အခန်း (၁၅၃-၁၅၅)
Vol. 13 Ch. 153-155
အခန်း (၁၅၃)။
“အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဆိုတဲ့ ကျမ်းသုံးစောင်လား။ တကယ်လို့, ငါသာ ဒီအထွဋ်ထိပ် ကျမ်းစာသုံးစောင်ကို ရထားမယ်ဆိုရင်, ဒီလောကကြီးမှာ ငါက အထွဋ်ထိပ် ဆရာသခင်တစ်ဦး ဖြစ်လာပြီး သေခြင်းတရားကို ကျော်လွှားနိုင်ပြီးပေါ့။ ဒီခါးသီးဖွယ် ဒုက္ခတရားတွေကို ခံစားပြီး ရုန်းကန်နေစရာ မလိုတော့ဘူးလေ။ ငါ့ရဲ့ချီဝိညာဉ်ဂိုဏ်းကလည်း တစ်ချက်တည်းနဲ့ မြင့်မြတ်တဲ့ ကိုယ်ခံပညာနယ်မြေအဖြစ် ပြောင်းလဲသွားလိမ့်မယ်။ ကောင်းကင်နဲ့ မြေကြီးကြားမှာ မျိုးဆက်ပေါင်းများစွာ ရပ်တည်နိုင်ပြီး လူသန်းပေါင်းများစွာရဲ့ လေးစားမှုကို ရရှိလိမ့်မယ်။” ဟုန်ယွိ၏ စကားကို ကြားသောအခါ သခင်ဒွမ်က ဟုန်ယွိက ပြက်ရယ်ပြုနေသည့်အလား အေးစက်စွာ နှာခေါင်းရှုတ်လိုက်ပါသည်။
“ဒါဆိုရင်လည်း သခင်ဒွမ်ကို မေးပါရစေ။ သခင်ဒွမ်က နတ်ဘုရား စိတ်ဝိညာဉ်ကို ခန္ဓာကိုယ်သိမ်းပိုက်ခြင်း နယ်ပယ်ရဲ့ မဟာပြီးပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံထားပြီးပြီ။ ဒါဆို တစ္ဆေအင်မော်တယ်အဆင့်ကို ဖြတ်ကျော်ဖို့ ဘယ်လောက်ကြာမလဲ။”
ဟုန်ယွိက မျက်တောင်မခတ်ဘဲ မေးလိုက်သည်။
“ခန္ဓာကိုယ်သိမ်းပိုက်ခြင်း နယ်ပယ်ရဲ့ မဟာပြီးပြည့်စုံခြင်းအဆင့်ထိ ရောက်နေရင်တောင်, နတ်ဘုရား စိတ်ဝိညာဉ်ကို လိုသလို ခွဲထုတ်နိုင်ပေမယ့် အဲဒါက ယင်စိတ်ဝိညာဉ်သက်သက်သာ ဖြစ်ပြီး တစ္ဆေအင်မော်တယ် မဖြစ်နိုင်သေးဘူး။ ယင်စိတ်ဝိညာဉ်ကို ခွဲထုတ်ပြီး တစ္ဆေအင်မော်တယ်အဆင့်ကို ဖြတ်ကျော်ဖို့က ခြေတစ်လှမ်း အကွာဝေးဆိုရင်တောင်, အဲဒါက ကောင်းကင်နဲ့ မြေကြီးကြားက အကွာအဝေးလိုပဲ။” သခင်ဒွမ်က ဟုန်ယီကို တခဏ ကြည့်ပြီးနောက် ဖြည်းဖြည်းချင်း ပြောသည်။ “ယင်စိတ်ဝိညာဉ်က ယင်စိတ်ဝိညာဉ်ပဲ၊ တစ္ဆေအင်မော်တယ်က တစ္ဆေအင်မော်တယ်ပဲ၊ ကွာခြားချက်က အရမ်းကို ကြီးမားလွန်းတယ်။ ယင်စိတ်ဝိညာဉ်က ခန္ဓာကိုယ်ကနေ ထွက်ခွာသွားတာနဲ့ တဖြည်းဖြည်း ခြောက်သွေ့သွားပြီး၊ နောက်ဆုံး ခန္ဓာကိုယ် သေဆုံးသွားတာနဲ့ ကောင်းကင်နဲ့ မြေကြီးကြားမှာ ပျံ့လွင့်သွားလိမ့်မယ်။ ဒါပေမယ့် တစ္ဆေအင်မော်တယ်က မတူဘူး။ တစ္ဆေအင်မော်တယ်က လုံးဝ ပြန်လည်မွေးဖွားနိုင်တယ်။ ငါက ခန္ဓာကိုယ်သိမ်းပိုက်ခြင်းနယ်ပယ်ရဲ့ မဟာပြီးပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံထားပြီးပြီ ဆိုပေမယ့် ဒီအဆင့်မှာ ပိတ်ဆို့နေပြီး ရပ်တန့်နေသူတွေ အများကြီး ရှိခဲ့တယ်။ ငါ့မှာ တစ္ဆေအင်မော်တယ်အဆင့်ကို အမှန်တကယ် ချိုးဖြတ်ဖို့ ယုံကြည်မှုမရှိဘူး။”
“သခင်ဒွမ်, ခင်ဗျားက တစ္ဆေအင်မော်တယ်အဆင့်ကို ဖြတ်ကျော်နိုင်ဖို့ ယုံကြည်ချက် မရှိဘူးဆိုရင်, ပြောလို့ရတာက, သက်တမ်းဆိုတာက ခင်ဗျား ခန္ဓာကိုယ်ရဲ့ သက်တမ်းပဲလေ။ ခင်ဗျားခန္ဓာကိုယ်က ဘယ်လောက်ကြာကြာ ရှင်သန်နိုင်မှာလဲ။ သခင်ဒွမ်ရဲ့ သိုင်းပညာကျင့်စဉ်ကို ကြည့်ရသလောက်ဆို, ခင်ဗျားက မဟာဆရာသခင်အဆင့်ထိ ရောက်ရှိနေလောက်ပြီ။ မဟာဆရာသခင်တစ်ပါးရဲ့ သက်တမ်းက ဘာပြဿနာမှ မရှိဘူးဆိုရင်, နှစ်တစ်ရာကျော်ရှင်နိုင်ဖို့က မခက်ခဲပါဘူး။ ဒါပေမယ့် အခု သခင်ဒွမ်က ဘာပြဿနာမှ မရှိဘူးထင်ရပေမယ့် သက်တမ်းနဲ့ ပတ်သက်ပြီး နာခံရမယ့် အရွယ် ရောက်နေပြီ။
ဟုန်ယွိသည် သခင်ဒွမ်ကို ကြည့်ပြီး သခင်ဒွမ်သည် အသက်လေးဆယ်အရွယ် ထင်ရသော်လည်း, အမှန်တကယ်ဆို, သူသည် နာခံမှုရှိရမည့်အရွယ် (အသက်ခြောက်ဆယ်နှစ်) အထိ ရောက်ရှိနေပြီကို ကြိုတင် သိမြင်ထားပါသည်။
နတ်ဘုရား စိတ်ဝိညာဉ်ကို ကျင့်ကြံခြင်းသည် တစ်ခါတစ်ရံ အလွန်မြန်ဆန်ပြီး တစ်ခါတစ်ရံ အလွန် နှေးကွေးသည်။ ဟုန်ယွိသည်လည်း အသက်ရှစ်နှစ်အရွယ်တွင် တောတောင်ထဲ ဝင်ရောက်ပြီး ကျင့်ကြံခဲ့သည့် ထူးချွန်သော ပါရမီရှင်တစ်ဦးအကြောင်းကို ဖန်ရှင်းတာအိုဂိုဏ်း၏ သမိုင်းစာအုပ်များတွင် ဖတ်ဖူးပါသည်။ စာအုပ်ထဲ ပြောစကားအရဆို, ထိုပါရမီရှင်သည် အသက်ရှစ်နှစ်အရွယ်ဖြင့် တစ္ဆေအင်မော်တယ်အဆင့်ထိ ကျင့်ကြံနိုင်ခြင်း ဖြစ်သည်။ သို့သော် အချို့ကျင့်ကြံသူများသည် ၎င်းတို့၏ ဘဝတစ်သက်တာလုံး ညလမ်းလျှောက်နယ်ပယ်သို့ပင် မရောက်နိုင်ကြသလို, အချို့ဆို စိတ်တည်ငြိမ်မူပင် မရရှိနိုင်ကြဘဲ ခန္ဓာကိုယ်ထဲမှ ထွက်ခွာနိုင်ခြင်းပင် မရှိကြချေ။
ဤကျင့်ကြံခြင်း အမျိုးစားသည် တစ်ခါတစ်ရံ အဆင့်တစ်ခုတွင် ပိတ်ဆို့သွားပါက နှစ်တစ်ရာ ကျင့်ကြံသည့်တိုင် အချည်းနှီးပင် ဖြစ်နေနိုင်သည်။
ဟုန်ယွိသည် ရုပ်လုံးဖော်ခြင်းနယ်ပယ်သို့ ဝင်ရောက်ပြီးနောက် တိုးတက်ရန် ခက်ခဲလာကြောင်း တွေ့ရှိခဲ့ရသည်။ အကယ်၍, သူသည် ကာဇယာပေါ်ရှိ ကမ္မသုတ္တန်နှင့် လူတစ်ယောက်၏ အတွေးများ တွင် ပိတ်ဆို့ခြင်းရှိတတ်သည့် သဘောတရားကို နားလည်သဘောပေါက်ခဲ့ခြင်း မရှိခဲ့ပါက, သူသည် အတိတ်ကျမ်းကို ပိုင်ဆိုင်ထားသည့်တိုင် မြူခိုးများကို ထိုးဖောက်ပြီး သိမ်းပိုက်ခြင်းနယ်ပယ်သို့ ရောက်ရှိနိုင်မည် မဟုတ်ပေ။
“မဆိုးဘူး။” သခင်ဒွမ်၏ မျက်နှာအမူအရာက အနည်းငယ် မသာယာ ဖြစ်သွားပါသည်။ “ငါ့မှာ နောက်ထပ် နှစ် ၄၀ ကနေ နှစ် ၅၀ လောက် အသက်ရှင်ဖို့ အချိန်ကျန်ပါသေးတယ်။ ဒီနှစ် ၄၀ ကနေ နှစ် ၅၀ အတွင်းမှာ, တကယ်လို့, ငါသာ တစ္ဆေအင်မော်တယ်နယ်ပယ်ကို မဖြတ်ကျော်နိုင်ခဲ့ရင်, ငါ့ဘဝ တစ်သက်လုံး ကျင့်ကြံထားတဲ့ တာအိုပညာရပ်တွေနဲ့ ကိုယ်ခံပညာတွေလည်း အလကား ဖြစ်သွားတော့မယ်။ ဖုန်မှုန့်က ဖုန်မှုန့်ဆီ၊ မြေမှုန့်က မြေမှုန့်ဆီကို ပြန်သွားလိမ့်မယ်ပေါ့။”
“ဟား၊ ဟား…..၊ ဟား…၊ ဟား။” ဟုန်ယွိသည် ရုတ်တရက် ရယ်မောလိုက်ပါသည်။
“မင်း ဘာလို့ ရယ်နေတာလဲ။” သခင်ဒွမ်သည် ဟုန်ယွိကို မှုန်ကုပ်စွာ ကြည့်လိုက်သည်။
“အချိန်တစ်စက္ကန့်က ရွှေတစ်လက်မနဲ့ ညီမျှပေမယ့် ရွှေတစ်လက်မက အချိန်တစ်စက္ကန့်ကို ဝယ်လို့ မရဘူး။” ဟုန်ယီက ဖြည်းဖြည်းချင်း ပြောသည်။ “သခင်ဒွမ်က အသက်ခြောက်ဆယ်ထဲ ရောက်နေပြီ။ ခန္ဓာကိုယ်ထဲက သွေးစွမ်းအားတွေ အားကောင်းနေသေးပေမယ့် သက်ဝင်လှုပ်ရှားမှုတွေ မရှိတော့ဘူး။ လူငယ်တစ်ယောက်ရဲ့ တက်ကြွမှုတွေလည်း မရှိတော့ဘူး။ အရိုးသားဆုံးပြောရရင်, ကိုယ်ခံပညာကို ဆက်လက် ကျင့်ကြံပြီး ခင်ဗျားရဲ့ လက်ရှိအဆင့်ကနေ ဆုတ်ယုတ်မသွားအောင် ထိန်းထားဖို့က မလွယ်ဘူး။ တိုးတက်ဖို့ဆိုတာက လုံးဝ မဖြစ်နိုင်တော့ဘူး။ တကယ်လို့, သခင်ဒွမ်သာ သိုင်းသူတော်စင်အဆင့်ထိ ကျင့်ကြံထားနိုင်မယ်ဆိုရင် နှစ် ၁၅၀၊ ဒါမှမဟုတ် နှစ် ၁၇၀၊ နှစ်၂၀၀ အထိတောင် လွယ်လွယ်ကူကူနဲ့ ရှင်သန်နိုင်မယ်။ ဒါဆို, သခင်ဒွမ်က နောက်ထပ် နှစ် ၁၀၀ လောက် မဟာတာအိုကို နားလည်ဆင်ခြင်ပြီး စိတ်ဝိညာဉ်ကို ကျင့်ကြံဖို့ အခွင့်အလမ်း ရှိလာမယ်။ ဒီလောက် အချိန်ကြာကြီးနဲ့ဆို, သခင်ဒွမ်အနေနဲ့ တစ္ဆေအင်မော်တယ်တစ်ပါး ဖြစ်လာနိုင်မယ်။”
“သိုင်းသူတော်စင်ဖြစ်လာပြီး သက်တမ်းတိုးဖို့ဆိုတာက အပြောလွယ်သလောက် အလုပ်ခက်တယ်။ အထူးသဖြင့် ငါတို့လို စိတ်ဝိညာဉ် ကျင့်ကြံတဲ့လူတွေအတွက် စိတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ်ကို ပေါင်းစည်းလို့ မရဘူး။ သိုင်းပညာ တိုးတက်မှုက ပိုနှေးကွေးတယ်။ ငါ မဟာဆရာသခင်အဆင့်ထိ လေ့ကျင့်နိုင်ခဲ့တာက တခြားအခွင့်အလမ်းတစ်ခု ရရှိခဲ့လို့ပဲ။ ငါးရောင်ချယ် လင်ဇီး၊ နှင်းဂျင်ဆင်း တခြားဆေးဖက်ဝင် အပင်တွေနဲ့အတူ နှစ်ငါးရာသက်တမ်းရှိ ရွှေမြွေကြီးရဲ့ သည်းခြေကို ရရှိခဲ့တယ်။ သောင်းနဲ့ချီတဲ့ ငွေကြေးတန်ဖိုးကို ဆယ်စုနှစ်ပေါင်းများစွာ အသုံးပြုခဲ့ရပြီး၊ ခြင်ဆီသန့်စင်ခြင်း ဆေးစွပ်ပြုတ်ကို ဖော်စပ်ခဲ့တယ်။ အဲဒါကြောင့်ပဲ ငါ မဟာဆရာသခင်နယ်ပယ်ကို ခက်ခက်ခဲခဲ ရောက်ရှိနိုင်ခဲ့တာ။ ငါတို့ ချီဝိညာဉ်ဂိုဏ်းရဲ့ ခြင်ဆီသန့်စင်ခြင်း သိုင်းပညာရပ်က မပြည့်စုံဘူး။ ဒီအဆင့်ထိ ကျင့်ကြံနိုင်တာက အကန့်သတ် ဖြစ်နေပြီ။” သခင်ဒွမ်က တခဏ တွန့်ဆုတ်ပြီးနောက် အမှန်တရားကို ပြောလိုက်သည်။ “မင်းက ငါတို့ ချီဝိညာဉ်ဂိုဏ်းရဲ့ လျှို့ဝှက်ယင်ဝိညာဉ် သတ်ဖြတ်ခြင်းနဲ့ စိတ်ဝိညာဉ်စုပ်ယူခြင်းနည်းလမ်းကို တစ်ခုခုနဲ့ ဖလှယ်ချင်လို့လား။ မင်းအနေနဲ့ တိုင်ရှန်တာအိုဂိုဏ်းရဲ့ ကျောက်စိမ်းအဆီအရိုးပေါင်းစည်းခြင်းပညာရပ်ကို ထုတ်ပေးမယ်ဆိုရင် ငါ စဉ်းစားပေးမယ်လေ။”
“ကျောက်စိမ်းအဆီအရိုးပေါင်းစည်းခြင်းပညာရပ်လား။” ဟုန်ယွိက ရက်ရောဟန်ဖြင့် လက်ဝှေ့ယမ်းလိုက်သည်။ “ဒါက ကျွန်တော် ရထားတဲ့ ထိပ်တန်းကျမ်းဖြစ်တဲ့ ဒိုင်ဇင်ဘုရားကျောင်းက နဂါးဆင်တံဆိပ်၊ ခြင်ဆီသန့်စင်ခြင်းပညာရပ်ပဲ။ ဒါ့အပြင် ကျွန်တော်မှာ ယွမ်ယန်ကောင်းကင် ပုလဲတစ်လုံး ရှိတယ်။ ဒါက ခွက်တစ်ဝက်စာ ဟင်းရည်ကျိုပေးဖို့ လုံလောက်တယ်။ ဒါက သခင်ဒွမ်ကို ပြန်လည်မွေးဖွားစေနိုင်တယ်။ သခင်ဒွမ်ရဲ့ သွေးနဲ့ ချီစွမ်းအင်ကို တည်ငြိမ်စေပြီး သခင်ဒွမ်ရဲ့ ခန္ဓာကိုယ်ကို ဆယ်နှစ်ကြာအောင် ပြီးပြည့်စုံတဲ့ အသွင်ပြင်နဲ့ သက်ဝင်လှုပ်ရှားမှုကို ပြန်ရအောင် လုပ်ပေးနိုင်တယ်။”
“နဂါးဆင်တံဆိပ်လား။ ယွမ်ယန်ကောင်းကင်ပုလဲလား။” ဟုန်ယွိ၏ စကားများကို ကြားသောအခါ သခင်ဒွမ်သည် လုံးဝ ခုန်ထလုမတတ် ဖြစ်သွားပြီး သူ့လက်ထဲက ယပ်တောင်မှ တဖျစ်ဖျစ်မြည်သံ ထွက်လာသည်။ ဝါးမွှေးဖြင့်ပြုလုပ်ထားသည့် ယပ်တောင်သည် ၎င်း၏အရိုးများ ကျိုးပဲ့သွားသည် အထိ ဖိချေမိသွားခဲ့သည်။
