ရက်စက်သော ကြားဝင်မှု
Vol. 90 Ch. 1268
ယန်ကျန့် ပေါ်လာတာက မျှော်လင့်ထားသလို မမျှော်လင့်ထားသလို ဖြစ်နေသည်။
စည်းကမ်းထိန်းသိမ်းရေး ခေါင်းဆောင် အနေနဲ့ ယန်ကျန့် ပေါ်လာမယ် ဆိုတာ လူတိုင်း သိကြပေမယ့် ဒီလောက် ကြီးကျယ်ခမ်းနားတဲ့ ပုံစံနဲ့ ရောက်လာမယ်လို့ မထင်ထားခဲ့သလို သူပြသလိုက်တဲ့ သဘာဝလွန် စွမ်းအားကလည်း လူတိုင်းရဲ့ မျှော်လင့်ထားတာထက် ကျော်လွန်နေသည်။
ဘာပဲဖြစ်ဖြစ် လူအများစု သိထားတာက တစ္ဆေမျက်လုံး ယန်ကျန့်ဟာ တစ္ဆေမျက်လုံး တစ်ခုတည်းနဲ့တင် ထင်ရှားတာလေ။ နောက်ပိုင်း အလောင်းကောင် သံချောင်း ရပြီးတော့ သဘာဝလွန် ဖြစ်ရပ်တွေကို ဖြေရှင်းဖို့ အဲဒါကိုပဲ အားကိုးခဲ့တာ။
တခြားအရာတွေနဲ့ ပတ်သက်ရင် သူက ထုတ်မပြတတ်ပေ။
ဒါပေမဲ့ လူတွေက တိုးတက်ပြောင်းလဲတတ်ပါတယ်။
ယန်ကျန့်က သိသာထင်ရှားတဲ့ တိုးတက်မှုတွေ ရရှိခဲ့ပြီး အခုချိန်မှာ သူ ဘယ်လောက်အထိ သဘာဝလွန် စွမ်းအားတွေ ပိုင်ဆိုင်ထားလဲ ဆိုတာ ဘယ်သူမှ အတိအကျ မသိကြပေ။ သိတာ တစ်ခုပဲ ရှိတယ်... သဘာဝလွန် လောကမှာ ဘယ်သူနဲ့ပဲ တိုက်တိုက် သူ နိုင်ခဲ့တာချည်းပဲ။ တစ်ခါမှ မရှုံးဖူးဘူး။ သဘာဝလွန် ဖိုရမ်က ရဲကျန့် ဆိုရင် လူမြင်ကွင်းမှာတင် အသေရိုက်ခံလိုက်ရပြီး ကမ္ဘာကျော် ပန်းချီကား တစ်ချပ် ဖြစ်သွားခဲ့ဖူးတယ်လေ။
"ယန်ကျန့်"
ဟယ်ယင်အာရဲ့ ဖြူဖပ်ဖြူရော် မျက်လုံးလုံးက ယန်ကျန့်ကို စိုက်ကြည့်လိုက်သည်။
"ရှင် ဒီကိစ္စကို ဝင်ပါချင်တာလား ဒါက ပုဂ္ဂိုလ်ရေး ရန်ငြိုး ရှင်က စည်းကမ်းထိန်းသိမ်းရေး ခေါင်းဆောင် ဖြစ်နေရင်တောင် ငါ့အဘိုးအတွက် လက်စားချေတာကို တားလို့ မရဘူး"
"လက်စားချေမယ် ဟုတ်လား ထိုက်ဖျင်မြို့ဟောင်း ဘုရားကျောင်းက အဘိုးကြီး အတွက်လား သူက သေသင့်လို့ သေတာ တစ္ဆေရေကန် ဖြစ်ရပ်ကို ကိုင်တွယ်နေတဲ့ ခေါင်းဆောင်တွေကို တိုက်ခိုက်ရဲတယ် ဆိုကတည်းက သူ သေသင့်နေပြီ လျိုစန်း မသတ်ရင်တောင် ငါကိုယ်တိုင် သွားပြီး စာရင်းရှင်းဦးမှာ ပြီးတော့ မင်းကို ဌာနချုပ် ဖိတ်တုန်းက ငါ သတိပေးခဲ့ပြီးပြီ ထိုက်ဖျင်မြို့ဟောင်းကို ပြန်လည် တည်ဆောက်ဖို့ မကြိုးစားနဲ့လို့"
