အခန်း (၁၃၆-၁၃၉)
Vol. 11 Ch. 136-139
အခန်း (၁၃၆)။
ရွှတ်….၊ ရွှတ်….၊ ရွှတ်….။
ဧရာမဝေလငါးကျွန်း နန်းတော်၏ ရင်ပြင်ပေါ်မှာ အပြင်းအထန် တိုက်ခိုက်နေကြသည့် ပင်လယ်ဓားပြတွေအပြင် အရိပ် အစောင့်ရှောက်တွေ အားလုံးလည်း ကံမကောင်းခဲ့ကြပါဘူး။
အစပိုင်းမှာ အပြင်းအထန် တိုက်ပွဲဝင်နေကြသည့် ဤလူများသည် တဖြည်းဖြည်း လူစုခွဲသွားကြပါသည်။ အချို့အုပ်စုများ သည် စည်းကမ်းမဲ့ တိုက်ခိုက် သတ်ဖြတ်လာခဲ့ကြသည်။ ရုတ်တရက် လူနှစ်ရာမှ သုံးရာခန့်သည် တဟုန်ထိုး ဝင်ရောက် လာကြပြီး၊ အားလုံးက လေးများ, မြှားများ၊ ပျံသန်းနေသော ကျိုင်းကောင်ဒူးလေးများနှင့်အတူ လက်နက်အပြည့်စုံ ကိုင်ဆောင်ထားကြသည်။ ၎င်းတို့သည် မြှားတွေကို ကြုံရာကျပန်း ပစ်လွှတ်ပြီးနောက်၊ စစ်မြေပြင်သည် မည်သို့ တည်ငြိမ်မူ မပျောက်ဆုံးဘဲ နေမည်နည်း။
တခဏအတွင်းမှာပင် ဟုန်ယွိ၏ အပြေးအလွှား ဝင်ရောက်လာသော လူများသည် လူအများအပြားကို ဖြိုခွင်းခဲ့ပြီး၊ လမ်းကြောင်းရှင်းပေးသည်။
မဟူရာအရိပ် သေမင်းတမန် အစောင့်များသည် အဆင်ပြေ ကောင်းမွန်နေကြသေးသည်။ ၎င်းတို့အားလုံးသည် ကိုယ်ခံပညာတွင် ကျွမ်းကျင်ကြပြီး၊ အနက်ရောင်မြွေအရေခွံချပ်ဝတ်ကို ဝတ်ဆင်ထားသောကြောင့် မြှားများကို ပိတ်ဆို့ တားဆီးနိုင်စွမ်း ရှိကြသည်။ သို့သော် ပင်လယ်ဓားပြများ၏ ချပ်ဝတ်များသည် ကောင်းမွန်ခြင်း မရှိကြပါဘူး။ သူတို့အားလုံးသည် သားရေချပ်ဝတ်များကိုသာ ဝတ်ဆင်ထားသောကြောင့် မြှားများကို ပိတ်ဆို့တာားဆီးရန် ခက်ခဲကါ သည်။ ခြေလှမ်းတစ်ရာအတွင်းရှိ သူတို့အားလုံး သေဆုံးသွားကြသည်။
"ပစ်…၊ ပစ်….၊ ပစ်" ရန်ယင်မင်းက ထပ်ခါတလဲလဲ အမိန့်ပေးသည်။ မြှားတစ်လှိုင်းပြီးနောက် နောက်ထပ် မြှားလှိုင်း တစ်ခုက ထပ်မံ ဖြစ်ပေါ်လာသည်။ မြှားများသည် ကျိုင်းကောင်များကဲ့သို့ ထူထပ်စွာ ပျံသန်းသွားကာ၊ လူတွေကို လုံး၀ ဖရိုဖရဲ ဖြစ်သွားစေပါသည်။
မြှား အနည်းငယ် ပစ်လွှတ်ပြီးနောက်၊ မဟူရာအရိပ် သေမင်းတမန်အစောင့် အများအပြားလည်း သေဆုံးခဲ့ကြသည်။
အကယ်၍ ဟုန်ယွိ၏ စစ်သည်များသည် ထိုကဲ့သို့ အဆက်မပြတ် ပစ်ခတ်မှုကို ထိန်းထားနိုင်မည်ဆိုလျှင်, မည်သူမျှ ချဉ်းကပ်ဝံ့မည် မဟုတ်ပေ။ သို့ရာတွင်၊ လူတစ်ဦး၏ စွမ်းအားသည် အကန့်အသတ် ရှိပါသည်။ မြှားလှိုင်းသုံးကြိမ် ပစ်ခတ်ပြီးနောက် စစ်သည်များ၏ အင်အားသည် အားနည်းလာပါသည်။ ဆက်လက်ပစ်ခတ်ပါက လက်မောင်းများ ထုံကျင်လာကာ တဖက်ရန်သူက အားနည်းချက်ကို ရှာတွေ့သွားလိမ့်မည်။ တဖက်ရန်သူသည် မြှားတွေကို ရှောင်တိမ်းပြီး ရှေ့တက်လာပါက, သူတို့သည် တဖက်ရန်သူအပေါ် သနားညှာတာပေးရန် တောင်းခံရလိမ့်မည်။
"ရပ်…၊ လေးတွေကို ချပြီး၊ ဆေဘာဖွဲ့စည်းပုံကို အသုံးပြုကြ။” ရန်ယင်မင်းသည် မြှားလှိုင်းအနည်းငယ် ဆက်တိုက် ပစ်ခတ်မူက လူအများပြား သေဆုံးပြီး ခြေလှမ်းတစ်ရာအတွင်း ဧရိယာက ကွက်လပ်ဖြစ်နေသည်ကို မြင်လိုက်သည်။ သူသည် ချက်ချင်း အော်ပြောပြီးသည်နှင့်၊ စစ်သည်အားလုံးသည် ၎င်းတို့၏လေးများကို စွန့်လွှတ်ကာ ဆေဘာ ဖွဲ့စည်းပုံ အတိုင်း ဟုန်ယွိကို အလယ်ဗဟိုပြုကာ ကာကွယ်ကြသည်။
ထိန်းချုပ်ခံထားရသော လီလဲ့သည်လည်း သူ့အစွမ်းကို ထုတ်ဖော်ပြသရန် စိတ်အားထက်သန်နေခဲ့သည်။ သူသည် မြှားမိုးစဲသွားသည်နှင့်, စကားတစ်ခွန်းမှ မပြောဘဲ ဆေဘာကို ဆွဲကိုင်ရင်း တဟုန်ထိုး ပြေးထွက်သွားခဲ့သည်။ သူသည် ဘယ်ညာ ရှောင်တိမ်းကာ မဟူရာအရိပ် သေမင်းတမန်အစောင့် ဆယ်ယောက်ကျော်ကို ချက်ချင်း သတ်ပစ်လိုက်သည်။
ပုံမှန်းအတိုင်းဆို ဤမဟူရာအရိပ် သေမင်းတမန် အစောင့်များသည် မည်မျှပင် အားနည်းနေပါစေ, လီလဲ့သည် ၎င်းတို့ထဲမှ ဆယ်ယောက်ထက်မနည်းကို တပြိုင်တည်း သတ်ဖြတ်ရန်မှာ မဖြစ်နိုင်ပေ။
သို့သော် အိမ်တော်ထိန်းအဆင့်ရှိ ဝေစံအိမ်မှ ဤကျွမ်းကျင်ပညာရှင်ကြီးသည် ရုတ်တရက် ပြေးဝင်လာပြီး၊ သူ့လူများကို သတ်ပစ်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။ တုန်လှုပ်ချောက်ချားနေသည့် ထိုအခိုက်အတန့်လေးက သူတို့ အသက်တွေကို ဆုံးရှုံးသွားစေခဲ့သည်။
မူလက ဝေလဲ့သည် သူ့ဘေးမှာ မဟူရာအရိပ် သေမင်းတမန်အစောင့် တစ်ရာကျော် ထားရှိပါသည်။ သို့သော် ဟုန်ယွိကို သတ်ဖြတ်ရန် သွားခဲ့သည့် မဟူရာအရိပ် သေမင်းတမန်အစောင့် သုံးကျိပ်သည် အားလုံး သေဆုံးသွားခဲ့သည်။ အခု ထိပ်တိုက် ရင်ဆိုင်တွေ့ဆုံရာမှာ အများစုက မြှားဖြင့် ပစ်သတ်ခံခဲ့ရပြီး၊ ၎င်းတို့ထဲမှ ဆယ်ဦးကျော်သည် လီလဲ့၏ လျှပ်တပြက် သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ အခု အနည်းငယ်မျှသာ ကျန်ရှိတော့သည်။
သူ့စစ်သည်တွေ မြှားပစ်ခတ်နေချိန်မှာ, ဟုန်ယွိသည် သူ၏ ပျံသန်းနိုင်သော ဓားကို အသုံးပြုပြီး ဖန်ရှင်းတာအိုဂိုဏ်း၏ စွန့်ပစ်ခံ တပည့်နှစ်ယောက်ဖြစ်သည့် ရှောင်ရှန်နှင့် ရှောင်ယုကို တိုက်ခိုက်ခဲ့သည်။ ထိုတာအိုပညာ နှစ်ယောက်သည် သူ့အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုကြီး ဖြစ်နေခဲ့သည်။
တာအိုပညာရှင်များကသာလျှင် တာအိုပညာရှင်များကို တန်ပြန် ထိန်းချုပ်နိုင်သည်။
ဟုန်ယွိ၏ လက်ရှိအင်အားသည် လုံလောက်အောင် မသန်မာသေးပါ။ သူ့ဝှက်ဖဲက သူ့တာအိုပညာရပ်ဖြစ်ပြီး၊ ထို့ကြောင့် သာ သူသည် လီလဲ့ကို ယှဉ်နိုင်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍, သူ့တာအိုပညာရပ်သည် ထိန်းချုပ်ခံထားရပြီး၊ သူ့လက်အောက်ငယ်သားများဖြင့် ဝေလဲ့၏ အစွမ်းထက်သော အင်အားစုကို ထိပ်တိုက်ရင်ဆိုင်ပါက, သူတို့သည် ကြက်ဉများကဲ့သို့ ချက်ချင်းပင် ပြိုကွဲသွားပါလိမ့်မည်။
ကျန်သည့် အရာအားလုံးကို မဆိုထားနှင့်, ရှင်တန်သိုင်းသခင် ကျွမ်းကျင်ပညာရှင်ငါးဦးနှင့် မဟူရာ သေမင်းတမန် အစောင့်များ၏ ခေါင်းဆောင်တို့ကပင် ကိုင်တွယ်ဖြေရှင်းရန် လုံလောက်သည်ထက် ပိုနေပါသည်။
ရှောင်ရှန်နှင့် ရှောင်ယုတို့ကို လျင်မြန်စွာ ဖယ်ရှားခြင်းဖြင့်သာ အခြေအနေကို ထိန်းချုပ်နိုင်ပြီး အောင်ပွဲခံနိုင်ပါလိမ့်မည်။
"ဘယ်သူလဲ…..၊ သေမင်းကို ရှာနေတာလား…”
အော်ပြောလိုက်သည့် ထိုအမျိုးသမီးသည် ရှောင်ရှန်ကို ဘေးမှ စောင့်ရှောက်နေသည့် ရှောင်ယု ဖြစ်သည်။ သူမသည် မူလကတည်းက လုံးဝ အာရုံစူးစိုက်ပြီး စောင့်ရှောက်နေသည်။ တစ်စုံတစ်ယောက် ချဉ်းကပ်လာသည်ကို မြင်တွေ့သည် နှင့် အဆောင်စာရွက်က ချက်ချင်း ပျံထွက်ပြီး၊ ထိုလူ၏ ခန္ဓာကိုယ်ပေါ်သို့ အရိပ်တစ်ခုလို လိုက်ကပ်သွားလိမ့်ည်။ ထို့နောက် အဆောင်က ပေါက်ကွဲပြီး ထိုလူကို သွေးစွန်းနေသော မြူခိုးများအဖြစ်သို့ ပြောင်းလဲပစ်မည် ဖြစ်သည်။ ယခုလို အခြေအနေမျိုးမှာ ပင်လယ်ဓားပြတွေတောင် ချဉ်းကပ်မလာရဲကြပါဘူး။
အဆုံးတွင်, ရက်စက် ကြမ်းကြုတ်ကြသည့် ပင်လယ်ဓားပြများသည် တာအိုနည်းပညာနှင့် မီးလျှံအဆောင်များကို အလွန် ကြောက်လန့်ကြပါသည်။
သို့သော် ဟုန်ယွိသည် ဤတစ်ကြိမ်တွင် မက်မွန်နတ်ဘုရားဓား၏ တစ္ဆေအင်မော်တယ် စွမ်းအားကို အသုံးပြု၍၊ သူ၏ ပျံသန်းနေသော ဓားကို အပြည့်အဝ ထိန်းချုပ်နေခဲ့သည်။ ဓားအလင်းသည် ပျံသန်းသွားကာ၊ အစိမ်းပုပ်ရောင် ဓားချီကို ဆွဲထုတ်ပြီး မရပ်မနား ပျံသန်းသွားခဲ့သည်။
ဝှီး…။
မီတာသုံးဆယ် ရှည်လျားသော အစိမ်းပုပ်ရောင် အလင်းတန်းတစ်ခုက ရုတ်တရက် ဖြတ်ကျော်သွားသည်။ ရှောင်ယုသည် သူမလက်ကို အမြန်ဝှေ့ယမ်းလိုက်ပြီး၊ မီးလျံအဆောင်တစ်ခုက စိမ်းပုပ်ရောင် အလင်းတန်းဆီသို့ ပျံသန်းသွားခဲ့သည်။ အလင်းတန်းနှစ်ခုသည် အချင်းချင်း အပြင်းအထန် တိုက်မိပြီး ကောင်းကင်ကို တုန်လှုပ်စေသည့် ကျယ်လောင်သော ပေါက်ကွဲအသံတစ်ခု ထွက်ပေါ်လာသည်။ ဆာလဖာနှင့် ယမ်းမှုန့်အနံ့က ဧရိယာတစ်ခုလုံး ပျံ့နှံ့သွားသည်။
ဟုန်ယွိ၏ ဓားအလင်းသည် ထိုမီးလျှံအဆောင်ကြောင့် အနည်းငယ် တုန်ခါသွားသော်လည်း ဓား၏အရှိန်က မလျှော့ဘဲ ဆက်လက် ဖြတ်တောက်သွားခဲ့သည်။
"ဒီအဆောင်က ကြောက်စရာကောင်းတယ်…" ထိုအမျိုးသမီး ပစ်လွှတ်လိုက်သည့် အဆောင်သည် ယင်စိတ်ဝိညာဉ်ဖြင့် အရာဝတ္ထုကို ဖန်တီးထားခြင်း မဟုတ်ဘဲ၊ လျှို့ဝှက်လက်နက်တစ်ခုဟု ဟုန်ယွိ နားလည်ပါသည်။ အပြင်းအထန် တိုက်မိသည့်အခါ အတွေးတစ်ချက်ဖြင့် ဖောက်ခွဲပစ်နိုင်သည်။
ထို့အပြင်၊ ဖန်ရှင်းတာအိုဂိုဏ်း၏ အဆောင်သည် မာကြောသော ကဒ်ပြားတစ်ခုနှင့် တူသည်။ ၎င်းကို ပစ်လွှင့်ချိန်မှာ လျင်မြန်စွာ လည်ပတ်ပြီး ပျံသန်းသွားလိမ့်မည်။
သို့သော် ထိုအဆောင်၏ စွမ်းအားသည် သတ်ဖြတ်နိုင်သော်လည်း ပေါက်ကွဲမီးလျှံအဆောင်ဓား၏ စွမ်းအားနှင့် ယှဉ်ပါက, တစ်ရာခိုင်နှုန်းပင် မရှိပေ။ ၎င်းသည် မက်မွန်နတ်ဘုရားဓားကို မည်သို့ ဖျက်ဆီးနိုင်မည်နည်း။ အတွင်းမှ ဟုန်ယွိ၏ စိတ်ဝိညာဉ်ကိုလည်း တုန်ခါအောင် မလုပ်နိုင်ခဲ့ပေ။
ဓားအလင်းက သူမခန္ဓာကိုယ်ကို ထိမှန်ခါနီးဖြစ်နေပြီကို မြင်လိုက်ရတော့ ရှောင်ယု၏ မျက်နှာက ဖြူဖျော့သွားခဲ့သည်။
ဤအရေးကြီးသော အခိုက်တန့်တွင် ရုတ်တရက် ဓားအလင်းတန်းတစ်ခုက ပြေးဝင်လာခဲ့ပြီး၊ အစိမ်းပုပ်ရောင် အလင်းတန်းကို ကြားဖြတ် တိုက်ခိုက်လိုက်သည်။
ထိုဓားအလင်းတန်းသည် ရှောင်ရှန်၏ စိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲမှ ထွက်ခွာပြီး၊ ထိန်းချုပ်ထားသည့် ပျံသန်းနိုင် သော ဓားဖြစ်ပါသည်။
"ဒီသစ်သားဓားရှည်က ငါ့ကိုရင်ဆိုင်ဖို့ သတ္တိရှိတယ်ပေါ့။ ချိုးဖျက်စမ်း…" ဟုန်ယွိသည် သူ့ကို တားဆီးထားသည့် ပျံသန်းနိုင်သော ဓားက အနီရောင်စစ်စစ်ဖြစ်ပြီး သစ်သားပုံစံ ပေါက်နေသည်ကို တွေ့လိုက်ရသည်။ ထိုသစ်သားဓား တုန်ခါသွားစဉ်အခါမှာ, သတ္တုသံများ ထွက်ပေါ်လာသည်။ ၎င်းသည် ထူးဆန်းသော သစ်ပင်တစ်ပင်၏ သစ်သားအမြုတေ ဖြစ်ကြောင်း သူသိသည်။
ဤပျံသန်းနိုင်သော ဓားမျိုးသည် မူလက ကောင်းမွန်သော ပစ္စည်းတစ်ခုဖြစ်သော်လည်း၊ မက်မွန်နတ်ဘုရားဓားကဲ့သို့ နတ်လက်နက်နှင့် မည်သို့ နှိုင်းယှဉ်နိုင်မည်နည်း။
ဟုန်ယွိသည် အပြင်းအထန် တိုက်ခိုက်မိချိန်မှာ, သူသည် လရောင်ဝံပုလွေဓားသိုင်းမှ ရစ်ပတ်ခြင်းသိုင်းကွက်ကို အသုံးပြု ပြီး၊ ပြန်လှည့်ကာ ပြိုင်ဘက်၏ဓားကို ကပ်ထားသည်။ ထိုကဲ့သို့ လိုက်လံတိုက်ခိုက်ချိန်မှာ တဖျစ်ဖျစ်မြည်သံတွေ ထွက်ပေါ်လာပြီး၊ ပြိုင်ဘက်၏ ပျံသန်းနိုင်သော ဓားသည် အစိပ်စိပ်မွှာမွှာ ပြိုကွဲသွားခဲ့သည်။
ဓား ကျိုးပဲ့သွားသည်နှင့် ဓားနှင့်ပေါင်းစပ်ပြီး ဓားအတွင်းမှာ ပုန်းကွယ်နေသော စိတ်ဝိညာဉ်က ပေါ်လာပါသည်။
ထိုစိတ်ဝိညာဉ်သည် ရှောင်ရှန်၏ စိတ်ဝိညာဉ်ဖြစ်ပြီး၊ ၎င်းသည် သူ၏ခန္ဓာကိုယ်နှင့် အတိအကျ တူညီသည်။ ဓား ဖျက်ဆီးခံရချိန်မှာ စိတ်ဝိညာဉ်က ထွက်ပေါ်လာခြင်း ဖြစ်သည်။ စိတ်ဝိညာဉ်သည် မက်မွန်နတ်ဘုရားဓားကို ကြည့်ရင်း အော်ပြောလိုက်သည် “ယွမ်ယန်ပုဆိန်”။
သူ ဟစ်အော်လိုက်စဉ်မှာ, ဟုန်ယွိသည် သူ့ပတ်ဝန်းကျင် လေထုက တဆတ်ဆတ် တုန်ခါလာပြီး၊ တစ်စုံတစ်ခုကို စုပ်ယူနေသည့်အလား ခံစားလိုက်ရသည်။ ထို့နောက် ထိုရှောင်ရှန်၏ စိတ်ဝိညာဉ်သည် လုံးလုံးလျားလျား ပေါ်လွင်လာ ပါသည်။ ၎င်းသည် အမှန်ပင် အနက်ရောင် သလင်းကျောက်အတိုင်းပင်။
တစ်ချိန်တည်းဆိုသလို, သူ့လက်ထဲမှာ လှည်းဘီးအရွယ်စား ရှေးဟောင်း ပုဆိန်တစ်လက် ပေါ်လာပါသည်။
ပုဆိန်သည်လည်း အနက်ရောင်သလင်းကျောက်ကဲ့သို့ အနက်ရောင် ဖြစ်သည်။
ပုဆိန်အဖြစ်သို့ အသွင်ပြောင်းပြီး၊ သူ့ကိုယ်သူ ထုတ်ဖော်ပြသခြင်း….။ ထိုအဖြစ်ပျက်က တခဏအတွင်း ဖြစ်ပျက်သွား ခဲ့ပါသည်။
ပုဆိန်နှင့် မက်မွန်နတ်ဘုရားဓားတို့ အပြင်းအထန် တိုက်မိပြီး သတ္တုချင်း ထိခိုက်မိသံများ ထွက်ပေါ်လာသည်။ တဖျစ် ဖျစ်မြည်သံနှင့်အတူ ပုဆိန်ပေါ်တွင် အက်ကွဲကြောင်းများစွာ ပေါ်လာသော်လည်း ပြိုကွဲသွားခြင်း မရှိခဲ့ပေ။
"ဒီပုဆိန်ကို ဘာနဲ့လုပ်ထားတာလဲ။ သူ့ကိုယ်သူ ရုပ်လုံးဖော်ပြသနိုင်ဖို့ ဒီပုဆိန်ကို ငှားရမ်း အသုံးပြုနိုင်တာလား။ ဒါက အရမ်းကို အစွမ်းထက်ပြီး၊ ငါ့မက်မွန်နတ်ဘုရားဓားရဲ့ တိုက်ခိုက်မှုကိုတောင် ခံနိုင်ရည်ရှိတာလား။ ဒါပေမယ့် မင်း ကိုယ်တိုင်က ရုပ်လုံးဖော်ခြင်း နယ်ပယ်မှာပဲ ရှိနေတယ်။ ဒီတော့, ဒီနေ့ မင်း သေရလိမ့်မယ်။” ဟုန်ယွိသည် အနက်ရောင် သလင်းကျောက်ပုဆိန်ကို တစ်ချက်တည်းဖြင့် မဖျက်ဆီးနိုင်သော်လည်း မရပ်တန့်ခဲ့ပေ။ သူသည် ချက်ချင်းပင် သူ့ဓား အရှိန်ဟုန်ကို တွန်းထုတ်ပြီး ဓားရိပ်အလွှာတွေ ထွက်ပေါ်လာသည်။ တခဏအတွင်းမှာပင် ဓားအရိပ်များသည် ရှောင်ရှန် ကို အကြိမ်တစ်ရာကျော် တိုက်ခိုက်ခဲ့ပါသည်။ တုန်ခါအသံနှင့်အတူ, သူ၏ အနက်ရောင် သလင်းကျောက် ခန္ဓာကိုယ် သည် ကွဲအက်သွားခဲ့သည်။
