← Chapters

အခန်း (၁၄၆-၁၄၉)

Vol. 12 Ch. 146-149

အခန်း (၁၄၆-၁၄၉)

Vol. 12 Ch. 146-149

အခန်း (၁၄၆)။

"ဘယ်လောက် ကံဆိုးလိုက်တဲ့နှစ်လဲ….။ နောက်ဆုံးတော့ ငါ သံမဏိအပ်ကို တက်နင်းလိုက်မိပြီ။ နောက်ပြန်ဆုတ်တာ အကောင်းဆုံးရွေးချယ်မှုပဲ။”

ဟုန်ယွိသည် စိတ်ပြောင်းသွားခဲ့သည်။ ဆုတ်ခွာမည့်အစား သူသည် ရုတ်တရက် "နတ်ဆိုးမျောက်ဝံ တောင်ကိုဖြိုခွင်း" ကို အသုံးပြု၍ ဆေဘာကို တောင်ဝှေးအဖြစ် အသုံးပြုခဲ့သည်။

ဖြိုခွဲခြင်းဆေဘာ လှုပ်ခတ်လာသည်နှင့်အမျှ သူ့ရှေ့မှ သူ့ရှေ့က လေစီးကြောင်းတွေက လေးဘက် လေးတန်ကို တွန်းထုတ်သွားပြီး၊ ကမ်းခြေကို ဒရဟော ရိုက်ခတ်နေသည့် လှိုင်းလုံးကြီးများကဲ့သို့ တဝှီးဝှီးမြည်သံများ ထွက်ပေါ်လာသည်။

နတ်ဆိုးမျောက်ဝံ ဖရိုဖရဲနတ်ဘုရား တုတ်သိုင်းသည် မိုးကြိုးလျှပ်စီးဆေဘာကျမ်းကဲ့သို့ အစွမ်းထက် ခြင်း မရှိသော်လည်း၊ ၎င်းသည် သန့်စင်သည့် တိုက်ခိုက်ရေး ကိုယ်ခံပညာရပ်တစ်ခု ဖြစ်နေပါသေး သည်။ ဖြိုခွဲခြင်းဆေဘာ၏ အလေးချိန်သည် ရှန်ထိုက်ဇူ၏ သံတုတ်ကြီးထက်ပင် ပိုလေးလံပါသည်။ အနည်းငယ် ခုတ်ပိုင်းပြီးနောက်၊ ဟုန်ယွိသည် ဒေါသတကြီး ဟိန်းဟောက်နေသော ဟာကျူလီယန် မျောက်ဝံကြီးအဖြစ်သို့ ပြောင်းလဲသွားပုံရပါသည်။

ထို့အပြင်၊ နတ်ဆိုးမျောက်ဝံ ဖရိုဖရဲနတ်ဘုရား တုတ်သိုင်းသည် မူလကတည်းက အဆုံးမဲ့ သတ်ဖြတ်လိုစိတ် အငွေ့အသက်ပါရှိပြီး သူ့ကို နတ်ဆိုးမျောက်ဝံတစ်ကောင်ကဲ့သို့ ဖြစ်စေပါသည်။

ယောင်ယွဲ့ရူသည် ဟုန်ယွိ၏ ရုတ်ချည်း ရူးသွပ်သွားခြင်းကို ရင်ဆိုင်ရင်း သူမ၏ သူငယ်အိမ်နှစ်ခုပါ သည့် မျက်လုံးတွေက နားမလည်နိုင်သော အမူအရာကို ဖော်ပြလာပါသည်။ သူမ၏ လက်ချောင်း များသည် အနည်းငယ် လှုပ်ရှားသွားကာ လက်မောင်းက တုန်ယင်လာပါသည်။ သူမလက်ထဲက ပျော့ပြောင်းလက်နက် ကျောက်စိမ်းလက်ချောင်း သံမဏိလှံသည် နဂါးတစ်ကောင်၊ မြွေတစ်ကောင် ကဲ့သို့ လှုပ်ရှားလာပါသည်။ လှုပ်ရှားမူတွေက ခန့်မှန်းလို့ မရပါဘူး။ ရုတ်တရက်၊ သံမဏိလှံက ဆေဘာကန့်လန့်ကာကို ထိုးဖောက်ဝင်ရောက်လာပြီး ဟုန်ယွိ၏ မျက်နှာဆီသို့ တည့်တည့် ဦးတည်သွားပါသည်။

"အခွင့်ကောင်းပဲ!"

ယောင်ယွဲ့ရူက တန်ပြန်တိုက်ခိုက်သည်ကို မြင်တော့ ဟုန်ယွိသည် သူ့လက်ထဲက ဆေဘာကို ရုတ်တရက် ရပ်လိုက်ပြီး၊ နတ်ဆိုးမျောက်ဝံအရိပ် သိုင်းကွက်ကို အသုံးပြုကာ လှည့်ပတ်လိုက်သည်။ သူသည် တိုက်ခိုက်မှုကို ရှောင်တိမ်းပြီးနောက်၊ ရုတ်တရက် ပြန်လှည့်ကာ ရက်စက်သောကျား စမ်းချောင်းခုန်ကျော် သိုင်းကွက်ကို အကြိမ်အနည်းငယ် အသုံးပြုခဲ့သည်။ သူ့ခန္ဓာကိုယ်က ကျားတစ်ကောင်ကဲ့သို့ ခုန်ပေါက်သွားပြီး အသက်ရူချိန်အနည်းငယ်တွင်းမှာ သူသည် ခြေလှမ်း နှစ်ဆယ်ကျော် အကွာဝေးကို ရောက်ရှိသွားခဲ့ပြီ။

နတ်ဆိုးမျောက်ဝံ တောင်ကိုဖြိုခွင်း သိုင်းကွက်သည် အယောင်ပြသိုင်းကွက် ဖြစ်သည်။ သူသည် အချိန်အနည်းငယ် ရရှိရန်နှင့် ခွန်အားစုဆောင်းရန်အတွက် နတ်ဆိုးမျောက်ဝံ အရိပ်သိုင်းကွက်နှင့် ရက်စက်သောကျား စမ်းချောင်းခုန်ကျော် သိုင်းကွက်ကို အသုံးပြုကာ၊ စစ်မြေပြင်မှ ထွက်ခွာပြီး ချီဇီယန် လီလဲ့တို့နှင့် ပြန်လည် ပူပေါင်းရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ ထို့နောက် သူတို့နှင့် အတူ ပူးပေါင်းပြီး ယောင်ယွဲ့ရူကို ရင်ဆိုင်ရန် ရည်ရွယ်ထားသည်။

ယောင်ယွဲ့ရူ၏ အသက်ရှုသံက ရှည်လျားလွန်းသေးသည်။ သူ့ကိုယ်ပိုင် အစွမ်းအစနှင့် သူမကို သတ်ဖြတ်ဖို့ မဖြစ်နိုင်မှန်း ဟုန်ယွိ သိသည်။ သူတို့သုံးယောက်စလုံးကို၏ ခွန်အားကို ပေါင်းစည်းမှ သာလျှင် အခွင့်အလမ်း ရှိလာလိမ့်မည်။ မဟုတ်ရင် သူမတို့ကို မကယ်တင်နိုင်ရုံသာမက သူကိုယ်တိုင်လည်း အန္တရာယ် ကြုံရလိမ့်မည်။

ယခုအချိန်တွင် ဟုန်ယွိသည် လျှပ်တပြက် မိုးကြိုးစက်ဝိုင်းကို ထပ်မံ အသုံးမပြုဝံ့တော့ပေ။

ယခုအချိန်အထိ သူသည် လျှပ်တပြက် မိုးကြိုးစက်ဝိုင်းကို နှစ်ကြိမ်တိုင်တိုင် အသုံးပြုခဲ့ပြီ။ သူ့ခန္ဓာကိုယ်ကို ယွမ်ယန်ကောင်းကင်ပုလဲ၏အစွမ်းဖြင့် သန့်စင်ထားခြင်းကြောင့်သာ ထိန်းထားနိုင် ဆဲ ဖြစ်သည်။ သို့သော်, အကယ်၍ သူ နောက်တစ်ကြိမ် ပြန်လည်အသုံးပြုမည်ဆိုလျှင်, သူ့ ရုပ်ခန္ဓာကိုယ်ခွန်အားကို အလွန်အကျွံသုံးစွဲမိမှာ သေချာပါသည်။ အကယ်၍, သူသည် ယောင်ယွဲ့ရူ ကို မသတ်နိုင်ခဲ့ပါက, ခုခံရန်အတွက် စွမ်းအားအားလုံး ဆုံးရှုံးရပေလိမ့်မည်။

ဟုန်ယွိသည် ရက်စက်သောကျား စမ်းချောင်းခုန်ကျော်သိုင်းကွက်ကို အသုံးပြုသောအခါ ယောင်ယွဲ့ရူသည် အရိပ်ကဲ့သို့ သူ့နောက်သို့ မလိုက်နိုင်သည်မှာ သေချာပါသည်။ အကြောင်းမှာ သူမသည် မကြာသေးမီကမှ ပြင်းထန်သော မုန်တိုင်းတစ်ခုကဲ့သို့ တိုက်ခိုက်ခြင်းကို ခံစားခဲ့ရပြီး၊ မြင်းကို အသုံးပြုပြီး သူမ၏ခွန်အားကို ကုန်ခမ်းစေခဲ့သောကြောင့် ဖြစ်ပါသည်။ အခု သူ ထွက်သွား သည်နှင့် သူမသည် ထိုနေရာမှာပင် အသက်ဝဝရှူပြီး သူမခွန်အားကို ပြန်လည်ရယူလိမ့်မည်။

အကယ်၍, ဟုန်ယွိသည် ပြန်လှည့်ပြီး ထွက်ပြေးသွားချိန်မှာ, ယောင်ယွဲ့ရူက သူ့နောက်ကို အရိပ်လို လိုက်ပါနိုင်ခဲ့သေးသည်ဆိုလျှင်, ယနေ့တွင် သူသည် သူ၏ရှုံးနိမ့်မှုကို လက်ခံရမှာဖြစ်ပြီး၊ သူ့သေဆုံးမူ ကလည်း အချည်းနှီးဖြစ်မှာ မဟုတ်ပါဘူး။ သိုင်းသူတော်စင်တစ်ဦးသည် အသက်တစ်ရှိုက်အတွင်းမှာ ပင် သူ့ခန္ဓာကိုယ်ကို ပြန်လည်ထိန်းညှိနိုင်ပြီး အသက်ရှုတိုင်း ခွန်အားကို ပြန်လည်ရယူနိုင်ပါသည်။ ယင်းက သူ့နယ်ပယ်အဆင့်တန်း ဖြစ်သည်။

ဟုန်ယွိသည် လမ်းမကြီးပေါ်ရှိ မြင်းလှည်းဘေးမှာ ဆင်းသက်လာသည်။ သူ့နောက်မှ လေတိုးသံကို မခံစားရပါဘူး။ ယောင်ယွဲ့ရူသည်လည်း သူ့နောက်ကို လိုက်မလာခဲ့ဘူး။ သူက သက်ပြင်းချကာ ဝံပုလွေပြေးအားသိုင်းကွက်ကို အသုံးပြုခဲ့သည်။ ဆေဘာအလင်းက လရောင်ကဲ့သို့ အကြီးအကဲ ရှန်၏ နောက်ကျောပြင်သို့ တည့်တည့်ဦးတည်လိုက်ပါသည်။

ဤအခိုက်အတန့်တွင်၊ လမ်းမကြီးပေါ်၌ အကြီးအကဲ ရှန်နှင့် လီလဲ့တို့သည် ပြင်းထန်သော တိုက်ပွဲတစ်ခုကို ရင်ဆိုင်တိုက်ခိုက်နေကြသည်။

လီလဲ့၏ ရီဗာသံမဏိဆေဘာသည် မိုးသက်မုန်တိုင်းကဲ့သို့ ပြင်းထန်သည်။ အပေါ်၊ အောက်၊ ဘယ်၊ ညာ၊ အရပ်ရပ်မှ အကြီးအကဲရှန်ကို ဝိုင်းရံထားသည်။ သို့သော် အကြီးအကဲရှန်သည် ထူးထူးခြားခြား ခုခံနိုင်နေသည်။ သူ့လက်ထဲတွင်ရှိသော နဂါးဦးချိုတုတ်သည် ရေနဂါးတစ်ကောင်နှင့်တူသည် သူ့ ခြေထောက်တွေကို မြေကြီးပေါ်မှာ သံမှိုကဲ့သို့ စွဲမြဲစွာ ရပ်တည်နေရင်း သူသည် ဘယ်ညာ အဖက်ဖက်မှ တိုက်ခိုက်လာသော လီလဲ့၏ ဆေဘာစွမ်းအားကို အတင်းအကြပ် ပိတ်ဆို့ထားနိုင်ခဲ့ပါ သည်။

လီလဲ့သည် စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို ပေါင်းစည်းထားသည့် အထွက်အထိပ် ရှန်တန်သိုင်းသခင် တစ်ဦးဖြစ်သည်။ ဤရက်ပိုင်းအတွင်းမှာ သူသည် ယွမ်ယန်ကောင်းကင်ပုလဲကို သုံးစွဲခဲ့သောကြောင့်, သူ့အဆင့်က တစ်ဆင့်တိုးမြင့်လာခဲ့ပြီး၊ မဟာဆရာသခင်တစ်ပါး၏ ခွန်အားသို့ ရောက်ရှိလုနီးပါး အထိ မြင့်တက်လာခဲ့သည်။ သူ့အရှိန်ဟုန်နှင့်ဆို, သူသည် အကြီးအကဲရှန်ကို အမြန် သတ်ပစ်နိုင် သင့်ပါသည်။ သို့သော် အကြီးအကဲရှန်သည် မည်သည့် သိုင်းပညာမျိုးကို ကျင့်ကြံထားသည်ကို မသိရ ပေ။ သူ၏အသက်ရှုသံက အနှစ်တစ်ထောင် လိပ်တစ်ကောင်ကဲ့သို့ ရှည်လျားလွန်းသည်။ မူလက ကုန်းနေသော သူ့ကျောကုန်းသည် ယခုအခါ ဖြောင့်စင်းလာခဲ့ပြီး၊ ယင်းက သူ့ကို ပိုမိုအရပ်မြင့်မားပြီး၊ ကြံ့ခိုင်သန်မာလာစေသည်။ သူ့လက်တွေ ခြေထောက်တွေက ရှည်လျားလာပြီး၊ သူသည် အနည်းဆုံး လီလဲ့ထက် ဦးခေါင်းတစ်လုံး ပိုမြင့်သည်။ သူသည် ပျော့ပျောင်းသည့် တုတ်တစ်ချောင်းကို အသုံးပြု ပြီး သူ့အသက်ကို ကာကွယ်နိုင်ခဲ့သည်။

သို့သော် ထိုအချိန်တွင် ဟုန်ယွိသည် တိုက်ပွဲထဲသို့ ဝင်ရောက်လာခဲ့သည်။ သူ့ဆေဘာကို နောက်က နေ ဖြတ်ပိုင်းလိုက်ပါသည်။ ရီဗာသံမဏိဆေဘာနှင့် နှိုင်းယှဉ်ပါက ဖြိုခွဲခြင်းဆေဘာသည် ဆယ်ဆ ပိုထက်ရှပြီး၊ ရီဗာသံမဏိဆေဘာထက် အဆတစ်ရာ ပိုပြင်းထန်ပါသည်။

ချက်ခြင်းဆိုသလို အကြီးအကဲရှန်သည် သူ့ကျောပြင်က အေးစက်သွားသလို ခံစားလိုက်ရသည်။ လေစီးကြောင်းက သူ့ကို ထိုးဖြတ်ပြီး၊ သူ့နောက်ကျောကို နှစ်ခြမ်းခွဲကာ ဖွင့်လှစ်တော့မည့်အတိုင်း ပင်။

ထိုတိုက်ခိုက်မူသည် သေစေနိုင်သည့် တိုက်ခိုက်မူဖြစ်သည်။ ချက်ခြင်းဆိုသလို အကြီးအကဲရှန်သည် သူ့အာရုံတွေကို အမြင့်ဆုံးအထိ မြှင့်တင်လိုက်ပါသည်။ လီလဲ့၏တိုက်ခိုက်မှုကြောင့် မူလကနီရဲသော သူ့မျက်နှာသည် ခရမ်းရောင် ပြောင်းသွားပါသည်။ သူက ရုတ်တရက် ဟစ်ကြွေးလိုက်ပါသည် "နဂါးနှစ်ကောင်ကခုန် ဖီးနစ်ခေါင်းညိတ်"

သူ့လက်ထဲတွင်ရှိသော နဂါးဦးချိုတုတ်ချောင်းသည် ငွေရောင်အလင်းတန်းတစ်ခုနဲ့ အတူ လှိုင်းထန် နေပြီး လီလဲ့၏ဆေဘာစွမ်းအားကို တွန်းဖယ်ပစ်လိုက်၏။ ထို့နောက် တုတ်ချောင်းအား နောက်ပြန် ပြန်လှန်ကာ၊ ဟုန်ယွိ၏ ဦးခေါင်းကို ရိုက်ခွဲလိုက်သည်။ သူသည် ဆေဘာဖြင့် ခုတ်ပိုင်းခံရမည်ကို ဂရုမစိုက်တော့ဘဲ ပြိုင်ဘက်နှင့်အတူ အဆုံးသတ်ရန် ရွေးချယ်ခဲ့သည်။

ဟုတ်ပါသည်၊ ဟုန်ယွိကတော့ သူနှင့်အတူတူ အဆုံးသတ်မှာ မဟုတ်ပါဘူး။ သူသည် သူ၏ဆေဘာ စွမ်းအားကို မြှင့်တင်လိုက်ပါသည်။ ဖန်း…၊ နဂါးဦးချိုတုတ်ချောင်းတစ်ခုလုံး ထောပတ်ကဲ့သို့ ဖြတ်တောက်ခံလိုက်သည်။ ဆေဘာစွမ်းအားက အကြီးအကဲရှန်၏ ရင်ဘတ်ဆီသို့ တည့်တည့် တိုးဝင်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် အကြီးအကဲရှန်၏ နောက်တွင်ရှိနေသည့် လီလဲ့က ပြုံးကာ သူ့ဆေဘာကို ဝှေ့ယမ်းလိုက်ပါသည်။

အကြီးအကဲရှန် ဖရိုဖရဲ ဖြစ်သွားရသည်။ သူသည် ရှေ့နှင့်နောက် နှစ်ဖက်ညှပ်ပြီး တိုက်ခိုက်ခံနေရ သောကြောင့် ဆေဘာကို တားဆီးရန် သူ့လက်ကို အလိုလို အသုံးပြုလိုက်မိသည်။ ဟုန်ယွိသည် သူ၏ ဆေဘာပညာရပ်ကို ထပ်မံလှည့်ပတ်ပြီး၊ ခြေထောက်ဖြင့် ကန်ထုတ်သည်။ ဖျစ်.. ဟူသော အသံနှင့်အတူ ခြေသလုံးအရိုး ကျိုးသွားခဲ့သည်။ ထို့နောက် ဟုန်ယွိက သူ့ကို လမ်းဘေး လယ်ကွင်း ထဲသို့ ကန်ထုတ်လိုက်ပါသည်။

ရန်သူတစ်ဦးကို ကိုင်တွယ်ပြီးနောက်၊ ဟုန်ယွိသည် မရပ်တန့်ခဲ့ပေ။ သူက လှည့်ပြီး ချီဇီယန်နှင့် တိုက်ခိုက်နေသော သခင်မဝမ်ဆီကို ချဉ်းကပ်သွားပါသည်။

ငွေရောင်စစ်သည်တော်ဝတ်စုံနှင့် ကျောက်မျက်ရတနာများ စီချယ်ထားသည့် ဆတ်သားရေဖိနပ်ကို ဝတ်ဆင်ထားသော သခင်မဝမ်သည် ပျော့ပြောင်းသော ကြာပွတ်ကို ကိုင်ဆောင်ကာ တစ္ဆေသူရဲ ကဲ့သို့ တိုက်ခိုက်နေခဲ့သည်။ တစ်ဖက်တွင်၊ ချီဇီယန်သည် ငါးမန်းသတ်ဓားနှင့် ငါးနဂါးအသွင်ပြောင်း ခြင်း ကိုးသွယ်ကို အသုံးပြု၍ ကြာပွတ်အရိပ်များကို ဖြတ်သန်းနေခဲ့သည်။ သူတို့နှစ်ယောက်စလုံး မည်သူမှ အသာစီး မရခဲ့ကြပါဘူး။

ထို့အပြင်, တိုက်ပွဲက အသားစီးရပြီး လုံးဝလွှမ်းမိုးထားနိုင်သည့် လီလဲ့နှင့် အကြီးအကဲရှန်တို့၏ တိုက်ပွဲနှင့် ကွဲပြားပါသည်။

ချီဇီယန်သည် ကောင်းကင်မြွေမြှားကိုးစင်းကို နှစ်ကြိမ်ဆက်တိုက် အသုံးပြုပြီးနောက်၊ သူ့စွမ်းအင် များစွာ ကုန်ခမ်းသွားခဲ့သည်။ သူသည် အသာစီးရရှိသော်လည်း ပြိုင်ဘက်ကို အပြီးသတ်ဖို့ ပြင်းထန် သော သတ်ဖြတ်ခြင်းသိုင်းကွက်ကို အသုံးမပြုနိုင်ပေ။ ထို့ကြောင့် တိုက်ပွဲသည် ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေခဲ့သည်။

သခင်မဝမ်၏ ကြာပွတ်နည်းပညာသည် ရှေ့နောက် လွန်းထိုးဖြတ်သန်းနေကာ၊ အရှေ့ဘက်ကို ညွှန်ပြီး၊ အနောက်ဘက်သို့ ရိုက်ချတတ်သလို, အရှေ့ဘက်ကို ညွှန်ပြီး မြောက်ဘက်ကိုလည်း တိုက်ခိုက်တတ်သည်။ အထူးသဖြင့် ကြာပွတ်ထိပ်ဖျားမှ ထွက်ပေါ်လာသော အသံသည် တရှီးရှီး မြည်ဟီးနေကာ တိုက်ပွဲကွင်းပြင်ထဲ ရှုပ်ထွေးစွာ ပေါက်ကွဲထွက်လေသည်။ ကြာပွတ်ထိပ်ဖျားသည် မီးရှူးမီးပန်းများကဲ့သို့ ပြင်းထန်စွာ တုန်ခါနေပြီး၊ နားကန်းမတတ် ဆူညံသံများက မရပ်မနား ဖြစ်ပေါ်နေသည်။

ကြာပွတ်အသံက အတော်လေး ကြောက်စရာကောင်းမှန်း ဟုန်ယွိ သိသည်။ သံချပ်ကာဝတ် စစ်သည်များလျှင်ပင် ကြာပွတ်နှင့် ထိတွေ့မိပါက သံချပ်ကာသည် ကွဲထွက်သွားလိမ့်မည်။

ကြာပွတ်လို လက်နက်မျိုးသည် သင်ယူရန် ခက်ခဲပြီး၊ ကျွမ်းကျင်ဖို့က ပို၍ပင် ခက်ခဲပါသည်။ သို့သော် ၎င်းကို ကျွမ်းကျင်ပြီးသည်နှင့် ၎င်း၏ စွမ်းအားက အကန့်အသတ်မရှိတော့။ ၎င်းကို တိုက်ခိုက်ရေး ရော ကာကွယ်ရေးအတွက်ပါ အသုံးပြုနိုင်ပြီး၊ ရစ်ပတ်ပြီး ထိုးဖောက်ထွက်နိုင်သည်။

ဟုန်ယွိနှင့် လီလဲ့တို့သည် အကြီးအကဲရှန်ကို အပြီးသတ်ပြီးနောက်, သူတို့နှစ်ယောက်စလုံးသည် သခင်မဝမ်ဆီသို့ တစ်ပြိုင်နက် ပြေးသွားကြသည်။ ယောင်ယွဲ့ရူသည် အဝေးမှနေ၍ ရုတ်တရက် လှမ်းအော်လိုက်သည် "ရပ်လိုက်…၊"

"မင်းတို့ ဟွာနွန်ယင်နဲ့ ဟွာနွန်းယွီတို့ကို ကယ်ချင်ရင် ငါ မင်းတို့ကို မတားတော့ဘူး။ သူမတို့က ငါ့ရဲ့ ယောင်ချီဂိုဏ်းက တပည့်တွေပဲ။ သူမတို့ ထိခိုက်နစ်နာမျိုး ငါ လက်မခံနိုင်ဘူး။ မင်းရဲ့ ကိုယ်ခံပညာ က မြင့်မားပြီး၊ အင်အားငှားရမ်းနည်းကို သိနေပေမယ့်, ငါ့ကို ဘာမှလုပ်လို့မရနိုင်ဘူး….။”

"ဟုတ်လား…."