ယန်ကျန့် အေးစက်စွာ ပြောလိုက်သည်။
"ဒီနေ့ မင်းက လျိုစန်းကို လက်စားချေဖို့ ဆုံးဖြတ်လိုက်ပြီ ဆိုရင်တော့ ငါ မင်းကို ဒီမှာတင် အပြတ်ရှင်းရလိမ့်မယ် ခေါင်းဆောင်သစ် ရွေးဖို့ ဌာနချုပ်ကို အဆင်သင့် ဖြစ်သွားအောင် လုပ်ပေးလိုက်သလို ဖြစ်သွားမှာပေါ့ ကိစ္စနှစ်ခု တစ်ပြိုင်တည်း ပြီးသွားတာပေါ့"
လီကျွင်း ချက်ချင်း ဝင်ပြောလိုက်သည်။
"ယန်ကျန့်... ငါတို့က ကြားဝင်စေ့စပ်ပေးရမှာလေ ဘက်လိုက်ရမှာ မဟုတ်ဘူး ဒီကိစ္စကို အေးအေးဆေးဆေး ဖြေရှင်းသင့်တယ်"
"လီကျွင်း... လူတိုင်းမှာ ကိုယ်ပိုင် ဖြေရှင်းနည်းတွေ ရှိကြတာပဲ ငါ့နည်းလမ်းက ရိုးရှင်းတယ်... ပြဿနာ ဖြစ်စေတဲ့ လူတွေကို ပျောက်ကွယ်သွားအောင် လုပ်ပစ်လိုက်တာပဲ ဒီလောကကြီးမှာ တစ္ဆေဆရာတွေ အများကြီး ရှိတယ် လူနည်းစုလောက် ပျောက်သွားတာ ကိစ္စမရှိဘူး လူတစ်ယောက်ကြောင့် အများထိခိုက်မယ့် အဖြစ်မျိုး အဖြစ်မခံနိုင်ဘူး"
ယန်ကျန့် ပြောရင်း ပြန်ကြည့်လိုက်သည်။
"ဟယ်ယင်အာ... မင်း ဘယ်လိုသဘောရလဲ"
" ငါ့ကို ပစ်မှတ်ထားနေတယ်လို့ ထင်တယ် ဒါပေမဲ့ ကိစ္စမရှိပါဘူး နှစ်ယောက် တစ်ယောက် တိုက်လည်း ငါ ခံနိုင်ပါတယ်"
ဟယ်ယင်အာ ပြန်ပြောလိုက်သည်။
သူမဘေးက လှုပ်ကုလားထိုင်ပေါ် ထိုင်ပြီး သစ်ကြားသီး ကစားနေတဲ့ အဘိုးကြီးက ပိုပြီး ထင်ရှားလာပြီး အခုဆို မတ်တတ်ရပ်နေပြီ ဖြစ်သည်။ သတ်ဖြတ်ဖို့ အဆင်သင့် ဖြစ်နေတဲ့ တစ္ဆေအကြမ်းစား တစ်ကောင်လိုပါပဲ။
ဒါပေမဲ့ ဝိညာဉ်တစ်ခု ဆင့်ခေါ်ရုံနဲ့ ယန်ကျန့်ရော လျိုစန်းကိုပါ တားနိုင်မယ်လို့ ဟယ်ယင်အာ မယုံကြည်ပေ။ သူမ လက်ကောက်ဝတ်က လက်ကိုင်ပုဝါအဟောင်းနဲ့ ရက်လုပ်ထားတဲ့ လက်ကောက်ကို စမ်းကြည့်လိုက်သည်။ သဘာဝလွန် ပစ္စည်း မဟုတ်ပေမယ့် ထိုက်ဖျင်မြို့ဟောင်းက နောက်ထပ် အဘိုးကြီး တစ်ယောက်ရဲ့ အမွေအနှစ် ဖြစ်သည်။
