← Chapters

အခန်း (၁၆၆-၁၆၈)

Vol. 14 Ch. 166-168

အခန်း (၁၆၆-၁၆၈)

Vol. 14 Ch. 166-168

အခန်း (၁၆၆)။

ညအချိန်အခါ ရောက်လာပြီး ရာသီဥတုက မှိုင်းညှို့လာသည်။ “နောက်ဆုံးတော့, ငါ ရှင်တန်သိုင်းသခင်အဆင့်ထဲ ဝင်ရောက်နိုင်ခဲ့ပြီ….”။

ပြောင်လက်နေသော ခြံဝင်းကျယ်ထဲတွင် ရှန်ထိုက်ဇူသည် လက်ဖက်ရည်ခွက်အထူရှိသည့် သန့်စင်သံမဏိတုတ်ကို ကိုင်ထားသည်။ သူ၏ အပေါ်ပိုင်း သည် ဗလာကျင်း ဖြစ်နေပြီး၊ ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားများက ထင်းပင်အမြစ်များကဲ့သို့ တင်းကျပ်စွာ ရစ်ပတ်ထားသည်။ ၎င်းတို့သည် ထူးကဲသော ခွန်အားကို ဖော်ပြနေသည်။

သူ့လက်ထဲရှိ သန့်စင်သံမဏိတုတ်သည် အသက်ရှိနေသည့်အလား အပေါ်အောက် လှုပ်ရှားနေသည်။ ၎င်းသည် ဧရာမမြွေကြီးတစ်ကောင်ကဲ့သို့ လှုပ်ရှားနေပြီး တုတ်ချောင်း၏ တုန်ခါမှုကြောင့် လေထုပင် ဖြတ်တောက်သွားသည်။ တုတ်သည် လေထုနှင့် ပွတ်တိုက်ရင်း ပြင်းထန်သော သတ္တုအနံ့ ကို ထုတ်လွှတ်သည်။

“နတ်ဆိုးမျောက်ဝံတောင်ဖြိုခွင်း”၊ “နတ်ဆိုးမျောက်ဝံပင်လယ်မွှေနှောက်”၊ “နတ်ဆိုးမျောက်ဝံသစ်ပင်ဆွဲထုတ်”၊ “နတ်ဆိုးမျောက်ဝံ နတ်ဘုရား တိုက်ခိုက်”၊ “နတ်ဆိုးမျောက်ဝံ ဗုဒ္ဓအား ကိုးကွယ်”၊ “နတ်ဆိုးမျောက်ဝံ ကောင်းကင်ဖြိုခွင်း”။

ရှန်ထိုက်ဇူသည် နတ်ဆိုးမျောက်ဝံဖရိုဖရဲနတ်ဘုရားတုတ်သိုင်းကွက်ကို တစ်ကွက်ချင်းစီကို ကျွမ်းကျင်စွာ လေ့ကျင့်နေသည်။ သူ၏အသက်ရှူသံ တိုင်းက ဂေါ်ရီလာတစ်ကောင်၏ ဟိန်းဟောက်သံကဲ့သို့ ပြင်းထန်ရှည်လျားသည်။ တုတ်သိုင်းကွက်ကို ကြည့်နေစရာမလိုပေ။ သူ့ဟိန်းဟောက်သံ အရှိန်အဝါတစ်ခုတည်းဖြင့်ပင် သာမန်လူတစ်ဦးကို ထိတ်လန့်စေနိုင်သည်။

အသက်တစ်ရှိုက်အတွင်းမှာပင် သူသည် ထိုသိုင်းကွက်ခြောက်ကွက်ကို လေ့ကျင့်ပြီးစီးသည်။ ရှန်ထိုက်ဇူ၏အသားအရေမှာ ယခင်ကကဲ့သို့ ချောမွေ့နေဆဲဖြစ်ပြီး သူ၏မျက်နှာပေါ်တွင် ချွေးတစ်စက်မျှ မရှိ။ သူ၏အငွေ့အသက်သည်လည်း မပျက်စီးဘဲ၊ ယင်းက သူ့ကိုယ်အတွင်းအင်္ဂါများ၏ ခွန်အားကို ပြသထားသည်။

ဤသည်မှာ သူသည် ရှင်တန်သိုင်းသခင်အဆင့်သို့ အမှန်တကယ် ဝင်ရောက်နိုင်ခဲ့ခြင်း၏ လက္ခဏာတစ်ရပ် ဖြစ်သည်။

ယခင်ကတည်းက သူသည် ထူးခြားသော စွမ်းရည်ကို ပိုင်ဆိုင်ထားပြီး၊ သိုင်းသခင်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေစဉ်မှာပင် ရှင်တန် သိုင်းသခင်အဆင့်၏ အငွေ့အသက်ကို ပိုင်ဆိုင်ထားကာ၊ လက်တွေ့တိုက်ပွဲမှာလည်း ရှင်တန်သိုင်းသခင်အဆင့် သိုင်းသမားများထက် မနိမ့်ကျခဲ့ပေ။ သို့သော် သူသည် ကိုအတွင်းအင်္ဂါငါးပါးကို နားလည်သဘောပေါက်သည့် အဆင့်သို့ မရောက်ရှိခဲ့ပေ။

ယခုအခါ ရှည်လျားသော ကာလတစ်ခုလုံး စုဆောင်းမှုပြုလုပ်ပြီးနောက်၊ သူသည် အရေးကြီးဆုံးသော ခြေလှမ်းတစ်လှမ်းကို လှမ်းနိုင်ခဲ့ပြီး ရှင်တန်သိုင်းသခင်အဆင့်သို့ ဝင်ရောက်နိုင်ခဲ့သည်။

“ဟိုင်း…..”

အိမ်တစ်လုံးထဲမှ သွက်လက်ပြီး လျင်မြန်သော ဓားအလင်းရောင်နှင့် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ဓားအလင်းသည် ရေစီးကဲ့သို့ လျင်မြန်သည်။ ၎င်းသည် ရှန်ထိုက်ဇူ၏ သံမဏိတုတ်နှင့် ထိတွေ့သောအခါ အပေါ်အောက် ဆက်တိုက် ရိုက်ခတ်ပြီး၊ လှည့်ပတ်ကာ လှုပ်ရှားနေသည်။ ချေမှုန်း၊ မြှောက်၊ ထိုး၊ ချေဖျက်၊ ပိတ်ဆို့၊ ဖိနှိပ်၊ ခုတ်ပိုင်းခြင်းစသည့် သိုင်းကွက်အမျိုးမျိုးသည် ပုံသေသတ်မှတ်ထားသည့်အတိုင်း မဟုတ်ဘဲ သဘာဝကျစွာ စီမျောနေသည်။

“ချွင်…၊ ချွင်….၊ ချွင်…၊ ချွင်…”

ဓားနှင့်သံမဏိတုတ်တို့ ထိတွေ့တိုက်ခိုက်မိရာ သတ္တုအစများ လွင့်စဉ်ထွက်ပြီး မီးပွားများ ဖြာထွက်လာသည်။

ချက်ချင်းဆိုသလိုပင် ရှန်ထိုက်ဇူ၏ သန့်စင်သံမဏိတုတ်၏ မျက်နှာပေါ်ပြင်တွင် အကွက်များနှင့် အစက်အပြောက်များ ပြည့်နှက်သွားပြီး၊ သံမှုန်သံဖွဲများလည်း ဖြာထွက်နေသည်။

“မုကလေး…၊ မင်းလည်း ရှင်တန်သိုင်းသခင်အဆင့်ထဲ ဝင်ရောက်နိုင်ပေါ့။ ရပြီ၊ ရပ်လိုက်တော့။ ငါးမန်းသတ်ဓားက ထက်ရှပြီး၊ ငါ့သံမဏိတုတ်က သာမန်ပစ္စည်းတစ်ခုပဲ။ မကြာခင် ဓားကြောင့် နှစ်ပိုင်းပြတ်သွားလိမ့်မယ်။”

ရှန်ထိုက်ဇူသည် အနိမ့်အသံဖြင့် အော်ပြောလိုက်ရာ ဓားရိပ်လည်း ရပ်တန့်သွားသည်။ ပုံရိပ်သည် စစ်သည်အဝတ်အစားများကို ဝတ်ဆင်ထားပြီး၊ သူမ၏ဆံပင်များကို ကျစ်ဆံအမြီးနှစ်ခုအဖြစ် ဆည်းထားသည့် မုကလေး ဖြစ်သည်။

“မင်းတို့နှစ်ယောက်လုံး နောက်ဆုံးတော့ ရှင်တန်သိုင်းသခင်အဆင့်ထဲ ဝင်ရောက်နိုင်ခဲ့ပြီ။”

ထိုအချိန်တွင် ချီဇီယန်သည်လည်း အိမ်ထဲမှ ထွက်လာပြီး ရှန်ထိုက်ဇူကို ပြုံးရင်း ကြည့်လိုက်ပါသည်။

“အစ်ကို ချီဇီယန်၊ အစ်ကိုရော မဟာဆရာသခင်အဆင့်ကို ဖြတ်ကျော်နိုင်ခဲ့ပြီလား…..။”

မုကလေးသည် ချီဇီယန်ကို ကြည့်လိုက်သည်။ ချီဇီယန်၏ အသားအရေသည် ကျောက်စိမ်းကဲ့သို့ ဖြစ်နေပြီး၊ သူ၏အငွေ့အသက်ကို ထိန်းသိမ်းထား သည်။ သူ၏မျက်နှာအမူအရာက သက်တောင့်သက်သာရှိပြီး ယခင်ကကဲ့သို့ မြက်ခင်းလွင်ပြင်သားများ၏ ရိုင်းစိုင်းသော သဘောသဘာဝမျိုး မရှိတော့ဘဲ၊ အားနည်းသည့် ပညာရှင်တစ်ဦးနှင့်ပင် တူနေပါသည်။

ဤအငွေ့အသက်၏ ပြောင်းလဲမှုက ချီဇီယန်သည် သူ၏အရိုင်းဆန်သော စွမ်းအားအားလုံးကို အရိုးထဲသို့ ပြန်လည်ထည့်သွင်းပြီး ခြင်ဆီးထဲမှာ သိမ်းဆည်းထားသည့် အတိုင်းပင်။

အလိုလိုဗီဇအရ မုကလေးက ဤမေးခွန်းကို မေးလိုက်ခြင်း ဖြစ်သည်။

ချီဇီယန်က မုကလေးထံသို့ အနည်းငယ် ဦးညွှတ်လိုက်သည်။ “သခင်မလေးမု၊ ကျွန်တော်က မဟာဆရာသခင်အဆင့်ရဲ့ အဆုံးအစွန်ကို ထိတွေ့ခဲ့ပြီး ကျွန်တော်ခန္ဓာကိုယ်ရဲ့ အနှစ်သာရ၊ စိတ်ဆန္ဒ၊ စိတ်ဝိညာဉ်ကို ခြင်ဆီထဲ ပြန်လည်သိမ်းဆည်းနိုင်ဖို့ ကြိုးစားစ ပြုနေပါပြီ။ ဒါပေမယ့်, မဟာဆရာသခင်အဆင့်ကိုတော့ မရောက်ရှိသေးပါဘူး…။”

ချီဇီယန်သည် မုကလေးအား အမြဲလေးစားစွာ ဆက်ဆံပြီး မရိုသေသည့် အမူအရာမျိုး အနည်းငယ်မျှပင် မပြသခဲ့ပေ။ အကြောင်းမှာ မုကလေးသည် ယွန်မင်အင်ပါယာ၏ တော်ဝင်နည်းပြဆရာမ ယုဝမ်မု၏ စိတ်ဝိညာဉ် ပြန်လည်ဝင်စားသူ ဖြစ်နိုင်သောကြောင့် ဖြစ်သည်။

“မင်းခန္ဓာကိုယ်ရဲ့ အနှစ်သာရ၊ စိတ်ဆန္ဒ၊ စိတ်ဝိညာဉ်ကို ခြင်ဆီထဲ ပြန်လည်သိမ်းဆည်းနိုင်ခဲ့ရင်, ဒါက မွေးရှင်တန်သိုင်းသခင်အဆင့်နဲ့ မဟာ ဆရာသခင်အဆင့်တို့ကြားက အဆုံးအစွန်ကို ဖြတ်ကျော်နိုင်ခဲ့ပြီလို့ ဆိုလိုတယ်။ မဟာဆရာသခင်အဆင့်သို့ ရောက်ရှိဖို့ဆိုတာ အချိန်တစ်ခုပဲ ယူရလိမ့်မယ်။ လူငယ်လေး၊ မင်းက ငါတို့ထက် ရှေ့ရောက်နေပြီပဲ။ ငါတို့လို မှော်ဆေးဝါးတွေကို အားကိုးပြီး၊ လေ့ကျင့်မှုနည်းလမ်းနဲ့ ကျင့်ကြံထား သူတွေကတော့ ခွန်အားနဲ့ အသက်စွမ်းအင်ကို တိုးမြှင့်နိုင်ခဲ့ပေမယ့်၊ သိုင်းပညာရပ်အပေါ် နားလည်သဘောပေါက်မှာ အတားအဆီးတစ်ခု ရှိနေတယ်။ ဒီအတားအဆီးကို ဖြတ်ကျော်ဖို့ဆိုတာ အလွန်ခက်ခဲတယ်။”

ထိုအချိန်တွင် လီလဲ့၊ အကြီးအကဲရှန်၊ ဝမ်ဖေးရန်နှင့် သွေးတစ်စက်တို့သည် သီးခြားအခန်းများတွင် လေ့ကျင့်နေရာမှ ထွက်လာကြသည်။ ၎င်းတို့ အားလုံး၏ အသွင်ပြင်သည် ဆယ်နှစ်ခန့် ငယ်ရွယ်သွားပုံရပြီး၊ ၎င်းတို့၏မျက်ခုံးနှင့် ဆံပင်များသည် ထူးကဲစွာ တောက်ပလျက် ရှိသည်။ ၎င်းတို့သည် ယခင်ကထက် သိသိသာသာ တက်ကြွလန်းဆန်းနေသည်။

ခါးကုန်းသူတော်စင်သည် ချီဇီယန်၏ ထိန်းသိမ်းထားသော အငွေ့အသက်နှင့် ခြင်ဆီထဲတွင် ဖုံးကွယ်ထားသည့် စိတ်ဝိညာဉ် ဆွဲဆောင်မှုကို ကြည့်ရင်း မျက်ခုံးများ တွန့်သွားခဲ့သည်။ သူတို့သည် တစ်ဦးနှင့်တစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ၎င်းတို့၏မျက်နှာများတွင် ထိန်းချုပ်နိုင်စွမ်းမရှိသော မနာလိုမှုနှင့်အတူ စိတ်ဓာတ်ကျမှုများ ပြည့်နှက်နေသည်။

လွန်ခဲ့သော နှစ်ရက်အတွင်း အနားယူ လေ့ကျင့်မှု ပြုကြစဉ် ဟုန်ယွိသည် ၎င်းတို့အား မှော်ဆေးဝါးများဖြင့် ဆုချပြီး၊ နဂါးဆင်တံဆိပ် ပညာရပ်ကို လည်း တစ်ဦးစီအား သင်ကြားပေးခဲ့သည်။

