ရှေးကျပြီး ခမ်းနားထည်ဝါခြင်း
Vol. 6 Ch. 54
ဒုန်း
ဒုန်း
ဒုန်း
ရှန်းချန်ကော၏ခန္ဓာကိုယ်တစ်ခုလုံးတွင် တုနှုင်းမရသော စွမ်းအားတစ်ခုထွက်ပေါ်လာပြီး သူ့နောက်ကျောဘက်တွင် ကြီးမားသောဝဲဂယက်ကြီးတစ်ခု ရုတ်တရက်လည်ပတ်နေသည်။
အနက်ရောင်မြူခိုးများ လည်ပတ်နေပြီး အရှိန်အဝါသည် ကောင်းကင်ကို တုန်လှုပ်စေသည်။
ထိုအချိန်တွင် ရှန်းချန်ကော၏စိတ်ထဲတွင် မရေမတွက်နိုင်သော လူများက သူ့နားထဲတွင် တီးတိုးပြောနေသကဲ့သို့ ဖြစ်နေပြီး သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေသည်။
"ငါ... အဆုံးမဲ့ နှစ်ကာလတွေကို ဖြတ်သန်းခဲ့တယ်... မြစ်တွေ၊ တောင်တွေ ထောင်သောင်းချီ ဖြတ်သန်းခဲ့တယ်... ကောင်းကင်၊ မြေကြီးနဲ့ ကြယ်တာယာတွေ... အားလုံးက ငါ့လက်ထဲက အရာတွေပဲ... ကောင်းကင်နဲ့ မြေပြင်ပေါ်က အရာအားလုံးရဲ့ ဖြစ်တည်မှုဆိုတာ ငါ့လက်ဖဝါးတစ်ချက်လှန်လိုက်ရုံပဲ..."
"ငါ ရှေးဟောင်းနတ်ဘုရားတွေ ဆင်းသက်လာတဲ့ ခေတ်ကို ဖြတ်သန်းခဲ့တယ်... နတ်ဘုရားတွေရဲ့ ဆည်းဆာဆိုတဲ့ ဝမ်းနည်းစရာခေတ်ကို ဖြတ်သန်းခဲ့တယ်... ခေတ်သစ် ရောက်လာပြီ... ငါ နောက်တစ်ကြိမ် မွေးဖွားလာပြီ..."
"ရှေးဟောင်းလူသားတွေ ငါ့ကို နတ်ဘုရားအဖြစ် ကိုးကွယ်ကြတယ်... သူတို့ ငါ့ကိုလေးစားကြတယ်... ငါ့ကို ဦးညွှတ်ကြတယ်..." ထိုအသံသည် ပို၍ ပြင်းထန်လာသည်၊ ပို၍ မြန်ဆန်လာကာ ခမ်းနားထည်ဝါမှုများနှင့် ပြည့်နှက်နေသည်။
ရုတ်တရက် အသံ ပေါက်ကွဲထွက်လာသည်။
"မင်း ငါ့ကို နတ်ဘုရားအဖြစ် ရိုသေသင့်တယ်"
ရှန်းချန်ကော၏ခေါင်းသည် ထုံကျင်သွားသကဲ့သို့ ခံစားလိုက်ရ၏။
စိတ်ဝိညာဉ်ကျင့်စဉ် ရူးသွပ်စွာလည်ပတ်နေသည်။
သူ့စိတ်ထဲမှ အသံကို ဖိနှိပ်ထားလိုက်သည်။
ကောင်းကင်လှည့်ဖြားခြင်းသွေးဂိတ်အစီအရင်၏ အနီရောင်အလင်းတန်း ဆွဲဆောင်လိုက်သည့် အရာဟာ ယခုလိုအရာမျိုး ဖြစ်လိမ့်မညိဟု သူ လုံးဝ ထင်မထားခဲ့ပါဘူး။
သူသည် အနက်ရောင်မြူခိုးများထဲတွင် ဖြောင့်မတ်စွာရပ်နေသော ရှေးကျပြီးခမ်းနားထည်ဝါသည့် ပုံရိပ်တစ်ခုကို ဝါးတားတား မြင်နေရသကဲ့သို့ ဖြစ်နေသည်။
