← Chapters

မုန့်ချုံနှင့် စုလင်းရှုံတို့၏ အဆင့်ချိုးဖျက်ခြင်း(၂)

Vol. 30 Ch. 438

မုန့်ချုံနှင့် စုလင်းရှုံတို့၏ အဆင့်ချိုးဖျက်ခြင်း(၂)

Vol. 30 Ch. 438

"သင်၏တပည့် စုလင်းရှုံသည် ထာဝရစိမ်းလန်းခြင်းဒီဗိုင်းအရိုးအဖြစ် ပြောင်းလဲလာခဲ့သည်။ သင်သည် မူလထာဝရ ဒီဗိုင်းအရိုးကို ရရှိလာခဲ့သည်.."

လီရွှမ်သည် အဆုံးမသတ်နိုင်သည့် အသက်ဓာတ်တို့ကို ခံစားလိုက်ရပြီး ကြီးမားသည့် ဒဏ်ရာတစ်ခုကို ရရှိမည်ဆိုလျှင်တောင် တည်ငြိမ်စွာ ပြန်လည် ကောင်းမွန်လာနိုင်မှာ ဖြစ်သည်။

"ထာဝရစိမ်းလန်းခြင်း ဒီဗိုင်းအရိုးမှာ အဆုံးမသတ်နိုင်တဲ့ အသက်ဓာတ်စွမ်းအင်တွေရှိတယ်.."

လီရွှမ်က အသံပြုမိသည်။

စုလင်းရှုံ၏ တိုက်ခိုက်မှုစွမ်းအားမှာ အနည်းငယ်နိမ့်ကျပေမယ့် သူမတွင် ရှည်ကြာသည့်သက်လုံနှင့် ရှည်လျားသည့် သက်တမ်းတို့ ရှိပါသည်။

မုန့်ချုံနှင့် စုလင်းရှုံတို့၏ အဆင့်ချိုးဖျက်မှုက သုယွီယင်းတို့ မိန်းကလေးသုံးယောက်ကို ကြီးစွာအံ့သြသွားစေသည်။

ဤသည်မှာ သဟွသိုင်းသမားများ၏ စွမ်းအားလေလား။ အမှန်တကယ်ကို သန်မာလွန်းလှသည်။ သူမတို့သည် ကျင့်ကြံခြင်းစနစ်အား ပြောင်းလဲလိုစိတ်ပင် ဖြစ်ပေါ်လာခဲ့၏။

သို့ရာတွင် သိုင်းပညာအခြေခံမှာ တည်ဆောက်ပြီးဖြစ်ကာ လင်းနယ်မြေသို့လည်း ဝင်ရောက်တော့မည်ဖြစ်၏။

ထို့ကြောင့် ဒီအချိန်၌ ပြောင်းလဲရန်မှာ နောက်ကျလွန်းနေပါပြီ။

"စီနီယာ... ကျွန်မမှာ သိုင်းပညာစနစ်ပြောင်းလဲဖို့ အခွင့်အရေး ရှိသေးလား.."

ဝူရွှမ်းက မေးသည်။

"သိုင်းပညာလမ်းကြောင်းက အဆုံးမသတ်ဘူး။ နှလုံးသားနဲ့ ဆန္ဒသာ ခိုင်မြဲပြီးတော့ ရှေ့ဆက်သွားနေမယ်ဆိုရင် ခရီးပေါက်နေဦးမှာပဲ။ ကိုယ့်အတွက် အသင့်တော်ဆုံး လမ်းကြောင်းက အကောင်းဆုံးသိုင်းပညာလမ်းစဉ် ဖြစ်တယ်.."

လီရွှမ်၏အသံက တည်ငြိမ်စွာ ထွက်ပေါ်လာ၏။

"စီနီယာရဲ့ စကားက ဉာဏ်ပညာ ကြီးမားလှပါတယ်.."

ဝူရွှမ်းက အသက်ကိုနက်ရှိုင်းစွာရှူပြီး လေးစားစွာပြော၏။

မုန့်ချုံနှင့် စုလင်းရှုံတို့မှာ အဆင့်ချိုးဖျက်ပြီးနောက် လင်းနယ်မြေသို့ ဝင်ရောက်မည့် အစီအစဉ်ကို ဆွေးနွေးရန် စိတ်အားထက်သန်နေကြသည်။ ရွှီယန်မှာ သဟွအတွက် စီမံမှုများကို စတင်ပြုလုပ်၏။

ပိုင်ယွင်ခုံးနှင့် ဖန်းယွမ်တို့လည်း ရောက်ရှိလာခဲ့သည်။ သူတို့သည် အံ့ဩသွားကြ၏။ ရွှီယန်သည် ပြန်လာခဲ့ပြီလား။

"ခုနှစ်စင်ကြယ် အကယ်ဒမီလား..."

