← Chapters

သိုက်မိသားစုအား ဖျက်စီးလိုခြင်း

Vol. 30 Ch. 441

သိုက်မိသားစုအား ဖျက်စီးလိုခြင်း

Vol. 30 Ch. 441

ရှီအာ၊ မုန့်ရှူရှူ၊ ကျိုးယင်နှင့် ယွီရှောင်လုံတို့၏ မျက်နှာများမှာ အလွန် အံ့ဩနေကြသည်။ စိတ်ဝိဉာဉ်နယ်မြေ၏ အထွတ်အထိပ်တွင် ရပ်တည်နေသည့် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားသည် ပြာများအဖြစ် အလွယ်တကူ ပြောင်းလဲသွားခဲ့၏။

လက်တစ်ဝှေ့သာ အသုံးပြုခဲ့ပြီး ခြင်နှစ်ကောင်ကို မောင်းထုတ်လိုက်ဟန်ရှိသည်။

"ဆရာက တကယ့်ကို အံ့သြဖို့ကောင်းလှတယ်.."

ရွှီယန်၏ နှလုံးသားထဲ၌ အဆုံးမသတ်နိုင်သည့် လေးစားမှုတို့ဖြင့် ပြည့်နက်နေ၏။ သူသည် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ကို သတ်ဖြတ်ရန်အတွက် ချောင်းမြောင်း လုပ်ကြံခဲ့ရ၏။

သို့ပေမယ့် ဆရာဖြစ်သူမှာတော့ လက်ဝါးတစ်ချက်ကို အသာရိုက်ထုတ်ရန်သာ လိုအပ်ပြီး စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားနှစ်ယောက်တို့ကို ဖုန်မှုန့်များအဖြစ် ပြောင်းလဲစေခဲ့သည်။

ခွန်အားအပြည့်ကိုပင် စုစည်းခဲ့ခြင်း မရှိပေ။ အသာလှုပ်ရှားမှုသည် ခြင်မောင်းသကဲ့သို့ရှိနေပြီး ရိုးရှင်းသည့် တိုက်ခိုက်မှုတစ်ခုက လုံလောက်တာထက် ပိုနေတော့သည်။

"ငါရော ဒီလိုမျိုး ဘယ်တော့များမှ စွမ်းဆောင်နိုင်မှာလဲ.."

ရွှီယန်သည် တိတ်တဆိတ် စဉ်းစားမိ၏။

မုန့်ချုံက သူ၏ တောက်ပနေသည့် ကတုံးကိုပွတ်ကာ စဉ်းစားသည်။

သူ၏မဖျက်ဆီးနိုင်သည့် ကြီးမြတ်သောနေ ရွှေခန္ဓာမှာ အလွန် အားနည်းနေသေးသည်။ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ကို ထိလိုက်ရုံနှင့် သေဆုံးနိုင်သည့် ဆရာ၏ အဆင့်သို့ ရောက်ရှိနိုင်ခြင်းမရှိသေးပေ။

'မပျက်စီးနိုင်သော ရွှေခန္ဓာရဲ့ ဒုတိယအလွှာကို ချိုးဖျက်ပြီးရင်တော့ သတ်ဖြတ်တာလောက် လုပ်နိုင်လောက်တယ်..'

မုန့်ချုံက ကိုယ့်ကိုယ်ကိုယ် စဉ်းစားသည်။

ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့၏ အကြီးအကဲများ လာရောက်တိုက်ခိုက်မှုမှာ သေးငယ်သည့် အဖြစ်အပျက်လေးတစ်ခုသာ ဖြစ်သည်။ သူတို့သည် ယွီရှောင်လုံပြောသည့် နေရာဆီသို့ ခရီးစဉ်အား ဆက်လက်ခဲ့ကြ၏။

ကျိန်နိုင်ငံမြို့တော်၏ အပြင်ဘက် မိုင်တစ်ရာလောက်တွင် အေးချမ်းသာယာသည့် တောင်ကြားတစ်ခု၌ စံအိမ်အသစ်တစ်ခု ပေါ်ပေါက်လာခဲ့၏။

လီရွှမ်က ကုလားထိုင်ပေါ်တွင် အေးအေးလူလူ ထိုင်နေပါသည်။ သဘာဝ၏ စိတ်ဝိဉာဉ်စွမ်းအင်များက သူ၏ ခန္ဓာကိုယ်အတွင်းသို့ ဆက်တိုက်ဝင်ရောက်နေ၏။

ကျင့်ကြံမှု မပြုလျှင်ပင် မသိမသာဖြင့် ဖြေညှင်းစွာ စိတ်ဝိဉာဉ်စွမ်းအင်များ စုဆောင်းနေပါသည်။