ဝိညာဉ် တစ်ခုနဲ့ မလုံလောက်ရင် နှစ်ခု ဆင့်ခေါ်လိုက်မယ်။
"ယုံကြည်မှု ရှိသားပဲ မင်းကို ကိုင်တွယ်ဖို့ ငါနဲ့ လျိုစန်း ပေါင်းတိုက်ဖို့ လိုမယ်လို့ မင်း ထင်နေတာလား အဲဒီလိုသာ လိုအပ်ရင် ဌာနချုပ်က ငါ့ကို စည်းကမ်းထိန်းသိမ်းရေး ခေါင်းဆောင် ခန့်မလား"
ယန်ကျန့်၏ မျက်လုံးများ အနည်းငယ် လှုပ်ရှားသွားပြီး နောက်တစ်ခဏတွင် သူ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
"သူ လာပြီ"
ဟယ်ယင်အာ ကြက်သီးထသွားပြီး ကြီးမားသော အန္တရာယ် တစ်ခု ကျရောက်လာတာကို ခံစားလိုက်ရသည်။ ဒါပေမဲ့ ဒီအချိန်မှာ သူမရဲ့ အမြင်အာရုံတွေ ဝေဝါးသွားပြီး ပတ်ဝန်းကျင် ဘာကိုမှ မမြင်ရတော့ဘဲ အနီရောင် ကမ္ဘာကြီး တစ်ခုတည်းကိုသာ မြင်တွေ့နေရသည်။
သူမ ခန္ဓာကိုယ် တောင့်တင်းသွားပြီး လှုပ်ရှားရ ခက်ခဲလာသည်။
အချိန် ရပ်တန့်သွားသလိုပါပဲ။
ဒါပေမဲ့ ဒီခဏတာလေးက အရမ်း တိုတောင်းပါတယ်။ သူမ ဝတ်ထားတဲ့ တစ္ဆေပုံတွေ ရိုက်နှိပ်ထားတဲ့ အဝတ်အစားတွေက အနည်းငယ် ဖောင်းပွလာပြီး ခန္ဓာကိုယ် တောင့်တင်းမှု ချက်ချင်း ပျောက်ကွယ်သွားကာ ပုံမှန် အခြေအနေကို လျင်မြန်စွာ ပြန်ရောက်သွားသည်။
တစ်စက္ကန့်၊ နှစ်စက္ကန့်လောက်ပဲ ကြာလိုက်တာ ဖြစ်မယ်။
ဒါပေမဲ့ နောက်တစ်ခဏတွင်...
ဟယ်ယင်အာ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားသည်။ ဘာလို့လဲဆိုတော့ သံချေးတက်နေတဲ့ ထင်းခုတ်ဓား တစ်ချောင်း သူမ ပခုံးပေါ်မှာ ဝဲနေတာကို တွေ့လိုက်ရလို့ပါ။ သူမကို မထိသေးပေမယ့် ဓားကနေ ထွက်ပေါ်နေတဲ့ အေးစက်မှုက သူမ ရင်ကို တုန်လှုပ်သွားစေသည်။ လက်မ အနည်းငယ်လောက် ရှေ့တိုးလိုက်တာနဲ့ သူမ ခေါင်းပြတ်သွားမှာ သေချာသည်။
"ဘာလို့ သူ့ကို မတားကြတာလဲ..."