ရွှီယန်က အံ့သြစွာဖြင့် ပြော၏။

လင်းနယ်မြေ၌ ဖြစ်တည်ခဲ့သည့် ခုနှစ်စင်ကြယ်အကယ်ဒမီ၏ အင်အားစုသည် ကြယ်တာရာကောင်းကင် သိုင်းပညာအကယ်ဒမီဟု ခေါ်ဆို၏။

ကံဆိုးစွာပင် ယွီကျိုးအတွင်း နေခဲ့ချိန်များတွင် ရွှီယန်သည် ထိုနာမည်ကို ကြားဖူးခြင်း မရှိခဲ့ပေ။

"အဲ့ဒီ့နာမည်ကို ကျွန်တော်မကြားဖူးဘူး.."

ရွှီယန်က ခေါင်းကိုရမ်းသည်။

ပိုင်ယွင်ခုံးနှင့် ဖန်းယွမ်တို့မှာ သက်ပြင်းချမိကြ၏။

ကြယ်တာရာကောင်းကင် သိုင်းပညာအကယ်ဒမီမှာ ပြိုလဲသွားတာ ဖြစ်ပေလိမ့်မည်။ ဒီလောကကြီးတွင် အချိန်ကြာရှည်စွာ စစ်မှန်စွာ ရပ်တည်နိုင်သည့် အင်အားစု အနည်းငယ်သာရှိ၏။

"မင်းကြယ်တာရာကောင်းကင် သိုင်းပညာအကယ်ဒမီကို ကြားဖူးလား.."

ရွှီယန်က ယွီရှောင်လုံကို ဆွဲယူကာမေးသည်။

"မကြားဖူးဘူး.."

ယွီရှောင်လုံက ခေါင်းကိုရမ်း၏။

"ဖြစ်နိုင်တာက တကယ်ပဲ ပျက်စီးသွားတာ ဖြစ်လိမ့်မယ်။ ဒါလည်း ကောင်းပါတယ်။ သဟွသိုင်းပညာအကယ်ဒမီက သဟွရဲ့အစိတ်အပိုင်းတစ်ခု အစစ်အမှန်ဖြစ်လာတာပေါ့.."

ပိုင်ယွင်ခုံးက အဖြစ်မှန်ကို လက်ခံလိုက်သည့်အလားပြော၏။

ရွှီယန်က ပိုင်ယွင်ခုံးနှင့်ဖန်းယွမ်တို့ကိုကြည့်သည်။ နှစ်ယောက်စလုံးမှာ တစ်ဝက်တစ်ပြက် ကောင်းကင်လူသားများ ဖြစ်ကြ၏။ သို့ပေမယ့် အတွင်းဘက်နယ်မြေတွင် စစ်မှန်သည့် ကောင်းကင်လူသားအဆင့်သို့ ချိုးဖျက်နိုင်ခြင်း မရှိကြပေ။

သဟွသိုင်းပညာစနစ်သို့ ပြောင်းလဲရန်မှာလည်း ခက်ခဲမည် ဖြစ်၏။ ခဏတာစဉ်းစားပြီးနောက် ပြောသည်။

"ခင်ဗျားတို့နှစ်ယောက်က သဟွသိုင်းပညာလမ်းစဉ်ကို မပြောင်းလဲနိုင်ပေမယ့် ခြားနားတဲ့ လမ်းစဉ်တစ်ခုကို လျှောက်လှမ်းပြီး ဒီဗိုင်းဆန္ဒအဆင့်ကို ချိုးဖျက်လို့ရတယ်။ အဲ့ဒါက မသန့်စင်ပေမယ့် စွမ်းအားကကောင်းကင်လူသားငယ် တစ်ယောက်ထက် ပိုပြီးကြီးမားနေတုန်းပဲ.."

ပိုင်ယွင်ခုံးနှင့်ဖန်းယွမ်တို့က ဝမ်းသာသွားပြီး မေးသည်။

"ငါတို့တွေ ဘယ်လို အဆင့်ချိုးဖျက်ရမှာလဲ.."

