← Chapters

လျှပ်တပြက်အတွင်း အရာအားလုံး ဓားဖြစ်လာခြင်း

Vol. 30 Ch. 445

လျှပ်တပြက်အတွင်း အရာအားလုံး ဓားဖြစ်လာခြင်း

Vol. 30 Ch. 445

ဖန်းဟောင်မှာ နောက်ဆုံးတွင် တစ်ခုခု လွဲချော်နေကြောင်းကို နားလည်လိုက်သည်။

"ငါ.. ဘာတွေများ ပြောမိလိုက်တာလဲ.."

သူသည် လျှို့ဝှက်ချက်အားလုံး နီးပါးအား ထုတ်ပြောလုမတတ် ဖြစ်သွားခဲ့၏။

'ငါခုနက အရမ်းဝမ်းသာပြီး စိတ်လှုပ်ရှားလွန်သွားတယ်။ အဲ့ဒါကြောင့်မို့လို့ ဂရုမစိုက်ဘဲ အများကြီးပြောမိလိုက်တယ်။ နောက်တစ်ကြိမ်တော့ ပိုပြီးသတိထားမှ..'

ဖန်းဟောင်သည် ကိုယ့်ကိုယ်ကိုယ် တိတ်တဆိတ် သတိပေး၏။ သူသည် သတိလက်လွတ်ဖြင့် အခြားလူမေးသမျှကို အကုန် လျှောက်ပြောတော့မည် မဟုတ်ပေ။

သူမသိသည်မှာ သူ၏ ခွန်အားအဆင့်နှင့် လီရွှမ်၏ ဒီဗိုင်းဆန္ဒအောက်တွင် ခုခံရန် စွမ်းအားမဲ့နေသည် ဟူသည်ပင်။ ကိုယ့်ကိုယ်ကိုယ် မသိလိုက်ဘဲ အရာအားလုံးကို ထုတ်ဖော်ပြောကြားခဲ့၏။

ဒီဗိုင်းဆန္ဒမှာ ကောင်းကင်၏ဆန္ဒကဲ့သို့ ရှိနေပြီး ဆန့်ကျင်ရန် ခက်ခဲလွန်းလှသည်။ သူကဲ့သို့ စစ်ဘုရင်လေးတစ်ယောက်က မည်ကဲ့သို့ ခုခံနိုင်မည်နည်း။

တစ်ခုခုမူ မမှန်ကြောင်းကိုပင် သူအနေနှင့် သတိထားမိခြင်းမရှိပေ။

ဖန်းဟောင်သည် ထိုကိစ္စကို အများကြီးစဉ်းစားမနေတော့ပါ။ အခင်းအကျင်းပုံစံ အတွင်းသို့ ကိုယ့်ကိုယ်ကိုယ် နစ်မြုပ်သွား၏။ သူသည် ပုံကြမ်းကို ပိုမိုနက်ရှိုင်းစွာကြည့်လေလေ အတွင်းထဲတွင် အသိအမြင်များ ပုန်းအောင်းနေသည်ဟု ပိုမိုနက်ရှိုင်းစွာ တွေ့လာရလေဖြစ်သည်။ လျှို့ဝှက်ဆန်းကြယ်သည့် နိယာမများဖြင့် ထူးကဲ၏။

'ကြီးမားတဲ့ အခွင့်အလမ်း တစ်ခုလား...'

သူက ကိုယ့်ကိုယ်ကိုယ် ရေရွတ်သည်။

ဖန်းဟောင်သည် ကိုယ့်ကိုယ်ကိုယ် အခင်းအကျင်းပုံကြမ်းအား သုတေသနပြုခြင်း၌ လုံးဝနှစ်မြုပ်ထားပြီး ၎င်းကို ကိရိယာတစ်ခုအဖြစ် မည်ကဲ့သို့ ဖန်တီးရမည်ကို စဉ်းစားနေပါသည်။

ထိုကိရိယာအား မည်သည့် အသွင်သဏ္ဍာန်ဖြင့် တည်ဆောက်သင့်သနည်း။

"ကိရိယာတစ်ခုနဲ့တော့ သင်္ကေတတွေအားလုံးကို ပေါင်းထည့်လို့ မရနိုင်သလိုပဲ။ ဒီပုံရဲ့အခြေအနေကို ကြည့်ရတာ ဖွဲ့စည်းပုံတစ်ခုနဲ့ တူတယ်.."

"အဓိက ကိရိယာတစ်ခုကို အခြား အရံကိရိယာများစွာနဲ့ ပေါင်းစပ်ပြီးတော့ ဖွဲ့စည်းရမလား.."