မူလကတည်းက လီလဲ့၊ အကြီးအကဲရှန်နှင့် ဝမ်ဖေးရန်တို့သည် စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို တစ်သားတည်းဖြစ်အောင် ပေါင်းစည်းထားသည့် ထိပ်တန်း ရှင်တန်သိုင်းသခင်အဆင့် သိုင်းသမားများ ဖြစ်ကြပြီး၊ မဟာဆရာသခင်အဆင့်နှင့် ခြေတစ်လှမ်းသာ လိုအပ်နေခဲ့သည်။ သူတို့သည် သိုင်းပညာရပ်များသည် ချီဇီယန်ထက် များစွာအစွမ်းထက်ပြီး လေးနက်သည်။

သို့သော် ချီဇီယန်သည် ရှင်တန်သိုင်းသခင်အဆင့်နှင့် မဟာဆရာသခင်အဆင့်ကြားရှိ အတားအဆီးကို ဦးစွာ ဖြတ်ကျော်နိုင်ခဲ့ပြီး ၎င်းတို့ထက် ရှေ့ရောက်နေခဲ့သည်။ သူတို့၏ မနာလိုမှုနှင့် စိတ်ဓာတ်ကျမှုက သာမန်တုံ့ပြန်မှုများသာ ဖြစ်ပါသည်။

“သိုင်းပညာလမ်းစဉ်က ခက်ခဲတယ်။”

သူတို့သည် အချင်းချင်း အချိန်အနည်းငယ် အကြည့်ချင်း ဖလှယ်ကြပြန်သည်။ ၎င်းတို့သည် ထူးကဲသော မှော်ဆေးဝါးဖြစ်သည့် ယွမ်ရှန် ကောင်းကင် ပုလဲ၏ စွမ်းအားကို ရရှိခဲ့ပြီး၊ ထူးကဲသော လျှို့ဝှက်နည်းလမ်းဖြစ်သည့် နဂါးဆင်တံဆိပ်ကို ရရှိခဲ့သော်လည်း၊ မဟာဆရာသခင်အဆင့်၏ အတားအဆီးကို ဖြတ်ကျော်နိုင်ခြင်း မရှိခဲ့ပေ။ ၎င်းသည် သိုင်းပညာလမ်းစဉ်သည် မည်မျှခက်ခဲကြောင်း ပြသနေသည်။

မွေးရာပါထက်မြက်မှုကို ပြန်လည်ထိန်းသိမ်းရန်၊ အနှစ်သာရ၊ စိတ်ဆန္ဒ၊ ခွန်အား၊ စိတ်ဝိညာဉ်နှင့် ချီစွမ်းအင်ကို ခြင်ဆီထဲသို့ သိမ်းဆည်းရန် ဖြစ်သည်။ ဤသိမ်မွေ့သော အချက်ကို နားလည်သဘောပေါက်ပါက မဟာဆရာသခင်အဆင့်သို့ အမှန်တကယ် ဝင်ရောက်နိုင်ပါသည်။

ဤအချက်ကို နားမလည်ပါက မှော်ဆေးဝါးတွေ မည်မျှသုံးစွဲသည်ဖြစ်စေ၊ ၎င်းတို့သည် သူတို့၏ခန္ဓာကိုယ်ကို သာလွန်တိုးတက်စေပြီး အတွင်း အင်္ဂါများကို အားဖြည့်ပေးနိုင်ရုံသာ ဖြစ်သည်။

သို့သော် ချီဇီယန်မှလွဲ၍ ကျန်သူများသည် မဟာဆရာသခင်အဆင့်၏ အတားအဆီးကို ဖြတ်ကျော်နိုင်ခြင်း မရှိခဲ့ပေ။ သို့သော် ၎င်းတို့၏ ရုပ်ပိုင်း ဆိုင်ရာခွန်အားနှင့် သိုင်းပညာများသည် နောက်တစ်ဆင့်သို့ တိုးတက်လာခဲ့သည်။

“သိုင်းပညာလမ်းစဉ်က ခက်ခဲပေမယ့် စိတ်ဝိညာဉ်ကျင့်စဉ်က ပိုပြီးတော့ ခက်ခဲတယ်။ ငါဟာ ထူးကဲတဲ့ လျှို့ဝှက်ပညာရပ်ကို ကျင့်ကြံခဲ့ပြီး၊ မက်မွန်နတ်ဘုရားရဲ့ ဝိညာဉ်စွမ်းအားကို စုပ်ယူခဲ့ပေမယ့်လည်း၊ တစ္ဆေအင်မော်တယ်အဆင့်သို့ ဖြတ်ကျော်နိုင်ခြင်း မရှိသေးဘူး။ တကယ်ကို သနားစရာပါပဲ။”

လူတိုင်း စုဝေးနေကြစဉ်မှာ ဟုန်ယွိသည် ခန်းမကြီးထဲမှ တင့်တယ်သော ခြေလှမ်းများဖြင့် ထွက်လာခဲ့သည်။ သူသည် မည်သည့်ပြင်ဆင်မူမှ မရှိသည့် အံဝင်ခွင်ကျဖြစ်သော ပိုးထည်ဝတ်စုံကိုသာ ဝတ်ဆင်ထားသော်လည်း လျှို့ဝှက်ဆန်းကြယ်သည့် အသွင်ပြင်မျိုး ရှိနေခဲ့သည်။ သူ အသက်ရှူ သွင်းထုတ်မူကို ပြုလုပ်ရင်း သဘာဝအတိုင်း တည်ကြည်ပြီး ယုံကြည်မှုရှိသည့်အမူအရာကို ပြသနေသည်။

သူထွက်လာသည်နှင့် ဟုန်ယွိသည် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ လီလဲ့၊ ဝမ်ဖေးရန်နှင့် ခါးကုန်းသူတော်စင်တို့သည် ၎င်းတို့၏စိတ်နှလုံးများ လှုပ်ခတ်သွားသည်ကို ခံစားလိုက်ရသည်။ မပြည့်စုံသော အရာတစ်ခု ပျောက်ကွယ်သွားပြီး ၎င်းတို့၏ခန္ဓာကိုယ်နှင့် စိတ်နှလုံးများသည် အလွန် သက်တောင့်သက်သာ ဖြစ်လာခဲ့သည်။ ၎င်းတို့သည် မည်သည့်ထိန်းချုပ်မှုမျှ မရှိတော့ဘဲ ပြည့်စုံသော ခံစားမှုတစ်ခု ရှိလာကြသည်။

“မင်းက ငါတို့စိတ်နှလုံးထဲက ထိန်းချုပ်မှုကို ဖယ်ရှားပေးလိုက်တာလား?”

၎င်းတို့သုံးဦးသည် ထိတ်လန့်သွားပြီး ဟုန်ယွိကို မယုံကြည်နိုင်စွာ ကြည့်လိုက်ကြသည်။

အမှန်ပင်၊ ဟုန်ယွိသည် သူတို့အား ယွမ်ယန်ကောင်းကင်ပုလဲ၏ ဝိညာဉ်ဆေးဝါးဟင်းရည်ကို ပေးခဲ့ပြီး၊ နဂါးဆင်တံဆိပ်ကို သင်ကြားပေးခဲ့သည်။ သူသည် သူတို့အပေါ် ပိုမိုထိန်းချုပ်နိုင်ရန် ကြိုးစားသင့်သော်လည်း၊ ယခုမူ သူတို့၏စိတ်နှလုံးထဲရှိ ထိန်းချုပ်မှုကို ဖယ်ရှားပေးလိုက်သည်။ ဤသည်မှာ လုံးဝ ဆန့်ကျင်နေသည်။

ဟုန်ယွိသည် လက်ဝှေ့ယမ်းလိုက်သည်နှင့် ၎င်းတို့သည် တစ်ဦးနှင့်တစ်ဦး အကြည့်ဖလှယ်ကြပြီး ဟုန်ယွိ၏ဦးနှောက်သည် သိုင်းပညာ လေ့ကျင့်မှု ကြောင့် ထိခိုက်သွားသလားဟုပင် တွေးမိသည်။

“ဟုတ်ပါတယ်၊ ငါ မင်းတို့စိတ်နှလုံးထဲမှာ အမှတ်အသားတစ်ခု ထားခဲ့ဖူးတယ်။ မင်းတို့ရဲ့အတွေးတွေ ဖြစ်ပေါ်လာတိုင်း ငါ့အတွေးတွေပေါ်မှာလည်း သက်ရောက်မူရှိတယ်။ ဒါက ငါ့အတွက် မင်းတို့ရဲ့စိတ်ကို အပြည့်အဝ အာရုံစူးစိုက်ထားရပြီး တစ္ဆေအင်မော်တယ်အဆင့်ရဲ့ အတားအဆီးကို ဖြတ်ကျော်ဖို့ ခက်ခဲစေတယ်။ မင်းတို့ရဲ့စိတ်နှလုံးကလည်း ပြည့်စုံပြီး အပြစ်အနာအဆာကင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါကြောင့် မဟာဆရာသခင် အဆင့်ရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို နားလည်သဘောပေါက်ဖို့ မဖြစ်နိုင်ဘူး။”

ဟုန်ယွိသည် ပြုံးလိုက်ပြီး လက်ဖြင့် ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။ အတွေးတစ်ချက်ဖြင့် ခြံဝင်းထဲရှိ မြေဆီလွှာတစ်ခုသည် ရုတ်တရက် တုန်ခါလာ သည်။ ရွှံ့များသည် ပျံတက်လာပြီး ဧရာမကောင်းကင်နဂါးဗောဓိသတ္တ၏ ခန္ဓာကိုယ်အဖြစ် ပေါင်းစည်းသွားသည်။ ၎င်းသည် လီလဲ့ထံသို့ လက်သီးဖြင့် ထိုးနှက်လိုက်သည်။

ဤရွှံ့ဗောဓိသတ္တသည် လူသားတစ်ဦးနှင့် အရပ်အမောင်းတူသော်လည်း ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးက ရွှံ့ဖြင့်သိပ်သည်းထားခြင်း ဖြစ်သည်။ ၎င်း၏ ကြွက်သားများသည် လူ့အသားအရေကဲ့သို့ ချောမွေ့စိုစွတ်နေသည်။ ထိုလက်သီးချက်၏ ခွန်အားသည်လည်း အလွန်ပြင်းထန်သည်။ ၎င်းသည် ရုတ်တရက် ထိုးလိုက်သောအခါ ဆုတ်ဖြဲသံတစ်ခု ထွက်ပေါ်လာသည်။

ဘန်း….။

လီလဲ့သည် အလျင်အမြန် လက်သီးတစ်ချက် ထိုးထုတ်လိုက်ပြီး ဗောဓိသတ္တ၏လက်သီးနှင့် ထိတွေ့ရင်ဆိုင်လိုက်သည်။ ဗုံး…။ ဗောဓိသတ္တသည် ကွဲအက်သွားသော်လည်း၊ ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ ရွှံ့များသည် မြေပေါ်သို့ ပြုတ်ကျမသွားဘဲ၊ ရုတ်တရက် ပြန့်ကြဲသွားပြီး ရွှံ့လိုက်ကာတစ်ခုအဖြစ် လီလဲ့၏ခန္ဓာကိုယ်သို့ ကပ်ငြိသွားသည်။ ၎င်းသည် သူ့အား တင်းကျပ်စွာ ကပ်ငြိလျက် ရွှံ့ရုပ်ထုတစ်ခုနှင့်တူစေသည်။

လီလဲ့သည် ရွှံ့ညွှန်များ ဖုံးလွှမ်းနေသောကြောင့် အသက်မရှူနိုင်သလို မျက်လုံးများလည်း မမြင်ရတော့ပေ။ သို့သော် သူသည် သူ့အသက်ကို ထိန်းထားနိုင်သည်။ သူသည် ဟုန်ယွိ၏တည်နေရာကို မှတ်သားပြီး ပြေးထွက်လာသည်။ သူသည် ပြင်းထန်စွာ ရှေ့သို့ တက်လာခဲ့သည်။

သို့သော် ၎င်း၏လှုပ်ရှားမှုများသည် သူ့ခန္ဓာကိုယ်သို့ ကပ်ငြိထားသော ရွှံ့ညွှန်အရေအခွံကြောင့် ထိန်းချုပ်ခံရသည်။ သူ၏ပုံမှန်သွက်လက်မှုများ မရှိတော့ဘဲ အနည်းငယ် အားနည်းနေသည်။

ဟုန်ယွိက မလှုပ်ရှားဘဲ လက်ညှိုးတစ်ချက် မြှောက်လိုက်ရာ လီလဲ့၏ရှေ့တွင် မီးတောက်တစ်လုံး ပေါ်ထွက်လာသည်။ ဤမီးတောက်သည် လေထဲတွင် ယိမ်းနွဲ့လျက် ဧရာမမီးလုံးကြီးအဖြစ် ပြောင်းလဲသွားသည်။ မီးစွမ်းအားသည် ပြင်းထန်ပြီး၊ လှည့်ပတ်နေသော မီးလျှံများသည် လေတိုးသံ ကိုပင် မြည်ဟီးစေသည်။ လူတိုင်းသည် အပူဒဏ်ကို မခံနိုင်ဟု ခံစားရသည်။

ရွှံ့ညွှန်များ ဖုံးလွှမ်းနေသော လီလဲ့သည် သူ့ခန္ဓာကိုယ်တွင် စိတ်မသက်မသာ ဖြစ်လာသည်ကို ခံစားရသည်။ သူ၏ခန္ဓာကိုယ်မှ စွမ်းအင်များစွာ စုပ်ယူခံလိုက်ရသည်။ သူ၏သွေးများ နှေးကွေးလာပြီး ကြွက်သားများ ထုံကျဉ်လာသည်။ ယင်းက သူ့ကို ရွှံ့ရုပ်သေးတစ်ခုအဖြစ် ပြောင်းလဲခံနေရ သည့်အလား ဖြစ်သည်။ သူသည် ဗိုက်ထဲမှ အော်ဟစ်လိုက်သည်၊ “သခင်လေးယွိ၊ မလုပ်ပါနဲ့! ဒါက ဘယ်လောက်အစွမ်းထက်လဲဆိုတာ ကျွန်တော် သိပါပြီ…..။”

ဟုန်ယွိသည် လက်ဝှေ့ယမ်းလိုက်ရာ ရွှံ့ညွှန်အခွံများ ဖုံးလွှမ်းနေသော လီလဲ့ကို လွှတ်ပေးလိုက်သည်။ ရွှံ့ညွှန်အခွံများ အားလုံးသည် မြေပေါ်သို့ ပြုတ်ကျသွားသည်။

တစ်ချိန်တည်းမှာပင်၊ မီးလုံးသည် လှည့်ပတ်မှု ရပ်တန့်သွားပြီး သုံးပိုင်း ခွဲထွက်သွားသည်။ ၎င်းတို့တစ်ခုစီသည် သူနှင့်တစ်ပုံစံတည်းဖြစ်သော အနီရောင်လူသေးသေးလေးများအဖြစ် ပြောင်းလဲသွားခဲ့သည်။ ၎င်းတို့သည် တစ်ပေခန့်သာ ရှိသည်။

ဤမီးလျှံလူသေးသေးလေး သုံးဦးသည် လီလဲ့၊ ဝမ်ဖေးရန်နှင့် အကြီးအကဲရှန်တို့ကို ကြည့်ပြီး ပြုံးကာ ပြောလိုက်သည်၊ “ခင်ဗျားတို့ သုံးယောက်ရော ဘယ်လိုထင်သလဲ…..။”

