အကောင်းဆုံးညီအစ်ကိုတွေ
Vol. 6 Ch. 52
ထိုမျက်လုံးသည် လျင်မြန်စွာ ပျံသန်းလာခဲ့သည်။
ရှန်းချန်ကော၏လက်ရှိအစွမ်းဖြင့်ပင် ထိုမျက်လုံး၏ရွေ့လျားမှု လမ်းကြောင်းကို လုံးဝ မမြင်းနိုင်ဘဲ မျက်လုံးတစ်လုံးဖြစ်သည်ဟုသာ ဝိုးတဝါး ခွဲခြားသိမြင်နိုင်သည်။
ထိုမျက်လုံးသည် ပြင်းထန်စွာ တုန်ယင်နေပြီး ပတ်ဝန်းကျင်ရှိ အနီရောင်အလင်းသည် အနက်ရောင်မြူခိုးထဲတွင် ပျံ့နှံ့နေသည်။
၎င်းသည် ရေခဲကဲ့သို့ အေးစက်သော အနီရောင်မျဉ်းကြောင်း သန်းပေါင်းများစွာ စီးဆင်းလာသကဲ့သို့ ဖြစ်နေသည်။
ဘုန်း..
ရှန်းချန်ကောသည် သူ့ခေါင်းအတွင်းပေါက်ကွဲသွားသကဲ့သို့ဖြစ်သွားပြီး သူ၏ဦးခေါင်းနောက်လှန်သွားလေ၏။
သောက်ကျိုးနဲ..ဘာကြီးလဲဟ..
ရှန်းချန်ကော ခေါင်းမူးသွားပြီး နဖူးတွင် အေးစက်သော ခံစားချက်ဖြစ်ပေါ်သည်။
သူ အလိုအလျောက်ပင် သူ့နဖူးကိုစမ်းကြည့်လိုက်သည်။
ဘာမှမရှိဘူးလား။
ဒါပေမဲ့ ခုနက မျက်လုံး...
မရှိတော့ဘူးလား။
သို့သော် ထိုအချိန်တွင် ရှန်းချန်ကော မျက်နှာ ရုတ်တရက်ပြောင်းလဲသွားပြီး နားများကို အလျင်အမြန်ပုတ်လိုက်သည်။
သူ၏နားထဲတွင် လက်ရှိတွင် ခြင်များ တဝီဝီမြည်နေသကဲ့သို့ ဖြစ်နေပြီး သေသေချာချာနားထောင်ကြည့်သောအခါ ရှေးကျသောဘာသာစကားတစ်ခုသည် သူ၏နားထဲတွင် မရှင်းမလင်းမြည်နေသည်။
သူ နားကို မည်သို့ပင် ပုတ်စေကာမူ ထိုအသံသည် သူ့ထံမှ ပျောက်မသွားခဲ့ပေ။
ထိုအချိန်တွင်...
အဝေးမှ ပုံရိပ်ငါးခုသည် လျင်မြန်စွာ ပြေးလာကြသည်။
ထိုအထဲမှ တစ်ဦးသည် ရှန်းချန်ကောကိုပင် အနည်းငယ် ခြိမ်းခြောက်နိုင်သော အရှိန်အဝါကို ထုတ်ဖော်နေသည်။
သို့သော် သူ၏လက်ဝါးသည် ပျက်စီးနေပြီး အဖြူရောင်အရိုးများ ထွက်ပေါ်နေသဖြင့် အလွန် ကြည့်ရဆိုးကာ သူ၏အင်အားအများအပြား လျော့နည်းသွားပုံရသည်။
ထိုအချိန်တွင် ထိုလူငါးဦးတို့သည် အဖြူရောင်ဝတ်စုံနှင့် လူငယ်လေးကို ကြည့်ပြီး မျက်နှာများ အနည်းငယ် ပြောင်းလဲသွားသည်။
ဤလူငယ်ဟာ မြူခိုးသမုဒ္ဒရာထဲတွင် လွယ်ကူစွာ သွားလာနေနိုင်ရုံသာမက အနက်ရောင်မြူခိုး၏ နှောင့်ယှက်ခြင်းကို မခံရဘဲသူတို့ထက်ပင် အဆင်ပြေကာ လွတ်လပ်နေပုံရသည်။