ယောင်ယွဲ့ရူ၏အသံကို ကြားပြီးနောက် ဟုန်ယွိက ဆေဘာကို ရပ်ပြီး လှည့်ကြည့်လိုက်ပါသည်။ ချီဇီယန်, လီလဲ့တို့နှင့်အတူ သူသည် သခင်မဝမ်ကို ဝိုင်းရံထားသည်။ ရုတ်တရက် သူ့ဆေဘာကို ဝှေ့ယမ်းပြီး သူမကြာပွတ်ကို ဖြတ်တောက်လိုက်သည်။ ထို့နောက် သူတို့သုံးယောက်သည် သူမကို ဝိုင်းရံပြီး၊ ချက်ခြင်းပင် သူမ၏ကိုယ်ခံပညာကို ပိတ်ဆို့လိုက်ကြသည်။ ချီဇီယန်က သူ့ဓားကို သူမ လည်ပင်းပေါ် တင်ကာ၊ အတင်းအကြပ် လက်နက်ချခိုင်းခဲ့သော်လည်း သူမကို မသတ်ခဲ့ပေ။

ထိုအချိန်တွင် မင်းသားချင်ဟီ၏စံအိမ်မှ ကျွမ်းကျင်ပညာရှင်သုံးဦးတွင် သခင်ဖန်းသည် လက် တစ်ဖက် ဆုံးရှုံးကာ၊ သခင်မဝမ်က ဖမ်းဆီးခံရပြီး၊ အကြီးအကဲရှန်လည်း ခြေထောက်တဖက် ဆုံးရှုံးသွားခဲ့သည်။

ဟုန်ယွိသည် သူ့ဆေဘာကို ရပ်တန့်ရခြင်း၏ အကြောင်းရင်းမှာလည်း ယောင်ယွဲ့ရူ၏ စကားကြောင့် မဟုတ်ဘဲ ယောင်ယွဲ့ရူက သူတို့နောက်သို့ လိုက်မလာသည်ကို မြင်သောကြောင့် ဖြစ်သည်။ ထို့အပြင် ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့သည် ရထားပေါ်တွင် ရှိနေကြပါသည်။ ယောင်ယွဲ့ရူက သူမတို့ကို အချိန်မရွေး ခြိမ်းခြောက်နိုင်ပြီး၊ လျှပ်စီးဖမ်းမြင်းကိုလည်း အချိန်မရွေး သတ်ပစ်နိုင်သည်။

"ဟုတ်ပါပြီး၊ မင်းက ဘယ်သူလဲ။ ဟွာနွန်ယင်နဲ့ ဟွာနွန်းယွီတို့ကို မင်းက ဘာလို ကယ်တင်ချင်တာ လဲ။” ယောင်ယွဲ့ရူက သူ့ကို ကြည့်လိုက်သည်။ ဟုန်ယွိ, လီလဲ့, ချီဇီယန်, သူတို့အားလုံးသည် သူမ၏ အနက်ရောင် မျက်လုံးများထဲမှ ထူးဆန်းသည့် မျက်ဆံနှစ်ခုကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပါသည်။

ဟုန်ယွိသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ့ခန္ဓာကိုယ်တွင်းရှိ ထွက်ပေါ်နေသော စွမ်းအင်ကို ထိန်းချုပ်လိုက်သည်။ သူသည် သူ၏ရုပ်ပိုင်းဆိုင်ရာ ခွန်အားနှင့် စိတ်ပိုင်းဆိုင်ရာ ခွန်အားတွေ ပြန်လည်ရရှိရန် အကောင်းဆုံး ကြိုးစားလိုက်ပါသည်။ ထို့အပြင်၊ သူသည် သူ့ခွန်အားကို စုစည်းပြီး ပိုမိုခက်ခဲသည့် တိုက်ပွဲတစ်ခုကို ရင်ဆိုင်ရန် ပြင်ဆင်ထားပါသည်။

ယောင်ယွဲ့ရူသည် ယခုအချိန်မှာ သူမ၏ခွန်အားကို အပြည့်အဝ ပြန်လည်ရရှိနေပြီ ဖြစ်သည်။ သူမလက်ထဲမှာ လက်နက်ကိုင်ထားပြီး၊ အရမ်းကြောက်စရာကောင်းလာသည်။

"ဘာလဲ…၊ ခင်ဗျား ကျုပ်ကို လှည့်စားချင်လို့လား။ ကျုပ်က ခင်ဗျားကို ဘာလို့ ပြောပြရမှာလဲ” ဟုန်ယွိသည် သူ့ဆေဘာကို နောက်ကျောတွင် ဝှက်ထားပြီး၊ ဖုံးကွယ်ထားဟန် ပြုမူလိုက်သည်။ ယောင်ယွဲ့ရူက ဤဖြိုခွဲခြင်းဆေဘာကို မှတ်မိသွားမည်ကို သူ ကြောက်ပါသည်။

"တကယ်တော့ မင်း ငါ့ကို မပြောရင်တောင် မင်းဘယ်သူလဲဆိုတာ ငါ သိပါသေးတယ်။ မင်းက ဟုန်ရွှန်ကျိရဲ့သား ဟုန်ယွိပဲ။ ဒါပေမယ့် မင်းက မင်းသားယုကို အားကိုးဖို့ ရွေးချယ်ခဲ့တယ်။ ဒီတစ်ကြိမ် တောင်ပိုင်းဒေသမှာ မင်းက ဟွာနွန်ယင်နဲ့ ဟွာနွန်းယွီတို့ကို သင်္ဘောတွေ ရောင်းချဖို့ အတင်းအကြပ် ခိုင်းစေတဲ့အတွက် မင်းသားဟီကို အမျက်ထွက်စေခဲ့တယ်။ အဲဒီဆေဘာကလည်း ဆေဘာသူတော်စင် ဂွန်ယန်ယုရဲ့ ဖြိုခွဲခြင်းဆေဘာပဲ မဟုတ်လား။ ဆေဘာနဲ့ ဆေဘာကျမ်းက ဝေတိုင်ကန်ရဲ့လက်ထဲ လျှို့ဝှက်စွာ ကျရောက်သွားပြီလို့ ငါကြားလိုက်ရသေးတယ်။ မင်းက ဝေလဲ့ကို တကယ် သတ်ခဲ့တယ်ထင်တယ်။ ဘယ်လောက်ရက်စက်ပြီး စာနာမှု ကင်းလိုက်လဲ" ယောင်ယွဲ့ရူ၏ မျက်ဆံနှစ်ခုက တောက်ပလာသည်။ သူမစကားကြောင့် ဟုန်ယွိ၏ သတ်ဖြတ်ချင်စိတ်က တိုးမြင့်လာခဲ့သည်။ "ဒါပေမယ့်, မင်း ဘာလို့ ဟွာနွန်ယင်နဲ့ ဟွာနွန်းယွီတို့ကို ကယ်တယ်ချင်လဲဆို တာ ငါ တကယ် နားမလည်နိုင်ဘူး။ သူတို့က မင်းအတွက် ဘာတန်ဖိုးမှ မရှိတော့ဘူး။ မင်း သူမတို့ကို ကယ်လိုက်ရင်တောင် အသုံးမဝင်ဘူး။ အဲဒီအစား မင်းကို အဆုံးမဲ့ ဒုက္ခတွေ ပေးလိမ့်မယ်။ မင်းက အဆင်ခြင်ကင်းမဲ့ပြီး လုပ်ဆောင်တတ်သူ တစ်ယောက်လို့ ငါ မထင်ဘူး၊ မင်း ဘာလို့ ဒီလိုလုပ်တာ လဲ။"

ထိုစကားတစ်ခွန်းနှင့်တင်၊ ဟုန်ယွိသည် သူ့နောက်ခံရာဇဝင်၏ တစ်စိတ်တစ်ပိုင်းကို သူမ သိနေပြီဆိုသည်ကို သိလိုက်ပါသည်။

"ငါ ဘာလုပ်ချင်လဲဆိုတာ ခင်ဗျားကို ရှင်းပြဖို့ လိုသေးလို့လား။” သေချာပါသည်။ ဟုန်ယွိသည် ယောင်ယွဲ့ရူကို အဓိပ္ပာယ်မဲ့ မည်သည့်ရှင်းပြချက်မှ ပြောမှာမဟုတ်ပါဘူး။ သူက အေးစက်စွာ ပြုံးရုံ ပြုံးနေသည် "ခင်ဗျားရဲ့ ကိုယ်ခံပညာက မြင့်မားပေမယ့် အခု ကျုပ်တို့သုံးယောက်က ခင်ဗျားကို ဝိုင်းထားပြီး၊ ခင်ဗျား အနိုင်ယူနိုင်မယ်လို့ တကယ်ထင်နေလား…။"

"ဟုတ်ပါတယ်၊ ငါ မနိုင်မယူနိုင်ပါဘူး၊ ဒါပေမယ့် ငါထွက်သွားချင်ရင်လည်း မင်းတို့သုံးယောက်က ငါ့ကို တားနိုင်မှာတဲ့လား" ယောင်ယွဲ့ရူ၏ မျက်ဆံနှစ်ခုက ရုတ်တရက် အပြုံးရိပ်သမ်းသွားပါသည်။

"ကျုပ်တို့က ခင်ဗျားကို မတားနိုင်ဘူးလို့ ထင်နေတာလား။ ကျုပ်တို့မှာ လူသုံးယောက်ပဲ ရှိတယ်လို့ ခင်ဗျား ထင်နေလား။” ဟုန်ယွိက ရုတ်တရက် တိုးတိုးလေး ပြောလိုက်ပါသည်။

သူပြောပြီးသည်နှင့် ကွင်းပြင်က ထူးဆန်းသည့် အော်ဟစ်သံနှစ်ခု ရုတ်တရက် ထွက်ပေါ်လာပါ သည်။

ထိုအော်ဟစ်သံကိုကြားတော့ ယောင်ယွဲ့ရူ၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားပါသည်။ "ရွှေပင့်ကူ”

"မှန်တယ်၊ ဒါက အသုံးမကျတဲ့ ရွှေပင့်ကူတစ်ကောင်ပါပဲ။ ခင်ဗျား စိတ်ပူနေဖို့ မလိုပါဘူး။" ဟုန်ယွိ မျက်ခုံးပင့်လိုက်သည်။

"ငါက အသုံးမကျဘူးလို့ ဘယ်သူပြောလဲ။ ငါက အနန္တတန်ခိုးရှင် ကောင်းကင်နဂါးဗောဓိသတ္တကျမ်း ကို ကျင့်ကြံထားတဲ့ ကျွမ်းကျင်ပညာရှင်တစ်ဦးပဲ။ ဟင့်…" ကျင်းရွမ်အာ၏ အသံက ကွင်းပြင်မှာ ထွက်ပေါ်လာသည်။

ကျင်းရွမ်အာ၏အသံကို ကြားလိုက်သည်နှင့် ယောင်ယွဲ့ရူ၏ မျက်နှာအမူအရာက ပို၍ပင် ပြောင်းလဲ သွားပါသည်။ ထို့နောက် သူမက ရုတ်တရက် သက်ပြင်းရှည်ကြီး ချလိုက်ပါသည်။ သူမ၏ မျက်ဆံလေးခုကို လှည့်ပတ်ကြည့်ရင်း တည်ငြိမ်စွာ ပြောသည် "မင်းတို့ တောင်ပိုင်းဒေသမှာ ဟွာနွန်ယင်နဲ့ ဟွာနွန်းယွီတို့ကို ဘယ်လိုထိန်းချုပ်နိုင်ခဲ့လဲ၊ ဝေလဲ့ကို သတ်ဖြတ်ပြီး၊ သူ့ရဲ့ ဖြိုခွဲခြင်း ဆေဘာကို ဘယ်လိုလုယူနိုင်ခဲ့လဲလို့ ငါအံ့ဩနေခဲ့တာ။ ဒါဆို သခင် ရွှေပင့်ကူဘုရင်ကိုယ်တိုင် လှုပ်ရှားခဲ့တာပေါ့။ အံ့ဩစရာ မရှိတော့ပါဘူး။ ရွှေပင့်ကူဘုရင်က ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရာမှာ ဘုရင်တစ်ဆူဖြစ်တော့ သူလည်း ဒီအနီးအနားမှာ ရှိနေရမယ်….။"

ယောင်ယွဲ့ရူတစ်ယောက် ရန်သူကြီးတစ်ယောက်နှင့် ရင်ဆိုင်နေရသလို ပြုမူနေသည်ကို မြင်သော အခါ, ဟုန်ယွိသည် သူ့စိတ်နှလုံးထဲမှာ တိတ်တဆိတ် ရယ်မောလိုက်သည်။ ပြီးခဲ့သည့် အကြိမ်တုန်း ကလည်း လျှို့ဝှက်ဆန်းကြယ်သော ချန်ယင်းရှာသည် ရွှေပင့်ကူကို တွေ့သောအခါ လျှို့ဝှက် တိုက်ခိုက်ခံရမှာကို ကြောက်ရွံ့ပြီး၊ သူမသည် ချက်ချင်းပင် ထွက်ပြေးသွားခဲ့သည်။ သူ့ရှေ့တွင်ရှိနေ သည့် ယောင်ယွဲ့ရူဆို ပြောစရာပင် မလိုပါချေ။

ယောင်ယွဲ့ရူ၏ ကိုယ်ခံပညာသည် အလွန်သန်မာသော်လည်း ချန်ယင်းရှာနှင့် ယှဉ်လျှင် သူမသည် အလွန် အားနည်းနေပါသေးသည်။

ချန်ယင်းရှာသည် မက်မွန်နတ်ဘုရားဓားထဲသို့ ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်လာခဲ့ပြီး၊ ဖျက်ဆီးခြင်း မင်စီလာဘုရင်၏ ဒေါင်လိုက်မျက်လုံးမှ အတင်းအကြပ် လွတ်မြောက်ခဲ့သည်။ ထိုကဲ့သို့ လျှို့ဝှက် ဆန်းကြယ်မူမျိုးကို တစ္ဆေအင်မော်တယ်များပင် မလုပ်နိုင်လောက်ပေ။

ရွှေပင့်ကူဘုရင်သည် မဟာနတ်ဆိုးအင်မော်တယ် ရှစ်ပါးတွင် စတုတ္ထနေရာမှာ ရှိနေပြီး၊ ဥဒေါင်း ဘုရင်၊ ကောင်းကင်မြွေဘုရင်နှင့် မျောက်ဖြူဘုရင်တို့အောက်၌ ရှိနေသော်လည်း သူ၏ ဂုဏ်သိက္ခာ မှာ ၎င်းတို့အားလုံးထက် သာလွန်ပါသည်။ အကြောင်းမှာ ဤပင့်ကူနတ်ဆိုးဘုရင်သည် ခိုးကြောင် ခိုးဝှက်တိုက်ခိုက်မှုကိုသာ ကျွမ်းကျင်သောကြောင့် ဖြစ်သည်။ နတ်ဘုရားများပင် စိုးရိမ်ကြပြီး၊ တစ္ဆေသူရဲများကလည်း သူ့ကို ကြောက်ရွံ့ကြသည်။ အခြားလူတွေကို မဆိုထားနှင့်၊ လူသား အင်မော်တယ် ဘုန်းတော်ကြီး ယန်ယွဲ့ပင်လျှင် သူ၏ လျှို့ဝှက်တိုက်ခိုက်မှုကို အကြိမ်ပေါင်းများစွာ ခံခဲ့ရသည်။

ယခုတော့ ယောင်ယွဲ့ရူသည် သူ၏ နာမည်ဆိုးကြောင့် အမှန်ပင် ထိတ်လန့်နေလေသည်။

"ငါ့အဖိုးက ဘာလို့ ထွက်ပေါ်လာရမှာလဲ" ရွှေပင့်ကူ ကျင်းရွှမ်အာ ရယ်မောလိုက်သည်။

"ရွှေပင့်ကူဘုရင် ဖြစ်နေရင်တောင်, သူက ငါ့ကို ခြိမ်းခြောက်နိုင်မှာ မဟုတ်ဘူး။ ငါသိသလောက်ဆို, မဟာ နတ်ဆိုးအင်မော်တယ်ရှစ်ပါးထဲမှာ သူဟာ တစ်ချိန်တုန်းက ရုပ်ခန္ဓာကိုယ် ပြိုကွဲ ပျက်ဆီးခဲ့ဖူး ပြီး၊ လျှပ်စီးကပ်ဘးဒုက္ခကို မဖြတ်သန်းနိုင်ခဲ့ဖူးဘူး။ အခုလိုရာသီဥတု အခြေအနေမျိုးမှာ သူက တာအိုပညာရပ်တွေကို အသုံးပြုနိုင်ပါ့မလား။ တကယ်လို့, သူသာ တာအိုနည်းစနစ်တွေကို အသုံးမပြုနိုင်ခဲ့ရင် ကိုယ်ခံပညာသက်သက်နဲ့ တိုက်ခိုက်ရလိမ့်မယ်။ သူနဲ့တိုက်ခိုက်ဖို့ ငါ အတော် လေး စိတ်ဝင်စားတယ်။" ယောင်ယွဲ့ရူသည် ပျော့ပြောင်းလက်နက် ကျောက်စိမ်း လက်ချောင်းကို ရုတ်တရက် ပြန်ရုတ်သိမ်းပြီး၊ သူမ၏ခါးတွင် ပတ်လိုက်ပါသည်။ သူမသည် တောင်ထိပ်ပေါ်တွင် တစ်ကောင်တည်း ရပ်နေသည့် အင်မော်တယ် ကြိုးကြာငှက်ကဲ့သို့ တင့်တယ်ပြီး ကျက်သရေ ရှိလှသည်။

"ဟုတ်လား?" ဟုန်ယွိက ထပ်မံ ပြုံးပြပြန်သည်။

ယောင်ယွဲ့ရူသည် ရုတ်တရက် သူမလက်ကို ဝှေ့ယမ်းလိုက်သည်။ ရထားပေါ်တွင် ပါလာသော ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့သည် တချက်ညီးညူပြီး နိုးလာကြသည်။ သူမတို့၏ စိတ်ဝိညာဉ်အပေါ် ဖိနှိပ်မှုကို ဖယ်ရှားလိုက်ပြီ ဖြစ်ကြောင်း ထင်ရှားပါသည်။

"ဟွာနွန်ယင်, ဟွာနွန်းယွီ၊ ဒီနေ့ကစပြီး မင်းနှစ်ယောက် ယောင်ချီဂိုဏ်းရဲ့ တပည့်တွေ မဟုတ်တော့ ဘူး" ယောင်ယွဲ့ရူ၏ မျက်လုံးများက လင်းလက်သွားပြီး၊ သူမခန္ဓာကိုယ်က လျှပ်တပြက် လှုပ်ရှားသွားကာ လျင်မြန်စွာ ဆုတ်ခွာသွားခဲ့သည်။ သူမသည် အနည်းငယ် ခုန်ပြီး လယ်ကွင်းပြင်ကို ဖြတ်ကျော်ကာ ပျောက်ကွယ်သွားပါသည်။ သူမအသံက လေထုထဲမှတဆင့် ထွက်ပေါ်လာပါသည်။ "ရွှေပင့်ကူဘုရင်, ရှင် ကျွန်မကို ချောင်းမြောင်းတိုက်ခိုက်ဖို့ စောင့်နေခဲ့တယ်။ ရှင့်ရဲ့နည်းလမ်းတွေကို လေ့လာပြီး၊ ကျွန်မသိုင်းပညာ တိုးတက်အောင်လုပ်ဖို့ ရည်ရွယ်ထားတယ်….။”