“ဒါက တကယ်ပဲ ခန္ဓာကိုယ်သိမ်းပိုက်ခြင်းနယ်ပယ်ရဲ့ မဟာပြီးပြည့်စုံခြင်းအဆင့်ပဲ။ မင်းရဲ့တာအိုနည်းပညာတွေနဲ့ဆိုရင် ငါတို့ကို အလွယ်တကူ ကိုင်တွယ်နိုင်တယ်။ ဒါကြောင့် စိတ်ဝိညာဉ်ထိန်းချုပ်မှုကို အသုံးပြုစရာ မလိုအပ်တော့ဘူး။”

ဝမ်ဖေးရန်က ဟုန်ယွိကို ကြည့်ပြီး သဘာဝအတိုင်း ပြုံးလိုက်သည်။

“ကျုပ်က ခင်ဗျားတို့အားလုံးကို လုံလောက်တဲ့ အကျိုးကျေးဇူးတွေ ပေးခဲ့ပြီး၊ အကောင်းဆုံး မှော်ဆေးဝါးတွေကိုလည်း ပေးခဲ့တယ်။ အကောင်းဆုံး ပညာရပ်တွေကို သင်ကြားပေးခဲ့ပြီး ခင်ဗျားတို့ရဲ့ စိတ်ဝိညာဉ်ထိန်းချုပ်မှုကိုလည်း ဖယ်ရှားပေးခဲ့တယ်။ ကျုပ်အထင်တော့ ကျုပ်က ခင်ဗျားတို့ အပေါ် အကောင်းဆုံး လုပ်ဆောင်ပေးပြီးပြီ။ ခင်ဗျားတို့ကို ကျေးဇူးတရား, ဖြောင့်မတ်မှုနဲ့ အနိုင်ယူနိုင်ရင် မလိုက်နာသူ ဘယ်သူမှရှိမှာ မဟုတ်ဘူး။ အင်အားသုံးပြီး လူတွေကို အနိုင်ယူတာက နောက်ဆုံးတော့ မကောင်းတဲ့အရာတစ်ခုပဲ။ အခုဆိုရင် ကျုပ်ဟုန်ယွိဆိုတဲ့လူက ဘယ်လို လူမျိုးလဲဆိုတာ ခင်ဗျားတို့ သိပြီထင်တယ်။ မင်းသားဟီချင်နဲ့ယှဉ်ရင် ကျုပ်ကို ဘယ်လိုထင်လဲ….။”

“ရှင့်မှာ မင်းသားဟီချင်လို ရာထူးနဲ့ အာဏာမရှိပေမယ့်၊ ရှင်က ကျေးဇူးတရားနဲ့ ရန်ငြှိုးကို ခွဲခြားနိုင်တယ်။ လူတွေကို စိတ်ရင်းမှန်နဲ့ ဆက်ဆံတယ်။ အခုဆိုရင် ရှင့်ရဲ့တာအိုနည်းပညာတွေဟာ မဟာပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ရှိသွားပြီ။ နောက်ပိုင်း တစ္ဆေအင်မော်တယ်အဆင့်ကို ဝင်ရောက်နိုင် မှာ သေချာတယ်။ မင်းသားဟီချင်ကတော့ ရက်စက်ကြမ်းကြုတ်တယ်။ သစ္စာဖောက်တွေကို ကိုင်တွယ်တဲ့ နည်းလမ်းတွေဟာ အဆိုးရွားဆုံးပဲ။ ကျွန်မတို့မှာလည်း ရှင့်နောက်ကို လိုက်ဖို့အပြင် ရွေးချယ်စရာ မရှိဘူး။”

ဝမ်ဖေးရန်သည် ဟုန်ယွိမေးလိုသည့်အရာကို သိသည်။

“ကောင်းပြီလေ။”

ဟုန်ယွိသည် စကားလုံးတစ်လုံးသာ ပြောပြီး ထပ်မံမပြောတော့ပေ။

ယခုအခါ သူသည် လုံလောက်သော ဝိညာဉ်စွမ်းအင်ကို စုပ်ယူထားပြီး၊ သူ၏စိတ်ဝိညာဉ်စွမ်းအားသည် ယခင်ကထက် ဆယ်ဆ ပိုမိုအားကောင်းလာ သည်။ သူသည် ခန္ဓာကိုယ်သိမ်းပိုက်ခြင်းအဆင့်နှင့် စိတ်ဝိညာဉ်ခွဲထုတ်ခြင်းအဆင့်တို့ကို လုဆောင်ပ်နိုင်ခဲ့သည်။ သူသည် လက်အောက်ငယ်သားများ ကို ဖိနှိပ်ရန် လုံလောက်သော စွမ်းအားရှိသည့်အတွက် စိတ်ဝိညာဉ်ထိန်းချုပ်မှုကို ဖယ်ရှားပေးခဲ့သည်။

ဤစိတ်ဝိညာဉ် ထိန်းချုပ်မှုသည် အချင်းချင်း ထိန်းချုပ်ထားကြခြင်း ဖြစ်သည်။ ထိန်းချုပ်သူဦးရေ များလာလေလေ၊ သူ၏စိတ်ဝိညာဉ်စွမ်းအင်ကို ပိုမိုသုံးစွဲရလေ ဖြစ်သည်။ သူ၏အတွေးများသည် အချိန်တိုင်း သက်ရောက်ခံရမှာ ဖြစ်ပြီး၊ စိတ်အာရုံစူးစိုက်ပြီး အဆင့်ဖြတ်ကျော်ရန် မစွမ်းဆောင်နိုင် တော့သည့်အတွက် ဒုက္ခဖြစ်စေသည်။

“ဟုတ်ပြီလေ…။ ညလည်း နက်လာပြီ။ အနားယူကြတော့။ သတိလည်း ထားကြပါ၊ ကျုပ် ခင်ဗျားတို့ရဲ့ စိတ်ဝိညာဉ်ထိန်းချုပ်မှုကို ဖယ်ရှားပေးလိုက် ပြီ။ အခုဆိုရင် ခင်ဗျားတို့ရဲ့စိတ်ဝိညာဉ်တွေဟာ ညစ်ညမ်းမှုတွေ သန့်စင်သွားပြီ။ ဒါကြောင့် ကျင့်ကြံဖို့ ပိုမိုလွယ်ကူလာလိမ့်မယ်။ ခင်ဗျားတို့အားလုံး မဟာဆရာသခင်အဆင့်သို့ ရောက်ရှိခဲ့ရင် ကျုပ်လည်း နောက်တစ်ဆင့်တိုးပြီး တစ္ဆေအင်မော်တယ်အဆင့်ကို ဖြတ်ကျော်နိုင်မယ်။ ကျုပ်တို့ အတူတကွ ပူပေါင်းပြီး အဲဒီခွေးအိုကြီးကို သတ်ပစ်နိုင်မှာ သေချာတယ်…..။”

ဟုန်ယွိသည် သူ၏နည်းလမ်းကို ပြသပြီးနောက် မီးလျှံလူသား သေးသေးလေးသုံးဦးသည် ပျံ့လွင့်သွားသည်။ သူသည် အတွေးများကို ပြန်လည် သိမ်းဆည်းပြီးနောက် ၎င်းတို့လည်း ပျောက်ကွယ်သွားခဲ့သည်။

လူတိုင်းသည် ခေါင်းညိတ်ပြီး ၎င်းတို့၏အခန်းများသို့ ပြန်သွားကြသည်။

ဟုန်ယွိသည် လက်နှစ်ဖက်ကို နောက်ကျောတွင် ပစ်ထားပြီး ခြံဝင်းအတွင်းမှာ လမ်းလျှောက်နေသည်။

ညလေက အေးစက်နေသည်။ ခြံဝင်းနံရံအပြင်ဘက်တွင် ကင်းလှည့်နေသော စစ်သည်များ၏ ခြေသံများကို ကြားနေရသည်။

“တစ္ဆေအင်မော်တယ်အဆင့်။ တစ္ဆေအင်မော်တယ်အဆင့်ကို ဖြတ်ကျော်ဖို့ဆိုတာ တကယ်ကို ခက်ခဲတယ်။ ငါက စိတ်ဝိညာဉ်ခွံထုတ်ခြင်းအဆင့်သို့ ပြုလုပ်နိုင်ခဲ့ပြီး၊ ငါ့ရဲ့စွမ်းအားဟာ ဆယ်ဆထက်မက ပိုပြီး တိုးတက်လာခဲ့တယ်။ ဒါပေမယ့် အဲဒီခွေးအိုကြီးကို သတ်နိုင်မလားလို့ သိချင်မိသား။ ငါ့အထင်တော့ မဖြစ်နိုင်ဘူး။”

ထိုအချိန်တွင် နံရံထောင့်မှ ရုတ်တရက် ပျံသန်းကင်းခြေများတစ်ကောင် အသံမထွက်ဘဲ ပြေးထွက်လာသည်။ ၎င်းသည် အဆိပ်ပိုးကောင် တစ်ကောင်နှင့်တူစွာ လျင်မြန်စွာ ဖြတ်သန်းသွားပြီး ဟုန်ယွိ၏ ခန္ဓာကိုယ်ဆီသို့ တဟုန်ထိုး ခုန်အုပ်လာသည်။

“ငါ တာအိုပညာရှင်တစ်ဦးရဲ့ စိတ်ဆန္ဒတစ်ခု လှည့်လည်ပုန်းအောင်းနေတာကို ကြိုတင်ခံစားမိပြီးသား….” ဟုန်ယွိက တည်ငြိမ်သော အသံဖြင့် ပြောလိုက်သည်။

ထိုပျံသန်းကင်းခြေများသည် အလွန်လျင်မြန်သည်။ ၎င်းသည် ဟုန်ယွိထံသို့ ရောက်ရှိလာပြီး ကိုက်ရန်အလုံအလောက်အထိ နီးကပ်လာသည်။ ၎င်း၏ မီးနီရောင်ခန္ဓာကိုယ်နှင့် တောင်ပံများက အိပ်မက်ဆိုးထဲမှ နတ်ဆိုးတစ်ကောင်နှင့်တူပြီး၊ ထိတ်လန့်ဖွယ်ရာပုံစံဖြင့် လှုပ်ရှားနေသည်။

ရုတ်တရက် ဟုန်ယွိ၏ ခန္ဓာကိုယ်မှ အနီရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ပျံသန်းကင်းခြေများနှင့် ထိပ်တိုက် တွေ့ဆုံသွားသည်။ တစ်ချိန် တည်းမှာပင် ကျောက်စိမ်းရောင် ဓားအလင်းတစ်ခုက သူ၏ခန္ဓာကိုယ်တစ်ဝိုက်တွင် လှည့်ပတ်ကာ အပေါ်အောက်ယိမ်းနွဲ့လျက် ကျောက်စိမ်းရောင် အလင်းလုံးတစ်ခုကဲ့သို့ ဟုန်ယွိကို အကာအကွယ်ပေးနေသည်။

ထိုအနီရောင် အလင်းတန်းသည် သူအချိန်ကြာရှည်စွာ အသုံးမပြုခဲ့သော သွေးပုံစံသံမဏိအပ် ဖြစ်သည်။ ကျောက်စိမ်းရောင် ဓားအလင်းမှာ အာနိသင်အများစု ဆုံးရှုံးထားရသော မက်မွန်နတ်ဘုရားဓား ဖြစ်သည်။

“သွေးပုံစံသံမဏိအပ်လား….” ပျံသန်းကင်းခြေများသည် ဟုန်ယွိ၏ ခန္ဓာကိုယ်သို့ ခုန်အုပ်ကိုက်ရန် အလုံအလောက် နီးကပ်လာချိန်တွင် မမျှော်လင့်ထားသော ဤအဖြစ်အပျက်ကြောင့် ထိတ်လန့်သွားသည်။ ၎င်းသည် စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး ၎င်း၏ပါးစပ်မှ လူသားအသံတစ်ခု ထွက်ပေါ်လာသည်။

ထိုအသံသည် သခင်ကျိုး၏ အသံဖြစ်သည်။

သခင်ကျိုးသည် ဤပျံသန်းကင်းခြေများထံမှာ သူ၏ စိတ်ဆန္ဒ တစ်စိတ်တစ်ပိုင်းကို ထည့်သွင်းထားပြီး အမှောင်ထုကို အသုံးပြု၍ ခိုးဝင်လာခဲ့သည်။ သူ၏လှုပ်ရှားမှုသည် မည်သူမျှ သတိမထားမိနိုင်လောက်အောင် လျှို့ဝှက်ထားသည်။ ကင်းလှည့်စစ်သည်များ မည်မျှပင် တင်းကြပ်စွာ စောင့်ကြည့် နေစေကာမူ၊ မြေပေါ်တွင် တွားသွားနေသော ကင်းခြေများ၊ ကြွက်များ၊ သို့မဟုတ် မြွေများကို သတိပြုမိရန် မဖြစ်နိုင်ပေ။

ဤပျံသန်းကင်းခြေများသည် ဓားများဖြင့် ဒဏ်ရာမရစေနိုင်သော်လည်း၊ သွေးပုံစံသံမဏိအပ်ကဲ့သို့သော ထက်ရှသော လက်နက်များသည် ၎င်း၏ ခန္ဓာကိုယ်ကို အလွယ်တကူ ထိုးဖောက်နိုင်သည်။

ပျံသန်းကင်းခြေများ၏ ခန္ဓာကိုယ်သည် လေထဲတွင် အနည်းငယ် ယိမ်းယိုင်လျက် သွေးပုံစံသံမဏိအပ်၏ ထိုးဖောက်မှုကို ချက်ချင်း ရှောင်ထွက်သွား သည်။ ၎င်းသည် ဟုန်ယွိထံသို့ ထပ်မံ ခုန်အုပ်လာသော်လည်း မက်မွန်နတ်ဘုရားဓား၏ ကျောက်စိမ်းရောင်အလင်းက ထိုးဖောက်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။ ဤဓားသည် ထက်ရှမူအရာတွင် သွေးပုံစံသံမဏိအပ်ပင် မယှဉ်နိုင်ပေ။ ဓားက ပျံသန်းကင်းခြေများကို နှစ်ပိုင်းပိုင်းဖြတ်ရန် လုံလောက် သည်။

ထိုအခိုက်အတန့်တွင် ပျံသန်းကင်းခြေများသည် ဖြူတစ်ကောင်ကို ကိုက်ရန်ကြိုးစားနေသော ခွေးတစ်ကောင်နှင့်တူသည်။ ၎င်းသည် မည်သည့် နည်းနှင့်မျှ အောင်မြင်မှု မရှိပေ။

ထိုစဉ် ဟုန်ယွိသည် လက်ချောင်းကို ထပ်မံလှုပ်လိုက်ရာ လေထဲတွင် ပဲစေ့အရွယ်အစားရှိ မီးတောက်တစ်ခုသည် အသံမထွက်ဘဲ ပေါ်ထွက်လာပြီး ပျံသန်းကင်းခြေများဆီသို့ ပျံသန်းသွားသည်။ ဤသည်မှာ အစစ်မှန်နေမီးလျှံဖြစ်ပြီး၊ ညအချိန်အခါ ဖြစ်နေသော်လည်း ဟုန်ယွိသည် အတွေးတစ်ချက် ဖြင့်ပင် အလင်းမှတဆင့် အစစ်မှန်နေမီးလျှံကို ဖန်တီးနိုင်သည်။

ဗုံး!

