← Chapters

ပေါ်ထွက်လာသော လူသတ်သမား

Vol. 91 Ch. 1271

ပေါ်ထွက်လာသော လူသတ်သမား

Vol. 91 Ch. 1271

"ဂျိမ်း"

နားကွဲမတတ် မိုးခြိမ်းသံကြီး ကောင်းကင်ယံမှာ ပဲ့တင်ထပ်သွားသည်။ မြို့ပေါ်မှာ မိုးတိမ်မည်းတွေ အုပ်ဆိုင်းနေပြီး လျှပ်စီးတွေ လက်နေသည်။

မကြာမီ မိုးသည်းထန်စွာ ရွာသွန်းတော့မည်။

ဒါပေမဲ့ ဒီမြို့ရဲ့ ထောင့်တစ်နေရာမှာတော့ မိုးတိမ်မည်းတွေ ဖုံးလွှမ်းလို့ မရတဲ့၊ လျှပ်စီးတွေတောင် မဖြတ်ကျော်နိုင်တဲ့ နေရာတစ်ခု ရှိနေသည်။ အဝေးကနေ လှမ်းကြည့်ရင် မွန်းကျပ်နေတဲ့ မိုးတိမ်တိုက် တစ်နေရာကို တစ်စုံတစ်ရာက ဆွဲဖဲ့လိုက်သလို ဖြစ်နေသည်။

အဲဒီ ဆွဲဖဲ့လိုက်တဲ့ နေရာကနေတဆင့် တောက်ပတဲ့ နေရောင်ခြည်တွေ ဖြာကျလာပြီး သတ်မှတ်ထားတဲ့ နေရာတစ်ခုကို အတိအကျ လွှမ်းခြုံထားသည်။

အဲဒီနေရာကတော့ ခေါင်းဆောင် အစည်းအဝေး ကျင်းပနေတဲ့ ဌာနချုပ်ပဲ ဖြစ်သည်။

နေရောင်ခြည်အောက်မှာ...

အစည်းအဝေး စားပွဲဝိုင်းကြီးကို အပြင်ဘက် ကွင်းပြင်မှာ ချထားသည်။ စုစုပေါင်း ထိုင်ခုံ ၁၃ လုံး ရှိသည်။ တစ်လုံးကတော့ လစ်လပ်နေပြီး ကျန် ၁၂ လုံးမှာတော့ တစ္ဆေဆရာ ဌာနချုပ်ရဲ့ လက်ထောက်ဝန်ကြီးနဲ့ ခေါင်းဆောင် ၁၁ ယောက် နေရာယူထားကြသည်။

စားပွဲဝိုင်း ဘေးမှာတော့ ခေါင်းဆောင် ကိုယ်စားလှယ်လောင်းတွေ အတွက် ထိုင်ခုံတန်းတွေ စီထားသည်။

ဒီအချိန်မှာ ခေါင်းဆောင် အစည်းအဝေး စတင်နေပြီ ဖြစ်သည်။

"ခေါင်းဆောင် အစည်းအဝေးရဲ့ ပထမဆုံး အစီအစဉ်က သေဆုံးမှု အကြောင်းကြားစာ ပါ"

ချောင်ယန်ဟွာ လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

"မြို့တာဝန်ခံ ဂေါင်းမင် သေဆုံးမှု အကြောင်းပါ လွန်ခဲ့တဲ့ ရက်ပိုင်းက ဂေါင်းမင် ကင်းလှည့်နေတုန်း လျှို့ဝှက်ဆန်းကြယ်တဲ့ တစ္ဆေဆရာ တစ်ယောက်ရဲ့ သတ်ဖြတ်ခြင်း ခံလိုက်ရတယ် သက်ဆိုင်ရာ စာရွက်စာတမ်းတွေကို ခင်ဗျားတို့ရှေ့မှာ ချထားပေးပါတယ် သေချာ ကြည့်ရှုပေးကြပါ"