ဖန်းဟောင်သည် တဖြည်းဖြည်းနှင့် စိတ်ကူးအချို့ရလာခဲ့သည်။

အသွင်သဏ္ဍာန်နှင့် ပမာဏအတွက် ကန့်သတ်ချက် မရှိရာ သူအနေနှင့် စိတ်ကြိုက် ဖန်တီးလို့ရပါသည်။ ထို့ကြောင့် သူ၏ စိတ်ကူးအတိုင်းလိုက်ရန် ဆုံးဖြတ်လိုက်၏။

ဖန်းဟောင်သည် ကိရိယာများအား ထုလုပ်ခြင်း၌ ပြီးပြည့်စုံစွာ နှစ်မြှုပ်ထားပြီး စွမ်းအင်အပြည့်နှင့် ရှိနေတော့သည်။

လီရွှမ်သည် စစ်ပွဲရုပ်သေးရုပ်ကို သယ်ဆောင်ရင်းက သူ၏ စံအိမ်ဆီသို့ ပြန်ခဲ့၏။

"ဆရာ... ဒါကဘာလဲ.."

စုလင်းရှုံက လျှောက်လာပြီး သိလိုစွာမေးသည်။

"ရုပ်ထုတစ်ခုလား... အဖိုးတန်ရတနာတွေ အများကြီးကို အသုံးပြုပြီး ရုပ်ထုတစ်ခု ထုလုပ်တာက ဖြုန်းတီးရာကျတယ်မလား.."

စုလင်းရှုံက လှည့်လည်ကြည့်ရှုပြီးနောက် ပဟေဠိဖြစ်စွာမေး၏။

"ဒါက စစ်ပွဲရုပ်သေးရုပ်ပဲ... ဒါပေမယ့် အဲ့ဒါကိုဖန်တီးတဲ့လူက အနှစ်သာရကို နားမလည်လို့ အရမ်းကြီး အသုံးမဝင် ဖြစ်နေတာ.."

လီရွှမ်က သူ၏လက်ချောင်းကို ဝှေ့ရမ်းလိုက်ကာ ဒီဗိုင်းစွမ်းအင်စီးကြောင်း တစ်ခုကို ရုပ်သေးအတွင်းသို့ စီးဆင်းစေလိုက်သည်။

ရုပ်သေးမှာ စတင်လှုပ်ရှားလာခဲ့ပြီး တိုက်ခိုက်မှုအကွက်အနည်းငယ်ကို အကြိမ်ကြိမ် ပြုလုပ်လာ၏။

စုလင်းရှုံ၏ မျက်လုံးများက အံ့သြစွာဖြင့် ပြူးကျယ်သွားပြီး အသံပြုသည်။

"ဒါက တိုက်ခိုက်နိုင်တာလား... ဒါပေမယ့် အကြမ်းထည်ဆန်လွန်းတယ်။ ပြီးတော့ စွမ်းအားကလည်း မသန်မာဘူး။ အဆင့်တစ်အောက်က သိုင်းသမားတွေလောက်ကိုပဲ ရင်ဆိုင်လို့ရတယ်.."

"မဟုတ်ဘူး... အဆင့်သုံးအောက်က သိုင်းသမားတွေကိုပဲ တိုက်ခိုက်လို့ရလိမ့်မယ်။ သူ့ရဲ့ ပထမဆုံးတိုက်ခိုက်မှုကိုသာ ရှောင်နိုင်ပြီဆိုရင် အားနည်းချက်ကိုရှာပြီး ဖျက်ဆီးလို့ရတယ်.."

"လုံလုံလောက်လောက် သန်မာမှုမရှိတဲ့ အဆင့်သုံးနဲ့ အောက်က သိုင်းသမားတွေပဲ ဒီဟာရဲ့သတ်ဖြတ်ခြင်းကို ခံရလိမ့်မယ်.."

ရှီအာ၊ ကျိုးယင်နှင့် မုန့်ရှူရှူတို့အားလုံးလည်း သိလိုစွာလျှောက်လာကြသည်။ သူတို့အားလုံးသည် စုလင်းရှုံ၏ သုံးသပ်ချက်အတွက် သဘောတူစွာ ခေါင်းငြိမ့်မိကြ၏။ ဤသည်မှာ သာမန်ဆန်လွန်းလှသည်။

လီရွှမ်ကရယ်၏။

"ကစားစရာအဖြစ်တော့ အဆင်ပြေပါသေးတယ်.."

