← Chapters

အခန်း (၁၄၀-၁၄၂)

Vol. 12 Ch. 140-142

အခန်း (၁၄၀-၁၄၂)

Vol. 12 Ch. 140-142

အခန်း (၁၄၀)

"ဧရာမဝေလငါးကျွန်းရဲ့ ဒုတိယကျွန်းသခင် မျက်ခုံးစိမ်းကို အသေဖမ်းမိပြီး၊ ယွန်မင်အင်ပါယာရဲ့ သံမဏိနတ်ဆိုးအစောင့် နှစ်ဆယ်၊ ပင်လယ်ဓားပြ ၁၃၁ ယောက်ကို ခေါင်းဖြတ်သတ်ခဲ့တယ်...။ ဒါက ဒီစစ်ဆင်ရေးအောင်မြင်မူ…"

ဟုန်ရွှန်ကျိသည် စစ်ဘက်ဆိုင်ရာဝန်ကြီးဌာနမှ အစီအရင်ခံစာကို ကိုင်ဆောင်ပြီး ဟုန်ယွိ၏ အောင်မြင်မှုများကို အာရုံစိုက်ခဲ့သည်။ သူ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ဧရာမဝေလငါးကျွန်း၏ ဒုတိယ ကျွန်းသခင် ဖြစ်သော မျက်ခုံးစိမ်းသည် ရှန်တန်သိုင်းသခင်အဆင့် ကျွမ်းကျင်သူ ဖြစ်သည်။ သူသည် စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို တစ်သားတည်းအောင် လေ့ကျင့်နိုင်ခဲ့ပြီး၊ ဒိုင်ဇင်ဘုရားကျောင်း၏ ကြိုးကြာရိုင်းလှံရှစ်ကွက်ကို လေ့ကျင့်ထားခြင်း ဖြစ်နိုင်သည်။ သာမန် ရှန်တန်သိုင်းသခင်အဆင့် ကျွမ်းကျင်များသည် သူ့အား ဘာမှ လုပ်နိုင်မည် မဟုတ်ပေ။ ထို့အပြင်၊ သူသည် မြွေထိန်းချုပ်ခြင်းပညာကို သိရှိထားပြီး၊ သူ့အမိန့်အောက်မှာ လက်ရွေးစင် ပင်လယ်ဓားပြ လေးရာကျော်ရှိသည်။ ၎င်းတို့သည်အားလုံးသည် ဒေသခံများဖြစ်ပြီး၊ ရက်စက်ကြမ်းကြုတ်ကြကာ၊ အချိန်အတော်ကြာအောင် လေ့ကျင့်ပေးထားသည်။

"သံမဏိနတ်ဆိုးအစောင့် နှစ်ဆယ်၊ မျက်ခုံးစိမ်းနဲ့ လက်ရွေးစင် ပင်လယ်ဓားပြလေးရာ။ သူတို့ အားလုံးကို အစိမ်းရောင်တပ်ရင်း တစ်ခုတည်းက ချေမှုန်းပစ်နိုင်တာလား။"

ဟုန်ရွှန်ကျိသည် စစ်ဘက်ဆိုင်ရာဝန်ကြီးဌာန၏ အစီအရင်ခံစာကို ကြည့်နေရင်း ထိုအတွေးက သူ့စိတ်ထဲတွင် တောက်လောင်သွားခဲ့သည်။ ထို့နောက် လျှို့ဝှက်စာများကို ဖွင့်ဖတ်သည်။

ပထမစာမှာ သူ၏ဒုတိယသား ဟုန်ခမ်းထံမှ ဖြစ်သည်။

“သံမဏိကိုယ်ထည်သင်္ဘောပျံ ငါးစီးလား။ သူ့အနားမှာ ရှန်တန်သိုင်းသခင်အဆင့် ကျွမ်းကျင်သူ တစ်ဦးရှိနေတာလား..၊ သူတို့ရဲ့ ခွန်အားကို ဖုံးကွယ်ထားတယ်လို့ သံသယရှိတဲ့ ထိပ်တန်း သိုင်းသခင် ငါးယောက်လား..." ဟုန်ရွှန်ကျိသည် ဟုန်ခမ်း၏စာကို ကြည့်လိုက်ပါသည်။ သူသည် ဟုန်ယွိ၏ အခြေအနေနှင့်ပတ်သက်သည့် အစီအရင်ခံစာကို ဖတ်ပြီးနောက် လျှို့ဝှက်စာကို ချလိုက်ပြီး လေးလေးနက်နက် တွေးတောနေပါတော့သည်။

"ချွမ်ရှန်း၊ ဝင်လာခဲ့ပါ။"

ခဏလောက် စဉ်းစားပြီးမှ ဟုန်ရွှန်ကျိက လှမ်းအော်လိုက်ပါသည်။ အိမ်တော်ထိန်းဝူသည် တံခါးကို ဖွင့်ပြီး ဝင်လာခဲ့သည်။ သူက ဟုန်ရွှန်ကျိ၏ အနားတွင် ငြိမ်သက်စွာ ရပ်လိုက်သည်။

"ဒီစာနဲ့ ဒီစစ်ဘက်ဆိုင်ရာဝန်ကြီးဌာနရဲ့ အစီအရင်ခံစာကို ကြည့်စမ်းပါဦး။" ဟုန်ရွှန်ကျိသည် စားပွဲပေါ်ရှိ စာရွက်စာတမ်းများကို ညွှန်ပြသည်။

အိမ်တော်ထိန်းဝူက စာရွက်တွေကို ကောက်ကိုင်လိုက်ပြီး သေသေချာချာ လှန်ကြည့်လိုက်သည်။ ထို့နောက် ၎င်းတို့ကို ညင်သာစွာ ချလိုက်သည်။ "သခင်လေးယွိက အကြံသမားပဲ။ မြို့စားရဲ့ နေအိမ်ကနေ ထွက်သွားပြီးနောက်၊ သူက ကောင်းကင်မှာ ပျံဝဲနေတဲ့ လင်းယုန်ငှက် ဒါမှမဟုတ် ပင်လယ်ထဲ ပြန်ရောက်သွားတဲ့ နဂါးတစ်ကောင်လိုပဲ။ အခု သူ့ရဲ့ ခြေသည်းနဲ့ သွားတွေက တဖြည်းဖြည်း ကြီးထွားလာနေပြီ။ သူနဲ့ပတ်သက်ပြီး ဒီကျွန်အိုကြီး မှားယွင်းသွားခဲ့ပြီ။ ဒါပေမယ့် သခင်လေးယွိက ဒီအတိုင်းအတာအထိ တိုးတက်လာဖို့ တကယ်ကို မမျှော်လင့်ထားခဲ့ဘူး….။"

"မင်းတစ်ယောက်တည်း မှားတာ မဟုတ်ဘူး။ သူ ဒီလောက် ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေ ရလိမ့်မယ်လို့ ငါတောင် မမျှော်လင့်ထားဘူး။" ဟုန်ရွှန်ကျိက မည်သည့်အမူအရာမှ မပြဘဲ ပြောလိုက်သည်။

"သခင်လေး ယွိ.. ဒီလို ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေရတဲ့အတွက် သခင်အနေနဲ့ ဝမ်းသာ သင့်ပါတယ်။" အိမ်တော်ထိန်းဝူ၏ မျက်ခုံးများက တွန့်ကွေးသွားခဲ့သည်။

“သူက သူ့ရဲ့အစွမ်းအစတွေကို ထုတ်ပြနေတယ်။ ဒါက သေခြင်းတရားကို တောင်းခံနေတာပဲ။ ထီးနန်းဆက်ခံရေး တိုက်ပွဲမှာတောင် ပါဝင်ဖို့ သတ္တိရှိနေသေးတယ်။” ဟုန်ရွှန်ကျိက အေးစက်စွာ ပြောရင်း "ငါ စာတစ်စောင် ရေးပြီး၊ မင်းကိုယ်တိုင် ခမ်းအာဆီ ကိုယ်တိုင်ကိုယ်ကျ ပို့လိုက်ပါ။ အဲဒီကို ရောက်ရင် အလောတကြီး ပြန်မလာနဲ့ဦး။ ဟုန်ယွိရဲ့ ကိုယ်ခံပညာကို ဖျက်ဆီးပြီး သူ့ကို ပြန်ခေါ်လာ ဖို့ အခွင့်အရေး ရှာလိုက်ပါ။"

"သခင်၊ သခင်က သခင်လေးယွိကို စံအိမ်မှာပဲ ထာဝရနေစေချင်လား" ထိုစကားကို ပြောရင်း အိမ်တော်ထိန်းဝူ၏ ခန္ဓာကိုယ်က တုန်လှုပ်သွားပါသည်။

"မွေးဖွားလာတဲ့ ကလေးဟာ သူ့ဘဝတစ်သက်တာလုံး ငြိမ်းချမ်းပြီး၊ လုံခြုံဘေးကင်းကာ ကျန်းကျန်း မာမာရှိဖို့ ငါ မျှော်လင့်တယ်။ ဒါကလည်း ပိုင်ယွန်ကိုယ်တိုင် ပြောခဲ့တဲ့ ဆန္ဒတစ်ခုလည်း ဖြစ်တယ်။" ဟုန်ရွှန်ကျိသည် မူလက ဇီးပန်းပွင့်ပန်းချီကား ချိတ်ဆွဲထားသည့် နံရံပေါ်ရှိ နေရာလွတ်ကို ကြည့်လိုက်သည်။ "ဆက်လုပ်ပါ”။

"ဟုတ်ကဲ့ သခင်…။"

အိမ်တော်ထိန်းဝူသည် ခေါင်းညိတ်ပြကာ စာကြည့်ခန်းထဲမှ ဖြည်းညှင်းစွာ ဆုတ်သွားခဲ့သည်။

“စစ်ဘက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ အစီအရင်ခံစာ စာတမ်းကို ဘယ်လိုရေးမလဲဆိုတာ ငါ သိချင်မိသား။ ဒါပေမယ့် ဒီတစ်ခါတော့ ငါ ထိုက်တန်ပါတယ်။ ဗိုလ်ချုပ်ရာထူး တိုးမြှင့်ဖို့ ငါ့အတွက် လုံလောက်ပါပြီ။ ဒါ့အပြင်, ဒီစစ်ရေးအောင်မြင်မူက ငါ့ကိုယ်ရေးမှတ်တမ်းမှာ သိသာထင်ရှားတဲ့ အခန်းကဏ္ဍတစ်ခု ဖြစ်လာမှာ သေချာတယ်။ ပိုအရေးကြီးတာက ဝေလဲ့ကို သတ်လိုက်တာဖြစ်ပြီး၊ ပစိဖိတ်ရေတပ်ရဲ့ စစ်ဦးစီးချုပ်ကို ဝေ့တိုင်ကန်နဲ့ ပဋိပက္ခဖြစ်စေနိုင်ပြီး မင်းသားယုဘက်ကို လှည့်သွားစေလိမ့်မယ်... အခု အရေးကြီးဆုံးက ငါတို့ရဲ့ ခွန်အားကို မြှင့်တင်ထားဖို့ပဲ။”

ပစိဖိတ်ရေတပ်ဌာနချုပ်တွင်၊ ဟုန်ယွိသည် တိတ်ဆိတ်သော ခြံဝင်းထဲတွင် ရပ်နေပါသည်။

ဧရာမဝေလငါးကျွန်းရှိ ဓားပြများကို နှိမ်နင်းပြီးနောက်၊ စစ်တပ်သည် အခြားတပ်များနှင့် တွေ့ဆုံရန် ဝင်္ကဘာအကွေ့ အလယ်ဗဟိုသို့ အလျင်အမြန် ပြန်သွားကာ၊ ပင်လယ်ဓားပြအားလုံးကို တစ်ရှိန်ထိုး သုတ်သင်ပစ်သည်။ သို့သော် ဟုန်ယွိသည် ၎င်းတို့နောက်သို့ လိုက်သွားခြင်း မရှိခဲ့ပေ။ ယင်းအစား သူ့တပ်က အသေအပျောက်များကြောင်း သတင်းပို့ကာ စခန်းသို့ ပြန်လာခဲ့သည်။

ပစိဖိတ်ရေတပ်၏ ပထမတပ်မမှူး တင်းယွန်ထုန်သည် ဟုန်ယွိ၏ အစီရင်ခံစာကို အတည်ပြုပေးခဲ့ ပြီး၊ အစိမ်းရောင်တပ်ရင်းအား နောက်တန်းမှာ ရိက္ခာများကို ကြီးကြပ်ရန် လွယ်ကူသော တာဝန်ကို ပေးအပ်ခဲ့သည်။

အခုချိန်မှာ စစ်တပ်များကြားတွင် ဟုန်ယွိ၏ အင်အားသည် နားမလည်နိုင်အောင် ဖြစ်နေရသည်ကို ပိုင်းခြားသိမြင်သည့် မျက်လုံးရှိသူတိုင်း သိကြပါသည်။ မည်သူကမှ သူ့ကို ပါဝင်ခွင့်ပေးပြီး၊ စစ်ရေး အရ အောင်မြင်မူ အမြတ်စွန်းများကို ပေးလိုချင်း မရှိကြတော့ပေ။

ဟုန်ယွိကိုယ်တိုင်ကလည်း သိပ်ပြီး ပေါ်ပေါ်လွင်လွင် မဖြစ်ချင်သေးပါဘူး။ ထို့အပြင် သူသည် ဧရာမ ဝေလငါးကျွန်းကို လုယူခြင်း၏ ရရှိသော အမြတ်စွန်းများကို ချေဖျက်ရန် လိုအပ်ပါသည်။

ပင်မစခန်းသို့ ပြန်ရောက်ပြီး ရက်အနည်းငယ်အကြာတွင် ဟုန်ယွိသည် လျော်ကြေးငွေနှင့် ပင်စင် လစာများ အားလုံးကို ဖြေရှင်းပေးခဲ့ပြီး၊ နောက်ဆုံးတွင် အားလပ်ချိန်အချို့ကို ရရှိခဲ့သည်။ သူသည် စစ်သည်များအား လေ့ကျင့်မှု အရှိန်ဟုန်ကို မြှင့်တင်ပေးရင်း သူ၏ လက်အောက်ငယ်သားများကို ဆုကြေးငွေများ ပေးခဲ့သည်။

ထိုအထဲတွင် လက်ရှိ ဟုန်ယွိ၏ တိုက်ခိုက် လက်အောက်ခံများ ဖြစ်ကြသည့် ချီဇီယန်, မုကလေး ရှန်ထိုက်ဇူနှင့် ရွှေပင့်ကူ, တိမ်ဖြူအကြီးအကဲ ငါးယောက်, အနက်ရောင်သိမ်းငှက် ညီအစ်ကို သုံးဖော်, ငွေလအစောင့်ရှစ်ဖော်နှင့် မကြာသေးမီက စုဆောင်းခဲ့သည့် ဒေါသထန်ပြင်း မဟာ အုပ်ထိန်းသူ လီလဲ့တို့လည်း ပါဝင်ခဲ့သည်။ ၎င်းတို့အားလုံးကို လည်း ဆုချီးမြှင့်ခဲ့သည်။

သူတို့တစ်ဦးစီသည် ရီဗာသံမဏိ ဓားတစ်ချောင်း၊ ဒိုင်ဇင်ဘုရားကျောင်း၏ ကိုယ်ခံပညာ လေ့ကျင့်ရာ တွင် အကျိုးများသည့် မှော်ဆေးဝါးများ ရရှိခဲ့ကြပြီး၊ လီလဲ့ကိုမူ ယွမ်ယန်ကောင်းကင်ပုလဲ ဟင်းချို ပန်းကန်တစ်ဝက်နှင့် ငွေငါးမန်းချပ်ဝတ်တို့ကို ဆုချခဲ့သည်။ ရလာဒ်အနေနှင့်၊ လီလဲ့သည် သဘာဝ အတိုင်း ကျေးဇူးတင်ပြီး မျက်ရည်လည်ရွှဲနှင့် ဟုန်ယွိကို ခွေးလို, မြင်းတစ်ကောင်လို အလုပ်ကျွေးပြု ရန် ဆန္ဒရှိကြောင်း ထပ်ခါတလဲလဲ ဖော်ပြနေတော့သည်။

တိမ်ဖြူစံအိမ်ကို ဖျက်ဆီးသည့်နေတွင် ဟုန်ယွိသည် ငွေငါးမန်းချပ်ဝတ်ငါးခု ရရှိခဲ့သည်။ ၎င်းတို့ကို သူ, ချီဇီယန်, မုကလေး ရှန်ထိုက်ဇူတို့က တစ်ထည်စီ ဝတ်ဆင်ခဲ့ကြသည်။ အခုတော့ လီလဲ့ကို ပေးသည့်တစ်ခုက နောက်ဆုံးလက်ကျန် တစ်ခု ဖြစ်ပါသည်။

အမှန်တကယ်ဆို, ဟုန်ယွိသည် သူ့လက်အောက်ငယ်သားတိုင်း တစ်ထည်စီရှိဖို့ပင် ဆန္ဒရှိပါသည်။ ထိုနည်းအားဖြင့်၊ ၎င်းတို့သည် လက်တွေ့တိုက်ပွဲများတွင် ထိခိုက်မူနည်းပြီး ၎င်းတို့၏ တိုက်ပွဲဝင် စွမ်းအားကို ဆယ်ဆ တိုးလာစေမည် ဖြစ်ပါသည်။

သံမဏိနတ်ဆိုးအစောင့်လေးသမားများနှင့် ရင်ဆိုင်သောအခါတွင်၊ ဟုန်ယွိသည် ငွေငါးမန်းချပ်ဝတ် ၏ စွမ်းအားကို အမှန်တကယ် မြင်တွေ့ခဲ့ရသည်။ အစွမ်းထက်သော သံမဏိသစ်သား မဟူရာ အရိုးလေးပင်လျှင် ၎င်းကို အနည်းငယ်မျှ မထိုးဖောက်နိုင်ခဲ့ပါ။

ပို၍အရေးကြီးသည်မှာ ငွေငါးမန်းချပ်ဝတ် ဝတ်ဆင်ထားခြင်းသည် ပိုးထည်ကို ဝတ်ထားသကဲ့သို့ ဖြစ်ပြီး၊ လူတစ်ယောက်၏ လှုပ်ရှားမှုများကို လုံးဝ သက်ရောက်မူမရှိပေ။

ကံမကောင်းစွာဖြင့်၊ ဤငွေငါးမန်းချပ်ဝတ်သည် အလွန်အဖိုးတန်လွန်းပါသည်။ ငွေကြေးရှိရင်တောင် ဝယ်လို့ မရနိုင်ပါဘူး။ ငွေငါးမန်းချပ်ဝတ် ထုတ်လုပ်သည့် ပင်လယ်ရပ်ခြားက နိုင်ငံတွေတောင် ထုတ်လုပ်နိုင်ဖို့ အဆုံးစွန်ထိ ရုန်းကန်နေကြရပါသည်။