တခြားသူတွေက သူတို့ရှေ့က ဖိုင်တွေကို ကောက်ယူကြည့်ရှုလိုက်ကြသည်။

အစီရင်ခံစာထဲမှာ စာသားတွေနဲ့ ဖော်ပြထားသလို အခင်းဖြစ်ပွားရာ နေရာက ဓာတ်ပုံတွေလည်း ပါဝင်သည်။

ဂေါင်းမင် ခေါင်းဖြတ်ခံရပြီး အလောင်းကောင် မြေပြင်ပေါ် လဲကျနေတဲ့ မြင်ကွင်းကို အားလုံး မြင်တွေ့လိုက်ရသည်။

"သဘာဝလွန် လောကမှာ တစ္ဆေဆရာတွေက တာဝန်ခံတွေကို တိုက်ခိုက်တာ မဆန်းပါဘူး ဒါပေမဲ့ ဌာနချုပ်ရဲ့ နှာခေါင်းအောက်မှာ လူသတ်ရဲတယ် ဆိုတာကတော့ ဒါ ပထမဆုံး အကြိမ်ပဲ"

"ဒါကြောင့် ဌာနချုပ်ရဲ့ အဓိက တောင်းဆိုချက်က လူသတ်ကောင်ကို ရှာဖွေဖော်ထုတ်ပြီး ရှင်းပစ်ဖို့ပဲ ဒီလို ဥပဒေမဲ့တဲ့ တစ္ဆေဆရာမျိုးကို ဒီလောကထဲ ဆက်ရှိနေခွင့် ပေးလို့ မဖြစ်ဘူး"

ချောင်ယန်ဟွာ ပြတ်သားစွာ ပြောလိုက်သည်။ ဒီကိစ္စကို ထိပ်တန်း ဦးစားပေး အနေနဲ့ သတ်မှတ်ထားသည်။

"ဒီမြို့ထဲမှာ တာဝန်ခံ တစ်ယောက်ကို လုပ်ကြံရဲတယ် ဆိုကတည်းက အရူး မဟုတ်ရင် စွမ်းရည်မြင့်တဲ့သူပဲ ဖြစ်ရမယ် ပြီးတော့ ဌာနချုပ်က ခေါင်းဆောင်တွေကိုလည်း ဂရုမစိုက်ဘူး ဆိုတာ သိသာတယ် သေချာပေါက် အန္တရာယ်ရှိတဲ့ ဖြစ်တည်မှု တစ်ခုပဲ ဝိုင်းဝန်းပြီး ရှင်းထုတ်နိုင်ရင် အကောင်းဆုံးပဲ ဘာပဲဖြစ်ဖြစ် လူသတ်ကောင်က ဂေါင်းမင်ကို လက်စားချေဖို့ သတ်တာလား ဒါမှမဟုတ် ဌာနချုပ် တာဝန်ခံတွေကို တမင် ရည်ရွယ်ပြီး သတ်တာလား ဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ"

ဝမ်ချာလင်း မျက်မှန်တပ်ပြီး ပထမဆုံး ဝင်ပြောလိုက်သည်။

"တကယ်လို့ ဒုတိယ အချက် ဆိုရင်တော့ မြို့အသီးသီးက တာဝန်ခံတွေ အန္တရာယ် ရှိလာနိုင်သလို ခေါင်းဆောင်တွေလည်း လက်စားချေမယ့် အထဲ ပါဝင်လာနိုင်တယ် သဘာဝလွန် လောက က ကျယ်ပြောတယ် လူထုကြားထဲမှာ တစ္ဆေဆရာတွေ အများကြီး ရှိတယ် လူ့ဘောင်အဖွဲ့အစည်းကို ဆန့်ကျင်တဲ့ တစ္ဆေဆရာ တချို့ ရှိနေတာက ပုံမှန်ပါပဲ အားလုံး ဘယ်လိုထင်လဲ"