အံ့အားသင့်ပြီးနောက် သခင်ဒွမ်သည် ဟုန်ယွိကို မယုံကြည်နိုင်သည့် အမူအရာဖြင့် ကြည့်လိုက်သည်။
ဟုန်ယွိသည် လက်ဖက်ရည်ကို တည်ငြိမ်စွာ သောက်လိုက်ပြီး ထပ်မပြောတော့ပေ။
“ဒါ တကယ်လား။” သခင်ဒွမ်က ထပ်မံ မေးလိုက်သည်။
“သခင်ဒွမ်၊ ခင်ဗျားက ဂိုဏ်းခေါင်းဆောင်တစ်ဦး ဖြစ်ပြီး ကျွန်တော်ကလည်း ဂုဏ်သိက္ခာရှိတဲ့ ဗိုလ်ကြီးတစ်ဦး ဖြစ်တယ်။ အင်ပါယာ စာမေးပွဲမှာ ထိပ်တန်းရခဲ့သူပဲ။ ကျွန်တော်တို့ နှစ်ဦးစလုံးက ဂုဏ်သရေရှိ လူကြီးလူကောင်းတွေပါ။ ကျွန်တော်က အမှန်မပြောဘဲ ဘယ်လိုနေမလဲ။ အမှန်တိုင်းပြောရရင်, လီလဲ့ ကျွန်တော်ကို အားကိုးခဲ့တာက ကျွန်တော်မှာ နဂါးဆင်တံဆိပ်နဲ့ ယွမ်ယင်ကောင်းကင်ပုလဲရှိလို့ပဲ။ မဟုတ်ရင် သူလို ဒေါသထန်ပြင်း မဟာအုပ်ထိန်းသူတစ်ဦးက ကျွန်တော်ထံ ဘာလို့ လာပူးပေါင်းမှာလဲ။” ဟုန်ယွိက လက်ဖက်ရည်တစ်ငုံ ထပ်သောက်လိုက်သည်။
“နဂါးဆင်တံဆိပ်က အနန္တတန်ခိုးရှင် ကောင်းကင်နဂါးဗောဓိသတ္တကျမ်းကနေ ဆင်းသက်လာတာ။” သခင်ဒွမ်သည် ခဏစဉ်းစားပြီး နှုတ်ခမ်းကို လျှာနှင့်သပ်လိုက်ပါသည်။
“အနန္တတန်ခိုးရှင် ကောင်းကင်နဂါးဗောဓိသတ္တကျမ်းက ဒိုင်ဇင်ဘုရားကျောင်းရဲ့ လျှို့ဝှက်ကျမ်းတစ်စောင်ပဲ။ ဒီကျမ်းက စိတ်ဝိညာဉ်နဲ့ သိုင်းပညာ နှစ်မျိုးစလုံးကို ကျင့်ကြံနိုင်ပြီး၊ တစ္ဆေအင်မော်တယ်နဲ့ သိုင်းသူတော်စင် ဖြစ်လာဖို့ ကျင့်ကြံနိုင်တဲ့ကျမ်းပဲ။ ဒီကျမ်းနဲ့ဆိုရင် တစ္ဆေအင်မော်တယ်နဲ့ သိုင်းသူတော်စင် ဖြစ်လာနိုင်တယ်။ ဒီကျမ်းက အတိတ်ကျမ်းလောက် မကောင်းပေမယ့်, မင်းမှာ အဲဒီကျမ်းနှစ်စောင် ရှိထားပြီဆိုရင် ယန်နတ်ဘုရားနဲ့ လူသားအင်မော်တယ် ဖြစ်လာနိုင်တယ်။ ဒါ့အပြင်, ဒီကျမ်းကလည်း အကြီးမြတ်ဆုံး လျှို့ဝှက်ကျမ်း ဖြစ်နေဆဲပဲ။ ဒီလိုလုပ်ကြည့်ရအောင်၊ မင်းက အနန္တတန်ခိုးရှင် ကောင်းကင်နဂါးဗောဓိသတ္တကျမ်း တစ်ဆောင်လုံးကို ငါ့ကို သင်ပေးပြီး၊ ယွမ်ယန်ကောင်းကင်ပုလဲကို ပေးမယ်ဆိုရင်, ငါ မင်းကို လျှို့ဝှက်ယင်ဝိညာဉ် သတ်ဖြတ်ခြင်းပညာရပ်နဲ့ စိတ်ဝိညာဉ်စုပ်ယူခြင်းနည်းလမ်းကို သင်ပေးမယ်လေ။”
ဤအချိန်တွင် သခင်ဒွမ်သည် တည်ငြိမ်သွားသော်လည်း သူ၏မျက်လုံးများက ပူလောင်သော အလင်းရောင်များဖြင့် တောက်ပနေသည်။
“အဟွတ်။” ဟုန်ယွိသည် လက်ဖက်ရည်တစ်ငုံ သီးလုမတတ်ဖြစ်ပြီး ထွေးထုတ်လိုက်ရသည်။ “ကျွန်တော်က ခင်ဗျားကို အနန္တတန်ခိုးရှင် ကောင်းကင် နဂါး ဗောဓိသတ္တကျမ်းနဲ့ ယွမ်ယန်ကောင်းကင်ပုလဲကို ပေးရမှာလား။ သခင်ဒွမ်၊ ဒါတွေရဲ့ တန်ဖိုးကို ခင်ဗျား မသိဘူးလား။ ခင်ဗျား ချီဝိညာဉ်ဂိုဏ်းရဲ့ တာအိုနည်းပညာတွေက တစ္ဆေအင်မော်တယ်တစ်ပါး ဖြစ်လာနိုင်မှာ မဟုတ်သလို, သိုင်းပညာရပ်တွေကလည်း သိုင်းသူတော်စင်တစ်ပါး ဖြစ်မလာနိုင်ဘူးနော်။ လျှို့ဝှက်ယင်ဝိညာဉ် သတ်ဖြတ်ခြင်းနည်းလမ်းတစ်ခုတည်းနဲ့ ခင်ဗျားက တစ္ဆေအင်မော်တယ်နဲ့ သိုင်းသူတော်စင်ပါ ဖြစ်လာနိုင် တဲ့ အကြီးမြတ်ဆုံးကျမ်းကို ယွမ်ယန်ကောင်းကင်ပုလဲလို အကြီးမြတ်ဆုံး ရတနာတစ်ခုပါ အပိုပေးပြီး လဲလှယ်ချင်တယ်ပေါ့။”
“ငါတို့ချီဝိညာဉ်ဂိုဏ်းရဲ့ လျှို့ဝှက်ယင်ဝိညာဉ် သတ်ဖြတ်ခြင်းနည်းလမ်းနှင့် ဝိညာဉ်စုပ်ယူခြင်းနည်းလမ်းက ရှေးခေတ် လျှို့ဝှက်ယင်တာအိုဂိုဏ်း တစ်ခုရဲ့ အကြွင်းအကျန်တွေပဲ။ ဒီပညာရပ်က ထူးခြားပြီး၊ ထိပ်တန်းပညာရပ်တစ်ခုပဲ။ စိတ်ဝိညာဉ်တိုက်ခိုက်မှုအရဆို, ဖန်ရှင်းတာအိုဂိုဏ်း, အမှန်တရားတာအိုဂိုဏ်းရဲ့ ပညာရပ်တွေကတောင် ငါတို့ထက် နိမ့်ကျတယ်။ စိတ်ဝိညာဉ်စွမ်းအားမှာ ငါ့ထက် နိမ့်ကျတဲ့လူဆိုရင် သူ့ရဲ့စိတ်ဝိညာဉ်က ခန္ဓာကိုယ်ကနေ ချက်ချင်း ထွက်ခွာရလိမ့်မယ်။ မင်းက သူတို့ကို အလွယ်တကူ သတ်ဖြတ်နိုင်မယ်။ ခြေလှမ်းတစ်ထောင် အကွာဝေးဆိုရင်တောင် အတူတူပဲ။ ဒါ့အပြင်, ဒီကျမ်းကို အမြင့်ဆုံးအဆင့်ထိ ကျင့်ကြံနိုင်ခဲ့ရင်, တစ်ချက်တွေးလိုက်ရုံနဲ့ အနီးအနား မိုင်ဆယ်ဂဏန်းအတွင်းရှိ လူသားနဲ့ မှော်သားရဲတွေရဲ့ ဝိညာဉ်အားလုံးကို ခန္ဓာကိုယ်ထဲကို စုပ်ယူပြီး၊ နာကြည်းခြင်းစိတ်ဝိညာဉ်နတ်ဘုရားဖြစ်တဲ့ လျှို့ဝှက်ယင်နတ်ဆိုးပုံစံအဖြစ် ဖွဲ့စည်းနိုင်တယ်။ အဲဒါက ပြိုင်ဘက်ကင်းတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းရာကျော်က လျှို့ဝှက်ယင်တာအိုဂိုဏ်းရဲ့ ခေါင်းဆောင် ‘အလောင်းနတ်ဆိုး’ ဟူထျန်းယာက တစ်ချက်လှုပ်ရှားမှုနဲ့ စစ်သားသုံးထောင်ရဲ့ စိတ်ဝိညာဉ်တွေကို ထုတ်ယူခဲ့ဖူးတယ်။ ဒီမှော်စွမ်းအားက တန်ဖိုးမရှိဘူးလား။” သခင်ဒွမ် က ပြောသည်။
“ဒါဆိုရင်, အဲဒီနေ့က ခင်ဗျား ကျုပ်ကို ဖမ်းဆုပ်ယူတဲ့အခါ ကျုပ်ရဲ့စိတ်ဝိညာဉ်က ခန္ဓာကိုယ်ကနေ ထွက်မသွားခဲ့တာက ဘာကြောင့်လဲ။” ထိုအချိန် တွင် သခင်ဒွမ်က အလွန်လောဘကြီးသည်ဟု ဟုန်ယွိ ခံစားမိပြီး၊ သူ၏စိတ်နှလုံးထဲတွင် အလွန် မပျော်မရွှင်ဖြစ်သွားခဲ့သည်။
မူလကတည်းက လျှို့ဝှက်ယင်ဝိညာဉ် သတ်ဖြတ်ခြင်းနှင့် ဝိညာဉ်စုပ်ယူခြင်းနည်းလမ်းသည် တကယ့်ကို မှော်ဆန်ပါသည်။ အကယ်၍, ဟုန်ယွိ သာ ထိုပညာရပ်ကို သင်ယူလိုက်ပါက မြှားဖြင့် ပစ်ခတ်ရန် မလိုအပ်တော့ပေ။ ခြေလှမ်းတစ်ထောင် အကွာအဝေးအတွင်း၊ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ် တစ်သားတည်း ဖြစ်နေသည့် ရှန်တန်သိုင်းသခင် ကျွမ်းကျင်သူ မဟုတ်သရွေ့၊ တစ်ချက်ဖမ်းယူလိုက်ရုံဖြင့် စိတ်ဝိညာဉ်ကို ထုတ်ယူနိုင်သည်။ ၎င်းသည် ထိပ်တန်း တာအိုပညာရပ်တစ်ခု ဖြစ်သည်။
ဟုန်ယွိသည် ထိုတာအိုပညာရပ်က မိုးကြိုးလျှပ်စီးဆေဘာကျမ်းကဲ့သို့ ပညာရပ်မျိုး ဖြစ်သည်ကို သိသည်။ ၎င်းပညာရပ်သည် စိတ်ဝိညာဉ်ကို ကျင့်ကြံပြီး၊ ကျင့်ကြံမူအဆင့်ကို အဆင့်မြှင့်တင်ရန်အတွက် မဟုတ်ဘဲ၊ သတ်ဖြတ်ရန်နှင့် စိတ်ဝိညာဉ်ကို စုပ်ယူရန်အတွက်သာ ဖြစ်သည်။ ထိုပညာရပ်ကို အသုံးပြုသည့်အခါ အလွန်မင်း ဖျက်ဆီးနိုင်စွမ်းရှိသည်။
သို့သော် သခင်ဒွမ်သည် ဤမျှများပြားသော အရာများဖြင့် ဖလှယ်လိုသည်။
“ပထမအချက် ငါက ငါ့စွမ်းအားကို အပြည့်အဝ မသုံးခဲ့ဘူး။ ဒုတိယအချက်အနေနဲ့ မင်းက အနန္တတန်ခိုးရှင် ကောင်းကင်နဂါးဗောဓိသတ္တကျမ်းကို ကျင့်ကြံထားတယ်။ ဒါကြောင့် မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအားက အတွေးတွေကို ဖိနှိပ်နိုင်လောက်အောင် သန်မာတယ်။” သခင်ဒွမ်က တည်တည် ငြိမ်ငြိမ် ပြောသည်။
“တကယ်လို့ ငါသာ အနန္တတန်ခိုးရှင် ကောင်းကင်နဂါးဗောဓိသတ္တကျမ်းကို ကျင့်ကြံနိုင်ခဲ့ရင်, ကျွန်တော်က တစ္ဆေအင်မော်တယ်နယ်ပယ်ကို ဖြတ်ကျော်နိုင်မယ်လို့ ထင်တယ်။ ငါတို့ ချီဝိညာဉ်ဂိုဏ်းက လျှို့ဝှက်ယင်တာအိုဂိုဏ်းရဲ့ အကြွင်းအကျန်ပညာရပ်ကို ရထားပေမယ့် လျှို့ဝှက်ယင် ဝိညာဉ်သတ်ဖြတ်ခြင်းနဲ့ ဝိညာဉ်စုပ်ယူနည်းလမ်းက တိုက်ခိုက်ရေး နည်းလမ်းသက်သက်ဖြစ်ပြီး၊ စိတ်ဝိညာဉ်ကို ကျင့်ကြံပြီး၊ သန်မာအောင်လုပ်နိုင် တဲ့ နည်းလမ်း မဟုတ်ဘူး။”
ထိုအချိန်တွင် သခင်ဒွမ်သည် စိတ်ထဲတွင် တိတ်တဆိတ် တွက်ချက်နေသည်။
“ကျုပ်က ယွမ်ယန်ကောင်းကင်ပုလဲကိုတော့ မပေးနိုင်ဘူး၊ ကျမ်းတစ်စောင်နဲ့ပဲ ဖလှယ်နိုင်မယ်။” ဟုန်ယွိသည် ရုတ်တရက် ပြောလိုက်သည်။ “ဒီပုလဲကို ချန်ယင်းရှာဆိုတဲ့ အမျိုးသမီးဆီက ကျုပ် ရခဲ့တာ။ အနာဂတ်မှာ သူမ ပြန်တောင်းလာရင် ကျုပ် သူမကို ပြန်ပေးရလိမ့်မယ်။”
“ချန်ယင်းရှာ။ ငွေငါးမန်း ချန်ယင်းရှာလား။” သခင်ဒွမ်၏ နှလုံးသားက ထပ်မံ တုန်လှုပ်သွားပြီး ရုတ်တရက် အော်ပြောလိုက်ပါသည်။
ဟုန်ယွိလည်း အံ့အားသင့်သွားသည်။ “ဒါဆိုရင် ချန်ယင်းရှာက မဟာနတ်ဆိုး အင်မော်တယ်ရှစ်ပါးထဲ တစ်ပါးအပါဝင်ဖြစ်တဲ့ ငွေငါးမန်းဘုရင်လား။ ငါ သူမရဲ့ ယွမ်ယန်ကောင်းကင်ပုလဲကိုမှ လုယူခဲ့မိတာလား။”
မဟာ နတ်ဆိုးအင်မော်တယ်ရှစ်ပါးသည် ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ဥပမာအားဖြင့် ပထမနေရာမှ ဉဒေါင်းဘုရင် ရှင်းရွှန်သည် လူသားအင်မော်တယ် ဘုန်းတော်ကြီး ယန်ယွဲ့ကိုယ်တိုင်တောင်မှ ကိုင်တွယ်ရန် ခက်ခဲမည်ဟု ပြောခဲ့ဖူးသည်။
ထိုကဲ့သို့ပုဂ္ဂိုလ်မျိုးသည် ဟုန်ယွိကို ဘာပြဿနာမှမရှိဘဲ အကြိမ်တစ်ရာ သတ်ဖြတ်နိုင်ပါသည်။
“တကယ်လို့, ချန်ယင်းရှာက ငွေငါးမန်းဖြစ်တယ်ဆိုတာ ငါ သိထားခဲ့ရင်, ငါ့မှာ ဘာမှလုပ်စရာ မရှိရင်တောင် သူမရဲ့ ယွမ်ယန်ကောင်းကင်ပုလဲကို မလုယူခဲ့ပါဘူး။” ဟုန်ယွိသည် စဉ်းစားပြီးနောက် ကြောက်ရွံ့မှုကို ခံစားရသည်။ အကယ်၍, ချန်ယင်းရှာသည် ရွှေပင့်ကူဘုရင်ကို စိုးရိမ်နေခြင်း မရှိခဲ့ပါက, သူသည် ယခုအချိန်ထိ အသက်ရှင်နေနိုင်မည် မဟုတ်ပေ။
“ကောင်းပြီ၊ အဲဒီပုလဲက ငွေငါးမန်းရဲ့ပစ္စည်းဆိုမှတော့ ငါ မလိုချင်တော့ဘူး။” သခင်ဒွမ်က ဟုန်ယွိကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။ “ဟုန်ယွိ၊ မင်းက မဟာ နတ်ဆိုးအင်မော်တယ်ရှစ်ပါးနဲ့ ဆက်ဆံရေးရှိပုံပဲ။ အဲဒီနေ့က မင်း မျက်ခုံးစိမ်းကို သတ်ခဲ့ရာမှာ ရွှေပင့်ကူကို အားကိုးပြီး၊ သူ့ရဲ့ မြွေထိန်းချုပ်ခြင်း နည်းလမ်းကို ဖျက်ဆီးခဲ့တယ်လို့ ငါကြားတယ်။”
