← Chapters

အခန်း (၁၅၀-၁၅၂)

Vol. 13 Ch. 150-152

အခန်း (၁၅၀-၁၅၂)

Vol. 13 Ch. 150-152

အခန်း (၁၅၀)။

“အားလုံး၊ ဆုတ်ခွာသွားကြ….။”

ယန်ကျန်း၏ စိတ်ထဲတွင် စက္ကန့်ပိုင်းအတွင်း အတွေးပေါင်းများစွာ ဖြတ်သန်းသွားသည်ကို မည်သူမျှ မသိပေ။ သူသည် ကျားသားရေခင်းထားသော ထိုင်ခုံကြီးရှေ့တွင် ထရပ်လိုက်ပြီး ရှေ့နောက် လှည့်ပတ်လျှောက်လှမ်းသည်။ သူ့မျက်နှာထက်တွင် တိမ်ဖုံးနေသည့်အလား မရေရာသော အမူအရာများ ပြသနေသည်။ အနက်ရောင် သံမဏိစားပွဲသည် သူ၏ ခြေလှမ်းများနှင့်အတူ ယိမ်းထိုးနေသည့်အလားပင်။ ခန်းမထဲရှိ လူအုပ်ကြီး၏ အကြည့်များသည် အလွန်မင်း ဂုဏ်သိက္ခာကြီးမားလှသော ဗိုလ်ချုပ်ကြီး၏ လှုပ်ရှားမှုများကို ဘယ်ညာ လိုက်ကြည့်နေကြသည်။

နှစ်ပေါင်းများစွာ တပ်သားများကို ဦးဆောင်လာခဲ့သည့် ဂုဏ်သိက္ခာက သူ့တွင် လူများ၏ အကြည့်များကို သဘာဝအတိုင်း ဆွဲဆောင်နိုင်သည့် အငွေ့အသက်ကို ဖြစ်ပေါ်စေခဲ့သည်။ လူတို့သည် သူ့စိတ်၏ အပြောင်းအလဲများကို သတိထားမိကြသည်။

ဟုန်ယွိပင်လျှင် ယန်ကျန်း၏ လှည့်ပတ် လမ်းလျှောက်နေသည့် မြင်ကွင်းကိုကို ကြည့်ရင်း သူ တွေးနေသည့်အရာကိုကို ခန့်မှန်းရန် ခက်ခဲလာသည်။ စက္ကန့်ပိုင်းအတွင်း သူသည် ဤဗိုလ်ချုပ်ကြီး၏ အတွေးများကို ဆုပ်ကိုင်နိုင်ခြင်း မရှိတော့ကြောင်း ခံစားလိုက်ရသည်။ နောက်အခိုက်တန့်မှာ သူဒေါသထွက်မည်လား၊ သို့မဟုတ် တစ်ခုခုလုပ်မည်လား သူ မသိနိုင်ပေ။

ဘုရင်တစ်ပါး၏ အမူတော်ကို ထမ်းဆောင်ရခြင်းသည် ကျားတစ်ကောင်နှင့် အတူတူနေရခြင်းနှင့် အတူတူပင်။

ဤစကားသည် ဟုန်ယွိ၏ စိတ်ထဲတွင် ရုတ်တရက် ပေါ်လာသည်။

ယန်ကျန်းသည် ဘုရင်တစ်ပါး မဟုတ်သော်လည်း ပစိတ်ဖိတ်ရေတပ်၏ တပ်သားတစ်သိန်းကျော် တွင် အာဏာအမြင့်ဆုံးကို ဆွဲကိုင်ထားသူဖြစ်ပြီး ‘ဒေသခံဘုရင်’ တစ်ဦးနှင့် ညီမျှသည်။

“တပ်သားတစ်သိန်းကျော်ကို ကွပ်ကဲနိုင်တဲ့ ပုဂ္ဂိုလ်တွေဟာ တကယ်ကို နားမလည်နိုင်အောင် နက်ရှိုင်းတဲ့ ပုဂ္ဂိုလ်တွေပဲ။ ကံကောင်းစွာပဲ, ဒီတစ်ကြိမ် ငါ့တွက်ချက်မှုက မမှားခဲ့ဘူး။ ငါ ကျွမ်းကျင်သူ အားလုံးကို ဒီကိုခေါ်လာခဲ့ပြီး ငါတို့ရဲ့စိတ်ဓာတ်ကို မြှင့်တင်နိုင်ခဲ့တယ်… တိုင်ရှန်တာအိုဂိုဏ်းဆိုတဲ့ ကျားရေကိုတောင် ဆွဲထုတ်လိုက်ရတယ်။ ဒါက ဒီဗိုလ်ချုပ်ကြီးကို အနည်းငယ် စိုးရိမ်သွားစေခဲ့တယ်။ သူက မင်းသားယုကိုတောင် ဂရုမစိုက်ဘူး။ သူက တကယ့် သန်မာတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ။ တကယ်လို့, ဒီနေ့ ငါသာ ငါ့အားနည်းချက်ကို ထုတ်ပြလိုက်ရင်၊ သူ ငါ့ကို ဘယ်လိုဆက်ဆံမလဲ မသိနိုင်ဘူး….ျ။”

ဟုန်ယွိ တွေးတောနေစဉ်မှာပင် ယန်ကျန်းသည် ရုတ်တရက် လှည့်ပတ် လမ်းလျှောက်နေခြင်းကို ရပ်တန့်လိုက်သည်။ သူက လက်တစ်ချက် ဝှေ့ရမ်းပြီး အမိန့်ပေးလိုက်သည့်အခါ ဟုန်ယွိတစ်ယောက် လန့်ဖျပ်သွားခဲ့သည်။

ရွှပ်….။

သူ၏ လက်ဝှေ့ရမ်းမှုနှင့်အတူ ခန်းမ၏ ဘေးနှစ်ဖက်တွင် ရပ်နေကြသည့် ကျွမ်းကျင်သူများသည် ရုတ်တရက် သူတို့၏ ကျောများကို မတ်မတ် ဆန့်လိုက်ကြပါသည်။ သူတို့၏ သံချပ်ကာဝတ်စုံများမှ စည်းချက်ညီညီ အသံထွက်ပေါ်လာသည်။ သူတို့သည် မည်သည့်မေးခွန်းမျှ မထုတ်ဘဲ တစ်ယောက်ပြီးတစ်ယောက် အစီအစဉ်တကျ ထွက်သွားကြသည်။ ခဏအတွင်း ခန်းမကြီးက တိတ်ဆိတ်ငြိမ်သက်သွားပြီး ထိတ်လန့်စရာကောင်း လောက်အောင် ဆိတ်ငြိမ်သွားခဲ့သည်။

ဟုန်ယွိသည် ဤပစိဖိတ်ရေတပ်၏ ကျွမ်းကျင်သူများကို လက်တစ်ချက် ဝှေ့ရမ်းရုံဖြင့် ထိန်းချုပ်နိုင်သည့် နည်းလမ်းကို ထပ်မံ ခံစားလိုက်ရသည်။

ခန်းမထဲတွင် ယခင်ကတည်းက သံချပ်ကာဝတ်စုံဝတ် အစောင့်၃၆ ယောက်ရှိခဲ့ပြီး၊ ၎င်းတို့အားလုံးသည် ထိပ်တန်းသိုင်းသခင်များ ဖြစ်သည်။ ၎င်းတို့ထဲတွင် ခြောက်ယောက်မှ တစ်ယောက်သည် ရှင်တန်သိုင်းသခင် ကျွမ်းကျင်သူများ ဖြစ်ကြသည်။ ဤလူများသည် နှစ်ပေါင်းများစွာ အတူတကွ ပူးပေါင်းလေ့ကျင့်ခဲ့ကြသည်မှာ ထင်ရှားသည်။ တစ်ချက်ကြည့်ရုံဖြင့်ပင် ၎င်းတို့၏ လှုပ်ရှားမှုများသည် သပ်ရပ်ကာ ညီညာပြီး ပူးပေါင်းဆောင်ရွက်မှုမှာ အပြစ်ကင်းစင်သည်။ ဟုန်ယွိဘက်မှ ကျွမ်းကျင်သူများနှင့် ယှဉ်လျှင် ၎င်းတို့သည် တစ်ဦးချင်းတိုက်ပွဲတွင် သန်မာသော်လည်း တကယ့် ဖွဲ့စည်းပုံအတိုင်း ပူးပေါင်းဆောင်ရွက်ရာတွင် မယှဉ်နိုင်ပေ။

ထို့ပြင် ဟုန်ယွိသည် ခန်းမ၏ဘေးနှစ်ဖက်ရှိ တင်းကျပ်စွာ ပိတ်ထားသော အခန်းများထဲမှ ခပ်ဖျော့ဖျော့ အသက်ရှူသံများကို ခံစားမိသည်။ ထိုနေရာတွင် ကျွမ်းကျင်သော လုပ်ကြံသူများ ပုန်းအောင်းနေသည်မှာ ထင်ရှားသည်။

ဤသို့ အင်အားကြီးမားသည့် ဖွဲ့စည်းမှုဖြင့်, အကယ်၍, ယန်ကျန်းသည် သူ့ကို သတ်ဖြတ်ရန် သန္နိဋ္ဌာန် ချထားလျှင် အမိန့်တစ်ချက် ပေးရုံဖြင့် ထိုလူများက သူ့ကို ဝိုင်းထားကြလိမ့်မည်။ အပြင်ဘက် ရင်ပြင်မှ လက်ရွေးစင် သွေးငါးမန်းတပ်သား ရာချီထောင်ချီသည် တဟုန်ထိုး ဝင်ရောက်လာလိမ့်မည်။ တာအိုနည်းလမ်းများကို အသုံးမပြုလျှင် သူသည် လုံးဝ ပျက်စီးသွားမည် ဖြစ်သည်။

တာအိုနည်းလမ်းများကို သုံးလျှင်တောင်မှ သူ့ရုပ်ခန္ဓာကိုယ်ကို ထိန်းသိမ်းထားနိုင်မည် မဟုတ်ပေ။

“ထိုင်ကြပါ။”

ခန်းမထဲတွင် ယန်ကျန်းတစ်ဦးတည်းသာ ကျန်ရှိခဲ့သည့်အခါ သူသည် ကျားသားရေ ထိုင်ခုံပေါ်သို့ ပြန်ထိုင်လိုက်ပြီး မျက်ခုံးတစ်ဖက် ပင့်ကာ ဟုန်ယွိနှင့် သူ့နောက်မှ ကျွမ်းကျင်သူခုနစ်ဦးကို ပြောလိုက်သည်။

ဟုန်ယွိသည် ဤအမူအရာကို မြင်သောအခါ ဤဗိုလ်ချုပ်ကြီးသည် သူနှင့် လျှို့ဝှက်စကားပြောရန် ပြင်ဆင်နေသည်ကို သိလိုက်ပါသည်။

သူသည် မင်းသားယုက အကြံပြုခဲ့သူ ဖြစ်သော်လည်း ဤဗိုလ်ချုပ်ကြီး၏ မျက်လုံးထဲတွင် သူသည် အမှန်ပင် အသုံးချခံ ကိရိယာတစ်ခုမျှသာ ဖြစ်သည်။ သူ့ကို သတ်လိုက်လျှင်ပင် မင်းသားယုသည် ဤကိစ္စကြောင့် သူနှင့် ရန်သူဖြစ်လိမ့်မည် မဟုတ်ပေ။ သို့သော် ယခုအခါ ဟုန်ယွိသည် သူ၏ သန်မာသည့် စွမ်းအားကို ပြသခဲ့ပြီး၊ တိုင်ရှန်တာအိုဂိုဏ်းနှင့် ဆက်နွှယ်မှုကို ထုတ်ဖော်ခဲ့သည့် အတွက် သူ၏အလေးထားမှုသည် များစွာ တိုးလာခဲ့ရသည်။

ဟုန်ယွိနှင့် အခြားသူများသည် တစ်ဦးပြီးတစ်ဦး ထိုင်လိုက်ပြီးနောက် ယန်ကျန်းသည် ရုတ်တရက် စကားစ ပြောသည်။

“သြဂုတ်လဆန်းပိုင်းက အစိုးရအဖွဲ့ဟာ ဧကရာဇ်ရဲ့ နှုတ်မိန့်တစ်ခုကို လက်ခံရရှိခဲ့တယ်။ နန်ကျိုးပြည်နယ် (တောင်ပိုင်းပြည်နယ်) အုပ်ချုပ်ရေးမှူး ဘုရင်ခံ ဝေတိုင်ကန်ကို မြို့တော်ကို အစီရင်ခံစာ တင်ပြဖို့ ပြန်လည် ခေါ်ယူပြီး၊ ဓလေ့ထုံးတမ်းစဉ်လာဝန်ကြီးဌာနက ဝန်ကြီး လီရှန်ကွန် ကို နန်ကျိုးပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူးအဖြစ် လွှဲပြောင်းတာဝန်ထမ်းဆောင်ဖို့ ဆွေးနွေးစေလိုခဲ့ တယ်။”

ယန်ကျန်းသည် စကားစလိုက်သည်နှင့် သူရောက်လာသည့် ကိစ္စနှင့် လုံးဝ မသက်ဆိုင်သည့် စကားများကို ပြောလိုက်သည်။

သို့သော် ထိုစကားများ ထွက်လာသည်နှင့် ဟုန်ယွိသည် ချက်ချင်း နားလည်လိုက်သည်။ “ဧကရာဇ် က အိမ်ရှေ့စံမင်းသားကို ဒီလောက်ထိ မယုံကြည်သည် ဖြစ်နေပြီလား။”

နန်ကျိုးပြည်နယ်ခုနစ်ခုမှ ဝေ့မိသားစုသည် အိမ်ရှေ့စံမင်းသား၏ တိုက်ရိုက် လက်အောက်ခံ ဖြစ်သည်။ သို့သော် ယခုအခါ ဧကရာဇ်သည် ဝေတိုင်ကန်ကို မြို့တော်သို့ အစီရင်ခံရန် ခေါ်ယူပြီး၊ လီရှန်ကွန်ကို နန်ကျိုးပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် အစားထိုးရန် အစိုးရအဖွဲ့ကို ဆွေးနွေးစေလို သည်။ ဤသည်မှာ အိမ်ရှေ့စံမင်းသား၏ အာဏာကို အားနည်းစေရန် ရည်ရွယ်ချက်ဖြစ်ကြောင်း ထင်ရှားသည်။

ပြည်နယ်တစ်ခု၏ အုပ်ချုပ်ရေးမှူးသည် ရာထူးမြင့်မားသည့် အရာရှိတစ်ဦးဖြစ်ပြီး၊ ဒေသဆိုင်ရာ တပ်ဖွဲ့များကို ထိန်းချုပ်နိုင်သည့် အာဏာရှိသည်။ မြို့တော်တွင် အပြောင်းအလဲများ ရှိလာပါက, ဧကရာဇ်ကို ကာကွယ်ရန် တပ်ဖွဲ့များကို မြို့တော်သို့ ရွှေ့ပြောင်းနိုင်သည်။ ဤသည်မှာ သေးငယ်သည့် ကိစ္စမဟုတ်ပေ။

“လီရှန်ကွန်က အင်ပါယာစာမေးပွဲမှာ အမှတ်များဆုံးနဲ့ ပထမနေရာကနေ အောင်မြင်ဖို့ ကိုယ်တိုင် ရွေးချယ်ပေးခဲ့တဲ့ ဆရာတစ်ဦးပဲ။ သူက ဖြောင့်မတ်ပြီး ပြတ်ပြတ်သားသား ပြောဆိုတတ်သူ ဖြစ်တော့ အဆင့်မြင့်ရာထူးကို ပိုင်ဆိုင်တဲ့ အရာရှိတစ်ဦးအဖြစ်ဖို့ လုံလောက်ပါတယ်။ ဒါပေမယ့်, ဝေမိသားစုက နန်ကျိုးမှာ သုံးဆယ်နှစ်ကြာ အမြစ်တွယ်နေခဲ့ပြီး၊ သူတို့အင်အားက နက်ရှိုင်းနေပြီ။ ဆရာလီက အုပ်ချုပ်ရေးမှူး ဖြစ်လာလျှင်တောင်မှ ကန့်သတ်ချက်များစွာနဲ့ ရင်ဆိုင်ရလိမ့်မယ်။ ငါးနှစ်ကနေ ဆယ်နှစ်အတွင်း ထူးခြားတဲ့ အောင်မြင်မှုတွေ ရှိလာမှာ မဟုတ်ဘူး။ ဒါ့အပြင်, အခု အချိန်မှာ အရှေ့ယွန်မင်က မငြိမ်မသက်ဖြစ်နေပြီး ပင်လယ်ပြင်ကလည်း အေးချမ်းမှု မရှိဘူး။ အဆင့်မြင့်ရာထူးရှိတဲ့ အရာရှိတွေကို အပြောင်းလဲလုပ်တာက မသင့်ဘူး။ ဒါက ဧကရာဇ်ရဲ့ လှည့်ကွက်တစ်ခု ဖြစ်နိုင်ပြီး၊ ဝန်ကြီးတွေကို သူ အိမ်ရှေ့စံမင်းသားအပေါ် မကျေနပ်မှု စတင်နေပြီ ဖြစ်ကြောင်း အသိပေးလိုခြင်းဖြစ်နိုင်တယ်။ မဟုတ်လျင် အစိုးရအဖွဲ့ကို ဆွေးနွေးခိုင်းစရာ မလိုဘဲ ဧကရာဇ်အမိန့်တစ်ခု ထုတ်ပြန်လိုက်ရင် အစိုးရအဖွဲ့ကလည်း လွန်ဆန်နိုင်မှာ မဟုတ်ဘူး။”

