← Chapters

ရှေးဟောင်းနတ်ဘုရား၏တီးတိုးသံ

Vol. 6 Ch. 51

ရှေးဟောင်းနတ်ဘုရား၏တီးတိုးသံ

Vol. 6 Ch. 51

ထိုအချိန်တွင်...

လူတစ်စုသည် တောအုပ်ထဲတွင် အပြင်းအထန် လှုပ်ရှားနေကြသည်။

"ဝတ်ရုံနက်နဲ့ကောင်တွေက သောက်ခြောက်တွေလိုအသိဉာဏ်နည်းတဲ့လူတွေပဲ။ သူတို့ရထားတဲ့ သတင်းက လုံးဝ မပြည့်စုံဘူး။ ဓားကိုပဲ ဟန်ပြလွှဲယမ်းတတ်တဲ့သောက်ခြောက်တွေ"

"ဟုတ်တယ်၊ ငါတို့ အခု သိထားတာတွေအရဆိုရင် မကြာခင် ဆင်းသက်လာမယ့် သတ္တဝါကို သေချာပေါက် ရှာနိုင်လိမ့်မယ်။ ဒါပေမဲ့ အဲဒါက အဲဒီအရာရဲ့ မပြည့်စုံတဲ့ အစိတ်အပိုင်းပဲ ဖြစ်မယ်။ မပြည့်စုံရင်တောင် အရမ်းကြောက်မက်ဖွယ်ကောင်းနေတုန်းပဲ။ ငါတို့က တည်နေရာကို ခန့်မှန်းရုံပဲ လုပ်ရမှာ။ နတ်ဆိုးကို ဖမ်းမယ့် အရှင်သခင် လာတော့မယ်"

ထိုအချိန်တွင် ခန္ဓာကိုယ် တောင့်တင်းသန်မာသော မြူခိုးနေထိုင်သူအုပ်စုသည် တောထဲတွင် သွားလာနေကြပြီး သူတို့၏လက်ထဲတွင် ဆံပင်တစ်ချောင်းကို ကိုင်ထားသလိုပင်။

ထိုဆံပင်သည် အလွန် ထူးဆန်းသည်။

မည်းနက်ပြီး တောက်ပနေလေ၏။

ဆံချည်မျှင်လေးဖြစ်သော်လည်း သေသေချာချာ ကြည့်လျှင် အသက်ရှင်နေသကဲ့သို့ ဖြစ်ပြီး အမျှင်များစွာပါဝင်သော အမွှေးနုလေးများ အဆက်မပြတ် လှုပ်ရှားနေပါသည်။

ထိုဆံပင်သည် ဦးတည်ရာတစ်ခုကို အဆက်မပြတ် ပြောင်းလဲနေပြီး သူတို့သည်လည်း ဆံပင်ညွှန်ပြရာသို့ တောထဲတွင် ဆက်လက် သွားလာနေကြသည်။

"တွေ့ပြီ"

သူတို့ ပြုံးလိုက်ကြသည်။

ဆံပင်သည် လေထဲတွင် ဖြည်းညှင်းစွာ ထောက်မတ်ကာရပ်နေသည်။

တဖြည်းဖြည်းနှင့် ပတ်ဝန်းကျင်ရှိ အနက်ရောင်မြူခိုးများ ဆူပွက်လာသည်။

ထိုအချိန်မှာပင် အနီရောင်အလင်းများသည် အရပ်လေးမျက်နှာမှ စီးဆင်းလာသည်။

တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခု ထွက်ပေါ်လာလေသည်။

ထိုနေရာရှိ မြူခိုးနေထိုင်သူ လေးဦးစလုံး၏ မျက်နှာများပြောင်းလဲသွားပြီး ကြောက်ရွံ့တုန်လှုပ်နေကြသည်။

အလွန် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ပင်။

ရှေးကျပြီးနက်နဲကာ အလွန်အင်အားကြီးကာ အေးစက်နေလေ၏။

သူတို့ကို ရေခဲတွင်းထဲ ပြုတ်ကျသွားစေသလိုပင်။

"အရမ်း ကြောက်စရာကောင်းတယ်"

"ဒါ ဘာသောက်ကျိုးနဲကြီးလဲ။မစ်ရှင်စာရင်းထဲမှာ မရှင်းမလင်းပဲ ဖော်ပြထားတာ။ ဒီဆံချည်မျှင်မွှေး ဆွဲဆောင်လာတဲ့ အရာကဘာကြီးလဲ။ အရှင်သခင် ရောက်လာပြီလား"

