← Chapters

မုန့်ချုံနှင့် စုလင်းရှုံတို့၏ အဆင့်ချိုးဖျက်ခြင်း

Vol. 30 Ch. 437

မုန့်ချုံနှင့် စုလင်းရှုံတို့၏ အဆင့်ချိုးဖျက်ခြင်း

Vol. 30 Ch. 437

လင်းယွီဂိတ်တံခါး၏ရှေ့တွင် သိုင်းသမားအုပ်စု၏ မျက်နှာများမှာ ဖြူရော်နေပြီး ဖိအားကြီးစွာဖြင့် ကျေနပ်မှုမရှိစွာ ဖြစ်နေပါသည်။ သူတို့သည် အကူအညီလည်း မဲ့နေကြ၏။

တချို့သိုင်းသမားများမှာ နောက်သို့လှည့်ကာ ထွက်ခွာခဲ့ပြီး သူတို့၏ မျက်နှာများက ပျက်သားလာခဲ့သည်။ သူတို့သည် သဟွသိုင်းပညာကို ကျင့်ကြံရန်အတွက် ဆုံးဖြတ်လိုက်ပြီ ဖြစ်၏။

ရက်အနည်းငယ်အတွင်းတွင် ချန်းပိန်မြေရှိ လင်းယွီဂိတ်တံခါး၏ရှေ့တွင် သိုင်းသမားများ စတင် စုစည်းလာခဲ့သည်။ ဆူပူမှုပြုကာ အတွင်းသို့ဝင်ရောက်ရန် ကြိုးစားခဲ့ပေမယ့် တစ်ခါတည်း သတ်ဖြတ်ခံခဲ့ရ၏။

ထိုအချိန်၌ သိုင်းသမားအားလုံး နားလည်လာခဲ့သည်။

ယွီလင့်မရှိဘဲ လင်းယွီဂိတ်တံခါးသို့ ဝင်ရောက်ရန် မဖြစ်နိုင်ပေ။ အတင်းဝင်ရောက်မှုပြုပါက အဆုံးသတ်မှာ သေဆုံးရမည် ဖြစ်၏။

လင်းယွီအတွင်းရှိ ခန်းမကြီးထဲတွင် ဧကရာဇ်ကျိန်နှင့် အဓိက အမတ်ကြီး အနည်းငယ်က လင်းယွီဂိတ်တံခါး၏ကိစ္စကို ကိုယ်တိုင်ကိုင်တွယ်၏။ သို့ရာတွင် ရက်များစွာ ကုန်ဆုံးသွားသည့်ကစား မည်သည့် ယွီလင့်တံဆိပ်ပြား ကိုင်ဆောင်ထားသူမှ ပေါ်လာခြင်းမရှိပေ။

"အရှင်မင်းကြီး... အတွင်းဘက်နယ်မြေမှာ.. သွေးနတ်ဆိုးအဖြစ်အပျက်အပြီးမှာ ယွီလင့်ကိုင်ဆောင်ထားသူတွေ ဆက်ပြီး မရှိတော့ဘူးထင်တယ်။ ယွီလင့်ရဲ့တည်ရှိမှုကိုတောင် နားမလည်ကြလောက်ဘူး.."

အမတ်တစ်ယောက်က ပြော၏။

"အတွင်းဘက်နယ်မြေမှာ ယွီလင့်ကိုင်ဆောင်ထားတဲ့လူတွေ ရှိရှိမရှိရှိ တစ်လတာ အချိန်အတွင်းကတော့ ဘာအမှားအယွင်းမှ ဖြစ်လို့မရဘူး.."

ဧကရာဇ်ကျိန်က လေးနက်စွာပြော၏။

အမတ်ကြီးများက ခေါင်းငြိမ့်သည်။ အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများ၏ ညွှန်ကြားချက်ကို သူတို့အနေနှင့် ပေါ့ဆစွာ ယူဆရဲခြင်းမရှိပေ။

လင်းယွီဂိတ်တံခါး၏ ရှေ့တွင် ပုံရိပ်တစ်ခု တုံ့ဆိုင်းစွာဖြင့် လျှောက်လာခဲ့၏။

"မင်းမှာ ယွီလင့်ရှိလား.."