ယခုအချိန်၌ စိတ်ဝိဉာဉ်နယ်မြေတွင် အခြေစိုက်နေရာအား တည်ဆောက်ပြီးပါပြီ။ ထိုနေ့တွင် ရွှီယန်နှင့်မုန့်ချုံတို့ ရောက်ရှိလာပြီး နှုတ်ဆက်စကား ပြော၏။ သူတို့သည် စိတ်ဝိဉာဉ်နယ်မြေကို စူးစမ်းလှည့်လည်ရန် ပြင်ဆင်ထားပြီး အနှိုင်းမဲ့သည့် ပါရမီရှင်များအား စိန်ခေါ်လိုကြ၏။

"သွားကြ... သိုင်းပညာလမ်းစဉ်က ဘယ်တော့မှမချောမွေ့ဘူး။ အတွေ့အကြုံတွေ ပိုရှာ။ တိုက်ပွဲတွေကို ပိုကြုံတွေ့ပြီးမှ နားလည်မှုတွေ ပိုကောင်းလာနိုင်လိမ့်မယ်။ သိုင်းပညာအားလုံးရဲ့ အနှစ်သာရကိုစုပ်ယူပြီး သိုင်းပညာရဲ့ စစ်မှန်တဲ့အဓိပ္ပါယ်ကို ရှာဖွေလှည့်..."

လီရွှမ်က တင်းကြပ်သည့် ဆရာတစ်ယောက်၏ လေသံဖြင့် ပြော၏။

"ဟုတ်ကဲ့ပါဆရာ.."

ရွှီယန်နှင့် မုန့်ချုံတို့က နားထောင်စွာပြန်ကြားကြသည်။

"ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်ရဲ့ နိယာမတွေကို နားလည်သဘောပေါက်ပြီးပြီဆိုရင် ပြန်လာခဲ့ကြ။ ငါမင်းတို့ကို ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်ရဲ့ အထက်က ကျင့်စဉ်ကို သင်ပေးမယ်.."

လီရွှမ်က တပည့်နှစ်ယောက်တို့ကို ကြည့်ကာ ပြောသည်။

"တပည့်တို့ သေချာပေါက် ကြိုးစားပြီးတော့ ကျင့်ကြံပါမယ်။ ဒီဗိုင်းဆန်းကြယ် စွမ်းအားတွေကို နားလည်အောင်ကြိုးစားပြီး နိယာမတွေကို အမြန်ဆုံးသဘောပေါက်အောင် လေ့လာပါမယ်.."

ရွှီယန်က လေးစားစွာ ဖြေကြားသည်။

"တပည့်လည်း မဖျက်ဆီးနိုင်တဲ့ရွှေခန္ဓာရဲ့ ဒုတိယအဆင့်နဲ့ တတိယအဆင့်ကို အမြန်ဆုံး နားလည်သဘောပေါက်အောင် ကြိုးစားပါမယ်.."

မုန့်ချုံကလည်း တူညီစွာဖြေကြား၏။

"ကောင်းပြီ.. သွားကြ.."

လီရွှမ်က ခေါင်းငြိမ့်သည်။ နောက်ဆုံးတွင် သူသည် ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်၏ နိယာမများအား ရွှီယန် နားလည်သဘောပေါက်မှု ရပြီးမှသာလျှင် နောက်တစ်ဆင့်ကို သင်ကြားပေးရန် ဆုံးဖြတ်လိုက်သည်။

ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်အား နားလည်သဘောပေါက်မှု မရှိသေးဘဲ နောက်တစ်ဆင့်ကို သင်ကြားပေးလျှင်တောင် မည်သည်ကိုမှ နားလည်နိုင်မည် မဟုတ်ပေ။

ထို့အပြင် သူ့တွင် ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်၏ အထက်ရှိ ကျင့်စဉ်အတွက် အခြေခံတည်ဆောက်မှုတစ်ခု ရှိနေပြီး ဖြစ်ပေမယ့် ထိုဖန်တီးမှုအပေါ် ကျေနပ်မှု မရသေးပါ။

ဖြစ်နိုင်သည်မှာ သူကိုယ်တိုင် ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်သို့ ချိုးဖျက်ပြီးနောက် စိတ်ကူးအသစ်တို့ ရရှိလာပြီး ပိုမိုကောင်းမွန်သည့် သိုင်းကျင့်စဉ်တစ်ခုကို ဖန်တီးနိုင်လာလောက်သည်။

ရွှီယန်နှင့်မုန့်ချုံတို့ ထွက်ခွာသွားကြ၏။ ယွီကျိုးတွင် နောက်ထပ် ဂယက်တစ်ခု ထလာတော့မည့်ဟန် ရှိသည်။

လက်ရှိအချိန်၌ ရွှီယန်သည် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံနေရ၏။ သိုက်မိသားစုလည်း အပါအဝင် ဖြစ်သည်။

