← Chapters

ခြောက်ခြားသွားကြသော ရှေးဟောင်းမွန်းစတားအိုကြီးများ

Vol. 6 Ch. 60

ခြောက်ခြားသွားကြသော ရှေးဟောင်းမွန်းစတားအိုကြီးများ

Vol. 6 Ch. 60

"ဒီနှစ် မျိုးဆက်သစ်တွေက ကြည့်ရတာ တော်တော်လေးကောင်းမွန်ကြသားပဲ..."

ထိုအချိန်တွင်...

အမှောင်နတ်ဘုရားကျောက်တိုင်ကြီး၏ရှေ့တွင် လူရိပ်အချို့ တင်ပလ္လင်ခွေ ထိုင်နေကြသည်။

သူတို့ ရှိနေသော နေရာမှအနည်းငယ် ထွက်ပေါ်နေသော အငွေ့အသက်များကပင် လေထုကိုလွှမ်းထားပြီး အသက်ရှူကျပ်စေလောက်သည်။

အမှောင်မြူခိုးများ ရစ်ပတ်နေသော ထိုနေရာမှနေ၍သူတို့သည် မဟာပျက်သုဉ်းခြင်းကမ္ဘာအတွင်းရှိ မြင်ကွင်းများကို ကြည့်ရှုကာ ကျေနပ်အားရစွာ ချီးကျူးလိုက်ကြသည်။

"ဟုတ်ပ၊ဒီနှစ်တော့ တစ်ရက်တည်းနဲ့ ဒန်နန်းတော် ကို ဖွဲ့စည်းနိုင်မယ့်သူတွေ အများကြီး ပါလောက်တယ်။"

ထိုနေရာရှိ ပုဂ္ဂိုလ်အချို့သည် မဟာပျက်သုဉ်းခြင်းကမ္ဘာ တစ်ခုလုံးကို စောင့်ကြည့်နေကြခြင်း ဖြစ်သည်။

ယခုအချိန်တွင် သူတို့၏မျက်ဝန်းများ၌ မျှော်လင့်ချက်များ ပြည့်နှက်နေသည်။

"အင်း... ဒီကောင်လေး မဆိုးဘူးပဲ။ စွမ်းအင်စီးကြောင်း ၈ ခုတောင် ဖြစ်ပေါ်နေပြီ။ ခန့်မှန်းရရင် တစ်ရက်မပြည့်ခင် သူ့ရဲ့ကိုယ်ပိုင် ဒန်နန်းတော်ကို တည်ဆောက်နိုင်လောက်တယ်။"

"ဒီတစ်ယောက်ကတော့ စီးကြောင်း၇ ခုဖြစ်ပေါ်နေတယ်။ ဒီကောင်လေးက ကျိယိုအရှင်သခင်ကြီးရဲ့ သားမလား... ဒီကောင်လေးလည်း မဆိုးပါဘူး။ တစ်ရက်အတွင်း ဒန်နန်းတော်တည်ဆောက်ဖို့က ပြဿနာ သိပ်မရှိလောက်ဘူး။"

သူတို့၏အကြည့်များသည် မဟာပျက်သုဉ်းခြင်းကမ္ဘာအတွင်း နေရာအနှံ့သို့ပြေးလွှားနေပြီး သူတို့၏ရှေ့တွင်လည်း လေပူဖောင်းငယ်လေးများ ဖြစ်ပေါ်နေသည်။

ပါရမီကောင်းသော ပါရမီရှင်များကို ဖြတ်ကျော်ကြည့်ရှုမိတိုင်း ထိုလေပူဖောင်းများက ချက်ချင်း ပိုမိုကြီးထွားလာသည်။

ဤအရာက ရိုးရှင်းသောထောက်လှမ်းသည့် လျှို့ဝှက်ပညာရပ်တစ်ခုသာ ဖြစ်ပြီး သိပ်မဆန်းပြားသော်လည်း ဤနေရာရှိ ပါရမီရှင်များ၏ အရည်အချင်းကို ရှင်းလင်းစွာ ခံစားသိရှိနိုင်ရန် ကူညီပေးသည်။