အစောင့်က နက်ရှိုင်းသည့်အသံဖြင့် မေးသည်။

"ရှိ.. ရှိပါတယ်.."

ထိုလူက ယွီလင့်တစ်ခုကို ထုတ်ပြ၏။

အစောင့်က ကြည့်လိုက်ပြီးနောက် သူ၏မျက်ခုံးများက အနည်းငယ် မျက်မှောင်ကျုံ့သွားသည်။ သူသည် ယခုကဲ့သို့ ယွီလင့်အဖွဲ့အစည်း တစ်ခုကို ကြားဖူးခြင်းမရှိပေ။သို့ပေမယ့် ယွီလင့်မှာ အမှန်တကယ်ကို အစစ်ဖြစ်၏။

လက်ကိုဝှေ့ရမ်းကာ ထိုလူကို ဝင်ခိုင်းလိုက်သည်။ ထိုလူမှာ စိတ်သက်သာရာရသွားပြီး စိတ်လှုပ်ရှားစွာဖြင့် လင်းယွီဂိတ်တံခါးဆီသို့ ဝင်ရောက်သွား၏။

လင်းယွီဂိတ်တံခါးကို စောင့်ကြည့်နေကြသည့် သိုင်းသမားများမှာ မနေနိုင်ဘဲ မျက်မှောင်ကျုံ့သွားကြသည်။

ထိုသို့ဆိုပါက အတွင်းဘက်နယ်မြေတွင် ယွီလင့်တံဆိပ်ပြားအား ကိုင်ဆောင်ထားသူများ အမှန်တကယ် ရှိနေသည်လား။

ရက်အနည်းငယ် ကြာပြီးနောက် နောက်ထပ်တစ်ယောက် လင်းယွီဂိတ်တံခါးဆီသို့ ရောက်ရှိလာခဲ့သည်။

"အဲ့ဒါက ဘုရင်ကျစ်ယွင် မဟုတ်ဘူးလား.."

ဂိတ်တံခါးကို ကြည့်ရှု့နေကြသည့် စွမ်းအားကြီးပုဂ္ဂိုလ်များသည် အံ့သြသွားကြ၏။ ကျစ်ယွင်နိုင်ငံမှာ ပြိုကွဲသွားပြီး ဘုရင်ကျစ်ယွင်မှာ ပျောက်ကွယ်သွားခဲ့လေသည်။ မထင်မှတ်စွာပင် သူသည် ယွီလင့်တစ်ခုကို ကိုင်ဆောင်ထားသည်လား။

အစောင့်က ကျစ်ယွင်ကို ကြည့်သည်။ ထို့နောက် သူ၏လက်ထဲရှိ ယွီလင့်ကိုကြည့်ကာ အနည်းငယ်မှင်သက်သွား၏။ စုမိသားစု၏ ယွီလင့်တံဆိပ်ပြားလေလား။

ဘုရင်ကျစ်ယွင်မှာ အလွန် စိုးရိမ်နေပါသည်။ သူသည် ထိုယွီလင့်ကို သခင်လေးစု သတ်ဖြတ်ခံခဲ့ရသည့် နေရာမှ ရှာတွေ့ခဲ့ခြင်း ဖြစ်၏။

ကြည့်ရသည်မှာ နောက်ခံ သင်္ကေတတစ်ခုနှင့် တူသည်။ ပြီးနောက် လင်းယွီဂိတ်တံခါး ဖွင့်လှစ်လာပြီးနောက် ဤသည်မှာ ယွီလင့်တစ်ခုဖြစ်လိမ့်မည်ဟု ခန့်မှန်းမိလိုက်၏။

သို့ရာတွင် သူသည် စုမိသားစုမှမဟုတ်ရာ လင်းယွီဂိတ်တံခါးမှ ဝင်ရောက်နိုင်ခြင်းမရှိမည်ကို စိုးရိမ်နေပါသည်။

"ဝင်သွား.."