လီကျွင်းက ပြောလိုက်သည်။

"ဒီကိစ္စကို ဆွေးနွေးနေစရာ မလိုပါဘူး လက်ထောက်ဝန်ကြီး ပြောသလိုပဲ လူသတ်ကောင်ကို ရှာပြီး ရှင်းပစ်ရုံပဲ ရိုးရှင်းတယ် ဒါပေမဲ့ အရင်တုန်းက ယန်ကျန့်နဲ့ အတူတူ အခင်းဖြစ်ပွားတဲ့ နေရာကို သွားစစ်ဆေးခဲ့ဖူးတယ် ယန်ကျန့်က နည်းလမ်းတချို့ သုံးပြီး လူသတ်ကောင်ရဲ့ သဲလွန်စကို ရှာတွေ့ခဲ့သလို သဘာဝလွန် ထိပ်တိုက်တွေ့ဆုံမှု တစ်ခုလည်း ဖြစ်ခဲ့ဖူးတယ်"

"ရလဒ်က ဘယ်လိုလဲ"

လျိုစန်း စိတ်ဝင်တစား မေးလိုက်သည်။

လီကျွင်း ယန်ကျန့်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

"သရေကျသွားတယ်"

"ဟ... ယန်ကျန့်နဲ့ ယှဉ်နိုင်တယ် ဆိုတော့ တကယ့် ကျွမ်းကျင်သူပဲ"

ကျိုးဒန် အံ့သြတကြီး မျက်လုံးပြူးသွားသည်။

ယန်ကျန့် ဝင်ပြောလိုက်သည်။

"တိတိကျကျ ပြောရရင် သရေကျတာ မဟုတ်ဘူး ငါက နည်းနည်း အားနည်းခဲ့တာ ကံဆိုးတာက အဲဒီလူရဲ့ ပုံပန်းသဏ္ဍာန်ကို ငါ မမြင်လိုက်ရဘူး ယောကျ်ား တစ်ယောက် ဆိုတာရယ်၊ အရပ် ၁၈၀ စင်တီမီတာလောက် ရှိမယ် ဆိုတာရယ်... ပြီးတော့ ခေတ်လူနဲ့ မတူဘဲ ရှေးခေတ်လူတစ်ယောက်နဲ့ တူတယ် ဆိုတာရယ်ပဲ သိရတယ်"

"အဖိုးကြီးချင်လိုမျိုး တရုတ်သမ္မတနိုင်ငံခေတ်က လက်ကျန် ပုဂ္ဂိုလ်မျိုးလား"

ချောင်ယန် မေးလိုက်သည်။

"ရုပ်ရည်ကတော့ မအိုဘူး လက်တွေမှာ အရေးအကြောင်း မရှိဘူး အသက် ၃၀ လောက်ပဲ ရှိဦးမယ် ထင်ရတယ် ဒါပေမဲ့ သဘာဝလွန် စွမ်းအားနဲ့ ရုပ်ရည်ကို ထိန်းသိမ်းထားတာက မခက်ခဲဘူး ငါ ထင်တာတော့ လူသတ်ကောင်က တစ္ဆေပန်းချီကားကို ပစ်မှတ်ထားတာ ဂေါင်းမင်က ကံဆိုးပြီး ကင်းလှည့်ရင်း ဖိန်အန်းမျှော်စင် နားက ဖြတ်သွားမိလို့ အသတ်ခံလိုက်ရတာ"

ဟယ်ယင်အာ ဝင်ပြောလိုက်သည်။

"တာဝန်ခံ တစ်ယောက်ကို လမ်းကြုံ သတ်သွားတယ် ဟုတ်လား ငါ မယုံဘူး လက်ထောက်ဝန်ကြီး... ဂေါင်းမင် အသက်ရှင်တုန်းက သုံးခဲ့တဲ့ ပစ္စည်း တစ်ခုခု ရှာပေးပါ ငါ သူ့ဝိညာဉ်ကို ဆင့်ခေါ်ပြီး ကိုယ်တိုင် မေးကြည့်မယ် ဒါဆိုရင် ကိစ္စ အမြန် ပြီးသွားလိမ့်မယ်"

"ဟေ... အဲဒါ ဖြစ်နိုင်လို့လား"

