သဲလွန်စ အရိပ်အယောင်လေး တစ်ခု
Vol. 32 Ch. 391
ပြီးခဲ့တဲ့ ဆယ်ရက် အတွင်းမှာ ရွှေရောင် ဆေးအိုး ကျွန်း ပေါ်က ကျန်းပေရန်က ရုတ်တရက် ထူးထူးခြားခြား အလုပ်ရှုပ်လာခဲ့လေသည်။
နေ့ဘက်မှာ သူက ခုနစ်လေးနဲ့ ဂျူဇီမင် ကို ခေါ်ပြီး တိုင်းတစ်ပါး "သတ္တဝါဆိုးငယ်လေး" ကို တိုက်ခိုက်ဖို့ ရံဖန်ရံခါ ထွက်သွားလေ့ ရှိသည်။
ညဘက်မှာတော့ သူ ရရှိထားတဲ့ သတင်းအချက်အလက်တွေ အပေါ် အခြေခံပြီး တခြား လျှို့ဝှက်ဆန်းကြယ် အဝိုင်းပြားတွေရဲ့ တည်နေရာကို ဆက်လက် သုတေသန ပြုလေသည်။
ဒါပေါ့ ဒီလို ကြိုးစားအားထုတ်မှုတွေရဲ့ နောက်ဆက်တွဲ ဆုလာဘ်တွေကလည်း အလွန် များပြားလေသည်။
တိုင်းတစ်ပါးသား ကိစ္စနဲ့ ပတ်သက်ပြီး ကျန်းပေရန်က သူ့ခန့်မှန်းချက်ကို ပိုပြီး သေချာလာလေသည်။
ဒီ ကျောက်တုံး ဝိညာဉ်တွေက မူလက အနက်ရောင်ဘုရင်တွေ တယ်လီပို့ လုပ်ဖို့ သုံးတဲ့ ဝင်ပေါက်ကို ချုံ့ပစ်ပြီး အနက်ရောင်ဧကရာဇ်တွေ ဝင်ရောက်နိုင်အောင် လုပ်လိုက်တဲ့ နည်းလမ်း တစ်ခုခု သုံးခဲ့တာ ဖြစ်ရမည်။
ပထမဆုံး ကျောက်တုံး ဝိညာဉ် ပေါ်လာကတည်းက ကျန်းပေရန်က စုစုပေါင်း ကျောက်တုံး ဝိညာဉ် ခြောက်ကောင်ကို လိုက်လံ သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်။
ခုနစ်လေးနဲ့ ဂျူဇီမင် ပထမဆုံးအကြိမ် အတူတူ အနိုင်ယူခဲ့တဲ့ တစ်ကောင်နဲ့ ပေါင်းလိုက်ရင် စုစုပေါင်း ရှစ်ကောင် ရှိပြီ ဖြစ်သည်။
ပြီးတော့ တစ်ရက်ကို တစ်ကောင်နှုန်းလောက် ညီညီမျှမျှ ပေါ်လာတာ ဖြစ်သည်။
ဒီအတိုင်း ဆက်သွားရင် အနက်ရောင်ဘုရင် တစ်ထောင် ဝင်ခွင့် နေရာကို အနက်ရောင်ဧကရာဇ် ဆယ်ယောက် အဖြစ် ပြောင်းလဲလိုက်တာနဲ့ အတူတူပဲ ဖြစ်နေလိမ့်မည်။
အရေအတွက်ကို အရည်အသွေးနဲ့ လဲလှယ်လိုက်တာက အမြတ်ကြီးကြီး ထွက်တယ်လို့ ပြောလို့ ရလေသည်။
သူတို့သာ ကျန်းပေရန်နဲ့ မတွေ့ခဲ့ရင် ကျောက်တုံး ဝိညာဉ်တွေက လူသား ကျင့်ကြံသူတွေကို အလွယ်တကူ သုတ်သင်ပစ်နိုင်ပြီး ကျွန်းပေါ်က ရတနာတွေကို စိတ်ကြိုက် လုယက်နိုင်မှာ ဖြစ်သည်။
ကံမကောင်းစွာပဲ သူတို့က ကျန်းပေရန်နဲ့ တွေ့ခဲ့တာ ဖြစ်သည်။
ကျွန်းပေါ်ကို ပျော်ရွှင်စွာ ရောက်လာကြတဲ့ ဒီ ကျောက်တုံး ဝိညာဉ်တွေက အခုတော့ အမှုန့် ဖြစ်သွားပြီး ရွှေရောင် ဆေးအိုး ကျွန်း ရဲ့ ထောင့်တိုင်းကို လွင့်ပါသွားကြလေသည်။
သူတို့က ကျွန်းပေါ်မှာ ခုနစ်လေးနဲ့ ဂျူဇီမင်ရဲ့ ဂုဏ်သတင်း တည်ဆောက်ဖို့အတွက် "ကျောက်တုံး" လှေကားထစ်တွေလည်း ဖြစ်လာကြလေသည်။
လွန်ခဲ့တဲ့ ရက်အနည်းငယ်က ခုနစ်လေးရဲ့ အကြံပြုချက် အရ ကျွန်းပေါ်က အသက်ရှင် ကျန်ရစ်တဲ့ အနက်ရောင်ဘုရင်တွေ အားလုံးကို စုစည်းလိုက်လေသည်။
