အခန်း (၁၆၃-၁၆၅)
Vol. 14 Ch. 163-165
အခန်း (၁၆၃)။
ဟုန်ယွိသည် သူ၏ဒဏ်ရာများ ဤမျှပြင်းထန်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ သူသည် ဒိုင်ဇင်ဘုရားကျောင်း၏ အကြီးကျယ်ဆုံးသော ကျမ်းသုံးစောင်အနက်မှ တစ်စောင်ဖြစ်သော အတိတ်သုတ္တန်ကို အသုံးပြုရန်ပင် မစွမ်းနိုင်ခဲ့ပေ။ အတိတ်သုတ္တန်ကို စတင်လေ့ကျင့်ခဲ့သည့် အချိန်မှ စ၍ သူသည် မဖြစ်နိုင်သည့်အရာမရှိဟု ခံစားခဲ့ရသည်။ သူ၏စိတ်ဝိညာဉ်သည် မည်သည့် ဒဏ်ရာမျိုးကိုမဆို ပြန်လည်ကုစားနိုင်သည်ဟု ယုံကြည်ခဲ့သည်။
ဤယုံကြည်ချက်ကြောင့် သူသည် ထိုလျှို့ဝှက်ပညာဖြင့် ကျောက်ဖေးရုန်ကဲ့သို့ သူ့ထက်သာလွန်သော ကျွမ်းကျင်သူများစွာကို ရင်ဆိုင်ခဲ့ဖူးသည်။ မဟာနတ်ဆိုးအင်မော်တယ် ရှစ်ပါးအနက် တစ်ပါးဖြစ်သူ ချန်ယင်းရှာပင်လျှင် သူ၏စိတ်ဝိညာဉ်ကို ဖျက်ဆီးနိုင်ခြင်း မရှိခဲ့ပေ။
သို့သော် ယနေ့တွင် သူသည် ကြီးမားသော ဆုံးရှုံးမှုကြီးကို ရင်ဆိုင်ကြုံတွေ့နေရသည်။ မြို့စားဝူဝမ်စံအိမ်၏ အိမ်တော်ထိန်း အိုကြီးသည် မည်မျှပင် သန်မာနေသည်ဖြစ်စေ၊ ကျွမ်းကျင်သူများစွာ၏ ဝိုင်းရံ တိုက်ခိုက်မှုအောက်တွင် သေဘေးနှင့် ရင်ဆိုင်ကြုံတွေ့ရမည်ဟု သူ ထင်ခဲ့သည်။ ထိုသို့ဖြစ် လျှင်, သူသည် ဝူဝမ်မြို့စားစံအိမ်၏ ညာလက်ရုံးတစ်ဦးကို သတ်ဖြတ်နိုင်ရုံသာမက၊ ရတနာဝတ်ရုံတစ်ထည်ကိုလည်း ရယူနိုင်မည်။ ထို့အပြင်, သူ့ကို ဖမ်းဆီးပြီး သတင်းအချက်အလက်များကို စစ်ဆေး မေးမြန်းနိုင်မည်ဟုလည်း ထင်ထားခဲ့သည်။
သို့သော် မည်သူမျှ မသိခဲ့သည်မှာ ဤအိမ်တော်ထိန်းအိုကြီးသည် သေဆုံးခြင်း မရှိရုံသာမက၊ သူ၏ ထူးကဲသော သိုင်းပညာဖြင့် ဟုန်ယွိ၏ စိတ်ဝိညာဉ် ကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့ပြီး၊ သွေးငါးမန်းအစောင့် ဒါဇင်ကျော်နှင့် ဝေလငါးသတ် အသေခံတပ်သား ငါးဦးကိုပါ သတ်ဖြတ်သွားခဲ့သည်။
ကံကောင်းစွာဖြင့်၊ ချီဇီယန်အပါအဝင် အခြားသူများသည် နောက်ပိုင်း ရောက်ရှိလာခဲ့သည်။ သို့မဟုတ်လျှင် သူ့ကိုယ်ပိုင် ကျွမ်းကျင်သူများ အားလုံး သေဆုံးသွားပြီး၊ သူ၏ကြိုးစားအားထုတ်မှုဖြင့် တည်ဆောက်ထားသော အင်အားစုသည် တခဏအတွင်း ဖျက်ဆီးခံရလိမ့်မည်။
ဟုန်ယွိသည် မက်မွန်နတ်ဘုရားဓားထဲတွင် ချီဝိညာဉ်ဝဲဂယက်ကို အသုံးပြုပြီး သူ့စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်ခဲ့သော်လည်း၊ ဝူအိမ်တော်ထိန်း ကို မည်သည့်နည်းဖြင့်မျှ မထိခိုက်စေနိုင်ခဲ့ပေ။ သူ့မိခင်အတွက် လက်စားချေရန်နှင့် တရားမျှတမှုရယူလိုသည့် သူ့စိတ်ဆန္ဒသည် တဖန် ပြင်းထန်စွာ ချိုးနှိမ်ခံလိုက်ရသည်။
ဝူအိမ်တော်ထိန်း တစ်ဦးတည်းကပင် သူ့ကို ဤမျှကြီးမားသော ဆုံးရှုံးမှုများနှင့်အတူ လုံးဝ ပျက်စီးလုနီးပါး ဖြစ်စေနိုင်ခဲ့သည်။ အကယ်၍, ဟုန်ရွှန်ကျိ ကိုယ်တိုင် ရောက်ရှိလာခဲ့လျှင်, သူသည် ပုရွတ်ဆိတ်တစ်ကောင်ထက်ပင် ပိုမိုမြန်ဆန်စွာ သေဆုံးသွားရမည်။ ထို့အပြင်၊ ဟုန်ရွှန်ကျိထံတွင် ဝူအိမ်တော်ထိန်းကဲ့သို့ သန်မာသူများ ရှိနေသေးလား မသိနိုင်ပေ။ အထွဋ်ထိပ်ကောင်းကင်နယ်မြေတွင် ထိုကဲ့သို့သော ကျွမ်းကျင်သူများ မည်မျှ ရှိနေသေးသနည်း။
သို့သော် ယခုအခါ သူသည် ထိုအရာများကို စဉ်းစားရန် အချိန်အခါ မဟုတ်သေးပေ။ ယခုအချိန်တွင် အရေးကြီးဆုံးမှာ သူ၏စိတ်ဝိညာဉ် ဒဏ်ရာကို ပြန်လည် ကုစားရန် ဖြစ်သည်။
ယခုအခါ ဟုန်ယွိသည် စိတ်ဝိညာဉ်ဆိုင်ရာ ပညာရပ်များတွင် မည်သည့်အရာကိုမျှ အသုံးမပြုနိုင်တော့ပေ။ တာအိုပညာရပ်များ၏ ပထမဆုံး ခြေလှမ်း ဖြစ်သော စိတ်တည်ငြိမ်ခြင်းနယ်ပယ်ကိုပင် မဝင်ရောက်နိုင်တော့ပေ။ တစ်ခုတည်းသော နည်းလမ်းမှာ အခြားသူများ၏ အကူအညီဖြင့် တာအို ပညာရပ်များကို အသုံးပြု၍၊ သူ့ကိုယ်သူ ပြန်လည်ကုစားရန် ဖြစ်သည်။ ထိုသို့မဟုတ်လျှင် သူ၏စိတ်ဝိညာဉ်သည် အားနည်းလာပြီး လုံးဝ ပျောက်ကွယ်သွားမည့်အချိန်ကို စောင့်နေရတော့မည်။
ဟုန်ယွိ၏ လက်အောက်ရှိ လူများတွင် ရွှေပင့်ကူတစ်ဦးသာ တာအိုပညာရပ်များကို သိရှိသူ ဖြစ်သည်။ သူမသည် ယင်သခင်အဆင့်အထိ လေ့ကျင့်ထားပြီး၊ ရွှေပင့်ကူဘုရင်၏ တာအိုပညာရပ်များကို အမွေဆက်ခံထားသူ ဖြစ်သည်။ စိတ်ဝိညာဉ်ကို ပြန်လည်သက်သာစေရန် နည်းလမ်း တစ်ခုခုကို သူမ သိရှိထားမည်မှာ သေချာသည်။
ထိုအချိန်တုန်းက မုရုန်ယန်သည် ဆန်းကြယ်ကောင်ကင်ဘုံခန်းမ၏ တာအိုပညာရပ်များကို အသုံးပြု၍ ဟုန်ယွိ၏ စိတ်ကို တည်ငြိမ်စေခဲ့ဖူးသည်။
ယခုအချိန်တွင်, သူသည် ပြင်ပစွမ်းအားတစ်ခုကို အသုံးပြု၍ သူစိတ်ဝိညာဉ်ကို တည်ငြိမ်စေသည်နှင့်, ဟုန်ယွိသည် သူ့အခွံထဲမှ အတင်းကြပ် ဖောက်ထွက်ကာ၊ မက်မွန်နတ်ဘုရားဓားထဲသို့ ဝင်ရောက်ပြီး၊ အတိတ်သုတ္တန်ကို ကျင့်ကြံကာ သူ၏နတ်ဘုရား စွမ်းရည်များကို ပြန်လည်ရယူနိုင်မည် ဖြစ်သည်။
“အင်း….”
ဟုန်ယွိ၏အသံကို ကြားလိုက်ရသောအခါ ရွှေပင့်ကူသည် တခဏမျှ အင်းဟူ၍ အသံပြုပြီး မလှုပ်တော့ပေ။ အေးစက်သော လေပြေတစ်ခု တိုက်ခတ်လာပြီး ယင်ဝိညာဉ်သည် အခွံထဲမှ ဖောက်ထွက်လာခဲ့သည်။ ထိုယင်ဝိညာဉ်သည် ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော မိန်းမငယ်တစ်ဦး အဖြစ် ပေါ်လာခဲ့သည်။
သူမ၏ မျက်ခုံးများကြားတွင် ကောက်ကျစ်မှု၊ ဆိုးယုတ်မှု၊ ဖြူစင်မှုနှင့် ရန်လိုမှုအနည်းငယ်တို့ ရောယှက်နေသည်။
ရွှေပင့်ကူသည် အခွံမှထွက်လာသည်နှင့် တစ်ပြိုင်နက် သူမ၏ချီစွမ်းအင်ကို တိတ်တဆိတ် လည်ပတ်လိုက်သည်။ သူမသည် လက်ဖဝါးနှစ်ဖက်ကို ယှဉ်ကပ်ပြီး ကခုန်နေသကဲ့သို့ လှုပ်ရှားမှု အမျိုးမျိုးကို ပြုလုပ်လိုက်သည်။
ထို့နောက် ဟုန်ယွိ၏မျက်လုံးများရှေ့တွင် ဖြစ်ပေါ်နေသော ရွှေရောင် ကြယ်များသည် တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားသည်။ ထူးဆန်းသော ပုံရိပ်များလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ သူ၏စိတ်ထဲတွင် လှပပြီး သိမ်မွေ့သော နတ်သမီးတစ်ပါး ပေါ်လာသည်။ သူမသည် ပန်းရောင်တိမ်တိုက် ဝတ်ရုံတစ်ထည်ကို ဝတ်ဆင်ထားပြီး ကြာပန်းထိုင်ခုံပေါ်တွင် ခြေဗလာဖြင့် ထိုင်နေသည်။
ထိုနတ်သမီးသည် လက်ထဲတွင် ကြာပန်းတစ်ပွင့်ကို ကိုင်ဆောင်ကာ နူးညံ့စွာ ပြုံးနေသည်။ သူမသည် သူမ၏စိတ်နှလုံးထဲတွင် ချစ်ခြင်းမေတ္တာ အားလုံးကို စုစည်းထားသလို ခံစားရသည်။ သူမသည် သတ္တဝါအားလုံး၏ မိခင်ကဲ့သို့ လူတိုင်းအား သနားကြင်နာမူနှင့်အတူ ငြိမ်းချမ်းမှုကို ပေးစွမ်းနိုင်သည်။ ထိုနတ်သမီးကို မြင်လိုက်ရသောအခါ လူတိုင်းသည် မိခင်ရင်ခွင်ထဲသို့ ပြန်လည်ရောက်ရှိသွားသလို ခံစားရပြီး၊ မည်သည့်မုန်တိုင်းမျိုးကိုမျှ မကြောက်ရွံ့တော့ပေ။
မိခင်ရင်ခွင်ထဲတွင် မည်သည့်ကလေးငယ်မဆို စိတ်မသက်မသာ ဖြစ်နိုင်မည်လား။
ဤကမ္ဘာပေါ်တွင် မိခင်ရင်ခွင်ထက် ပိုမိုငြိမ်းချမ်းသော ပတ်ဝန်းကျင်မျိုး မရှိနိုင်ပေ။
“ကရုဏာမိခင်ဗောဓိသတ္တ….။ မဟာကရုဏာဝိညာဉ်နိုးကြားမူသုတ္တန်၊ ဒီကျမ်းက ဒိုင်ဇင်ဘုရားကျောင်းမှာ အတိတ်သုတ္တန်အောက် ဒုတိယဖြစ်တဲ့ ရတနာကျမ်းတစ်ခုပဲ။ နတ်ဘုရား စိတ်ဝိညာဉ်ကို ပြန်လည်ပြုပြင်ပေးနိုင်တဲ့ အကြီးမြတ်ဆုံး စွမ်းရည်ကို ပိုင်ဆိုင်ထား။ တကယ်လို့, ငါသာ ဒီကျမ်းကို သင်ယူနိုင်ခဲ့ရင်, ငါ့စိတ်ဝိညာဉ်က ဘယ်တော့မှ ထိခိုက်ဒဏ်ရာရမှာ မဟုတ်တော့ဘူး။ တာအိုပညာကို အသုံးပြုရာမှာလည်း အလွန်အမင်း စိုးရိမ်စရာ မလိုတော့ဘဲ၊ ငါ့စွမ်းအားက ဆယ်ဆမက တိုးမြင့်လာလိမ့်မယ်….။”
ထိုအချိန်တွင် သခင်ဒွမ်သည်လည်း သူ၏ နတ်ဘုရား စိတ်ဝိညာဉ်ကို လွှတ်ထုတ်ထားပြီး ရွှေပင့်ကူ အသုံးပြုသော တာအိုပညာကို ရှင်းလင်းစွာ မြင်တွေ့ခဲ့သည်။
သူသည် အတွေ့အကြုံရင့်ကျက်ပြီး ဗဟုသုတကြွယ်ဝသူ ဖြစ်သောကြောင့် ဤတာအိုပညာရပ်ကို ချက်ချင်း မှတ်မိသွားသည်။ သူ၏အတွေးများသည် ပြင်းထန်စွာ လှုပ်ခတ်သွားခဲ့သည်။
