← Chapters

လင်းနယ်မြေကို ပထမဆုံးဝင်ရောက်စဉ်မှာ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားနှစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်

Vol. 30 Ch. 439

လင်းနယ်မြေကို ပထမဆုံးဝင်ရောက်စဉ်မှာ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားနှစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်

Vol. 30 Ch. 439

"နင်တို့မှာ ကျောက်စိမ်းတံဆိပ်ပြားရှိလား.."

အစောင့်က ခံစားချက်မဲ့သည့် လေသံဖြင့်ပြော၏။

သုယွီယင်းနှင့် အခြားမိန်းကလေးနှစ်ယောက်တို့က လက်ဝါးများကိုဖြန့်ကာ ကျောက်စိမ်းတံဆိပ်ပြားများကို ပေးလိုက်သည်။

အစောင့်မှာ ပထမတွင် အာရုံအများကြီးထားခြင်း မရှိပေ။ ထူးမခြားနားစွာသာ ကြည့်လိုက်၏။ ပြီးနောက် အကြည့်ကို ပြန်လည်ရုပ်သိမ်းတော့မှာ ဖြစ်သည်။ သို့ပေမယ့် ရုတ်တရက် သူ၏ပုံစံက ပြောင်းလဲသွား၏။

"ဒါက..."

ဤသည်မှာ ထိုက်မြှောင် ကျောက်စိမ်းတံဆိပ်ပြားလေလား။ ထို့အပြင် ကျိုးနိုင်ငံ၏ မိုးပြာရောင်ဘုရင်ကျောက်စိမ်းတံဆိပ်ပြား လေလား။

နှလုံးသားထဲ၌ ချက်ချင်းပင် အံ့ဩသွားသည်။ ဒီတစ်ကြိမ်တွင် ကျိန်နိုင်ငံသို့ ရောက်လာခဲ့ကြသည့် ကိုယ်စားလှယ်တို့မှာ ထိုက်မြှောင်ဂိုဏ်းမှ အကြီးအကဲနှင့် ကျိုးနိုင်ငံ၏ လက်ရှိဘုရင် ရှန်ချင်းတို့ ဖြစ်ကြသည်။

သူ၏ အဖော်အစောင့်က ချက်ချင်းပင် လှည့်ထွက်သွားကာ လင်းယွီဂိတ်တံခါးအတွင်းသို့ ဝင်ရောက်သွားသည်။

"မိန်းကလေးတို့... ကျေးဇူးပြုပြီးဝင်ပါ.."

သူက အပြုံးတစ်ခုဖြင့် ဖိတ်ခေါ်လိုက်၏။

သုယွီယင်းမှာ ချွေအာကိုခေါ်ပြီး ယွင်မြှောင်မြှောင်မှာ သူမ၏ ဆရာဖြစ်သူကို ခေါ်၏။ ပြီးနောက် ကျစ်ယွင်နှင့်အတူ ဂိတ်တံခါးအတွင်းသို့ ဝင်ရောက်သွားကြသည်။

အစောင့်များ၏ သဘောထားပြောင်းလဲမှုအပေါ် သူမတို့၏ စိတ်ထဲ၌ ခန့်မှန်းချက်အချို့ ရှိ၏။ ရွှီယန်က တစ်ကြိမ် ပြောခဲ့ဖူးသည်။ လင်းနယ်မြေတွင် ထိုက်မြှောင်ဂိုဏ်းနှင့် ကျိုးနိုင်ငံတို့သည် အဆင့်လွန် အင်အားစုကြီးများ ဖြစ်ကြသည်။

"အရှင်မင်းကြီး... သတင်းကောင်းရှိပါတယ်.."

ရှေ့မှ ဝင်ရောက်ခဲ့သည့်အစောင့်က စိတ်လှုပ်ရှားနေသည့်မျက်နှာဖြင့် အပြေးအလွှား သွားရောက်သတင်းပို့သည်။

"ဘာသတင်းကောင်းလဲ.."