ဟုန်ယွိသည် တခဏမျှ တွေးတောပြီးနောက် စကားပြောလိုက်သည်။

“မဆိုးပါဘူး။ ဟုန်ယွိ၊ မင်းက စစ်ပညာရပ်မှာတင်မကဘူး ဧကရာဇ်ရဲ့ စိတ်နှလုံးကိုပါ နားလည် တတ်ကျွမ်းတဲ့ ပုဂ္ဂိုလ်ဖြစ်နေဖို့ ငါ မမျှော်လင့်ထားဘူး။ ဒီလောက် ငယ်ငယ်ရွယ်ရွယ်လေးနဲ့ အရမ်းကို သတိကြီးတယ်။ မင်း သက်တမ်းတိုမှာ မကြောက်ဘူးလား။”

ရုတ်တရက် ခန်းမ၏ ဘေးနှစ်ဖက်ရှိ တံခါးများ ပွင့်လာပြီး ကွန်ဖြူးရှပ်ဝတ်စုံ ဝတ်ဆင်ထားသည့် ပညာရှင်တစ်ဦး ထွက်ပေါ်လာသည်။ သူသည် လက်ထဲတွင် ခေါက်ယပ်တောင်တစ်ခုကို ကိုင်ထား သည်။ သူသည် အရပ်မြင့်ပြီး၊ ခါးတွင် ရှေးဟောင်းကျောက်စိမ်းတစ်ခုကို ချိတ်ဆွဲထားသည်။ သူ၏ မျက်လုံးများက မှိန်ဖျော့နေပြီး တစ်ချက်ကြည့်ရုံဖြင့် စိတ်ဝိညာဉ်မပါသလို ထင်ရသော်လည်း အချိန် အကြာကြီး ကြည့်မိလျှင် လူတစ်ယောက်၏ ဝိညာဉ်ကို ဆွဲယူသွားသည့်အလား ခံစားရသည်။

“ဟမ်…။ ဒီလူက ဘယ်သူလဲ။ ဘာကြောင့် ငါ သူ့ကို အခုမှ ခံစားမိရတာလဲ။”

ဤပုဂ္ဂိုလ် ပေါ်ထွက်လာသည့်အခါ ဟုန်ယွိ၏ဝိညာဉ်သည် နက်ရှိုင်းဆုံးအရပ်မှ အလွန် အန္တရာယ်ကြီးသည့် ခံစားမှုတစ်ခုကို ခပ်ဖျော့ဖျော့ ခံစားမိသည်။ ဤသည်မှာ စွမ်းအားကွာခြားမှု ကြီးမားခြင်း ကြောင့် ဖြစ်ပေါ်လာသည့် အန္တရာယ် ဖြစ်သည်။

ဟုန်ယွိသည် ရုတ်တရက် ပေါ်ထွက်လာသည့် ထိုပညာရှင်ကို စိုက်ကြည့်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။ “ပညာရှင်တစ်ယောက်ရဲ့ စိတ်နှလုံးက ကြည်လင်ပြီး မိုးကောင်းကင်ကို နားလည် တယ်။ သူက သူ့ကိုယ်သူ သူတော်စင်ဖြစ်အောင် ကျင့်ကြံပြီး၊ ပြင်ပက ကောင်းချီးပေးမူတွေကို မလိုလားဘူး။”

“မဆိုးပါဘူး။”

ထိုပညာရှင်က ထပ်မံ ပြောလိုက်ပါသည်။ သူသည် ခေါက်ယပ်တောင်ကို လက်ယာမှ လက်ဝဲသို့ ပြောင်းကိုင်လိုက်ပြီး လေထဲသို့ လှမ်းဆုပ်လိုက်သည်။

ဘန်း….။

ဤဆုပ်ကိုင်မှုနှင့်အတူ သူ၏လက်ဖဝါးအလယ်တွင် ပုံသဏ္ဌာန်မဲ့ အနက်ရောင် ဝဲဂယက်တစ်ခု ပေါ်ထွက်လာပုံရသည်။ ဟုန်ယွိသည် သူ၏စိတ်ဝိညာဉ်က ပြင်းထန်စွာ လှုပ်ရှားသွားပြီး ခန္ဓာကိုယ်မှ ထွက်ခွာကာ၊ ထိုဝဲဂယက်ထဲသို့ စုပ်ယူခံရတော့မည့်အလား ခံစားလိုက်ရသည်။

“ဒါက ဘယ်လို တာအိုနည်းလမ်းလဲ။”

ဟုန်ယွိသည် ထိတ်လန့်သွားပြီး၊ သူ့စိတ်ကို ထိန်းချုပ်လိုက်သည်။ သူ၏စိတ်ထဲတွင် အနန္တတန်ခိုးရှင် ကောင်းကင်နဂါးဗောဓိသတ္တပုံရိပ်တစ်ခု ပေါ်လာပြီး ကြီးမားသည့် စွမ်းအားဖြင့် သူ၏စိတ်ဝိညာဉ်ကို ထိန်းချုပ်ကာ ထိုစုပ်ယူခံရခြင်းမှ ကာကွယ်လိုက်သည်။

“ဟမ်။”

ထိုပညာရှင်သည် အနည်းငယ် အံ့အားသင့်သွားပုံရသည်။ သူသည် လက်ဖဝါးကို ထပ်မံ ဆုပ်ကိုင်လိုက်သည့်အခါ ထိုဝဲဂယက်က ပျောက်ကွယ်သွားသည်။ ခန်းမတစ်ခုလုံးသည် သဲကန္တာရ တစ်ခုကဲ့သို့ ခြောက်သွေ့သွားသည်။ ရေငွေ့များသည် မည်သည့်နေရာသို့ ပျောက်ကွယ်သွားမှန်း မသိပေ။

ထို့နောက် ထိုပညာရှင်၏ လက်ဖဝါးထဲတွင် သလင်းကျောက်ကဲ့သို့ ကြည်လင်သော ဓားငယ်သေး တစ်လက် ပေါ်ထွက်လာသည်။ ဓားငယ်လေးသည် သလင်းကျောက်ဖြင့် ဖွဲ့စည်းထားသည့် အတိုင်းပင်။ ၎င်းသည် လေထဲကို ဖြတ်သန်းကာ ဓားချီအမျှင်တန်းတစ်ခုကို ချန်ထားခဲ့ပြီး ဟုန်ယွိဆီသို့ လျင်မြန်စွာ လှမ်းခုတ်ပိုင်းလိုက်သည်။

ဤစိတ်ဝိညာဉ်မျိုးသည် ခန္ဓာကိုယ်ထဲမှ ထွက်ခွာရန် မလိုအပ်ဘဲ အနီးအနားရှိ ရေငွေ့များကို အတွေးဖြင့် စုစည်းနိုင်သည်။ ဤသည်မှာ တစ္ဆေအင်မော်တယ်အဆင့်နီးပါးရှိသည့် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။

ဤနယ်ပယ်သည် ခန္ဓာကိုယ်တွေထဲ ဝင်ရောက်သိမ်းပိုက်ပြီးနောက် စိတ်ဝိညာဉ်ကို ပိုင်းခြားနိုင်သည် ဟု ဆိုလိုသည်။ ဤအဆင့်သည် ယင်စိတ်ဝိညာဉ်နှင့် တစ္ဆေအင်မော်တယ်ကြားရှိ နယ်ပယ်လည်း ဖြစ်သည်။

ခန္ဓာကိုယ်ထဲ ဝင်ရောက်သိမ်းပိုက်ပြီးနောက် စိတ်ဝိညာဉ်ကို ပိုင်းခြားနိုင်သည်။ အတွေးတစ်ချက်ဖြင့် အဆုံးမဲ့ တာအိုနည်းလမ်းများစွာကို ထုတ်ဖော်နိုင်သည်။ ရုပ်ခန္ဓာကိုယ်က လှုပ်ရှားနိုင်သလို သိုင်းပညာရပ်များကိုလည်း အသုံးပြုနိုင်သည်။ စိတ်ဝိညာဉ်သည် ခန္ဓာကိုယ်မှ ထွက်ခွာရန် မလိုအပ်တော့ပေ။

ဤနယ်ပယ်ကို ကျော်လွှားပြီးသည့်အခါ တစ္ဆေအင်မော်တယ်အဖြစ် ပြန်လည်မွေးဖွားနိုင်ပြီး၊ အကန့်သတ်မဲ့ သက်တမ်းကို ရရှိနိုင်သည်။

ယခုအခါ ဟုန်ယွိသည် ဤအဆင့်နှင့် အလှမ်းဝေးနေပါသေးသည်။

ရေငွေ့ဖြင့် ဖွဲ့စည်းထားသည့် ထိုဓားသည် လေထဲကို ဖြတ်သန်းသွားခဲ့ပြီး အလွန်မင်း လျင်မြန်သည်။ ၎င်း၏ဖြတ်တောက် နိုင်စွမ်းသည် သံမဏိအလွှာအထပ်ထပ်ဖြင့် ထုလုပ်ထားသည့် တိုက်ပွဲဝင် ဆေဘာထက် မနိမ့်ကျသည့်အပြင် သံချပ်ကာများကိုပင် ဖြတ်တောက်နိုင်သည်။

ဤသည်မှာ တာအိုပညာရပ်များ၏ စစ်မှန်သော စွမ်းအားတစ်ခု ဖြစ်သည်။

ချွင်….။

ဤဓားသည် လေထုကို ဖြတ်သန်း၍ ပျံသန်းလာစဉ်မှာ ဟုန်ယွိ၏ဘေးမှ လီလဲ့က ရုတ်တရက် လှုပ်ရှားလိုက်ပါသည်။ သူသည် သူ့နောက်ကျောတွင် ရှိနေသည့် ခြောက်ပေရှည်သော ဖြိုခွဲခြင်း ဆေဘာကို ချက်ချင်း ဆွဲထုတ်ပြီး ထိုရေဓားကို ရင်ဆိုင်လိုက်သည်။ ဓားနှင့်ဆေဘာ အပြင်းအထန် ထိပ်တိုက်တွေ့ဆုံသည့်အခိုက် ဆေဘာသည် ကျောက်သလင်းကို ဖြတ်တောက်နေသည့်အလား သတ္တုချင်းချင်း ထိခတ်သံ ထွက်ပေါ်လာသည်။

လီလဲ့၏ ဆေဘာပညာသည် ထက်ရှပြီး မုန်တိုင်းတစ်ခုကဲ့သို့ ရေဓားကို ရင်ဆိုင်လိုက်သည်။ တခဏအတွင်း ဆယ်ကြိမ်ထက်မနည်း အပြင်းအထန် တိုက်ခိုက်ပြီး ရေဓားကို တစ်လှမ်းမျှ ရှေ့မတိုးနိုင်အောင် ပိတ်ဆို့ထားသည်။ တစ်ချိန်တည်းမှာပင် ဆေဘာပေါ်ရှိ မကောင်းဆိုးဝါး စွမ်းအင်က ရေဓားပေါ်ရှိ အတွေးများကို တဖြည်းဖြည်း ပြိုကွဲစေပြီး ၎င်းကို အားလျော့သွားစေသည်။

“ဟမ်။ ဖြိုခွဲခြင်းဆေဘာလား…..”

ထိုပညာရှင်သည် ထပ်မံ အံ့အားသင့်သွားပြီး စကားလုံးနှစ်လုံးကို ထုတ်ပြောလိုက်သည်။ “စုစည်းစမ်း။” “ပေါက်ကွဲစမ်း။”

ဘန်း…။ ရေဓားတစ်ခုလုံးသည် ရုတ်တရက် သိပ်သည်းသွားခဲ့ပြီး ကြက်ဥအရွယ် ရေဘောလုံးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ၎င်းသည် လည်ပတ် လှုပ်ရှားပြီး ကျောက်သလင်းသဖွယ် တောက်ပနေသည်။ ထို့နောက် ၎င်းသည် ပြင်းထန်စွာ ပေါက်ကွဲသွားပြီး ကြီးမားသည့် ပေါက်ကွဲမှုကြောင့် ခန်းမတစ်ခုလုံး အနည်းငယ် တုန်ခါသွားသည်။ ဖြိုခွဲခြင်းဆေဘာပင်လျှင် ပေါက်ကွဲမှုကြောင့် ကြီးမားလေးလံသည့် တူကြီးဖြင့် ထုရိုက်ခံရသည့် အလား တဂျွမ်းဂျွမ်းမြည်အသံများ ထွက်ပေါ်လာပါသည်။

ဟုန်ယွိသည် လီလဲ့၏ ဆေဘာကိုင်ထားသည့် လက်က အနည်းငယ် တုန်ခါနေသည်ကို ဝိုးတဝါး မြင်လိုက်ရသည်။ သူ၏ မျက်နှာက တစ်ခဏတာ ဖြူဖျော့သွားပြီး မကြာမီ ပုံမှန်အရောင်တိုင်း ပြန်လည်ရရှိသွားသည်။

လီလဲ့သည် သိပ်သည်းထားသော ရေဓား၏ ပေါက်ကွဲစွမ်းအားကြောင့် သူ၏သွေးနှင့် ချီစီးဆင်းမှုက တုန်ခါသွားကာ အသက်ရှူမမှန် ဖြစ်သွားရခြင်း ဖြစ်သည်။

ဤအခွင့်အရေးကို အသုံးချ၍ ထိုပညာရှင်သည် လက်တစ်ဖက်ကို ဆုပ်ကိုင်လိုက်သည့်အခါ သူ၏ခန္ဓာကိုယ် တစ်ဝိုက်တွင် ကြည်လင်နေသည့် ချီစွမ်းအင်မြွေတစ်ကောင် ပေါ်ထွက်လာပါသည်။ ဤချီစွမ်းအင်မြွေသည် ချီစွမ်းအင်သက်သက်ဖြင့် ဖွဲ့စည်းထားပြီး ဖောက်ထွင်း မြင်နိုင်သည်။ သို့သော် ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် သန်မာပြီး၊ အသက်ရှိနေသည့်အလား အကြေးခွံများကိုပင် ရှင်းလင်းစွာ မြင်ရသည်။

ထိုချီစွမ်းအင်မြွေကို ဆုပ်ကိုင်ပြီးနောက် ထိုပညာရှင်က အနည်းငယ် ပြုံးလိုက်ပြီး ချီစွမ်းအင်မြွေသည် သူ့ဘာသာသူ ပျံသန်းလှုပ်ရှားကာ လီလဲ့တစ်ဝိုက်တွင် အပြန်အလှန် ပျံဝဲကခုန်နေသည်။

လီလဲ့၏ မျက်နှာက ချက်ချင်းပင် ပြောင်းလဲသွားခဲ့သည်။ သူသည် ထိုချီစွမ်းအင်မြွေကို ဆေဘာဖြင့် ဖြတ်ပိုင်းလိုက်လျှင် ၎င်းသည် ပေါက်ကွဲသွား မည်ဖြစ်ပြီး၊ လေဟာနယ်မုန်တိုင်း ရိုက်ခတ်မှုက သူ၏ ကိုယ်တွင်းအင်္ဂါများကို ပြိုကွဲစေနိုင်ပြီး၊ အရိုးနှင့်အရွတ်များကို ထိခိုက်စေနိုင်သည်ကိုဟု ခံစားမိသည်။

ဤချီစွမ်းအင်မြွေ၏ စွမ်းအားသည် ဖန်ရှင်းတာအိုဂိုဏ်း၏ ယမ်းမှုန့်ပေါက်ကွဲမှု စွမ်းအားနှင့် မခြားနားပေ။

“ကောင်းလိုက်တဲ့ လှုပ်ရှားမူ…. ဆရာ… ဆရာအနေနဲ့ ကျွန်တော်တို့ကို လှည့်စားနေဖို့ မလိုပါဘူး။” ဟုန်ယွိ၏ မျက်လုံးများက လင်းလက်သွားပြီး၊ ရုတ်တရက် ပြောလိုက်သည်။ “ဆရာက ဘယ်ဂိုဏ်းက ကျွမ်းကျင်သူလဲဆိုတာ သိလိုပါတယ်။”