တစ်ခဏအတွင်း ကောင်းကင်နှင့်မြေပြင် မှောင်မိုက်သွားပြီး သူတို့မြင်ရသော မြူခိုးအားလုံး တစ်ချိန်တည်းမှာပင် ပေါက်ကွဲဆူပွက်သွားသည်။

ထိုခမ်းနားပြီး ကြီးမားသောအရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တွင် နားလည်ရခက်သော ဘာသာစကားများ ထွက်ပေါ်လာသည်။

ရှေးဟောင်းနတ်ဘုရား၏တီးတိုးစကားသံ ကဲ့သို့ပင် သူတို့၏ခေါင်းများကို မူးဝေကာ ပြင်းထန်စွာကိုက်ခဲလာစေသည်။

မြူခိုးများ ဖုံးလွှမ်းနေသောကြောင့် မသဲမကွဲသာလျှင် မြင်နေရသည်။

သူတို့အမြင်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်တစ်ခုဖြည်းညှင်းစွာ ဆင်းသက်လာသလိုပင်။

ရှေးကျသလို အလွန်ကြီးမားပြီး အလင်းနှင့် အရိပ်များ ဖုံးအုပ်ထားသဖြင့် မြင့်မြတ်ကာခန့်ညားဟန်ရနေသည်။

သူ ရပ်နေသောနေရာသည် အချိန်နှင့် တည်နေရာကို ဝါးမြိုနေသကဲ့သို့ ဖြစ်ပြီး အလင်းရောင်များ ပျောက်ကွယ်သွားကာ ဟင်းလင်းပြင်များ လိမ်ယှက်သွားလေ၏။

ထိုအရာသည် ဆံချည်မျှင်မွှေးဖြင့် ဆွဲဆောင်ခံရပြီး ဆင်းသက်လာခြင်း ဖြစ်သည်။

ထိုအရာသည် သက်ရှိအားလုံး ဒူးထောက် ကိုးကွယ်စေနိုင်သလိုပင်။

ကောင်းကင်နှင့်မြေပြင်ကြားတွင် ပြင်းထန်သော ဖိအားသည် ပေါက်ကွဲလာပြီးအရာအားလုံးကို ဖိချေဖျက်ဆီးပစ်သည်။

"စိတ်ကိုငြိမ်အောင်ထားပြီး အားရုံစုစည်းထား"

ရုတ်တရက်...

လေထဲမှမိုးခြိမ်းသံကဲ့သို့သော ကျယ်လောင်သောအသံသည် ထွက်ပေါ်လာပြီး ထိုနေရာရှိ မြူခိုးနေထိုင်သူလေးဦးစလုံးကို ရေအေးဖြင့် လောင်းချခံရသကဲ့သို့ သတိဝင်လာစေသည်။

"အရှင်သခင် ရောက်လာပြီ"

လူလေးယောက်စလုံး အလွန် ဝမ်းသာသွားကြသည်။

သို့သော် ဤအချိန်တွင် သူတို့သည် ပတ်ဝန်းကျင် အခြေအနေကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရပြီး ချက်ချင်းပင် ချွေးစေးများကျလာကာ မျက်နှာများ ဖြူဖျော့သွားသည်။

ပတ်ဝန်းကျင်တွင် လူအရိပ် လုံးဝ မရှိပေ။

အနီရောင်အလင်းများသည် နေရာအနှံ့အပြားမှ လေးမျက်နှာကို ဖုံးလွှမ်းနေလေ၏။

သူတို့သည် အနီရောင်အလင်း၏အလယ်တွင် ရှိနေကြသည်။

အနီရောင်အလင်းများသည် ထူးဆန်းစွာ ကွေ့ကောက်ယှက်နွယ်နေသော မျဥ်းကြောင်းများကဲ့သို့ ဖြစ်ပြီးကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခု ဆင်းသက်လာခြင်း ဖြစ်သည်။

ထိုခမ်းနားသော အရှိန်အဝါသည် သူတို့၏ အသိစိတ်ကိုပြင်းထန်စွာ ထိခိုက်ခဲ့ပြီး ထိုခေါင်းဆောင်က သူတို့ကို မနှိုးခဲ့လျှင် သူတို့၏ အသိစိတ်များ ပျက်စီးသွားနိုင်သည်။