အနက်ရောင်မြူခိုးများ၏ဘုရင်ကဲ့သို့ပင်။
ဒုန်း
ရှန်းချန်ကောသည် မဟာပျက်သုဉ်းခြင်းကျမ်း ကို ရုတ်တရက် လည်ပတ်လိုက်သည်။
တစ်ခဏချင်းတွင် ပတ်ဝန်းကျင်ရှိ အနက်ရောင်မြူခိုးများ လှိမ့်ဝင်လာသည်။
ဤအရာက ပြိုင်ဆိုင်မှုပြိုင်ပွဲပင်
ရှန်းချန်ကော၏ဘယ်ဘက်မျက်လုံးသည် သွေးရောင် လွှမ်းသွားသည်။
အတွင်းထဲတွင် ရှုပ်ထွေးပြီး နက်နဲသော အမှတ်အသားများ ထွင်းထုထားသည်။
ရွှေရောင်တောက်ပပြီး မြင့်မြတ်ကာ ခမ်းနားထည်ဝါသည်။
မျက်လုံးထောင့်တွင် ကြည်လင်တောက်ပသော အမှတ်အသားများရှိနေပြီး လိပ်ပြာကဲ့သို့ ဖြန့်ကျက်ထားသည်။
မဟာပျက်သုဉ်းခြင်းကျမ်း သည် အလွန် ကြောက်မက်ဖွယ်ကောင်းသည်။
စတင်လည်ပတ်လိုက်သည်နှင့် နတ်ဘုရားတစ်ပါး ဝင်ရောက်လာသကဲ့သို့ပင်။
"ဒါ... ဘာကျင့်စဉ်လဲ... ငါ... ရှေးဦးအငွေ့အသက်ကို... ရတယ်..."
ထိုစိတ်ထဲရှိ တည်ရှိမှုသည် တီးတိုး ရေရွတ်လိုက်သည်။
ရှန်းချန်ကောသည် ထိုအသံထဲတွင် ပြင်းထန်သော တုန်လှုပ်မှုကို ကြားလိုက်ရသည်။
မဟာပျက်သုဉ်းခြင်းကျမ်း အလုပ်ဖြစ်တယ်
အမှန်ပင် မဟာပျက်သုဉ်းခြင်းကျမ်းလည်ပတ်နေချိန်တွင် သူ့အားလက်အောက်ခံဖြစ်စေချင်သော အမှောင်ထဲက အရာသည် တဖြည်းဖြည်း ဖိနှိပ်ခံနေရကြောင်း ရှန်းချန်ကော ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
ထိုအချိန်တွင် ရှန်းချန်ကော၏မျက်လုံးများ အနည်းငယ် လင်းလက်သွားသည်။
သူ့အသိစိတ်သည် ယခုအခါ များစွာကြည်လင်လာပြီဖြစ်သောကြောင့် လက်ရှိ အခြေအနေကို မည်သို့ ဖြေရှင်းရမည်ကို စတင် စဉ်းစားလိုက်သည်။
ပထမဆုံးအနေဖြင့်...
မဟာပျက်သုဉ်းခြင်းကျမ်း သည် ထိုအရာကို ဖိနှိပ်ရန် အထိရောက်ဆုံး ကျမ်းစာ ဖြစ်သည်မှာ သေချာသည်။
စိတ်ဝိညာဉ်ကျင့်စဉ် သည် သူ့ကို ခေတ္တမျှ သတိပြန်လည်စေရုံသာ ဖြစ်ပြီး မဟာပျက်သုဉ်းခြင်းကျမ်း ကသာ ထိုအရာကို အမှန်တကယ် ယှဉ်ပြိုင်နိုင်သော အရာဖြစ်သည်။
ထိုအချိန်တွင်...