“ရွှေပင့်ကူဘုရင်… နှမြောစရာပဲ၊ သူမက ရွှေပင့်ကူဘုရင်နဲ့ အခြားနတ်ဆိုးအချို့ရဲ့ မြေးဖြစ်နေတယ်… ဒါပေမယ့် ဒါလည်း အဆင်ပြေပါတယ်။ သူမက ဉဒေါင်းဘုရင် ရှင်းရွှန် ဒါမှမဟုတ် ကောင်းကင်မြွေဘုရင် ရှင်းမို မဟုတ်သရွေ့၊ ငါ အင်အားသုံးနိုင်သေးတယ်။ ဒါပေမယ့်, ရွှေပင့်ကူဘုရင် ကလည်း ရင်ဆိုင်ဖို့ အခက်ခဲဆုံး ပင့်ကူတစ်ကောင် ဖြစ်နေတယ်။ သူ့ထက်မြင့်မားတဲ့ တာအိုပညာရှင်တွေတောင် သူ့ကို အနည်းငယ် ကြောက်ရွံ့ကြတယ်…”
အကျိုးအပြစ်များကို အကြာကြီး ချိန်ဆပြီးနောက်၊ သခင်ဒွမ်သည် သူ၏လှုပ်ရှားနေသော အတွေးများကို ဖိနှိပ်ထားလိုက်သည်။
“သက်သာလာပြီ…” ဤသည်မှာ ဟုန်ယွိ၏ ပထမဆုံးခံစားချက် ဖြစ်သည်။ သူ၏ စိတ်ဝိညာဉ်သည် ပြင်းထန်စွာ ဒဏ်ရာရထားပြီး ဖရိုဖရဲဖြစ်နေ သော အတွေးများအားလုံးသည် ဖိနှိပ်ခံရကာ တိတ်ဆိတ်မှုသို့ ပြန်လည် ရောက်ရှိသွားသည်။ သူ၏စိတ်ဝိညာဉ်သည် ပြန်လည် တည်ငြိမ်လာပြီ ဖြစ်သည်။
သူ၏ နတ်ဘုရား စိတ်ဝိညာဉ် တည်ငြိမ်လာသောအခါ, များစွာ လွယ်ကူလာပါသည်။ ဟုန်ယွိသည် ရုတ်တရက် သူ့အခွံမှ ဖောက်ထွက်ပြီး ချက်ချင်း ပင် အေးစက်စက် လေပြည်တစ်ချက် တိုက်ခတ်သွားသည်ကို ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး အေးစက်နေပြီး၊ ပထမဆုံးအကြိမ် အခွံမှ ဖောက်ထွက်စဉ်ကအတိုင်း ခံစားရသည်။
ခန္ဓာကိုယ်သိမ်းပိုက်ခြင်းနယ်ပယ် တာအိုပညာရှင်တစ်ဦးသည် ချက်ချင်းပင် သူ့မူလပုံစံသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။
မက်မွန်နတ်ဘုရားဓားထဲသို့ ဝင်ရောက်လိုက်သည်နှင့် ဟုန်ယွိသည် မက်မွန်နတ်ဘုရား၏ ဝိညာဉ်စွမ်းအားကို ချက်ချင်း ခံစားလိုက်ရသည်။ ၎င်းသည် ဖြူစင်ပြီး မည်သည့်အညစ်အကြေးမျှ မပါဝင်ပေ။
သူ့ယင်စိတ်ဝိညာဉ်နှင့် မက်မွန်နတ်ဘုရား၏ ဝိညာဉ်သည် အတူတကွ ပေါင်းစည်းသွားသည်။ ဟုန်ယွိသည် သူ၏စွမ်းအားများ တဖြည်းဖြည်း ပြန်လည် ရရှိလာသည်ဟု ခံစားရသည်။ သို့သော် ရှုပ်ထွေးသော အတွေးများ၊ ပုံရိပ်ယောင်များနှင့် ယခင်က သူပုံဖော်ခဲ့ဖူးသော ယင်နတ်ဆိုးများ၊ နတ်ဆိုးဘုရင်များသည် သူ့ရှေ့တွင် ပေါ်လာပြီး၊ သူ၏စိတ်နှလုံးကို ဝါးမျိုးစားသောက်ရန် အစွယ်များနှင့် လက်သည်းများကို ထုတ်ပြလာသည်။
သူသည် အတိတ်သုတ္တန်ကို အသက်သွင်းလိုက်သည်။ ချက်ချင်းပင်! ဤစကြဝဠာကြီးကို မဖန်တီး ခင်, ဖြစ်ပေါ်ခဲ့ဖူးသော သူ၏ဘဝထောင်ပေါင်းများစွာအလား လေဟာနယ်ထဲတွင် ထိုင်နေသော အမိတ္တဘဗုဒ္ဓရုပ်ပွားတော်သည် သူ၏ နတ်ဘုရား စိတ်ဝိညာဉ်ထဲတွင် ထပ်မံ ပေါ်လာသည်။
အတိတ်သုတ္တန်၏ ကျမ်းစာများသည် နက်ရှိုင်းသော အတွေးများအဖြစ် ဖြစ်ပေါ်လာပြီး အမိတ္တဘဗုဒ္ဓ ရုပ်ပွားတော်ကို ဝိုင်းရံလှည့်ပတ်နေပါသည်။
ဟုန်ယွိ၏စိတ်နှလုံးထဲတွင် ထာဝရ မပြောင်းလဲခြင်း သဘာဝအနှစ်သာရသည် တဖြည်းဖြည်း ပေါ်ထွက်လာသည်။ သူသည် ‘ပရမိတ’ ဟူသော စကားလုံးကို ဖြည်းဖြည်းချင်း ဝေဝေဝါးဝါး ထိတွေ့မိသလို ခံစားရသည်။ “ပရမိတ” ဟူသည် သတ္တဝါအားလုံးတို့၏ အကျိုးငှာ ဉာဏ်အလင်းကို ရရန် ဘုရားလောင်း ကျင့်ဆောင်သော အထူးပါရမီများပင် ဖြစ်ပါသည်။ မဟာယာန ဗုဒ္ဓဘာသာတွင် ပါရမီခြောက်ပါး ရှိပြီး၊ ၎င်းတို့မှာ ပေးကမ်းစွန့်ကြဲမှု ( ဒါန ) - သူတစ်ပါးအား ကိုယ်ကျိုးမဖက် ပေးကမ်းခြင်း အလေ့အကျင့်သည် ဒေါမနဿနှင့် တွယ်တာမှုတို့ကို လွန်မြောက်စေသည်။ (သီလ) ကျင့်ဝတ်သိက္ခာ နှင့် ပြည့်စုံသော အကျင့်သီလကို စောင့်ထိန်းခြင်း ။ (ခန္တီ) ပင်ပန်းဆင်းရဲမှု ကြုံလာတိုင်း သည်းခံခြင်း သည်းခံခြင်းကို မွေးမြူခြင်း။ ( ဝီရိယ ) - ဗောဇ္ဈင်လမ်းခရီးကို ဝီရိယဖြင့် အားထုတ်ခြင်း ။ (ကမ္မဋ္ဌာန်း) ကမ္မဋ္ဌာန်းကျင့်ခြင်းဖြင့် စိတ်၏ အာရုံကို တည်ငြိမ်အောင် ပွားများခြင်း။ (ပညာ) အမြင့်ဆုံးသော ပြည့်စုံခြင်း ၊ အနတ္တကို သိမြင်ခြင်း နှင့် အခြားသော ပြည့်စုံခြင်း (၅)ပါးကို ညွှန်ပြခြင်း။ ထေရဝါဒ ဗုဒ္ဓဘာသာတွင် ပါရမီဆယ်ပါး ရှိပါသည်။
ထိုအခိုက်အတန့်တွင် အားကောင်းပြီး သန့်ရှင်းသော ဝိညာဉ်စွမ်းအင်တစ်ခုသည် ဟုန်ယွိ၏ နတ်ဘုရား စိတ်ဝိညာဉ်ထဲသို့ စီးဝင်လာသည်။ ထိုနှစ်ခုသည် အပြည့်အဝ ပေါင်းစည်းပြီး ဓားတစ်ချောင်းကို မီးဖြင့် ပြုပြင်နေသကဲ့သို့ အတူတကွ သန့်စင်နေကြသည်။
သူ၏ စွမ်းအားသည် တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာပြီး တိုးပွားလာသည်…
“ဘာဖြစ်နေတာလဲ!” ‘ပရမိတ’ စကားလုံးကို စူးစမ်းရှာဖွေရာ၌ နစ်မြောနေသော ဟုန်ယွိသည် သူ၏ စိတ်ဝိညာဉ်က လျင်မြန်စွာ အားကောင်းလာသည်ကို ရုတ်တရက် ခံစားလိုက်ရပြီး၊ သူသည် ရုတ်တရက် နိုးထလာသည်။
“ဒါက မက်မွန်နတ်ဘုရားရဲ့ ဝိညာဉ်စွမ်းအင်ပဲ။ သူ့ရဲ့ဝိညာဉ်စွမ်းအင် တစ်စိတ်တစ်ပိုင်းက ငါနဲ့ တဖြည်းဖြည်း ပေါင်းစည်းနေတယ်။ ဒါက ငှားရမ်း တာမျိုး မဟုတ်တော့ဘဲ၊ အပြည့်အဝ ပေါင်းစည်းနေတာပဲ…”။
ဟုန်ယွိသည် သူ့စိတ်ဝိညာဉ်ထဲသို့ စီးဝင်လာသော စွမ်းအင်ကို ဂရုတစိုက် ခံစားလိုက်ပြီး ရုတ်တရက် နားလည်လိုက်သည်။ ဤစွမ်းအင်သည် မက်မွန်နတ်ဘုရား၏ ဝိညာဉ်စွမ်းအင် ဖြစ်ပြီး၊ ၎င်းသည် သူနှင့် အပြည့်အဝ ပေါင်းစည်းနေပါသည်။
ဤပေါင်းစည်းမှုသည် ယခင်ကကဲ့သို့ စွမ်းအင်ကို ချေးငှားခြင်းမျိုး မဟုတ်ဘဲ၊ နှစ်ခုသည် တစ်ခုတည်းအဖြစ် အမှန်တကယ် ပေါင်းစည်းခြင်း ဖြစ်သည်။
ယခင်က သူသည် မက်မွန်နတ်ဘုရားဓားထဲသို့ ဝင်ရောက်ပြီး သူ့စိတ်ဝိညာဉ်ကို အားဖြည့်ရန် စွမ်းအင်ကို ချေးငှားခဲ့စဉ်က၊ ဟုန်ယွိသည် မက်မွန် နတ်ဘုရား၏ ဝိညာဉ်စွမ်းအင်သည် ဖြူစင်သော်လည်း ၎င်းတွင် အားနည်းသည့် စိတ်ဆန္ဒတစ်ခု ပါဝင်နေသည်ကို ရှင်းလင်းစွာ ခံစားခဲ့ရသည်။ ၎င်းသည် သစ်ပင်တစ်ပင်နှင့်တူ၏။ သူသည် ၎င်း၏အသိစိတ်ကို ခံစား၍မရနိုင်ဘဲ နက်ရှိုင်းစွာ လျှို့ဝှက်ထားသည်။
သို့သော် ယခုအခါ၊ မက်မွန်နတ်ဘုရား၏ စိတ်ဆန္ဒ တစ်စိတ်တစ်ပိုင်းသည် ဖြိုခွဲဖျက်ဆီးခံရသကဲ့သို့ သိသိသာသာ ပျောက်ကွယ်သွားခဲ့ပြီ။
ဤအခြေအနေကြောင့် မူလက ဖြူစင်သော မက်မွန်နတ်ဘုရား၏ ဝိညာဉ်စွမ်းအင်သည် သူ့စိတ်ဆန္ဒ ထိန်းချုပ်မှုမှ ဆုံးရှုံးသွားခဲ့ပြီး၊ ပျံ့လွင့်လာသော ဝိညာဉ်စွမ်းအင်ကို ဟုန်ယွိက စုပ်ယူလိုက်ခြင်း ဖြစ်သည်။
“ဒါက ငါ ချီဝိညာဉ်ဝဲဂယက်ကို အသုံးပြုလိုက်တာကြောင့်များ ဖြစ်နေမလား။ ချီဝိညာဉ်ဝဲဂယက်က မက်မွန်နတ်ဘုရားဓားရဲ့ အားနည်းတဲ့ စိတ်ဆန္ဒ တစ်စိတ်တစ်ပိုင်းကို ဖျက်ဆီးပစ်လိုက်တာများလား။ ဖြစ်နိုင်တယ်။ ငါ မက်မွန်နတ်ဘုရားဓားနဲ့ ချီဝိညာဉ်ဝဲဂယက်ကို အသုံးပြုခဲ့တယ်။ ငါက အတိတ်သုတ္တန်ကို သိထားတာကြောင့်၊ ငါ့စိတ်ဝိညာဉ် ဖျက်ဆီးသွားရင်တောင် ပြန်လည်ကုစားနိုင်တယ်။ ဒါပေမယ့်, မက်မွန်နတ်ဘုရားရဲ့ ဝိညာဉ်ကတော့ ပြန်လည်မကုစားနိုင်ဘူး။ သူ့စိတ်ဆန္ဒက အားကောင်းပေလည်း၊ ဆယ်ကြိမ်ကျော် ဖျက်ဆီးခံရပြီးနောက် လှုပ်ခါလာခဲ့တယ်။ သူလည်း သူ့ရဲ့ကြီးမားတဲ့ စွမ်းအင်တွေကို ထိန်းချုပ်နိုင်ခြင်းမရှိတော့ဘူး။ ဒါကြောင့် ငါက အဲဒီစွမ်းအင်ကို စုပ်ယူလိုက်တယ်….။”
ဟုန်ယွိသည် နားလည်လိုက်သည်။
ဟုန်ယွိသည် သူ၏ ကြီးမားလာသော နတ်ဘုရား စိတ်ဝိညာဉ်ကို ဂရုတစိုက် ခံစားနေစဉ်၊ ထိုစွမ်းအင်လှိုင်းသည် ယိုစိမ့်နေသော ရေကာတာကို ပိတ်ဆို့လိုက်သကဲ့သို့၊ မြင်းရိုင်းတစ်ကောင်ကို ဇက်ကြိုးဖြင့် ထိန်းချုပ်လိုက်သကဲ့သို့ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
“မက်မွန်နတ်ဘုရားရဲ့ ဝိညာဉ်က သူ့စိတ်ဆန္ဒကို ပြန်လည်ရရှိလာပြီ။ ငါ သူ့ကိုယ်ပိုင်စွမ်းအင်ကို စုပ်ယူလို့ မရတော့ဘူး။” ဟုန်ယွိသည် မက်မွန်နတ်ဘုရားဓားရဲ့ စိတ်ဆန္ဒကို ခံစားလိုက်ရသည်။
