လက်နက်ကိရိယာ ထုလုပ်ခြင်းပါရမီရှင် ဖန်းဟောင်
Vol. 30 Ch. 443
လီရွှမ်က လျှို့ဝှက်ဆန်းကြယ်ကာ ရိုးသားပုံမရှိသည့် အသွင်အပြင်နှင့် အဲ့ဒီ့လူငယ်ကို ကြည့်သည်။ သူ၏ နှုတ်ခမ်းထောင့်များက အနည်းငယ် တွန့်ကွေးသွား၏။
တစ်ဖက်လူ၏ အသွင်အပြင်ကို ကြည့်ရသည်မှာ မည်သည့် တရားဝင် ကုန်ပစ္စည်းကိုမှ ရောင်းချနေခြင်း မရှိသည့်ဟန် တူသည်။
လူငယ်သည် လီရွှမ်တစ်ယောက် သခင်လေးရှန်အား မသိမည်ကို စိုးရိမ်သဖြင့် အသံနိမ့်စွာဖြင့် ထပ်ပေါင်းပြောသည်။
"မိသားစုကြီးတစ်ခုဖြစ်တဲ့ ရှန်မိသားစုရဲ့ ရှန်ဟိုင်ကျိုးလေ... ပြီးတော့ ဒီရတနာက သူတောင်မှ မချီးကျူးပဲ မနေနိုင်တဲ့ ရတနာတစ်ခုပဲ.."
"ရှန်ဟိုင်ကျိုးလား..."
လီရွှမ်၏မျက်ခုံးများက မြင့်တက်သွားသည်။ ဤသည်မှာ လင်းနယ်မြေတွင် ရွှီယန် တွေ့ဆုံခဲ့သည့် မိသားစုကြီးတစ်ခုမှ တူညီသည့် သခင်လေး မဟုတ်ပါလား။
တစ်ဖက်လူအပေါ် စူးစမ်းလိုစိတ်တို့ ပိုမိုများပြားလာခဲ့သည်။ ထို့ကြောင့် အပြုံးတစ်ခုဖြင့် ပြော၏။
"အိုး... သခင်လေးရှန်တောင်မှ ချီးကျူးလို့ မဆုံးတဲ့ ရတနာလား.."
"အစ်ကိုကြီး... လာခဲ့လာခဲ့... ငါမင်းကိုပြမယ်.."
လူငယ်၏မျက်နှာက ချက်ချင်းပင် ဝမ်းသာသွားပုံပေါ်၏။ နောက်ထပ် ဖောက်သည်သစ်တစ်ယောက် တံခါးလာခေါက်ခဲ့လေပြီ။ သခင်လေးရှန်၏ ဂုဏ်သတင်းမှာ အသုံးပြုရန် အလွန်ကောင်းမွန်လှ၏။
လီရွှမ်သည် အလိမ်ခံရမည်ကို ကြောက်ရွံ့သည့်လူမဟုတ်ရာ ရိုးရှင်းသည့် ဆိုင်အတွင်းသို့ ဝတုတ်လူနှင့်အတူ လိုက်ဝင်သွားသည်။
"မင်းနာမည်က ဘယ်လိုခေါ်လဲ.."
သူသည် ရိုးရှင်းသည့် ဆိုင်ငယ်ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။ ထူးဆန်းသည့် သဏ္ဍာန်နှင့် ပစ္စည်းအချို့အပြင် ထုလုပ်ခြင်း ကုန်ကြမ်းများဖြင့် ရှုပ်ပွနေပါသည်။
"အစ်ကိုကြီး... ကျွန်တော့နာမည်က ဖန်းဟောင်လို့ခေါ်တယ်.."
ဖန်းဟောင်က ပြော၏။
အခန်းတံခါးကို လျှင်မြန်စွာပိတ်ကာ သူသည် လီရွှမ်၏ နားလည်မှု လွဲသွားမည်ကိုလည်း စိုးရိမ်သွားသည်။ အမြန် ရှင်းပြ၏။
"အဲ့ဒီ့ရတနာက.. ပိုကောင်းတဲ့ အတွေ့အကြုံကို ရနိုင်ဖို့အတွက် အလင်းရောင်မှိန်တဲ့နေရာမှာ ကြည့်ဖို့လိုအပ်တယ်.."