အနက်ရောင်မြူခိုးများ အပြင်ဘက်မှာတော့
ကျိဘ အရမ်းကိုကြောက်ရွံ့နေလေပြီ။
အထဲတွင် မည်သည့်အရာများ ဖြစ်ပျက်နေလဲသူမသိပေ။
မကြာခင်က အခွင့်အရေး ထူထပ်ပြီး ကျယ်ပြန့်သော အနက်ရောင်မြူခိုးများဖြင့် အပြင်သို့ တွန်းထုတ်ခံလိုက်ရသည်။
အထဲတွင် ဘာဖြစ်နေလဲဆိုတာ သူ လုံးဝ မသိပေ။
သို့သော် ယခု သူဤနေရာတွင် ရပ်နေရင်းဖြင့် အထဲမှ ခမ်းနားကြီးကျယ်သည့် အထွတ်အထိပ်အရှိန်အဝါကို ခံစားနေရတုန်းပင်။
အရာအားလုံးကို ဖိချေပစ်တော့မလို ခံစားရပြီး သူ့ကို ဒူးထောက်ချင်စိတ် ပေါက်စေသည်။
"သူ့မှာ တကယ်ပဲ လျှို့ဝှက်ချက် ရှိတာပဲ" ထိုအချိန်တွင် ကျိဘ၏မျက်လုံးများတွင် ထိတ်လန့်အံ့ဩမှုများ ပေါ်လာပြီး မျက်နှာမသာမယာဖြင့် ပြောလိုက်သည်။
သို့သော် ထိုအခိုက်အတန့်တွင်...
ရုတ်တရက် ပုံရိပ်တစ်ခုသည် အနက်ရောင်မြူခိုးများကို ဆွဲဖြဲပြီး ထွက်လာသည်။
ဒုန်း
အနက်ရောင်မြူခိုးများ ဆူပွက်ခြင်း ချက်ချင်း ရပ်တန့်သွားသည်။
ရှန်းချန်ကော၏ဘယ်ဘက်မျက်လုံးသည် အလွန် ထူးဆန်းနေသည်။
ကျိဘကို စိုက်ကြည့်လိုက်ရာ ကျိဘသည် အေးစက်မှုကိုခံစားလိုက်ရပြီး တစ်ကိုယ်လုံး မသက်မသာ ဖြစ်သွားသည်။
အထူးသဖြင့် ထိုမျက်လုံးက သူ့ကို စိုက်ကြည့်နေသောအခါ သူသည် ယှဉ်ပြိုင်၍မရနိုင်သော ဖိအားကို ခံစားလိုက်ရသည်။
အမှောင်မြူခိုးထဲမှ သူ နားလည်သဘောပေါက်ထားသောနည်းစနစ်များသည် အားလုံး ရပ်တန့်သွားသည်။
ထိုခံစားချက်မှာ ရှန်းချန်ကော သူ့ကိုကြည့်နေသည့်အချိန်တွင် အမှောင်မြူခိုးများက သူ့အားငြင်းပယ်နေသလိုမျိုးဖြစ်နေလေ၏။
"ခင်ဗျား ကောင်းကင်ဘုံဓားဂိုဏ်း ကို အရင် ပြန်နှင့်လိုက်ပါ။ဂိုဏ်းချုပ်ကြီးကို ကျုပ်ပြန်ခိုင်းလိုက်တာလို့ ပြောလိုက်ရင် ရပြီ။ ကျုပ် နောက်ရက်နည်းနည်းကြာရင် ပြန်လာမယ်လို့ အဲဒီအဘိုးကြီးကို ပြောလိုက်ပါ"
ရှန်းချန်ကော၏မျက်လုံးများ လင်းလက်နေသည်။
လက်ရှိ သူ့အခြေအနေက သိပ်မူမမှန်တော့ပါဘူး။
ကျိဘ မျက်လုံးများ လှုပ်ရှားသွားသည်။
သို့သော် ရှန်းချန်ကော၏လက်ရှိ အခြေအနေသည် သူ့ကို ဖိအားအများကြီး ပေးနေသည်။
ထိုခံစားချက်မှာ သူ့တစ်ကိုယ်လုံးအားမသက်မသာ ဖြစ်နေသလိုပင်။
အထူးသဖြင့် ကျိဘ ခံစားရသည်မှာ ရှန်းချန်ကောသာ ဤအခြေအနေဖြင့် သူ့ကိုရင်ဆိုင်မည်ဆိုလျှင် သူ မည်သည့်စွမ်းအားကိုမှ လုံးဝထုတ်ဖော်လိုက်မည်မဟုတ်ပေ။
သူသည် ခန္ဓာကိုယ်ကျင့်ကြံခြင်းလေ့ကျင့်သူ ဖြစ်သော်လည်း ယခု သူခံစားရသည်မှာ ကြွက်သားများအားတင်းထားသော်လည်း ရုတ်တရက် ကြွက်တက်ပြီးလေဖြတ်သွားသလိုမျိုးပင်ဖြစ်သည်။
ကာကွယ်ခြင်း အားလုံး ပျက်စီးသွားပြီ
ဒါက အရမ်း လွန်လွန်းတယ်
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ
ဆိုလိုသည်မှာ ရှန်းချန်ကော သူ့ရှေ့တွငိ ရပ်နေပါက သူသည် အသုံးမကျသော လူတစ်ယောက်ဖြစ်နေသည်။
သူနဲ့ ရန်သူ လုံးဝဖြစ်လို့မရဘူး
မဟုတ်ရင်...