သူမ ရင်ထဲမှာ ကြောက်ရွံ့မှုတွေ ဝင်ရောက်လာသည်။
ဒါပေမဲ့ အကြည့်ကို အနည်းငယ် လွှဲလိုက်တော့ သူမ ဆင့်ခေါ်ထားတဲ့ အဘိုးကြီးက နှစ်ပိုင်း ပြတ်နေတာကို တွေ့လိုက်ရသည်။ ပိုပြီး ထင်ရှားလာနေတဲ့ ပုံရိပ်က ပြန်လည် ဝေဝါးသွားပြီး နောက်ဆုံးမှာ မီးခိုးငွေ့ ဖြူဖြူလေးလို လေထဲ လွင့်ပါသွားသည်။
သူတို့ ယန်ကျန့်ကို မတားတာ မဟုတ်ဘူး။ မတားနိုင်ကြတာ။
"ဒီတစ်ချက်တည်းနဲ့ မင်းကို ခေါင်းဖြတ်ပစ်လို့ ရတယ် မင်းမှာ လှည့်ကွက်တွေ ရှိပေမယ့် ဘာတစ်ခုမှ ထုတ်သုံးခွင့် မရအောင် ငါ လုပ်နိုင်တယ် အခုရော နှစ်ယောက် တစ်ယောက် တိုက်ဖို့ ယုံကြည်ချက် ရှိသေးလား"
ယန်ကျန့် သူမဘေးမှာ ပေါ်လာပြီး အေးစက်တဲ့ အသံက သူမ နားထဲ ပဲ့တင်ထပ်နေသည်။
ဟယ်ယင်အာ မျက်နှာ ပျက်သွားသည်။ ယန်ကျန့်ရဲ့ တိုက်ခိုက်မှုကို သူမ မကာကွယ်နိုင်ဘူး ဆိုတာ ဝန်ခံရတော့မည်။
ဘာလို့လဲဆိုတော့ အရမ်း မြန်လွန်းလို့ပါ။
အရမ်း မြန်လွန်းလို့ ဝိညာဉ် မဆင့်ခေါ်နိုင်ခင်မှာတင် ခေါင်းပြတ်သွားနိုင်တယ်။ ကြိုတင် ပြင်ဆင်ပြီး ဝိညာဉ် တိုက်ရိုက် ဆင့်ခေါ်ထားရင်တော့ တစ်မျိုးပေါ့။
ဒါပေမဲ့ ဆင့်ခေါ်တာက အချိန်ကန့်သတ်ချက် ရှိတယ်လေ။ ကြိုတင် ပြင်ဆင်ထားပေမယ့် တစ်ဖက်လူက ထိပ်တိုက် မတိုက်ဘဲ အချိန်ဆွဲနေရင် ဆင့်ခေါ်ထားတာ အလကား ဖြစ်သွားမှာ။
သူမမှာ ကြောက်မက်ဖွယ် ဝိညာဉ်တွေ အများကြီး ဆင့်ခေါ်နိုင်တဲ့ စွမ်းရည် ရှိပေမယ့် ယန်ကျန့် ရှေ့မှာတော့ ထုတ်သုံးခွင့် မရှိဘူး ဖြစ်နေသည်။
"စကားမပြောတော့ဘူးလား ကြည့်ရတာ လက်တွေ့အခြေအနေကို သဘောပေါက်သွားပြီ ထင်တယ် ကောင်းပြီ... ငါ မင်းကို အခွင့်အရေး တစ်ကြိမ်ပဲ ပေးမယ် နောက်တစ်ခါ ဆိုရင်တော့ ငါ ညှာတာနေမှာ မဟုတ်ဘူး တိုက်ရိုက် ခေါင်းဖြတ်ပစ်မယ် မင်းနဲ့ လျိုစန်းကြားက ပဋိပက္ခကို ငါ ဂရုမစိုက်ဘူး ဒါပေမဲ့ ငါရှိနေသရွေ့ မင်း စည်းစောင့်ပါ"
".. မင်း မကျေနပ်ရင် အချိန်မရွေး ငါ့ကို စိန်ခေါ်လို့ ရတယ် မင်း ငါ့ကို အနိုင်ယူနိုင်ရင် နောက်နောင် မင်း ကြိုက်တာ လုပ်လို့ ရတယ် ငါပြောတာ ကြားလား"
ဟယ်ယင်အာ မျက်နှာက ကြည့်ရဆိုးနေပြီး နှုတ်ခမ်းကို တင်းတင်းစေ့ကာ ဘာမှ ပြန်မပြောပေ။