ကျိုးဒန် ထပ်ပြီး အံ့သြသွားပြန်သည်။

သေတာ ရက်အတော်ကြာနေပြီ ဖြစ်တဲ့ လူတစ်ယောက်ရဲ့ ဝိညာဉ်ကို ဆင့်ခေါ်လို့ ရတယ်တဲ့လား။ မယုံနိုင်စရာပဲ။

တခြား ခေါင်းဆောင်တွေလည်း ဟယ်ယင်အာကို အံ့သြတကြီး ကြည့်နေကြသည်။ သူမရဲ့ သဘာဝလွန် စွမ်းအားက ဒီလိုမျိုး ဖြစ်နေလိမ့်မယ်လို့ ထင်မထားခဲ့ကြပေ။

ချောင်ယန်ဟွာ ချက်ချင်း ပြောလိုက်သည်။

"ကောင်းပြီ... ဂေါင်းမင် အသက်ရှင်တုန်းက သုံးခဲ့တဲ့ ပစ္စည်း တစ်ခုခု ချက်ချင်း ယူလာခိုင်းလိုက်မယ်"

ပြီးတော့ သူ လက်အောက်ငယ်သားတွေကို ချက်ချင်း စီစဉ်ခိုင်းလိုက်သည်။

"အများဆုံး မိနစ် ၂၀ ပဲ စောင့်ပါ ပစ္စည်း ရောက်လာပါလိမ့်မယ်"

စီစဉ်ပြီးတာနဲ့ ချောင်ယန်ဟွာ ပြောလိုက်သည်။

ယန်ကျန့်က လက်ကာပြလိုက်သည်။

"မလိုပါဘူး မိနစ် ၂၀ ဆိုတာ ကြာလွန်းတယ် ငါ လုပ်လိုက်မယ်"

ပြောပြီးတာနဲ့ သူ့တစ္ဆေမျက်လုံးတွေ ပွင့်လာသည်။

တစ္ဆေနယ်မြေက မြို့ထဲကို ချက်ချင်း ဖြန့်ကျက်သွားပြီး မကြာခင်မှာပဲ ဂေါင်းမင် အသုံးပြုခဲ့ဖူးတဲ့ ပစ္စည်းတချို့ အစည်းအဝေး စားပွဲဝိုင်း ဘေးမှာ ပေါ်လာသည်။

မသေခင် ဝတ်ခဲ့တဲ့ သားရေဂျာကင်၊ အမြဲတပ်လေ့ရှိတဲ့ နေကာမျက်မှန်၊ ပြီးတော့ အခင်းဖြစ်ပွားတဲ့ နေ့က စီးခဲ့တဲ့ ဆိုင်ကယ်။

"ဒီပစ္စည်း သုံးခုဆို လုံလောက်ပြီလား"

ယန်ကျန့် မေးလိုက်သည်။

ဟယ်ယင်အာ ကြည့်လိုက်ပြီး ပြောလိုက်သည်။

"သုံးခုဆို လုံလောက်ပါပြီ"

ပြီးတော့ သူမ မတ်တတ်ရပ်ပြီး ဆိုင်ကယ်ဆီ လျှောက်သွားကာ အနက်ရောင် နေကာမျက်မှန်ကို ကောက်ယူလိုက်သည်။

"ဆင့်ခေါ်ထားတဲ့ ဝိညာဉ်က အချိန်ကန့်သတ်ချက် ရှိတယ် မေးစရာ ရှိရင် မြန်မြန်မေးတာ ကောင်းမယ်"

စကားပြောရင်းနဲ့ သူမလက်ထဲက နေကာမျက်မှန်ကို အေးစက်တဲ့ အငွေ့အသက်တွေ လွှမ်းခြုံသွားသည်။

သဘာဝလွန် စွမ်းအား ထွက်ပေါ်လာတာနဲ့အမျှ ဟယ်ယင်အာ ဘေးမှာ ပုံရိပ်တစ်ခု တဖြည်းဖြည်း ပေါ်လာသည်။

အစပိုင်းမှာ ဝေဝါးနေပေမယ့် အချိန်ကြာလာတာနဲ့အမျှ ပိုပြီး ပြတ်သားလာကာ နောက်ဆုံးမှာ သက်ရှိလူသား တစ်ယောက်လို ဖြစ်လာသည်။