ဤပဲစေ့အရွယ် အစစ်မှန်နေမီးလျှံသည် ပျံသန်းကင်းခြေများ၏ ခန္ဓာကိုယ်ကို ထိမှန်လိုက်သည်။ ရှီးဟူသော အသံဖြင့် မီးပွားများစွာ ပေါက်ကွဲ ထွက်လာသည်။ ပျံသန်းကင်းခြေများသည် စူးစူးဝါးဝါး အော်ဟစ်လျက် မြေပေါ်သို့ ပြုတ်ကျသွားပြီး တွန့်လိမ်ရုန်းကန်နေသည်။ ၎င်း၏ခန္ဓာကိုယ်မှ အေးစက်သော လေပြင်းတိုက်ခတ်မှုတစ်ချက် ထွက်ပေါ်လာသည်။

“ထွက်ပြေးဖို့ ကြိုးစားနေတာလား?” ဟုန်ယွိသည် အေးစက်စွာ ပြုံးလိုက်ပြီး လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။

“ချီဝိညာဉ်ဝဲဂယက်!”

သူ၏လက်ဖဝါးမှ အလွန်ပြင်းထန်သော စုပ်ယူမှုတစ်ခု ထွက်ပေါ်လာသည်။ ထိုအေးစက်သော လေပြင်းတိုက်ခတ်မှုသည် ပိုက်ကွန်ထဲတွင် ရုန်းကန်နေသော ငါးတစ်ကောင်နှင့်တူစွာ၊ ဟုန်ယွိ၏ လက်ထဲသို့ ချက်ချင်း ဆွဲယူခံရပြီး အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားသည်။

အား....။

ဝေးလံသော တောင်ထိပ်တစ်ခုပေါ်တွင် သခင်ကျိုး၏ မျက်နှာသည် မိုးကြိုးပစ်ခံရသကဲ့သို့ ဖြူဖျော့သွားပြီး၊ သွေးများ အန်ထုတ်လိုက်ရသည်။

သူ၏ စိတ်အတွေးမျှင်တစ်ခုသည် ဟုန်ယွိထံမှာ ဖျက်ဆီးခံလိုက်ရပြီး၊ သူ၏ နတ်ဘုရား စိတ်ဝိညာဉ်သည် အလယ်အလတ် ဒဏ်ရာတစ်ခု ရရှိခဲ့သည်။

အပိုင်း (၁၆၇)။

“နောက်ဆုံးတော့ ငါဟာ ကိုယ်ပိုင်ရပ်တည်နိုင်တဲ့ ဆရာသခင်တစ်ဦး ဖြစ်လာခဲ့ပြီ။”

ဟုန်ယွိသည် သူ၏အတွေးအနည်းငယ်ဖြင့် မက်မွန်နတ်ဘုရားဓား၊ သွေးပုံစံသံမဏိအပ်နှင့် အစစ်မှန်နေမီးလျှံကို ထိန်းချုပ်ကာ၊ နောက်ဆုံးတွင် ချီဝိညာဉ်ဝဲဂယက်ကို အသုံးပြု၍ ထူးဆန်းသော ကင်းခြေများကို ဖျက်ဆီးလိုက်သည်။ ကင်းခြေများထဲတွင် တွယ်ကပ်ထားသော သခင်ကျိုး၏ နောက်ဆုံးအတွေးမျှင်သည် ထွက်ပြေးရန်ကြိုးစားခဲ့သော်လည်း၊ ဟုန်ယွိ၏ လက်ထဲတွင် ချက်ချင်း အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားခဲ့သည်။

ဤတိုက်ပွဲတစ်ခုလုံးကို ဟုန်ယွိ အလွန်ကျေနပ်မိသည်။ ၎င်းသည် သူ့ကိုယ်ပိုင် ရပ်တည်နိုင်သော ဆရာသခင်တစ်ဦးအဖြစ် သက်သေပြခဲ့သည်။ ယခင်က သူသည် ကျောက်ဖေးရုန်၊ မျက်ခုံးစိမ်း၊ ဝေလီ၏အဖွဲ့၊ သို့မဟုတ် မြို့စားဝူဝမ်စံအိမ်၏ ဝူအိမ်တော်ထိန်းကဲ့သို့သော ဆရာသခင်များနှင့် ရင်ဆိုင်ရချိန်တွင်၊ သူတို့သည် အုပ်စုလိုက် တိုက်ခိုက်ရလေ့ရှိသည်။ ယခုမူ၊ တာအိုပညာရပ်၏ ခန္ဓာကိုယ်သိမ်းပိုက်ထားသော တာအိုဆရာတစ်ဦးနှင့် ရင်ဆိုင်ရချိန်တွင်၊ ဟုန်ယွိသည် နှစ်ကွက်သုံးကွက်အတွင်း ရန်သူ၏ စိတ်အတွေးကို ဖျက်ဆီးနိုင်ခဲ့သည်။ ဤအောင်မြင်မှုသည် သူ့စိတ်ထဲတွင် လွတ်လပ်ပြီး ယုံကြည်မှုအပြည့်ရှိသော ခံစားချက်ကို ဖြစ်ပေါ်စေသည်။

ရန်သူကို နှစ်ကွက်အတွင်း ဖျက်ဆီးနိုင်ခြင်းကြောင့်၊ ဟုန်ယွိသည် သူ့ကိုယ်သူ ဆရာသခင်တစ်ဦး၏ ပုံရိပ်ရှိသူအဖြစ် ခံစားရသည်။ ယခင်က သူ့စိတ်ထဲရှိ သံသယများနှင့် အားနည်းချက်များသည် တစ်ချက်တည်းဖြင့် လုံးဝ ပျောက်ကွယ်သွားသည်။

“ဒီလူက ဘယ်သူလဲ? ဝူအိမ်တော်ထိန်း မဟုတ်ဘူးဆိုတာ သိသာတယ်။ အဲဒီခွေးကြီးက သိုင်းပညာရပ်မှာ ပြိုင်ဘက်ကင်း ဖြစ်ပေမယ့် တာအို ပညာရပ်ကို မသိဘူး။” ဟုန်ယွိသည် မြေပေါ်တွင် အနည်းငယ် လှုပ်ရှားနေသော ကင်းခြေများကြီးကို ကြည့်လိုက်သည်။ ၎င်း၏ ရက်စက်ကြမ်းတမ်း သော ပုံပန်းသဏ္ဌာန်သည် လူများ၏ ဆံပင်များကို ထောင်ထလာစေနိုင်သည်။

“ဘာဖြစ်သွားလဲ…..” ထိုအချိန်တွင် အိပ်ခန်းများထဲသို့ ဝင်ရောက်အနားယူရန် ပြင်ဆင်နေသော လီလဲ့၊ ဝမ်ဖေးရန်၊ အကြီးအကဲရှန်၊ ရှန်ထိုက်ဇူနှင့် မုကလေးတို့သည် ရုတ်တရက် ထလာပြီး ခြံဝင်းထဲသို့ အပြေးအလွှား ရောက်ရှိလာကြသည်။

“ဒီကင်းခြေများက မင်းသားဟီချင်ရဲ့အိမ်တော်က သခင်ကျိုးရဲ့လက်နက်ပဲ။ ဒါက သာမန်ပျံသန်းနေတဲ့ ဓားတွေထက် အဆရာပေါင်းများစွာ ပိုသာတယ်။ ဒီကင်းခြေကို ဝိညာဉ်ဆေးဖက်ဝင် အပင်တွေနဲ့ ပြုစုပျိုးထောင်ထားတာ။ သန်မာပြီး အဆိပ်ပြင်းတယ်၊ အဆိပ်ရည်ကိုလည်း ထွေးထုတ်နိုင်တယ်။ မဟာဆရာသခင်အဆင့်တောင်မှ ဒီကင်းခြေကိုက်ခံရရင် ဒါမှမဟုတ် အဆိပ်ရည်နဲ့ ထိတွေ့မိရင် ချက်ချင်း သေနိုင်တယ်။”

ဝမ်ဖေးရန်နှင့် အကြီးအကဲရှန်တို့သည် ဤပျံသန်းနေသော ကင်းခြေများ၏ မူလဇစ်မြစ်ကို ချက်ချင်း သိရှိလိုက်သည်။ ၎င်းတို့၏ မျက်နှာအမူအရာ များသည် ချက်ချင်း ပြောင်းလဲသွားသည်။

“မင်းသားဟီချင်ရဲ့အိမ်တော်က သခင်ကျိုးလား?” ဟုန်ယွိသည် သူတို့၏ရှင်းပြချက်ကို ကြားသိလိုက်ရချိန်တွင် ချက်ချင်း နားလည် သဘောပေါက် သွားသည်။ သူ၏မျက်လုံးများသည် တဖျတ်ဖျတ် လင်းလက်လာသည်။ “ကျောက်စိမ်းမြို့တော်မှာ ဆရာသခင်သုံးဦး ရှိတယ်။ ဝူအိမ်တော်ထိန်းဆိုတဲ့ ခွေးအိုကြီးက ငါ့ကို လာရန်စခဲ့ပြီးပြီ။ အခုကျတော့ သခင်ကျိုးဆိုတဲ့ နောက်ထပ် သခင်တစ်ယောက်ကလည်း လာရှာပြန်တယ်။ ငါက ကိုယ်ပိုင် ကျောင်းသား တစ်ယောက်မှ မဟုတ်တာ၊ ဘာလို့ သခင်တွေ ဒီလောက်အများကြီး လာရှာနေရတာလဲ.....။”

“သခင်ကျိုးက တာအိုပညာရပ်နဲ့ သိုင်းပညာရပ် နှစ်ခုလုံးကို ကျင့်ကြံထားတယ်။ သူ့ရဲ့စွမ်းအားက သခင်ဒွမ်နဲ့ အတူတူပဲ။” အကြီးအကဲရှန်သည် သခင်ကျိုး၏ စွမ်းအားကို ကြောက်ရွံ့ပုံရပြီး၊ ၎င်း၏အသံသည် အနည်းငယ် သဘာဝမကျစွာ ထွက်ပေါ်လာသည်။

“သခင်ဒွမ်က ချီဝိညာဉ်ဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်ဖြစ်ပြီး၊ သူ့ရဲ့စွမ်းအားက အလွန်သန်မာတယ်။ ဒါပေမယ့် အခု ငါက သူ့ကို ဘာလို့ကြောက်ရမှာလဲ” ဟုန်ယွိသည် ခဏတွေးတောပြီး ခြေလှမ်းနှစ်လှမ်း ရှေ့သို့ လှမ်းလိုက်သည်။ ယခုအခါ သူသည် ခန္ဓာကိုယ်သိမ်းပိုက်ခြင်းနပယ်ပယ်၏ မဟာပြီးပြည့်စုံအဆင့်အထိ ကျင့်ကြံထားနိုင်ခဲ့ပြီး၊ သူ၏ စိတ်ဝိညာဉ် စွမ်းအားသည် ဆယ်ဆထက်မက တိုးတက်လာခဲ့ပြီ။ စွမ်းအားအရ သူသည် သခင်ဒွမ်ထက် မနိမ့်ကျပေ။ ထို့အပြင်၊ ဟုန်ယွိသည် အတိတ်ကျမ်းစာကို ကျင့်ကြံထားပြီး၊ သူ၏ စိတ်ဝိညာဉ်သည် မပျက်ဆီးနိုင်ပေ။ ရန်သူသည် တစ္ဆေအင်မော်တယ်အဆင့် မဟုတ်သရွေ့၊ တာအိုပညာရပ် တိုက်ပွဲတွင်, ၎င်းတို့အားလုံးသည် သူ့ပြိုင်ဘက် မဟုတ်နိုင်ပေ။

“သခင်ကျိုးက ငါကို ပြဿနာ လာရှာတယ်ဆိုမှတော့, ဒါက မင်းသားဟီချင်ရဲ့ ရထားပြဿနာနဲ့ ဆက်စပ်နေတာ ဖြစ်ရမယ်။ သူတို့ စစ်စခန်း အနီးမှာ ရှိနေနိုင်တယ်။ အလျင်အမြန် မလှုပ်ရှားကြနဲ့။ ငါ့စိတ်ဝိညာဉ်က ခန္ဓာကိုယ်ကနေ ထွက်ပြီး သူ့ကို သွားသတ်မယ်….။”

ဟုန်ယွိသည် အတွေးတစ်ချက်ဖြင့် လီလဲ့၊ ဝမ်ဖေးရန်နှင့် အကြီးအကဲရှန်တို့ထံမှ ဝိညာဉ်ထိန်းချုပ်မှုကို ဖယ်ရှားပေးခဲ့ပြီး ဖြစ်သည်။ သူသည် သူတို့ကို ဖိအားပေးရန် လုံလောက်သော စွမ်းအားရှိသော်လည်း၊ သူတို့အား လုံးဝ သစ္စာစောင့်သိစေရန် လိုအပ်သည်။ သခင်ကျိုးကို ဖမ်းဆီးသတ်ဖြတ်ခြင်း သည် ၎င်းတို့၏ သစ္စာစောင့်သိလိုစိတ်ကို ပြန်လည်ခိုင်မာစေရန် အကောင်းဆုံး နည်းလမ်း ဖြစ်သည်။

ဟုန်ယွိသည် သခင်ကျိုးကို သတ်ဖြတ်နိုင်ပါက၊ အကြီးအကဲရှန်နှင့် ဝမ်ဖေးရန်တို့သည် သူ့အား လုံးဝ သစ္စာစောင့်သိလာမည် ဖြစ်သည်။

အတွေးတစ်ခုဖြင့်၊ ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် ရုတ်တရက် ၎င်း၏ခန္ဓာကိုယ်မှ ထွက်ခွာသွားသည်။ ခြံဝင်းအတွင်း အေးစက်စကိ လေပြင်းတစ်ချက် ရုတ်တရက် တိုက်ခတ်လာပြီး၊ အားလုံးကို အေးစိမ့်သွားစေသည်။ ရှင်တန်သိုင်းသခင်အဆင့် သိုင်းသမားများပင်လျှင် နှလုံးထဲသို့ စိမ့်ဝင်သွားသော ယင်ချီ၏ အေးစက်မှုကို ခံစားရသည်။ ဤသည်မှာ ဟုန်ယွိ၏ သန်မာသော စိတ်ဝိညာဉ်မှ ၎င်းတို့၏ နှလုံးသားထဲသို့ ဖိအားပေးထားသော ခံစားချက် ဖြစ်သည်။

လီလဲ့သည် နောက်သို့ ခြေနှစ်လှမ်းဆုတ်သွားသည်။ ရုတ်တရက် ခြံဝင်းအတွင်း အေးစက်စက် လေပြင်းတစ်ချက် တိုက်ခတ်လာပြီး၊ ရွှီးခနဲ အသံဖြင့် လေထဲသို့ ပျံတက်သွားသည်။ ထို့နောက် ကျယ်လောင်သော ပေါက်ကွဲအသံဖြင့်၊ ဤအေးစက်စက် လေပြင်းသည် သေးငယ်သော လေပြင်းများစွာ အဖြစ် ပြိုကွဲပြီး အရပ်မျက်နှာအသီးသီးသို့ လှည့်လည် ပျံထွက်သွားသည်။

“ဒါက စိတ်ဝိညာဉ်တောင်တန်းရှာဖွေခြင်းနည်းလမ်းပဲ။ သူက အနီးဝန်းကျင် မိုင်ဆယ်ဂဏန်းအတွင်း မြေပြင်ကို ရှာဖွေနေတာ။ တောင်ကုန်းတိုင်းမှာ၊ လှိုင်ခေါင်းတိုင်းမှာ၊ သန်မာတဲ့ သွေးချီရှိနေရင်, သူ ခံစားမိမှာပဲ။ ဒီလိုထူးကဲတဲ့ စွမ်းအားက တကယ်ကို မှော်ဆန်လွန်းတယ်။ ဒါက တာအို ဆရာသခင် တစ်ဦးရဲ့ စွမ်းရည်ပဲ။ အံ့သြစရာကြီး….”