“အရင်တုန်းက, ဒိုင်ဇင်ဘုရားကျောင်းရဲ့ ရွှေရဟန္တာငါးရာလို့ လူသိများတဲ့ ဘုန်းတော်ကြီးအားလုံး ဟာ အနက်ရောင် ရွှေချည်နဲ့ ရက်လုပ်ထားတဲ့ ကာဇယာတွေ ၀တ်ဆင်ထားကြတယ်။ အဲဒီလို ကာဇယာမျိုးတွေဟာ ငွေငါးမန်းချပ်ဝတ်ထက်တောင် အကာကွယ် ပိုပေးနိုင်သေးတယ်။ ကံမကောင်းစွာပဲ၊ အနက်ရောင်ရွှေချည်တွေဟာ ရက်လုပ်ရတာ သိပ်ခက်ခဲတယ်။ ပိုးသားလို ပျော့ပြောင်းတဲ့ အထည်တစ်ထည်အဖြစ် ယက်လုပ်ရ တာ ပိုပြီးတော့တောင် ခက်ခဲသေးတယ်။”

ဟုန်ယွိသည် လမ်းလျှောက်ရင်း သူ့ကိုယ်သူ တွေးနေပါသည်။

ဒီရက်ပိုင်းအတွင်းမှာ သူသည် ဗုဒ္ဓတိုက်ပွဲမှတ်တမ်းကို ဖတ်ရူနေခဲ့သည်။ သူသည် ငွေငါးမန်းချပ်ဝတ် အကြောင်း တွေးတောနေစဉ်မှာ, သူသည် ၎င်းမှတ်တမ်းတွင်ပါရှိသည့် ဒိုင်ဇင်ဘုရားကျောင်း၏ ရွှေရဟန္တာငါးရာကို သတိရမိသွားသည်။

မှတ်တမ်းထဲမှာ ဘုန်းကြီးယန်ယွဲ့က ယခုလို ရေးသားထားခဲ့သည် “ရှန်တန်သိုင်းသခင် ကျွမ်းကျင်သူ တွေ။ ဗုဒ္ဓလမ်းစဉ်အရဆို ၎င်းတို့ကို ရဟန္တာဟုလည်း ခေါ်ဆိုနိုင်ပါသည်။ ဒိုက်ဇင်ဘုရားကျောင်း၏ ဘုန်းတော်ကြီး စစ်သည်တော်များ၏ အဓိက တိုက်ခိုက်ရေးစွမ်းအားမှာ ရွှေအနက်ရောင် ကာဇယာ ဝတ်ထားသော ရွှေရဟန္တာငါးရာ ဖြစ်ပါသည်။

"ရှင်တန်သိုင်းသခင်အဆင့် ကျွမ်းကျင်သူ ငါးရာ။ ၎င်းတို့သည် မပျက်ဆီးနိုင်သော ရွှေအနက်ရောင် ကာဇယာများကို ၀တ်ဆင်ထားသည်။ စစ်မြေပြင်မှာဆို, ၎င်းတို့သည် ထောင်သောင်းချီသော တပ်ကို အလွယ်တကူ ဖြိုခွဲနိုင်ပါသည်။ ထိုကဲ့သို့သော အင်အားသည်ပင် ကြက်ဥကဲ့သို့ ရိုက်ချိုး ဖျက်ဆီးခံခဲ့ ရသည်။ ငါတို့တော်ဝင်ချန် စုစည်းနိုင်တဲ့ အင်အားက ဘယ်လောက် ကြီးမားလိုက်မလဲ။" ဟုန်ယွိသည် ရုတ်တရက်ဆိုသလို အနည်းငယ် ထိတ်လန့်သွားပါသည်။

"လူသားအင်မော်တယ်၊ လူသားအင်မော်တယ်၊ ဘုန်းတော်ကြီး ယန်ယွဲ့ဟာ လူသား အင်မော်တယ် နယ်ပယ်က တာအိုကျွမ်းကျင်သူ များစွာကို တိုက်ခိုက်ခဲ့ပြီး တစ်ကြိမ်တစ်ခါမှ မရှုံးနိမ့်ခဲ့ဖူးဘူး။ ဆေဘာသူတော်စင် ဂွန်ယန်ယုဟာ သူ့ဆေဘာနဲ့ တစ္ဆေအင်မော်တယ် များစွာကို သတ်ပစ်ခဲ့ဖူး တယ်။ သူ့ကိုယ်ခံပညာ နယ်ပယ်က သူ့တာအိုပညာရပ် နယ်ပယ်ထက် နိမ့်ကျပုံမရဘူး။ ငါ့တာအို ပညာရပ် ကျင့်ကြံမှုက တစ်ဆို့နေခဲ့ပြီ။ ငါ့ကိုယ်ခံပညာ လေ့ကျင့်မူမှာလည်း ယွမ်ယန်ကောင်းကင် ပုလဲ၊ ဗုဒ္ဓတိုက်ပွဲမှတ်တမ်း၊ မိုးကြိုးလျှပ်စီးဆေဘာကျမ်းနဲ့ နဂါး-ဆင်တံဆိပ်တို့ကို ကောင်းစွာ ဆင်ခြင်းဖို့ အချိန်မရှိခဲ့ဖူး။ အခု ငါ့မှာ အားလပ်ချိန်တွေ ရှိမှတော့ အဲဒါတွေကို သေသေချာချာ ဆင်ခြင်ပြီး တိုးတက်အောင် လုပ်ရမယ်။ တကယ်လို့, ငါသာ ငါနားလည်ခဲ့ဖူးတဲ့ အတွေးမရှိ ငြိမ်သက်မူ အခြေအနေနဲ့အတူ ရှန်တန်သိုင်းသခင်နယ်ပယ်ကို ရောက်နိုင်ခဲ့ရင်, ငါ့ရဲ့ မိုးကြိုးလျှပ်စီး ဆေဘာကျမ်းဟာ ဝေလဲ့ထက်တောင် ပိုအားကောင်းနေမှာ မဟုတ်ဘူးလား။ အချိန်ရောက်တာနဲ့, ငါ့သတ်ဖြတ်ခြင်း သိုင်းပညာက ငါ့တာအို နည်းစနစ်ထက် ပိုမြင့်သွားဖို့တောင် ဖြစ်နိုင်ချေရှိတယ်။”

ဟုန်ယွိသည် တွေးတောနေရင်း သိုင်းပညာကို လေ့ကျင့်လိုစိတ် ပြင်းပြလာခဲ့သည်။ မူလက သူသည် ဓားပြများကို နှိမ်နင်းရန် သူ့တာအိုနည်းပညာကို အသုံးပြုခဲ့သည်။ ကိုယ်ခံပညာ ကျွမ်းကျင်သူများ သည် တာအိုပညာရပ်များ၏ ရှေ့တွင် တချက်တိုက်ခိုက်မူကိုပင် မခုခံနိုင်ကြပေ။ ဟုန်ယွိ၏ အတွေးထဲတွင် သူသည် ကိုယ်ခံပညာကို လေ့ကျင့်ကြီး အချိန်မဖြုန်းချင်ပေ။ သို့သော် ဝေလဲ့၏ မိုးကြိုးလျှပ်စီး ဆေဘာကျမ်းကို မြင်ပြီး ဗုဒ္ဓတိုက်ပွဲမှတ်တမ်းကို ဖတ်ရှုပြီးနောက် သူသည် သိုင်းပညာ မလေ့ကျင့်လိုသည့် အတွေးမှ လွတ်မြောက်သွားခဲ့သည်။

"သခင်လေး… သခင်လေး ဘာတွေ တွေးနေတာလဲ။ ဝေလဲ့သေဆုံးမူနဲ့ ပတ်သက်ပြီး၊ ကျောက်စိမ်း မြို့တော်မှာ ဘယ်လိုတုံ့ပြန်မှုတွေ ဖြစ်လာမလဲဆိုတာ တွေးနေတာများလား။ ဝေတိုင်ကန်က နန်ကျိုးမှာ နှစ် ၃၀ ကြာအောင် တာဝန်ထမ်းနေခဲ့တယ်။ သူ့ဩဇာအာဏာက မထင်မှတ်ထား လောက် ကြီးမားပြီး၊ ဘယ်သူမှ စိတ်မကူးနိုင်ဘူး။ ဒီဝေလဲ့က သူ့အသက် ၄၅ နှစ်မှာ မွေးဖွားတဲ့ သား တစ်ယောက်ပဲ။ အသက်ကြီးမှ မွေးဖွားတဲ့သားဆိုတော့ သူ့လက်ထဲမှာပဲ ကိုင်ထားပြီး၊ ပြုတ်ကျမှာကို သိပ်ကြောက်တယ်။ ဖြစ်နိုင်ရင်, သူက ပါးစပ်ထဲတောင် ထည့်ထားချင်တာ။ အရည်ပျော်သွားမှာ ကြောက်လို့တာ။ အခု သူက ရက်ရက်စက်စက် အသတ်ခံလိုက်ရတယ်။ ဝေတိုင်ကန်က ဒီကိစ္စကို အလွတ်ပေးမှာ မဟုတ်ဘူး။ သခင်လေး၊ မင်း ပိုသတိထားရမယ်။”

ဒေါသထန်ပြင်း မဟာအုပ်ထိန်းသူ လီလဲ့သည် ဖြိုခွဲခြင်းဆေဘာကို ပွေ့ဖက်ပြီး ခြံထောင့်တွင် ငြိမ်သက်စွာ ရပ်နေခဲ့သည်။ ဟုန်ယွိ လမ်းလျှောက်ရင်း စဉ်းစားနေသည်ကို သူ ကြည့်နေခဲ့သည်။ ထို့နောက် သူသည် မတတ်တာဘဲ မေးမြန်းကြည့်လိုက်ပါသည်။

"ငါ့ကို ဆေဘာပေးပါဦး…" ဟုန်ယွိ သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး မျက်လုံးကို မော့ကြည့်လိုက် သည်။ "အဲဒီအကြောင်းတွေတွေးပြီး ငါ့စွမ်းအင်တွေကို ဘာလို့ ဖြုန်းတီးနေမှာလဲ။ ငါ့ခွန်အားကို ဘယ်လို မြှင့်တင်ရမလဲ ငါ စဉ်းစားနေတာ။ ခွန်အားရဲ့ရှေ့မှာ အဲဒီလူယုတ်မာတွေရဲ့ လျှို့ဝှက် အကြံအစည်တွေကို ငါက ဘာလို့ ကြောက်ရမှာလဲ။”

ချွင်….။ ခြောက်ပေလောက်ကြီးသည့် ဖြိုခွဲခြင်းဆေဘာကို လီလဲ့က ဆွဲထုတ်ပြီး ဟုန်ယွိ၏ လက်ထဲ ကို ထည့်ပေးလိုက်ပါသည်။

ဟုန်ယွိသည် အလေးချိန် ၁၀၈ ကီလိုဂရမ်ရှိသော ဆေဘာကို လက်ထဲတွင် ကိုင်ထားသည်။ သူသည် ဆေဘာပေါ်တွင် စီးကျနေသော ကောင်းကင်လှေကားထစ် တိမ်တိုက်ပုံစံများကို ကြည့်လိုက်သည်။ ၎င်းတို့သည် အလွှာလိုက် အလွှာလိုက်ရှိနေပြီး အသက်ဝင်နေပုံရပါသည်။ ထို့နောက် သူသည် လူတစ်ယောက်၏ ဆံပင်တွေကို အဆုံးအထိ ထောင်မတ်သွားစေလောက်သည့် ဆေဘာကို ကြည့်လိုက်၏။ သူသည် ဆေဘာကို ဘယ်ညာ နှစ်ကြိမ် ဝှေ့ယမ်းပါသည်။ ဆေဘာသည် လေကို ဖြတ်တောက်ပြီး လေလှိုင်းများ လှည့်ပတ်ကာ စူးစူးရှရှ အသံကို ထွက်ပေါ်နေသည်။

"ဒီဆေဘာရဲ့ သတ်ဖြတ်ခြင်း အငွေ့အသက်က စိတ်ဝိညာဉ်ဖြိုခွဲခြင်း မြှားထက် ဆယ်ဆ ပိုပြင်းထန် တယ်.."

ဟုန်ယွိသည် ဆေဘာကို နားလည်နိုင်ရန် သူ၏အတွေးများကို သေသေချာချာ အသုံးပြုခဲ့သည်။ သူသည် ဆေဘာတစ်ဝိုက် ဝန်းရံနေသည့် အကန့်အသတ်မဲ့ အန္တရာယ်များနှင့် ပြည့်နှက်နေသည့် အငွေ့အသက်ကို ခံစားနိုင်ပါသည်။ ၎င်းအငွေ့အသက်သည် စုစည်းနေပြီး ပြိုကွဲသွားခြင်း မရှိပေ။ ၎င်းသည် ဆေဘာတစ်ခုလုံးနှင့် ပေါင်းစပ်ပြီး ဆေဘာ၏ဝိညာဉ် ဖြစ်လာပုံရသည်။

ဤဆေဘာသည် ၎င်းပေါ်သို့ ကျဆင်းလာသော ယင်စိတ်ဝိညာဉ်များကို မည်မျှ ထိခိုက် ပျက်စီး စေနိုင်သည်ကို တွေးကြည့်နိုင်ပါသည်။

ရုတ်တရက် ဟုန်ယွိသည် မေးခွန်းတစ်ခု ဝင်သွားပြီး မေးလိုက်သည် "လီလဲ့၊ ဒီဖြိုခွဲခြင်းဆေဘာနဲ့ မိုးကြိုးလျှပ်စီးဆေဘာကျမ်းကို ဆေဘာသူတော်စင်က ချန်ထားခဲ့တာ။ ဂွန်ယန်ယုမှာ အမွေဆက်ခံ သူတစ်ယောက် ရှိသင့်တယ်လေ။ ဒါတွေက ဝေလဲ့လက်ထဲ ဘယ်လို ရောက်သွားတာလဲ။"

"ဂွန်ယန်ယုမှာ အမွေဆက်ခံသူ မရှိဘူး။ လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က သူဟာ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး၊ သူ့ဆေဘာနဲ့ ဆေဘာကျမ်းလည်း ပျောက်ကွယ်သွားခဲ့တယ်ဆိုတဲ့ ကောလဟာလတွေ ကျန်ရစ်ခဲ့တယ်။ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်လောက်က တောင်ပိုင်းဒေသ ကမောက်ကမ ဖြစ်နေချိန်မှာ ယွန်မင်အင်ပါယာရဲ့ လူတွေလည်း ပါဝင်ခဲ့တယ်။ အဲဒီတုန်းက အခြေအနေတွေက အရမ်းကို ရှုပ်ထွေးနေခဲ့ပြီး၊ ဒီဝေတိုင်ကန်က ဒီဆေဘာနဲ့ ဆေဘာကျမ်းကို ဘယ်လိုရမှန်း ကျွန်တော်လည်း မသိဘူး။” လီလဲ့လည်း ခေါင်းခါပြသည်။ "ဝေတိုင်ကန်မှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိတယ်။ သူက နားမလည်နိုင်အောင် လျှို့ဝှက်သူပဲ။ ကျွန်တော်လည်း သူ့နဲ့ပတ်သက်တဲ့ တချို့အကြောင်းတွေကို အပေါ်ယံလောက်ပဲ သိတယ်။ အပြင်လူ တစ်ယောက် အနေနဲ့, သူ့ရဲ့ အဓိက လျှို့ဝှက်ချက်တွေကို ကျွန်တော့်ကို ဘယ်တော့မှ မပြောပြခဲ့ဘူး။ ကျွန်တော် ဟာ ဝေမိသားစုကို အနှစ်သုံးဆယ်ကြာ အမှုထမ်းခဲ့ပေမယ့် အမြဲတမ်း ချန်လှပ်ခံခဲ့ရတယ်။"

"မေ့လိုက်ပါ၊"

ဟုန်ယွိက ခေါင်းယမ်းပြီး ဘာမှ ထပ်မမေးတော့ပေ။ သူသည် သူ၏ဆေဘာဖြင့်ရပ်ကာ ကျားနတ်ဆိုး အရိုးပုံသွင်းခြင်း လက်သီးပညာရပ်၏ ကိုယ်ဟန်အနေအထားကို အသုံးပြုပြီး ဆေဘာပညာရပ် တစ်ခုအဖြစ် ပြောင်းလဲလိုက်ပါသည်။ သူ ကပြနေစဉ်၊ လေထဲတွင် အဆုံးမရှိ ဆေဘာသံများ တရွှီးရွှီး မြည်ဟီးနေခဲ့ပြီး၊ ခြံဝင်းတစ်ခုလုံး ဆေဘာအရိပ်များဖြင့် ပြည့်နှက်နေပါသည်။

ဆေဘာပညာကို လေ့ကျင့်ပြီးနောက်၊ ဟုန်ယွိသည် အနည်းငယ် အသက်ရှူချောင်သွားခဲ့သည်။ သူက မကျေမနပ် ဖြစ်ဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

"သခင်လေး..၊ မင်းရဲ့ ဒီဆေဘာပညာရပ်က အဆင့်မြင့် ကိုယ်ခံပညာတစ်ခုဆိုတာ သိသာပါတယ်။ ဒါပေမယ့် လေ့ကျင့်တဲ့အခါမှာ မင်းရဲ့အသက်ရှူသံ၊ ကြွက်သားတွေ၊ အရွတ်တွေ၊ အရိုးတွေနဲ့ အရေပြားတွေက သဟဇာတ မဖြစ်သေးဘူး။ သခင်လေးက ရှင်တန်သိုင်းသခင်နယ်ပယ်ထဲ ဝင်ရောက်တော့မယ်လို့ ကျွန်တော် ထင်တယ်။ ကျွန်တော် ရှင်တန်သိုင်းသခင်နယ်ပယ်ကို ဖြတ်ကျော်စဉ်တုန်းက ပင်လယ်ထဲမှာ လေ့ကျင့်ခဲ့တာ။ ကျွန်တော်ဟာ ကျွန်တော့်ရဲ့ အသက်ရှု လေကို ထိန်းချုပ်ပြီး၊ အတွင်းအင်္ဂါတွေကို လှည့်ပတ်ကာ နောက်ဆုံး ချိုးဖြတ်နိုင်ခဲ့တယ်။”

လီလဲ့က ရုတ်တရက် ပြောလိုက်သည်။

"အိုး? မင်းရဲ့အတွေ့အကြုံက သဘာဝအတိုင်း မဆိုးပါဘူး။” ဟုန်ယွိသည် ဤလီလဲ့သည် အထွတ်အထိပ် ရှင်တန်သိုင်းသခင် ပညာရှင်တစ်ဦး ဖြစ်ကြောင်း ရုတ်တရက် သတိရသွားပါသည်။ သူသည် ချီဇီယန်ထက် များစွာ အတွေ့အကြုံ ရှိသည်။ သူ၏အကြံဉာဏ်ဖြင့်ဆို သူသည် ကြိုးစား အားထုတ်မှုများစွာကို ချွေတာနိုင်လိမ့်မည်။

"သွားကြရအောင်…။ ကမ်းခြေကို သွားရအောင်။”