“ငါ့စိတ်ဝိညာဉ် စွမ်းအင်က အများကြီး တိုးမြင့်လာခဲ့တယ်။ ငါ့ဒဏ်ရာတွေ အားလုံးလည်း လုံးဝ ပျောက်ကင်းသွားပြီ။ ယွမ်ယန်ကောင်းကင်ပုလဲက သိုင်းပညာလေ့ကျင့်မှုအတွက် အမြင့်မြတ်ဆုံး ဆေးတစ်လက်ဆိုရင်, မက်မွန်နတ်ဘုရားရဲ့ ဝိညာဉ်က စိတ်ဝိညာဉ်လေ့ကျင့်မှုအတွက် အကောင်းဆုံး အာဟာရ ဖြည့်တင်းမူပဲ။ တကယ်လို့, ငါသာ ချီဝိညာဉ်ဝဲဂယက်ကို နောက်ထပ် ဆယ်ကြိမ်လောက် ထပ်သုံးပြီး မက်မွန်နတ်ဘုရားရဲ့ စိတ်ဆန္ဒကို အနှောင့်အယှက် ပေးလိုက်မယ်ဆိုရင်, သူ့ရဲ့ဖြူစင်တဲ့ ဝိညာဉ်စွမ်းအင်က ထပ်မံ ယိုစိမ့်ထွက်လာပြီး၊ ငါလည်း အဲဒီစွမ်းအင်ကို ထပ်ခါထပ်ခါ စုပ်ယူနိုင် လိမ့်မယ်။ တစ်နေ့မှာ, ငါဟာ မက်မွန်နတ်ဘုရားဓားရဲ့ စွမ်းအင်ကို အပြည့်အဝ စုပ်ယူပြီး၊ တစ်ခုတည်းအဖြစ် ပေါင်းစည်းနိုင်မယ်။ ဒါဆို, ငါလည်း တစ္ဆေအင်မော်တယ်ဖြစ်လာနိုင်မှာ မဟုတ်ဘူးလား။
ရုတ်တရက် ထိုအတွေးတစ်ခုက ဟုန်ယွိ၏စိတ်ထဲတွင် ပေါ်ထွက်လာသည်။
ဤအတွေး ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဟုန်ယွိသည် ချီဝိညာဉ်ဝဲဂယက်ကို ဆယ်ကြိမ်ကျော် ထုတ်လွှတ်ပစ်လိုက်ချင်သည်။ သို့သော် ယခုအခါ, သူသည် မကြာသေးမီက ကြုံတွေ့ခဲ့ရသော အန္တရာယ်ကြောင့် အတိတ်သုတ္တန်ကိုပင် လေ့ကျင့်ရန် မစွမ်းနိုင်ခဲ့ဘဲ၊ ရွှေပင့်ကူ၏အကူအညီကို အားကိုးနေရသည်ကို တွေးမိသောအခါ၊ ဟုန်ယွိသည် လှုပ်ရှားမှုမပြုမီ နှစ်ကြိမ်စဉ်းစားသင့်ဟု ခံစားလိုက်ရသည်။
“မက်မွန်နတ်ဘုရားရဲ့ ဝိညာဉ်စွမ်းအင်က အလွန်ဖြူစင်ပြီး အလွန်အားကောင်းတယ်…..” မသိနိုင်သည့် အချိန်တစ်ခု ကြာပြီးနောက် ဟုန်ယွိသည် သူ၏ဒဏ်ရာအားလုံး ပြန်လည်သက်သာလာသည်ကို ခံစားလိုက်ရသည်။ သူ၏တာအိုပညာများသည် ဆုတ်ယုတ်မသွားဘဲ၊ သူ၏စိတ်ဝိညာဉ်သည် ယခင်ထက် ပိုမိုအားကောင်းပြီး သန့်စင်လာသည်။
“တကယ်လို့, ငါသာ မက်မွန်နတ်ဘုရားရဲ့ ဝိညာဉ်ကို အမှန်တကယ် စုပ်ယူပြီး တစ္ဆေအင်မော်တယ်တစ်ပါး ဖြစ်လာခဲ့ရင်, ငါ ဘယ်သူ့ကိုမှ ကြောက်နေစရာ မလိုတော့ပေ။ ဝူအိမ်တော်ထိန်း၊ ဒီသိုင်းသူတော်စင်ကိုတောင် ကြောက်နေစရာမလိုတော့ဘူး။ တစ္ဆေအင်မော်တယ် ဖြစ်လာ ပြီးနောက်၊ ငါ့ရဲ့ရတနာလရောင်ဘုရင်ခန္ဓာကိုယ်က အစစ်မှန် မဟာနေမင်းရွှေကိုယ်ထည် အဖြစ် ပြောင်းလဲသွားမယ်။ အစစ်မှန်နေမီးလျှံကို စုစည်းပြီး လှည့်ပတ်လိုက်တာနဲ့ သဲနဲ့ မြေကြီးတောင် ချော်ရည်အဖြစ် အရည်ဖျော်နိုင်လိမ့်မယ်။ ငါ သူ့ကို ဘာကြောင့် ကြောက်နေရမှာလဲ….။”
“ဝူအိမ်တော်ထိန်းက ထွက်ပြေးသွားပြီး၊ ဒီအန္တရာယ်ဆိုးကြီးကို မဖယ်ရှားနိုင်ခဲ့တာ ပိုဆိုးတယ်။ တကယ်လို့, ငါသာ ငါ့စွမ်းအားကို အမြန် မမြှင့်တင်နိုင်ဘူးဆိုလျှင်၊ ငါ့အသက်ကို ထိန်းသိမ်းထားနိုင်မှာ မဟုတ်ဘူး။ ငါ တစ္ဆေအင်မော်တယ် ဖြစ်ရမယ်။ တစ္ဆေအင်မော်တယ် ဖြစ်လာပြီး နောက်, အကြီးမားဆုံး အန္တရာယ်ကြီးကို ရင်ဆိုင်ရရင်တောင် အနည်းဆုံး ငါ့စိတ်ဝိညာဉ်က ပြန်လည်ဝင်စားနိုင်မယ်။ ငါက အတိတ်သုတ္တန်ကို လေ့ကျင့်ထားပြီး၊ သားအိမ်ထဲတွင် ပိတ်မိနေမှာကိုလည်း ကြောက်နေစရာမလိုဘူး။ ဒါ့ကြောင့် တစ္ဆေအင်မော်တယ် ဖြစ်လာတာနဲ့ ငါဟာ အဆုံးမဲ့ သက်တမ်းကို ပိုင်ဆိုင်နိုင်ပြီ….”။
ဟုန်ယွိ၏စိတ်နှလုံးက လှုပ်ရှားလာသည်။
ဟစ်ကြွေးသံတစ်ချက်နှင့်အတူ၊ သူ၏စိတ်ဝိညာဉ်သည် မက်မွန်နတ်ဘုရားဓားမှ ထွက်လာပြီး လေထဲတွင် လှည့်ပတ်သွားသည်။ ပြင်းထန်သော လေပြင်းတစ်ချက် တိုက်ခတ်လာပြီး၊ လူတိုင်း၏အဝတ်အစားများ လွင့်မျောသွားသည်။
အတွေးတစ်ချက်ဖြင့်၊ ဟုန်ယွိသည် သူ၏မဟာနေမင်းရွှေကိုယ်ထည်ကို အသက်သွင်းလိုက်သည်။
ရုတ်တရက်၊ လရောင်တစ်ခုသည် ကောင်းကင်မှ ဆင်းသက်လာပြီး သူ၏စိတ်ဝိညာဉ်ပေါ်သို့ ကျရောက်လာသည်။ ချက်ချင်းပင်၊ သူ၏စိတ်ဝိညာဉ် သည် ပို၍ပို၍ပင် ထွင်းဖောက်မြင်လာခဲ့သည်။ နောက်ဆုံးတွင်၊ ဗုန်းခနဲအသံဖြင့် ၎င်းသည် မီးလျှံများအဖြစ် ပေါက်ကွဲသွားသည်။
လေနှင့်အတူ မီးလျှံများသည် တရှီးရှီးမြည်ဟီးနေပြီး၊ မြေပေါ်ရှိ သဲများသည် လွင့်မျောသွားပါသည်။ ကျောက်စရစ်ခဲများသည် တစ်လုံးပြီးတစ်လုံး ပေါက်ကွဲကုန်၏။
အချိန်က ညအချိန်ဖြစ်ပြီး၊ လရောင်သာ ရှိပါသည်။ မူလက ဟုန်ယွိသည် လရောင်ဘုရင်ခန္ဓာကိုယ်ကိုသာ ဖြစ်ပေါ်စေနိုင်ခဲ့သည်။ သို့သော် ယခုအခါ သူသည် သူ၏စိတ်ဝိညာဉ်ကို အတင်းတွန်းအားပေး ဖွင့်လှစ်လိုက်သည်! လရောင်များစွာကို စုစည်းပြီးနောက်၊ ၎င်းသည် နောက်ဆုံးတွင် ပြောင်းလဲသွားပြီး၊ မဟာနေမင်းရွှေကိုယ်ထည်အဖြစ် ဖြစ်ပေါ်လာသည်။
“ဒီဟုန်ယွိ… ဖြစ်နိုင်တာက… သိပ်မကြာခင်မှာ, သူက တစ္ဆေအင်မော်တယ်တစ်ပါး ဖြစ်လာတော့မယ် ထင်တယ်။ သူက အတားအဆီးကို ဖြတ်ကျော်နိုင်သွားပြီ။ ခန္ဓာကိုယ်သိမ်းပိုက်ခြင်းနယ်ပယ်က ပြီးစုံသွားပြီ။ သူက အတွေးတစ်ချက်နဲ့ အရာဝတ္ထုတွေကို ထိန်းချုပ်နိုင်နေပြီ…..။”
သခင်ဒွမ်သည် ထိုမြင်ကွင်းကို မြင်သောအခါ သူ့စိတ်ထဲတွင် ထိုအတွေးတစ်ခုသာ ရှိပါတော့သည်။
အပိုင်း (၁၆၄)။
ဘန်း….။
ကျင်ကျိုးပြည်နယ်ထုတ် မိုးရေစက်ကြွေထည်ပစ္စည်းတစ်ခုသည် မြေပေါ်တွင် ကွဲအက်သွားပါသည်။
ကျင်ကျိုးပြည်နယ်ထုတ် မိုးရေစက်ကြွေထည် ပစ္စည်းသည် လက်ရာမြောက် လှပလွန်းပါသည်။ ဆယ်လုံးတွင် ကိုးလုံးက မအောင်မြင်ဘဲ ပျက်စီးတတ်သည်။ အကယ်၍ တစ်လုံးသာ အောင်မြင်ခဲ့ လျှင်ပင်၊ ထိုကြွေထည်ကို ဖန်တီးရန်အတွက် လူအများအပြား၏ သွေးပမာဏအများပြားကို မီးဖိုထဲသို့ ထည့်သွင်းကာ ယဇ်ပူဇော်ရန် လိုအပ်ပါသေး သည်။ ဤကြွေထည်သည် ဧကရာဇ်နန်းတော်မှာပင် ရှားပါးသော ပစ္စည်းတစ်ခုဖြစ်ပြီး၊ ပြည်ပသို့ တင်ပို့ရောင်းချသောအခါ တော်ဝင်မိသားစုများ၏ သင်္ကေတတစ်ခုအဖြစ် သတ်မှတ်ခံရသည်။
ဤမိုးရေစက် ကြွေထည်၏ အပိုင်းအစများပင် ရွှေနှင့်တန်ဖိုးချင်း တူညီသည်။
သို့သော် ယခုအခါ၊ ဤလှပသော ကြွေထည်ပစ္စည်းသည် ဒေါသထွက်နေသော ယန်ကျန်း၏ လက်ချက်ဖြင့် အမှုန့်အဖြစ် ကွဲသွားခဲ့သည်။
“ဒီလူအိုကြီး….၊ ဒီလူအိုကြီး….၊ လွန်သွားပြီး၊ အရမ်းလွန်သွားပြီ….” တောင်ပိုင်းပစိဖိတ်ရေတပ်၏ ဗိုလ်ချုပ်ကြီး ယန်ကျန်းသည် စစ်စခန်းထဲတွင် ဒေါသတကြီး အဆက်မပြတ် လှည့်လည် လျှောက်သွားနေသည်။ သူ၏ဖိနပ်ဖြင့် မြေပေါ်ရှိ အနက်ရောင်သံမဏိကျောက်တုံးများနှင့် အုတ်ခဲများကို ပွတ်တိုက်နေသည်။
အစောင့်များ၊ ဗျူဟာသခင်များနှင့် အကြံပေးများအားလုံးသည် ဒေါသထွက်နေသော ယန်ကျန်းကို မြင်သောအခါ သူတို့၏ စိတ်နှလုံးထဲတွင် အေးစိမ့်မှုကို ခံစားလိုက်ရသည်။ သူတို့၏ဆံပင်များသည် ဘေးဒုက္ခတစ်ခု ကျရောက်လာတော့မည့်အလား ထောင်ထလာသည်။
ယန်ကျန်းအနေဖြင့် မည်သို့ ဒေါသမထွက်ဘဲ နေမည်နည်း။ ကျင်းဟိုင်ပြည်နယ်၏ ထိပ်တန်းတိုက်ခိုက်ရေး အင်အားဖြစ်သော သွေးငါးမန်း အစောင့်များထဲမှ ၄၉ ဦး ဆုံးရှုံးခဲ့ရသည်။ ၎င်းတို့သည် စစ်မြေပြင်တွင် ကျွမ်းကျင်သူ ဒါဇင်ပေါင်းများစွာကို ရင်ဆိုင်တိုက်ခိုက်နိုင်သော စစ်သည်များ ဖြစ်သည်။ အထူးသဖြင့် သွေးငါးမန်းအစောင့်များ၏ ခေါင်းဆောင်သည် ရှင်တန်သိုင်းသခင်တစ်ဦး ဖြစ်သည်။
ရှင်တန်သိုင်းသခင်တစ်ဦး….၊ တော်ဝင်ချန်အင်ပါယာ၊ ယွန်မင်အင်ပါယာ၊ ယွန်တူးအင်ပါယာ သို့မဟုတ် ဟွာလျိုအင်ပါယာတို့၏ စစ်တပ်များမှာပင်, ၎င်းတို့သည် သစ္စာစောင့်သိမူပုံစံကို ပြသရုံမျှဖြင့် ချက်ချင်းပင် ဗိုလ်ချုပ်အဆင့်သို့ ရာထူးတိုးမြှင့်ခံရပြီး စစ်သည်တစ်ထောင်ကို ဦးဆောင်နိုင်သည်။
ရှင်တန်သိုင်းသခင်များသည် လူသားပုံစံ ထိပ်တန်းစစ်မြင်းများနှင့်တူပြီး၊ ခံနိုင်ရည်ရှိပြီး၊ အင်အား ကြီးမားကြသည်။ ၎င်းတို့သည် အဝေးမှ တိုက်ခိုက်မှုများ၊ အလစ်အငိုက် တိုက်ခိုက်မှုများ၊ ချုံခိုတိုက်ခိုက်မှုများနှင့် စစ်ဗိုလ်ချုပ်များကို လုပ်ကြံသတ်ဖြတ်ရာတွင် အသင့်တော်ဆုံး ဖြစ်သည်။ စစ်တပ်တစ်တပ်၏ အဓိကအင်အားနှင့် အကြီးမားဆုံးလက်နက်သည် ရှင်တန်သိုင်းသခင်များ၏ အရေအတွက်ပေါ်တွင် မူတည်သည်။