"ဘယ်လောက် အစွမ်းထက်လိုက်လဲ။ ယွန်ယန်တာအိုပညာရပ်ဟာ ကောင်းကင်နဲ့ မြေကြီးကို ထက်ခြမ်းခွဲခဲ့တဲ့ ယွမ်ယန် တာအိုသခင် သန့်စင်ထားတဲ့ ပညာရပ်ပဲ။ ဒီပညာရပ်ကို ကျွမ်းကျင်စွာ တတ်မြောက်ပြီးတာနဲ့ အနှစ်သာရက အနန္တ တန်ခိုးရှင် ကောင်းကင်နဂါးဗောဓိသတ္တကျမ်းရဲ့ အစွမ်းထက် သာလွန်ပေလိမ့်မယ်။” တိုက်ခိုက်နေစဉ် အတွင်းမှာ, ဟုန်ယွိသည် ဖန်ရှင်းတာအိုဂိုဏ်း၏ စွန့်ပစ်ခံတပည့် ရှောင်ရှန်သည် ကြီးမားသော စိတ်ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ထား ကြောင်း ခံစားခဲ့ရသည်။ အကယ်၍, သူသာ တစ္ဆေအင်မော်တယ်တစ်ပါး၏ စွမ်းအားကို ပိုင်ဆိုင်ထားခြင်း မရှိပါက, သူသည် ရှောင်ရှန်၏ စိတ်ဝိညာဉ် စွမ်းအားကို ဖိနှိပ်နိုင်စွမ်းမရှိမှာပင် စိုးရပါသည်။
ပြိုင်ဘက်၏ စိတ်ဝိညာဉ် အသွင်သဏ္ဍာန်ကို ဖျက်ဆီးပြီးနောက်၊ ဟုန်ယွိ၏ဓားစွမ်းအားသည် နစ်မြုပ်သွားခဲ့ပြီး၊ ထောင်ပေါင်းများစွာသော ဓားအရိပ်များနှင့်အတူ ပေါက်ကွဲထွက်လာခဲ့သည်။ ယခုတစ်ကြိမ်မှာတော့ ရှောင်ရှန်နှင့် ရှောင်ယုတို့သည် အချိန်မီ မတားဆီးနိုင်ခဲ့ဘဲ သူတို့၏ ခန္ဓာကိုယ်များကို ချက်ချင်း ထိုးဖောက်သွားခဲ့ပါသည်။
အလောင်းနှစ်လောင်းသည် သွေးများ စီးကျလာပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။
သူတို့၏ နတ်ဘုရား စိတ်ဝိညာဉ်နှစ်ခုသည် ချက်ချင်း ထွက်ပြေးသွားကြသည်။
"ဟုန်ယွိ၊ ငါတို့ မင်းကို တကယ်ကို မသတ်နိုင်ခဲ့ဘူး။ အဲဒီအစား မင်းက ငါတို့ကို ထိခိုက်ဒဏ်ရာရအောင် လုပ်ဆောင်နိုင်ခဲ့ တယ်။ တကယ်လို့, ငါတို့သာ ဒီအကြောင်းကို ကြိုသိခဲ့မယ်ဆိုရင်, ငါတို့အနေနဲ့ မင်းကိုသတ်ဖို့ လီလဲ့နောက်ကို လိုက်ခဲ့မိလိမ့်မယ်။ မင်းက တာအိုနည်းစနစ်တွေကို သိရှိပြီး၊ ဒီလောက်မြင့်မားတဲ့ အဆင့်မှာရှိနေဖို့ ငါ မျှော်လင့်မထား ဘူး။ ဒါပေမယ့် မင်း စောင့်နေပါ။ အစ်ကို ရှန်၊ လမ်းခွဲကြစို့…..။”
စိတ်ဝိညာဉ်နှစ်ခု ထွက်ပြေးသွားသောအခါ ရှောင်ယုဟုခေါ်သော မိန်းကလေးသည် အော်ပြောလိုက်ပြီး၊ တစ်ယောက်က တောင်အရပ်နှင့် တစ်ယောက်က မြောက်အရပ်သို့ လျင်မြန်စွာ ပျံသန်းသွားကြသည်။
"ထွက်ပြေးချင်လား, မင်းတို့ ထွက်ပြေးနိုင်မှာလား။” ဤလူနှစ်ဦး၏ ကျင့်ကြံမှုသည် တစ္ဆေအင်မော်တယ် နယ်ပယ်သို့ မရောက်သေးဘဲ ၎င်းတို့၏ရုပ်ခန္ဓာကိုယ်များ ပျက်စီးသွားပြီးနောက်၊ ၎င်းတို့သည် ကြာရှည်စွာ မရှင်သန်နိုင်တော့ ကြောင်း သူသိသော်လည်း, သူသည် ဤအရေးကြီးသော အချိန်ကာလတွင် သူတို့ကို လွှတ်ထားနိုင်မည် မဟုတ်ပေ။
မက်မွန်နတ်ဘုရားဓားသည် အလွန်မင်း မြန်ဆန်စွာ ပျံသန်းသွားခဲ့ပြီး၊ လျှပ်တစ်ပြက်အတွင်းမှာ ရှောင်ယုကို မှီသွားခဲ့ သည်။
“မဟာနေမင်းရွှေကိုယ်ထည် ယာကရှာနတ်ဆိုးဘုရင်” ဟုန်ယွိသည် သူ့ဓားကို ဝှေ့ယမ်းပြီး၊ လက်သီးတစ်ချက် ထိုးထုတ် သည်။ သူ့တစ်ကိုယ်လုံး မီးလျှံတွေ ဖုံးလွှမ်းသွားပြီး၊ သူသည် သံမဏိမှိန်းကို ထုတ်ဖော်ပြီး ရှေ့ကို ထိုးလိုက်ပါသည်။ ရှောင်ယုသည် အော်ဟစ်ပြီး၊ ပျံသန်းနေသော သူမ၏ စိတ်ဝိညာဉ်က ချက်ချင်း ပျက်စီးသွားခဲ့သည်။
ရှောင်ယုကို သတ်ဖြတ်ပြီးနောက် ဟုန်ယွိသည် တဖက်သို့ ပြန်လည် ပျံသန်းသွားခဲ့သည်။ အနည်းငယ် ပျံသန်းပြီးနောက်, သူသည် ရှောင်ရှန်ကို မှီသွားခဲ့ပြီး၊ သံမဏိမှိန်းဖြင့် ထပ်မံ ထိုးပြန်သည်။
ရှောင်ရှန်သည် ရှောင်တိမ်းပြီး ထပ်ခါတလဲလဲ ဝှေ့ယမ်းလှုပ်ရှားနေသော်လည်း ဟုန်ယွိလောက် မမြန်ခဲ့ပါဘူး။ သူသည် သူ့ကိုယ်သူ ရုပ်လုံးဖော်ထုတ်ရန် အတင်းအကြပ် တွန်းအားပေးခဲ့ပြီး၊ စွမ်းအင်များစွာကို သုံးစွဲခဲ့ရသည်။ သူ သတိလက် လွတ်ဖြစ်သွားသည့် အခိုက်တန့်မှာပင် သူသည် သံမဏိမှိန်းဖြင့် ထိုးခံလိုက်ရသည်။ ဘန်း..။ သူ့အတွေးက ပေါက်ကွဲသွား ပြီး အေးစက်သည့် လေပြင်းတစ်ချက် တိုက်ခတ်သွားကာ၊ သူ့စိတ်ဝိညာဉ်လည်း ပျက်စီးသွားခဲ့ပါသည်။
လူသားများအတွက် တာအိုပညာရပ်များကို ကျင့်ကြံနိုင်ရန် အလွန်မင်း ခက်ခဲပါသည်။ ဤရှောင်ယုသည် သူမ၏ ယင်စိတ်ဝိညာဉ်ကို ယင်သခင်အဆင့်အထိသာ လေ့ကျင့်နိုင်ခဲ့ပြီး၊ ရှောင်ရှန်းသည် သူမထက် နယ်ပယ်တစ်ခု မြင့်မားပြီး၊ ရုပ်လုံးဖော်ခြင်းနယ်ပယ်သို့ ရောက်ရှိနေခဲ့ပြီ။ (ယင်သခင်အဆင့်သည် အရာဝတ္ထုထိန်းချုပ်ခြင်းနယ်ပယ်ကို ရည်ညွှန်းပါ သည်။)
သူတို့၏အဆင့်တွင်၊ ၎င်းတို့သည် ကျွမ်းကျင်သူများဟု သတ်မှတ်နိုင်ကြသော်လည်း, သူတို့သည် ဟုန်ယွိ၏ ပြိုင်ဘက် မဟုတ်သေးပေ။
ဟုန်ယွိ၏ဓားသည် နတ်လက်နက်တစ်ခုဖြစ်ပြီး၊ သူ၏တာအိုနည်းစနစ်သည် အမြင့်မြတ်ဆုံးဖြစ်သည့် အတိတ်ကျမ်းဂန် ဖြစ်သည်။ သူသည် ဖန်ရှင်းတာအိုဂိုဏ်း၏ စွန့်ပစ်ခံ တပည့်နှစ်ယောက်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ရန် မလိုအပ်ပေ။
၎င်းတို့နှစ်ဦးကို သံမဏိမှိန်းဖြင့် ဖြိုခွဲပြီးနောက်၊ ဟုန်ယွိသည် သူ့ကိုယ်သူ ရုပ်လုံးဖော်ပြသခြင်းကို ရုပ်သိမ်းပြီး၊ မက်မွန် နတ်ဘုရားဓားထဲသို့ ပြန်ဝင်လိုက်ပါသည်။ ထို့နောက် သူသည် လေ့ကျင့်ရေး ကွင်းပြင်သို့ ပျံသန်းသွားကာ သူ့ယင်စိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်လာခဲ့ပြီး၊ မျက်လုံးတွေကို ဖွင့်လိုက်ပါသည်။
တာအိုနည်းစနည်း ကျွမ်းကျင်သူ နှစ်ဦးကို ရင်ဆိုင်ပြီးနောက်တွင် သူသည် ချက်ချင်းပင် စိတ်အေးလက်အေး ဖြစ်သွားခဲ့ သည်။
ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်သည့် ခံစားချက်တစ်ခုက ဟုန်ယွိ၏ နှလုံးသားထဲမှာ အပြည့်အဝ ဖြစ်ပေါ်လာပါသည်။
"ဒီလိုအချိန်မျိုးမှာ ရက်စက်ကြမ်းကြုတ်တဲ့ လူတစ်ယောက်ဖြစ်ဖို့ကလွဲပြီး ငါ့မှာလည်း ရွေးချယ်စရာ မရှိခဲ့ဘူး။" ပြဿနာ ကြီးနှစ်ခုကို ကိုင်တွယ်ဖြေ ရှင်းပြီးနောက်၊ ဟုန်ယွိသည် မြေပြင်ပေါ်မှာ လဲကျနေသည့် ရှောင်ရှန်းနှင့် ရှောင်ယုတို့၏ အလောင်းများကို ကြည့်ရင်း ခေါင်းယမ်းလိုက်မိသည်။ ဤလူများသည် ဝေလဲ့၏လူများ ဖြစ်ပြီး၊ အကယ်၍, သူသာ ရက်စက်စွာ မကိုင်တွယ်ပါက, တဖက်လူ၏ သတ်ဖြတ်ခြင်း ခံရပေလိမ့်မည်။
အရင် တိုက်ခိုက်သူများသည် အသာစီးရကြပြီး၊ နောက်ပိုင်းမှ တိုက်ခိုက်သူများသည် ကြီးကြီးမားမား ခံစားကြရသည်။ ဤသည်မှာ မိုးကောင်းကင်၏ ဥပဒေသဖြစ်ပြီး ယုတ္တိဗေဒလည်း ဖြစ်သည်။
ဟုန်ယွိသည် အချို့သောအရာများကို တဖြည်းဖြည်း သင်ယူနေသည်ဟု ခံစားမိသည်။ သူသည် ယုတ္တိဗေဒကို နားလည် ရုံသာ နားလည်သည့် ပညာရှင်တစ်ယောက်မဟုတ်တော့သလို၊ လွန်ခဲ့သော တစ်နှစ်ကျော်က ဝူဝမ်မြို့စားစံအိမ်ကြီးတွင် ကြက်တစ်ကောင်ကို ဖမ်းရန်ပင် ခွန်အားမရှိသည့် ပညာရှင်တစ်ဦးလည်း မဟုတ်တော့ပေ။
"ဒါက တိုးတက်လာတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်..."
သူ့လက်ကို ကြည့်လိုက်ရင်း ဟုန်ယွိသည် သက်ပြင်းချလိုက်သော်လည်း၊ ထိုခံစားချက်ကို မျိုသိပ်ထားလိုက်ပြီး၊ သူ့မျက်လုံးတွေက ကွင်းပြင်အခြေအနေကို စူးစိုက်ကြည့်လိုက်ပါသည်။
ယခုအချိန်တွင် ကွင်းပြင်အတွင်းမှာ တိုက်ပွဲများက ရပ်တန့်နေခဲ့ပါပြီ။
ဝေလဲ့ဘက်တွင် သူကိုယ်တိုင်အပါဝင် သေမင်းတမန် ခေါင်းဆောင် သုံးဦးသာ ကျန်တော့သည်။ စုစုပေါင်း လေးဦးသာ ကျန်ရစ်တော့ပြီး၊ အစောင့်တပ်သား အားလုံး သေဆုံးသွားခဲ့ပြီ။
ပင်လယ်ဓားပြတွေ ဘက်မှာလည်း, အနည်းငယ်မျှသာ ကျန်တော့ပြီး၊ မြေပြင်ပေါ် ဟိုတစ်စုသည်တစ်စု ပြန့်ကျဲနေကာ၊ သူတို့သည် ဆေဘာတွေကို ကိုင်ဆောင်ထားရင်း အနက်ရောင်၀တ်စုံဝတ် ခေါင်းဆောင်နှစ်ယောက်ဘေးသို့ ဆုတ်ခွာ သွားကြသည်။
ဤအခိုက်အတန့်တွင်၊ ရွှေနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် ခေါင်းဆောင်နှစ်ဦးသည် ရှန်ထိုက်ဇူထက်ပင် အရပ်မြင့် နေကြောင်းကို ဟုန်ယွိသည် ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ တစ်ယောက်က ထိပ်ပြောင်ပြီး အသားရေက အဝါရောင် သမ်းနေကာ၊ သူ့မျက်ခုံးကလည်း အဝါရောင်ပင်။ သူ့လက်ထဲမှာ ဇလုံအဝလောက် အထူရှိသည့် သံမဏိတုတ်ချောင်းကို ကိုင်ဆောင်ထားပြီး၊ သံမဏိတုတ်၏ အစွန်းနှစ်ဖက်တွင် ရွှေနက်ရောင် ကြိုးကွင်းများ ရှိနေသည်။
ဤလက်နက်သည် ဗုဒ္ဓဘာသာ၏ လက်နက်ဖြစ်ကြောင်းကို ဟုန်ယွိ သိထားသည်။ အစွန်းနှစ်ဖက်ရှိ ရွှေနက်ရောင် ကြိုးကွင်းများဖြင့် ရန်သူ၏ဓားများကို ပိတ်ဆို့ရန် အသုံးပြုကြသည်။ ထိုသို့မဟုတ်ဘဲ ချောမွေ့နေသည့် သံတုတ်ဖြင့် ဓားတွေကို ခုခံပါက, ဓားက အလွယ်တကူ လျောတိုက်သွားပြီး၊ လက်ချောင်းတွေကို ဖြတ်တောက်သွားနိုင်ပါသည်။ သို့သော် ကြိုးကွင်းများဖြင့်ဆိုပါက ဓားကို ပိတ်ဆို့ထားနိုင်ပါသည်။
ထိုခေါင်းဆောင်သည် မျက်လုံးပြူးပြီး၊ ခေါင်းက ဆူထွက်နေကာ၊ အဝါရောင် မျက်ခုံးမွှေးနှင့်အတူ ရပ်နေသော ဝက်ဝံ တစ်ကောင်ကဲ့သို့ ကြီးမားသော ခန္ဓာကိုယ်ရှိသည်။ သူသည် သေမျိုးဘုံသို့ ဆင်းသက်လာသော ဗာဂျရာ စစ်သည်တော် တစ်ဦးနှင့်ပင် တူနေသည်။ ဤလူသည် ပင်လယ်ဓားပြများ၏ ခေါင်းဆောင်၊ ဧရာမဝေလငါးကျွန်း၏ သခင်တစ်ဦး ဖြစ်သည့် မျက်ခုံးဝါဗုဒ္ဓ ဖြစ်ကြောင်း ဟုန်ယွိ သိထားသည်။
တခြား ခေါင်းဆောင်တစ်ဦးက ပိန်ပိန်ပါးပါး ဖြစ်သည်။ သူသည် ကာဇယာဝတ်ရုံ ဝတ်ဆင်ထားသော်လည်း သူ့ဆံပင်တွေ ကို သရဖူတစ်ခုအသွင် စည်းထားပြီး၊ လေးထောင့် ခေါင်းစည်းပဝါတစ်ထည်ကို ၀တ်ဆင်ထားသည်။ သူသည် ကွန်ဖြူးရှပ် ပညာရှင်တစ်ဦးနှင့်တူပြီး သူ့လက်ထဲတွင် ဓားရှည်တစ်ချောင်းကို ကိုင်ထားသည်။ သူက ဝင့်ကြွားစွာ မတ်တပ် ရပ်နေပြီး သူ့ဓားရှည်မှ ရှည်လျားသော စူးစူးရှရှအသံများ ထွက်ပေါ်နေသည်။ ဤလူသည် ဧရာမဝေလငါးကျွန်း၏ တတိယ ကျွန်း သခင် ဂန်လင်း ဖြစ်သည်။ ငွေကုန်သည်များအသင်းမှ သတင်းအချက်အလက် များအရ၊ ဤတတိယမြောက် ကျွန်းသခင် သည် လိမ္မာပါးနပ်ပြီး၊ ကိုယ်ခံပညာအရာတွင် ကျွမ်းကျင်သည်။ သူသည် စာမေးပွဲ ကျရှုံးဖူးသည့် ပညာရှင်တစ်ဦး ဖြစ်ခဲ့ပုံရပြီး "ကောင်းကင်ဓားပညာရှင်" ဟူသော အမည်ပြောင်ကို ရရှိထားသည်။
သို့သော် ဟုန်ယွိ၏ အကြည့်တွေက ဝေလဲ့အပေါ်သို့ ကျရောက်သွားခဲ့သည်။
"လီလဲ့…၊ ခင်ဗျားက ကျုပ်ကို သစ္စာဖောက်ခဲ့တာလား။" ဒီအခိုက်တန့်မှာ ဝေလဲ့က သူ့ဖြိုခွဲခြင်းဆေဘာကို မြှောက်လိုက် ပြီး လီလဲ့ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေသည်။
“သခင်လေးဝေ, မင်းက ဂုဏ်သိက္ခာတစ်ခုအတွက်နဲ့ ငါ့ကို သတ်ချင်နေတာလား။ ဒါပေမယ့် ငါက မင်းဆန္ဒရှိသလို အလွယ်တကူ နင်းချေလို့ရတဲ့ ပျော့ပျောင်းတဲ့ ပန်းသီးတစ်လုံး မဟုတ်ဘူးလို့ မင်း မျှော်လင့်မထားဘူး မဟုတ်လား။” ဟုန်ယွိက ဝေလဲ့ကို ကြည့်ကာ ရုတ်တရက် ရယ်မောလိုက်သည်။
"အဲဒီတော့ ဘာဖြစ်လဲ။ မင်း ငါ့ကိုသတ်ရဲတယ်လို့တော့ မပြောနဲ့နော်။ စစ်တပ်က မကြာခင် ရောက်လာတော့မှာ။ အားလုံးက စောင့်ကြည့်နေကြလိမ့်မယ်။ မင်းမှာ သတ္တိမရှိဘူးလို့ ငါ ထင်တယ်။” ဝေလဲ့၏ မျက်လုံးထဲတွင် အေးစက်စက် အပြုံးရိပ်တစ်ခု ပေါ်လာသည်။
"ဟီး…၊ ဟီး…၊ ဟီး…၊ အခုလို သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်လေး ဝေ။” လီလဲ့က ရုတ်တရက် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ပြောသည် "စစ်တပ်မရောက်လာခင်, ငါတို့က မင်းနဲ့ အချိန်ဖြုန်းနေမှာ မဟုတ်ဘူး။ ငါလီလဲ့က မျက်မြင်သက်သေအဖြစ် ရပ်တည်ပြီး၊ မင်းက လောဘကြီးပြီး အဆင်ခြင်မဲ့ လှုပ်ရှားခဲ့တာကြောင့် မျက်ခုံးဝါနဲ့ ဂန်လင်း တို့ရဲ့ သတ်ဖြတ်ခြင်းခံခဲ့ရတယ်။ ဒီကိစ္စက သခင်လေး ဟုန်ယွိနဲ့ ဘာမှ မသက်ဆိုင်ဘူးဆိုတဲ့အကြောင်း သက်သေ ထွက်ဆိုပေးမယ်”။
အခန်း (၁၃၇)။
"လီလဲ့….၊ မင်း ... ကောင်းပြီ ကောင်းပြီ၊ ကောင်းပြီလေ။ ဟုန်ယွိ ငါ မင်းကို လျှော့တွက်မိခဲ့တယ်။ လူတော်တော် များများကလည်း မင်းကို လျှော့တွက်ခဲ့ကြတယ်။”
လီလဲ့၏စကားကို ကြားတော့ တောင်ပြည်နယ်ခုနှစ်ခု၏ ဘုရင်ခံသားဖြစ်သူ ဝေလဲ့သည် ဒေါသအလွန် ထွက်ပြီး၊ သွေးအန်လုနီးပါး ဖြစ်သွားခဲ့သည်။ နဂိုက ကျောက်စိမ်းနှင့်တူသော သူ့မျက်နှာသည် ယခုအခါ သွေးနီရောင် သမ်းနေ သည်။ သို့သော် သူ့မျက်လုံးထဲတွင် ပြင်းထန်သော အလင်းတန်းတစ်ခု လင်းလက်လာပြီးနောက် ချက်ချင်းပင် တည်ငြိမ် သွားခဲ့သည်။ ဤအချက်က သူ၏ လေးနက်သည့် တည်ငြိမ်မှုကို ပြသနေပါသည်။