ဟုန်ယွိသည် ဖြိုခွဲခြင်းဆေဘာကို ကိုင်ဆောင်ကာ ကမ်းခြေဆီသို့ လျှောက်သွားလိုက်ပါသည်။ သူသည် အသက်ပြင်းပြင်း ရှူပြီး ပင်လယ်ထဲသို့ ခုန်ဆင်းလိုက်သည်။ ချက်ချင်းပင် ပင်လယ်ရေ၏ ဖိအားကို ခံစားလိုက်ရသည်။

ယခုတစ်ကြိမ်မှာတော့ သူသည် သူ့ခန္ဓာကိုယ်ဖြင့် ပင်လယ်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့ပါ သည်။ သို့သော် ယင်းက သူ၏ယင်စိတ်ဝိညာဉ်ဖြင့် ပင်လယ်ထဲသို့ ဝင်သွားချိန်နှင့် မတူပေ။ ပင်လယ်၏ ကြီးမားသော ဖိအားသည် သူ့အဆုတ်အတွင်းရှိ လေအားလုံးကို ညှစ်ထုတ်နေပုံရပြီး၊ အလွန်အမင်း စိတ်မသက်မသာ ခံစားရစေသည်။

ဝှီး….။

သူသည် သူ့ဆေဘာကို အကြိမ်အနည်းငယ် လှုပ်ပြီးနောက်တွင် ဆေဘာသည် ရေထဲတွင် မျောပါနေ သည်ကို သူ ခံစားလိုက်ရသည်။ သူ့ခွန်အားကို လုံးဝ မထိန်းချုပ်နိုင်ပေ။ မြေပြင်မှာ လေ့ကျင့်ခြင်း ထက် ဆယ်ဆ ပိုခက်သည်။ ဟုန်ယွိသည် သူ၏ ဆေဘာနည်းစနစ်ကို အပြီးမသတ်မီ, သူသည် ဆက်၍ မထိန်းနိုင်တော့ပေ။ ထို့ကြောင့် သူသည် ခေါင်းကို ဖော်ထုတ်ပြီး အသက်ရှုထုတ်လိုက်ရလေ သည်။

သို့သော် ဟုန်ယွိသည် မြို့စားစံအိမ်တွင် သည်းခံနေခဲ့ရချိန်မှစ၍ သဘာဝအတိုင်း ရက်စက် ကြမ်းကြုတ်မူများကို ခံနိုင်ရည်ရှိခဲ့သည်။ သူသည် အသက်အောင့်ပြီး ပင်လယ်ထဲသို့ ခုန်ဆင်းကာ သူ၏ ဆေဘာပညာရပ်ကို လေ့ကျင့်ခဲ့သည်။ အသက်အောင့်ပြီးနောက် သူ့ကိုယ်တွင်းအင်္ဂါများ အတွင်းမှ လေသည် ပေါက်ကွဲတော့မည့်အတိုင်း ခံစားရစေသည်။

ထိုခံစားချက်အောက်တွင် ဟုန်ယွိသည် သူ၏ ကိုယ်အတွင်းအင်္ဂါများ အပြောင်းအလဲများကို ဂရုတစိုက် ခံစားကြည့်သည်။

ထိုကဲ့သို့ တစ်နေကုန် လေ့ကျင့်ပြီးနောက် ဟုန်ယွိ၏ ခန္ဓာကိုယ် တစ်ခုလုံး အထူးသဖြင့် သူ၏ ကိုယ်အတွင်း အင်္ဂါများနှင့် လည်ချောင်းတစ်ခုလုံး နာကျင်လာသည်။ သူ အသက်ရှုတိုင်း ပြင်းပြင်း ထန်ထန် နာကျင်ခံစားရပါသည်။ တခါတရံ ချောင်းဆိုးသည့်အခါ, သူ့အဆုတ်နှင့် အသည်းတွေကပါ ချောင်းဆိုးနေသလို ခံစားရ၏။ သူ တံတွေးထွေးတိုင်း သူ့တံတွေးက သွေးများဖြင့် ပြည့်နေခဲ့သည်။

ထိုညတွင် ဟုန်ယွိသည် ယွမ်ယန်ကောင်းကင်ပုလဲ ဟင်းချိုကို ပါးစပ်ထဲ အပြည့်ထည့်ပြီး၊ ထိန်းချုပ် ရင်း တံတွေးဖြင့် ဖြည်းဖြည်းချင်းသာ မျိုချနိုင်ခဲ့ပါသည်။ သူသည် ဝိညာဉ်လိပ် အသက်ရှူနည်းကို အသုံးပြု၍ အသက်ကို ဖြည်းညှင်းစွာ ရှူရှိုက်သည်။ သို့မှသာ အတွင်းဒဏ်ရာများကို ရပ်တန့်နိုင်ခဲ့ သည်။

နောက်ဒုတိယနေ့၊ တတိယနေ့၊ စတုတ္ထနေ့... ကိုးရက်ဆက်တိုက်၊ ဟုန်ယွိသည် ပင်လယ်ထဲတွင် အသက်အောင့်ကာ ဆေဘာနှင့် လက်သီးပညာများကို လေ့ကျင့်ပြီး၊ သူ၏ကိုယ်အတွင်းအင်္ဂါများ ရွေ့လျားပုံကို နားလည်အောင် ကြိုးစားနေခဲ့သည်။ ညဘက်တွင် သူသည် အနားယူရန် ဝိညာဉ်လိပ် အသက်ရူနည်းကို အသုံးပြုခဲ့သည်။

ထိုနေ့တွင်, နေရောင်က တောက်လောင်နေ၏။ ဟုန်ယွိသည် သူ့ဆေဘာကို ရေထဲသို့ လွှင့်ပစ်လိုက် သည်။ ဆေဘာသည် ရေစီးကြောင်းကို ခွဲခြမ်းကာ ပင်လယ်ရေသည် အရပ်ရပ်သို့ ပျံ့တက်လာခဲ့ သည်။ ဟုန်ယွိသည် သူ့ဆေဘာကို ဘယ်ညာ အကြိမ်အနည်းငယ် ဝှေ့ယမ်းလိုက်သည်။ သူ့ပတ်ဝန်း ကျင်မှာ ကြီးမားသည့် ရေဝဲဂယက်ကြီးတစ်ခု ဖြစ်ပေါ်လာပြီး သဲတွေကို လွှမ်းခြုံသွားခဲ့သည်။

ဟုန်ယွိသည် သူပိုလေ့ကျင့်လေ, လွတ်လပ်ပေါ့ပါးမူကို ခံစားရလေဖြစ်သည်။ ဆေဘာ ရေထဲသို့ ဝင် ထွက်နေသည်ကို သူ ခံစားနေသည်။

ရုတ်တရက် ပင်လယ်ရေမှော်ကြားမှ မြွေနှစ်ကောင် သုံးကောင် ရုန်းထွက်လာသည်။ ၎င်းတို့၏ ခန္ဓာကိုယ် တစ်ခုလုံးသည် အရောင်အသွေး တောက်ပြောင်နေပြီး၊ အဆိပ်ပြင်းမြွေများ ဖြစ်ကြောင်း ထင်ရှားစွာ ပြသနေသည်။ ၎င်းတို့သည် ဟုန်ယွိကို ကိုက်ရန် ရုတ်တရက် ပြေးဝင်လာကြသည်။ ဟုန်ယွိသည် ရေထဲတွင် အရာအားလုံးကို ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။ ရုတ်တရက်ဆိုသလို, သူသည် သူ့ဆေဘာကို ဝှေ့ယမ်းလိုက်ပါသည်။ "ဖျန်း….!

ဖျန်း…။ ထိုပင်လယ်မြွေများသည် ပင်လယ်ထဲမှာ လျင်မြန်သွက်လက်သော်လည်း ဟုန်ယွိ၏ ဆေဘာကို မရှောင်နိုင်ကြပါဘူး။ ချက်ချင်းဆိုသလို အပိုင်းပိုင်း ဖြတ်တောက်ခံခဲ့ရသည်။

ပင်လယ်မြွေများစွာကို ဆေဘာဖြင့် ခုတ်သတ်ပြီးနောက် ဟုန်ယွိသည် သူ၏အသက်ရှူသံက ချောမွေ့သွားသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ သူ၏ ကိုယ်အတွင်းအင်္ဂါများသည် လွတ်လပ် စွာ လည်ပတ်နေပြီး၊ ရှင်းရှင်းလင်းလင်း မြင်နေရသကဲ့သို့ ခံစားရပါသည်။

"ဝှီး…။ ဟုန်ယွိသည် ရေထဲမှ အမြန်ထွက်ကာ မျိုချပြီး အသက်ပြင်းပြင်း ရှူသွင်းလိုက်ပါသည်။ သူ့ဗိုက်က ချက်ချင်းပင် တဒုန်းဒုန်းနှင့် ကိုးကြိမ်ဆက်တိုက် မြည်သွားခဲ့သည်။ ထို့နောက် ညစ်ညမ်း သော လေထုကို ပါးစပ်ထဲမှ ထွေးထုတ်လိုက်သည်။ သူ့တစ်ကိုယ်လုံး ပေါ့ပါး လန်းဆန်းသွားပြီး၊ ရေဖြင့် ဆေးကြောထားသည့် သစ်ရွက်ကဲ့သို့ နေရာတိုင်းတွင် သက်တောင့်သက်သာ ဖြစ်မူကို ခံစားရ ပါသည်။

ဤအခိုက်အတန့်တွင် ဟုန်ယွိသည် "အဟောင်းကို ရှူထုတ်ပြီး အသစ်ကို ရှုရှိုက်ခြင်း" ဟူသော စကားစု၏ အဓိပ္ပါယ်ကို အမှန်တကယ် နားလည်သွားခဲ့ပါပြီ။

ထိုခံစားချက်ကို ခံစားလိုက်ရသဖြင့် ဟုန်ယွိသည် ကောင်းကင်ယံသို့ မော့ကာ ရှည်လျားသော ဟစ်ကြွေးသံကို ထုတ်ဖော်လိုက်မိသည်။ သူ့ဟစ်ကြွေးသံက ကောင်းကင်ဘုံကိုးပါးကို ထိုးဖောက် ဝင်ရောက်ပြီး၊ တောင်ထိပ်တစ်ခုပေါ်ရှိ အထီးကျန် အင်မော်တယ် ကြိုးကြာတစ်ကောင်၏ ငိုကြွေး သံကဲ့သို့ ပင်လယ်ရေ မျက်နှာပြင်ပေါ်မှာ အချိန်အတော် ကြာအောင် ပဲ့တင်ထပ်နေခဲ့သည်။

"ဂုဏ်ယူပါတယ် သခင်လေး…၊ ရှင်တန်သိုင်းသခင်နယ်ပယ်ကို ဝင်ရောက်သွားတဲ့အတွက် ဂုဏ်ယူပါ တယ်။ အသက်ရှုခြင်းက အတွင်းအင်္ဂါတွေကို သန့်ရှင်းစေပြီး၊ အဟောင်းကို ရှူထုတ်ပြီး အသစ်ကို ရှူသွင်းပေးရပါလိမ့်မယ်။ လေကောင်းလေသန့်တွေ ဝင်ရောက်လာပြီး လေဆိုးလေညစ်တွေကို စွန့်ထုတ်ပစ်ရပါ့မယ်။ ဒါဆို ကိုယ်တွင်းအင်္ဂါတွေဟာ တစ်နှစ်ပတ်လုံး သန့်ရှင်းနေမှာ ဖြစ်ပြီး၊ မင်းရဲ့ ခန္ဓာကိုယ် ကြံခိုင်မူကလည်း တာရှည်ခံနိုင်မှာ ဖြစ်ပါတယ်။”

ဘေးတွင်ရှိနေသည့် လီလဲ့သည် ဟုန်ယွိ၏ ဟစ်ကြွေးသံကို ကြားသောအခါ သူ့နားရွက်များ လှုပ်ယမ်းသွားပါသည်။ ထို့နောက်, သူက ရှေ့တစ်လှမ်းတိုးကာ ဦးညွှတ်လိုက်သည်။

ဟုန်ယွိသည် ထိုစကားကို ကြားသောအခါ၊ နောက်ဆုံးတွင် သူသည် ရှင်တန်သိုင်းသခင်နယ်ပယ်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိလိုက်ပါသည်။ မိုးကြိုးလျှပ်စီးဆေဘာကျမ်းကို လေ့ကျင့်ဖို့ အချိန်ရောက်လာပြီ။

အခန်း (၁၄၁)။

ရှင်တန်သိုင်းသခင်နယ်ပယ်သို့ ရောက်ရှိခြင်းသည် လူတစ်ယောက်၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားအား ကြီးမားစွာ တိုးလာစေနိုင်ပြီး၊ နက်ရှိုင်း ရှည်လျားစွာ အသက်ရှုနိုင်စေပါသည်။

ဥပမာအားဖြင့် လေးပစ်ခြင်းကို ကြည့်နိုင်ပါသည်။ ယခင်က ဟုန်ယွိသည် သံမဏိသစ်သားမဟူရာ အရိုးလေးကို အကြိမ်သုံးဆယ်ကျော် ဆက်တိုက် ပစ်ခတ်နိုင်ခဲ့ပါသည်။ ယခုအခါ၊ သူသည် သူ့ခန္ဓာကိုယ် တိုးတက်ကောင်းမွန်လာခဲ့ပြီး၊ ဝိညာဉ်လိပ် အသက်ရှူခြင်းနည်းစနစ်ကို အချိန်အတန် ကြာ လေ့ကျင့်ပြီးနောက်၊ သူသည် အကြိမ်ငါးဆယ် သို့မဟုတ် အကြိမ်ခြောက်ဆယ် သို့မဟုတ် ခုနစ်ဆယ်အထိပင် ဆက်တိုက် ပစ်ခတ်နိုင်ခဲ့ပါပြီ။

ရှင်တန်သိုင်းသခင် နယ်ပယ်ကို မရောက်ရှိသေးဘဲ၊ အသက်ရှုနည်းစနစ်က မည်မျှပင် သိမ်မွေ့ လေးနက်နေပါစေ၊ အကျိုးသက်ရောက်မှု ကြီးကြီးမားမား ရှိမှာမဟုတ်ပါဘူး။ အဘယ့်ကြောင့်ဆို သော် ရှင်တန်သိုင်းသခင် နယ်ပယ်ကို မရောက်ရှိသေးဘဲ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို လှည့်ပတ် ရန် ချီကို အသုံးမပြုနိုင်သေးသောကြောင့် ဖြစ်ပါသည်။

ထို့အပြင်, လက်ရှိ ရှင်တန်သိုင်သခင် နယ်ပယ်သို့ ရောက်ရှိပြီးနောက်၊ ကိုယ်အတွင်းအင်္ဂါများသည် အသက်ရှုခြင်းဖြင့် အညစ်အကြေးများကို ဖယ်ရှားပြီး ချီအသစ်များကို စုပ်ယူနိုင်ကာ ခန္ဓာကိုယ်ကို အချိန်တိုင်း လန်းဆန်း တက်ကြွစေပါသည်။ ထို့မှအစပြု၍, ၎င်းသည် ချီကို အတွင်းမှ အာဟာရ ဖြည့်တင်းပေးနိုင်ပြီး ကြွက်သားများ၊ အရိုးများ၊ အရေပြားနှင့် အသားများကို ပိုမိုကောင်းမွန်စေကာ၊ လူတစ်ယောက်၏ ရုပ်ခန္ဓာကိုယ် ကြံ့ခိုင်မှုကို မြှင့်တင်ပေးနိုင်သည်။

ရှင်တန်သိုင်းသခင် နယ်ပယ်သည် အပြင်မှ အတွင်းပိုင်းသို့ လှည့်ပတ်ပေးရသည့် သိုင်းကျင့်စဉ် တစ်ခုလည်း ဖြစ်ပါသည်။

တစ်ချိန်တည်းမှာပင်၊ ရှင်တန်သိုင်းသခင် နယ်ပယ်သို့ ရောက်ရှိပြီးနောက်၊ လက်သီးနည်းစနစ်များ အတိုင်း ထိုးနှက်ခြင်းခြင်း ကိုယ်တွင်းအင်္ဂါများ၊ အစာအိမ်နှင့် အသက်ရှုသွင်းခြင်းတို့ အပေါ် သက်ရောက်မူနိုင်ပြီး လက်သီးနည်းစနစ်ကို ပိုမိုအားကောင်းစေပါသည်။

သို့သော်လည်း သိုင်းပညာရှင်များသည် သိမ်မွေ့နက်ရှိုင်းသော အသက်ရှူခြင်း နည်းစနစ်မရှိဘဲ ရှင်တန်သိုင်းသခင် နယ်ပယ်သို့ ရောက်ရှိခဲ့ပါက, ၎င်းတို့၏ကိုယ်အတွင်းအင်္ဂါများကို မဆင်မခြင် လှုပ်ရှားခြင်းဖြင့် ထိခိုက်ပျက်စီးမှုကို ဖြစ်စေသည်မှာ သေချာပါသည်။

သို့သော် ဟုန်ယွိတွင် ဝိညာဉ်လိပ် အသက်ရှူခြင်းနည်းစနစ်နှင့် ဆန်းကြယ်ကောင်ကင်ဘုံခန်းမ၏ မြွေပုံစံအသက်ရူထိန်းချုပ်ခြင်း ပညာရပ်များကို ပိုင်ဆိုင်ထားပြီး၊ နှစ်ခုစလုံးသည် ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းများ အားလုံးကို သန့်စင်ရာတွင် အကောင်းဆုံး ပညာရပ်များ ဖြစ်ကြသည်။ သူသည် ရှင်တန်သိုင်းသခင် နယ်ပယ်သို့ ရောက်ရှိပြီးနောက် ကျင့်ကြံခြင်းနည်းစနစ်များ ချို့တဲ့ခြင်းမရှိခဲ့ပေ။

သို့သော်၊ ၎င်းသည် ခန္ဓာကိုယ်ကို ကြံ့ခိုင်စေရန် လေ့ကျင့်ရသည့် ပညာရပ်ဖြစ်ပြီး၊ စွမ်းအားကို ထုတ်လွှတ်နိုင်ဖို့အတွက် အခြားပညာရပ်များကို လေ့ကျင့်ရပါဦးမည်။ သိုင်းတာအိုသည် ခန္ဓာကိုယ် ကို ကြံ့ခိုင်သန်မာစေရန် အာရုံစိုက်ပြီး၊ တိုက်ခိုက်သတ်ဖြတ်ခြင်း ပညာရပ်များနှင့် လုံးဝ မတူပါဘူး။ ထို့ကြောင့် ဟုန်ယွိသည် မိုးကြိုးလျှပ်စီး ဆေဘာကျမ်းကို စတင်လေ့ကျင့်ရန် ဆုံးဖြတ်ခဲ့သည်။

လက်ရှိ ဟုန်ယွိ လေ့ကျင့်ခဲ့သော သိုင်းပညာရပ်များဖြစ်ကြသည့် ကျားနတ်ဆိုးအရိုးပုံသွင်းခြင်း လက်သီးပညာရပ်, နွားသိုးနတ်ဆိုးခွန်အားလက်သီးပညာရပ်များသည် သတ်ဖြတ်သီးသန့် ပညာရပ် များ မဟုတ်ကြပေ။ ရှန်ထိုက်ဇူ၏ နတ်ဆိုးမျောက်ဝံဖရိုဖရဲ နတ်ဘုရားတုတ်သိုင်းသည် အစွမ်းထက် သော်လည်း မိုးကြိုးလျှပ်စီးဆေဘာကျမ်းကဲ့သို့ ထိပ်တန်း သိုင်းပညာရပ်များနှင့် နှိုင်းယှဉ်ပါက အားနည်းနေပါသေးသည်။