ဤလူသည် အံ့ဖွယ် မြူခိုးသမုဒ္ဒရာ ကျင့်ကြံခြင်းနည်းလမ်း ကို ကျင့်ကြံထားတာ သေချာလေ၏။
မဟုတ်လျှင် ဤအခြေအနေကို လုံးဝရောက်နိုင်မှာ မဟုတ်ပါဘူး။
သို့သော် ဤလူငယ်သည် သူတို့ကို စူးစမ်းသော အမူအရာဖြင့် ကြည့်နေပြီး တစ်ခုခုကို စဉ်းစားနေပုံရသည်။
ရှန်းချန်ကောသည် ထိုလူငါးယောက်ကို ကြည့်လိုက်သည်။
ထိုအထဲမှ လေးဦးသည် ယခင်က ကောင်းကင်ဘုံဓားဂိုဏ်းတွင် ရှိခဲ့သော မြူခိုးနေထိုင်သူ လေးဦး ဖြစ်နိုင်ပြီး လက်ဝါးပျက်စီးနေသော တစ်ဦးမှာ ကူးပြောင်းခြင်းအဆင့် ကျွမ်းကျင်သူ ဖြစ်နိုင်သည်။
ရှန်းချန်ကောသည် သူ့ကို စိုက်ကြည့်ရင်းစိတ်ထဲတွင် "သူ့ကို ဓားတစ်ချက်တည်းနဲ့ အနိုင်ယူနိုင်မလား" ဟု တွေးနေသည်။
ထို မြူခိုးနေထိုင်သူ ငါးဦးတို့သည်လည်း ဤလူသည် ဝတ်ရုံနက် ဖြစ်မလားဟု သံသယဝင်နေကြသည်။
အခြေခံအားဖြင့် မြူခိုးသမုဒ္ဒရာထဲတွင် မြူခိုးသမုဒ္ဒရာ၏နည်းလမ်းများ၊ ကျင့်ကြံခြင်းနည်းစနစ်များ သို့မဟုတ် ကျင့်စဉ်များကို နားလည်သဘောပေါက်သူများသည် အဓိက မြူခိုးသမုဒ္ဒရာ အဖွဲ့အစည်း နှစ်ခုဖြစ်သော မြူခိုးနေထိုင်သူ နှင့် ဝတ်ရုံနက် တို့ထဲမှ တစ်ခုခုကို ဝင်ရောက်ထားကြသည်။
အခြား ရွေးချယ်စရာ သိပ်မရှိပေ။
မည်သည့် ဂိုဏ်း၏တပည့်မဆို ရုပ်တုပေါ်တွင် သွေးစက်ချပြီးနောက် သွေးအချက်အလက်များကို မြူခိုးသမုဒ္ဒရာ၏နက်ရှိုင်းသောနေရာသို့ ပေးပို့လိုက်သည်။
ထို့နောက် ပါရမီရှင်များကို အမှောင်နတ်ဘုရားကျောက်တိုင်မှ မှတ်တမ်းတင်ပြီး လမ်းညွှန်မှုနှင့် ထူးခြားသော အမှောင်နတ်ဘုရားကျောက်တိုင် လမ်းကြောင်းကို ဖြတ်သန်းပြီးနောက် နှစ်စဉ် မြူခိုးနေထိုင်သူ များ ပေါ်လာလေ့ရှိသည်။
လမ်းညွှန်ခြင်းနှင့် အမှောင်နတ်ဘုရားကျောက်တိုင် လမ်းကြောင်း မရှိလျှင် မြူခိုးနေထိုင်သူ ဖြစ်လာသူများမှာ အလွန်နည်းပါးပြီး စိန်ခေါ်မှုတစ်ခုလိုပင် ဖြစ်သည်။
အခြေခံအားဖြင့် အလုံအလောက် အစွမ်းထက်လာသောအခါ ရုပ်တုက အာရုံခံနိုင်ပြီး ထိုအခါ သဘာဝအတိုင်း ခေါ်ဆောင်ရန် ကျွမ်းကျင်သူကို စေလွှတ်လိမ့်မည်။
သို့သော် ဤလူကတော့...
