← Chapters

နဖူးပေါ်မှ အင်မော်တယ်နတ်ဘုရား၏ မျက်လုံး

Vol. 6 Ch. 56

နဖူးပေါ်မှ အင်မော်တယ်နတ်ဘုရား၏ မျက်လုံး

Vol. 6 Ch. 56

သံကြိုးများသည် ရူးသွပ်စွာကျဆင်းလာသည်။

၎င်းသည် ဗလာနယ်မြေတစ်ခုဖြစ်ပြီး တိကျစွာပြောရလျှင် ခန္ဓာကိုယ်ထဲမှ ဆဲလ်အချို့ သေဆုံးသွားခြင်းက ရောဂါဝေဒနာများကို ဖြစ်ပေါ်စေသကဲ့သို့ မမြင်ရသော ပြောင်းလဲမှုများကြောင့် ဖြစ်ပေါ်လာသည့် စိတ်ကူးယဉ် မြင်ကွင်းများ ဖြစ်သည်။

အေးစက်သောသံကြိုးများသည် တစ်ချောင်းပြီး တစ်ချောင်း တွဲလွဲကျလာကာ ထိုမျက်လုံး ကို တိုက်ရိုက် ချည်နှောင် ပိတ်လှောင်လိုက်သည်။

ထိုမျက်လုံး သည် အမှန်တကယ်ပင် ကြောက်ရွံ့သွားခဲ့ပြီ။

သူသည် နှစ်ကာလ မည်မျှကြာအောင် အသက်ရှင်နေခဲ့သည်ကို မသိပေ။

မရေမတွက်နိုင်သော လူများက သူ့ကို ဖမ်းဆီးထိန်းချုပ်ရန်၊ သူ၏စွမ်းအားကို ရယူရန်နှင့် သူတို့၏ခန္ဓာကိုယ်ထဲတွင် မွေးမြူထားသော နတ်ဆိုးအဖြစ် ပြောင်းလဲပစ်ရန် ကြိုးစားခဲ့ကြသည်။

သို့သော် သူတို့အားလုံး ကျဆုံးပြီး သေဆုံးခဲ့ရသည်။

မည်မျှပင် ထူးချွန်ပြောင်မြောက်ပါစေ၊ မည်မျှပင် ခေတ်ကာလကို လွှမ်းမိုးနိုင်သော ပါရမီရှင်ဖြစ်ပါစေ၊ နောက်ဆုံးတွင် သူတို့အားလုံး သူ၏ လက်ထဲတွင် သေဆုံးခဲ့ကြရသည်။

သူသည် ပို၍သန်မာလာသည်၊ ပို၍ ကြောက်မက်ဖွယ်ကောင်းလာခဲ့သည်။

သူသည် ရှေးဟောင်းသူတော်စင်အဆင့် ကိုပင် ကျော်လွန်ခဲ့ပြီးဖြစ်သည်။

နတ်ဆိုးများ၏သွေးမျိုးဆက်အဆင့်များမှာ - အနီ ရောင်၊ အနက်ရောင်၊ အနက်ရောင်ဘုရင်၊ ရှေးဟောင်းသူတော်စင် ဖြစ်ကြသည်။

အမှန်တကယ်တွင် ရှေးဟောင်းသူတော်စင်အဆင့် အထက်၌ အခြားအဆင့်တစ်ခု ရှိသေးသည်။

၎င်းသည် ရှေးဟောင်းနတ်ဘုရားတစ်ပါးက သက်ရှိအားလုံးကို အုပ်စိုးနေသကဲ့သို့ပင်။

အင်မော်တယ်နတ်ဘုရားအဆင့်ပင်

အမှန်ပင်

ထိုမျက်လုံး၏ မူလပုံစံသည် ဤအဆင့်တွင် ရှိခဲ့သည်။

သူသည် နက်မှောင်သော ပလ္လင်ပေါ်တွင် ထိုင်နေသော ရှေးဟောင်းနတ်ဘုရား တစ်ပါးဖြစ်ပြီး လောကရှိ နတ်ဆိုးအားလုံးကို အထက်စီးမှ ငုံ့ကြည့်နေခဲ့သည်။