သူသည် လက်ထဲမှ ဆေဘာကို လှုပ်ယမ်းကာ၊ သူ့ကျောကို အနည်းငယ် ဖြောင့်မတ်စွာ ထားလိုက်၏။ သူ့တစ်ကိုယ်လုံး က ပေအနည်းငယ် ပိုမြင့်လာပုံရပြီး၊ သူ့တစ်ကိုယ်လုံးထံမှ အကန့်အသတ်မဲ့၊ ခံ့ညားပြီး ပြင်းထန်သော သတ်ဖြတ်လိုသည့် အငွေ့အသက်များ ထွက်ပေါ်လာပါသည်။
ထိုဆေဘာကို လှုပ်ခါလိုက်သည်နှင့် နေရာတစ်ခုလုံး တဝှီးဝှီး အော်မြည်သံများ ထွက်ပေါ်လာပါသည်။ လူတစ်ရပ်နီးပါး ရှည်သည့် ထိုဖြိုခွဲခြင်းဆေဘာသည် ကြီးမားသော ဉာဏ်ရည်ဉာဏ်သွေးနှင့် အသက်ပြန်ရှင်လာပုံရပြီး၊ ရောက်ရှိနေသူ လူတိုင်းကို သတ်ဖြတ်တော့မည့်ပုံပင်။
"ယွန်မင်က ဆေဘာသူတော်စင် ဂွန်ယန်ယုဟာ တစ်ချိန်တုန်းက မရေမတွက်နိုင်တဲ့ ကျွမ်းကျင်တွေကို သတ်ဖြတ်ဖို့ အတွက် ဒီဖြိုခွဲခြင်းဆေဘာကို အသုံးပြုခဲ့ပြီး၊ မရေမတွက်နိုင်တဲ့ လူတွေရဲ့သွေးတွေနဲ့ ဆေဘာကို ယဇ်ပူဇော်ခဲ့တယ်။ ဒီဆေဘာမှာ စိတ်ကူးနဲ့တောင် မခန့်မှန်းနိုင်တဲ့ သတ်ဖြတ်ခြင်း အငွေ့အသက်တွေ ဖုံးလွှမ်းနေပြီး၊ တစ္ဆေသရဲတွေ, နတ်ဘုရားတွေကိုတောင် နောက်ပြန်ဆုတ်အောင် လုပ်ဆောင်နိုင်စွမ်းရှိတယ်။ မင်းက တာအိုပညာရပ်ကို ကျင့်ကြံထား တာကြောင့် ငါ မင်းကို မသတ်နိုင်ဘူးလို့ ထင်နေတာလား။"
ဝေလဲ့ပြောသည့် စကားလုံးတိုင်းမှာ ဆေဘာက ပို၍ပို၍ပင် တုန်ခါလာပါသည်။ တုန်ခါမှုတစ်ခုစီနှင့်အတူ၊ နေရာ တစ်ခုလုံးကို ထိတ်လန့်တုန်လှုပ်သွားစေလောက်သည့် သတ်ဖြတ်ခြင်း အငွေ့အသက်တွေက ပိုမိုပြင်းထန်လာခဲ့သည်။
"လီလဲ့ဟာ ငါတို့ ဝေမိသားစုအပေါ် အနှစ် ၃၀ ကျော်ကြာ တာဝန်ထမ်းခဲ့တယ်။ သူက သစ္စာရှိခဲ့ပြီး ဘယ်တော့မှ အမှားအယွင်း မရှိခဲ့ဖူးဘူး။ သူက အမြဲတမ်း ငါ့လူယုံတစ်ယောက် ဖြစ်ခဲ့တယ်။ မျက်လုံးတစ်မှိတ်အတွင်းမှာပဲ, သူက ငါ့ကို သစ္စာဖောက်ပြီး၊ မင်းနဲ့ ပူးပေါင်းသွားခဲ့တယ်။ ဒါပေမယ့် ဒီနေ့ သူ ငါ့ကို ဒီလိုဆက်ဆံရင်၊ မနက်ဖြန်မှာ မင်းကိုလည်း ဒီအတိုင်း ဆက်ဆံလိမ့်မယ်။ ဒါပေမယ့် ဟုန်ယွိ, မင်း ဒီနေ့ ဒီအခြေအနေကို ထိန်းချုပ်နိုင်နေပြီလို့ မင်း ထင်နေတယ် မဟုတ်လား။ ကံမကောင်းစွာပဲ၊ ကျွန်းသခင် မျက်ခုံးဝါနဲ့ ကျွန်းသခင် ဂန်လင်းတို့က သူတို့ရဲ့ တိုက်ခိုက်ရေး စွမ်းအားတွေ မဆုံးရှုံးသေးဘူး။ ငါတို့ သုံးယောက်စလုံးက သုံးပွင့်ဆိုင် ထိပ်တိုက် ရင်ဆိုင်ရမယ့် အခြေအနေမှာ ရှိနေတယ်။ မင်းက စစ်တပ်မရောက်လာခင်မှာ ငါတို့အားလုံးကို သတ်ပစ်ပြီး စံအိမ်ကြီးက ရတနာတွေကို လုယူဖို့ ကြံစည်နေတာလား။”
သတ်ဖြတ်ခြင်း အငွေ့အသက်က လွန်ကဲစွာ မြှင့်တက်လာခဲ့သည်။
ဝေလဲ့သည် ဆေဘာကို ရပ်ကာ၊ ဖြောင့်တန်းစွာ ရပ်နေရင်း လီလဲ့၏သစ္စာဖောက်မှုကို ဂရုမစိုက်ဟန်ဖြင့် ရယ်မောလိုက် သည်။
"ခေါင်းဆောင်ကောင်း တစ်ဦးပဲ၊ ဒီဝေလဲ့က ကိုင်တွယ်ဖို့ မလွယ်ဘူး" ဝေလဲ့သည် ချက်ချင်းပင် ငြိမ်သက်ပြီး ရယ်မောနေ သည်ကို ဟုန်ယွိက ကြည့်နေသည်။ သူ့စကားက လီလဲ့ကို နှိုးဆွပေးနိုင်ရုံသာမက ပင်လယ်ဓားပြခေါင်းဆောင် နှစ်ဦးကိုလည်း ကြားဝင်စွက်ဖက်ရန် သိမ်မွေ့စွာ လှုံ့ဆော်ပေးခဲ့သည်။
"ဟား…၊ ဟား…၊ ဟား… သေခြင်းတရားကနေ ပြန်လည် ထမြောက်နိုင်မယ်လို့ ငါ မမျှော်လင့်ထားဘူး။”
မျှော်လင့်ထားသည့်အတိုင်းပင် ဝေလဲ့၏ စကားများက လူအုပ်ကြီးကို အပြောင်းအလဲ ဖြစ်စေပါသည်။
ဝက်ဝံတစ်ကောင်ကဲ့သို့ ခွန်အားကြီးမားသော မျက်ခုံးဝါသည် ရုတ်တရက် နားကန်းလောက်သည့် အသံဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး၊ သူ့လက်ထဲက သံမဏိတုတ်ကြီးကို မြေကြီးထဲသို့ ထိုးစိုက်လိုက်သည်။ ဘုန်း….၊ သံတိုင်ကြီးတစ်ခုကို ထိုးစိုက်လိုသည့်အလား လေ့ကျင့်ရေး ကွင်းကြီးပေါ်က ကျောက်တုံးကြီးတွေ ကွဲအက်သွားခဲ့သည်။
ထိုလှုပ်ရှားမှု၏ စွမ်းအားက လူတွေကို ခြိမ်းခြောက်ဖို့ လုံလောက်ပါသည်။
ဟုန်ယွိသည် ဤမျက်ခုံးဝါ၏ ကိုယ်ခံပညာကို အချိန်အတော်ကြာ လေ့လာနေခဲ့သည်။ အခြားအရာတွေကို မဆိုထားနှင့်, မြေပြင်ပေါ်တွင် အသားပြားများ ဖြစ်သည်အထိ ရိုက်နှက်ခံရသော မဟူရာသေမင်းတမန်အစောင့် အများအပြားသည် သူ့ လက်ချက် ဖြစ်ပါသည်။
"မင်းတို့နှစ်ယောက်က ကမ္မကုသိုလ်အတွက် တိုက်ခိုက်ချင်တာဆိုတော့ ကျေးဇူးပြုပြီး အရင်တိုက်ခိုက်ကြပါ။ ငါတို့ ဝင်မစွက်ဖက်ဘူးလို့ ကတိပေးတယ်။” ဝေလငါးကျွန်း, ပင်လယ်ဓားပြများ၏ တတိယခေါင်းဆောင် ဂန်လင်းက သူ့လက်ထဲမှ အဖိုးတန်ဓားကို လျှပ်တပြက် ပြန်ထည့်ရင်း၊ ဤကိစ္စက သူနှင့် ဘာမှမဆိုင်သလို စိုးရိမ်စိတ်လည်း မရှိသည့် အတိုင်း ဟုန်ယွိနှင့် ဝေလဲ့တို့ကို အေးအေးဆေးဆေး ကြည့်လိုက်ပါသည်။
သို့သော်, အကယ်၍, ဟုန်ယွိနှင့် ဝေလဲ့တို့သာ တိုက်ကြမည်ဆိုလျှင်, သူသည် အခွင့်အရေးကို စောင့်မျှော်ပြီး သေချာပေါက် တိုက်ခိုက်ပါလိမ့်မည်။
ကွင်းပြင်အခြေအနေက ချက်ချင်းပင် သိမ်မွေ့လာသည်။
ဝေလဲ့၏အင်အားများသည် အလွန်အားနည်းသွားသော်လည်း၊ သူ့ဘေးတွင် မဟူရာသေမင်းတမန် ခေါင်းဆောင် သုံးဦး ရှိနေဆဲ ဖြစ်သည်။ သူတို့အားလုံးသည် ရှန်တန်သိုင်းသခင် ကျွမ်းကျင်သူများ ဖြစ်ကြပြီး၊ ၎င်းတို့၏လက်ထဲမှ ဖြိုခွဲခြင်းဆေဘာ၏ စွမ်းအားနှင့်အတူ, ၎င်းတို့သည် အမှန်တကယ် လျှော့တွက်၍ မရနိုင်ပေ။
ဝေလငါးကျွန်းဘက်တွင် ခေါင်းဆောင်နှစ်ဦးဖြစ်သည့် မျက်ခုံးဝါနှင့် ဂန်လင်းတို့အပြင် အသက်ရှင်ကျန်ရစ်သည့် ကျွမ်းကျင်သူအချို့ ရှိနေသေးပြီး၊ ၎င်းတို့သည် တိုက်ခိုက်ရန် အခွင့်အရေးကို စောင့်ဆိုင်းနေကြသည်။
သူတို့ပုံစံတွေက ပြပွဲတစ်ခုကို စောင့်ကြည့်နေသည့်အတိုင်းပင်။ သူတို့သည် အခြေအနေကို အချိန်မရွေး အခွင့်ကောင်း ယူပြီး၊ အသင့်ပြင်ဆင်ထားသည်။ သူတို့၏အနေထားက ပို၍ပင် ကြောက်စရာကောင်းသည်။
"ငါတို့ ဘာလုပ်ကြမလဲ…"
ချီဇီယန်သည် လက်ရှိ အခြေအနေကို မြင်သောအခါ, သူသည် လှုပ်ရှားသင့်, မလုပ်ရှားသင့်ကို မသိတော့ပေ။ အကယ်၍, သူတို့ လှုပ်ရှားမည်ဆိုလျှင် အသေအပျောက် များလိမ့်မည်။ ဟုန်ယွိသည် ယခုအချိန်တွင် ဤမျှလောက် အရင်းနှီးနှင့် လူအင်အားသာ ရှိပါသေးသည်။ အကယ်၍, သူသည် သူ့လူအားလုံးကို ဆုံးရှုံးသွားမည်ဆိုလျှင်, သူ့ဆုံးရှုံးမှုက ကြီးမား လွန်းပါသည်။
ဟုန်ယွိသည် သူ့လက်ကိုမြှောက်ကာ၊ ချီဇီယန်ကို နှုတ်ဆိတ်နေဖို့ အချက်ပြလိုက်ပါသည်။ သူက ရှေ့တစ်လှမ်းတိုးပြီး ခေါင်းဆောင် နှစ်ယောက်ဖြစ်သည့် မျက်ခုံးဝါနှင့် ဂန်လင်းတို့ကို ကြည့်ပြီး အေးအေးဆေးဆေး ပြောသည် "ခင်ဗျားတို့ နှစ်ယောက် အခုအချိန် ထွက်သွားရင် အချိန်မနှောင်းသေးဘူး။ ပင်မတပ်တွေ ရောက်လာရင် ခင်ဗျားတို့ ထွက်သွားလို့ မရတော့ဘူး။ ခင်ဗျားတို့က ကျုပ်အပေါ် အခွင့်ကောင်းယူနိုင်မယ်လို့ တကယ် ထင်နေတာလား။ အများဆုံး, ကျုပ်က ဝေလဲ့ကို မသတ်နိုင်ရုံပဲ။ နောက်ပိုင်း ကျုပ်က သူနဲ့အတူ ပူးပေါင်းပြီး ခင်ဗျားတို့ကို တိုက်ခိုက်မယ်ဆိုရင်, ခင်ဗျားတို့ အနေနဲ့ သင်္ချိုင်းမြေမရှိဘဲ ချက်ချင်း သေသွားလိမ့်မယ်။”
"အားလုံး အနီးကပ်စုစည်းပြီး၊ တိုက်ပွဲဝင်ဖို့ အသင့်ပြင်ထား။ ပင်မစစ်တပ် ရောက်လာတာကို စောင့်ပါ။”။
ဟုန်ယွိသည် စကားပြောနေစဉ်, သူက နောက်ထပ်အမိန့်တစ်ခု ထုတ်လိုက်ပါသည်။ သူ့လက်အောက်က စစ်သည်များ သည် တညီတညွတ်တည်း ကြွေးကြော်ပြီး၊ အတူတကွ စုစည်းကာ ဆေဘာဖွဲ့စည်းပုံတစ်ခုအဖြစ် ပြင်ဆင်လိုက်ပါသည်။
“ကောင်ပြီလေ..... ဟုန်ယွိ၏ စကားကိုကြားတော့ ကောင်းကင်ဓားပညာရှင် ဂန်လင်းက ဟုန်ယွိကို စူးရှသော မျက်လုံးတစ်စုံဖြင့် စိုက်ကြည့်နေသည်။
"ဘာလဲ…၊ ခင်ဗျားက ဒီအခွင့်အရေးကိုယူပြီး ထွက်မသွားချင်ဘူးလား။ မင်းက တကယ် မိုက်မဲတာလား၊ ဒါမှမဟုတ် မိုက်မဲချင် ဟန်ဆောင်နေတာလား။” ဟုန်ယွိက ရှေ့ကို နောက်တလှမ်း တိုးလိုက်ပါသည်။
"တနေ့ ငါတို့ စစ်မြေပြင်မှာ ပြန်ဆုံနိုင်ဖို့ မျှော်လင့်ပါတယ်" ကောင်းကင်ဓားပညာရှင် ဂန်လင်းက ရုတ်တရက် သူ့လက်ထဲ မှ ဓားကို နှိမ့်ချပြီး၊ သူ့ခန္ဓာကိုယ်ကို အနည်းငယ် ညွတ်ကာ ပြင်းထန်စွာ ပြန်ဆုတ်သွားခဲ့သည်။ ခြေလှမ်း အနည်းငယ် လှမ်းပြီးနောက် သူသည် ပျောက်ကွယ်သွားသည်။
"သွားကြရအောင်…" မျက်ခုံးဝါက အမိန့်ပေးပြီးနောက်, သူ့ခန္ဓာကိုယ်ကလည်း အပြင်းအထန် ဆုတ်ခွာသွားကာ ကျန်သည့် ကျွမ်းကျင်သူများကို ဦးဆောင်ခေါ်သွားခဲ့သည်။ ၎င်းတို့သည် သိုင်းပညာ လေ့ကျင့်ရေးကွင်း နောက်ဘေးကို ဖြတ်ကျော်ကာ သဲလွန်မကျန်ဘဲ ပျောက်ကွယ်သွားကြသည်။
"မင်း…." ဝေလဲ့သည် သူအားစိုက်ထုတ်က ဖန်တီးထားသည့် ထိပ်တိုက်ရင်ဆိုင်မှု အခြေအနေကို ဟုန်ယွိက စကားလုံး အနည်းငယ်ဖြင့် ချေဖျက်သွားသည်ကို မြင်သောအခါ ပြင်းထန်စွာ တုန်လှုပ်သွားပါသည်။
"မင်းက ငါ့ရှေ့မှာ ဆန့်ကျင်ဘက် အင်အားစုတွေကို ပေါင်းစပ်ဖို့ ကြိုးစားရဲတာလား။ ဝေလဲ့၊ ငါက မင်း ထမင်းစားတာ ထက် သမိုင်းနဲ့ စစ်ပညာစာအုပ်တွေ ပိုဖတ်ဖူးတယ်။" ဟုန်ယွိက ဖြည်းညှင်းစွာ ပြုံးပြီး သူ့လက်ကို ရုတ်တရက် မြှောက်လိုက်သည်" ညီအစ်ကိုချီ၊ ကောင်းကင်မြွေမြှားကိုးစင်းကို အသုံးပြု။ တိမ်ဖြူအကြီးကဲငါးယောက်, အနက်ရောင် သိမ်းငှက်, ရွှေရောင်သိမ်းငှက်, ငွေရောင်သိမ်းငှက်, ငွေလအစောင့်ရှစ်ဖော် ပျံသန်းနေသော ကျိုင်းကောင်ဒူးလေးတွေကို အသုံးပြုကြ…."
ဟုန်ယွိသည် ဤအမိန့်ကို မြန်မြန်ဆန်ဆန် ထုတ်ပြန်လိုက်သည်။ ပထမတော့, သူသည် ဝေလဲ့နှင့် ကျီစယ်ကာ စကားပြောချင်သည့် အလား ဖြည်းညှင်းစွာ ပြုံးပြလိုက်သေးသည်။ သို့သော်, သူသည် လူတိုင်း သတိမထားခင်မှာ ရုတ်တရက် သတ်ဖြတ်ရန် အမိန့်ထုတ်လိုက်ပါသည်။
သို့သော် ချီဇီယန်သည် ဟုန်ယွိ၏နောက်သို့ လိုက်နေသည်မှာ ကြာမြင့်ပြီဖြစ်သည်။ ထို့ကြောင့် သူသည် ဟုန်ယွိ၏ ရည်ရွယ်ချက်များကို အလွယ်တကူ ပိုင်းခြားသိမြင်နိုင်ပါသည်။ ဟုန်ယွိသည် အလွန်ပြတ်သားသော လူတစ်ယောက် ဖြစ်သည်။ သူသည် မည်သည့်အခါမှ အချိန်မဆွဲပေ။ အခုအချိန်မှာ အချိန်က အလွန်ကျဉ်းကြပ်နေသည်။ သူသည် မည်သို့ လျှင် အဓိပ္ပာယ်မဲ့စကားတွေဖြင့် အချိန်ဖြုန်းနေမည်နည်း။
ဟုန်ယွိက ပါးစပ်ကို လှုပ်လိုက်သည်နှင့် သူသည် ထိုးဖောက်သက်တန့်လေးကို ထုတ်လိုက်သည်။ လေးညှို့သံ ကိုးချက် ကြားပြီးနောက်၊ ကောင်းကင်မြွေမြှားကိုးစင်းသည် ရုတ်တရက် အနက်ရောင်အလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားပြီး ဖောက်ထွက်လာသည်။
“ယွမ်ယန်ကောင်းကင်ပုလဲ ဟင်းချိုကို သောက်သုံးပြီးနောက်၊ သူ၏ ရုပ်ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် အလွန်တိုးမြင့်လာခဲ့ သည်။ သူ၏ကြွက်သားများနှင့် အရိုးများသည် သန်မာပြီး၊ ယခင်ကလို မဟုတ်တော့ဘဲ ကောင်းကင်မြွေ မြှားကိုးစင်းကို အလွယ်တကူ အသုံးပြုနိုင်သည်။ ယခင်ကဆို သူသည် ကောင်းကင်မြွေ မြှားကိုးစင်းကို အသုံးပြုပြီးနောက် သူ၏ ကြွက်သားများနှင့် အရိုးများ တင်းမာလာသည့်အခါ ပြန်လည်ကောင်းမွန်လာရန် ရက်ပေါင်းများစွာ အနားယူရန် လိုအပ် သည်။
"လျှပ်တပြက် မိုးကြိုးစက်ဝိုင်း"
ထိုအချိန်တွင် ဝေလဲ့သည် စကားပြောရန် အချိန်မရှိတော့ပေ။ ဟစ်ကြွေးသံနှင့်အတူ သူ့ခန္ဓာကိုယ်ရှိ ကြွက်သားများနှင့် အရိုးများမှ တုန်ခါအသံများ ထွက်ပေါ်လာကာ၊ သူ့လက်ကိုမြှောက်ပြီး ခုတ်ပိုင်းလိုက်သည်။
ထိုဆေဘာခုတ်ချက် စတင်သောအခါ, ဝေလဲ့သည် သူ့ခြေဖျားကို အနည်းငယ်ကို မြှောက်ထားပြီး၊ အရှိန်ဟုန်ဖြင့် မာန်သွင်းကာ ခေတ္တရပ်လိုက်ပါသည်။ ထို့နောက် သူသည် မိုးခြိမ်းသံနှင့်အတူ မြှားတစ်စင်းကဲ့သို့ ရှေ့သို့ အလျင်အမြန် ပစ်ဝင်သွားခဲ့သည်။ ဘန်း….၊ မြေပြင်ပေါ်ရှိ ကျောက်တုံးများ အားလုံး ကြေမွသွားကာ၊ ပေါက်ကွဲသံများက ကောင်းကင်ကိုပင် တုန်ခါစေခဲ့သည်။ ပေါက်ကွဲသံများက အမြောက်များကို အဆင့်ဆင့် ပတ်ခတ်လိုက်သည့်အလား ထင်မှတ်ရပြီး၊ စွမ်းအားက ကြောက်စရာကောင်းလွန်းသည်။
တစ်ချိန်တည်းမှာပင် သူ၏ ဆေဘာအလင်းသည် သူ့ခန္ဓာကိုယ်ကို ရစ်ပတ်နေသည့် လျှပ်စီးစပါးအုံး မြွေကြီးတစ်ကောင် ကဲ့သို့ သူ့ခြေရင်းမှ ဦးခေါင်းအထိ မြင့်တက်လာခဲ့သည်။
ချီဇီယန် ပစ်လွှတ်လိုက်သော ကောင်းကင်မြွေ မြှားကိုးစင်းသည် လျှပ်စီးစပါးအုံးမြွေကဲ့သို့ လှည့်ပတ်နေသော ဆေဘာ အလင်းတန်းကို ထိမှန်ပြီး၊ ချက်ချင်းပင် အပိုင်းများစွာအဖြစ် တွန့်လိမ်သွားကြသည်။
"ဒါက မိုးကြိုးလျှပ်စီးဆေဘာကျမ်းရဲ့ လျှပ်တပြက် မိုးကြိုးစက်ဝိုင်းအလင်း ခုတ်ချက်ပဲ ..."