အတိတ်ကာလက၊ ဒိုင်ဇင်ဘုရားကျောင်း၏ ရွှေရဟန္တာငါးရာသည် ရှင်တန်သိုင်းသခင်များ ဖြစ်ကြပြီး၊ ကမ္ဘာကို ထိန်းချုပ်နိုင်သည်ဟု ဆိုခဲ့ကြသည်။ ဆိုလိုသည်မှာ၊ ကမ္ဘာပေါ်တွင် ပုန်ကန်သောင်းကျန်းမှုများ ဖြစ်ပေါ်လာသည်နှင့်၊ ဒိုင်ဇင်ဘုရားကျောင်း၏ ရွှေရဟန္တာ စစ်သည်ငါးရာသည် မည်သည့် ဘက်ကို ထောက်ခံသည်ဖြစ်စေ၊ ထိုဘက်သည် ကမ္ဘာကြီးကို သိမ်းပိုက်နိုင်ရန် အခွင့်အလမ်းများစွာ ရှိသည်။
ရှင်တန်သိုင်းသခင်တစ်ဦးချင်းစီသည် စစ်တပ်၊ ချမ်းသာသော မိသားစုများနှင့် မင်းမျိုးမင်းနွယ်များပင် ဆွဲဆောင်လိုသော အင်အားကြီးမားသူများ ဖြစ်သည်။ မဟာဆရာသခင်များနှင့် ထိပ်တန်း မဟာဆရာသခင်များဆိုလျှင် အလွန်ရှားပါးပြီး၊ ၎င်းတို့သည် ၎င်းတို့၏ကိုယ်ပိုင်ဂိုဏ်းကိုပင် တည်ထောင်နိုင်သူများ ဖြစ်ကြပါသည်။
ယခုအခါ၊ သွေးငါးမန်းအစောင့်များ၏ ခေါင်းဆောင်ဖြစ်သော ရှင်တန်သိုင်းသခင်တစ်ဦး ဆုံးရှုံးသွားခဲ့သည်။ ယန်ကျန်း၏ နှလုံးသားထဲတွင် ဓားဖြင့် ထိုးဖြတ်ခံရသည့်အတိုင်း နာကျင်မှုကို ခံစားရပါသည်။
ထို့ထက်ပို၍ နာကျင်ရသည်မှာ, သွေးငါးမန်းအစောင့်ခေါင်းဆောင်၏ သေဆုံးမှုသည် ဒုတိယအဆင့်သာ ဖြစ်သည်။ ဝေလငါးသတ် အသေခံတပ်သား ငါးဦး၏သေဆုံးမှုသည် သူ့အသားကို ဓားဖြင့် ခုတ်ဖြတ်ရုံသာ မဟုတ်တော့ဘဲ၊ ယန်ကျန်း၏ လက်ျာနှင့် လက်ဝဲဘက် လက်မောင်းများကို တိုက်ရိုက် ခုတ်ဖြတ်လိုက်သည့်အတိုင်းပင်။
ဝေလငါးသတ် အသေခံတပ်သားများသည် တောင်ပိုင်းပစိဖိတ်ရေတပ်၏ စစ်သည်များ မဟုတ်ပေ။ ၎င်းတို့သည် ယန်မိသားစုက အထူးဂရုတစိုက် ပြုစုပျိုးထောင်ထားသော ယန်ကျန်း၏ ကိုယ်ပိုင်အစောင့်များ ဖြစ်သည်။ ၎င်းတို့သည် ယန်မိသားစုအပေါ် အလွန်သစ္စာရှိသော ကျွန်များဖြစ်သည်။
ဆိုရလျှင်၊ ယန်ကျန်းသည် တောင်ပိုင်းပစိဖိတ်ရေတပ်၏ ဗိုလ်ချုပ်ကြီး မဟုတ်တော့လျှင်, သူသည် သွေးငါးမန်းအစောင့်များကို သူနှင့်အတူ ခေါ်ဆောင်သွားနိုင်မည် မဟုတ်ပေ။ သို့သော်၊ ဝေလငါးသတ် အသေခံတပ်သားများသည် ၎င်းနှင့်အတူ လိုက်ပါရမည် ဖြစ်သည်။ ထို့အပြင်၊ ၎င်းတို့၏ ဘိုးဘွားများနှင့် ၎င်းတို့၏ သားသမီးများပင်လျှင် ယန်မိသားစုနှင့်အတူ လိုက်ပါရမည် ဖြစ်သည်။ ဤသည်မှာ ယန်မိသားစု၏ ကိုယ်ပိုင်အင်အား ဖြစ်သည်။
ထို့အပြင်၊ ဝေလငါးသတ် အသေခံတပ်သားများ၏ တိုက်ခိုက်ရေးစွမ်းရည်သည် သွေးငါးမန်းအစောင့်များထက် ဆယ်ဆမက သာလွန်သည်။
ယခုအခါ၊ ယန်ကျန်းတွင် ဝေလငါးသတ် အသေခံတပ်သား ၁၈ ဦးသာ ကျန်ရှိတော့သည်။ တစ်ခါတည်းဖြင့် ငါးဦး ဆုံးရှုံးသွားခြင်းသည် ယန်မိသားစု၏ ဘိုးဘွားသင်္ချိုင်းငါးခုကို တူးဖော်ခံရခြင်းထက်ပင် ပိုမိုနာကျင်ရပါသည်။
“ဒွမ်အိုကြီး….။ မင်းဘာလို့ သူ့ကို မတားခဲ့တာလဲ…..” ယန်ကျန်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူသည် အကြိမ် ၃၀ ကျော် လှည့်လည် လျှောက်သွားပြီးနောက် ရပ်တန့်လိုက်သည်။ ၎င်း၏မျက်လုံးများက ဒေါသမီးလျှံများဖြင့် လောင်ကျွမ်းနေပြီး စိတ်ဓာတ်ကျနေသော သခင်ဒွမ်ကို စူးစိုက်ကြည့်နေသည်။
“ငါ သူ့ကို မတားခဲ့တာ မဟုတ်ဘူး… ဒါပေမယ့် အဲဒီလူအိုကြီးရဲ့ တိုက်ခိုက်ရေးစွမ်းရည်က အရမ်းကို သန်မာလွန်းတယ်။ ငါ ထင်တယ်၊ သူက သိုင်းသူတော်စင်အဆင့်ကို ရောက်ပြီးနေပြီ။ ငါက သူ့အတွက် လုံးဝ ပြိုင်ဘက်မဟုတ်ဘူး။ ငါ့တာအိုပညာတွေကလည်း သူ့အပေါ် အလုပ်မလုပ်ဘူး!” သခင်ဒွမ်က သူ့လက်ထဲတွင်ကိုင်ထားသော ယပ်တောင်ကို ဆုပ်ကိုင်ထားရင်း၊ ထိုမြင်ကွင်းကို ပြန်ပြောင်းသတိရပြီး ကြောက်ရွှံ့ထိတ်လန့်နေဆဲ ဖြစ်သည်။
“သိုင်းသူတော်စင်! သိုင်းသူတော်စင်! ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ…..။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…။ သိုင်းသူတော်စင်တစ်ယောက်က ဘာလို့ လူတစ်ယောက်ရဲ့ ကျေးကျွန်ဖြစ်ဖို့ စိတ်ဆန္ဒရှိမှာလဲ။ သိုင်းသူတော်စင်ဆိုတာ မြင့်မြတဲ့ဘွဲ့တစ်ခုခုကို အလွယ်တကူ ရယူနိုင်တယ်။ သူ့ ကိုယ်ပိုင် မိသားစုတစ်ခုကို တည်ထောင်နိုင်တယ်။ ဘာလို့ လူတစ်ယောက်ရဲ့ ကျွန်အဖြစ်နေမှာလဲ။ သူက ကျွန်တစ်ယောက်လား…” ‘သိုင်းသူတော်စင်’ ဟူသော အမည်သည် ယန်ကျန်း၏ ဦးခေါင်းပေါ်သို့ ရေအေးတစ်ပုံးဖြင့် လောင်းချလိုက်သကဲ့သို့ ဖြစ်သွားခဲ့ပြီး၊ သူ၏ ဒေါသမီးလျှံများကို အများကြီး ငြှိမ်းသတ်ပေးလိုက်ပါသည်။
“ဗိုလ်ချုပ်ကြီး၊ ကျွန်တော်တို့ ဝူဝမ်မြို့စား ဟုန်ရွှန်ကျိရဲ့ စွမ်းရည်တွေကို အလွန်အမင်း အထင်မြင်သေးစွာ ပြုမှုခဲ့မိပြီ။ သိုင်းသူတော်စင်တစ်ယောက် က လူတစ်ယောက်ရဲ့ ကျေးကျွန်ဖြစ်လို့ မရဘူးဆိုတာ မဟုတ်ဘူး။ ဒါပေမယ့် သူ့သခင်က ဘယ်သူလဲဆိုတဲ့အပေါ်မှာ မူတည်နေတယ်… ဟုန်ရွှန်ကျိ ဟာ နှစ်ပေါင်း ၂၀ ကျော်ကတည်းက သိုင်းသူတော်စင်အဆင့်ကို ဖြတ်ကျော်ခဲ့ပြီး၊ ဒိုင်ဇင်ဘုရားကျောင်းနဲ့ တိုင်ရှန်တာအိုဂိုဏ်းရဲ့ သိုင်းပညာတွေကို ပေါင်းစည်းပြီး ‘ကောင်းကင်ဘုံသေမင်းဘီး’ ကို ဖန်တီးခဲ့တယ်။ ကောင်းကင်ဘုံသေမင်းဘီး..… သူက ကောင်းကင်ဘုံရဲ့ နတ်ဘုရားဖြစ်ပြီး၊ ရှင်ခြင်းနဲ့ သေခြင်းဘီးကို လှည့်ပတ်နိုင်တယ်… ဒီ ၂၀ နှစ်အတွင်းမှာ သူဟာ ဘယ်သူနဲ့မှ မတိုက်ခိုက်ခဲ့ဘူး။ သူဟာ နန်းတွင်းရေးရာတွေကို ကိုင်တွယ်ရင်း၊ ဧကရာဇ်ကို ကူညီပေးပြီး၊ သူ့ရဲ့မြင့်မားတဲ့ ရာထူးကို ထိန်းသိမ်းထားခဲ့တယ်။ လူတိုင်းက သူ့ရဲ့သိုင်းပညာဟာ သိုင်းသူတော်စင်အဆင့်မှာ ရပ်တန့်နေ ပြီး၊ သူက သိုင်းပညာကို လျစ်လျူရှုထားတယ်လို့ ထင်ခဲ့ကြတယ်။ ဒါပေမယ့် အခုကြည့်ရတာ… သူဟာ… သူဟာ ဖြစ်နိုင်တာက…”
သခင်ဒွမ်၏ စကားများသည် နောက်ဆုံးအပိုင်းသို့ ရောက်သောအခါ၊ သူ့လည်ချောင်းက တုန်ခါလာပြီး၊ အသံက တုန်ယင်နေကာ၊ သူ၏ နောက်ဆုံး ခန့်မှန်းချက်ကို ထုတ်ဖော်ပြောဆိုရန် တွန့်ဆုတ်နေလေသည်။
ထိုခန့်မှန်းချက်သည် ကျိန်စာတစ်ခုနှင့် တူသည်။ ထိုခန့်မှန်းချက်ကို ထုတ်ဖော်ပြောဆိုလိုက်သည်နှင့် ထိုကြောက်မက်ဖွယ်ကျိန်စာသည် ၎င်းတို့၏ ဦးခေါင်းပေါ်သို့ ကျရောက်လာမည်ဖြစ်သည်။
ဂလု…..။
သခင်ဒွမ်၏ ခွဲခြမ်းစိတ်ဖြာမှုကို နားထောင်နေရင်း၊ ယန်ကျန်း၏ မျက်နှာသည် ပိုမိုဖြူဖျော့လာသည်။ သူသည် ငတုံးတစ်ဦးလို ရပ်နေပြီး၊ တောင်ပိုင်းပစိဖိတ်ရေတပ်၏ ဗိုလ်ချုပ်ကြီး၏ ဂုဏ်သိက္ခာ လုံးဝ ဆုံးရှုံးသွားခဲ့သည်။
သူသည် တံတွေးတစ်ချို့ကို မျိုချလိုက်သည်။
အချိန်အတော်ကြာပြီးနောက်၊ ယန်ကျန်းသည် ပါးစပ်ဖွင့်လိုက်သည်။ ပါးစပ်ဖွင့်လိုက်သောအခါ၊ ၎င်း၏အသံသည် ခြောက်သွေ့ပြီး အက်ကွဲနေကာ၊ ၎င်းကိုယ်တိုင်ပင် ထိတ်လန့်သွားသည်။
“လူသားအင်မော်တယ်…”
ယန်ကျန်းသည် သူ၏ နောက်ဆုံးအင်အားများကို အသုံးပြု၍ နောက်ဆုံးစကားလုံးနှစ်လုံးကို ထုတ်ဖော်ပြောဆိုလိုက်သည်။
သူတို့နှစ်ဦးသည် ကြောက်လန့်နေသော ကြွက်များကဲ့သို့ တစ်ဦးနှင့်တစ်ဦး မျက်လုံးချင်း ဆုံကြည့်လိုက်ပါသည်။ ခန်းမအပြင်ဘက်တွင်၊ မြည်ဟီးစ ပြုနေသော ပင်လယ်လေပြေညှင်းက တိုက်ခတ်လာပြီး၊ သစ်ရွက် အနည်းငယ်က ခန်းမထဲသို့ လွင့်ပျံလာကာ၊ ၎င်းတို့သည် သူတို့ဈာပနအတွက် ဖြန့်ကြဲနေသည့် ငွေစက္ကူများအလားပင်။
…
“အဲဒီလူအိုကြီးရဲ့ စွမ်းအားက အလွန်ကြီးမားလွန်းတယ်။ ငါတို့အားလုံး ပူးပေါင်းလိုက်ရင်တောင်၊ သူ့လက်ထဲမှာ အသတ်ခံရရုံပဲ။ မြို့တော်က ထိပ်တန်းသခင်သုံးဦးဖြစ်တဲ့ ဝူ၊ ကျိုးနဲ့ လန်…၊ ငါ ထင်တယ်၊ မင်းသားဟီစံအိမ်က သခင်ကျိုးနဲ့ အိမ်ရှေ့စံမင်းသားရဲ့ သခင်လန်တို့ ပူးပေါင်းလိုက်ရင် တောင်၊ အဲဒီလူအိုကြီးရဲ့ ပြိုင်ဘက်မဖြစ်နိုင်ဘူး!”