ဝေလဲ့ မိုးကြိုးလျှပ်စီးဆေဘာကျမ်းကို အသုံးပြုခဲ့စဉ်တုန်းက, ဟုန်ယွိသည် ထိုမြင်ကွင်းကို ပြန်တွေး ရင်း လေးစား အားကျမူနှင့်အတူ သက်ပြင်းချမိပါသည်။

ချီဇီယန်သည် မိုးကြိုးလျှပ်စီးဆေဘာကျမ်း၏ ယွန်မင်ဘာသာစကားသို့ တော်ဝင်ချန်ဘာသာသို့ ပြန်ဆိုပြီး ဖြစ်သည်။ ရုပ်ပုံများကိုမူ ဘာသာပြန်ရန် မလိုအပ်ပါ။ လူတိုင်းက ၎င်းတို့ကိုကြည့်ပြီး နားလည်နိုင်ပါသည်။

ဟုန်ယွိသည် ဆေဘာကျမ်းစာနှင့် ဘာသာပြန်ထားသော စာသားကို အတူတကွ ထားရှိခဲ့သည်။ သူသည် ဂရုတစိုက် ဖတ်ပြီးနောက် ချက်ချင်း အလွတ်ကျက်မှတ်သည်။

နဂိုကတည်းက သူသည် နေ့လမ်းလျှောက်ခြင်းနယ်ပယ်သို့ ရောက်ပြီးနောက် သူမြင်သမျှကို မှတ်မိနိုင်စွမ်း ရှိသည်။ ယခု သူသည် ရုပ်လုံးဖော်ခြင်းနယ်ပယ်အထိ ကျင့်ကြံထားနိုင်ခဲ့ပြီး၊ ထိုစွမ်းရည်က ပို၍ပင် အားကောင်းလာပါသည်။

ဆေဘာကျမ်းစာပါ စကားလုံးများနှင့် ရုပ်ပုံများကို ကျက်မှတ်ပြီးနောက် ဟုန်ယွိသည် ၎င်းတို့ကို တစ်နာရီကြာ ဂရုတစိုက် လေ့လာခဲ့သည်။ သူသည် ဆေဘာကျမ်းကို ပို၍တွေးတောလေ၊ ဆေဘာ ကျမ်းစာသည် လေးနက်ပြီး ၎င်း၏အဓိပ္ပါယ်ကို ဆုပ်ကိုယ်ရခက်ခဲလေ ဖြစ်သည်ကို တွေ့ရှိရပါသည်။ သို့ရာတွင်၊ ကျမ်းစာ၏ အဓိပ္ပါယ်ကို နားလည်ဆင်ခြင်ပြီး၊ စာအုပ်ပါ စကားလုံးများမှတဆင့် ကျမ်းစာ ရေးသူ၏ ဆိုလိုရင်းအဓိပ္ပာယ်ကို နားလည်သဘောပေါက်အောင် သုံးသပ်ခြင်းသည် သူ့စွမ်းရည် ဖြစ်သည်။ သူသည် ဂရုတစိုက် ခွဲခြမ်းစိတ်ဖြာပြီးနောက်, သဲလွန်စ အနည်းငယ်ကို သိမြင်နိုင်ခဲ့သည်။

"မိုးကြိုးလျှပ်စီး ဆေဘာကျမ်းမှာ စုစုပေါင်း ဆေဘာဓားကွက် သုံးကွက်ပဲ ရှိတယ်။ ပထမအကွက်က ဝေလဲ့အသုံးပြုခဲ့ဖူးတဲ့ လျှပ်တပြက် မိုးကြိုးစက်ဝိုင်းအလင်းပဲ။ ဒုတိယအကွက်ကတော့ ယင်ယန် ကပ်ဘေး ဖြစ်ပြီး၊ တတိယအကွက်ကတော့ ကောင်းကင်နဲ့မြေကြီးမီးဖိုပဲ။ ဒီနာမည်တွေက ခမ်းနား လွန်းပြီး၊ ရိုးရှင်းမှု မရှိဘူး။ ဖြစ်နိုင်တာက ယွန်မင်အင်ပါယာရဲ့ ကိုယ်ခံပညာရပ်တွေရဲ့ နာမည်တွေကို က ကြီးကျယ်ခမ်းနားပြီး အပေါ်ယံပဲ ဖြစ်နေမလား။”

ဟုန်ယွိသည် မိုးကြိုးလျှပ်စီး ဆေဘာကျမ်းရှိ သိုင်းကွက်များ၏ အမည်များကို ပထမဆုံး မှတ်ချက်ပေးမိသည်။ သူသည် သူ၏ပညာရှင်တစ်ဦး၏ သဘောသဘာဝကို ဆုံးရှုံးခြင်းမရှိခဲ့ပေ။

သို့ရာတွင် အမည်နာမများသည် အမည်နာမသာ ဖြစ်ပြီး၊ သိုင်းပညာဆိုင်ရာ အကြောင်းအရာများက ကွဲပြားပါသည်။ ထိုအချက်ကိုလည်း ဟုန်ယွိသည် တဖြည်းဖြည်း သိလာခဲ့သည်။ ပထမဆုံး သိုင်းကွက်ဖြစ်သည့် လျှပ်တပြက် မိုးကြိုးစက်ဝိုင်းကို ရှင်တန်သိုင်းသခင်မျာ လေ့ကျင့်နိုင်ပါသည်။ ထိုသိုင်းကွက်ကို လေ့ကျင့်ရာမှာ, ခွန်အားစိုက်ထုတ်မူ၊ ဆေဘာကိုကိုင်ဆောင်ပုံ၊ အာရုံစူးစိုက်မှု၊ နားလည်သဘောပေါက်မှု၊ ဆေဘာနှင့် တစ်သားတည်းဖြစ်မူစသော အထူးပြုရသည့် နည်းလမ်းအစုံ ပါဝင်နေပါသည်။ ဤဆေဘာနည်းစနစ်များ၏ ရှုပ်ထွေးမှုသည် ကိုယ်ခံပညာကျမ်း တစ်ခုလုံးထက် ရိုးရှင်းမည် မဟုတ်ပေ။

ထိုလိုအပ်ချက်များအနက်မှ ရှင်တန်သိုင်းသခင်များသာလျှင် ဤဆေဘာပညာရပ်ပါ လျှပ်တပြက် မိုးကြိုးစက်ဝိုင်း၏ စွမ်းအားကို ထုတ်ဖော်နိုင်ပါသည်။ သာမန်သိုင်းသခင်များသည် ထိုဆေဘာကျမ်း ကို လုံးဝ မလေ့ကျင့်နိုင်ပါ။ သို့မဟုတ်ပါက, ၎င်းတို့၏အရိုးနှင့် အရွတ်တွေအားလုံး ကျိုးပဲ့ပြီး၊ တစ်သက်လုံး လေဖြတ်သွားပါလိမ့်မည်။

ဆေဘာသူတော်စင် ဂွန်ယန်ယုက ထိုသိုင်းကွက်ကို ပြီးပြည့်စုံသည့်အဆင့်အထိ လေ့ကျင့်ပြီးပါက, ဆေဘာသည် လျှပ်စီးစပါးအုံး မြွေတစ်ကောင်ကဲ့သို့ ခန္ဓာကိုယ်တစ်ဝိုက် တဖျပ်ဖျပ် လင်းလက်ကာ အလင်းတန်းတစ်ခု ဖြစ်ပေါ်လာလိမ့်မည်ဟု သူ့စာအုပ်ထဲမှာ ရေးသားထားပါသည်။ ရေတစ်စက် သို့မဟုတ် မြှားအစင်းတစ်ထောင်တောင် ထိုးဖောက်ဝင်ရောက်နိုင်မှာ မဟုတ်ပါဘူး။ ၎င်းသည် ရှင်တန်သိုင်းသခင်တစ်ဦး၏ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်ပေးနိုင်ပါသည်။ သို့သော် ဤသိုင်းကွက်ကို အသုံးပြုပြီးနောက်၊ အနားယူရန်နှင့် ပြန်လည်အားဖြည့်ရန် လိုအပ်မည်ဖြစ်ပါ သည်။ ထိုသို့မဟုတ်လျှင်, ခန္ဓာကိုယ်က ဒဏ်ရာရပြီး၊ သိုင်းတာအိုမှာ ရှေ့ဆက် တိုးတက်ဖို့ ခက်ခဲ သွားပါလိမ့်မည်။

ဒုတိယအကွက် ယင်ယန်ကပ်ဘေးကတော့ မဟာဆရာသခင်အဆင့် သိုင်းပညာရပ်တစ်ခု ဖြစ်သည်။ ဆေဘာကို အသုံးပြုပြီးသည်နှင့် ရန်သူသည် ညှင်းပန်းနှိပ်စက်ခြင်း အခန်းထဲသို့ ကျရောက်သွားသ လို ခံစားလာရလိမ့်မည်။ သူတို့သည် ယင်နှင့်ယန်၊ ရှင်ခြင်းသေခြင်းကိုလည်း မသိကြတော့ပေ။ တစ်နည်းဆိုရသော်, ၎င်းတို့သည် မည်သို့မည်ပုံ သေဆုံးသွားမည်ကိုပင် မသိနိုင်ကြပေ။

တတိယသိုင်းကွက် ဖြစ်သည့် ကောင်းကင်နှင့်မြေကြီးမီးဖိုသည် ပို၍ပင်အားကောင်းနေခဲ့သည်။ ထိုသိုင်းကွက်သည် သိုင်းသူတော်စင်အဆင့် ဆေဘာပညာရပ်ဖြစ်သည်။ ထိုသိုင်းကွက်ကို ထုတ်ဖော် ပြီးသည်နှင့် ရန်သူသည် ကောင်းကင်နှင့်မြေကြီးက အရောင်ပြောင်းလဲသွားပြီး၊ သူတို့သည် မီးဖိုကြီးထဲတွင် ရောက်ရှိနေသကဲ့သို့ ခံစားလာရလိမ့်မည်။ ထွက်ပြေးရန် သို့မဟုတ် ပုန်းအောင်းရန် နေရာမရှိပေ။ မီးဖိုကြီးထဲမှာ ခံနိုင်ရည်ရှိဖို့သာ ကြိုးစားရတော့မည်။

စာအုပ်ထဲတွင်၊ ဂွန်ယန်ယုသည် တစ်ချိန်တုန်းက အရိုးနက်မျိုးနွယ်စု၏ ဓားသူတော်စင်ကို သတ်ဖြတ်ရန် ထိုဆေဘာသိုင်းကွက်ကို အသုံးပြုခဲ့ကြောင်း ရေးသားထားခဲ့သည်။ ယင်းကြောင့် ယွန်မင်အင်ပါယာသည် အရိုးနက်မျိုးနွယ်စုကို ဖျက်ဆီးပြီး မြက်ခင်းပြင်များကို ပေါင်းစည်းနိုင်စေခဲ့ သည်။

မိုးကြိုးလျှပ်စီး ဆေဘာကျမ်း၏အဆုံးတွင်၊ ဂွန်ယန်ယုသည် သူ၏ဂုဏ်ယူဖွယ် အောင်မြင်မှုအချို့ကို ရေးသားထားခဲ့သည်။

ကိုယ်ခံပညာ ကျွမ်းကျင်သူ အားလုံးနီးပါးသည် စာအုပ်တစ်အုပ် ရေးသားပြီးနောက်တွင် ၎င်းတို့၏ အောင်မြင်မှုများနှင့် ဂုဏ်ယူစရာ အခိုက်တန့်တွေကို မိတ်ဆက် ရေးသားရခြင်းကို နှစ်သက်ကြောင်း ဟုန်ယွိ သတိထားမိသည်။ လောကီကိစ္စများကို ကျော်လွှားနိုင်ခဲ့ပြီး၊ ကျော်ကြားမှုနှင့် စည်းစိမ် ဥစ္စာများကို မျက်လုံးထဲမထည့်သည့် လူသားအင်မော်တယ် ဘုန်းတော်ကြီးယန်ယွဲ့လို ကျွမ်းကျင် ပညာရှင်ပင်လျှင် ခြွင်းချက်မရှိပေ။

သို့သော် ဤအရာကို နားလည်ပေးနိုင်ပါသည်။ ကုသိုလ်ကောင်းမှုပြုခြင်း၊ အကျင့်သီလကို ဖြည့်ကျင့် ခြင်း၊ ကျမ်းစာအုပ်များ ရေးသားခြင်းတို့သည် မိမိကိုယ်ကို သမိုင်းကြောင်း၏ မြေမှုန့်ဖှုန်မှုန့်ထဲတွင် မြှုပ်နှံသွားခဲ့ခြင်း မရှိကြောင်းကို ကမ္ဘာကြီးအား ထုတ်ဖော်ပြသရန် ဖြစ်ပါသည်။

"သိုင်းသူတော်စင်အဆင့် သိုင်းပညာက အရမ်းကို အံ့ဩစရာကောင်းလွန်းတယ်။ ဒါဆို လူသား အင်မော်တယ်အဆင့် သိုင်းပညာဆို ဘယ်လောက် အံ့ဩစရာကောင်းမလဲ။” ဟုန်ယွိက ဆေဘာ ကျမ်းကို ပိတ်လိုက်ပြီး သက်ပြင်းချလိုက်မိပါသည်။

ဤမိုးကြိုးလျှပ်စီး ဆေဘာကျမ်းသည် သိုင်းသူတော်စင်တစ်ပါး၏ သိုင်းလမ်းကြောင်း၏ အနှစ်သာရ ဖြစ်ကြောင်း သူ သိသည်။ ၎င်းကျမ်းသည် သတ်ဖြတ်ခြင်း၏ အထွတ်အထိပ်ကျမ်း ဖြစ်ခဲ့ဖူးသည်။ သို့သော်၊ ဤကျမ်းသည် သိုင်းသူတော်စင်တစ်ပါး၏ ကိုယ်ခံပညာတစ်ခုသာ ဖြစ်ပြီး လူသား အင်မော်တယ်အဆင့် ကိုယ်ခံပညာမဟုတ်ပေ။

လူသားအင်မော်တယ်များ၏ ကိုယ်ခံပညာများသည် လေဟာနယ်ကိုပင် ဖြိုခွဲနိုင်ပြီး၊ ယင်းက မည်သို့ ဖြစ်မည်ကို မည်သူမှ မသိနိုင်ပေ။ ဟုန်ယွိသည် ၎င်းကို မသိသော်လည်း တွေးကြည့်ရုံဖြင့် သူ့အား ကြီးမားသော မျော်လင့်တောင့်တချက်များ ဖြစ်ပေါ်လာစေပါသည်။

ဆေဘာကျမ်းကို ပိတ်ပြီးနောက်၊ သူသည် လျှပ်တပြက် မိုးကြိုးစက်ဝိုင်း အကြောင်းကို သူ့စိတ်နှလုံး ထဲတွင် တွေးတောနေခဲ့သည်။ သူသည် ထိုသိုင်းကွက်ကို သူနှင့် အလွန်ရင်းနှီးသည့်တိုင်အောင် ထပ်ခါထပ်ခါ တွေးနေမိသည်။ သူသည် ပေါက်ကွက်ထွက်ဖို့ စိတ်ဆန္ဒ ပြင်းပြလာမှသာ သူ့ဆေဘာ ဝှေ့ယမ်းလိုက်သည်။ ထိုမှသာ သူသည် ခုန်တက်သွားသည်။

သူသည် ဆေဘာကို မြေကြီးဆီသို့ ညွှန်ပြပြီး သူ့ခန္ဓာကိုယ်ကို ရုတ်တရက် တွန့်လိမ်လိုက်ပြီး၊ သူ့ခြေထောက်များကို လှည့်ကာ၊ သူ့ကိုယ်တွင်းအင်္ဂါများကို တင်းတင်ကျပ်ကျပ် ညှစ်ကာ၊ သူ့ရင်ဘတ်ကို နောက်ကျောနှင့် တစ်သားတည်းဖြစ်အောင် ထားပြီး၊ လည်ပင်းကို ဖြောင့်တန်းစွာ ထားကာ သူ့ခန္ဓာကိုယ်ထဲက အရိုးတွေအားလုံးကို လှုပ်ရှားလိုက်ပါသည်။ သူ့အရွတ်များ၊ ကြွက်သား များနှင့် အရေပြားများသည် သံမဏိကြိုးများကဲ့သို့ တင်းတင်းကြပ်ကြပ် ရစ်ပတ်လာကြသည်။

ဤဆေဘာသိုင်းကွက်ကို လှုပ်ရှားလိုက်ရုံမျှဖြင့် ဟုန်ယွိသည် သူ့တစ်ကိုယ်လုံး အတွင်းရော အပြင်ပါ ဆေဘာဝင်္ကပါအတွင်းသို့ စုပ်ယူခံလိုက်ရသလို ခံစားလိုက်ရ၏။ သူ့ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုစီ တိုင်း ထိခိုက်နာကျင်မူ မရှိပါဘူး။ သို့သော် ထိုအနေကနေ ဖြေလျှော့လိုက်သည်နှင့် သူ့တစ်ကိုယ်လုံး ရွှံ့နွံများကဲ့သို့ ပြိုကျသွားမည်လာဟုပင် ဟုန်ယွိ သံသယဖြစ်မိပါသည်။

ရှင်တန်သိုင်းသခင် နယ်ပယ်သို့ ရောက်ရှိပြီးနောက်မှ ဤကိုယ်ခံပညာကို လေ့ကျင်နိုင်သည့် အကြောင်းရင်းကို နောက်ဆုံးတွင် သူ နားလည်သွားခဲ့ပါပြီ။ အဘယ့်ကြောင့်ဆိုသော်, အကယ်၍, လူတစ်ယောက်သည် ရှင်တန်သိုင်းသခင် နယ်ပယ်သို့ မရောက်ရှိသေးဘူးဆိုလျှင်, ဆေဘာသိုင်း၏ သိုင်းကွက်ဟန်ကိုပင် ထုတ်ဖော်နိုင်စွမ်း မရှိသောကြောင့် ဖြစ်ပါသည်။ လက်တစ်ဖက်ဖြင့် ဆေဘာ စွမ်းအားကို အသုံးပြုရင်း, အတွင်းအင်္ဂါတွေကို လှည့်ပတ်ရန် ၎င်းကို ရင်ဘတ်နှင့် နောက်ကျောမှာ ကပ်ထားဖို့ရာ အမှန်တကယ် မဖြစ်နိုင်ပါဘူး။

လျှပ်တပြက် မိုးကြိုးစက်ဝိုင်း သိုင်းကွက်၏ ပြင်းထန်သော နာကျင်မှုကို တောင့်ခံရင်း ဟုန်ယွိသည် သူ၏ဆေဘာကို မြှောက်ကာ ဆေဘာကျမ်းတွင် မှတ်တမ်းတင်ထားသော ပထမဆုံးအကွက်ကို လုပ်ဆောင်ကြည့်ပါသည်။