လီလဲ့သည် ယခင်က တာအိုဆရာသခင်များကို တွေ့ဖူးသော်လည်း၊ ဟုန်ယွိသည် သူ့စိတ်ကူးထက် ကျော်လွန်နေသည့် ဤကဲ့သို့ မှော်ဆန်သော တာအိုနည်းလမ်းကို အသုံးပြုနေသည်သည်။

လေထဲတွင် လှည့်လည်ပျံသန်းနေသော အေးစက်စက် လေပြင်းများသည် ဟုန်ယွိက သူ့စိတ်ဝိညာဉ် ကို အတွေးအမျိုးမျိုးအဖြစ် ခွဲထုတ်ပြီး၊ အမြင့်ဆုံး အနှုန်းမြင့်ဖြင့် ပျံသန်းနေခြင်းကြောင့် ဖြစ်ပေါ်လာခြင်းကြောင်း သူ သိရှိသည်။ ထိုအတွေးများသည် ပုံရိပ်ယောင်ဖြစ်ပေါ်လာပြီး လေစီးကြောင်းကို ဖန်တီးကာ လေပြင်းများအဖြစ် ပြောင်းလဲသွားခြင်း ဖြစ်သည်။

သာမန်လူတစ်ဦးသည် ဤအေးစက်စက် လေပြင်းဖြင့် တိုက်ခတ်ခံရပါက၊ ထိုလူ၏ စိတ်ဝိညာဉ်သည် ဆွဲယူခံရမည် ဖြစ်သည်။ သွေးချီသန်မာသော သိုင်းသမားများပင်လျှင် ဤလေပြင်း၏ အေးစက်မှုက ၎င်းတို့အရိုးထဲအထိ စိမ့်ဝင်သွားသည်ကို ခံစားရမည် ဖြစ်သည်။

ဤအေးစက်စက် လေပြင်းသည် မိုင်ဆယ်ကျော်အတွင်း မြေပြင်ကို ဖြတ်သန်းသွားခဲ့သည်။ ၎င်းတိုက်ခတ်သွားသည့် နေရာတိုင်းတွင်၊ လေထဲမှ လှုပ်ရှားမှု သို့မဟုတ် ပုံမမှန်သော တုံ့ပြန်မှုများကို ဟုန်ယွိမှ သိရှိနိုင်သည်။

ဆိုလိုသည်မှာ၊ ဟုန်ယွိသည် ဤနည်းလမ်းကို အသုံးပြုသောအခါ၊ မိုင်ဆယ်ကျော်အတွင်းရှိ သွေးချီ သို့မဟုတ် စိတ်ဝိညာဉ် သန်မာသူများသည် သူ၏ အတွေးများမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

ဤနည်းလမ်းသည် အလွန်ထိတ်လန့်ဖွယ်ရာ ဖြစ်သည်။

“သွေးအနှစ်ဖြင့် မူလချီကို ပြုစုပျိုးထောင်ပြီး၊ ယင်နှင့်ယန်ကို သဟဇာတဖြစ်အောင် ပေါင်းစည်းပါ။ အဆုံးမရှိ!”

ထိုအချိန်တွင် သခင်ကျိုး၏ စိတ်ဝိညာဉ်သည် ဒဏ်ရာရရှိထားပြီး၊ သွေးအထပ်ထပ် အန်ပြီးနောက်၊ သူသည် မျက်လုံးများကို ဖွင့်လိုက်သည်။ သူက လက်ချောင်းကို မြှောက်ပြီး ငွေရောင်အပ်တစ်ချောင်းကို ထုတ်ယူလိုက်သည်။ ၎င်း၏ နဖူးကြားရှိ သေးငယ်သော သွေးကြောအပေါက် တစ်ခုကို ရှာဖွေပြီး၊ ထိုအပ်ကို ညင်သာစွာ ထိုးသွင်းကာ အထူးနည်းလမ်းဖြင့် အကြိမ်အနည်းငယ် လှည့်ပတ်လိုက်သည်။

အကြိမ်အနည်းငယ် လှည့်ပတ်ပြီးနောက်၊ သခင်ကျိုး၏ မျက်နှာသည် ပိုမိုဖြူဖျော့သွားသည်။ သူ့လက်ပေါ်ရှိ အရေပြားသည် အလွန်ဖြူစင်လာပြီး၊ နဖူးကြားရှိ နေရာသည် အနီအစက်တစ်ခု ရှိနေသည့်အလား နီရဲလာသည်။ ဤအခြေအနေသည် သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ သွေးချီကို နဖူးကြားသို့ စုစည်းထားသကဲ့သို့ပင်..။

အသက်ရှူချိန် အနည်းငယ်အကြာတွင်၊ သူသည် အပ်ကို ဆွဲထုတ်လိုက်ပြီး သူ့ခန္ဓာကိုယ်သည် မူလအရောင်အသွေး ပြန်လည်ရရှိလာသည်။ သို့သော် သူ့ခန္ဓာကိုယ်သည် ပြင်းထန်သော ရောဂါတစ်ခုကို ခံစားခဲ့ရသည့်အလား အားနည်းလာသည်။ ခန္ဓာကိုယ်သည် အားနည်းနေသော်လည်း၊ သူ့မျက်လုံးများက တောက်ပလာပြီး၊ သူ့စိတ်ဝိညာဉ်က အားဆေးတစ်လုံး သောက်သုံးထားသည့်အလား အလွန်တက်ကြွလာသည်။

ယခုလေးတင် သူသည် ငွေရောင်အပ်ကို ထုတ်ယူပြီး နဖူးကြားသို့ ထိုးသွင်းလိုက်စဉ်တွင်၊ ယင်းက သူ့ခန္ဓာကိုယ်၏ သွေးချီကို စွန့်လွှတ်ပြီး၊ သူ့စိတ်ဝိညာဉ်၏ တက်ကြွမှုနှင့် လဲလှယ်ယူလိုက်သည့်ပုံပင်။ ဤနည်းလမ်းသည် မကြားဖူးမမြင်ဖူးသည့် ထူးခြားသည့် နည်းလမ်းတစ်ခုဖြစ်ပြီး၊ ရုပ်ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်အကြား သိမ်မွေ့သော ဆက်နွယ်မှုတို့ ပါဝင်နေသည်။

“ဒီဟုန်ယွိက ခန္ဓာကိုယ်သိမ်းပိုက်ခြင်းအဆင့်ထိ ကျင့်ကြံထားတဲ့ ဆရာသခင်တစ်ဦး ဖြစ်နေပြီလား။ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ သူ့ရဲ့တာအိုပညာရပ်က ဒီလောက်နက်ရှိုင်းနေမယ်လို့ မမျှော်လင့်ထားဘူး။ ငါ့ရဲ့ပျံသန်းကင်းခြေများက ဆယ်စုနှစ်ကြာ ပြုစုပျိုးထောင်ခဲ့တာ။ ကမ္ဘာပေါ်က ဆေးဖက်ဝင် အပင်မျိုးစုံကို ရှာဖွေပြီး၊ ငါ့ခန္ဓာကိုယ်ထဲမှာ ကောင်းကင်ကင်းခြေများပုလဲရဲ့ မျိုးစေ့နဲ့ ဖန်တီးထားတာ။ နောက်နှစ်အနည်းငယ် အစာကျွေးပြီးတာနဲ့ ကောင်းကင်ကင်းခြေများပုလဲက ပြီးပြည့်စုံစွာ ဖြစ်ပေါ်လာတော့မယ်။ ဒီလိုမျိုး ဆုံးရှုံးလိုက်ရတာ တကယ်ကို နှမြောစရာပဲ။ ဟွန်း၊ ဒီဟုန်ယွိမှာ ဘယ်လိုမှော်ဆန်တဲ့ စွမ်းအားတွေ ရှိနေလဲဆိုတာ ငါ ကြည့်ချင်သေးတယ်။ ငါတို့ ကောင်းကောင်း တိုက်ခိုက်ကြည့်ကြတာပေါ့!”

သခင်ကျိုးသည် မြေပေါ်တွင် ထိုင်နေရင်း၊ သူ၏မျက်လုံးများက တဖျတ်ဖျတ် လင်းလက်နေသည်။ သူက ကျောက်စိမ်းပုလွေကို ထုတ်ယူပြီး လက်ထဲတွင် ကိုင်ထားသည်။ သူသည် ယခုလေးတင် သွေးအထပ်ထပ် အန်ပြီး သူ့စိတ်ဝိညာဉ်က ဒဏ်ရာရသွားခဲ့သော်လည်း၊ ယခု တည်ငြိမ်လာပြီး နောက်၊ သူသည် ယခင်ကအတိုင်း ကျက်သရေရှိသော ပုံစံသို့ ပြန်လည် ရောက်ရှိလာသည်။ ထို့အပြင်၊ သူ့ရုပ်ခန္ဓာကိုယ်၏ အနည်းငယ် အားနည်းမှု ကပင် ပညာရှင်တစ်ဦး၏ ကျက်သရေကို ပိုမိုထင်ရှားစေသည်။

သူသည် ကျောက်စိမ်းပုလွေကို လက်ထဲတွင် နှစ်ကြိမ်ထိပြီး ပြောလိုက်သည်။ “မင်းရဲ့ စိတ်ဝိညာဉ် ဘယ်လောက် သန်မာနေပါစေ၊ ငါက အနှစ်သာရ နတ်ဘုရားကျောင်းရဲ့ ထူးခြားတဲ့ လျှို့ဝှက်ပညာရပ်ကို ကျင့်ကြံထားတယ်။ အခုလေးတင် ငါရဲ့ ရုပ်ခန္ဓာကိုယ်ရဲ့ သွေးချီကို စွန့်လွှတ်ပြီး စိတ်ဝိညာဉ်ကို ပြုစုပျိုးထောင်လိုက်ပြီ။ တစ်ချိန်တည်းမှာပဲ ငါ့စိတ်ဝိညာဉ်ရဲ့ စွမ်းအားကို အမြင့်ဆုံးထိ တိုးမြှင့်လိုက်တယ်။ ဒီတစ်ကြိမ်မှာ မင်းက ငါကို ဒီလောက် ကြီးမားတဲ့ ဆုံးရှုံးမူကြီးဖြစ်အောင် လုပ်ဆောင်ခဲ့တယ်၊ မင်း ဘာလို့အကျိုးဆက်ကို ပြန်မခံစားရမှာလဲ.....”

သခင်ကျိုးက တစ်ချက်အပြုံးပြီး၊ အေးစက်စွာ ပြောလိုက်ရန် လှုပ်ရှားရန် ပြင်ဆင်လိုက်သည်။ ရုတ်တရက်၊ အဝေးရှိ တပ်စခန်းထံမှ အေးစက်စက် လေပြင်းတစ်ချက်သည် မြေပြင်သို့ တဟုန်ထိုး တိုက်ခတ်လာပြီး၊ ကောင်းကင်ထဲသို့ ပျံတက်သွားခဲ့သည်။

“ဒါ ဘာလဲ....” သခင်ကျိုးသည် ထိုအေးစက်စက် လေပြင်းကို သတိပြုမိပြီး မော့ကြည့်လိုက်သည်။

အေးစက်စက် လေပြင်းသည် လေထဲတွင် ရုတ်တရက် ပြိုကွဲသွားပြီး၊ သေးငယ်သော လေပြင်းများစွာအဖြစ် ပြောင်းလဲကာ အရပ်မျက်နှာ အသီးသီး ဆီသို့ လှည့်လည် တိုက်ခတ်သွားသည်။ ထိုလေပြင်း အနည်းငယ်သည် သူရှိနေသည့် နေရာဆီသို့ တိုက်ခတ်လာခဲ့သည်။ ၎င်းတို့ ဖြတ်သန်းသွားချိန် မှာ, တောင်ပေါ်ရှိ သစ်ပင်များသည် လေတိုက်ခံရသည့်အလား တရွှီးရွှီးမြည်သံများ ထွက်ပေါ်လာသည်။

သခင်ကျိုးသည် ထိုအေးစက်စက် လေပြင်း ဖြတ်သန်းသွားသည့်အခါ၊ သူ့အနီးရှိ တောခွေးများသည် ၎င်းတို့၏ အမွှေးအမျှင်များ ထောင်ထလာပြီး၊ မျက်လုံးများတွင် ခပ်ဖျော့ဖျော့ အစိမ်းရောင်အလင်းများ ထွက်ပေါ်လာသည်ကို သတိပြုမိသည်။ ၎င်းတို့သည် စုဝေးပြီး အော်ဟစ်ကြသည်။ ၎င်းတို့၏ အော်သံများသည် တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသည့်အလား တိုတောင်းပြီး လျပ်တပြက်ဆန်လွန်းကာ၊ လူအများ၏ ဝိညာဉ်များကို ကြောက်ရွှံ့ ထိတ်လန့်စေနိုင်သည်။

“မကောင်းတော့ဘူး.....။ ဒီလူရဲ့ တာအိုပညာရပ်က ဒီလောက်တောင် နက်ရှိုင်းနေပြီလား။ သူ့စိတ်ဝိညာဉ်ရဲ့ စွမ်းအားက ငါ့ထက်တောင် ပိုသန်မာနေ သေးတယ်......။”

အေးစက်စက် လေပြင်းသည် အလွန်လျင်မြန်သည်။ သခင်ကျိုး၏ သွေးချီနှင့် မူလချီသည် အားနည်းနေသည့် အချိန်တွင်၊ ဤလေပြင်းကို ရှောင်တိမ်း နိုင်ရန် မည်သို့ဖြစ်နိုင်မည်နည်း...။ ထို့အပြင်၊ အကယ်၍, သူ၏သွေးချီသည် ထိခိုက်မူမရှိသည့် အချိန်မှာပင်၊ သူ့ခန္ဓာကိုယ်လှုပ်ရှားမှုသည် လေထက် ပိုမြန်နိုင်မည် မဟုတ်ပေ။

သူ သတိပြုမိလိုက်သည့်အခါ၊ အေးစက်စက် လေပြင်းက သူ့ကို ဖြတ်ကျော်သွားပြီး ဖြစ်သည်။ ၎င်းသည် မရပ်တန့်ဘဲ ကောင်းကင်ထဲသို့ တဟုန်ထိုး ပျံတက်သွားသည်။ အရပ်မျက်နှာအသီးသီးသို့ ပြိုကွဲသွားသော အေးစက်စက် လေပြင်းများသည်လည်း ပြန်လည်စုဝေးလာပြီး၊ တောင်ရှေ့တွင် ရုတ်တရက် လှည့်ပတ်သွားသည်။

“သူ ငါ့ကို ရှာတွေ့သွားပြီ....” သခင်ကျိုးသည် ကျောက်စိမ်းပုလွေကို လှည့်ကိုင်ထားရင်း၊ သူ့နှလုံးသားထဲတွင် ထိုအေးစက်စက် လေပြင်း ဖြတ်သန်းသွားစဉ်တွင်, သူ့ကို ရှာဖွေတွေ့ရှိသွားပြီ ဖြစ်ကြောင်း သိရှိလိုက်သည်။ သူ၏သွေးချီသည် သန်မာပြီး သူသည်လည်း သိုင်းပညာရှင်တစ်ဦး ဖြစ်သည်။ ထိုသို့သော ပုဂ္ဂိုလ်တစ်ဦးသည် ရန်သူ၏ အာရုံကို မဆွဲဆောင်နိုင်စရာ အကြောင်းမရှိပေ။

လှည့်ပတ်နေသော အေးစက်စက် လေပြင်းသည် ရုတ်တရက် ပျောက်ကွယ်သွားသည်။ ပျောက်ကွယ်သွားသော ထိုလေပြင်း၏ အလယ်တွင်၊ မှုန်ဝါးဝါး အလင်းပုံရိပ်တစ်ခု ရုတ်တရက် စုစည်းလာသည်။ ထိုအလင်းပုံရိပ်သည် ဟုန်ယွိ၏ မျက်နှာနှင့် တစ်ထပ်တည်းတူသည်။

“သခင်ကျိုး၊ ကျုပ်တို့ကြားမှာ ရန်ငြိုးမရှိပါဘူး။ ခင်ဗျား ဘာလို့ ကင်းခြေများရဲ့ ဝိညာဉ်ကိုသိမ်းပိုက်ပြီး ကျုပ်ကို ကိုက်သတ်ဖို့ ကြိုးစားရတာလဲ....”