အရမ်း ကြောက်စရာကောင်းတယ်

ဤအချိန်တွင် ခမ်းနားထည်ဝါသော အရှိန်အဝါကို ခံစားရင်း ဤအရာကဘာကြီးလဲဟု တွေးလိုက်မိကြသည်။

ထိုအချိန်တွင် ပုံရိပ်တစ်ခုသည် ခြေလှမ်းကျဲများဖြင့် ရောက်ရှိလာသည်။

သူ၏မျက်လုံးများတွင် လေးနက်မှုများ ပြည့်နှက်နေလေ၏။

ရုတ်တရက် သူ၏မျက်လုံးများတွင် အလွန် ထိတ်လန့်သွားသော အမူအရာထွက်ပေါ်လာသည်။

"ဘာဖြစ်တာလဲ။ဒီအငွေ့အသက်က အနက်ရောင်ဘုရင်အဆင့် နတ်ဆိုး မဟုတ်ဘူးလား"

နတ်ဆိုးများကို ထိုအဆင့်များအတိုင်းခွဲခြားထားသည် - အနီရောင်အဆင့်၊ အနက်ရောင်အဆင့်၊ အနက်ရောင်ဘုရင်အဆင့်။

အစတွင် သူတို့သည် မစ်ရှင်သတင်းအချက်အလက်ကြောင့် ရောက်လာခြင်းဖြစ်သည်။

အမှောင်မြူခိုးထဲမှ ဧရာမဖြစ်တည်မှုတစ်ဦးက ဤနေရာတွင် အနက်ရောင်ဘုရင်အဆင့် စွမ်းအင်နှင့် ဆင်တူသော အရာတစ်ခု ပေါ်လာနိုင်သည်ဟု ခန့်မှန်းခဲ့သည်။

၎င်း၏ပုံသဏ္ဍာန်ကို ကြည့်ခြင်းအားဖြင့် နတ်ဆိုး၏ ကလေးအရွယ်အခြေအနေဖြစ်နိုင်ပြီး ထိုနတ်ဆိုးမျိုးကို မြူခိုးနေထိုင်သူများ အသုံးပြုနိုင်သည်ဟု သိရသည်။

၎င်းသည် အစွမ်းထက်သောဖြစ်တည်မှုတစ်ခုကို ဖန်တီးပေးနိုင်သည်။

သို့သော်...

ထိုအရာ ဤနေရာသို့ ရောက်မှသိလိုက်ရသည်မှာ ထိုအဆင့်ဆိုမှာ...

သူတို့၏အရိုးများအထိ တုန်ယင်နေခြင်းခံစားစေသောအရာသည် အနက်ရောင်ဘုရင်အဆင့် နတ်ဆိုး အဆင့်မကကြောင်းသေချာလေ၏။

ထိုအရာသည် မည်သို့သော ကြောက်မက်ဖွယ်နတ်ဆိုးမျိုးဖြစ်သနည်း။

ထန်..

သူ၏လက်ထဲတွင် ဘုံကျောင်းကဲ့သို့သော ရွှေရောင်လှောင်အိမ်တစ်ခု ရှိသည်။

ယခုအခါ ၎င်းသည် စတင် ကွဲအက်လာသည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေသည်။

"မကောင်းတော့ဘူး မြန်မြန်ဆုတ်ခွာ သတင်းမှားယွင်းနေတယ်"

ထိုသူ၏မျက်နှာသည် အကြီးအကျယ် ပြောင်းလဲသွားသည်။

ဒုန်း

ဒုန်း

ဒုန်း

ပတ်ဝန်းကျင်ရှိ အနက်ရောင်မြူခိုးများ ဆက်တိုက် ပေါက်ကွဲထွက်လာပြီး အနီရောင်အလင်းများသည် မျက်စိကျိန်းဖွယ်အလိပင်။

အရာဝတ္ထုသဖွယ်ခိုင်ခံ့ကာ ပုံမမှန်သော မျဉ်းကြောင်းများသည် တစ်ခုနှင့်တစ်ခုပေါင်းစပ်လျက်ဖြင့် ဆက်တိုက် စုစည်းလာခဲ့သည်။