ခုနစ်လေးမှာ ဒီလို ဩဇာအာဏာ ရှိလာရတဲ့ အကြောင်းရင်းက လွန်ခဲ့တဲ့ ရက်အနည်းငယ် အတွင်း သူ တည်ဆောက်ခဲ့တဲ့ ဂုဏ်သတင်းကြီးနဲ့ တိုက်ရိုက် သက်ဆိုင်လေသည်။
သူ ကယ်တင်ခဲ့တဲ့ လူတွေရဲ့ စိတ်အားထက်သန်စွာ မြှင့်တင်ပေးမှုနဲ့ အတူ ခုနစ်လေးနဲ့ ဂျူဇီမင်က ဒီကျွန်းရဲ့ ကာကွယ်ရေး နတ်ဘုရားတွေလို ဖြစ်နေပြီ ဖြစ်သည်။
ဒါ့အပြင် မြှင့်တင်ပေးတာ ဆိုတော့ ပျံ့နှံ့သွားလေ ပိုပြီး နတ်ဘုရားဆန်လေ ဖြစ်လာလေသည်။
ဘာလို့လဲဆိုတော့ ခုနစ်လေး တိုက်ခိုက်တိုင်း သူ အန်ထုတ်လိုက်တဲ့ သွေးပမာဏက အလွန် များပြားပြီး သူ့ခန္ဓာကိုယ်က မျက်စိနဲ့ မြင်သာလောက်အောင် အားနည်းလာလို့ ဖြစ်သည်။
ထို့အပြင် ကျွန်းပေါ် စရောက်တုန်းက ခုနစ်လေးနဲ့ လက်ရည်စမ်းခဲ့ဖူးတဲ့ အနက်ရောင်ဘုရင် အများအပြားကလည်း ခုနစ်လေးရဲ့ ခွန်အားက ကြီးမားပေမယ့် အနက်ရောင်ဧကရာဇ် တစ်ပါးကို ယှဉ်တိုက်ဖို့ လုံလောက်မှာ မဟုတ်ဘူး ဆိုတာ သက်သေခံကြလေသည်။
အခု သူက အဆင့်ကျော်ပြီး အနက်ရောင်ဧကရာဇ်တွေနဲ့ တိုက်ခိုက်နိုင်တာက ကြီးမားတဲ့ ပေးဆပ်မှု လိုအပ်တဲ့ နည်းစနစ် တစ်ခုခုကြောင့် ဖြစ်ရမယ်လို့ သူတို့ ယုံကြည်ကြလေသည်။
တစ်ခုပြီး တစ်ခု ဆက်စပ် တွေးတောလိုက်တော့ အနက်ရောင်ဘုရင်တွေ အားလုံးက သူက အဲ့ဒီ ကျောက်တုံး ဝိညာဉ်တွေကို တိုက်ခိုက်ဖို့ သူ့ရဲ့ ကိုယ်ပိုင် အသက်ကို လောင်ကျွမ်းနေတာလို့ ယုံကြည်လာကြလေသည်။
သူတို့ ဘယ်လိုလုပ် ကြောက်ရွံ့ရိုသေမှုတွေနဲ့ မပြည့်နှက်ဘဲ နေနိုင်မှာလဲ။
ဒါကြောင့် ခုနစ်လေး စကားပြောလိုက်တာနဲ့ အနက်ရောင်ဘုရင်တွေ အားလုံးက သူ့ဆန္ဒအတိုင်း လိုက်နာကြပြီး အရပ်ရပ်ကနေ စုဝေးလာကာ စခန်းတစ်ခုတည်းမှာ အတူတူ နေထိုင်ကြလေသည်။
ခုနစ်လေးနဲ့ ဂျူဇီမင်က သဘာဝကျကျ ခေါင်းဆောင်တွေ ဖြစ်လာကြလေသည်။
သူတို့က လူတိုင်းကို မိုးပြာရောင် ကောင်းကင် စုဝေးပွဲ အကြောင်း လောလောဆယ် မစဉ်းစားဖို့ ပြောလိုက်ကြလေသည်။
လက်ရှိ အခြေအနေမှာ ရွှေရောင် ဆေးအိုး ကျွန်း ကနေ အသက်ရှင်လျက် ပြန်ထွက်နိုင်ဖို့က မှန်ကန်တဲ့ လမ်းကြောင်း ဖြစ်သည်။
သဘာဝကျကျ ဘယ်သူမှ ဒါကို မငြင်းဆန်ကြပေ။
လူတိုင်းက မဟာမိတ် ခေါင်းဆောင်ရဲ့ ပိုပိုပြီး အားနည်းလာတဲ့ ပုံရိပ်ကို ကြည့်ပြီး စိတ်ထိခိုက်နေကြကာ ကျွန်းကနေ ထွက်သွားပြီးရင် ဘယ်လောက်ပဲ ကုန်ကျပါစေ မဟာမိတ် ခေါင်းဆောင်အတွက် အသက်ရှည်ဆေး ရှာပေးဖို့ ကိုယ်ပိုင် အကြီးအကဲတွေကို ရှာဖွေရမယ်လို့ တွေးနေကြလေသည်။
ခုနစ်လေးရဲ့ အားနည်းတဲ့ ပုံရိပ်နဲ့ ပတ်သက်လို့တော့... ဒီအားနည်းမှုက ဟန်ဆောင်နေတာ မဟုတ်ပေ။
လွန်ခဲ့တဲ့ ရက်အနည်းငယ် အတွင်း သူ တကယ်ပဲ အကြီးအကျယ် ခံစားနေရတာ ဖြစ်သည်။