သူတို့က သူတို့၏မုတ်ဆိတ်များကို ပွတ်သပ်ရင်း မရယ်ဘဲ မနေနိုင်ကြတော့ပေ။

ပါရမီရှင် များလေလေ သူတို့ ပိုပျော်လေလေပင်။

အဘယ်ကြောင့်ဆိုသော် ယခုခေတ်တွင် ပါရမီရှင်တစ်ယောက် ပေါ်ထွန်းလာခြင်းက အနာဂတ်အတွက် အားကိုးရမည့် ကျွမ်းကျင်သူတစ်ယောက် ပေါ်ထွက်လာခြင်းပင် ဖြစ်သည်။

သို့သော် ထိုအချိန်တွင်...

ရုတ်တရက်...

သူတို့၏အမြင်အာရုံထဲ၌ အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။

ထိုသူသည် မဟာပျက်သုဉ်းခြင်းကမ္ဘာထဲတွင် စိတ်ဝင်တစားဖြင့် အေးအေးဆေးဆေး လမ်းလျှောက်နေသည်။

ထိုအရာကိုမြင်တော့ သူတို့အားလုံး ထူးဆန်းသွားကြသည်။

ဒါ ဘယ်သူလဲ။

လူတိုင်းက ဒန်နန်းတော် တည်ဆောက်ဖို့ ကြိုးစားနေကြတာ၊ သူက ဘာလို့ ဒီမှာ လမ်းလျှောက်နေရတာလဲ။

သို့သော် ရုတ်တရက်

ဘုတ်

ဘုတ်

သူတို့ရှေ့ရှိလေပူဖောင်းများသည် တစ်ခုပြီးတစ်ခု လျင်မြန်စွာ ကြီးထွားလာပြီး ချက်ချင်းပေါက်ကွဲသွားကြသည်။

ထိုနေရာတစ်ခုလုံး ကြောက်စရာလောက်အောင်တိတ်ဆိတ်သွားသည်။

ဘာတွေ ဖြစ်သွားတာလဲ

သူတို့၏ထောက်လှမ်းရေးနည်းစနစ်ကြောင့် ဖြစ်ပေါ်လာသော လေပူဖောင်းများက လျင်မြန်စွာ ပေါက်ကွဲကုန်ကြသည်လော။

ဤအရာက သူတို့ထောက်လှမ်းလိုက်သည့် လူ၏ပါရမီမှာ သူတို့အသုံးပြုသော နည်းစနစ်၏ ကန့်သတ်ချက်ကို ကျော်လွန်နေပြီဆိုသည့် အဓိပ္ပာယ်ပင်။

ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ

စူးစမ်းထောက်လှမ်းခြင်း နည်းစနစ် သည် အလွန် လိုက်လျောညီထွေရှိသည်။ ဤကဲ့သို့ အခြေအနေမျိုး ဖြစ်ခဲပါသည်။

"ဒါ ဘယ်သူလဲဟ"

သူတို့အားလုံး မဟာပျက်သုဉ်းခြင်းကမ္ဘာထဲသို့ အကြည့်များ ပို့လွှတ်လိုက်ကြသည်။

တောက်ပနေသော မျက်လုံးအစုံများသည် မှင်ရောင်ကဲ့သို့ မည်းမှောင်နေသော ကောင်းကင်ယံ၌ ဖုံးကွယ်ထားကြသည်။

ဝုန်း

သူသည် ချောမောသောအဖြူရောင်ဝတ်ရုံလူငယ် တစ်ဦးဖြစ်ပြီး အေးအေးဆေးဆေး လျှောက်သွားနေသည်။

ထိုအခိုက်အတန့်တွင် သူသည် ဘယ်ကြည့် ညာကြည့် လုပ်နေပြီး မဟာပျက်သုဉ်းခြင်းကမ္ဘာ ကို အလွန် စူးစမ်းလိုစိတ်ဖြင့် ပြည့်နှက်နေပုံရသည်။