ကျိန်ဘုရင်က မျက်မှောင်ကျုံ့သွား၏။ ဒီအစောင့်သည် အနည်းငယ် တည်ငြိမ်မှုကင်းမဲ့လွန်းသည်။ ရာထူး လျှော့ချသင့်၏။

"အရှင်မင်းကြီး... ထိုက်မြှောင်ဂိုဏ်းနဲ့ မိုးပြာရောင်ဘုရင်.. ကျောက်စိမ်းတံဆိပ်ပြားတွေ ကိုင်ဆောင်ထားတဲ့ အတွင်းဘက်နယ်မြေက ပါရမီရှင်တွေ ရောက်လာပါတယ်.."

အစောင့်က စိတ်လှုပ်ရှားစွာဖြင့် ပြောသည်။

"ဘာ... တကယ်လား.."

ဧကရာဇ်ကျိန်က ရုတ်တရက် မတ်တပ်ထရပ်သည်။

"အသေအချာပါပဲ.."

အစောင့်က လေးနက်စွာပြော၏။

"ကောင်းတယ်ကောင်းတယ်... မင်းတို့ အစောင့်နှစ်ယောက် တော်တယ်။ ရာထူးတိုးမြင့်ရမယ်.."

ဧကရာဇ်ကျိန်က ပျော်ရွှင်စွာ ပြောသည်။

ဒီတစ်ကြိမ်တွင် ကျိုးနိုင်ငံ၏ မိုးပြာရောင်ဘုရင်နှင့် ထိုက်မြှောင်ဂိုဏ်းမှ ပုဂ္ဂိုလ်တို့ ရောက်လာခဲ့ကြ၏။

ယခုအချိန်၌ ထိုအင်အားစုကြီးနှစ်ခု၏ တံဆိပ်ပြားများအား ကိုင်ဆောင်ထားသူတို့ ရောက်ရှိလာရာ သူသည်သေချာပေါက် ဆုကြေးတို့ကို ရရှိနိုင်မှာ ဖြစ်သည်။

ဧကရာဇ်ကျိန်သည် ဝမ်းသာအားရသည့် မျက်နှာဖြင့် အဓိကအမတ်ကြီးများကို ဦးဆောင်ကာ သုယွီယင်းနှင့် မိန်းကလေးတစ်စုကို ကိုယ်တိုင် သွားရောက်ကြိုဆိုသည်။

စိတ်ဝိဉာဉ်နယ်မြေအတွင်းသို့ အစေခံကို အဖော်ခေါ်လာသည်မှာတော့ ကျောက်စိမ်းတံဆိပ်ပြားမှာ လုံလောက်စွာ အဆင့်မြင့်မားပါက ပြဿနာမရှိပေ။

တစ်ချက်ကြည့်လိုက်သည်နှင့် ဧကရာဇ်ကျိန်မှာ ပိုမိုကာပင် စိတ်လှုပ်ရှားလာခဲ့သည်။ သူမတို့သည် အမှန်တကယ်ကို ပါရမီရှင်များ ဖြစ်ကြ၏။ ရှဲ့လင်ဖုန်းနှင့် သူ၏သားကိုတော့ တစ်ချက်သာ ကြည့်ပြီးနောက် ဂရုစိုက်ခြင်း မရှိတော့ပေ။

ရှဲ့လင်ဖုန်း၏မျက်နှာက အနည်းငယ်မဲမှောင်သွား၏။

သို့ပေမယ့် တစ်ဖက်လူက စွမ်းအားကြီးမားရာ တိတ်ဆိတ်စွာသာ နေလိုက်သည်။ သူတို့သည် လင်းနယ်မြေသို့ ရောက်ရှိရုံသာ ရှိသေးပြီး ဒီနေရာဒေသနှင့် ရင်းနှီးခြင်း မရှိပေ။ သက်ဆိုင်ရာ တည်နေရာများသို့ပို့ဆောင်ပေးရန်လည်း ကျိန်နိုင်ငံအပေါ်တွင် မှီခိုရပေမည်။

ကျိန်နိုင်ငံ၏ တော်ဝင်နန်းတော် အတွင်းတွင် ရှန်ချင်းနှင့်ယရုန်တို့မှာ တိတ်ဆိတ်စွာ ထိုင်နေကြဆဲရှိ၏။