“သူမ ထွက်သွားပြီ.." ဟုန်ယွိသည် ယောင်ယွဲ့ရူ လယ်ကွင်းကို ဖြတ်ကျော်ပြီး ပျောက်ကွယ်သွား သည်ကို မြင်လိုက်ရသည့်အခါ သူ့စိတ်နှလုံးက အေးချမ်းသွားပါသည်။

"ဟွာနွန်ယင်, ဟွာနွန်းယွီ….၊ မင်းတို့ အခု ဘာလုပ်မှာလဲ။ ငါ မင်းတို့ကို ကယ်ခဲ့ပြီးပြီ။ မင်းတို့ ဘယ်သွားမလဲဆိုတာ မင်းတို့အပေါ်မှာပဲ မူတည်တယ်။ မင်းတို့အပေါ်က စိတ်ဝိညာဉ်တံဆိပ်ကို ငါ ဖယ်ရှားပြီးပြီ။ အခုကစပြီး မင်းတို့က ငါ့ထိန်းချုပ်မှု အောက်မှာ မရှိတော့ဘူး။” ဟုန်ယွိသည် မိန်းကလေးနှစ်ဦးကို ကယ်ဆယ်ပြီးနောက် သူ့လက်ကို ဝှေ့ယမ်းကာ မိန်းကလေးနှစ်ယောက်၏ စိတ်ဝိညာဉ် ပတ်ပတ်လည်တွင် ရစ်ပတ်နေသော သူ့အသိစိတ် မျှင်တန်းများကို ပြန်လည် ရုပ်သိမ်း လိုက်ပါသည်။

ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့သည် တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး တခဏမျှ တုံ့ဆိုင်းသွား ကြပါသည်။ ဟွာနွန်ယင်က ပထမဆုံး စကားပြောသည်။ "အခု ကျွန်မတို့က ယောင်ချီဂိုဏ်းကနေ ထွက်လာရပြီး၊ မင်းသားဟီချင်ကိုလည်း စော်ကားမိပြီ။ ကျွန်မတို့မှာ တခြားဘယ်ကိုမှ သွားစရာ နေရာ မရှိတော့ဘူး။ ကျွန်မတို့ကို ကာကွယ်ပေးဖို့ သခင်လေးကိုပဲ အားကိုးရတော့မယ်။ ငါတို့မှာ သီးသန့် ငွေကုန်သည်တချို့နဲ့ အဆက်အသွယ်ကောင်းတွေ ရှိပါသေးတယ်။ ကျွန်မတို့က သခင်လေးရဲ့ အရေးကြီးကိစ္စတချို့ကို ကူညီပေးနိုင်ပါတယ်။ ဒီတစ်ကြိမ်မှာ သခင်လေးက ကျွန်မတို့ကို ကယ်တင်ဖို့ မိုင်ပေါင်းထောင်ချီ ခရီးနှင်ပြီး လာခဲ့ရတယ်။ သခင်လေးရဲ့ အကျင့်စရိုက်ကို ကျွန်မတို့နှစ်ယောက်စလုံး မြင်ဖူးပြီးသားပါ။ သခင်လေးက ကျွန်မတို့ညီအစ်မနှစ်ယောက် လိုက်နာ လေးစားဖို့ ထိုက်တန်သူပါ….။”

"ကောင်းပြီလေ…" ဟုန်ယွိက ခေါင်းညိတ်လိုက်သည်။ "မင်းတို့က ငါ့နောက်ကို လိုက်မယ်ဆိုမှ တော့, မင်းတို့က ငါ့ကျွန်တွေ မဟုတ်ဘူး။ ငါ့မိတ်ဆွေတွေပေါ့။ ငါ့တို့ မင်းတို့ရဲ့ အကူအညီ လိုအပ်တဲ့ ကိစ္စတစ်ခုရှိတယ်….။”

ဤမိန်းကလေးနှစ်ယောက်သည် စီးပွားရေးမှာ ကျွမ်းကျင်ကြပြီး၊ သူမတို့မှာ သတင်း အချက်အလက် များစွာ ပိုင်ဆိုင်ထားသည်။ သူမတို့တွင် လှည့်ကွက်အချို့လည်း ရှိသေးသည်။ ယခု သူမတို့က သူ့နောက်ကို လိုက်ပြီး၊ အကာအကွယ်ပေးရန် သူ့ကို တောင်းဆိုနေသောကြောင့် ဟုန်ယွိသည် သဘာဝအတိုင်း ငြင်းဆန်နေမည် မဟုတ်ပေ။

"ညီအစ်ကို ဟုန်၊ သူတို့ကို ဘယ်လိုလုပ်မလဲ။" ချီဇီယန်သည် သခင်မဝမ်၏လည်ပင်းပေါ်တွင် ငါးမန်းသတ်ဓားကို တင်ထားပြီး၊ ခြေထောက်ပြတ်နေသော အကြီးအကဲရှန်နှင့် လက်ပြတ်နေသော သခင်ဖန်းကို ညွှန်ပြသည်။

အခန်း (၁၄၇)။

"သူတို့လား….."

ဟုန်ယွိသည် လမ်းဘေးရှိ ရွှံ့ရေထဲတွင် လဲလျောင်းနေသော သခင်းဖန်းနှင့် အကြီးအကဲရှန်တို့ကို တစ်ချက်ကြည့်လိုက်သည်။ တစ်ယောက်က လက်တစ်ဖက် ပြတ်နေပြီး၊ ကျန်တစ်ဦးမှာ ခြေသလုံး ကျိုးသွားသော်လည်း သတိလစ်မသွားခဲ့ပေ။ ယင်းအစား သူတို့သည် ရွှံ့ထဲတွင်ထိုင်ကာ ဟုန်ယွိကို ဒေါသတကြီး စိုက်ကြည့်နေကြသည်။ သူတို့မျက်လုံးထဲမှ အမျက်ဒေါသက သစ်ပင်များကို လောင်ကျွမ်းစေလောက်အောင် ပြင်းထန်ပါသည်။

ကျထွက်ပြေးနေသည့် ကျန်စစ်သည်များကိုတော့ ရွှေပင့်ကူ၏ပိုးဖြင့် ဖမ်းဆီးထားပါသည်။ ပိုးမျှင်များ သည် ၎င်းတို့၏ခန္ဓာကိုယ်များကို ရစ်ပတ်ထားသည်။ စုစုပေါင်း စစ်သည် ၂၀ မှ ၃၀ ခန့်သည် လယ်ကွင်းထဲတွင် ချည်နှောင်ခံထားရပြီး၊ လှုပ်ရှားမရ ဖြစ်နေသည်။ တစ်ယောက်မှ လွတ်မြောက်နိုင် ခြင်း မရှိခဲ့ပေ။

ရွှေပင့်ကူနတ်ဆိုး ကျင်းရွှမ်အာ၏ပင့်ကူပိုးမျှင်များသည် အလွန်စေးကပ်ပြီး သန်မာသည်။ ဓား, ဆေဘာများဖြင့်တောင် ဖြတ်တောက်၍မရပေ။ ဤစစ်သည်များကို မဆိုထားနှင့်။ သိုင်းသခင်တစ်ဦး ပင်လျှင် ရစ်ပတ်ခံရပါက သေဆုံးရန်သာ စောင့်ဆိုင်းနေရလိမ့်မည်။

ကံကောင်းစွာပင်, ကျင်းရွှမ်အာက သူတို့ကို မကိုက်ခဲ့ပေ။ မဟုတ်ပါက သူတို့အားလုံး အဆိပ်သင့်ပြီး သေသွားကြလိမ့်မည်။

"ရှင်က ယွန်မင်ကလူပဲ မဟုတ်လား။ ရှင်က ကောင်းကင်မြွေမြှား ကိုးစင်းကို နှစ်ကြိမ်ဆက်တိုက် အသုံးပြုနိုင်ပေမယ့် မဟာဆရာသခင်အဆင့်မှာ ရှိမနေဘူး။ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ ကျွန်မ ဝမ်ဖေးရန်က နှစ်ပေါင်းများစွာ သိုင်းပညာကို လေ့ကျင့်ခဲ့ပေမယ့် ဒီလိုအခြေအနေမျိုး တစ်ခါမှ မတွေ့ဖူးဘူး။ ရှင်က နဂါးကြေးခွံ ရွှေကိုယ်ထည်ကို မကျွမ်းကျင်သေးဘူး။ တစ်ယောက်ချင်း ရင်ဆိုင် တိုက်ခိုက်ရင်၊ ရှင်က ကျွန်မပြိုင်ဘက် မဖြစ်နိုင်ဘူး။”

ချီဇီယန်၏ဓားဖြင့် လည်ပင်းမှာ ထောက်ထားခံရသူ သခင်မဝမ်က ရုတ်တရက် ပြောလိုက်ပါသည်။

“အနိုင်ရသူက ဘုရင်ပဲ။ အရှုံးသမားကတော့ ဓားပြပဲ။ မင်း အခုဒီလို စကားတွေပြောနေတာ မင်းကို ရယ်စရာ ဖြစ်စေရုံပဲ အဖတ်တင်လိမ့်မယ်။” ချီဇီယန်သည် ဝမ်ဖေးရန်ကိုကြည့်ကာ ငါးမန်းသတ်ဓား ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ ဝမ်ဖေးရန်၏ ဖြူဖွေးသော လည်ပင်းတွင် သွေးအနည်းငယ် စွန်းထင်းနေခဲ့သည်။ ငါးမန်းသတ်ဓားမှ သွေးတစ်စက် စီးဆင်းသွားသည်။ "မင်းရဲ့ ပျော့ပြောင်းတဲ့ ကြာပွတ်နည်းပညာဟာ ကျင်ကျိုးပြည်နယ်က မှတ်စုသုံးခုဂိုဏ်းက ဖြစ်နိုင်တယ်။ ငါမမှားရင်၊ မင်းနဲ့ မှတ်စုသုံးခုဂိုဏ်းရဲ့ ခေါင်းဆောင် ဝမ်ဆုန်းနဲ့ ဘယ်လိုဆက်နွယ်နေလဲ"

"မျက်စိအမြင် ကောင်းတယ်။" ဝမ်ဖေးရန်က ချီးကျူးလိုက်သော်လည်း ချီဇီယန်ကို အကြောင်း မပြန်ပါဘူး။

"မင်းတို့ရဲ့နာမည်ဂုဏ်သတင်းကို ငါကြားဖူးတယ်။ မင်းတို့အားလုံးက မင်းသားဟီချင်ရဲ့ စံအိမ်က ကျော်ကြားတဲ့ ကျွမ်းကျင်သူတွေပဲ။ ဒါပေမယ့် ဒီနေ့ မင်းတို့အားလုံး အသက်ရှင်ချင်ရင်တော့ ငါတို့ သခင်လေးကိုပဲ အားကိုးရမယ်။” လီလဲ့က ရှေ့ကို တစ်လှမ်းတိုးပြီး ဝမ်၊ ဖန်နှင့် ရှန်တို့ကို ကြည့်လိုက် ပါသည်။

"ခင်ဗျားက ဒေါသထန်ပြင်း မဟာအုပ်ထိန်းသူ လီလဲ့ဖြစ်မယ်ထင်တယ်။ ခင်ဗျားက ဝေမိသားစုကို အနှစ်သုံးဆယ်ကြာ သစ္စာစောင့်သိခဲ့ပေမယ့် နောက်ဆုံးမှာတော့ ကိုယ့်သခင်ကို သစ္စာဖောက်ပြီး တခြားတစ်ယောက်ကို ဖက်တွယ်ခဲ့တယ်။ ခင်ဗျားက လူကောင်းတစ်ယောက် ဟုတ်ပုံမပေါ်ဘူး။" သခင်ဖန်း ဟစ်အော်လိုက်သည်။ သူ့မျက်နှာက ဖြူဖျော့နေသည်။ သွေးများစွာ ဆုံးရှုံးထားသည်မှာ ထင်ရှားသည်။ ရှန်တန်သိုင်းသခင် ကျွမ်းကျင်သူပင်လျှင် လက်တစ်ဖက်ဆုံးရှုံးပြီး ဤမျှထိခိုက်မှုဒဏ် ကို ခံနိုင်ရည်မရှိခဲ့ပေ။

“မင်း….."

လီလဲ့၏ မျက်လုံးများက အေးစက်သွားသည်။ သူ့လက်ထဲက ဆေဘာက သွေးဆာနေသည့်အလား ရှည်လျားသည့် ရှီး….ဟူသော အသံတစ်ချက် ထွက်ပေါ်လာပါသည်။

"ဟင်…..." ဟုန်ယွိသည် လီလဲ့၏ သတ်ဖြတ်လိုစိတ် အုံကြွလာသည်ကို သိလိုက်သည်။ သူက လက်ကို မြှောက်ပြီး၊ ဖြိုခွဲခြင်းဆေဘာကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်သည်။ သူက ရွှံ့လမ်းပေါ်မှာ နှစ်လှမ်းလှမ်းလိုက်ပြီး ပြောလိုက်ပါသည် "သခင်ကို သစ္စာဖောက်တာက သခင်အပေါ်မှာ မူတည်ပါ တယ်။ ဝေတိုင်ကန်ဟာ ဧကရာဇ်တပ်ဖွဲ့က ဟွန်လျှံဂိုဏ်းကို ဖျက်ဆီးလိုက်တဲ့ အခွင့်အရေးကို အသုံးချပြီး၊ လီလဲ့အား ကျွန်အဖြစ် အတင်းအကြပ် သွက်သွင်းခဲ့တယ်။ သူဟာ ၃၀ နှစ်ကြာ အမူထမ်း ခဲ့ပေမယ့် ဘာဆုလာဘ်မှ မရခဲ့သလို၊ ဘာကျေးဇူးမှလည်း တင်မခံခဲ့ရဘူး။ ဒိလိုလူမျိုးကို သခင်လို့ မခေါ်သင့်ဘူး။ ခင်ဗျား ယပ်တောင် ဝှေ့ယမ်းတဲ့ပုံစံကို ကြည့်ရသလောက်ဆို, ခင်ဗျားလည်း ပညာရှင် တစ်ယောက်ဖြစ်မယ်။ ‘တကယ်လို့, အုပ်ချုပ်သူက သူ့လက်အောက်ခံတွေကို သူ့လက်သူ့ခြေလို ဆက်ဆံရင်၊ လက်အောက်ခံတွေကလည်း အုပ်ချုပ်သူကို ရင်းနှီးသူတစ်ယောက် ဆက်ဆံမယ်။ တကယ်လို့, အုပ်ချုပ်သူက သူ့လက်အောက်ခံတွေကို ခွေးလိုမြင်းလို ဆက်ဆံရင်၊ သူ့လက်အောက်ခံ တွေကလည်း အုပ်ချုပ်သူကို နိုင်ငံသားတစ်ယောက်လို ဆက်ဆံမယ်။ တကယ်လို့, အုပ်ချုပ်သူက သူ့လက်အောက်ခံတွေကို ဖုန်အမှုန့်လို ဆက်ဆံရင်၊ သူ့လက်အောက်ခံတွေကလည်း အုပ်ချုပ်သူကို ဓားပြတစ်ယောက်လို ဆက်ဆံမယ်’ ဆိုတဲ့ စကားကို ခင်ဗျား မသိဘူးလား။ တကယ်လို့, လူတွေက ကျုပ်ကို အာဇာနည်သူရဲကောင်းအဖြစ် သတ်မှတ်ရင်, ကျုပ်ကလည်း သူတို့ကို အာဇာနည် တစ်ယောက်အဖြစ်နဲ့ ပြန်ပေးဆပ်မယ်။ ဒါ့အပြင်၊ ဝေတိုင်ကန်ဟာ နန်ကျိုးပြည်နယ်ရဲ့ ဘုရင်ခံ အဖြစ်နဲ့ သေမင်းတဖန် စစ်သည်တွေကို ပြုစုပျိုးထောင်ထားပြီး၊ ကျန်းနန်မင်းသားအဖြစ် လူသိများခဲ့ တယ်။ ဒီလိုလူမျိုးကို မကောင်းဆိုးဝါးအိုကြီးလို့ပဲ ခေါ်နိုင်မယ်။ လီလဲ့က သူ့အတွက် ဘာလို့ အသက် စွန့်ပြီး ဆောင်ရွက်ရမှာလဲ?”

"သခင်လေးပြောတာ လုံးဝ မှန်ပါတယ်။" လီလဲ့က အေးစက်စွာ အော်ပြောလိုက်သည်။ ဟုန်ယွိ၏ စကားများသည် သူ့နှလုံးသားထဲသို့ ထိုးဖောက် ဝင်ရောက်သွားခဲ့ပြီး၊ သူ၏ သစ္စာစောင့်သိမှုက နောက်ထပ် တစ်ဆင့် မြင့်တက်သွားသည်ဟု ခံစားရပါသည်။

"မင်းတို့ ငါတို့ကို လမ်းခုလတ်မှာ ကြားဖြတ်တိုက်ခိုက်ကတည်းက မင်းတို့က လူကောင်းဟုတ်ပုံ မပေါ်ဘူး" ဝမ်ဖေးရန်က အေးစက်စွာ ပြောလိုက်သည်။

"အကြောင်းပြချက် နှစ်ခုကြောင့် ငါတို့က မင်းတို့ကို လမ်းခုတ်လတ်မှာ ကြားဖြတ် တိုက်ခိုက်ခဲ့တာ ပဲ။ ပထမအချက်က မိတ်ဆွေသူငယ်ချင်းအတွက်ကြောင့်ပဲ။ ဒုတိယအချက် အနေနဲ့ကတော့ တပ်မှူး တစ်ယောင်အနေနဲ့ ငါ့မှာ စုံစမ်းပိုင်ခွင့် ရှိတယ်။ ဒါ့အပြင်, မင်းတို့က ဥပဒေကို ချိုးဖောက်နေတယ်။ ဟွာနွန်ယင်နဲ့ ဟွာနွန်းယွီတို့ဟာ တော်ဝင်ချန်ရဲ့ ဘယ်ဥပဒေတွေကို ချိုးဖောက်ခဲ့လို့လဲ။ မင်းတို့ ကောင်တွေက မကောင်းဆိုးဝါးကောင်ရဲ့ ကြံရာပါတွေ ဖြစ်ပြီး၊ သူမတို့ကို ဖမ်းဆီးကာ၊ ကျောက်စိမ်း မြို့တော်ကို ပို့ဆောင်နေကြတယ် မဟုတ်လား။ မင်းတို့က တော်ဝင်ချန်ရဲ့ ဥပဒေကို ချိုးဖောက်ပြီးပြီ။ ဒါက တရားမျှတမှုကို အလွဲသုံးစား လုပ်တယ်ဆိုတာရော မင်းတို့ သိကြလား။ စိတ်ခံစားမှုအရ ဖြစ်‌စေ, တခြားအကြောင်းပြချက်အရ ဖြစ်စေ, မင်းတို့ ဖမ်းဆီးခံရရင် ခေါင်းဖြတ် သတ်ခံရမယ့် အခြေအနေကနေ မလွတ်မြောက်နိုင်ဘူး။” ဟုန်ယွိ၏ စူးရှရှအသံင ထွက်ပေါ်လာသည်။ “အခု မင်းတို့ ငါ့နဲ့ အကြောင်းပြချက်တွေ ဆွေးနွေးဖို့ အချိန်စောလွန်းနေသေးတယ်။”

"မင်း….." ဝမ်ဖေးရန်၏ မျက်နှာက နီရဲလာသည်။ သူမဘာပြောရမှန်း မသိတော့သလို ခံစားရသည်။

"မင်းတို့က မင်းသားဟီချင်ရဲ့ လက်အောက်ငယ်သားတွေပဲ၊ မင်းတို့က သူ့အတွက် အလုပ်လုပ်ခဲ့ကြ ပေမယ့် သူက မင်းတို့ကို ကျေးဇူးတရားတစ်စုံတစ်ရာ ပေးခဲ့ဖူးလား။ မင်းသားတစ်ပါး အနေဖြင့် မင်းသားဟီချင်က ရာထူးမြင့်မားပြီး အာဏာရှိတယ်။ သူက နိုင်ငံတော်ဘဏ္ဍာကိုလည်း ထိန်းချုပ် ထားတယ်။ ဒိုင်ဇင်ဘုရားကျောင်း ဖျက်ဆီးခံရချိန်မှာ, လျှို့ဝှက်ကျမ်းစာအုပ် များစွာက ဧကရာဇ်ရဲ့ သိမ်းဆည်းမှုထဲ စီးဝင်သွားခဲ့တယ်။ အဲဒီထဲမှာ ခြင်ဆီကျင့်စဉ်နည်းလမ်းရဲ့ လျှို့ဝှက်ပညာရပ်တွေ လည်း ပါဝင်နိုင်တယ်။ ငါသိသလောက်ဆို မင်းသား ဟီချင်မှာ နတ်ဘုရင်ရှစ်ပါးကျမ်းဆိုတာ ရှိတယ်။ သူက မင်းတို့ကို အဲဒီကျမ်းကို သင်ပေးခဲ့ဖူးလား။ ငါ့အထင် မပေးခဲ့ပါဘူး။ မဟုတ်ရင်, မင်းတို့ အားလုံး ရှန်တန်သိုင်းသခင်အဆင့်ကို ဖြတ်ကျော်ပြီး မဟာဆရာသခင်တွေ သေချာပေါက် ဖြစ်နေ လောက်ပြီ။ လီလဲ့က ငါနဲ့အတူ ပူးပေါင်းခဲ့တယ်။ ငါက သူ့ကို ဆိုးဆိုးဝါးဝါး မဆက်ဆံခဲ့ဘူး။ သူရဲ့ သွေးချီကို ခိုင်မာစေဖို့အတွက် ယွမ်ယန်ကောင်းကင်ပုလဲကိုတောင် ငါ အသုံးပြုခဲ့တယ်။ နောင်ပိုင်း မှာ, နဂါး-ဆင်တံဆိပ်ကို ငါ သူ့ကို သင်ပေးဦးမှာ။ ငါက သူ့ကို အမျိုးသားသူရဲကောင်း တစ်ယောက် အနေနဲ့ ဆက်ဆံတယ်။ သူက ငါ့အတွက် ဘာလို့ အလုပ်မလုပ်ပေးရမှာလဲ။"