"ဖြေလေ"
ယန်ကျန့် အေးစက်စွာ ပြောလိုက်သည်။
"နားလည်ပါပြီ"
ဟယ်ယင်အာ အသက်ပြင်းပြင်း ရှူပြီး အတွင်းစိတ်က ဒေါသတွေကို ဖိနှိပ်ကာ အရှုံးပေးလိုက်သည်။
အခြေအနေက သူမ စွမ်းဆောင်နိုင်ရည်ထက် ကျော်လွန်နေပြီ။ ယန်ကျန့်ကို မနိုင်နိုင်မှန်း သိတော့ အရှုံးပေးရုံကလွဲပြီး တခြား ရွေးချယ်စရာ မရှိတော့ပေ။ ပြောစရာ စကားလည်း မရှိတော့ပေ။
အခု ခေါင်းမာပြီး ဆက်တိုက်ရင် ယန်ကျန့် သူမကို သတ်ပစ်မှာ သေချာသည်။
သူမက နောက်ဆုံး လက်ကျန် ဝိညာဉ်ဆင့်ခေါ်သူလေ…….. ထိုက်ဖျင်မြို့ဟောင်း ပြန်လည် တည်ဆောက်ရေးရဲ့ မျှော်လင့်ချက်……. လမ်းတစ်ဝက်မှာ သေဆုံးသွားလို့ မဖြစ်ဘူး။
"ကောင်းပြီ"
ယန်ကျန့် အက်ကွဲနေတဲ့ လှံရှည်ကို ဖြည်းဖြည်းချင်း ပြန်ရုပ်သိမ်းလိုက်သည်။ ဟယ်ယင်အာ ဘေးက ရေထဲမှာ ထင်ဟပ်နေတဲ့ တစ္ဆေခွေးဆိုးကြီးလည်း နောက်ဆုတ်သွားသည်။
"စောစောက တစ္ဆေခွေးဆိုးကြီးလည်း တိုက်ခိုက်နေတာလား"
ဟယ်ယင်အာ ရေပြင်ကို ကြောက်လန့်တကြား ကြည့်လိုက်သည်။ အန္တရာယ်က သူမလည်ပင်းပေါ်က လှံရှည်တင် မကဘဲ ရေထဲက တစ္ဆေခွေးဆိုးကြီးလည်း ပါဝင်နေမှန်း သဘောပေါက်လိုက်သည်။
လျိုစန်း ဟယ်ယင်အာ အရှုံးပေးလိုက်တာ မြင်တော့ ပြုံးလိုက်သည်။
ယန်ကျန့် သူ့ကို ကူညီတာက သဘာဝကျပါတယ်။ ဟယ်ယင်အာက အခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်ဘဲ ပုဂ္ဂိုလ်ရေး ရန်ငြိုးကို လက်စားချေဖို့ ကြိုးစားနေတာလေ။ ဒါက ခွင့်မပြုနိုင်တဲ့ ကိစ္စပါ။ သူမ အဘိုးက သူ့လက်ချက်နဲ့ သေသွားပေမယ့် သူမ အဘိုး လုပ်ခဲ့တာတွေကို သူမ နားလည်သင့်တယ်။ အဲဒီတုန်းက အဘိုးကြီးက သူ့ကို တိုက်ခိုက်တာတင် မကဘဲ ယန်ကျန့်ကိုပါ တိုက်ခိုက်ခဲ့တာ။
အဲဒီတုန်းက ယန်ကျန့်က သူ့ထက်တောင် အဘိုးကြီးကို သတ်ချင်နေခဲ့တာ။
"လျိုစန်း... ဟိုမှာ ပြုံးစိစိ လုပ်မနေနဲ့ ထိုက်ဖျင်မြို့ဟောင်း ကိစ္စ ပြီးသွားပြီ ဟယ်ယင်အာက ရန်စတာ မှားပေမယ့် မင်းကလည်း ချက်ချင်း လက်ခံလိုက်တာပဲ မင်းကရော သူ့အပေါ် အငြိုးအတေး ရှိနေလို့လား"
ယန်ကျန့် လျိုစန်းဘက် လှည့်ပြီး ပြောလိုက်သည်။
လျိုစန်း ပြုံးလိုက်သည်။