လီလဲ့ အော်ပြောလိုက်ချိန်မှာ ဟုန်ယွိသည်လည်း ဝေလဲ့၏တိုက်ခိုက်မူ ဝင်ရောက်လာသည်ကို ခံစားမိပါသည်။ ထိုပညာရပ်သည် မြေပြင်ကို တစ်လက်မအထိ ကျုံ့သွားစေနိုင်သည့် လှုပ်ရှားမှုပညာတစ်ခု ဖြစ်ရုံသာမက, စိတ်ဆန္ဒ၊ သွေးအနှစ်သာရနှင့် အသက်ဓာတ်အားလုံးကို ဆေဘာအတွင်း၌ စုစည်းထားသကဲ့သို့ သူ့ဆေဘာဆန္ဒ၏ ထက်ရှမူနှင့် စိတ်ဝိညာဉ်က စူးရှပြီး အေးစက်နေ၏။
ဤဆေဘာပညာရပ်သည် အမှန်ပင် သာမန်ထက် ထူးခြားပါသည်။ ၎င်းတွင် ဆေဘာဆန္ဒနှင့် စိတ်ဝိညာဉ်တို့ ပါဝင်နေ သည်။ ဤဆေဘာသည် ယင်နတ်ဘုရားကိုပင် သတ်ဖြတ်နိုင်မည်ဟု ဟုန်ယွိ သံသယ မဝင်ပေ။
ကျောက်ဖေးရုန်၏ ကောင်းကင်ဘုံသေမင်းဘီးပင်လျှင် သူမ၏စိတ်ဆန္ဒကို ထိုလက်သီးပညာရပ်တွင် ပေါင်းစပ်ထားခြင်း မရှိသောကြောင့် ဤဆေဘာပညာရပ်ကဲ့သို့ ကြောက်စရာ မကောင်းပေ။
ထိုဆေဘာကို ရင်ဆိုင်ရင်း၊ နောက်ဆုံးတွင် ဟုန်ယွိသည် ဝေလဲ့ကို အားကိုးသည့်အရာကို နားလည်လိုက်ပါသည်။
တစ်ချိန်တည်းမှာပင်၊ ဟုန်ယွိသည် သိုင်းသူတော်စင်တစ်ပါး၏ လက်သီးပညာရပ်နှင့် သန့်စင်သော သတ်ဖြတ်ခြင်း သိုင်းပညာရပ်တစ်ခု၏ ကြောက်မက်ဖွယ်စွမ်းအားကို နားလည်သွားခဲ့ပါသည်။
ပျံသန်းနေသော ကျိုင်းကောင်ဒူးလေးသည် ထပ်ခါတလဲလဲ မြှားတံများကို ပစ်လွှတ်နေသော်လည်း ဝေလဲ့နှင့် သူ့အနားရှိ ကျွမ်းကျင်ပညာရှင် သုံးဦးကို လုံးဝ မတားနိုင်ခဲ့ပေ။
ဝေလဲ့၏ ဖြိုခွဲခြင်းဆေဘာသည် ဗြက်ကျယ်ပြီး ရှည်လျားကာ ဒိုင်းတစ်ခုအဖြစ် အသုံးပြုနိုင်သည်။ သူ့အနားရှိ ရှန်တန် သိုင်းသခင် ကျွမ်းကျင်သူများနှင့်အတူ, မြှားများကို ပိတ်ဆို့ပြီး၊ မရပ်မနား ရှေ့တက်လာခဲ့သည်။
ခြေလှမ်းသုံးဆယ်၊ ခြေလှမ်းနှစ်ဆယ်၊ ဆယ်လှမ်း။ မျက်စိတစ်မှိတ်အတွင်းမှာပင် စူးစူးရှရှ အေးစက်သည့် ဆေဘာဆန္ဒ၊ အေးစက်သည့် အငွေ့အသက်နှင့် လွှမ်းခြုံထားသည့် သတ်ဖြတ်လိုစိတ်က ဖွင့်မရလောက်အောင်ပင် ဟုန်ယွိ၏ မျက်လုံးများကို အပြင်းအထန် ထိုးဖောက်ဝင်ရောက်လာခဲ့သည်။
ဟုန်ယွိသည် လေဆင်နှာမောင်းကဲ့သို့ ဝှေ့ဝိုက်လည်ပတ်နေသော လေပြင်းမုန်တိုင်းနှင့် တောင်ကြီးကဲ့သို့ လေးလံစွာ ဖိနှိပ်လာသည့် သတ်ဖြတ်ခြင်း ဆေဘာဆန္ဒနှင့် ရောနှောနေသော လျှပ်စီးစပါးအုံးမြွေသဖွယ် ငွေရောင်အလင်းတန်း တစ်ခုကိုသာ မြင်လိုက်ရသည်။ ထိုအလင်းတန်းသည် မြန်လွန်းသဖြင့် ရှောင်တိမ်းရန် နည်းလမ်းမရှိပေ။
အကယ်၍, ဤဆေဘာအလင်းသာ လှိမ့်ဝင်သွားသည်နှင့် သူ့အုပ်စုသည် တခဏချင်း ကွဲထွက်သွားမည်ကို သံသယ သူ မရှိပေ။
ဤအရေးကြီးသော အခိုက်တန့်တွင်, သူ၏နတ်ဘုရား စိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်ထဲမှ ထွက်ခွာပြီး၊ မက်မွန် နတ်ဘုရားဓားကို ထိန်းချုပ်ထားမှသာ ဝေလဲ့၏ဆေဘာအရှိန်ဟုန်ကို ထိန်းချုပ်နိုင်ပါလိမ့်မည်။
"နတ်ဘုရား စိတ်ဝိညာဉ် အခွံထဲကထွက်…" အတွေးတစ်ခုဖြင့် ဟုန်ယွိ၏ ယင်စိတ်ဝိညာဉ်သည် သူ့ခေါင်းထိပ်မှ အလောတကြီး ထွက်သွားတော့မည် ဖြစ်သော်လည်း၊ ယခုတစ်ကြိမ်တွင် ပြဿနာတစ်ခု ရှိနေခဲ့ပါသည်။ ယင်းက ဝေလဲ့သည် တဟုန်ထိုး ပြေးဝင်လာခဲ့ပြီး၊ ထိုကြီးစိုးလွန်းသော ဆေဘာအရှိန်ဟုန်က ဟုန်ယွိ၏ နတ်ဘုရား စိတ်ဝိညာဉ် ကို သူ့အခွံမှ မထွက်လာနိုင်သည်အထိ စိတ်ဝိညာဉ် ဖိအားတစ်ခု ပေးနေခဲ့ပါသည်။
အကယ်၍ နတ်ဘုရား စိတ်ဝိညာဉ်သည် သူ့အခွံထဲမှ မထွက်ခွာနိုင်ပါက, သူသည် ဓားကို မထိန်းချုပ်နိုင်ဟု ဆိုလိုပါသည်။ အကယ်၍, သူသာ ဓားကို မထိန်းချုပ်နိုင်ဘူးဆိုလျှင်, အသတ်ခံဖို့ စောင့်ဆိုင်းနေရုံပဲ။
သူသည် မူလက အကြွင်းမဲ့ အသာစီးရခဲ့သော်လည်း နောက်ဆုံးတွင် ဝေလဲ့သည် စားပွဲကို မှောက်လှန်တော့မည်။
သို့သော်, ဤအရေးကြီးသော အခိုက်အတန့်တွင်၊ ဟုန်ယွိသည် သူ့ကျင့်ကြံမှုရလာဒ်ကို နောက်ဆုံးတွင် ပြသနိုင်ခဲ့ပါ သည်။
"အနန္တတန်ခိုးရှင် ကောင်းကင်နဂါး…." အနန္တတန်ခိုးရှင် ကောင်းကင်နဂါးကို အသုံးပြုလိုက်သည်နှင့်, သူ့နတ်ဘုရား စိတ်ဝိညာဉ်၏ စွမ်းအားသည် ချက်ချင်း မြင့်တက်လာခဲ့ပြီး ဆေဘာ၏ဖိအားကို တွန်းလှန်ကာ မက်မွန်နတ်ဘုရားဓားထဲ သို့ ဝင်ရောက်သွားခဲ့သည်။ မက်မွန်နတ်ဘုရားဓားသည် စိမ်းရောင်အလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားပြီး၊ ဆေဘာ အလင်းကို ရင်ဆိုင်တွေ့ဆုံရန် ဓားပုံရိပ်သဖွယ် ဓားချီကို ပစ်လွှတ်လိုက်ပါသည်။
ဆေဘာနှင့် ဓားတို့ အပြင်းအထန် ထိပ်တိုက်တွေ့ဆုံသည့် အသံသည် ချက်ချင်းပင် ပေါက်ကွဲထွက်လာခဲ့သည်။
အကြိမ်တစ်ရာကျော် အပြန်အလှန် ထိပ်တိုက် တွေ့ဆုံပြီးနောက်၊ ဟုန်ယွိ၏ အစိမ်းရောင် ဓားအရိပ်သည် ရှည်လျားပြီး ကြီးမားသော ဓားမျက်နှာပြင်တစ်ခု ဖြစ်ပေါ်လာပြီး၊ ဓားချီသည် ပေါက်ကွဲထွက်ကာ ဝေလဲ့နှင့် ရှန်တန်သိုင်းသခင် ကျွမ်းကျင်သူ သုံးဦးကို ပိတ်ဆို့လိုက်သည်။ သို့သော် ဝေလဲ့၏ ဆေဘာအရှိန်ဟုန်က ပို၍ ပြင်းထန်လာသည်။ အစိမ်းရောင်အလင်းသည် အမှန်တကယ်ပင် ၎င်းကို မထိန်းထားနိုင်တော့သည့် အရိပ်အယောင်များ ပြသလာနေသည်။
ချီဇီယန်နှင့် လီလဲ့တို့သည် အကြည့်ချင်း ဖလှယ်ကာ ဒေါသတကြီး ဟစ်ကြွေးလိုက်ကြပြီး၊ သူတို့၏ ဆေဘာများကို ဝှေ့ယမ်းကာ တိုက်ပွဲဝင်ခဲ့ကြသည်။
"ဒါက မိုးကြိုးလျှပ်စီးဆေဘာကျမ်းထဲက အဖျက်စွမ်းအားပြင်းထန်တဲ့ ဆေဘာပညာရပ်လား။ မျှော်လင့်ထားသလိုပဲ" ချီဇီယန်နှင့် လီလဲ့တို့ တိုက်ပွဲတွင် ပါဝင်လာသောကြောင့် ဟုန်ယွိသည် ချက်ချင်းပင် သက်တောင့်သက်သာ ရှိလာခဲ့ သည်။ သူ့ဓားအရှိန်ဟုန်သည် တစ်ဖန်ပြောင်းလဲသွားပြီး လရောင်ဝံပုလွေဓားသိုင်း၏ သတ်ဖြတ်ခြင်းဓားသုံးကွက်ကို အသုံးပြုခဲ့သည်။ ပြင်းထန်သော တိုက်ခိုက်မူနှင့်အတူ ဓားအလင်းသည် ဆေဘာ၏ကိုယ်ထည်နှင့် အပြင်းအထန် တိုက်မိပြီး ဖြိုခွဲခြင်းဆေဘာ၏ ဆေဘာအရှိန်ဟုန်တွင် ကြားဖြတ်သွားသည့် အပေါက်တစ်ခု ပေါ်လာသည်။
ဆေဘာအရှိန်ဟုန် ပြတ်တောက်သွားသည်နှင့် ဝေလဲ့၏မျက်နှာသည် ချက်ချင်း ဖြူဖျော့သွားခဲ့သည်။ ဓားအရှိန်အဟုန် ကို ပြောင်းလဲခြင်းဖြင့် ဟုန်ယွိသည် ဆေဘာကိုင်ထားသည့် သူ့လက်ကောက်ဝတ်ကို ဖြတ်တောက်ပစ်လိုက်သည်။
ဖြိုခွဲခြင်းဆေဘာကို ဆုပ်ကိုင်ထားသော လက်တစ်ဖက်က ဆေဘာနှင့်အတူ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
"သခင်လေး…"
မဟူရာ သေမန်းတမန် အစောင့်သုံးယောက်သည် ဝေလဲ့၏ရှေ့တွင် အသဲအသန် ပိတ်ဆို့ကာကွယ်ခဲ့ကြသော်လည်း ချီဇီယန်နှင့် လီလဲ့တို့၏ ဆက်တိုက်ဆိုသလို သတ်ဖြတ်ခြင်း ခံလိုက်ရပါသည်။
သူ့လက် ဖြတ်ခံရသည်နှင့် သွေးများ စီးကျလာသည်။ ဝေလဲ့သည် သူ့ခွန်အားများ အကုန် ဆုံးရှုံးသွားပုံရပြီး မြေပေါ်သို့ လဲကျသွားသည်။ ထိုမြင်ကွင်းကိုမြင်တော့ ဝေလဲ့သည် မိုးကြိုးလျှပ်စီးဆေဘာကျမ်းကို အသုံးပြုခဲ့၍၊ သူ့ခွန်အားရှိသမျှ ကုန်ဆုံးသွားပြီဟု ဟုန်ယွိ သိလိုက်ပါပြီ။
၎င်းသည် ဆေဘာတိုက်ကွက် အနည်းငယ်မျှသာ ဖြစ်သော်လည်း၊ အခုနက ထိုဆေဘာအရှိန်ဟုန်ကို ကြည့်ပြီး၊ အစွမ်းထက်ဆုံး ကျွမ်းကျင်သူများပင် ထိုစွမ်းအားကုန်ဆုံးမူဒဏ်ကို ခံနိုင်ရည်ရှိမည် မဟုတ်ကြောင်း ဟုန်ယွိ သိထားပါ သည်။
မိုးကြိုးလျှပ်စီးဆေဘာကျမ်းသည် သတ်ဖြတ်ရန်သက်သက် မွေးဖွားလာသော ဆေဘာပညာရပ်တစ်ခု ဖြစ်သည်။
"ဝေလဲ့….၊ မင်း ခုခံဖို့ ကြိုးစားချင်သေးလား။ မင်းရဲ့သိုင်းပညာကို ငါ ကောင်းကောင်း သိထားတယ်။ မင်းက ငယ်ငယ်လေးကတည်းက မင်းရဲ့အခြေခံအုတ်မြစ်ကို ခိုင်ခံ့အောင်လုပ်ဖို့ မှော်ဆေးဝါး အများအပြားကို အသုံးပြုခဲ့ပေ မယ့်၊ မင်းက အခုမှ ရှန်တန်သိုင်းသခင်နယ်ပယ်ထဲ ဝင်ရောက်ခါစပဲ ရှိသေးတယ်။ မင်းမှာ မိုးကြိုးလျှပ်စီးဆေဘာကျမ်း လို ပညာရပ်မျိုးကို ထုတ်ဖော်နိုင်ဖို့ ရုပ်ခန္ဓာခွန်အား ဘယ်လိုလုပ် ပိုင်ဆိုင်နိုင်မှာလဲ…။”
လီလဲ့သည် မြေပြင်ပေါ်ရှိ ဖြိုခွဲခြင်းဆေဘာကို ကောက်ကိုင်လိုက်ပြီး၊ သူ၏မျက်လုံးများက ဖုံးကွယ်မထားသော လောဘဇောများ ဖြာထွက်လာသည်။
ဤအခိုက်တွင် ဟုန်ယွိသည် သူ၏ပျံသန်းနေသော ဓားကို ထိန်းချုပ်ကာ၊ သူ၏ ယင်စိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်သို့ ပြန်ရောက်လာခဲ့သည်။ သူက ဝေလဲ့ကိုကြည့်လိုက်ပြီး၊ သူ မည်သည့်အရာ တွေးနေမှန်း မည်သူမှ မသိနိုင်ပါဘူး။
"ဝေလဲ့၊ မင်းနဲ့အတူယူလာတဲ့ မိုးကြိုးလျှပ်စီးဆေဘာကျမ်းက ဘယ်မှာလဲ။ ဂွန်ယန်ယုရဲ့ သိုင်းပညာအပေါ် နားလည် သဘောပေါက်မှုတွေ, သူ့အတွေ့အကြုံတွေနဲ့ ဆေဘာပညာရပ်တွေ အားလုံးကို အဲဒီကျမ်းမှာ ရေးသားထားတယ်။ ဒီလို အရေးကြီးတဲ့ လျှို့ဝှက်လမ်းညွှန်စာအုပ်ကို မင်းနဲ့အတူ ယူဆောင်လာပြီး၊ မင်းအနေနဲ့ အခါအားလျော်စွာ လေ့လာနေမှာ သေချာတယ်။ အခြားဘယ်သူ့ကိုမှ ထိတွေ့ခွင့် ပြုမှာမဟုတ်ဘူး” လီလဲ့သည် ဖြိုခွဲခြင်းဆေဘာကို ယူပြီးနောက်၊ သူသည် ရှေ့သို့လှမ်းကာ ဝေလဲ့၏ခန္ဓာကိုယ်ကို ရှာဖွေခဲ့သည်။ သူသည် ဝေလဲ့၏ ရင်ခွင်ထဲတွင် အဝတ်အိတ်သေးသေးလေး တစ်လုံးကို အမှန်ပင် တွေ့ရှိခဲ့သည်။ အဝတ်အိတ်ထဲတွင် နှင်းဖြူရောင် ပိုးသားစာအုပ်တစ်အုပ် ပါရှိသည်။ ၎င်းပေါ်တွင် အမျိုးမျိုးသော လူရုပ်ပုံများ ရေးဆွဲထားပြီး၊ ယွန်မင်ဘာသာဖြင့် ရေးသားထားသည့် စာလုံးများလည်း ပါရှိသည်။
"ဒါက တကယ်ကို မိုးကြိုးလျှပ်စီးဆေဘာကျမ်းပဲ။ ဆေဘာသူတော်စင်, ဂွန်ယန်ယုရဲ့ စစ်မှန်တဲ့လက်ရာ။ ဒါက သူ့မိန်းမ ထိုးပေးထားတဲ့ နှင်းဖြူရောင် ပိုးစာအုပ်ပ။”
မိုးကြိုးလျှပ်စီးဆေဘာကျမ်းကို ကိုင်ထားစဉ် လီလဲ့၏လက်သည် တုန်ရီနေသည်။ သူကဲ့သို့ ဆေဘာပညာရှင် တစ်ဦး အတွက်၊ ဤဆေဘာလျှို့ဝှက်စာအုပ်သည် အခြားမည်သည့်အရာထက်မဆို ပို၍ အဖိုးတန်ပါသည်။
"လီလဲ့….၊ မင်းက ကြောက်စရာကောင်းတဲ့ သေခြင်းမျိုးနဲ့ သေရလိမ့်မယ်။” ဝေလဲ့သည် လီလဲ့က သူ့ခန္ဓာကိုယ်ပေါ်မှာ လျှို့ဝှက်စာအုပ်ကို ရှာဖွေနေသည်ကို တွေ့သောအခါ, သူ့မျက်လုံးများက မီးလျှံများ တောက်ပလာသည်။ သူသည် သူ့လက်ကျန် ခွန်အားကို စုစည်းပြီး ပါးစပ်အပြည့် တံတွေးတစ်လုတ် ထွေးထုတ်လိုက်သည်။
လီလဲ့က လျှပ်တပြက် ရှောင်ထွက်သွားသည်။ "သခင်လေး….၊ ငှက်ကောင်းတစ်ကောင်ဟာ အသိုက်ဆောက်ဖို့အတွက် သစ်ပင် ကောင်းကောင်းကို ရွေးချယ်တတ်ရတယ်။ ဒါ့ပြင် တော်ဝင်ချန်စစ်တပ်က ငါတို့ ဟွန်လျှံဂိုဏ်းကို ချေမှုန်းတဲ့ အချိန်မှာ, မင်းရဲ့ ဝေမိသားစုက ငါ့ကိုလက်နက်ချဖို့ တွန်းအားပေးပြီး ကျွန်အဖြစ် အတင်းအဓမ္မ ခေါ်ခိုင်းခဲ့တယ်။ ကလဲ့စားချေမယ်ဆိုတဲ့ အတွေးတွေကို စွန့်လွှတ်ခဲ့တာ ကြာလှပေမယ့် မင်းရဲ့အနားမှာနေပြီး၊ မင်းရဲ့အမိန့်တွေကို နာခံလို စိတ်မရှိခဲ့ဘူး။ ဒီဖြိုခွဲခြင်းဆေဘာနဲ့ မိုးကြိုးလျှပ်စီးဆေဘာကျမ်းကတော့ ငါ့ကိုယ်ငါ ကျွန်အဖြစ်ရောင်းချပြီး၊ အနှစ်သုံးဆယ်ကျော်ကြာ အလုပ်လုပ်ပေးခဲ့တဲ့ ငါ့အတွက် ဆုလာဘ်တွေပဲ။ ငါ မင်းတို့ ဝေမိသားစုအတွက် လူတွေ အများပြား သတ်ဖြတ်ပြီး ဘယ်လောက်တောင် လုပ်ပေးခဲ့လဲ။ မင်းအဖေ ဝေတိုင်ကန်တောင် အဲဒါတွေအားလုံးကို ရေတွက်နိုင်မှာ မဟုတ်ဘူး။”
"ဟမ့်…၊ တစ်ရက်တာ ကျွန်ဖြစ်ခဲ့ရင် ဘဝစာအတွက် ကျွန်ပဲ။ ခွေးကျွန်၊ မင်းက မင်းသခင်ကို ရောင်းစားရဲတယ်ပေါ့။ ဘယ်လောက်တောင် သတ္တိကောင်းလိုက်လဲ။” ဝေလဲ့၏ မျက်လုံးထဲတွင် အထင်အမြင်သေးသည့် အမူအရာ ပေါ်လာပါ သည်။
ဝှီး….။
ဆေဘာအလင်းက သူ့လည်ပင်းကို ဖြတ်တောက်သွားခဲ့သည်။ လီလဲ့သည် ဟွန်လျှံဂိုဏ်း၏ မဟာအုပ်ထိန်းသူ တစ်ဦး ဖြစ်သည်။
"သခင်လေး….၊ ဒီရတနာနှစ်ပါးနဲ့ ပတ်သက်ပြီး ဘာလုပ်ရမလဲဆိုတာ ကျေးဇူးပြု၍ ဆုံးဖြတ်ပေးပါ"
လီလဲ့သည် ဝေလဲ့၏ လည်ပင်းကို ဖြတ်ပြီးနောက် လက်တစ်ဖက်တွင် ဆေဘာကို ကိုင်ကာ၊ အခြားတစ်ဖက်တွင်မူ ဆေဘာကျမ်းကို ကိုင်ထားသည်။ သူသည် ဟုန်ယွိရှေ့သို့ လာရောက်ပြီး ဆေဘာနှင့် ဆေဘာကျမ်းတို့ကို ဆက်သသည်။ ယခုအချိန်တွင် သူသည် ဟုန်ယွိ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေအ်သည်။ သူသည် ဆေဘာနှင့် ဆေဘာကျမ်းကို ယူထား လိုသော်လည်း သူ့အနေဖြင့် ၎င်းတို့ကို မထိန်းထားနိုင်မှန်း ရှင်းရှင်းလင်းလင်း သိသည်။ သူသည် ၎င်းတို့ကို ဟုန်ယွိကို အရင်ဆက်သရမည်။ ထို့နောက် ဟုန်ယွိက သူ့ကို ဆုချီးမြှင့်ဖို့ စီစဉ်ပေးနိုင်ပါသည်။
"ကောင်းလိုက်တဲ့ဆေဘာ…." ဟုန်ယွိသည် သူ့လက်ထဲဖြင့် ဆေဘာကို ကိုင်ပြီးနောက် သူ့လက်ကောက်ဝတ်က နိမ့်ဆင်းသွားတယ်။ "အလို ကောင်းကင်ဘုံ….၊ ဒါက အနည်းဆုံး ကီလိုငါးဆယ်လောက် ရှိတယ်။ ထိုက်ဇူရဲ့ သံတုတ်ထက်တောင် ပိုလေးနေပါလား…။”
ထို့နောက် ရှန်ထိုက်ဇူသည် ဆေဘာကိုယူကာ သံတုတ်ကို ညင်သာစွာ ခြစ်ထုတ်ကြည့်သည်။
ဖြိုခွဲခြင်းဆေဘာ၏ ဓားသွားအောက်တွင်၊ သံတုတ်သည် မုတ်ဆိတ်ရိတ်သကဲ့သို့ အပေါ်ယံသံစများ ညင်သာစွာ လှိမ့်တက်လာပါသည်။
