← Chapters

ပဟေဠိဆရာတွေ ငါ့ရှေ့က ထွက်သွားစမ်း

Vol. 32 Ch. 387

ပဟေဠိဆရာတွေ ငါ့ရှေ့က ထွက်သွားစမ်း

Vol. 32 Ch. 387

ခုနစ်လေးကို လျှို့ဝှက်နေရာ တစ်ခုဆီ ခေါ်သွားပြီးနောက် ကျန်းပေရန်က သူ့ခန္ဓာကိုယ်ကို ဝိညာဉ်အာရုံနဲ့ နောက်တစ်ကြိမ် စစ်ဆေးလိုက်လေသည်။

'ဟူး... ဒါက အဓိပ္ပာယ် မရှိဘူး'

ဘယ်လိုပဲ စစ်ဆေး စစ်ဆေး ခုနစ်လေးရဲ့ လက်ရှိ အခြေအနေက အရမ်း တည်ငြိမ်နေတယ် သူ့ရဲ့ ဝိညာဉ်အာရုံကလည်း တက်ကြွနေတယ် သူ နိုးမလာစရာ အကြောင်း လုံးဝ မရှိပေ။

ဒါက ကျန်းပေရန်ကို အကျပ်ရိုက်စေလေသည်။

သူ့လက်ထဲမှာ ဆေးလုံး အမျိုးမျိုး ရှိနေပေမယ့် ဆေးဆိုတာ ပေါ့ပေါ့ပါးပါး သောက်လို့ ရတဲ့အရာ မဟုတ်ပေ။

ခုနစ်လေးရဲ့ ခန္ဓာကိုယ်မှာ ဘာမှားယွင်းနေလဲ ဆိုတာ သူ အရင် နားလည်ရမည်။

ကျန်းပေရန်က ခုနစ်လေးရဲ့ သွေးကြောဆုံမှတ်တွေကို လှုံ့ဆော်ဖို့ အပ်စိုက်ကုထုံး သုံးဖို့ ပြင်လိုက်တုန်း ခုနစ်လေး ရုတ်တရက် မျက်လုံး ဖွင့်လာလေသည်။

ဒါပေမဲ့ သူ့အကြည့်နဲ့ ခဏလောက် ဆုံပြီးနောက် သူ့ရှေ့က လူက ခုနစ်လေး မဟုတ်ပုံရတယ်လို့ ကျန်းပေရန် သတိထားမိလိုက်လေသည်။

ဘာလို့လဲဆိုတော့ ဒီအချိန်မှာ ခုနစ်လေးရဲ့ မျက်လုံးထဲမှာ ရိုသေလေးစားမှု ဒါမှမဟုတ် အားကျမှု မရှိဘဲ တည်ငြိမ်မှု... ကျန်းပေရန်ကိုတောင် စိတ်အေးချမ်းသွားစေနိုင်လောက်တဲ့ နက်ရှိုင်းတဲ့ တည်ငြိမ်မှုမျိုးပဲ ရှိနေလို့ ဖြစ်သည်။

"ဒါဆို မင်းက ငါ့ရဲ့ အဆုံးမဲ့ ကြယ်ပွင့် ပေါ့"

ခုနစ်လေး က ရုတ်တရက် ပြုံးပြီး ပြောလိုက်လေသည်။

သူ့အသံက မူလ ခုနစ်လေးရဲ့ အသံနဲ့ လုံးဝ ကွဲပြားနေလေသည်။

အရမ်း အေးချမ်းပြီး ကြင်နာတတ်တဲ့ အသံမျိုး ဖြစ်နေသည်။

သူ့အသံ ကြားလိုက်ရုံနဲ့တင် ကျန်းပေရန်ရဲ့ သတိထားမှုကို လုံးဝ လျှော့ချပစ်လိုက်စေဖို့ လုံလောက်နေလေသည်။

"ခင်ဗျားက..." ကျန်းပေရန် နားမလည်နိုင်တဲ့ မျက်နှာထားနဲ့ မေးလိုက်လေသည်။

ခုနစ်လေးက မဖြေပေ။

အဲ့ဒီအစား သူက မေးလိုက်လေသည်။

"မင်းဆီမှာ စာရေးကိရိယာ ပါလား"

"ပါတယ်"

ကျန်းပေရန် ခေါင်းညိတ်လိုက်ပြီး စက္ကူ စုတ်တံ နဲ့ မင်အိုး တို့ကို ထုတ်လိုက်လေသည်။

"ငါ့ကို ခဏလောက် ငှားလို့ ရမလား"

ခုနစ်လေး ထရပ်လိုက်ပြီး ကျန်းပေရန်ဆီ လက်ကမ်းလိုက်လေသည်။

"ရပါတယ်" ကျန်းပေရန်က သူ့လက်ထဲက စုတ်တံကို ကမ်းပေးလိုက်လေသည်။

မင်တို့လိုက်ပြီး ခုနစ်လေးက စက္ကူပေါ်မှာ မြေပုံ တစ်ခု အမြန် ဆွဲလိုက်လေသည်။

ပြီးတော့ သူက စုတ်တံကို ကျန်းပေရန်ဆီ ပြန်ပေးပြီး ပြောလိုက်လေသည်။

"သုံးနှစ် ကြာရင် မြေပုံပေါ်မှာ ဆွဲထားတဲ့ နေရာကို သွားလိုက်ပါ ဒါက မင်းအတွက် ငါ့ရဲ့ မိတ်ဆက် လက်ဆောင်လို့ သဘောထားလိုက်ပါ ပြီးတော့ ခုနစ်လေးကိုလည်း ဆက်ပြီး ကောင်းကောင်း စောင့်ရှောက်ပေးပါဦး ငါတို့ ပြန်ဆုံရလိမ့်မယ်လို့ ယုံကြည်ပါတယ်"