ဟုန်ယွိသည် အေးစက်စွာ ပြုံးလိုက်ပြီး၊ အခြေအနေကို ပြေလျော့စေရန် စကားလုံး တသီတတန်း ကြီး ပြောပစ်လိုက်သည်။

"ယွမ်ယန်ကောင်းကင်ပုလဲ၊ နဂါး-ဆင်တံဆိပ်…." ဝမ်ဖေးရန်, သခင်ဖန်းနှင့် အကြီးအကဲရှန်တို့ တညီတညွတ်တည်း အော်ပြောကြသည်။

"မှန်တယ်။ ငါက သံသယရှိတဲ့ လူတွေကို မသုံးဘူး။ ငါသုံးတဲ့လူကိုလည်း သံသယ မဝင်ဘူး။ ငါက လူတွေကို အမြဲတမ်း စိတ်ရင်းမှန်နဲ့ ဆက်ဆံတယ်။ မင်းတို့ကိုလည်း မင်းတို့ရဲ့ သခင်ကို သစ္စာဖောက် ခိုင်းပြီး ငါ့ထံလာပူးပေါင်းတာမျိုး ငါ မလိုချင်ဘူး။ မင်းတို့ကို သတ်ဖြတ်တာမျိုးလည်း ငါ မလုပ်ချင် ဘူး။ မိုးကောင်းကင်က ကြင်နာတယ်။ ဒါပေမယ့် မင်းတို့တွေ ခေါင်းမာနေမယ်ဆိုရင်တော့၊ ဖြိုခွဲခြင်းဆေဘာကို မင်းတို့သွေးနဲ့ ယဇ်ပူဇော်ဖို့လည်း ငါ တွန့်ဆုတ်နေမှာ မဟုတ်ဘူး….။”

ဟုန်ယွိ၏ စကားများသည် အလွန်ရှင်းလင်းပါသည်။ သူသည် မည်သူကိုမျှ သတ်ဖြတ်လိုခြင်း မရှိပေ။ သို့သော် ဤသုံးဦးကို လွှတ်ပေး၍လည်း မရနိုင်ပေ။ သူသည် ၎င်းတို့ကို အခွင့်အရေးတစ်ခု ပေးနေခြင်း ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် မင်းသားဟီချင်အပေါ် သစ္စာစောင့်သိရန် ဆက်လက်ခေါင်းမာနေပါက၊ သူသည် ၎င်းတို့ကို သတ်ဖြတ်ရမည် ဖြစ်သည်။

တကယ်တော့ ဟုန်ယွိသည် ၎င်းတို့ကို သူ့အတွက် အလုပ်လုပ်ပေးစေလိုခြင်းမျိုး မရှိပေ။ သူသည် သူတို့ကို မသတ်ဖြတ်လို၍သာ ဖြစ်သည်။ သို့သော် သူသည် ယခုအခြေအနေရ သူတို့ကို သတ်ပစ်ရ မည်။ အကယ်၍ သူသည် သူတို့ကို ပြန်လွှတ်ပေးပြီး၊ သူတို့သာ မင်းသား ဟီချင်ကို သတင်းပို့ပါက ချက်ချင်း တိုက်ခိုက်ခံရမည် ဖြစ်သည်။ လွတ်မြောက်သွားခသည့် ယောင်ယွဲ့ရူနှင့် ပတ်သက်၍မူ သူ ဘာမှ မတနိုင်ခဲ့ပါဘူး။ သို့သော်၊ ယောင်ယွဲ့ရူသည် မင်းသားဟီချင်ထံသို့ ဟွာနွန်ယင်နှင့် ဟွာနွန်းယွီ တို့ကို ခေါ်ဆောင်မသွားစေလိုကြောင်း ဟုန်ယွိသည် မြင်နိုင်ပါသည်။

"ကောင်းပြီ…၊ ငါပြောစရာရှိတာ ပြောပြီးပြီ။ မင်းတို့ကို အမွှေးတိုင်တစ်ချောင်း ထွန်းညှိချိန်အတွင်း စဉ်းစားချိန် ပေးမယ်။” ဟုန်ယွိက သူ့လက်ဖက်နှစ်ကို နောက်ကျောပစ်ရင်း ရှေ့နှစ်လှမ်း တိုးလိုက် ပါသည်။

"ကောင်းပြီ၊ မင်းအကူအညီနဲ့ မင်းသားယုက အတောင်ပံတပ်ထားတဲ့ ကျားတစ်ကောင်လို ဖြစ်လာ လိမ့်မယ်…." ထိုအမျိုးသမီး ဝမ်ဖေးရန်က အရိုးသားဆုံးပါပဲ။ အတော်လေး ရိုးသားသည်။ ခဏတဖြုတ် စဉ်းစားပြီးနောက်၊ သူမက ရုတ်တရက် ခေါင်းညိတ်လိုက်သည်။ အကြီးအကဲရှန်လည်း ခေါင်းညိတ်သည်။ ဟုန်ယွိ လက်ဖြတ်ခံထားရသော သခင်ဖန်းတစ်ယောက်သာလျှင် ဆုံးဖြတ်ရန် ခက်ခဲနေသည်။

"သခင်ဖန်း၊ ခင်ဗျား ဆန္ဒမရှိဘူးလား" ဟုန်ယွိက မေးသည်။

"ဟမ်…..၊ မင်းရဲ့စကားတွေက ဘယ်လောက်ပဲ ပန်းလိုသင်းနေပါစေ, ငါ့ကို ဆွဲဆောင်နိုင်မယ်လို့ ထင်နေလား?” သခင်ဖန်းက တစ်ခုခုကို တွေးနေသလိုမျိုး သူ့မျက်လုံးတွေကို လှိမ့်လိုက်ပါသည်။

"ဒါဆိုရင်လည်း တခြားနည်းလမ်း မရှိတော့ဘူးပေါ့။ ဇီယန်…., မင်းသားဟီချင်အပေါ် သစ္စာစောင့်သိ ကြောင်း ပြသဖို့ သခင်ဖန်းကို ပို့ပေးလိုက်ပါ။" ဟုန်ယွိက ခေါင်းကို လှည့်လိုက်သည်။

"ခဏ…." သခင်ဖန်းက ရုတ်တရက် သူ့လက်ကို မြှောက်ပြီး အော်ပြောလိုက်ပါသည်။ သို့သော် နောက်ကျသွားခဲ့ပြီ။ လေးကြိုးက ထပ်ခါထပ်ခါ လှုပ်ခတ်နေလေပြီ။

ဟုန်ယွိ စကားပြောပြီးသည်နှင့် ချီဇီယန်၏မြှားဖြင့် ထိုးဖောက်ခံလိုက်ရပြီ။ ထို့နောက် မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူသည် လက်တစ်ဖက် ဖြတ်တောက်ခံရပြီး၊ သွေးများစွာ ဆုံးရှုံးထားသည်။ မိုးရေထဲတွင် ဤမျှ ကြာရှည်စွာ ရပ်တည်နေရပြီးနောက်၊ ရှန်တန်ကျွမ်းကျင်ပညာရှင် တစ်ဦးပင်လျှင် သူ့ခွန်အားတွေ ဆုံးရှုံးသွားပါလိမ့်မည်။ ချီဇီယန်၏မြှားကို ရှောင်တိမ်ဖို့ မည်သည့်နည်းနှင့်မျှ မဖြစ်နိုင် တော့ပေ။

“အခွင့်အရေးဆိုတာ တစ်ကြိမ်ပဲရှိတယ်၊ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားနိုင်တယ်။ မင်းတို့ ဆုပ်ကိုင် မထားနိုင်ရင်၊ ဒုတိယအကြိမ်ဆိုတာ မရှိတော့ဘူး။” သခင်ဖန်းကို မြှားဖြင့် ပစ်သတ်ပြီးနောက် ချီဇီယန်က အေးစက်စွာ ရယ်မောလိုက်ပါသည်။

“မင်းတို့နှစ်ယောက်က ငါ့ထံ ယာယီ သစ္စာခံပြီးပြီ။ ဒါပေမယ့် အချိန်အနည်းငယ်လိုသေးတယ်။ မင်းတို့ရဲ့ စိတ်ကို ဖွင့်လှစ်ထားပြီး၊ ငါ့ရဲ့အတွေးတွေနဲ့ စည်းတံဆိပ်ခတ်ခွင့် ပြုပါ။” ဟုန်ယွိက ပြောသည်။

"မင်း… မင်းက တာအိုနည်းပညာ ကျွမ်းကျင်သူလား…." ဝမ်ဖေးရန်က အော်ပြောသည်။

“မှန်တယ်။ ဒီနေ့ မိုးသက်မုန်တိုင်းသာ မရှိခဲ့ရင်၊ မင်းတို့မှာ တန်ပြန်တိုက်ခိုက်ဖို့ အခွင့်အရေးရှိမယ်လို့ ထင်နေလား…။ အထွဋ်ထိပ်ကောင်းကင်နယ်မြေရဲ့ ကျောက်ဖေးရုန်က မင်းတို့ထက် ဆယ်ဆ ပိုသန်မာခဲ့တယ် မဟုတ်ဘူးလား။ သူမတောင် ငါ့လက်ချက်နဲ့ သေဆုံးခဲ့ပြီး၊ ယင်ယန်မက်မွန် နတ်ဘုရားဓားကိုလည်း ငါ သိမ်းယူခဲ့တယ်။ မင်းတို့နှစ်ယောက်က ဘာထူးခြားနေလို့လဲ….” ဟုန်ယွိက ပြောသည်။ လျှပ်စီးဖမ်းမြင်းက ချက်ချင်း ကဆုန်ပေါက် ပြေးလာသည်။ သူသည် ချက်ချင်း ဆိုသလိုပင် ခုန်ပျံလိုက်ပါသည်။ ဓားအိတ်ထဲမှ အစိမ်းပုပ်ရောင် နက်မှောင်သော ယင်ယန်မက်မွန် နတ်ဘုရားဓားကို ထုတ်ကာ ဝှေ့ယမ်းလိုက်သည်။

"တကယ်ကို ယင်ယန်မက်မွန်နတ်ဘုရားဓားပဲ။ လွန်ခဲ့တဲ့ အနှစ်လေးဆယ်လောက်က ငါ့ဆရာနဲ့ အတူ လျှိုထျန်းယွဲ့က ဒီဓားကို တစ်ကြိမ်အသုံးပြုတာကို မြင်ဖူးတယ်။” အဘိုးကြီးရှန်၏မျက်လုံးများ ပြူးကျယ်သွားသည်။ “မင်းက ဒီလောက်ထူးချွန်တဲ့ တာအိုပညာရှင်တစ်ဦး ဖြစ်နေမှတော့, ငါတို့ကို သတ်ဖြတ်ဖို့ဆိုတာ မင်းရဲ့လက်ဖဝါးကို မှောက်လှန်လိုက်သလိုပါပဲ။ မင်းလက်ချက်နဲ့ ငါတို့ ရှုံးနိမ့်သွားတာက မတရားမှု မဟုတ်ပါဘူး….."

ကျောက်ဖေးရုန်ကို သတ်ပြီး ယင်ယန်မက်မွန်နတ်ဘုရားဓားကို လုယူနိုင်သည့် ကျွမ်းကျင်ပညာရှင် တစ်ယောက်သည် အနည်းဆုံး တစ္ဆေအင်မော်တယ်အဆင့်ရှိသူ ဖြစ်ရမည်။ ဟုန်ယွိသည် တစ္ဆေအင်မော်တယ်အဆင့် ရှိသူဖြစ်ကြောင်း အကြီးအကဲရှန် မယုံသော်လည်း၊ အချက်အလက်များ က သူ့ကို ယုံကြည်ရန် ဖိအားပေးနေပါသည်။

သိုင်းသူတော်စင် သာမဟုတ်ပါက၊ မဟာဆရာသခင် ဆယ်ပါးပင်လျှင် တစ္ဆေအင်မော်တယ်နှင့် ယှဉ်နိုင်မည် မဟုတ်ပေ။

ဟုန်ယွိက သူတို့၏ စိတ်နှလုံးကို ဖွင့်လှစ်စေပြီး သူ၏ နတ်ဘုရား စိတ်ဝိညာဉ်အမျှင်တန်းကို သူတို့၏ စိတ်တွေထဲ ရစ်ပတ်ခွင့် ပြုလိုက်သည့်အခါ၊ အရာအားလုံးက ပြီးစီးသွားပါသည်။ ယခု သူ့တွင် စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို ပေါင်းစပ်ထားသည့် ထိပ်တန်း ရှင်တန်သိုင်းသခင်ပညာရှင် နှစ်ဦး ထပ်မံ ရရှိလာခဲ့ပြန်သည်။

"ခါးကုန်းသူတော်စင်" လီလဲ့က ဟက်ဟက်ပက်ပက် ရယ်မောရင်း ပြောသည်။ "မင်းရဲ့ လှိမ့်ဆင်း နေတဲ့ ကျောက်တုံးပညာရပ်က ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်ရှိနေပြီး၊ နှစ်ပေါင်းများစွာ လျှောက်သွားနေခဲ့တယ်။ ဒီနေ့ ငါတို့ ပြန်ဆုံတွေ့မယ်လို့ ဘယ်သူ ထင်မှာလဲ။ မင်းရဲ့ ခြေသလုံး အရိုးတွေ ကျိုးသွားတယ် ဆိုပေမယ့် ငါတို့သခင်လေးမှာ ယွန်ယင်ကောင်းကင်ပုလဲနဲ့ ဒိုင်ဇင် ဘုရားကျောင်းက နတ်ဆေးမျိုးစုံ ရှိပါတယ်။ မင်းလည်း အရင်ထက် ပိုသန်မာပြီး အနှစ် ၂၀ လောက် ပိုငယ်သွားမယ်လို့ ငါ အာမခံတယ်။"

အကြီးအကဲရှန်မှာ ခါးကုန်းသူတော်စင်ဟူသော နာမည်ပြောင်ရှိပြီး၊ သူ၏မျိုးရိုးအမည်မှာ ရှန် ဖြစ်ကာ၊ သူနာမည်က ချီယူ ဖြစ်သည်။

"ဖေးရန်၊ ငါတို့ဟာ ငါတို့အသက်ကနေ လွတ်မြောက်နိုင်ပေမယ့် သခင်ကျိုးက ငါတို့ကို အလွတ်ပေး မယ်လို့ မထင်ဘူး”… ခါးကုန်းသူတော်စင်သည် အနည်းငယ်မျှပင် စိတ်လှုပ်ရှားပုံ မပေါ်ပါချေ။

"မင်းသား ဟီချင်ရဲ့စံအိမ်က မင်းတို့ကို အန္တရာယ်ပြုဖို့ ကြိုးစားမှာကို စိုးရိမ်နေတာလား။ မင်းသား ဟီချင်ရဲ့ စံအိမ်မှာ ကျိုး, ဝမ်, ဖန်းနှင့် ရှန်ဆိုပြီး ကျွမ်းကျင်သူ လေးဦးရှိကြောင်း ငါသိထားတယ်။ ဒီသခင်ကျိုးက ပထမလား။ အဲဒီတော့ ဘာဖြစ်လဲ။ ငါတို့က သူ့ကို မကိုင်တွယ်နိုင်ဘူးလား။" လီလဲ့က ဂရုမစိုက်သလို ပြောသည်။"

“သခင်ကျိုးက ငါတို့ထက် ဆယ်ဆပိုသန်မာတယ်။ ဒါ့အပြင်၊ မင်းသားဟီချင်ရဲ့စံအိမ်က ပုန်းနေတဲ့ နဂါး ကျားဝပ်နေတဲ့ ကျားတွေနဲ့ ပြည့်နေတယ်။ ငါတို့က အတော်ဆုံးပုဂ္ဂိုလ်တွေ ဖြစ်ကောင်း ဖြစ်နိုင် ပေမယ့် သူ့ဝှက်ဖဲ မဟုတ်ဘူး။ သခင်ကျိုးက သိုင်းလမ်းစဉ်နဲ့ တာအိုလမ်းစဉ်ကိုပါ ကျင့်ကြံထား တယ်။ ကျောက်စိမ်းမြို့တော်မှာ သခင်သုံးပါးရှိတယ်။ မြို့စားဝူဝမ်စံအိမ်က သခင်ဝူ, မင်းသား ဟီချင် စံအိမ်က သခင်ကျိုး, အိမ်ရှေ့စံမင်းသား ဘေးမှာရှိတဲ့ သခင်လန်တို့ပဲ။ သူတို့အားလုံးဟာ အလွန် လျှို့ဝှက်ဆန်းကြယ်ပြီး သာမန်ထက် ထူးခြားသူတွေပဲ" ခါးကုန်းသူတော်စင်က ပြောကြားသည်။

"ဒါပေမယ့် သခင်လေးဟုန်ရဲ့ တာအိုမှော်ပညာက ကျောက်ဖေးရုန်ကို သတ်နိုင်လောက်အောင် လျှို့ဝှက်ဆန်းကြယ်တယ်။ သခင်ကျိုး ဒီမှာရှိနေရင်တောင် သူ ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။" ဝမ်ဖေးရန်က ဟုန်ယွိကို ကြည့်သည်။

ဟုန်ယွိက မည်သည့်စကားမှ မပြောသလို မျက်နှာအမူအရာလည်း မပြပေ။

“ဒီစစ်သည်တွေကို ငါတို့ ဘယ်လိုလုပ်မလဲ?” နတ်ဆိုးရွှေပင့်ကူက ကွင်းပြင်ထဲမှ ခုန်ထွက်လာပြီး ပြောလိုက်သည်။ "အားယို… ငါ သူတို့ကို တစ်ယောက်ပြီး တစ်ယောက် ကိုက်သတ်လိုက်ရမလား။"

“မလိုဘူး၊ သူတို့အားလုံးက စစ်သည်တွေပဲ။ အပြစ်မဲ့သူတွေကို သတ်တာ မကောင်းပါဘူး။ ဒီနှစ်ယောက်မှာ သေချာပေါက် နည်းလမ်းရှိမှာပါ" ဟု ဟုန်ယွိက ပြောသည်။

ဝမ်ဖေးရန်က ရှေ့ထွက်လာပြီး ပြောသည် “သူတို့က ဒီတစ်ကြိမ် တာဝန်မကျေဘဲ အမှားလုပ်ခဲ့ပြီးပြီ။ မင်းသားစံအိမ်ကို ပြန်သွားရင်တောင်, သူတို့အတွက် ကောင်းကျိုး မဖြစ်နိုင်ဘူး။ ငါ သူတို့ကို တောင်ပိုင်းဒေသကို လမ်းကြောင်းပြောင်း သွားခိုင်းပြီး၊ သူတို့နာမည်တွေကို ပြောင်းကာ ပုန်းရှောင်ခိုင်းလိုက်မယ်။ သူတို့က နောက်ပိုင်း အသုံးဝင်နိုင်တယ်….။”

"အားလုံး မြင်းပေါ်တက်တော့။ တောင်ပိုင်းဒေသ ကျင်းဟိုင်ပြည်နယ်ကို ပြန်ကြရအောင်…။"

ဟုန်ယွိသည် လျှပ်စီးဖမ်းမြင်းပေါ်သို့ ခုန်တက်လိုက်ပါသည်။

အခန်း (၁၄၈)။

ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့ ညီအစ်မနှစ်ဦးကို ကယ်တင်ရန်အတွက် လမ်းခုလတ်တွင် ကြားဖြတ် တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားပြီးနောက်၊ ဟုန်ယွိသည် အဓိကလမ်းမကြီးကို ရှောင်ကွင်းပြီး၊ လမ်းကြောင်းလေးတစ်ခုမှတစ်ဆင့် နှစ်ရက်ကြာ ဖြတ်သန်းခဲ့ပြီးနောက် ကျင်းဟိုင်တပ်စခန်းသို့ ပြန်ရောက်လာခဲ့သည်။ (ကျင်းဟိုင်တပ်စခန်းဟူသည် ပစိတ်ဖိတ်ရေတပ်စခန်းနှင့် အတူတူပင်)။

ဤကယ်ဆယ်ရေးမစ်ရှင်အတွင်း ယောင်ချီဂိုဏ်းနှင့် မင်းသားဟီချင်တို့ကို လုံးဝ ရန်ပြုမိခဲ့သော် လည်း သူရရှိခဲ့သည့် အကျိုးအမြတ်များကလည်း မနည်းလှပေ။

မူလက ဟုန်ယွိသည် ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့ကို ကယ်တင်ခြင်းနှင့် ပတ်သက်၍၊ သူ့စိတ် အေးချမ်းရုံသာ ရည်ရွယ်ခဲ့ပြီး၊ အခြားရည်ရွယ်ချက် မရှိပေ။ သို့သော် သူမတို့ကို ကယ်တင်ပြီးနောက် ထိုအမျိုးသမီးနှစ်ဦးသည် သူ့ထံ သစ္စာခံလာသောအခါ၊ သူ၏အင်အားသည် သတိမထားမိဘဲ တိုးပွား လာခဲ့သည်ကို သူ သိရှိလိုက်သည်။