ဟုန်ယွိက စကားပြောလိုက်သည်။ သူသည် သခင်ကျိုးကို တစ်ချက်ကြည့်ပြီး ရုတ်တရက် ပြောလိုက်သည်။

“မင်းက ဟုန်ယွိလား........။ မင်းရဲ့ကျင့်ကြံမှုက ဘယ်လိုလုပ် ဒီလောက်နက်ရှိုင်းနေရတာလဲ......။ မင်းရဲ့စိတ်ဝိညာဉ်က ဘယ်လိုလုပ် ဒီလောက် သန်မာနိုင်ရတာလဲ......။ ဒီကမ္ဘာမှာ ဒီလိုထူးကဲတဲ့ တာအိုပညာရပ်တွေကို ပိုင်ဆိုင်ထားတဲ့ ဂိုဏ်းတွေ အများကြီး မရှိဘူး။ မင်းက ဘယ်ဂိုဏ်းကလဲ။”

သခင်ကျိုးသည် ဟုန်ယွိ၏ အမူအရာကို မြင်လိုက်ရသည့်အခါ၊ ကျောက်စိမ်းပုလွေကို ရှေ့မှာ ထောင်ထားရင်း အော်မေးလိုက်သည်။

“ခင်ဗျား စကားတွေ အရမ်းများလွန်းတယ်.......” ဟုန်ယွိသည် ၎င်း၏မူလဇစ်မြစ်ကို သခင်ကျိုးအား ပြောပြရန် မည်သည့်အခါမှ ရည်ရွယ်ချက် မရှိပေ။ သခင်ကျိုး၏ အဓိပ္ပာယ်မရှိသော မေးခွန်းကို ကြားလိုက်ရသည့်အခါ၊ သူ့စိတ်နှလုံးထဲမှာ တစ်ချက် လှုပ်ရှားသွားသည်။ ရုတ်တရက် သူသည် ဆုပ်ကိုင်လိုက်သည့် လှုပ်ရှားမှုတစ်ခုကို ပြုလုပ်လိုက်သည်။

ထိုအခါ၊ သူ၏စိတ်ဝိညာဉ်သည် ရုတ်တရက် ပြန့်ကျဲသွားပြီး၊ သူ့ပတ်ဝန်းကျင်တွင် မှုန်ဝါးဝါး နတ်ဆိုးပုံရိပ်ငါးခု ပေါ်ထွက်လာသည်။ တစ်ခုသည် အရိုးဖြူရောင်၊ တစ်ခုသည် သွေးနီရောင်၊ တစ်ခုသည် မဲနက်ရောင်၊ တစ်ခုသည် အစိမ်းရောင်တောက်တောက် ဖြစ်ပြီး၊ နောက်ဆုံးတစ်ခုသည် မှိုင်းညှို့သော မီးခိုးရောင် ဖြစ်သည်။

ဖျတ်ခနဲ လင်းလက်သွားပြီးနောက်၊ ဤနတ်ဆိုးပုံရိပ်ငါးခုသည် ပြင်းထန်စွာ လှည့်ပတ်သွားပြီး၊ ဗုံးခနဲအသံဖြင့် ပေါက်ကွဲသွားကြကာ၊ သန်မာသော ဝဲဂယက်တစ်ခုအဖြစ် လှည့်ပတ်သွားသည်။ ထိုဝဲဂယက်သည် သင်္ဘောတစ်စီးစာ အရွယ်အစားရှိပြီး၊ တွန်းလှန်၍မရနိုင်သည့် စုပ်ယူအားတစ်ခုကို ထုတ်လွှတ်ကာ သခင်ကျိုးကို ဖုံးအုပ်လိုက်သည်။

ဟုန်ယွိသည် သခင်ကျိုးနှင့် စကားအနည်းငယ် ဖလှယ်ပြီးနောက်၊ ချက်ချင်းပင် ချီဝိညာဉ်ဝဲဂယက်၏ အဆုံးသတ်ကွက်ကို စွမ်းအား အပြည့်အဝဖြင့် အသုံးပြုလိုက်သည်။ ၎င်းသည် သခင်ကျိုး၏ စိတ်ဝိညာဉ်ကို စုပ်ယူပြီး သူ၏ ယင်စိတ်ဝိညာဉ်ကို ဖျက်ဆီးရန် ရည်ရွယ်သည်။

ချီဝိညာဉ်ဝဲဂယက် ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက်၊ အနီးအနားတွင် အော်ဟစ်နေသော တောခွေးများသည် ရုတ်တရက် ရပ်တန့်သွားသည်။ ၎င်းတို့၏ ဝိညာဉ်ပုံရိပ်များသည်လည်း စုပ်ယူခံရပြီး၊ အနည်းငယ် လှည့်ပတ်သွားပြီးနောက် ချက်ချင်း ပြိုကွဲသွားခဲ့သည်။ ၎င်းတို့၏ ဝိညာဉ်မဲ့ ခန္ဓာကိုယ်များသည် မြေပေါ်သို့ ပြုတ်ကျသွားသည်။

အခန်း (၁၆၈)။

“လျှို့ဝှက်ယင်တာအိုဂိုဏ်းရဲ့ ချီဝိညာဉ်ဝဲဂယက်......။ ဒီပညာရပ်က ချီဝိညာဉ်ဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင် ဒွမ်ထျန်းယာရဲ့ ထူးခြားတဲ့ မှော်ပညာရပ် မဟုတ်လာ။ မင်း ဒီပညာရပ်ကို ဘယ်လိုလုပ် သင်ယူထားတာလဲ။ မကောင်းတော့ဘူး။ ဒီပညာရပ်က ဒီလောက်သန်မာတယ်ပေါ့။ မင်း....၊ မင်းက ဒီပညာရပ်ကို အတားအဆီးမရှိ အသုံးပြုနိုင်တယ်ပေါ့!”

ဟုန်ယွိသည် ချီဝိညာဉ်ဝဲဂယက်ကို ချက်ချင်း အသုံးပြုလိုက်သည့်အခါ၊ သခင်ကျိုး၏ မျက်လုံးများသည် ရုတ်တရက် တင်းမာလာသည်။ အစပိုင်းတွင် သူသည် ဤအရာက သိပ်မထူးခြားဟု ထင်မြင်ခဲ့သော်လည်း၊ ချက်ချင်း တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သတိပြုမိလိုက်သည်။

အကြောင်းမှာ သူ၏ စိတ်ဝိညာဉ်သည် ခန္ဓာကိုယ်အတွင်း ဆက်လက်တည်ရှိနိုင်ခြင်း မရှိတော့ပေ။ ၎င်းသည် လေပြင်းမုန်တိုင်းတစ်ခုနှင့် ရင်ဆိုင်ရ သည့်အလား၊ သူ၏စိတ်ဝိညာဉ်သည် ဆွဲယူခံရတော့မည် ဖြစ်သည်။ သူ့စိတ်ဝိညာဉ်ကို တည်ငြိမ်စေရန် မည်မျှပင် ကြိုးစားထိန်းချုပ်ထားပါစေ၊ ၎င်းသည် အလဟဿ ဖြစ်သွားခဲ့သည်။

ထိုအခါမှသာ သခင်ကျိုးသည် ဟုန်ယွိ၏ ချီဝိညာဉ်ဝဲဂယက်က သူထင်ထားသည်ထက် ဆယ်ဆပိုမိုသန်မာကြောင်း သဘောပေါက်လိုက်သည်။

သခင်ကျိုးသည် ပစိဖိတ်ရေတပ်၏ ပထမစစ်ဗျူဟာမှူး, ချီဝိညာဉ်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ဖြစ်သူ ဒွမ်ထျန်းယာသည် ရှေးဟောင်း လျှို့ဝှက်ယင် တာအိုဂိုဏ်း၏ အကြွင်းအကျန် ပညာရပ်ကို ကျင့်ကြံထားပြီး၊ လူများ၏ စိတ်ဝိညာဉ်ကို စုပ်ယူပြီး ချီကိုစုစည်းကာ ဖောက်ခွဲနိုင်သည်ကိုလည်း သိရှိထားသည်။ ၎င်းသည် လျှို့ဝှက်ယင်ဝိညာဉ်သတ်ဖြတ်ခြင်းနှင့် ဝိညာဉ်စုပ်ယူနည်းကိုလည်း နက်ရှိုင်းစွာ နားလည်ထားသည်။

ဤကဲ့သို့သော တာအိုပညာရပ်များသည် အသုံးပြုသူ၏ စိတ်ဝိညာဉ်ကို များစွာ ထိခိုက်စေနိုင်သည်။ အကယ်၍ တိတိကျကျ အသုံးမပြုနိုင်ပါက၊ အသုံးပြုသူ၏ စိတ်ဝိညာဉ်သည်လည်း ပြိုကွဲသွားနိုင်သည်။ ထို့ကြောင့် ထိုပညာရပ်၏ စွမ်းအားကို အပြည့်အဝ အသုံးမပြုနိုင်ကြဘဲ၊ ၃၀ မှ ၄၀ ရာခိုင်နှုန်းသာ အသုံးပြုနိုင်သည်။ ပုံမှန်အားဖြင့် ဤပညာရပ်သည် မိမိထက် အဆင့်အနည်းငယ် နိမ့်သူများ၏ စိတ်ဝိညာဉ်ကိုသာ စုပ်ယူနိုင်သည်။

သခင်ကျိုးသည် ဤကဲ့သို့ တာအိုပညာရပ်မျိုးကို သိပ်တန်ဖိုးမထားခဲ့ပေ။ သို့သော် ယခုအခါ သူသည် သိသာထင်ရှားစွာ မှားယွင်းပြီး တွက်ချက်ခဲ့မိ သည်။ ဟုန်ယွိ၏ တာအိုနည်းလမ်းသည် သူ့စိတ်ကူးထက် ကျော်လွန်နေပြီး၊ သူ၏စိတ်ဝိညာဉ်ကို ချက်ချင်း စုပ်ယူနိုင်သည်။

“သူ အသက်မရှင်ချင်တော့ဘူးလား.......။ သူက ငါနဲ့ အစွမ်းကုန် တိုက်ခိုက်ဖို့ ရည်ရွယ်ထားတာလား.....”

သခင်ကျိုး၏ နှလုံးသားထဲတွင် သံသယများ ပေါ်ထွက်လာသည်။ သူ၏စိတ်ဝိညာဉ်သည် ခန္ဓာကိုယ်မှ စုပ်ယူခံရပြီး၊ လျင်မြန်စွာ လှည့်ပတ်ကာ ချီဝိညာဉ်ဝဲဂယက်၏ အလယ်ဗဟိုသို့ ပစ်ပို့ခံနေရသည်။ စိတ်ဝိညာဉ်သည် ချီဝိညာဉ်ဝဲဂယက်၏ ဗဟိုသို့ ရောက်ရှိသွားသည်နှင့်၊ သူ၏ စိတ်ဝိညာဉ် သည် ချက်ချင်း အစိတ်စိတ် အမြွှာမြွှာ ကွဲအက်သွားမည် ဖြစ်သည်။

“စိတ်ဝိညာဉ် တည်ငြိမ်ပြီး၊ ပြန်လည်စုပ်ယူခြင်းပညာရပ်…......။ စိတ်ဝိညာဉ် တည်ငြိမ်ပြီး ပြန်လည်စုပ်ယူခြင်းပညာရပ်…..။ ဖိနှိပ်စမ်း……။”

ထိုအခြေအနေကို ရင်ဆိုင်ရချိန်တွင်၊ သခင်ကျိုးသည် ရုတ်တရက် အလွန်သန်မာသော အတွေးတစ်ခုကို ဖန်တီးလိုက်သည်။ သူ၏ စိတ်ဝိညာဉ် တစ်ခုလုံးသည် ရုတ်တရက် “တောင်” ပုံစံအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ဟုန်ယွိ၏ အတွေးထဲတွင်၊ သခင်ကျိုး၏ စိတ်ဝိညာဉ်သည် အဝါရောင်နှင့် အစိမ်းရောင် ပေါင်းစပ်ထားသော “တောင်” ပုံစံ ဖြစ်ပေါ်လာသည်။ ၎င်းသည် ကြီးမားပြီး မြင့်မားကာ၊ ကောင်းကင်ဘုံကို ထောက်ကူပေးပြီး မြေပြင်ကို ဖိနှိပ်ထားသည့် ကောင်းကင်တိုင်ကြီးနှင့်တူသည်။

“ကောင်းကင်တိုင် စိတ်ဝိညာဉ်ဖိနှိပ်နည်းလမ်း…..။”

သခင်ကျိုးသည် သူ၏စိတ်ဝိညာဉ်ကို ဖိနှိပ်ရန် ဤပညာရပ်ကို အသုံးပြုသည်ကို မြင်လိုက်ရသည့်အခါ၊ ဟုန်ယွိသည် တာအိုကျမ်းစာများ ဖတ်ရှုစဉ်က ဖတ်မှတ်ဖူးသော ကောင်းကင်တိုင် စိတ်ဝိညာဉ်ဖိနှိပ်နည်းလမ်းကို ချက်ချင်း သတိရလိုက်သည်။

မြောက်ဘက်ဆုံးကျသည့် ယွမ်တူးနိုင်ငံမှ အလွန်ဝေးကွာသော အနောက်ဘက်နယ်မြေ၏ ချာရာဒေသတွင်၊ တိမ်တိုက်များအထိ ထိုးဖောက် ဝင်ရောက်နေသည့် ကြီးမားသော တောင်ကြီးတစ်လုံး ရှိသည်။