ကျန်းပေရန် စုတ်တံကို ယူလိုက်တဲ့ အခိုက်အတန့်မှာ ခုနစ်လေးခဏ ငြိမ်ကျသွားပြီး ကျန်းပေရန်ကို မျက်လုံးပြူးကြီးတွေနဲ့ စိုက်ကြည့်ကာ အော်လိုက်လေသည်။

"အစ်ကိုဝမ် တကယ်ကြီး အစ်ကိုဝမ်ပဲ ဒါ အိမ်မက်လို့ ကျွန်တော် ထင်နေတာ"

ခုနစ်လေး ပုံမှန် ပြန်ဖြစ်သွားတာ မြင်တော့ ကျန်းပေရန်လည်း နည်းနည်း ကြောင်သွားလေသည်။

'ခုနက လူက ဘယ်သူလဲ အဆုံးမဲ့ ကြယ်ပွင့် ဆိုတာ ဘာလဲ "ငါတို့ ပြန်ဆုံရလိမ့်မယ်လို့ ယုံကြည်ပါတယ်" ဆိုတာ ဘာအဓိပ္ပာယ်လဲ ခင်ဗျားမှာ ပုံဆွဲဖို့ အချိန်ရရင် ရှင်းရှင်းလင်းလင်း ရှင်းပြလို့ မရဘူးလား'

'ပဟေဠိဆရာတွေ နဂါးနက် ကုန်းမြေတိုက်ကြီး ကနေ ထွက်သွားကြစမ်း'

"အစ်ကိုဝမ်... ဘာဖြစ်လို့လဲ"

အစ်ကိုဝမ် တိတ်ဆိတ်နေတာ မြင်တော့ ခုနစ်လေး သတိထားပြီး မေးလိုက်လေသည်။

"ဘာမှ မဖြစ်ပါဘူး" ကျန်းပေရန် ခေါင်းခါလိုက်ပြီး ဆွဲထားတဲ့ မြေပုံကို ယူလိုက်လေသည်။

သေချာ ကြည့်လိုက်တော့ သူ မသိတဲ့ နေရာ တစ်ခု ဆိုတာ အတည်ပြုနိုင်ခဲ့လေသည်။

'တောက်'

'ဘယ်နေရာလဲ ဆိုတာ ပါးစပ်နဲ့ ပြောပြလို့ မရဘူးလား'

"စိတ်ပျက်စရာ ကောင်းလိုက်တာ"

စိတ်ထဲကနေ နောက်ထပ် အကြိမ်ရေ အနည်းငယ် ညည်းညူပြီးနောက် ကျန်းပေရန်က ခုနစ်လေးကို ကြည့်ပြီး မေးလိုက်လေသည်။

"ခုနက ဘာဖြစ်ခဲ့လဲ ဆိုတာ မင်း မမှတ်မိဘူးလား"

"အစ်ကိုဝမ် ပြောတဲ့ 'ခုနက' ဆိုတာ ဘယ်ဟာကို ပြောတာလဲ မသိဘူး တိုင်းတစ်ပါး သတ္တဝါဆိုးကြီးက ကျွန်တော့်ကို အသေကောင် လုပ်တော့မယ့် အချိန်မှာ... အစ်ကိုဝမ်..."

"အဲ့ဒါ မဟုတ်ဘူး ခုနလေးတင်... ထားလိုက်ပါတော့ မင်း မမှတ်မိတော့ဘူးနဲ့ တူတယ်" ပြောပြီးတာနဲ့ ကျန်းပေရန်က မြေပုံကို ခုနစ်လေး ရှေ့ မြှောက်ပြလိုက်ပြီး ပြောလိုက်လေသည်။

"အခု မင်းခန္ဓာကိုယ်ထဲမှာ နောက်ထပ် လူတစ်ယောက် နေထိုင်နေပုံ ရတယ် သူက မင်းထက် စောပြီး နိုးလာကာ ငါ့အတွက် ဒီမြေပုံကို ဆွဲပေးခဲ့တယ် အရင်တုန်းက လျှို့ဝှက်နယ်မြေထဲမှာ မင်း ကြုံတွေ့ခဲ့ရတာတွေနဲ့ ဆက်စပ်နေမလား"

"အာ" ခုနစ်လေး သိသိသာသာ လန့်သွားလေသည်။

"ကျွန်တော့် ခန္ဓာကိုယ်ထဲမှာ နောက်ထပ် လူတစ်ယောက် ရှိတယ် ဟုတ်လား ကျွန်တော်... ကျွန်တော် ဒီအကြောင်း လုံးဝ မသိဘူး"

"ဒါဆို ဒီမြေပုံက ဘယ်နေရာကို ညွှန်ပြနေလဲ ဆိုတာ မင်း သိလား"

မြေပုံကို အချိန်အတော်ကြာ သေချာ စိုက်ကြည့်ပြီးနောက် ခုနစ်လေး နောက်ဆုံးတော့ ပြောလိုက်လေသည်။

"မြေပြင်အနေအထား အရ ဆိုရင်... လော့ယွင် ပြည်နယ်ထဲမှာ ဖြစ်လောက်တယ်"

"အဲ့ဒါ ဘယ်မှာလဲ"

"ဂျီတိုင်းပြည် ထဲမှာ"

"ဂျီတိုင်းပြည် မြေပုံကိုလည်း မင်း မှတ်မိတာလား"