ဟို လျှို့ဝှက်ဆန်းကြယ် အဝိုင်းပြားနဲ့ ထိတွေ့ပြီး သူ့ပိုင် မဟုတ်တဲ့ မှတ်ဉာဏ်တွေ ရရှိကတည်းက သူ့ပိုင် မဟုတ်တဲ့ မှတ်ဉာဏ်တွေက ခုနစ်လေးရဲ့ စိတ်ထဲမှာ ရံဖန်ရံခါ ထွက်ပေါ်လာတတ်ပြီး မကြာခင်မှာပဲ ပြန်မေ့သွားလေ့ ရှိသည်။
အစတုန်းကတော့ ဖြစ်ပျက်တဲ့ အကြိမ်ရေက လက်ခံနိုင်စရာ ရှိပေမယ့် ဂျူဇီမင်က သူ့အတွက် လျှို့ဝှက်ဆန်းကြယ် အဝိုင်းပြားတွေ ပိုရှာတွေ့ပြီးနောက် ပိုပိုပြီး ဆိုးရွားလာခဲ့လေသည်။
အခုဆိုရင် သူတို့နှစ်ယောက်က ကျွန်းပေါ်မှာ လျှို့ဝှက်ဆန်းကြယ် အဝိုင်းပြား လေးခု ရှာတွေ့ထားပြီး ခုနစ်လေး ပိုင် မဟုတ်တဲ့ မှတ်ဉာဏ်တွေက ပိုပိုပြီး မကြာခဏ၊ ထပ်ခါထပ်ခါ ပေါ်လာနေတာကြောင့် သူ့ကို အလွန်အမင်း ခံစားရစေလေသည်။
ရံဖန်ရံခါ နာကျင်တဲ့ အမူအရာ ပြတတ်တဲ့ ခုနစ်လေးရဲ့ ဒီပုံစံကို တခြား အနက်ရောင်ဘုရင်တွေက သူ့နည်းစနစ်ရဲ့ ဘေးထွက်ဆိုးကျိုးလို့ မြင်ကြပြီး အခြေအနေက နေ့တိုင်း သိသိသာသာ ဆိုးရွားလာနေလေသည်။
ဒီနေ့ နေ့လည်ခင်းမှာ ရွှေရောင် ဆေးအိုး ကျွန်း ပေါ် ခုနလေးတင် ရောက်လာတဲ့ ကျောက်တုံး ဝိညာဉ် တစ်ကောင်ကို နောက်တစ်ကြိမ် ချေမှုန်းပြီးနောက် သူ့ပိုင် မဟုတ်တဲ့ မှတ်ဉာဏ် အမြောက်အမြားက ခုနစ်လေးရဲ့ စိတ်ထဲကို ရုတ်တရက် ဝင်ရောက်လာခဲ့လေသည်။
ခဏတာ ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ် နှစ်ခုလုံး အားနည်းမှုကြောင့် သူ နာကျင်စွာ အော်ဟစ်လိုက်မိလေသည်။
"အစ်ကိုဟန်"
"မဟာမိတ် ခေါင်းဆောင်"
"မြန်မြန် ဝိညာဉ်စုစည်း ဆေးလုံး ယူလာခဲ့"
သူတို့ရဲ့ မဟာမိတ် ခေါင်းဆောင် လေထဲက ပြုတ်ကျလာတာ မြင်တဲ့ စခန်းထဲမှာ ပုန်းနေကြတဲ့ အနက်ရောင်ဘုရင်တွေ အားလုံး အပြင်ထွက်လာကြပြီး ဒီ ကိုယ်ကျိုးစွန့်တဲ့ အစ်ကိုကြီးကို ကုသပေးဖို့ အစွမ်းကုန် ကြိုးစားချင်နေကြလေသည်။
လူတိုင်းရဲ့ စိတ်အားထက်သန်မှုကို မြင်တော့ ဂျူဇီမင် လက်ဝှေ့ယမ်းပြီး ပြောလိုက်လေသည်။
"ရပါတယ် ငါ သူ့ကို ခဏလောက် နားဖို့ အထဲ တွဲခေါ်သွားလိုက်မယ် လူတိုင်း ကိုယ့်နေရာ ကိုယ်ပြန်ပြီး နောက်ထပ် ကျောက်တုံး ဝိညာဉ် တိုက်ခိုက်လာရင် ကာကွယ်ဖို့ အဆင်သင့် ပြင်ထားကြပါ"
ဒုတိယ မဟာမိတ် ခေါင်းဆောင်ရဲ့ အမိန့်ကို ကြားတော့ အနက်ရောင်ဘုရင်တွေ အားလုံးက "ဟုတ်ကဲ့" လို့ ဖြေပြီး လမ်းဖယ်ပေးလိုက်ကြလေသည်။
ခုနစ်လေးကို စခန်းရဲ့ အောက်ထပ် အထိ တွဲခေါ်သွားပြီး ဂျူဇီမင် တံခါး တစ်ချပ် ဖွင့်ကာ အစီအရင်နဲ့ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ခန်း တစ်ခုထဲ ခေါ်သွားလိုက်လေသည်။
"စီနီယာ ကျွန်တော်တို့ ပြန်ရောက်ပါပြီ"
လေးထောင့် စားပွဲမှာ ထိုင်နေတဲ့ ကျန်းပေရန်ကို ဂျူဇီမင် ဦးညွှတ်လိုက်လေသည်။
ခုနစ်လေးကို မော့ကြည့်ပြီး ကျန်းပေရန် မေးလိုက်လေသည်။
"ခုနစ်လေး မင်း တောင့်ခံနိုင်သေးလား"
"ဟူး... ဟူး..."