တစ်ဖက်လူ၏ ပတ်ဝန်းကျင် လေဟာနယ်ထဲရှိ ချီစွမ်းအင်ကို ပုံသဏ္ဌာန်အဖြစ် စုစည်းနိုင်သည့် ပညာရပ်သည် အလွန် ထိတ်လန့်စရာကောင်းသည်။ ဟုန်ယွိသည် ယင်ယန်မက်မွန်နတ်ဘုရားဓားထဲသို့ ဝင်ရောက်ပြီး တိုက်ခိုက်မှသာ ဤပုဂ္ဂိုလ်ကို အနိုင်ရရန် အခွင့်အလမ်းရှိမည်ဟု တွေးမိသည်။ သို့သော် ယခုလိုအချိန်မျိုးတွင် သေချာပေါက် သူ သေလိမ့်မည်။

ပစိဖိတ်ရေတပ်တွင် ဤမျှသန်မာသည့် တာအိုဆရာသခင် တစ်ဦးရှိနေသည်။ ထို့ပြင် ဤပညာရှင်၏ ခန္ဓာကိုယ်သည် အလွန်သပ်ရပ်ပြီး၊ လှုပ်ရှားမှု များက လေလှိုင်း စီးနင်းနေသည့်အလားပင်။ သူ၏ချီစွမ်းအင်သည် ဆက်လက် စီးဆင်းနေပြီး၊ ဤနေရာရှိ ကျွမ်းကျင်သူများထဲတွင် မည်သူမျှ ၎င်းကို မယှဉ်မနိုင်ပေ။ ဤပုဂ္ဂိုလ်သည် တာအိုနှင့် သိုင်းပညာ နှစ်မျိုးစလုံးကို ကျင့်ကြံထားသည့် ကျောက်ဖေးရုန်ကဲ့သို့ ထိပ်တန်း ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။

“သခင်ဒွမ်က မင်းတို့ကို စနောက် ကျီစယ်နေတာပါ။ သူက ငါနဲ့ရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက် ဖြစ်သလို။ ပစိဖိတ်ရေတပ်ရဲ့ ထိပ်တန်း စစ်ရေး အကြံပေးတစ်ဦးလည်း ဖြစ်တယ်။ တစ်ချိန်တည်းမှာပဲ, သူက ယွမ်ကျိုးပြည်နယ်က ချီဝိညာဉ်ဂိုဏ်းရဲ့ ခေါင်းဆောင်လည်း ဖြစ်တယ်။”

ယန်ကျန်းသည် တည်ငြိမ်စွာ ပြောလိုက်သည်။

သခင်ဒွမ်က အနည်းငယ် ပြုံးလိုက်ပြီး အလယ်မှ ချီစွမ်းအင်မြွေသည် ဖြည်းညင်းစွာ ပျောက်ကွယ်သွားခဲ့သည်။ ခန်းမထဲတွင် လေပြင်းတစ်ချက် ဖြတ်သန်းသွားပြီး၊ ဟုန်ယွိ၏ ခန္ဓာကိုယ်ကို နောက်သို့ အနည်းငယ် တွန်းထုတ်သွားသည်။ ထို့နောက် ခဏအကြာတွင် ပျောက်ကွယ်သွားခဲ့သည်။

စီးဆင်းနေသော ချီစွမ်းအင်သည် လေဖြစ်ပြီး၊ ထိုချီစွမ်းအင်မြွေသည် သခင်ဒွမ်က ပတ်ဝန်းကျင်ရှိ လေစီးဆင်းမှုကို သိပ်သည်းပြီး ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ယခု ၎င်းချီစွမ်းအင်မြွေ ပျောက်ကွယ်သွားသည့်အခါ လေစီးဆင်းမှုက ပြင်းထန်စွာ လှုပ်ရှားသွားပြီး သဘာဝအတိုင်း လေပြင်းတိုက်ခတ်မှု တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သို့သော် ဤလှုပ်ရှားမှုဖြင့် သခင်ဒွမ်သည် တစ္ဆေအင်မော်တယ်အဆင့် ကျင့်ကြံမှု မရှိသေးကြောင်း ဟုန်ယွိလည်း မြင်နိုင်ပါသည်။ မဟုတ်လျှင် ချီစွမ်းအင်မြွေသည် အသံတိတ် ပျောက်ကွယ်သွားမည် ဖြစ်သည်။

ယခု ချီစွမ်းအင်မြွေ ပျောက်ကွယ်သွားသည့်အခါ အတွေးဖြင့် ထိန်းချုပ်ထားသည့် လေပြင်းသည် ပြီးပြည့်စုံသည့်အဆင့်သို့ မရောက်ရှိသေးကြောင်း ထင်ရှားသည်။

သို့သော် ဤအဆင့်သည်ပင် ယခုအခါ ဟုန်ယွိ ရင်ဆိုင်နိုင်သည့် အဆင့်မဟုတ်သေးပေ။

ဟုန်ယွိသည် သူသည် ရုပ်လုံးဖော်ခြင်းနယ်ပယ်နှင့် ခန္ဓာကိုယ်သိမ်းပိုက်ခြင်း နယ်ပယ်ကြားရှိ အတားအဆီးကို ဖြတ်ကျော်ခဲ့သော်လည်း နတ်ဘုရား စိတ်ဝိညာဉ် စွမ်းအားကို စုဆောင်းရန်အတွက် အချိန်ကာလတစ်ခုအထိ ကျင့်ကြံရန် လိုအပ်နေသေးကြောင်း သိသည်။ ထိုအခါမှသာ သူသည် ခန္ဓာကိုယ်သိမ်းပိုက်ခြင်း နယ်ပယ်သို့ တည်တည်ငြိမ်ငြိမ်ဖြင့် တက်လှမ်းနိုင်မည် ဖြစ်သည်။

ခန္ဓာကိုယ်သိမ်းပိုက်ခြင်း နယ်ပယ်သို့ ခြေလှမ်းဝင်ရောက်နိုင်ခဲ့သည့်တိုင်, ခန္ဓာကိုယ်သိမ်းပိုက်ခြင်း နယ်ပယ်၏ မဟာပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိရန် တစ်ရက်တည်းဖြင့် မဖြစ်နိုင်ပေ။ ခန္ဓာကိုယ်သိမ်းပိုက်ခြင်း နယ်ပယ်၏ မဟာပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိပြီးနောက် နတ်ဘုရား စိတ်ဝိညာဉ်ကို ခွဲခြမ်းပြီး တစ္ဆေအင်မော်တယ်အဆင့်သို့ တက်လှမ်းခြင်းက အလွန့်လွန် ခက်ခဲပါသည်။

နတ်ဘုရား စိတ်ဝိညာဉ်ကို ကျင့်ကြံခြင်းသည် ကျင့်ကြံမူ ပိုမိုနက်ရှိုင်းလာသည်နှင့်အမျှ ပိုမိုခက်ခဲလာပါသည်။ ဟုန်ယွိသည် ယခုအခါ အတိတ် ကျမ်းကို ပိုင်ဆိုင်ထားသော်လည်း တစ္ဆေအင်မော်တယ်အဆင့်ထိ ကျင့်ကြံနိုင်မည်ဟု အာမခံချက် မရှိသေးပေ။

“ယွမ်ကျိုးပြည်နယ်, ချီဝိညာဉ်ဂိုဏ်းရဲ့ ခေါင်းဆောင် သခင်ဒွမ်။ ဂိုဏ်းခေါင်းဆောင်တစ်ဦး ဖြစ်တဲ့အတွက် ဒီလောက် သန်မာတဲ့ နည်းလမ်း တစ်ခုကို ပိုင်ဆိုထားတာ မထူးဆန်းပါဘူး။” ဟုန်ယွိသည် ဤပုဂ္ဂိုလ်၏ အကြောင်းအရင်းကို ကြားသိရသည့်အခါ အံ့အားသင့်ခြင်း မရှိတော့ပေ။

ယွမ်ကျိုးပြည်နယ်သည် တောင်ကုန်းမြစ်ချောင်းများနှင့် ဝေးလံခေါင်ဖျားသည့် နေရာဖြစ်သည်။ ချီဝိညာဉ်ဂိုဏ်းသည် ဝိညာဉ်ကိုကျင့်ကြံပြီး ချီစွမ်းအင်ကို စုစည်းသည့် ဂိုဏ်းတစ်ခုဖြစ်သည်။ ၎င်းသည် ဝိညာဉ်၏စွမ်းအားကို အသုံးပြု၍ လေထဲရှိ ချီစွမ်းအင်ကို စုစည်းကာ ပုံသဏ္ဌာန် ဖြစ်အောင် ဖန်တီးသည်။ လေနှင့်မိုးကို ဆင့်ခေါ်နိုင်သည်၊ တောင်တန်း ကျောက်တောင်များကို ဖြတ်တောက်နိုင်သည်။ ဤဂိုဏ်းတွင် အထူး ဂုဏ်ယူစရာ ပညာရပ်နှစ်ခု ရှိသည်။ တစ်ခုမှာ ဝိညာဉ်စုပ်ယူခြင်းဖြစ်ပြီး၊ နောက်တစ်ခုမှာ ချီစွမ်းအင်သိပ်သည်းခြင်း ဖြစ်သည်။

ဝိညာဉ်စုပ်ယူခြင်းသည် အခုနက သခင်ဒွမ်က ပြသခဲ့သည့် ပထမနည်းလမ်း ဖြစ်သည်။ လက်တစ်ဖက်ကို ဆုပ်ကိုင်လိုက်ရုံဖြင့် လူတစ်ဦး၏ ဝိညာဉ်ကို ၎င်း၏ခန္ဓာကိုယ်မှ ဆွဲထုတ်နိုင်သည်။

ချီစွမ်းအင် သိပ်သည်းခြင်းသည် နောက်ဆုံး ပြသခဲ့သော ချီစွမ်းအင်မြွေပုံများ ဖြစ်သည်။ ချီစွမ်းအင်ကို ရစ်ပတ်ပြီး၊ အတွေးတစ်ချက် ဖြန့်ကျက်လိုက်ရုံ ဖြင့် ချီစွမ်းအင်လှိုင်းသည် ပြင်းထန်စွာ လှုပ်ရှားသွားပြီး၊ ၎င်း၏အလယ်ဗဟိုရှိ စွမ်းအားသည် လူတစ်ဦး၏ခန္ဓာကိုယ်ကို ဆုတ်ဖြဲနိုင်သည်အထိ အားကောင်းသည်။ လီလဲ့ကဲ့သို့ ကျွမ်းကျင်သူတစ်ဦးပင်လျှင် ဤချီစွမ်းအင် သိပ်သည်းခြင်း လှိုင်းကြောင့် ပြင်းထန်စွာ ဒဏ်ရာရလိမ့်မည်။

ဤအရာအားလုံးကို ဟုန်ယွိသည် ချီဇီယန်ထံမှ ကြားဖူးခဲ့ပြီး၊ ယခုအခါ သူသည် ၎င်းကို ရှင်းလင်းစွာ နားလည်လိုက်သည်။

“အခုနက ငါ မင်းရဲ့ဝိညာဉ်ကို စုပ်ယူဖို့ အသုံးပြုခဲ့ပေမယ့်, မင်းရဲ့ နတ်ဘုရား စိတ်ဝိညာဉ်ကို ဆွဲထုတ်နိုင်ခြင်း မရှိခဲ့ဘူး။ မင်းရဲ့ နတ်ဘုရား စိတ်ဝိညာဉ်ကက အနည်းဆုံး ရုပ်လုံးဖော်ခြင်းအဆင့်ကို ရောက်ရှိနေပြီ။ ဒီအသက်ရွယ်လေးနဲ့ ရုပ်လုံးဖော်ခြင်းအဆင့်အထိ ကျင့်ကြံနိုင်တယ်ဆိုတော့ မင်းက တိုင်ရှန်တာအိုဂိုဏ်းရဲ့ စစ်မှန်တဲ့ သင်ကြားပေးမူတွေကို ရရှိထားသူတစ်ဦး ဖြစ်လိမ့်မယ်။”

သခင်ဒွမ်၏ စကားများက ဟုန်ယွိသည် မည်သူဖြစ်ကြောင်းကို ချက်ချင်း အတည်ပြုလိုက်သည်။

“အနီးကပ်လေးပဲ။” ဟုန်ယွိသည် သူ့စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်မိပါသည်။ သူသည် ယခင်က ကြွားဝါခဲ့မိသည်ကို သူ သိသည်။ ယန်ကျန်းသည် သူ့ကို အမှန်တကယ် ယုံကြည်ခြင်းမရှိခဲ့သည့်အတွက် သခင်ဒွမ်ကို အသုံးပြုပြီး သူ့ကို စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။ ယခု တစ်ဖက်လူက ဤသို့ပြောလိုက်သည့်အခါ ယန်ကျန်း၏ စိတ်ထဲတွင် သံသယများ မရှိနိုင်တော့ကြောင်း သူ တွေးမိသည်။

“သခင်ဒွမ် ကိုယ်တိုင်က ဒီလိုပြောမှတော့ မင်းက တိုင်ရှန်တာအိုဂိုဏ်းက လူတစ်ဦးဆိုတာ အမှန်ပေါ့” ယန်ကျန်းက ဟုန်ယွိကို ကြည့်လိုက်သည်။

“ကံကောင်းထောက်မလို့, ငါ တာအိုနည်းလမ်းတွေကို မသုံးလိုက်မိဘူး။ မဟုတ်ရင် တစ်ဖက်လူက ငါ ဒိုင်ဇင်ဘုရားကျောင်းရဲ့ လျှို့ဝှက် နည်းလမ်း တွေ ကျင့်ကြံထားတာကို မြင်သွားလိမ့်မယ်။ ငါ ကျင့်ကြံထားတာက တိုင်ရှန်တာအိုဂိုဏ်းရဲ့ နည်းလမ်းတွေ မဟုတ်ဘူး။ တိုင်ရှန်တာအိုဂိုဏ်း၊ တိုင်ရှန်တာအိုဂိုဏ်း… သူတို့ရဲ့ တာအိုပညာရပ်တွေက ဘာလဲဆိုတာတောင် ငါ မသိဘူး။” ဟုန်ယွိသည် သူ့စိတ်ထဲတွင် တွေးလိုက်သည်။

“တိုင်ရှန်တာအိုဂိုဏ်းက မင်းသားယုကို ထောက်ခံသလား။”

ထိုအချိန်တွင် ယန်ကျန်းသည် သူ၏စိတ်ထဲရှိ အတွေးများကို အတည်ပြုပြီး ဟုန်ယွိကို တိုက်ရိုက် မေးလိုက်သည်။

“သေချာပေါက် ထောက်ခံပါတယ်။” ဟုန်ယွိက ခဏတွေးပြီးနောက် အဆုံးထိ ဟန်ဆောင်ရန် ဆုံးဖြတ်ကာ ခေါင်းငြိမ့်လိုက်သည်။

အခန်း (၁၅၁)။

“တိုင်ရှန်တာအိုဂိုဏ်း တိုင်ရှန်တာအိုဂိုဏ်း …” ဟုန်ယွိ၏ အတည်ပြု ပြောဆိုမှုကို ကြားလိုက်ရသည့်အခါ ယန်ကျန်း၏ နှုတ်ခမ်းများက အကြိမ် အနည်းငယ် လှုပ်ရှားသွားပါသည်။ သူသည် ထိုစကားလုံးသုံးလုံး၏ နက်နဲမှုကို တစ်ဖက်တစ်လမ်းမှ ခံစားနေသည့်အတိုင်းပင်။ ဤသည်မှာ ကမ္ဘာကြီး၏ ကံကြမ္မာကို ထိန်းချုပ်ထားသည့် တာအိုဂိုဏ်းတစ်ခု၏ အမည်ဖြစ်ပါသည်။

“ကောင်းပြီလေ။ ဒီနေ့ကစပြီး မင်းကို ပဉ္စမရေတပ်ရဲ့ ရေတပ်ဗိုလ်ကြီးအဖြစ် ရာထူးတိုးမြှင့်ပေးမယ်။ အစိမ်းရောင်တပ်ရင်းကိုပါ ပေါင်းထည့်ပေးမယ်။ မင်းက လူနှစ်ထောင်ကို ဦးဆောင်ပြီး ကျင့်ဟိုင်ပြည်နယ် အနောက်တောင်ဘက် ကမ်းရိုးတန်းမှာ ကာကွယ်ရေးလမ်းကြောင်းကို စောင့်ကြပ်ရမယ်။ တပ်သားတွေကို လေ့ကျင့်ပြီး ဓားပြတွေကို နှိမ်နှင်းရမယ်။ တစ်ချိန်တည်းမှာပဲ မင်းတို့ခံစားရမယ့် ပဉ္စမရေတပ်ရဲ့ လစာနဲ့ ရိက္ခာတွေ လျှော့ချမူမရှိစေ ဖို့ ငါ သေချာအောင် လုပ်ပေးမယ်…။”

ယန်ကျန်းသည် အချိန်အတော်ကြာ တွေးတောပြီးနောက် ကြွက်တွင်းကို မြင်ပြီး တိုက်ခိုက်ရန် ပြင်ဆင်နေသည့်အလား ကြောင်တစ်ကောင်းအလား ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပါသည်။