သူ၏ ဦးခေါင်းပေါ်ရှိ ဆုကြေးမှာ စိတ်ဝိဉာဉ်ပုံဆောင်ခဲ သန်းပေါင်းများစွာအထိ ရောက်ရှိသွား၏။ စိတ်ဝိဉာဉ်ဂိုဏ်းနှင့် တော်ဝင်မိသားစုများ၏ အဖွဲ့ဝင်ဖြစ်လာနိုင်မည့် အခွင့်အရေးကိုပင် ကမ်းလှမ်းထားသည်။

ဤသည်က လေလွင့်သိုင်းသမားများစွာတို့ကို လောကကြီး၌ မြင့်တက်ရန်အတွက် အခွင့်အရေးအား ရှာတွေ့စေပြီး လောဘတရားတို့ မြင့်တက်လာစေ၏။

ရွှီယန်မှာ ဒေါသကို မြိုသိပ့်ထားတတ်သည့်သူ မဟုတ်ပါ။ မည်ကဲ့သို့ ဒီအတိုင်း ထားနိုင်မည်နည်း။

သိုက်ရှန်းက သူ့ကို လိုက်လံသတ်ဖြတ်သဖြင့် သူသည်သိုက်မိသားစုအား သွားရောက် ဖျက်ဆီးခဲ့လေသည်။

"ဆရာ.."

စုလင်းရှုံက ဆရာဖြစ်သူ၏ ပုခုံးကိုနှိပ့်ပေးရင်းက သူမ၏မျက်နှာပေါ်တွင် မျက်နှာချိုသွေးသည့် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

"နင်ကရော.. ဘာလို့မသွားတာလဲ.."

လီရွှမ်က အံ့ဩစွာမေး၏။

"တပည့်ရဲ့စွမ်းရည်တွေက အားနည်းလွန်းတယ်.."

စုလင်းရှုံက အကူအညီမဲ့စွာ ဖြေကြားသည်။

သူမသည် ငယ်စဉ်ကတည်းက ယင်လုံ့စံအိမ်၏ လိုက်လံဖမ်းဆီးမှုကို ခံခဲ့ရပြီး ကျိုးယင်က သူမကိုခေါ်ဆောင်ကာ ပုန်းအောင်းခဲ့၏။ စိတ်ဝိဉာဉ်နယ်မြေကဲ့သို့သော စွမ်းအားကြီးကျင့်ကြံသူ များစွာတို့ ပြည့်နက်နေသည့် နေရာတစ်ခုတွင် ‌ဒီဗိုင်းဆန္ဒအဆင့်နှင့် မည်ကဲ့သို့ လုံခြုံမှုကို ခံစားနိုင်မည်နည်း။

စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ကိုသာ ကြုံတွေ့ရပါက ထွက်ပြေးရုံသာတတတ်နိုင်မှာဖြစ်သည်။ ဂရုမစိုက်လျှင် ထွက်ပြေးရန်ပင် အခွင့်အရေးရှိမည် မဟုတ်ပေ။ ထို့ကြောင့် မလုံခြုံစွာခံစားရပြီး အပြင်ဘက်တွင် လှည့်လည်ရန် မည်သည့်စိတ်ကူးမှ မရှိပေ။

"အစ်ကိုကြီးနဲ့ စီနီယာအစ်ကိုတို့လို တပည့်က စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ကို ခုခံပြီးတော့ မသတ်ဖြတ်နိုင်ဘူး။ ဒါကြောင့်မို့လို့ မူလဒီဗိုင်းအဆင့်ကို ချိုးဖျက်ပြီးမှပဲ အပြင်မှာ လှည့်လည်ဖို့ ဆုံးဖြတ်ထားတယ်.."

စုလင်းရှုံက မျက်လုံးများကို မှေးကာပြော၏။

မူလဒီဗိုင်းအဆင့်သို့ ချိုးဖျက်ပြီးပါက သူမတွင် ယုံကြည်ချက်အချို့ ရှိလာမည် ဖြစ်သည်။

"သဘောပဲ.."

လီရွှမ်က သူမကို ဖိအားမပေးပါ။ စုလင်းရှုံမှာ ဆေးကုသခြင်း သိုင်းသမားတစ်ယောက် ဖြစ်၏။ သူမ၏ခွန်အားသည် တိုက်ခိုက်ခြင်း၌ မူတည်နေသည် မဟုတ်ပေ။

စိတ်ဝိဉာဉ်ဆေးပင်များသာ ရှိပါက ဒန်ဆေးလုံးများကို သန့်စင်ကာ သူမ၏ ဒန်ဆေးသိုင်းပညာလမ်းစဉ်ကို မြှင့်တင်နိုင်သည်။

"ကျင့်ကြံမှုကို အာရုံစိုက်ပြီး မူလဒီဗိုင်းအဆင့်ကို အမြန်ဆုံးချိုးဖျက်နိုင်အောင်လုပ်.."