မျက်စိတစ်မှိတ်အတွင်း ဤနေရာအား လုံးဝပိတ်မိလှောင်သွားပြီး လှောင်အိမ်ကဲ့သို့ ဖြစ်သွားလေသည်။

ပြင်းထန်သောအရှိန်အဝါသည် ဆက်လျက်တိုးလာခဲ့လေသည်။

သူတို့သည် မျဉ်းကြောင်းများဖြင့် ဖိညှစ်ခံထားရသည်။

"ဒါ ဘယ်အဆင့်လဲ"

ထိုအချိန်တွင် နောက်မှရောက်လာသော ကျွမ်းကျင်သူသည် သူ၏အရှိန်အဝါကို ထုတ်ဖော်လိုက်သည်။

သူ့နောက်တွင် နက်မှောင်သော ပင်လယ်ပြင်တစ်ခု ပေါ်လာပြီး သူသည် ထိုနက်နဲသောနယ်ပယ်ဆီသို့ လူများကို ကူးတို့ပေးသည့် ကူးတို့သမားကဲ့သို့ ဖြစ်နေသည်။

သေစမ်း.

သူ၏လက်ကို ပျက်သုဉ်းခြင်းချီအလွှာဖြင့် ဖုံးအုပ်ထားပြီး လက်သည် မျက်စိဖြင့်မြင်နိုင်အောင် နီရဲလာပြီး အလွန်ပြင်းထန်သော စွမ်းအားသည် အတွင်းမှ ပေါက်ကွဲထွက်လာသည်။

"သေလိုက်စမ်း"

သို့သော် ထိုအချိန်တွင်...

ဒုန်း

သူ၏လက်ဝါးသည် ရုတ်တရက် အကြောင်းမဲ့ ပေါက်ကွဲထွက်သွားသည်။

သူ အော်ဟစ်လိုက်ပြီး မျက်နှာသည် အလွန် ဖြူဖျော့သွားသည်။

ထို မြူခိုးနေထိုင်သူလေးဦးတို့ မျက်နှာများ ပြောင်းလဲသွားသည်။

၎င်းသည် ကူးပြောင်းခြင်းအဆင့် မြူခိုးနေထိုင်သူ ဖြစ်သည်။

သူ၏ကိုယ်ခန္ဓာသန်မာမှု အများစုသည် သူ၏ လက်တွင် ရှိနေသော်လည်း ယခု သူ၏လက်သည် အကြောင်းမဲ့ ပေါက်ကွဲထွက်သွားသည်။

သူတို့သည် မည်သို့သော ကြောက်မက်ဖွယ်ကောင်းသော အရာကို ဆွဲဆောင်မိသွားသနည်း။

ဟူလလား..

အနက်ရောင်မြူခိုးထဲမှ ရှေးကျပြီး ကြီးမားသော ပုံရိပ်တစ်ခု ဖြည်းညှင်းစွာ ဆင်းသက်လာတော့မည်။

သို့သော် ထိုအချိန်တွင်...

ဟူလလား..

အဝေးမှ သွေးနီရောင်အလင်းတန်းတစ်ခုသည် အနက်ရောင်မြူခိုးထဲမှ ကောင်းကင်သို့ ရုတ်တရက် ထိုးတက်လာခဲ့သည်။

ထိုကြီးမားသော ပုံရိပ်ယောင်သည် တစ်စုံတစ်ခုကို ခံစားမိပုံရပြီး အနီရောင်မျဉ်းကြောင်းများ အလယ်တွင် ရပ်တန့်သွားသည်။

ထို့နောက် ထိုကြီးမားသော ပုံရိပ်ယောင်သည် အနီရောင်အလင်းရှိရာသို့ 'ကြည့်'လိုက်သည်။

မျက်နှာအမူအရာကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း ထိုအနီရောင်အလင်းကို ဂရုမစိုက်ဟန် ပြနေပုံရသည်။

သို့သော် ရုတ်တရက်...

ထိုကြီးမားသော ပုံရိပ်ယောင်သည် တစ်စုံတစ်ခုကို ခံစားလိုက်ရသည်။

ရုတ်တရက်...