"ဒီလောက်တောင် ထက်ရှလား…။ ငါးမန်းသတ်ဓား ထက်တောင် ပိုထက်ရှတယ်။” ဟုန်ယွိက အော်ပြောသည်။
"ဟုတ်ပါတယ်။ ဒီဆေဘာဟာ ကောင်းကင်လှေကားသံမဏိနဲ့ ပြုလုပ်ထားပေမယ့်၊ ယွန်မင်အင်ပါယာရဲ့ အထွတ်အထိပ် ပန်းပဲဆရာက အထူးပန်းပဲပညာရပ်ကို အသုံးပြုပြီး ထုလုပ်ထားတာ။ အဲဒီဆေဘာသန့်စင်ခြင်း နည်းလမ်းက ဖန်ရှင်း တာအိုဂိုဏ်းရဲ့ သွေးသန့်စင်ခြင်း နည်းလမ်းပြီးရင် ကမ္ဘာပေါ်မှာ အကောင်းဆုံးလို့ ပြောလို့ရတယ်။" ချီဇီယန်က ပြောသည်။
သွေးသန့်စင်ခြင်း နည်းလမ်းသည် သွေးပုံစံသံမဏိကို သန့်စင်သည့် နည်းလမ်းတစ်ခု ဖြစ်သည်။
"ချီဇီယန်, ဆေဘာကျမ်းကို သိမ်းထားလိုက်ပါ။" ဟုန်ယွိ၏ အကြည့်တွေက လီလဲ့ဆီသို့ ကူးပြောင်းသွားပါသည်။ "အခု လောလောဆယ် ဒီဆေဘာကျမ်းကို ကျုပ် ခင်ဗျားကို မပေးနိုင်သေးဘူး။ ဘာဘဲဖြစ်ဖြစ်, ခင်ဗျားက ကျုပ်ကို သစ္စာခံခဲ့ပေမယ့် ခင်ဗျားရဲ့သခင်ဟောင်းကို သစ္စာဖောက်ခဲ့ပြီး၊ ခင်ဗျားရဲ့ ရိုးသားဖြောင့်မတ်မူကို စွန့်လွှတ်ခဲ့တယ်။ ဆေဘာကိုတော့ ခင်ဗျားကို ကိုင်ခွင့်ပြုပေးမယ်။”
"လူတိုင်း….၊ ပင်လယ်ဓားပြတွေရဲ့ စံအိမ်ကြီးကို ချက်ချင်း ရှာဖွေကြပါ။”
ဆေဘာကျမ်းကို သိမ်းဆည်းခိုင်းပြီးနောက် ဟုန်ယွိက အမိန့်ပေးလိုက်ပါသည်။ အခုချိန်မှာတော့ ကြီးမားသည့် ခြိမ်းခြောက်မူတွေကို ဖြေရှင်းပြီးသွားပြီး၊ စည်းစိမ်ဉစ္စာကို ရှာဖွေဖို့ အချိန်တန်ပါပြီ။
အခန်း (၁၃၈)။
“မိုးကြိုးလျှပ်စီး ဆေဘာကျမ်းက လူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်နဲ့ စိတ်ဆန္ဒကို ဆေဘာဆန္ဒအတွင်း ပေါင်းစည်းပြီး၊ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလားအလာအားလုံးကို အသက်သွင်းပေးနိုင်တယ်။ ဆေဘာတိုက်ကွက် ထုတ်ဖော်ချိန်မှာ ခန္ဓာကိုယ်ရော စိတ်ဝိညာဉ်ကိုပါ ဖျက်ဆီးပစ်နိုင်တယ်။ တကယ်လို့ လူတစ်ယောက်ဟာ နှင်းခဲသဖွယ် ခြင်ဆီနဲ့ သန့်စင်တဲ့ ပြဒါးသဖွယ် သွေးသန့်စင်ခြင်းအဆင့်ကို မရောက်ရှိသေးပါက, လွတ်လွတ်လပ်လပ် အသုံးပြုလို့ မရနိုင်ဘူး။ ဒီဆေဘာ ပညာရပ်က အစွမ်းထက်လွန်းတယ်...”။
ချီဇီယန်သည် နှင်းဖြူရောင် ပိုးသားအဝတ်ပေါ်တွင် ရေးထားသော မိုးကြိုးလျှပ်စီးဆေဘာကျမ်းကို သိမ်းဆည်းထားပြီး သက်ပြင်းချလိုက်မိသည်။ ဤစာအုပ်တွင် မှတ်တမ်းတင်ထားသော အထွက်အထိပ် ဤဆေဘာပညာသည် ကျန်းမာရေး အတွက် လေ့ကျင့်ရန် မဟုတ်သလို ခန္ဓာကိုယ်ကို ကြံ့ခိုင်သန်မာစေရန်အတွက်လည်း မဟုတ်ပေ။ ၎င်းပညာရပ်သည် လူတစ်ယောက်၏ ကျင့်ကြံမူအတွက် များစွာအကျိုးမပြုပေ။ သို့သော် ၎င်းသည် ကြီးမားသော သတ်ဖြတ်နိုင်စွမ်းကို ပိုင်ဆိုင်ထားသော ပညာရပ်တစ်ခု ဖြစ်သည်။ လေ့ကျင့်သောအခါ၊ ထိုပညာရပ်သည် ခန္ဓာကိုယ်၏ စွမ်းရည်များကို လုံးဝ ပေါက်ကွဲထွက်စေနိုင်ပြီး မိမိအဆင့်ထက် ကျော်လွန်သော ခွန်အားကို ချက်ချင်း ထုတ်ပေးနိုင်ပါသည်။
ယခုလေးတင်, ဝေလဲ့၏ ဆေဘာပညာရပ်မှတဆင့်, ဝေ့လဲ့၏ကိုယ်ခံပညာသည် သူ့ထက် များစွာနိမ့်ကျနေသော်လည်း အကယ်၍, သူတို့သာ တိုက်ခိုက်ကြမည်ဆိုလျှင်, ဝေလဲ့၏ လျှပ်တပြက် မိုးကြိုးစက်ဝိုင်းအလင်းခုတ်ချက်ကို ခုခံနိုင်မည် မဟုတ်ကြောင်း ချီဇီယန်သည် လေးလေးနက်နက် ခံစားမိပါသည်။ တစ်ချက်တည်းဖြင့် သူ့ပြိုင်ဘက်ကို သတ်ပစ်နိုင်ဖို့ ၇၀ ကနေ ၈၀ ရာခိုင်နှုန်းအထိ အခွင့်အလမ်း ရှိပါသည်။
တစ်နည်းဆိုရသော် ချီဇီယန်၏ ကိုယ်ခံပညာသည် ဝေလဲ့ထက်များစွာ မြင့်မားသော်လည်း ၎င်းတို့နှစ်ဦးကြား တိုက်ခိုက်ပါက ချီဇီယန်သည် အသက်ရှင်သန်ရန် အခွင့်အလမ်း ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းသာ ရှိပါသည်။
ဤသည်မှာ သန့်စင်သော သတ်ဖြတ်ခြင်းသက်သက် ကိုယ်ခံပညာရပ်တစ်ခု၏ စွမ်းအားဖြစ်သည်။
"ဒီနေ့ ဝေလဲ့ရဲ့ ဆေဘာနည်းစနစ်က ငါကို နောက်ထပ် သင်ခန်းစာတစ်ခု သင်ပေးခဲ့တယ်။ သူက သူ့ရဲ့ စိတ်ဝိညာဉ်နဲ့ စိတ်ဆန္ဒကို တိုက်ခိုက်ရာမှာ အမှန်တကယ် ပေါင်းစပ်နိုင်ခဲ့တယ်။ တကယ်လို့, ငါ့ယင်စိတ်ဝိညာဉ်သာ ငါ့ခန္ဓာကိုယ်ထဲက နေ ထွက်လာခဲ့ရင်, မဟာနေမင်းရွှေကိုယ်ထည်ကို အသုံးပြုထားရင်တောင် သူ့ဆေဘာရဲ့စွမ်းအားကို ငါ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။ ကံကောင်းစွာပဲ၊ မက်မွန်နတ်ဘုရားဓားက ရတနာတစ်ပါး ဖြစ်နေခဲ့တယ်။ ငါ့စိတ်ဝိညာဉ်က ဓားထဲမှာ နေထိုင်နိုင်တယ်…။” ဟုန်ယွိက လမ်းလျှောက်ရင်း စကားစမြည် ပြောလာခဲ့သည်။
"မှန်တယ်။ အစစ်မှန် သိုင်းတာအိုသခင်တစ်ယောက်ဟာ ကိုယ်ပိုင်စိတ်ဆန္ဒနဲ့ ကိုယ်ပိုင်တာအိုကို သူတို့ရဲ့ လက်သီးပညာ ရပ်တွေ, ဆေဘာပညာရပ်တွေနဲ့ ဓားပညာရပ်တွေမှာ ပေါင်းစပ်ကြတယ်။ သူတို့က နတ်ဆိုးအားလုံးကို ဖျက်ဆီးပစ်နိုင် တယ်။ အဲဒီအချိန်တုန်းက ဆေဘာသူတော်စင် ဂွန်ယန်ယုဟာ တာအိုနည်းစနစ်တွေကို မလေ့ကျင့်ခဲ့ပေမယ့် တာအို ပညာရပ် ကျွမ်းကျင်သူတွေနဲ့ တစ္ဆေအင်မော်တယ်တွေတောင် သူ့ဖြိုခွဲခြင်းဆေဘာအောက်မှာ သေဆုံးသွားခဲ့ကြတယ်။ လက်သီးနည်းစနစ်တွေမှာလည်း ကိုယ်ပိုင်တာအို ရှိကြတယ်။ အဲဒါမှ တကယ့်သူတော်စင်ပဲ။" ချီဇီယန်က ပြန်စဉ်းစား ရင်း "ဒီစကားတွေက ငါ ဆန်းကြယ်ကောင်ကင်ဘုံခန်းမမှာ သင်ယူစဉ်တုန်းက ခန်းမသခင်ဆီက ကြားခဲ့ရတာပဲ။”
“လက်သီးပညာရပ်တွေမှာလည်း ကိုယ်ပိုင်တာအို ရှိတာလား..." ဟုန်ယွိက တစ်ခုခုကို ဆုပ်ကိုင်မိပုံရသော်လည်း၊ ထိုအရာကို အတိအကျ ဆုပ်ကိုင်နိုင်စွမ်းမရှိဘဲ သူ့စိတ်ထဲတွင် စွဲကျန်နေပြီး၊ အတော်ကို စိတ်မသက်မသာ ခံစားရသည်။
ထိုအချိန်တွင်၊ ဧရာမဝေလငါးကျွန်းမြို့တော်၏ နန်းတော်အား အကြီးအစား ရှာဖွေမှုတစ်ခုလုံး အပြည့်အ၀ စတင်နေပါ ပြီ။ လူနှစ်ရာကျော်ကို ဆယ်ဖွဲ့ခွဲ ထားသည်။ သူတို့သည် ရှာဖွေရေး အပေါ့စား ပစ္စည်းကိရိယာများကို အသုံးပြုပြီး၊ အခန်းတိုင်းတွင် လျှို့ဝှက်ခန်းများကို ရှာဖွေနေကြသည်။
နောက်ဆုံးတွင် စစ်သည်များသည် ၎င်းတို့၏ စွမ်းရည်များကို ထုတ်ပြသရန် အချိန်တန်ပါပြီ။
ဟုန်ယွိ၏ ကွပ်ကဲမှုအောက်ရှိ စစ်သည်နှစ်ရာတို့သည် တိုက်ခိုက်ရာတွင် အပျော်တမ်း စစ်သည်အဆင့်သာ ရှိသော်လည်း၊ စံအိမ်များကို ဝင်ရောက်စီးနင်း ရှာဖွေသောအခါ, သူတို့သည် ချက်ချင်းပင် စိတ်လှုပ်ရှားလာကြသည်။ လူတိုင်းသည် အဆုံးမရှိ တိုက်ခိုက်ရေး စိတ်ဓာတ်ကို ဖြည့်စွမ်းပေးနိုင်သည့် စိတ်ကြွဆေးတစ်မျိုးကို သောက်သုံးထားကြပုံရပါသည်။ လူတိုင်းက စွမ်းအင်များဖြင့် ပြည့်ဝနေကြပြီး၊ အခြားသူများထက် လျင်မြန်စွာ လှုပ်ရှားခဲ့ကြသည်။ လုပ်ငန်းစဉ် တစ်ခုလုံး သည် လျင်မြန်ပြီး ပြတ်သားကာ လက်ရွေးများ၏ စိတ်နေသဘောထားကို အပြည့်အဝ ပြသနေကြသည်။
ဤအခြေအနေကြောင့် ဟုန်ယွိသည်ပင် အံ့ဩသွားခဲ့ရပါသည်။
"ရတနာတွေက လူတွေရဲ့ စိတ်နှလုံးကို လှုပ်ရှားစေတယ်။ ရတနာတွေရဲ့ရှေ့မှာဆို, ကရုဏာ, ရိုးသားဖြောင့်မတ်မူ၊ ကိုယ်ကျင့်တရား၊ ကျင့်ဝတ်သိက္ခာတွေနဲ့ ဝတ်ပြုကိုးကွယ်မှုတွေကလည်း အချည်းနှီးပါပဲ…။” ဟုန်ယွိသည် သူ့စိတ်ထဲ တွင် သက်ပြင်းချလိုက်မိပါသည်။
ဒိုင်း၊ ဒိုင်း၊ ဒိုင်း၊
"လက်နက်တိုက် ရှာတွေ့ပြီ…"
"ငွေဒင်္ဂါးအခန်း ရှာတွေ့ပြီ…"
"အဲဒါ စာကြည့်ခန်း…."
"သခင်၊ စာကြည့်ခန်းထဲမှာ လျှို့ဝှက်မြေအောက် ယန္တရားတစ်ခုကို တွေ့ခဲ့တယ်..။"
အစီရင်ခံစာများက ဆက်တိုက်ဆိုသလို ထွက်ပေါ်လာသည်။
"စာကြည့်ခန်းထဲမှာ လျှို့ဝှက်မြေအောက် ယန္တရားတစ်ခု ရှိတာလား။" ဟုန်ယွိနှင့် ချီဇီယန်တို့သည် အကြည့်ချင်းဖလှယ် ကြသည်။ "လာ၊ သွားကြည့်ရအောင်။"
"ယေဘုယျအနေနဲ့ ပြောရရင်, မြေအောက်ယန္တရားတွေကို အရေးကြီးတဲ့ ရတနာတွေကို သိမ်းဆည်းဖို့ အသုံးပြုကြ တယ်။ မြန်မြန်…. သွားကြည့်ရအောင်" ရွှေပင့်ကူသည် အစောကြီးနိုးပြီး ခုန်ထွက်သွားခဲ့သည်။
ဟုန်ယွိနှင့် အခြားလူများသည် သူမနောက်မှ လိုက်ပါသွားကြသည်။ စင်္ကြန်အနည်းငယ်ကို ဖြတ်လျှောက်လာပြီးနောက် အတင်းအကြပ် ရိုက်ဖွင့်ထားသော တံခါးတစ်ခုကို တွေ့လိုက်ရပါသည်။ သူတို့သည် လမ်းလျှောက်ဝင်လာကြပြီး၊ လူနှစ်ရပ်စာ သုံးရပ်စာလောက် မြင့်မားသည့် စာအုပ်စင်များကို တွေ့လိုက်ရ၏။ စာအုပ်စင်များပေါ်တွင် စာအုပ်မျိုးစုံနှင့် ပြည့်နေပြီး စာအုပ်စင်များပေါ် တက်နိုင်ရန် လှေကားတစ်စင်းပင် ရှိနေသေးသည်။
စာအုပ်များ၏ ရနံ့က ဟုန်ယွိ၏နှာခေါင်းကို လွှမ်းခြုံသွားပြီး သူ့ကို ယစ်မူးစေသည်။
ထိုစာကြည့်ခန်းက သူ့ကို မနှစ်က အနောက်တောင်တန်း ကျောက်လှိုင်ဂူအတွင်းမှ မြေခွေးလေးများနှင့် စာကြည့်ခန်းကို သတိရစေပါသည်။
သူသည် စာအုပ်တစ်အုပ်ကို ဆွဲထုတ်လိုက်ပြီး၊ ထိုစာအုပ်သည် မြေပုံများပါဝင်သည့် သမိုင်းစာအုပ်တစ်အုပ် ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ စာအုပ်ထဲမှာ အဝိုင်းအမှတ်သားများ, အစက်ပြောက် အမှတ်သားများဖြင့် မှတ်သားထားသောကြောင့်, ထိုစာဖတ်သူသည် အလွန်လုံ့လအားစိုက်ပြီး ဖတ်ရူခဲ့ကြောင်း သိသာပါသည်။
"တော်ဝင်ချန်၏ ၅၆ နှစ်မြောက် ပထမလတွင် ကောင်းကင်ဓားပညာရှင်၏ မှတ်ချက်ဆိုပါလား။" ဟုန်ယွိသည် စာအုပ်ကို ကြည့်ကာ ပင်လယ်ဓားပြများ၏ တတိယခေါင်းဆောင် ဂန်လင်း၏ ဖတ်ရူဖူးသည့် မှတ်စုများ ဖြစ်ကြောင်း သိလိုက်သည်။ သူ့လက်ရေးက ထက်မြက်ပြီး၊ ကြီးစိုးခြင်း အငွေ့အသက်က ယောင်ဝါးဝါး လွှမ်းမိုးနေပါသည်။ "ဒီလက်ရေးက ငါ့ထက် ပိုကောင်းတယ်"
"သခင်၊ လျှို့ဝှက်ခန်းက စာကြည့်ခန်းရဲ့ အလယ်မှာ။" ရန်ယင်မင်းသည် ချွေးသီးချွေးပေါက် တဒီးဒီးကျနေပြီး၊ အပြေး အလွှား ရောက်ရှိလာသည်။
"အိုး…." ဟုန်ယွိသည် သိမ်းစည်းထားသည့် စာအုပ်စင်တွေကို ဖြတ်ကျော်ပြီး အလယ်ကို လျှောက်လှမ်းလာခဲ့ပါသည်။ စာကြည့်ခန်းတစ်ခုလုံး၏ အလယ်ဗဟိုတွင် နေရာလွတ်တစ်ခုရှိပြီး စတုရန်းပေ ၃၀ ခန့် ကျယ်ဝန်းသည်။ ယခုအချိန်တွင် ထိုနေရာ၌ နက်ရှိုင်းပြီး အကွေ့အကောက်များသော လှေကားထစ်တစ်ခု ထွက်ပေါ်ပြီ။ အထဲမှာ မည်းမှောင်နေပြီး၊ ရေစီးသံတွေ ကြားနေရကာ, ရံဖန်ရံခါ အတွင်းမှ အေးစိမ့်သောလေများ တိုက်ခတ်လာသည်။
"မတ်စတက်ဖ်ခွေးဘုရင်တွေကို အထဲမှာ တစ်ယောက်ယောက် ရှိမရှိ အနံ့ခံခိုင်းလိုက်ပါ။" ဟုန်ယွိက မီးတိုင်ကို ထွန်းညှိပြီး အောက်သို့ ပစ်ချလိုက်သည်။ အတွင်းပိုင်း မြေပြင်သည် ခြောက်သွေ့ပြီး အစိုဓာတ်မရှိပေ။ လှေကားထစ်များ ကို တောက်ပြောင်သည်အထိ ပွတ်တိုက်ပေးထားသည်။ ထိုမှတဆင့် လူများသည် ထိုလှေကားထစ်များအပေါ် မကြာခဏ တက်ဆင်းလုပ်ကြသည်မှာ ထင်ရှားပါသည်။
ချီဇီယန်သည် မတ်စတက်ဖ်ခွေးဘုရင် နှစ်ကောင်ကို အလျင်အမြန် ဆင့်ခေါ်ခဲ့သည်။ မတ်စတက်ဖ်ခွေးဘုရင် နှစ်ကောင် သည် လိုဏ်ခေါင်းအဝင်ဝကို မှီကာ ညည်းတွားမြည်တမ်းလျက် အနံ့ခံနေကြသည်။
"အထဲမှာ လူမရှိဘူး"
"သခင်… မဟာဆရာသခင်တွေဟာ သူတို့ချွေးပေါက်တွေမှ ထွက်ပေါ်နေတဲ့ အငွေ့အသက်ကို ထိန်းထားနိုင်ပြီး၊ ဘာ အနံ့မှ မထုတ်လွှတ်ဘဲ နေနိုင်ကြတယ်။ အထဲမှာ ခိုအောင်းနေတဲ့ မဟာပညာရှင်တစ်ယောက် ရှိကောင်းရှိနေနိုင်ပါ တယ်။" လီလဲ့က ဂရုတစိုက် ပြောလိုက်သည်။
"ဒါက မတ်စတက်ဖ်ခွေးဘုရင်တွေပဲ၊ မတ်စတက်ဖ်ခွေးဘုရင်တွေရဲ့ နှာခေါင်းက သာမန် အမဲလိုက်ခွေးတွေထက် ဆယ်ဆပိုပြီး အာရုံခံစားနိုင်မူ အားကောင်းတယ်။ ဒါပေမယ့် သခင်လဲ့ ပြောတဲ့စကားကလည်း ယုတ္တိမရှိတာ မဟုတ်ဘူး။ အောက်ကိုဆင်းပြီး အရင်ကြည့်ရအောင်။" ချီဇီယန်သည် မီးရှူးတိုင်ကို ယူပြီး ခုန်ဆင်းလိုက်သည်။
ရွှေပင့်ကူသည်လည်း မည့်သည့်အန္တရာယ်ကိုမှ ဂရုမစိုက်ဘဲ ခုန်ဆင်းသွားပြီး၊ ဟုန်ယွိသည် နောက်မှ လိုက်ပါသွားခဲ့သည်။
“ဒါ...” ဟုန်ယွိ ဆင်းသွားပြီးနောက် အောက်ဘက်တွင် ပြန့်ကားနေသော မြေကွက်လပ်တစ်ခုကို တွေ့လိုက်ရပါသည်။ ပြန့်ပြူးသော မြေဧရိယာဘေးတွင် မြေအောက်မြစ်တစ်စင်း ရှိနေပြီး မြေပြန့်တွင် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ရှိနေသည်။
ထိုဗုဒ္ဓရုပ်ပွားတော်သည် အလွန်ကြီးမားပြီး၊ အနည်းဆုံး ၁၆ ပေ အမြင့်ရှိသည်။ ရုပ်ပွားတော်တစ်ဆူလုံး အနီရောင်နှင့် အဝါရောင်ရှိပြီး ရွှေဖြင့် စီခြယ်ထားသည်။ ရုပ်ပွားတော်၏ နားရွက်ကြီးတွေက ပုခုံးတွေပေါ်မှာ ခိုတွဲထားပြီး၊ မျက်ခုံးတွေ ကို မျက်လွှာချထားသည်။ ရုပ်ပွားတော်ကြီးသည် ပွင့်ချပ် ၁၂ ချပ်ရှိသော ကြာပန်းစင်ပေါ်တွင် ထိုင်နေပါသည်။ လက်တစ်ဖက်က အောက်ချကာ မြေပြင်ကို ထိထားပြီး၊ အခြားလက်တစ်ဖက်၏ လက်ခလယ်ကို အောက်သို့ ထိုးစိုက် ထားကာ၊ လက်ဆယ်ချောင်းစလုံးက လက်စွပ်တစ်ခုအသွင် အမည်မသိ ဓမ္မတံဆိပ်တော်တစ်ခုကို ပုံဖော်ထားပါသည်။
ဤဗုဒ္ဓရုပ်ပွားတော်ရှေ့တွင် ဆုတောင်းဖျာ ဆယ်ခုကျော် ရှိနေပါသည်။ ဆုတောင်းဖျာများသည် ချောမွေ့နေသဖြင့် လူ များသည် အချိန်အတော်ကြာအောင် ဒူးထောက်နေခဲ့ကြသည်ကို ပြသနေသည်။ ဗုဒ္ဓရုပ်ပွားတော်ရှေ့တွင် စန္ဒကူးနံ့သာ ဖြင့် မွှေးကြိုင်နေသော အမွှေးတိုင်ကြီးတစ်ခု ရှိသည်။ ထာဝရ မီးခွက်နှစ်ခုစလုံး မီးငြိမ်းသွားပါပြီ။