လီရွှမ်က သူမကို အားပေးသည်။

"ဟုတ်ကဲ့ပါဆရာ.."

စုလင်းရှုံက ပျော်ရွှင်စွာပြန်ကြား၏။

ရှီအာ၊ မုန့်ရှူရှူနှင့် ကျိုးယင်တို့မှာတော့.. သူတို့တွင်လည်း စိတ်ဝိဉာဉ်နယ်မြေအား လှည့်လည်ရန် စိတ်ကူးမရှိကြပါ။

သူတို့သည် ဒီဗိုင်းဆန္ဒအဆင့်သို့ပင် မရောက်သေးပေ။ စိတ်ဝိဉာဉ်နယ်မြေ၌ ထိုခွန်အားမှာ လုံလောက်စွာ သန်မာခြင်းမရှိပေ။ မည်သည့်နေရာတွင်မဆို အန္တရာယ်ကျရောက်နိုင်၏။

ကြောင်နီမှာလည်း အပြင်ထွက်ရန် စိတ်ကူးမရှိပါ။ လက်ရှိအချိန်၌ မဟာနတ်ဆိုးတစ်ကောင် ဖြစ်လာရန်အတွက် ရည်ရွယ်ချက်ဖြင့် သူ၏စွမ်းရည်များကို မြှင့်တင်နေ၏။

"အစ်ကိုကြီး... ကျွန်တော်တို့တွေ ဘယ်ကိုသွားကြမလဲ.."

မုန့်ချုံက မေးသည်။

ရွှီယန်က ခဏတာ ရပ်တန့်သွားပြီးနောက် ဖြေကြား၏။

"အဘိုးကြီးသိုက်ရှန်းက ငါ့ကို တစ်ကြိမ် လိုက်သတ်ခဲ့ဖူးတယ်။ အဲ့ဒီ့တုန်းက သိုက်မိသားစုကို ငါလည်းသွားပြီးဖျက်ဆီးခဲ့ပေမယ့် လုံးဝ သုတ်သင်နိုင်လိုက်တာတော့ မဟုတ်ဘူး.."

"ဒီဒေါသကို ငါဖိနှိပ့်မထားနိုင်ဘူး။ အဲ့ဒီ့အပြင် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနဲ့ စုမိသားစုကလည်း ငါ့ကိုလိုက်သတ်နေကြတယ်.."

"ဒီအချိန်က စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ မိသားစုကြီးတွေကို သင်ခန်းစာတစ်ခု ပေးရမယ့်အချိန်ပဲ.."

ထိုစကားနှင့်အတူ သူ၏မျက်လုံးများက အေးစက်သွားသည်။

"ညီလေးမှာ ကောင်းကင်လူသားတွေကို သတ်ဖြတ်ဖို့ စွမ်းရည်ရှိနေပြီးပြီဆိုတော့ သိုက်ရှန်းကို အကို တားထားလိုက်မယ်။ အနိုင်မရရင်တောင် ကိစ္စမရှိလောက်ဘူး။ မင်းကတော့ သိုက်မိသားစုကို ရှင်းပစ်လိုက်ပေါ့.."

ရွှီယန်မှာ ဒီဗိုင်းဆန္ဒအဆင့်၏ အသေးစားကျွမ်းကျင်မှုသို့ ရောက်ရှိရန် မဝေးတော့ပါ။ ထို့အပြင် ဓားတာအို၏ ဒုတိယအဆင့်ဖြစ်သည့် နှလုံးသားဓားအဆင့်သို့ ချိုးဖျက်ခဲ့ပြီး သူ၏ခွန်အားမှာ တစ်ကြိမ် ထပ်မံမြင့်တက်လာခဲ့၏။ သိုက်ရှန်းကို အနိုင်ယူနိုင်ခြင်း မရှိလျှင်တောင် တားထားရန်အတွက် ပြဿနာမရှိပါ။

မုန့်ချုံ၏ စွမ်းအားနှင့် ၆မီတာမြင့်မားသည့် လူ့ဘီလူးတစ်ကောင်အဖြစ် ပြောင်းလဲကာ သိုက်မိသားစုတစ်ခုလုံးကို သောင်းကြမ်းဖျက်ဆီးရန် ပြဿနာမရှိပေ။

မဖျက်စီးနိုင်သည့် ချပ်ဝတ်နှင့် ကြံ့ခိုင်စွမ်းအားကြီးမားသည့် ခန္ဓာကိုယ်၏ ခံနိုင်ရည်စွမ်းနှင့် သူ့ကို အခြားမည်သူကမှ ထိခိုက်အောင်လုပ်နိုင်မည် မဟုတ်ပေ။

All Chapters