“ဒီလောက်မြန်မြန် သိသွားတာလား။” ဟုန်ယွိက စဉ်းစားပြီးနောက် သူ၏အချို့ကိစ္စများကို ပစိဖိတ်ရေတပ်၏ ဗိုလ်ချုပ်ကြီးနှင့် နံပါတ်တစ် မဟာဗျူဟာရှင်တို့ထံမှ ဖုံးကွယ်နိုင်ရန် ခက်ခဲကြောင်း သိလိုက်ပါသည်။ “သေချာတာပေါ့၊ ရွှေပင့်ကူဘုရင်နဲ့ ကျုပ်က မိတ်ဆွေတွေပဲ၊ မျောက်ဝံဖြူဘုရင် ဇီယွဲနဲ့လည်း ကျုပ် ရင်းနှီးတယ်လေ။ သူ့ဆီကနေ အင်မော်တယ်ဝတ်ရည်ဝိုင်ကိုတောင် သောက်ခဲ့ဖူးတယ်။ ကျုပ်ရဲ့ နွားသိုးနတ်ဆိုးခွန်အားလက်သီးပညာရပ်ကိုလည်း သူပဲ သင်ပေးခဲ့တာ။”
“အင်း… တစ်ခုချင်း လဲကြတာပေါ့။” သခင်ဒွမ်သည် နားထောင်ရင်း ပိုမိုအံ့အားသင့်သွားပါသည်။ သူသည် တခဏမျှ တွန့်ဆုတ်ဟန်ဆောင်ပြီး နောက် ခေါင်းညိတ်လိုက်သည်။
“ဒီလူအိုကြီးက အကျိုးအမြတ် အများကြီး ရသွားခဲ့တယ်။ ဒါပေမယ့် အနန္တတန်ခိုးရှင် ကောင်းကင်နဂါးဗောဓိသတ္တကျမ်းက ရွှေပင့်ကူဘုရင်ရဲ့ပစ္စည်း ပဲ။ ဒါကြောင့် အစွမ်းထက်တဲ့ လျှို့ဝှက်ယင်ဝိညာဉ် သတ်ဖြတ်ခြင်းနဲ့ စိတ်ဝိညာဉ်စုပ်ယူခြင်းနည်းလမ်းကို ဖလှယ်တာက ငါ့အတွက် ဆုံးရှုံးမှု မဖြစ်ဘူး။ ဒါ့အပြင်, သခင်ဒွမ်က ငါ့ကို အန္တရာယ်ပေးဖို့ ဒီကိုလာတာ ထင်ရှားတယ်။ သူ့ရဲ့ ဝိညာဉ်စုပ်ယူခြင်းနည်းလမ်းက အရမ်းကြောက်စရာကောင်းတယ်။ တကယ်လို့, ငါသာ ဒီပညာရပ်ကို နားလည်မထားရင်, ပဋိပက္ခဖြစ်တဲ့အခါ မုကလေးတို့နဲ့ တခြားသူတွေ ဆုံးရှုံးမူ ကြီးကြီးမားမား ခံစားရနိုင်တယ်။ မုကလေးနဲ့ ထိုက်ဇူတို့ရဲ့ စိတ်ဝိညာဉ်တွေ သူ့လက်ထဲမှာ ဖမ်းဆုပ်ခံရပြီး လွင့်ပျယ်သွားမှာ ငါ မလိုလားဘူး။ ဒါပေမယ့် သူက အနန္တတန်ခိုးရှင် ကောင်းကင်နဂါးဗောဓိသတ္တကျမ်းကို သင်ယူပြီးသွားရင်, သူ့ရဲ့ တာအိုနည်းပညာတွေက ပိုအစွမ်းထက်လာမှာ သေချာတယ်။ ဒါက နှစ်ဖက်သွားပါတဲ့ ဓားတစ်ချောင်းပဲ။ ဒါပေမယ့် ငါ သူနဲ့ တိုက်ခိုက်ရတဲ့အခါ, သူ့ကို မက်မွန်နတ်ဘုရားဓားထဲကို ဆွဲခေါ်ပြီး၊ မင်စီလာဘုရင်နဲ့ ဖျက်ဆီးမယ်။”
ဟုန်ယွိသည် စိတ်ထဲတွင် တွက်ချက်လိုက်သည်။
အပိုင်း (၁၅၄)။
“ကောင်းကင်နှင့် မြေကြီးတို့၏ အစပိုင်းတွင်၊ သက်ရှိအားလုံးမှာ ဝိညာဉ်များ ကိုယ်စီရှိကြပြီး၊ ယင်နှင့်ယန်တစ်ခုစီ ပါရှိကာ၊ ၎င်းတို့နှစ်ခုကို ပြည့်ပြည့် ဝဝ ပေါင်းစပ်ထားကြသည်။ လူတစ်ယောက်၏ ခန္ဓာကိုယ်တွင် သွေးနှင့်စိတ်ဝိညာဉ်သည် ယန်ဖြစ်ပြီး၊ ဝိညာဉ်က ယင်ဖြစ်သည်။ ၎င်းတို့သည် လျှို့ဝှက် ဆန်းကြယ်မှု များစွာထဲမှ အဆန်းကြယ်ဆုံး ဖြစ်ပြီး၊ အံ့ဖွယ်များစွာတို့၏ တံခါးပေါက် ဖြစ်သည်။ ကောင်းကင်ယံတွင် နတ်ဆိုးငါးမျိုးရှိပြီး၊ ၎င်းတို့ကို မြင်သူများသည် သာယာဝပြောလာမည် ဖြစ်သည်။ ဝိညာဉ်တွင် ယင်ငါးမျိုးရှိပြီး၊ ထိုငါးမျိုးကို ကျင့်ကြံသူများသည် သေဆုံးရလိမ့်မည်။ ဝိညာဉ်ထဲက ယင်ငါးမျိုးမှာ ရှောင်ယင်၊ ထိုက်ယင်၊ ယွမ်ယင်၊ အစစ်မှန်ယင်နှင့် အလယ်ဗဟိုရှိ ရွှမ်ယင်တို့ ဖြစ်သည်။ ၎င်းယင်ငါးမျိုးတို့ အပြည့်အဝ သက်ဝင်လာချိန်မှာ, ၎င်းတို့ သည် အရာခပ်သိမ်းကို ပြောင်းပြန်လှန်ပြီး၊ တစ္ဆေသရဲများကို သတ်ဖြတ်ကာ၊ ဝိညာဉ်များကို သိမ်းပိုက်နိုင်သည်”။
ဆောင်းဦးလေညှင်းသည် ကမ်းခြေပေါ်တွင် တိုက်ခတ်နေသည်။ ကောင်းကင်သည် အနည်းငယ် မှေးမှိန်နေပြီး အနီးအနားရှိ ပင်လယ်သည် အနည်းငယ် ဝေဝါးနေ၏။ ကမ်းခြေအနီးရှိ သစ်တောထဲမှ သစ်ရွက်များမှာလည်း ညှို့နွမ်းကာ ဝါဖျော့လာနေပြီ။ လေပြင်းတိုက်ခတ်လာသောအခါ သစ်ရွက်များသည် လေထဲတွင် ကခုန်နေကြသည်။ ၎င်းသည် ဝါရွက်ရော်ချိန် မြင်ကွင်းတစ်ခု ဖြစ်သည်။
ဆောင်းဦးရာသီ ရောက်ရှိလာခဲ့ပြီ။ ကမ္ဘာလောကကြီးသည် ရင့်ရော်အိုမင်းလာရုံသာမက လူတို့၏ နှလုံးသားများသည်လည်း တဖြည်းဖြည်း ညှိုးငယ် လာကြသည်။
သို့သော် ဆောင်းဦးသည် အေးမြပြီး လန်းဆန်းစေသည်။ ၎င်းသည် ပညာရှင်တစ်ဦးအတွက် ခရီးသွားလည်ပတ်ရန်၊ ကဗျာများ ရွတ်ဆိုရန်နှင့် ပန်းချီဆွဲရန် အချိန်ကောင်းတစ်ခု ဖြစ်သည်။ အတိတ်က ဟုန်ယွိသည် ကျောက်စိမ်းမြို့တော်တွင် ရှိစဉ်၊ ကဗျာရေးဖွဲ့ရန်အတွက် စိတ်ကူးစိတ်သန်း ကောင်းများ ရှာဖွေရန် တစ်ယောက်တည်း လှည့်လည်လေ့ရှိသည်။
သို့သော် ယခုအခါ သူ့တွင် ထိုစိတ်အားထက်သန်မှုမျိုး မရှိတော့ပေ။
ဤအခိုက်အတန့်တွင် သူသည် ကမ်းခြေအစွန်းတွင် ထိုင်နေရင်း၊ နဂါးဆင်တံဆိပ်နှင့် ဖလှယ်ပြီး သခင်ဒွမ်ထံမှ ရရှိလာသော လျှို့ဝှက်ယင်ဝိညာဉ် သတ်ဖြတ်ခြင်းနှင့် ဝိညာဉ်စုပ်ယူခြင်းနည်းလမ်းကို ရွတ်ဆိုနေသည်။
“ကောင်းကင်ယံမှာ နတ်ဆိုးငါးပါးရှိပြီး၊ ဝိညာဉ်ထဲမှာ ယန်ငါးမျိုးရှိတယ်။ ဝိညာဉ်ထဲရှိ ယင်ငါးမျိုးကတော့ ရှောင်ယင်၊ ထိုက်ယင် ယွမ်ယင်၊ အစစ်မှန်ယင်နှင့် ရွမ်ယင်တို့ပဲ။ ဒီယင်ငါးမျိုးက လူ့နှလုံးသားရဲ့ အမှောင်မိုက်ဆုံး အတွေးတွေကနေ ဖြစ်ပေါ်လာတာပဲ။ ဒါက မိုးကောင်းကင်က နတ်ဆိုးငါးပါးနဲ့တူတယ်။ ဒီလျှို့ဝှက်ယင်ဝိညာဉ် သတ်ဖြတ်ခြင်းနဲ့ ဝိညာဉ်စုပ်ယူခြင်း နည်းလမ်းက တကယ့်ကို လျှို့ဝှက်ဆန်းကြယ်လွန်းတယ်။ ဒီပညာရပ်က… အတိတ်ကျမ်းနဲ့ ကာဇယာပေါ်ရှိ ကမ္မသုတ္တန်နဲ့ ဆင်တယ်။ ဒီပညာရပ်က သာမန်ပညာရပ်တစ်ခု မဟုတ်ဘူး။ ငါ စာကြောင်း နှစ်ကြောင်းပဲ ဖတ်ရသေးပေမယ့်၊ ဒီပညာရပ်က နက်နဲပြီး လျှို့ဝှက်ဆန်းကြယ်တယ်လို့ ခံစားရတယ်။ ဒီပညာရပ်က လူတစ်ယောက်ကို ပိုပြီးဝါးစားလေ အဆုံးမဲ့အရသာကို ချန်ထားပေးနေ သလိုပဲ။ မဟာတာအိုတံခါး၊ မဟာတာအိုတံခါး။ ဒီကျမ်းအပိုင်းအစလေးနဲ့ နားလည် သဘောပေါက်ဖို့ မလုံလောက်တာ နှမြောစရာပဲ။ ဒီပညာရပ်က စိတ်နှလုံးထဲမှာ နတ်ဆိုးငါးမျိုးကို ပြုစုပျိုးထောင်ဖို့ နည်းလမ်းတစ်ခုပဲ။ ဒီပညာရပ်က မဟာတာအိုကို နားလည်သဘောပေါက်ဖို့ မလုံလောက်ရုံတင် မကဘူး၊ ကျင့်ကြံသူကို ပြန်လည်ထိခိုက်မယ့်အရေးကနေ ကာကွယ်ထားဖို့လည်း လိုအပ်တယ်။ ဒီကျမ်းက မိုးကြိုးလျှပ်စီးဆေဘာကျမ်းနဲ့ဆင်ပြီး၊ စိတ်ဝိညာဉ်ကို သတ်ဖြတ်ဖို့နဲ့ သန့်စင်ဖို့ ဂါထာ တစ်ခုပဲ။ တကယ်လို့, ငါ့မှာသာ အခြားကျင့်စဉ်မရှိဘူးဆိုရင်, ငါပိုကျင့်ကြံလေ ပြဿနာပိုများလေ ဖြစ်လာလိမ့်မယ်။ နောက်ဆုံးမှာ, ယင်နတ်ဆိုးက ပိုမိုသန်မာလာပြီး၊ လူကိုယ်တိုင်ကလည်း တကယ့် အစစ်မှန်နတ်ဆိုးတစ်ပါး ဖြစ်လာလိမ့်မယ်။”
ဟုန်ယွိသည် နားလည် သဘောပေါက်လေလေ၊ ပိုမိုအံ့အားသင့်ရလေ ဖြစ်သည်။
လျှို့ဝှက်ယင်ဝိညာဉ် သတ်ဖြတ်ခြင်းနှင့် ဝိညာဉ်စုပ်ယူခြင်း နည်းလမ်းသည် လူတစ်ယောက်၏ နှလုံးသားထဲတွင် နတ်ဆိုးကို ပြုစုပျိုးထောင်ရပြီး၊ ၎င်းကို သန်မာအောင်လုပ်ဆောင်ရသည့် နည်းလမ်းတစ်ခု ဖြစ်သည်။ နောက်ဆုံးတွင်, ထိုနှလုံးသားနတ်ဆိုးက စကြဝဠာကို လှည့်ပတ်ပြီး၊ သန်မာသော ယင်အတွေးတစ်ခုကို ဖွဲ့စည်းကာ လူတို့၏ စိတ်ဝိညာဉ်များကို စုပ်ယူရန်နှင့် တစ္ဆေသရဲများကို သတ်ဖြတ်ရန် ဖြစ်သည်။
၎င်းသည် နတ်ဆိုးများကို ပြုစုပျိုးထောင်ပေးရပြီး၊ လူများကို ထိခိုက်စေသည့် နည်းလမ်းတစ်ခု ဖြစ်ပြီး၊ သူတစ်ပါးကို ထိခိုက်စေရုံသာမက ကိုယ့်ကိုယ်ကိုယ်လည်း ပြန်လည်ထိခိုက်စေသည်။
အစစ်မှန် ကျင့်ကြံသူများသည် ၎င်းတို့၏ နတ်ဘုရား စိတ်ဝိညာဉ်အတွင်းမှ ယင်အညစ်အကြေးများနှင့် ယင်နတ်ဆိုးအတွေးများကို သန့်စင်ရခြင်း ဖြစ်ပြီး၊ နောက်ဆုံးတွင် သူ၏ စိတ်ဝိညာဉ်သည် သန့်စင်သော ယန်ခန္ဓာကိုယ်အဖြစ် ပြောင်းလဲကာ ယန်နတ်ဘုရားတစ်ပါး ဖြစ်လာလိမ့်မည်။
သို့သော် ဤ လျှို့ဝှက်ယင်ဝိညာဉ် သတ်ဖြတ်ခြင်းနှင့် ဝိညာဉ်စုပ်ယူခြင်း နည်းလမ်းသည် ယင်နတ်ဆိုးအတွေးများကို ဖျက်ဆီးပစ်ရမည့်အစား၊ နတ်ဆိုးများကို ပြုစုပျိုးထောင်ရပြီး၊ လူတစ်ယောက်၏ စိတ်နှလုံးထဲတွင် ထိုနတ်ဆိုးအတွေးများကို အဆုံးစွန်ထိ ကြီးထွားစေရသည်။ နောက်ဆုံးတွင် ယင်နတ်ဆိုး ငါးပါးသည် တစ်ခုတည်းအဖြစ် ပေါင်းစည်းပြီး၊ ထိုကြီးမားသော အတွေးဖြင့် စကြဝဠာကို လှည့်ပတ်ကာ၊ သက်ရှိအားလုံး၏ ဝိညာဉ်များကို စုပ်ယူနိုင်သည့် ကြီးမားသော ချီဝိညာဉ်ဝဲဂယက်တစ်ခုကို ဖွဲ့စည်းရသည်။
ကောင်းကင်ယံတွင် မကောင်းဆိုးဝါး ငါးမျိုးရှိပြီး၊ ဝိညာဉ်ထဲတွင် ယင်ငါးမျိုးနှင့် ယန်ငါးမျိုးရှိသည်။
ကျမ်းတွင် ဝိညာဉ်၏ သဘောသဘာဝက ယင်ဖြစ်ပြီး၊ ယင်သည် နတ်ဆိုးဖြစ်သည်ဟု ဆိုသည်။ ၎င်းတို့မှာ ကြီးယင်နတ်ဆိုး၊ အငယ်ယင်နတ်ဆိုး၊ အစစ်မှန်ယင်နတ်ဆိုး၊ ရှေးဟောင်းယင်နတ်ဆိုးနှင့် ဆန်းကြယ်ယင်နတ်ဆိုးတို့ ဖြစ်သည်။ ဤနတ်ဆိုးငါးမျိုးသည် လူ့နှလုံးသားထဲတွင် အမှောင်မိုက်ဆုံး အတွေးငါးမျိုး ဖြစ်သည်။ လူ့နှလုံးသားထဲတွင် အမှောင်မိုက်ဆုံး အတွေးငါးမျိုးကို ပြုစုပျိုးထောင်ပြီး၊ သန်မာစေကာ၊ နောက်ဆုံးတွင် ၎င်းတို့ကို ဖျက်ဆီးပြီး ချီဝိညာဉ်ဝဲဂယက်တစ်ခုကို ဖွဲ့စည်းသည်။ ဤမှော်စွမ်းအားမျိုးသည် ကမ္ဘာကြီးကို တုန်လှုပ်စေသည့် နည်းလမ်းတစ်ခု ဖြစ်သည်။
“ယင်နတ်ဆိုးငါးမျိုး၊ ကောင်းကင်ယံမှ နတ်ဆိုးငါးမျိုး၊ ဝိညာဉ်အတွင်းမှ ယင်ငါးမျိုး… နတ်ဆိုးငါးပါး အမျိုးစား… အတွင်းနတ်ဆိုးငါးမျိုး… အတွင်းနတ်ဆိုးငါးမျိုး အားလုံးက ဗလာနတ္ထိ…။ မဟုတ်ဘူး… အတိတ်ကျမ်းထဲမှာလည်း ဒီလိုနတ်ဆိုးငါးမျိုး ရှိတယ်မဟုတ်လား။ ယာကရှာ နတ်ဆိုးဘုရင်၊ ရှက်ချာဆာနတ်ဆိုးဘုရင်၊ အသုရာနတ်ဆိုးဘုရင်၊ ကင်းကောင်နဲ့ မင်စီလာဘုရင်တို့ပဲ။ ဒီနတ်ဆိုးငါးမျိုးကလည်း လူ့နှလုံးသားထဲက စွဲလမ်းမှုငါးမျိုးကနေ ဖြစ်ပေါ်လာတာ မဟုတ်လား။ ဒီကျမ်းနှစ်စောင်က ဆင်တူပုံရတယ်။ တာအိုတွေက အပြန်အလှန် ဆက်စပ်နေတာများလား။ ဗုဒ္ဓဝါဒီဖြစ်စေ၊ တာအိုဝါဒီဖြစ်စေ၊ ၎င်းတို့အားလုံးဟာ တူညီတဲ့နေရာမှာ အဆုံးသတ်သွားကြတာလား”
ရုတ်တရက် ဟုန်ယွိ၏ စိတ်ထဲတွင် အတွေးတစ်ခု လင်းလက်လာသည်။