သို့သော် သူသည် ယခုအခါ မျက်လုံးတစ်လုံးသာ ဖြစ်သည်။

သို့တိုင် ကွဲထွက်သွားသော ဤမျက်လုံးသည် ကိုယ်ပိုင်အသိစိတ်ကို မွေးဖွားလာနိုင်ခဲ့သည်။

ဤသည်မှာ အင်မော်တယ်နတ်ဘုရားအဆင့် ၏ ကြောက်မက်ဖွယ်ကောင်းမှုကို သက်သေပြရန် လုံလောက်သည်။

သို့သော် ယခုအခါ...

သူ၏ခန္ဓာကိုယ် မပြည့်စုံသေးသော်လည်း သူ့သွေးမျိုးဆက်၏အဆင့်အတန်းသည် အမှန်ပင် ရှိနေဆဲဖြစ်သည်။

ယခုအခါတွင်မူ သူသည် ထိန်းချုပ်ခံ လိုက်ရပြီ

၁% သာ ဖြစ်စေကာမူ ၎င်းသည် ထိန်းချုပ်မှု တစ်ခု ဖြစ်သည်။

၎င်းသည် သာမန်လူတစ်ဦး၏ ခြေထောက်ကို သော့တစ်လုံးဖြင့် ခတ်ထားခြင်းနှင့် သော့တစ်ရာဖြင့် ခတ်ထားခြင်းတို့သည် တစ်ချို့ ရှုထောင့်မှကြည့်လျှင် ကြီးမားသော ကွာခြားမှု မရှိသကဲ့သို့ပင်။

ထို့ကြောင့် သူ အလွန် တုန်လှုပ်နေသည်။

ဤသည် မည်သည့် စွမ်းအားမျိုးဖြစ်သနည်း။

"သူ ငါ ပြန်လည်အားဖြည့်ခဲ့တဲ့ ဟင်းလင်းပြင် ကို ရောက်လာတယ်... ဒါမှမဟုတ် ငါ ပြန်လည်မွေးဖွားခဲ့တဲ့ နေရာကို။ သူ အဲဒီမှာ ခဏလေး ရပ်နေရုံနဲ့တင် ဒီစွမ်းအား ထွက်ပေါ်လာတာပဲ။ ဒီစွမ်းအားကို ခံစားရတာနဲ့အတူ ဒီလူငယ်ရဲ့ ယုံကြည်မှုရှိတဲ့ ပုံစံကို တွဲပြီးကြည့်လိုက်တဲ့ရင်၊ ငါ တစ်ခုခုကို ဆုပ်ကိုင်မိသလို ခံစားရတယ်... ဒါပေမဲ့ အဲဒါက ဝိုးတိုးဝါးတား ဖြစ်လွန်းတယ်။ အချိန်ကြာလာတာနဲ့အမျှ တိုးပွားလာတဲ့ ငါ့ရဲ့ အသိဉာဏ်နဲ့တောင် ဘာဖြစ်နေလဲဆိုတာကို စဉ်းစားလို့မရ ဖြစ်နေတယ်"

သို့သော် ရှန်းချန်ကောတွင် ကြီးမားသော လျှို့ဝှက်ချက် ရှိနေကြောင်း သူ ခံစားမိသည်။

နောက်ဆုံး သံကြိုးသည် ထိုမျက်လုံး ကို ထိုးဖောက်လိုက်သည်။

ထို့နောက် ထိုမျက်လုံး သည် မိမိအနေဖြင့် အခြေအနေကို လုံးဝ ပြောင်းပြန်လှန်နိုင်တော့မည် မဟုတ်ကြောင်း သိလိုက်သည်။

ဤစွမ်းအားသည် အလွန် အာဏာရှင်ဆန်လှသည်။

သူသည် တစ်ချိန်က တာအိုနည်းစနစ်များ အထက် အလွန် မြင့်မားသော အဆင့်တွင် ရပ်တည်ခဲ့ဖူးသည်ဟု ခံစားခဲ့ရသည်။

နောက်ဆုံးတွင် ဤစွမ်းအားသည် သူ့ကိုပင် များစွာ ကျော်လွန်နေမည်ဟု မမျှော်လင့်ခဲ့ပေ။

ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ

"သေသင့်တဲ့ကောင်..."