“ဗိုလ်ချုပ်ကြီးရဲ့ ရာထူးတိုးမြှင့်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်။”

ဟုန်ယွိက ထရပ်လိုက်သည်။ သူ့စိတ်ထဲတွင် ရှင်းလင်းသွားပါပြီ။ ယန်ကျန်းသည် နောက်ဆုံးတွင် သူ့ရွေးချယ်မှုကို ပြုလုပ်ပြီး သူ့ကို အရေးပါသူ တစ်ဦးအဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်သည်။ အနာဂတ်တွင် ထပ်မံ ထိပ်တိုက်တွေ့ဆုံပြီး၊ သူ့လက်အောက်ရှိ ဗိုလ်ကြီးများနှင့် အလယ်အလတ်အဆင့် ရှိ တပ်ရင်းမှူးများကို အနိုင်ယူသည့် သေးငယ်သော လှုပ်ရှားမူမျိုး ပြုလုပ်ခဲ့လျှင်ပင် သူ့ကို ဆန့်ကျင်မည့် အရာမျိုး လုပ်ဆောင်တော့မည် မဟုတ်ပေ။

“ဟုတ်ပြီ။ အစိမ်းရောင်တပ်ရင်းကို သွားပြီး စောင့်နေတော့။ နောက်မှ ငါဗိုလ်ချုပ်ကြီးရဲ့အမိန့်၊ လုပ်ပိုင်ခွင့်အမိန့်၊ ဗိုလ်ကြီးတံဆိပ်နဲ့ စာရွက်စာတမ်း တွေကို လွှဲပေးဖို့ လူတစ်ယောက် လာလိမ့်မယ်။ တခါတည်းဆိုသလို, မင်းရဲ့အင်အားကို တိုးမြှင့်ဖို့ သွေးငါမန်းအစောင့်တွေထဲက ကျွမ်းကျင်သူ ၄၉ ယောက်ကို ငါ ပို့ပေးမယ်။” ယန်ကျန်းက ဟုန်ယွိကို ဂရုတစိုက် ကြည့်ရှုလိုက်သည်။ ထို့နောက် သူ၏အကြည့်တွေက ဟုန်ယွိ၏ပတ်ဝန်းကျင်ရှိ ကျွမ်းကျင်သူများထံ ကျရောက်သွားပြီး သံချပ်ကာဝတ်ဆင်ထားသည့် လီလဲ့ထံတွင် ရပ်တန့်သွားခဲ့သည်။

“ဝေလဲ့ရဲ့ ဖြိုခွဲခြင်းဆေဘာ… မင်းက ဝေအိမ်တော်ရဲ့ အိမ်တော်ထိန်း ဒေါသထန်ပြင်း မဟာအုပ်ထိန်းသူ လီလဲ့ မဟုတ်လား။ ဒါပေမယ့် မင်းက ဟုန်ယွိနဲ့ ပူးပေါင်းထားတယ်။ ဝေတိုင်ကန်ရဲ့ လူတွေက မင်းကို နေရာအနှံ့ လိုက်ရှာနေတာ မသိဘူးလား။”

ယန်ကျန်းသည် လီလဲ့ကို ကြည့်ပြီး၊ လွန်ခဲ့သော နှစ် ၃၀ ကြာက နာမည်ကြီးခဲ့သည့် မဟာပညာရှင်ကြီးကို မှတ်မိသွားပါသည်။

“ဂုဏ်သိက္ခာရှိတဲ့ ငှက်တစ်ကောင်ဟာ နားခိုဖို့အတွက် သစ်ပင်ကောင်းကို ရွေးချယ်ကြတယ်။ သခင်လေး ဟုန်ယွိက ပညာရှင်သခင်တစ်ဦး ဖြစ်တယ်။ ကျွန်တော် သူနဲ့ပူးပေါင်းရတာ ကျေနပ်ဝမ်းမြောက်ပါတယ်။” လီလဲ့က ထိုပစိတ်ဖိတ်ရေတပ် ဗိုလ်ချုပ်ကြီး၏ ထိုးထွင်းသိမြင်နိုင်စွမ်းကို လျှို့ဝှက်စွာ အံ့အားသင့်မိသည်။ သို့သော် သူသည် ကြီးကျယ်ခမ်းနားသော အရာများစွာကို မြင်တွေ့ခဲ့ဖူးသူ ဖြစ်သည်။ သူကရော အဘယ်ကြောင့် ကြောက်ရွံ့ရမည်နည်း။ သူသည် ဆေဘာကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်ပြီး မနှိမ့်မမြင့် အသံဖြင့် ပြောလိုက်သည်။

ထို့ပြင် လီလဲ့၏ စကားများတွင် အဓိပ္ပာယ်နှစ်ခွပါသည့် သဘောမျိုး ပါဝင်နေသည်။ “ဂုဏ်သိက္ခာရှိတဲ့ ငှက်တစ်ကောင်ဟာ နားခိုဖို့ အတွက် သစ်ပင်ကောင်းကို ရွေးချယ်ကြတယ်။” ဟူသော စကားသည် ယန်ကျန်းအား သူပြုလုပ်ခဲ့သည့် ရွေးချယ်မှုကို လျှို့ဝှက်စွာ သတိပေးခြင်း ဖြစ်သည်။ သူသည် တကယ့်ဝါရင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ ဟုန်ယွိသည် ထိုစကားကို ကြားရသည့်အခါ လျှို့ဝှက်စွာ ခေါင်းငြိမ့်လိုက်မိသည်။

“ဟုန်ယွိ၊ မင်း ပြန်လိုက်တော့။” ယန်ကျန်းသည် လီလဲ့၏ စကားများကို ကြားလိုက်ရသောအခါ ဘာမှ ခံစားရပုံမပေါ်ပေ။ သူသည် လက်တစ်ချက် ဝှေ့ရမ်းပြီး ဟုန်ယွိကို ထွက်သွားရန် ပြောလိုက်သည်။

ဟုန်ယွိ ထွက်သွားသည်ကို မြင်သောအခါ ယန်ကျန်းသည် ချီဝိညာဉ်ဂိုဏ်း၏ ခေါင်းဆောင် သခင်ဒွမ်ထံ လှည့်ကြည့်လိုက်သည်။ “ဒွမ်အိုကြီး၊ ဒီအခြေအနေကို ဘယ်လိုကိုင်တွယ်သင့်တယ်လို့ မင်း ထင်လဲ။ ငါက ဟုန်ယွိကို သာမန်လူတစ်ယောက်လို့ပဲ ထင်ထားခဲ့တာ။ ဒါပေမယ့် အခုကြည့်ရ သလောက်ဆို သူက သာမန်လူ မဟုတ်ဘူး။ လက်ရှိ ဧကရာဇ်တရားရုံးရဲ့ အခြေအနေက ဂယက်အမျိုးမျိုး ထနေတယ်။ ဘေးက ကြည့်နေဖို့ဆိုတာ မဖြစ်နိုင်ဘူး။”

သခင်ဒွမ်သည် လက်ထဲရှိ ခေါက်ယပ်တောင်ကို ကစားရင်း သူ့မျက်လုံးများ တခဏတာ မှိန်ဖျော့သွားသည်။ “ဧကရာဇ် တရားရုံးထဲမှာ တစ်ယောက်နဲ့ တစ်ယောက် သတိထားနေရတာက နိုင်ငံအတွက် ကောင်းချီး မဟုတ်ဘူး။ ဧကရာဇ် တရားရုံးဟာ အေးချမ်းပြီး နွေးထွေးတဲ့ပုံစံ ပေါက်နေပေမယ့် တကယ်တော့ ခြောက်သွေ့နေတဲ့ ထင်းတွေနဲ့ လောင်ကျွမ်းတော့မယ့် မီးတောက်တွေလိုပဲ။ အနှေးနဲ့အမြန် တစ်ချက်တည်းနဲ့ မီးထလောင်တော့မယ်။ အဲဒီအခါ တရားရုံးထဲက အရာရှိတွေအားလုံး ပါဝင် ပတ်သက်ရလိမ့်မယ်။ ယန်အိုကြီး၊ မင်းအနေနဲ့ အစ်ကိုယန်ရဲ့ ဘက်မလိုက် ကြားနေဝါဒကို ကာကွယ်ဖို့ ဘယ်လောက်ခက်ခဲလိုက်မလဲ။ သူတော်စင်တွေတောင် ဘက်မလိုက်ဝါဒကို ကျင့်သုံးဖို့ ခက်ခဲမှာပဲ။ သာမန်လူသားတွေဖြစ်တဲ့ ငါတို့ဆို ပြောနေစရာတောင် မလိုဘူး။ အခုအရေးကြီးဆုံးက မှန်ကန်တဲ့ဘက်မှာ ရပ်တည်ဖို့ပဲ။ မဟုတ်ရင် ငါတို့ဟာ ထာဝရပျက်စီးမှုကို ရင်ဆိုင်ရလိမ့်မယ်။ ငါတို့မိသားစုတွေ သုတ်သင်ခံရမယ်။ ငါတို့ရဲ့ သားစဉ်မြေးဆက်တွေလည်း ထိခိုက်ရလိမ့်မယ်။” (အစ်ကိုယန်ဟူသည် ယန်ကျန်း၏ဖခင် ယန်ယူဇီကိုခေါ် ယန်ရှောင်ပေါင်ကို ရည်ညွှန်းပါသည်)။

“ဒါဆို အခု ငါတို့ ဘယ်ဘက်မှာ ရပ်တည်သင့်လဲ။” ယန်ကျန်းက ထပ်မံ မေးလိုက်သည်။

“တကယ်တော့ ဧကရာဇ် တရားရုံးထဲမှာ အိမ်ရှေ့စံမင်းသားက ဧကရာဇ်ဖြစ်လာဖို့ ကံကြမ္မာရှိသူပဲ။ မင်းသားယုနဲ့ မင်းသားဟီက အခွင့်အရေးရှိသလို ထင်ရပေမယ့် တကယ်တော့ ဧကရာဇ်က တမင်ဖန်တီးထားခဲ့တာ။ ဧကရာဇ် တရားရုံးကို ဟန်ချက်ညီအောင် ထိန်းထားဖို့အတွက် မင်းသားယုနဲ့ မင်းသားဟီဆိုတဲ့ သားနှစ်ယောက်ကို ဆွဲထုတ်ပြီး၊ အိမ်ရှေ့စံမင်းသားကို ထိန်းချုပ်ဖို့ လုပ်ဆောင်ခဲ့တာပဲ။ မဟုတ်ရင် အိမ်ရှေ့စံမင်းသားက သူ့ရာထူး နဲ့ မကျေနပ်လို့ ပုန်ကန်လာခဲ့ရင် ဧကရာဇ်မင်းမြတ်အတွက် အဆင်မပြေဘူး။”

သခင်ဒွမ်က ခေါက်ယပ်တောင်ကို ဝှေ့ယမ်းရင်း ခွဲခြမ်းစိတ်ဖြာ ပြသည်။ သူ့မျက်လုံးများတွင် ဉာဏ်ပညာအလင်းများ တောက်ပနေပါသည်။ သူသည် လက်တစ်ဖက် လှုပ်ရှားရုံဖြင့် တိမ်နှင့်မိုးကို ဆင့်ခေါ်နိုင်သည့် တာအိုဆရာသခင် တစ်ဦးနှင့် မတူဘဲ အစစ်မှန် ဗျူဟာပညာရှင်တစ်ဦးနှင့် ပိုတူနေပါသည်။

“ဒါပေမယ့် ဧကရာဇ်မင်းမြတ်က အိမ်ရှေ့စံမင်းသားဟာ မင်းသားယုနဲ့ မင်းသားဟီထက် အင်အား၊ ခေါင်းဆောင်မှုနဲ့ ဉာဏ်ပညာမှာ သာလွန်နေတယ်ဆိုတာကို ရှင်းလင်းစွာ မြင်နိုင်တယ်။ သူက အနာဂတ်မှာ ထီးနန်းဆက်ခံဖို့ အကောင်းဆုံး ကိုယ်စားလှယ်ပဲလေ။”

“ဒါဆို အိမ်ရှေ့စံမင်းသားက ထီးနန်းဆက်ခံဖို့ အလားအလာအရှိဆုံး ပုဂ္ဂိုလ်တစ်ယောက်လို့ ဆိုလိုတာလား။” ယန်ကျန်း၏ မျက်နှာအရောင်က အနည်းငယ် ပြောင်းလဲသွားသည်။

“တကယ်လို့, မထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေ ဖြစ်ပေါ်မလာခဲ့ရင်, ဒါက အမှန်ပဲ။” သခင်ဒွမ်က ခေါင်းခါလိုက်သည်။ “ဒါပေမယ့် ဧကရာဇ် မင်းမြတ်ဟာ အသက်ခြောက်ဆယ် ကျော်နေပြီ ဖြစ်ပေမယ့် ငယ်ရွယ်စဉ်ကအတိုင်း ကျန်းမာသန်စွမ်းတယ်။ သူ့ရဲ့ သိုင်းပညာဟာ နက်ရှိုင်းပြီး လျှို့ဝှက်ဆန်းကြယ်တယ်။ အနည်းဆုံး နောက်ထပ် ခြောက်ဆယ်နှစ်လောက် ထီးနန်း ဆက်လက် စိုးစံဖို့က ပြဿနာမရှိဘူး။ အိမ်ရှေ့စံမင်းသားက သေချာပေါက် ဒီလောက်ကြာကြီး စောင့်ဆိုင်းနိုင်မှာ မဟုတ်ဘူး။ အပြောင်းလဲတစ်ခုခု ဖြစ်ပေါ်လာမှာ သေချာတယ်။ ငါ သေချာပေါက် ပြောရဲတယ်။ ဒီအပြောင်းလဲရဲ့ သော့ချက်ကလည်း တိုင်ရှန်တာအိုဂိုဏ်းပဲ…”

“တိုင်ရှန်တာအိုဂိုဏ်းဟာ လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်းလို့ မရနိုင်ဘူး။ အတိတ်မှာ မင်းဆက်ပြောင်းလဲမှုတွေ ဖြစ်ပေါ်တိုင်း သူတို့ရဲ့ အရိပ်အယောင်တွေ ရှိခဲ့ဖူးတယ်။ ဒီဂိုဏ်းက တရားဟောပြီး အမွှေးနံ့သာတိုင်တွေနဲ့ ပူဇော်ခံတဲ့အလုပ်မျိုး လုပ်ဆောင်ဖို့ ထွက်ပေါ်မလာခဲ့သလို, လူဦးရေလည်း အများကြီးမရှိဘူး။ ဒါပေမယ့် အတိတ်က ဧကရာဇ်တွေဟာ သူတို့ကို အလွန်ကြောက်ရွံ့ကြတယ်။ တကယ်ပြောရရင် တိုင်ရှန် တာအိုဂိုဏ်းရဲ့ ကမ္ဘာကြီးအပေါ် သက်ရောက်မှုဟာ အတိတ်က ဒိုင်ဇင်ဘုရားကျောင်းထက်တောင် ပိုကြောက်စရာကောင်းတယ်။ အတိတ်က မင်းဆက်တွေမှာ ဘယ်ဧကရာဇ်ကရော သူတို့ကို မကြောက်ခဲ့လို့လဲ။ အားလုံးက သူတို့ကို ဖယ်ရှားပစ်ချင်ကြတယ်။ ကံမကောင်းစွာနဲ့ ဘယ်ဧကရာဇ်မှ သူတို့ကို ဘာမှမလုပ်နိုင်ခဲ့ဘူး။ တိုင်ရှန်တာအိုဂိုဏ်း၊ တိုင်ရှန်တာအိုဂိုဏ်း…၊ ဒီဂိုဏ်းက မိုးကောင်းကင်ကို ထာဝရ ကိုယ်စားပြုပြီး၊ မိုကောင်းကင်ရဲ့ သားတော်အဖြစ် နိုင်ငံကိုအုပ်ချုပ်တဲ့ ဧကရာဇ်တွေကို ဖယ်ရှားပြီး၊ ‘တာအို’ ဆိုတဲ့ စကားလုံးကို ဧကရာဇ်အာဏာထက်မှာ တည်အောင်လုပ်နိုင်တယ်။ ဒီလိုဂိုဏ်းမျိုးက တကယ့်ကို ကြောက်စရာကောင်းလွန်းတယ်။”

“အခု တိုင်ရှန်တာအိုဂိုဏ်းက မင်းသားယုကို ပြတ်ပြတ်သားသား ထောက်ခံနေတယ်။ အိမ်ရှေ့စံမင်းသားက ထီးနန်းရရှိသွားရင်တောင် ထိုက်ကျုံးနဲ့ ကောင်းကျုံးဧကရာဇ်တို့လို အဆုံးသတ်ရလိမ့်မယ်။”