ထိုစကားနှင့်အတူ သူသည် ကောင်တာနောက်မှ သေတ္တာတစ်ခုကို ထုတ်ကာ ဖွင့်လိုက်သည်။ အတွင်းထဲမှ လက်ချောင်းတစ်ဝက်စာလောက် ထူထဲကာ တစ်ပေလောက်ရှည်သည့် သေတ္တာတစ်ခုကို ထုတ်လိုက်၏။
သေတ္တာ၏ တစ်ဖက်တစ်ချပ်ရှိ လက်ကိုင်များမှ အသာကိုင်ကာ စားပွဲဆီသို့ လျှောက်လာခဲ့သည်။ ဖန်းဟောင်သည် လက်ကိုဆန့်ကာ အလွန်ပြားသည့် သေတ္တာ၏ ကျောဘက်မှ ထောက်တိုင်နှစ်ခုတို့ကို ဆွဲထုတ်ပြီး ၎င်းကိုစားပွဲပေါ်၌ ထောင်လိုက်သည်။ ပြီးနောက် ဆန်းကြယ်သည့်အသွင်ဖြင့် ပြော၏။
"အစ်ကိုကြီး... သေသေချာချာ ကြည့်နော်။ ဒါကကျွန်တော်ပင်ပင်ပန်းပန်းနဲ့ သုတေသန ပြုလုပ်ထားတဲ့ ရတနာတစ်ခုပဲ။ သခင်လေးရှန်တောင် ချီးကျူးတာ မရပ်နိုင်ဘူး.."
ပြီးနောက် သူ၏ခါးတွင် ချိတ်ထားသည့် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ပြကာပြောသည်။
"တွေ့လား... ဒါက သခင်လေးရှန်ပေးတဲ့ လက်ဆောင်ပဲ။ ကျွန်တော်နဲ့သူ့ရဲ့ ဆက်ဆံရေးက အရမ်းနက်ရှိုင်းတယ်.."
လီရွှမ်ကမနေနိုင်ဘဲ အကူအညီမဲ့စွာ ပြုံး၏။ ဖန်းဟောင်သည် သူ၏ပစ္စည်းတို့ လုယူခံရမည်အား စိုးရိမ်သဖြင့် ရှန်ဟိုင်ကျိုး၏ အမည်ကို အသုံးပြုကာ လူများကိုခြောက်လှန့်ခြင်း ဖြစ်သည်။
ထို့အပြင် သူ၏ခါးတွင် ချိတ်ဆွဲထားသည့် း ကျောက်စိမ်းပြားမှာ အမှန်တကယ်ကို မိသားစုကြီးတစ်ခု၏ အမှတ်အသား ဖြစ်ပုံပေါ်၏။ လင်းနယ်မြေတွင် အဆင့်အတန်းခွဲခြားမှုမှာ အလွန်ကြီးမားလှပြီး ရှန်ဟိုင်ကျိုး၏ နောက်ခံကို မှီခိုနေသည့် ဖန်းဟောင်တွင် မကောင်းသည့် ရည်ရွယ်ချက်နှင့် လူများစွာတို့ကို အမှန်တကယ် ခြောက်လန့်နိုင်စွမ်း ရှိပါသည်။
လီရွှမ်သည် စားပွဲပေါ်ရှိ သေတ္တာများကို သိလိုစွာ ကြည့်လိုက်၏။ ၎င်းသည် လေးထောင့်ရှိပြီး မျက်နှာပြင်က မှန်ကဲ့သို့ ချောမွေ့ကာ ဘေးနှစ်ဖက်တွင် လက်ကိုင်တစ်ခုစီ ရှိသည်။
"ဒါက ကိရိယာတစ်ခုပဲ.."
ဒီသေတ္တာမှာ ပစ္စည်းကိရိယာတစ်ခု ဖြစ်သည်။ သို့ပေမယ့် ၎င်း၏ အသုံးဝင်ပုံကို မသိပေ။ လက်နက်တစ်ခုတော့ ဖြစ်ဟန်မရှိပါ။
"အိုး... ဒီရတနာက သခင်လေးရှန်ရဲ့ ချီးကျူးမှုကို ဘယ်လိုရနိုင်မလဲဆိုတာ ငါကြည့်ချင်သေးတယ်.."
လီရွှမ်က ရယ်သည်။
"သေသေချာချာကြည့်... စိတ်မပျက်စေရဘူး.."