ထိုတောင်ကို ကောင်းကင်ထောက်တိုင်တောင်ဟုခေါ်ပြီး၊ ထိုဒေသရှိ လူများက ၎င်းကို ကိုးကွယ်ကြသည်။ အချို့သော သူများသည် ဤတောင်၏ ပုံသဏ္ဌာန်ကို ၎င်းတို့၏ စိတ်နှလုံးထဲတွင် ထည့်သွင်းကာ၊ ၎င်း၏အဓိပ္ပာယ်ကို နားလည်သဘောပေါက်ပြီး မှော်ဆန်သော တာအိုပညာရပ်တစ်ခုကို ဖန်တီးခဲ့ကြသည်။ ဤပညာသည် လူတစ်ယောက်၏ စိတ်ဝိညာဉ်ကို ဖိနှိပ်ထားနိုင်ပြီး၊ ၎င်းကို မလှုပ်ရှားနိုင်အောင် ပြုလုပ်နိုင်သည်။

ဤသည်မှာ ကောင်းကင်၊ မြေကြီးနှင့် တောင်များကို နားလည်သဘောပေါက်ခြင်းဖြင့် ဖန်တီးထားသော မှော်ဆန်သည့် တာအိုပညာရပ် ဖြစ်သည်။ ထိုပညာရပ်ကို ကောင်းကင်တိုင် စိတ်ဝိညာဉ်ဖိနှိပ်ခြင်း ပညာရပ်ဟုခေါ်ပြီး၊ ချာရာဒေသ၏ အနှစ်သာရနတ်ဘုရားကျောင်း၏ စိတ်ဝိညာဉ် ပညာရပ် တစ်ခု ဖြစ်သည်။

ဤပညာရပ်တွင် နတ်ဘုရား စိတ်ဝိညာဉ်သည် ကောင်းကင်တိုင်ကို အတုယူကာ၊ အပေါ်မှ အပြာရောင်ကောင်းကင်ကြီးကို ထောက်ကူပေးကာ၊ အောက်မှ ကမ္ဘာမြေကြီးကို ဖိနှိပ်ထားသည်။ စိတ်ဝိညာဉ်၏ စွမ်းအားသည် အဆုံးမရှိပြီး၊ မည်သည့်အရာကမှ ၎င်းကို မလှုပ်ခါနိုင်ပေ။ ၎င်းသည် မယိမ်းမယိုင် ခိုင်ခံ့သော စွမ်းအား ဖြစ်သည်။

ဟုန်ယွိ၏ ချီဝိညာဉ်ဝဲဂယက်သည် သခင်ကျိုး၏ စိတ်ဝိညာဉ်ကို ချီဝိညာဉ် ဝဲဂယက်ထဲသို့ ဆွဲယူလိုက်သော်လည်း၊ သခင်ကျိုး၏ စိတ်ဝိညာဉ်သည် ဗဟိုတွင် တည်ရှိကာ ချီဝိညာဉ်ဝဲဂယက်၏ စုပ်ယူအားကို တွန်းလှန်နိုင်ခဲ့သည်။

“မင်းက အစွမ်းကုန် တိုက်ခိုက်နေရင်တောင်၊ ငါ့ကို ဘာလုပ်နိုင်မှာလဲ…။ မင်းရဲ့ ချီဝိညာဉ်ဝဲဂယက် ပျောက်ကွယ်သွားပြီး မင်းရဲ့ စိတ်ဝိညာဉ် ထိခိုက်သွားချိန်မှာ၊ ငါ မင်းကို အလွယ်တကူ ဖယ်ရှားပစ်မယ်။ သတ်သေချင်ပေမယ့် မသေနိုင်တဲ့ အခြေအနေမျိုးကို ငါ မင်းကို ပြပေးမယ်!”

သခင်ကျိုးသည် ကောင်းကင်တိုင် စိတ်ဝိညာဉ်ဖိနှိပ်နည်းလမ်း၏ တောင်ပုံစံအဖြစ် ပြောင်းလဲပြီး၊ ချီဝိညာဉ်ဝဲဂယက်ကို တွန်းလှန်နေရင်း၊ တောင်ပုံစံရှိ စိတ်ဝိညာဉ်အထံမှ အတွေးများစွာ ထွက်ပေါ်လာသည်။ ၎င်းသည် သခင်ကျိုး၏ လှောင်ပြောင်သံဖြစ်ပြီး၊ ၎င်းသည် မောက်မာဝင့်ကြွားသည့် အမူအရာဖြင့် ပြည့်နှက်နေသည်။

“ကောင်လေး၊ မင်းက အနှစ်သာရနတ်ဘုရားကျောင်းရဲ့ မှော်ဆန်ဆန် တာအိုနည်းလမ်းကို ကျင့်ကြံထားတယ်ပေါ့။ သနားစရာပဲ၊ မင်းက တစ္ဆေအင်မော်တယ် မဖြစ်သေးဘူး….။”

ဟုန်ယွိသည် သခင်ကျိုး၏ လှောင်ပြောင်သည့် အတွေးများကို လက်ခံရရှိပြီး၊ သူ၏အတွေးများက ပြင်းထန်စွာ လှုပ်ခတ်သွားသည်။ ထို့နောက်၊ ကြီးမားသော ဝဲဂယက်သည် ပေါက်ကွဲသွားသည်။ ယင်နတ်ဆိုးများ အားလုံး ဖျက်ဆီးခံရပြီး၊ သူ့စိတ်ဝိညာဉ်က သိပ်သည်းလာကာ ချက်ချင်းပင် သန့်စင်သော ယန်စွမ်းအင်အငွေ့အသက်တစ်ခု ပေါ်ထွက်လာသည်။

“အနန္တတန်ခိုးရှင် ကောင်းကင်နဂါး၊ မာ မိ မာ မိ ဟ……။”

ချီဝဲဂယက် ပြိုကွဲသွားသည်နှင့်၊ ခွန်အားအပြည့်ရှိသော အနန္တတန်ခိုးရှင် ကောင်းကင်နဂါးဘုရားလောင်းသည်၊ ရွှေနဂါးနှင့် ဆင်ဖြူတော်ကို ခြေထောက်ဖြင့် တဖက်စီနင်းကာ ထွက်ပေါ်လာသည်။ ၎င်းသည် ဟုန်ယွိက ယင်နတ်ဆိုးများကို ဖျက်ဆီးပြီးနောက် ပြောင်းလဲဖြစ်ပေါ်လာသော အနန္တတန်ခိုးရှင် ကောင်းကင်နဂါးဗောဓိသတ္တ ဖြစ်သည်။

ဤအနန္တတန်ခိုးရှင် ကောင်းကင်နဂါးဗောဓိသတ္တ ပေါ်ထွက်လာသည်နှင့်၊ ၎င်းသည် ပြင်းထန်စွာ လက်သီးတစ်ချက် ထိုးလိုက်သည်။ မည်သည့်ပုံစံ မည်သည့်မှော်ဆန်မူမှ မပါဘဲ၊ သခင်ကျိုး၏ ကောင်းကင်တိုင် စိတ်ဝိညာဉ်ဖိနှိပ်နည်းလမ်းကို ရိုက်ချိုးလိုက်သည်။

ဘုန်း…..။ ကောင်းကင်တိုင် စိတ်ဝိညာဉ်ဖိနှိပ်နည်းလမ်းသည် အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားသည်။ တစ်ချိန်တည်းမှာပင်၊ သခင်ကျိုး၏ စိတ်ဝိညာဉ်သည်လည်း ပြိုကွဲသွားပြီး၊ သူ့အတွေးများသည် အရပ်မျက်နှာအသီးသီးသို့ လွင့်စင်သွားသည်။

အနန္တတန်ခိုးရှင် ကောင်းကင်နဂါးဗောဓိသတ္တသည် ဗုဒ္ဓဘာသာ၏ အင်အားအကြီးဆုံး ဘုရားလောင်း ဖြစ်သည်။ ကျမ်းစာများအရ၊ ဤဘုရားလောင်း သည် ဗုဒ္ဓဘာသာ၏ အကြီးမြတ်ဆုံး တောင်ဖြစ်သည့် မေရုတောင်ကိုပင် လှုပ်ခါနိုင်သည်။

ဟုန်ယွိ ကျင့်ကြံထားသော တာအိုနည်းလမ်းများထဲတွင်၊ မင်စီလာဘုရင်မှလွဲ၍၊ အနန္တတန်ခိုးရှင် ကောင်းကင်နဂါးဗောဓိသတ္တသည် အင်အား အကြီးဆုံး ဖြစ်သည်။ ၎င်းသည် ယာကရှာနတ်ဆိုးဘုရင် ရှက်ချာဆာနတ်ဆိုးဘုရင် အသုရာနတ်ဆိုးဘုရင် ကင်းကောင်တို့ကို ကျော်လွန်သည်။ ထို့အပြင်၊ ဤဘုရားလောင်း၏ အတွေးများသည် ယင်နတ်ဆိုးများ မဟုတ်ဘဲ၊ ယန်စွမ်းအင် ဖြစ်သည်။ ထို့ကြောင့် ၎င်းသည် စိတ်ဝိညာဉ်ကို ထိခိုက်မှုမရှိဘဲ၊ အသုံးပြုသည့်အခါ အလွန်သန်မာသည်။

ဗုဒ္ဓဘာသာ၏ ဒဏ္ဍာရီလာတောင်ဖြစ်သည့် မေရုတောင်သည် အဆုံးမရှိ၊ အာကာသကို တိုင်းတာပြီး၊ လေးမျက်နှာအားလုံးကို ဖုံးအုပ်ထားသည်။ အနန္တတန်ခိုးရှင် ကောင်းကင်နဂါးဗောဓိသတ္တသည် ၎င်းတောင်ကိုပင် လှုပ်ခါနိုင်သည်။ ကောင်းကင်တိုင်ဝိညာဉ်ဖိနှိပ်နည်းလမ်းကို မဖျက်ဆီးနိုင်စရာ အကြောင်းမရှိပေ။

ထို့အပြင်၊ ဟုန်ယွိသည် ယင်နတ်ဆိုးများကို ဖျက်ဆီးလိုက်သည့်အခါ၊ ထွက်ပေါ်လာသော စွမ်းအားသည် မိုးကြိုးကပ်ဘေးတစ်ကြိမ် ဖြတ်ကျော်ထား သည့် တစ္ဆေအင်မော်တယ်တစ်ဦး၏ စွမ်းအားနှင့် ညီမျှသည်။ ဝူအိမ်တော်ထိန်းကဲ့သို့သော သန်မာသော သိုင်းပညာရှင်များပင်လျှင် သတိထားရမည် ဖြစ်သည်၊ သခင်ကျိုးဆို ပို၍ပင် ပြောစရာမလိုတော့ပေ။

ရိုးရှင်းသော လက်သီးတစ်ချက်ဖြင့်၊ သခင်ကျိုး၏ စိတ်ဝိညာဉ်ကို ဖျက်ဆီးလိုက်သည်။ ထိုအဆုံးမဲ့ သန်မာသော အတွေးသည် သခင်ကျိုး၏ စိတ်ဝိညာဉ်ကို အစိတ်စိတ်အမြွှာမြွှာ ကွဲအက်စေပြီး၊ ၎င်း၏အတွေးများသည် လုံးဝ ပြိုကွဲသွားသည်။

“ဘယ်လောက် ရှက်ဖွယ်ကောင်းတဲ့ ကြွားဝါမှုလဲ…..။”

ဟုန်ယွိသည် သခင်ကျိုး၏ စိတ်ဝိညာဉ်ကို လက်သီးတစ်ချက်ဖြင့် ဖျက်ဆီးလိုက်ပြီးနောက်၊ ချက်ချင်း အတိတ်ကျမ်းစာကို အသုံးပြု၍၊ သူ၏ စိတ်ဝိညာဉ်ကို ပြန်လည်ပြုပြင်လိုက်သည်။ မက်မွန်နတ်ဘုရားဓားထဲတွင် သူ၏စိတ်ဝိညာဉ်ကို အကြိမ်ပေါင်း ထောင်ချီဖျက်ဆီးပြီး ပြန်လည် ပြုပြင်ခဲ့ဖူးသည်။ ယခုအခါ အစစ်မှန် တိုက်ပွဲတွင် အသုံးပြုရာတွင်၊ သူသည် လမ်းလျှောက်ရင်း ပန်းခူးရသည့်အလား လွယ်ကူသည်။

“ခင်ဗျားက ကျုပ်ကို သတ်ပေးဖို့ တောင်းပန်ချင် စိတ်ဖြစ်ပေါ်ပြီး၊ သေချင်လျက်နဲ့ မသေနိုင်တဲ့ အခြေအနေ ရောက်အောင် လုပ်ပေးမယ်ပေါ့။ ဒါပေမယ့် တကယ်လို့, ကျုပ်သာ ခင်ဗျားကို မဖယ်ရှားနိုင်ခဲ့ရင်၊ ကျုပ် အတိတ်ကျမ်းစာကို ကျင့်ကြံထားတာ အလကား ဖြစ်သွားမှာပေါ့။ ကျုပ် မက်မွန်နတ်ဘုရားရဲ့ ဝိညာဉ်ကို စုပ်ယူထားတာလည်း အလဟဿဖြစ်သွားမှာပေါ့….။”

ဟုန်ယွိသည် ထိုရှက်ဖွယ်ကောင်းသော ကြွားဝါမှုကို ကြားပြီးနောက်၊ သူ့နှလုံးသားထဲတွင် အမျက်ဒေါသဖြင့် ပြည့်နှက်သွားသည်။

အမှန်ပင်, သူသည် ပြိုင်ဘက်ကင်း ရတနာတစ်ခုဖြစ်သည့် အတိတ်ကျမ်းစာကို ကျင့်ကြံထားပြီး၊ နှစ်ပေါင်းထောင်ချီ သက်တမ်းရှိ မက်မွန်နတ်ဘုရား ၏ ဝိညာဉ်စွမ်းအားကို စုပ်ယူထားသည်။ သူသည် နတ်ဘုရားတစ်ပါး၏ ဝိညာဉ်ကို စုပ်ယူထားခြင်း ဖြစ်သည်။ ထို့အပြင်၊ သူသည် လျှို့ဝှက်ယင်တာအို ဂိုဏ်း၏ အစွမ်းထက်ဆုံးဖြစ်သည့် ပညာရပ်ကို အသုံးပြုထားသလို၊ ဒိုင်ဇင်ဘုရားကျောင်း၏ စိတ်ဝိညာဉ်ကို ကြံ့ခိုင်သန်မာစေဆုံး နည်းလမ်းဖြစ်သည့် အနန္တတန်ခိုးရှင် ကောင်းကင်နဂါးဗောဓိသတ္တကျမ်းစာကိုလည်း ကျင့်ကြံထားသည်။

ထိုကဲ့သို့ ပြိုင်ဘက်ကင်း မှော်ဆန်ဆန် ပညာရပ်သုံးမျိုးကို အသုံးပြုပြီးနောက်၊ တစ္ဆေအင်မော်တယ် မဟုတ်သည့် တာအိုပညာရှင်တစ်ဦးကို မဖယ်ရှားနိုင်ခဲ့ပါက၊ ဟုန်ယွိသည် သူ့ကျင့်ကြံမှုက အလဟဿဖြစ်သွားပြီး၊ ဤပြိုင်ဘက်ကင်း ထိပ်တန်းရတနာများသည် သူ့လက်ထဲတွင် သာမန် ပစ္စည်းများအဖြစ် ပြောင်းလဲသွားပြီဟုပင် ခံစားရလိမ့်မည်။

ဤကျမ်းစာများသည် အမှန်တကယ်ပင် ပြိုင်ဘက်ကင်း ရတနာများဖြစ်သော်လည်း၊ ၎င်းတို့ကို ကျင့်ကြံပြီးနောက် သာမန်ပစ္စည်းများ အဖြစ် ပြောင်းလဲသွားပါက၊ ဟုန်ယွိသည် သူ၏အရည်အချင်းက ဝက်တစ်ကောင်ကဲ့သို့ ညံ့ဖျင်းသည်ဟုပင် ခံစားရမည် ဖြစ်သည်။

“ဝက်တစ်ကောင်တောင်မှ မက်မွန်နတ်ဘုရားရဲ့ ဝိညာဉ်ကို စုပ်ယူပြီး အတိတ်ကျမ်းစာကို ကျင့်ကြံထားရင်၊ ခင်ဗျားကို သတ်နိုင်သေးတယ်။ ဒါပေမယ့် ကျုပ်က ဟုန်ယွိပါ၊ သခင်ကျိုး…..။”

ဟုန်ယွိက ဒေါသအပြည့်ဖြင့် တွေးပြီး ဟစ်ကြွေးလိုက်ပါသည်။

“အသုရာနတ်ဆိုးဘုရင်…..”