သူ မကျေမနပ်ဖြစ်နေသည့် အသံကို ချန်ခဲ့ပြီးနောက် အလင်းရောင်များပျောက်ကွယ်သွားသည်။

သူသည် အေးစက်ပြီး အမှောင်ထုဖုံးလွှမ်းသော နေရာတွင် ပိတ်လှောင်ခံလိုက်ရသည်။

အချိန်ကြာလာသည်နှင့်အမျှ တိုးပွားလာသော သူ၏အသိဉာဏ်သည်လည်း အသုံးမဝင်တော့ပေ။

ထိုအချိန်တွင်...

အပြင်ဘက်ရှိ ရှန်းချန်ကော သည် သူ့ခန္ဓာကိုယ်အတွင်းရှိ ပြောင်းလဲမှုများကို ခံစားလိုက်ရသည်။

တစ်ချိန်တည်းမှာပင် သူ အလွန် အံ့အားသင့် ဝမ်းသာသွားသည်။

အဘယ်ကြောင့်ဆိုသော် သူ၏အတွေးများ မှန်ကန်နေသောကြောင့်ပင်။

ဤ မျက်လုံးကြီး၏အနှစ်သာရသည် နတ်ဆိုးတစ်ကောင် ဖြစ်ပြီး၊ ဤကဲ့သို့သော နတ်ဆိုးမျိုးကို မြူခိုးမှ ကျင့်ကြံခြင်းနည်းစနစ်များ နားလည်သဘောပေါက်သူများက ဖမ်းယူထိန်းချုပ်နိုင်သည်။

ထို့ကြောင့် ရှန်းချန်ကော သည် ဤအပေါ်တွင် ချက်အင်လုပ်ပါက မတူညီသော အရာတစ်ခုကို ရနိုင်မည်ဟု တွေးဆခဲ့သည်။

ထင်သည့်အတိုင်းပင်

ရှန်းချန်ကော ထိန်းချုပ်နိုင်စွမ်းကို ရရှိခဲ့သည်။

အင်မော်တယ်နတ်ဘုရားအဆင့်

ဤ မျက်လုံးကြီး သည် အမှန်ပင် အင်မော်တယ်နတ်ဘုရားအဆင့် တွင် ရှိခဲ့သည်။

ရှန်းချန်ကော လေအေးတစ်ချက် ရှူသွင်းလိုက်သည်။

အင်မော်တယ်နတ်ဘုရားအဆင့် သည် မည်သည့်အဆင့်ဖြစ်သည်ကို သူ မသိသော်လည်း၊ သူနှင့် အချိန်အတော်ကြာ တိုက်ပွဲဝင်ခဲ့သော ထိုမျက်လုံး ကို ဖြေရှင်းပြီးနောက် သူ မည်မျှ အံ့မခန်းဖြစ်ကြောင်း သက်သေပြရန်အတွက် လေအားရပါးရရှူသွင်းလိုက်ရမည်ဟု ခံစားလိုက်ရသည်။

စနစ်၏ကျေးဇူးကြောင့် ဖြစ်သော်လည်း...

စနစ်၏ပိုင်သည့်အရာများသည်လည်း သူ၏အရာများပင် မဟုတ်လော။

ထိုအချိန်တွင် ရှန်းချန်ကော၏ပြောင်းလဲနေသော ဘယ်ဘက်မျက်လုံးသည် ဖြည်းဖြည်းချင်း ပုံမှန်အတိုင်း ပြန်ဖြစ်လာသည်။

လိပ်ပြာပုံစံ အမှတ်အသားများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

ရှန်းချန်ကော အနည်းငယ် ထူးဆန်းသော်လည်း ထိုအချိန်တွင် သူ ရုတ်တရက် တစ်ခုခုကို ခံစားလိုက်ရသည်။