တောင်ပိုင်းပစိဖိတ် ရေတပ်ဌာနချုပ်တွင်၊ ယန်ကျန်းနှင့် သခင်ဒွမ်တို့သည် သူတို့၏ ခန့်မှန်းချက်ကြောင့် မျက်နှာကိုယ်စီ ဖြူဖျော့နေကြစဉ်မှာ, ထိုအချိန်တွင်၊ မိုင်ရာပေါင်းများစွာဝေးကွာသော ပဉ္စမတပ်စခန်းအတွင်းမှာ ဟုန်ယွိသည် သူ၏ ယုံကြည်စိတ်ချရသော လက်အောက်ငယ်သားများ အားလုံးကို စုဝေးစေကာ ဝူအိမ်တော်ထိန်းကို မည်ကဲ့သို့ ရင်ဆိုင်ရမည်ကို ဆွေးနွေးနေသည်။
ဤအချိန်တွင်၊ သူသည် စစ်စခန်းအလယ်ဗဟိုတွင် ရှိနေပြီး၊ အနီးအနားတွင် ကြံ့ခိုင်သန်မာသော စစ်သည်များဖြင့် အလွှာသုံးလွှာ၊ အပြင်ဘက်တွင် အလွှာသုံးလွှာဖြင့် ဝိုင်းရံထားသည်။ ထင်ရှားသော အစောင့်များနှင့် လျှို့ဝှက်အစောင့်များသည် သူ့ဆီသို့ ထိုးဖောက်မဝင်ရောက်နိုင်အောင် ဝိုင်းရံထားသည်။
သူ၏လက်အောက်ရှိ စစ်သည် ၂၅၀၀ သည် အားလုံး တင်းကြပ်သော ပြင်ဆင်မှုအခြေအနေတွင် ရှိနေကြပြီး၊ လမင်းကြီးကို ကြယ်များ ဝိုင်းထားသည့်အလား စစ်စခန်းအလယ်မှာ သူ့ကို ဝိုင်းရံထားကြသည်။ အသေးဖွဲ့ ပြဿနာတစ်ခုခု ဖြစ်ပေါ်လာလျှင်၊ စစ်သည်များအားလုံးသည် ချက်ချင်းပင် ဝိုင်းရံပိတ်ဆို့ပြီး တိုက်ခိုက်ကြမည် ဖြစ်သည်။
ဤအခြေအနေအောက်မှာပင်၊ လုံခြုံမှု မရှိသေးပေ။ ဝူအိမ်တော်ထိန်း၏ စွမ်းအားဖြင့်၊ သူသည် စစ်သည်တစ်ထောင် အထပ်ထပ် ဝိုင်းရံမူအတွင်းမှာ ပင် ဗိုလ်ချုပ်တစ်ဦး၏ ဦးခေါင်းကို အလွယ်တကူ ဖြတ်ယူနိုင်ပါသည်။ သို့သော်၊ ဟုန်ယွိသည် တစ်ဖက်လူက စစ်သည်အများအပြားကို သတ်ဖြတ်ဝံ့မည်မဟုတ်ကြောင်း သိထားသည်။ ထိုသို့မဟုတ်လျှင်၊ ၎င်းသည် ပုန်ကန်မှုအဖြစ် သတ်မှတ်ခံရလိမ့်မည်။ ဟုန်ရွှန်ကျိသည် ထိုပြစ်မူကို ဖိနှိပ်နိုင်သော်လည်း၊ ၎င်းသည် အခြားသူများအတွက် အသုံးချရန် အကြောင်းအရင်းတစ်ခု ဖြစ်လာပေလိမ့်မည်။
စုဝေးပြီးနောက်၊ အထွက်အထိပ် ရှင်တန်သိုင်းသခင်ဖြစ်သည့် အရပ်ရှည်ရှည် အင်အားကြီးမားသူ ဖြစ်သည့် ခါးကုန်းသူတော်စင်က ပထမဆုံး စကားပြော လိုက်သည်။
ယွမ်ယန်ကောင်းကင်ပုလဲ ဟင်းရည်ကြောင့် သူ့ခြေထောက် ဒဏ်ရာများသည် လုံးဝ ပျောက်ကင်းသွားခဲ့ပြီ ဖြစ်သော်လည်း၊ ဟုန်ယွိသည် သူ့အား နဂါးဆင်တံဆိပ်ကို မသင်ပေးခဲ့သောကြောင့်၊ သူသည် အထွက်အထိပ် ရှင်တန်သိုင်းသခင်အဆင့်တွင်သာ ရပ်တန့်နေခဲ့သည်။ မဟာဆရာသခင် အဆင့်သို့ ဖြတ်ကျော်ရန် ခက်ခဲနေခဲ့သည်။
မဟာဆရာသခင်အဆင့်သို့ ဖြတ်ကျော်ခြင်းသည် လွယ်ကူသော ကိစ္စမဟုတ်ပေ၊ အထူးသဖြင့် သိုင်းပညာမှာ ပုံသေသတ်မှတ်ပြီး ခိုင်မာနေသည့် လူများအတွက်ဖြစ်သည်။
လီလဲ့၊ ဝမ်ဖေးရန်၊ သို့မဟုတ် ခါးကုန်းသူတော်စင်တို့၏ သိုင်းပညာများသည် ပုံသေသတ်မှတ်ပြီး၊ ခိုင်မာသွားခဲ့ပြီဖြစ်ကာ၊ ထိုးထွင်းသိမြင်အလွှာများ ကာဆီးထားသည်။ ၎င်းတို့သည် သိုင်းပညာရပ် များ မပုံသေသတ်မှတ်ရသေးဘဲ ခိုင်မာမူမရှိသေးသည့်အတွက် ဖြတ်ကျော်ရန် နေရာလွတ်ရှိသူများ ဖြစ်သော ချီဇီယန်၊ ဟုန်ယွိ သို့မဟုတ် အခြားသူများနှင့် မတူပေ။
ထို့ကြောင့်၊ ၎င်းတို့တွင် မှော်ဆေးဝါးများနှင့် ကျင့်စဉ်များရှိခဲ့သော်လည်း၊ ဖြတ်ကျော်ရန် အထူး ခက်ခဲခဲ့သည်။
“ဒီလူအိုကြီးက တစ္ဆေတစ်ကောင်လို သွားလာလှုပ်ရှားနိုင်တယ်။ သူက ငါကို လုံးဝ အလွှတ်ပေးမှာ မဟုတ်ဘူး။ ငါရဲ့ စိတ်ဝိညာဉ်ဟာ တစ္ဆေအင်မော်တယ်အဆင့်အထိ လေ့ကျင့်ပြီးရင်တောင်, သူနဲ့ယှဉ်ရင် ငါက သူ့ပြိုင်ဘက် မဖြစ်နိုင်သေးဘူး။ ဒါက ငါ့ရဲ့ ထွက်ပြေးနိုင်တဲ့ အခွင့်အလမ်းကိုပဲ တိုးမြှင့်ပေးနိုင်ရုံပဲ။ ဒီနေ့ကစပြီး၊ ငါ မင်းတို့အားလုံးကို နဂါးဆင်တံဆိပ်ကို သင်ပေးမယ်။ အားလုံး အကောင်းဆုံး ကြိုးစားပြီး ဖြတ်ကျော်ရမယ်။ ငါတို့ အင်အားကို တိုးမြှင့်ရမယ်…။”
“ဒါ့အပြင်၊ အခုကစပြီး အားလုံး အတူတကွ လေ့ကျင့်မယ်။ တစ်အိမ်ထဲမှာ အတူနေပြီး၊ တစ်ဦးကိုတစ်ဦး ဂရုစိုက်ရမယ်။ အတွင်းပိုင်း အလွှာသုံးလွှာနဲ့ အပြင်ပိုင်း အလွှာသုံးလွှာ၊ လေးသမားတွေ၊ ဒူးလေးသမားတွေ၊ ဓားသမားတွေ၊ လှံသမားတွေ၊ လူတစ်ရာကို တစ်ဖွဲ့အဖြစ် အဖွဲ့ခွဲထားပြီး၊ နေ့ညမပြတ် အလှည့်ကျ ကင်းစောင့်ကြရမယ်။ ဒီနေ့ကစပြီး၊ စစ်တပ်တစ်ခုလုံး အမြဲသတိထားနေရမယ်။ အကောင်းဆုံး ကြိုးစားပြီး ဖြတ်ကျော်ရမယ်!”