ကောင်းကင်လူသားတစ်ယောက် ဖြစ်လာရန် မျှော်လင့်ချက်မှာ မရှိတော့ဘဲ လင်းနယ်မြေကို ဝင်ရောက်ရန်လည်း အရေးမသာပေ။ သူတို့သည် ထိုနေရာတွင် ကျွန်များသာ ဖြစ်နေမည် မဟုတ်ပါလား။

ထို့အပြင် နှစ်ယောက်စလုံးမှာ အိုမင်းနေကြပြီး ကျွန်များပင်လျှင် ဖြစ်နိုင်တော့မည်မဟုတ်ပေ။

ထို့ကြောင့် သဟွတွင်သာ ဆက်လက်နေထိုင်ပြီး သိုင်းပညာဗဟုသုတများကို မျှဝေကာ သဟွသိုင်းပညာအကယ်ဒမီ၏ ကျောင်းအုပ်နှင့် သိုင်းပညာ ပညာရှင်အဖြစ်သာ ဆက်လက်နေထိုင်မည် ဖြစ်၏။

"ရက်အနည်းငယ်ပြီးရင် ကျွန်တော် ပြန်ပြောပေးမယ်.."

ရွှီယန်က ခဏတာစဉ်းစားပြီးနောက် ပြောသည်။

ဒီဗိုင်းဆန္ဒအဆင့်ကို ချိုးဖျက်ပြီးနောက်.. အထူးသဖြင့် နှလုံးသားဓားအဆင့်ကို ရောက်ရှိပြီးနောက် သူသည် ဒီဗိုင်းဆန္ဒအဆင့်သို့ မည်ကဲ့သို့ကျင့်ကြံရန်နှင့် သိုင်းပညာအပေါ် နားလည်နိုင်မှုမှာ သာမန်သူများထက် များစွာကျော်လွန်နေပြီး ဖြစ်သည်။

ယခုကဲ့သို့ ကိစ္စလေးများနှင့် ဆရာဖြစ်သူအား အနှောင့်အယှက်ပေးရန် မသင့်တော့ဟု ခံစားရ၏။ ထို့ကြောင့် ကိုယ့်ဘာသာ စဉ်းစားမည် ဖြစ်သည်။

ရွှီကျွင်းဟယ်နှင့် အခြားလူများလည်း အဆင့်ချိုးဖျက်ပြီးနောက် ခွန်အားတို့ ကြီးစွာတိုးမြင့်လာခဲ့၏။ သို့ရာတွင် သဟွတစ်ခုလုံးကို ဖိနှိပ့်ရန် မစွမ်းသာပေ။

ထို့ကြောင့် ရွှီယန်အနေနှင့် လင်းနယ်မြေသို့ ဝင်ရောက်ခြင်းမပြုခင်တွင် စီမံမှုများကို ပြုလုပ်ရန်လိုအပ်၏။

ဆယ်ရက်ကျော်ကြာပြီးနောက် ရွှီယန်သည် ပိုင်ယွင်ခုံးနှင့် ဖန်းယွမ်တို့အား ကျင့်စဉ်တစ်ခုကို သင်ကြားပေး၏။ ဤသည်မှာ ကောင်းကင်လူသားများ၏ ဒီဗိုင်းစုစည်းခြင်းအတတ်နှင့် ဒီဗိုင်းဆန္ဒအဆင့် ကျင့်စဉ်တို့အား ပေါင်းစပ်ထားခြင်း ဖြစ်သည်။

ထိုကျင့်စဉ်က တစ်ဝက်တစ်ပြက် ကောင်းကင်လူသားတစ်ယောက်ကို ဒီဗိုင်းဆန္ဒအား ကျင့်ကြံနိုင်စေပြီး ဒီဗိုင်းဆန္ဒအဆင့်သို့ ချိုးဖျက်နိုင်စေမည် ဖြစ်၏။

သို့ပေမယ့် ဤသည်မှာ အတုအယောင် ဒီဗိုင်းဆန္ဒသာ ဖြစ်ပါသည်။ စွမ်းအားမှာ စစ်မှန်သည့် ဒီဗိုင်းဆန္ဒအဆင့် သိုင်းသမားတစ်ယောက်ထက် အားနည်းပေလိမ့်မည်။

သို့ပေမယ့် ကောင်းကင်လူသားငယ်တစ်ယောက်ထက်တော့ အားနည်းခြင်း မရှိပေ။

"ချန်းလန်ကျွန်းနဲ့ သဟွနဲ့ ပတ်သတ်တဲ့ကိစ္စတွေကို ဖန်းနဲ့ငါ သေချာပေါက် အကောင်းဆုံးလုပ်မှာပါ။ ဘာကိစ္စမှ ထိန်းချုပ်မှုအောက်ကနေ လွတ်ကင်းသွားမှာ မဟုတ်ပါဘူး.."