ဤဝိညာဉ်စုပ်ယူခြင်း ပညာရပ်ပါ နတ်ဆိုးမွေးမြူခြင်း နည်းလမ်းသည် အတိတ်ကျမ်းပါ နတ်ဆိုးဘုရင်ငါးပါးနှင့် တကယ့်ကို ဆင်တူသည်။
သို့သော် ဤဝိညာဉ်စုပ်ယူခြင်းပညာရပ်သည် လုံးဝ တာအိုကျမ်းဖြစ်သည်ကို ဟုန်ယွိ သိသည်။ ၎င်း၏ စကားလုံး အသုံးအနှုန်း၊ ပုံဖော်ခြင်း၊ သို့မဟုတ် ကျင့်ကြံခြင်း နည်းလမ်းသည် “အတိတ်ကျမ်း” နှင့် မည်သို့မျှ မဆက်စပ်ပေ။ ဤကျမ်းနှစ်ခုသည် သေချာပေါက် မဆက်စပ်ကြောင်း စိတ်ကူးကြည့်နိုင်သည်။
သို့သော် “ဝိညာဉ်သည် ယင်သဘာဝဖြစ်ပြီး နတ်ဆိုးငါးမျိုးရှိသည်ဟု” ဆိုထားသည်မှာ ၎င်းသည် မဟာတာအို၏ အမြင့်ဆုံးအဆင့် ဖြစ်ဟန်တူပြီး၊ နည်းလမ်းမတူသော်လည်း တူညီသောရလဒ်ကို ရရှိနိုင်သည်ဟု ထင်ရသည်။
သို့သော် ဝိညာဉ်စုပ်ယူခြင်းကျမ်းသည် မပြည့်စုံမဟုတ်ဘဲ အဝေးမှ တိုက်ခိုက်ခြင်း နည်းလမ်းတစ်ခုသာ ဖြစ်ပြီး၊ အတိတ်ကျမ်းနှင့် မယှဉ်နိုင်ပေ။ သို့သော် အတိတ်ကျမ်းသည် စိတ်ဝိညာဉ်၏ အင်မော်တယ်ဖြစ်နိုင်မှု အကြောင်းကိုသာ ပြောပြထားပြီး၊ တိုက်ခိုက်မှုအကြောင်းကို ပြောပြမထားပေ။ ၎င်းသည် အကောင်းဆုံးကျမ်းတစ်ဆောင်၏ ဝိသေသလက္ခဏာဖြစ်ပြီး၊ သဘာဝတရားကနေ လွန်မြောက်ခြင်းအကြောင်းကိုသာ ပြောပြထားပြီး၊ မှော်စွမ်းအားများအကြောင်းကို မပြောပြပေ။
“ဟူး….။ လျှို့ဝှက်ယင်ဝိညာဉ် သတ်ဖြတ်ခြင်းနဲ့ ဝိညာဉ်စုပ်ယူခြင်းပညာရပ်က တကယ့်ကို အစွမ်းထက်တဲ့ မှော်စွမ်းအားတစ်ခုပဲ။ ဟီး…ဟီး။ ဒီမှော်စွမ်းအားက စိတ်နှလုံးထဲမှာ နတ်ဆိုးတွေကို ပြုစုပျိုးထောင်ရပြီး၊ စကြဝဠာကြီးကို လှည့်ပတ်ကာ ချီဝိညာဉ်ဝဲဂယက်တစ်ခုကို ဖန်တီးပြီး၊ စိတ်ဝိညာဉ်ကို ထိခိုက်စေတဲ့ နည်းလမ်းတစ်ခုပဲ။ ဒါက သေချာပေါက် စိတ်ကူးနိုင်စွမ်းကို ကျော်လွန်ပြီ။ သခင်ဒွမ်ဆိုတဲ့ မြေခွေးအိုကြီးက ငါနဲ့ ဖလှယ် ဖို့ သဘောတူတာ မဆန်းပါဘူး။”
ဟုန်ယွိသည် စဉ်းစားလိုက်သည့်အခါ အနန္တတန်ခိုးရှင် ကောင်းကင်နဂါးဗောဓိသတ္တကျမ်းကို လျှို့ဝှက်စိတ်ဝိညာဉ်စုပ်ယူခြင်း နည်းလမ်းနှင့် လဲလှယ်ခြင်းသည် လုံးဝ ထိုက်တန်ကြောင်း သိလိုက်သည်။
ဤဝိညာဉ် စုပ်ခြင်းနည်းလမ်းသည် စိတ်ဝိညာဉ်ကို သန်မာစေရန် ကျင့်ကြံရသည့် နည်းလမ်းတစ်ခု မဟုတ်သော်လည်း ၎င်း၏ ဖျက်ဆီးနိုင်စွမ်းကို တိုင်းတာ၍ မရနိုင်ပေ။
သို့သော် မိုးကြိုးလျှပ်စီးဆေဘာကျမ်းသည် ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်သလို၊ ဤနတ်ဆိုးများကို ပြုစုပျိုးထောင်ပြီး၊ နတ်ဆိုးများကို လှည့်လည်ခိုင်းရ သည့် ဤကျမ်းသည်လည်း စိတ်ဝိညာဉ်ကို များစွာ ထိခိုက်စေပါသည်။
“ဒါပေမယ့် သခင်ဒွမ်, ခင်ဗျား အတွက်မှားသွားပြီ။ ကျုပ်က ဒိုင်ဇင်ဘုရားကျောင်းရဲ့ အမြင့်မြတ်ဆုံးကျမ်း အတိတ်ကျမ်းကို ကျင့်ကြံနေတာ။ ဒီကျမ်းက စိတ်ဝိညာဉ် ထိခိုက်မှုအားလုံးကို ပြန်လည်ပြုပြင်နိုင်တယ်။ ဒါ့အပြင် ကျုပ်မှာ ယာကရှာနတ်ဆိုးဘုရင် ရှက်ချာဆာနတ်ဆိုးဘုရင် အသုရာ နတ်ဆိုးဘုရင် ကင်းကောင် မင်စီလာဘုရင်တို့ရဲ့ အတွေ့အကြုံလည်း ရှိထားတယ်။ ဒီစိတ်ဝိညာဉ်စုပ်ယူနည်းလမ်းက ကျုပ်အတွက် ပြီးပြည့်စုံတယ်။ ခင်ဗျား နဂါးဆင်ကျမ်းကို ရသွားရင်တောင် မှော်စွမ်းအားတွေ ကျင့်ကြံနိုင်မှာ မဟုတ်ဘူး၊ ဒါပေမယ့် ကျုပ်ကတော့… ခင်ဗျားကို ဖိနှိပ်နိုင်ရမယ်။ ခင်ဗျားက ကျုပ်အတွက် ခြိမ်းခြောက်မှု မဖြစ်နိုင်ဘူး။”
ဟုန်ယွိသည် စိတ်ကူးယဉ်မူအား လွတ်လပ်စွာ လွှတ်ထားလိုက်သည်။ ဤအကြိမ်တွင် သူသည် အကျိုးအမြတ်ကြီးမားသော စီးပွားရေး ဖလှယ်မှုကြီးတစ်ခုကို လုပ်ဆောင်ခဲ့ပြီ ဖြစ်သည်။
သခင်ဒွမ်သည် တစ္ဆေအင်မော်တယ်ကဲ့သို့ လိမ္မာပါးနပ်ပြီး ရောင့်ရဲခြင်းမရှိ လောဘကြီးသူတစ်ဦး ဖြစ်သော်လည်း၊ ဟုန်ယွိသည် အမြင့်မြတ်ဆုံးကျမ်း ဖြစ်သည့် “အတိတ်ကျမ်း”ကို ကျင့်ကြံနေသည်ကို မသိခဲ့ပေ။ သူ့စိတ်ဝိညာဉ် မည်မျှ ထိခိုက်သည်ဖြစ်စေ၊ သူသည် ပြန်လည်ပြုပြင်နိုင်ပြီး နတ်ဆိုး ပြုစုပျိုးထောင်ခြင်း အတွေ့အကြုံများလည်း ရှိထားပါသည်။
မူလက ဟုန်ယွိသည် သခင်ဒွမ်၏ ဝိညာဉ်စုပ်ယူနည်းသည် အလွန်ထူးဆန်းသည့်အတွက် သူသတိထားရန် လိုအပ်သည်ဟူသော အကြောင်းရင်း ကြောင့်သာ ဖလှယ်ခဲ့ခြင်း ဖြစ်သည်။ ဒုတိယအချက်အနေဖြင့်၊ သူတွင် စိတ်ဝိညာဉ်ကို တိုက်ခိုက်နိုင်သည့် မှော်စွမ်းအားတစ်ခု လိုအပ်နေသည်။ အတိတ်တုန်းက သူ၏ စိတ်ဝိညာဉ် တိုက်ခိုက်မှုများသည် စိတ်ဝိညာဉ်ကို ဖိနှိပ်ရန် ပုံဖော်ခြင်းအပေါ်သာ အခြေခံထားပြီး၊ စွမ်းအား မလုံလောက်ခဲ့ပေ။ သို့သော် ဝိညာဉ်စုပ်ယူနည်းသည် အလွန်မင်း အစွမ်းထက်သည်။
အမျိုးမျိုးသော နည်းလမ်းများကို သင်ယူပြီး၊ မှော်စွမ်းအားများကို ကျင့်ကြံခြင်းသည်လည်း ဟုန်ယွိ၏ ဆန္ဒတစ်ခု ဖြစ်သည်။
“ကောင်းကင်ယံမှာ နတ်ဆိုးငါးမျိုး ရှိပြီး၊ ဝိညာဉ်တွင် ယင်ငါးမျိုး ရှိသည်။ ယင်နတ်ဆိုးငါးမျိုး၊ ကောင်းကင်ယံမှ လမ်းကြောင်းငါးခု။ ကောင်းကင်နှင့် မြေကြီးကို လှည့်ပတ်ခြင်း။ ဝိညာဉ်ဝဲဂယက်။”
ဟုန်ယွိသည် ကျမ်းကို အကြိမ်ပေါင်းများစွာ တိတ်တဆိတ် လေ့လာခဲ့ပြီး၊ ကျမ်းထဲတွင် ဖော်ပြထားသည့် နတ်ဆိုးအမျိုးမျိုး၏ ဖော်ပြချက်များကို လည်း လေ့လာနေခဲ့သည်။ သူသည် နှလုံးသား နတ်ဆိုးနည်းလမ်းကို လည်ပတ်ပြီး၊ သူ့ဘဝတစ်သက်တာတွင် သင်ယူခဲ့သည့် တာအိုပညာရပ် အားလုံး၊ နည်းလမ်းမျိုးစုံ၊ ကောင်းကင်နှင့် မြေကြီး၊ စကြဝဠာ၊ လူ့ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်တို့အပေါ် နားလည်မှုတို့ကိုလည်း စေ့စေ့စပ်စပ် ပြန်လည် သုံးသပ်နေခဲ့သည်။ သူ့နှလုံးသားသည် နက်ရှိုင်းသော နားလည်သဘောပေါက်မူ အဆင့်သို့ ရောက်ရှိသွားခဲ့သည်။ ရုတ်တရက် သူသည် လျှို့ဝှက်ယင်ဝိညာဉ်စုပ်ယူနည်းလမ်း၏ နတ်ဆိုးငါးမျိုးကို ပုံဖော်လိုက်ပါသည်။
ကြီးယင်နတ်ဆိုး၊ ငယ်ယင်နတ်ဆိုး၊ ရှေးဟောင်း ယင်နတ်ဆိုး၊ အစစ်မှန်ယင်နတ်ဆိုးနှင့် လျှို့ဝှက်ယင်နတ်ဆိုး။
တစ်ခဏတွင်၊ နတ်ဆိုးအတွေးငါးမျိုး၊ မှောင်မိုက်သော အတွေးများနှင့် နတ်ဆိုးအတွေးများသည် သူ့စိတ်ဝိညာဉ်ထဲတွင် လျင်မြန်စွာ သန်မာလာပြီး၊ ပြည့်လျှံလာကြသည်… ဟုန်ယွိ၏ စိတ်ဝိညာဉ်ထဲတွင် ကြုံရာကျပန်း အတွေးများအားလုံး ပြိုကွဲသွားပြီး နတ်ဆိုးငါးမျိုးအဖြစ် ပြောင်းလဲသွားသည်။
စိတ်ဝိညာဉ်၏ မှောင်မိုက်သော အတွေးများနှင့် မှောင်မိုက်သော ပင်ကိုယ်စိတ်သဘာဝသည် အဆုံးစွန်ထိ သန်မာလာခဲ့သည်…
ပတ်ဝန်းကျင် လေထုသည်လည်း ဟုန်ယွိ၏ စိတ်ဝိညာဉ်ထဲတွင် သန်မာလာသော ယင်နတ်ဆိုးများကြောင့် ညစ်ညမ်းလာပုံရသည်။ ၎င်းသည် ပိုမို မှောင်မိုက်လာသည်။ ပင်လယ်ပြင်ပေါ်တွင် မှောင်မိုက်နေသော တိမ်တိုက်တစ်ခု ရောက်လာပြီး၊ အေးစိမ့်သော လေပြင်းတိုက်ခတ်မှုက လူတို့၏ နှလုံးသားထဲမှ အေးစိမ့်မှုကို ခံစားရစေသည်။
ဟုန်ယွိသည် နတ်ဆိုးငါးမျိုးကို ပုံဖော်လိုက်သောအခါ၊ သူ၏စိတ်သည် ထိန်းချုပ်မှု လုံးဝ ဆုံးရှုံးလုမတတ် ဖြစ်သွားခဲ့ရသည်။ ဤလျှို့ဝှက် ယင်ဝိညာဉ်စုပ်ယူခြင်း နည်းလမ်းသည် တကယ့်ကို ထူးဆန်းလှသည်။ သူ့နှလုံးသားထဲတွင် ယင်နတ်ဆိုးငါးမျိုး ရှိနေပြီး၊ ဤနတ်ဆိုးငါးမျိုးသည် ကောင်းကင်နှင့် မြေကြီး၏ ထောင့်လေးထောင့်ကို အသီးသီး သိမ်းပိုက်လိုက်သောအခါ, သူ့စိတ်ပါ သိမ်းပိုက်ခံရပြီး၊ နေရာအလွတ် မကျန်တော့ဘဲ သူ့စိတ်ကို ပြည့်လျှံသွားစေခဲ့သည်။
တစ်ခဏအတွင်းမှာ, ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် နတ်ဆိုးဘုရားငါးပါးအဖြစ် ပိုင်းခြားသွားပုံရသည်။ ပထမနတ်ဆိုးဘုရားသည် ကြီးယင်နတ်ဆိုး ဖြစ်ပြီး၊ ၎င်း၏ခန္ဓာကိုယ် တစ်ခုလုံးသည် အရိုးကဲ့သို့ ဖြူစင်သည်။ ဒုတိယနတ်ဆိုးဘုရားသည် သေးငယ်ယင်နတ်ဆိုးဖြစ်ပြီး၊ ၎င်း၏ ခန္ဓာကိုယ် တစ်ခုလုံးသည် မီးခိုးရောင် ဖြစ်သည်။ တတိယနတ်ဆိုးဘုရားသည် ရှေးဟောင်း ယင်နတ်ဆိုးဖြစ်ပြီး သွေးကဲ့သို့ နီရဲသည်။ စတုတ္ထနတ်ဆိုးသည် အစစ်မှန် ယင်နတ်ဆိုးဖြစ်ပြီး ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးသည် ဖော့စဖရပ်စ်ကဲ့သို့ စိမ်းလန်းနေသည်။ ပဉ္စမနတ်ဆိုးဘုရားသည် ဆန်းကြယ် ယင်နတ်ဆိုးဖြစ်ပြီး၊ ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်ရှိပြီး၊ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အနက်ရောင်ဖြစ်သည်။ ၎င်းသည် ဆန်းကြယ် ကောင်ကင်ဘုံခန်းမ၏ မဟူရာနတ်ဆိုးနတ်ဘုရားနှင့် အနည်းငယ် ဆင်တူသည်။
သူ၏ စိတ်ဝိညာဉ်သည် ဤကြီးယင်စသော နတ်ဆိုးငါးမျိုးအဖြစ် လုံးဝ ပိုင်းခြားသွားပြီး၊ တစ်ခုချင်းစီတွင် သခင်တစ်ဦးစီ ရှိသည်။ ၎င်းတို့ ပိုင်းခြားသွားသည်နှင့် တစ်ပြိုင်နက် လျင်မြန်စွာ ပျံထွက်သွားကြသည်။
ဟုန်ယွိသည် သူ့ဦးခေါင်းထဲတွင် ပြင်းထန်သော နာကျင်မှုကို ခံစားရသည်။ ၎င်းသည် လွှဖြင့် လှီးဖြတ်ခံရသည့်အလား နာကျင်ရသည်။ တကယ်ဆို, နာကျင်မူသည် ထိုထက်မက ဆယ်ဆပိုနာကျင်သည်။ ၎င်းသည် စိတ်ဝိညာဉ် ခွဲခြမ်းခံရခြင်း၏ နာကျင်မှုဖြစ်သည်။ ထိုနာကျင်မှုသည် စိတ်ဝိညာဉ်၏ အနက်ရှိုင်းဆုံးနေရာအထိ ရောက်ရှိပြီး၊ ခန္ဓာကိုယ်နာကျင်မှုထက် များစွာ ပိုပြင်းထန်သည်။
အကယ်၍, သူ့နေရာမှာ သာမန်ကျင့်ကြံသူတစ်ဦးသာ ဖြစ်ခဲ့ပါက၊ ဤအဆင့်တွင် သူ၏စိတ်ဝိညာဉ်သည် ယင်နတ်ဆိုးများကြောင့် ချက်ချင်း ခွဲခြမ်းသွားပြီး၊ စိတ်ဝိညာဉ် ပျံ့လွင့်ကာ ဆိုးဆိုးရွားရွား သေဆုံးသွားလိမ့်မည်။