အစောင့်က အေးစက်စွာပြောကာ ဘုရင်ကျစ်ယွင်ကို လက်ဝှေ့ရမ်းပြီး ဝင်ခိုင်းလိုက်၏။ ဒီလူကြီးသည် အိုမင်းကာ ခွန်အားမှာ လစ်ဟင်းနေ၏။ ယွီလင့်တစ်ခုကို ကိုင်ဆောင်ကာ စုမိသားစု၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာလျှင်တောင် ကျွန်တစ်ယောက်ထက် ပိုမည်မဟုတ်ပေ။ အများကြီးအချိန်ပေးရန် ထိုက်တန်ခြင်းမရှိပါ။

ယခု မဆိုထားနှင့် အတိတ်တုန်းကပင်လျှင် ယွီလင့်ကို ကိုင်ဆောင်ထားသည့် ပါရမီရှင်များစွာသာ အာရုံစိုက်မှုကို ခံကြရသည်။ ပါရမီနိမ့်ပါးပါက ဝင်ရောက်ပြီးနောက် အစေခံအလုပ်များကိုသာ လုပ်ရ၏။

ချန်းလန်ကျွန်းပေါ်တွင် ယွင်မြှောင်မြှောင်၊ သုယွီယင်းနှင့် ကျစ်ယွင်တို့က တစ်ယောက်နှင့်တစ်ယောက် မိတ်ဖွဲ့နေ၏။ မိန်းကလေးသုံးယောက်သားသည် လင်းယွီသို့ ဝင်ရောက်ရန် စီစဉ်ထားကြသည်။ သူမတို့သည် ရွှီယန်ဆီမှ လင်းယွီ၏ အခြေအနေကို အကြမ်းဖျင်း သိရှိပြီးဖြစ်၏။

ဤသည်မှာ အဆင့်အတန်းခွဲခြားမှု အလွန်ကြီးသည့် နေရာတစ်ခုဖြစ်သည်။ ကံကောင်းစွာပင် သုံးယောက်လုံးသည် အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများ၏ ယွီလင့်တံဆိပ်ပြားမျညူကို ကိုင်ဆောင်ထားကြ၏။

ကျစ်ယွင်မှာ ကျိုးနိုင်ငံ၏ မိုးပြာရောင်ဘုရင် ယွီလင့်တံဆိပ်ပြားကို ကိုင်ဆောင်ထားသည်။ ယွင်မြှောင်မြှောင်မှာ သုယွီယင်း၏ တံဆိပ်ပြားနှင့်တူညီပြီး ထိုက်မြှောင်ဂိုဏ်းမှ ဖြစ်၏။ ထို့အပြင် မှတ်တမ်းများအရ သူမတို့သည် တူညီသည့် လူများထံမှ ယွီလင့်ကို ရရှိခဲ့ခြင်း ဖြစ်သည်။

မိန်းကလေးသုံးယောက်တို့သည် ရွှီယန်နှင့် မုန့်ချုံတို့ကို သူမတို့နှင့်အတူ လင်းယွီသို့ ဝင်ရောက်စေလိုပေမယ့် ရွှီယန်နှင့်မုန့်ချုံတို့က ငြင်းဆန်ခဲ့၏။ သူတို့သည် ယွီလင့်ဖြင့် ဝင်ရောက်ရန် စဉ်းစားထားခြင်း မရှိပေ။

"အစ်မယွင်... နင်ကိုင်ဆောင်ထားတဲ့ ယွီလင့်ကို ဘိုးဘေးအဘွားက ချန်ထားခဲ့တာ ဖြစ်မယ်.."

သုယွီယင်း၏အပြုံးက တောက်ပနေပြီး ယွင်မြှောင်မြှောင်အပေါ် အသာစီးတစ်ခု ရလိုက်ပုံပေါ်၏။

"ယွီယင်း... ငါကျင့်ကြံတဲ့ကျင့်စဉ်က ဘိုးဘေးဆရာမ လက်ဆင့်ကမ်းခဲ့တဲ့ ကျင့်စဉ်ပဲ။ ဒါ့ကြောင့်မို့လို့ ငါက သူမရဲ့ စစ်မှန်တဲ့မျိုးဆက်ပဲ.."