ဤအမျိုးသမီးနှစ်ဦးသည် မူလက ယောင်ချီဂိုဏ်း၏ လပန်းခန်းမ၏ ခန်းမသခင်မများ ဖြစ်ကြပြီး၊ သူမတို့သည် ယင်ကျိုးပြည်နယ်၏ သူဌေးကြီးများ၏ သမီးများ ဖြစ်ကြသည်။ သူမတို့ လက်ထဲတွင် စီးပွားရေး လုပ်ငန်းများစွာ ရှိခဲ့ပြီး၊ နှစ်စဉ်နှစ်တိုင်း ငွေနှင့်ရွှေများသည် မြစ်တစ်စင်းလို စီးဆင်းနေခဲ့ သည်။ ယောင်ချီဂိုဏ်းသည် သူမတို့၏ လုပ်ငန်းအများစုကို သိမ်းယူခဲ့သော်လည်း၊ ဤအမျိုးသမီး နှစ်ဦးသည် နောက်ကွယ်မှာ လျှို့ဝှက်လုပ်ကိုင်နေသည့် လုပ်ငန်းများစွာ၏ သူဌေးကြီးများအဖြစ် ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့သည်။

ဤလျှို့ဝှက်လုပ်ငန်းများမှ ရရှိသော အမြတ်အစွန်းသည် နှစ်စဉ် ငွေဒင်္ဂါးတစ်သိန်းထက် မနည်းပေ။

ယခု အမျိုးသမီးနှစ်ဦးသည် ဟုန်ယွိသို့ သစ္စာခံလာသောအခါ၊ ထိုလျှို့ဝှက်လုပ်ငန်းများမှ ရရှိသော ဝင်ငွေများသည်လည်း ဟုန်ယွိထံ စီးဝင်လာတော့မည်။

တစ်နည်းဆိုရသော် ယခုအခါ ဟုန်ယွိသည် တစ်နှစ်လျှင် ငွေဒင်္ဂါးတစ်သိန်းကျော် ဝင်ငွေရှိသည်။

ငွေဒင်္ဂါးတစ်သိန်းကျော်သည် သေးငယ်သော ပမာဏမဟုတ်ပေ။ အိမ်တော်ပေါင်းများစွာမှ လက်ဆောင်ပဏ္ဍာဆက်သမူများ အပါအဝင်၊ ဝူဝမ်မြို့စားအိမ်တော် တစ်ခုလုံး၏ တစ်နှစ် ဝင်ငွေ သည် ငွေင်္ဂါးနှစ်သိန်းခန့်သာ ရှိပါသည်။

ဤအမျိုးသမီးနှစ်ဦး ဟုန်ယွိထံ သစ္စာခံလာခြင်းက အိမ်တော်ပေါင်းများစွာ ရရှိလာခြင်းနှင့် ညီမျှပြီး၊ ဝူဝမ်မြို့စားစံအိမ်၏ တနှစ်တာ၀င်ငွေ ထက်ဝက်နီးပါးနှင့် ညီမျှပါသည်။

ဤအရာသည် ဟုန်ယွိအား အနာဂတ်တွင် အင်အားစုဆောင်းရန် အမှန်ပင် ခိုင်မာသော အခြေခံ အုတ်မြစ်တစ်ခု ချပေးခြင်း ဖြစ်သည်။

ဟုန်ယွိသည် ယခုအချိန်တွင် ငွေကြေးကြွယ်ဝနေပြီ ဖြစ်သည်။ အနက်ရောင်သိမ်းငှက် ခံတပ်နှင့် တိမ်ဖြူစံအိမ်တို့ကို ဖျက်ဆီးရာမှ ငွေဒင်္ဂါးတသိန်းငါးသောင်းမှ ခြောက်သောင်းခန့်နှင့် ဧရာမဝေလ ငါးကျွန်း၏ တော်ဝင်နန်းတော်အား ဖျက်ဆီးရာမှ ငွေစက္ကူသုံးသိန်းကျော်နှင့် သူ့လက်ထဲတွင် ငွေစက္ကူ ငါးသိန်းနီးပါး ရှိနေပြီ ဖြစ်သည်။

သို့သော် ဤသည်မှာ တစ်ကြိမ်တည်းသာ ရရှိသည့် မမျှော်လင့်ထားသော ကြွယ်ဝမူ ဖြစ်ပြီး၊ တည်ငြိမ်သော ဝင်ငွေစီးဝင်လမ်းကြောင်း မဟုတ်ပေ။ သူအသုံးပြုလေ၊ လျော့နည်းလာလေ ဖြစ်လိမ့်မည်။ သို့သော် ထိုအမျိုးသမီးနှစ်ဦး၏ အကူအညီဖြင့် သူသည် အမြတ်ငွေများကို ချက်ချင်း စုဆောင်းနိုင်မည် ဖြစ်သည်။ အနာဂတ်တွင် ဟုန်ယွိသည် မင်းမျိုးမင်းနွယ်ဝင်အဖြစ် ရာထူး တိုးမြှင့်ခံရပြီး၊ ထူးချွန်သူများနှင့် ကျွမ်းကျင်ပညာရှင်များကို စုဆောင်းနိုင်မည်ဆိုပါက, သူသည် ကျောက်မိသားစုနှင့် မြို့စားဝူဝမ်စံအိမ်၏ မိသားစုကိုပင် အချိန်မရွေး ယှဉ်ပြိုင်နိုင်သည့် မိသားစုကြီး တစ်ခုကို တည်ထောင်နိုင်မည် ဖြစ်သည်။

လေပြည်လေညှင်းက ညင်သာစွာ တိုက်ခတ်နေပြီး၊ နေရောင်ခြည်က နွေးထွေးသာယာနေသည်။ ပင်လယ်လေညင်းနှင့်အတူ တိုက်ခတ်လာသော ရေခိုးရေငွေ့များသည် လူများကို သန့်စင်သော ခံစားမှုကို ပေးစွမ်းနေသည်။

"ယောင်ချီဂိုဏ်းက ကျွန်မတို့ရဲ့ လုပ်ငန်းအားလုံးကို သိမ်းသွားပေမယ့်, ကျွန်မတို့ဟာ ဒီနှစ်တွေ တစ်လျှောက် လှည့်ကွက်တချို့ကို အသုံးပြုပြီး လျှို့ဝှက်သိမ်းဆည်းထားတဲ့ ပိုင်ဆိုင်မူတွေ ရှိနေပါ သေးတယ်။ ကြွေထည်ဆိုင်တွေ၊ ပိုးထည်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ လက်ဝတ်ရတနာဆိုင်တွေ၊ အပေါင်ဆိုင်တွေ စုစုပေါင်း ၁၃ ဆိုင်ကို သီးသန့်ဖွင့်လှစ်ထားပါတယ်။"

ဟုန်ယွိ ပစိတ်ဖိတ်ရေတပ် အစိမ်းရောင်တပ်ရင်းတွင် ထိုင်နေရင်း ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့၏ စကားများကို နားထောင်နေပါသည်။

“အို့? မင်းတို့က စီးပွားရေးလုပ်ငန်းကို ကျွမ်းကျင်ပြီး ဆက်သွယ်တွေ အများကြီး ရှိနေတာပဲ။ ငါ့မှာ အရင်းအနှီးအနေနဲ့ ငွေစက္ကူလေးငါးသိန်းလောက် ရှိတယ်။ ဒါကို ထုတ်ယူပြီး ပိုမိုအမြတ်အစွန်းရ အောင် လုပ်နိုင်မလား…..။”

“ဒီလောက်များတဲ့ အရင်းအနှီး…” ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့သည် အံ့ဩတုန်လှုပ်ဟန်ဖြင့် အကြည့်ချင်း ဖလှယ်ကြသည်။

“အားလုံးက ဓားပြတွေကို နှိမ်နင်းရာကနေ ရလာတာတွေပဲ။” ဟုန်ယွိက လက်ဝှေ့ယမ်းလိုက်သည်။

“စစ်သူကြီးတွေဟာ ဓားပြတွေကို နှိမ်နင်းရတာ ဘာကြောင့် သဘောကျကြသလဲဆိုတာ အံ့ဩစရာ မရှိဘူး။ ဓားပြတွေကို နှိမ်နင်းတာက ငွေရတယ်လို့ ဆိုလိုတယ်။ ငွေမရှိရင်၊ လူတွေကို သတ်ဖြတ် တာ၊ ရွာတွေကို သိမ်းပိုက်တာ၊ ဓားပြတွေအဖြစ် မဟုတ်မမှန် စွပ်စွဲတာ, ဒါတွေ အားလုံးကလည်း ငွေရဖို့အတွက်ပဲလေ။ ဒီထဲက ငွေစက္ကူသုံးသိန်းကျော်က ဝေလငါးကျွန်းမှာ ငါ တိုက်ပွဲအနိုင်ရခဲ့တဲ့ အမြတ်အစွန်းတွေပဲ။”

“ဒီငွေတွေကို ကျွန်မတို့ ကူညီပြီး ကိုင်တွယ်ပေးနိုင်ပါတယ်။” ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့သည် နှုတ်ခမ်းသပ်ကာ စားပွဲပေါ်ရှိ ငွေရောင်ကျောက်စိမ်းလက်ဖက်ရည်ခွက်များကို သောက်လိုက်ကြပါ သည်။ ဤအမျိုးသမီးနှစ်ဦးသည် မူလကတည်းက ဇိမ်ခံသောဘဝမျိုးဖြင့် ဖြတ်သန်းခဲ့သူများ ဖြစ်ကြသည်။ သူမတို့သည် ဖမ်းဆီးခံရပြီး ရက်အနည်းငယ် ဆင်းရဲဒုက္ခခံစားခဲ့ရသော်လည်း၊ ဟုန်ယွိ ၏ ကယ်တင်မူခံရပြီးနောက်၊ သူမတို့သည် ချမ်းသာကြွယ်ဝသော သူဌေးသမီးများအဖြစ် ပြန်လည် နေထိုင်နိုင်ခဲ့သည်။

"အနာဂတ်မှာ အခြေချနေထိုင်ဖို့ နေရာတွေအဖြစ် နေရာအမျိုးမျိုးမှာ လျှို့ဝှက်အိမ်တချို့ကို ဝယ်ယူဖို့ ကူညီပေးပါဦး။" ဟုန်ယွိက သူ့နဖူးကို ပွတ်သပ်ရင်း အဝေးမှ ဟွာနွန်ယင်ကို စိုက်ကြည့်နေ သည်။ “မဟုတ်ဘူး၊ ဒါကလည်း မသင့်တော်ဘူး။ ကောင်းကင်အောက်က အရာအားလုံးက ဘုရင်ရဲ့ ပိုင်ဆိုင်မှုတွေပဲ... တကယ်တော့၊ မင်းတို့အတွက် အကောင်းဆုံးက အင်အားစုစည်းပြီး ပင်လယ် ရပ်ခြားမှာ အခြေချနေထိုင်ဖို့ နေရာတစ်ခု တည်ထောင်တာပဲ။ ငါက ရာဇပလ္လင်တိုက်ပွဲမှာ ပါဝင် ပတ်သက်နေခဲ့ပြီ။ တကယ်လို့, ငါ ရှုံးနိမ့်သွားခဲ့ရင်၊ ငါ့ဂုဏ်သတင်းဟာ ပျက်စီးပြီး အပိုင်းပိုင်း ဖြတ်တောက်ခံရမယ်။ ကောင်းကင်အောက်မှာ ငါ့အတွက် နေရာမရှိဘူး။ ငါ့မှာ ထွက်ပေါက်တစ်ခု ထားရှိရမယ်။ ဒါ့အပြင် ယောင်ချီဂိုဏ်းက ကျွမ်းကျင်သူတွေနှင့် ပြည့်နှက်နေတယ်။ မင်းတို့ကို ငါ ကယ်တင်ခဲ့ပြီးပြီ ဆိုပေမယ့်၊ ယောင်ချီဂိုဏ်းက မင်းတို့ကို အနာဂတ်မှာ ပြဿနာလာရှာမဘူးလို့ အာမမခံနိုင်ဘူး။ မင်းတို့အနေနဲ့ ပင်လယ်ရပ်ခြား သွားပြီး လုံခြုံတဲ့ အခြေချနေရာတစ်ခုကို တည်ထောင်သင့်တယ်။ ပထမချက်အနေနဲ့၊ မင်းတို့ဟာ ဒီအငြင်းပွားမှုတွေကို ရှောင်ရှားနိုင်ပြီး၊ ဒုတိယချက်အနေနဲ့ မင်းတို့က ငါ့အတွက် ထွက်ပေါက်တစ်ခု ထားရှိပေးနိုင်မယ်…..။”

“ဟုတ်တယ်၊ ထွက်ပေါက်တစ်ခု ထားရှိရမယ်။ တကယ်လို့ အုပ်ချုပ်သူတစ်ယောက်ဟာ လျှို့ဝှက် ချက် မရှိရင်၊ သူ့လက်အောက်ခံကို ဆုံးရှုံးရလိမ့်မယ်။ လက်အောက်ခံက လျှို့ဝှက်မှုမရှိရင်၊ သူ့ရဲ့ သန့်စင်မှုကို ဆုံးရှုံးရလိမ့်မယ်။” ဟုန်ယွိက မတ်တပ်ရပ်လိုက်သည်။ “မင်းတို့နှစ်ယောက်ဟာ တောင်ပိုင်းပင်လယ်ရဲ့ နိုင်ငံအသီးသီးမှာ နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ဖူးတယ်။ မြေပုံထဲမှာ မပါဝင်တဲ့ နေရာတွေကိုတောင် သွားရောက်ခဲ့ဖူးတယ်။ ပင်လယ်ပြင်ရဲ့ အခြေအနေတွေကိုလည်း အလွန်ရင်းနှီး တယ်။ ဒီနေ့ကစပြီး၊ မင်းတို့ဟာ သင်္ဘောတွေ တည်ဆောက်ဖို့၊ စစ်သည်တွေကို စုဆောင်းဖို့၊ ပင်လယ်ရပ်ခြားကို သွားပြီး အေးချမ်းတဲ့ သုခဘုံတစ်ခုကို ရှာဖွေဖို့ စီစဉ်ပြင်ဆင်သင့်တယ်… ငါ မင်းတို့ကို အနန္တတန်ခိုးရှင် ကောင်းကင်နဂါးဗောဓိသတ္တကျမ်းနဲ့ နဂါး-ဆင်တံဆိပ်ကို သင်ကြားပေး မယ်။ ပင်လယ်ရပ်ခြားမှာ အခြေချပြီးရင်၊ မင်းတို့ဟာ အင်အားစုစည်းနိုင်မယ်။ မင်းတို့ရဲ့ ကျင့်စဉ် ပြီးမြောက်သွားရင်၊ မင်းတို့အနေနဲ့ ပင်လယ်ရပ်ခြားမှာ ပင်လယ်နတ်သမီးတွေတောင် ဖြစ်လာနိုင် တယ်….။ ဒါကလည်း ကောင်းမွန်တဲ့အရာတစ်ခုပဲ။”

“သခင်လေးက တကယ်ကို တကယ်ကို အမြော်အမြင်ကြီးပါတယ်။ ကျွန်မတို့ညီအစ်မတွေ သခင်လေးရဲ့ ကျေးဇူးကို ဘယ်လို ပြန်ဆပ်ရမှန်း မသိတော့ပါဘူး။"

ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့သည် ဟုန်ယွိကို လေးစားမှုနှင့်အတူ ကျေးဇူးတင်မှုတို့ဖြင့် ကြည့်ရှု နေကြပါသည်။

ဟုန်ယွိက သူမတို့ကို သူ့အတွက် အလုပ်လုပ်စေချင်သောကြောင့် ခေါ်လာခဲ့သည်ဟု မူလက သူမတို့ ထင်ခဲ့ကြသည်။ သို့သော် ယခုအခါ၊ သူသည် သူမတို့ကို ပင်လယ်ရပ်ခြားသို့ သွားရောက်ပြီး လွတ်လပ်မှုအပြည့် ရှိစေလိုသည်ဟု ထင်ရသည်။ သူမတို့သည် ယောင်ချီဂိုဏ်းနှင့် မင်းသားဟီချင်၏ ဩဇာလွှမ်းမိုးမှုကိုလည်း ရှောင်ရှားနိုင်သည်။

ထို့အပြင် ဟုန်ယွိသည် သူမတို့အား ထိပ်တန်းအဆင့်ကျင့်စဉ်များဖြစ်သည့် အနန္တတန်ခိုးရှင် ကောင်းကင်နဂါးဗောဓိသတ္တကျမ်းနှင့် နဂါးဆင်တံဆိပ်တို့ကို သင်ကြားပေးမည်ဟု ကတိပြုခဲ့သည်။

ဤစီစဉ်မှုသည် အမျိုးသမီးနှစ်ဦးအတွက် အကောင်းဆုံးဖြစ်သည်။ သူမတို့သည် ပင်လယ်ရပ်ခြား တွင် ခဏတာ ပုန်းအောင်းနေနိုင်သည်။ ကျင့်ကြံမူ ပြီးမြောက်သွားသောအခါ၊ သူမတို့သည် တော်ဝင် ချန်သို့ ပြန်လည် ရောက်ရှိနိုင်ပါသည်။ ကျင့်ကြံမူ မအောင်မြင်သည့်တိုင်၊ သူမတို့သည် ပင်လယ် ရပ်ခြားတွင် လွတ်လပ် ပေါ့ပါးစွာ နေထိုင်နိုင်မည်ဖြစ်သည်။

“ကျေးဇူးပြန်ဆပ်ဖို့ ပြောမပြောနဲ့။ ဒီနေ့ကစပြီး မင်းတို့ ပြင်ဆင်မှုတွေ စတင်သင့်ပြီ။ ပင်လယ်ပြင် ထွက်တဲ့အခါ အစောင့်အကြပ်အဖြစ် သံမဏိကိုယ်ထည်သင်္ဘောပျံ ငါးစင်းကိုလည်း ပေးအပ်လိုက် မယ်။ ပိုမိုပြည့်စုံတဲ့ ပြင်ဆင်မှုတွေ လုပ်ထားရမယ်။ ပင်လယ်ရပ်ခြားသွားဖို့ စွန့်လွှတ်စွန့်စားဝံ့ သူ တွေကို စုဆောင်းထားရမယ်။ နှစ်စဉ် ယုံကြည်ရတဲ့ လူတွေကို ပြန်ပို့ပြီး ဆက်သွယ်အဖြစ် ထားနိုင်ရမယ်။"

ဟုန်ယွိက သက်ပြင်းရှည်တစ်ချက် မှုတ်ထုတ်လိုက်သည်။

သူသည် ထွက်ပေါက်တစ်ခု စီစဉ်နေခြင်း ဖြစ်သည်။ သူသည် မင်းသားယုကို မှီခိုပြီး၊ ထီးနန်းအတွက် တိုက်ပွဲတွင် ပါဝင်ခဲ့ကာ၊ ကျောက်ဖေးရုန်ကို သတ်ဖြတ်ပြီး၊ ဝေလဲ့ကို ခေါင်းဖြတ်ခဲ့ကာ၊ မင်းသား ဟီချင်၏ အကာအကွယ်အောက်မှ ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့ကို ကယ်တင်ခဲ့သည်။ ဤအရာများ သည် ယခုအချိန်ထိ ထုတ်ဖော်မပြရသေးသော်လည်း၊ တစ်နေ့ အမှန်တရားက ထွက်ပေါ်လာမည် ဖြစ်သည်။ ထိုအချိန်တွင် သူသည် ကြီးမားသော အင်အားစုကြီးများ၏ ပစ်မှတ်တစ်ခု ဖြစ်လာမည် ဖြစ်သည်။

အကယ်၍ မင်းသားယုသည် ရာဇပလ္လင်တိုက်ပွဲတွင် ကျရှုံးခဲ့ပါက တော်ဝင်ချန်သည် ကြီးမား ကျယ်ဝန်းသော်လည်း သူ့အတွက် နေရာမရှိပေ။ ယခုအခါ ထွက်ပေါက်တစ်ခု ရှိထားခြင်းဖြင့်၊ အနာဂတ်တွင် လက်စားချေရန် မျှော်လင့်ချက်ရှိနေသေးသည်။

ဧကန်စင်စစ်၊ ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့သည် ပင်လယ်ရပ်ခြားသို့ သွားရောက်ပြီး ထွက်ပေါက် တစ်ခု စီစဉ်ရန် အကောင်းဆုံး ကိုယ်စားလှယ်များ ဖြစ်သည်။

“မင်းသားယုနဲ့ ဆက်ဆံရေးအပြင်, ဒီတစ်ကြိမ် ငါရခဲ့တဲ့ အောင်မြင်မှုတွေနဲ့ဆို၊ ဗိုလ်ချုပ်တစ်ယောက် ဖြစ်ဖို့ လုံလောက်ပြီ။ မင်းတို့ အရာအားလုံးကို ပြင်ဆင်ပြီးရင်၊ ပစိတ်ဖိတ်ရေတပ်ရဲ့ အင်အားကို အသုံးပြုပြီး လုံခြုံဘေးကင်းစွာနဲ့ ပင်လယ်ထွက်ပေါက် ရောက်အောင် ကာကွယ် ပို့ဆောင်ပေးနိုင် မယ်။ သင်္ဘောရာပေါင်းများစွာ၊ အသက်စွန့်ဝံ့သူ သိန်းပေါင်းများစွာ၊ အမျိုးသားရော အမျိုးသမီးပါ ပါဝင်ပြီး၊ အစားအသောက်၊ ကြွေထည်၊ ပိုးထည်၊ လက်ဖက်ရည်၊ လေးနှင့်မြှားတွေ၊ ဓားတွေ၊ အခြား ကုန်ပစ္စည်းတွေကို ပြည့်စုံစွာ ပြင်ဆင်ထားရမယ်။ ဒါမှသာ ပင်လယ်ပြင် ထွက်တဲ့အခါ၊ ဒီပစ္စည်းတွေ နဲ့ ချက်ချင်း ခြေကုပ်ယူနိုင်မယ်။ ဒါ့အပြင် အဲဒီလူတွေကလည်း ယင်စိတ်ဝိညာဉ် ကျင့်ကြံထားတဲ့ တာအိုဆရာတွေ ဖြစ်ရမယ်။ ဒါမှ ဓားပြသေးသေးလေးတွေနဲ့ ကြုံတွေ့ရရင်၊ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ လုံလောက်မယ်။”