ဖန်းဟောင်၏ မျက်နှာပေါ်၌ ပိုင်နိုင်သည့် အပြုံးတစ်ခု ပေါ်လာ၏။ သူသည် သေတ္တာ၏ လက်ကိုင်တစ်ခုကို ဆုပ်ကိုင်လိုက်ကာ ကျင့်စဉ်ကို လှည့်လည်လိုက်သည်။
လက်မှတစ်ဆင့် သေတ္တာအတွင်းတို့ အတွင်းအားစွမ်းအင်တို့ ဝင်ရောက်သွား၏။ ရုတ်တရက် သေတ္တာ၏ ချောမွေ့နေသည့် မျက်နှာပြင်သည် စတင်တောက်ပလာပြီး တင့်တယ်သည့် ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။
ဤသည်မှာ လှပသည့် အမျိုးသမီးတစ်ယောက်၏ အသက်ဝင်သည့် ပုံတစ်ခုဖြစ်သည်။ ထို့အပြင် ပိုမိုအံ့သြစရာကောင်းသည်မှာ ထိုအမျိုးသမီးသည် အဝတ်ဗလာဖြင့် ရှိနေ၏။
လီရွှမ်၏ နှုတ်ခမ်းထောင့်များက ကြည့်နေရင်းက တွန့်ကွေးသွားသည်။ သူသည် ဖန်းဟောင်၏ ပုံမှန်မဟုတ်သည့် အသွင်ကို ခန့်မှန်းမိပြီး ဖြစ်ပေမယ့် ထိုမြင်ကွင်းကို တွေ့ရပြီးနောက် ရယ်ရမည်မသိ ငိုရမည်မသိ ဖြစ်သွား၏။
သူက မှန်ကဲ့သို့ သေတ္တာမျက်နှာပြင်ပေါ်ရှိ အမျိုးသမီးကိုကြည့်ကာ ပြီးသွားပြီဟု ထင်ထားခဲ့တာပါ။ သို့ပေမယ့် ဖန်းဟောင်က အသာရယ်ကာ မှန်သေတ္တာက ထပ်မံ လင်းလက်လာပြန်၏။
ဒီတစ်ကြိမ်တွင် မျက်နှာပြင်ပေါ်ရှိ လူများသည် အသက်ဝင်လာခဲ့၏။ လှပသည့် အမျိုးသမီးတစ်ယောက်သည် တင့်တယ်သော ခန္ဓာကိုယ်များကို ကွေးကောက်ကာ ပုံစံမျိုးစုံတို့ကို ပြသသည်။
ဒီတစ်ကြိမ်တွင်တော့ လီရွှမ်သည် အမှန်တကယ် အံ့သြသွားခဲ့၏။ ပြီးခဲ့သည့် ဘဝတုန်းက ဇာတ်ကားများကို ပြန်လည် အမှတ်ရမိလိုက်သည်။
မှန်ကဲ့သို့ မျက်နှာပြင်ပေါ်ရှိ လူများသည် ပုံဖြင့်ဆွဲထားခြင်းဖြစ်ပြီး တကယ့်လူများမဟုတ်ဘဲ အသံတို့လစ်ဟင်းနေသည်မှလွဲ၍ အရာအားလုံးမှာ ခြားနားခြင်းမရှိပေ။
"ဘယ်လိုလဲ... ဒါက ရတနာတစ်ခုမလား.."
ဖန်းဟောင်က လူယုတ်မာအပြုံးဖြင့် ပြော၏။ သေတ္တာမျက်နှာပြင်ပေါ်တွင် လှပသောအမျိုးသမီးနှစ်ယောက်တို့သည် ပုံစံတို့ပြောင်းလဲနေပြီး ခဏအကြာတွင် နောက်ထပ်လူနှစ်ယောက်သို့ ပြောင်းလဲသွားခဲ့သည်။
ဖန်းဟောင်၏ သရုပ်ပြမှုကို ကြည့်ရှု့ပြီးနောက် လီရွှမ်သည် နားလည်လိုက်၏။ ဒီကိရိယာရှိ ရုပ်ပုံများသည် အကန့်အသတ်ရှိပြီး အမျိုးသမီးများ၏ ပြောင်းလဲမှု ပုံစံများသည်လည်း အကန့်အသတ်ရှိပါသည်။
"တစ်ခွန်းစျေး... စိတ်ဝိဉာဉ်ပုံဆောင်ခဲ တစ်သိန်း.."
ဖန်းဟောင်က မျှော်လင့်နေသည့်အသံဖြင့် ကြေငြာချက်ထုတ်၏။
ဖန်းဟောင်ကိုကြည့်ကာ လီရွှမ်သည် အတွေးနက်သွား၏။ ဒီကောင်သည် လက်နက်ကိရိယာ ပြုလုပ်ခြင်း ပါရမီရှင်တစ်ယောက်လေလား။
"ဒီကိရိယာကို မင်းဖန်တီးထားတာလား.."
"ဒါပေါ့.."