စစ်ပွဲရုပ်သေးက လှုပ်ရှားမှုတို့ ရပ်တန့်သွားပြီးနောက် စုလင်းရှုံမှာ စပ်စုလိုစိတ်တို့ မပျောက်သေးရာ သူမ၏ အစစ်အမှန်စွမ်းအင်အား ထပ်မံ ထိုးသွင်းပေးလိုက်သည်။

"ဆရာ... ဒီစစ်ပွဲရုပ်သေးကို ကြည့်ရတာ အရမ်း ချိနဲ့သလိုပဲ။ အစစ်အမှန်စွမ်းအင် အများကြီးကို ခံနိုင်ရည်မရှိဘူး။ မဟုတ်ရင် ပျက်စီးသွားလိမ့်မယ်.."

စုလင်းရှုံက မျက်မှောင်ကျုံ့ကာ ပြောသည်။

လီရွှမ်က ခေါင်းငြိမ့်၏။ သူ၏ ဒီဗိုင်းစွမ်းအင် တစ်မျှင်ကပင်လျှင် စစ်ပွဲရုပ်သေး၏ ခံနိုင်ရည်ထက် ကျော်လွန်လုနီးပါး ရှိနေ၏။

"ဒါကတကယ့်ကို ကစားစရာ သက်သက်ပဲ.."

ခဏအကြာ ကစားပြီးနောက် စုလင်းရှုံမှာ စိတ်ဝင်စားမှုတို့ ပျောက်ဆုံးသွား၏။ သို့ပေမယ့် ရှီအာမှာတော့ အလွန်စိတ်လှုပ်ရှားနေဟန်တူပြီး လှုပ်ရှားနေသည့် ရုပ်သေးရုပ်ရှေ့သို့သွားကာ ကစားသည်။

"ဖန်းဟောင်မှာ ထူးကဲတဲ့ပါရမီနဲ့ အတွေးအမြင်တွေရှိတယ်။ ဒီစမ်းသပ်မှုကို သူအောင်မြင်လောက်တယ်။ တပည့်တစ်ယောက် ဖြစ်လာဖို့ကတော့ သူ့ရဲ့ကံကြမ္မာအပေါ်ကို မူတည်လိမ့်မယ်.."

လီရွှမ်က သက်ပြင်းချသည်။

ဖန်းဟောင်၏ လက်နက်ကိရိယာထုလုပ်ခြင်း ပါရမီမှာ ထူးချွန်လှ၏။ စစ်ပွဲရုပ်သေးပဲဖြစ်ဖြစ် အခြားကိရိယာမှာပဲဖြစ်ဖြစ် လက်ရှိအချိန်၌ လင်းနယ်မြေတွင် လိုအပ်နေသည်များ ဖြစ်သည်။ ဤသည်မှာ ဖန်းဟောင်၏ စွန့်ဦးတီထွင်မှု ဖြစ်၏။ ထိုအပိုင်း၌ သူ၏ ပါရမီရှိမှုမှာ သိသာလှပြီး ချီမန်သိုင်းပညာအတွက် သင့်တော်လေသည်။

သို့ရာတွင် ချီမန်သိုင်းပညာတွင် လက်နက်ကိရိယာထုလုပ်ခြင်း၊ အခင်းအကျင်း၊ ချိတ်တံဆိပ် အစရှိသဖြင့်တို့လည်း ပါဝင်ရာ စမ်းသပ်မှုတို့ ပြုလုပ်ရန် လိုအပ်သေးသည်။

ဖန်းဟောင်သာ အခင်းအကျင်းပုံကြမ်းကို ကိရိယာတစ်ခုအဖြစ် ဖန်တီးနိုင်ပါက သူ၏ လက်နက်ကိရိယာထုလုပ်ခြင်းနှင့် အခင်းအကျင်းနှစ်ခုလုံးတွင် ပါရမီရှိမှုကို ပြသနိုင်ပေလိမ့်မည်။

"ကျယ်ပြောတဲ့ လင်းနယ်မြေမှာတောင်မှ သင့်တော်တဲ့တပည့်ကို ရှာတွေ့ဖို့ မလွယ်ကူဘူး။ ဖန်းဟောင်ကို အောင်မြင်ဖို့ ငါမျှော်လင့်တယ်.."

လီရွှမ်က တိတ်တဆိတ် စဉ်းစားသည်။ တာအိုရွှေစာအုပ်ကို ဖွင့်ကာ ချီမန်သိုင်းပညာအား စစ်ဆေးကြည့်၏။

သူသည် အမြဲတမ်း ချီမန်သိုင်းပညာကို ဆက်လက်မြှင့်တင်ရန် ကြိုးစားနေခဲ့သည်။ သို့ပေမယ့် အများကြီး ခရီးမရောက်သေးပေ။

ချီမန်သိုင်းပညာ

ပြည့်စုံမှု- အလယ်အလတ်၏အထက်

ကျင့်ကြံရန်ခက်ခဲမှု- မြင့်မားသည်။

ဉာဏ်လင်းပွင့်ရန်ခက်ခဲမှု- မြင့်မားသည်။

ချီမန်သိုင်းပညာ၏ အခြေခံအခင်းအကျင်း...