ဟုန်ယွိသည် ထိုအကြောင်းကို ပိုတွေးလေ၊ ပိုတွေးမိလေ ဖြစ်ပါသည်။

“ကျွန်မတို့မှာ အမွှေးဖြူနိုင်ငံ, စီးဆင်းနွေရာသီနိုင်ငံနဲ့ ပင်လယ်ရပ်ခြားက တခြားနိုင်ငံတွေမှာ စီးပွားရေး လုပ်ငန်းတွေ ရှိတယ်။ ကျွန်မတို့ အဲဒီမှာ အခြေချနေထိုင်ပြီးတဲ့အခါ၊ ပင်လယ်ရေကြောင်း အတိုင်း ဆက်သွားမယ်ဆိုရင် အကန့်အသတ်မဲ့ သမုဒ္ဒရာကြီးရှိတယ်။ သမုဒ္ဒရာရဲ့ တစ်ဖက်မှာ ကျွန်းပေါင်းထောင်ချီ ရှိတယ်လို့ ကြားဖူးတယ်။ အတွင်းပိုင်းမှာ တော်ဝင်ချန်ထက်တောင် ပိုကျယ်တဲ့ ကုန်းတွင်းဧရိယာတွေ ရှိတယ်။ ခြေကုပ်ယူဖို့ မခက်ခဲပါဘူး။”

ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့သည် ဟုန်ယွိက စကားအနည်းငယ်ဖြင့် ဖော်ပြလိုက်သော လှပသော အနာဂတ်ကို ကြားလိုက်ရသောအခါ၊ သူမတို့၏ နှလုံးသားများက ၎င်းကို တောင့်တလာကြသည်။

"“သခင်လေး၊ ဒါဆိုရင် ကျွန်မတို့ သွားပြီး လုပ်ဆောင်တော့မယ်။ ပင်လယ်ပြင်ထွက်ဖို့ ကုန်သည် တပ်ဖွဲ့ကြီးတစ်ခု ပြင်ဆင်ဖို့ဆိုရင်၊ အချိန်အနည်းငယ် ယူရလိမ့်မယ်။"

“သေချာပေါက်၊ အရာအားလုံးကို လျှို့ဝှက်စွာ လုပ်ဆောင်ရမယ်နော်။"

ဟွာနွန်ယင်နှင့် ဟွာနွန်းယွီ နှုတ်ဆက်ပြီး ထွက်ခွာသွားပြီးနောက် ဟုန်ယွိသည် ပိုမိုကောင်းမွန်သော လွတ်မြောက်ရေးလမ်းကြောင်းကို မည်သို့တည်ဆောက်ရမည်ကို စဉ်းစားနေဆဲ ဖြစ်သည်။

ထိုအချိန်တွင် ရန်ယင်မင်းသည် တန်းလျားအပြင်ဘက်မှ ရုတ်တရက် ဝင်လာခဲ့သည်။ သူ့ဘေးတွင် သံချပ်ကာနှင့် သွေးနီရောင်ပိုးပဝါကို ဝတ်ဆင်ထားသည့် သိုင်းသခင်တစ်ဦး ရှိနေသည်။ သူသည် ပစိဖိတ်ရေတပ်ဌာနချုပ်၏ ဗိုလ်ချုပ်ကြီး ယန်ကျန်း၏ ယုံကြည်စိတ်ချရသော သွေးငါးမန်းအစောင့် တပ်မှ ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။

"ဗိုလ်ချုပ်ကြီးရဲ့အမိန့်, နာခံပါ။ အစိမ်းရောင်တပ်ရဲ့ တပ်ရင်းမှူး ဟုန်ယွိက ဗဟိုတပ်စခန်းကို သတင်းပို့ဖို့ လာရမယ်။”

"ဟုတ်ကဲ့ပါ" ဟုန်ယွိက အမိန့်ကို လက်ခံပြီးနောက်၊ သွေးမန်းအစောင့်တပ် သိုင်းသခင်နှင့်အတူ လက်ဖက်ရည်သောက်ရန် ရန်ယင်မင်း လိုက်ပါ ဧည့်ခံခိုင်းလိုက်ပါသည်။ “သတင်းပို့ဖို့ဆိုတော့၊ ငါ့ကို တာဝန်ကနေ ဖယ်ရှားပြီး အသစ်တစ်ခု ပေးအပ်မယ်ဆိုတဲ့ သဘောပဲ။ ငါ တကယ်ပဲ ရာထူးတိုးမြှင့် ခံရတော့မယ် ထင်တယ်။”

သို့သော်၊ ဟုန်ယွိသည် ဗိုလ်ချုပ်ကြီး၏ ဗဟိုတပ်စခန်းသို့ အလျင်အမြန် မသွားခဲ့ပေ။ ယင်းအစား၊ သူသည် သက်တောင့်သက်သာရှိသည့် ဝတ်စုံသို့ ပြောင်းလဲဝတ်ဆင်ပြီး သူ့ကိုယ်ရေးကိုယ်တာ အစောင့်တစ်ဦးအား အမိန့်ပေးလိုက်ပါသည် "လီလဲ့၊ အကြီးအကဲရှန်၊ ဝမ်ဖေးယန်တို့ကို ဖိတ်ခေါ်လိုက်ပါ…..”

"ဟုတ်ကဲ့ပါသခင်။"

မကြာခင်မှာပင်၊ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို တစ်သားတည်း ပေါင်းစပ်နိုင်ခဲ့ကြသည့် အထွတ်အထိပ် ပညာရှင်သုံးဦးဖြစ်သော လီလဲ့၊ အကြီးအကဲရှန်နှင့် ဝမ်ဖေးယန်တို့သည် ဟုန်ယွိ ရှေ့သို့ ရောက်ရှိလာပြီး ထိုင်ကြသည်။

ဟုန်ယွိသည် ခါးကုန်းသူတော်စင်၏ ခြေထောက်ကို ကြည့်လိုက်သည်။ ၎င်းသည် အနည်းငယ် မသင့်လျော်သော်လည်း သူက မပြုံးဘဲမနေနိုင်ခဲ့ပေ။ "အကြီးအကဲရှန်၊ ကျုပ်ရဲ့ ယွမ်ယန် ကောင်းကင်ပုလဲရဲ့ သက်ရောက်မှုက ဘယ်လိုလဲ။"

"ယွမ်ယန်ကောင်းကင်ပုလဲဟာ တကယ့်ကို ဒဏ္ဍာရီလာ သူတော်စင် ဆေးတစ်လက်ပါပဲ။ အသက် တစ်ထောင် သက်တမ်းရှိတဲ့ ကျားဂုံးကောင်ရဲ့ အနှစ်သာရပဲ။ ကျွန်တော် ဒါကို အနည်းငယ် လိမ်းပြီး၊ အရိုးပြန်တည့်တဲ့ နည်းလမ်းကို အသုံးပြုလိုက်တာနဲ့၊ ကျွန်တော့်ခြေထောက်က အရိုးတွေ ပြန်ဆက်သွားပြီ။ သုံးရက်မပြည့်ခင်မှာ ကျွန်တော် လမ်းလျှောက်နိုင်မယ်။ တစ်လမပြည့်ခင်မှာ ကျွန်တော် ခြေထောက်ဟာ လုံးဝ ပျောက်ကင်းပြီး၊ လှိမ့်နေတဲ့ကျောက်တုံး ပညာရပ်ကလည်း နောက်တဆင့် ရောက်နိုင်လိမ့်မယ်။ တကယ်လို့, သခင်လေးသာ ကျွန်တော့်ကို နဂါး-တံဆိပ်ကို သင်ကြားပေးမယ်ဆိုရင်, ကျွန်တော်လည်း မဟာဆရာသခင်အဆင့်ကို သေချာပေါက် ရောက်နိုင်မှာ ပါ။ အဲဒီအခါမှာ သခင်လေးရဲ့ ပြဿနာအားလုံးကို ဖြေရှင်းပေးနိုင်လိမ့်မယ်။"

ခါးကုန်းသူတော်စင် ဤအရပ်မြင့်မြင့် အဘိုးအိုသည် သူ့မျက်ခုံးကို ပင့်လိုက်သည်။

အကြီးအကဲရှန်က ထိုးစကားကို ပြောပြီးသည်နှင့် ဝမ်ဖေးရန်နှင့် လီလဲ့တို့၏ မျက်လုံးတွေလည်း တောက်ပလာခဲ့ပါသည်။

“မိုးကောင်းကင်ရဲ့ ရတနာတွေကို ပေါ့ပေါ့တန်တန် မပေးသင့်ဘူး” ဟု ဟုန်းယီက တွေးလိုက်သည်။ ဟုန်ယွိသည် ၎င်းတို့၏ မျက်လုံးထဲမှ စိတ်အားထက်သန်မှုကို ခံစားသိရှိနိုင်ပါသည်။ ထို့ကြောင့် သူက အနည်းငယ် ပြုံးလိုက်မိသည်။ “ဆုလာဘ်နဲ့ ပြစ်ဒဏ်ပေးရာမှာ ကျုပ်က အလွန်တရားမျှတပါတယ်။ မင်းတို့ ကောင်းကောင်း လုပ်ဆောင်ရင် ဆုချမယ်။ မမှန်မကန် လုပ်ရင် ပြစ်ဒဏ်ပေးမယ်။ မင်းတို့က အခုမှ ငါ့နောက်ကို လိုက်နာခါစပဲရှိသေးတယ်။ ဘာမှမလုပ်ဆောင်ရသေးဘူး။ တကယ်လို့, ကျုပ်သာ ခြင်ဆီသန့်စင်ခြင်းကျမ်းလို တစ်ခုခုကို ပေးလိုက်ရင် ကလေးကစားသလို ဖြစ်သွားလိမ့်မယ်။ ဒီလိုလုပ်ကြည့်ရအောင်၊ ကျုပ်နဲ့အတူလိုက်ပါပြီး တိုက်ပွဲအနည်းငယ် ထပ်တိုက်ကြရအောင်။ ကျုပ်က သေချာပေါက် ဆုကြီးကြီးပေးမှာပါ။”

"သခင်လေး ပြောတာ မှန်ပါတယ်" လီလဲ့က ပြန်ဖြေသည်။

ဟုန်ယွိသည် ဤကျွမ်းကျင်ပညာရှင်သုံးဦးကို လက်အောက်ခံအဖြစ် ထိန်းချုပ်နိုင်ခဲ့သော်လည်း၊ ၎င်းတို့၏ စိတ်ဝိညာဉ်များကို စည်းတံဆိပ်ခတ်ခြင်းကဲ့သို့ နည်းလမ်းများကိုလည်း အသုံးပြုနိုင်ခဲ့ သည်။ ထို့ကြောင့် သူသည် သူတို့ကို လုံးဝ မယုံကြည်နိုင်ကေ။ အကယ်၍ တာအိုနည်းလမ်းကို ကျွမ်းကျင်သည့် ပညာရှင်တစ်ဦး ရောက်လာပြီး ၎င်းတို့၏ စည်းတံဆိပ်ကို ဖယ်ရှားပေးခဲ့ပါက၊ ၎င်းတို့သည် ကိုယ့်သခင်ကို သစ္စာဖောက်သွားနိုင်သည်။

ထို့ကြောင့်၊ ခြင်ဆီသန့်စင်ခြင်းကျမ်းကဲ့သို့ ပြန်လည်ဝင်စားနိုင်သည့် အရေးကြီးသော အရာတစ်ခုကို ပေါ့ပေါ့တန်တန် မသင်ကြားပေးနိုင်ပါ။

“ခင်ဗျားတို့ သုံးယောက်မှာ ထူးခြားတဲ့ ကိုယ်ရေးအချက်လက်တွေ ရှိနေတယ်” ဟုန်ယွိက ပြောသည်။ "တကယ်လို့, ခင်ဗျားတို့ရဲ့ ကိုယ်ရေးအချက်လက်ကို ဖော်ထုတ်မိသွားရင် ဝေတိုင်ကန်နဲ့ ဝမ်ချန်ရှီယန်က ကျုပ်ကို အလွတ်ပေးမှာ မဟုတ်ဘူး။ ခင်ဗျားတို့ရဲ့ ကိုယ်ရေးအချက်လက်တွေကို ကောင်းစွာ ဖုံးကွယ်ထားဖို့ သံချပ်ကာနှင့် ဦးထုပ်ဆောင်းပါ။ သံချပ်ကာ ဦးထုပ်တွေ ဝတ်ဆင်ထားပါ။ ဒါဆိုရင် တခြားသူတွေ ခင်ဗျားတို့ရဲ့ မျက်နှာတွေကို မမြင်နိုင်တော့ဘူး…." ဟုန်ယွိက ပြောသည်။

ဤရက်များတွင် လီလဲ့၊ အကြီးအကဲရှန်နှင့် ဝမ်ဖေးရန်တို့၏ ကိုယ်ရေးအချက်လက်များကို ထုတ်ဖော် ပြောဆိုခြင်း မရှိခဲ့ကြပေ။ သူတို့သည် နေ့တိုင်း စခန်းထဲမှာ ပုန်းနေကြရသည်။

အစိမ်းရောင်တပ်ရင်းမှ စစ်သည်များအားလုံးသည် ယခုအခါ ဟုန်ယွိပေါ်တွင် သေဆုံးသည်အထိ သစ္စာစောင့်သိလာကြပြီး၊ ၎င်းတို့၏ သစ္စာရှိမှုသည် မလှုပ်ရှားနိုင်တော့ပေ။ ထို့ကြောင့် ၎င်းတို့သည် လျှို့ဝှက်ချက်အားလုံးကို ဖုံးကွယ်ထားခဲ့သည်။

"ဘယ်ညာ၊ သံမဏိနတ်ဆိုးသံချပ်ကာ သုံးစုံ ပြင်လာခဲ့။ ပြီးတော့ ပျံသန်းနေတဲ့ သွေးတစက်, ချီဇီယန် ထိုက်ဇူနဲ့ မုကလေးတို့ကိုပါ ခေါ်လာခဲ့ပါ။ ငါနဲ့အတူ စစ်ဗိုလ်ချုပ်ကြီးရဲ့ တပ်စခန်းကို လိုက်ခဲ့ကြ…။”

ဟုန်ယွိက အမိန့်ပေးလိုက်ပြီး၊ သူ၏ဘေးနားရှိ ကျွမ်းကျင်သူတွေကို စုစည်းကာ၊ ဗိုလ်ချုပ်ကြီးရဲ့ တပ်စခန်းသို့ တည့်တည့်သွားလိုက်သည်။

"အခုအချိန်မှာ ထိုက်ဇူနဲ့ မုကလေးတို့က လက်ရွေးစင် သိုင်းသခင်နဲ့ ရှင်တန်သိုင်းသခင်ကြားမှာ ရောက်ရှိနေပြီ။ ဒါပေမယ့် အငွေ့အသက်အရဆို, သူတို့က ရှင်တန်သိုင်းသခင်တွေနဲ့ ဘာမှမကွာ တော့ဘူး။ အိုး... အခု ငါ့အောက်မှာ ရှင်တန်သိုင်းသခင် ကျွမ်းကျင်ပညာရှင် ခုနစ်ယောက်ရှိတယ်။ ငါ့ကိုပါ ထည့်တွက်ရင်, ရှင်တန်သိုင်းသခင် ကျွမ်းကျင်ပညာရှင် ရှစ်ယောက်။ ဟမ့်….၊ ပစိဖိတ် ရေတပ်ရဲ့ ဗိုလ်ချုပ်ကြီး ယန်ကျန်းမှာတောင် သူ့အမိန့်အောက်မှာ ဒီလောက်များတဲ့ ကျွမ်းကျင် ပညာရှင်တွေ ရှိမှာ မဟုတ်ဘူး။ ငါ့အင်အားကို ပြသဖို့ ဒီလူတွေကို ခေါ်ဆောင်သွားရမယ်။ မင်းသား ယုက နားမလည်နိုင်အောင် လျှို့ဝှက်ဆန်းကြယ်တယ်ဆိုတာ သူတို့ကို အသိပေးရမယ်။ ဝေတိုင်ကန် ကိစ္စကြောင့် ငါ့ကို သတိမပေးနိုင်အောင် လုပ်ဆောင်နိုင်မှာ ဖြစ်သလို၊ သူတို့ကိုလည်း မင်းသားယု ဘက်ကို လုံးဝယိမ်းယိုင်သွားအောင် လုပ်ရမယ်……”

ဟုန်ယွိသည် ရှင်တန်သိုင်းသခင် ပညာရှင် ခုနစ်ဦးကို သူ့အနားသို့ ခေါ်ဆောင်ပြီး၊ ဗိုလ်ချုပ်ကြီး၏ တပ်စခန်းသို့ ပြေးသွားရင်း၊ စိတ်ထဲတွင် တိတ်တဆိတ် တွက်ချက်နေခဲ့သည်။

စစ်တပ်ထဲတွင်၊ အင်အားပိုမိုကြီးမားလေ၊ အခြားသူများက သင့်ကို ပိုမိုကြောက်ရွံ့ပြီး သတိထားလာ လေဖြစ်သည်။ ဟုန်ယွိက ဝေလဲ့ကို သတ်ဖြတ်ခဲ့ကြောင်းကို သိထားကြသည်။ စစ်ဘက်ဆိုင်ရာ ပွဲဝန်ကြီးဌာန၏ အစီအရင်ခံစာတမ်းတွင် ၎င်းကို ဖုံးကွယ်ထားသော်လည်း၊ ပစိဖိတ်ရေတပ်မှ ဗိုလ်ချုပ်ကြီး ယန်ကျန်းသည် မျက်စိကန်းနေသူ မဟုတ်ပေ။ သူ၏နှလုံးသားက မှန်တစ်ချပ်ကဲ့သို့ ကြည်လင်နေသည်။ ဤတစ်ကြိမ် ဗိုလ်ချုပ်ကြီး၏ တပ်စခန်းသို့ သတင်းပို့ရန် သွားရခြင်းသည်၊ ရိုးရှင်းသည့် ရာထူးတိုးမြှင့်ခြင်း ကိစ္စသက်သက်ကြောင့် မဖြစ်နိုင်ပေ။

ယန်ကျန်းနှင့် မင်းသားယုတို့သည် သေဖော်ရှင်ဘက် ညီအကိုများဟု ကျိန်ဆိုခဲ့ကြသော်လည်း ယန်န်မိသားစုသည် ထီးနန်းတိုက်ပွဲတွင် မပါဝင်ချင်ဘဲ ဘေးကင်းရန် ရှောင်ရှားလိုသည်။ ဟုန်ယွိ သည် လက်ရှိအခြေအနေနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း မြင်နိုင်ပါသည်။

ပစိတ်ဖိတ်ရေတပ် ဗိုလ်ချုပ်ကြီး၏ စံအိမ်အတွင်းမှာ…..။

ဒိုင်း၊

အလျားပေသုံးဆယ်၊ အနံငါးပေ၊ အထူတစ်ပေရှိသော သံမဏိစားပွဲခုံသည် ယန်ကျန်း၏လက်ဖဝါး ဖြင့် ဖွဖွရိုက်ချလိုက်ရာ ၎င်း၏မျက်နှာပြင်ပေါ်၌ ကြည်လင်ပြတ်သားသည့် နှစ်လက်မ နက်သော လက်ဖဝါးရာတစ်ခု ပေါ်လာပါသည်။

သံမဏိစားပွဲပေါ်ရှိ လက်ဖဝါးရာသည် စစ်သည်သိန်းပေါင်းများစွာကို အုပ်ချုပ်ကာ ပင်လယ်ပြင်ကို ငြိမ်းချမ်းစေသူ၊ ပစိဖိတ်ရေတပ်ဌာနချုပ်၏ ဗိုလ်မှူးကြီး ယန်ကျန်း၏ နားမလည်နိုင်သော အစွမ်းကို ပြသသည့် အမှတ်အသားတစ်ခုလိုပင်။

“ဗိုလ်ချုပ်ကြီး၊ ခင်ဗျားက စိတ်ခံစားမှုကို မပြတတ်သူပါ။ ဗိုလ်ချုပ်ကြီးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို နှစ်ပေါင်းများစွာ တည်ဆောက်ထားခဲ့ပြီးပါပြီ။ ဒီတစ်ကြိမ်မှာ ဘာကြောင့် ဒီလောက် ဒေါသထွက်နေ ရတာလဲ….” ယန်ကျန်းက သံမဏိစားပွဲခုံပေါ်သို့ လက်ဖဝါးဖြင့် ဖိနှိပ်ထားသည်ကို မြင်လိုက်ရသော အခါ၊ သူ့ဘေးတွင်ရှိနေသော ငွေရောင်ဝတ်စုံဝတ်ဆင်ထားသည့် မျက်နှာလေးထောင့်နှင့် မျက်ခုံးမွှေး ထူထပ်သည့် လူငယ်တစ်ဦးက ပြောလိုက်သည်။

ကိုယ်ရံတော်များနှင့် အကြံပေးများအားလုံးသည် ထိုလူလတ်ပိုင်းအရွယ် အမျိုးသားကို ကြည့်လိုက်ကြသည်။