ဆေဘာသိုင်းကွက်၏ ကိုယ်နေဟန်ကို ထုတ်ဖော်လိုက်ပါပြီ။ သူ့ခြေဖဝါးအောက်မှ ငွေရောင် အလင်းတန်းတစ်ခု လွင့်ပျံလာပါသည်။ တခဏအတွင်းမှာပင် ၎င်းအလင်းတန်းသည် သူ့တစ်ကိုယ် လုံးကို ဝိုင်းရံလာခဲ့သည်။ ထို့နောက် ဟုန်ယွိသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ခုတ်ပိုင်းလိုက်သည်။

ရွှတ်….၊ ရွတ်….၊ ရွတ်….။

ပေဆယ်နှင့်ချီ ရှည်လျားသော ဆေဘာအလင်းတန်းများ ဖြာထွက်သွားကာ ခြံထောင့်ရှိ မိုးမခပင် တစ်ပင်ကို ထိမှန်သွားခဲ့သည်။ ထိုနောက် မိုးမခပင်သည် ချက်ချင်းပင် အပိုင်းပိုင်းကွဲကာ ပြိုလဲပြီး၊ ခြံဝင်းနံရံသည် ကြီးမားသော အပိုင်းအစများအဖြစ် ကြေမွသွားခဲ့သည်။ မိုးမခပင်ကြီးတစ်ခုလုံးကို အလျားလိုက်ရော ဒေါင်လိုက်ပါ သပ်သပ်ရပ်ရပ် အပိုင်းကိုးပိုင်းအဖြစ် ချောမွေ့စွာ ဖြတ်တောက်သွား ခဲ့သည်။

"ခြေဆယ်လှမ်းအကွာဝေး၊ ပြီးတော့, တစ်ချက်လှုပ်ရှားလိုက်ရုံပဲ။ ဒါဟာ ပြင်းထန်လွန်းတဲ့ တိုက်ခိုက် မူ မဟုတ်လား။” ဟုန်ယွိသည် သူ့ဆေဘာကို ခုတ်ပြီးနောက်၊ အထူးသဖြင့် သူ့ကိုယ်တွင်းအင်္ဂါများ နာကျင်မူကို ခံစားခဲ့ရသည်။ သူသည် ထိန်းချုပ်နိုင်စွမ်း ပျောက်ဆုံးလုနီးပါး နာကျင်ခဲ့ရသည်။ သို့သော်, သူသည် သူ့ဆေဘာ၏ စွမ်းအားကို ကြည့်လိုက်ရင်း ကျေနပ်အားရမှုကို မခံစားရဘဲ မနေနိုင်ခဲ့ပါချေ။

လျှပ်တပြက် မိုးကြိုးစက်ဝိုင်းကို ပြီးပြည့်စုံအောင် လေ့ကျင့်ပြီးနောက်၊ သူသည် ရှင်တန်သိုင်းသခင် နယ်ပယ်ရှိ ကျွမ်းကျင်သူအားလုံးကို သတ်ပစ်နိုင်သည်ဟု ဟုန်ယွိ ယုံကြည်သည်။ အထွတ်အထိပ် ရှင်တန်သိုင်းသခင် နယ်ပယ်ကျွမ်းကျင်သူများပင်လျှင် ဤဆေဘာ၏ စွမ်းအားကို ရှောင်တိမ်းနိုင်ရန် ခက်ပေလိမ့်မည်။

သို့သော် ဤပညာရပ်ကို အသုံးပြုပြီးနောက် သူ့တစ်ကိုယ်လုံး နာကျင်ကိုက်ခဲမှုနှင့်အတူ စွမ်းအား ကင်းမဲ့သွားခဲ့သည်။ ဤအရာက အားနည်းချက်တစ်ခု ဖြစ်သည်။ သို့သော်, ထိုကိစ္စနှင့်ပတ်သက်ပြီး၊ သူ့အနေဖြင့် ဘာမှမတတ်နိုင်ပါဘူး။ အဘယ်ကြောင့်ဆိုသော် ဤပညာရပ်သည် မူလကတည်းက စွမ်းအင် ပမာဏများစွာကို ထုတ်ဖော်အသုံးရပြီး၊ ခန္ဓာကိုယ်ကို ထိခိုက်ပျက်ဆီးစေသည့် ပညာရပ် တစ်ခု ဖြစ်နေသောကြောင့် ဖြစ်ပါသည်။

နောက်ထပ် အချိန်သုံးရက် ကြာသွားခဲ့သည်။ ဟုန်ယွိသည် လျှပ်တပြက် မိုးကြိုးစက်ဝိုင်းကို နားလည်ရန် ကြိုးစားရင်း သူ့အချိန်တွေကို ကုန်ဆုံးခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်ကို ဝိညာဉ်ဆေးဝါးများဖြင့် ပြန်လည်အားဖြည့်နောက် နာကျင်မှုတွေ ပျောက်ပြီး အားအင်တွေ ပြန်လည် ပြည့်ဝလာခဲ့သည်။

တစ်ချိန်တည်းမှာပင် သူသည် ဝိညာဉ်လိပ် အသက်ရူနည်းပညာကို လေ့ကျင့်ခဲ့သည်။ သူ၏ အတွင်း အင်္ဂါများသည်လည်း တဖြည်းဖြည်း သန်မာလာခဲ့ပြီး၊ သူ၏ခွန်အားကို အပြင်းအထန် အသုံးပြုသော အခါ, လှုပ်ခါခြင်းမျိုး မရှိတော့ပေ။

ညဘက်တွင် ပင်လယ်ရေပြင်ထက်မှာ တောက်ပနေသော လမင်းကြီးသည် ကမ်းခြေရှိ သဲဖြူများကို ပို၍ သန့်စင်စေပါသည်။ ပင်လယ်လေညှင်းက ဖြည်းညှင်းစွာ တိုက်ခတ်လျက်ရှိပြီး၊ လူများ၏ စိတ်နှလုံးကို သန့်စင်စေကာ၊ ဒုက္ခအားလုံး ငြိမ်းအေးသွားသကဲ့သို့ ခံစားရပါသည်။

ဟုန်ယွိသည် ကမ်းခြေမှာ လမ်းလျှောက်ထွက်လာခဲ့သည်။ သူ့နောက်မှာတော့ ရွှေပင့်ကူ၊ မုကလေး နှင့် ချီဇီယန်တို့ပါ လိုက်ပါလာခဲ့သည်။

ပင်လယ်ကမ်းခြေက ရှုခင်းတွေက အရမ်းကို လှပပါသည်။ ကောင်းကင်ယံမှာ လမင်းကြီးထွက်သည့် နေ့တိုင်း ဟုန်ယွိသည် ကမ်းခြေတွင် လမ်းလျှောက်ရသည်ကို နှစ်သက်သည်။ ယခုလို လှပသည့် ရှုခင်းမျိုးက ကဗျာတွေ စာတွေ ရေးရန် အကောင်းဆုံးအချိန် ဖြစ်ပါသည်။

ဟုန်ယွိက ခြေလှမ်းနှစ်လှမ်း လှမ်းပြီး ပင်လယ်ရေပြင်အထက် ကောင်းကင်ယံမှာ တောက်ပနေသည့် လမင်းကြီးကို မော်ကြည့်လိုက်ပါသည်။ သူသည် လမင်းကြီးကို မော်ကြည့်ရင်း ကဗျာစပ်ချင်စိတ် ပေါက်သွားပါသည် "ထိန်ထိန်သာနေတဲ့ လမင်းကြီးက ပင်လယ်ပြင်အထက်မှာ ထွက်ပေါ်လာ တယ်... ထိန်ထိန်သာနေတဲ့ လမင်းကြီးက ပင်လယ်ပြင်အထက်မှာ ထွက်ပေါ်လာတယ်..." ပေါ့ပေါ့ပါးပါး ရွတ်ဆိုလိုက်ပါသည်။

စာကြောင်းနှစ်ကြောင်း ရွတ်ပြီးနောက် ဟုန်ယွိသည် ရုတ်တရက် ရပ်သွားခဲ့ပါသည်။ သူသည် နောက်ဆက်ရန် စာကြောင်းကို ရှာမတွေ့တော့။ သူ ကိုယ်ခံပညာနှင့် တာအိုပညာရပ်တွေကို စတင်လေ့ကျင့်ကတည်းက သူ၏ ကဗျာဆန်ဆန် စိတ်ကူးစိတ်သန်းများ အများကြီး ကျဆင်းသွား ကြောင်း သူ ရုတ်တရက် သိလိုက်ရ၏။ သူသည် ယခင်ကလို ကဗျာတွေကို လွယ်လွယ်ကူကူ ရေးစပ်နိုင်သည့် စိတ်ခံစားချက်မျိုး မရှိတော့ပါဘူး။

"အီယာ…၊ နင် ရွတ်ဆိုနေတာဖြင့် ကြာလှပြီ။ နောက်ဝါကျက ဘာလဲ။ ငါ ကြားချင်လို့ပါဆို။ ရိုယန် နန်းတော်မှာဆို ငါ့ကို ကဗျာရေးနည်း သီးသန့် သင်ကြားပို့ချပေးတဲ့ အထူးဆရာတစ်ဦးတောင် ရှိတယ်။" ရွှေပင့်ကူက ပေါ့ပေါ့ပါးပါး ပြောသည်။

“ဟင်း....." ဟုန်ယွိက ရွှေပင့်ကူကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ ထိုနောက်, သူက ခေါင်းခါပြပြီး ပြောသည် "ငါ ဒါကို အနာဂတ်အတွက် သိမ်းထားလိုက်မယ်။ ကဗျာကောင်းတွေကို သဘာဝတရားက ဖန်တီးပေးထားတာ။ ဒီနေ့ ငါစိတ်ကူးဉာဏ်က ခန်းခြောက်နေတယ်…"

“ဟီး... ဟီး.." ရွှေပင့်ကူက ခုန်တက်လာသည်။

"ဟမ့်…" ရွှေပင့်ကူက တခစ်ခစ် ရယ်မောနေချိန်မှဦ ဟုန်ယွိက ရုတ်တရက် နှာခေါင်းရှုံ့ပြီး၊ မုကလေး ရင်ခွင်ထဲမှာ ပိုက်ထားသည့် ဖြိုခွဲခြင်းဆေဘာ၏ လက်ကိုင်ကို ဆုပ်ကိုင်လိုက်ပါသည်။ မြည်ဟီးသံ နှင့်အတူ ဆေဘာအလင်းက စမ်းရေတွင်းကဲ့သို့ ပေါက်ထွက်ပြီး ရေတံခွန်အဖြစ်သို့ ပြောင်းလဲသွားခဲ့ သည်။ ခြေလှမ်းအနည်းငယ်အတွင်းမှာ ဆေဘာအလင်းက တောနက်ကြီးထဲကို ဝင်ရောက်သွားခဲ့ပါ သည်။ ဆေဘာအလင်း ဖြတ်သန်းသွားသည့်နေရာတိုင်း အကိုင်းအခက် အရွက်များ ကြေမွသွားပါ သည်။ ၎င်းတို့သည် ဆေဘာအလင်းအရှိန်ဟုန်ကို လုံးဝ မတားဆီးနိုင်ခဲ့ပါ။

"ဘယ်သူလဲ…."

တစ်ချိန်တည်းမှာပင်, ချီဇီယန်၏ သက်တန့်ထိုးဖောက်လေးက မှော်ဆန်ဆန် သူ့လက်ထဲမှာ ပေါ်လာ ပါသည်။ သူသည် လေးညှို့ကိုဆွဲပြီး တောနက်ကြီးဆီသို့ မြှားကို ချိန်ရွယ်လိုက်သည်။

ချီဇီယန်သည် ယွန်မင်၏ စစ်သည်တော်တစ်ဦး ဖြစ်သည်။ သူအိပ်နေသည့် အချိန်မှာတောင် သူ၏ လေးနှင့်မြှားကို သူနှင့်အတူ အမြဲထားရှိသည်။

ဝုန်း…၊

ဟုန်ယွိသည် သတ်ဖြတ်ရန် တောအုပ်ထဲသို့ အပြေးအလွှား ပြေးသွားခါနီးတွင်, အနီနက်ရောင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော လူအချို့သည် ရုတ်တရက် တောအုပ်ထဲမှ ခုန်ထွက်လာသည်။ လူအချို့သည် ချိတ်တစ်ခုကဲ့သို့ ကွေးညွှတ်နေသော ဓားဘီးကို ကိုင်ဆောင်ထားသည်။ ၎င်းတို့သည် ထိတ်လန့်တုန်လှုပ်နေသော ကျားသစ်ထက်ပင် လျင်မြန် သွက်လက်စွာ လှုပ်ရှားလာကြပါသည်။

သူတို့ ထွက်လာချိန်မှာ အဖွဲ့ခေါင်းဆောင်က သူ့လက်ထဲက ဓားဘီးကို လှုပ်ခါပြီး၊ ဟုန်ယွိ၏ ဆေဘာ ကို အပြင်းအထန် ပိတ်ဆို့ရန် ထူးဆန်းသည့် နည်းလမ်းတစ်ခုကို အသုံးပြုခဲ့သည်။

သို့သော် ဟုန်ယွိ၏ ဆေဘာက တုန်ခါသွားပြီး၊ အသံတစ်ချက်နှင့်အတူ ထိုသုံးလက်မ အထူရှိသော ဓားဘီးကို အလယ်မှ ဖြတ်ပိုင်းသွားခဲ့သည်။ ဆေဘာ၏အရှိန်နှင့်အတူ လိုက်ပါစီးမျောရင်း ဟုန်ယွိ သည် ဆေဘာကို အောက်သို့ ဆွဲချလိုက်သည်။ ဖျန်း…။ ဆေဘာသည် ထိုခေါင်းဆောင်၏ အနီနက်ရောင် ချပ်ဝတ်တန်ဆာကို တစ်ဝက်တစ်ပျက် ဖြတ်တောက်သွားခဲ့သည်။

"ခေါင်းဆောင်!"

"ဟုန်ယွိ၊ ရပ်လိုက်တော့!"

သူတို့ခေါင်းဆောင် အန္တရာယ်ရှိနေသည်ကို တွေ့လိုက်ရသဖြင့် အခြားပုဂ္ဂိုလ်များသည် လက်ထဲမှ ဓားဘီးများဖြင့် ဟုန်ယွိကို တိုက်ခိုက်ကြသည်။ ဟုန်ယွိ၏ဆေဘာသည် တဖန် လမ်းကြောင်းပြောင်း သွားပြီး ထက်ရှသော ဆေဘာအသွားက ဖြတ်ကျော်သွားကာ ဓားဘီးများကို တစ်ခုပြီးတစ်ခု ဖြိုခွဲလိုက်ပါသည်။ ထိုနောက် သူသည် တစ်ချက် ဝှေ့ယမ်းပြီး၊ ခေါင်းဆောင်၏ နဖူးဆီသို့ တိုက်ရိုက် ချိန်ရွည်လိုက်ပါသည်။

ထိုခေါင်းဆောင်သည် အသည်းအသန် နောက်ပြန်ဆုတ်သွားခဲ့သည်။

သို့သော် ဟုန်ယွိသည် ခြေလှမ်းအနည်းငယ် အကွာမှ အနီးကပ် လိုက်ပါသွားပြီး၊ ပြိုင်ဘက်ကို ဆေဘာ၏ အရှိန်အဟုန်ထံမှ လွတ်မြောက်ရန် အခွင့်ရေးမပေးတော့ပေ။

ဆေဘာသည် ထိုခေါင်းဆောင်၏ နဖူးတည်းတည့်တွင် ရပ်တန့်လိုက်ပြီး အေးစက်စက် သတ်ဖြတ် လိုသည့် အငွေ့အသက်ကြောင့် ထိုခေါင်းဆောင်၏ ဆံပင်များ အဆုံးထိ ထောင်မတ်သွားခဲ့သည်။

"ကောင်းလိုက်တဲ့ ဆေဘာနည်းပညာ…." ခြောက်ပေရှည်သော ဆေဘာသည် သူ၏နဖူးကို ချိန်ထားပြီး အသာအယာ ထိုးသွင်းလျှင်, သူ့ခေါင်းကို နှစ်ခြမ်းခွဲသွားမည် ဖြစ်သော်လည်း ထိုခေါင်းဆောင်သည် တုန်လှုပ်ခြင်း မရှိပေ။ "သခင်လေးယွိ, မင်းမှာ တကယ်ကို အစွမ်းထက်တဲ့ ဆေဘာပညာရပ်တွေ ရှိနေတာပဲ။ မင်းရဲ့အမိန့်ကို နားခံဖို့ မင်းသားက ငါတို့ကို လွှတ်လိုက်တာ အံ့ဩစရာ မဟုတ်တော့ဘူး။"

ချွင်….။

ဟုန်ယွိသည် ကမ်းခြေဘက်သို့ ခြေလှမ်းနှစ်လှမ်း လှမ်းပြီး နောက်ဆုတ်သွားခဲ့သည်။ သူက သူ့ဆေဘာကို ဓားအိမ်ထဲထည့်ပြီး၊ လက်နှစ်ယှက်ကာ မေးသည်။ "ခင်ဗျားတို့က မင်းသားရဲ့ လူတွေ လား။"

"ငါတို့က မင်းသားရဲ့ သွေးစက်တပ်စခန်းက သူရဲကောင်းကိုးယောက်ပဲ။ သခင်လေးယွိရဲ့ အမိန့်ကို နားခံဖို့ ဒီနေရာကို ရောက်လာခဲ့တာ။" ခေါင်းဆောင် ထွက်လာပြီးနောက် တောအုပ်ထဲမှ လေတိုးသံ များ ထွက်ပေါ်လာကြသည်။ ကျန်သည့်လူရှစ်ယောက်လည်း တောအုပ်ထဲမှ ထွက်လာပြီး ကမ်းခြေ မှာ ရပ်နေပါသည်။

"မင်းမှာ မင်းသားနဲ့ပတ်သက်တာ တစ်ခုခု ရှိလား" ဟုန်ယွိက မေးသည်။

"သခင်လေးယွိ၊ ကြည့်ပါ။ ဒါက မင်းသားကိုယ်တိုင် ရေးပေးလိုက်တဲ့ စာပါ။” ခေါင်းဆောင်က ရွှေတံဆိပ်ပြားနှင့် သူ့အဝတ်အစားထဲက စာတစ်စောင်ကို ထုတ်ပြီး ဟုန်ယွိဆီ လွှင့်ပစ်လိုက်ပါသည်။

ဟုန်ယွိက ဖမ်းပြီးရွှေတံဆိပ်ပြားကို ကြည့်ပြီးနောက် စာကို ဖွင့်ဖတ်လိုက်ပါသည်။ အမှန်ပင် စာက ရင်းနှီးသော မင်းသားယု၏ လက်ရေး ဖြစ်ပါသည်။ "ညီငယ်၊ မင်းလုပ်ဆောင်ခဲ့သမျှ အားလုံးကို ငါ လေ့လာခဲ့ပြီးပြီ။ မင်းရဲ့အမိန့်ကို လိုက်နာဖို့ သွေးစက်တပ်စခန်းက ကျွမ်းကျင်သူကိုးဦးကို ငါ အထူး စေလွှတ်လိုက်တယ်။ အဲဒီပညာရှင် ကိုးဦးထဲက တစ်ယောက်ဟာ ရှင်တန်သိုင်းသခင် နယ်ပယ်ထဲ ဝင်ရောက်ထားသူဖြစ်ပြီး၊ ကျန်ရှစ်ယောက်ကတော့ ထိပ်တန်းသိုင်းသခင်တွေပဲ။ မင်း ဝေတိုင်ကန်ကို သတိထားရမယ်.."