"အားလုံး သတိထားကြ၊ ဒီလူငယ်က ငါ့ကို ခြိမ်းခြောက်တယ်လို့ ခံစားရတယ်" ဟု ကူးပြောင်းခြင်းအဆင့် ကျွမ်းကျင်သူ ကျန်းခယ် က တိုးတိုးလေး ယပြောလိုက်သည်။
ထိုအချိန်တွင် သူတို့သည် စိတ်ထဲတွင် သံသယများ ဖြစ်နေကြသည်။
မကြာခင်က ထိုအရာသည် ပျံသန်းလာခဲ့တာသေချာသော်လည်း သူတို့ရောက်လာချိန်မှာတော့ ချက်ချင်းပျောက်ကွယ်သွားပြီး အရိပ်အယောင်အနည်းငယ်ကိုပင် မတွေ့ရတော့ပေ။
ထို့နောက် သူတို့သည် ဤပုံရိပ်ကို မြင်လိုက်ရသည်။
ထို့အတူ အရေးအကြီးဆုံးမှာ သူသည် ကူးပြောင်းခြင်းအဆင့် မြူခိုးနေထိုင်သူ တစ်ဦးကိုပင် ခြိမ်းခြောက်မှု ခံစားရစေသည်။
သို့သော် အဲ့ဒီအချိန်မှာပင်...
အဝေးမှ ပုံရိပ်တစ်ခု ရုတ်တရက် ရောက်ရှိလာသည်။
ထိုသူသည် ဓားသုံးချောင်းကို ကျောတွင်လွယ်ထားရှိပြီး အနက်ရောင်မြူခိုးများ ဖုံးအုပ်ကာ ဝတ်ရုံနက် ဝတ်ဆင်ထားသည်။
သူ၏မျက်လုံးများတွင် လေးနက်မှုများ ပါဝင်နေပြီး မျက်နှာသည် မကောင်းပေ။
"လင်းကျဲ "
မြူခိုးနေထိုင်သူ ကူပြောင်းခြင်းအဆင့် ကျန်းခယ် သည် မျက်လုံးများလင်းလက်သွားသည်။
ရောက်လာသော ဝတ်ရုံနက်ကို သိပုံရသည်။
ထို ဝတ်ရုံနက်လူ သည် လက်ရှိအချိန်တွင် မျက်နှာ လွန်စွာ ပျက်ယွင်းနေသည်။
သူတို့ စေလွှတ်ခဲ့သော ဝတ်ရုံနက် လေးဦးစလုံး သေဆုံးသွားသည်။
သူတို့၏အသက်ကမ္ပည်းပြားများ တစ်ပြိုင်နက်တည်းပေါက်ကွဲသွားပြီး သူလည်း ယခုမှရောက်လာခဲ့ခြင်းဖြစ်သည်။
မည်သည့်အရာများဖြစ်ခဲ့သနည်း။
မကြာခင်က အနက်ရောင်မြူခိုးထဲတွင် အနီရောင်အလင်းများပေါက်ကွဲမှုကြောင့် သူ ချက်ချင်း ရောက်လာခြင်း ဖြစ်သည်။
"ကျန်းခယ်၊ မင်း ငါ့ ဝတ်ရုံနက်အဖွဲ့ဝင် လေးယောက်ကို မြင်လိုက်မိလား" ဟု သူမျက်နှာပျက်ယွင်းကာဖြင့် မေးလိုက်သည်။
"မမြင်လိုက်ဘူး"
မြူခိုးနေထိုင်သူ များသည် ဘာမှ မပြောပေ။
သူတို့သည် ဝတ်ရုံနက် များနှင့် မတည့်သောကြောင့် ထိုလေးဦးကို မြင်ခဲ့ရသော မြူခိုးနေထိုင်သူ လေးဦးပင် ဤအချိန်တွင် ဘာမှ မပြောကြပေ။
ထို ဝတ်ရုံနက်လူသည် သက်ပြင်းချလိုက်သည်။
အစပင် ရှာမရပေ။
ယခင်က အနီရောင်အလင်းသည် ကောင်းကင်လှည့်ဖြားခြင်းသွေးဂိတ်အစီအရင် ဖြစ်နိုင်သော်လည်း အဘယ်ကြောင့် ယခုအခါ မည်သည့် အရိပ်အယောင်မျှ မတွေ့ရတော့သနည်းမသိပေ။