ဤလူလတ်ပိုင်းအရွယ် အမျိုးသားသည် ယန်ကျန်း၏ အယုံကြည်ရဆုံး လူယုံဖြစ်ပြီး၊ သွေးငါးမန်း အစောင့်၏ တပ်မှူး ရှင်သန်ခြင်းနတ်ဆိုး လီဟုန် ဖြစ်ပါသည်။ ၎င်းကို သူဝတ်ဆင်ထားသော ငွေငါးမန်းချပ်ဝတ်မှတဆင့် မြင်နိုင်ပါသည်။

“ငါ ဘယ်လိုလုပ် ဒေါသမထွက်ဘဲ နေနိုင်မှာလဲ။ အဖေက စာထဲမှာ ငါ့ကို ဆူပူထားပြီး၊ ငါ့ကို အလယ်အလတ် လမ်းကို မလိုက်နာဘူးလို့ ပြောထားတယ်။ ဝေ့တိုင်ကန်၏ လက်ထောက်တွေက ဝေလဲ့ကိစ္စကို စုံစမ်းဖို့ နှစ်ရက်တစ်ကြိမ် သုံးရက်တစ်ကြိမ် ငါ့စခန်းသို့ ပြေးလာကြတယ်။ အိမ်ရှေ့စံ မင်းသားကတောင် သူ့လူတွေကို လွှတ်လိုက်သေးတယ်။ ငါ့မှာ ခေါင်းသုံးလုံး လက်ခြောက်ဖက် ရှိရင် တောင်, ငါ ဒီလိုကိစ္စတွေနဲ့ မပင်ပန်းနိုင်ဘူလား။ ဒီအရာတွေအားလုံးက ဟုန်ယွိကြောင့် ဖြစ်လာရ တာမဟုတ်လား။ ကံမကောင်းစွာပဲ၊ သူက မင်းသားယုရဲ့ လူဖြစ်နေတယ်။ ဒါ့အပြင်, သူက တကယ်ကို ကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိထားတယ်။ ဝေလဲ့ကိစ္စကိုလည်း သူ သန့်ရှင်းစွာ လုပ်ဆောင်ခဲ့ပြီး၊ ဘာမှ ခြေရာလက်ရာမှ မကျန်ခဲ့ဘူး" ယန်ကျန်းက မတ်တပ်ရပ်ပြီး နောက်ပြန် ဆုတ်သွားသည်။

“ဗိုလ်ချုပ်ကြီးတစ်ယောက်ဟာ အပြင်မှာရှိနေတဲ့အခါ၊ ဘုရင်ရဲ့အမိန့်တိုင်းကို လိုက်နာစရာ မလိုဘူး လေ။ မင်းသားယုရဲ့ကိစ္စဆို ပိုတောင်ပြောစရာမလိုဘူး။ ကျွန်တော်မြင်တာကတော့၊ ဒီဟုန်ယွိဆိုတဲ့ သူက တကယ်ကို မာနကြီးလွန်းပြီး၊ ရဲတင်းလွန်းတယ်။ အခု ဗိုလ်ချုပ်ကြီးက သူ့ကို ပြတ်ပြတ် သားသား ဖိနှိပ်ပြီး၊ သူ့ရဲ့မာနကို ဖယ်ရှားကာ၊ သူ့နေရာကို သိစေရမယ်။ ပြီးမှ အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာကို ကြည့်ရမယ်။ တကယ်လို့, အိမ်ရှေ့စံမင်းသားမှာ သာလွန် အင်အားရှိလာ ခဲ့ရင်၊ ကျွန်တော်တို့က သူ့ကိုဖယ်ရှားဖို့ အကြောင်းအမျိုးမျိုးရှာပြီး ဝေတိုင်ကန်ကို ရှင်းပြချက် ပေးလိုက်မယ်။ တကယ်လို့, မင်းသားယုဘက်က အသာစီးရရင် သူ့အတွက် တစ်ချို့အရာတွေကို စီစဉ်ပေးလိုက်မယ်။ အတိုချုပ်ပြောရလျှင် ဗိုလ်ချုပ်ကြီးယန်က အနာဂတ်မှာ ပြဿနာမဖြစ်စေဖို့ အတွက် သူ့ကို ကျကျနန ခြိမ်းခြောက်ပြီး ဖိနှိပ်ထားဖို့ လိုအပ်တယ်။”

ကွန်ဖြူးရှပ်ဝတ်ဆင်ထားသည့် ပညာရှင်တစ်ဦးက ထရပ်လိုက်ပြီး၊ မုတ်ဆိတ်ကို ပွတ်သပ်ရင်း ပြောလိုက်သည်။ သူ့မျက်လုံးများက လျှပ်စီးကဲ့သို့ တောက်ပနေသည်။

“မှန်တယ်….။ သူ့ကို ဖိနှိပ်ရမယ့် အချိန်ရောက်ပြီ။ မဟုတ်ရင် အနာဂတ်မှာ ငါ့အတွက် ပြဿနာ ပိုဖြစ်များလိမ့်မယ် " ယန်ကျန်းက ပြောလိုက်ပါသည်။

အခန်း (၁၄၉)။

“ဘာကြောင့် ဒီလောက်ပြင်းထန်တဲ့ ခမ်းနားထည်ဝါမူနဲ့ သတ်ဖြတ်ခြင်း အငွေ့အသက်ကို ခံစားနေရ တာလဲ?"

ဟုန်ယွိသည် ပစိတ်ဖိတ် ရေတပ်ဌာနချုပ်သို့ အလျင်စလို ရောက်ရှိလာသောအခါ၊ ရင်ပြင်ပေါ်တွင် ဆေဘာများနှင့် လှံများ ထူထပ်စွာ စီစဉ်ထားသည်ကို တွေ့လိုက်ရသည်။ သံမဏိနတ်ဆိုး အစောင့် တပ်ဟု ထင်ရသည့် စစ်သည်အုပ်စုများသည် သံမှိုများကဲ့သို့ မတ်တပ်ရပ်နေကြပြီး၊ ၎င်းတို့၏ မျက်လုံးများက ဟုန်ယွိနှင့် လူရှစ်ဦးပါ သူ၏အဖွဲ့ကို စူးစိုက်ကြည့်ရှုနေသည်။

ထိုခံစားချက်သည် လူသူကင်းမဲ့သော တောရိုင်းထဲတွင် ဝံပုလွေအုပ်စုတစ်ခု၏ စူးစိုက်ကြည့်ရှုနေမှု ကို ခံနေရသလိုဖြစ်ပြီး၊ လူကို စိတ်မသက်မသာ ဖြစ်စေပါသည်။

“မြင်းပေါ်က ဆင်းကြ….."

ဟုန်ယွိ တံခါးဝသို့ ရောက်ရှိလာသည်ကို မြင်သောအခါ၊ ဦးဆောင်စစ်သည်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ၎င်း၏အသံက မိုးကြိုးပစ်သံကဲ့သို့ ရင်ပြင်တစ်ခုလုံးတွင် ပဲ့တင်ထပ်နေပြီး၊ သူ၏လေးနက်သော သိုင်းပညာအဆင့်ကို ပြသနေသည်။

“ပြီးခဲ့တဲ့ တစ်ကြိမ်ကတည်းက ဒီလူအုပ်စုဟာ သွေးငါးမန်းအစောင့်တွေပဲ။ သူတို့ဟာ လက်နက် အပြည့်အဝ မတပ်ဆင်ထားသလို၊ ဘေးကို မျက်စိစွေပြီးတောင် မကြည့်ခဲ့ကြဘူး။ သူတို့က ဂုဏ်သိက္ခာနဲ့ ဖိနှိပ်မှုအငွေ့အသက်ကိုသာ ပေးခဲ့တယ်။ ဒါပေမယ့် ဒီတကြိမ်မှာတော့ ဒီလူတွေရဲ့ မျက်လုံးတွေက ရက်စက်ရက်ကြုတ်ပြီး၊ ငါ့ကို အပိုင်းပိုင်း ဖြတ်တောက်ပစ်ချင်နေသလိုပဲ။ ယန်ကျန်း က ငါ့ကို ဒီကိုဖိတ်ခေါ်ပြီး ဖမ်းဆီးဖို့ ကြံစည်နေတာများလား…..။”

ဟုန်ယွိနှင့် သူ့လက်အောက်ရှိ ရှင်တန်သိုင်းသခင် ခုနစ်ဦးစလုံး မြင်းပေါ်မှ ဆင်းလိုက်ကြသည်။ သူတို့သည် ရင်ပြင်ထဲရှိ ထိုလူများကို ကြည့်ရင်း၊ တစ်ခုခု မူမမှန်သည်ဟု ခံစားလိုက်ရသည်။

ထိုအငွေ့အသက်သည် မူမမှန်သော အငွေ့အသက်မျိုး ဖြစ်နေသည်။ ဤလူများအားလုံးသည် သူ့ကို စူးစိုက်ကြည့်နေကြပြီး၊ ဤသတင်းပို့ခြင်းကိစ္စသည် ရာထူးတိုးမြှင့်မှုအတွက် မဟုတ်ဘဲ၊ သူ့ကို ဖမ်းဆီးရန် ဖြစ်နေသလိုပင် ခံစားရသည်။ ထိုလူများသည် ပုန်းအောင်းနေသော လုပ်ကြံသတ်ဖြတ်သူ များနှင့် တူနေပါသည်။

“ငါ့ကို ဖမ်းဆီးဖို့ အကြောင်းပြချက် မရှိဘူးမဟုတ်လား….။ ယန်ကျန်းက စိတ်မထိန်းနိုင်တော့ ဘူးလား။ ဒါမှမဟုတ် ကျောက်စိမ်းမြို့တော်မှာ အိမ်ရှေ့စံမင်းသားများ နန်းတက်သွားလို့လား။ ဒါမှမဟုတ် ငါ့ခန့်မှန်းချက်တွေက မှန်ကန်နေသလား။ ဒီတစ်ကြိမ် ဝေလဲ့ကို သတ်ဖြတ်လိုက်တာက ယန်ကျန်းအတွက် ပြဿနာများစွာ ဖြစ်ပေါ်စေခဲ့တယ်။ သူက ငါ့ကို အနည်းငယ် ဖိနှိပ်ချင်နေတာ လား။” ဟုန်ယွိ၏စိတ်ထဲမှာ အလွန်အန္တရာယ်များသည့် အကြံအစည်တစ်ခု ပေါ်လာပြီးနောက်၊ သူက ၎င်းကို ဖယ်ရှားလိုက်ကာ၊ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်ထွက်လာသည်။

ဤဖွဲ့စည်းမှုနှင့် အငွေ့အသက်ကို ကြည့်ရင်း၊ ယန်ကျန်းသည် ယနေ့တွင် သူ့ကို သေချာပေါက် ဖိနှိပ်တော့မည်ဟု ဟုန်ယွိ သိလိုက်ပါသည်။

“တကယ်လို့, အပေါ်ယံ နားလည်မူလောက်သာရှိတဲ့ သာမန်အင်အားကြီး မိသားစုဝင်တစ်ခုရဲ့ သားတစ်ယောက်သာဆိုရင်၊ ဒီလိုဖွဲ့စည်းမှုမျိုးက သူ့ကို ခြိမ်းခြောက်နိုင်မှာပါ။ ဒါပေမယ့် ငါက ချီကို လေ့ကျင့်ပြီး၊ အတိတ်သုတ္တန်ကို ကျင့်ကြံထားတယ်။ ကျုပ် မမြင်နိုင်ဘူးလို့ ခင်ဗျား ထင်နေတာလား။ ခင်ဗျားက ဗိုလ်ချုပ်ကြီးတစ်ဦးရဲ့ ဂုဏ်သိက္ခာကို ယူဆောင်ပြီး၊ ရက်စက်ကြမ်းကြုတ်စွာ ပြုမူရင် တောင် ကျုပ်ကို ခြိမ်းခြောက်နိုင်မှာ မဟုတ်ဘူး။" ဟုန်ယွိသည် စိတ်ထဲတွင် တိတ်တဆိတ် ရယ်မော လိုက်သည်။ သူသည် သူ့စိတ်ကို တည်ငြိမ်စေပြီး၊ ယန်ကျန်းနှင့် တွေ့ဆုံပါက မည်သို့ ပြုမူရမည်ကို စဉ်းစားလိုက်သည်။

သူသည် တစ်ဖက်လူကို မကြောက်ရွံ့သော်လည်း၊ တစ်ဖက်လူသည် ပစိတ်ဖိတ်ရေတပ် တစ်ခုလုံး၏ မဟာဗိုလ်ချုပ်ကြီးတစ်ဦး ဖြစ်နေဆဲ ဖြစ်သည်။ အကယ်၍, သူသည် အလွန်အမင်း ပြုမူမိပါက၊ ဗိုလ်ချုပ်ကြီးတစ်ဦးအနေဖြင့် သူ၏ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်ရန်အတွက် တစ်ခုခု လုပ်ရပေမည်။ မည်သူ သိနိုင်မည်နည်း။ သူသည် အကြောင်းအမျိုးမျိုးဖြင့် ဆင်ခြေမျိုးစုံသုံးကာ သူ့ကို သတ်ဖြတ်ရန် အထိပင် အတင့်ရဲလာနိုင်သည်။ မှန်ပေသည်။ ဗိုလ်ချုပ်ကြီးတစ်ဦး ဖြစ်လာနိုင်သူသည် ပြတ်သား သည့် စရိုက်ရှိသူဖြစ်ပြီး၊ ရင်ဆိုင်ဖြေရှင်းရန် မလွယ်ကူပေ။

သို့သော်၊ အကယ်၍ သူသည် အလွန်အားနည်းဟန်ပြပြီး၊ တစ်ဖက်လူ၏ အနိုင်ကျင့်မူကို လက်ခံပါက၊ အနာဂတ်တွင် သူ၏ဘဝသည် ပို၍ပင် ခက်ခဲလာလိမ့်မည်။ ထို့အပြင်၊ သူသည် ပစိတ်ဖိတ်ရေတပ် ဗိုလ်ချုပ်ကြီးကို မင်းသားယုဘက်သို့ ယိမ်းယိုင်လာစေရန် ဆွဲဆောင်နိုင်တော့မည် မဟုတ်ပေ။

နှိမ့်ချခြင်းမရှိသလို၊ မောက်မောက်မာမာ ပြုမူခြင်းလည်းမရှိဘဲ တစ်ဖက်လူ၏ အင်အားပြသမှုကို ကျဆုံးစေဖို့, တစ်ဖက်လူကို အမှန်တကယ် ဒေါသမထွက်စေဖို့ မည်သို့မည်ပုံ ပြုမူရမည်ကို တွေးတောရခြင်းသည် အမှန်ပင် ခက်ခဲသော ပြဿနာတစ်ရပ် ဖြစ်ပါသည်။

စိတ်ထဲတွင် အကြံတစ်ခုကို ဖြစ်ပေါ်လာပြီးနောက်၊ ဟုန်ယွိသည် ကျွမ်းကျင်ပညာရှင် ခုနစ်ဦးနှင့် အတူ ရင်ပြင်ကို ဖြတ်ကျော်၍ ပစိတ်ဖိတ်ရေတပ် ဗိုလ်ချုပ်ကြီး၏ ပင်မတပ်စခန်း ခန်းမထဲသို့ ဝင်သွားခဲ့သည်။

ခန်းမထဲသို့ ဝင်ရောက်လာသည်နှင့်၊ ယခုတစ်ကြိမ်၏ အငွေ့အသက်သည် ယခင်တစ်ကြိမ်နှင့် အမှန်ပင် ကွဲပြားနေသည်ကို ဟုန်ယွိ တွေ့လိုက်ရပါသည်။ ယန်ကျန်းသည် အနက်ရောင် သံမဏိ ချပ်ဝတ်တန်ဆာနှင့် ဦးထုပ်ကို ဆောင်းထားသည်။ သူသည် ဓားရိုးပေါ်တွင် လက်တင်ထားရင်း ထိုင်နေသည်။ သူ၏ရှေ့ရှိ သံမဏိစားပွဲခုံပေါ်တွင် သွေးစုန်းဓာတ်ကြွယ်ဝသော စုတ်တံများ. စစ်သူကြီးတံဆိပ်များနှင့် အထောက်အထားသင်္ကေတများကို သပ်သပ်ရပ်ရပ် စီစဉ်ထားသည်။

ဘေးနှစ်ဖက်ရှိ ထိုင်ခုံများကို ဖယ်ရှားထားပြီး၊ အစောင့်အားလုံးက သပ်ရပ်စွာ ရပ်နေကြ၏။ ၎င်းတို့၏ မျက်လုံးများသည် ဟုန်ယွိနှင့် အခြားသူများကို စူးစိုက်ကြည့်ရှုနေသည်။ ဤအစောင့်များ ၏ မျက်လုံးများတွင် မထီမဲ့မြင်ပြုသည့် အကြည့်များ ရှိနေပြီး၊ ၎င်းတို့၏ ဆေဘာများသည် ထက်ရှ ပြီး သွေးဆာနေသည့်ပုံ ပေါ်နေသည်။ ၎င်းတို့အားလုံးသည် သွေးနှင့်မီးလျှံတွေကြားမှာ နှစ်ခြင်းခံခဲ့ရ သည့် ကျွမ်းကျင်သူများ ဖြစ်ပြီး၊ အပြင်ဘက်ရှိ သွေးငါးမန်းအစောင့်တပ်ထက် အနည်းငယ် အဆင့်မြင့်သည်ဟု ခံစားရသည်။

ဟုန်ယွိသည် ၎င်းတို့ထဲမှ အချို့သည် သူ့ခန္ဓာကိုယ်၏ တစ်နေရာကို စူးစိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ထိုကြည့်ရူခံရသည့် နေရာသည် သူ့အဝတ်အစားထဲတွင် အဆိပ်ပင့်ကူ တစ်ကောင် တွယ်တက်နေသလို ခံစားရပါသည်။

လူတစ်ဦး၏ ခန္ဓာကိုယ်ပေါ်တွင် ၎င်းတို့၏ မျက်လုံးများကို စူးစိုက်ထားရုံဖြင့် အဆိပ်ပင့်ကူ တစ်ကောင် တွယ်တက်နေသကဲ့သို့ ခံစားရစေနိုင်သည်။ ၎င်းတို့၏ မျက်လုံးများဖြင့် စုစည်းထား သော စိတ်ဝိညာဉ် စွမ်းအားသည် မည်မျှ ပြင်းထန်လိုက်မည်နည်း။

ဤလူများသည် ရှင်တန်သိုင်းသခင်များဖြစ်ကြောင်း သိသာပါသည်။

"ကျွန်တော်က အစိမ်းရောင်တပ်ရင်းမှူး ဟုန်ယွိပါ။ ဗိုလ်ချုပ်ကြီးကို နှုတ်ခွန်းဆက်သပါတယ်။ ကျွန်တော် တာဝန်တွေ အစီရင်ခံဖို့ ရောက်လာတာပါ။ ဒီခုနစ်ယောက်စလုံးက ကျွန်တော့် မိသားစုက ကျွမ်းကျင်သူတွေ ဖြစ်ကြပြီး၊ ဒီတစ်ကြိမ် ဓားပြတွေကို နှိမ်နင်းတဲ့ တိုက်ပွဲမှာ ကြီးမားတဲ့ ပံ့ပိုးမှုတွေ ကို ပြုလုပ်ခဲ့ကြပါတယ်။ ကျွန်တော် သူတို့ကို ဗိုလ်ချုပ်ကြီးနဲ့ တွေ့ဆုံပေးဖို့ အထူး ခေါ်ဆောင်လာခဲ့ပါ တယ်…..။”

ယန်ကျန်း စကားပြောလာမည်ကို မစောင့်တော့ဘဲ ဟုန်ယွိက အသံကို မြှင့်ပြီး အော်ပြောလိုက်ပါ သည်။ သူ့အသံက ကျယ်လောင်မှု မရှိသော်လည်း၊ အင်အားပြည့်ဝပြီး၊ ဗိုလ်ချုပ်ကြီးအိမ်တော် တစ်ခု လုံးကို ဟိန်းထွက်စေသည်။ အနီးနားရှိ သူများသည် အသက်ရှူကြပ်သလို ခံစားရပါသည်။

ယခုအခါ ဟုန်ယွိသည် ရှင်တန်သိုင်းသခင်အဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်နေပါပြီ။ သူသည် တိုင်ရှန် တာအို၏ ထိပ်တန်း အသက်ရှူကျင့်စဉ် နည်းလမ်းဖြစ်သည့် ဝိညာဉ်လိပ် အသက်ရှူခြင်း ပညာရပ်ကို လည်း လေ့ကျင့်ထားသည်။ သူ စကားပြောသည့် အခိုက်တွင်၊ သူ၏ချီသည် နစ်မြုပ်သွားပြီး၊ သူ၏ ကိုယ်တွင်းအင်္ဂါများတစ်လျှောက် ပျံ့နှံ့သွားသည်။ ချီသည် သူ၏အူများကို ဆန့်ထုတ်ကာ ဗိုက်ကို ဖောင်းကားစေပြီး၊ အဆုတ်ကို ပေါက်ကွဲစေကာ၊ လည်ချောင်းမှ ထွက်လာသည်။ သူ စကား ပြောလိုက်သည်နှင့်၊ အသံက ကျောလိပ်ကြီး၏ နက်ရှိုင်းသော ဟိန်းဟောက်သံနှင့်တူပြီး၊ လူများကို ကြီးမားသော အင်အားနှင့် တောင်တန်းတစ်ခုကဲ့သို့ ခိုင်မာသော ဖိအားကို ခံစားရစေသည်။

သူ စကားပြောလိုက်သည်နှင့်၊ ဤနေရာတွင်ရှိသော အေးစက်ပြီး သိပ်သည်းနေသော အငွေ့အသက် သည်ပင် အနည်းငယ် ပြိုကွဲသွားသည်။