ယန်ကျန်းသည် သခင်ဒွမ်၏ ခွဲခြမ်းစိတ်ဖြာမှုကို နားထောင်ပြီး ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် ခေါင်းခါပြန်သည်။ “ငါတို့မင်းဆက်ဟာ ယခင်က မရှိခဲ့ဖူးတဲ့အထိ စည်ပင်ဖွံ့ဖြိုးနေတယ်။ ဧကရာဇ်အာဏာဟာ အားကောင်းပြီး တည်ငြိမ် လွန်းတယ်။ တိုင်ရှန်တာအို ဂိုဏ်းကတောင်မှ မြို့တော်ရဲ့ နတ်ဘုရားလက်နက်ကို တကယ်ထိန်းချုပ်ဖို့ ခက်ခဲလိမ့်မယ်။ ဒါ့အပြင် သိပ်မကြာသေးခင် နှစ်တွေမှာ ငါ့အဖေဆီက စာတွေ ရေးပို့လာတယ် သူ့စာတွေထဲမှာ ဧကရာဇ်က တိုင်ရှန်တာအိုဂိုဏ်းကို ကိုင်တွယ်ဖို့ စီစဉ်နေတယ်ဆိုတဲ့ အဓိပ္ပါယ်ကို ဝိုးတဝါး ဖော်ပြထားတယ်။”

“ဧကရာဇ်အာဏာအရ တိုင်ရှန်တာအိုဂိုဏ်းကို ဖယ်ရှားဖို့ လိုလားနေတာ သံသယ မရှိပါဘူး။ တိုင်ရှန်တာအိုဂိုဏ်းကို ဖယ်ရှားပြီးမှပဲ ဧကရာဇ် အာဏာက အစစ်မှန် ဧကရာဇ်အာဏာ ဖြစ်လာမယ်။ ပင်လယ်လေးစင်းနဲ့အတူ အင်မော်တယ်တွေရော သေမျိုးတွေပါ ထိန်းချုပ်နိုင်လိမ့်မယ်။ ဒါ့အပြင် လက်ရှိ ဧကရာဇ်အာဏာအရ ဒီလိုလုပ်နိုင်တဲ့ အရင်းအနှီးလည်း ရှိတယ်။ ဒိုင်ဇင်ဘုရားကျောင်းကို လုယက်ပြီးနောက် ငါတို့တော်ဝင်ချန် မင်းဆက်ဟာ ယခင်က မရှိခဲ့ဖူးတဲ့အထိ စည်ပင်ဖွံ့ဖြိုးနေတယ်။ မကြာသေးမီနှစ်တွေတုန်းက ဖန်ရှင်းတာအိုဂိုဏ်းနဲ့ အမှန်တရားဂိုဏ်းနှစ်ခုကို ဆွဲဆောင်ထားပြီး၊ လျှို့ဝှက်ကျွမ်းကျင်သူတွေလည်း များစွာရှိတယ်။ တကယ်လုပ်ဆောင်မယ်ဆိုရင် တိုင်ရှန်တာအိုဂိုဏ်းတောင်မှ စိုးရိမ်ရလိမ့်မယ်။”

“ဒါဆို ဒွမ်အိုကြီး၊ အခု ငါတို့ ဘာလုပ်သင့်လဲ။” ယန်ကျန်းက နဖူးကို ပွတ်သပ်ရင်း မေးလိုက်သည်။

“အခု ငါတို့က မင်းသားယုကို အနည်းငယ် စိတ်ထားကောင်းပြလို့ ရတယ်။” သခင်ဒွမ်က ခေါက်ယပ်တောင်ကို ဖွင့်လိုက်သည်။ “ဘာပဲဖြစ်ဖြစ် ယန်အိုကြီး၊ မင်းနဲ့မင်းသားယုက သေသူရှင်မကွာရှိဖူးတဲ့ မိတ်ဆွေတွေပဲ။ သူ့အပေါ် ကောင်းပြတာက ဘာမှ မဟုတ်ဘူး။”

“ဧကရာဇ်က အိမ်ရှေ့စံမင်းသားကို ဆက်လက် နှစ်သက်နေသေးတယ်၊ တကယ်လို့…”

“ယန်အိုကြီး၊ မင်း အခုထိ နားမလည်သေးဘူးလား။ ဧကရာဇ်က အိမ်ရှေ့စံမင်းသားကို နှစ်သက်ပေမယ့် အခုတော့ အိမ်ရှေ့စံမင်းသားရဲ့ ဩဇာ အာဏာကို ဖျက်ဆီးဖို့ စတင်နေပြီလေ။ ဧကရာဇ်က နာခံမူရှိတဲ့ အိမ်ရှေ့စံမင်းသားကိုပဲ လိုချင်တာ။ သူ့ဘေးကင်းလုံခြုံမှုကို အချိန်မရွေး ခြိမ်းခြောက်နိုင်ပြီး ရည်မှန်းချက်ကြီးတဲ့ အိမ်ရှေ့စံမင်းသားကို လိုချင်တာ မဟုတ်ဘူး။ အိမ်ရှေ့စံမင်းသားက သူ့ဩဇာအာဏာ ဖျက်ဆီးခံရတာကို လုံးဝ လက်ခံမှာမဟုတ်ဘဲ တန်ပြန် တိုက်ခိုက်လိမ့်မယ်။ လက်ရှိမှာ အိမ်ရှေ့စံမင်းသားကို အားကိုးဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ မင်းသားဟီဘက်က လည်း မင်းရဲ့စစ်တပ်ကို ယုံကြည်မှာ မဟုတ်ဘူး။ သဘာဝအတိုင်း မင်းအနေနဲ့ မင်းသားယုကိုပဲ ရှာရတော့မယ်။ ဒါ့အပြင်, ဟုန်ယွိက အဓိက သော့ချက်ကျတဲ့ ပုဂ္ဂိုလ်တစ်ဦးပဲ။ စကားလုံးနှစ်လုံးပဲရှိတယ်။ သူ့ကို ဆွဲဆောင်ပြီး၊ ထိန်းချုပ်ပါ။ အနာဂတ်မှာ, တကယ်လို့ အိမ်ရှေ့စံမင်းသားက အမှန်တကယ် အနိုင်ရသွားရင်, မင်းက ဟုန်ယွိကို ဖမ်းပြီး လွှဲပေးလိုက်လို့ရတယ်။ ဒါက ကမ္မကုသိုလ်တစ်ခုလည်း ဖြစ်လာလိမ့်မယ်။ ဒါ့အပြင်, ဧကရာဇ်နဲ့ အိမ်ရှေ့စံမင်းသားက တိုင်ရှန်တာအိုဂိုဏ်းကို ဖျက်ဆီးဖို့ ကြီးမားတဲ့ အစီအစဉ်ကြီးတစ်ခု ရေးဆွဲထားနိုင်တယ်။ ဒါဆိုရင် ဟုန်ယွိကို မင်းလက်ထဲမှာ ထိန်းထားတာက ပိုတောင်ကောင်းလိမ့်ဦးမယ်။ ဒါက အစီအစဉ်ပဲ။ ဒါက ယန်အိုကြီးရဲ့ ကျန်းမာရေးကို ထာဝရ အာမခံပေးနိုင်မယ်။”

“ဆွဲဆောင်ပြီး ထိန်းချုပ်ပါ။” ယန်ကျန်းက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။” ဟုန်ယွိကို ဆွဲဆောင်နိုင်ရင် မင်းသားယု အာဏာရလာတဲ့အခါ ငါလည်း သဘာဝအတိုင်း ရာထူးတိုးမြှင့်ခံရလိမ့်မယ်။ အိမ်ရှေ့စံမင်းသား အာဏာရလာရင် ငါက ဟုန်ယွိကို လွှဲပေးလိုက်မယ်။ ဧကရာဇ်နဲ့ အိမ်ရှေ့စံမင်းသားက တိုင်ရှန်တာအိုဂိုဏ်းကို ဖျက်ဆီးဖို့ ပူးပေါင်းလုပ်ဆောင်ရင် ငါ့မှာ ဟုန်ယွိကို အသုံးချဖို့ ကစားကွက်တစ်ခု ရှိတယ်။ ဒီလိုကြည့်ရင် ဟုန်ယွိက ငါ့အတွက် ပြဿနာ မဖြစ်စေခဲ့ဘူးပဲ။ သူက ငါ့အတွက် ကြီးမားတဲ့ အကာအကွယ်အဆောင်တစ်ခုကို ပို့ပေးလိုက်သလိုပဲ။”

“ဟုတ်တယ်။ ယန်အိုကြီးက ဟုန်ယွိကို သွေးငါးမန်းအစောင့် ၄၉ ယောက်ကို သူ့ရဲ့ ကိုယ်ရံတော်အဖြစ် ပို့ပေးဖို့ စီစဉ်ထားပုံရတယ်။ ဒါပေမယ့် သူတို့ရဲ့ အင်အားက အားနည်းလွန်းပြီး၊ သူ့ကို ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး။ ငါနဲ့ယန်အိုကြီးရဲ့ ဝေလငါးသတ် အသေခံတပ်သားတွေကို ကိုယ်တိုင် သွားပို့ လိုက်ရင်ရော ဘယ်လိုလဲ။”

“အဆင်ပြေပြီ။” ယန်ကျန်းက ဟက်ဟက်ပက်ပက် ထပ်မံ ရယ်မောလိုက်သည်။ “ဒွမ်အိုကြီး၊ သွေးငါးမန်းအစောင့် ၄၉ ယောက်နဲ့အတူ ဝေလငါးသတ် အသေခံတပ်သား ကိုးယောက်နဲ့ဆို မင်းက ဟုန်ယွိကို လုံးဝ ထိန်းချုပ်နိုင်လိမ့်မယ်။ ဒါပေမယ့် ဒွမ်အိုကြီး၊ မင်းဟာ ဟုန်ယွိကို ထိန်းချုပ်ဖို့ သွားတာ မဟုတ်ဘူးဆိုတာ သတိရပါ။ သူ့ကို ထောက်ပံ့ဖို့ သွားတာပဲ။ သူ့ကို ထိန်းချုပ်နေတယ်ဆိုတဲ့ ခံစားချက်မျိုး မပေးမိပါစေနဲ့။”

“သေချာပေါက် ငါ သိပါတယ်။ ဟုန်ယွိက ငယ်ရွယ်ပေမယ့် သူ့မှာ အကြံအစည်တွေ များတယ်လို့ ငါထင်တယ်။ သူက မင်းသားယုအတွက် ကြီးမားတဲ့ အစီအစဉ်တစ်ခုကို ကြံစည်နေပြီး၊ ပစိဖိတ်ရေတပ်ရဲ့ အလယ်အလတ်အဆင့် အရာရှိတွေကို ဆွဲဆောင်ဖို့ သေချာပေါက် လုပ်လိမ့်မယ်။ သူက ငါ့ကိုဆွဲဆောင်ဖို့တောင် ကြိုးစားနိုင်လောက်တယ်။ ငါက တာအိုနည်းလမ်းတွေ ဆွေးနွေးဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ပဲ သွားမှာပါ။ သူ့နေရာမှာ ရက်ပိုင်း လောက်နေပြီး၊ စိတ်နှလုံးဖွင့်ပြီး သူနဲ့ စကားပြောကြည့်ဦးမယ်။” သခင်ဒွမ်က ပြုံးလိုက်သည်။

…

ဆောင်းဦးရာသီက ဝင်ရောက်ခါနီးခဲ့ပြီ…….။

ဤအချိန်တွင် ကျောက်စိမ်းမြို့တော်မှ တောင်ဘက်ရှိ လှိုင်းဖြူမြစ်သို့ ဦးတည်သွားနေသည့် သင်္ဘောကြီး တစ်စီးပေါ်တွင် အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် သက်ကြီးရွယ်အိုတစ်ဦးသည် မြစ်ကမ်းဘေးနှစ်ဖက်ရှိ ရှုခင်းများကို ကြည့်ရှုနေသည်။ သူ့လက်နှစ်ဖက်ကို နောက်ကျောတွင် ပစ်ထားပြီး မျက်လုံးများက အားနည်းနေသည်။ သူသည် သက်ကြီးလူနာတစ်ဦးနှင့် တူသည်။

သစ်ရွက်များက အနည်းငယ် ဝါဖျော့လာပါပြီ။ နွေရာသီလယ်ကာလသည် ကုန်ဆုံးသွားခဲ့ပြီး ဆောင်းဦးရာသီသို့ပင် ရောက်ရှိလာခဲ့ပါပြီ။

အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး မျက်လုံးများက သက်ကြီးလူနာနှင့်တူသည့် ဤအဘိုးအိုသည် မြို့စားဝူဝမ်စံအိမ်မှ ဝူအိမ်တော်ထိန်း ဖြစ်သည်။ သူသည် ကျောက်စိမ်းမြို့တော်ရှိ သခင်သုံးဦးထဲမှ တစ်ဦးဖြစ်သည့် ဝူသခင်လည်း ဖြစ်ပါသည်။

ဤတစ်ကြိမ်တွင် သူသည် ဟုန်ရွှန်ကျိ၏ အမိန့်ဖြင့် ဟုန်ယွိကို ရှာဖွေရန်၊ သူ၏သိုင်းပညာကို ဖျက်ဆီးပြီး၊ မြို့စားဝူဝမ်စံအိမ်သို့ ပြန်လည် ခေါ်ဆောင် ရန် တောင်ပိုင်းဒေသသို့ ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။

“ဝူသခင်၊ မြို့စားက သူ့ရဲ့ပုန်ကန်တဲ့သားဖြစ်သူ ဟုန်ယွိကို ပြန်ခေါ်လာဖို့ လုပ်ဆောင်နေတယ်။ ကျွန်တော် ဟုန်ယွိကို မြို့စားဝူဝမ်စံအိမ်မှာ တွေ့ဖူးပါတယ်။ သူက စာပေအတတ်ကို ကျွမ်းကျင်တဲ့ ပညာရှင်တစ်ယောက် ဖြစ်ပေမယ့်၊ စိတ်ဝိညာဉ် စွမ်းအင်မရှိသလို သိုင်းပညာလည်း လုံးဝ မရှိပါဘူး။ သူ့ကို ပြန်ခေါ်ဖို့အတွက် ဝူသခင်ကို စေလွှတ်ဖို့ လိုအပ်လို့လား..။”

ဤအချိန်တွင် သင်္ဘောပေါ်ရှိ အခန်းကာရံများ ဖွင့်လှစ်လာပြီး၊ ပန်းထိုးဝတ်စုံ ဝတ်ဆင်ထားသည့် လူငယ်တစ်ဦး ထွက်ပေါ်လာသည်။ ဤလူငယ်၏ ပုံပန်းသွင်ပြင်သည် ဟုန်ယွိ, ဟုန်ရွှန်ကျိတို့နှင့် အနည်းငယ်ဆင်သည်။ သေချာကြည့်လျှင် သူတို့သည် သွေးသားရင်းနှီးမှု ရှိသည်ဟု ခံစားမိနိုင်သည်။

“အိုး…။ သခင်လေးကျိုးပါလား။” ဝူအိမ်တော်ထိန်းက အနည်းငယ် ဦးညွှတ်လိုက်သည်။ ဤလူငယ်သည် ဟုန်ရွှန်ကျိ၏ ကိုယ်လုပ်တော် လေးဦးထဲမှ တစ်ဦး၏ သားဖြစ်ပြီး၊ သူ၏အမည်မှာ ဟုန်ကျိုးဖြစ်သည်။ သူသည် ကိုယ်လုပ်တော်၏ သားတစ်ဦးသော်လည်း ၎င်း၏ မိသားစုနောက်ခံသည် ဟုန်ယွိ ထက် များစွာ ပိုမိုကောင်းမွန်သည်။

“မခံယူရဲပါဘူး၊ မခံယူရဲပါဘူး။ ဝူသခင်၊ ကျွန်တော်က သင့်ရဲ့ ဦးညွှတ်မှုကို ဘယ်လိုလုပ် လက်ခံရဲပါ့မလဲ။” ဟုန်ကျိုးက အလျင်စလို ပြန်ဖြေလိုက်ပြီး မေးလိုက်သည်။” ဟုန်ယွိက အင်ပါယာစာမေးပွဲမှာ ထိပ်တန်းအဆင့်နဲ့ အောင်မြင်ခဲ့ပေမယ့်၊ သူက ဘာလို့ အဖေရဲ့အမိန့်ကို မနာခံဘဲ တောင်ပိုင်း ဒေသသွားပြီး တပ်ထဲဝင်ခဲ့တာလဲ။”

“သခင်လေးကျိုး၊ မြို့စားက သခင်လေးကို တောင်ပိုင်းဒေသကို သွားပြီး သခင်ခမ်းရဲ့ လက်အောက်မှာ ပညာသင်ဖို့ပဲ လွှတ်လိုက်တာပါ။ တခြား ကိစ္စတွေကို မမေးသင့်ပါဘူး။” ဝူသခင်၏ အိုမင်းသည့်အသံက ထွက်ပေါ်လာသည်။