ပိုင်ယွင်ခုံးနှင့် ဖန်းယွမ်တို့က လေးနက်စွာ အာမခံ၏။

"ကျေးဇူးပါ.."

ရွှီယန်က ခေါင်းငြိမ့်သည်။

သူသည် ဖြစ်ပေါ်လာနိုင်သည့် အရှုပ်အထွေးများအား ဖိနှိပ့်ရန်အတွက် သူတို့နှစ်ယောက်ကို အတုအယောင်ဒီဗိုင်းဆန္ဒအဆင့်သို့ ချိုးဖျက်စေလိုခြင်း ဖြစ်၏။

မိသားစု၏ လုံခြုံရေးကို ပိုင်ယွင်ခုံးနှင့် ဖန်းယွမ်တို့အပေါ် လုံးဝ ပုံအပ်ထားသည်တော့ မဟုတ်ပါ။ တပည့်ဖြစ်သူများ၏ စိတ်ကို ငြိမ်းချမ်းစွာရှိနေနိုင်ရန် လီရွှမ်သည် ဒီဗိုင်းယွမ် ကိုယ်ပွားများစွာတို့ကို ခွဲပြီး စိတ်ဝိဉာဉ်ကျောက်စိမ်းပြားအဖြစ် ပြောင်းလဲခဲ့၏။

ထိုကိုယ်ပွားများမှာ တစ်ကြိမ်သုံး မဟုတ်ပေ။ ဒီဗိုင်းစွမ်းအားသာ ကုန်ခမ်းခြင်းမရှိပါက အဆုံးမသတ်နိုင်အောင် အသုံးပြုနိုင်၏။

ကောင်းကင်လူသားကြီးအဆင့် သိုင်းသမားတစ်ယောက်ပင်လျှင် ၎င်းတို့၏ သတ်ဖြတ်ခြင်းကို ခံရနိုင်သည်။ ဤသည်က ရွှီယန်မိသားစု၏ လုံခြုံရေးအတွက် အာမခံချက်ပြုရန် လုံလောက်၏။

တစ်နေ့တွင် ရှဲ့ထန်းဟန် ရောက်ရှိလာခဲ့သည်။

"ဆရာကြီး... ကျွန်တော်ဖုန်းအာကို လင်းနယ်မြေဆီ ခေါ်သွားချင်တယ်.."

ရှဲ့ထန်းဟန်က လေးစားစွာပြောသည်။

"အဖေ... အလျှင်မလိုပါဘူး... ကျွန်တော်လင်းနယ်မြေကို ညီလေးရွှီနဲ့ သွားလို့ရတယ်.."

ရှဲ့လင်ဖုန်းက ခဏတာရပ်တန့်နေပြီးနောက် ပြောသည်။

"လင်းနယ်မြေက ဖွင့်လှစ်လာခဲ့ပြီ။ ငါတို့ရဲ့သဘောတူညီချက်အတိုင်းဆိုရင် ငါမင်းကို လင်းနယ်မြေဆီ ခေါ်သွားဖို့လိုအပ်တယ်။ မင်းအမေက လင်းနယ်မြေမှာ.."

ရှဲ့ထန်းဟန်က လေးနက်စွာပြော၏။

"အမေက လင်းနယ်မြေမှာလား.."

ရှဲ့လင်ဖုန်း၏ မျက်လုံးများက အံ့သြစွာ ပြူးကျယ်သွားသည်။

"ဟုတ်တယ်.."