သူ ချက်ချင်း မျက်လုံးများကို မှိတ်လိုက်သည်။

ဤအခိုက်အတန့်တွင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ အရှိန်အဝါသည် ကြီးမားသော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်ခဲ့သည်။

၎င်းသည် အေးစက်ပြီး နက်နဲလာသည်၊ အရှိန်အဝါသည် ခမ်းနားထည်ဝါလာကာ လူများကို ကြောက်ရွံ့တုန်လှုပ်စေနိုင်သည်။

တစ်ခဏချင်းတွင်...

ပတ်ဝန်းကျင် မိုင်အနည်းငယ်အတွင်းရှိ နတ်ဆိုးများသည် တစ်ခုခုကို အာရုံခံမိသကဲ့သို့ ဖြစ်သွားသည်။

သူတို့သည် မြေပြင်ပေါ်တွင် ဒူးထောက်နေကြသကဲ့သို့ တုန်လှုပ်ခြောက်ခြားကာ စုရုံးနေကြသည်။

ခရက်...

ရှန်းချန်ကော ၏ နဖူးပေါ်တွင် အက်ကြောင်းတစ်ခု ရုတ်တရက် ပေါ်လာသည်။

ထိုအက်ကြောင်း၏အနားသတ်သည် လိပ်ပြာပုံစံများဖြင့် လှိုင်းထနေသည်။

၎င်းသည် ရွှေရောင်၊ မြင့်မြတ်သော်လည်း အလွန် ထူးဆန်းသဖြင့် လူမျာူအား တစ်ကိုယ်လုံး အေးစက်စေနိုင်သည်။

ဟူးလား

ရုတ်တရက်...

ထိုအက်ကြောင်းသည် လုံးဝ ကွဲအက်သွားပြီး လုံးဝန်းသော မျက်လုံးတစ်လုံးသည် ၎င်းမှနေ၍ ထွက်ပေါ်လာခဲ့သည်။

၎င်းသည် အဓိကနေရာမှာရွှေရောင်နှင့် လုံးဝ အနက်ရောင်ဖြစ်နေကာ အပြင်ဘက်တွင် မီးခိုးဖြူရောင် အလွှာတစ်ခု ရှိသည်။

၎င်းသည် အလွန် မြင့်မြတ် ပြီး အစွမ်းထက်နေပုံရကာ တိုနှိုင်းမဲ့သော ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါကို ထုတ်ဖော်နေသည်။

ရှန်းချန်ကော ခံစားမိသည်မှာ ထိုမျက်လုံး ပွင့်လာသည့်အခိုက်အတန့်တွင် အဆုံးမရှိသော အနက်ရောင်မြူခိုး သည် သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသကဲ့သို့ ခံစားရသည်။

အနက်ရောင်မြူခိုး သည် သူ့သခင်ကို ခစားနေသလိုပင်။

ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသည် သူ၏ မျက်လုံးများမှ ပျံ့နှံ့သွားသည်။

ပတ်ဝန်းကျင်ရှိ နတ်ဆိုးအားလုံးသည် ကြောက်မက်ဖွယ်ကောင်းသည့်အရာ တစ်ခုခုပြန်လည် အသက်ဝင်လာသည်ကို အာရုံခံမိသကဲ့သို့ ဖြစ်နေသည်။

သို့သော် မကြာမီ

"တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး..."

ရှန်းချန်ကော ၏ မျက်နှာသည် လျင်မြန်စွာ ဖြူဖျော့သွားပြီး နဖူးမှ ချွေးစေးများ စီးကျလာကာ မောဟိုက်စွာ အသက်ရှူနေသည်။

သူ၏ နဖူးပေါ်မှ မျက်လုံးသည် ပင်ပန်းနွမ်းနယ်နေသကဲ့သို့ လျင်မြန်စွာမှေးစင်းလာပြီး နောက်ဆုံးတွင် ပိတ်သွားသည်။