ခုနစ်လေးက ချီတိုင်းပြည် မြေပုံ တစ်ခုလုံးကို သူ့လက်ဖဝါးလို ကျွမ်းကျင်တယ် ဆိုတာ ကျန်းပေရန် သိပြီးသား ဖြစ်လေသည်။

ဒါပေမဲ့ သူက ချီတိုင်းပြည် ဇာတိ ဖြစ်ပြီး အဲ့ဒီမှာ အသက်မွေးဝမ်းကျောင်း ပြုနေရတာ ဆိုတော့ ချီတိုင်းပြည်ရဲ့ နေရာတိုင်းကို ဒီလောက် ရင်းနှီးကျွမ်းဝင်နေတာ သာမန်ပါပဲ။

ဒါပေမဲ့ ဂျီတိုင်းပြည် နဲ့ ချီတိုင်းပြည် က အိမ်နီးချင်းတောင် မဟုတ်ဘူး သူတို့ ကြားမှာ ထုန်တိုင်းပြည် ခြားနေသေးသည်။

သူသာ ဂျီတိုင်းပြည် မြေပုံ တစ်ခုလုံးကို တကယ် အလွတ်ရနေတယ် ဆိုရင် ကျန်းပေရန် သူ့ကို နောင်ကျရင် လမ်းပြ အဖြစ် တကယ် သုံးလို့ ရနိုင်လေသည်။

"ဟုတ်ကဲ့ အရင်တုန်းက ဂျီတိုင်းပြည် နဲ့ အဆက်အသွယ်တချို့ ရှိခဲ့လို့ တချို့ကို မှတ်မိနေတာပါ"

ခေါင်းညိတ်လိုက်ပြီး ကျန်းပေရန် မြေပုံကို သိမ်းလိုက်ကာ ပြောလိုက်လေသည်။

"သုံးနှစ် ကြာရင် ငါ မင်းကို အဲ့ဒီ ခေါ်သွားပေးမယ် အဲ့ဒီမတိုင်ခင် မင်း သေချာ စုံစမ်းထားဖို့ လိုတယ်"

ဒါကို ကြားတော့ ခုနစ်လေး အလွန် ဝမ်းသာသွားပြီး ချက်ချင်း ပြန်ဖြေလိုက်လေသည်။

"ဟုတ်ကဲ့"

ဒါပေမဲ့ သူ့ခန္ဓာကိုယ်ထဲမှာ နောက်ထပ် လူတစ်ယောက် ရှိတယ် ဆိုတဲ့ အစ်ကိုဝမ်ရဲ့ စကားကို ပြန်တွေးမိတော့ သူ စိုးရိမ်သွားပြန်လေသည်။

"စိတ်မပူပါနဲ့ မင်းခန္ဓာကိုယ်ထဲက လူက မင်းအပေါ် မကောင်းတဲ့ ရည်ရွယ်ချက် မရှိလောက်ပါဘူး အဲ့ဒါကို ငါ အာမခံနိုင်ပါတယ်"

အစ်ကိုဝမ် ဒီလို ပြောတာ ကြားတော့ ခုနစ်လေး သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်နိုင်လေသည်။

ဘာပဲဖြစ်ဖြစ် သူ့အတွက် အစ်ကိုဝမ်ရဲ့ စကားတွေက အမှန်တရားတွေပဲ ဘယ်တော့မှ မမှားနိုင်ပေ။

ဒါပေါ့ တကယ်တမ်းကျတော့ အဲ့ဒီလူက ခုနစ်လေး အပေါ် မကောင်းတဲ့ ရည်ရွယ်ချက် ရှိမရှိ ကျန်းပေရန် မသိပေ။

သူ ပြသခဲ့သမျှ အရာအားလုံးက လှပပြီး ကြင်နာနေပေမယ့် ဒါက အပေါ်ယံပဲ ရှိသေးသည်။

ကျန်းပေရန်က ခုနစ်လေးကို အာမခံပေးလိုက်ရတဲ့ အကြောင်းရင်းက ဒီကိစ္စနဲ့ ပတ်သက်ပြီး သူ အရမ်း စိတ်ဒုက္ခ မရောက်စေချင်လို့ပါပဲ။

"မင်း ခုနက ပြောတယ်လေ ငါ မင်းကို ကယ်တင်ခဲ့တာကို အိမ်မက်လို့ ထင်ခဲ့တယ် ဆိုပြီး ဆိုလိုတာက မင်း သတိလစ်နေတုန်း အိမ်မက် မက်ခဲ့တာလား"

"အစ်ကိုကြီးက ဉာဏ်ကောင်းလိုက်တာ" ခုနစ်လေးက လေးစားအားကျစွာ လက်သီးဆုပ် အရိုအသေပြုလိုက်လေသည်။

"ဟုတ်ပါတယ် ခုနက ကျွန်တော် အိမ်မက် မက်ခဲ့တယ်... ကျွန်တော် အိမ်မက် မက်ခဲ့တယ်..." စကားပြောနေရင်း ခုနစ်လေးရဲ့ မျက်နှာထား ဇဝေဇဝါ ဖြစ်လာလေသည်။

"ကျွန်တော်... ကျွန်တော် ဘာ အိမ်မက် မက်ခဲ့တာလဲ ထူးဆန်းလိုက်တာ... ခုနက နိုးလာတုန်းက ရှင်းရှင်းလင်းလင်း မှတ်မိနေသေးတာ"

"မလောပါနဲ့ အချိန်ယူ စဉ်းစားပါ"

"ကျေးဇူးပြုပြီး ခဏလောက် စောင့်ပေးပါ အစ်ကိုဝမ် ကျွန်တော် အကောင်းဆုံး ကြိုးစားပြီး ပြန်စဉ်းစားကြည့်ပါ့မယ်"