အသက်ပြင်းပြင်း နှစ်ချက် ရှူပြီးနောက် ခုနစ်လေး ဂျူဇီမင်ကို ခေါင်းညိတ်ပြပြီး သူ့အကူအညီကို လွှတ်လိုက်ကာ လက်သီးဆုပ် အရိုအသေပြုပြီး ပြောလိုက်လေသည်။
"အစ်ကိုဝမ်ကို ဖြေရရင် ကျွန်တော်... အမှန်တရားကို သိချင်ပါတယ်"
တခြားလူတွေရဲ့ မှတ်ဉာဏ်တွေ စိတ်ထဲမှာ အဆက်မပြတ် ဝင်ရောက်နေတဲ့ ခံစားချက်က နာကျင်ပေမယ့် ဝင်ရောက်လာတိုင်း ခုနစ်လေးက သူနဲ့ ဒီကျွန်းကြားမှာ ခွဲခြားလို့ မရတဲ့ ဆက်နွယ်မှု ရှိတယ်လို့ ခံစားရပြီး တစ်ချိန်တည်းမှာပဲ အမှန်တရားကို သိလိုစိတ်ကို လှုံ့ဆော်ပေးနေလေသည်။
အခု အခြေအနေ ဒီလို ဖြစ်လာမှတော့ ဒီကျွန်းနဲ့ သူ ဘာပတ်သက်မှု ရှိလဲ ဆိုတာ သူ ရှာဖွေရမည် မဟုတ်ရင် သူ ပိုပြီး ဂနာမငြိမ် ဖြစ်နေလိမ့်မည်။
"ကောင်းပြီ"
ခေါင်းညိတ်လိုက်ပြီး ကျန်းပေရန်က ကောင်းကင်မျက်လုံး အစီအရင် ကို အသက်သွင်းကာ မျက်နှာပြင် လေးခုကို ခုနစ်လေးနဲ့ ဂျူဇီမင် ရှေ့ ရွှေ့လိုက်ပြီး ပြောလိုက်လေသည်။
"နောက်ထပ် အဝိုင်းပြားက ဒီနေရာ လေးခုထဲက တစ်ခုမှာ ရှိလောက်တယ် မင်းတို့ အခု ထွက်သွားလို့ ရပြီ"
လျှို့ဝှက်ဆန်းကြယ် အဝိုင်းပြား လေးခု ရှာတွေ့ပြီးနောက် ကျန်းပေရန်က ဒီ ရွှေရောင် ဆေးအိုး ကျွန်း နဲ့ ပတ်သက်တဲ့ သဲလွန်စတချို့ နောက်ဆုံးတော့ မြင်တွေ့လိုက်ရလေသည်။
ဒါက အရမ်း ခက်ခဲတဲ့ ပြဿနာ မဟုတ်ပေမယ့် မေးခွန်းတွေ ပေါ်လာဖို့ အထူး နည်းလမ်းတွေ လိုအပ်တဲ့ ဗလာ စာမေးပွဲ စာရွက် တစ်ရွက် လိုပါပဲ။
ဒီ လျှို့ဝှက်ဆန်းကြယ် အဝိုင်းပြားတွေကို မတွေ့ခင်က ကျန်းပေရန် ဘာအစီအရင် သဲလွန်စမှ မတွေ့ခဲ့ရပေ။
ဒါပေမဲ့ လျှို့ဝှက်ဆန်းကြယ် အဝိုင်းပြားတွေရဲ့ တည်နေရာတွေ တစ်ခုပြီး တစ်ခု ပေါ်လာတဲ့အခါ သူက အစီအရင်ရဲ့ မူလပုံစံကို နောက်ဆုံး မြင်တွေ့လိုက်ရပြီး အခုဆိုရင် ခွဲခြမ်းစိတ်ဖြာနိုင်ပြီ ဖြစ်ကာ မျက်စိမှိတ် ရှာနေစရာ မလိုတော့ပေ။
လက်သီးဆုပ် အရိုအသေပြုပြီး "ဟုတ်ကဲ့" လို့ ပြောကာ ခုနစ်လေးနဲ့ ဂျူဇီမင် လျှို့ဝှက်ခန်းထဲကနေ အတူတူ ထွက်ခွာသွားပြီး ကျန်းပေရန် ညွှန်ပြလိုက်တဲ့ လမ်းကြောင်း အတိုင်း ဦးတည်သွားကြလေသည်။
ကျန်းပေရန်ရဲ့ ခန့်မှန်းချက်က မှန်ကန်ခဲ့လေသည်။
တတိယ နေရာကို ရောက်တဲ့အခါ ဂူတစ်ခုရဲ့ မျက်နှာကြက်မှာ မြှုပ်နှံထားတဲ့ နောက်ထပ် လျှို့ဝှက်ဆန်းကြယ် အဝိုင်းပြား တစ်ခုကို ဂျူဇီမင် အောင်မြင်စွာ ရှာတွေ့ခဲ့လေသည်။
"ဟို အပေါ်မှာ"
ခုနစ်လေးရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို သူ အရမ်း စိုးရိမ်ပေမယ့် ခုနစ်လေး ကိုယ်တိုင်က အမှန်တရားကို သိချင်နေတာကြောင့် ဂျူဇီမင် သူ့ကို တားဖို့ စိတ်ကူးမရှိပေ။
ဂျူဇီမင် ညွှန်ပြတဲ့ လမ်းကြောင်း အတိုင်း ခုနစ်လေး မော့ကြည့်လိုက်လေသည်။
သူ့မျက်လုံးတွေ ကျဉ်းမြောင်းသွားပြီး ပဉ္စမမြောက် လျှို့ဝှက်ဆန်းကြယ် အဝိုင်းပြားကို နောက်ဆုံးတော့ မြင်လိုက်ရလေသည်။
"အွတ်... အား"
သူ့အကြည့်က ပဉ္စမမြောက် လျှို့ဝှက်ဆန်းကြယ် အဝိုင်းပြား ပေါ် ရောက်သွားတဲ့ အခိုက်အတန့်မှာ ခုနစ်လေး ကြီးမားတဲ့ စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှုကို ချက်ချင်း ခံစားလိုက်ရလေသည်။
ဒါပေမဲ့ သူက စိတ်ဓာတ်ခွန်အား သက်သက်နဲ့ တောင့်ခံထားတုန်းပင်…..
သို့သော် ဒီရိုက်ခတ်မှုက စတုတ္ထ တစ်ခုထက် အများကြီး ပိုပြင်းထန်လေသည် ဘာလို့လဲဆိုတော့ ဒီအချိန်မှာ သူ့စိတ်ထဲ ဝင်ရောက်လာတာက မှတ်ဉာဏ်တွေ သက်သက် မဟုတ်ဘဲ သူ ဖော်ပြလို့ မရနိုင်တဲ့ စွမ်းအား တစ်ခုလည်း ပါဝင်နေလို့ပင်...