အပိုင်း (၁၅၂)။

“ယခု ငါ့လက်အောက်မှာ စုစုပေါင်း လူ ၂,၅၀၀ ရှိလာခဲ့ပြီ မဟုတ်လား။ ဒါက တပ်မနှစ်ခုနှင့် တပ်ရင်း တစ်ခုစာပဲ။ ဒီလူပေါင်းများစွာနဲ့ မြင်းတွေ၊ စားနပ်ရိက္ခာတွေ၊ လက်နက်စတဲ့အရာတွေကို တစ်ခုချင်း ရေတွက်ရမယ်။ အရာရှိတွေက စစ်သည်တွေရဲ့ လစာရိက္ခာတွေကို မသမာ သုံးစွဲမှုမျိုးကိုလည်း ကာကွယ်ရမယ်။ နေ့စဉ်လုပ်ဆောင်ရမယ့် ကိစ္စတွေက ဆယ်ဆထက်တောင် ပိုများလာပြီ။

ကျင်းဟိုင်ပြည်နယ်၏ အနောက်တောင်ဘက် ကမ်းရိုးတန်းရှိ တပ်စခန်းတစ်ခုတွင် ဟုန်ယွိသည် ဝက်ဝံရေခွံဖြင့် ပြုလုပ်ထားသော ကုလားထိုင်တစ်လုံးပေါ်တွင် ထိုင်နေပါသည်။ သူ့ရှေ့တွင် သတ္တုစားပွဲတစ်ခုရှိပြီး၊ ထိုစားပွဲပေါ်တွင် စာရွက်စာတမ်းများ ထပ်လိုက် ပုံထားသည်။ ထို့ပြင် အမိန့်ပေးသင်္ကေတများ၊ တံဆိပ်များလည်း ရှိနေပါသည်။

စာရွက်စာတမ်းများကို တစ်ခုချင်း စစ်ဆေးရင်း ဟုန်ယွိသည် သက်ပြင်းရှည်ကြီးချကာ၊ သူ့နဖူးကို ပွတ်သပ်လိုက်ပြီး၊ အနည်းငယ် စိတ်ပူပန်နေသည့်ပုံပေါ်သည်။

ပစိဖိတ်ရေတပ်ဌာနချုပ်မှ ထွက်လာပြီးနောက် အစိမ်းရောင်တပ်ရင်းသို့ ပြန်လည်ရောက်ရှိချိန်တွင် ဟုန်ယွိသည် စစ်ဗိုလ်ချုပ်ကြီးရုံးချုပ်မှ စစ်အမိန့်တစ်ခု လက်ခံရရှိခဲ့သည်။ သူသည် ပဉ္စမတပ်တော်၏ ဗိုလ်ကြီးအဖြစ် ခန့်အပ်ခံရပြီး၊ လူ ၂,၀၀၀ နှင့် မြင်းများကို ဦးစီးကာ ပစိဖိတ်ရေတပ်ဌာနချုပ်၏ အနောက်တောင်ဘက် ကာကွယ်လမ်းကြောင်းတွင် တပ်စွဲရန် တာဝန်ပေးအပ်ခံရသည်။ အနီးဝန်း ကျင် မိုင် ၁၀၀ အတွင်း ကုန်းမြေနှင့်ပင်လယ်ပြင်ကို တင်းကြပ်စွာ ထိန်းချုပ်ရမည်။

ပဉ္စမတပ်တော်၏ တပ်စခန်းသည် ပစိဖိတ်ရေတပ်ဌာနချုပ်မှ မိုင် ၂၀၀ ကျော် အကွာဝေးတွင် တည်ရှိသည်။ ဆိုလိုသည်မှာ ဟုန်ယွိသည် ယခုအချိန်တွင် ကမ်းရိုးတန်း ကာကွယ်ရေး လမ်းကြောင်း ကို အပြည့်အဝ စောင့်ကြပ်နေရခြင်း ဖြစ်သည်။ မိုင် ၁၀၀ အတွင်း၊ သူသည် အမှန်တကယ် အုပ်စိုးရှင် ဖြစ်ပြီး၊ နယ်မြေခံအုပ်ချုပ်သူ ဖြစ်သည်။ သူသည် ပင်လယ်ပြင်တွင် ကုန်သည်သင်္ဘောများကို သိမ်းဆည်းနိုင်ပြီး၊ ကမ်းရိုးတန်းမြို့များတွင် ပင်လယ်ဓားပြများကို စစ်ဆေးနိုင်သည်။ ဒေသခံ အရာရှိများပင်လျှင် သူ့ကို ထိန်းချုပ်ပိုင်ခွင့် မရှိပေ။

ကျင်းဟိုင်ရေတပ်တွင် ရဲရင့်သော စစ်သည် တစ်သိန်းကျော် ရှိသည်။ စစ်ဦးစီးချုပ်၏ ပင်မတပ်စခန်း အနီးဝန်းကျင် မိုင်ပေါင်းများစွာအတွင်း တပ်စွဲထားသော လက်ရွေးစင် စစ်သည် ၃၀,၀၀၀ နှင့် ၅၀,၀၀၀ မှ လွဲ၍ ကျန်စစ်သည်အများစုကို ဗိုလ်ကြီးအသီးသီးက ဦးစီးကာ တပ်သောင်းပေါင်း များစွာဖြင့် ကမ်းရိုးတန်းတစ်လျှောက် ဖြန့်ကျက်ထားသည်။ ၎င်းတို့သည် ပင်လယ်ဓားပြများ ကမ်းပေါ်တက်လာပြီး အနှောင့်အယှက်ပေးခြင်းမှ ကာကွယ်ရန် ဖြစ်သည်။

တော်ဝင်ချန်၏ တောင်ဘက်ကမ်းရိုးတန်းသည် မိုင်ထောင်ပေါင်းများစွာ ရှည်လျားသည်။ ပစိဖိတ် ရေတပ်၏ စစ်သည် တစ်သိန်းကျော်ကို တစ်နေရာတည်းတွင် စုစည်းထားရန် မဖြစ်နိုင်ပေ။

“ညီအစ်ကိုဟုန်၊ အခု မင်းမှာ တကယ့်အာဏာ ရှိလာခဲ့ပြီ။ အစိမ်းရောင်တပ်ရင်းတုန်းကလို စားနပ်ရိက္ခာနဲ့ လစာကိစ္စကို စိတ်ပူနေတုန်းလား” ဟုန်ယွိ၏ ဘေးတွင်ရပ်နေသော ချီဇီယန်က ပြောသည်။

“ဘယ်လိုလုပ် စိတ်မပူဘဲ နေနိုင်မလဲ။ ယန်ကျန်းက ငါ့ရဲ့စစ်တပ်လစာကို အလွဲသုံးသား မလုပ်ပေမယ့် စစ်တပ်လစာက ဘယ်လောက်များများ ရနိုင်မှာလဲ။ တကယ်လို့, ငါသာ အင်အားကြီး တဲ့ တပ်တော်တစ်ခုကို လေ့ကျင့်ပေးချင်ရင်၊ လစာဆယ်ဆရှိရင်တောင် မလုံလောက်ဘူး။ အရင်တုန်းက အစိမ်းရောင် တပ်ရင်းမှာ လူ ၃၀၀ လောက်ပဲ ရှိခဲ့တာ။ အဲဒီတုန်းကတော့ ငါ ကြိုးစားပေးနိုင်သေးတယ်။ အခု လူဘယ်လောက် များလာပြီလဲ။ ၂၅၀၀။ ဒါက သုံးစရိတ်အများကြီး ကုန်မှာပဲ”။

ဟုန်ယွိက မော့ကြည့်လိုက်သည်။

“ညီအစ်ကိုဟုန်၊ မင်း ဘာလို့ ကိုယ်ပိုင်ငွေကြေးနဲ့ တပ်တွေကို ထောက်ပံ့ဖို့ပဲ တွေးနေတာလဲ။ မြင့်မြတ်တဲ့ မိသားစုမျိုးရိုးက သားသမီးတွေတောင် ဒီလို မတွေးကြဘူး။ စစ်တပ်ဆိုတာ အောက်ခြေမရှိတဲ့ တွင်းနက်ကြီးတစ်ခုပဲ။ မင်း ငွေကြေး ဘယ်လောက် ထည့်ထည့် ဘယ်တော့မှ မပြည့်ဘူး။” ချီဇီယန်က ပြုံးရင်း ပြောသည်။ “အခု ငါတို့က အနောက်တောင်ဘက် မိုင်နှစ်ရာအကွာမှာ ကမ်းရိုးတန်း ကာကွယ်ရေး လမ်းကြောင်းကို စောင့်ကြပ် နေရတယ်။ လမ်းတစ်လျှောက်မှာ မြို့အရာရှိတွေ၊ ခရိုင်အုပ်ချုပ်ရေးမှူးတွေ ဆယ်ဂဏန်းထက်မက ရှိတယ်။ သူတို့အားလုံးက ငါတို့ရဲ့ဆန္ဒအတိုင်း လိုက်လျောပေးရလိမ့်မယ်။ နှစ်သစ်ကူးတိုင်း သူတို့က ငါတို့တပ်ကို ဆုချဖို့ လာကြလိမ့်မယ်။ လက်ဆောင်တွေ ပေးကြလိမ်မယ်။ ဒါ့အပြင် လက်ဖက်ရည်၊ ဆား၊ ကြွေထည်နဲ့ ပိုးထည်တွေ သယ်ယူပို့ဆောင်တဲ့ ကုန်သည်တွေလည်း ရှိသေးတယ်။ အဲဒီကုန်သည် သင်္ဘောတွေ၊ ကုန်သည် ယာဉ်တန်းတွေထဲမှာ ဘယ်သူကရော လာဘ်မထိုးဘဲ နေကြမှာလဲ။ မဟုတ်ရင် ငါတို့ရဲ့ စစ်သင်္ဘောတွေ ပင်လယ်ပြင်မှာ ကင်းလှည့်တဲ့အခါ, သူတို့ရဲ့ ကုန်ပစ္စည်းတွေကို သိမ်းဆည်းလို့ရတယ်။ သူတို့ကို အပြစ်ရှာပြီး ဖမ်းဆီးလို့ရတယ်။ ငါ မနေ့က မေးကြည့်ခဲ့ပြီးပြီ။ အနောက်တောင်ဘက် ကမ်းရိုးတန်း ကာကွယ်ရေး လမ်းကြောင်းမှာ တပ်စွဲထား တဲ့ ပဉ္စမတပ်တော်ရဲ့ ဗိုလ်ကြီးတွေ နှစ်စဉ်ရတဲ့ ငွေကြေးက ဘယ်လောက်လဲ မင်း သိလား။”

ချီဇီယန်က လက်ချောင်း ငါးချောင်းကို လှန်ပြရင်း ပြောသည်။ “ငွေဒင်္ဂါးငါးသောင်း။ ငွေဒင်္ဂါး ငါးသောင်းနော်။ ဒါက စံအိမ်ဆယ်ခုရဲ့ ဝင်ငွေနဲ့ ညီမျှတယ်။ ဒါက ကုန်သည်ကြီးတွေရဲ့ ကိုယ်ပိုင် ပုဂ္ဂိုလိက ဝင်ငွေနဲ့လည်း ညီမျှတယ်။ ဒါတောင် နှစ်သစ်ကူးမှာ လက်ဆောင်ပေးကြတဲ့ ကုန်သည်ကြီး တွေရဲ့ ဝင်ငွေတွေကို မထည့်တွက်သေးဘူး။ ဒါ့ပြင်, ဒီဗိုလ်ကြီးတွေက ဓားပြတွေကို နှိမ်နှင်းတယ် ဆိုတဲ့ အကြောင်းပြချက်ကို အသုံးပြုပြီး၊ တခြားနိုင်ငံတွေက ကုန်သည်သင်္ဘောတွေကို ဖိနှိပ် လုယက်တာမျိုးတွေ မပါသေးဘူး။ ငါခန့်မှန်းကြည့်သလောက်ဆို, ဒီဗိုလ်ကြီးတွေဟာ တခြား နိုင်ငံတွေက ကုန်သည်သင်္ဘောတစ်စီးကို ပစ်မှတ်ထားပြီး၊ အကြောင်းပြချက်ရှာ ပင်လယ်ဓားပြတွေ အဖြစ် မဟုတ်မမှန် စွပ်စွဲပြီး၊ လုယက်သတ်ဖြတ် လက်စဖျောက်လိုက်ရင် ချက်ချင်းတောင် ချမ်းသာသွားဦးမယ်။ ငါတို့ဘိုးဘေးတွေဟာ အစားအသောက်နဲ့ အဝတ်အထည်အတွက် စိတ်ပူစရာ မလိုခဲ့ ဘူး။ ဒီနှစ်တွေတစ်လျှောက်လုံး ငါတို့ယွန်မင်ရဲ့ ကုန်သည်တွေဟာ ကျွန်တွေ၊ မြင်းတွေ၊ လေးမြှားတွေကို ပင်လယ်ကနေ သယ်ယူလာပြီး ရောင်းချခဲ့ကြတယ်။ လူပေါင်း ဘယ်လောက် များများ လျှို့ဝှက်လှည့်စားခံခဲ့ရလဲဆိုတာ ဘယ်သူ သိမှာလဲ။ မဟုတ်ရင် ပင်လယ် ကူးသန်းရောင်း ဝယ်ရေးက ဘယ်လောက် စည်ပင်နေလိုက်မလဲ။”

“ဒီလိုအရာမျိုးတွေ ရှိသေးတယ်လား။” ဟုန်ယွိသည် တီးတိုးရေရွတ်လိုက်ပါသည်။ “ငါက ပစိဖိတ် ရေတပ်က တော်တော်လေး စည်းကမ်းတင်းကြပ်တယ်လို့ ထင်ထားတာ။ ယန်ကျန်းကလည်း အတော်လေး နာမည်ကြီးတယ်လေ။ သူ့လက်အောက်က လူတွေက ဓားပြတွေ ဖြစ်လာခဲ့ပြီး၊ ကုန်သည်သင်္ဘောတွေကို လုယက်နေမယ်လို့ မထင်ထားမိဘူး။ ဒီလိုဆိုရင် စစ်သည်တွေနဲ့ ပင်လယ်ဓားပြတွေက ဘာကွာခြားတော့ မှာလဲ။”

“စစ်သည်တွေက ဓားပြတွေဖြစ်သလို, ဓားပြတွေကလည်း စစ်သည်တွေပဲပေါ့။ ညီအစ်ကို ဟုန်၊ မင်း စာအုပ်တွေ ဘယ်လောက်များများ ဖတ်ခဲ့ပြီးပြီ လဲ။ ဘာလို့ ဒီသဘောတရားလေးကိုတောင် နားမလည်တာလဲ။ ဒါ့အပြင် သူတို့က တခြားနိုင်ငံတွေရဲ့ ကုန်သည်သင်္ဘောတွေကို လုယက်ပြီး တခြား နိုင်ငံက ကုန်သည်တွေကို ဓားပြတွေလို့ မဟုတ်မမှန် စွပ်စွဲတာလေ။ ဒါက တော်ဝင်ချန်ရဲ့ ဥပဒေကို မချိုးဖောက်ဘူး။ စစ်ဘက်ဆိုင်ရာ ဌာနက သိသွားရင်တောင် မျက်စိမှိတ်ပြီး လျစ်လျူရှုထားမှာပဲ။” ချီဇီယန်က အထင်သေးဟန်ဖြင့် ပြုံးလိုက်ပါသည်။

“ဒါတော့ မှန်တယ်။ ယွန်မင်ရဲ့ ကုန်သည်ကြီးတချို့က နာမည်ခံကုန်သည်တွေပဲ။ သူတို့က ကမ်းပေါ်တက်လာပြီး ကမ်းရိုးတန်းမြို့တွေရဲ့ ကြွယ်ဝမူကို လိုချင်ပြီး ဓားပြတွေ ဖြစ်လာတယ်။ သူတို့က ငွေကြေးတွေကို လုယက်ပြီးနောက် သင်္ဘောပေါ်တက်ပြီး ထွက်ပြေးသွားကြတယ်။ ဒီလိုအရာမျိုးတွေ ကို ရှောင်လွှဲလို့ မရဘူး။” ဟုန်ယွိသည် ထိုအကြောင်းကို စဉ်းစားကြည့်ပြီး၊ တကယ့်ကို ကိုင်တွယ်ဖို့ ခက်ခဲသည်ဟု ခံစားမိသည်။ ဤအရာများကို သဘောတရားဖြင့် စီရင်ရင်တောင် ၎င်းတို့၏ အပြစ်ကင်းစင်မှုကို ရှာဖွေရန် ခက်ခဲလိမ့်မည်။