"ငါးစက္ကန့်... ဒီအခြေအနေက အစွမ်းထက်ပေမဲ့ ငါးစက္ကန့်ပဲ အသက်သွင်းနိုင်တယ်။"

အင်မော်တယ်နတ်ဘုရားအဆင့် နတ်ဆိုး ၏ မျက်လုံး သည် အစွမ်းထက်သော်လည်း သူ၏ ကျင့်ကြံခြင်းအဆင့် သည် အလွန် အားနည်းနေသေးသည်။

သူသည် ငါးစက္ကန့်သာ ခံနိုင်ရည်ရှိသည်။ ငါးစက္ကန့်ကြာပြီးနောက် ပွင့်နေသော မျက်လုံးသည် ထိုအခြေအနေကို ဆက်လက် ထိန်းသိမ်းထားနိုင်ခြင်း မရှိဘဲ ပိတ်ပစ်ရသည်။

မဟုတ်ပါက ရှန်းချန်ကော သည် ထိုမျက်လုံး၏ လုံးဝ အစွမ်းကုန်ညှစ်ထုတ် ခံရမည်ဖြစ်သည်။

ငါးစက္ကန့်...

လုံလောက်လေပြီ။

ရှန်းချန်ကော မိမိကိုယ်ကို နှစ်သိမ့်လိုက်သည်။

ခုနက အခြေအနေနှင့်ဆိုလျှင် သူသည် နတ်တံတားအဆင့် အထက်ရှိ ကူးပြောင်းခြင်းအဆင့် ကိုပင် စိန်ခေါ်နိုင်ပေလိမ့်မည်...

လက်ရှိအချိန်တွင် ရှန်းချန်ကော သည် လွတ်မြောက်ခြင်းအဆင့် အထွတ်အထိပ်ရှိ ကျင့်ကြံသူတစ်ဦးသာ ဖြစ်သည်။

ဤအရာကို အခြားသူများအား ပြောပြပါက အလွန် တုန်လှုပ်စရာ ဖြစ်ပေလိမ့်မည်။

ထိုအချိန်တွင်...

ရှန်းချန်ကော သည် ဂိုဏ်းထဲသို့ စတင် လျှောက်လှမ်းဝင်ရောက်လာခဲ့သည်။

တချိန်တည်းမှာပင်...

ကောင်းကင်ဘုံဓားဂိုဏ်း တွင်...

ပုံရိပ်တစ်ခုသည် ကောင်းကင်ဘုံဓားဂိုဏ်း ၏ ဓားသခင်ရုပ်တုအောက်တွင် ရပ်နေပြီး ဂိုဏ်းသားများကို မထီမဲ့မြင်ပြုကာ ကြည့်နေသည်။

"သူ အရိုက်ခံချင်နေတာပဲ..."

"စိတ်ထိန်းကြ။ ဂိုဏ်းချုပ်ကြီး ပြောတာ ကြားလိုက်ရတယ်။ ငါတို့ရှေ့က ဒီကောင်က လွတ်မြောက်ခြင်းအဆင့် ကျင့်ကြံသူကို အလွယ်တကူ ရိုက်နှက်နိုင်တယ်တဲ့..."

"လွတ်မြောက်ခြင်းအဆင့် ကျင့်ကြံသူကို တကယ် ရိုက်နှက်နိုင်တာလား။ သူ့အရှိန်အဝါက ကြောက်စရာကောင်းလွန်းလို့ နတ်တံတားအဆင့် တောင် သူ့လောက် အားမကောင်းဘူးလို့ ခံစားရတယ်။ သူ့အကြည့်က ငါ့ကို မသက်မသာ ဖြစ်စေတာပဲ။ ပြင်းထန်တဲ့ခွဲခြားဆက်ဆံမှု ခံစားချက်ကို ငါ ခံစားရတယ်..."

ကျိဘ နှာခေါင်းရှုံ့လိုက်သည်။

သူသည် ပတ်ဝန်းကျင်မှ လူများ၏ဆွေးနွေးမှုများကို နားထောင်နေသည်။

ဟား.ဟား.