"ဟုတ်ပြီလေ…" စာကိုဖတ်ပြီးနောက် ဟုန်ယွိက ခေါင်းညိတ်လိုက်ပြီး သူ့အမူအရာ ပျော့ပြောင်း သွားပါသည်။ "မင်းတို့ကို ခက်ခဲအောင် လုပ်ခိုင်းရတော့မှာပဲ။ ဒီပစိတ်ဖိတ်ရေတပ်ဌာနချုပ်မှာ မျက်လုံးတွေ နားတွေ အများကြီးရှိတယ်။ မင်းတို့ရဲ့၀တ်စားဆင်ယင်မှုကို ပြောင်းလဲပြီး၊ ငါ့ သက်တော်စောင့်တွေ လုပ်တာ အကောင်းဆုံးပဲ။”

"မင်းသားက လာတုန်းကတည်းက သခင်လေးယွိရဲ့ အမိန့်ဟာ သူ့အမိန့်ပဲလို့ အမိန့်ပေးထားတယ်။" ခေါင်းဆောင်က အရပ်မြင့်မြင့် ပိန်ပိန်ပါးပါး လူငယ်တစ်ဦး ဖြစ်သည်။ ထိုစကားကို ပြောပြီးနောက် သူက "သခင်လေးယွိရဲ့ ဆေဘာက တကယ်ကို ထက်ရှလွန်းတယ်။ ငါတို့ရဲ့ အနက်ရောင်သံမဏိနဲ့ လုပ်ထားတဲ့ သွေးစက်ချိတ်တွေကိုတောင် ဖြတ်တောက်နိုင်တယ်။ ငါတို့ရဲ့ ချပ်ဝတ်တန်ဆာတွေက သားရေတစ်လွှာ၊ သံမဏိကြိုးကွက်တစ်လွှာ၊ ထို့နောက် သားရေတစ်လွှာနဲ့ ပြုလုပ်ထားတာ။ အဲဒါကိုလည်း အလွယ်တကူ ဖြတ်နိုင်တယ်။"

သွေးစက်တပ်စခန်း ခေါင်းဆောင်သည် ရှင်တန်သိုင်းသခင် ကျွမ်းကျင်သူတစ်ဦး ဖြစ်ကြောင်း ဟုန်ယွိ သိသည်။ သူသည် သူ့ဆေဘာ၏ တိုက်ခိုက်ခြင်းကို ခံနိုင်ရည်မရှိသောကြောင့် အနည်းငယ် စိတ်မကောင်း ဖြစ်နေပုံရသည်။

"ဒီဆေဘာက ဆေဘာသူတော်စင် ဂွန်ယန်ယုရဲ့ ဖြိုခွဲခြင်းဆေဘာပါပဲ။ ကျောက်စိမ်းတွေကိုတောင် တိုဟူးကို ဖြတ်တောက်နိုင်တယ်။ အနက်ရောင်သံမဏိက ဘယ်လိုလုပ် ခံနိုင်ရည်ရှိမှာလဲ" ဟုန်ယွိ က သူ့ကို ပုခုံးပုတ်လိုက်သည်။ "ပြန်သွားပြီး မင်းတို့ အဝတ်အစားတွေ လဲလိုက်ပါ…"

ဤကဲ့သို့ပင်, ဟုန်ယွိမှာ နောက်ထပ် ရှင်တန်သိုင်းသခင် ပညာရှင်တစ်ဦးနှင့် ထိပ်တန်းသိုင်းသခင် ရှစ်ဦး ရှိလာခဲ့ပြန်သည်။

ဟုန်ယွိသည် ကိုယ်ခံပညာကို စိတ်နှစ်ပြီး လေ့ကျင့်နေစဉ်မှာ လူတိုင်းကလည်း ခွန်အားကို စုဆောင်းနေကြသည်။ ထိုနေ့ မွန်းလွဲပိုင်းတွင် ငွေလအစောင့်ရှစ်ဦး၏ ခေါင်းဆောင် ငွေလသည် ရုတ်တရက် အလျင်အမြန် ပြေးဝင်လာခဲ့သည်။

"ငွေလ ဘာကိစ္စရှိလို့လဲ"

ဟုန်ယွိသည် ခြံထဲတွင် အသက်ရှူသွင်း လေ့ကျင့်နေစဉ် ငွေလတစ်ယောက် ချွေးသီးချွေးပေါက် စိုရွှဲစွာဖြင့် ပြေးဝင်လာသည်ကို မြင်ပြီး၊ သူက မော့ကြည့်ပြီး မေးလိုက်ပါသည်။

"မကောင်းတော့ဘူး၊ ကျွန်မတို့ နှစ်ယောက်ဟာ သခင်လေးကို သင်္ဘောတွေရောင်းတဲ့ သတင်းက တစ်နည်းနည်းနဲ့ ပေါက်ကြားသွားပြီး၊ အဲဒီသတင်းကို မင်းသား ဟီချင်က သိသွားခဲ့တယ်။ အခု ယောင်ချီဂိုဏ်းက အကြီးအကဲတွေက ကျွန်မတို့ နှစ်ယောက်ကို ထောင်ချထားလိုက်ပြီ။ သူမတို့ ဒုက္ခရောက်မှာ ကျွန်မ စိုးရိမ်တယ်…။"

အခန်း (၁၄၂)။

"မကြာခင်က တစ်ခုခုဖြစ်ခဲ့တာလား…၊ အဲဒါက ငါ့မျှော်လင့်ချက်ထက် ကျော်လွန်နေတာပဲ။”

ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့သည် မတော်တဆမှုတစ်ခု ကြုံတွေ့ခဲ့ကြသည်ဟု ကြားသောအခါ ဟုန်ယွိ၏ မျက်ခုံးနက်များက တုန်လှုပ်သွားခဲ့ပါသည်။ သူသည် စားပွဲပေါ်ကို လက်ဖဝါးကို ဖိကာ စဉ်းစားနေတော့သည်။

"ငါ တကယ်ကို အလွန်အကျွံ လုပ်ခဲ့မိပုံရတယ်။ ဒီတခေါက် ဓားပြတွေကို နှိမ်နင်းဖို့ ရေကြောင်း တိုက်ပွဲမှာ ပါဝင်ခဲ့ရတာကြောင့် သံမဏိကိုယ်ထည်သင်္ဘောပျံတွေကို ထုတ်ဖော်ခဲ့ရတယ်။ ဝေလဲ့ သေဆုံးသွားတဲ့ အပြင်, လျှို့ဝှက်ကြံစည်ရှိတဲ့ လူတွေရဲ့အာရုံကို စွဲဆောင်နေပြီလေ။ မင်းသား ဟီချင် က နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်တယ်ဆိုတဲ့ ဂုဏ်သိက္ခာရှိပေမယ့် အမှန်တကယ်ဆို သူက အခြားသူတွေထက် ပိုပြီဂ ရက်စက်တယ်။ အိမ်ရှေ့စံမင်းသားကို လက်ဆောင်သွားပေးတဲ့ ငွေကုန်သည်အချို့ကို သတ်ဖြတ်ဖို့ သူ့လူတွေ စေလွှတ်ခဲ့တဲ့အပေါ် သုံးသပ်ကြည့်ရင်, သူက လူကောင်းတစ်ယောက် မဟုတ်တာ သေချာတယ်။ ဟွာနွန်ယင်နဲ့ ဟွာနွန်းယွီတို့ ဒီအချိန်မှာ အန္တရာယ် ဖြစ်နိုင်ချေရှိတယ်..."

အမျိုးသမီးနှစ်ဦးဖြစ်သည့် ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့သည် ဟုန်ယွိနှင့် ခင်မင်ရင်းနှီးမှု မရှိကြဘဲ, သူတို့၏ဆက်ဆံရေးသည် အရောင်းအ၀ယ် အကျိုးစီးပွားအပေါ် အခြေခံသော်လည်း, ဟုန်ယွိသည် သူမတို့နှင့် အရေးကြီးသော စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ ရှိနေဆဲ ဖြစ်သည်။

တခြားအရာတွေ မပြောနှင့်ဦး၊ တစ်နှစ်ကြာပြီးနောက်, သူသည် သူမတို့အပေါ် ထိန်းချုပ်ထားသည့် စိတ်ဝိညာဉ် စည်းတံဆိပ်ကို ချိုးဖျက်ဖို့ ကူညီပေးခဲ့လျှင်, ငွေဒင်္ဂါးတစ်သန်း၊ သင်္ဘောကြီး တစ်စင်းနှင့် စံအိမ်ကြီးတစ်လုံဂကို သူ ရရှိပါလိမ့်မည်။ ၎င်းသည် ဟုန်ယွိအတွက် လေးစားထိုက်သည့် သင့်လျော် သော မင်းမျိုးမင်းနွယ် မိသားစုတစ်ခုကို တည်ဆောက်ရန်နှင့် အားကောင်းသည့် အင်အားကို စုဆောင်းရန် လုံလောက်သော ငွေကြေးပမာဏ ဖြစ်သည်။

ထို့ကြောင့် ထိုအမျိုးသမီးနှစ်ဦး အကျဉ်းချခံရသည့်သတင်းကို ကြားပြီးနောက် ဟုန်ယွိသည် တုန်လှုပ်သွားခဲ့ပါသည်။

"သခင်လေး…၊ သခင်လေးရဲ့ တာအိုပညာရပ်က အကန့်အသတ် မရှိဘူး။ ကျွန်မတို့ရဲ့သခင်မနှစ်ပါး ကို ကယ်ပေးပါဦး။ မဟုတ်ရင် မင်းသားဟီချင်က ရက်စက်ကြမ်းကြုတ်ပြီး၊ သစ္စာဖောက်တွေကို ဘယ်တော့မှ ချမ်းသားပေးမှာ မဟုတ်ဘူး။ ထောင်ကျပြီးတာနဲ့ သူမတို့ရဲ့ သိုင်းပညာတွေကို ဖျက်ဆီး ပစ်လိမ့်မယ်။ သူမတို့ နတ်ဘုရား စိတ်ဝိညာဉ်တွေကိုလည်း ကန့်သတ်ထားမှာဖြစ်ပြီး၊ ဒါက သူမတို့အနေနဲ့ သေတာထက် ပိုဆိုးတဲ့ ဘဝမှာ နေထိုင်ကြရတော့မယ်။”

တုန်တုန်ယင်ယင်ဖြင့် ငွေလသည် ဟုန်ယွိရှေ့မှာ ဒူးထောက်လိုက်ပါသည်။ ထို့နောက်မှာတော့ အမျိုးသမီး အုပ်စုကြီး တစ်စုသည် တံခါးဝမှာ ဒူးထောက်ပြီး ဟွာနွန်ယင်နှင့် ဟွာနွမ်ယုတို့ကို ကယ်တင်ဖို့ ဟုန်ယွိကို တောင်းဆိုနေကြပါသည်။

ဤအမျိုးသမီးများသည် ငွေလအစောင့်ရှစ်ဖော် ဖြစ်ပါသည်။ သူမတို့သည် မူလက ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့၏ ကိုယ်ရေးကိုယ်တာ အိမ်ဖော်များ ဖြစ်ကြသည်။ အခု သူမတို့သခင်မ နှစ်ယောက် တစ်ခုခု ဖြစ်သွားခဲ့သည်ကို ကြားသိလိုက်ရတော့, သူမတို့အနေဖြင့် ဟုန်ယွိဆီမှာ အကူအညီ တောင်းဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ပါဘူး။

အမျိုးသမီးရှစ်ဦးသည် မြွေတောင်ကြားတိုက်ပွဲတွင် ဟုန်ယွိ၏ ခွန်အားနှင့် တာအို နည်းစနစ်များကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ကြရသည်။ သူသည် မဟာနေမင်းရွှေကိုယ်ထည်၏ မှော်အစွမ်းကို အသုံးပြုပြီး စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို တစ်သားတည်းဖြစ်အောင် ပေါင်းစပ်ထားသည့် တတိယ ကျွန်းသခင် မျက်ခုံးစိမ်းကို လောင်ကျွမ်းစေခဲ့သည်။ ထိုတိုက်ပွဲတွင်၊ ကမ္ဘာကြီးကို အထင်သေးစွာ ငုံ့ကြည့်နေပြီး မီးလျှံများတောက်လောင်နေသော ယင်စိတ်ဝိညာဉ်၏ပုံရိပ်သည် ငွေလအစောင့် အမျိုးသမီးရှစ်ယောက်၏ စိတ်နှလုံးထဲတွင် နက်နက်ရှိုင်းရှိုင်း ထွင်းထုထားခဲ့သည်မှာ ကြာမြင့်ပါပြီ။

"မင်းတို့အားလုံး အရင် ထကြပါ။ လူတိုင်းကို ဒီကိုခေါ်လိုက်ပါ။ ငါ အားလုံးနဲ့ ဆွေးနွေးပြီး ပြီးပြည့်စုံ တဲ့ အစီအစဉ်တစ်ခုကို ရှာကြည့်ချင်တယ်" ဟုန်ယွိက စားပွဲပေါ်မှ ထရပ်လိုက်သည်။

ငွေလအစောင့် ရှစ်ယောက်လည်း ထပြီး လူတွေကို ရှာဖွေရန် ကမန်းကတန်း ထွက်ခွာသွားခဲ့သည်။

ခဏအကြာတွင်၊ ဟုန်ယွိ၏ ပတ်လည်ရှိ သက်တော်စောင့်များနှင့် သိုင်းသခင်များအားလုံးသည် အစိမ်းရောင်တပ်ရင်းရှိ ကျယ်ဝန်းသော အခန်းတစ်ခုတွင် စုဝေးနေခဲ့ကြသည်။

ချီဇီယန်, လီလဲ့, မုကလေး, ရွှေပင့်ကူ, ရှန်ထိုက်ဇူ, သွေးစက်တပ်စခန်းအဖွဲ့ဝင်များ...

"သခင်လေး၊ ဒါက အသေးအဖွဲ ကိစ္စ မဟုတ်ဘူး၊ သူမတို့ကို ကယ်တင်ဖို့ဆိုတာ သေချာပေါက် မဖြစ်နိုင်ဘူး။" လီလဲ့က သူ့ထင်မြင်ချက်ကို တင်ပြသည် "ယောင်ချီဂိုဏ်းက ယင်ကျိုးမှာ နံပါတ်တစ် ဂိုဏ်းပဲ။ ဂိုဏ်းထဲမှာ ဆရာသခင်တွေ အများအပြား ရှိတယ်။ ဂိုဏ်းခေါင်းဆောင် ယောင်ချင်းဟွေ ဟာ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်က ထင်ရှားကျော်ကြားခဲ့တဲ့ ဆရာသခင်တစ်ဦးပဲ။ သူမရဲ့ တာအို ပညာရပ်နဲ့ ကိုယ်ခံပညာက နားမလည်နိုင်လောက်အောင်ပင် လျှို့ဝှက်ဆန်းကြယ်တယ်။ ယခုလည်း သူမရဲ့ အချစ်ဆုံး တပည့်မ ယောင်ယွဲ့ရှင်းဟာ ကမ္ဘာပေါ်မှာ အထူးချွန်ဆုံး လူငယ်ပါရမီရှင်အဖြစ် အသိအမှတ် ပြုခံထားရတယ်။ ယောင်ချီဂိုဏ်းရဲ့အင်အားက အခုလောလောဆယ် တောင်ပိုင်းဒေသ မှာ အထွဋ်ထိပ်ကောင်းကင်နယ်မြေလောက် မပြင်းထန်ပေမယ့် ယောင်ချီဂိုဏ်းဟာ စိတ်ရှည် သည်းခံနိုင်ဆုံး ဂိုဏ်းတစ်ခုဆိုတာ လူတိုင်း သိကြတယ်။ သူတို့ရဲ့ လျှို့ဝှက်စွမ်းအားကို ဘယ်သူမှ မသိကြဘူး။ မဟုတ်ရင် မင်းသားဟီက သူတို့ကို ချည်နှောင်ထားမှာ မဟုတ်ဘူး။”

"ဒါ့အပြင် ဟွာနွန်ယင်နဲ့ ဟွာနွန်းယွီတို့ကို ယောင်ချီဂိုဏ်းမှာ အကျဉ်းချထားတယ်။ ယောင်ချီဂိုဏ်းက နန်ကျိုးနဲ့ မိုင်ထောင်ချီဝေးတဲ့ ယင်ကျိုးမှာ ရှိနေတယ်။ သူမတို့ကို ကယ်တင်မယ် ဆိုရင်တောင် နောက်ကျသွားလိမ့်မယ်။" ချီဇီယန် ခေါင်းယမ်းလိုက်သည်။

“ဒီထက်ပိုအရေးကြီးတာက ပစိဖိတ်ရေတပ်ဌာနချုပ်မှာ စစ်မှုထမ်းဖို့ တာဝန်တွေ ကျန်နေသေး တယ်။ နောက်ငါးရက်အကြာမှာ စစ်တပ်က တပ်စခန်းကို ပြန်စရတော့မှာပါ။ တပ်ဖွဲ့ဝင်တွေက သူတို့ရဲ့ ပံ့ပိုးကူညီမူတွေကို အစီရင်ခံပြီး၊ သူတို့ကို ဆုချီးမြှင့်ရမယ်။ အစ်ကိုယွိ ကိုယ်တိုင်ကိုယ်ကျ လုပ်ဖို့ လိုအပ်တာတွေ အများကြီး ရှိတယ်။ သူမတို့ကို ကယ်တင်ဖို့ ယောင်ချီဂိုဏ်းကို ဘယ်လို သွားမလဲ။" မုကလေးက ပြောသည်။

“ဘာပဲဖြစ်ဖြစ် ဒီမိန်းမနှစ်ယောက်က နင်နဲ့ သဘောတူညီမူ ပြုထားပေမယ့် အခု သူမတို့က ထောင်ကျနေပြီ။ ငါတို့က သူမတို့ကို ကယ်တင်ရင်တောင် သူမတို့ကတိပေးထားတဲ့ ငွေကြေးနဲ့ စံအိမ်ကိစ္စကတော့ သွားပြီ။ ဒါက ဘာမှ အကျိုးမရှိဘူး။ ငါတို့က ဘာလို့ ကယ်တင်ရမှာလဲ။ ငါတို့က သူမတို့ကို ဘာအကြွေးမှ တင်မထားဘူးလေ" ရွှေပင့်ကူက အသံမြှင့်ကာ ပြောသည်။