ပြောပြီးတာနဲ့ ခုနစ်လေး တင်ပါးလွှဲ ထိုင်လိုက်ပြီး မျက်လုံးမှိတ်ကာ စတင် စဉ်းစားလေသည်။

ဒီအချိန်မှာ လင်ရှီယွင်က သူမ ဂိုဏ်းရဲ့ စခန်းဆီ ပြန်ရောက်နေပြီ ဖြစ်လေသည်။

"အဒေါ်" လင်ရှီယွင် ပြန်လာတာ မြင်လိုက်တာနဲ့ လင်ရွှမ်ဝင်း စိတ်လှုပ်ရှားစွာ သူမ ရင်ခွင်ထဲ ပြေးဝင်သွားလေသည်။

သူမ အဒေါ် ဒီတစ်ခါ ထွက်သွားပြီးရင် သူမကို ဘယ်တော့မှ ပြန်မတွေ့ရတော့ဘူးလို့ သူမ ခုနက ထင်ခဲ့တာ။

ဘာပဲဖြစ်ဖြစ် အဲ့ဒီ ကျောက်တုံး ဝိညာဉ်ရဲ့ စွမ်းအားကို လူတိုင်း မျက်မြင်တွေ့ခဲ့ရတာပဲလေ။

"ခုနစ်လေး ဘယ်မှာလဲ" လင်ရှီယွင် နောက်ကျောဘက်ကို ကြည့်ပြီး လင်ရွှမ်ဝင်း မေးလိုက်လေသည်။

"ဒီကိစ္စက နည်းနည်း ရှုပ်ထွေးတယ် အထဲ အရင် ဝင်ကြရအောင်"

လက်ဖက်ရည်တစ်ခွက် သောက်စာ အချိန်လောက် ကြာပြီးနောက် လင်ရွှမ်ဝင်း မျက်လုံးပြူးကြီးတွေနဲ့ အော်လိုက်လေသည်။

"အဒေါ် ပြောတာက ပညာရှင် တစ်ယောက် ရုတ်တရက် ပေါ်လာပြီး ကျောက်တုံး ဝိညာဉ်ကို ရိုက်ခွဲလိုက်ကာ ခုနစ်လေးကို ခေါ်သွားတယ် ဆိုတာလား"

"ဟုတ်တယ်" လင်ရှီယွင် ခေါင်းညိတ်လိုက်လေသည်။

သူမ လင်ရွှမ်ဝင်းကို ပေးတဲ့ ဖော်ပြချက်က သူမ မြင်ခဲ့ရတာတွေနဲ့ အတော်လေး တူပါတယ်၊ ဒါပေမဲ့ ဆရာ ဆိုတာကိုတော့ သူမ သေချာပေါက် ထုတ်ဖော်ပြောလို့ မရပေ။

ဘယ်ပညာရှင်က ဒီလောက် စွမ်းအားကြီးလဲ ဆိုတာတော့ သူမ မသိပေ။

ခဏလောက် ကြောင်သွားပြီးနောက် လင်ရွှမ်ဝင်း ညည်းညူလိုက်လေသည်။

"ဒီနှစ် မိုးပြာရောင် ကောင်းကင် စုဝေးပွဲ က ဘာတွေ ဖြစ်နေတာလဲ အနက်ရောင်ဧကရာဇ် အောက် ကျင့်ကြံသူတွေပဲ ဝင်လို့ ရတယ် ဆိုတာ မဟုတ်တော့ဘူးလား"

လင်ရှီယွင် ခေါင်းခါလိုက်လေသည်။

"ငါလည်း သေချာ မသိတော့ဘူး ခုနစ်လေး ဘေးကင်းပါစေလို့ပဲ မျှော်လင့်ရတာပေါ့"

ဒီအချိန်မှာ လင်ရွှမ်ဝင်း ရုတ်တရက် ခေါင်းမော့လာပြီး လင်ရှီယွင်ကို မေးလိုက်လေသည်။

"အဒေါ် ပြီးခဲ့တဲ့ တစ်ခေါက်က ကျွန်မတို့ကို ကယ်တင်ခဲ့တဲ့ လူက ခုနစ်လေးကို ကယ်တင်ခဲ့တဲ့ ပညာရှင်ပဲ ဖြစ်နိုင်မလား"

'မင်းရဲ့ ခန့်မှန်းချက်က ကွက်တိပဲ'

စိတ်ထဲကနေ အံ့သြသွားပြီး လင်ရှီယွင် ခေါင်းခါကာ ပြောလိုက်လေသည်။

"ဘယ်လိုလုပ် ဒီလောက် တိုက်ဆိုင်နိုင်မှာလဲ"

"ဘယ်လိုလုပ် တိုက်ဆိုင်တာ ဖြစ်ရမှာလဲ ကျွန်းပေါ်မှာ ရှိတဲ့ ပညာရှင်တွေက ဒီတစ်ယောက်ပဲ..."