သို့သော် ဟုန်ယွိသည် နေ့ညမပြတ် ကျင့်ကြံထားသူ ဖြစ်သည်၊ သူ၏စိတ်ဝိညာဉ်သည် ဤမျှ လွယ်ကူစွာ အစိတ်စိတ်မွှာမွှာ ပြိုကွဲသွားမည် မဟုတ် ပေ။ သူ့နှလုံးသားထဲတွင်၊ သူသည် အတိတ်ကျမ်းစာ၏ အမိတ္တဘဗုဒ္ဓကို အသက်သွင်းပြီး၊ အတိတ်ဗုဒ္ဓ၏ ထာဝရမပြောင်းလဲခြင်းကို အသုံးပြုကာ၊ နှလုံးသားထဲတွင် ကြီးယင်နတ်ဆိုးငါးမျိုးကို ဆက်လက် သန်မာလာစေသည်။
နောက်ဆုံးတွင်၊ ကြီးယင်နတ်ဆိုးငါးမျိုးသည် မကောင်းဆိုးဝါးအတွေးများ အဆုံးစွန်အထိ ပေါက်ကွဲလုမတတ် ကြီးထွားလာခဲ့ပါသည်။ ယင်နတ်ဆိုး ငါးမျိုးသည် ၎င်းတို့၏ ကိုယ်ပိုင်အတွေးများ ရှိနေသည့်အလား အသက်ဝင်လာသည်။ ဟုန်ယွိ၏ မျက်လုံးများသည် ရုတ်တရက် ပွင့်လာသည်။ သူ၏ အတွေးအားလုံးသည် ပြင်းထန်စွာ လှည့်ပတ်လာခဲ့သည်။ သူ၏ စိတ်ဝိညာဉ်သည် မုန်တိုင်းထဲမှ ရေဝဲကဲ့သို့၊ လေဆင်နှာမောင်းထဲမှ လေဝဲကဲ့သို့၊ ကောင်းကင်ယံရှိ ကြယ်မြစ်များဖြင့် ဖွဲ့စည်းထားသည့် ဝဲဂယက်ကဲ့သို့ ကြီးမားသော ဝဲဂယက်တစ်ခုကို ဖွဲ့စည်းလိုက်သည်။ ထိုဝဲဂယက်သည် အနက်ရောင်ဖြစ်ပြီး၊ အဆုံးမဲ့ စုပ်ယူခြင်းစွမ်းအားနှင့် ဖျက်ဆီးခြင်း စွမ်းအားကို ပိုင်ဆိုင်ထားသည်။
၎င်းသည် စိတ်ဝိညာဉ်စုပ်ယူခြင်း၏ အပြင်းထန်ဆုံးနှင့် အကြမ်းတမ်းဆုံး လှုပ်ရှားမှုဖြစ်သည့် ဝိညာဉ်ဝဲဂယက် ဖြစ်သည်။
ဤလှုပ်ရှားမှုသည် စိတ်ဝိညာဉ်ကို အပြည့်အဝ လည်ပတ်စေပြီး၊ အတွေးအားလုံးကို လှည့်ပတ်ကာ၊ ကောင်းကင်နှင့် မြေကြီးကို ပြောင်းပြန် လှည့်ပတ်နေသည့်အလား၊ ကြီးမားသော ချီဝိညာဉ်ဝဲဂယက်တစ်ခုကို ဖန်တီးရခြင်း ဖြစ်သည်။ ၎င်းသည် ကြီးယင်နတ်ဆိုးငါးမျိုးကို တစ်ခဏအတွင်း ဖျက်ဆီးပြီးနောက် ထိုဝဲဂယက်ထဲသို့ ပေါင်းစည်းရသည်။ ယင်ငါးမျိုးသည် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပြီး၊ ထိုအခိုက်အတန့်တွင် စိတ်ဝိညာဉ်၏ စွမ်းအားကို အမြင့်ဆုံးအထိ ထုတ်လွှတ်နိုင်ပြီး၊ လူတစ်ယောက်၏ စိတ်ဝိညာဉ်ကို စုပ်ယူဖျက်ဆီးနိုင်သည့် စွမ်းရည်ကို ဖန်တီးနိုင်သည်။
ဤလှုပ်ရှားမှုသည် လျှို့ဝှက်ယင်ဝိညာဉ် စုပ်ယူခြင်းနည်းလမ်း၏ အရေးကြီးဆုံး အချက်ဖြစ်သည်။ လူတစ်ယောက်သည် သူ့စိတ်ဝိညာဉ်စွမ်းအား အဆုံးအစွန်အထိ တိုးမြင့်လာစေရန်အတွက် သူ့နှလုံးသားထဲမှ ယင်နတ်ဆိုးအားလုံးကို လုံးဝ ဖျက်ဆီးပစ်ရန် စိတ်ဆန္ဒရှိရမှာ ဖြစ်သလို, သန်မာသော စိတ်ဝိညာဉ် စွမ်းအားလည်း လိုအပ်ပါသည်။
အကယ်၍, လူတစ်ယောက်သည် သူ့နှလုံးသားထဲတွင် အရာအားလုံးကို ဖျက်ဆီးရန် စိတ်ဆန္ဒမရှိ, လုံလောက်သော စိတ်ဝိညာဉ် စွမ်းအားလည်း မရှိပါ က၊ ဖွဲ့စည်းထားသည့် ကြီးယင်နတ်ဆိုး ငါးမျိုးကို ဖျက်ဆီးပစ်ရန် မဖြစ်နိုင်ပေ။ ရလဒ်အနေဖြင့်, သနားစဖွယ်ကောင်းအောင် ဆိုးရွားသွားမှာ ဖြစ်ပြီး၊ စိတ်ဝိညာဉ်သည် ယင်နတ်ဆိုးများ၏ ထိန်းချုပ်မူကို လုံးဝ ခံရကာ၊ ရူးသွပ်နေသော နတ်ဆိုးတစ်ပါးအဖြစ် ပြောင်းလဲသွားလိမ့်မည်။
ကံကောင်းစွာဖြင့်၊ ဟုန်ယွိသည် ဖျက်ဆီးခြင်း မင်စီလာဘုရင်၏ ပုံရိပ်ဖော်ခြင်း အတွေ့အကြုံကို ပိုင်ဆိုင်ထားသည်။ အရေးကြီးဆုံး အချိန်တွင်၊ သူသည် အားလုံးကို ဖျက်ဆီးပစ်ရန် စိတ်ဆန္ဒကို ထုတ်ဖော်နိုင်ခဲ့သည်။ ထို့ကြောင့်သာ သူသည် ယင်နတ်ဆိုးငါးမျိုးကို ဖျက်ဆီးနိုင်ခဲ့ပြီး လျှို့ဝှက် ယင်စိတ်ဝိညာဉ်စုပ်ယူခြင်း နည်းလမ်းကို တကယ့်အမှန် ကျွမ်းကျင်နိုင်ခဲ့သည်။
“ချီဝိညာဉ်ဝဲဂယက်။”
မျက်လုံးများ ပွင့်လာပြီးနောက်၊ ဟုန်ယွိက တိုးတိုးလေး ဟစ်အော်လိုက်သည်။ သူ၏အတွေးများသည် ရှေ့ဆက် ထိုးဖောက်၍ မရနိုင်တော့သည့် ကန့်သတ်အဆင့်သို့ ရောက်ရှိသွားသည်ဟု ခံစားရသည်။ သူ့အတွေးများ၏ ဖြန့်ကျက်မူအောက်တွင်၊ ဟုန်ယွိသည် သူ့ရှေ့ ခြေလှမ်း ထောင်ပေါင်းများ စွာ အကွာအဝေး အတွင်းရှိ ပင်လယ်ရေပြင်၊ ခရုများ၊ ပင်လယ်လိပ်များနှင့် အဆိပ်ပြင်းသော ပင်လယ်မြွေများကို ကိုယ်တိုင် မြင်တွေ့နေရသည်။
သူသည် ယင်စိတ်ဝိညာဉ်ဖြင့် ပင်လယ်ထဲသို့ ဝင်ရောက်ခြင်းမဟုတ်ဘဲ၊ အတွေးများဖြင့် လှည့်ပတ်ကြည့်ရှုရုံဖြင့်၊ လှုပ်ရှားမှုအားလုံးကို သိရှိနိုင်သည်။ ၎င်းသည် ဟုန်ယွိ ယခင်က မရှိခဲ့သည့် စွမ်းရည်တစ်ခု ဖြစ်သည်။
၎င်းစွမ်းရည်သည် လူတစ်ယောက်၏ စိတ်ဝိညာဉ်ကို ခွဲထုတ်ပြီးနောက် ထုတ်လွှတ်နိုင်သည့် အကြီးမားဆုံး စွမ်းရည် ဖြစ်သည်။ ၎င်းသည် မိုးကြိုး လျှပ်စီးဆေဘာကျမ်း၏ ခန္ဓာကိုယ်ကို ဖျက်ဆီးပြီးနောက် အပြင်းထန်ဆုံး ဖျက်ဆီးခြင်းစွမ်းအားကို ထုတ်လွှတ်နိုင်သည့် နိယာမနှင့် တူသည်။
သူသည် လက်ကို မြှောက်ပြီး ပင်လယ်ပြင်ထက်ရှိ နေရာလွတ်တနေရာကို ဖမ်းဆုပ်လိုက်သည်။
ဖျန်း….။
လူတစ်ယောက်၏ ခြေထောက်အထူရှိပြီး အလျားဆယ်ပေခန့်ရှိသည့်၊ နဂါးတစ်ကောင်ကဲ့သို့သော ကြီးမားသော ပင်လယ်မြွေတစ်ကောင်သည် ပြင်းထန်စွာ လှိမ့်ထွက်လာပြီး ရေမျက်နှာပြင်ပေါ်သို့ ပေါ်ထွက်လာသည်။ ရေမျက်နှာပြင်ပေါ်တွင် ကြီးမားသော ရေလှိုင်းများ လွင့်စင်သွားသည့် အသံကလည်း ကြီးမားသော ပင်လယ်မြွေ၏အထံမှ ပြင်းထန်သော အနံ့အသက်နှင့်အတူ ထွက်ပေါ်လာသည်။
ဤပင်လယ်မြွေ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အညိုရင့်ရောင်ဖြစ်ပြီး၊ အညိုရင့်ရောင် အကွက်များပေါ်တွင် ဖြူဖျော့ဖျော့ အစက်ပြောက်များ ရှိသည်။ ၎င်းသည် ဖြူစက်ပင်လယ်မြွေ ဖြစ်သည်။
ဖြူစက်ပင်လယ်မြွေသည် ပင်လယ်ထဲရှိ ချောက်ကြီးများ၏ နက်ရှိုင်းသော အက်ကွဲကြောင်းများတွင် ပုန်းအောင်းနေတတ်သည့် အလွန်မင်း ရက်စက် ကြမ်းတမ်းသော ပင်လယ်မြွေ ဖြစ်သည်။ ၎င်းသည် ငါးများကို စားသုံးပြီး၊ တစ်ခါတစ်ရံ ကမ်းပေါ်သို့ ရောက်လာကာ လူများကိုပင် စားသုံးသည်။ ထို့ပြင် ၎င်း၏ခန္ဓာကိုယ်သည် ကြီးမားပြီး၊ ၎င်း၏အရေပြားသည် ဓားနှင့် ဆေဘာများ ထိခိုက်ရန် ခက်ခဲသည်။ ၎င်းသည် အဆိပ်ပြင်းထန်ပြီး ထူးကဲသော ခွန်အားရှိသည်။ ၎င်းသည် ပင်လယ်ထဲတွင် ငါးမန်းများကိုပင် လွယ်ကူစွာ ညှစ်သတ်နိုင်သည်။ ၎င်းသည် ငါးမန်းအုပ်စုနှင့် တွေ့ဆုံလျှင်ပင် ကြောက်ရွှံ့ခြင်း မရှိပေ။
ပင်လယ်ထဲတွင်၊ မဟာပညာရှင် ရှင်တန်ကျွမ်းကျင်သူ တစ်ဦးပင်လျှင် ဤဖြူစက်ပင်လယ်မြွေနှင့် တွေ့ဆုံပါက သေဆုံးသွားနိုင်သည်။
သို့သော် ဖြူစက်ပင်လယ်မြွေကို သတ်ဖြတ်ပြီးနောက်၊ ၎င်း၏ အရေပြားကို ခွာယူပြီး သားရေလှန်းထားပါက၊ ၎င်းသည် ငွေငါးမန်းချပ်ဝတ်နှင့် ယှဉ်နိုင်သော ချပ်ဝတ်တစ်ခု ဖြစ်လာနိုင်သည်။
ယခုလေးတင်၊ ဟုန်ယွိသည် သူ၏ နတ်ဘုရား စိတ်အာရုံဖြင့် ခြေလှမ်း ထောင်ပေါင်းများစွာ အကွာအဝေး အတွင်းရှိ ပင်လယ်ပြင်ကို စူးစမ်းခဲ့ပြီး၊ အပြင်းထန်ဆုံး ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ထားသည့် ဤပင်လယ်မြွေကို ရှာဖွေတွေ့ရှိခဲ့သည်။ ထို့ကြောင့် သူက သူ့လက်ကို မြှောက်ပြီး ၎င်းကို ဖမ်းဆုပ်ကာ၊ လေဟာနယ်မှတဆင့် ပင်လယ်မြွေ၏ ဝိညာဉ်ကို အတင်းအကြပ် မောင်းနှင်ခဲ့သည်။ ၎င်း၏ဝိညာဉ် မောင်းနှင်ခံရသဖြင့်၊ ဤကြီးမား သော ပင်လယ်မြွေသည် ရေမျက်နှာပြင်ပေါ်သို့ ချက်ချင်း ထိုးတက်လာခဲ့ပြီး၊ ပင်လယ်ထဲမှ ပေါ်ထွက်လာသော နဂါးတစ်ကောင်ကဲ့သို့ ကြီးမားသော ရေလှိုင်းများကို ဖန်တီးဖြစ်ပေါ်စေခဲ့သည်။
“ဝိညာဉ် ဖျက်ဆီးခြင်း။”
ဟုန်ယွိသည် ကြီးမားသော ပင်လယ်မြွေကြီး ရေမျက်နှာပြင်ပေါ်သို့ ပေါ်ထွက်လာသည်ကို မြင်သောအခါ၊ ထပ်မံ၍ လေထဲသို့ ဖမ်းဆုပ်လိုက်သည်။
ဖျောက်။ သူ၏ မျက်လုံးများထဲတွင်၊ ကြီးမားသော မြွေအရိပ်ကြီးတစ်ခုသည် မြွေ၏ ခန္ဓာကိုယ်မှ ထွက်လာပြီး၊ ဟုန်ယွိ ဖမ်းယူထားသည့် ဝိညာဉ်ဝဲဂယက်ထဲသို့ စုပ်ယူခံလိုက်ရသည်။ တစ်ခဏတွင်၊ ၎င်းသည် အစိတ်အပိုင်းများအဖြစ် ဖျက်ဆီးခံလိုက်ရသည်။
ဘန်း….။
ပင်လယ်မြွေကြီး၏ ခန္ဓာကိုယ်သည် ရေမျက်နှာပြင်ပေါ်သို့ ပြန်လည်ပြုတ်ကျလာပြီး၊ အသက်ဓာတ်အားလုံး လုံးဝ ဆုံးရှုံးခဲ့ပြီ။ ၎င်းသည် ရေမျက်နှာ ပြင်ပေါ်တွင် မျှောနေပြီး အလောင်းတစ်ခု ဖြစ်သွားခဲ့သည်။
လှုပ်ရှားမှု တစ်ချက်တည်းဖြင့်၊ ဤမျှကြီးမားသော ပင်လယ်မြွေကြီး၏ ဝိညာဉ်သည် ထုတ်ယူ ဖျက်ဆီးခံလိုက်ရပြီး လုံးဝ ပျက်စီးသွားခဲ့သည်။ ဟုန်ယွိသည် ဤလျှို့ဝှက်ယင်ဝိညာဉ် သတ်ဖြတ်ခြင်းနှင့် စိတ်ဝိညာဉ်စုပ်ယူခြင်း နည်းလမ်း၏ ကြီးမားသော စွမ်းအားကို ခံစားနိုင်ခဲ့သည်။
“ဘယ်သူလဲ။”
ရုတ်တရက်၊ ဟုန်ယွိသည် လှည့်ကြည့်လိုက်ပြီး သူ၏ နားများက လှုပ်ခါသွားသည်။ သူသည် လက်ကို ထပ်မံမြှောက်ပြီး လေထဲသို့ ဖမ်းယူလိုက်သည်။
“အား။”
ရွှေရောင်အဝတ်အစား ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးသည် လေထဲတွင် ဖမ်းယူခံလိုက်ရသည်။ ၎င်းသည် ယင်ဝိညာဉ်တစ်ခုဖြစ်ပြီး၊ ဝိညာဉ်ဝဲဂယက်ထဲတွင် ပြင်းထန်စွာ လှည့်ပတ်ခံနေရကာ၊ တစ်ခဏအတွင်း ဖျက်ဆီးခံရတော့မည်။
“ရွှေပင့်ကူပဲ။” ဟုန်ယွိသည် သူ၏ အတွေးများကို ချက်ချင်း ရပ်တန့်လိုက်သည်။ ရွှေရောင်အမျိုးသမီးလည်း လှည့်ပတ်မှုကို ရပ်တန့်သွားပြီး၊ သူမ၏ ယင်ဝိညာဉ်သည် ပြိုကွဲလုမတတ် ဖြစ်နေသည်။ ဟုန်ယွိသည် ၎င်းကို မြင်သောအခါ၊ သူ၏စိတ်ဝိညာဉ်ကို လျင်မြန်စွာ ထုတ်လွှတ်ပြီး သူမ၏ ယင်ဝိညာဉ်ကို ကာကွယ်ပေးလိုက်သည်။ သူသည် သူမ၏ခန္ဓာကိုယ်ကို ဖြည်းဖြည်း ရှာဖွေပြီး သူမယင်ဝိညာဉ်ကို ခန္ဓာကိုယ်ထဲသို့ ပြန်လည် ထည့်သွင်းပေးလိုက်သည်။ ထို့နောက်၊ သူသည် အမိတ္တဘကျမ်းစာကို အသက်သွင်းပြီး ရွှေရောင်အတွေးတစ်ခုကို ထည့်သွင်းကာ သူမ၏ ဝိညာဉ်ကို ဖြည်းဖြည်း ပြုစုပျိုးထောင်ပေးသည်။