ရှဲ့ထန်းဟန်က ပြန်လည်စဉ်းစားရင်းက ပြောသည်။

"မင်းအမေက လင်းနယ်မြေကနေ လာတာ။ နောက်ပိုင်းမှာ ပြန်သွားခဲ့တယ်။ ငါရှဲ့ထန်းဟန်ရဲ့ ဘဝမှာ ဘယ်သူ့ကိုမှ မရှုံးနိမ့်ခဲ့ဖူးဘူး။ လင်းယွီရဲ့ အရွေးချယ်ခံတွေတောင်မှပဲ။ ဒါ့ကြောင့်မလို့ လင်းယွီဂိတ်တံခါး ဖွင့်လှစ်တဲ့အခါကျရင် လင်းယွီကိုဝင်ရောက်ပြီး အတောက်ပဆုံးအသွင်နဲ့ သူမကိုလာရှာမယ်လို့ ငါကတိပေးထားတယ်..."

ဓားပညာ၏ အနှစ်သာရကို ဖမ်းဆုပ်နိုင်ပြီးနောက် ရှဲ့ထန်းဟန်သည် သူ့ကိုယ်သူ အောင်မြင်ခဲ့ပြီဟု ထင်ထားခဲ့သည်။

သို့ပေမယ့် ယခုအချိန်၌ သန့်စင်သောဓားနှလုံးသားကိုရရှိပြီး သက်တန့်ပျံဓားဆန္ဒကိုပင် နားလည်သဘောပေါက်ခဲ့၏။ ယုံကြည်ချက်တို့ ပိုမိုခိုင်မာလာခဲ့သည်။

လီရွှမ်၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားသည်။ ရှဲ့ထန်းဟန်တွင် စိတ်ဝင်စားစရာ ပုံပြင်တစ်ပုဒ် ရှိနေ၏။

ရှဲ့လင်ဖုန်းက သူ၏ဖခင်ကို ရှုပ်ထွေးသည့်အသွင်ဖြင့်ကြည့်သည်။ ဤသည်က ရှဲ့ထန်းဟန်ကို အနည်းငယ်နေရခက်စေပြီး အကြည့်လွှဲသွား၏။

ရွှီယန်က ဒီဗိုင်းဆန္ဒအဆင့် ကျင့်စဉ်အား ရှဲ့လင်ဖုန်းကို လက်လွှဲပေးကာ အသေးစိတ် ညွှန်ကြားချက်များအား ပေးသည်။ ဘာပဲဖြစ်ဖြစ် တစ်ယောက်နှင့်တစ်ယောက် မည်သည့်အချိန်မှ ပြန်တွေ့မည်အား ပြောနိုင်ခြင်းမရှိပေ။

"ဆရာကြီး... ကျွန်တော်သွားပါတော့မယ်.."

ရှဲ့လင်ဖုန်းက လီရွှမ်ကို လေးစားစွာဦးညွှတ်၏။

"သွားလေ.."

လီရွှမ်က လက်ကို ဝှေ့ရမ်းလိုက်သည်။

ရှဲ့လင်ဖုန်း၏လက်ထဲသို့ စိတ်ဝိဉာဉ်ကျောက်စိမ်းပြားတစ်ခု ကျရောက်သွား၏။

"ကျေးဇူးတင်ပါတယ်ဆရာကြီး.."

ရှဲ့လင်ဖုန်းက စိတ်လှုပ်ရှားစွာ ပြောသည်။

သုယွီယင်းနှင့် အခြားမိန်းကလေး နှစ်ယောက်တို့လည်း လင်းနယ်မြေဆီသို့ ထွက်ခွာရန် ပြင်ဆင်ကြ၏။ ရှဲ့ထန်းဟန်တို့နှင့် တစ်ခါတည်း လိုက်ပါသွားသည်။

"သခင်လေးရွှီ... ရှင်ကျွန်မတို့ကို လာရှာရမယ်.."

ယွင်မြှောင်မြှောင်က ညင်သာစွာပြောသည်။

"အခွင့်အရေးရှိရင် သေချာပေါက်လာခဲ့ပါမယ်.."

ရွှီယန်က ခေါင်းငြိမ့်၏။

"မုန့်ချုံ... နင်ငါ့ဆီကို တကယ်ပဲ မလာဘူးလား.."

ကျစ်ယွင်က မုန့်ချုံဆီသို့ တွဲခိုရင်းကမေးသည်။

မုန့်ချုံက မဲမှောင်သောမျက်နှာဖြင့် သူမ၏လက်ကိုဖယ်ထုတ်၏။

"မလာဘူး... နောင်ကျရင် နင်ငါ့ကို လာရှာရင်ရှာပေါ့။ လင်းနယ်မြေကကြီးပေမယ့် ငါမုန့်ချုံရဲ့နာမည်က သေချာပေါက်ပဲ့တင်ထပ်နေမှာ.."