"သူက ဒန်နန်းတော်ကို ဖွဲ့စည်းပြီးသွားပြီ"

တစ်စုံတစ်ယောက်က ရုတ်တရက် တစ်ခုခုကို ခံစားလိုက်မိပြီး အာမေဋိတ်သံဖြင့် အော်ပြောလိုက်သည်။

ဘာ

အမှောင်နတ်ဘုရားကျောက်တိုင်က အခုမှ ဒန်နန်းတော်တည်ဆောက်ဖို့ စတင်အကူအညီပေးရုံ ရှိသေးတာလေ။

ဒီလူငယ်က ချက်ချင်းပဲ တည်ဆောက်တာအောင်မြင်သွားပြီလား။

ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ

နောက်နေတာတော့ မဟုတ်ပါဘူးနော်

"သေချာတယ်၊ ငါ အမြင်မမှားဘူး။ ကြည့်လိုက်ကြ၊သူက တည်ငြိမ်နေတယ်၊ပြီးတော့ အမှောင်နတ်ဘုရားကျောက်တိုင်ရဲ့လွှမ်းမိုးမှုကို လုံးဝ မခံရဘူး။ ပုံမှန်ဆိုရင် ဒီအချိန်မှာ ကျောက်တိုင်က ဒန်နန်းတော်တည်ဆောက်ဖို့ အတင်းအကျပ် ဖိအားပေးလေ့ရှိတယ်။သူက ဒီလောက် ပေါ့ပေါ့ပါးပါး နေနိုင်တယ်ဆိုတာ ဖြစ်နိုင်ခြေ တစ်ခုပဲ ရှိတယ်။ အဲ့ဒါက သူ ဒန်နန်းတော် တည်ဆောက်ပြီးသွားလို့ပဲ"

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားရှင်ကြီးများ သည် ဤအခိုက်အတန့်တွင် တုန်လှုပ်သွားကြသည်။

အမှောင်နတ်ဘုရားကျောက်တိုင်က လုံးဝ အမှားမလုပ်နိုင်ဘူးဆိုတာ သူတို့ ယုံကြည်သည်။

ဒန်နန်းတော် တည်ဆောက်ပြီးသား လူတစ်ယောက်ကို ဆွဲခေါ်လာစရာ အကြောင်းမရှိပေ။

ဆိုလိုတာက...

ဤလူငယ်လေးသည် ယခုလိုတိုတောင်းသော အချိန်အတွင်း၌ဒန်နန်းတော်ကို လျှင်မြန်စွာဖွဲ့စည်းလိုက်ခြင်းပင်။

"မပြည့်မစုံတဲ့အရာများလား"

"မဖြစ်နိုင်လောက်ဘူး။ တကယ်လို့ မပြည့်မစုံတဲ့အရာဖွဲ့စည်းထားရင် သူကထိခိုက်ဒဏ်ရာ ရထားမှာပဲ။ အခုလိုမျိုး လန်းဆန်းတက်ကြွနေမှာ မဟုတ်ဘူး..."

ဒီလူငယ်က...

"မင်းတို့က ဘာတွေ တွေးပြီး အချိန်ဆွဲနေကြတာလဲ။သူ ဘယ်လို ဒန်နန်းတော်မျိုးဖွဲ့စည်းထားလဲဆိုတာ ကြည့်လိုက်ရင် ပြီးတာပဲ မဟုတ်လား။ ငါ့ဆီမှာ အဆင့်မြင့် 'ပုံရိပ်ဖန်တီးခြင်းလျှို့ဝှက်နည်းစနစ်' ရှိတယ်။ငါ သူ့ရဲ့ဒန်နန်းတော်ကို တုပပြီး ပုံဖော်ကြည့်လိုက်မယ်၊ ဒီကောင်လေးသာ တကယ့် မွန်းစတားကြီး ဖြစ်နေရင် ရှေးဟောင်းနတ်ဘုရား ချောက်နက်ထဲ ပစ်ထည့်ပစ်မယ်။" စိတ်မြန်လက်မြန်ရှိသော ယပုဂ္ဂိုလ်တစ်ဦးက အေးစက်စွာ ပြောလိုက်သည်။