"ဟင်....." ဟုန်ယွိသည် ဟွာနွန်ယင်နှင့် ဟွာနွန်းယွီကို ကယ်တင်ဖို့ အလွန်ခက်ခဲကြောင်း သူ့စိတ်ထဲ တွင် နားလည်ထားပါသည်။ ပို၍အရေးကြီးသည်မှာ ဤကိစ္စတွင် အားနည်းချက်ပေါင်း ရာနှင့်ချီ ရှိနေပြီး အားသာချက် မရှိပေ။ ယောင်ချီဂိုဏ်း၏ အခြေအနေနှင့် ပတ်သက်၍ သူသည် ရှင်းရှင်း လင်းလင်း ဘာတစ်ခုမှ မသိထားပါဘူး။ သူ့မျက်လုံးနှစ်လုံးက အမှောင်ထဲမှာ ရှိနေပါသည်။ အကယ်၍, သူသာ အခြေအနေကို ကောင်းကောင်း မထိန်းချုပ်နိုင်ပါက, သူမတို့ကို ကယ်တင်ဖို့ မဆိုထားနှင့် ကိုယ့်ကိုယ်ကိုတောင် ကယ်နိုင်မှာ မဟုတ်ပါဘူး။ ရွှေပင့်ကူ ကျင်းရွှမ်အာ ပြောသည်က အမှန်ပင်။ အခု ထိုအမျိုးသမီး နှစ်ယောက်သည် အကျဉ်းကျနေပြီး၊ သူမတို့ကို ကယ်တင်မည်ဆိုလျှင် ပင် ငွေဒင်္ဂါးတစ်သန်း ပေးချေရန်မှာ မဖြစ်နိုင်တော့ပါဘူး။

အားနည်းချက်ရာပေါင်းများစွာနှင့် မည်သည့်အကျိုးခံစားခွင့်မှ မရှိသော်လည်း ဟုန်ယွိသည် သူမတို့ အား ကယ်တင်လိုဆဲ ဖြစ်သည်။ ယင်းက သူမတို့၏ အလှကြောင့် မဟုတ်သလို ခင်မင်မှုကြောင့် လည်း မဟုတ်ပါဘူး။ သူနှင့် သူမတို့၏ အရောင်းအဝယ်ကိစ္စ ဖော်ထုတ်ခံရပြီး၊ ရက်စက်ကြမ်းကြုတ် သော ကံကြမ္မာကို ခံစားခဲ့ရခြင်း ဖြစ်သည်။ သူ့အနေဖြင့် သူမတို့ကို လုံးဝ ဂရုမစိုက်ဘဲ ပစ်ထားပါက, သူ့စိတ်နှလုံးကို အနည်းငယ် စိတ်မသက်မသာ ဖြစ်စေပြီး စိတ်မကြည်လင်မူကို ခံစားရပါသည်။

ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့သည် သူ့ကို အစပိုင်းမှာ အန္တရာယ်ပြုရန် ကြံရွယ်ခဲ့ကြသော်လည်း သူသည် နောက်ပိုင်းမှာ သူမတို့ထံမှ အကျိုးကျေးဇူး အများပြား ရရှိခဲ့ပါသည်။

တခဏလောက်ကြာတော့ ဟုန်ယွိသည် နောက်ပြန်လှည့်ကာ ခန်းမအလယ်ကို စိုက်ကြည့်လိုက်ပါ သည်။ ခန်းမအလယ်မှာ အမြင့် ၁၆ ပေရှိ ရွှေရောင် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ရှိနေပြီး၊ ကမ္မသုတ္တန် ရေးထားသည့် ကာဇယာတစ်ထည်ကို ၀တ်ဆင်ထားပါသည်။ (ကာဇယာဟူသည် နီညိုရောင် သင်္ကန်း ဖြစ်ပါသည်။)

ထိုဗုဒ္ဓရုပ်ပွားတော်အား ဧရာမဝေလငါးကျွန်းနန်းတော်အတွင်းရှိ စာကြည့်ခန်းအောက် လှိုင်ဂူထဲမှ ထုတ်ယူခဲ့ခြင်း ဖြစ်ပါသည်။ ဗုဒ္ဓရုပ်ပွားတော်ကို သန့်စင်သော ရွှေအစစ်ဖြင့် ပြုလုပ်ထားခြင်း မဟုတ် ဘဲ ရွှေရောင်သုတ်ထားသည့် သစ်သားဖြင့် ပြုလုပ်ထားပြီး ပြုလုပ်ထားခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ၎င်းကို အရေးကြီးသော ရတနာအဖြစ် မမှတ်ယူကြပေ။ ဟုန်ယွိသည် စားနပ်ရိက္ခာနှင့် တခြား ပစ္စည်းတွေကို သယ်ယူလာချိန်မှာ ထိုဗုဒ္ဓရုပ်ပွားတော်ကိုပါ သယ်ယူလာခဲ့ပါသည်။

သို့သော် ဟုန်ယွိသည် ဤဗုဒ္ဓရုပ်ပွားတော်၏ ကိုယ်ဟန်အနေအထားသည် အလွန်စိတ်ဝင်စားဖွယ် ကောင်းသည်ဟု အမြဲခံစားခဲ့ရသည်။ ထို့ကြောင့် ၎င်းကို လျှို့ဝှက်ယူဆောင်ခဲ့ပြီး၊ သူ၏ ကိုယ်ပိုင် စစ်တန်းလျားသို့ ပြောင်းရွှေ့ခဲ့သည်။ သူသည် ဘာမှလုပ်စရာမရှိသည့်အခါ လွှမ်းခြုံထားသည့် ကာဇယာပေါ်ရှိ ကမ္မသုတ္တန်ကို လေ့လာလေ့ရှိပါသည်။

"ညီအစ်ကိုဟုန်၊ ဒီကိစ္စကို မစဉ်းစားနဲ့တော့။ ယောင်ချီဂိုဏ်းက နဂါးရေကန်နဲ့ ကျားရဲတွင်းပဲ။ နောက်ပြီး ငါတို့က သူမတို့အပေါ် ဘာအကြွေးကျေးဇူးမှ တင်မထားဘူး။ ငါတို့အနေနဲ့ ဘာလို့ စွန့်စားရမှာလဲ" ချီဇီယန်သည် လှည့်ပတ်ကြည့်ရူရင်း တွေးတောနေဆဲဖြစ်သည့် ဟုန်ယွိကို ကြည့်လိုက်ပါသည်။ ဟုန်ယွိသည် ထိုအမျိုးသမီး နှစ်ယောက်၏ အလှအပကို ရူးရူးမူးမူး စွဲလန်းပြီး သူ့ဘဝကို လျစ်လျူရှုရလောက်သည်အထိ စွဲလန်းရူးသွပ်နေခြင်းမှလွဲ၍ ထိုကဲ့သို့သော ကိစ္စမျိုးကို စဉ်းစားနေရန် လုံးဝ မလိုအပ်ပါ။

သို့သော်၊ ချီဇီယန်သည် ဟုန်ယွိက ထိုကဲ့သို့သော လူစားမျိုး မဟုတ်ကြောင်း သိထားပါသည်။

“တွန့်ဆုတ်ခြင်းမရှိ တွေးတောခြင်းသည် ကုသိုလ်မည်၏။ လူတစ်ယောက်၏ စစ်မှန်သော သဘော သဘာဝကို သိနားလည်ခြင်းသည် ကုသိုလ်မည်၏ ... လူတစ်ယောက်၏ ပင်ကိုယ် စိတ်သဘော အတိုင်း ပြုမူလုပ်ဆောင်ခြင်းသည်လည်း ကုသိုလ်မည်၏..." ဟုန်ယွိသည် ကာဇယာပေါ်ရှိ ကမ္မသုတ္တန်ကို ကြည့်ပြီး သူ့စိတ်နှလုံး၌ ဖြစ်ပေါ်လာသော သူမတို့ကို ကယ်တင်လိုသည့် အကြံဉာဏ် ကို ရှာဖွေရန် ကြိုးစားနေလေသည်။

"ငါ့ရဲ့ပင်ကိုယ် စိတ်သဘောထားက လက်တွေ့ဆန်ပြီး အေးစက်နေပုံရတယ်။ ဆန့်ကျင်ဘက်အနေ နဲ့, သူရဲကောင်းဆန်ပြီး ဖြောင့်မတ်တဲ့ အငွေ့အသက်လေးလည်း အနည်းငယ် ရှိနေတယ်။ ပုံပြင်တွေ ထဲမှာဆို သူရဲကောင်းဆန်ဆန် ဖြောင့်မတ်တဲ့လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် သူစိမ်းတွေ ဖြစ်ကြပေမယ့် အားလုံးက စေတနာ၊ ကရုဏာနဲ့ တရားမျှတမူတွေအတွက် သူတို့ဘဝကို စွန့်လွှတ်ဖို့ တောင် ဆန္ဒရှိနေကြတယ်။ ဒီအမျိုးသမီးနှစ်ယောက်ဟာ ငါ့ကြောင့် အခုလိုကိစ္စတွေ ဖြစ်ပေါ်လာရ တာ။ တကယ်လို့, ငါသာ သူမတို့ကို မကယ်တင်ခဲ့ဘူးဆိုရင်, ငါ့စိတ်နှလုံးက အေးချမ်းပြီး၊ ငါ့အတွေးတွေက အဆင်ပြေ ချောမွေ့နေမှာ မဟုတ်တော့ဘူး။ ဒီကိစ္စက ငါ့နှလုံးသားထဲမှာ ထာဝရ နစ်မြုပ်နေလိမ့် မယ်။”

ဟုန်ယွိသည် ရုတ်တရက် စိတ်ထဲမှာ ဆုံးဖြတ်ချက် ချလိုက်ပါသည်။

"ယင်ပြည်နယ်က တောင်ပိုင်းပြည်နယ်နဲ့ မိုင်ပေါင်းထောင်ချီ ဝေးနေပေမယ့်၊ ငါ့ရဲ့ လျှပ်စီးဖမ်းမြင်း၊ ချီဇီယန်ရဲ့ ကျောက်စိမ်းညခြင်္သေ့မြင်းနဲ့ ဒီရက်အနည်းငယ်အတွင်းမှာ အမှောင်သွေးမြင်း အချို့ကို မှော်ဆေးဝါးတွေနဲ့ ပြုစုပျိုးထောင်ပေးခဲ့ကြတယ်။ သူတို့ရဲ့ကြံ့ခိုင်မူနဲ့ ခံနိုင်ရည်က သိသိသာသာ တိုးလာခဲ့တယ်။ တစ်နေ့ကို မိုင်တစ်ထောင် ခရီးသွားဖို့က ခက်ခဲတဲ့ကိစ္စတော့ မဟုတ်ဘူး။ ချီဇီယန်, လီလဲ့၊ မင်းတို့နှစ်ယောက်က ငါနဲ့အတူ ယင်ပြည်နယ်ကို အခုပဲ ထွက်ခွာသွားကြမယ်။ ငါတို့ ယင်ကျိုး, ယောင်ချီဂိုဏ်းကို ရောက်တဲ့အခါ၊ မင်းတို့နှစ်ယောက်က အပြင်မှာစောင့်နေပြီး ငါက ငါ့ယင်စိတ်ဝိညာဉ်ကို နယ်မြေစူးစမ်းဖို့ စေလွှတ်လိုက်မယ်။ ဘာပြဿနာမှရှိမှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်။” (ယင်ပြည်နယ်, တောင်ပိုင်းပြည်နယ် စသည်တို့သည် ယင်ကျိုး, နန်ကျိုးတို့နှင့် အတူတူပင်။)

ဟုန်ယွိက သူ့လက်ကို မြှောက်လိုက်သည်။ "မြင်းတွေ အသင့်ပြင်ထား…။"

"ညီအစ်ကို ဟုန်…၊ မင်း သူမတို့ကို တကယ် ကယ်မှာလား။" ချီဇီယန်၏ မျက်နှာက မယုံနိုင်စရာများ ဖြင့် ပြည့်နေပါသည်။

"ဟုတ်တယ်…" ဟုန်ယွိက ချောင်းဟန့်လိုက်ပြီး "ဒါပေမယ့် ယောင်ချီဂိုဏ်းက ကျွမ်းကျင်သူတွေနဲ့ ပြည့်နေတယ်။ ငါ သူမတို့ကို ကယ်နိုင်ရင်, ကယ်တင်ပေးမယ်။ တကယ်လို့, ငါ တကယ် ဘာမှ မတတ်နိုင်ရင်တော့ ငါ့မှာလည်း ရွေးချယ်စရာ မရှိတော့ဘူး။ ငါ မဆင်မခြင် လှုပ်ရှားမှာ မဟုတ်ဘူး။ မင်းတို့နှစ်ယောက် လှုပ်ရှားဖို့ မလိုဘူး။ အပြင်မှာ စောင့်နေဖို့ပဲလိုတယ်။”

"သခင်လေး….၊ ဒါက ဘာအကျိုးမှ မရှိဘူးနော်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာအကြံစည်မှလည်း မရှိဘူး။" လီလဲ့က သူ့ကို ဖျောင်းဖျသည်။

"အတားဆီးမဲ့ အတွေးတွေကို အကောင်ထည်ဖော်ဖို့ တစ်ခုခုတော့ ရှိလာမှာပါ။" ဟုန်ယွိက လီလဲ့၏ ပုခုံးကို ပုတ်ကာ "တစ်နေ့ မင်းဒီလို ကြုံလာခဲ့ရင်လည်း ငါ မင်းကို ကယ်တင်မှာပဲ….။"

လီလဲ့၏ လည်ဇလုတ်က လှုပ်ရှားသွားသော်လည်း, သူသည် စကားမပြောနိုင်ခဲ့ပေ။

"သခင်လေးရဲ့ စေတနာကို ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်မတို့ ခန္ဓာကိုယ်တွေ စုတ်ပြဲပြီး၊ အရိုးတွေ ကြေမွသွားရင်တောင်, သခင်လေးရဲ့ ကြင်နာမူကို ကျွန်မတို့ ပြန်ပေးဆပ်နိုင်မှာ မဟုတ်တော့ပါဘူး…." ငွေလအစောင့်ရှစ်ဖော်သည် မြေပြင်ပေါ်သို့ တညီတညွတ်တည်း ဒူးထောက် ထိုင်ချလိုက်ပြီး ဝမ်းသာလွန်းသဖြင့် သူတို့၏ မျက်လုံးများမှ မျက်ရည်များပင် စီးကျလာသည်။

ဟင့်……၊

ဟုန်ယွိသည် အသက်ပြင်းရှည်ကြီးကို ရူထုတ်လိုက်ပြီး ပျံ့လွင့်နေသော အတွေးအားလုံးကို ဖယ်ရှား ပစ်လိုက်ပါသည်။ "သွားကြရအောင်!"

ဘုန်း…။

သူသည် ထိုဆုံးဖြတ်ချက်ကိုချပြီး၊ အသက်ပြင်းရှည်ကြီး ရှူထုတ်ပြီးသည်နှင့် ရှေ့ကို ခြေတစ်လှမ်း လှမ်းလိုက်စဉ်, ဟုန်ယွိသည် တစ်စုံတစ်ခုနှင့် ချိတ်ဆက်သွားသကဲ့သို့ သူ့စိတ်ထဲတွင် တုန်ခါနေသော အသံတစ်ခုကို ခံစားလိုက်ရပါသည်။ သူသည် အနှိုင်းမဲ့ သက်တောင့်သက်သာ ဖြစ်မူကို ခံစားလိုက်ရ ပါသည်။ ဤခံစားမူသည် သူ့ကိုယ်ခန္ဓာ၏ နှစ်သက်ကျေနပ်မှုမျိုး မဟုတ်။ သူ့စိတ်ဝိညာဉ်၏ နှစ်သက် ကျေနပ်မှုမျိုး ဖြစ်ပါသည်။

သူ၏စိတ်ဝိညာဉ်သည် ကြည်လင်သောရေဖြင့် ဆေးကြောသန့်စင်လိုက်သကဲ့သို့ ခံစားရပါသည်။ သူ့နှလုံးသားထဲတွင် လှိုင်းထနေသော အကန့်အသတ်မဲ့ စကြာဝဠာကြီးက ရောင်ပြန်ဟပ်နေသကဲ့သို့ ထွင်းဖောက်မြင်နိုင်သည့် ကြည်လင်သော စိတ်ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့ပါသည်။

ရုတ်တရက် ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် အကြိမ်ပေါင်း ရာနှင့်ချီပြီး သန့်စင်သွားသလို ခံစားလိုက်ရ ၏။ ထိုစိတ်ဝိညာဉ်သည် တုနှိုင်းမရအောင် မာကြောလာခဲ့ပြီး သူ့စိတ်ဝိညာဉ် စွမ်းအားသည် ပို၍ပင် သန့်စင်လာခဲ့သည်။ သူ၏ ကျင့်ကြံမှုအဆင့်သည် အခြားနယ်ပယ်သို့ တိုးမြင့်သွားသလိုပင်။

အတွေးတစ်ချက်ဖြင့် ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် သူ့အခွံထဲမှ ထွက်လာခဲ့ပါသည်။ အေးစိမ့်သော လေပြင်းတစ်ချက် တိုက်ခတ်သွားခဲ့ပြီး၊ ခြံဝန်းအပြင်ဘက်ရှိ မြေဆီလွှာသည် ရုတ်ချည်း လွင့်ပျံလာ ကာ၊ ခြေတစ်ဖက်က ဆင်ဖြူတော်ပေါ်၊ နောက်ခြေတစ်ဖက်က ရွှေနဂါးကြီးအပေါ် တက်နင်းထား သည့် ကြွက်သားအပြိုင်းပြိုင်းနှင့် ထွားကျိုင်းသန်မာသော ပေနှစ်ဆယ်အမြင့်ရှိ အနန္တတန်ခိုးရှင် ကောင်းကင်နဂါးဗောဓိသတ္တအဖြစ်သို့ ပေါင်းစပ်သွားခဲ့သည်။

အနန္တတန်ခိုးရှင် ကောင်းကင်နဂါး ဘုရားလောင်းကို မြေဆီအလွှာဖြင့် လုံးလုံးလျားလျား ပေါင်းစည်းထားခြင်း ဖြစ်ပါသည်။ ၎င်း၏မျက်နှာသည် အသက်ဝင်လှပြီး၊ ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ သွေးကြောလိုင်းများကပင် ချောမွေ့နေပါသည်။ ပထမအကြည့်တစ်ချက်ဖြင့် ၎င်းသည် မည်သည့် ရုပ်တုများထက်မဆို ပိုမိုလက်တွေ့ဆန်ပြီး တကယ့်အစစ်နှင့် ခွဲခြား၍မရပေ။

အနန္တတန်ခိုးရှင် ကောင်းကင်နဂါး ဗောဓိသတ္တသည် မြေပြင်ကို လက်သီးဖြင့် ထိုးလိုက်ပါသည်။ ဘန်း…။ ခြံဝင်းတစ်ခုလုံး ခုန်ပေါက်သွားပုံရသည်။

ထို့နောက် ဘုရားလောင်းသည် ရွှံ့နွံအဖြစ်သို့ ပြန်ပြောင်းသွားခဲ့ပြီး၊ မြေပေါ်သို့ ပြိုကျသွားပါသည်။