အချိန်အတော်လေး ကြာပြီးနောက်၊ ရွှေပင့်ကူသည် နိုးလာခဲ့သည်။ သူမက မျက်လုံးများကို ဖွင့်လိုက်ပြီး၊ သူမ၏ အစွယ်များကို ထုတ်ဖော်လိုက်သည်။ သူမက စူးရှသော အသံဖြင့် အော်ဟစ်လိုက်သည်၊ “ဟုန်ယွိ၊ နင် ငါ့ဝိညာဉ်ကို ဖျက်ဆီးဖို့ ကြိုးစားနေတာလား။”
“တောင်းပန်ပါတယ်။ တောင်းပန်ပါတယ်။ ငါက လျှို့ဝှက်ယင်ဝိညာဉ် သတ်ဖြတ်ခြင်းနဲ့ စိတ်ဝိညာဉ်စုပ်ယူခြင်း နည်းလမ်းကို လေ့ကျင့်နေတုန်းပဲလေ။ ငါက မင်းကို ရန်သူထင်ပြီး၊ သာမန်ကာလျှံကာ ဖမ်းဆုပ်လိုက်တာ မင်းရဲ့ ယင်ဝိညာဉ်ကို ထိခိုက်စေမိတယ်။ ဒါပေမယ့် ငါ နတ်ဘုရား စိတ်ဝိညာဉ် စွမ်းအားကို အသုံးပြုပြီး မင်းကို ပြန်လည်ကုသပေးခဲ့တယ်။ မင်းရဲ့ဝိညာဉ် မဖျက်ဆီးခံရသရွေ့၊ ဘယ်လောက်ပဲ ထိခိုက်ပျက်ဆီးမှု ကြီးမားနေပါစေ၊ ငါ ပြန်လည်ပြုပြင်ပေးနိုင်တယ်။” ဟုန်ယွိက ပြောရင်း၊ သူ၏ စိတ်ဝိညာဉ်သည် အားနည်းလာသည်ကို ခံစားရသည်။ သို့သော် သူသည် အတိတ်ကျမ်း ကို အသက်သွင်းလိုက်သည့်အခါ၊ တစ်ဖန် အားပြန်ပြည့်လာခဲ့သည်။
“သခင်ဒွမ်၊ ခင်ဗျား ဤလျှို့ဝှက်ယင်ဝိညာဉ် သတ်ဖြတ်ခြင်းနှင့် ဝိညာဉ်စုပ်ယူခြင်း နည်းလမ်းကို အသုံးပြုတဲ့အခါ, ပေါ့ပေါ့ဆဆ အသုံးမပြုရဲသ လို၊ စွမ်းအားကိုလည်း အပြည့်အဝ အသုံးမပြုနိုင်ဘူးဆိုတာ ခင်ဗျား မတွေးမိတာတော့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် ကျုပ်ကတော့ ဘာမှမဖြစ်ဘဲ အသုံးပြု နိုင်တယ်။ တကယ်လို့, ကျုပ်တို့ တိုက်ခိုက်ရမယ်ဆိုရင်၊ ခင်ဗျား ကျုပ်ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး။” ဟုန်ယွိသည် စိတ်ထဲတွင် တွေးတောလိုက် သည်။
တစ်ချိန်တည်းမှာပင်၊ လျှို့ဝှက်အခန်းတစ်ခုထဲတွင်၊ သခင်ဒွမ်သည် မျက်လုံးများကို ဖွင့်လိုက်ပြီး၊ သူ့မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်ထွက်လာသည်။ “မင်းက တကယ်ကို နုံအတဲ့လူတစ်ယောက်ပဲ။ မင်း ဘယ်လောက်ပဲ သက်ကြီးရွယ်အို ဟန်ဆောင်ထားပါစေ၊ မင်းက အခုမှ အသက်ဆယ့်ခြောက် ဆယ့်ခုနစ်နှစ်ပဲ ရှိပါသေးတယ်။ ဒီလျှို့ဝှက်ယင်ဝိညာဉ် သတ်ဖြတ်ခြင်းနည်းလမ်းက ရာစုနှစ်ပေါင်းများစွာ ကျော်ကြားခဲ့တဲ့ ယင်ဝိညာဉ် သတ်ဖြတ်ခြင်း လျှို့ဝှက်ကျမ်းတစ်စောင်ပဲ။ ဒီပညာရပ်က စိတ်ဝိညာဉ်စွမ်းအားကို များစွာကုန်ဆုံးစေပြီး၊ အားလုံးကို ဖျက်ဆီးပစ်ဖို့ စိတ်ဆန္ဒမရှိပါက၊ ယင်နတ်ဆိုးတွေကို ဖျက်ဆီးပျက်ဖို့ မဖြစ်နိုင်ဘူး။ သေချာတာက၊ တကယ်လို့, ငါ့မိသားစုတစ်ခုလုံး သတ်ဖြတ်မခံခဲ့ရပါက၊ ငါတောင် အဲဒီအဆင့်ကို ဖြတ်ကျော်နိုင်မှာ မဟုတ်သလို၊ အားလုံးကို ဖျက်ဆီးလိုတဲ့ စိတ်ဆန္ဒလည်း ရှိလာနိုင်မှာ မဟုတ်ဘူး။ တကယ်လို့, မင်းသာ ဒီနည်းလမ်းကို အတင်းကြပ် ကျင့်ကြံခဲ့ရင်၊ သေချာပေါက် ယင်နတ်ဆိုးတွေရဲ့ ဖိအားပေးခြင်း ခံရလိမ့်မယ်။ တိုင်ရှန်တာအိုဂိုဏ်းရဲ့ လျှို့ဝှက် တာအို ပညာရပ်ကို အသုံးပြုပြီး အတင်းဖိနှိပ်နိုင်ရင်တောင်၊ မင်းရဲ့ကျင့်စဉ်က တိုးတက်မူ မရှိဘဲ၊ ဆုတ်ယုတ်သွားလိမ့်မယ်။ ဒါပေမယ့် မင်းမှာ မျက်စိအမြင် တော်တော်ကောင်းတယ်။ ငါ ဒီပညာရပ်ကို အသုံးပြုတာ မြင်ရုံနဲ့၊ ဒီပညာရပ်က အလွန်မင်း အစွမ်းထက်တယ်ဆိုတာကို သိပြီး၊ ငါနဲ့ လဲလှယ်ချင်ခဲ့ တယ်….။”
“ဒီအနန္တတန်ခိုးရှင် ကောင်းကင်နဂါးဗောဓိသတ္တကျမ်းက တကယ့်ကို ကျင့်ကြံရခက်ခဲပြီး၊ နားလည်ရခက်တယ်။ ဒီကျမ်းကို အားကိုးပြီး တစ္ဆေ အင်မော်တယ်အဆင့်ကို ဖြတ်ကျော်ဖို့ဆိုရင်၊ အခွင့်အလမ်းတွေ လိုသေးတယ်လို့ ငါ ထင်တယ်။ ဒါပေမယ့် သူက ယွမ်ယန်ကောင်းကင်ပုလဲကို တကယ် ပိုင်ဆိုင်ထားတယ်။ တကယ်လို့, ငါသာ အဲဒီပုလဲကို ရယူနိုင်ရင်၊ ယွမ်ယန်ကောင်းကင်ပုလဲနဲ့အတူ ငါ အခုရထားတဲ့ နဂါးဆင်တံဆိပ်နဲ့ဆိုရင်၊ ဆယ်နှစ်အတွင်း သိုင်းသူတော်စင်အဆင့်ကို သေချာပေါက် ဖြတ်ကျော်နိုင်မယ်။ သိုင်းသူတော်စင် ဖြစ်လာရင်၊ ဒါက လုံးဝ ခြားနားသွားပြီ။”
သခင်ဒွမ်သည် စိတ်ထဲတွင် တိတ်တဆိတ် တွေးတောပြီး၊ သူ့မျက်နှာပေါ်ရှိ အပြုံးက ပိုမိုပီပြင်လာပါသည်။
…
“ကျင်းရွှမ်အာ၊ မင်း ငါ့ဆီကို ဘာလို့ ရောက်လာတာလဲ။ ငါ အခုနက ကျင့်ကြံမယ်လို့ မပြောခဲ့ဘူးလား။ မင်းကို အနီးကပ် စောင့်ကြည့်ပြီး တခြား လူတွေ ချဉ်းကပ်မလာအောင် တားဆီးထားဖို့ မပြောခဲ့ဘူးလား။”
ဟုန်ယွိသည် ရွှေပင့်ကူကို ကယ်တင်ပြီးနောက် မေးလိုက်သည်။
“အာယို့….။ ငါ ရုတ်တရက် သတိရသွားတာ။” ငါ့အဘိုးဆီက တစ်ခါကြားဖူးတယ်၊ လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာက လျှို့ဝှက်ယင်တာအိုဂိုဏ်းဆိုတဲ့ တာအိုဂိုဏ်းတစ်ခုရှိခဲ့ပြီး၊ နတ်ဆိုးလမ်းစဉ်ကို ကျင့်ကြံကြတယ်။ ဒီဂိုဏ်းက တော်တော်လေးကို ထူးဆန်းတယ်။ အဲဒီတာအိုပညာရပ်ရဲ့ စွမ်းအားက ကြီးမားပေမယ့်၊ တားမြစ်ချက်တွေ အရမ်းများပြီး၊ စိတ်ဝိညာဉ်ကို ထိခိုက်စေတယ်။ နောက်ပိုင်းမှာ လျှို့ဝှက်ယင်တာအိုဂိုဏ်းက ပျက်စီးသွားပြီး၊ တာအိုကျမ်းတွေလည်း ဖရိုဖရဲ ပြန့်ကျဲသွားခဲ့တယ်။ ငါ့အဘိုးက လျှို့ဝှက်ယင်ချီစုစည်းခြင်း ကျမ်းစာတစ်စောင်ကို ရခဲ့ဖူးပေမယ့်၊ သူ မကျင့်ကြံရဲခဲ့ဘူး။ နင် ဒီနည်းလမ်းကို မကျင့်ကြံတာ အကောင်းဆုံးပဲ။” ကျင်းရွှမ်အာက ပြောသည်။
“ငါ ယခုလေးတင် ဒီနည်းလမ်းကို အောင်မြင်စွာ ကျင့်ကြံခဲ့ပြီးပြီ။ သူ့ရဲ့စွမ်းအားက တကယ့်ကို ကြီးမားတယ်။ ဒါက စိတ်ဝိညာဉ်ကို ဖိနှိပ်တဲ့ မဟူရာနတ်ဆိုးကျီးကန်းအစီအရင်နဲ့ ယာကရှာနတ်ဆိုးဘုရင်တို့ထက် အများကြီး အစွမ်းထက်တယ်။ စိတ်ဝိညာဉ်ရဲ့ စွမ်းအားကို အမြင့်ဆုံးအထိ ထုတ်လွှတ်နိုင်တယ်။ ဒါပေမယ့် ငါက ဓမ္မဘုရင်တစ်သောင်းကျမ်းကို ကျင့်ကြံထားပြီး၊ ငါ့စိတ်ဝိညာဉ်က မပျက်စီးနိုင်ဘူး။ ဒီလျှို့ဝှက်ယင်ဝိညာဉ် သတ်ဖြတ်ခြင်းနဲ့ စိတ်ဝိညာဉ်စုပ်ယူခြင်း နည်းလမ်းတွေက ငါ့အတွက် သင့်တော်ပါတယ်။” ဟုန်ယွိက တိုးတိုးလေး ပြောလိုက်သည်၊ “ဒါပေမယ့် မင်း ဒီကိစ္စကို ဘယ်သူ့ကိုမှ မပြောပြရဘူးနော်။”
“သိပါပြီ၊ သိပါပြီ။” ရွှေပင့်ကူသည် ခုန်တက်လိုက်ပြီးနောက်၊ ရုတ်တရက် ကမ်းခြေပေါ်သို့ ရောက်လာသည့် ပင်လယ်မြွေကို မြင်လိုက်သည်၊ “ဖြူစက် ပင်လယ်မြွေလား။ ငါသိပြီ..။ ပင်လယ်ရေမိုင် ဒါဇင်ပေါင်းများစွာ အကွာဝေးအတွင်းမှာ ဒီလိုရက်စက်ကြမ်းတမ်းတဲ့ သတ္တဝါတစ်ကောင် ပုန်းအောင်း နေတယ်။ ဒီရက်တွေထဲ ငါ ဒီကောင်ကို ရှာဖွေနေတာ ကြာပြီ။ ဒါပေမယ့် ဖမ်းမမိခဲ့ဘူး။ ပင်လယ်ထဲမှာဆို ဒီကောင်က ငါ့ကို တစ်ချက်တည်းနဲ့ မျိုချနိုင်တယ်။ ဒီကောင် ဘယ်လို သေသွားတာလဲ။”
“လူအနည်းငယ်ကို ခေါ်ပြီး ဒီမြွေကို သယ်သွား။ ပြီးရင် အရေပြားကို ခွာယူ။ သားရေကို လှန်းပြီး ချပ်ဝတ်လုပ်ဖို့ ပြင်ဆင်လိုက်။ ဒါပေမယ့် ဒီမြွေရဲ့ အရေပြားက သေးငယ်တဲ့ ဝတ်စုံတစ်ထည်လောက်ပဲ လုပ်နိုင်မယ်။” ဟုန်ယွိက ထရပ်လိုက်သည်။
သူ့စိတ်နှလုံးထဲတွင်၊ ကျမ်းစာမှာသည့် “မိုးကောင်းကင်ရဲ့ နတ်ဆိုးငါးမျိုး၊ ဝိညာဉ်ရဲ့ ယင်ငါးမျိုး” ကို ဆက်လက် စဉ်းစားနေသည်။
“အမိတ္တဘသုတ္တန်မှာလည်း နတ်ဆိုးဘုရင် ငါးမျိုးရှိတယ်… တကယ်လို့, ငါသာ ယာကရှာနတ်ဆိုးဘုရင်, ရှက်ချာဆာနတ်ဆိုးဘုရင်, အသုရာနတ်ဆိုး ဘုရင်, ကင်းကောင်, မင်စီလာဘုရင်တို့ကို ပုံဖော်ပြီး၊ သူတို့ကို ဝိညာဉ်ဝဲဂယက်နဲ့ ဖောက်ခွဲဖျက်ဆီးပစ်မယ်ဆိုရင်၊ ဘယ်လောက်ထိ စွမ်းအားကို ထုတ်လွှတ်နိုင်မှာလဲ။”
ရုတ်တရက်၊ ဟုန်ယွိသည် ထူးဆန်းသော အတွေးတစ်ခု ရလိုက်သည်။
သို့သော်၊ သူသည် မကြာမီမှာပင် ထိုအတွေးကို ပယ်ဖျက်လိုက်သည်။ သူ၏ လက်ရှိစိတ်ဝိညာဉ် စွမ်းအားဖြင့်၊ မင်စီလာဘုရင်ကို မဆိုထားနှင့်, ကင်းကောင်ကိုပင် ပုံဖော်ရန်ပင် မဖြစ်နိုင်ပေ။
အခန်း (၁၅၅)။
“အင်း၊ သွေးငါးမန်းအစောင့် ၄၉ ဦးဟာ ထိပ်တန်းစစ်သည်တော်တွေ ဖြစ်ပြီး၊ သူတို့ထဲမှာ ရှင်တန်သိုင်းသခင်တစ်ဦး ပါဝင်တယ်။ ငါ သူတို့ကို အကြွင်းမဲ့ အမိန့်ပေးနိုင်စွမ်းရှိပြီး၊ ရန်သူကို သတ်ဖြတ်ချိန်မှာ သူတို့ရဲ့စွမ်းအားများကို ကြိုးတစ်ချောင်းအဖြစ် စုစည်းနိုင်တယ်။ လျှော်ကြိုးတစ်ချောင်း လို၊ သူတို့ရဲ့ အကြီးမားဆုံး စွမ်းအားကို စုစည်းနိုင်တယ်။ သိုင်းပညာရှင်တွေဟာ စစ်တပ်ရဲ့ လေ့ကျင့်ပုံ နည်းလမ်းတွေကို အသုံးပြုပြီး၊ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို စုစည်းကာ၊ သာမန်ကျင့်ကြံသူတွေထက် ဆယ်ဆပိုပြင်းထန်တဲ့ စွမ်းအားကို ထုတ်ဖော်ပြသနိုင်ကြ တယ်။”
ဟိုဘက်က ဝေလငါးသတ် အသေခံတပ်သားတွေကို ကြည့်လိုက်ပါ။ သူတို့ဟာ အစစ်မှန် ရှင်တန်သိုင်းသခင် အစောင့်တပ်သားတွေပဲ။ သူတို့နဲ့ယှဉ်ရင်၊ ငါ့အနီးက လူခြောက်ယောက်ဖြစ်တဲ့ မုကလေး၊ ထိုက်ဇူ၊ ချီဇီယန်၊ လီလဲ့၊ အကြီးအကဲရှန်နဲ့ ဝမ်ဖေးရန်၊ သူတို့ဟာ အင်အားကြီးမားပေမယ့် သဲတွေလို ပြန့်ကျဲနေတယ်။ သူတို့တစ်ဦးစီမှာ ပြင်းပြတဲ့ ကိုယ်ပိုင်စိတ်ကူးတွေ ပိုင်ဆိုင်ထားကြပြီး၊ တစ်ဦးချင်းပဲ လှုပ်ရှားကြတယ်။ တကယ်လို့, သူတို့သာ ရှုပ်ထွေးနေတဲ့ တိုက်ပွဲအတွင်း ပါဝင်တိုက်ခိုက်ရမယ်ဆိုရင်, သူတို့ရဲ့ အစစ်မှန် စွမ်းအားကို မပြသနိုင်ဘူး။”