"ငါ့မှာ ရွေးချယ်စရာ မရှိဘူးလေ သူက ငါ့ကို စိန်ခေါ်နေတာကို လက်မခံရင် သိက္ခာကျစရာကြီး ပြီးတော့ သူက ငါ့ကို အသေအကြေ တိုက်ချင်နေတဲ့ပုံပဲ ဆိုတော့ ငါလည်း တစ်ခါတည်း အပြတ်ရှင်းဖို့ ဆုံးဖြတ်လိုက်တာပါ"
"မင်း ခေါင်းဆောင် တစ်ယောက်ကို သတ်လိုက်ရင် ငါ မင်းနဲ့ စာရင်းရှင်းရလိမ့်မယ် သူ မင်းကို လက်စားမချေအောင် ငါ တားပေးမယ် နောက်နောင် အလားတူ အခြေအနေမျိုး ဖြစ်လာရင် ငါ့ကို ဖုန်းဆက်လိုက်"
ယန်ကျန့် အေးစက်စွာ ပြောလိုက်သည်။
"ကောင်းတာပေါ့ မင်း အဲဒီလို ပြောမှတော့ ငါ စိတ်အေးရပြီ ငါ သူ့ကို ဒုက္ခမပေးပါဘူးလို့ ကတိပေးတယ်"
လျိုစန်း ချက်ချင်း သဘောတူလိုက်သည်။
"ကောင်းပြီ... ဒါဆို ဒီကိစ္စ ဒီမှာတင် ရပ်လိုက်ကြစို့ မွန်းလွဲပိုင်း အစည်းအဝေးကို အစီအစဉ်အတိုင်း ဆက်လုပ်မယ် မင်းတို့မှာ ကန့်ကွက်စရာ မရှိဘူးလို့ ယူဆတယ်"
"ကန့်ကွက်စရာ မရှိပါဘူး"
ဟယ်ယင်အာ မကျေမနပ် ပြောလိုက်သည်။
ယန်ကျန့် ဘာမှ ထပ်မပြောတော့ဘဲ လှည့်ထွက်သွားသည်။
သူ ထွက်သွားတာနဲ့ မြေကြီးပေါ်က ရေတွေ လျင်မြန်စွာ ပြန်လည် စီးဆင်းသွားပြီး သွေးရောင် ကောင်းကင်ကြီးလည်း လျင်မြန်စွာ မှိန်ဖျော့သွားကာ မူလ အပြာရောင် ကောင်းကင်နဲ့ တိမ်ဖြူဖြူတွေ ပြန်ပေါ်လာသည်။ သဘာဝလွန် ဖြစ်ရပ်တွေ အားလုံး လျင်မြန်စွာ ပျောက်ကွယ်သွားပြီး အရာအားလုံး မူလ အခြေအနေအတိုင်း ပြန်ရောက်သွားသည်။
ပတ်ဝန်းကျင်မှာ ဘာမှ မပြောင်းလဲသွားဘူး။ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက ထင်ယောင်ထင်မှား တစ်ခုလို ဖြစ်ကျန်ရစ်သည်။
"ပြီးသွားပြီ... တိုက်ပွဲ မဖြစ်တော့ဘူး"
လီကျွင်း သက်ပြင်းချပြီး ပြောလိုက်သည်။
ယန်ကျန့်က ပဋိပက္ခကို ဒီလောက် ပြင်းထန်တဲ့ နည်းလမ်းနဲ့ ရပ်တန့်ပစ်လိုက်မယ်လို့ ထင်မထားခဲ့ဘူး။ တကယ့်ကို သူ့စတိုင်ပါပဲ။
"ခေါင်းဆောင် အချင်းချင်းတောင် ကွာခြားချက် ရှိတာပဲ"
ချောင်ယန် ခါးသီးစွာ ပြုံးလိုက်သည်။
ယန်ကျန့်က တခြား ခေါင်းဆောင်တွေထက် ပိုသန်မာမှန်း သူ သိပေမယ့် ကွာဟချက်က ဒီလောက်ထိ ကြီးမားနေလိမ့်မယ်လို့ ထင်မထားခဲ့ပေ။
ယန်ကျန့်သာ အတည်ပေါက် လုပ်လိုက်ရင် ခေါင်းဆောင် တစ်ယောက်ကို တစ်ချက်တည်းနဲ့ ဖြုတ်ချနိုင်မယ့်ပုံ ပေါက်နေသည်။