သူမ စကား တစ်ဝက်မှာ လင်ရွှမ်ဝင်း ရုတ်တရက် စိုးရိမ်လာလေသည်။

"အဒေါ် ကျွန်းပေါ်မှာ ပိုသန်မာတဲ့ တိုင်းတစ်ပါးသားတွေ ရှိနေနိုင်မလား ဒီတစ်ခါ... ကျွန်မတို့ ဒီကနေ အသက်ရှင်လျက် တကယ် ပြန်ထွက်နိုင်ပါ့မလား"

လင်ရွှမ်ဝင်းရဲ့ ဆံပင်တွေကို ပွတ်သပ်ပေးရင်း လင်ရှီယွင် နှစ်သိမ့်ပေးလိုက်လေသည်။

"ဘာ ကြောက်စရာ ရှိလို့လဲ ရွှေရောင် ဆေးအိုး ကျွန်း ရဲ့ ကန့်သတ်ချက်တွေကို ဖောက်ပြီး ဝင်လာတဲ့ တိုင်းတစ်ပါးသား တချို့ ရှိပေမယ့် ငါတို့ ဘက်မှာလည်း ပိုသန်မာတဲ့ လူတစ်ယောက် ရှိနေတယ် မဟုတ်ဘူးလား မင်း မလိုအပ်ဘဲ စိတ်ပူနေတာ ရပ်လိုက်သင့်တယ် မြန်မြန် အနားယူလိုက်တော့ မင်းရဲ့ ဒဏ်ရာတွေ လုံးဝ မပျောက်သေးဘူး မဟုတ်လား"

လင်ရှီယွင်က ဒီနှစ်သိမ့်စကားတွေကို ရိုးသားစွာ ပြောလိုက်တာ ဖြစ်လေသည်။

ပိုသန်မာတဲ့ တိုင်းတစ်ပါးသားတွေ ရှိမရှိ သူမ မသိပေ၊ သူမ သိတာက သူတို့ ဘယ်လောက် သန်မာပါစေ ဆရာ့ထက်တော့ ပိုမစွမ်းအားကြီးနိုင်ဘူး ဆိုတာပါပဲ။

ဒါကြောင့် ကျွန်းပေါ်ကနေ မထွက်နိုင်မှာကို သူမ နည်းနည်းလေးမှ စိတ်မပူပေ။

"ဒါပေမဲ့..."

"ဒါပေမဲ့ မနေနဲ့ သွားတော့"

"ကောင်းပြီ... ဒါဆို ခုနစ်လေး ပြန်ရောက်လာရင် ကျွန်မကို လာခေါ်နော်"

"အေးပါ ငါ ခေါ်လိုက်မယ်"

လင်ရွှမ်ဝင်း သူမ တဲဆီ ပြန်လျှောက်သွားတာ ကြည့်ပြီး လင်ရှီယွင် နောက်ဆုံးတော့ သူမရဲ့ ရှုပ်ထွေးနေတဲ့ ခံစားချက်တွေကို ရှင်းထုတ်ဖို့ အချိန်ရသွားလေသည်။

ဆရာက သူမကို နှစ်ကြိမ် ထပ်ကယ်တင်ခဲ့တာ တွေးမိတော့ ဒါက ကံကြမ္မာပဲ ဖြစ်လောက်တယ်လို့ လင်ရှီယွင် မခံစားဘဲ မနေနိုင်တော့ပေ။

မဖြစ်နိုင်တဲ့ အချိန်နဲ့ မဖြစ်နိုင်တဲ့ နေရာမှာ ဆရာက ကောင်းကင် နတ်ဘုရား တစ်ပါးလို သူမ ဘေးနား ဆင်းသက်လာပြီး သူမကို နောက်ကွယ်ကနေ ကာကွယ်ပေးခဲ့လေသည်။

သူမတို့ကို ဘယ်သူ ကယ်တင်လိုက်တာလဲလို့ စဉ်းစားတုန်းက ဆရာ့ကို မစဉ်းစားမိခဲ့တဲ့ အကြောင်းရင်းက ဆရာလည်း ဒီ မိုးပြာရောင် ကောင်းကင် စုဝေးပွဲ မှာ ပါဝင်ပြီး ရွှေရောင် ဆေးအိုး ကျွန်း ထဲ ဝင်လာမယ်လို့ သူမ ဘယ်တုန်းကမှ မထင်ထားခဲ့မိလို့ပင်။

ဒီလို မယုံကြည်နိုင်စရာ ကိစ္စမျိုးကို လင်ရှီယွင်က ကံကြမ္မာလို့ပဲ ရှင်းပြနိုင်လေသည်။

ဆရာက သူမရဲ့ ရေစက်ပါတဲ့ ကယ်တင်ရှင်ပဲ။

လင်ရှီယွင် သူမရဲ့ စိတ်ကူးတွေကို လွတ်လပ်စွာ ပျံသန်းခွင့် ပေးနေတုန်း သူမကို ကြက်သီးထစေတဲ့ အသံ တစ်သံ သူမ စိတ်ထဲမှာ ရုတ်တရက် ပဲ့တင်ထပ်လာလေသည်။

"အဒေါ် ဘယ်ကို ကြည့်နေတာလဲ"

သူမ ခေါင်းကို အမြန် ခါလိုက်ပြီး လင်ယုယန်ရဲ့ ပုံရိပ်ကို စိတ်ထဲကနေ မောင်းထုတ်လိုက်ပြီးနောက် လင်ရှီယွင် သက်ပြင်းရှည် တစ်ချက် ချလိုက်ကာ တီးတိုး ရေရွတ်လိုက်လေသည်။

"တကယ်ပါပဲ ငါက ဘာလို့ သူ့လို ကလေးမလေးကို ကြောက်နေရတာလဲ"

ထို့နောက် သူမ စခန်းဆီ လျှောက်သွားလိုက်လေသည်။

...