ဟုန်ယွိ၏ အကြည့်သည် ပတ်ဝန်းကျင်ကို စူးစိုက်ကြည့်လိုက်သည်။ သူ၏ ဆုံးဖြတ်ချက်နှင့် စိတ်ပိုင်းပြတ်သားမှုက ထင်ရှားသည်။
သူ၏ ရက်စက်ကြမ်းတမ်းသော အကြည့်ကြောင့် လူတိုင်း ထိတ်လန့်သွားသည်။
ဟုန်ယွိနှင့် ရင်းနှီးသော မုကလေးပင်လျှင်၊ ဤမျှပြတ်သားပြီး ရက်စက်သော အကြည့်ကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
ဟုန်ယွိသည် ယခုအခါ အရာအားလုံးကို ထုတ်ပေးလိုက်ပြီ။ သူ၏ အင်အားကို တိုးမြှင့်ရန် ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးကို သူ အသုံးပြုရမည် ဖြစ်သည်။
အကယ်၍, သူသည် ဝူအိမ်တော်ထိန်းကို မသတ်နိုင်ခဲ့လျှင်၊ သူ၏ ယင်ယန်မက်မွန်နတ်ဘုရားဓားကို ပိုင်ဆိုင်ထားသည့် သတင်းက ဟုန်ရွှန်ကျိထံသို့ သေချာပေါက် ရောက်ရှိသွားလိမ့်မည်။ ထိုသတင်းကို ဖုံးကွယ်ရန် မည်သည့်နည်းလမ်းမှ မရှိပေ။ ဟုန်ယွိသည် ဝူအိမ်တော်ထိန်းနှင့် တိုက်ခိုက်နေစဉ်၊ ဝူအိမ်တော်ထိန်းသည် ဓားကိုမြင်သောအခါ ထိတ်လန့်စွာ အော်ဟစ်ခဲ့ပြီး၊ သူနှင့် ဟုန်ရွှန်ကျိတို့အကြား ပြန်လည်သင့်မြတ်ရေး ဖြစ်နိုင်ချေ မရှိတော့ကြောင်း ပြောခဲ့သည်။
ဟုန်ယွိသည် ကျောက်ဖေးရုန်ကို သတ်ဖြတ်ခဲ့သည်ကို ဟုန်ရွှန်ကျိ သိရှိသွားပြီးနောက်၊ သူ့အသက်ကို ယူရန် သေချာပေါက် ရောက်လာလိမ့်မည်။
ဝူအိမ်တော်ထိန်းသည်ပင် ဤမျှ သန်မာနေပြီဖြစ်ရာ၊ ဝူဝမ်မြို့စား ဟုန်ရွှန်ကျိဆိုလျှင်, ပြောစရာပင် မလိုတော့ပေ။
ဟုန်ယွိသည် အစီအမံများကို ပြီးပြည့်စုံစွာ ချမှတ်ပြီးနောက် မည်သည့်စကားမှ ထပ်မပြောတော့ပေ။
သူ၏ဘေးတွင်ရှိသော ရှင်တန်သိုင်းသခင်ခုနစ်ဦးနှင့် ရွှေပင့်ကူတို့သည်လည်း သူတို့၏ လက်နက်များကို ကိုယ်စီ ပြင်ဆင်ထားသည်။ ဒိုင်ဇင် ဘုရားကျောင်း၏ မှော်ဆေးရည်များအပါအဝင် ယွမ်ယန်ကောင်းပုလဲကိုလည်း အလယ်ဗဟိုတွင် ပြင်ဆင်ထားသည်။
ဟုန်ယွိ၊ ချီဇီယန်၊ မုကလေး၊ ရှန်ထိုက်ဇူ၊ လီလဲ့၊ ဝမ်ဖေးရန်၊ ခါးကုန်းသူတော်စင်၊ ပျံသန်းနေသော သွေးတစ်စက်တို့သည်ပင်လျှင် စစ်ဗိုလ်ကြီး၏ ခန်းမရှိ ခြံဝန်းထဲတွင် စုဝေးနေကြသည်။ သူတို့သည် မြင့်မားသော နံရံများဖြင့် ဝိုင်းရံထားပြီး၊ နံရံများအပြင်ဘက်တွင် မယိုစိမ့်နိုင်သော ကြံ့ခိုင်သန်မာ သော စစ်သည်များဖြင့် အလွှာသုံးလွှာ ဝိုင်းထားသည်။
နံရံများပေါ်ရှိ လေးသမားများအနေဖြင့်, ကင်းမျှော်စင်များတွင် လေးသမားများ ပြည့်နှက်နေသည်။
“ကျွန်တော် မင်းသားယုထံ စာတစ်စောင် ပို့ပြီးပြီ။ ဒါပေမယ့် ကျင်းဟိုင်ပြည်နယ်ကနေ ကျောက်စိမ်းမြို့တော်အထိ မိုင် ၆၀၀၀ ကနေ ၇၀၀၀ လောက်ရှိတယ်။ အဲဒီလောက်အကွာအဝေးကို သွားဖို့ အနည်းဆုံး ငါးရက်လောက် ကြာလိမ့်မယ်။ ဒါပေမယ့် မင်းသားယုက စာကိုလက်ခံရရှိတာနဲ့၊ သူက ကျွမ်းကျင်သူတွေကို ချက်ချင်း ပို့ပေးလိမ့်မယ်…” ပျံသန်းနေသော သွေးတစ်စက်သည် တင်းမာသော လေထုအငွေ့အသက် ကူးစက်ခံရပြီး၊ ယခင်ညက ဝူအိမ်တော်ထိန်း၏ ထူးကဲသော သိုင်းပညာကြောင့် ထိတ်လန့်ခဲ့ရသည်။ ယခုအခါ၊ သူသည် တက်ကြွစွာဖြင့် ဖြေရှင်းနိုင်မည့် နည်းများကို စဉ်းစားနေသည်။
“မင်းသားယုရဲ့ လက်အောက်က ကျွမ်းကျင်သူတွေလည်း ဒီလောက်မြန်မြန် ရောက်လာနိုင်မှာ မဟုတ်ဘူး။” ဟုန်ယွိ၏ မျက်လုံးများက လင်းလက်သွားသည်။
“မင်းသားယုရဲ့ လက်အောက်မှာ တာအိုပညာရှင်တစ်ဦး ရှိတယ်။ သူ့ရဲ့စိတ်ဝိညာဉ်ဟာ ညဘက်မှာ မိုင်တစ်ထောင်နဲ့ နေ့ဘက်မှာ မိုင် ၈၀၀ အထိ ခရီးသွားနိုင်တယ်။” ပျံသန်းနေသော သွေးတစ်စက်က ဂရုတစိုက် ပြောလိုက်သည်။
“ဒါဆို ကောင်းတယ်။ မင်းတို့အားလုံးက ငါ့ကို စောင့်ကြပ်ထားပေးကြ။ ငါ မက်မွန်နတ်ဘုရားဓားထဲကို ဝင်ပြီး မက်မွန်နတ်ဘုရားရဲ့ ဝိညာဉ်စွမ်းအင် ကို စုပ်ယူမယ်။ အဲဒါက ငါ့ရဲ့စိတ်ဝိညာဉ်ကို အားဖြည့်ပေးနိုင်တယ်။ တကယ်လို့, ငါသာ ခန္ဓာကိုယ်သိမ်းပိုက်ခြင်းနယ်ပယ်ရဲ့ မဟာပြီးပြည့်စုံခြင်း အဆင့်အထိ လေ့ကျင့်နိုင်ခဲ့ရင်၊ ငါ့ရဲ့အတွေးနဲ့ တာအိုပညာရပ်တွေကို အသုံးပြုနိုင်မယ်။ ဒါဆို ငါ့ရဲ့ အနိုင်ရဖို့ အခွင့်အလမ်းဟာ ဆယ်ဆမက တိုးလာလိမ့်မယ်……။”
ဟုန်ယွိသည် မင်းသားယု၏ ဖုံးကွယ်ထားသော အင်အားအကြောင်း ထပ်မံမေးမြန်းခြင်း သို့မဟုတ် စုံစမ်းရန် မကြိုးစားခဲ့ပေ။
သူပြောပြီးသည်နှင့် တစ်ပြိုင်နက်၊ သူ၏စိတ်ဝိညာဉ်သည် မက်မွန်နတ်ဘုရားဓားထဲသို့ ဝင်ရောက်သွားပြီး၊ ကြီးမားသော ချီဝိညာဉ်ဝဲဂယက်တစ်ခုက ဓားထဲမှာ ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်…။
…
“ဘာဖြစ်နေတာလဲ? ပဉ္စမတပ်စခန်းက ဘာလို့ အစောင့်အကြပ်တွေ ဒီလောက်တင်းကြပ်ထားတာလဲ?”
တစ်ရက်အကြာတွင်၊ ရုတ်တရက်၊ စစ်စခန်းနှင့် ၁၀ မိုင်ခန့်အကွာရှိ တောင်ကုန်းငယ်တစ်ခုပေါ်တွင်၊ ကျောက်စိမ်းပုလွှေကို ကိုင်ထားသည့် ယဉ်ကျေးသိမ်မွေ့သော ပညာရှင်တစ်ဦး ပေါ်ထွက်လာသည်။ ၎င်းသည် မင်းသားဟီစံအိမ်မှ သခင်ကျိုး ဖြစ်သည်။
“ဒါပေမယ့် ဒါက ဘာမှမဟုတ်ပါဘူးလေး။ ဒါက စစ်သည်တွေနဲ့ မြင်းတွေရဲ့ အုပ်စုတစ်ခုပဲ။”
သခင်ကျိုးသည် သူ၏လက်ထဲရှိ ပုလွှေကို လှုပ်ခါလိုက်ပြီး၊ လက်နှစ်ဖက်ကို နောက်ကျောတွင် ပစ်ထားသည်။ သူ၏ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်ထွက်လာသည်။
အခန်း (၁၆၅)။
“ဟုန်ယွိ၊ ဟုန်ယွိ... ဝူဝမ်မြို့စားစံအိမ်ရဲ့ တရားမဝင် သားတစ်ဦးက ဧကရာဇ်မင်းသားရဲ့ အကျဉ်းသားကို ကာကွယ်ပို့ဆောင်နေတဲ့ မြင်းရထားကို တားဆီးရဲတာလား။ ဒီလိုအတင့်ရဲမူမျိုးက ကမ္ဘာတစ်ခုလုံးကို ဖုံးလွှမ်းသွားနိုင်လောက်တယ်။ ဧကရာဇ်မင်းသားရဲ့ မြင်းရထားတွေကို ဒီလို လွယ်လွယ် နဲ့ တားဆီးလို့ရမယ်လို့ သူ ထင်နေတာလား။ ဒီလောကကြီးမှာ ဧကရာဇ်မင်းသားကပဲ အခြားလူတွေရဲ့ ယာဉ်တန်းကို တားဆီးလေ့ရှိတယ်။ ယခုတော့ ပြောင်းပြန်ဖြစ်နေမယ်လို့ ငါ မျှော်လင့်မထားခဲ့ဘူး…။”
တောင်ထိပ်ပေါ်တွင် ရပ်နေသော သခင်ကျိုးသည် အနည်းငယ် ဝေးကွာသော တပ်စခန်းအတွင်းရှိ အခြေအနေကို ကြည့်ရှုနေသည်။ သူသည် ခြေတစ်လှမ်း တိုးလိုက်ပြီး ချက်ချင်းပင် နောက်ဆုတ်လိုက်သည်၊ တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားသည့်နှယ်ပင်။ မင်းသားဟီချင်သည် အပေါ်ယံတွင် နူးညံ့သိမ်မွေ့ပုံပေါ်သော်လည်း၊ သူ၏ရက်စက်မှုသည် မည်သူထက်မဆို ပိုမိုပြင်းထန်သည်။ သူသည် အိမ်ရှေ့စံမင်းသားအား ဆက်သမည့် ပစ္စည်းများကိုပင် ကြးဖြတ်လုယက်ရန် လူစေလွှတ်ဝံ့သည်။ သူသည် ဥပဒေကို မထီမဲ့မြင်ပြုသူ ဖြစ်သည်။ သို့သော် ဟုန်ယွိကမူ ဧကရာဇ်မင်းသားကို ကိုယ်တိုင် စိန်ခေါ်ရဲသည်။
“သခင်ဖန်းက လက်မောင်းပြတ်ပြီး၊ ရင်ဘတ်မှာ မြားထိုးဖောက်ခံရကာ ရက်ရက်စက်စက် သေဆုံးခဲ့ရတယ်။ ဝမ်ဖေးရန်နဲ့ အကြီးအကဲရှန်တို့လည်း ပျောက်ဆုံးနေတယ်။ သူတို့ရဲ့ရုပ်အလောင်းတွေကို မတွေ့ရသေးဘူး။ သူတို့ သေလား ရှင်လား ဘယ်သူမှ မသိနိုင်ဘူး။ သူတို့ သေသွားတာ မဟုတ်ဘဲ လီလဲ့လို ဟုန်ယွိရဲ့လက်အောက်မှာတောင် ရှိနေနိုင်တယ်။ ဒါက မဖြစ်နိုင်တဲ့ ကိစ္စတော့ မဟုတ်ဘူး။ ရွှေပင့်ကူဘုရင်နဲ့ သူ့ရဲ့တာအိုပညာရပ်တို့ပါ ပါဝင်ပတ်သက်နေတယ်။ တကယ်လို့, ဒီအတိုင်းဖြစ်နေခဲ့ရင်... ငါ့အနေနဲ့ သတိထားဖို့ လိုအပ်တယ်။ ဟုန်ယွိရဲ့ ကျင့်ကြံမှုက ရှန်တန်သိုင်းသခင် အဆင့်ပဲရှိပြီး၊ သူ့ကို ဖမ်းဆီးဖို့က ကြက်ဖမ်းသလို လွယ်ကူလိမ့်မယ်။ ဒါပေမယ့် သူက ပစိဖိတ်ရေတပ်ရဲ့ ဗိုလ်ကြီးတစ်ဦးဆိုတော့, ဗိုလ်ချုပ်ကြီး ယန်ကျန်းကို ရှင်းပြချက်ပေးဖို့ မလွယ်ကူဘူး။ ပစိဖိတ်ရေတပ်ထဲမှာ ထူးချွန်တဲ့ သိုင်းပညာရှင်တွေထဲ ချီဝိညာဉ်ဂိုဏ်းရဲ့ ခေါင်းဆောင် ဒွမ်ထျန်းယာ တစ်ယောက်ပဲ ထူးချွန်တယ်။ ဒါပေမယ့် သူတောင် ငါ့ပြိုင်ဘက် မဟုတ်ဘူး။ ဒါကြောင့် မှော်မန္တန်လေးတစ်ခုကို အသုံးပြီး ဟုန်ယွိကို ဦးနှောက်မဲ့သူ အဖြစ် ပြောင်းလဲပေးလိုက်ရုံပင်။ ဒါဆို ဘယ်သူမှ မသိလောက်ဘူး….။”