ဤဗုဒ္ဓရုပ်ပွားတော်ကြီးသည် အလယ်ဗဟို၌ တစ်ပါးတည်း ထိုင်နေတော်မူ၏။ ရုပ်ပွားတော်ကြီးသည် မည်သည့် ခမ်းနား ထည်ဝါမူမျိုးမှ မရှိသည့်အပြင် အခြားကျောင်းများရှိ ဗုဒ္ဓရုပ်ပွားတော်များကဲ့သို့ ဘေးတွင် ဗာဂျရာ သို့မဟုတ် ဘုရားလောင်းများလည်း မရှိပေ။ သို့သော် ဤဗုဒ္ဓရုပ်ပွားတော်ကြီးသည် မြေပြင်ကို လက်တစ်ဖက်နှင့် ထိထားကာ၊ လက်စွပ်တစ်ကွင်းအသွင် ဖန်တီးထားကြောင်း ဟုန်ယွိ မြင်နိုင်ပါသည်။ ၎င်းဓမ္မတံဆိပ်တွင် နက်ရှိုင်းသော အခြား အဓိပ္ပါယ်တွေ ပါဝင်နေပုံရသော်လည်း သူ နားမလည်နိုင်ခဲ့ပါဘူး။
ထိုဗုဒ္ဓရုပ်ပွားတော်ကြီးကို မြင်တော့ ဗုဒ္ဓဘာသာကို မယုံကြည်သည့် စစ်သည်တွေ၊ ချီဇီယန်, ရွှေပင့်ကူနှင့် လီလဲ့တို့ တောင် ဦးညွှတ်ကြသည်။
သို့သော် ဟုန်ယွိကတော့ ဦးမညွတ်ပါဘူး။ ယင်းအစား, သူက ရှေ့ကိုလျှောက်လှမ်းပြီး ထိုဗုဒ္ဓရုပ်ပွားတော်ကြီးကို မီးရှူးတိုင်ဖြင့် ဂရုတစိုက် ကြည့်ရူသည်။
နောက်ဆုံးတွင် ဗုဒ္ဓရုပ်ပွားတော်၏ ခန္ဓာကိုယ်ကို လက်ညှိုးဖြင့် ပွတ်ဆွဲကြည့်လိုက်လေသည်။ ဗုဒ္ဓရုပ်ပွားတော်၏ ခန္ဓာကိုယ်အတွင်းမှ ခပ်အုပ်အုပ်အသံ ထွက်ပေါ်လာသည်။ ၎င်းသည် ရွှေအစစ် မဟုတ်ဘဲ ရွှေဖြင့်ပြုလုပ်ထားသော သစ်သားအမျိုးအစား ဖြစ်သည်။
ဟုန်ယွိသည် အမိတ္တဘသုတ္တန်ကို ကျင့်ကြံထားသော်လည်း ဗုဒ္ဓကို မကိုးကွယ်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် အမိတ္တဘ သည် သူကိုယ်တိုင်ပင် ဖြစ်ပြီး၊ သူသည် အစစ်မှန် လေဟာနယ် ဖြစ်သည်။ ဗုဒ္ဓကို ကိုးကွယ်ဆည်းကပ်ခြင်းက ကိုယ့်ကိုယ် ကို ကိုးကွယ်ဆည်းကပ်ခြင်း ဖြစ်ပြီး၊ ဗုဒ္ဓဖြစ်လာဖို့ တစ်ဆင့်ပြီးတစ်ဆင့် ကိုယ့်ကိုယ်ကို ကိုးကွယ်ဆည်းကပ်ရမည်။ ဤသည်မှာ အမိတ္တဘသုတ္တန်၏ အစစ်မှန် အဓိပ္ပါယ် ဖြစ်ပါသည်။
“ဒီဗုဒ္ဓရုပ်ပွားတော်ကြီးကို အပြင် ရွှေ့ကြရအောင်။ ဒီနေရာက ကိုးကွယ်တဲ့နေရာ မဟုတ်ဘူး။ ဒီနေရာမှာ ဘာမှလည်း မရှိဘူး။” ဟုန်ယွိသည် လှည့်ပတ်ကြည့်ရူသော်လည်း မည်သည့်အရာကိုမှ ရှာမတွေ့ပေ။ သူသည် အမိန့်အနည်းငယ် ပေးပြီး၊ အပေါ်က စာကြည့်ခန်းသို့ ပြန်သွားခဲ့သည်။
"မှတ်တမ်း စာရင်းပါ။"
"ရွှေသေတ္တာ ဆယ့်ငါးခု၊ ငွေသေတ္တာ နှစ်ဆယ်၊ ပုလဲနှင့် ကျောက်မျက်သေတ္တာရတနာ တစ်လုံး၊ ပြန့်ကျဲနေတဲ့ ငွေစက္ကူ သေတ္တာတစ်လုံး၊ ကျောက်စိမ်းသေတ္တာငါးလုံး၊ ရှေးဟောင်း လက်ရေးလှ ပန်းချီကားချပ်တွေ၊ လက်နက်မျိုးစုံ၊ သံချပ်ကာ၊ လေး၊ မြှားတွေက အခန်းသုံးခန်းအပြည့်" သူ့ကွပ်ကဲမူအောက်က စစ်သည်တွေက အရေတွက်ကို အလျင်အမြန် သတင်းပို့သည်။
"ဒါလေးပဲလား….၊ မျက်ခုံးဝါနဲ့ ဂန်လင်းတို့ ထွက်ပြေးတုန်းက ပစ္စည်းအနည်းငယ် ယူသွားပုံရတယ်။ ပြန့်ကျဲနေတဲ့ ငွေစက္ကူအားလုံးကို စုဆောင်းပြီး ဘယ်လောက်ရှိလဲ ရေတွက်ကြည့်ပါ။ ကျန်ရွှေသေတ္တာတွေကို လေ့ကျင့်ရေးကွင်းထဲ ရွှေ့ထားလိုက်ကြ။ ချီဇီယန်…၊ မင်း ကျောက်မျက်နဲ့ ပုလဲတွေအကြောင်း သိတယ်မဟုတ်လား။ အဖိုးတန်တဲ့ အရာတွေ ရှိမရှိ သွားကြည့်လိုက်ပါ။ အချို့ကိုတော့ ဝှက်ထားလိုက်။ ငါတို့ရဲ့ စစ်သည်အများအပြားလည်း သေဆုံးထားကြတယ်။ အဲဒီစစ်သည်တွေရဲ့ မိသားစုတွေကို လျော်ကြေးပေးဖို့ လိုအပ်တယ်။ တစ်ချိန်တည်းမှာပဲ၊ မင်းတို့အားလုံး လက်နက် တိုက်ကို သွားပြီး၊ ချပ်ဝတ်တန်ဆာ၊ ဓားနဲ့လေး တစ်စုံစီကို ရွေးယူထားကြ။ ဒါပေမယ့် မြန်မြန်လုပ်ကြ။ မင်းတို့မှာ အသက်ရူချိန် ၃၀ လောက်ပဲ အချိန်ရမယ်။”
ဟုန်ယွိ၏ အမိန့်အရ စစ်သားများသည် အော်ဟစ်ပြီး လက်နက်တိုက်ထဲသို့ ပြေးဝင်သွားကြကာ ချပ်ဝတ်တန်ဆာ အစုံကို ရွေးချယ်ပြီး ပြန်ထွက်လာကြသည်။
ချပ်ဝတ်များကို ပြောင်းလဲပြီးနောက် စစ်သည်များသည် ချက်ချင်း ပြောင်းလဲသွားကြသည်။ ၎င်းတို့သည် အနက်ရောင် မြွေအရေခွံဖြင့် ပြုလုပ်ထားသော ပျော့ပြောင်းသည့် ချပ်ဝတ်များကို တူညီစွာ ဝတ်ဆင်ထားကြပြီး၊ အပြင်ဘက်တွင် သံမဏိအေးဖြင့် ပြုလုပ်ထားသော သံချပ်ကာနှင့် သံခမောက်များကို ဆောင်းထားကြသည်။ ထို့နောက် ၎င်းတို့သည် ငါးမန်းအရေခွံ ဓားအိမ်ပါ အနက်ရောင်သံမဏိဆေဘာများကို ကိုင်ဆောင်ထားကြပြီး၊ အနက်ရောင်အရိုးလေးများကို ကျောပေါ်တွင် သိုင်းလွယ်ထားကာ၊ ဦးခေါင်းပေါ်တွင် သံခမောက်ကို တင်းတင်းကျပ်ကျပ် ဆောင်းထားပြီး၊ ၎င်းတို့၏ မျက်လုံးများကိုသာ ဖော်ထားပါသည်။ လူတိုင်းသည် သံမဏိနတ်ဆိုးအစောင့်တပ်၏ ဟန်ပန်အနေအထားမျိုး ရှိနေသည်။
သူတို့၏ တိုက်ခိုက်ရေးစွမ်းအားကို လျစ်လျူရှုထားပြီး၊ သူတို့၏ တိုက်ခိုက်ရေးပစ္စည်းများကို ကြည့်ရုံမျှဖြင့် ဟုန်ယွိ၏ စစ်သည်နှစ်ရာသည် လက်ရွေးစင်များထဲမှ ထိပ်တန်းလက်ရွေးစင်များ ဖြစ်လာကြသည်။
လက်နက်တိုက်ရှိ လက်နက်များနှင့် ချပ်ဝတ်တန်ဆာများ အားလုံးသည် ထိပ်တန်း အရည်အသွေးရှိသည့် ပစ္စည်းများ ဖြစ်ကြပြီး၊ သိသာထင်ရှားစွာပင်, ၎င်းတို့ကို လက်အောက်ငယ်သားများကို ဆုချရန်အတွက် အသုံးပြုကြသည်။ ယခု ၎င်းတို့သည် ဟုန်ယွိ၏လက်ထဲသို့ ကျရောက်သွားသဖြင့် သူသည် စစ်သည်များအား ၀တ်စုံရွေးချယ်ခွင့်ကို သဘာဝ အတိုင်း ခွင့်ပြုပေးခဲ့သည်။
သူတို့သည် ထိုပစ္စည်းအစုံကို မိသားစု အမွေခံပစ္စည်းအဖြစ်ပင် သဘောထားနိုင်ပြီး၊ မျိုးဆက်သစ်များထံ လက်ဆင့်ကမ်း အမွေဆက်ခံနိုင်ကြသည်။
ဝတ်စုံများ ပြောင်းလဲပြီးနောက် လူတိုင်း၏ စိတ်ဓာတ်က မြင့်တက်လာခဲ့သည်။
"ပြန့်ကျဲနေတဲ့ ငွေစက္ကူတွေက စုစုပေါင်း ၃၅၆,၂၀၀ ရှိပါတယ်။ တချို့က ပင်မငွေတိုက်က ဖြစ်ပြီး၊ တချို့ကတော့ ထိုက်ချန်ငွေတိုက်က ဖြစ်ပါတယ်။ တံဆိပ်ကိုပြပြီး အားလုံးကို လဲလှယ်နိုင်ပါတယ်" ယခုအချိန်တွင် ငွေစက္ကူများကို လည်း ရေတွက်ပြီးသွားပါပြီ။
"ငွေစက္ကူက သုံးသိန်းကျော်ပဲလား။ ဘယ်လိုပဲ ရေတွက်ရေတွက် အနည်းဆုံး ငွေစက္ကူတစ်သန်းတော့ ရှိလိမ့်မယ်လို့ ငါ ထင်ထားခဲ့တာ။” ဟုန်ယွိသည် ခေါင်းယမ်းလိုက်သည်။ ဤငွေစက္ကူများသည် သယ်ဆောင်ရ လွယ်ကူသောကြောင့် သူ့အတွက် သဘာဝအတိုင်း သိမ်းဆည်းထားနိုင်ပါသည်။ ရွှေများကို သယ်ဆောင်ရာတွင် သိသာထင်ရှားလွန်းသဖြင့် စစ်တပ်အတွက်သာ ချန်ထားနိုင်သည်။
ထိုအချိန်တွင်၊ ချီဇီယန်သည်လည်း ပုလဲနှင့် ကျောက်မျက်အိတ်ကို ရွေးချယ်နေခဲ့သည်။ သို့သော် ရွှေပင့်ကူသည် ကျောက်မျက်သေတ္တာထဲသို့ ခုန်ဆင်းသွားပြီး ပြန်မထဘဲ နေတော့သည်။ မုကလေးက အတင်းဆွဲထုတ်မှ ထွက်သွားခဲ့ သည်။ ရွှေပင့်ကူသည် ပုလဲနှင့်ကျောက်မျက်များကို အိတ်ကြီးတစ်ခုထဲသို့ မထည့်မီ ပုလဲများနှင့် ကျောက်မျက်များကို ဝါးယူရန် အခွင့်အရေးကို အသုံးချသွားခဲ့သေးသည်။
"ဒီတိုက်ပွဲမှာ ငါတို့က အရင်ဆုံး ကမ္မကုသိုလ် ရယူနိုင်ခဲ့တယ်။ လုယူပစ္စည်းများကို ရေတွက်ရင်း ရှန်ထိုက်ဇူသည် မထိန်းနိုင်ဘဲ အသံကျယ်ကြီးဖြင့် ပြောလိုက်သည်။
"ရှောင်ရှန်းနဲ့ ရှောင်ယုတို့ဆီကနေ အဆောင်စာရွက်တွေ အများကြီး တွေ့တယ်။ အစ်ကိုယွိ။ ကြည့်ပါဦး" မုကလေး တစ်ယောက်သာ ပိုပြီး စေ့စပ်သေချာသည်။ သူမသည် ရင်ပြင်တစ်ဝိုက်တွင် လမ်းလျှောက်လာရင်း သေဆုံးသွားသော ရှောင်ရှန်းနှင့် ရှောင်ယုတို့ထံမှ ဆာလဖာနှင့် ဆားငန်ရနံ့များ ပြင်းထန်စွာ ထွက်ပေါ်နေသော သစ်သားသေတ္တာတစ်ခုကို တွေ့ရှိခဲ့သည်။ သစ်သားသေတ္တာကို ဖွင့်ကြည့်လိုက်တော့ အထဲမှာ စာရွက်အပိုင်းအစတွေ ရှိနေပါသည်။ ထို့အပြင်, သစ်သားမြှားအချို့ကိုလည်း တွေ့ရှိခဲ့ရသည်။ မြှားများတွင် သစ်ကြံပိုးခေါက်၊ ပြဒါး၊ ဆာလဖာနှင့် ရောနှောထားသော အခြား အဆောင်စာရွက်များဖြင့် ပြည့်နေပါသည်။ ၎င်းတို့သည် အဆောင်စာရွက်များတွင် သဘာဝအတိုင်း ကြီးထွားနေ သည့် သစ်စေ့များကဲ့သို့ အတွင်းသို့ စိမ့်ဝင်နေပါသည်။
"ဒါတွေက ဖန်ရှင်းတာအိုဂိုဏ်းရဲ့ မီးလျှံအဆောင် မြှားတွေလား…" ဟုန်ယွိသည် အဆောင်စာရွက်များကို ကြည့်လိုက် သည်။ ၎င်းတို့အားလုံးသည် ငွေရောင်ဖြစ်ပြီး ကတ်ထူများကဲ့သို့ မာကျောသည်။ ဤမှော်အဆောင်များသည် မူရွန်ယန်၏ မှော်အဆောင်များထက် များစွာ အစွမ်းထက်ကြောင်း သူသိသည်။
မီးလျှံမြှားများကို သန့်စင်ပြီးသောအခါ, ၎င်းတို့ကို အတွေးတစ်ချက်ဖြင့် မြို့တံခါးများကို ဖောက်ခွဲရာတွင် အသုံးပြုနိုင်ပါ သည်။
"ဒီအဆောင်တွေက ဖန်ရှင်းတာအိုဂိုဏ်းမှာတောင် အရမ်းရှားပါးတယ်။ ဒီအဆောင်တွေက အနာဂတ်မှာ သေချာပေါက် အသုံးတည့်မှာပါ။" ဟုန်ယွိက ခေါင်းညိတ်ပြပြီး မုကလေးကို သိမ်းထားခွင့် ပေးလိုက်သည်။
"ခဏကြာရင် ပင်မစစ်တပ် ရောက်လာမှာ စိုးရတယ်။ စာကြည့်ခန်းကို သွားကြည့်ရအောင်။ အဲဒီမှာ ဒိုင်ဇင်ဘုရား ကျောင်းက သိုင်းပညာစာအုပ်တွေ ရှိကောင်းရှိနေနိုင်တယ်" ဟုန်ယွိက ခြေထောက်ကို မြှောက်ပြီး စာကြည့်ခန်းထဲသို့ ပြန်ဝင်သွားခဲ့သည်။ သူသည် ပတ်ပတ်လည်ကို ကြည့်လိုက်တော့ စာအုပ်စင်လေးခုကြားတွင် တံဆိပ်တပ်ထားသည့် စာအုပ်စင်တစ်ခုကို တွေ့ရှိခဲ့သည်။ ၎င်းတို့အားလုံးသည် ကိုယ်ခံပညာ လျှို့ဝှက်ကျမ်းများ ဖြစ်သည့်အပြင်၊ လက်ရေး မှတ်တမ်းများနှင့် ထိုးထွင်းသိမြင်မူ မှတ်စုတွေလည်း အများကြီး ရှိနေခဲ့သည်။
"လွင့်မျောတိမ်တိုက်ဓားသိုင်း…၊ "ယာကရှာတုတ်သိုင်း”။ "သတ်ဖြတ်ခြင်းလက်သည်းခွန်အား"၊ "မြေနတ်ဆိုးဆေဘာ”၊ "ကြိုးကြာပုံစံအလင်းပုံရိပ်" "ဝိညာဉ်မျောက်ဝံ၏ အလင်းသုံးသွယ်နှင့် ရှောင်တိမ်းခြင်းခြောက်မျိုး" ဟုန်ယွိသည် ကိုယ်ခံ ပညာစာအုပ်များတွင် အချို့က သတ်ဖြတ်ခြင်းစာအုပ်များ ဖြစ်ပြီး၊ အချို့နည်းစနစ်များမှာ ကျန်းမာရေး ထိန်းသိမ်းသည့် နည်းစနစ်များဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ နဂါး-ဆင်တံဆိပ်ကဲ့သို့ ထိပ်တန်းပညာရပ်မျိုး တစ်ခုမှ မတွေ့ခဲ့ရပေ။
သို့သော် အချို့စာအုပ်များသည် လူအများ၏ ထင်မြင်ချက်ယူဆချက်၊ အတွေးအမြင်များပါဝင်နေသည်။ ၎င်းစာအုပ်များ သည် ကိုယ်ခံပညာ လေ့ကျင့်ဖို့အတွက် ကောင်းမွန်သော ကိုးကားချက်များ ဖြစ်သည်။
"ဟမ်? ဒါက ဘာလဲ။ ဗုဒ္ဓတိုက်ပွဲမှတ်တမ်းဆိုပါလား….။ ဒီစကားလုံးတွေက အရမ်းရင်းနှီးတယ်။”
ဟုန်ယွိသည် ထိုစာအုပ်ကို ကြည့်လိုက်တော့ သိုင်းပညာသီးသန့် မှတ်စုစာအုပ်တစ်အုပ်ကို ရုတ်တရက် တွေ့လိုက်ရပါ သည်။ သူသည် ထိုစာအုပ်ပေါ်မှ စာလုံးများကို ယခင်က တစ်နေရာရာမှာ မြင်ဖူးသလိုမျိုး အလွန်ရင်းနှီးနေသည်။ ဟုန်ယွိသည် ထိုစာအုပ်ကို အမြန် ဆွဲထုတ်ပြီး လှန်ကြည့်လိုက်ပါသည်။ အောက်ခြေတွင် ရေးသားသူ ယန်ယွဲ့ဟူသော စာလုံးကြီးလေးလုံး ရှိနေပါသည်။
“မဟာကျိုးမင်းဆက် နှစ် ၁၂၀ မြောက်မှာ, ကျွန်ုပ်ဟာ ဒြဗ်ကြီးငါးပါးဓားချီတာအိုပညာရပ်ကို ကျွမ်းကျင်တဲ့ ဉဒေါင်းဘုရင် ရှင်းရွှန်နဲ့ မြေခွေးလွင်ပြင်မှာရှိတဲ့ ဟူရားပင်လယ် ကမ်းနားမှာ တိုက်ခိုက်ခဲ့တယ်။.. တော်ဝင်ချန်ရဲ့ ပထမနှစ်မှာ, ကျွန်ုပ် ဟာ မဟာဝိညာဉ်လက်ဝါးနဲ့ ခုနှစ်စင်ကြယ်ချီ မွေးဖွားခြင်းပညာရပ်ကို ကျွမ်းကျင်တဲ့ အစစ်မှန်ခုနှစ်စဉ်ကြယ်ဂိုဏ်းရဲ့ ပိုင်ဖေးရှန်ကို တုတူးမြစ်မှာ တိုက်ခိုက်ခဲ့တယ်... တော်ဝင်ချန်ရဲ့ ပဉ္စမနှစ်မှာ, ဖရိုဖရဲလေဟာနယ်တူကို ကိုင်ဆောင်ထား တဲ့ မက်မွန်နတ်ဘုရားဂိုဏ်းရဲ့ လျှိုထျန်းယွဲ့ကို လကျောက်စိမ်းကျွန်းမှာ တိုက်ခိုက်ခဲ့တယ် ... တော်ဝင်ချန်ရဲ့ ၁၃ နှစ် မြောက်မှာ ဆန်းကြယ်ကောင်ကင်ဘုံခန်းမရဲ့ မန်ချီရှာကို အစိမ်းရောင်သတ်ဖြတ်ခြင်းတောင်မှာ တိုက်ခိုက်ခဲ့ ပြီး၊ ငါ့ကို ချောင်းမြောင်းတိုက်ခိုက်လာတဲ့ ရွှေပင့်ကူဘုရင်ကိုတော့ ပင်လယ်ဖိနှိပ်ခြင်း ဗုဒ္ဓဓမ္ဓတံဆိပ်နဲ့ ဒဏ်ရာရအောင် တိုက်ခိုက် ခဲ့ပြီး၊ တော်ဝင်ချန်ရဲ့ ၃၅ နှစ်မြောက်မှာတော့, မိတ်ဆွေတစ်ယောက်နဲ့ တွေ့ဆုံဖို့ ခွန်ရှာတောင်ကို သွားခဲ့ပြီး၊ တိုင်ရှန် တာအိုဂိုဏ်းက မန်ပိုင်ယွန်, အထွဋ်ထိပ်ကောင်းကင်နယ်မြေက ဟုန်ရွှန်ကျိ, အိမ်ရှေ့စံမင်းသား ယန်ယွန်ရွှေ့နဲ့ အတူ လူငယ်ကျွမ်းကျင်သူတစ်ရဲ့ ဝန်းရံတိုက်ခိုက်မူ ခံခဲ့ရပြီး၊ ကျွန်ုပ်ဟာ သူတို့ကို အနိုင်ယူပြီးနောက် ရွှေပင့်ကူဘုရင်ရဲ့ ခြုံခိုတိုက်ခိုက်မူကို ထပ်မံခံခဲ့ရပြီး သူ့ကို ဒဏ်ရာရအောင် တိုက်ခိုက်နိုင်ခဲ့ပြန်တယ်..။ တော်ဝင်ချန် နန်းစံနှစ် ၃၆ နှစ်မှာတော့ ကျွန်ုပ်ဟာ တိုင်ရှန်တာအိုဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင် မိုနိုဂါတာရီကို ရှာဖွေဖို့အတွက် ကောင်းကင် တောင်တန်းဆီသို့ သွားခဲ့ပေမယ့် ရှာမတွေ့ခဲ့ဘူး။ လမ်းခရီးမှာ ရွှေပင့်ကူဘုရင်နဲ့ ငွေငါးမန်းဘုရင်တို့က ထပ်မံ ချောင်းမြောင်းတိုက်ခိုက်ခဲ့ပြီး၊ သူ့ကို သုံးကြိမ်တိုင်တိုင် ဒဏ်ရာရရှိစေခဲ့တယ်….."