ဂေါင်းမင် ပြန်ပေါ်လာပြီ။

"သူက တစ္ဆေ ပြန်လည်နိုးထလို့ သေတာ မဟုတ်ဘဲ လူသတ်ခံရလို့ သေတာ ဆိုတော့ အသက်ရှင်စဉ်က အသိစိတ် တော်တော်များများကို ထိန်းသိမ်းထားနိုင်တယ် တစ္ဆေ ပြန်လည်နိုးထလို့ သေတာ ဆိုရင်တော့ အသိစိတ် ဘယ်လောက် ကျန်မလဲ မသေချာဘူး"

ဟယ်ယင်အာ ရှင်းပြလိုက်သည်။

ဝိညာဉ်ဆင့်ခေါ်သူ ဆင့်ခေါ်လိုက်တဲ့ ဝိညာဉ်ရဲ့ အခြေအနေက ပုံသေ မဟုတ်ဘူး။

တခါတလေ ထိန်းချုပ်မှု လွတ်သွားတာမျိုးတွေလည်း ရှိတတ်သည်။

"ဂေါင်းမင်... ငါ ပြောတာ ကြားလား"

ချောင်ယန်ဟွာ ဒီလို ထူးဆန်းတဲ့ အခြေအနေနဲ့ ကြုံရပေမယ့် မကြောက်ဘဲ အချိန်ကို အသုံးချပြီး မေးခွန်းမေးလိုက်သည်။

ဟယ်ယင်အာ ဆင့်ခေါ်ထားတဲ့ ဂေါင်းမင်က ထုံထိုင်းနေပြီး လက်ရှိ အခြေအနေကို လက်မခံနိုင်သေးသလို မတ်တတ်ရပ်နေသည်။

"ငါ သေသွားပြီလား"

ဒီအချိန်မှာ ဂေါင်းမင် စကားပြောလာသည်။ တကယ် ပြန်ရှင်လာသလိုပါပဲ။

တကယ်တမ်းကျတော့ ဟယ်ယင်အာ သိပါတယ်... ဂေါင်းမင် ပြန်ရှင်လာတာ မဟုတ်ပါဘူး။ မသေခင်က အသိစိတ် ခဏတာ ပြန်ရောက်လာတာပါ။ အချိန်ပြည့်သွားရင် အရာအားလုံး မီးခိုးငွေ့လို ပျောက်ကွယ်သွားမှာပါ။

"မင်း သေသွားပြီ လက်ရှိ အခြေအနေမှာ မင်း အကြာကြီး နေလို့ မရဘူး ငါတို့က အထူး နည်းလမ်း တစ်ခု သုံးပြီး မင်းကို ယာယီ ပြန်ရှင်အောင် လုပ်ထားတာ အခု မင်းဆီကနေ မင်းသေဆုံးမှု အမှန်တရားကို သိချင်တယ် အဲဒီနေ့တုန်းက မင်းကို ဘယ်သူ သတ်လိုက်တာလဲ"

ယန်ကျန့် စကားအများကြီး မပြောဘဲ အခြေအနေကို အမြန် ရှင်းပြပြီး မေးခွန်းမေးလိုက်သည်။

ဝိညာဉ်အခြေအနေနဲ့ ဂေါင်းမင်က လှမ်းကြည့်လိုက်သည်။

"ယန်ကျန့်လား ဒါကြောင့်ကိုး... အဲဒီလို ဖြစ်သွားတာကိုး... ငါ ဘယ်လို သေလဲ သိချင်တာလား"

