ်ခုက သူတို့ရှေ့မှာ ရုတ်တရက် ပေါ်လာပါသည်။
လေ့ကျင့်ရေး ကွင်းထဲမှာ သတ်ဖြတ်မှုတွေ ပြည့်နှက်နေ၏။
ဝေလဲ့သည် လူတစ်ရပ်နီးပါး ရှည်လျားသည့် ဆေဘာတစ်ချောင်းကို ကိုင်ဆောင်ထားသည်။ သူသည် အနက်ရောင် ဝတ်စုံဝတ် ကျွမ်းကျင်သူငါးယောက်နှင့် အနက်ရောင်ဝတ်စုံဝတ် လူနှစ်ယောက်ကို ဝန်းရံပြီး တိုက်ခိုက်နေသည်။
၎င်းတို့အပြင်, တာအိုပညာရပ်များကို ကျွမ်းကျင်သည့် အခြား အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့လည်း ရှိနေ သေးသည်။ အမျိုးသမီးက အမျိုးသားကို စောင့်ကြပ်ပေးနေပြီး၊ အမျိုးသားက မလှုပ်မယှက် ရပ်နေကာ၊ အနီးနားမှ ပင်လယ်ဓားပြတွေကို သတ်ဖြတ်ရင်း ပျံသန်းနေသော ဓားကို ထိန်းချုပ်နေသည်။
ဟုန်ယွိသည် ဝင်ရောက်လာပြီးနောက်, သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ "တန်းစီကြ…၊ အားလုံးကို သတ်ပစ်။ တစ်ယောက်မှ အသက်မရှင်စေနဲ့။” သူသည် အမိန့်ပေးပြီးသည်နှင့် သူ့ခန္ဓာကိုယ်က တုန်လှုပ်သွားပါသည်။ မက်မွန် နတ်ဘုရားဓားက အစိမ်းရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး တာအိုပညာရပ် ကျွမ်းကျင်သည့် ထိုအမျိုးသားနှင့် အမျိုးသမီးဆီသို့ ဉီးတည်သွားလေသည်။