အနီရောင်မျဉ်းကြောင်းများ ရေလှိုင်းကဲ့သို့ အလျင်အမြန်ဆုတ်ခွာသွားပြီး ဤနေရာရှိ အနက်ရောင်မြူခိုးများ တဖြည်းဖြည်း ပြန်လည်ပျံ့နှံ့လာသည်။

ထိုကြောက်မက်ဖွယ်ကောင်းသော အရာသည် ဆုတ်ခွာသွားသည်။

"မြူခိုးသမုဒ္ဒရာ အပြင်ဘက်မှာ ဘာများရှိလို့လဲ၊ ဒီလူကို ဆွဲဆောင်သွားရတာလဲ"

"ဒါ ကောင်းကင်လှည့်ဖြားခြင်းသွေးဂိတ်အစီအရင် လား"

ရုတ်တရက် လက်ပေါက်ကွဲသွားသော ကျွမ်းကျင်သူသည် ချွေးစေးများဖြင့် ပြည့်နေသော မျက်နှာဖြင့် နာကျင်မှုကို ခံနိုင်ရည်ရှိစွာဖြင့် အံကြိတ်ကာ ပြောလိုက်သည်။

"ဒါ ဝတ်ရုံနက်အဖွဲ့လား။ ဒါပေမဲ့ ကောင်းကင်လှည့်ဖြားခြင်းသွေးဂိတ်အစီအရင် က ဒီအဆင့်က တည်ရှိမှုကို ဆွဲဆောင်နိုင်မှာ မဟုတ်ဘူး... အနက်ရောင်ဘုရင်အဆင့်ရဲ့ အထက်ကလား၊ ငါ တစ်ခါမှ မကြားဖူးဘူး... အပြင်ဘက်ခြမ်းကို ရောက်လာတယ်ပေါ့။ ဒါဆို သူ့ကို ဆွဲဆောင်သွားတာက ဘာလဲ"

သူ့မျက်နှာတွင် မယုံကြည်နိုင်သော အမူအရာများ ပြည့်နှက်နေသည်။

ထိုနောက်သူက အံများကြိတ်ကာ ပြောလိုက်သည်။

"လိုက်သွား ဘယ်လိုပဲဖြစ်ဖြစ် ဝတ်ရုံနက်တွေ အဲ့တာ မရစေရဘူး။ အဲဒါက ချိန်ခွင်လျှာကို ထိခိုက်စေမယ့် အရာပဲ..."

သူတို့သည် အပြင်ဘက်သို့ အပြင်းအထန် လိုက်ပါသွားကြသည်။

ထိုအချိန်တွင်...

အပြင်ဘက်တွင် ရပ်နေသော ရှန်းချန်ကော၏ မျက်လုံးများတွင် ပြင်းထန်သောစူးစမ်းလိုစိတ်များ ဖြစ်ပေါ်လာသည်။

ကောင်းကင်လှည့်ဖြားခြင်းသွေးဂိတ်အစီအရင် သည် သူတို့ပြောသည့် အရာကို အမှန်တကယ် ဆွဲဆောင်နိုင်သည်လော။

သို့သော် သူ သိပ် မျှော်လင့်မထားပေ။

အဘယ်ကြောင့်ဆိုသော် ထိုလူများ၏ ပြောဆိုချက်သည် ထိုအရာသည် လုံးဝ မတည်ရှိနိုင်ဟု ဆိုလိုနေပုံရသည်။

အင်း.

အမှောင်မြူခိုးထဲတွင် ပေါက်ကွဲထွက်လာသော သွေးရောင်အလင်းကို ကြည့်ရင်း...

သူ ပျင်းရိစွာ မြေပေါ်တွင် ထိုင်နေသည်။

ဘေးတွင် လူမရှိသောကြောင့် သူစိတ်အပန်းဖြေလိုက်သည်။

သို့သော် ဤအချိန်တွင် ရုတ်တရက် သူသည် တစ်စုံတစ်ခုက သူ့ကို စိုက်ကြည့်နေသကဲ့သို့ ခံစားလိုက်ရသည်။

"ငါ...ယိုး..."

သူ့မျက်လုံးများ ပြူးကျယ်သွားသည်။

အနက်ရောင်မြူခိုးထဲတွင် အနီရောင်အလင်းတန်းတစ်ခုသည် မျက်စိဖြင့်မမြင်နိုင်လောက်သော အရှိန်ဖြင့် လျင်မြန်စွာ ရွေ့လျားလာသည်ကို သူ မြင်လိုက်ရသည်။

ဒါက...

မျက်လုံးတစ်လုံး

All Chapters