“လောကကြီးရဲ့ ကိစ္စတွေက အမြဲတမ်း ရှုပ်ထွေးနေတာပဲ။ သူတော်စင်တွေရဲ့ အခြေခံစည်းမျဉ်းတွေနဲ့တောင် တိုင်းတာလို့ မရဘူး။ ကမ္ဘာလောကကြီး က ကျယ်ပြောပြီး၊ တာအိုက နက်ရှိုင်းတယ်။ ဘယ်လိုပေတံမျိုးနဲ့ တိုင်းတာနိုင်မှာလဲ။ ဟား…၊ ဟား…၊ ဟား… ဟုန်ယွိ၊ မင်းက တရားမျှတမှုနဲ့အတူ ရှိနေတာ ကောင်းပါတယ်…….။”

ဟုန်ယွိနှင့် ချီဇီယန်တို့ ဆွေးနွေးနေစဉ် တံခါးအပြင်ဘက်မှ ကျယ်လောင်သော ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။ ဟုန်ယွိ ကြည့်လိုက်ရာ ၎င်းသည် ပစိတ်ဖိတ်ရေတပ်၏ ပထမစစ်ဗျူဟာပညာရှင်, ချီဝိညာဉ်ဂိုဏ်း၏ ခေါင်းဆောင် သခင်ဒွမ် ဖြစ်နေပါသည်။ သခင်ဒွမ်၏ နောက်တွင် ငွေမန်းချပ်ဝတ် ဝတ်ဆင်ထားသူ လူူကိုးဦး ရှိနေသည်။ ၎င်းတို့၏သံခမောက်များပင် ငွေငါးမန်းသားရေဖြင့် ဖုံးအုပ်ထားပြီး၊ မျက်လုံးများသာ ပေါ်လွင်နေသည်။ ၎င်းတို့သည် ငွေငါးမန်းသားရေ ဖိနပ်များကိုလည်း ဝတ်ဆင်ထားသည်။ အားလုံးက ငွေမီးခိုးရောင် ဖြစ်နေသည်။

တစ်ချက်ကြည့်ရုံဖြင့် ဤလူကိုးဦးသည် ပြဒါးဖြင့် ဖန်တီးထားသည့် တာအိုနတ်ဘုရားများနှင့် တူနေသည်။

မျက်လုံးများမှလွဲ၍ ၎င်းတို့၏ ကိုယ်ခန္ဓာတစ်ခုလုံးကို ငွေငါးမန်းချပ်ဝတ်ဖြင့် ဖုံးအုပ်ထားသည်။ ၎င်းတို့သည် ဓားနှင့်လှံများ လုံးဝ ထိုးမပေါက်နိုင်ပေ။ ၎င်းတို့လက်ထဲတွင် ဆေဘာများကို ကိုင်ဆောင်ထားပြီး၊ ၎င်းဆေဘာများ၏ ပုံစံသည် ဟုန်ယွိ၏ ရီဗာသံမဏိဆေဘာနှင့် အတိအကျ တူညီသည်။ ထင်ရှားစွာ ၎င်းတို့သည် စစ်တပ်ထဲတွင် အဆင့်မြင့်ဆုံး လက်နက်များ ဖြစ်သည်။

ထို့ပြင် ၎င်းတို့တစ်ဦးချင်းစီသည် ရှားပါးသော အဝါရောင်ကော့ထ်စ် ရတနာမြင်းပျိုတစ်ကောင်စီကို ဆွဲခေါ်လာသည်။ မြင်းပေါ်တွင် သံမဏိအနက်ရောင် အရိုးလေးနှင့် မြှားအိတ်တစ်ခု ရှိသည်။ ၎င်းတို့သည် ရန်သူ၏ အခြေချ နေရာတစ်ခုကို သွားရောက်တိုက်ခိုက်မည့် ပေါ့ပေါ့ပါးပါး မြင်းတပ် တစ်ခုနှင့် တူသည်။

သို့သော် ဟုန်ယွိသည် ၎င်းကို အံ့အားသင့်ခြင်း မရှိပေ။ သူ့ကို အံ့အားသင့်စေသည်မှာ ဤလူကိုးဦး၏ အငွေ့အသက်ဖြစ်ပြီး၊ ၎င်းတို့၏ အသက်ရှူသံ များကလည်း ရှည်လျားသည်။ ၎င်းတို့အားလုံးသည် ရှင်တန်သိုင်းသခင်အဆင့် ကျွမ်းကျင်သူများ ဖြစ်ကြသည်။ ရှင်တန်သိုင်းသခင်အဆင့် ကျွမ်းကျင်သူများကို ခေါင်းမှခြေဖျားအထိ ငွေငါးမန်းချပ်ဝတ်ဖြင့် ဖုံးအုပ်ထားသည်လား။ ၎င်းတို့ကို တပ်ဆင်ပေးထားသည့် ပစ္စည်းများသည် ငွေဒင်္ဂါး တစ်သိန်းငါးသောင်းမှ တစ်သိန်းခြောက်သောင်းအထိ တန်ဖိုးရှိသည်။ ဆိုလိုသည်မှာ ဤလူကိုးဦး၏ တပ်ဆင်ပစ္စည်းသည် ပြည်နယ်တစ်ခု၏ တစ်နှစ်စာ အခွန်ငွေနှင့် ညီမျှပါသည်။

ဤသည်မှာ မည်သည့် အယူအဆမျိုးနည်း။

“ဒီလူတွေက ငါတို့ပစိဖိတ်ရေတပ်ရဲ့ စစ်မှန်တဲ့ အထူးတပ်ဖွဲ့ဝင်တွေပဲ။ သွေးငါးမန်းအစောင့်တွေ ထက် တစ်ဆင့်ပိုမြင့်တယ်။ သူတို့က ဝေလငါးသတ် အသေခံတပ်သားတွေပဲ။ ဝေလငါးသတ်ဆိုတာ က ပင်လယ်ထဲမှာ ဝေလငါးတွေကို ဆုတ်ဖြဲသတ်ဖြတ်နိုင်တဲ့ အင်အားမျိုးရှိတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ။” သခင်ဒွမ်က ဟုန်ယွိ၏ အံ့အားသင့်နေရှိသည့် မျက်လုံးများကို ကြည့်ပြီး ယပ်တောင်ကို ဝှေ့ယမ်းရင်း မသိမသာ ပြုံးလိုက်သည်။

“ဟုတ်ပါတယ်။ ဒါက သေချာပေါက် ချဲ့ကားပြောဆိုထားတာပါ။ ဝေလငါးတွေက ပင်လယ်ပြင်ရဲ့ ဘုရင်တွေပဲ။ သိုင်းသူတော်စင်လောက်ပဲ ပင်လယ်ထဲမှာ သူတို့နဲ့ ခွန်အားချင်း ပြိုင်နိုင်တယ်။”

“ဗိုလ်ချုပ်ကြီးလက်အောက်မှာ ဝေလငါးသတ် အသေခံတပ်သား ဘယ်လောက်ရှိလဲ။” ဟုန်ယွိသည် မေးရန် မသင့်တော်သည့် မေးခွန်းတစ်ခုကို စမ်းသပ်မေးလိုက်သည်။

“ဖုံးကွယ်ထားစရာ ဘာမှမရှိပါဘူး။ ဗိုလ်ချုပ်ကြီး လက်အောက်မှာ ဝေလငါးသတ် အသေခံတပ်သား ၁၈ ယောက် ရှိတယ်။ ဒါက ဗိုလ်ချုပ်ကြီး ဆယ်နှစ်ကြာ ပြုစုပျိုးထောင်ထားတဲ့ အင်အားအကြီးဆုံး တပ်ဖွဲ့ပဲ။ ကျောက်စိမ်းမြို့တော်, ဧကရာဇ်စစ်တပ်ရဲ့ နတ်ဘုရားစက်ယန္တရားတပ်ရင်းက မီးနတ်ဘုရား ဆယ့်ရှစ်ယောက်နဲ့ အရေတွက်တူတယ်။” သခင်ဒွမ်က ဟုန်ယွိကို ကြည့်ပြီး တခဏအကြာ အရေတွက်အမှန်ကို ပြောလိုက်သည်။

“ဧကရာဇ်စစ်တပ်ရဲ့ နတ်ဘုရားစက်ယန္တရား တပ်ရင်းက မီးနတ်ဘုရား ဆယ့်ရှစ်ယောက်လား။” ဟုန်ယွိ၏ နှလုံးသားသည် ခုန်သွားခဲ့ပါသည်။ ဧကရာဇ်စစ်တပ်၏ နတ်ဘုရားစက်ယန္တရားတပ်ရင်းသည် ဟုန်ရှီ၏ တပ်မတော်ကြီး ဖြစ်သည်။ မူလက ဟုန်ယွိသည် သူ့တွင် ရှင်တန်သိုင်းသခင်အဆင့် ကျွမ်းကျင်သူ ခြောက်ဦး ဖြစ်သည့် လီလဲ့၊ အကြီးအကဲရှန်၊ ဝမ်ဖေးယန်၊ ချီဇီယန်၊ ရှန်ထိုက်ဇူနှင့် မုကလေးတို့ ရှိပြီးနောက်၊ သူ့ပတ်ဝန်းကျင်ရှိ အင်အားသည် ကြီးမားကျယ်ပြန့်လာသည်ဟု ထင်ခဲ့သည်။ တခြားအရာကို မဆိုထားနှင့်၊ သူသည် ကျောက်မိသားစုနှင့် သူ့ဖခင်ကိုပင် ယှဉ်ပြိုင်နိုင်သည့် အရင်းအနှီးရှိနေပြီဟု မသိမသာ ခံစားမိသေးသည်။

ထိုယုံကြည်မှုကြောင့်ပင် သူသည် သူ့ကိုယ်ပိုင် ကျွမ်းကျင်သူများကို ဗိုလ်ချုပ်ကြီး၏ တပ်စခန်းသို့ ခေါ်ဆောင်လာပြီး ယန်ကျန်းကို အထင်ကြီးစေရန် ပြသခဲ့သည်။

ယခုမူ သူသည် တကယ့်ရေတွင်းအောက်ခြေက ဖားတစ်ကောင်ဖြစ်နေသည်ဟု ထင်ရသည်။

သိန်းနှင့်ချီသည့် စစ်သည်များကို ဦးဆောင်နေသည့် ဗိုလ်ချုပ်ကြီးတစ်ဦးတွင် အင်အားကောင်းသည့် အခြေခံအုတ်မြစ် မရှိဘဲ မည်သို့ ဖြစ်လာနိုင် မည်နည်း။

ဗိုလ်ချုပ်ကြီး ယန်ကျန်း၏ တခြားအင်အားများကို မပြောနှင့်ဦး၊ သခင်ဒွမ်နှင့် ဝေလငါးသတ် အသေခံတပ်သား ၁၈ ယောက်တည်းနှင့်ပင် သူ့အင်အား အားလုံးကို သုတ်သင်ပစ်ရန် လုံလောက်ပါသည်။

“ဟုန်ရှီမှာ မီးနတ်ဘုရား ဆယ့်ရှစ်ယောက် ရှိတယ်။ သူတို့အားလုံးက ရှင်တန်သိုင်းသခင်အဆင့် ကျွမ်းကျင်သူတွေလား။ ဒါပေမယ့် လီလဲ့၊ ဝမ်ဖေးရန် အကြီးအကဲရှန်တို့က ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ် တစ်သားတည်းဖြစ်နေတဲ့ ရှန်တန်သိုင်းသခင်အဆင့် ကျွမ်းကျင်သူတွေပဲ။ တကယ်တမ်း တိုက်ခိုက်ကြ ရင် သူတို့က သာမန် ရှင်တန်သိုင်းသခင်အဆင့် ကျွမ်းကျင်သူ နှစ်ယောက် သုံးယောက်ကိုတောင် တိုက်ခိုက်နိုင်တယ်။ ဒီဝေလငါးသတ် အသေခံ တပ်သားတွေနဲ့ မီးနတ်ဘုရားတွေက ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ် တစ်သားတည်းဖြစ်တဲ့ ရှင်တန်သိုင်းသခင်အဆင့် ကျွမ်းကျင်သူတွေလို့တော့ ငါ မယုံဘူး။ ရှင်တန်သိုင်းသခင်အဆင့်ထဲ ဝင်ရောက်ဖို့တင် ခက်ခဲနေပြီ။ ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ် တစ်သားတည်းဖြစ်ဖို့ဆိုတာ ပိုခက်ခဲတယ်။ ချီဇီယန်ကို ဉပမာကြည့်နိုင်တယ်။ သူက ငါနဲ့အတူ အခွင့်အလမ်းပေါင်းများစွာကို ဖြတ်သန်းခဲ့ပြီးပြီ။ ဒါပေမယ့် သူက ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ် တစ်သားတည်းဖြစ်ဖို့ နီးကပ်ရုံလောက်ပဲ ရှိသေးတယ် မဟုတ်လား။” ဟုန်ယွိက စဉ်းစားလိုက်ပါသည်။

အစပိုင်းတွင် သူသည် အံ့အားသင့်ခဲ့သော်လည်း အသေချာ စဉ်းစားပြီးနောက် သူ၏ ဉာဏ်ရည် ထက်မြက်မှုကို ပြန်လည် ရရှိလာသည်။

“ဒါပေမယ့်, တကယ်လို့, ယန်ကျန်းရဲ့ အခြေခံအုတ်မြစ်က သန်မာတယ်ဆိုရင် နန်ကျိုးပြည်နယ်ရဲ့ ဘုရင်ခံ ဝေတိုင်ကန်ရဲ့ အခြေခံအုတ်မြစ်က ပိုသန်မာနိုင်တယ်။ အထွဋ်ထိပ်ကောင်းကင်နယ်မြေရဲ့ အခြေခံ အုတ်မြစ်ကတော့ ပိုသာလွန်နိုင်တယ်။ မြို့စားဝူဝမ် စံအိမ်ဆို ပြောစရာပင်မလိုတော့…”

“ဟုတ်ပါပြီ၊ စကားမစပ်…၊ ပစိဖိတ်ရေတပ်ရဲ့ ပထမဗျူဟာပညာရှင်နဲ့ ဂိုဏ်းတစ်ခုရဲ့ ခေါင်းဆောင် အနေနဲ့ သခင်ဒွမ်က ဒီနေ့ ဝေလငါးသတ် အသေခံတပ်သားတွေလို အစွမ်းထက်တဲ့ အထူး တပ်ဖွဲ့ဝင် တွေကို ကျွန်တော်ရဲ့ ပဉ္စမတပ်စခန်းကို ဘယ်လိုကြောင့် ခေါ်ဆောင်လာတာလဲ။”

ဟုန်ယွိသည် အချိန်အတော်ကြာ တွေးတောပြီးနောက် သခင်ဒွမ်သည် သူ၏ တပ်စခန်းသို့ အဘယ်ကြောင့် ရောက်လာသည်ကို ရုတ်တရက် သဘောပေါက်လိုက်သည်။

“အစေခံတွေ, လက်ဖက်ရည်မွှေး ယူလာခဲ့ပါ။ အသေခံစစ်သည်တော် ကိုးဦးကို ဧည့်ခန်းထဲ ဖိတ်ခေါ် ပြီး ငါးရောင်ချယ် တိမ်မြူခိုးလက်ဖက်ရည်နဲ့ ဧည့်ခံလိုက်ပါ။ ဒီလက်ဖက်ရွက်က ဆောင်းဦးရာသီမှာ ခူးယူထားတဲ့ လက်ဖက်ရွက်ဖြစ်ပြီး၊ အနံ့ပြင်းပြီး သန့်စင်တဲ့ အရသာရှိတယ်။” ဟုန်ယွိက အလျင်စလို အော်ခေါ်လိုက်သည်။

“အိုး၊ ဒါတွေ မလိုအပ်ပါဘူး။ ဝေလငါးသတ် အသေခံတပ်သားတွေမှာ သူတို့ရဲ့ ကိုယ်ပိုင်စည်းမျဉ်း တွေ ရှိကြတယ်။ သူတို့က တခြားလူတွေရဲ့ ရေ၊ အစားအသောက်၊ ပစ္စည်းတွေကို ဘယ်တော့မှ မစားသောက်ကြဘူး။ ဒါက ဗိုလ်ချုပ်ကြီးက ချမှတ်ထားတဲ့ တင်းကြပ်တဲ့ စည်းမျဉ်းပဲ။ အရင်တုန်းက လူငယ်သုံးရာကျော်ကို ငယ်စဉ်ကတည်းက လေ့ကျင့်ပေးခဲ့ပြီး ဒီစည်းမျဉ်းကို ချိုးဖောက်သူတွေဟာ အသက်ရှင်လျက် ကျန်ရှိမနေတော့ဘူး။ အခု ဆယ့်ရှစ်ယောက်ပဲ ကျန်တယ်။ ဟုန်ယွိ၊ မင်း သူတို့ကို အခက်တွေ့အောင် မလုပ်ပါနဲ့။ သူတို့ကို သစ်သားတုံးတွေလိုပဲ သဘောထားလိုက်ပါ။”