ထိုအချိန်တွင် သူသည် ရှန်းချန်ကောကို သတိပြုမိသွားသည်။
သူ ရှန်းချန်ကောကို မြင်လိုက်သည်နှင့် မျက်လုံးများ လင်းလက်သွားသည်။
ဓားကျင့်ကြံသူလား
ထို့အတူ မြူခိုးသမုဒ္ဒရာ ကျင့်ကြံခြင်းနည်းစနစ်ကို ကောင်းကောင်း နားလည်သဘောပေါက်ထားသူ ဖြစ်ရမည်။
ယခုလိုလူမျိုးကို သူ မမြင်ဖူးပေ။
သူတို့ ဝတ်ရုံနက်အဖွဲ့ဝင် မဟုတ်သလို မြူခိုးနေထိုင်သူအဖွဲ့အစည်းမှလည်း လုံးဝ မဟုတ်ပေ။
"မင်း မြူခိုးသမုဒ္ဒရာအဖွဲ့အစည်း ထဲ ဝင်ဖူးလား" ဟု သူ စိတ်မထိန်းနိုင်ဘဲ မေးလိုက်သည်။
ဤကဲ့သို့တည်ရှိမှုမျိုးကို သူတို့ အဖွဲ့အစည်းထဲ ဝင်ရောက်စေနိုင်မည်ဆိုရင် သူသည် လမ်းညွှန်သူအနေဖြင့် အကျိုးကျေးဇူးများအဆုံးမရှိရရှိလိမ့်မည်။
ဤအချက်ကို တွေးလိုက်မိလျှင် မကြာခင်ကသေးခင်က သေဆုံးသွားသော ဝတ်ရုံနက်လေးဦး၏အကြောင်းကို သူ မေ့လိုက်သည်။
ထိုအချိန်တွင် မြူခိုးနေထိုင်သူဖြစ်သော ကျန်းခယ် သည် မျက်လုံးများ လင်းလက်သွားသည်။
ဒီလူက ဝတ်ရုံနက်အဖွဲ့ဝင် မဟုတ်ဘူးလား။
ဒါဆို သူတို့ မြူခိုးနေထိုင်သူ တွေလည်း အခွင့်အရေးရနိုင်တယ် မဟုတ်ဘူးလား။
သူသည် မကြာခင်က ပျောက်ကွယ်သွားသောမျက်လုံးသည် ဤလူငယ်နှင့် ပတ်သက်နေမလားဟု သံသယဝင်နေသည်။
ရှန်းချန်ကောက ခေါင်းယမ်းပြလိုက်သည်။
"လူငယ်လေး၊ မြူခိုးနေထိုင်သူ အဖွဲ့ထဲ ဝင်မလား"
ဝတ်ရုံနက်လင်းကျဲသည် ဘာလဲဟ သူသော ထူးဆန်းသည့်အကြည့်များဖြင့် ကြည့်လာသည်။
ဒီလူက ဘာဖြစ်တာလဲ။
မြူခိုးနေထိုင်သူ အဖွဲ့အစည်းက ဓားကျင့်ကြံသူတွေကို လက်မခံဘူး မဟုတ်လား။
"မြူခိုးနေထိုင်သူ အဖွဲ့ထဲဝင်မယ်ဆိုရင် မြူခိုးသမုဒ္ဒရာကျင့်စဉ်တိုက်ထဲ ဝင်ခွင့်ရပြီး မြူခိုးသမုဒ္ဒရာကျင့်စဉ်တွေ နဲ့ တွဲဖက် အသုံးပြုနိုင်မယ့် တိုက်ခိုက်ခြင်းနည်းစနစ်တွေကို ရှာဖွေနိုင်မယ်။ မင်းက ဓားကို အသုံးပြုသူဆိုပေမယ့် စိတ်ပူစရာမလိုပါဘူး။အဲဒီမှာ ကောင်းကင်တာအိုလမ်းပြမဏ္ဍိုင် ရှိတယ်။ ဒါက မြူခိုးသမုဒ္ဒရာရဲ့ခံစားသိရှိမှုကို ပိုမို တိုးမြှင့်ပေးပြီး မင်းနဲ့ သင့်တော်မယ့် တိုက်ခိုက်ခြင်းဓားနည်းစနစ်ကို နားလည်သဘောပေါက်ဖို့ ကူညီပေးနိုင်တယ်"
"မင်း ဘာလုပ်နေတာလဲ" လင်ကျဲ ချက်ချင်းပင် ထိတ်လန့်သွားသည်။