သေချာပေါက် သေရလိမ့်မယ်
ကျိဘ ဆုံးဖြတ်လိုက်ပြီ။
အနာဂတ်တွင် မညိသည့်အရာပင်ဖြစ်စေ ရှန်းချန်ကောနှင့် လုံးဝရန်သူမဖြစ်စေရပေ။
ဒီကောင်...
သူနားမလည်နိုင်သော ကြောက်မက်ဖွယ်ကောင်းသည် အရာတစ်ခုပင်။
"နားလည်ပါပြီ... ဒါဆို မင်းက..."
သို့သော် ရှန်းချန်ကော သူ့ကို ဂရုမစိုက်ပေ။
လှည့်ထွက်သွားသည်။
အနက်ရောင်မြူခိုးများသည်လည်း သူနှင့်အတူ လိုက်ပါသွားသည်။
ရှန်းချန်ကော၏ကျောပြင်သည် ပို၍မှိန်ဖျော့သွားပြီး အနက်ရောင်မြူခိုးထဲတွင် လှုပ်ရှားနေသော နတ်ဆိုးတစ်ကောင်၊ မြူခိုးအပျက်အစီးပေါ်က ဘုရင်တစ်ပါးကဲ့သို့ ဖြစ်နေသည်။
အရမ်း ကြောက်စရာကောင်းတယ်။
ရှန်းချန်ကော ထွက်သွားပြီးမှ သူ သက်ပြင်းချနိုင်တော့သည်။
မျက်နှာပေါ်မှ ချွေးစေးများကို သုတ်လိုက်သည်။
"အရမ်း ကြောက်စရာကောင်းတယ်။ ဒါပေမဲ့ ကြည့်ရတာ သူက မြူခိုးနေထိုင်သူ အဖွဲ့အစည်းအပေါ် မကောင်းတဲ့ သဘောထား ရှိပုံမရဘူး။ ပြီးတော့ အထက်လူကြီးတွေရဲ့ အလေးပေးမှုကို ခံရမှာ သေချာတယ်... ဒီလိုဆိုရင်..." ထိုအရာကို တွေးမိလျှင် ကျိဘ၏မျက်လုံးများ ပိုမို တောက်ပလာသည်။
ဒါက ရွှေပေါင်ကြီးပဲ
ကျိဘ စိတ်လှုပ်ရှားနေသည်။
ထိုအချိန်တွင်...
ရှန်းချန်ကောသည် မဟာပျက်သုဉ်းခြင်းကျမ်း ကို အသုံးပြုပြီး ထိုမျက်လုံးကို ယာယီ ဖိနှိပ်ထားခြင်းသာ ဖြစ်သည်။
သူသည် အမှောင်မြူခိုးထဲတွင် တင်ပျဉ်ခွေထိုင်ပြီး မဟာပျက်သုဉ်းခြင်းကျမ်း ကို လည်ပတ်နေသည်။
"မင်းက တကယ်တမ်း ဘာကောင်လဲ"
ရှန်းချန်ကော စိတ်ထဲတွင် မေးလိုက်သည်။
"နတ်ဘုရား"
အလွန် ခမ်းနားထည်ဝါကာ အထင်အမြင်သေးသော အသံတစ်သံပင်။
"အမှန်အတိုင်း ပြော"
"ငါက နတ်ဘုရားပဲ။ မင်း ငါ့ကို နတ်ဘုရားတစ်ပါးလို ရိုသေသင့်တယ်"
"ငါ့မှာ မင်းကို ကိုင်တွယ်နိုင်မယ့် နည်းလမ်းရှိတယ်"
ရှန်းချန်ကော တွေးလိုက်သည်။
ဒီကောင်က ငါ့လိုပဲကြွားဝါတတ်တာပဲ။
ငါ သူ့ကို ဖယ်ရှားပစ်ဖို့ နည်းလမ်းရှာရမယ်။
အရမ်း မောက်မာလွန်းတယ်။
ရှန်းချန်ကောသည် ဘဝတွင် ယခုလိုမောက်မာခြင်းမျိုးကို အမုန်းဆုံးပင်ဖြစ်လေသည်။