ရေတပ်၏ ကြီးမားသော လေ့ကျင့်ရေး ကွင်းပေါ်တွင်၊ ဟုန်ယွိသည် ဓားနှင့် သံချပ်ကာကို ဝတ်ဆင်ထားပြီး၊ သံမဏိလူသားတစ်ဦးကဲ့သို့ ဖြစ်နေသည်။ သူသည် ရှေ့နောက် လမ်းလျှောက်ရင်း၊ သူ့လက်အောက် စစ်သည်များ၏ လေ့ကျင့်မှုကို ကြည့်ရှုစစ်ဆေးနေသည်။ တစ်ခါတစ်ရံတွင် သူသည် ကွင်းထဲသို့ ဆင်းသွားပြီး စစ်သည်များကို ကိုယ်တိုင် လမ်းညွှန်ပေးသည်။
စစ်သည်များနှင့်အတူ လေ့ကျင့်ခြင်း၊ ၎င်းတို့ကို လေ့ကျင့်ပေးခြင်းနှင့် စုစည်းခြင်းတို့သည် စစ်သည်များကို လေ့ကျင့်ရန် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။ လက်အောက်ငယ်သား စစ်သည်များနှင့် ရောရောနှောနှော နေလေ့မရှိသော စစ်ဗိုလ်ကြီးတစ်ဦးသည် ၎င်းတို့၏ စစ်သည်များကို ကိုယ့်လက်ကိုယ့်ခြေကဲ့သို့ စစ်မှန်စွာ အမိန့်ပေးနိုင်မည် မဟုတ်ပေ။
ဟုန်ယွိသည် စစ်နည်းဗျူဟာ ပညာရပ်ကို ရင်းနှီးကျွမ်းဝင်ပြီး၊ ဤအချက်ကို အလွန်ရှင်းလင်းစွာ နားလည်သဘောပေါက်ထားသည်။ အချို့ စစ်ဗိုလ်ကြီးများဆို စစ်သည်များကို လေ့ကျင့်ပေးနေချိန်မှာ သူတို့၏ လက်အောက်ခံ စစ်သည်များနှင့်အတူ စားသောက် အိပ်စက်ကြသည်။
မူလကတည်းက ဟုန်ယွိသည် ငယ်ရွယ်သေး၏။ သူသည် ရုတ်တရက် ဗိုလ်ကြီးရာထူးကို ထမ်းဆောင်ရပြီး၊ တပ်ရင်းငါးရင်း၊ စစ်သည် နှစ်ထောင့် ငါးရာကို အမိန့်ပေးရကာ၊ သင်္ဘောရာပေါင်းများစွာနှင့် မိုင်ရာပေါင်းများ ကျယ်ပြောသော ကမ်းရိုးတန်း ကာကွယ်ရေးလမ်းကြောင်းကို စီမံခန့်ခွဲရသည့် အခါ၊ ၎င်းကို လက်ခံနိုင်ရန် အနည်းငယ် ခက်ခဲသည်ဟု ခံစားရသည်။
သို့သော် ဤရက်များအတွင်း၊ ဟုန်ယွိသည် ကိုယ်တိုင် လေ့ကျင့်ရေးကွင်းထဲ ဆင်းကာ စစ်သည်များကို လေ့ကျင့်ပေးခဲ့သည်၊ စစ်သည်များရှေ့၌ပင် သူ့စွမ်းရည်ကို ပြသခဲ့သည်။ သူသည် သံမဏိသစ်သား မဟူရာအရိုးလေးကို ကိုင်ဆောင်ပြီး မြှားအစင်းငါးဆယ်ကို ဆက်တိုက် ပစ်ခတ်ခဲ့သည်၊ သူ၏ မျက်နှာက နီရဲနေခြင်းမရှိသလို အသက်ရှူသံကလည်း မောပန်းနွမ်းနယ်မူမျိုး မရှိပေ။ သူသည် လေ့ကျင့်ရေးကွင်းထဲရှိ ဂျင်သုံးရာမှ လေးရာ အထိရှိသော ကျောက်တုံးများကို လှည့်ပတ်ကစားခဲ့ပြီး၊ တစ်ချိန်တည်းမှာပင် သိုင်းပညာမြင့်မားသော တပ်ရင်းမှူး အနည်းငယ်ကို ပေါ့ပေါ့ပါးပါး ကန်ထုတ်ခဲ့သေးသည်။
သူသည် စကားအများကြီး ပြောနေရန် မလိုအပ်ပေ။ သူ့သိုင်းပညာနှင့် ရှင်တန်သိုင်းသခင်တစ်ဦး၏ စွမ်းအားကို ပြသခြင်းဖြင့်၊ စစ်တပ်ထဲရှိ ကျင့်ကြံသူများကို ချက်ချင်း ဖိနှိပ်နိုင်ခဲ့သည်။ စစ်တပ်ထဲတွင်၊ အင်အားကြီးမားသူများကိုသာ လေးစားကြသည်။ ကိုယ်ခံပညာ မြင့်မားသော စစ်ဗိုလ်တစ်ဦးသည် စည်းလုံးညီညွတ်မှုကို ဖန်တီးနိုင်ရုံသာမက၊ လူအများ၏ စိတ်နှလုံးကို ဖိနှိပ်ပြီး ငြိမ်းချမ်းစေသည့် အကျိုးသက်ရောက်မှုကိုလည်း ဖန်တီးပေးနိုင်ပါသည်။
အထူးသဖြင့်၊ သူ၏လက်အောက်ရှိ စစ်သည်ထောင်ပေါင်းများစွာသည် ဟုန်ယွိ ယမန်နေ့က ပင်လယ်ထဲတွင် ကိုယ်ခံပညာ လေ့ကျင့်ပြီး၊ ဖြူစက် ပင်လယ်မြွေကို ကိုယ်တိုင် သတ်ဖြတ်ခဲ့သည်ကို မြင်တွေ့ခဲ့ပြီး၊ မြွေသားဟင်းချိုကိုပင် စားသုံးခဲ့ရသည်ဟု ကြားသိရသောအခါ၊ ၎င်းတို့ အားလုံးသည် ဟုန်ယွိကို အလွန်အမင်း လေးစားခဲ့ကြသည်။
ဖြူစက်ပင်လယ်မြွေသည် ပင်လယ်၏ ဘုရင် ဖြစ်သည်။ ၎င်းသည် ငါးမန်းအုပ်စုကိုပင် ဂရုမစိုက်ပေ။ မကြာခဏ ကမ်းပေါ်သို့ တက်ရောက်လာပြီး လူနှင့် တိရစ္ဆာန်တွေကို စားသောက်တတ်သည်။ ဤပင်လယ်နယ်မြေတွင် ကင်းလှည့်စစ်သည်များသည် ၎င်းတို့၏ စစ်သင်္ဘောများ မကြာခဏ မှောက်ပြီး၊ စစ်သည်အနည်းငယ် မျိုချခံရသဖြင့် စစ်သည်များကြားတွင် ထိတ်လန့်မှု ဖြစ်ပေါ်စေသည်။ သို့သော် ဟုန်ယွိသည် လေ့ကျင့်ရင်း ၎င်းကို လွယ်ကူစွာ သတ်ဖြတ်ခဲ့သည်။
ထို့ပြင်၊ ဟုန်ယွိတွင် အစိမ်းရောင်တပ်ရင်းမှ လက်အောက်ခံ အဖွဲ့တစ်စု ရှိသည်။ ဧရာမဝေလငါးကျွန်းပေါ်တွင် ဓားပြများကို နှိမ်နင်းသည့် တိုက်ပွဲ ပြီးဆုံးပြီးနောက်၊ ၎င်းတို့သည် ဟုန်ယွိကို အလုံးစုံ သစ္စာခံလာကြသည်။
ဤလူစုသည် ထောင်ကျော်သော စစ်တပ်ထဲသို့ ဝင်ရောက်လာပြီး၊ ၎င်းတို့၏ သံချပ်ကာများ၊ လျှို့ဝှက်ဓားများ၊ ထိပ်တန်းမြှားနှင့် လှံများ၊ ရွှေဒင်္ဂါး ရာပေါင်းများစွာ တန်ဖိုးရှိသော စစ်သုံးပစ္စည်းများကို ပြသခဲ့သည်။ ၎င်းတို့သည် ဟုန်ယွိ၏ ကျေးဇူးတော် ဂုဏ်ပုဒ်များစွာကို ပြန်ပြောင်းပြောဆိုကြပြီး၊ အခြားတပ်ရင်း လေးရင်းရှိ စစ်သည်နှစ်ထောင်ကိုပင် မနာလိုဖြစ်စေခဲ့သည်။
ထို့အပြင်၊ ဟုန်ယွိသည် စစ်သည်များ၏ လစာကို မလျှော့ချခဲ့ပေ။ ယင်းအစား၊ သူသည် ငွေကို ရက်ရက်ရောရော ပေးအပ်ခဲ့သည်။ သူ၏ ရက်ရောမှုနှင့် ကရုဏာရှိသော ဂုဏ်သတင်းသည် စစ်တပ်တစ်ခုလုံးထဲတွင် ပြန့်နှံ့သွားပြီး၊ သူ၏ လက်အောက်ရှိ စစ်သည်များသည် အပြည့်အဝ ယုံကြည်လာကာ သူ့ကို မျှော်လင့်လာကြသည်။
သုံးရက်သာကြာသော အချိန်တိုအတွင်း၊ လေ့ကျင့်မှု အကြိမ်များစွာ ပြီးဆုံးပြီးနောက်၊ ဟုန်ယွိသည် စစ်သည်များ၏ နှလုံးသားများကို တဖြည်းဖြည်း စုစည်းလာနိုင်ပုံရသည်။
သူတို့သည် အစစ်မှန် လက်ရွေးစင် စစ်သည်များ, တိုက်ပွဲအတွေ့အကြုံ ကြွယ်ဝသော စစ်ဗိုလ်များနှင့် အလှမ်းဝေးကွာနေသေးသော်လည်း၊ ဟုန်ယွိသည် တဖြည်းဖြည်း စစ်ဗိုလ်ပုံစံ ပေါက်လာပါသည်။ သူသည် တပ်ထဲတွင် သြဇာအာဏာလည်း ရှိလာခဲ့သည်။ သူသည် လက်အောက် ငယ်သားများ၏ ယုံကြည်မှုကင်းမဲ့သည့် ကိုယ်ခံပညာ မြင့်မားပြီး ချမ်းသာ ကြွယ်ဝသော အခြားမင်းမျိုးမင်းနွယ်ဝင်များကဲ့သို့ မဟုတ်ပေ၊
“ဟုန်ယွိက ငယ်ရွယ်ပေမယ့်၊ စစ်သည်တွေကို လေ့ကျင့်တဲ့ နည်းလမ်းတွေကို သိထားတယ်။ သုံးရက်အတွင်း လူတွေရဲ့ စိတ်နှလုံးကို စုစည်းနိုင်ခဲ့ပြီး၊ ကရုဏာနဲ့ အာဏာနှစ်မျိုးစလုံးကို ဘယ်လို ကျင့်သုံးရမလဲဆိုတာ သိတယ်။ ငါ့ရဲ့ စိတ်ဝိညာဉ်စုပ်ယူခြင်း နည်းလမ်းနဲ့ပတ်သက်ပြီး သူ ဘယ်လို ဖြစ်နေပြီလဲ ငါ သိချင်မိသား။ သူ လုံးဝ မကျင့်ကြံခဲ့ဘူးလား။ ဘာလို့ ဒီလောက် တက်ကြွနေတာလဲ။”
သခင်ဒွမ်သည် ကွင်းထဲတွင် စစ်သည်များကို လေ့ကျင့်ပေးနေသော ဟုန်ယွိကို အဝေးတနေရာမှ အေးစက်စွာ ကြည့်ရှုနေသည်။
သခင်ဒွမ်သည် ဟုန်ယွိကို အာရုံစိုက်နေချိန်တွင်၊ ဟုန်ယွိသည်လည်း သခင်ဒွမ်၏ အင်အားကို တွက်ချက်နေသည်။
ယန်ကျန်းသည် သွေးငါးမန်းအစောင့် ၄၉ ဦးနှင့် သခင်ဒွမ်, ဝေလငါးသတ် အသေခံတပ်သားများကို စုစည်းထားသည်။ ၎င်းတို့သည် ဝေထိုင်ကန်၏လူများ ပြဿနာလာရှာမည်ကို စိုးရိမ်၍ သူ့ကို ကာကွယ်ရန်ဟု ဆိုသော်လည်း၊ တကယ်တမ်းတွင် ၎င်းသည် သူ့ကို စောင့်ကြည့်မှုတစ်မျိုး ဖြစ်သည်။
သွေးငါးမန်းအစောင့် ၄၉ ဦးသည် အထွက်အထိပ် သိုင်းသခင်များ ဖြစ်ပြီး၊ ၎င်းတို့၏ တပ်ဖွဲ့မှူးသည် ရှင်တန်သိုင်းသခင် ဖြစ်သည်။ ၎င်းသည် လျှော့တွက်မရနိုင်သော အင်အားတစ်ခုလည်း ဖြစ်ပါသည်။ ထို့ပြင်၊ ဝေလငါးသတ် အသေခံတပ်သား ကိုးဦးသည် အစစ်မှန် ရှင်တန်သိုင်းသခင် အဆင့်ရှိသူများ ဖြစ်ကြသည်။ ဤဝေလငါးသတ် အသေခံတပ်သား ကိုးဦးနှင့်ပင် ကြောက်မက်ဖွယ်အင်အားတစ်ခု ဖြစ်နေပါပြီ။ ဟုန်ယွိသည် သူ့လက်အောက်မှာ ပိုမိုအစွမ်းထက်သည့် ကျင့်ကြံသူများရှိသော်လည်း၊ ချီဇီယန်၊ လီလဲ့၊ သို့မဟုတ် အကြီးအကဲရှန်တို့ဖြစ်စေ၊ ၎င်းတို့အားလုံးသည် အလွန်အစွမ်းထက်သည့် တစ်ဦးချင်းဆိုင်ရာ အရည်ချင်းများရှိသော်လည်း အချင်းချင်း ပူးပေါင်း ဆောင်ရွက်ကြမည် မဟုတ်ပေ။
ဤဝေလငါးသတ် အသေခံတပ်သား ကိုးဦးသည် အကြိမ်ပေါင်းများစွာ အချင်းချင်း ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။ ၎င်းတို့ကိုးဦးသည် တစ်ဦးတည်းအဖြစ် လှုပ်ရှားနိုင်ကြပြီး၊ တိုက်ခိုက်ရာတွင်လည်း အချင်းချင်း ကာကွယ်ပေးကြသည်။ အကယ်၍ တကယ့်တိုက်ပွဲကြီး ဖြစ်ပွားပါက၊ ဤဝေလငါးသတ် အသေခံတပ်သား ကိုးဦးသည် ဟုန်ယွိ၏ လက်အောက်ရှိ ကျင့်ကြံသူခြောက်ဦးကို မရှုံးနိုင်လောက်ပေ။
ကျွမ်းကျင်သူများအတွက် အရေးကြီးဆုံးက ပူးပေါင်းဆောင်ရွက်မှု ဖြစ်သည်။ ၎င်းသည် သာမန်သိုင်းပညာရှင်များနှင့် စစ်တပ်ထဲရှိ အစစ်မှန် သိုင်းပညာရှင်များအကြား ကွာခြားချက်ဖြစ်သည်။
တစ်ဦးချင်း ထူးထူးခြားခြား အရည်ချင်းမရှိသော်လည်း အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်သော သိုင်းပညာရှင်များသည် ငယ်ရွယ်စဉ်ကတည်းက ပြုစုပျိုးထောင်ရန် လိုအပ်ပြီး၊ နောက်ဆုံးအချိန်ကျမှ ခေါ်ယူစုဆောင်း၍ မရနိုင်ပေ။ လက်ရှိတွင်၊ ဟုန်ယွိမှာ ထိုကဲ့သို့ အရင်းအနှီးနှင့် စုဆောင်းမှုမျိုး မစွမ်းနိုင်သေးပေ။ သူ၏ လက်ရှိ အင်အားများကို လွှမ်းမိုးနိုင်ရန်ပင် ကံတရားနှင့် နည်းလမ်းအမျိုးမျိုးကို အားကိုးရခဲ့ရပြီး၊ သူ့အတွက် မလွယ်ကူခဲ့ပေ။ အစစ်မှန် မင်းမျိုးမင်းနွယ်ဝင် မိသားစုများနှင့် ဗိုလ်ချုပ်ကြီးများ၏ အင်အားများကို ဆန့်ကျင်ရန် အဝေးကြီး လိုနေပါသေးသည်။
လီလဲ့, အကြီးအကဲရှန်နှင့် ဝမ်ဖေးရန်တို့ကဲ့သို့ သိုင်းပညာရှင်များ၏ သေခြင်းရှင်ခြင်းသည် သူ၏ လက်ထဲတွင် ရှိသော်လည်း၊ ၎င်းတို့သည် သိပ်ပြီး ယုံကြည်စိတ်ချ၍ မရနိုင်ပေ။ စစ်မှန်စွာ ယုံကြည်စိတ်ချရသူများသည် ငယ်ရွယ်စဉ်ကတည်းက သို့မဟုတ် မျိုးဆက်အနည်းငယ်အနေဖြင့် ပြုစုပျိုးထောင်ရန် လိုအပ်သည်။
သူ၏ အခြေခံအုတ်မြစ်သည် အလွန်အားနည်းနေသေးသည်။
သူသည် သတိထားရမည်။
ဟုန်ယွိသည် အဝေးမှ သခင်ဒွမ်၏ အကြည့်ကို ခံစားမိပြီး ထိုဘက်သို့ လှမ်းကြည့်လိုက်သည်။ သူတို့နှစ်ဦး၏ အကြည့်များသည် လေထဲတွင် တခဏမျှ ဆုံတွေ့ပြီးနောက် ပြန်လည် ရုတ်သိမ်းလိုက်ကြသည်။
...