"ဟုတ်တယ် ချင်းရွှမ်၊ သူ ဘာ ဒန်နန်းတော် ဖွဲ့စည်းထားလဲဆိုတာ ကြည့်လိုက်စမ်းပါ"

"ဒီလောက်ကြီး မြန်တာဆိုရင်တော့ ထူးခြားတဲ့ 'အထူးနန်းတော်' မျိုးတော့ မဖြစ်လောက်ပါဘူး။ ဟူး... နှမြောစရာပဲ တကယ်လို့ ပါရမီသာ တကယ်ကောင်းရင် အထူးနန်းတော်ဖြစ်လာပြီး ကောင်းကင်နဲ့မြေပြင်မှာ ထူးခြားတဲ့ဖြစ်ရပ်တွေ ပေါ်လာမှာ။အဲ့ဒါမှ ပါရမီရှင်ပဲ။"

ထူးခြားနန်းတော်သည် ဒန်နန်းတော်တည်ဆောက်သည့်အခါ လောကတွင် ထူးခြားသောဖြစ်ရပ်များ ကို ဖြစ်ပေါ်စေနိုင်လေသည်။

တစ်ကြိမ်က လူတစ်ယောက်သည် သူ၏ဒန်နန်းတော်ကို ပုံဖော်သောအခါ လှိုင်းထန်နေသော ပင်လယ် တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

နက်ရှိုင်းသောသမုဒ္ဒရာအောက်တွင် ဒန်နန်းတော် သည် အမြစ်တွယ်နေပြီး ပင်လယ်ရှိ နက်နဲသောနဂါးနန်းတော် ကဲ့သို့ပင် ပင်လယ်ကို ဖိနှိပ်ထားသည်။

နောက်တစ်ယောက်မှာတော့ ကြယ်တာရာများ တောက်ပကာ ဒန်နန်းတော်မှကြယ်များ ထွက်ပေါ်လာပြီး စကြဝဠာကိုလင်းလက်စေကာ ကောင်းကင်နှင့်မြေပြင်ကို ထိုးဖောက်သွားသည့် အလင်းတန်းများ ပေါ်ထွက်ခဲ့ဖူးသည်။

ကောလာဟလများအရ 'ဖရိုဖရဲဖြစ်တည်ခြင်း' တွင် အမြစ်တွယ်နေသော ကြောက်မက်ဖွယ်ဒန်နန်းတော်များလည်းရှိတတ်ပြီး အနည်းငယ်လှုပ်ခါလိုက်ရုံဖြင့် လေးလံပြီး လျှို့ဝှက်ဆန်းကြယ်သော ဖရိုဖရဲစွမ်းအင်များ ကျဆင်းလာတတ်သည်ဟု ဆိုသည်။

ထိုကဲ့သို့ အထူးနန်းတော်များမှ မွေးဖွားလာသော စွမ်းအင်များသည် ပိုမို ကြောက်စရာကောင်းသည်။

ယခု ဤလူငယ်လေးသည် ဤမျှလျင်မြန်စွာ ဖွဲ့စည်းလိုက်သော ဒန်နန်းတော်က မည်သို့သောအဆင့် ဖြစ်နေမည်နည်း။

"ငါ စပြီ"

အစောပိုင်းက ပြောဆိုခဲ့သော ချင်းရွှမ် ဆိုသူက မျက်လုံးကိုပြူးကျယ်လိုက်ပြီး လက်ဟန်တစ်ခုပြုလိုက်သည်။

ဝုန်း

အလွန် နက်နဲဆန်းကြယ်သော အငွေ့အသက်တစ်ခု ရုတ်တရက် ဝင်ရောက်လာသည်။

သို့သော် မကြာမီ ချင်းရွှမ်၏မျက်ဝန်းများ အနည်းငယ် လှုပ်ခတ်သွားသည်။

"ဒီကောင်လေး"

သူ့အသံတွင် အံ့သြမှုအချို့ပါဝင်နေသည်။

ထိုအချိန်တွင် သူတို့၏မြင်ကွင်းထဲ၌...