"အစ်ကိုဝမ်... ကျွန်တော် ကျွန်တော်... ကျွန်တော် ဘာမှ မမှတ်မိသေးဘူး"

ခုနစ်လေးက ရှက်ရွံ့တဲ့ အမူအရာနဲ့ ကျန်းပေရန်ကို အစီရင်ခံလိုက်လေသည်။

"ကိစ္စမရှိပါဘူး ဖြည်းဖြည်းချင်း ပြန်စဉ်းစားကြည့်ပေါ့" ပြောပြီးနောက် ကျန်းပေရန်က ပေါ့ပေါ့ပါးပါး မေးလိုက်လေသည်။

"အဲ့ဒီတုန်းက စပြီး မင်း အဲ့ဒီ လျှို့ဝှက်နယ်မြေထဲ ထပ်ဝင်သေးလား"

နောက်ဆုံးအကြိမ် ခုနစ်လေးနဲ့ လမ်းခွဲတုန်းက သူက အနက်ရောင်သခင်ကြီး အဆင့်ပဲ ရှိသေးတာ ကျန်းပေရန် ရှင်းရှင်းလင်းလင်း မှတ်မိလေသည်။

အခု တစ်နှစ်ကျော် ကြာပြီးနောက် သူက အဆင့် ၉ အနက်ရောင်ဘုရင် ဖြစ်နေပြီ။

ဒီ တိုးတက်မှု နှုန်းက ဇာတ်လိုက်ဆန်တယ်လို့ ပြောလို့ ရလေသည်။

ခုနစ်လေး ခေါင်းခါပြီး ပြန်ဖြေလိုက်လေသည်။

"ကျွန်တော် ထပ်မဝင်ဖြစ်သေးပါဘူး"

"လင်မိသားစုက မင်းကို ဒီတစ်ခါ မိုးပြာရောင် ကောင်းကင် စုဝေးပွဲ မှာ ပါဝင်ဖို့ စေလွှတ်လိုက်တာက လွန်ခဲ့တဲ့ နှစ်နှစ် အတွင်း မင်း လင်မိသားစုထဲမှာ ကောင်းကောင်း လုပ်ဆောင်ခဲ့တယ် ဆိုတာ ပြသနေတာပဲ"

"အစ်ကိုဝမ်က ချီးကျူးလွန်းပါပြီ ကျွန်တော်က လုပ်သင့်တာ လုပ်ခဲ့ရုံပါ"

"ဒါက နှိမ့်ချနေရမယ့် အချိန် မဟုတ်ဘူး မင်းရဲ့ လက်ရှိ ရာထူးကို ငါ သိဖို့ လိုတယ် အနာဂတ်မှာ မင်းအတွက် အသုံးဝင်မယ့် နေရာ ရှိလာမှာ သဘာဝပါပဲ"

ဒါကို ကြားတော့ ခုနစ်လေးက အိတ်ထဲက ပဲစေ့တွေလို အရာအားလုံးကို ချက်ချင်း ဖွင့်ချလိုက်လေသည်။

"အစ်ကိုဝမ်ကို ဖြေရရင် ကျွန်တော် လက်ရှိ လင်မိသားစုမှာ အနက်ရောင်အလံ ရာထူး ယူထားပါတယ် သတင်းအချက်အလက် အမျိုးမျိုး စုဆောင်းဖို့ တာဝန်ယူထားရပါတယ် အနက်ရောင်အလံ ရာထူး အပြင် ကြေးနီတံဆိပ် လည်း ကိုင်ဆောင်ထားပြီး လင်မိသားစုရဲ့ လေလံအိမ်ကို စီမံခန့်ခွဲဖို့ တာဝန်ယူထားပါတယ်"

"မဆိုးပါဘူး သူတို့က မင်းကို လေလံအိမ်ကိုတောင် စီမံခန့်ခွဲခွင့် ပေးထားတယ် လင်မိသားစုက မင်းကို တော်တော် ယုံကြည်ပုံ ရတယ်"

"ဒါတွေ အားလုံးက သခင်မလေးလင် ကျွန်တော့်ကို စောင့်ရှောက်ပေးလို့ပါ ဒါကြောင့် ကျွန်တော် ဒီလောက် မြန်မြန် တက်လှမ်းနိုင်ခဲ့တာပါ"

"အဲ့ဒါက မင်းမှာ သူတို့ နောက်ပေါက် ဖွင့်ပေးလောက်တဲ့ အထိ စွမ်းဆောင်ရည် ရှိဖို့ လိုအပ်သေးတယ် မင်းမှာ တခြား ရာထူးတွေ ရှိသေးလား"

"ရှိတယ်" ခုနစ်လေး ခေါင်းညိတ်ပြီး ဆက်လက် အစီရင်ခံလေသည်။

အစီရင်ခံစာ တစ်ခုလုံး နားထောင်ပြီးနောက် ခုနစ်လေးမှာ ရာထူးတွေ အများကြီး ရှိနေတာ ကျန်းပေရန် တွေ့လိုက်ရသည် ဒါသာ ၂၁ ရာစု ဆိုရင် လိပ်စာကတ် တစ်ကတ်တည်းနဲ့တောင် ဆံ့မှာ မဟုတ်လောက်ပေ။

"ဖူး လင်မိသားစုက မင်းကို သေတဲ့အထိ ခိုင်းဖို့ တကယ် မကြောက်ဘူးပဲ"

အစေခံတွေ ခေါ်ယူတာလို ကိစ္စမျိုးတွေကိုတောင် ခုနစ်လေး စီမံခန့်ခွဲရတယ် ဆိုတာ ကြားတော့ ကျန်းပေရန် မရယ်ဘဲ မနေနိုင်တော့ပေ။

"ကောင်းပါတယ် စွမ်းဆောင်နိုင်သူက ပိုလုပ်ရမှာပေါ့ လင်မိသားစုက မင်းကို ဒီလောက် ယုံကြည်မှတော့ မင်း သူတို့ကို စိတ်ပျက်အောင် မလုပ်သင့်ဘူး"

"ဟုတ်ကဲ့ စိတ်ချပါ အစ်ကိုဝမ်"