ဖန်းဟောင်က ချက်ချင်းပင် ဂုဏ်ယူစွာဖြင့် ပြော၏။
"လင်းနယ်မြေတစ်ခုလုံးမှာ ကျွန်တော်ကလွဲပြီး ဒါကိုဘယ်သူမှ မလုပ်နိုင်ဘူး။ ဆိုးတာက ဒီထဲက ပုံတွေက အကန့်အသတ်နဲ့ပဲ ထည့်လို့ရတာ။ ဒါပေမယ့် ကျွန်တော်ထပ်ပြီးတော့ မြှင့်တင်ပါဦးမယ်.."
လီရွှမ်သည် ဖန်းဟောင်ကို ကြည့်လေလေ ဒီဝတုတ်လူငယ်ကို ပါရမီရှင်တစ်ယောက်ဟု မြင်လာလေ ဖြစ်လာခဲ့၏။ ရှည်ကြာစွာ ရှာဖွေနေခဲ့သည့် စတုတ္ထမြောက်တပည့်သည် သူ၏ရှေ့ရှိ ဒီလူငယ် ဖြစ်လာနိုင်မည်လား။
သို့ပေမယ့် သူသည် စမ်းသပ်မှုအချို့ ပြုလုပ်ရန် လိုအပ်ပါသေးသည်။ ဖန်းဟောင်၏ခွန်အားမှာ စွမ်းအားကြီးခြင်း မရှိပေ။ စစ်ဘုရင်အဆင့်သို့ ရောက်ရှိရုံသာ ရှိ၏။ သူ၏အသက်အရွယ်နှင့် ထိုခွန်အားက လေလွင့်သိုင်းသမားများအကြားတွင် ပါရမီရှင်တစ်ယောက် ဖြစ်လာစေသည်။
သို့ရာတွင် စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများအတွင်းတွေတော့ အလယ်အလတ်ထက် သာရုံလောက်သာ ရှိ၏။
"ဒီကိရိယာအပြင် မင်းမှာ အခြားဘာတွေ ရှိသေးလဲ.."
လီရွှမ်က မေးသည်။
"ခင်ဗျားက ဘယ်လိုကိရိယာမျိုးကို လိုချင်လို့လဲ.."
ဖန်းဟောင်က ဝှေ့ဝိုက်မနေဘဲ ကောင်တာနောက်မှသေတ္တာတစ်ခုကို ဆွဲထုတ်လိုက်သည်။
သူသည် ရောင်းနိုင်သမျှကို ရောင်းချရပေလိမ့်မည်။ ဒီအတောအတွင်းတွင် ကုန်ကြမ်းပစ္စည်းများကို ဝယ်ခဲ့ရပြီး လက်ကျန်ငွေမှာ နည်းပါးနေ၏။
သခင်လေးရှန်မှာ ပေါ်မလာခဲ့တာ အချိန်အချို့ ကြာခဲ့ပါပြီ။ မည်သည်လုပ်နေလဲမသိပေ။ ယခုအချိန်၌ သူ၏ပစ္စည်းများကို ရောင်းထွက်နိုင်ခြင်းမရှိဘဲ ဖြစ်နေ၏။
"ကြည့်လိုက်.."
ဖန်းဟောင်က မျက်မှန်နှင့်တူသည့် ဖန်ဝိုင်းတစ်ခုကိုထုတ်ကာ ဝတ်ဆင်လိုက်သည်။ ပြီးနောက် ကျင့်ကြံခြင်းအတတ်ကို လှည့်လည်လိုက်၏။
ကိရိယာသည် ချက်ချင်းပင် အလင်းရောင်တစ်ခု ထွက်ပေါ်လာပြီး နံရံပေါ်တွင် အလင်းလုံးတစ်ခု ပေါ်လာကာ မှိန်ပြနေသည့်ဆိုင်ကို အလင်းရောင် ပေးစွမ်းလာခဲ့သည်။
"ဒါက မှောင်မဲတဲ့နေရာတွေကို ဝင်ဖို့အတွက် မရှိမဖြစ်ပစ္စည်းပဲ။ စွမ်းအင်ကုန်တာ နည်းနည်းများပေမယ့် တကယ်အသုံးဝင်တယ်.."
လီရွှမ်၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားသည်။ ဒီကိရိယာသည် အမှန်တကယ်ကို စိတ်ကူးယဉ်ဆန်၏။
သို့ပေမယ့် စွမ်းအင် အသုံးပြုမှုများပြားခြင်းက အသုံးမဝင်အောင် ဖြစ်စေသည်။
မှောင်မဲသောနေရာသို့ စူးစမ်းရှာဖွေသည့် သိုင်းသမားများတွင် မည်သူက ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို ရင်ဆိုင်နိုင်ရန်အတွက် အထွတ်အထိပ် အခြေအနေ၌ မရှိလိုပဲ နေမည်နည်း။