လင်းယွီဂိတ်တံခါး ဖွင့်လှစ်ပြီးနောက် ကျောက်စိမ်းတံဆိပ်ပြား ကိုင်ဆောင်ထားသူများအား ဝင်ရောက်စေပြီးလျှင် ဂိတ်တံခါးကို ပြန်ပိတ်ကာ အချိန်အတော်ကြာသည့်တိုင်အောင် အတွင်းဘက်နယ်မြေနှင့် မည်သည့်ဆက်သွယ်မှုမှ ရှိတော့မည် မဟုတ်ပေ။

အတွင်းဘက်နယ်မြေ၏ သိုင်းသမားများ၏ လမ်းကြောင်းကို လုံးဝ ဖြတ်တောက်လိုက်သည်ဟု ပြောနိုင်၏။

ရုတ်တရက် ကျိန်နိုင်ငံ၏ စီနီယာအမတ်ကြီးတစ်ယောက် အမြန်ဝင်ရောက်လာပြီး ဒူးထောက်ကာပြော၏။

"အရှင်တို့... အတွင်းဘက်နယ်မြေက ပါရမီရှင်သုံးယောက် ရောက်လာပါတယ်။ တစ်ယောက်က ကျိုးနိုင်ငံရဲ့ ကျောက်စိမ်းတံဆိပ်ပြားကို ကိုင်ဆောင်ထားပြီး နှစ်ယောက်က ထိုက်မြှောင်ဂိုဏ်းရဲ့ ကျောက်စိမ်းတံဆိပ်ပြားကို ကိုင်ဆောင်ထားပါတယ်.."

ရှန်ချင်းက မျက်မှောင်ကျုံ့သွားသည်။

"မင်းသေသေချာချာ ကြည့်ခဲ့ရဲ့လား... ကျိုးနိုင်ငံရဲ့ ကျောက်စိမ်းတံဆိပ်ပြားဆိုတာ သေချာလို့လား.."

ကျိုးနိုင်ငံမှာ လင်းနယ်မြေ၏ စိတ်ဝိဉာဉ်ဂိုဏ်းနှင့် တော်ဝင်မိသားစုကြီးများ၏ ထိန်းချုပ်ခြင်းကို မခံရသည့် တစ်ခုတည်းသော နိုင်ငံဖြစ်သည်။

၎င်း၏ခွန်အားသည် အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများနှင့် နှိုင်းယှဉ်နိုင်၏။ ထို့အပြင် နိုင်ငံတစ်ခု ဖြစ်သောကြောင့် ကျိုးနိုင်ငံရှိ အဆင့်နိမ့်သိုင်းသမားများသည် အခြားနေရာများရှိ သိုင်းသမားများထက် ပိုမိုကောင်းမွန်စွာ နေထိုင်နိုင်ကြသည်။

ထို့အပြင် ပါရမီကောင်းမွန်သည့် လူများတွင် မြင့်တက်နိုင်မည့် အခွင့်အရေးတို့ ရှိနေ၏။ နိုင်ငံ၏ ထောက်ပံ့ခြင်းကိုခံရကာ အရေးကြီးသည့် အမတ်ကြီးများပင် ဖြစ်လာနိုင်သည်။

ထိုအကြောင်းကြောင့် ကျိုးနိုင်ငံသည် အတွင်းဘက်နယ်မြေသို့ ကျောက်စိမ်းတံဆိပ်ပြား ထုတ်ပြန်ခြင်း ရှားပါးလှသည်။ အရင်တုန်းက ထုတ်ပြန်ဖူးလျှင်တောင် သွေးနတ်ဆိုးကိစ္စ ဖြစ်ပွားကတည်းက အတွင်းဘက်နယ်မြေ၌ ကျိုးနိုင်ငံ၏ ကျောက်စိမ်းတံဆိပ်ပြား မရှိတော့ပေ။

"အရှင်ကျိုးကို တင်ပြပါတယ်... ကျွန်တော် အကြည့်မမှားပါဘူး။ သူတို့က တကယ်ပဲ ကျိုးနိုင်ငံနဲ့ ထိုက်မြှောင်ဂိုဏ်းရဲ့ ကျောက်စိမ်းတံဆိပ်ပြားတွေကို ကိုင်ဆောင်လာတာပါ.."