အဘယ်ကြောင့်ဆိုလျှင် ဤအရာက သူကျွမ်းကျင်သောနယ်ပယ်တွင် လာပြီးကခုန်နေသလိုဖြစ်နေ၍ပင်။
"ဟမ့်"
ထိုမျက်လုံးက ဆက်လက်ပြီး အလွန် အထင်အမြင်သေးနေဆဲဖြစ်သည်။
"မင်း မယုံဘူးလား"
ရှန်းချန်ကော အနည်းငယ် ပြုံးလိုက်သည်။
သူ၏ခန္ဓာကိုယ်ထဲရှိ ထိုတည်ရှိမှုသည် လုံးဝ မယုံကြည်သည်မှာ ထင်ရှားလေသည်။
၎င်း၏မျက်လုံးထဲတွင် ရှန်းချန်ကောသည် ပုရွက်ဆိတ်တစ်ကောင်သာ ဖြစ်နိုင်သည်။
ထို အစွမ်းထက်သော ကျမ်းစာသာ မရှိခဲ့လျှင် လက်ရှိ မျှခြေအခြေအနေကို ဖန်တီးနိုင်မည် မဟုတ်ပေ။
သို့သော် ဤကောင်လေးသည် သူ့အားအလွန် အန္တရာယ်များသော ခံစားချက်မျိုး အမြဲစဥ်ပေးနေလေသည်။
ထို့အတူ မကြာခင်က ဤကောင်သည် တစ်ခုခုအား နားလည်သွားပုံရပြီး ယုံကြည်ချက်အပြည့်ရှိလာလေ၏။
သူ့ယုံကြည်ချက်က မည်သည့်နေရာက ရလာသနည်း။
ထိုအချိန်တွင် ထိုမျက်လုံးသည် ကိုယ်ပိုင်အသိစိတ် မွေးဖွားလာပြီး ရှန်းချန်ကော၏ဘယ်ဘက်မျက်လုံးထဲတွင် တည်ရှိနေကာ ဤကမ္ဘာလောကကို ကြည့်ရှုနေသည်။
တစ်ချိန်တည်းမှာပင် သူ၏ကိုယ်ပိုင် အေးဆေးတည်ငြိမ်သောတွေးခေါ်မှုကိုလည်း ပြုလုပ်နေသည်။
ရှန်းချန်ကောသည် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ပင်။
'နည်းလမ်းတွေ ဘယ်လောက်များများ စွမ်းအားက နည်းလွန်းတယ်။သူ့ကို ဘာခြိမ်းခြောက်မှုမှ မပေးနိုင်ဘူး...'
"ကျွန်တစ်ကောင်ပဲ..."
သို့သော် နောက်တစ်နေ့ မနက်ရောက်သောအခါ...
ရှန်းချန်ကောသည် အမှောင်မြူခိုးထဲတွင် ရပ်နေခဲ့သည်။
"ချက်အင်"
"ချက်အင်အောင်မြင်သည် +၁"
"ရရှိသောဆုလာဘ်- မဟာပျက်သုဉ်းခြင်းကျမ်း ကျင့်ကြံခြင်းအခြေခံ ၅၀၀ နှစ်"
ဘုန်း
ရှန်းချန်ကော၏ဘယ်ဘက်မျက်လုံးထဲရှိ ထိုမျက်လုံးသည် အလွန်ထိတ်လန့်သွားခဲ့သည်။
မကြာခင်က သူနှင့် မျှခြေအနေအထားကို ထိန်းသိမ်းထားသော ထိုကျမ်းစာမှရင်တုန်စရာကောင်းသောစွမ်းအားတစ်ခု ပေါက်ကွဲထွက်လာသည်ကို ထိုအခိုက်အတန့်တွင် သူ ခံစားလိုက်ရသည်။
ထိန်းသိမ်းထားသော မျှခြေအခြေအနေ
ပျက်စီးသွားခဲ့ပြီဖြစ်သည်။