ယွင်မြှောင်မြှောင်က အရှုံးပေးခြင်း မရှိပါ။

"ဘယ်သူကစီနီယာအစ်မ.. ဘယ်သူကဂျူနီယာအစ်မ ပဲဖြစ်ဖြစ် ထိုက်မြှောင်ဂိုဏ်းကိုရောက်ပြီးရင် ငါတို့တွေ တစ်ယောက်နဲ့တစ်ယောက် ကူညီထောက်ပံ့သင့်တယ်။ သဟွရဲ့နာမည်ကို ညှိုးနွမ်းစေလို့ မဖြစ်ဘူး.."

ခဏတာတိတ်ဆိတ်နေပြီးနောက် သုယွီယင်းက ပြော၏။

"ဒါပေါ့.."

ယွင်မြှောင်မြှောင်က သဘောတူစွာခေါင်းငြိမ့်သည်။ ယခုအချိန်၌ အတွင်းဘက်နယ်မြေသည် သမိုင်းတစ်ခုဖြစ်လာပြီး သဟွသာလျှင် ကျန်ရစ်တော့၏။

သူမတို့အားလုံးသည် သဟွ၏လူများ ဖြစ်သည်။ ပြီးနောက် သဟွသည် ရွှီယန်နှင့် နီးကပ်စွာဆက်နွယ်နေ၏။

လင်းယွီဂိတ်တံခါး၏ ဖွင့်လှစ်မှုနှင့်အတူ အချိန်တစ်လပေးထားရာ အမျိုးသမီးသုံးယောက်တို့သည် ဝင်ရောက်ရန်အတွက် အလျှင်လိုခြင်း မရှိပါ။

တောင်ထိပ်ပေါ်တွင် မုန့်ချုံသည် အဆင့်ချိုးဖျက်စဉ်အတွင်း၌ ကျရောက်နေ၏။ သူ၏ ခန္ဓာကိုယ်ပတ်ဝန်းကျင်၌ ရွှေရောင်အလင်းတို့ ထွက်ပေါ်နေပြီး အရှိန်အဝါက ဆက်လက်မြင့်တက်နေပါသည်။

လီရွှမ်မှာ စိတ်အားထက်သန်စွာ ရှိနေပြီး မုန့်ချုံ၏ အဆင့်ချိုးဖျက်မှုအတွက် မျှော်လင့်နေမိ၏။ မကြာခင်တွင် မုန့်ချုံသည် မဖျက်စီးနိုင်သည့် ကြီးမြတ်သောနေ ရွှေခန္ဓာ၏ ဒုတိယအဆင့်ကို နားလည်သဘောပေါက်လာလောက်ပါသည်။

"ဘုန်း.."

အခိုက်အတန့်တစ်ခုတွင် မုန့်ချုံ၏ ပုံရိပ်က ပိုမိုမြင့်မားလာပြီး ဆယ်ပေမြင့်မားသည့် လူ့ဘီလူးတစ်ယောက်သဖွယ် ပြောင်းလဲသွားသည်။ ရွှေရောင်အလင်းက တောက်ပစွာ လင်းလက်နေပြီး သူ့ကို အားဟတ်တစ်ယောက်နှင့် တူစေ၏။ အရှိန်အဝါတို့ ပိုမိုသန်မာ ကြီးထွားလာခဲ့သည်။

လီရွှမ်က စိတ်ဝိဉာဉ်လက်ဖက်ရည်ကို သောက်ရင်းမှ အဆင့်ချိုးဖျက်ပြီးနောက် မုန့်ချုံ၏ ပြောင်းလဲမှုကို ကြည့်ရှု့နေ၏။

"သင်၏တပည့် မုန့်ချုံသည် ကြီးမြတ်သောနေ ရွှေခန္ဓာ၏ မဖျက်ဆီးနိုင်သည့် ခန္ဓာသို့ အဆင့်ချိုးဖျက်သွားသည်။ သင်သည် မဖျက်စီးနိုင်သည့် ကြီးမြတ်သောနေရွှေခန္ဓာ၏ အကြီးစားကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိသွားသည်.."