သခင်ဒွမ်၏ စကားတွေက ခက်ထန်ခြင်း မရှိသော်လည်း ဟုန်ယွိ၏ နှလုံးသားသည် ကြောက်ရွံ့မှုနှင့် အတူ တုန်လှုပ်သွားပါသည်။ ထိုစကားများတွင် ပါဝင်နေသည့် သွေးထွက်သံယို အဖြစ်ပျက်များက ကိုယ့်ကိုယ်ကို သက်သေပြနေမှန်း ထင်ရှားလှသည်။

“ငါးရောင်ချယ် တိမ်မြူခိုးလက်ဖက်ရည် အသစ်လား။ ဒါက ယင်ကျိုးပြည်နယ်ရဲ့ ထိုက်ချန်ရေကန်နဲ့ ကျောက်စိမ်းပင်လယ်တောင်ပေါ်က ငါးရောင်ချယ် ကျောက်တောင်ထိပ်မှာပဲ ပေါက်ရောက်တယ်။ ဒီလက်ဖက်ရည်အသစ်ကို ဧကရာဇ်နန်းတော်အတွက် ဆက်သထားတယ်။ ဗိုလ်ချုပ်ကြီးတောင် ဒါကို ခံစားဖို့ ခက်ခဲလိမ့်မယ်။” သခင်ဒွမ်က ထိုင်လိုက်ပြီး ယပ်တောင်ကို ဝှေ့ယမ်းရင်း ဟုန်ယွိကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

သူသည် ဟုန်ယွိကို အံ့အားသင့်အောင် လုပ်ဆောင်ရန် ရောက်လာခဲ့သော်လည်း ယခု ဟုန်ယွိက သူ့ကို တကယ်ကို အံ့အားသင့်အောင် လုပ်ဆောင်နေခဲ့သည်။

ဟုန်ယွိက ပြုံးရုံသာ ပြုံးနေပြီး၊ ဘာမှမပြောခဲ့ပေ။ ခဏအကြာ စစ်ဝတ်စုံဖြင့် မြှားဖိနပ်ကို စီးထားပြီး၊ စစ်သည်တစ်ဦးကဲ့ ဝတ်ဆင်ထားသည့် လူတစ်ယောက်သည် မွှေးကြိုင်သော လက်ဖက်ရည်နှင့် ခွက်သုံးခွက်ကို ယူဆောင်လာသည်။ ထိုလူသည် လယ်ဇလုတ်မပါသည့်အတွက် အမျိုးသမီးတစ်ဦး ဖြစ်ကြောင်း ထင်ရှားပါသည်။

လက်ဖက်ရည်မွှေး သုံးခွက်သည် သလင်းကျောက်ခွက်များ ဖြစ်သည်။ လက်ဖက်ရွက်များသည် ခွက်ဘေးမကပ်သလို အပေါ်အအောက် မမြုပ်ဘဲ ခွက်အလယ်တွင် လွင့်မျောနေသည်။ လက်ဖက်ရည်သည် နေရောင်ခြည်ကို ရောင်ပြန်ဟပ်ပြီး အနီရောင်၊ အပြာရောင်၊ အစိမ်းရောင်၊ ခရမ်းရောင်နှင့် အဝါရောင်ဟူသော ငါးရောင်ချယ် ရောင်စုံအရောင်များကို မသိမသာ ပြသနေသည်၊ ၎င်းသည် ကောင်းကင်ယံရှိ သက်တံ့နှင့် အလားတူသည်။

သခင်ဒွမ်သည် ၎င်းကိုမြင်သောအခါ ယပ်တောင်ကို စားပွဲပေါ်တင်လိုက်ပြီး အလျင်စလို သလင်းခွက် တစ်ခွက်ကို ကောက်ယူလိုက်သည်။ သူသည် လက်ပူလောင်မည်ကို ဂရုမစိုက်ဘဲ တစ်ငုံသောက် လိုက်သည်။ ထို့နောက် သူက အတိတ်ကို ပြန်သတိရသည့်အလား သက်ပြင်းချလိုက်ပါသည်။

“ကောင်းလိုက်တဲ့ လက်ဖက်ရည်။ တကယ့်ကို ကောင်းလွန်းတယ်။ ဒီလက်ဖက်ရည်ကို နေ့တိုင်း သောက်နိုင်ရင် သက်တမ်းဆယ်နှစ် လျော့သွားရင်တောင် တန်ဖိုးရှိတယ်။” သခင်ဒွမ်သည် အရသာ ကို ခံစားပြီးနောက် သူ့မျက်လုံးများက ဟန်ဆောင်ခြင်းမရှိ သူ့စိတ်နှလုံးအောက်ခြေမှ စစ်မှန်သော ယစ်မူးခြင်းဖြင့် တောက်ပနေသည်။

“ဒါဆိုရင် သခင်ဒွမ်ကို တစ်ကတ်တီ ပေးလိုက်မယ်။” ဟုန်ယွိက မသိမသာ ပြုံးလိုက်သည်။ (တရုတ်နိုင်ငံနှင့် အရှေ့တောင် အာရှတို့တွင် အသုံးပြု သည့် ရိုးရာအလေးချိန် ယူနစ်တစ်ခု ဖြစ်သည်။ဒေသအလိုက်နှင့် သမိုင်းခေတ်ကာလအလိုက် တန်ဖိုးကွဲပြားသော်လည်း ခေတ်မီအသုံးပြုမှုတွင် ၅၀၀ ဂရမ် (0.5 ကီလိုဂရမ် သို့မဟုတ် 1.1 ပေါင်ခန့်) ဖြင့် စံသတ်မှတ်လေ့ရှိသည်။ ထိုဝေါဟာရသည် မလေးစကားလုံး kati မှ ဆင်းသက်လာပြီး ဒေသတွင်း နိုင်ငံအသီးသီးတွင် အချို့သော ဈေးကွက်နှင့် ရိုးရာတိုင်းတာမှုများအတွက် ယနေ့တိုင် အသုံးပြုနေဆဲဖြစ်သည်။ )

ဤငါးရောင်ချယ် တိမ်မြူခိုးလက်ဖက်ရည်သည် ယောင်ချီဂိုဏ်း၏ ကျောက်စိမ်းပင်လယ် တောင်ပေါ်ရှိ ငါးရောင်ချယ်ကျောက်တောင်၏ အလွန် မြင့်မားသော အက်ကွဲကြားများတွင်သာ ပေါက်ရောက်သည်။ ၎င်းတို့သည် ချောက်ကမ်းပါးများပေါ်တွင် နှင်းရည်ကို စုပ်ယူပြီး ပေါက်ရောက်ကြ သည်။ ရိတ်သိမ်းရန် အလွန်မင်း ခက်ခဲပြီး၊ ၎င်း၏တန်ဖိုးက ထောင်နှစ်သက်တမ်းရှိ ဂျင်ဆင်းထက် မနိမ့်ကျပေ။

ဟုန်ယွိသည် ဤအကြိမ်တွင် ဟွာနွန်ယင်နှင့် ဟွာနွန်းယွီတို့ကို ကယ်တင်စဉ် မင်းသားဟီအတွက် ရည်ရွယ်ထားသည့် ယာဉ်တန်းထဲမှ ငါးရောင်ချယ် တိမ်မြူခိုးလက်ဖက်ရည် သုံးကတ်တီပါရှိခဲ့ပြီး ၎င်းတို့အားလုံးကို ဟုန်ယီက ကြင်နာစွာ လက်ခံထားခြင်း ဖြစ်သည်။

“တကယ်လား။” သခင်ဒွမ်သည် လုံးဝ ခုန်ထလုမတတ် ဖြစ်သွားပြီး သူ့မျက်လုံးများက ဟုန်ယွိကို စူးစိုက်ကြည့်နေသည်။

“တကယ်ပါ။ ငွေလ….၊ လက်ဖက်ရည်အိုး တစ်လုံး ယူလာပါ။” ဟုန်ယွိက အမိန့်ပေးလိုက်သည်။ လက်ဖက်ရည် ကိုင်ထားသည့် ငွေလ၏ မြှားဖိနပ်ဦးက လှည့်ထွက်သွားသည်။

“သူမက ယောင်ချီဂိုဏ်းကလား။” သခင်ဒွမ်၏ မျက်လုံးများက သံသယဖြစ်သည့် အမူအရာ ဖြစ်ပေါ်လာသည်။ ဟုန်ယွိက သူ့ကို ဖြေကြားမှု မပြုခဲ့ပေ။

ခဏအကြာ ငွေလသည် ကျောက်စိမ်း လက်ဖက်ရည်အိုးလေး တစ်လုံးကို ယူဆောင်လာပြီး စားပွဲပေါ် တင်လိုက်သည်။ ဟုန်ယွိက လက်ကို ဆန့်ထုတ်လိုက်သည်။ “သခင်ဒွမ်၊ ဒါက ငါးရောင်ချယ် တိမ်မြူခိုး လက်ဖက်ရည်ပါ။”

“တကယ်ကို ငါးရောင်ချယ် တိမ်မြူခိုး လက်ဖက်ရည်ပဲ။ ဒါက အသစ်ရိတ်သိမ်းထားတဲ့ လက်ဖက်ရည်ပဲ။” သခင်ဒွမ်သည် အနည်းငယ် တုန်ယင်သွား သည်။ သူသည် ကျောက်စိမ်းအိုးလေး၏ အဖုံးကိုဖွင့်ပြီး ကြည့်ပြီး၊ အနံ့ရှူလိုက်သည်။ ထို့နောက် ထွက်ပြေးမည်ကို စိုးရိမ်သည့်အလား ကလေး တစ်ယောက်ကဲ့သို့ ၎င်းကို ရင်ခွင်ထဲတွင် တင်းကြပ်စွာ ဖက်ထားလိုက်ပါသည်။

“ငါ မင်းကို အကြွေးတင်သွားပြီ။” သခင်ဒွမ်က လက်ဖက်ရည်ကို သိမ်းဆည်းပြီးနောက် သူ၏ မျက်လုံးများက ချက်ချင်း ကြည်လင်လာပြီး ယပ်တောင်ကို ကောက်ယူကာ ကစားလိုက်သည်။

“သခင်ဒွမ်က ဘာလို့ ဒီလောက်လူအများကြီးနဲ့ ကျွန်တော့်ရဲ့တပ်စခန်းကို ရောက်လာတာလဲ။ ဒီကိစ္စကို မပြောရသေးဘူးလေ။ ဒါမှမဟုတ် ဗိုလ်ချုပ်ကြီးရဲ့ အမိန့်သစ်များ ရှိလို့လား။” ဟုန်ယွိက ပြောသည်။

“ဘာမှ မဟုတ်ပါဘူး၊ ဟုန်ယွိ၊ ငါက မင်းနဲ့ တာအိုပညာရပ်တွေ ဖလှယ်ချင်ရုံပါ။” သခင်ဒွမ်သည် ယပ်တောင်ကို ဝှေ့ယမ်းရင်း သူ့မျက်နှာအမူအရာ ပြောင်းလဲမှုကို ဖုံးကွယ်လိုက်သည်။ “ဖတ်။” ခဏအကြာ သူသည် ယပ်တောင်ကို ချက်ချင်း ခေါက်လိုက်သည်။

“ဒါ့အပြင် မင်းက ဝေလဲ့ကို သတ်ခဲ့တယ်။ ဝေတိုင်ကန်က ဒါကို လွယ်လွယ်နဲ့ လက်လျှော့မှာ မဟုတ်ဘူး။ ဒါကြောင့် ငါက တစ်ချို့အရာတွေကို ကာကွယ်ပေးဖို့ ဒီကို ရောက်လာခဲ့တာ။”

“ပြောတာ ကောင်းတယ်။ ဒါပေမယ့်… ဒီအဓိပ္ပါယ်တစ်ခုအပြင် ခင်ဗျားက ကျုပ်ကို စောင့်ကြည့်ဖို့ လည်း ပါတယ် မဟုတ်လား။ ယန်ကျန်းက တကယ့်ကို ကိုင်တွယ်ရခက်တဲ့သူပဲ။ ဒါပေမယ့် တာအို ပညာရပ်ချင်း ဖလှယ်တာက…” သခင်ဒွမ်၏ စကားများကို ကြားပြီးနောက် ဟုန်ယွိသည် စိတ်ထဲ တွင် အဓိပ္ပါယ်များစွာကို ချက်ချင်း ခန့်မှန်းလိုက်မိပါသည်။

“တာအိုပညာချင်း ဖလှယ်ဖို့လား။ ကျွန်တော်လည်း ဖလှယ်ချင်တာပဲ။ ကျွန်တော်ရဲ့ ကျင့်ကြံမူက မနက်ရှိုင်းသေးဘူး။ သခင်ဒွမ်က ဂိုဏ်းခေါင်းဆောင်တစ်ဦးအနေနဲ့ အတွေ့အကြုံအများကြီး ရှိတယ်။ သခင်ဒွမ်ဆီက တာအိုနည်းပညာတချို့ကို မေးချင်ပါတယ်။ ဗိုလ်ချုပ်ကြီးရဲ့ အိမ်တော်မှာ သခင်ဒွမ်က ဝိညာဉ်စုပ်ယူခြင်းနည်းလမ်းကို အသုံးပြုပြီး လူတွေရဲ့ ဝိညာဉ်ကို တိုက်ရိုက် ထုတ်ယူခဲ့တယ်။ ဒါက တကယ့်ကို အံ့ဖွယ်ပဲ။ အဲဒီအကြောင်း ပြောပြပေးနိုင်မလား။” ဟုန်ယွိက ပြုံးရင်း ပြောသည်။

သခင်ဒွမ်က လက်ဖြင့် ဖမ်းဆုပ်လိုက်ချိန်မှာ, ဟုန်ယွိသည် သူ့နတ်ဘုရား စိတ်ဝိညာဉ်ကို သူ့ခန္ဓာကိုယ်မှ ဆွဲထုတ်တော့မည်ဟု ခံစားရသည်။ ဤပညာရပ်သည် တကယ့်ကို ထူးဆန်းလှသည်။ ဆန်းကြယ်ကောင်ကင်ဘုံခန်းမ၏ မဟူရာနတ်ဆိုးကျီးကန်း အစီအရင်သည်ပင် နတ်ဘုရား စိတ်ဝိညာဉ်ကို ဖိနှိပ်ရုံသာဖြစ်ပြီး၊ လူ့ခန္ဓာကိုယ်မှ စိတ်ဝိညာဉ်ကို အတင်းအကျပ် ဆွဲထုတ်ယူခြင်းက တကယ့်ကို စိတ်ကူးမယဉ်နိုင်လောက်အောင် ဖြစ်သည်။

ဟုန်ယွိ၏ ဉာဏ်ရည်အရ ဤလျှို့ဝှက်ပညာရပ်သည် အလွန်အစွမ်းထက်သော မှော်ပညာ ဖြစ်သည် ဟု ပြောပြနိုင်ပါသည်။

“ဝိညာဉ်စုပ်ယူခြင်း ပညာရပ်လား။ အမှောင်ယင်ဝိညာဉ်စုပ်ယူခြင်းပညာရပ်က ငါ့ချီဝိညာဉ်ဂိုဏ်းရဲ့ လျှို့ဝှက်ပညာရပ်ဖြစ်ပြီး၊ တပည့်တွေကိုတောင် တရားဝင် သင်ကြားမပေးဘူး။ တိုက်ရိုက် အမွေခံသူ တပည့်မဟုတ်ဘူးဆိုရင် သူတို့ရဲ့သစ္စာစောင့်သိမူအပေါ် အကဲဖြတ်ဖို့ စောင့်စားရဦးမယ်။ ဒီပညာရပ်က ငါ့ချီဝိညာဉ်ဂိုဏ်းရဲ့ အကြီးမားဆုံး ဝှက်ဖဲတစ်ခုပဲ။” သခင်ဒွမ်က ဟုန်ယွိကို မိုက်မဲသူတစ်ယောက်ကို ကြည့်နေသည့်အလား ကြည့်လိုက်ပါရင်း “ငါ မင်းကို ပြောပြချင်တာက, မင်းတို့တိုင်ရှန်တာအိုဂိုဏ်းရဲ့ အမြင့်မြတ်ဆုံး ကျမ်းစာဖြစ်တဲ့ မီးလျှံနဂါးကိုးကောင်ပညာရပ်ကို ရှင်းပြပါလားလို့ ပြောရင်, မင်း ရှင်းပြမှာလား….။”

“အိုး။” ဟုန်ယွိသည် ရေထဲကငါး ကုန်းပေါ်ရောက်သွားသည့်အလား ပါးစပ်ဟလိုက်ပါသည်။ “အကျိုးအမြတ်ရှိနေသရွေ့, မဖြစ်နိုင်တာ ဘာမှ မရှိဘူး။ တကယ်လို့, သခင်ဒွမ်သာ ဒိုင်ဇင်ဘုရားကျောင်းရဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကျမ်းတွေကို ယူဆောင်လာခဲ့ရင်, အမြင့်မြတ်ဆုံး ကျမ်းစာနဲ့ လဲလှယ်ဖို့က မဖြစ်နိုင်တာ မဟုတ်ပါဘူး။”

All Chapters