"အဲ့ဒါဆိုလည်း ကောင်းပြီလေ.."

ကျစ်ယွင်က အလိုမကျစွာ ခေါင်းငြိမ့်သည်။

လီရွှမ်က နှလုံးသားထဲတွင် သက်ပြင်းချ၏။

စိတ်ဝိဉာဉ်ကျောက်စိမ်းပြား သုံးခုတို့ကို အသာပစ်လိုက်ပြီး သူ၏ တပည့်ချွေးမများ ဖြစ်လာနိုင်သည့် မိန်းကလေး၃ယောက်တို့အတွက် ပေးလိုက်၏။

ဝူရွှမ်းက သူ့ကို စိုက်ကြည့်လာခဲ့သည်။ လီရွှမ်၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားသည်။ ဒီရက်များအတွင်း လက်ဖက်ရည်နှပ်ပေးသည့် ဝန်ဆောင်မှုများကို ထောက်ငှပြီး တစ်ခုလောက်ပေးရမည်လားဟု တွေးမိ၏။

"ညီလေးရွှီ၊ ညီလေးမုန့်... ငါမင်းတို့ရဲ့ ကျော်ကြားတဲ့ဂုဏ်သတင်းကို လင်းယွီမှာစောင့်စားနေမယ်.."

ရှဲ့လင်ဖုန်းက ယုံကြည်ချက်ရှိစွာ ပြောသည်။

"ကောင်းပြီ.."

ရွှီယန်နှင့် မုန့်ချုံတို့က လေးနက်စွာခေါင်းငြိမ့်ကြ၏။

"နင်ကငါ့ကို အထင်သေးတာလား... ငါကတော့ကိုယ့်နာမည်ကိုယ်တောင် တည်ဆောက်နိုင်စွမ်း မရှိဘူးပေါ့.."

စုလင်းရှုံက အလိုမကျစွာ ပြောသည်။

"ညီမလေးလင်းရှုံက အနှိုင်းမဲ့တဲ့‌ ဆေးသန့်စင်သူ တစ်ယောက်အနေနဲ့ ဘယ်လိုလုပ်ပြီးတော့ နာမည်တစ်ခု မတွင်နိုင်မှာလဲ။ ချန်ချင်းစံအိမ် အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခုဖြစ်လာမှာကို ကျွန်တော်မျှော်လင့်နေတယ်.."

"အဲ့လိုမှာပေါ့.."

စုလင်းရှုံက ရယ်၏။

"ဒါကဒန်ဆေးလုံးတွေ... နင်တို့ကိုပေးလိုက်မယ်.."

အားလုံးမှာ မိတ်ဆွေဟောင်းများဖြစ်ရာ စုလင်းရှုံက တွန့်တိုမနေပါ။

ထိုနေ့တွင် ရှဲ့ထန်းဟန်နှင့် သူ့သား၊ သုယွီယင်း၊ ယွင်မြှောင်မြှောင်နှင့် ကျစ်ယွင်တို့ ချန်းလန်ကျွန်းမှတစ်ဆင့် ချန်းပိန်မြစ်ရှိ လင်းယွီဂိတ်တံခါးစေသို့ ထွက်ခွာခဲ့ကြသည်။

သဟွရှိ သိုင်းသမားများမှာ လင်းယွီဂိတ်တံခါး၏ ဖွင့်လှစ်မှုအတွက် စိတ်ဝင်စားမှုတို့ မရှိကြတော့ပေ။ စိတ်ဝိဉာဉ်နယ်မြေတွင် အတွင်းဘက်နယ်မြေမှ သိုင်းသမားများ၏ဘဝ ဆိုးရွားမှုအတွက် ဒေါသထွက်စွာ ခံစားနေရ၏။

"မဟုတ်ဘူး... ငါတို့က သဟွကလူတွေပဲ။ တစ်နေ့မှာ သဟွက အသန်မာဆုံးဆိုတာကို လင်းယွီကကောင်တွေ သိစေရမယ်.."