ပြင်းထန်တဲ့ ဝိညာဉ်အာရုံ ရိုက်ခတ်မှု ကြားမှာ ခုနစ်လေးရဲ့ စိတ်ပိုင်းဆိုင်ရာ ကာကွယ်မှုတွေ လုံးဝ ပြိုကွဲလုနီးပါး ဖြစ်သွားလေသည်။
သူ့အသိစိတ် လုံးဝ ပျောက်ဆုံးတော့မယ့် အချိန်မှာ သန်မာတဲ့ လက်တစ်ဖက်က သူ့ကျောကို ရိုက်လိုက်လေသည်။
"အံကြိတ်ထား သတိမလစ်စေနဲ့"
အစ်ကိုဝမ်ရဲ့ ရင်းနှီးနေတဲ့ အသံကို ကြားတော့ ခုနစ်လေး နည်းနည်းလေးမှ မတွေဝေဘဲ ပြန်ဖြေလိုက်လေသည်။
"ဟုတ်ကဲ့"
စတုတ္ထမြောက် လျှို့ဝှက်ဆန်းကြယ် အဝိုင်းပြားကို မြင်တုန်းက သတိလစ်လုနီးပါး ဖြစ်ခဲ့တယ်လို့ ခုနစ်လေး ပြောပြဖူးတာကြောင့် ပဉ္စမ တစ်ခုက ပိုကြီးမားတဲ့ ထိခိုက်မှု ယူဆောင်လာမှာကို ကျန်းပေရန် နည်းနည်း စိုးရိမ်ခဲ့လေသည်။
ဒါကြောင့် သူက ရှီဖုန်းလန်ကို ခေါ်ပြီး သူ့နေရာ ခဏ ယူခိုင်းကာ သူတို့ နှစ်ယောက် နောက် လိုက်လာခဲ့တာ ဖြစ်လေသည်။
ပဉ္စမမြောက် လျှို့ဝှက်ဆန်းကြယ် အဝိုင်းပြားရဲ့ စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှုကို ခုနစ်လေး လုံးဝ မခံနိုင်မှန်း သိလိုက်တော့ ကျန်းပေရန် ပြတ်ပြတ်သားသား လှုပ်ရှားလိုက်လေသည်။
ဝိညာဉ်ငြိမ်သက် အဆောင်လက်ဖွဲ့ တစ်ရွက်ကို ခုနစ်လေးရဲ့ ကျောမှာ ကပ်ပေးလိုက်ပြီး ကျန်းပေရန်ရဲ့ နောက်တစ်ဆင့်က သူ့ရဲ့ ကိုယ်ပိုင် ဝိညာဉ်အာရုံကို သုံးပြီး ခုနစ်လေးရဲ့ ဝိညာဉ်အာရုံကို တည်ငြိမ်အောင် လုပ်ပေးဖို့ ဖြစ်လေသည်။
ဒါပေမဲ့ သူက အရင်က ဒီလိုမျိုး ကြိုးစားခဲတယ် ပြီးတော့ ကြိုးစားဖူးရင်တောင် ဒီလောက် ပြင်းထန်တဲ့ စိတ်ဆန္ဒနဲ့ တစ်ခါမှ မယှဉ်ပြိုင်ဖူးပေ။
ဒါကြောင့် အောင်မြင်မလား ဆိုတာက ခုနစ်လေး သတိရှိနေနိုင်မလား ဆိုတာပေါ်မှာပဲ မူတည်နေသေးသည်။
ဝိညာဉ်ငြိမ်သက် အဆောင်လက်ဖွဲ့ ရဲ့ စွမ်းအား အပြည့်အဝ ထွက်ပေါ်လာပြီးနောက် ကျန်းပေရန်က သူ့ရဲ့ ဝိညာဉ်အာရုံနဲ့ ခုနစ်လေးကို ကာကွယ်ဖို့ စတင် ကြိုးစားလိုက်လေသည်။
'ဒါက...'
ကျန်းပေရန်ရဲ့ ဝိညာဉ်အာရုံက ခုနစ်လေးရဲ့ ဝိညာဉ်အာရုံနဲ့ ထိတွေ့လိုက်တဲ့ အခိုက်အတန့်မှာ ကျန်းပေရန် မကြုံစဖူး ဖိအား တစ်ခု ခံစားလိုက်ရလေသည်။
'ဒါက အရမ်း သန်မာတာပဲ...'
တစ်ချိန်တည်းမှာပဲ ခုနစ်လေး တွန်းလှန်နေတာက ဒီလောက် ကြောက်စရာကောင်းတဲ့ ဝိညာဉ်အာရုံ ရိုက်ခတ်မှုကြီး ဆိုတာ သူ သိလိုက်လေသည်။
သူ ဝန်ခံရမည် ဇာတ်လိုက် ဖွဲ့စည်းပုံ ရှိသူ ဆီကနေ မျှော်လင့်ထားတဲ့ အတိုင်းပဲ သူ့ရဲ့ စိတ်ဓာတ်ခွန်အားက ရယ်စရာကောင်းလောက်အောင် သန်မာလွန်းသည်။
သူ သတိမလစ်ဘူး လို့ ပြောရင် သူ သတိမလစ်ပေ။
အထင်ကြီးစရာပဲ
ပြိုင်ဘက်ရဲ့ အင်အားကို နားလည်ပြီး ခုနစ်လေးရဲ့ ခံနိုင်ရည် ကန့်သတ်ချက်က အရမ်း မြင့်မားမှန်း သိလိုက်တော့ ကျန်းပေရန် လွတ်လွတ်လပ်လပ် လုပ်ရဲလာလေသည်။
ခုနတုန်းက သူက စမ်းသပ်ဖို့ သူ့ရဲ့ ဝိညာဉ်အာရုံ ဆယ်ပုံတစ်ပုံလောက်ပဲ သုံးခဲ့တာ။
အခုတော့...