ကျိန်နိုင်ငံ၏ အမတ်ကြီးက လေးစားစွာပြောသည်။

"သူတို့ကို ခေါ်လာခဲ့.."

ရှန်ချင်းက နက်ရှိုင်းသည့်အသံဖြင့် အမိန့်ပေး၏။

ယရုန်က အနည်းငယ်မျက်မှောင်ကျုံ့သွားသည်။ သို့ပေမယ့် မည်သည်ကိုမှ မပြောပေ။

"အမိန့်အတိုင်းပါ.."

ခဏအကြာ၌ ကျိန်နိုင်ငံ၏ အမတ်ကြီးများ၏ ခေါ်ဆောင်လာမှုအောက်တွင် သုယွီယင်းတို့ အုပ်စုသည် အဓိကခန်းမအတွင်းသို့ ရောက်ရှိလာခဲ့၏။ သူမတို့၏ နောက်တွင် ရှဲ့ထန်းဟန်နှင့် သူ၏ သားဖြစ်သူလည်း လိုက်ပါလာခဲ့သည်။

"ဝူ့စ်.."

ရုတ်တရက် ယရုန်၏ပုံစံက ပြောင်းလဲသွားပြီး လျှပ်တပြက်အတွင်း သုယွီယင်း၏ရှေ့၌ ပေါ်လာခဲ့သည်။

ရှန်ချင်းလည်း အံ့ဩသွားခဲ့၏။ သုယွီယင်းကိုကြည့်ကာ သူ၏ ပုံစံက ထူးဆန်းသွားသည်။

သုယွီယင်း၏ မျက်နှာက ပြောင်းလဲသွား၏။ ယရုန်၏ ရုတ်တရက်ပေါ်လာမှုက သူမအား ကြီးမားသော ဖိအားကို ခံစားရစေသည်။

"နင့်ရဲ့ ကျောက်စိမ်းတံဆိပ်ပြား ဘယ်မှာလဲ.."

ယရုန်က အနည်းငယ် တုန်ရီနေသည့် အသံဖြင့် မေး၏။

သုယွီယင်းက လက်ဝါးကို ဖြန့်လိုက်သည်။ ယရုန်က တံဆိပ်ပြားကိုယူကာ ခဏတာကြည့်ရှု့၏။ ပြီးနောက် သုယွီယင်း၏ လက်ထဲသို့ ပြန်လည်ထည့်ပေးကာ မေးသည်။

"နင့်ရဲ့နာမည်က ဘာလဲ.."

"အကြီးအကဲကို ဖြေကြားပါတယ်။ ကျွန်မနာမည်က သုယွီယင်းပါ.."

သုယွီယင်းက စိုးရိမ်မှုအချို့ဖြင့် ဖြေကြားသည်။

"သုယွီယင်းလား.."

ယရုန်က ကိုယ့်ကိုယ်ကိုယ် ရေရွတ်၏။

"နင်ထိုက်မြှောင်ဂိုဏ်းကို ငါနဲ့အတူတူလိုက်ခဲ့.."

ပြီးနောက် ယွင်မြှောင်မြှောင်နှင့် အခြားသူများကို ကြည့်ကာ ထပ်မံမေးသည်။

"ထိုက်မြှောင်ဂိုဏ်းရဲ့ ကျောက်စိမ်းတံဆိပ်ပြားကို ကိုင်ထားတဲ့ နောက်လူကရော.."

"အကြီးအကဲ... ကျွန်မပါ.."

ယွင်မြှောင်မြှောင်က ပြောသည်။

သူမ၏ ကျောက်စိမ်းတံဆိပ်ပြားကို ပေးလိုက်၏။

ကျောက်စိမ်းတံဆိပ်ပြားကို တွေ့ရပြီးနောက် ယရုန်၏မျက်နှာက အကြိမ်ကြိမ် ပြောင်းလဲနေ၏။ ဒီကျောက်စိမ်းတံဆိပ်ပြားမှာ သုယွီယင်း၏ တံဆိပ်ပြားနှင့် လုံးဝ တူညီနေပါသည်။

"ဒီကျောက်စိမ်းတံဆိပ်ပြားကို နင်ဘယ်လိုလုပ်ပြီး ရခဲ့တာလဲ.."