"ငါ အသတ်ခံလိုက်ရတာ အဲဒီနေ့က ငါ ဆိုင်ကယ်နဲ့ မြို့ထဲ ကင်းလှည့်နေတုန်း ငါ့မျက်လုံးအိမ်ထဲမှာ သဘာဝလွန် ပုံရိပ်တစ်ခု ထင်ဟပ်လာတယ် အဲဒီ ပုံရိပ်က တစ္ဆေပန်းချီကားကို ပိတ်လှောင်ထားတဲ့ ဖိန်အန်းမျှော်စင်ဆီ ဦးတည်သွားနေတာ ဒါပေမဲ့ ငါ သူ့ကို သေချာ မြင်လိုက်ရတဲ့ အချိန်မှာပဲ တစ်စုံတစ်ရာက ငါ့ခေါင်းကို ဖြတ်ချလိုက်တယ်"

ဂေါင်းမင် စဉ်းစားခန်း ဝင်သွားသည်။ သူ့မျက်နှာထားက တစ်ခါတလေ နာကျင်နေသလို၊ တစ်ခါတလေ ကြောက်စရာ ကောင်းသလို တွန့်လိမ်နေသည်။

"သူ ဘာဖြစ်နေတာလဲ"

ချောင်ယန်ဟွာ အမြန် မေးလိုက်သည်။

ဟယ်ယင်အာ ခံစားချက်မပါဘဲ ပြန်ဖြေလိုက်သည်။

"တစ္ဆေဆိုတာ သက်ရှိ မဟုတ်ဘူးလေ သူက အမွေအနှစ် ပစ္စည်းကို ကြားခံနယ် အနေနဲ့ သုံးပြီး သေဆုံးသူရဲ့ အသက်ရှင်စဉ် အခိုက်အတန့်နဲ့ ချိတ်ဆက်ကာ သဘာဝလွန် စွမ်းအားကနေတဆင့် အခုလို ပေါ်လာတာ ဒါ ပြန်ရှင်လာတာ မဟုတ်ဘူး ဒါကြောင့် ရှင်တို့ရှေ့က ဂေါင်းမင်က ရှင်တို့သိတဲ့ ဂေါင်းမင် မဟုတ်တော့ဘူး သူ့ကို အရမ်း ရှုပ်ထွေးအောင် တွေးခိုင်းရင် သူ့အတွင်းထဲမှာ ပြောင်းလဲမှု တစ်ခုခု ဖြစ်လာလိမ့်မယ်"

သူမကိုယ်တိုင်တောင် လက်ရှိ အခြေအနေကို အပြည့်အစုံ မရှင်းပြနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ဝိညာဉ်ဆင့်ခေါ်သူတွေ ဆင့်ခေါ်လိုက်တဲ့ ဝိညာဉ်တွေက နားလည်ရခက်တဲ့ ဖြစ်တည်မှုတွေမို့လို့ပါ။

ဒီအချိန်မှာ ယန်ကျန့် ချောင်ယန်ဟွာကို လက်ကာပြပြီး ဝင်မပြောဖို့ တားလိုက်သည်။

"လူသတ်ကောင်ရဲ့ ပုံတူကို ချန်ထားခဲ့ပါ မင်း ငြိမ်းချမ်းစွာ အနားယူလို့ ရပြီ ကျန်တာ ငါတို့ ဆက်လုပ်ပါ့မယ် မင်းအတွက် ငါတို့ လက်စားချေပေးပါ့မယ်"

"ယန်... ယန်ကျန့်"

ဂေါင်းမင် မျက်နှာ ကြောက်စရာ ကောင်းလာသည်။ တစ္ဆေ ပြန်လည်နိုးထလာသလိုမျိုး ဖြစ်နေသည်။ ဒါပေမဲ့ သူ လျင်မြန်စွာ ပြန်ငြိမ်သက်သွားသည်။ ငြိမ်သက်သွားချိန်မှာ သူ့ရဲ့ ဟောက်ပက် မျက်လုံးအိမ်တွေက ရှေ့က အစည်းအဝေး စားပွဲဝိုင်းကို စိုက်ကြည့်လိုက်သည်။

စားပွဲဝိုင်းပေါ်မှာ သဘာဝလွန် ဖြစ်ရပ်တစ်ခု ပေါ်လာသည်။ တိုက်စားခံရတဲ့ အရာတွေ ပေါ်လာပြီး အဲဒီ အရာတွေက ပုံတူတစ်ခု အဖြစ် ပြောင်းလဲသွားသည်။

ဒါက လူသတ်ကောင်ရဲ့ ပုံတူ ဖြစ်သည်။

"အား..."