အဓိကအင်အားစုများနှင့် စွမ်းအားကြီးပုဂ္ဂိုလ်များ၏ ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်မှုအောက်တွင် ထိုအသိစိတ်သည် သဟွသိုင်းလောကတစ်ခုလုံးသို့ ဖုံးလွှမ်းလာခဲ့၏။

သိုင်းသမားအားလုံးသည် ဒေါသကို မြိုသိပ့်ထားကြပြီး ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် ကျင့်ကြံလာကြသည်။

ယွီလင့်တံဆိပ်ပြား ကိုင်ဆောင်ထားသူများ လင်းယွီဂိတ်တံခါးသို့ ဝင်ရောက်နိုင်သည့် အချိန်မှာ ရက်အချို့ကျန်ပါသေးသည်။ အစောင့်များမှာ ပျင်းရိနေပြီး တစ်လတာအချိန်အား အမြန်ဆုံး အဆုံးသတ်ရန် မျှော်လင့်နေကြ၏။ ပြီးနောက် လင်းယွီဂိတ်တံခါးကို ပြန်ပိတ်နိုင်မည်ဖြစ်သည်။

ဧကရာဇ်ကျိန်နှင့် အမတ်ကြီးများမှာ ခန်းမအတွင်းတွင် ထိုင်နေကြ၏။

"ဒါဆို ဒါကလင်းယွီဂိတ်တံခါးပေါ့.."

လင်းယွီဂိတ်တံခါး၏ရှေ့တွင် သုယွီယင်းနှင့်အခြားသူများက အသံပြုမိကြသည်။ သူမတို့သည် အနည်းငယ်စိတ်ပူစွာ ခံစားနေရ၏။

"သွားရအောင်.."

ရှဲ့ထန်းဟန်မှာ အမြဲတမ်း ကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူပြီး ယုံကြည်ချက်အပြည့်နှင့် ရှိနေ၏။ မည်သည့်အကြောက်တရားကိုမှ ပြသခြင်းမရှိပေ။ သူသည်အစောင့်များကိုပင် ဂရုစိုက်ခြင်း မရှိပါ။ ကောင်းကင်လူသားငယ်များသည် မည်သည့်အန္တရာယ်မှ မဟုတ်ပေ။

"မင်းမှာ ယွီလင့်တံဆိပ်ပြားရှိလား.."

အစောင့်က နက်ရှိုင်းသည့်အသံဖြင့် မေးသည်။

သူ၏အကြည့်က သုယွီယင်းနှင့် အခြားမိန်းကလေးများအပေါ်သို့ ကျရောက်သွားပြီးနောက် အံ့သြသွား၏။

အတွင်းဘက်နယ်မြေကဲ့သို့သော နိမ့်ကျသောနေရာတွင် ယခုမျှလှပသည့် အမျိုးသမီးများ ရှိနေသည်လား။

ရှဲ့ထန်းဟန်က လက်ဝါးကိုဖွင့်ကာ ခရမ်းရောင်ကျောက်စိမ်းတံဆိပ်ပြားတစ်ခုကို ပြလိုက်သည်။

အစောင့်မှာ တစ်ချက်သာ ကြည့်ရသေးသည်။ သို့ပေမယ့် ရှဲ့ထန်းဟန်က ၎င်းကို ပြန်လည်သိမ်းဆည်းပြီး ဖြစ်ကာ ရှဲ့လင်ဖုန်းနှင့်အတူ ဂိတ်တံခါးအတွင်းသို့ ဝင်ရောက်ပြီး ဖြစ်၏။

အစောင့်က တစ်ခုခုပြောတော့မည် အပြုတွင် ပြန်လည်ရပ်တန့်သွားခဲ့သည်။ သူသည် ရှဲ့ထန်းဟန်ဆီမှ ပုံမှန်မဆန်မှု တစ်ခုခုကို ခံစားလိုက်ရ၏။

ကျောက်စိမ်းတံဆိပ်ပြားမှာ အစစ်ဖြစ်နေကတည်းက အဆင့်နိမ့်သည့် အစောင့်များအနေနှင့် ဆက်လက်ဝင်ပါခြင်း မပြုရန် ဆုံးဖြတ်လိုက်သည်။

ရှဲ့ထန်းဟန်သည် လင်းယွီဂိတ်တံခါးမှ ဝင်ရောက်ပြီးနောက် ဆက်လက်ထွက်ခွာသွားခြင်း မပြုပါ။ အဲ့ဒီ့အစား သုယွီယင်းနှင့် အခြားလူများကို အစောင့်များက ပြဿနာပြုမည်အား စိုးရိမ်သဖြင့် စောင့်စားနေ၏။

All Chapters