သခင်ကျိုး၏ စိတ်ဝိညာဉ်ကို လက်သီးတစ်ချက်ဖြင့် ဖျက်ဆီးလိုက်ပြီးနောက်၊ ဟုန်ယွိသည် သူ့စိတ်ဝိညာဉ်၏ မူလပုံစံကို ထုတ်ဖော်လိုက်သည်။ အတွေးတစ်ချက်ဖြင့်၊ ယင်နတ်ဆိုးအတွေးတစ်ခုကို ခွဲထုတ်လိုက်ပြီး၊ ခေါင်းသုံးလုံး, လက်ခြောက်ဖက်ရှိသော အသုရာနတ်ဆိုးဘုရင် အဖြစ် ပြောင်းလဲသွားသည်။ ၎င်းသည် အရိုးစုတုတ်ချောင်း၊ ဝံပုလွေအစွယ်ဓား၊ လွှသွားဓားနှင့်အတူ အခြားရက်စက်ကြမ်းကြုတ်သော လက်နက်များကို ကိုင်ဆောင်ထားသည်။

ဤအသုရာနတ်ဆိုးဘုရင်သည် လေထဲတွင် လှည့်လည်သွားလာပြီး၊ ပြိုကွဲသွားသော သခင်ကျိုး၏ အတွေးများကို ဝါးမျိုလိုက်သည်။ ၎င်းသည် ယခင်က သူသည် ကျောက်ဖေးရုန်ကို သတ်ဖြတ်ခဲ့စဉ်ကအတိုင်းပင်။ ရှက်ချာဆာနတ်ဆိုးဘုရင်ကို ပုံဖော်ပြီး သခင်ကျိုး၏အတွေးများကို ညအခါ ပြန်လည် စုစည်းမသွားနိုင်စေရန် ဟုန်ယွိက တားဆီးခဲ့သည်။

ယခုအခါ၊ ဟုန်ယွိ၏ အဆင့်သည် ကျောက်ဖေးရုန်နှင့် တိုက်ခိုက်စဉ်ကထက် အဆရာပေါင်းများစွာ သာလွန်နေသည်။ ယခုဆိုလျှင် ကျောက်ဖေးရုန် နှင့် ထပ်မံ တိုက်ခိုက်ရပါက၊ ဟုန်ယွိသည် သူမကို သေချာပေါက် အနိုင်ယူနိုင်မည်ဟု ယုံကြည်သည်။

အသုရာနတ်ဆိုးဘုရင်၏ ယင်နတ်ဆိုးအတွေးသည် ခွဲထွက်သွားပြီး၊ လေထဲတွင် လှည့်လည်သွားလာကာ၊ ပြိုကွဲသွားသော အတွေးများကို ဝါးမျိုလိုက် သည်။

“မဟုတ်ဘူး! ငါ့ရဲ့စိတ်ဝိညာဉ်ကို မပျောက်ကွယ်စေနဲ့…..”

ညအခါဖြစ်သည့်အတွက်၊ အတွေးများသည် ပြန်လည်စုစည်းရန် လွယ်ကူသည်။ ဝါးမျိုမခံရသေးသော သခင်ကျိုး၏ အတွေးများသည် လျင်မြန်စွာ စုစည်းလာပြီး၊ သူ၏စိတ်ဝိညာဉ်အဖြစ်သို့ ပြန်လည် ပုံဖော်လာသည်။ သို့သော် ဤစိတ်ဝိညာဉ်သည် အားနည်းနေပြီး၊ ၎င်းထံမှ ထုတ်လွှတ်လာသော စွမ်းအားသည် အရာဝတ္ထုများကို ရွှေ့ပြောင်းနိုင်စွမ်း မရှိသည့်အထိ အားနည်းနေသည်။

“အိုး…..၊ ခင်ဗျားရဲ့ စိတ်ဝိညာဉ်ကို မဖြိုခွဲစေချင်ဘူးလား….။ ခင်ဗျား ကျုပ်ကို ကိုက်သတ်ဖို့ ကင်းခြေများကို မောင်းနှင်ချိန်တုန်းက ဘာလို့ ဒီလို မတွေးခဲ့တာလဲ……။”

ဟုန်ယွိသည် သခင်ကျိုး၏ စိတ်ဝိညာဉ်သည် အရာဝတ္ထုများကို ရွှေ့ပြောင်းနိုင်စွမ်း မရှိသည့်အထိ အားနည်းနေသည်ကို မြင်လိုက်ရလျှင်, သူသည် အတွေးတစ်ချက်ဖြင့်၊ အသုရာနတ်ဆိုးဘုရင်ကို ယင်နတ်ဆိုးအတွေးများအဖြစ်သို့ ပြန်လည်ပြောင်းလဲပြီး၊ ၎င်း၏စိတ်ဝိညာဉ်ထဲမှ ပြန်လည် ရုပ်သိမ်းလိုက်သည်။

သခင်ကျိုးသည် မည်မျှပင် သန်မာပြီး၊ ၎င်း၏ နည်းလမ်းများက မည်မျှပင် ထူးဆန်းနေပါစေ၊ ဟုန်ယွိ၏ သန်မာသော တိုက်ခိုက်မှုများကြောင့် ၎င်းသည် အားနည်းသွားပြီး ယခုအခါ ခြိမ်းခြောက်မှု မရှိတော့ပေ။

ဟုန်ယွိသည် မာန်အပြည့်ဖြင့် တွေးလိုက်သည်။ ၎င်းသည် သခင်ကျိုးကို လက်ချောင်းတစ်ချက်တည်းဖြင့် ဖျက်ဆီးနိုင်သည်။ ထို့ကြောင့် ၎င်းသည် သခင်ကျိုး ဘာပြောလိုသည်ကို နားထောင်လိုသည်။

“နှမြောစရာပဲ၊ အခုနက ငါ အစွမ်းထက်ဆုံးဖြစ်တဲ့ အနှစ်သာရနှင့်သွေးစုစည်းမှုကျမ်းကို အသုံးမပြုခဲ့ဘူး။ တကယ်လို့, ငါသာ အဲဒီနည်းလမ်းကို အသုံးပြုခဲ့ရင်၊ ငါ့ခန္ဓာကိုယ်ထဲက ယန်အနှစ်သာရနှင့်သွေးချီ အားလုံးကို စုစည်းပြီး၊ သွေးကြောအပေါက်တွေကို လှုံ့ဆော်ကာ၊ စိတ်ဝိညာဉ်ကို အားဖြည့်ပေးပြီး၊ ချက်ချင်း သန်မာအောင် လုပ်နိုင်တယ်။ ငါ့ခန္ဓာကိုယ် အားနည်းမှုကို ပေးဆပ်ရရင်တောင် တစ္ဆေအင်မော်တယ် ရဲ့ စွမ်းအားနဲ့ ညီမျှတဲ့ စိတ်ဝိညာဉ် စွမ်းအားကို လှယ်ယူနိုင်တယ်။ တစ္ဆေအင်မော်တယ်ရဲ့ စွမ်းအားနဲ့ဆို၊ မင်း ငါ့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး…..”။

သခင်ကျိုး၏ စိတ်ဝိညာဉ်သည် လေထဲတွင် လွင့်မျောနေရင်း၊ ဟုန်ယွိကို ကြည့်လိုက်သည်။ ရုတ်တရက် ၎င်းသည် သူ့ခန္ဓာကိုယ်ထဲသို့ ပြန်လည် ဝင်ရောက်သွားပြီး၊ မျက်လုံးများကို ဖွင့်ကာ အားနည်းသည့်အသံဖြင့် ဟုန်ယွိကို ပြောလိုက်သည်။

ဟုန်ယွိသည် ရယ်မောပြီး ပြောလိုက်သည်၊ “သခင်ကျိုး၊ ခင်ဗျား ဒီလိုအဓိပ္ပာယ်မရှိတဲ့ စကားတွေ ပြောနေတော့ရော ဘာအသုံးဝင်မှာလဲ။ ခင်ဗျား ဘာလှည့်ကွက်တွေပဲသုံးသုံး အသုံးမဝင်ဘူး။ ကျုပ်ဟုန်ယွိက နှစ်ပေါင်းထောင်ချီတဲ့ သမိုင်းကြောင်းကို ဖတ်ရှုထားပြီး၊ ခင်ဗျားစားခဲ့တဲ့ ဆန်စေ့ထက်တောင် မရေမတွက်နိုင်တဲ့ ပရိယာယ်တွေနဲ့ လှည့်စားမှုတွေကို ဖတ်ရူခဲ့ဖူးတယ်။ အနှစ်သာရနှင့်သွေးစုစည်းမှုကျမ်းဆိုတာ ဘာလဲ? ဒါပေမယ့် ခင်ဗျား အခုလေးတင် အသုံးပြုခဲ့တဲ့ ကောင်းကင်တိုင်စိတ်ဝိညာဉ်ဖိနှိပ်ခြင်း နည်းလမ်းက အနောက်ဘက်နယ်မြေရဲ့ အနှစ်သာရနတ်ဘုရား ကျောင်းက တာအိုပညာရပ် မဟုတ်လား။ အနှစ်သာရနတ်ဘုရားကျောင်းက မြင့်မြတ်နယ်မြေခြောက်ခုထဲမှာ အလွန်လျှို့ဝှက်ဆန်းကြယ်တဲ့ နေရာ တစ်ခုပဲ။ ခင်ဗျား မင်းသားဟီချင်နောက်ကို လိုက်နေတာ အံ့သြစရာ မရှိတော့ဘူး။ ခင်ဗျားက ချာရာရဲ့ သူလျှိုတစ်ယောက် ဖြစ်ရမယ်၊ ဟုတ်တယ် မဟုတ်လား….။ ဒါပေမယ့် ကျုပ်က ခင်ဗျားနဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေ မပြောချင်ဘူး။ ခင်ဗျား အဓိပ္ပာယ်မရှိတဲ့ စကားတွေ ပြောချင်တယ်ဆိုရင်၊ တပ်စခန်းကို ရောက်တဲ့အခါ ကျုပ် ခင်ဗျားကို စစ်ဆေးမေးမြန်းမယ်။ ခင်ဗျားပြောတာတွေ ကျုပ် မယုံဘူး။ စစ်တပ်ရဲ့ ထိပ်တန်းညှင်းဆဲမှု ဆယ်မျိုး ဖြစ်တဲ့ တုတ်ရိုက်နည်း၊ သစ်သားမြည်းစီးနည်း၊ ကျားခုံညှပ်နည်းစတဲ့ နည်းလမ်းတွေကို တစ်ခုချင်း ခင်ဗျား မြည်းစမ်းခိုင်းရလိမ့်မယ်။”

ဟုန်ယွိသည် အဓိပ္ပာယ်မရှိသည့် စကားတွေကို မပြောလိုပေ။ ရုတ်တရက် သူသည် အေးစက်စက် လေပြင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ သခင်ကျိုး၏ ခန္ဓာကိုယ်ကို သယ်ဆောင်ကာ တပ်စခန်းသို့ ပျံသန်းသွားသည်။

“သခင်ကျိုးက ဘယ်မှာ ပုန်းနေလဲ မသိဘူး…။ ဒီတစ်ကြိမ် ဟုန်ယွိက သူ့ကို ရှာတွေ့နိုင်မလား။ ရှာတွေ့ရင်ကော သူ့ကို အနိုင်ယူနိုင်မလား? ဘယ်လို လုပ်ရမလဲ?”

ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် သူ၏ ခန္ဓာကိုယ်မှ ထွက်ခွာသွားပြီး အေးစက်သော လေပြင်းအဖြစ် ပြောင်းလဲသွားသည့်အခါ၊ ဝမ်ဖေးရန်နှင့် အကြီးအကဲရှန်တို့သည် အချင်းချင်း မျက်နှာချင်းဆိုင်ကြည့်ရင်း ရလာဒ်ကို စောင့်မျှော်နေကြသည်။ သူတို့၏ နှလုံးသားထဲမှ စိုးရိမ်မှုများကို အားလုံး က မြင်တွေ့နိုင်သည်။

ထိုအခိုက်တန့်မှာပင်, ရုတ်တရက်၊ အေးစက်စက် လေပြင်းတစ်ခုက ခြံဝင်းအထက်ကောင်းကင်မှ တဟုန်ထိုး တိုက်ခတ်လာသည်။ ဘုန်း…။ အေးစက်စက် လေပြင်းထဲမှ လူတစ်ဦး ပြုတ်ကျလာသည်။

“သခင်ကျိုး!”

ဝမ်ဖေးရန်နှင့် အကြီးအကဲရှန်တို့သည် မြေပြင်ပေါ်သို့ ပြုတ်ကျလာသူကို မြင်လိုက်ရသည့်အခါ၊ အံ့အားသင့်စွာ အော်ဟစ်လိုက်ကြသည်။

ထိုအေးစက်စက် လေပြင်းသည် ၎င်း၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည် ဝင်ရောက်လာသည်နှင့်၊ ဟုန်ယွိသည် သူ့မျက်လုံးများကို ဖွင့်လိုက်ပြီး သခင်ကျိုး ကို ကြည့်လိုက်သည်။ ရုတ်တရက် သူ့နှလုံးသားထဲတွင် ခံစားချက်တစ်ခု ပေါ်ထွက်လာသည်။ “ငါတစ်ယောက်တည်းနဲ့ ခန္ဓာကိုယ်သိမ်းပိုက်ခြင်း အဆင့်မှာရှိတဲ့ တာအိုပညာရှင်သခင်တစ်ဦးကို အနိုင်ယူလိုက်ပြီ။ အခုကစပြီး ငါ တကယ်ပဲ သခင်တစ်ဦး ဖြစ်လာခဲ့ပြီ။ ဒီနေ့ကစပြီး၊ ငါဟုန်ယွိဟာ လူတိုင်းက အထင်သေးခဲ့ကြတဲ့ ပညာရှင်တစ်ယောက် မဟုတ်တော့ဘူး။ ငါဟာ တစ္ဆေအင်မော်တယ်အဆင့်နဲ့ နီးကပ်နေပြီး၊ တစ္ဆေအင်မော်တယ် အောက်မှာ ငါဟုန်ယွိက နံပါတ်တစ် တာအိုပညာရှင် ဆရာသခင်တစ်ဦးပဲ…..။”

All Chapters