ထိုလူငယ်သည် ရုတ်တရက်သူလုပ်နေသော အပြုအမူများကို ရပ်တန့်လိုက်ပြီး မျက်လုံးများက သူတို့ ရှိနေသည့် နေရာဘက်သို့ လှမ်းကြည့်လိုက်သည်ကို တွေ့လိုက်ရသည်။

ထိုနေရာရှိ ပုဂ္ဂိုလ်ကြီးများ၏နှုတ်ခမ်းထောင့်များ တုန်ယင်သွားကြသည်။

သူတို့ကို တွေ့သွားပြီ

ဤနေရာရှိသူ အားလုံးဟာ ထွက်ပေါ်လာသည်နှင့် လူပေါင်းများစွာကို တုန်လှုပ်သွားစေနိုင်သော ရှေးဟောင်းမွန်းစတားကြီးများ ဖြစ်ကြသော်လည်း ယခုအချိန်တွင်မူ ကျောချမ်းဖွယ်ခံစားချက်ကို ရရှိလိုက်ကြသည်။

ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ

ဒီလူငယ်လေးက သူတို့ကို ရှာတွေ့သွားတယ်။

"ငါ့ကို ရှာတွေ့သွားပြီ" ချင်းရွှမ်၏မျက်နှာ ပျက်ယွင်းသွားသည်။

"သူက ငါ့ထက် ပိုနက်နဲတဲ့ 'ပုံရိပ်ဖန်းတီးခြင်းနည်းစနစ်' ကို တတ်ကျွမ်းထားတာပဲ သူ ငါ့ကိုပြန်ပြီး ခြေရာခံနေတယ်၊ ငါတို့ရဲ့ ကျင့်ကြံခြင်းအဆင့်က မိုးနဲ့မြေလို ကွာခြားနေတာတောင် သူက ဒီအဆင့်ထိ လုပ်နိုင်တယ်ဆိုတော့... မဖြစ်နိုင်သလောက်ပဲ၊တစ်ခုပဲ ရှိတယ် သူက အဲ့ဒီ ပုံဖော်ခြင်းပညာရပ်ကို အထွတ်အထိပ်အဆင့်ထိ ရောက်အောင် ကျင့်ကြံထားတာပဲ ဖြစ်ရမယ်"

သူ့အသံကြောင့် ဤနေရာရှိလူအားလုံး မျက်နှာပျက်သွားကြသည်။

ချင်းရွှမ်၏အသံသည် တဖြည်းဖြည်း ကြောက်လန့်သံပါလာပြီး မျက်နှာမှာမီးသွေးခဲလို မည်းနက်လာသည်။

"သူ သဲလွန်စတွေနောက်ကိုလိုက်ပြီး ငါ့ဆီ ခြေရာခံ လိုက်လာနေပြီ"

"သူ့ရဲ့ဒန်နန်းတော်ကို ပုံဖော်လို့ ရပြီလား"

"ကလေးတစ်ယောက်ရဲ့လျှို့ဝှက်ပညာရပ်နဲ့ ခြေရာခံလိုက်ရတယ်ဆိုတာသာ အပြင်လူတွေ သိသွားရင် ငါ့ဘဝ သွားပြီပဲ"