'သုံးပုံလောက် သုံးလို့ ရလောက်တယ်'
ကျန်းပေရန် သူ့ရဲ့ ဝိညာဉ်အာရုံ ထုတ်လွှတ်မှုကို တိုးမြှင့်လိုက်တဲ့ အခိုက်အတန့်မှာ ခုနစ်လေးရဲ့ နာကျင်မှု ချက်ချင်း အများကြီး လျော့နည်းသွားပြီး ဖြူဖပ်ဖြူရော် ဖြစ်နေတဲ့ သူ့မျက်နှာမှာ သွေးရောင် နည်းနည်း ပြန်ပေါ်လာလေသည်။
ကျန်းပေရန် ဘက်မှာတော့ မတော်တဆမှု သေးသေးလေး ဖြစ်ပွားခဲ့လေသည်။
ခုနစ်လေးကို ကာကွယ်ဖို့ သူ့ရဲ့ ဝိညာဉ်အာရုံကို သုံးပြီးနောက် သူ့ပိုင် မဟုတ်တဲ့ မှတ်ဉာဏ်တွေ သူ့စိတ်ထဲမှာလည်း ပေါ်လာတာ သူ တွေ့ရှိလိုက်ရလေသည်။
'ဟေ့ မလုပ်ပါနဲ့ ဘာလို့ ငါ့ဆီ လာနေတာလဲ ငါ ဒီ ဇာတ်လိုက် ဆက်ဆံမှုကို မခံနိုင်ဘူး'
ဒါပေမဲ့ ကျန်းပေရန် ဘယ်လောက်ပဲ တွန်းလှန် တွန်းလှန် သူ့စိတ်ထဲ ဝင်ရောက်လာမယ့် မှတ်ဉာဏ်တွေက နည်းနည်းလေးမှ မလျော့သွားပေ။
ခဏတာ ကျန်းပေရန်က ထူးဆန်းတဲ့ အဝတ်အစားတွေ ဝတ်ထားတဲ့ လူအများကြီး ကောင်းကင်ကို ဖုံးလွှမ်းလုနီးပါး ဖြစ်နေတဲ့ သတ္တဝါကြီး တစ်ကောင် နဲ့ လောင်ကျွမ်းနေတဲ့... ရေခဲတုံး တစ်တုံးကို မြင်လိုက်ရလေသည်။
မှတ်ဉာဏ်တွေက အပိုင်းပိုင်း အစစ ဖြစ်နေသည်။
ဒါက လူတစ်ယောက်ရဲ့ ဘဝ အတွေ့အကြုံ အမျိုးမျိုး ဖြစ်ပုံရလေသည်။
သူ့ရဲ့ ကြုံတွေ့မှု အမျိုးမျိုးကို ကြည့်ရင် ဒီလူက အရမ်း သန်မာပုံ ရသည် ဘယ်လောက် သန်မာလဲ ဆိုရင် သူ သွားချင်တဲ့ နေရာတိုင်း သွားနိုင်လောက်သည်။
"မင်း ဒီတိုက်ကြီးကို ကာကွယ်နိုင်မယ်လို့ တကယ် ထင်နေတာလား"
ဒီအချိန်မှာ နောက်ထပ် မှတ်ဉာဏ် တစ်ခု ကျန်းပေရန် စိတ်ထဲ ပေါ်လာလေသည်။
သူ့ရှေ့မှာ ဓားကြီး တစ်လက် ကိုင်ထားတဲ့ ဆံပင်နီနဲ့ လူတစ်ယောက် ရပ်နေပြီး သူ့ကို ချိန်ရွယ်ထားလေသည်။
သူ့အကြည့်က အလွန် ရှုပ်ထွေးသည် ဒေါသ နှစ်ပုံ မလိုလားအပ်မှု သုံးပုံ နာကျင်မှု လေးပုံ... ပြီးတော့ ကံကြမ္မာရဲ့ ရက်စက်မှု ရှစ်ပုံ ပါဝင်နေလေသည်။
တစ်ချက် ကြည့်လိုက်ရုံနဲ့ ဒီမှတ်ဉာဏ် ပိုင်ရှင်နဲ့ သူ့ရှေ့က ဆံပင်နီနဲ့ လူတို့ ကြားမှာ ရှုပ်ထွေးပွေလီတဲ့ ဇာတ်လမ်း တစ်ပုဒ် ရှိနေတယ် ဆိုတာ ကျန်းပေရန် သေချာနိုင်သလိုမျိုးပင်။
ဘာတွေ ဖြစ်နေလဲ ဆိုတာ ကျန်းပေရန် နားထောင်ဖို့ ပြင်လိုက်တုန်း ဒီမှတ်ဉာဏ် ရုတ်တရက် ပြတ်တောက်သွားလေသည်။
"အစ်ကိုဝမ် အစ်ကိုဝမ်"
ခုနစ်လေးရဲ့ စိုးရိမ်တကြီး ခေါ်သံတွေကို ကြားတော့ ကျန်းပေရန် သတိပြန်ဝင်လာပြီး ပြောလိုက်လေသည်။
"ဘာဖြစ်လို့လဲ"
အစ်ကိုဝမ် အဆင်ပြေတာ မြင်တော့ ခုနစ်လေး သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်လေသည်။
တစ်ချိန်တည်းမှာပဲ သူက မလိုအပ်ဘဲ စိတ်ပူမိလို့ ကိုယ့်ကိုယ်ကိုယ် တိတ်တဆိတ် ကျိန်ဆဲလိုက်မိလေသည်။
အစ်ကိုဝမ်က ဘယ်လိုလုပ် တစ်ခုခု ဖြစ်နိုင်မှာလဲ။
"ကျွန်တော့်ကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ် အစ်ကိုဝမ် မဟုတ်ရင် အဲ့ဒီအချိန်တုန်းက ကျွန်တော် သတိလစ်သွားမှာ သေချာတယ်"