သခင်ကျိုးသည် တခဏတာ တွေးတောပြီးနောက်၊ ဖုံးကွယ်နိုင်သည့် ချုံပုတ်တစ်ခုထဲတွင် ထိုင်လိုက်သည်။ သူသည် ထိုင်နေရင်း သူ့ရင်ဘတ်ထဲမှ ပြားချပ်ပြီး ရှည်လျားသည့် ကျောက်စိမ်းသေတ္တာတစ်လုံးကို ထုတ်ယူလိုက်သည်။ သေတ္တာကို ဖွင့်လိုက်သောအခါ ဆေးဖက်ဝင်ရနံ့က သင်းပျံ့လာ သည်။ သေတ္တာထဲတွင် လက်မအရွယ်အထူရှိပြီး တစ်ပေကျော်ရှည်သည့် နီရဲနေသော ကင်းခြေများတစ်ကောင်ရှိသည်။
ဤအနီရောင် ကင်းခြေများသည် ကျောက်စိမ်းသေတ္တာထဲရှိ ဆေးဖက်ဝင်ပစ္စည်း အနှစ်ပုံထဲတွင် အိပ်မောကျနေသယောင် လဲလျောင်းနေသည်။
“စိတ်ဝိညာဉ် ခွဲထုတ်ခြင်း၊ သိမ်းပိုက်ခြင်း။
သခင်ကျိုးသည် သေတ္တာကို ဖွင့်ကြည့်ပြီး ပုရွက်ဆိတ်ကို တွေ့သောအခါ သူ၏မျက်နှာတွင် ကျေနပ်မှု အရိပ်အယောင်တစ်ခု ပေါ်လာသည်။ ထို့နောက် သူ့လက်များကို ဝှေ့ရမ်းလိုက်ရင်း သူ၏အတွေးတစ်ခုက ထိုကင်းခြေများထံသို့ ရောက်ရှိသွားသည်။
ချီချီ…..! ကင်းခြေများသည် ချက်ချင်းပင် လှုပ်ရှားလာပြီး တွားသွားသွားကာ၊ ၎င်း၏ပါးစပ်မှ ကြောက်မက်ဖွယ် တစိတစိ မြည်သံများ ထွက်ပေါ်လာ သည်။ ထို့နောက် ၎င်း၏ ခန္ဓာကိုယ် ဘေးနှစ်ဖက်တွင် အင်းဆက်တောင်ပံများနှင့်တူသော ပါးလွှာသည့် အမြှေးပါးများ ရုတ်တရက် ပေါ်ထွက်လာ သည်။ ထိုအမြှေးပါးများသည် အလွန်မြန်ဆန်စွာ တုန်ခါနေသော်လည်း၊ ပျားကောင်များနှင့် ယင်ကောင်များ ပျံသန်းနေစဉ် ထွက်ပေါ်လာသော တဝှီဝှီ အသံမျိုး ထွက်ပေါ်မလာပေ။
ဟူး! အမြှေးပါးများက တုန်ခါသွားရာ ကင်းခြေများသည် လေထဲသို့ ပျံတက်သွားပြီး၊ ရေကူးနေသော ငါးတစ်ကောင်ကဲ့သို့ လေထဲတွင် ချောမွေ့စွာ ရွေ့လျားသွားပါသည်။
ဤသည်မှာ ရွှေပင့်ကူနှင့် တန်းတူအဆင့်ရှိပြီး၊ ရှားပါးသော စိတ်ဝိညာဉ်အဆိပ်သင့်သတ္တဝါ၊ ပျံသန်းနိုင်သော ကင်းခြေများ ဖြစ်သည်။ ၎င်း၏ အပြင်ခွံ သည် သံမဏိကဲ့သို့ မာကျောပြီး၊ ဓားများ ဆေဘာများဖြင့်ပင် ဖြတ်တောက်ရန် ခက်ခဲသည်။ ထို့ပြင် ၎င်းသည် မီးနှင့်ရေကို မကြောက်ရွံ့ပေ။ ၎င်း၏ တစ်ခုတည်းသော သဘာဝရန်သူမှာ မိုးကြိုးလျှပ်စီး ဖြစ်သည်။ ကောင်းကင်ယံတွင် မိုးကြိုးပစ်နေချိန်မှာ၊ ဤကင်းခြေများများသည် သစ်ပင်အခေါင်းအပေါက်ထဲတွင် ပုန်းအောင်းနေရသည်။ သို့မဟုတ်ပါက ၎င်းသည် မိုးကြိုးဒဏ်ကြောင့် သေဆုံးနိုင်သည်။ ဤကဲ့သို့ ထူးဆန်းသည့် သတ္တဝါသည် ကမ္ဘာပေါ်တွင် အလွန်ရှားပါးသည်။ ၎င်းသည် ယွန်တူအင်ပါယာ၏ မြောက်ပိုင်းဒေသ အစွန်းဆုံးတွင်သာ ရှင်သန်နိုင်ကြသည်။ တာအိုပညာရှင်များသည် ၎င်းကို ဖမ်းယူပြီးနောက်၊ ဆေးဝါးများဖြင့် ပြုစုပျိုးထောင်ကြသည်။ ၎င်းကို သိမ်းပိုက်ခြင်း စွမ်းရည်အတွက် အသုံးပြုကာ၊ အလွန်သတ်ဖြတ်နိုင်စွမ်းရှိသည်။ ၎င်းသည် ပျံသန်းပြီး လူတစ်ဦးကို ကိုက်ခဲလိုက်သည့်အခါ၊ အသံမထွက်ဘဲ သေဆုံးသွားနိုင်သည်။
ဤကင်းခြေများသည် ပျံသန်းနိုင်သော ဓားများထက် ပိုအားကောင်းသည်။ ပျံသန်းနိုင်သော ဓားများသည် လေထဲတွင် ပျံသန်းရင်း အသံထွက်ပြီး၊ လွယ်ကူစွာ ရှောင်တိမ်းနိုင်သည်။ ထို့ပြင် ပျံသန်းနိုင်သော ဓားများတွင် ယှဉ်တွဲလျက်ရှိသော အငွေ့အသက်ကို အာရုံခံစားနိုင်သည့် သိုင်းပညာရှင်များ သည် အလွယ်တကူ သိရှိနိုင်သည်။ သို့သော်, သူသည် ဤကင်းခြေများ၏ သွေးနှင့်အသားကို ပိုင်စီးထားသဖြင့်၊ အငွေ့အသက်ကို ဖုံးကွယ်ထားနိုင် သည်။ သိုင်းသူတော်စင်အဆင့် ရှိသူများပင်လျှင် ၎င်းကို ရှင်းလင်းစွာ အာရုံခံစားနိုင်မည် မဟုတ်ပေ။ ၎င်းကို အင်းဆက်တစ်ကောင်ဟုသာ ထင်မှတ်နိုင်သည်။ ၎င်း၏ ဖုံးကွယ်နိုင်စွမ်းနှင့် သေစေနိုင်စွမ်းတို့က ပျံသန်းနိုင်သော ဓားများထက် အများကြီး ပိုအားကောင်းသည်။
ယခု သခင်ကျိုးသည် သူ၏အတွေးများကို ပျံသန်းကင်းခြေများထံသို့ ထည့်သွင်းပြီး၊ ရုတ်တရက် ပျံထွက်သွားစေသည်။ ယင်းမှတဆင့် သူသည် ဟုန်ယွိကို အလေးအနက်ထားကြောင်း ပြသနေသည်။ အကယ်၍ သူသည် သူ၏စိတ်ဝိညာဉ်ဖြင့် ပျံထွက်သွားပါက၊ ၎င်း၏ ပြင်းထန်သော အငွေ့အသက်သည် သိုင်းပညာရှင်များ၏ အာရုံကို ဖမ်းစားနိုင်သည်။ ထိုနေ့တုန်းက ဟုန်ယွိသည် ကျောက်စိမ်းကြာပန်းတောင်ပေါ်ရှိ ယောင်ချီ ဂိုဏ်း၏ ဌာနချုပ်သို့ သူ၏ စိတ်ဝိညာဉ်ဖြင့် ပျံသန်းရန် မဝံ့ရဲခဲ့ပေ။ ယင်းကလည်း သူ့စိတ်ဝိညာဉ်ကို အာရုံခံစားမိမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
“သွား….”
သခင်ကျိုးသည် သူ၏အတွေးများကို ပျံသန်းကင်းခြေများထံသို့ ထည့်သွင်းပြီး၊ သူ၏မျက်လုံးများကို ဖွင့်ကာ တိုးညင်းစွာ အော်ဟစ်လိုက်သည်။ ကင်းခြေများ၏ အမြီးသည် လှုပ်ယမ်းသွားပြီး၊ ရုတ်တရက် မြက်ပင်များနှင့် ကပ်လျက် မျဉ်းကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ၊ အစအနမရှိ ပျောက်ကွယ်သွားခဲ့သည်။
မက်မွန်နတ်ဘုရားဓားအတွင်းမှာ “ကျင်းရွှမ်အာ၊ မင်းရဲ့ဝိညာဉ်က ဘေးတစ်ဖက်မှာ ပုန်းနေပြီး၊ ကရုဏာမိခင်ဗောဓိသတ္တကျမ်းကို အပြည့်အဝ ထုတ်ဖော်ကာ မက်မွန်နတ်ဘုရားရဲ့ ပြိုကွဲနေတဲ့ ဝိညာဉ်စွမ်းအားကို စုပ်ယူလိုက်စမ်း….။”
မက်မွန်နတ်ဘုရားဓားအတွင်းမှာ ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် အားအင်ချိနှံ့လျက် မလှုပ်ရှားနိုင် ဖြစ်နေသည်။ သို့သော် ဓားကိုယ်ထည်တစ်ခုလုံးက အားကောင်းပြီး၊ သန့်စင်သည့် ပြိုကွဲထွက်လာသော ဝိညာဉ်စွမ်းအားများဖြင့် ပြည့်နှက်နေသည်။ ကျင်းရွှမ်အာသည် ရွှေပင့်ကူပိုးမျှင်များထဲသို့ ဝင်ရောက်လိုက်သောအခါ၊ သူမသည် နွေးထွေးသော စမ်းချောင်းထဲတွင် စိမ်နေသည့်အလား ခံစားရသည်။ သူမ၏ ဝိညာဉ်သည် အလွန် သက်တောင့်သက်သာရှိပြီး၊ သူမ၏ အတွေးတိုင်းက ယခင်ထက် ဆယ်ဆခန့် ပိုမိုအားကောင်းလာသည်။
တစ်နေ့လုံး ဟုန်ယွိသည် သူ၏ စိတ်ဝိညာဉ်ကို ပြင်းထန်စွာ လေ့ကျင့်နေခဲ့သည်။ သူသည် လျှို့ဝှက်ယင်တာအိုဂိုဏ်း၏ အဆုံးစွန်သော နည်းပညာဖြစ်သည့် ချီဝိညာဉ်ဝဲဂယက်ကို ဆက်လက် အသုံးပြုကာ၊ မက်မွန်နတ်ဘုရား၏ ဝိညာဉ်ကို ပြိုကွဲစေခဲ့သည်။ ယင်းကြောင့် ကြီးမားသော ဝိညာဉ်စွမ်းအားများ ထွက်ပေါ်လာပြီး၊ သူ၏အတွေးများက စုပ်ယူနေခဲ့သည်။ သူ၏ စိတ်ဝိညာဉ် စွမ်းအားသည် ယခင်က မရှိခဲ့ဖူးသော အမြန်နှုန်းဖြင့် တိုးမြင့်လာခဲ့သည်။
တဖြည်းဖြည်းဖြင့်, ဟုန်ယွိသည် မက်မွန်နတ်ဘုရား၏ ဝိညာဉ်က အကန့်အသတ်မဲ့ စွမ်းအားများဖြင့် ပြည့်နေခဲ့ရာမှ ယခုမူ အားနည်းလာသည်ကို ခံစားမိသည်။ ၎င်းသည် စွမ်းအားပြည့်ဝသော ခံစားချက်မျိုး မရှိတော့ပေ။ ၎င်းသည် ယခင်ကကဲ့သို့ စွမ်းအားများ ပြည့်လျှံ မနေတော့ပေ။
ဆိုလိုသည်မှာ၊ မက်မွန်နတ်ဘုရားဓား၏ စွမ်းအားသည် တဖြည်းဖြည်း အားနည်းလာနေသည်။
ဤဓားကို နတ်ဘုရားဓားဟု ခေါ်ဆိုရခြင်းမှာ မက်မွန်နတ်ဘုရား၏ ကြီးမားသော ဝိညာဉ်စွမ်းအားကြောင့် ဖြစ်သည်။ ထိုဝိညာဉ်စွမ်းအားသည် အရာဝတ္ထုထိန်းချုပ်မှုအဆင့်သို့ ရောက်ရှိနေသူတစ်ဦး ဤဓားထဲသို့ ဝင်ရောက်ခဲ့ပါက၊ တစ္ဆေအင်မော်တယ်တစ်ပါး၏ စွမ်းအားကို အသုံးပြုနိုင်သည်။ သို့သော် ယခုအခါ၊ မက်မွန်နတ်ဘုရား၏ ဝိညာဉ် စွမ်းအားသည် ဟုန်ယွိ၏ ဖြည်းဖြည်းချင်း စုပ်ယူခံနေရပြီ ဖြစ်သည်။
အကယ်၍, သူသည် မက်မွန်နတ်ဘုရားဝိညာဉ်၏ စွမ်းအားအားလုံးကို စုပ်ယူနိုင်ပါက၊ ဟုန်ယွိသည် ခန္ဓာကိုယ်သိမ်းပိုက်ခြင်းနယ်ပယ်၏ မဟာ ပြီးပြည့်စုံခြင်းအဆင့်သို့ ချက်ချင်း ရောက်ရှိမည် ဖြစ်သည်။ ထို့ပြင် သူ၏စိတ်ဝိညာဉ် စွမ်းအားသည် တစ္ဆေအင်မော်တယ်တစ်ဦး၏ စွမ်းအားနှင့် တန်းတူရှိလာလိမ့်မည်။
ရှီး….၊ ရှီး….၊
ရွှေပင့်ကူ၏ အကူအညီဖြင့် ဟုန်ယွိသည် သူ၏စိတ်ဝိညာဉ်ကို ပြန်လည် ကုစားပြီး၊ အတိတ်ကျမ်းကို စတင်လေ့ကျင့်သည်။ သူ၏ အတွေးအားလုံးကို အသုံးပြု၍ ပြိုကွဲထွက်နေသော ဝိညာဉ်စွမ်းအား အားလုံးကို စည်းတံဆိတ်ခတ်ကာ၊ ၎င်းတို့ကို သူ့ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းလိုက်သည်။
“အာယို့,…၊ ဒီမက်မွန်နတ်ဘုရားဓားက တကယ်ကို ကောင်းကင်နဲ့မြေကြီးရဲ့ ရတနာတစ်ခုပဲ။ ဒါပေမယ့်, အထဲမှာရှိတဲ့ ဝိညာဉ်စွမ်းအားကို အပြည့် အဝ ထည့်သွင်းလို့မရဘဲ၊ ငှားရမ်းပြီး အသုံးပြုရုံလောက်ပဲ တတ်နိုင်ခဲ့တယ်။ အခု ဒီစွမ်းအားက ငါ့ခန္ဓာကိုယ်ထဲ အပြည့်အဝ ပေါင်းစည်းသွားသလို ခံစားရတယ်။”