ဝိဉာဉ်အခြေ၏ အပေါ်ရှိ တာအိုရွှေစာအုပ်က ပွင့်လာပြီး ရွှေရောင်အလင်းတို့ ထွက်ပေါ်လာခဲ့သည်။ မုန့်ချုံသည် အဆင့် ချိုးဖျက်ခဲ့၏။

ဒီအချိန်၌ လီရွှမ်သည် သူ၏ခွန်အား ကြီးထွားလာမှုကို ခံစားလိုက်ရသည်။ မဖျက်စီးနိုင်သည့် ကြီးမြတ်သောနေ ရွှေခန္ဓာအား မြင့်မားသောအဆင့်သို့ ရောက်ရှိနိုင်ခဲ့၏။

"ဘုန်း.."

မုန့်ချုံ၏ခန္ဓာကိုယ်က ထပ်မံကြီးထွားလာပြန်ပြီး ပေနှစ်ဆယ်မြင့်မားသည့် လူ့ဘီလူးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်ချပ်ဝတ်လွှာတို့လည်း ပေါ်လာ၏။

"မဖျက်ဆီးနိုင်တဲ့ ဒီဗိုင်းချပ်ဝတ်..."

"သင်၏တပည့်မုန့်ချုံသည် ဗာဂျရာဒီဗိုင်းအရိုးကို ရရှိလာခဲ့သည်။ သင်သည် မူလ ဗာဂျရာဒီဗိုင်းအရိုးကို ရရှိသည်.."

"ဒီဗိုင်းအရိုး..."

မုန့်ချုံလည်းပဲ ပြောင်းလဲမှုကို ဖြစ်ပေါ်စေခဲ့၏။

လီရွှမ်က ပြုံးသည်။

မုန့်ချုံ အဆင့်ချိုးဖျက်ပြီး မကြာခင်တွင် စုလင်းရှုံလည်း ဒီဗိုင်းဆန္ဒအဆင့်သို့ စတင်ချိုးဖျက်၏။ သူမသည်လည်း အားကောင်းသည့် အခြေခံတစ်ခုကို စုဆောင်းထားသည်။ စုလင်းရှုံ၏ အဆင့်ချိုးဖျက်မှုမှာ မုန့်ချုံကဲ့သို့ အာရုံအများကြီးအား ဆွဲဆောင်လောက်အောင် ထည်ဝါခြင်း မရှိပါ။ ၎င်းသည် ညင်သာကာနူးညံ့၏။ သူမ၏ပတ်ဝန်းကျင်ရှိ အပင်များကြီးထွားကာ ပန်းများပွင့်လန်းလာခဲ့သည်။

"သင်၏တပည့် စုလင်းရှုံသည် ဒီဗိုင်းဆန္ဒအဆင့်သို့ချိုးဖျက်သွားခဲ့သည်။ သင်သည် ဒန်ဆေးသိုင်းပညာစနစ်၌ ဒီဗိုင်းဆန္ဒအဆင့်၏ အကြီးစားကျွမ်းကျင်မှုသို့ ရောက်ရှိသွားခဲ့သည်.."

သူ၏ ဒန်ဆေးသိုင်းပညာသည် ဒီဗိုင်းဆန္ဒအဆင့်၏ အကြီးစားကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိသွားခဲ့၏။

လီရွှမ်မှာ မျှော်လင့်စွာဖြင့် ဆက်လက်ကြည့်ရှု့နေ၏။ စုလင်းရှုံသည် ဒီဗိုင်းအရိုးတစ်ခုကို ရရှိလာမည်လား။

ရွှီယန်၏ ညွှန်ကြားမှုနှင့်အတူ သူမသည် လုံလောက်သည့် အခြေခံအား စုဆောင်းခဲ့ရာ ပြောင်းလဲမှု ဖြစ်ပေါ်လောက်၏။

All Chapters