"ကြည်လင်ပြတ်သားတဲ့ အတွေးတစ်ချက်က ငါ့ရဲ့ပင်ကိုစိတ်သဘောကို နားလည်ခဲ့ပြီး၊ ငါဟာ ရလာဘ်များအပေါ် အာရုံစိုက်ပြီး တွက်ချက် အသုံးချတတ်တဲ့ မျက်ကန်းတစ်ယောက် မဟုတ်ခဲ့ဘူး။ ဒါကြောင့် ငါ့စိတ်ဝိညာဉ်က သန့်စင်လာခဲ့ပြီး ရုပ်လုံးဖော်ခြင်းနယ်ပယ်က မြင့်တက်လာမယ်လို့ မျှော်လင့်မထားခဲ့ဘူး… တကယ်ကို မျှော်လင့်မထားခဲ့ဘူး။ အခု ငါ မြူခိုးတွေကို ဖြတ်ကျော်ပြီးသွား ပြီ။ ငါ ခြေလှမ်းအနည်းငယ်ဖြင့် နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ပြီး၊ သိမ်းပိုက်ခြင်းနယ်ပယ်ကို ရောက်ရှိနိုင်တော့မယ်….။”

ဟုန်ယွိသည် သူ့စိတ်ဝိညာဉ်ကို ရုပ်လုံးဖော်ပြီး ဖှုန်မှုန့်များကို အနန္တတန်ခိုးရှင် ကောင်းကင်နဂါး ဘုရားလောင်းအဖြစ်သို့ အသွင်ပြောင်းသောအခါ, အတွေးတစ်ချက်ဖြင့် သူ့စိတ်ဝိညာဉ်ကို သန့်စင် စေခဲ့ပြီး၊ ရုပ်လုံးဖော်ခြင်းနယ်ပယ်နှင့် ခန္ဓာကိုယ်သိမ်းပိုက်ခြင်းနယ်ပယ် နှစ်ခုကြားမှ မြူခိုးများကို ဖြတ်ကျော်ရန် ကမ္မစွမ်းအားကို အပြင်းအထန် အသုံးပြုခဲ့ရကြောင်းကို သူ သိလိုက်ပါပြီ။

မြူခိုးအလွှာကို ဖြတ်ကျော်ပြီးနောက်၊ သူသည် ဂရုတစိုက် ခွန်အားစုဆောင်းပြီး၊ သူ့စိတ်ဝိညာဉ်ကို ပြုစုပျိုးထောင်နေသမျှ သိမ်းပိုက်ခြင်းနယ်ပယ်သို့ ရောက်ရှိရန် အချိန်ကာလတစ်ခုသာ ယူရပါလိမ့် မည်။

အကယ်၍, သူသည် နယ်ပယ်နှစ်ခုကြားမှ ထိုအတားဆီး မြူခိုးအလွှာကို မချိုးဖျက်နိုင်ပါက, နှစ်ပေါင်းတစ်ရာကျော် ကျင့်ကြံမည်ဆိုလျှင်ပင် တစ်လက်မမျှ တိုးတက်မည် မဟုတ်ပေ။

"ဒါဆို ဒါကံတရားရဲ့ စွမ်းအားပေါ့။ ကိုယ့်ပင်ကိုယ် စိတ်သဘောကို ကုသိုလ်ကမ္မအဖြစ် နားလည် သဘောပေါက်ပြီး၊ ကိုယ့်ပင်ကိုယ် စိတ်သဘောအတိုင်း ပြုမူလှုပ်ရှားတာ။ ဒါက လူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်ကို သန့်စင်စေနိုင်ပြီး၊ ကမ္မကုသိုလ်စွမ်းအားကို အသုံးပြုပြီး၊ ကျင့်ကြံခြင်း အတားအဆီး တွေကို ဖြတ်ကျော်ဖို့တောင် အသုံးပြုနိုင်တယ်" ဟုန်ယွိသည် ကမ္မကုသိုလ်ကျမ်းကို အံ့ဖွယ်နည်းဖြင့် အသုံးပြုခြင်းဖြင့် ကျင့်ကြံခြင်းအပေါ် ၎င်း၏ အကျိုးသက်ရောက်မှုများကို ရုတ်တရက် နားလည် သွားခဲ့ပါသည်။

"ဒါပေမယ့်... ကမ္ဘာပေါ်မှာ အတားဆီးမြူခိုးအလွှာတွေ အများကြီးရှိနေတယ်။ အသုံးချဝါဒ, အသက်၊ အကြောက်တရား၊ ဒီအရာတွေက လူတစ်ယောက်ရဲ့ ပင်ကိုယ်စိတ်သဘာဝကို ဖုန်မှုန့်အလွှာတွေ အဖြစ် ဖုံးလွှမ်းထားတယ်။ တချို့အရာတွေက လူတစ်ယောက်ရဲ့ ပင်ကိုယ်စိတ်သဘောကို နားလည် ရင်တောင် မလုပ်နိုင်ဘူး။ မဟုတ်ရင် အသက်ဆုံးရှုံးသွားရလိမ့်မယ်… ကိုယ်ခံပညာနဲ့ တာအို ပညာရပ်ကို အတူတူ လေ့ကျင့်ခဲ့သူ မရှိခဲ့တာ အံ့ဩစရာ မရှိတော့ပါဘူး။ ကိုယ်ခံပညာကို လေ့ကျင့် ခြင်းကပင် လူတစ်ယောက်အား ကြီးမားတဲ့ ခွန်အားကို ပိုင်ဆိုင်စေနိုင်ပြီး၊ အဲဒီလူရဲ့ ပင်ကိုယ်စိတ် သဘောအတိုင်း ဘယ်အရာကိုမဆို လုပ်ဆောင်နိုင်စွမ်း ရှိနေပြီ….။”

ဟုန်ယွိသည် သူ၏ နှလုံးသားထဲတွင် ပို၍ပင် နက်ရှိုင်းသော နားလည်မှုတစ်ခု ရရှိခဲ့ပါသည်။

မွန်းတည့်ချိန်တွင် နေရောင်ခြည်သည် ပူပြင်းစွာ တောက်လောင်နေပြီး၊ ကမ္ဘာကြီးကို အမြင်အာရုံ ကွယ်ပျောက်စေကာ စိတ်အနှောင့်အယှက် ဖြစ်စေသော အလင်းရောင်များဖြင့် ပြည့်နှက်နေပါ သည်။ မြေပြင်တစ်ခုလုံးကိုလည်း ဂျုံမှုန့်များကဲ့သို့ ဖုန်မှုန့်အလွှာများဖြင့် ဖုံးအုပ်ထားသည်။ မြင်းခွာများ မြေပြင်ပေါ်တွင် ချနင်းလိုက်သည့်အခါ ခြေတစ်လှမ်းချင်းစီက မြေပြင်ပေါ်တွင် အပေါက် တစ်ခု ဖန်တီးသွားခဲ့ပြီး၊ ပြန်ရုတ်လိုက်သောအခါ ဖုန်မှုန့်များ လွင့်ပျံသွားကြသည်။

မြင်းသုံးကောင်သည် တရားဝင်လမ်းပေါ်တွင် လျှပ်စီးလက်သကဲ့သို့ ပြေးလွှားနေကြသည်။

ဤမြင်းသုံးကောင်သည် ထူးထူးခြားခြား ချောမောခန့်ငြားလှသည်။ ၎င်းတို့သည် သာမန်မြင်းများ ထက် ကြီးမားပြီး၊ ခမ်းနားထည်ဝါကာ၊ ၎င်းတို့ခန္ဓာကိုယ်ပေါ်တွင် ပြီးပြည့်စုံသော ကြွက်သားလှိုင်း များ ရှိနေပါသည်။ ၎င်းတို့သည် ကဆုန်ပေါက် ပြေးလွားနေသည့်ပုံစံက သံမဏိဖြင့် ပြုလုပ်ထား သည့်အလား ခံစားရစေပါသည်။

ထိုမြင်းများသည် လျှပ်စီးဖမ်းမြင်း၊ ကျောက်စိမ်းည ခြင်္သေ့မြင်းနှင့် မဟူရာသွေးမြင်းတို့ ဖြစ်သည်။ စီးနင်းလိုက်ပါကြသည့် လူတွေက ဟုန်ယွိ, ချီဇီယန်ı လီလဲ့နှင့် ရွှေပင့်ကူတို့ ဖြစ်ကြသည်။

"နောက်ထပ် ၂၅ လီကျော်ရင် ကျွန်တော်တို့ ယင်ကျိုးကို ရောက်လိမ့်မယ်။ ကျွန်တော်တို့ မြင်းတွေက အရမ်းမြန်တယ်။ တစ်ညနဲ့ နေ့တဝက်ခန့်အတွင်းမှာ လီ ၅၀၀ လောက် ပြေးလွှားနိုင်ခဲ့ကြတယ်။ အခု သူတို့ပုံစံတွေအရ အားအင်တွေ ပြည့်နေသေးတယ်။" လီလဲ့က သက်ပြင်းတစ်ချက် ချလိုက်ပြီး သူ့အောက်က မဟူရာသွေးမြင်းကို ပုတ်လိုက်ပါသည်။

"သေချာပေါက် မြန်တာပေါ့။ သူတို့က အစကတည်းက သန်မာတဲ့ မြင်းတွေပဲလေ။ ငါ သူတို့ကို ပြုစုပျိုးထောင်ပေးခဲ့တာ။ သူတို့ကို ယွမ်ယန်ကောင်းကင်ပုလဲဟင်းချိုနဲ့ ရောစပ်ထားတဲ့ ဝိညာဉ် ဆေးတွေကိုလည်း တိုက်ကျွေးခဲ့သေးတယ်။ အခု သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ အညစ်အကြေးတွေ လုံးဝ ကင်းစင်သွားပြီး၊ သူတို့ရဲ့ကြံ့ခိုင်မှုက မယုံနိုင်လောက်အောင် သန်မာနေပြီ။ သူတို့ ဒီအကွာအဝေးကို တောင် မပြေးနိုင်ရင် ဘာသုံးစားလို့ရမှာလဲ။”

ချီဇီယန်သည် ကျောက်စိမ်းညခြင်္သေ့မြင်းကို ရိုက်လိုက်ပါသည်။

"ယောင်ချီဂိုဏ်းရဲ့နယ်မြေက ယင်ပြည်နယ်, ပိုင်ချွန်ခရိုင်အတွင်း ထိုက်ချန်ရေကန် အနီးက ကျောက်စိမ်းကြာပန်းတောင်ပဲ။ ဒီနေရာနဲ့ဆို သိပ်မဝေးတော့ဘူး။ ငွေလအစောင့် ရှစ်ဖော်ရဲ့ သတင်းစကားအရဆို, ဟွာနွန်ယင်နဲ့ ဟွာနွန်းယွီတို့ဟာ သူမတို့ရဲ့ပြစ်ဒဏ်ကို စောင့်မျှော်ရင်း တောင်ပေါ်က ထောင်ထဲမှာ အကျဉ်းချခံထားရတယ်။ ညဘက်ကျရင် မင်းတို့က ငါ့ခန္ဓာကိုယ်ကို စောင့်ရှောက်ရင်း ထိုက်ချန်ရေကန် အပြင်ဘက်မှာ စောင့်နေကြ။ ငါက သူမတို့ရဲ့ အတွေးတွေကို ခံစားနိုင၉်ဖို့ ငါ့စိတ်ဝိညာဉ်ကို အသုံးပြုမယ်။ ဒါမှ တောင်ပေါ်ကို ခိုးတက်ဖို့ ပိုလွယ်ကူလိမ့်မယ်။”

ဟုန်ယွိက အဝေးကို လှမ်းကြည့်လိုက်သည်။ သူက သူ့ခြေထောက်တွေကို ညှစ်ပြီး မြင်းကို ဆက်ပြီး ပြေးလွှားရန် အချက်ပေးလိုက်ပါသည်။

သူတို့သည် ညနေစောင်းသည်အထိ မရပ်မနား မောင်းနှင်ခဲ့ကြသည်။ နောက်ဆုံးတွင် လူသုံးယောက်၊ မြင်းသုံးကောင်နှင့် ပင့်ကူတစ်ကောင်သည် ထိုက်ချန်ရေကန်၏ ကမ်းနားသို့ ရောက်လာကြပါသည်။ အကန့်အသတ်မဲ့ ကျယ်ပြောလှသော ရေပြန်ကျယ်ကြီး၊ ကျူပင်များ၊ ညဉ့်လေညှင်း တိုက်ခတ်မူနှင့်အတူ အဝေးမှာ လှပသော တောင်တန်းများ၊ စင်မြင့်များ၊ မီးရောင်များ၊ တောင်ပေါ်ရှိ အထပ်မြင့် အဆောက်ဦးများနှင့် ရေကန်ပေါ်တွင် ပြေးဆွဲနေသည့် မရေမတွက်နိုင် သော သင်္ဘောများကို ကြည့်လိုက်ရင်း ဟုန်ယွိနှင့် အခြားနှစ်ယောက်တို့သည် ယောင်ချီဂိုဏ်း၏ အခြေစိုက် စခန်းသို့ ရောက်နေကြပြီဖြစ်ကြောင်း သူတို့ သိလိုက်ပါပြီ။

သူတို့သုံးယောက်သည် တစ်ရက်ကျော်ကြာအချိန်တွင်း မိုင်ပေါင်းထောင်ချီကို မရပ်မနား ခရီးနှင်ခဲ့ ကြပါသည်။ သူတို့သည် ပြည်နယ် ၃ ခု၏ နယ်နိမိတ်များကို ဖြတ်ကျော်ကာ ယင်ပြည်နယ်ရှိ အကြီးဆုံးရေကန် ဖြစ်သည့် ထိုက်ချန်ရေကန်သို့ ရောက်ရှိလာကြသည်။

ထိုက်ချန်ရေကန်သည် ပတ်ပတ်လည် မိုင်ရှစ်ရာ အကျယ်ရှိပါသည်။ ၎င်းသည် ကျယ်ပြောလှပြီး အကန့်အသတ် မရှိပေ။ ယောင်ချီဂိုဏ်း၏ အမည်သည် ဤရေကန်မှ ဆင်းသက်လာခြင်း ဖြစ်ပါ သည်။

အထွဋ်ထိပ်ကောင်းကင်နယ်မြေကဲ့သို့ပင်၊ ယောင်ချီဂိုဏ်းကို တောင်တန်းများနှင့် ရေကန်များ ပတ်ပတ်လည်တွင် တည်ဆောက်ထားပါသည်။ အထွဋ်ထိပ်ကောင်းကင်နယ်မြေ၏ အခြေခံ အုတ်မြစ် တည်နေရာသည် ထိုက်ချန်ရေကန်နှင့် ရွှေ့ယန်တောင်တွင် တည်ရှိပါသည်။ ဤယောင်ချီ ဂိုဏ်းသည် ထိုက်ချန်ရေကန်ရှိ ကျောက်စိမ်းကြာပန်းတောင်ပေါ်တွင် တည်ရှိသည်။

ကျောက်စိမ်းကြာပန်းတောင်ခြေရင်းက သင်္ဘောကြီးများနှင့် တောင်တန်းပေါ်က မီးရောင်တွေကို ကြည့်လိုက်ရင်း ဤယောင်ချီဂိုဏ်းသည် မိုင်ဒါဇင်ပေါင်းများစွာ ကျယ်ဝန်းပြီး ချဉ်းကပ်ဖို့ မဖြစ်နိုင်ဘူး ဆိုသည်ကို ဟုန်ယွိ သိလိုက်ပါသည်။ အစောင့်ကြပ်တွေ ထူထပ်စွာ ချထားရမည်။

ယောင်ချီဂိုဏ်းကို တိမ်ဖြူရွာနှင့် နှိုင်းယှဉ်၍ မရပေ။

တိမ်ဖြူစံအိမ်၏ ကာကွယ်ရေးသည် ယောင်ချီဂိုဏ်း၏ အဓိကဌာနချုပ်ရှေ့တွင်၊ ကလေးဆန်ဆန် အမှန်ပင် ရိုးစင်းလွန်းပါသည်။

သို့သော် ဟုန်ယွိ၏ မူလရည်ရွယ်ချက်မှာ ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့နှင့် ဆက်သွယ်ရန် သူ၏ နတ်ဘုရား စိတ်ဝိညာဉ်ကို တိတ်တဆိတ် အသုံးပြုရန် ဖြစ်သည်။ ဆက်သွယ်ပြီး ယောင်ချီဂိုဏ်း၏ အခြေအနေကို နားလည်ပြီးနောက်၊ သူသည် သူမတို့အား ကယ်တင်ရန် နည်းလမ်းကို စဉ်းစားရမည်။ အကယ်၍, အခြား မည်သည့်နည်းလမ်းမှ မရှိဘူးဆိုလျှင်, ဟုန်ယွိသည် အကောင်းဆုံးကြိုးစားခဲ့ သည်ဟု လက်ခံပြီး လက်လျော့လိုက်ရုံပင်။

ထိုမိန်းကလေး နှစ်ယောက်၏ စိတ်နှလုံးထဲမှာ အမှတ်အသားတစ်ခု ချန်ထားခဲ့သည်။ သူမတို့နှင့် ဆက်သွယ်ရန် သူ၏ နတ်ဘုရား စိတ်ဝိညာဉ်ကို အသုံးပြုရန်မှာ မခက်ခဲပေ။

သူသည် မိုင်ထောင်ပေါင်းများစွာ ကွာဝေးသည့် ပစိဖိတ်ရေတပ်၏ ဌာနချုပ်မှာ ရှိနေစဉ်က သူမတို့နှင့် ဆက်သွယ်ရန် ထိုမျှလောက် အစွမ်းထက်သည့် နတ်ဘုရား စိတ်ဝိညာဉ်မျိုးကို ပိုင်ဆိုင်ထားခြင်း မရှိသော်လည်း ယခုမူကား၊ သူသည် သူမတို့နှင့် မိုင်ဒါဇင်ဝေးသောအရပ်သို့ ရောက်ရှိနေခဲ့ပြီး၊ သူမတို့ကို ဆက်သွယ်နိုင်ပြီဖြစ်သည်။

သူတို့သည် ကျူတောထဲမှာ ပုန်းအောင်နေကြသည်။

ဟုန်ယွိသည် တင်ပျဉ်ခွေထိုင်ကာ သူ့နတ်ဘုရား စိတ်ဝိညာဉ်ကို ချိန်ညှိလိုက်သည်။ ချီဇီယန်နှင့် လီလဲ့တို့သည် သူ့ဘေးတွင် ရပ်စောင့်နေကြသည်။ မြင်းများသည်လည်း နာခံစွာ ဝပ်တွားနေကြ သည်။

ရွှေပင့်ကူသည် ဘယ်ညာ လျှောက်ကြည့်ရင်း သူမမျက်လုံးတွေကို ကစားလိုက်ပါသည်။ သူမသည် ဝန်မလေးသည့်အပြင် ယင်သခင်အဆင့်အထိ ကျင့်ကြံထားသည်။ ထို့ကြောင့် ဟုန်ယွိသည် သူမကို ခေါ်လာခဲ့ခြင်း ဖြစ်ပါသည်။

All Chapters