ဝိညာဉ်လိပ်အသက်ရှူခြင်း ပညာရပ်သည် တိုင်ရှန်တာအိုဂိုဏ်း၏ ထိပ်တန်း သိုင်းပညာရပ် တစ်ခု ဖြစ်ပြီး၊ တောင်ကဲ့သို့ လေးလံသော ဧရာမလိပ်ကြီး၏ အသက်ရှုခြင်းမှ ဆင်းသက်လာခြင်း ဖြစ်သည်။ လိပ်သည် နဂါး၏သားတစ်ယောက် ဖြစ်ပြီး ၎င်းသည် ကောင်းကင်ဧကရာဇ်၏ ကျောကုန်းလိပ်နှင့် ဆင်တူသည်။ ၎င်း၏ အငွေ့အသက်သည် နတ်ဆိုးအားလုံးကို ဖျက်ဆီးပစ်နိုင်သည်။

ဤဝိညာဉ်လိပ်အသက်ရှူခြင်း ပညာရပ်ကို သိုင်းသူတော်စင်အဆင့်အထိ ကျင့်ကြံပြီးပါက, ထိုလိပ်၏ မမြင်နိုင်သော အငွေ့အသက်ဖြင့်ပင် ယင်စိတ်ဝိညာဉ်များကို သတ်ဖြတ်နိုင်ပြီး၊ တစ္ဆေသရဲများနှင့် နတ်ဘုရားများကိုပင် ထိတ်လန့်စေနိုင်သည်။

ဟုန်ယွိ၏ အဆင့်သည် သိုင်းသူတော်စင်အဆင့်နှင့် ဝေးကွာနေသေးသော်လည်း သူသည် အတွေးမရှိ ငြိမ်သက်ခြင်း နယ်ပယ်ကို နားလည်ခဲ့သည်။ သူ၏ကျင့်ကြံမှု အရှိန်ဟုန်သည် အလွန်မြန်သည်။ ယခုအခါ သူသည် ဝိညာဉ်လိပ်အသက်ရှူခြင်း နည်းပညာကို အသုံးပြုနေသောကြောင့် သူ၏ အငွေ့အသက်သည် အနည်းငယ် ထင်ကြီးလောက်ပါသည်။

"ဘာကောင်လဲဟာ၊ သူက တကယ်ပဲ ရှင်တန်သိုင်းသခင် ကျွမ်းကျင်သူတစ်ဦးလား။ သူ့နောက်မှာ ရှိတဲ့ သူတွေကရော အားလုံးက ရှင်တန်သိုင်းသခင် ကျွမ်းကျင်သူတွေလား။ ရှင်တန်သိုင်းသခင် ကျွမ်းကျင်သူ ခုနစ်ယောက်လား။ ဒီလူတွေရဲ့ အငွေ့အသက်နဲ့ အကြည့်တွေအရ… သူတို့ဟာ ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ် တစ်သားတည်းဖြစ်နေပြီ။ သူတို့က မဟာဆရာသခင်အဆင့် သိပ်မဝေးတော့မှာတောင် စိုးရတယ်။ ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ် တစ်သားတည်းဖြစ်နေတဲ့ ရှင်တန် သိုင်းသခင် ကျွမ်းကျင်သူသုံးဦး ... သူတို့က မင်းသားစံအိမ်တွေမှာတောင် လေးစားပြီး အလွန်မင်း တန်ဖိုးထားခံရမယ့် သူတွေပဲ။ ဟုန်မိသားစုရဲ့ တရားမဝင်သားဖြစ်တဲ့ သာမန်တပ်ရင်းမှူးတစ်ဦးမှာ ဒီလောက်အင်အားကြီးမားတဲ့ ဖွဲ့စည်းမှုမျိုး ဘယ်လိုလုပ် ရှိနိုင်မှာလဲ။”

ယန်ကျန်းသည် မူလက ဟုန်ယွိကို အင်အားပြလိုခဲ့သည်။ အရင်ဆုံး သူက ဟုန်ယွိကို ဆူပူ ကြိမ်းမောင်းမည်။ အကယ်၍, ဟုန်ယွိက လက်မခံဘူးဆိုလျှင် အကြောင်းအမျိုးမျိုးရှာမည်။ အကယ်၍ သူက ဆက်လက်ပြီး စော်ကားလာပါက၊ သူ့ကို သတ်ဖြတ်ရန် တွန့်ဆုတ်နေမည် မဟုတ်ပေ။ စစ်သည် သိန်းပေါင်းများစွာကို ဦးဆောင်မူပြုရသည့် စစ်သူကြီး၊ ဗိုလ်ချုပ်ကြီး တစ်ဦး သည်၊ သာမန် မင်းမျိုးမင်းနွယ်မိသားစုတစ်ခု၏ သားတစ်ဦးထံမှ စော်ကားပြစ်တင်မူကို ခွင့်မပြုနိုင် ပေ။ မဟုတ်ပါက, သူသည် လူအများကို ဆွဲဆောင်နိုင်မှာ မဟုတ်တော့ပါဘူး။ ဟုန်ယွိသည် မင်းသား ယု၏ လူဖြစ်နေသည့်တိုင်, အကယ်၍, သူသာ လူသိရှင်ကြား စော်ကားလာပါက၊ သူ့အတွက် စကားတစ်ခွန်းသာ ရှိပါသည် ……. “သတ်”။

သို့သော် ဟုန်ယွိ၏ လက်ရှိအခြေအနေကို မြင်လိုက်ရသောအခါတွင်တော့ သူ တခဏမျှ တွန့်ဆုတ် သွားသည်။

အကြောင်းရင်းမှာ အခြားမဟုတ်ပေ။ ဟုန်ယွိ၏ အစုအဖွဲ့သည် အလွန်အင်အားကြီးမားလွန်းသည်။ သူကိုယ်တိုင်အပါအဝင်၊ ရှင်တန်သိုင်းသခင်အဆင့် ရှစ်ယောက်ရှိနေပါသည်။ ၎င်းတို့ထဲတွင် သုံးဦးသည် သံချပ်ကာနှင့် ဦးထုပ်များကို ဆောင်းထားကြပြီး သူတို့၏မျက်နှာတွေကို မမြင်ရသော် လည်း၊ ယန်ကျန်းသည် ဤသုံးဦး၏ အငွေ့အသက်များသည် အင်အားကြီးမားပြီး လွှမ်းမိုးနိုင်စွမ်း ရှိသည်ကို ရှင်းလင်းစွာ မြင်နိုင်ပါသည်။ သူတို့သည် ဗိုလ်ချုပ်ကြီးဆိုသည့် သူ၏ဂုဏ်သိက္ခာကို လုံးဝ ဂရုမစိုက်ကြပါဘူး။ သူတို့သည် ထိုနေရာတွင် ငြိမ်သက်စွာ မလှုပ်မယှက် ရပ်နေကြပြီး ယန်ကျန်း သည် မည်သူမည်ဝါ ဖြစ်သည်ကိုပင် သိဟန်မတူပေ။

ထိုလူသုံးယောက်ကတော့ သဘာဝအတိုင်း၊ လီလဲ့ အကြီးအကဲရှန်နှင့် ဝမ်ဖေးရန်တို့ ဖြစ်ကြပါသည်။ ၎င်းတို့အနက် လီလဲ့သည် ဘုရင်ခံ၏စံအိမ်တွင် နှစ်ပေါင်းများစွာ လိုက်ပါအမူထမ်းခဲ့ပြီး၊ အရာများစွာ ကို မြင်တွေ့ခဲ့ဖူးသည်။ အကြီးအကဲရှန်နှင့် ဝမ်ဖေးရန်တို့သည် မင်းသား ဟီချင်၏နောက်သို့ လိုက်ပါသူများ ဖြစ်ကြသပါည်။ သူတို့သည် ဧကရာဇ်မင်းမြတ်ကိုပင် ရံဖန်ရံခါ မြင်ဖူးသည်။ ပစိဖိတ်ရေတပ်၏ ဗိုလ်ချုပ်ကြီး ယန်ကျန်းသည် အင်အားကြီးမားသော်လည်း၊ ၎င်းတို့ကို ခြောက်လှန့်နိုင်စွမ်း မရှိပေ။

ယန်ကျန်းသည် နှစ်ပေါင်းများစွာ ဗိုလ်ချုပ်ကြီးတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ သိုင်းပညာ တွင် အဆင့်မြင့်မြင့် ကျွမ်းကျင်သူ ဖြစ်သည်။ သူသည် လူတစ်ဦးကို ကြည့်ရုံဖြင့် ၎င်းတို့၏ စရိုက် လက္ခဏာကို အကြမ်းဖျင်း သိရှိနိုင်သည်။ ယခုအခါ သံချပ်ကာထဲတွင် ဖုံးကွယ်ထားသော ဤသုံးဦး ၏ နက်နဲသော အသွင်အပြင်ကို မြင်လိုက်ရသောအခါ၊ သူသည် အနည်းငယ် မသေချာ မရေမရာ ဖြစ်သွားခဲ့ရသည်။

“မင်းနောက်က လိုက်ပါလာတဲ့ ခုနစ်ယောက်… အားလုံးက မင်းရဲ့ ကျွန်တွေလား..။ သူတို့က ရဲရင့်တဲ့ စစ်သည်တွေပဲ။ ပြန်ရောက်တဲ့အခါ စစ်ရေးအစီရင်ခံစာ ရေးလိုက်။ မင်းတို့ရဲ့ စစ်ရေးအောင်မြင်မှု တွေကို ငါ မတွန့်တိုပါဘူး။ မင်း အခု အင်အားပြည့်ဝနေတာကို ကြည့်ရသလောက်တော့, မင်းလည်း ရှင်တန်သိုင်းသခင်အဆင့်အထိ ကျင့်ကြံပြီးဖြစ်ရမယ်။ မင်းက ဝေလငါးကျွန်းရဲ့ မျက်ခုံးစိမ်းကို သတ်ခဲ့ပြီး ကြီးမားတဲ့ကမ္မကုသိုလ်ကြီးတစ်ခု ပြုလုပ်နိုင်ခဲ့တယ်။ မင်းကို ဗိုလ်ချုပ်တစ်ယောက်အဖြစ် ရာထူးတိုးမြှင့် ပေးသင့်ပေမယ့်၊ မင်းက စစ်တပ်ထဲရောက်တာ လပိုင်းလောက်ပဲ ရှိသေးတယ်။ အတင်းအဖျင်း စကားတွေ မဖြစ်ပေါ်စေဖို့အတွက်၊ ငါ ယာယီအနေနဲ့ ဖိနှိပ်ထားရမယ်။ ဒါပေမယ့် မင်းက ရှင်တန်သိုင်းသခင်အဆင့်ထဲ ဝင်ရောက်ပြီးပြီဆိုတော့၊ အကဲဖြတ်ဖို့ ကိုယ်ခံပညာခန်းမကို သွားပြီး၊ စစ်ဆေးမှု ခံယူပြီးရင်၊ ဗိုလ်ချုပ်တစ်ယောက် ဖြစ်လာဖို့ဆိုတာ မခက်ခဲတော့ပါဘူး။ တော်ဝင်ချန်ရဲ့ စစ်ရေးဥပဒေအရ၊ ရှင်တန်သိုင်းသခင်အဆင့် ကျွမ်းကျင်သူတွေဟာ ဗိုလ်ချုပ်ရာထူး ကို ကွပ်ကဲနိုင်ပြီး၊ ကိုယ်ခံပညာဖြင့် အရာရှိတွေကို ဆုချီးမြှင့်နိုင်တယ်။”

ယန်ကျန်းသည် စကားအများကြီး ပြောခဲ့သော်လည်း သူ့စိတ်ထဲတွင် ဟုန်ယွိကို မည်သို့ ကိုင်တွယ်ရ မည်ကို တွေးနေမိပါသည်။

"ဗိုလ်ချုပ်ကြီး ပြောတာ မှန်ပါတယ်။ ကျွန်တော်ဟာ ပစိဖိတ်ရေတပ်ရောက်တာ လပိုင်းလောက်ပဲ ရှိသေးပြီး ဗိုလ်ကြီးအဖြစ် ရာထူးတိုးမြင့်ခံရရင်, အဆင်မပြေ ဖြစ်လိမ့်မယ်။ ဗိုလ်ချုပ်ကြီးက ဘက်မလိုက်ဘဲ တရားမျှတမူရှိတာကြောင့်၊ ကျွန်တော် အလွန်လေးစားမိပါတယ်။ ဟုန်ယွိက ဆက်ပြီး မြှောက်ပင့်ပြောလိုက်ပါသည် "ကျွန်တော်ဟာ ရှန်တန်သိုင်းသခင်နယ်ပယ် ရောက်အောင် လေ့ကျင့်နိုင်ခဲ့ပေမယ့်၊ တိုင်ရှန်တာအိုဂိုဏ်းရဲ့ ဝိညာဉ်လိပ်အသက်ရှူခြင်းပညာရပ်ရဲ့ နက်နဲမှုကို အားကိုးပြီး၊ အားအနည်းငယ် စိုက်ထုတ်ရုံနဲ့ ရှန်တင်သိုင်းသခင်နယ်ပယ်ထဲ ရောက်ရှိခဲ့တာပါ။ ဒါပေမယ့် ဗိုလ်ချုပ်ကြီးအတွက် အောင်မြင်မှုတွေ ရယူပေးနိုင်ဖို့အတွက်၊ ကျွန်တော် ကြိုးစား လေ့ကျင့်ပြီး၊ မဟာဆရာသခင်နယ်ပယ် တတ်နိုင်သမျှ အမြန်ဆုံး ဝင်ရောက်ရှိအောင် လုပ်ဆောင်ပါ့ မယ်။ အဲဒီအခါမှာ ဗိုလ်ချုပ်ကြီးထံ အမှုတော်ထမ်းဖို့ ကျွန်တော် ပြန်လာပါ့မယ်။”

ဟုန်ယွိ၏ စကားများသည် စံနှုန်းတစ်ခု ရှိနေခဲ့သည်။ အရင်ဆုံး သူသည် ယန်ကျန်းကို မြှောက်ပင့် ပြောဆိုပြီး၊ ဒုတိယအချက်အနေဖြင့် သူသည် တိုင်ရှန်တာအိုဂိုဏ်း၏ ကိုယ်ခံပညာကို လေ့ကျင့်ထား ပြီး၊ မဟာဆရာသခင်နယ်ပယ်သို့ ရောက်ရှိနိုင်သည့် ပိုမိုနက်နဲပြီး ပိုမိုအစွမ်းထက်သော ခြင်ဆီ သန့်စင်ခြင်းပညာရပ်ကို ပိုင်ဆိုင်ထားကြောင်း ယန်ကျန်းအား ပြောပြနေသည်။ ထိုစကားများ အတွင်း ဖုံးကွယ်ထားသော အဓိပ္ပါယ်မှာ သူသည် တိုင်ရှန်တာအိုဂိုဏ်း၏ ထောက်ခံမှုရှိသည်ဟု ပြသရန်ဖြစ်သည်။

ဟုန်ယွိသည် သူ့အမေက တိုင်ရှန်တာအိုဂိုဏ်း၏ သူတော်စင်မိန်းမပျို ဖြစ်ပြီး၊ တိုင်ရှန်တာအို ဂိုဏ်းသည် စိတ်ခံစားမှုများကို မေ့ပျောက်အောင် ကျင့်ကြံရပြီး၊ သူ့ကို ဂရုမစိုက်ကြောင်း သူ သိသည်။ သို့သော်၊ အဆင်သင့်ရှိနေသော ကျားအရေခွံကို အသုံးမပြုပါက ဖြုန်းတီးရာရောက်ပေ သည်။

ဤသည်မှာ ရွှေပင့်ကူဘုရင်ကို အသုံးပြုပြီး၊ အင်အားကြီးမားသော ရန်သူများစွာကို ခြိမ်းခြောက် ဖယ်ရှားခဲ့ပြီးနောက်၊ သူရရှိခဲ့သော အကြံတစ်ခုဖြစ်သည်။

သို့သော်၊ ယခုအခါ ရွှေပင့်ကူဘုရင်ကို အသုံးပြုပြီး၊ လူတွေကို ခြိမ်းခြောက်ရန် မဖြစ်နိုင်တော့ပေ။ အကြောင်းမှာ ရွှေပင့်ကူဘုရင်သည် ရိုရန်အင်ပါယာ၏ နိုင်ငံတော် အတိုင်ပင်ခံ မဟာဝိဇ္ဇာတစ်ပါး ဖြစ်နေသည်။ သတိမထားမိပါက၊ သူသည် နိုင်ငံတော် သစ္စာဖောက်သူအဖြစ် စွပ်စွဲခံရနိုင်သည်။

"ဘာ….။ သူက တိုင်ရှန်တာအိုဂိုဏ်းရဲ့ ဝိညာဉ်လိပ်အသက်ရှူခြင်းပညာရပ်ကို လေ့ကျင့်ထားတာ လား။ ဒါကြောင့်ကိုး…၊ ဒါကြောင့်ကိုး..။ အခုနက အဲဒီအသံက လိပ်ကြီးတစ်ကောင်နဲ့ တူတယ်လို့ ခံစားရတာ။ သူ့မှာ တိုင်ရှန်တာအိုဂိုဏ်းရဲ့ ထောက်ခံမှုများ ရှိနေမလား။ ဖြစ်နိုင်တယ်။ စီနီယာ တော်ဝင်နည်းပြဆရာဟုန်နဲ့ တိုင်ရှန်တာအိုဂိုဏ်းရဲ့ သူတော်စင်မိန်းမပျိုတို့ကြားမှာ ရန်ငြိုးရှိတယ်ဆို တဲ့ ကောလဟာလအချို့ကို ငါ ယောင်ဝါးဝါး ကြားခဲ့ရတာ။ တိုင်ရှန်တာအိုဂိုဏ်း ... ဒါက ပြိုင်ဘက် ကင်း ပုံရိပ်တစ်ခုပဲ။ တကယ်လို့, တိုင်ရှန်တာအိုဂိုဏ်းရဲ့ ခေါင်းဆောင် မိုနိုဂါတာရီသာ မီးလျှံ နဂါးကိုးကောင်ကို အသုံးပြုပြီး၊ ထိပ်တန်း ကျွမ်းကျင်ပညာရှင် သုံးဦးဖြစ်တဲ့ ယန်ယွဲ့, ယင်ဟိုင်နဲ့ ယင်ဟွေတို့ကို မတားဆီးခဲ့ပါက, စစ်တပ်က ဒိုင်ဇင်ဘုရားကျောင်းကို ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး။ ဒါ့အပြင်, ဧကရာဇ်မင်းမြတ် နှစ်ပါးဖြစ်တဲ့ ဧကရာဇ် ထိုက်ကျုံးနဲ့ ဧကရာဇ် ကောင်းကျုံးတို့ရဲ့ ရုတ်တရက် သေဆုံးမှုကလည်း တိုင်ရှန်တာအိုဂိုဏ်းနဲ့ ပတ်သက်မှု ရှိခဲ့တယ်။ တိုင်ရှန်တာအိုဂိုဏ်းက ဧကရာဇ်တွေကိုတောင် မကြောက်ဘူး။ သူတို့သာ တကယ်ပဲ သူ့ကို ထောက်ခံထားတယ်ဆိုရင်၊ ငါ စိုးရိမ်တာက…..၊ ငါ စိုးရိမ်တာက…..”။

ယန်ကျန်းသည် ဟုန်ယွိကို ဂရုမစိုက်သလို မင်းသားယုကိုလည်း ဂရုမစိုက်ပေ။ သို့သော် သူသည် တိုင်ရှန်တာအိုဂိုဏ်းကို လျစ်လျူမရှုနိုင်ပေ။ တိုင်ရှန်တာအိုဂိုဏ်းသည် နှစ်ထောင်ပေါင်းများစွာသော ကံကြမ္မာစွမ်းအင်ကို ပိုင်ဆိုင်ထားပြီး၊ လျှို့ဝှက်ဆန်းကြယ်လွန်းသည်။ ၎င်းသည် အင်ပါယာတစ်ခု၏ တိုးတက်မူနှင့် ကျဆုံးမှုကို ထိန်းချုပ်နိုင်ပြီး၊ ဧကရာဇ်တွေကို လျှို့ဝှက်စွာ ဖယ်ရှားနိုင်ကာ၊ နတ်ဘုရား လက်နက်ကို ထိန်းချုပ်နိုင်သည်။ ဤသို့သော ဂိုဏ်းတစ်ခုသည် သူကဲ့သို့ သာမန် ဗိုလ်ချုပ်ကြီး တစ်ဦး ရင်ဆိုင်နိုင်စွမ်းမရှိသည့်အရာ ဖြစ်သည်။

"တိုင်ရှန်တာအိုဂိုဏ်းက မင်းသားယု ထီးနန်းတက်နိုင်အောင် ကူညီချင်နေတာများလား။ ဒါဆိုရင် ကိစ္စတွေက ရှုပ်ထွေးလာပြီ။ တကယ်လို့ အိမ်ရှေ့စံမင်းသားသာ နန်းတက်နိုင်ခဲ့ရင်, တိုင်ရှန်တာအို ဂိုဏ်းကြောင့် ဖြစ်ကောင်းဖြစ်လိမ့်မယ်..."

ပထမဦးစွာ၊ ယန်ကျန်းသည် အခြေအနေက လုံးဝ ထိန်းချုပ်မရတော့ဟု ခံစားလိုက်ရသည်။

"သူ ဘာတွေ တွေးနေလဲ?" ဟုန်ယွိသည် ယန်ကျန်း၏ မရေရာသော အမူအရာကို ကြည့်ရင်း နားမလည်နိုင် ဖြစ်နေခဲ့ပါသည်။

ဟုန်ယွိ လုပ်ဆောင်သမျှမှာ, သူသည် သူနှင့်အတူ မဟာပညာရှင် အနည်းငယ်ကို ခေါ်ဆောင်လာပြီး၊ အနည်းငယ် ကြွားဝါရုံမျှသာ ဖြစ်ပြီး၊ ယင်းက ဗိုလ်ချုပ်ကြီး ယန်ကျန်းကို ဤမျှအထိ အတွေးရောက် စေမည်ဟု သူ မျှော်လင့်မထားခဲ့ပေ။

All Chapters