ပြည့်စုံမှု- မြင့်မားသည်။

နားလည်သဘောပေါက်ရန်ခက်ခဲမှု- မြင့်မားသည်။

ချီမန်သိုင်းပညာ၏ အခြေခံကိရိယာထုလုပ်မှု..

ပြည့်စုံမှု- အလယ်အလတ်အဆင့်

နားလည်သဘောပေါက်ရန်ခက်ခဲမှု- မြင့်မားသည်...

တာအိုရွှေစာအုပ်မှ ပေးလာသည့် သုံးသပ်ချက်ကိုကြည့်ကာ လီရွှမ်တစ်ယောက် သက်ပြင်းချမိသည်။အခင်းအကျင်း၏ ပြည့်စုံမှုအဆင့်မှာ အခင်းအကျင်းပုံကြမ်း ၃၆ခုတို့ကြောင့် မြင့်မားသည့် အဆင့်ကို ရောက်၏။ သို့ရာတွင် ထိုသို့ဆိုလျှင်တောင် နားလည်သဘောပေါက်နိုင်ရန် ခက်ခဲမှုမှာ လျော့နည်းသွားခြင်း မရှိပေ။

"ဒါက အခြေခံအခင်း အကျင်းလေးတွေပဲ ဖြစ်တယ်။ အခင်းအကျင်းကြီး၉ခု ဆိုရင်တောင်မှ အခြေခံရဲ့ တစ်စိတ်တစ်ပိုင်းလိုပဲ ယူဆလို့ရတယ်။ ဒါပေမယ့် အကြီးအသေးကွဲပြားမှုရှိတော့ သူတို့ရဲ့စီမံမှုနဲ့ နားလည်သဘောပေါက်နိုင်စွမ်း အဆင့်တွေကလည်း ခြားနားတယ်.."

"အခင်းအကျင်းလမ်းစဉ်က တကယ့်ကို နက်ရှိုင်းတာပဲ.."

"ဖန်းဟောင်ကို ငါပေးလိုက်တဲ့ အခင်းအကျင်းပုံကြမ်းက အခင်းအကျင်းငယ်၂၇ခုထဲမှာမှ အရိုးရှင်းဆုံးပဲ။ ဝေဝါးရှုပ်ထွေးခြင်းလို့ခေါ်ပြီး ပုံရိပ်ယောင် အခင်းအကျင်း အမျိုးအစားတစ်ခု ဖြစ်တယ်.."

"အဲ့ဒါကို ချန်းပိန်မြေကို ဖြတ်သန်းသွားစဉ်က ကောင်းကင်နဲ့ ကမ္ဘာ့မြေကြီးရဲ့ နိယာမအချို့ထည့်ပေါင်းပြီးတော့ ဖန်တီးခဲ့တာ.."

"အဲ့ဒီ့ အခင်းအကျင်းကိုတောင် နားလည်သဘောပေါက်နိုင်မှု မရှိဘူးဆိုရင် အခြား အခင်းအကျင်းကြီးတွေနဲ့ ချီမန်သိုင်းပညာတစ်ခုလုံးကို လေ့လာနိုင်ဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူး.."

လီရွှမ်က ကိုယ့်ကိုယ်ကိုယ် စဉ်းစား၏။ သူသည် ထိုက်ချန်းစာအုပ်ကို ထုတ်ကာ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမများကို ဆက်လက်လေ့လာသည်။

သုတေသနပြုမှု ပိုမိုနက်ရှိုင်းလာလေလေ ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်၏ အထက်၌ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမများကို မိမိ၏အကျိုးအတွက် မည်ကဲ့သို့ အသုံးချနိုင်မည်အား ပိုမိုကောင်းမွန်သည့် စိတ်ကူးများ ရရှိလာခဲ့သည်။

သိုက်မိသားစု...

ရွှီယန်ကြောင့် ဖြစ်ပွားခဲ့သည့် မုန်တိုင်းအပြီးတွင် သိုက်မိသားစုသည် ပျက်စီးနေသည့် အဆောက်အအုံများအား ပြန်လည် ပြင်ဆင်ခဲ့၏။

သို့ရာတွင် ရတနာတိုက်အား လုယူခြင်းခံလိုက်ရပြီး စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်၏ သေဆုံးမှုကြောင့် ကြီးမားသောဆုံးရှုံးမှုကို ဖြစ်ပေါ်ခဲ့၏။

All Chapters