ဒီကောင် ဘာလုပ်နေတာလဲ။
ကောင်းကင်တာအိုလမ်းပြမဏ္ဍိုင် ကို တစ်ကြိမ် ဖွင့်ဖို့အတွက် လမ်းပြနတ်ဆိုး သုံးကောင်ကို ပူဇော်ရသည်။
သူ ဒီလို ကတိပေးရဲတာလား။
သူ လင်ကျဲပင် ယခုလိုကတိမပေးရဲပေ။အထက်လူကြီးများလည်း လုံးဝ ခွင့်ပြုမှာမဟုတ်ပါဘူး။
ဒီလူငယ်မှာ ဘာများထူးခြားတာ ရှိနေလို့လဲ။
မြူခိုးနေထိုင်သူများသည် အခြေခံအားဖြင့် ဓားကျင့်ကြံသူများကို လက်မခံကြပေ။
သူတို့သည် ခန္ဓာကိုယ် အားပြုကျင့်ကြံသူများသာ ဖြစ်ပြီး လက်များကို အထူးပြုကာပြင်းပြင်းထန်ထန် လေ့ကျင့်သူများ ဖြစ်သည်။
သူတို့၏လက်များ၏ရိုက်ခတ်မှုသည် ကောင်းကင်နှင့်မြေပြင်ကို မှောက်လှန်နိုင်ပြီး ကြောက်မက်ဖွယ်ကောင်းလှ၏။
ထို ဝတ်ရုံနက် လင်ကျဲသည် ထိုလူငယ် အနည်းငယ်စိတ်ပါဝင်စားပုံရသည်ကို မြင်သောအခါ ချက်ချင်းပင် ထိတ်လန့်သွားသည်။
ထိုအချိန်တွင် ရှန်းချန်ကောသည် လင်ကျဲကို ကြည့်လိုက်သည်။
အဓိပ္ပာယ်က ရှင်းနေသည်။
'တခြားသူက ဒီလို ကမ်းလှမ်းလာပြီ၊ မင်းမှာ ဘာပြစရာ ရှိလဲ'ဆိုတာပင်။
လင်ကျယ် ချောင်းဟန့်လိုက်သည်။
"ငါ... ငါ..." သူ မျက်နှာနီရဲလာပြီး အကြာကြီး ရေရွတ်နေသော်လည်း ဘာမှ ထွက်မလာပေ။
"ငါ မင်းကို ကတိပေးစရာ ဘာမှ မရှိဘူး..."
"ဒါပေမဲ့ မင်း မြူခိုးနေထိုင်သူ အဖွဲ့ထဲ မဝင်သင့်ဘူး။သူတို့က ဓားကျင့်ကြံသူတွေကို အရမ်းမုန်းတီးတယ်၊ မင်းကို ခွဲခြား ဆက်ဆံပြီး အရှက်ခွဲလိမ့်မယ်"
ရှန်းချန်ကောသည် ထိုစကားကို ကြားသောအခါ မြူခိုးနေထိုင်သူ တစ်ဦး၏ရှေ့သို့ ညင်သာစွာ လျှောက်သွားသည်။
"မင်း ဓားကျင့်ကြံသူတွေကို မုန်းတီးလား"
"မမုန်းပါဘူး" ထိုလူသည် လိမ်ညာမှုတွင် မကျွမ်းကျင်ကြောင်း သိသာထင်ရှားစွာပင် သဘာဝမကျသောအပြုံးကို ထုတ်ဖော်လိုက်သည်။
ရှန်းချန်ကောသည် ထိုသူ၏လည်ပင်းပေါ်တွင် ဓားကို ကန့်လန့်ဖြတ်တင်လိုက်သည်။
ထိုသူသည် မျက်နှာပြောင်းလဲသွားပြီး ချက်ချင်းပင် ကြင်နာပြီးရင်းနှီးဖော်ရွေသော သဘာဝကျသည့်အပြုံးကို ချက်ချင်းပြုံးလိုက်သည်။
"ဘယ်လိုလုပ် မုန်းတီးပါ့မလဲ။ ကျုပ်က ဓားကျင့်ကြံသူတွေကို အချစ်ဆုံးပဲ။ နောင်အခါကြရင် အကောင်းဆုံး ညီအစ်ကိုတွေနဲ့မိသားစုဝင်တွေဖြစ်လာမှာ "