"သခင်၊ စစ်တပ်က မြို့ထဲကို ဝင်လာပါပြီ…."
ဟုန်ယွိသည် ဗုဒ္ဓတိုက်ပွဲမှတ်တမ်းကို လှန်လှောကြည့်နေစဉ်တွင် အရေးပေါ် သတင်းတစ်ခုကို ကြားလိုက်ရသည်။
"ကောင်းပြီ! တပ်မမှူးကို ကြိုဆိုဖို့ ငါ့နောက်လိုက်ခဲ့ကြ။”
ဟုန်ယွိက စာအုပ်ကို အလျင်စလို သိမ်းထားလိုက်ပြီး "ဒါဆို ဒီဘုန်းတော်ကြီး ယန်ယွဲ့က တိုက်ခိုက်ခြင်းဗုဒ္ဓလို့ နာမည် ပြောင် ရထားတာပေါ့။ ဒီမှတ်စုစာအုပ်ထဲမှာ သူ့တိုက်ပွဲတွေအကြောင်း မှတ်တမ်းတင်ထားပြီး၊ အရေးပါတဲ့ ပုဂ္ဂိုလ်များစွာ ပါဝင်နေတယ်။ ငါ ကောင်းကောင်းပြန်ဖတ်ရမယ်….။”
အခန်း (၁၃၉)။
"အိုး မဟုတ်ဘူး! နောက်ကျသွားပြီ။”
မြို့ပြင်တွင် ထောင်နှင့်ချီသော စစ်သည်များသည် မြို့တံခါးအပြင်ဘက်တွင် ရှိနေကြသည်။ စစ်တပ်၏ တပ်မမှူး လီဟောင်ရှင်းသည် ဟုန်ယွိ၏တပ်များ မြို့ပြင်သို့ စနစ်တကျ ထွက်လာသည်ကို မြင်သောအခါ၊ သူ၏ ပထမဆုံး အတွေး မှာ ရှေ့ပြေးတပ်များက မြို့ကို ဖြိုခွင်းနိုင်သည့်အတွက် ပျော်ရွှင်မှုမဟုတ်ဘဲ သူ့စိတ်နှလုံးသည် အောက်ခြေမဲ့ တွင်းနက်ကြီးထဲသို့ ကျရောက်သွားသလို ခံစားလိုက်ရသည်။
ဤတပ်မမှူး လီဟောင်ရှင်းသည် သူ၏ ထင်ရှားကျော်ကြားသော စစ်ရေးအောင်မြင်မူများကြောင့် စစ်တပ်၏ စစ်သေနာ ပတိ တင်းယွန်ထုန်၏ ယုံကြည်ရသော လက်ထောက်တစ်ဦး ဖြစ်လာခဲ့သည်။ ဤတစ်ကြိမ်တွင် တင်းယွန်ထုန်၏ လက်ထောက်က ဂုဏ်သိက္ခာ မြှင့်တင်နိုင်ရန် တိုက်ခိုက်နေကြသော သခင်လေးနှစ်ဦးဖြစ်သည့် ဟုန်ယွိနှင့် ဝေလဲ့တို့အား အထူးအာရုံစိုက်ရန် သူ့အား အထူးသတိပေးပြီး မှာကြားထားသည်။
ဟုန်ယွိသည် မင်းသားယု၏ လူဖြစ်ပြီး၊ ဝေလဲ့သည် တောင်ပိုင်းပြည်နယ်ခုနှစ်ခု, ဘုရင်ခံ၏သားဖြစ်ကာ၊ ထီးနန်းအတွက် အိမ်ရှေ့စံမင်းသားနှင့် မင်းသားယုတို့အကြား တိုက်ပွဲတွင် ပါဝင်နေခဲ့သည်။ မိသားစုတစ်လုံး ပျက်သုဉ်းသွားစေနိုင်သည့် ဤယှဉ်ပြိုင်မူတွင် မည်သူမျှ ပါဝင်ရန် ဆန္ဒမရှိကြပေ။
မင်းသားယုနှင့် သေဖော်ရှင်ဖက် မိတ်ဆွေအဖြစ် ရင်းနှီးသော ပစိဖိတ်ရေတပ်မှ ဗိုလ်ချုပ်ကြီး ယန်ကျန်းပင်လျှင် သူ့မျိုးနွယ်တစ်ခုလုံးနှင့် ပတ်သက်သည့်အခါ နှစ်ဖက်စလုံးကို စော်ကားလိုစိတ်မရှိဘဲ သဘောထားကို ရှင်းရှင်းလင်းလင်း ဖော်ပြခြင်းမရှိ ထိန်းသိမ်းထားခဲ့သည်။
တပ်မမှူးတစ်ယောက်အနေဖြင့် လီဟောင်ရှင်းသည် အလွန်ထက်မြက်ပြီး အတွေ့အကြုံ ရင့်ကျက်သူတစ်ယောက် ဖြစ်နေပါပြီ။ သူသည် တင်းယွန်ထုန်၏အမိန့်ကို မည်သို့ အလေးအနက်မထားဘဲ နေနိုင်မည်နည်း။ ဟုန်ယွိနှင့် ဝေလဲ့တို့ ၏ ရှေ့ပြေးတပ်များ ထွက်ခွာသွားသည်နှင့် သူသည် ချက်ချင်းဆိုသလို စစ်တပ်မှ ကျွမ်းကျင်သူများကို ဦးဆောင်ကာ နောက်မှ အနီးကပ် လိုက်ပါလာခဲ့သည်။
သို့သော်, လမ်းတစ်လျှောက် သစ်တောတွေထဲမှာ အဆိပ်ပြင်းသည့် အင်းဆက်တွေနှင့် မြွေတွေ အများကြီး ရှိနေခဲ့ပါ သည်။ စစ်သည်အများအပြား အကိုက်ခံရပြီး သေဆုံးခဲ့သည်။ တစ်ခါတစ်ရံ ယွန်မင်၏ ကျွမ်းကျင်ပညာရှင် အုပ်စု ဖြစ်သော သံမဏိနတ်ဆိုးလေးတပ်မှ မြှားဖြင့် ပစ်ခတ်ခြင်း ခံခဲ့ကြသည်။ ထောင်ချောက်မျိုးစုံနှင့် ပင်လယ်ဓားပြများ သည်လည်း သူတို့ကို ကြားဖြတ်တိုက်ခိုက်ကြသဖြင့် သူ့စစ်တပ်ကို ထက်ဝက်ခန့် နှောင့်နှေးစေခဲ့သည်။
နောက်ဆုံးတွင် သူသည် ဧရာမဝေလငါးကျွန်း၏ အလယ်ပိုင်းလွင်ပြင်သို့ ခက်ခက်ခဲခဲ ရောက်ရှိလာခဲ့သည့်အချိန်မှာ တော့, ဟုန်ယွိသည် သူ့တပ်များကို ခေါ်ဆောင်ပြီး၊ ဝင့်ကြွားစွာ ထွက်လာသည်ကို တွေ့လိုက်ရပါသည်။ ယင်းက သူ့စိတ်နှလုံးကို ချက်ချင်း အေးစက်သွားစေခဲ့သည်။ သူ့ရင်ဘတ်က မကြာခင် ဖြစ်ပျက်လာတော့မည့် တစ်စုံတစ်ခု အတွက် ဆိုးဝါးသည့် စိတ်ခံစားချက်များဖြင့် ပြည့်နေခဲ့သည်။
"ဟုန်ယွိ….၊ ဝေလဲ့ ဘယ်မှာလဲ”
ဟုန်ယွိ၏တပ်များ မြို့မှ ထွက်ခွာလာသည်ကို မြင်လိုက်ရသဖြင့် လီဟောင်ရှင်းသည် မြင်းပေါ်မှ ခုန်ချပြီး ဟုန်ယွိဆီသို့ ခြေလှမ်း အနည်းငယ် လှမ်းကာ သူ့ဘေးနားရှိ သက်တော်စောင့်များကို လျစ်လျူရှုထားသည်။ သူက မြင်းမောင်းကြာပွတ် ကို မြှောက်ပြီး ပြင်းပြင်းထန်ထန် မေးလိုက်သည်။
"ကျွန်တော်က အစိမ်းရောင် တပ်ရင်းမှူး ဟုန်ယွိပါ။ ဗိုလ်ချုပ်လီကို နှုတ်ဆက်ပါတယ်" ဟုန်ယွိသည် ဗိုလ်ချုပ် လီဟောင်ရှင်း၏ တည်ငြိမ်မှု ပျောက်ဆုံးနေသည်ကို ဂရုမစိုက်ပေ။ ယင်းအစား သူက တည်ငြိမ်စွာ တင်ပြသည် "မြို့ကို ကျွန်တော့်တပ်က ချိုးဖျက်လိုက်ပါပြီ။ ပင်လယ်ဓားပြခေါင်းဆောင်း မျက်ခုံးဝါနဲ့ ပင်လယ်ဓားပြတတိယခေါင်းဆောင် ဂန်လင်းတို့တော့ ထွက်ပြေးသွားခဲ့ပြီ။ တပ်ရင်းမှူး ဝေလဲ့က ကျွန်တော့်အရင် မြို့ထဲ ရောက်နေခဲ့တယ်။ သူက မြို့ကို ချိုးဖျက်ပြီးတာနဲ့ တိုက်ရိုက် ဝင်သွားခဲ့တယ်။ ကျွန်တော် ရောက်သွားတော့ တပ်ရင်းမှူး ဝေလဲ့ဟာ သူချစ်ရတဲ့ တိုင်းပြည် အတွက် သူ့ကိုယ်သူ စွန့်လွှတ်အနစ်နာခံသွားခဲ့ပါပြီ။”
"မင်း ဘာပြောလိုက်တာလဲ…" လီဟောင်ရှင်းက သူ့နားကို နကျယ်ကောင် အကိုက်ခံလိုက်ရသလို ခံစားရ၏။ “ဝေလဲ့ ဘာဖြစ်ခဲ့တာလဲ” သူ ထပ်မံ အော်မေးသည်။
“တပ်ရင်းမှူးက ဦးဆောင်ပြီး မြို့တံခါးတွေကို ဖောက်ဖျက်ပြီးနောက်၊ သူက တိုက်ရိုက် မြို့ထဲ ဝင်သွားခဲ့တယ်။ ကျွန်တော် ရောက်သွားတော့ တပ်မှူးဝေဟာ သူ့တိုင်းပြည်အတွက် စွန့်လွှတ်နစ်နာခံသွားခဲ့ပြီ။” ဟုန်ယွိက ထိုစကား တစ်ခွန်းကိုပင် ထပ်ပြောသည်။
“တိုင်းပြည်အတွက် သူ့ကိုယ်သူ သေ … တိုင်းပြည်အတွက် စွန့်လွှတ်နစ်နာခံသွားပြီ၊ … တိုင်းပြည်အတွက် စွန့်လွှတ် နစ်နာခံသွားပြီ။ ဒါဆို သူသေပြီပေါ့.. သူသေပြီပေါ့.. ငါ … ဘာလုပ်ရမလဲ ….. ငါ ဘာလုပ်ရမလဲ” လီဟောင်ရှင်းသည် သူ့ပုံရိပ်ကိုပင် ဂရုမစိုက်ဘဲ လှည့်ပတ်နေသည်။ ရုတ်တရက် သူ့လက်ထဲက မြင်းမောင်းကြာပွတ်ကို ပစ်ချပြီး ဟုန်ယွိကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေ၏။ သူက အသံတိုးကာ မေးလိုက်သည် "မင်း လောဘဇောကြောင့် ဝေလဲ့ကို တိတ်တိတ် လေး သတ်ပစ်လိုက်တာ မဟုတ်လား။"
"ဗိုလ်ချုပ်လီ၊ ခင်ဗျားရဲ့ စကားတွေကို ဂရုစိုက်ပါ။" ဟုန်ယွိ၏ မျက်နှာက ရုတ်တရက် ခံစားချက်ကင်းမဲ့သည့် အမူအရာ ပေါ်လာပြီး၊ သူ့လေသံက ရေခဲအဖြစ် ပြောင်းလဲသွားပုံရသည်။ သူက လီလဲ့ကို လက်ညှိုးထိုးပြပြီး ပြောသည် "ဒါက တပ်ရင်းမှူးဝေရဲ့ ယုံကြည်ရတဲ့ လက်ထောက်အကူ အိမ်တော်ထိန်း သခင်လီလဲ့ပဲ။ ကျွန်တော်ရောက်သွားတော့ သူက အပြင်းအထန် တိုက်ခိုက်နေတယ်။ တပ်ရင်းမှူး ဝေလဲ့က လောဘကြီးပြီး အဆင်ခြင်မဲ့ လှုပ်ရှားခဲ့တာကြောင့် ပင်လယ် ဓားပြတွေရဲ့ ထောင်ချောက်ကျပြီး သတ်ဖြတ်ခံခဲ့ရတာလားဆိုတာ ခင်ဗျားကို သူ့ကို မေးမြန်းကြည့်နိုင်တယ်။”
"ဟင်…" လီဟောင်ရှင်းသည် သံသယစိတ်ဖြင့် ခေါင်းလှည့်ကာ လီလဲ့ကို ကြည့်လိုက်သည်။ လီလဲ့သည် ချက်ချင်းပင် ရှေ့ခြေနှစ်လှမ်း တိုးကာ "ကျွန်တော့်သခင်လေးက ကျွန်တော့်အကြံကို နားမထောင်ဘဲ မြို့ထဲအတင်းဝင်ကာ၊ လမ်းတစ်လျောက် ရန်သူတွေကို သတ်ပစ်ချင်ခဲ့သော်လည်း, သူဟာ ချောင်းမြောင်းလုပ်ကြံခြင်း ခံလိုက်ရပါတယ်..."
"ဗိုလ်ချုပ်လီ၊ မြို့ထဲမှာရှိတဲ့ ရတနာတွေနဲ့ လက်နက်တိုက်တွေ အားလုံးကို ကျွန်တော် ရေတွက်ပြီးပြီ။ သူတို့က စစ်တပ် လာပြီး လက်ခံမယ့်အချိန်ကို စောင့်နေတယ်။ ဗိုလ်ချုပ် ကျေးဇူးပြုပြီး ကြည့်ပါ။ ဒါပေမယ့် ဗိုလ်ချုပ်အနေနဲ့, အခြေမြစ်မရှိ မလိုအပ်တဲ့ မှန်းဆမှုတွေ လျှောက်မလုပ်မိဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ မဟုတ်ရင် ကျွန်တော့်အတွက် တရားမျှတမှု ရှာဖွေဖို့ မင်းသားယုဆီ သေချာပေါက် အစီရင်ခံရပါလိမ့်မယ်။" ဟုန်ယွိ၏လေသံက ပို၍ပင် အေးစက်လာခဲ့သည်။ သူက လီဟောင်ရှင်းကို ဖုံးကွယ်ထားခြင်းမရှိသော သတ်ဖြတ်လိုစိတ်ဖြင့် စိုက်ကြည့်နေခဲ့သည်။
"ငါ အခုနက စကားမှားသွားတယ်။" လီဟောင်ရှင်းသည် ဟုန်ယွိ၏ အေးစက်သော အကြည့်ကို မြင်လိုက်ရသောအခါ သူ့ကျောရိုးတစ်လျှောက် အေးစက်သွားသလို ခံစားလိုက်ရသည်။ "ဝေလဲ့က သေနေပြီ။ သူ့ကို သတ်နိုင်သူဆိုမှတော့ ဒီလူက ရက်စက်ပြီး အရမ်းကို အစွမ်းထက်ရမယ်။ သူက လူသတ်သမား မဟုတ်ဘူးဆိုမှတော့, ငါ့အနေနဲ့ အတင်းအဓမ္မ ဝင်စွက်ဖက်နေဖို့ မလိုဘူး။”
ထိုအတွေးဖြင့် လီဟောင်ရှင်းက သူ့မြင်းကို ပြီးစီးပြီး ပြောလိုက်သည် "လာ၊ မြို့ထဲဝင်ရအောင်!"