ခုနစ်လေးက လေးလေးနက်နက် ကျေးဇူးတင်စကား ပြောလိုက်လေသည်။
"ယဉ်ကျေးစရာ မလိုပါဘူး မင်း ဘယ်လိုနေလဲ"
မေးရင်းနဲ့ ကျန်းပေရန်က အဲ့ဒီ မှတ်ဉာဏ်တွေကို ပြန်လည် ခံစားဖို့ ပြင်လိုက်ပေမယ့် အဲ့ဒါတွေက အိမ်မက် တစ်ခုလို ဖြည်းညှင်းစွာ ပျောက်ကွယ်နေတာ တွေ့လိုက်ရသည် ဘယ်လောက် ကြိုးစားပြီး ပြန်စဉ်းစား စဉ်းစား မရနိုင်တဲ့ အိမ်မက်မျိုးပေါ့။
နောက်ဆုံးမှာ ဟို ဆံပင်နီနဲ့ လူရဲ့ ရှုပ်ထွေးတဲ့ အကြည့်နဲ့ ဟို စကားတစ်ခွန်းပဲ ကျန်ရစ်ခဲ့လေသည်။
"မင်း ဒီတိုက်ကြီးကို ကာကွယ်နိုင်မယ်လို့ တကယ် ထင်နေတာလား"
ဒါပေမဲ့ မကြာခင်မှာ ဒီစာကြောင်းနဲ့ ဆံပင်နီနဲ့ လူလည်း သူ့မှတ်ဉာဏ်ထဲကနေ ပျောက်ကွယ်သွားလေသည်။
'တောက် ငါ အဲ့ဒါတွေ အကုန်လုံးကို အလကား မြင်လိုက်ရတာပဲ'
အသက်ရှူချိန် တစ်ခဏ အတွင်းမှာပဲ တစ်ချိန်က တခြားသူရဲ့ မှတ်ဉာဏ်တွေ သူ့ဆီမှာ ရှိခဲ့ဖူးတယ် ဆိုတာပဲ ကျန်းပေရန် မှတ်မိတော့သည် ဒါပေမဲ့ အကြောင်းအရာက ဘာလဲ ဆိုတာ လုံးဝ ပြန်မမှတ်မိတော့ပေ။
'ထားလိုက်ပါတော့ မေ့သွားတာ ကောင်းပါတယ်
ငါက ဒီလို ဇာတ်လိုက် ဆက်ဆံမှုမျိုး ဘယ်လိုမှ ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး'
"အစ်ကိုဝမ် ကျေးဇူးကြောင့် ဒီတစ်ခါ ကျွန်တော် ချောချောမွေ့မွေ့ ကျော်ဖြတ်နိုင်ခဲ့တယ် ပြီးတော့ တစ်ချိန်တည်းမှာ ကျွန်တော် ဒီကျွန်းကို အရင်က ရောက်ဖူးတယ် ဆိုတာ ပိုပြီး သေချာသွားတယ်"
ခုနစ်လေးက ရှာဖွေတွေ့ရှိမှု ရှိသေးတယ် ဆိုတာ ကြားတော့ ကျန်းပေရန် သက်ပြင်းချနိုင်သွားလေသည်။
သူ ရလိုက်တဲ့ ဒီ အပို မှတ်ဉာဏ်က ခုနစ်လေးရဲ့ ကံကောင်းခြင်းကို ထိခိုက်စေမယ်လို့ သူ ထင်ခဲ့တာ။
အခုတော့ ကိစ္စကြီး မဟုတ်လောက်ဘူးလို့ ထင်ရလေသည်။
"အရင်တုန်းက ဒီကျွန်းကို လာတုန်းက မင်း ဘာလုပ်ခဲ့လဲ" ကျန်းပေရန်က တည်ငြိမ်တဲ့ လေသံနဲ့ မေးလိုက်လေသည်။
ခုနစ်လေး ခေါင်းခါပြီး ပြန်ဖြေလိုက်လေသည်။
"ကျွန်တော် ဒီကျွန်းပေါ်မှာ အချိန်အကြာကြီး နေခဲ့တယ် ဆိုတာပဲ သေချာပါတယ် ဒါပေမဲ့ ကျွန်တော် ဘာလုပ်ခဲ့လဲ ဆိုတာ လုံးဝ မမှတ်မိပါဘူး"
ပြောပြီးနောက် ခုနစ်လေးက စိုးရိမ်မှုတချို့နဲ့ ထပ်မေးလိုက်လေသည်။
"အစ်ကိုဝမ်... တကယ်တမ်း ဘာတွေ ဖြစ်နေတာလဲ ကျွန်တော့် ခန္ဓာကိုယ်ထဲမှာ တခြား လူတစ်ယောက် တကယ် နေထိုင်နေတာလား"
ခုနစ်လေးကို တစ်ချက်ကြည့်ပြီး ကျန်းပေရန် ပြန်ဖြေလိုက်လေသည်။
"မင်း သိသင့်တဲ့ အချိန် ရောက်ရင် မင်း သဘာဝကျကျ သိလာမှာပါ"
ဘာတွေ ဖြစ်နေလဲ ဆိုတာ ကျန်းပေရန် ဘယ်လိုလုပ် သိနိုင်မှာလဲ။ ဒါပေမဲ့ ဒါက သူ့ကို တည်ငြိမ်စွာ ဖြေကြားခြင်းကနေ မတားဆီးနိုင်ပေ။
မျှော်လင့်ထားတဲ့ အတိုင်းပဲ ဒီအဖြေက ခုနစ်လေး အတွက် အလွန် ထိရောက်မှု ရှိလေသည်။
အစ်ကိုဝမ် ဘာဆိုလိုလဲ သူ နားမလည်ပေမယ့် အကြောင်းပြချက် မရှိဘဲ စိတ်အေးချမ်းသွားလေသည်။