ထိုစကားကို ပြောလိုက်ရင်း ချင်းရွှမ်၏မျက်လုံးများ ပိုမိုဆိုးရွားလာသည်။

သူသည် မိမိ၏ကျင့်ကြံခြင်း စွမ်းအားများကို ရူးသွပ်စွာ ထုတ်ဖော်လိုက်သည်။

ဝုန်း

မင်းက ငါ့ကိုခြေရာခံချင်မှတော့ ငါက ကျင့်ကြံခြင်း အဆင့်နဲ့ မင်းကို ဖိနှိပ်ပစ်မယ်

မဟာအပျက်အစီးနယ်မြေတစ်ခုလုံး၏ ကောင်းကင်ယံသည် ပြင်းထန်စွာတုန်ခါသွားသည်။

ဒန်နန်းတော်တည်ဆောက်နေသော လူငယ်များအားလုံး ရင်တုန်ပန်းတုန်ဖြစ်သွားကြသည်။

သို့သော် ထိုအချိန်မှာပင် မဟာအပျက်အစီးနယ်မြေအတွင်းရှိ အဖြူရောင်ဝတ်လူငယ်၏ ကျောဘက်မှ ဓားရှည်သည် ရုတ်တရက် ဓားအိမ်မှ ကျွတ်ထွက်လာလေ၏။

ဓားအလင်းတန်းတစ်ခုသည် ကောင်းကင်ယံသို့ ထိုးဖောက်ဝင်ရောက်သွားသည်။

ချင်းရွှမ်၏ခန္ဓာကိုယ် တုန်ခါသွားသည်။

သူ့မျက်နှာအမူအရာမှာ မစင်စားမိသကဲ့သို့ ရုပ်ဆိုးအကျည်းတန်သွားသည်။

"ဘာဖြစ်သွားတာလဲ" ဘေးပတ်ဝန်းကျင်ရှိ အစွမ်းထက်ပုဂ္ဂိုလ်များက မေးမြန်းလိုက်ကြသည်။

"သူ... ဓားတစ်ချက်တည်းနဲ့... ငါတို့ကြားက ဆက်သွယ်မှုကို ဖြတ်တောက်လိုက်ပြီ..."

ချင်းရွှမ် တုန်လှုပ်ချောက်ချားသွားသည်။

"သူက သေချာပေါက် 'ပုံရိပ်ဖန်တီးတုပခြင်း လျှို့ဝှက်နည်းစနစ်'ကို အထွတ်အထိပ်ထိ ကျင့်ကြံထားရုံသာမကလိုသလို အသုံးပြုနိုင်တဲ့ အဆင့်ထိ ရောက်နေပြီ။သူက ဓားကိုကြားခံပြီး အဲ့ဒီပညာရပ်ကို အသုံးပြုလိုက်တာ။ငါ ဒီလို သတ္တဝါဆန်းမျိုးကို တစ်ခါမှ မတွေ့ဖူးဘူး၊အဆင့်နိမ့်ပညာရပ်တစ်ခုဆိုရင်တောင်၊ အထွတ်အထိပ်ရောက်အောင် ကျင့်ကြံဖို့ဆိုတာ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုနဲ့ ပါရမီကို လိုအပ်တာ..."

ဤနေရာတွင်ရှိနေသူအားလုံး အလွန်အမင်း တုန်လှုပ်သွားကြသည်။

အဲ့ဒီ အဖြူရောင်ဝတ် လူငယ်

သူက ဘယ်ကများလဲ

"သူ့ရဲ့ဒန်နန်းတော်ကရော" ဘေးမှ လူများက ဆက်မေးလိုက်ကြသည်။

"ငါ ပုံဖော်လို့ ရလိုက်တယ်။" ချင်းရွှမ်က အနည်းငယ် ပြုံးလိုက်သည်။

"သူ ငါ့ကို ခြေရာခံမိလုနီးပါးဖြစ်ခဲ့ပေမဲ့၊ ငါ သူ့ရဲ့ ဒန်နန်းတော်ကို ပုံဖော်နိုင်ခဲ့တယ်။ ဒါပေမဲ့ သိပ်တော့ မပီပြင်ဘူး။"

သူသည် သူ့ဦးနှောက်ထဲမှယခုလေးတင် ပုံဖော်ကြည့်လိုက်သော အဖြူရောင်ဝတ်လူငယ်၏ဒန်နန်းတော်ကို စတင် ခံစားကြည့်လိုက်သည်။

ရုတ်တရက် သူ့မျက်နှာ ပြင်းထန်စွာပြောင်းလဲသွားပြီး အော်ဟစ်လိုက်လေသည်။

"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

စာစဉ်၆ပြီး#

All Chapters