ယရုန်က အသက်ကို နက်ရှိုင်းစွာရှူပြီး မေးသည်။

"ဘိုးဘေးဆရာမက လက်ဆင့်ကမ်းပေးခဲ့တာပါ..."

ယရုန်က သက်ပြင်းချကာ ပြောသည်။

"ဒါဆိုရင် နင်တို့အားလုံး ထိုက်မြှောင်ဂိုဏ်းဆီကို ငါနဲ့လိုက်ခဲ့.."

သူမသည် ထိုစကားကိုပြောပြီးနောက် ထိုင်ခုံဆီသို့ပြန်ကာ အတွေးနက်သွားဟန်ဖြင့် တိတ်ဆိတ်သွား၏။

ရှန်ချင်းက အသံလွှဲပြောင်းကာ ပြောသည်။

"ဒီမိန်းကလေးကို ကြည့်ရတာ နင့်ရဲ့ဆရာနဲ့ ငါးပုံခြောက်ပုံလောက် ရုပ်ချင်းဆင်နေတယ်။ ဖြစ်နိုင်တာက..."

"မမေးသင့်တာကို မမေးနဲ့.."

ယရုန်က အေးစက်စွာ ပြန်ပြောသည်။

ရှန်ချင်းက ရှဲ့ထန်းဟန်နှင့် သူ၏သားဖြစ်သူ.. ပြီးနောက် ကျစ်ယွင်တို့ကိုကြည့်ကာ မေး၏။

"ကျိုးနိုင်ငံရဲ့ ကျောက်စိမ်းတံဆိပ်ပြားကို ဘယ်သူပိုင်တာလဲ.."

ကျစ်ယွင်က လက်ထောင်ကာ ပြော၏။

"အကြီးအကဲ ကျွန်မပါ.."

"ငါ့ကိုပြ.."

"ဒီမှာပါ.."

ကျစ်ယွင်က အနည်းငယ်ကြောက်ရွံ့စွာဖြင့် ကျောက်စိမ်းတံဆိပ်ပြားကို လက်ဖြန့်ပေးသည်။

ရှန်ချင်းက လက်ဆန့်လိုက်သည်နှင့် ကျောက်စိမ်းတံဆိပ်ပြားက သူ၏လက်အတွင်းသို့ ပျံသန်းရောက်ရှိလာ၏။ ပြီးနောက် သူ၏ပုံစံက ရုတ်တရက် ပြောင်းလဲသွားသည်။ ဤသည်မှာ မိုးပြာရောင်ဘုရင် ကျောက်စိမ်းတံဆိပ်ပြား ဖြစ်၏။

"ဒီကျောက်စိမ်းတံဆိပ်ပြားရဲ့ ပိုင်ရှင်ရော ဘယ်မှာလဲ.."

ရှန်ချင်းက နက်ရှိုင်းသည့်အသံဖြင့် မေးသည်။

"သူက သေဆုံးခဲ့ပြီးပါပြီ။ နတ်ဆိုးအမဲလိုက်ခြင်းတောင်ကြားမှာ ကျွန်မသူ့ကို မြှုပ်နှံပေးလိုက်ပါတယ်.."

ကျစ်ယွင်က တိုးညှင်းသောအသံဖြင့် ဖြေကြား၏။

ရှန်ချင်းက အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားပြီးနောက် ပြောသည်။

"ဒါဆိုရင် ကျိုးဘုရင်စံအိမ်ကို ငါနဲ့အတူ လိုက်ခဲ့။ ငါနင့်ကို မွေးစားသမီးအဖြစ် မွေးစားမယ်.."

ကျစ်ယွင်မှာ အံ့ဩသွားသည်။ ထို့နောက် အလျှင်အမြန် ဒူးထောက်ကာ လေးစားစွာဦးချသည်။

"ကျစ်ယွင်က မွေးစားဖခင်ကို အရိုအသေပေးပါတယ်.."

All Chapters