အဲဒါတွေ လုပ်ပြီးတာနဲ့ ဂေါင်းမင် အော်ဟစ်လိုက်သည်။ မျက်နှာ တွန့်လိမ်သွားပြီး တစ္ဆေဆိုး တစ်ကောင်လို ဟယ်ယင်အာဆီ ခုန်အုပ်လိုက်သည်။

"တစ္ဆေရဲ့ တန်ပြန်သက်ရောက်မှုလား တကယ်ပါပဲ... သက်ရှိရဲ့ အသိစိတ် မြင့်မားလေ ထိန်းချုပ်ရ ခက်ခဲလေပဲ"

ဟယ်ယင်အာ ဘာခံစားချက်မှ မပြဘဲ လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ပြီး ကြားခံနယ်နဲ့ အဆက်အသွယ် ဖြတ်လိုက်သည်။

ချက်ချင်းပင်...ဂေါင်းမင်က ဟယ်ယင်အာကို မထိခင်မှာပဲ လေထဲမှာတင် ပျောက်ကွယ်သွားသည်။ တချိန်တည်းမှာပဲ ဟယ်ယင်အာ လက်ထဲက နေကာမျက်မှန်လည်း အမှုန့်ကြေသွားသည်။

အမွေအနှစ် ပစ္စည်း ပျက်စီးသွားရင် ဝိညာဉ်လည်း ပျောက်ကွယ်သွားသည်။

ဒါက ဝိညာဉ်ဆင့်ခေါ်ခြင်း ပြီးဆုံးသွားပြီ ဆိုတာ ပြသနေသည်။

ဂေါင်းမင် ပျောက်ကွယ်သွားပေမယ့် အရေးကြီးတဲ့ သဲလွန်စ တစ်ခု ချန်ထားခဲ့သည်။

"စားပွဲပေါ်က ပုံတူက လူသတ်ကောင် ဖြစ်လောက်တယ် ဒါပေမဲ့ ငါ ဒီလူကို မမြင်ဖူးဘူး ဘယ်သူများ တွေ့ဖူးကြလဲ"

ချောင်ယန် တစ်ချက်ကြည့်ပြီး ခေါင်းခါလိုက်သည်။ သူ မသိကြောင်း ပြလိုက်သည်။

"ငါလည်း မသိဘူး"

ဝေ့ကျင်း ထုံထိုင်းစွာ ပြောလိုက်သည်။

လီကျွင်းလည်း ခေါင်းခါလိုက်သည်။ လီလဲ့ဖိန်က ဘာမှ မပြောပေမယ့် သူလည်း မသိပါဘူး။

"ငါလည်း မသိဘူး"

ကျိုးဒန် ချက်ချင်း ဝင်ပြောလိုက်သည်။

ဝမ်ချာလင်းက ပြောလိုက်သည်။

"ငါ ဌာနချုပ်က ဖိုင်တွေ အများကြီး ဖတ်ဖူးတယ် ဒီလူက သဘာဝလွန် လောကမှာ နာမည်မရှိတဲ့ပုံပဲ လူသိမခံတဲ့ တစ္ဆေဆရာ တစ်ယောက် ဖြစ်လောက်တယ်"

ယန်ကျန့် စားပွဲပေါ်က ပုံတူကို နောက်တစ်ကြိမ် ကြည့်လိုက်သည်။ ကြမ်းတမ်းပေမယ့် တစ်ချက်ကြည့်ရုံနဲ့ ဘယ်သူလဲ ဆိုတာ သူ မှတ်မိလိုက်သည်။

ကျန်းရှန်ကွမ်း

တကယ်ပဲ သူကိုး။

မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားသည်။ သံသယ ရှိခဲ့ပေမယ့် အတည်ပြုလိုက်ရတော့ အံ့သြသွားမိသည်။

"သူသာ ဆိုရင် ဘာမှ ထူးဆန်းစရာ မရှိတော့ဘူး"