"မင်းရဲ့ မိုးပြာရောင် ကောင်းကင် စုဝေးပွဲ မှာ ပါဝင်ရတဲ့ ရည်ရွယ်ချက်က ထိပ်တန်း သုံးယောက် ဝင်ဖို့လို့ ဟို လင်ရှီယွင် ဆီက ကြားတယ် ဟုတ်လား"

"ဟုတ်တယ် သခင်မလေးလင်က ဒီတစ်ခါ အသက်နဲ့ ရင်းရရင်တောင် ထိပ်တန်း သုံးယောက် နေရာ ရအောင် တိုက်ခိုက်ရမယ်လို့ ပြောပါတယ်"

"အခုထိ ရလဒ်တွေက ဘယ်လိုလဲ"

"အဲ့ဒါက..." ခုနစ်လေးက ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်လေသည်။

"ဒီကျွန်းပေါ်မှာ အစွမ်းထက်တဲ့ အနက်ရောင်ဘုရင်တွေ အရမ်း များလွန်းတယ် အပြင်ထွက်တိုင်း ကျွန်တော်တို့ အလွန် သတိထားရတယ် အဖိုးတန် ပစ္စည်းတွေ ရှာဖို့ အချိန် သိပ်မရပါဘူး"

ဒါကို ကြားပြီးနောက် ကျန်းပေရန် ပြုံးပြီး ပြောလိုက်လေသည်။

"မင်း ခုနက ကျောက်တုံး ဝိညာဉ်ကို တိုက်ခိုက်တုန်းက ပြသခဲ့တဲ့ ကျင့်ကြံခြင်း အဆင့်မျိုးသာ ထုတ်ပြရင် ဒီကျွန်းပေါ်က ဘယ်ကျင့်ကြံသူက မင်းရဲ့ ပြိုင်ဘက် ဖြစ်နိုင်မှာလဲ"

အစ်ကိုဝမ်ရဲ့ စကားကို ကြားပြီးနောက် ခုနစ်လေးက သူ့လက်တွေကို ကြည့်ပြီး ပြောလိုက်လေသည်။

"ခုနက အဲ့ဒီ စွမ်းအား ဘယ်က ရောက်လာလဲ ဆိုတာ ကျွန်တော်လည်း မသိဘူး အဲ့ဒီအချိန်တုန်းက ကျွန်တော်က သခင်မလေးလင်ကို ကာကွယ်ဖို့ပဲ တွေးနေခဲ့တာ"

"အဲ့ဒီ လျှို့ဝှက်နယ်မြေနဲ့ ဘာမှ မဆိုင်ဘူးလား"

"မဆိုင်လောက်ပါဘူး" လို့ ခုနစ်လေး ဖြေချင်ပေမယ့် သေချာ စဉ်းစားကြည့်တော့ သူက အဲ့ဒီ လျှို့ဝှက်နယ်မြေ အကြောင်း အမြဲတမ်း အကန့်အသတ်နဲ့ပဲ နားလည်ထားခဲ့တာ သဘောပေါက်လိုက်လေသည်။

ဆက်နွယ်မှု ရှိမရှိ သူ တကယ် မသိပေ။

ခုနစ်လေး တွေးတောနေတာ မြင်တော့ ကျန်းပေရန် ထရပ်လိုက်ပြီး သူ့ပခုံးကို ပုတ်ကာ ပြောလိုက်လေသည်။

"နောက်တစ်ခါ လျှို့ဝှက်နယ်မြေထဲ ဝင်ရင် မင်း သိလာနိုင်ပါတယ် အခု မင်း ခန္ဓာကိုယ် ကောင်းသွားပြီ ဆိုတော့ ပြန်သွားပြီး မင်း ဘေးကင်းကြောင်း သူတို့ကို အသိပေးလိုက်သင့်တယ်"

"ဟုတ်ကဲ့" ပြောပြီးနောက် ခုနစ်လေးက ကျန်းပေရန်ကို လေးလေးနက်နက် ဦးညွှတ်လိုက်လေသည်။

သူ ထွက်မသွားချင်ပေမယ့် ပြန်သွားဖို့က အစ်ကိုဝမ်ရဲ့ အမိန့် ဖြစ်တာကြောင့် ခုနစ်လေး ဘာမှ ထပ်မပြောတော့ပေ။

ဦးညွှတ်ပြီးနောက် သူ ထွက်ခွာသွားလေသည်။

ခုနစ်လေး ထွက်ခွာသွားတဲ့ ပုံရိပ်ကို ကြည့်ရင်း ဒီတစ်ခါ အနက်ရောင်ဧကရာဇ် အဆင့် တိုင်းတစ်ပါးသား ရုတ်တရက် ပေါ်လာတာက သူ ဒီ မိုးပြာရောင် ကောင်းကင် စုဝေးပွဲ မှာ ပါဝင်လာလို့ ဖြစ်နိုင်ခြေ ၈၀ ရာခိုင်နှုန်း ရှိတယ်လို့ ကျန်းပေရန် တွေးမိလေသည်။

ဘာပဲဖြစ်ဖြစ် ဇာတ်လိုက် ရောက်လာပြီလေ ဘယ်လိုလုပ် အထူး အဖြစ်အပျက် မဖြစ်ဘဲ နေမှာလဲ။

'ဒါ့အပြင် ဒါက ဇာတ်လိုက် အတွက် ပြင်ဆင်ပေးထားတဲ့ အဖြစ်အပျက် ဆိုတော့... အဲ့လောက် ရိုးရှင်းမယ် မထင်ဘူး'