ရွှေပင့်ကူသည် မက်မွန်နတ်ဘုရားဓားထဲသို့ ဝင်ရောက်ပြီး၊ စွမ်းအားကို စုပ်ယူလိုက်သောအခါ၊ သူမ၏ ဝိညာဉ်သည် ပြည့်လျှံလာခဲ့သည်။ ၎င်းသည် အလွန်သက်တောင့်သက်သာ ဖြစ်ပြီး၊ ဆက်တိုက် ညည်းညူသံများပင် ထွက်ပေါ်လာသည်။ ထို့နောက် သူမ သတိပြန်ဝင်လာသောအခါ၊ အံ့ဩဖွယ် တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။
သို့သော် ယခုအခါ ဟုန်ယွိသည် သူမ၏ မေးခွန်းကို ဖြေကြားနိုင်ခြင်း မရှိတော့ပေ။ အကြောင်းမှာ ဟုန်ယွိသည် လုံးလုံးလျားလျား တရားထိုင်နေသည့် အခြေအနေထဲသို့ ဝင်ရောက်နေပြီ ဖြစ်သည်။
မူလက ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်နှင့် တူနေခဲ့သည်။ သို့သော်, ယခုအခါ, သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တောက်ပသော ကြယ်များ ကဲ့သို့ တဖျတ်ဖျတ် လင်းလက်နေသည်။
ရွှေပင့်ကူ၏ အံ့ဩနေသော အကြည့်များအောက်တွင်၊ ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် တဖြည်းဖြည်း ပြောင်းလဲလာသည်။ ပိုးစုန်းကြူးများနှင့်တူသော ရွှေရောင်အလင်းများသည် ရွှေရောင်ကာဇယာအဖြစ် ပြောင်းလဲသွားပြီး၊ ၎င်းပေါ်တွင် နေ၊ လ၊ ကြယ်များ အများအပြား ရှိနေသည်။
ထို့နောက် ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် တဖြည်းဖြည်း ရွှေရောင်ဗုဒ္ဓရုပ်တစ်ဆူအဖြစ် ပြောင်းလဲသွားသည်။
မက်မွန်နတ်ဘုရားဓား၏ လေဟာနယ်နယ်မြေတစ်ခုလုံးသည် ရုတ်တရက် ငြိမ်သက်သွားပြီး၊ ရွှေရောင်အလင်းသည် ထောင့်တိုင်းအထိ လင်းထိန်နေသည်။
ရွှေပင့်ကူ ကျင်းရွှမ်အာသည် သူမရှေ့တွင်ရှိနေသည့် ကြီးမားသော ရွှေရောင်ဗုဒ္ဓရုပ်ပွားတော်ကို ကြည့်ရင်း၊ သူမ၏ပါးစပ်က ဖြည်းဖြည်းချင်း ပွင့်ဟလာသည်။ ကံကောင်းစွာဖြင့် ၎င်းသည် ဝိညာဉ်ပုံစံသာ ဖြစ်သည်၊ မဟုတ်လျှင် သူမ၏မေးရိုးက မြေပြင်ပေါ်သို့ ပြုတ်ကျသွားလိမ့်မည်။
ရုတ်တရက်၊ သူမရှေ့ရှိ မြင်ကွင်းက ထပ်မံ ပြောင်းလဲသွားသည်။ ရွှေရောင်ဗုဒ္ဓရုပ်ထံမှ ကြီးမားသော အတွေးလှိုင်းတစ်ခု ထွက်ပေါ်လာသည်။ ဤအတွေးများသည် နက်နဲသော ကျမ်းစာများအဖြစ် ပြောင်းလဲသွားသည်။
မရေမတွက်နိုင်သော ကျမ်းစာများသည် ရွှေရောင်ဗုဒ္ဓရုပ်ပွားတော်၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် လှည့်ပတ်စီးဆင်းနေပြီး၊ စကြဝဠာ၏ ကြယ်များကဲ့သို့ လည်ပတ်နေသည်။ ထိုအခိုက်အတန့်တွင်၊ ကျင်းရွှမ်အာသည် စကြဝဠာ၏ ဗဟိုချက်သို့ ရောက်ရှိသွားသည့် ခံစားချက်ကို ပြင်းထန်စွာ ခံစားရသည်။
ဟုန်ယွိမှ ပြောင်းလဲသွားသော ရွှေရောင်ဗုဒ္ဓရုပ်သည် အသက်ရှူသွင်းတိုင်း၊ စကြဝဠာတစ်ခုလုံးသည် သေးငယ်သော အစက်ပြောက်တစ်စက်အဖြစ် ကျုံ့သွားသည်။ အသက်ရှူထုတ်တိုင်း၊ စကြဝဠာတစ်ခုလုံးသည် ပြင်းထန်စွာ ချဲ့ထွင်သွားသည်။ စကြဝဠာ၏ အသက်ရှင်မှုနှင့် သေဆုံးမှုသည် ဟုန်ယွိမှ ပြောင်းလဲသွားသော ဤရွှေရောင်ဗုဒ္ဓရုပ်ပွားတော်၏ အသက်ရှူမှုပေါ်တွင် မူတည်နေသည်။
ကျင်းရွှမ်အာသည် ဤမျှအစွမ်းထက်သော တာအိုနည်းပညာကို တစ်ခါမျှ မခံစားဖူးခဲ့ပေ။ “အာယွိက ဘယ်လိုတာအိုပညာရပ်ကို ကျင့်ကြံနေတာလဲ။ ဒီလိုတာအိုပညာရပ်မျိုးက ဒီလောကကြီးမှာ မရှိသင့်ဘူး။ အာယွိရဲ့ အတွေးတိုင်းက ဒီလောက် အားကောင်းနေပြီ။ ဒါက ခန္ဓာကိုယ်သိမ်းပိုက်ခြင်း နယ်ပယ်ရဲ့ မဟာပြီးပြည့်စုံမှုအဆင့်နဲ့ နီးကပ်နေပြီ။”
ကျင်းရွမ်အာ၏ တာအိုပညာရပ်သည် ရွှေပင့်ကူဘုရင်ထံမှ လက်ဆင့်ကမ်းရရှိခဲ့ခြင်း ဖြစ်ပြီး၊ သူမသည် အလွန်ဗဟုသုတ ကြွယ်ဝသူတစ်ဦး ဖြစ်သည်။ သို့သော် အတိတ်ကျမ်းသည် ဒဏ္ဍာရီထဲမှာပင် အမြင့်ဆုံးကျမ်းစာ ဖြစ်သည်။ ၎င်းသည် နဂါးများနှင့်တူသည်။ နဂါးများကို လူတိုင်းကြားဖူးသော်လည်း မည်သူမျှ မမြင်ဖူးခဲ့ပေ။ ရုတ်တရက်၊ ဟုန်ယွိသည် ဤမျှ ကြီးမြတ်ပြီး နက်နဲသောပညာရပ်ကို ကျင့်ကြံထားခြင်းကို သူမအနေဖြင့် စိတ်ကူးကြည့်ရန် ခက်ခဲသည်။
သို့သော် ကျင်းရွမ်အာသည် ဟုန်ယွိ၏ပတ်လည်ရှိ မရေမတွက်နိုင်သော ကျမ်းစာများသည် သူ၏အတွေးတိုင်းမှ ဖြစ်ပေါ်လာကြောင်း ရှင်းလင်းစွာ ခံစားနိုင်သည်။ ကျမ်းစာတစ်ခုချင်းစီ၏ စွမ်းအားကပင် သူမ၏စွမ်းအားနှင့် တန်းတူရှိသည်။
ဆိုလိုသည်မှာ၊ ဟုန်ယွိ၏ ကျပန်းအတွေးတစ်ခုမှာပင် ယင်စိတ်ဝိညာဉ်၏ စွမ်းအားကို ပိုင်ဆိုင်ထားသည်။ ဤသည်မှာ မဟာပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေသည့် အခြေအနေဖြစ်သည်။
“ရှင်ခြင်းနဲ့သေခြင်းကြားရှိ အတားအဆီး။ ရှင်ခြင်းနဲ့သေခြင်း အသွင်ပြောင်းမှု။ တစ္ဆေအင်မော်တယ်၊ တစ္ဆေအင်မော်တယ်... ပြန်လည်မွေးဖွားခြင်း၊ ခန္ဓာကိုယ်ကို စွန့်ခွာခြင်း... သားအိမ်ထဲရှိ နက်ရှိုင်းသောအရာ...”
ကျင်းရွမ်အာသည် အံ့ဩမှုဖြစ်စဉ်ထဲတွင် ရှိနေစဉ်၊ ဟုန်ယွိသည် သူ၏ကိုယ်ပိုင် အခြေအနေထဲတွင် လုံးလုံးလျားလျား နစ်မျောနေသည်။
သူသည် မက်မွန်နတ်ဘုရား၏ ဝိညာဉ်စွမ်းအားကို ပြင်းထန်စွာ စုပ်ယူနေရင်း၊ ရှင်ခြင်းနှင့်သေခြင်းကြားရှိ မမြင်နိုင်သော အတားအဆီးတစ်ခုကို တဖြည်းဖြည်း ထိတွေ့လာသည်။ အကယ်၍, သူသည် ဤအတားအဆီးကို ဖြတ်ကျော်နိုင်ပါက၊ တစ္ဆေအင်မော်တယ်တစ်ပါး ဖြစ်လာမည်ဖြစ်သည်။
သို့သော် ဤအတားအဆီးသည် အလွန်ကြီးမားလှသည်။ ၎င်းသည် သူ၏လမ်းကြောင်းကို ပိတ်ဆို့ထားသည့် ကျယ်ပြန့်သော သမုဒ္ဒရာတစ်စင်းကဲ့သို့ ဖြစ်နေသည်။ သူသည် ၎င်းကို ဖြတ်ကျော်နိုင်မည် မဟုတ်ပေ။
ဟုန်ယွိသည် မက်မွန်နတ်ဘုရားဓား၏ စွမ်းအားအားလုံးကို စုပ်ယူနိုင်လျှင်ပင်, တစ္ဆေအင်မော်တယ်အဆင့်သို့ မရောက်ရှိနိုင်ကြောင်း သိရှိထားသည်။ အကြောင်းမှာ ခန္ဓာကိုယ်သိမ်းပိုက်ခြင်းနယ်ပယ်နှင့် တစ္ဆေအင်မော်တယ်နယ်ပယ်ကြားတွင် ကြီးမားသော အတားအဆီးတစ်ခုရှိပြီး၊ ၎င်းသည် ရှင်ခြင်းနှင့်သေခြင်းကြားရှိ အတားဆီးတစ်ခု ဖြစ်သည်။ ၎င်းသည် တာအိုပညာရှင်များ၏ အကြီးမားဆုံး အတားအဆီးဖြစ်သည်။ အကယ်၍ ဖြတ်ကျော်နိုင်ခဲ့ပါက၊ သူသည် အင်မော်တယ်တစ်ပါး ဖြစ်လာမည်။ မအောင်မြင်ပါက၊ သူသည် ဤကမ္ဘာလောကကြီးမှ အချိန်တန်လျှင် ပျောက်ကွယ်သွားရလိမ့်မည်။
တနည်းဆိုရသော်၊ တာအိုပညာရပ်ကို ကျင့်ကြံသူများသည် တစ္ဆေအင်မော်တယ်အဆင့်သို့ ရောက်ရှိမှသာ အစစ်မှန် ကျင့်ကြံသူများအဖြစ် သတ်မှတ်ခံရသည်။ သို့မဟုတ်ပါက၊ ၎င်းတို့၏ သက်တမ်းသည် သာမန်လူသားများနှင့် မခြားနားပေ။ ၎င်းတို့၏ ရုပ်ခန္ဓာကိုယ် ပျက်စီးသွားသောအခါ၊ ၎င်းတို့သည် ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားရမည် ဖြစ်သည်။
ဤအတားအဆီးသည် တာအိုပညာရပ်များ၏ အကြီးမားဆုံး အတားအဆီး ဖြစ်သည်။ ၎င်းကို ရှင်ခြင်းနှင့်သေခြင်း အတားဆီးဟုလည်း ခေါ်ဆိုနိုင် သည်။ လူအများစုသည် ဤအဆင့်တွင် ပိတ်မိနေကြသည်။ ဖြတ်ကျော်နိုင်ပါက အသက်ရှင်မည်။ မဖြတ်ကျော်နိုင်ပါက သေဆုံးမည်။ ရှင်ခြင်းနှင့် သေခြင်းကြား အတားအဆီး။
“ဒါက မြို့စားဝူစံအိမက အိမ်ထိန်းတော်ထိန်းဝူဆိုတဲ့ ခွေးအိုကြီးကြောင့်ပဲ။ တကယ်လို့, ငါသာ ငါ့အသက်ကိုရင်းပြီး မစွန့်စားခဲ့ပါက၊ မက်မွန် နတ်ဘုရားဓားရဲ့ စွမ်းအားကို စုပ်ယူနိုင်မှာ မဟုတ်ဘူး။ ငါ့ရဲ့ ကျင့်ကြံမှုအဆင့်ကိုလည်း ဒီလောက် မြန်မြန်ဆန်ဆန် တိုးတက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး။ ငါ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားကို အမြင့်ဆုံးအထိ စုစည်းပြီး၊ သိမ်းပိုက်ခြင်းအဆင့်နဲ့ စိတ်ဝိညာဉ်ခွဲထုတ်ခြင်းအဆင့်ကို ဝင်ရောက်နိုင်မှာ မဟုတ်ဘူး….။”
ဟုန်ယွိသည် သူ မည်သို့ ကြိုးစားသည်ဖြစ်စေ, သူသည် ရှင်ခြင်းနှင့်သေခြင်းကြားရှိ ဤအတားအဆီးကို ဖြတ်ကျော်နိုင်မည် မဟုတ်ကြောင်း သိရှိသည်။ သူသည် တာအိုပညာရပ်များတွင် အသက်ရှစ်နှစ်အရွယ်ဖြင့် ခန္ဓာကိုယ်ကို စွန့်ခွာနိုင်သည့် ပါရမီရှင်တစ်ဦး မဟုတ်ကြောင်း သိရှိသဖြင့်၊ သူ၏ ကျင့်ကြံမှုကို လက်လျော့လိုက်ပါသည်။