ကျောက်စိမ်းမြို့တော်….။
ကျန်းယန်လမ်းမကြီး၏ အလယ်တွင် မင်းသား၊ မင်းမျိုးမင်းနွယ်များနှင့် မြင့်မြတ်သော မိသားစုများ စုဝေးနေထိုင်ရာ နက်ရှိုင်းသော လမ်းကြားတစ်ခု ရှိသည်။ ထိုနေရာတွင် အနီရောင်ဆေးသုတ်ထားသော တံခါးတစ်ခုနှင့် ကျောက်သားချီလင်ရုပ်ထုတစ်ခု ရှိသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤသည် မှာ အဆင့်မြင့် မင်းသားတစ်ပါး၏ စံအိမ်ဖြစ်ကြောင်း သိရှိနိုင်ပါသည်။
သို့သော် ဤစံအိမ်ကြီးကို ကျန်းယန်လမ်းမပေါ်မှ ဖြတ်သွားဖြတ်လာ လူများသည် နက်ရှိုင်းသော လမ်းကြား၏အဆုံးရှိ စံအိမ်တံခါးကို မြင်တွေ့ရ သည့်အခါ လူတိုင်းက ထူးဆန်းပြီး နားလည်မရနိုင်သော ခံစားချက်တစ်ခုကို ရရှိကြသည်။ စံအိမ်တံခါးနောက်ကွယ်တွင် တိုင်းတာ၍ မရသည့် သီးခြားကမ္ဘာတစ်ခု တည်ရှိနေသည့်အလား ခံစားရသည်။
အကြောင်းမှာ ဤစံအိမ်သည် မင်းသားဟီချင်၏စံအိမ် ဖြစ်သောကြောင့်ပင်။
ဧကရာဇ်နန်းတော်တွင် သူသည် အကြံအစည် အကောင်းဆုံးနှင့် ခန့်မှန်း၍မရနိုင်သော မင်းသားတစ်ပါး ဖြစ်သည်။ ထို့ပြင် ထီးနန်းအတွက် ဩဇာရှိဆုံး ပြိုင်ဘက်တစ်ဦးလည်း ဖြစ်သည်။
"ချန်ပီယံမြို့စားကို ပေးလိုက်တဲ့ လက်ဆောင်သေတ္တာ သုံးလုံးစလုံးကို မဖွင့်ဘဲ ပြန်ပို့လိုက်တယ်ပေါ့။ စာတစ်စောင်တောင် မပါဘူးလား။"
မင်းသားဟီချင်သည် သန့်စင်သော ရွှေစစ်စစ်ဖြင့် ပြုလုပ်ထားသော သရဖူတစ်ခုကို ဆောင်းထားပြီး၊ ၎င်းပေါ်တွင် ပုလဲကြီးများဖြင့် အလှဆင်ထား သည်။ သူ့မျက်နှာက အနည်းငယ် ဖျော့တော့တော့ အရောင်ရှိသော်လည်း၊ ထိုဖျော့တော့မှုသည် ပိန်လှီနေသည့် ရောဂါသည်တစ်ဦး၏ အရောင်မျိုး မဟုတ်ပေ။ ယင်းအစား သူ့မျက်နှာပေါ်တွင် ရွှေရောင်အလွှာပါးပါးတစ်ခု ဖုံးလွှမ်းထားသည့်နှယ် ထင်ရသည်။
သူသည် အလွန်ငယ်ရွယ်သူဖြစ်ပြီး အသက်နှစ်ဆယ်ကျော်သာ ရှိသေးသည်။ သို့သော် သူသည် ပြဒါးဝတ်ရုံနှင့် ရွှေစစ်စစ် သရဖူကို ဆောင်းထားသဖြင့် အလွန်တရာ ကြီးမြတ်ပုံပေါ်သည်။ သို့သော် သူ၏မျက်နှာသည် အနည်းငယ် ဝိုင်းစက်နေပြီး၊ ပြုံးလိုက်သည့်အခါ နွေဦးလေညင်းသဖွယ် နူးညံ့ပြီး ခင်မင်ဖွယ်ရာ ကောင်းပုံပေါ်သည်။
အုပ်ချုပ်ရေး အသိုင်းအဝိုင်းတွင် မင်းသားဟီချင်သည် “ကရုဏာဘုရင်” ဟူ၍ သူ့ပင်ကိုယ်စရိုက်နှင့် ပတ်သက်ပြီး တိတ်တဆိတ် ကျယ်ပြန့်စွာ ပြောဆိုကြသည်။
ဤအချိန်တွင် မင်းသားဟီချင်သည် ပလ္လင်ပေါ်တွင် ဖြောင့်မတ်စွာ ထိုင်နေပြီး၊ ခန်းမထဲရှိ လက်ဆောင်သေတ္တာ သုံးလုံးကို ကြည့်နေသည်။
ထိုသေတ္တာသုံးလုံးကို တစ်လုံးပြီးတစ်လုံး ဖွင့်ကြည့်လိုက်သည်။ သေတ္တာအတွင်းမှာ ငွေငါးမန်းသားရေဖြင့် ပြုလုပ်ထားသော ဆေဘာတစ်လက်ရှိပြီး၊ ၎င်းပေါ်တွင် ကျောက်မျက်ရတနာများနှင့် မှော်သင်္ကေတများ ထွင်းထားသည်။ ၎င်းသည် ရိုးရှင်းမှု မဆုံးရှုံးဘဲ ခမ်းနားလှသည်။ တစ်ချက်ကြည့်လိုက် ရုံဖြင့် ၎င်းသည် နတ်လက်နက်တစ်ခု ဖြစ်ကြောင်း ပြောနိုင်သည်။
ထို့ပြင် လူသားအရိုးများဖြင့် ပြုလုပ်ထားပုံရသော အဖြူရောင်လေးတစ်ချောင်းရှိပြီး၊ ၎င်းပေါ်တွင် အနက်ရောင်ချည်များဖြင့် ရစ်ပတ်ထားသည်။
ထို့အပြင် မှိန်ဖျော့ဖျော့ ရွှေရောင်အလင်းများ တောက်ပနေသော ကာဇယာဝတ်ရုံတစ်ထည်လည်း ရှိသည်။
ထို့ပြင် ရတနာများ၊ ကျောက်စိမ်းပစ္စည်းများ၊ ဓားရှည်များစသည်ဖြင့် ရှိသေးသည်။ ၎င်းတို့အားလုံးသည် ရတနာအလင်းရောင်ဖြင့် တောက်ပနေ သည်။ ပစ္စည်းကောင်းများကို မသိသူပင်လျှင် တစ်ချက်ကြည့်ရုံဖြင့် ၎င်းတို့သည် တန်ဖိုးမဖြတ်နိုင်သော ရတနာများ ဖြစ်ကြောင်း သိရှိနိုင်သည်။
"ချန်ပီယံမြို့စားက ဒီလောက် စိတ်သဘောထား ဆိုးဝါးသူလား။ မင်းသားပို့လိုက်တဲ့ ပစ္စည်းတွေကို ပြန်ပို့လိုက်တဲ့အပြင် စာတစ်စောင်တောင် မပြန်ဘူးလား။ သူ တကယ်ကို အတွေ့မရှိသေးတဲ့ ကောင်စုတ်လေးတစ်ယောက်ပဲ။"
မင်းသားဟီချင်ဘေးရှိ မိန်းမစိုးတစ်ဦးက ဦးညွှတ်ပြီး အေးစက်သော အသံဖြင့် ပြောသည်။
"သူက စစ်တပ်ထဲမှာ နံပါတ်တစ် ချန်ပီယံမြို့စားဖြစ်ပြီး၊ တိုင်းတပါးမှာတောင် မိုင်ပေါင်းရာချီ လွှမ်းမိုးထားနိုင်တယ်။" မင်းသားဟီချင်က ခေါင်းယမ်း လိုက်သည်။ "အရင်မင်းဆက်တွေကတည်းက ချန်ပီယံမြို့စားဆိုတဲ့ ဘွဲ့ထူးကို သူတို့ရဲ့ ရဲရင့်မှုနဲ့ အားမာန်အတွက် လူငယ်စစ်ဗိုလ်ချုပ်တွေကို ပေးခဲ့ တယ်။ ငါတို့မင်းဆက်ရဲ့ ခြောက်ဆယ်နှစ်အတွင်း သူတစ်ယောက်တည်းပဲ ဒီဘွဲ့ကို ရရှိခဲ့တယ်။ သူက အသက်ဆယ့်ခုနစ်နှစ်တောင် မပြည့်သေး ပေမယ့် လူပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီးပြီ။ သူ့ရဲ့ကိုယ်ခံပညာဟာ နားမလည်နိုင်လောက် ဆန်းကြယ်တယ်။ သူက အတွေ့မကြွယ်ဝတဲ့ လူငယ်လေးတစ်ယောက် မဟုတ်ဘူး။ သူ ဒီပစ္စည်းတွေကို ပြန်ပို့လိုက်တာက ထီးနန်းအတွက် ယှဉ်ပြိုင်မှုထဲမှာ မပါဝင်ချင်လို့ပဲ။ သူ့မှာ နယ်စပ်မှာ သူ့ကိုယ်ပိုင် စစ်တပ်ရှိတယ်။ ဘယ်သူပဲ ထီးနန်းရယူရယူ၊ နယ်စပ်ကို စောင့်ရှောက်ဖို့ သူ့ကို အားကိုးရမှာပဲ။"
"မင်းသား မှန်ပါတယ်။ ချန်ပီယံမြို့စားက ငယ်ရွယ်ပေမယ့် သူ့ကို ဆွဲဆောင်ဖို့ဆိုတာ မလွယ်ဘူး။ သူ့အပေါ် အချိန်ဖြုန်းမယ့်အစား မင်းသားရှန်ဝေကို ဆွဲဆောင်ဖို့ နည်းလမ်းတွေ စဉ်းစားတာ ပိုကောင်းပါတယ်။"
ထိုအချိန်တွင် ပညာရှင်တစ်ဦးသည် ကျောက်စိမ်းပုလွေတစ်ချောင်းကို ကိုင်ဆောင်ထားရင်း၊ ကွန်ဖြူးရှပ်ပညာရှင်ဝတ်စုံကို ဝတ်ဆင်ထားပြီး၊ ခါးတွင် ကျောက်စိမ်းရောင်ခါးပတ်တစ်ခုကို ပတ်ထားကာ၊ ကြော့ရှင်းသပ်ရပ်သော အသွင်ဖြင့် ဝင်ရောက်လာပါသည်။
"သခင်ကျိုး…၊ ဒီနေ့ ပန်းကြဲပြည့်တန်ဆာရုံမှာ သခင်မဆုမူကို တွေ့ခဲ့ရဲလား။ မင်းက သူမကို မေ့မရဖြစ်နေပြီး၊ သူမနဲ့အတူ ကဗျာတွေအကြောင်း ဆွေးနွေးခဲ့ပေမယ့် သူမကို ဖိတ်ကြားလို့ မရဘူးလို့ ပြောခဲ့တယ်နော်။" မင်းသားဟီချင်က ဝင်လာသော ပညာရှင်ကို ကြည့်ပြီး ပြုံးလျက်ပြောသည်။
ဤပညာရှင်သည် ကျောက်စိမ်းမြို့တော်ရှိ ထိပ်တန်းသခင်သုံးဦးထဲမှ တစ်ဦးဖြစ်သော သခင်ကျိုး ဖြစ်သည်။ ကျောက်စိမ်းပုလွေကို ကိုင်ဆောင်ထား ပြီး၊ ချောမောခန့်ညားပုံ ပေါ်နေသည့်အတွက် မည်သူမဆို သူ့ကို ပါရမီရှင် ချောမောခန့်ညားသော ပညာရှင်တစ်ဦးဟု ထင်မှတ်ကြလိမ့်မည်။ သူသည် မင်းသားဟီချင်စံအိမ်၏ နံပါတ်တစ် ဗျူဟာသခင်ဖြစ်ပြီး၊ လျှို့ဝှက်ဆန်းကြယ်သည့် ကျွမ်းကျင်သူတစ်ဦးဖြစ်ကြောင်း မည်သူမှ တွေးထင်ကြမည် မဟုတ်ပေ။
"သခင်မဆုမူက ထူးခြားတဲ့ အဆင့်တန်းရှိသူပါ။ မင်းသားကိုယ်တိုင်တောင် သူမကို ဖိတ်ကြားလို့မရဘူးဆိုမှတော့ ကျွန်တော်က ဘယ်လိုလုပ်ပြီး သူမကို တွေ့နိုင်မှာလဲ။" သခင်ကျိုးက ကျောက်စိမ်းပုလွေကို ကစားရင်း ပြောသည်။ "ဒီဆုမူက သူမရဲ့ ပွဲဦးထွက်အဖြစ် မြို့စားဝူဝမ် ဟုန်ရွှန်ကျိနဲ့ တိတ်တဆိတ် တွေ့ဆုံခဲ့တယ်လို့ ကြားတယ်။ သူမက တခြားမင်းသားတွေ၊ မင်းမျိုးမင်းနွယ်တွေနဲ့ ဝန်ကြီးတွေကို လုံးဝ ဂရုမစိုက်ဘူး။"
"မြို့စားဝူဝမ်က အခုထိ မိန်းမတွေနဲ့ ရှုပ်ရှုပ်ယှက်ယှက် လုပ်နေတုန်းပဲ။ ယောင်ချီဂိုဏ်းရဲ့ အကြီးအကဲ ယောင်ချင်းဟွေနဲ့တောင် သူနဲ့ ကံစပ်ခဲ့ဖူးတယ် တဲ့။" မင်းသားဟီချင်၏မျက်ခွံက ပွင့်လာပြီး၊ ရွှေရောင်အလင်းတစ်ခု ဖြတ်သန်းသွားခဲ့သည်။ "နှမြောစရာကောင်းတာက သူက အိမ်ရှေ့စံမင်းသားရဲ့ လူ ဖြစ်နေတယ်။ မဟုတ်ရင် သူ့ရဲ့ထောက်ခံမှုနဲ့ဆို, ငါ ထီးနန်းကို အလွယ်တကူ ရယူနိုင်မှာပဲ။ ငါ ကြားလိုက်ပါသေးတယ်၊ စတုတ္ထအစ်ကိုက မကြာသေးခင်က ပစိဖိတ်ရေတပ်ရဲ့ ဗိုလ်ချုပ်ကြီးယန်ကျန်းနဲ့ ဆက်သွယ်နေတယ်တဲ့။ စတုတ္ထအစ်ကိုလည်း တပ်တွေ လက်ထဲရှိမှ အကြောင်းပြချက် တွေနဲ့ ရှင်းပြစရာ မလိုဘူးဆိုတာ သိသွားပြီ ထင်တယ်။"
"ယန်ကျန်းက ဘာမှ မဟုတ်ပါဘူး။ ခေါင်းနဲ့အမြီးသာသာပါပဲ။ ထူးချွန်တဲ့ အရည်အချင်းရော ဗျူဟာပါ သူ့မှာ မရှိဘူး။ ဧကရာဇ်က သူ့ကို မြို့စားဘွဲ့ ပေးဖို့ ဝန်လေးနေတာ။ တကယ်လို့, သူသာ အသုံးဝင်ရင် လွန်ခဲ့တဲ့ ကာလတွေထဲက ကျင်းဟိုင်မြို့စားဆိုတဲ့ ဘွဲ့ကို ရယူထားလောက်ပြီ။ ချန်ပီယံ မြို့စားနဲ့ ယှဉ်ရင် ယန်ကျန်းက သေးသေးလေးပဲ၊ ဖော်ပြဖို့တောင် မထိုက်တန်ဘူး။"
သခင်ကျိုးက သဘာဝကျကျ ပြုံးလိုက်သည်။ "တပ်တွေ လက်ထဲရှိမှ အကြောင်းပြချက်တွေနဲ့ ရှင်းပြဖို့မလိုဘူးဆိုတာ မင်းသားက ရှင်းရှင်း လင်းလင်း မြင်တယ်။ တပ်တွေ လက်ထဲရှိတဲ့ လူတွေထဲမှာ ပထမက မင်းသားရှန်ဝေ၊ ဒုတိယက ချန်ပီယံမြို့စားပဲ။ ဒါပေမယ့် ဟုန်ရွှန်ကျိဟာ လက်ထဲမှာ တပ်တွေ မရှိပေမယ့် သူ့ရဲ့စစ်တပ်ထဲမှာ ဂုဏ်သတင်းက အရမ်းမြင့်မားပြီး အခြေအနေကို ထိန်းချုပ်နိုင်တယ်။ ဒါပေမယ့် အရှင်မင်းသား၊ သင် မှားနေတယ်။ ဟုန်ရွှန်ကျိက အိမ်ရှေ့စံမင်းသားရဲ့လူ မဟုတ်ဘူး။ သူက ဧကရာဇ်ရဲ့လူပဲ။ သူက သူတော်စင်နဲ့ သစ္စာရှိတဲ့ လက်အောက်ခံ တစ်ဦး ဖြစ်ချင်တဲ့ ကွန်ဖြူးရှပ်ပညာရှင်တစ်ဦးပဲ။ သူက အိမ်ရှေ့စံမင်းသားရဲ့ စကားကို ဘာလို့ နားထောင်မှာလဲ။ အပေါ်ယံမှာတော့ သူက အိမ်ရှေ့စံ မင်းသားရဲ့ လူလို့ ထင်ရပေမယ့်၊ တကယ်လို့ သူသာ မရှိဘူးဆိုရင် အိမ်ရှေ့စံမင်းသားက လှုပ်ရှားမှုတွေ လုပ်ဆောင်နေလောက်ပြီ။"
"ဒါကို ငါ နားလည်ပါတယ်။ ဟုန်ရွှန်ကျိကို ဘယ်သူမှ ဆွဲဆောင်လို့မရဘူး။" မင်းသားဟီချင်က ပြုံးလျက်ပြောသည်။
မင်းသားဟီချင်က ဆက်ပြောသည်။ "မင်းသားရှန်ဝေက ငါ့ဧကရာဇ်ဦးရီးတော်ပဲ။ ဘယ်သူပဲ ထီးနန်းရယူရယူ၊ သူ့ရဲ့ရာထူးက တည်ငြိမ်နေမှာပဲ။ ဒီအရှုပ်ထွေးထဲမှာ သူ ဘယ်တော့မှ ဝင်ပါမှာ မဟုတ်ဘူး။ ငါ သူ့ကို ဘာမှ မတတ်နိုင်ဘူး။ အခုအချိန်မှာ ချန်ပီယံမြို့စားကိုပဲ ဆွဲဆောင်နိုင်မယ်။ သူက ဒီလက်ဆောင် သေတ္တာသုံးလုံးကို ပြန်ပို့လိုက်ပြီးပြီ။ ဒါပေမယ့် ငါ့ဆီ ဟွာနွန်ယင်နဲ့ ဟွာနွန်းယွီတို့ကို ခေါ်ဆောင်လာတဲ့အခါ၊ သူမတို့ကို သူ့ဆီ လက်ဆောင်အနေနဲ့ ပို့ပေးလိုက်မယ်။ သူ လက်ခံမလားဆိုတာ ကြည့်ရအောင်။”