သူတို့ရဲ့ အဓိက စခန်းဆီ ပြန်ရောက်တော့ အဖွဲ့ငယ်လေးရဲ့ အဖွဲ့ဝင်တွေက ပုံမှန်အတိုင်း စားသောက်နေကြပြီး အပြင်မှာ လူသား ကျင့်ကြံသူ အားလုံးနီးပါးကို သုတ်သင်ပစ်လုနီးပါး ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကြီး တစ်ခု ဖြစ်ပျက်ခဲ့မှန်း လုံးဝ မသိကြပေ။

"ပေရန်လေး"

ပေရန်လေး ပြန်လာတာ မြင်လိုက်တာနဲ့ ရှီဖုန်းလန် ချက်ချင်း ပြေးလာလေသည်။

"ဘာကိစ္စလဲ" ကျန်းပေရန် မေးလိုက်လေသည်။

"ကြည့်"

ရှီဖုန်းလန်က သူမ ကျောနောက်မှာ ဖွက်ထားတဲ့ ပေါင်းအိုးလေးကို ကျန်းပေရန်ကို ပြလိုက်လေသည်။

"ငါ ဒီပေါက်စီတွေကို ကိုယ်တိုင် ပေါင်းထားတာ"

"ပြီးတော့"

"မင်း တစ်လုံးလောက် မမြည်းချင်ဘူးလား" ရှီဖုန်းလန် မျှော်လင့်တကြီး မျက်တောင် ပုတ်ခတ်ပြလိုက်လေသည်။

"မမြည်းချင်ဘူး"

"စားချင်တယ်လို့ပဲ ပြောလိုက်ပါ"

"မမြည်းချင်ဘူး ဆိုရင် မမြည်းချင်ဘူးပဲ"

ပေရန်လေးရဲ့ စိတ်ကို ပြောင်းလို့ မရမှန်း သိလိုက်တော့ ရှီဖုန်းလန် လိုက်လျောလိုက်ရလေသည်။

"ငါ လုပ်ထားတဲ့ ဟာတွေက အရမ်း ဆိုးတယ်... ဒါကြောင့် မင်း လုပ်တာကိုပဲ စားချင်သေးတယ်"

"နောက်မှ ပြောကြတာပေါ့ ငါ လုပ်စရာ ရှိသေးတယ်"

"ပေရန်လေး မင်း ကျွန်းပေါ် ရောက်ကတည်းက အရမ်း အလုပ်ရှုပ်နေသလိုပဲ ဘာတွေ လုပ်နေတာလဲ"

သူမ အဖွဲ့က သေချာပေါက် နိုင်တော့မယ် ဆိုတာ သိပြီးနောက် ရှီဖုန်းလန်က အပျော်ခရီး ထွက်တဲ့ ပုံစံ လုံးဝ ပြောင်းလဲသွားခဲ့လေသည်။

အရင်တုန်းကတော့ သူမက ပစ္စည်းတွေ လိုက်ရှာဖို့ အနည်းဆုံး ကူညီပေးတတ်သေးတယ် ဒါပေမဲ့ ဒီရက်ပိုင်းမှာတော့ သူမက ဂူထဲကနေ ထွက်ဖို့တောင် စိတ်မဝင်စားတော့ဘဲ တစ်နေ့ကုန် ရှီကျာမုကို ဆွဲပြီး 'လျှို့ဝှက်နဂါးဒဏ္ဍာရီ' ကစားနေတော့သည်။

ဒါပေါ့ ရှီဖုန်းလန် အလိုချင်ဆုံးက ပေရန်လေးနဲ့ ကစားဖို့ပါပဲ ဒါပေမဲ့ သူက အရမ်း အလုပ်ရှုပ်နေပုံ ရတယ် ဘယ်လောက်တောင် ရှုပ်လဲ ဆိုရင် သူမအတွက် အချိန် လုံးဝ မရှိတော့ပေ။

ပေရန်လေးက သူမ မေးခွန်းကို မဖြေဘဲ သူ့အခန်းဆီ တန်းတန်းမတ်မတ် လျှောက်သွားနေတာ မြင်တော့ ရှီဖုန်းလန်က သူ့အင်္ကျီလက်ကို ဆွဲပြီး ပြောလိုက်လေသည်။

"ပေရန်လေး ဒီနေ့ ငါနဲ့ ခဏလောက်ပဲ ကစားပေးပါနော် တစ်ရက်တည်းပါပဲ"

"ငါ ပြောပြီးပြီလေ ငါ့မှာ အရေးကြီး ကိစ္စ ရှိတယ်လို့"

"အို... ကောင်းပြီလေ"

ပေရန်လေး ဘယ်လောက် အလေးအနက် ထားလဲ ဆိုတာ မြင်တော့ ရှီဖုန်းလန် ဆက်ပြီး မပူဆာတော့ဘဲ နောင်တတချို့နဲ့ ရှီကျာမုနဲ့ သွားကစားလိုက်လေသည်။

တံခါးဖွင့်ပြီး ကျန်းပေရန် ကောင်းကင်မျက်လုံး အစီအရင် ကို အသက်သွင်းလိုက်တုန်းမှာပဲ အရှေ့တောင်ဘက် ဧရိယာကို စောင့်ကြည့်နေတဲ့ "မျက်နှာပြင်" တစ်ခုပေါ်မှာ ဝင်ပေါက် တစ်ခု ပေါ်လာတာ တွေ့လိုက်ရလေသည်။

ချက်ချင်းဆိုသလိုပဲ ကျောက်တုံး ဝိညာဉ် တစ်ကောင် ဝင်ပေါက်ထဲကနေ ထွက်လာလေသည်။

'ကောင်းပြီလေ ဒါ အဲ့လောက် ရိုးရှင်းမှာ မဟုတ်မှန်း ငါ သိသားပဲ'

All Chapters