ဤကိစ္စနှင့်ပတ်သက်ပြီး သည်းထိတ်ရင်ဖိုစရာမျိုး မရှိတော့ပါဘူး။
ဤတစ်ကြိမ်တွင် စစ်တပ်မှ မြို့ထဲသို့ ဝင်ရောက်ပြီးနောက် အလောင်းများ၊ အဖိုးတန်ပစ္စည်းများ၊ စားနပ်ရိက္ခာများ ရေတွက်ခြင်းနှင့် အခြားအလုပ်များကို ဆောင်ရွက်ခဲ့ပါသည်။ ဟုန်ယွိသည် လုံးဝ ဆုတ်သွားခဲ့ပြီး၊ အနားယူရန် သူ၏ သံချပ်ကာသင်္ဘောဆီသို့ ပြန်သွားခဲ့သည်။ သူသည် ဓားပြများ သုတ်သင်ခြင်းမှ ရရှိသော အဖိုးတန်ပစ္စည်းများကို ရေတွက်ကြည့်သည်။
ဤစစ်ဆင်ရေးတွင် ဟုန်ယွိသည် ငွေစက္ကူ သုံးသိန်းကျော်နှင့် လက်ဝတ်ရတနာ တစ်သိန်းကျော် ရရှိခဲ့သည်။ ထို့အပြင် သူ၏ စစ်သည်များသည် ချပ်ဝတ်တန်ဆာ အပြည့်အစုံ၊ လေးတစ်စင်းစီနှင့် အနက်ရောင်သံမဏိဆေဘာတို့ကို ရရှိခဲ့ သည်။ သူ့အောက်ရှိ စစ်သည်များအားလုံးသည် ဟုန်ယွိကို အလွန် ကျေးဇူးတင်နေကြသည်။
ဤကြွယ်ဝမူသည် ကြီးမားသော်လည်း ဟုန်ယွိ၏ အကြီးမားဆုံး အမြတ်စွန်းမှာ မိုးကြိုးလျှပ်စီးဆေဘာကျမ်း၊ ဖြိုခွဲခြင်း နတ်ဘုရားဆေဘာနှင့် လီလဲ့ကဲ့သို့ ကျွမ်းကျင်သူတစ်ဦးကို လက်အောက်ခံအဖြစ် ရရှိခဲ့သည်။ သူသည် ယန်ယွဲ့ ရေးသား ခဲ့သော ဗုဒ္ဓတိုက်ပွဲမှတ်တမ်းအပါအဝင် ကိုယ်ခံပညာစာအုပ်များစွာကိုလည်း ရရှိခဲ့သည်။
ဤဗုဒ္ဓတိုက်ပွဲမှတ်တမ်းသည် လွန်ခဲ့သည့် နှစ်ပေါင်းတစ်ရာကျော်အတွင်း ယန်ယွဲ့ ရင်ဆိုင်ခဲ့သော ဂိုဏ်းပေါင်းစုံ၊ နတ်ဆိုးအင်မော်တယ် ပညာရှင်များနှင့် သူတွေ့ကြုံခဲ့သော တိုက်ပွဲပေါင်း ထောင်ပေါင်းများစွာကို မှတ်တမ်းတင်ထားခဲ့ သည်။ တစ်ချိန်တည်းမှာပင်၊ ဂိုဏ်းပေါင်းစုံ၏ ကိုယ်ခံပညာနှင့်ပတ်သက်၍ အရေးကြီးသော အချက်လက်များကို ခွဲခြမ်း စိတ်ဖြာ ရေးမှတ်ထားခဲ့သည်။
ထို့အပြင်၊ တန်ဖိုးအရှိဆုံးအရာမှာ ကမ္ဘာပေါ်ရှိ ကျွမ်းကျင်ပညာရှင် အသီးသီး၏ ပင်ကိုယ်စရိုက်၊ ထူးခြားသည့် အပြုမူများ နှင့် ကျင့်ကြံမှုတို့ကို ရေးသားထားခြင်း ဖြစ်သည်။
ဥပမာ ဉဒေါင်းဘုရင် ရှင်းရွှန်အကြောင်း ဖြစ်သည်။ သူသည် လျှပ်စီးကပ်ဘေးဒုက္ခ သုံးခုကို ဖြတ်သန်းခဲ့ရပြီး၊ ၎င်းတို့ထဲမှ နှစ်ကြိမ်မှာ ၎င်း၏ရုပ်ခန္ဓာကိုယ် ပျက်ဆီးပြိုကွဲခြင်း ကြုံတွေ့ခဲ့ရသည်ဟု ယန်ယွဲ့က ဆိုထားသည်။ သူ၏စိတ်ဝိညာဉ် သည် သန့်စင်သော ယန်စွမ်းအင် (ချီ) ကို ရရှိသည့်အထိ လေ့ကျင့်ထားပြီး ဖြစ်သည်။ သူသည် အတွေးတစ်ချက်နှင့်အတူ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ဒြဗ်စင်ငါးခု ဓားစွမ်းအင်ကို ကောင်းကင်အပြည့် ထုတ်လွှတ်နိုင်ပါသည်။ သူသည် သူ့ခန္ဓာကိုယ်ကို ကာကွယ်ရန်အတွက် သတ္တုစွမ်းအင်ကိုလည်း အသုံးပြုနိုင်သလို၊ အတွေးတစ်ချက်ဖြင့် သူသည် သူ၏ ရှေးဟောင်း စိတ်ဝိညာဉ်ကို စုစည်းကာ အစစ်မှန် စစ်တပ်တစ်ခုအဖြစ်သို့ ပြောင်းလဲပစ်နိုင်ပါသည်။ စိတ်ဝိညာဉ်များကို လက်နက်များအဖြစ် သန့်စင်ရာတွင် သူ၏တာအိုနည်းစနစ်က အကောင်းဆုံးဟု ဆိုနိုင်ပါသည်။ သူသည် နည်းစနစ် မျိုးစုံကို ပိုင်ဆိုင်ထားပြီး၊ နတ်ဆိုးအင်မော်တယ် ရှစ်ပါးတွင် ထိပ်တန်းပုဂ္ဂိုလ် ဖြစ်ခဲ့သည်။
နောက်ဥပမာတစ်ခုက ရွှေပင့်ကူဘုရင် ဖြစ်ပါသည်။ ရွှေပင့်ကူဘုရင်သည် အခြားသူများနှင့် မည်သည့်အခါမှ ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်ခြင်း မရှိခဲ့ပေ။ အကယ်၍, သူသည် သေးငယ်သော ပုဂ္ဂိုလ်တစ်ယောက်နှင့် ရင်ဆိုင်ရလျှင်ပင်, သူသည် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လိမ့်မည်။ အကယ်၍, မအောင်မြင်ခဲ့လျှင်, သူသည် ချက်ချင်း ပြန်ဆုတ်သွားလိမ့်မည်။ သူသည် ကမ္ဘာပေါ်ရှိ နတ်ဆိုးအင်မော်တယ်များထဲတွင် ကိုင်တွယ်ဖြေရှင်းရန် အခက်ခဲဆုံးလူ ဖြစ်သည်။
ရွှေပင့်ကူဘုရင်၏ မိတ်ဆက်စကားနှင့် ပတ်သက်၍မူ, ဟုန်ယွိအနေဖြင့် ရယ်ရမည်လား ငိုရမည်လား မသိတော့။ ဤလောကမှာ ထိုကဲ့သို့လူမျိုး ရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပါဘူး။ အစွမ်းထက်သည့် ပုဂ္ဂိုလ်များကို ခိုးကြောင် ခိုးဝှက် တိုက်ခိုက်ခြင်းက အဆင်ပြေပါသေးသည်။ သို့သော်, သူသည် သေးငယ်သော ပုဂ္ဂိုလ်တစ်ယောက်ကိုတောင် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ခြင်းမရှိပေ။ ထိုသို့ဆိုလျှင်, သူ့ကို နတ်ဆိုးအင်မော်တယ်အဖြစ် မည်သို့ သတ်မှတ်နိုင်မည် နည်း။
"ကမ္ဘာပေါ်မှာ ကျွမ်းကျင်သူတွေ အများကြီး ရှိတယ်။ ငါ အခုထိ ပုရွက်ဆိတ်တစ်ကောင်အဖြစ် ယူဆလို့ ရနေတုန်းပဲ။"
ယင်းက ဗုဒ္ဓတိုက်ပွဲမှတ်တမ်းကို အကြမ်းဖျင်း ဖတ်ရှုပြီးနောက်၊ ဟုန်ယွိ၏ စိတ်ထဲသို့ ပထမဆုံး ဝင်ရောက်လာသည့် အတွေးဖြစ်ပါသည်။
တာအိုနည်းစနစ်ကို ကျင့်ကြံရာတွင် တစ္ဆေအင်မော်တယ်အထက်မှာ နောက်ထပ် လျှပ်စီးကပ်ဘေးဒုက္ခကိုးခု ရှိနေသေး သည်။ အဆင့်တစ်ခုစီကို ဖြတ်ကျော်နိုင်သည်နှင့်အမျှ စိတ်ဝိညာဉ်ရှိ သန့်စင်သော ယန်စွမ်းအင်များ တိုးမြင့်လာမည် ဖြစ်ကာ၊ တာအိုပညာရပ်များကိုလည်း အဆင့်တစ်ခုအနေဖြင့် မြှင့်တင်သွားနိုင်မည် ဖြစ်သည်။ လူတစ်ယောက်သည် အဆင့်ကိုးခုစလုံးကို ဖြတ်ကျော်ပြီး တစ်ခုတည်းအဖြစ် ပြန်လည်ပေါင်းစည်းပြီးသောအခါ၊ စိတ်ဝိညာဉ်ရှိ ယန်စွမ်းအင် သည် သန့်စင်သွားမည် ဖြစ်ပြီး၊ ထိုလူသည် ဤစကြာဝဠာကြီး လည်ပတ်ခြင်း၏ လျှို့ဝှက်ဆန်းကြယ်မူကို နားလည်ကာ၊ ယန်နတ်ဘုရား ဖြစ်လာမည် ဖြစ်သည်။ ယန်နတ်ဘုရား ဖြစ်လာပြီးနောက် နိဗ္ဗာနနယ်ပယ်ဆိုသည့် တဖက်ကမ်းကို ဖြတ်ကျော်နိုင်သည့်လူ ရှိမရှိ မသိနိုင်သေးသလို၊ ထိုထက်ကျော်လွန်သော နယ်ပယ်နှင့်ပတ်သက်၍မူ ပုံရိပ်ယောင်ပမာ ဝေဝေဝါးဝါးပင်။
ဟုန်ယွိ ရိတ်သိမ်းမူ ပြီးဆုံးနောက် ရက်အနည်းငယ်အကြာတွင်, ဓားပြများကို နှိမ်နင်းခြင်းဆိုင်ရာ အစီရင်ခံစာ စာရွက် စာတမ်းများကို ပစိဖိတ်ရေတပ်ဌာနချုပ်မှတဆင့် ကျောက်စိမ်းမြို့တော်ရှိ စစ်ဘက်ဆိုင်ရာဝန်ကြီးဌာနသို့ ပေးပို့ခဲ့သည်။ နောက်ဆုံးတွင် ထိုအစီအရင်ခံစာကို စစ်ဘက်ဆိုင်ရာဝန်ကြီးဌာနမှ ဝန်ကြီးများအဖွဲ့သို့ လွှဲပြောင်းပေးခဲ့သည်။ အစိုးရ အဖွဲ့ဝင် ဝန်ကြီးများအားလုံး စုပေါင်း သုံးသပ်ပြီးနောက် အရေးကြီးသည့်အရာများကို ရွေးချယ်ကာ ဧကရာဇ်မင်းထံ ပေးအပ်ခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် တောင်ပိုင်းပြည်နယ် ခုနစ်ခု၏ ဘုရင်ခံ ဝေတိုင်ကန်သည်လည်း သူ့သားဝေလဲ့သည် တိုင်းပြည် အတွက် သူ့အသက်ကို စွန့်လွှတ်ခဲ့ရသည့် သတင်းကို လက်ခံရရှိခဲ့သည်။
တောင်ပိုင်းပြည်နယ် ခုနစ်ခု၏ ဘုရင်ခံစံအိမ်သည် နဂါးပျော်ရေကန်ကို မျက်နှာမူထားပြီး၊ တောင်ပိုင်းပြည်နယ်ခုနှစ်ခုရှိ ချမ်းသာဆုံးပြည်နယ်ဖြစ်သော ဟွာယန်ပြည်နယ်တွင် တည်ရှိသည်။ စံအိမ်ကြီးသည် ဧကငါးရာ ကျယ်ဝန်းပြီး၊ အနီရောင် နံရံများဖြင့် ဝန်းရံထားကာ အထပ်မြင့်အိမ်များ ရှိနေသည်။ နံရံများ၏အောက်ခြေနှင့် ထောင့်တိုင်းတွင် နေ့ရောညပါ အလှည့်ကျ စစ်သည်များက သံမှိုဖြင့်ရိုက်ထားသကဲ့သို့ စောင့်ကြပ်နေကြသည်။ သံချပ်ကာများနှင့် သံခမောက်များကို ဆောင်းထားသည့် သံချပ်ကာဝတ် စစ်သားအဖွဲ့များလည်း တင်းတင်းကြပ်ကြပ် ကင်းလှည့်လေ့ရှိသည်။
တောင်ပိုင်းပြည်နယ် ခုနစ်ခု၏ ဘုရင်ခံ ဝေတိုင်ကန်သည် တောင်ပိုင်းပြည်နယ် ခုနစ်ခု၏ အုပ်ချုပ်ရေးမှူးအဖြစ် နှစ်ပေါင်း သုံးဆယ်တိုင်တိုင် ထမ်းဆောင်ခဲ့သည်။ သူသည် ပြည်နယ်ခုနစ်ခု၏ စစ်တပ်နှင့် အရပ်ဘက်ရေးရာများကို ထိန်းချုပ်ထားသည်။ မင်မင်းဆက်က လူများသည် ဝေတိုင်ကန်ကို "ကျန်းနန်မင်းသား" ဟု ခေါ်ကြသည်။
အနှစ်သုံးဆယ်ကြာ ဘုရင်ခံအဖြစ်နှင့် အမြင့်ဆုံးအရာရှိအဖြစ် သူ၏ဩဇာအာဏာသည် တောင်ပိုင်းပြည်နယ်တွင် နက်ရှိုင်းစွာ အမြစ်တွယ်နေခဲ့ပြီ။ ဝေမိသားစုသည် တောင်ပိုင်းပြည်နယ်တွင် ကျောက်မိသားစုထက်ပင် ထိပ်တန်းကျပြီး၊ နံပါတ်တစ်မိသားစု ဖြစ်သည်။
သို့သော် ယခုအချိန်တွင် ဘုရင်ခံ၏စံအိမ်အတွင်း၌ ကျွန်၊ အစေခံ၊ အိမ်ဖော်များအပါဝင် ဝေမိသားစုဝင် နှစ်ထောင်မှ သုံးထောင်ကျော်သည် တင်းမာပြီး ဖိနှိပ်မူအငွေ့အသက်များဖြင့် ဖုံးလွှမ်းခံနေရပါသည်။ အကြောင်းမှာ ဘုရင်ခံ ဝေတိုင်ကန်သည် စိတ်အခြေအနေ ဆိုးဝါးနေသောကြောင့် ဖြစ်သည်။
မည်သူမဆို, ကိုယ့်ချစ်လှစွာသော သားကို ဆုံးရှုံးရပြီးနောက် မည်သူကရော စိတ်ကောင်းဝင်နေမည်နည်း။
"ဂုဏ်သတင်းကျော်စောမူအတွက် လောဘဇောတိုက်ပြီး၊ အဆင်ခြင်မဲ့ ရှေ့တက်သွားတာလား။ ဂုဏ်သတင်း ကျော်စောမူအတွက် လောဘဇောတိုက်ပြီး၊ အဆင်ခြင်မဲ့ ရှေ့တက်သွားတယ် ဟုတ်လား…။ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ လဲ့အာအနားမှာ ကျွမ်းကျင်သူတွေ များစွာရှိပြီး၊ တာအိုမှော်ပညာ ကျွမ်းကျင်သူတွေတောင် ရှိနေသေးတယ်။ အသေခံ တပ်သား လူတရာကိုတောင် ငါ ပေးလိုက်သေးတယ်။ သူတို့အားလုံးက ထိပ်တန်းသိုင်းသခင်တွေ ဖြစ်ကြပြီး၊ သူတို့က သာမန်ကျွမ်းကျင်သူ ဆယ်ယောက်ကို တစ်ယောက်တည်းနဲ့ တိုက်ခိုက်နိုင်တယ်။ ဒီအင်အားနဲ့ဆို တပ်သားတစ်သောင်း ရှိတဲ့ စစ်တပ်နဲ့ ကြုံတွေ့ရရင်တောင်, သူတို့အနေနဲ့ သတ်ဖြတ်ပြီး လမ်းကြောင်းကို ဖောက်ထွက်နိုင်လိမ့်မယ်။ ပင်လယ် ဓားပြငယ်လေးတွေကို ရှင်းလင်းသုတ်သင်ရုံနဲ့ သူတို့က ဘယ်လိုလုပ် သေနိုင်မှာလဲ။ တစ်စုံတစ်ယောက်က အကွက်ချ ကစားပြီး သူတို့ကို တိတ်တဆိတ် သတ်ဖြတ်သွားတာလား။ ငါ စုံစမ်းရမယ်။ တကယ်လို့, ငါ ရှာတွေ့ခဲ့ရင်, သူတို့ရဲ့ မျိုးဆက် ကိုးဆက်စလုံးကို ငါ သုတ်သင်ပစ်မယ်။”
ဖျစ်…..။ ရွှေချထားသော နှင်းဆီသစ်သား ကုလားထိုင်၏ ခိုင်ခံ့သော နှင်းဆီသစ်သား လက်တင်ခုံသည် ပိုးထည်ဝတ် အဖိုးအိုတစ်ဦးကြောင့် အမှုန့်ဖြစ်သည်အထိ ချေမွခံလိုက်ရပါသည်။ ထိုအဘိုးအိုသည် ငွေရောင်မုတ်ဆိတ်မွေးနှင့်အတူ ကလေးငယ်ကဲ့သို့ ချောမွေ့သော အသားအရေကို ပိုင်ဆိုင်ထားသည်။
ထိုအဘိုးကြီးသည် ဝေတိုင်ကန် ဖြစ်ပါသည်။
"သခင်ကြီး စိတ်မပူပါနဲ့။ သခင်စန်နဲ့ ကျွန်တော် ပစိဖိတ်ရေတပ်ဌာနချုပ်ကို ခရီးထွက်လိုက်ပါ့မယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အောက်ခြေအထိ ရောက်အောင် ကျွန်တော် စုံစမ်းပါ့မယ်။"
ဝေတိုင်ကန်ဘေးမှ အိမ်တော်ထိန်းအိုကြီးတစ်ဦးက ဦးညွှတ်သည်။
မင်းသားယု၏ စံအိမ်ထဲမှာ။
"ဒီကောင် ဟုန်ယွိ၊ ငါ သူ့ကို တကယ် လျှော့တွက်ခဲ့မိတာပဲ။ ဟောင်ချင်းချန်ရဲ့ သီးသန့်ပို့လိုက်တဲ့စာထဲမှာ သူက တိမ်ဖြူစံအိမ် တိုက်ပွဲအတွင်းမှာ ပါဝင်ခဲ့ပြီး၊ တာအိုနည်းစနစ်ကို အသုံးပြုပြီး ကျောက်ဖေးရုန်ကို သတ်ပစ်ခဲ့တယ်လို့ ဆိုထားတယ်။ အခုလည်း ဧရာမဝေလငါးကျွန်း တိုက်ပွဲမှာ မျက်ခုံးစိမ်းကို သတ်ပစ်ခဲ့ပြီး၊ ကြီးမားတဲ့ ကမ္မကုသိုလ်ကြီး တစ်ခု ပြုလုပ်ခဲ့ပြန်တယ်။ အဲဒီဝေတိုင်ကန်ရဲ့သား ဝေ့လဲ့….၊ သူ လုပ်ခဲ့တာလို့ ငါ သေချာပေါက် ပြောရဲတယ်။”
မင်းသားယုသည် စစ်ဘက်ဆိုင်ရာဝန်ကြီးဌာနမှ အစီအရင်ခံစာကို အထပ်ထပ်အခါခါ ဖတ်ကာ လေ့လာနေ၏။
"ဒါပေမယ့်, စစ်ဘက်ဆိုင်ရာဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရဆို, တပ်ရင်းမှူး ဟုန်ယွိက မြွေတောင်ကြားမှာ မျက်ခုံးစိမ်း ကို ခါးသီးစွာ တိုက်ခိုက်ခဲ့ရပြီး၊ ဆုံးရှုံးမှုများစွာ ခံစားခဲ့ရကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ နောက်ဆုံး, သူလည်း မျက်ခုံးစိမ်းကို သတ်ပြီးနောက် စခန်းကိုပြန်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူးတဲ့။ အဲဒီအချိန်မှာ ဝေလဲ့က တစ်ဖက်လမ်းကြောင်းကနေ မြို့ထဲသို့ ထိုးဖောက်ဝင်ရောက်ပြီး ခြုံခိုတိုက်ခိုက်ခံခဲ့ရတာတဲ့။ သူက ဟုန်ယွိတို့နဲ့တောင် မတွေ့ခဲ့ရဘူးလေ။
ယွန်ချန်းက မင်းသားယုကို ပြောသည်။
မင်းသားယုက ခေါင်းယမ်းလိုက်သည်။ "ကျောက်ဖေးရုန်က ဘယ်သူလဲ။ သူမဟာ အထွဋ်ထိပ်ကောင်းကင် နယ်မြေရဲ့ အထင်ရှားဆုံး ဆက်ခံသူတစ်ဦးပဲ။ သူမရဲ့ကိုယ်ခံပညာနဲ့ တာအိုပညာရပ်တွေက နားမလည်နိုင်လောက်အောင် နက်ရှိုင်းတယ်။ ဟုန်ယွိက သူမကိုတောင် သတ်နိုင်တယ်ဆိုတော့, မျက်ခုံးစိမ်းက သူ့ကို ဘယ်လိုလုပ် တားဆီးနိုင်မှာလဲ။ ဒါပေမယ့် ငါလည်း နားမလည်သေးဘူး။ ဟုန်ယွိ ထွက်သွားတဲ့အချိန်တုန်းကဆို, သူက ကိုယ်ခံပညာမှာ ထူးချွန်ခြင်း မရှိသလို၊ တာအိုပညာရပ်မှာလည်း အလွန်မြင့်မားခြင်း မရှိသေးဘူး။ တကယ်လို့, သူ့တာအိုပညာရပ်က မြင့်မားတယ် ဆိုရင်တော့, သူ့ကိုယ်ခံပညာကလည်း ကောင်းမွန်နေရမယ်။ တစ္ဆေအင်မော်တယ် တစ်ယောက်က သိုင်းစစ်သည်တော် အဆင့်မှာပဲ ရှိနေဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါက ငါ့ကို ထူးဆန်းစေတယ်။”
"ဒါက အရမ်းရိုးရှင်းပါတယ်။ သူ့နောက်မှာ အထွက်အထိပ်တာအိုပညာရှင် တစ်ယောက် ရှိနေလို့ပေါ့။" ယွန်ချန်းက ပြုံးလိုက်ပါသည်။
"ဘာပဲဖြစ်ဖြစ် သူက ငါ့ကို စိတ်ရင်းမှန်နဲ့ သစ္စာစောင့်သိမယ့်အကြောင်း ကတိပေးခဲ့တယ်။ ငါ သူ့တပ်တွေကို ခိုင်မာ အောင် လုပ်ဆောင်ပေးရမယ်။ သူ့စွမ်းရည်တွေကို ထုတ်ဖော်ခွင့် ပေးရမယ်။" မင်းသားယုက မတ်တပ် ရပ်လိုက်သည်။ သွေးစက်……. ငါ့အမိန့်ကို နားထောင်စမ်း…"
"ဟုတ်ကဲ့ပါသခင်…."
မင်းသားယု အမိန့်ပေးသည့်လိုက်သည်နှင့် အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး အနီရောင်အ၀တ်အစား ဝတ်စားထားသော လူငယ်တစ်ယောက် ရုတ်တရက် ဝင်လာပါသည်။
"သွေးစက်တပ်စခန်းက လူကိုးယောက်ကို ခေါ်သွားပြီး၊ ပစိတ်ဖိတ်ရေတပ်ဌာနချုပ်ကို တိုက်ရိုက် သွားလိုက်ပါ။ ပြီးရင် ဟုန်ယွိရဲ့အမိန့်ကို တိုက်ရိုက် နားခံကြ။ သူ့အမိန့်က ငါ့အမိန့်ပဲ….."
မြို့စားဝူဝမ်စံအိမ်ကြီးတွင် တော်ဝင်နည်းပြဆရာ ဟုန်ရွှန်ကျိသည် စစ်ဘက်ဆိုင်ရာဝန်ကြီးဌာန၏ အစီအရင်ခံစာများနှင့် လျှို့ဝှက်စာများစွာကို ကြည့်ရူနေပါသည်။