ယန်ကျန့် တာအောက်မြို့က တစ္ဆေ၊ တစ္ဆေပန်းချီကား တို့နဲ့ ရုပ်ချင်းဆင်တူတဲ့ ဟယ်ယွဲ့လျန် ဆိုတဲ့ အမျိုးသမီးကို ချက်ချင်း သတိရလိုက်သည်။

ဟယ်ယွဲ့လျန်ရဲ့ နောက်ကွယ်မှာ ကျန်းရှန်ကွမ်းရဲ့ အရိပ်အယောင် ရှိနေသည်။

အခု ဂေါင်းမင် သေဆုံးမှုကလည်း တစ္ဆေပန်းချီကားနဲ့ ဆက်စပ်နေပြန်ပြီ။

အရာအားလုံး အဓိပ္ပာယ် ရှိသွားပြီ။

ကျန်းရှန်ကွမ်း အသက်ရှင်နေသေးတယ်။ တစ္ဆေပန်းချီကားနဲ့ ပတ်သက်ပြီး တစ်ခုခု ကြံစည်နေတယ်။ ဟယ်ယွဲ့လျန်က သူ့ရဲ့ နယ်ရုပ် တစ်ခုပဲ။ အခု သူ ဒီမြို့ကို ရောက်လာပြီး တစ္ဆေပန်းချီကားကို ပစ်မှတ်ထားနေတာ။ ဂေါင်းမင်က လမ်းမှာတွေ့တဲ့ အတားအဆီးလေး တစ်ခု ဖြစ်သွားရုံ သက်သက်ပဲ။

"ဘယ်သူမှ ဒီလူကို မသိကြဘူးလား ဒီလူက သဘာဝလွန် လောကမှာ ဘာခြေရာလက်ရာမှ မချန်ထားခဲ့လောက်အောင် လျှို့ဝှက်နေတာလား"

လင်းပေ့ သူ့ခေါင်းပြောင်ပြောင်ကို ပွတ်သပ်ပြီး ပြုံးကာ ပြောလိုက်သည်။

ဒီအချိန်မှာ လျှို့ဝှက် ခေါင်းဆောင် လူကျစ်ဝမ်က တောင့်တောင့်တင်းတင်း ပါးစပ်ဟပြီး ပြောလိုက်သည်။

"သူက ကျန်းရှန်ကွမ်း... တာဟန်မြို့ ရွှမ်ချောင်မြို့နယ်သား ၁၉၄၂ ခုနှစ်ဖွား... ယနေ့ထက်တိုင် အသက်ရှင်နေဆဲ... အဖေ ကျန်းတုန်း... ရွှမ်ချောင်မြို့နယ်သား... အမေ လျိုကွေ့... တာကျင်းရှန်သူ... ရွှမ်ချောင်မြို့နယ် မူလတန်းကျောင်းမှာ ကျောင်းဆရာ လုပ်ခဲ့ဖူးတယ်"

"ဟင်..."

ချက်ချင်းပင် အားလုံး ဌာနချုပ်ရဲ့ နောက်ဆုံး လျှို့ဝှက် ခေါင်းဆောင် လူကျစ်ဝမ်ကို ပြိုင်တူ ကြည့်လိုက်ကြသည်။

ဒီလူကျစ်ဝမ်က လူသတ်ကောင်ရဲ့ နာမည်၊ မွေးရပ်မြေ၊ မိဘနာမည်တွေအထိ အသေးစိတ် ပြောပြနိုင်တယ် ဆိုတော့...

"သူ့ဆီမှာ ကျန်းရှန်ကွမ်းရဲ့ ဖိုင်ရှိနေတာလား ဒါမှမဟုတ် သူက ကျန်းရှန်ကွမ်းကို သိနေတာလား"

ယန်ကျန့်၏ မျက်လုံးများ အနည်းငယ် လှုပ်ရှားသွားပြီး မရေမရာ ဖြစ်မှုများဖြင့် သူ့ကို ကြည့်လိုက်သည်။

All Chapters