ဓားပညာရှင် တစ်စုပဲ။

မြူခိုးနေထိုင်သူများ သည် အားလုံး ထွားကျိုင်းသန်မာသော အမျိုးသားများ ဖြစ်ကြသည်။

သူတို့ အမုန်းဆုံးအရာကတော့ ဓားသုံးချောင်းကို ကျောမှာလွယ်ထားပြီး လှုပ်ရှားတဲ့အခါ ပုံစံမျိုးစုံ ထုတ်ပြရသော ဓားပညာရှင်များပင်ဖြစ်သည်။

ထိုသူတို့သည့် အလွန်ပရောပရည် လုပ်တတ်ကြလေသည်။

မြူခိုးနေထိုင်သူများ အားလုံးသည် ခန္ဓာကိုယ်ကျင့်ကြံခြင်းကို ကျင့်ကြံသူများ ဖြစ်ကြသည်။

သူတို့သည် ကြွက်သားများကို အရာအားလုံးထက် ပိုအလေးထားကြပြီး ဤဓားသမား ပုံစံ ခန့်ညားသူများကို အမုန်းဆုံးဖြစ်ကြသည်။

မြူခိုးနေထိုင်သူများအဖွဲ့၏တစ်ကိုယ်တည်းသမား ဖြစ်နိုင်ခြေမှာ ၃% သာ ရှိသည်။

ထို့အတူ ဝတ်ရုံနက် အဖွဲ့အစည်းကို ကြည့်လိုက်ပါက...

ထိုလူများသည် နတ်ဆိုးများအား သတ်ဖြတ်ရန် အပြင်ထွက်သည့်အခါ သူတို့ဟာမိသားစုများကို ခေါ်သွားတတ်ကြသည်။

ကျိဘ အေးစက်စွာ နှာမှုတ်လိုက်သည်။

သောက်ကျိုးနဲကောင်တွေ

"မင်း အရမ်း မောက်မာလွန်းတယ်"

ထိုအချိန်တွင် နောက်ဆုံး၌မကျေနပ်သော ဓားဂိုဏ်း သားအချို့ ထွက်ပေါ်လာသည်။

သို့သော် ထိုအချိန်တွင် ကျိဘ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ၏အရှိန်အဝါ ကို ထုတ်လွှတ်လိုက်သည်။

ပတ်ဝန်းကျင်ရှိ ဓားဂိုဏ်း သားအားလုံးသည် ချက်ချင်းခြေထောက်များ ပျော့ခွေသွားပြီး မြေပြင်ပေါ် ဖိနှိပ်ခံလိုက်ရသည်။

ထို ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသည် တောင်တစ်လုံးကဲ့သို့ လေးလံသော အင်အားဖြင့် ကျဆင်းလာခဲ့သည်။

"အား"

သူတို့ နာကျင်စွာ အော်ဟစ်လိုက်ကြသည်။

ဒီလူ

အရမ်း ကြောက်စရာကောင်းလိုက်တာ

အရှိန်အဝါသည် ဂိုဏ်းသားအများအပြားကို တိုက်ရိုက် ဖိနှိပ်ချလိုက်သည်။

ခမ်းနားပြီး နက်နဲလှသည်။

ဤမျှ အစွမ်းထက်သော တည်ရှိမှုသည် ဂိုဏ်းထဲတွင် မည်သို့ထွက်ပေါ်လာရသနည်း။

သို့သော် ထိုအချိန်တွင် တည်ငြိမ်သောအသံတစ်ခုသည် အဝေးမှ ရုတ်တရက်ပျံ့လွင့်လာခဲ့လေ၏။

"ဟေး မင်းတို့က အတော်လေးအားပြည့်နေကြပါလား။"

ကျိဘ သူ၏အရှိန်အဝါ ကို ရုတ်သိမ်းလိုက်ပြီး၊သူ၏မျက်နှာပေါ်ရှိ အေးစက်မောက်မာသောအမူအရာသည် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားပြီး ဖော်ရွေသောအပြုံး ဖြင့် အစားထိုးလိုက်သည်။

All Chapters