သူ့ဘေးနားက ဂျူဇီမင် ကတော့ ကျန်းပေရန်ကို လေးစားအားကျတဲ့ အကြည့်နဲ့ မကြည့်ဘဲ မနေနိုင်တော့ပေ။
ဒီလောက် ငယ်ရွယ်ပုံရတဲ့ လူတစ်ယောက်က ဘာလို့ ဒီလောက် ဗဟုသုတ ကြွယ်ဝနေရတာလဲ ဆိုတာ စိတ်ကူးကြည့်ဖို့ တကယ် ခက်ခဲသည် မြင့်မားတဲ့ နေရာကနေ သက်ရှိသတ္တဝါ အားလုံးကို ငုံ့ကြည့်နေသလိုမျိုးပင်။
"မင်းတို့နှစ်ယောက် ဒီမှာ ခဏ နားလိုက်ကြဦး"
ကျန်းပေရန် ပြောပြီးတာနဲ့ ဂူထဲက ထွက်လာခဲ့လေသည်။
ပဉ္စမမြောက် လျှို့ဝှက်ဆန်းကြယ် အဝိုင်းပြားရဲ့ တည်နေရာကို အတည်ပြုပြီးနောက် ဒီကျွန်းပေါ်က မဟာအစီအရင်ရဲ့ မူလပုံစံကို ကျန်းပေရန် နောက်ဆုံးတော့ ကနဦး နားလည်မှု ရရှိသွားခဲ့လေသည်။
ဘာလို့လဲဆိုတော့ အစီအရင်တွေက ဘယ်လိုပဲ ပြောင်းလဲ ပြောင်းလဲ သူတို့ရဲ့ အခြေခံကနေ ဘယ်တော့မှ သွေဖည်မသွားလို့ ဖြစ်သည်။
အပြန်အလှန် ချိတ်ဆက်နေသော အစီအရင် ဖြစ်ဖြစ် အလွှာပေါင်းစုံ အစီအရင် ဖြစ်ဖြစ် သူတို့မှာ အခြေခံအကျဆုံး ငါးပါးဓာတ် ဆုံချက် အမှတ်တွေ အမြဲ ရှိလေသည်။
ဒါကြောင့်လည်း ကျန်းပေရန်က သူ တစ်ခါမှ မမြင်ဖူးတဲ့ အစီအရင်တွေကို ခွဲခြမ်းစိတ်ဖြာနိုင်တာ ဖြစ်လေသည်။
သင်္ချာပုစ္ဆာ တစ်ပုဒ်နဲ့ ကြုံရသလိုပါပဲ။
လုံးဝ အသစ်စက်စက် ပုစ္ဆာ အမျိုးအစား ဖြစ်နေရင်တောင် ခင်ဗျားမှာ ခိုင်မာတဲ့ အခြေခံ ရှိသရွေ့ လုံးဝ ဘာမှ မသိတာမျိုး မဖြစ်ဘဲ ဖြေရှင်းဖို့ အမြဲ ကြိုးစားနိုင်လေသည်။
အခု ကျန်းပေရန်က ဆုံချက် အမှတ် ငါးခု ရှာတွေ့ပြီ ဆိုတော့ ဒီကျွန်းပေါ်က မဟာအစီအရင်က ဒီဘောင်ကနေ သွေဖည်မသွားဘူး ဆိုတဲ့ အဓိပ္ပာယ် ဖြစ်လေသည်။
ဒါက ကျန်းပေရန်ကို အများကြီး ပိုပြီး ရွှင်လန်းသွားစေလေသည်။
ဘာပဲဖြစ်ဖြစ် ဘယ်လိုပဲ ဖြစ်ဖြစ်...
ရွှေရောင် ဆေးအိုး ကျွန်း ကို ဝန်းရံထားတဲ့ ဒီသံသယ တိမ်တိုက်ကြီးထဲမှာ သူ နောက်ဆုံးတော့ အက်ကွဲကြောင်း တစ်ခု ဖန်တီးနိုင်ခဲ့ပြီ ဖြစ်သည်။
မဟာမိတ် တပ်ဖွဲ့ စခန်းရဲ့ မြေအောက် လျှို့ဝှက်ခန်းဆီ ပြန်ရောက်တော့ "မျက်နှာပြင်" တွေ အားလုံးကို စိုက်ကြည့်နေတဲ့ ရှီဖုန်းလန်ကို ကျန်းပေရန် ကြည့်ပြီး ခေါ်လိုက်လေသည်။
"ကောင်းပြီ မင်း အပြင်ထွက်ပြီး နားလို့ ရပြီ"
"ဝါး"
ရှီဖုန်းလန် သိသိသာသာ လန့်သွားလေသည်။
သူမ ရင်ဘတ်ကို ပုတ်ပြီး လှည့်ကြည့်လိုက်လေသည်။
"ပေရန်လေး... မင်း ငါ့ကို သေအောင် ခြောက်လိုက်တာပဲ"
"ဒီည မင်းအတွက် ထင်းရှူးစေ့ လီလီ မုန့်ချို လုပ်ပေးမယ်"
"ယေး ဒါဆို ငါ ထွက်သွားပြီ"
ပြောပြီးတာနဲ့ ရှီဖုန်းလန်က အလွန် လိမ္မာစွာ ပြေးထွက်သွားပြီး တံခါးကိုတောင် ပြန်ပိတ်ပေးသွားလေသည်။
တံခါး ပိတ်သွားပြီးနောက် ကျန်းပေရန်က ကောင်းကင်မျက်လုံး အစီအရင် ရဲ့ အလယ်မှာ ဖြည်းညှင်းစွာ ထိုင်လိုက်လေသည်။
"ဟား..."
အသက်ရှူထုတ်လိုက်ပြီး ကျန်းပေရန်ရဲ့ နှုတ်ခမ်းထောင့်တွေ အနည်းငယ် ကွေးတက်သွားလေသည်။
'မင်း ကောင်စုတ်လေး မင်းရဲ့ မျက်နှာအမှန်ကို ငါ့ကို ပြစမ်းပါ'