← Chapters

ဝေဝါးရှုပ်ထွေးခြင်း အခင်းအကျင်း၊ စတုတ္ထမြောက်တပည့်

Vol. 30 Ch. 449

ဝေဝါးရှုပ်ထွေးခြင်း အခင်းအကျင်း၊ စတုတ္ထမြောက်တပည့်

Vol. 30 Ch. 449

ယွီကျိုး၏ နေရာတစ်ခုရှိ တောင်ဂူအတွင်းတွင် ယောက်ျားသား သုံးယောက်နှင့် မြွေတစ်ကောင်တို့စုစည်းနေကြ၏။

ယွီရှောင်လုံက ပါးစပ်ကိုဟကာ သူ၏မျက်နှာ အစိမ်းရောင်ပြောင်းသွားသည်အထိ ရတနာအိတ်များကို ဆက်တိုက် မှုတ်ထုတ်နေပါသည်။

သိုက်မိသားစု၏ ရတနာတိုက်များသည် ရတနာများစွာတို့ဖြင့် ပြည့်နက်နေ၏။ ၎င်းတို့ကို အပြောင်ရှင်းရန် ယွီရှောင်လုံသည် သိုလှောင်အိတ်များစွာတို့ကို မြိုခဲ့ရသည်။

သိုက်မိသားစု၏ ရတနာတိုက်အတွင်း၌ သူသည်ပါးစပ်ကိုဟကာ မြိုခဲ့ခြင်းမှာ ရတနာများကို ဝမ်းဗိုက်အတွင်းသို့ ထည့်ခြင်း မဟုတ်ပေ။ အဲ့ဒီ့အစား သိုလှောင်အိတ်များ အသီးသီးအတွင်းသို့ ထည့်ခြင်းဖြစ်၏။

ရှန်ဟိုင်ကျိုးက စိတ်လှုပ်ရှားစွာဖြင့် လက်ဝါးနှစ်ဖက်ကို ပွတ်သည်။ သူ၏မျက်လုံးများက လင်းလက်နေပြီး ချမ်းသာကြွယ်ဝမည့် နည်းလမ်းတစ်ခုကို တွေ့လိုက်ရသည့်ဟန် ရှိ၏။

သိုက်မိသားစုသည် ကြွယ်ဝသည့် အရင်းအမြစ်များနှင့် ဒုတိယတန်းစား မိသားစုကြီးတစ်ခု ဖြစ်ခဲ့၏။ အဖိုးတန်ရတနာများ ရှားပါးခြင်းမရှိပါ။

"အကိုရှန်... ဒီတစ်ကြိမ်မှာ ငါတို့တွေ မင်းကိုတကယ်ပဲ အကြွေးတင်သွားပြီ။ ရတနာတွေရဲ့သုံးပုံတစ်ပုံကို ယူလိုက်.."

ရွှီယန်က ရှန်ဟိုင်ကျိုး၏ ပုခုံးကိုပုတ်ကာ ပြော၏။ သူသည် တွန့်တိုတတ်သည့်လူ မဟုတ်ပေ။ ရှန်ဟိုင်ကျိုးမှာ သိုက်မိသားစုကို ရှင်းလင်းရန်အတွက် ကြီးစွာ ကူညီခဲ့၏။

"အဲ့လို ဘယ်ဖြစ်မလဲ.."

ရှန်ဟိုင်ကျိုးက ခေါင်းကိုရမ်းသည်။

"ငါက သတင်းအချက်အလက်အချို့ကိုပဲ ထောက်ပံ့ပေးခဲ့တာ။ သုံးပုံတစ်ပုံက အရမ်းများလွန်းတယ်။ အပြစ်ရှိသလို ခံစားရလိမ့်မယ်.."

"၁၀%ပဲ... အဲ့လောက်ဆိုရင် ငါ့အတွက်လုံလောက်တာထက်ပိုနေပြီ။ သုံးလို့တောင် ကုန်မှာမဟုတ်ဘူး.."

ရှန်ဟိုင်ကျိုးက လက်တစ်ချောင်းကိုထောင်ကာ ပြော၏။

"ကောင်းပြီ.."

ရွှီယန်က အတင်းပေးမနေပါ။

ရှန်ဟိုင်ကျိုးက ပစ္စည်း၁၀%ကို ယူဆောင်ပြီးနောက် ရွှီယန်နှင့် မုန့်ချုံတို့သည် ကျန်သည်များကို ရေတွက်ရန်အတွက် ပျင်းရိနေပြီး ယွီရှောင်လုံကို အားလုံးအား ပြန်လည် မြိုခိုင်းလိုက်၏။

များပြားလှသည့် ရတနာများနှင့် သူတို့သည်အားလုံးကို သယ်ဆောင်သွားလာနိုင်ခြင်း မရှိပေ။ ထို့ကြောင့် ရွှီယန်နှင့် မုန့်ချုံတို့သည် စံအိမ်ဆီသို့ပြန်ကာ ဆရာဖြစ်သူနှင့် ဂျူနီယာညီမလေးတို့ဆီ၌ ဒီပစ္စည်းများကို သွားရောက်အပ်နှံရန် ပြင်ဆင်ထားသည်။

ဤသည်က စိတ်ဝိဉာဉ်ဆေးပင်များကို ဒန်ဆေးလုံးများအဖြစ်လည်း သန့်စင်နိုင်မည် ဖြစ်၏။ ထို့အခါ ဒန်ဆေးလုံးများကိုသာ သယ်ဆောင်ရန် လိုအပ်ပေလိမ့်မည်။

ဆိုးသည်မှာ စိတ်ဝိဉာဉ်ကိရိယာများနှင့် ကုန်ကြမ်းများ ဖြစ်သည်။ သိုက်မိသားစု၏ ရတနာတိုက်အတွင်းရှိ စိတ်ဝိဉာဉ်ကိရိယာများထဲတွင် တစ်ခုမှ မျက်စိကျစရာ မရှိပါ။ ထို့ကြောင့် ဒီအတိုင်းထားလိုက်ရ၏။

မုန့်ချုံက နောင်တရစွာပြောသည်။

"ဆိုးလိုက်တာ... စိတ်ဝိဉာဉ်လက်နက်တွေက အရွယ်အစားပြောင်းလို့ မရဘူး။ ၆မီတာရွှေခန္ဓာအဖြစ် ပြောင်းလဲလိုက်ရင် ဆေဘာကို သုံးလို့မရဘူး ဖြစ်နေတယ်.."

သူသည် ၆မီတာအကောင်ကြီးအဖြစ် ပြောင်းလဲလိုက်သည်နှင့် လက်ရှိအသုံးပြုနေသည့် ဆေဘာမှာ အလွန်သေးငယ်လွန်းလှပြီး အသုံးမဝင် ဖြစ်သွား၏။ သို့ရာတွင် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ကြီးစိုးခြင်းဆေဘာကို ထုတ်လွှတ်ရန်အတွက် ဆေဘာတစ်ချောင်းကို မရှိမဖြစ်လိုအပ်နေသည်တော့ မဟုတ်ပါ။

လက်ထဲတွင် စိတ်ဝိဉာဥ်ဆေဘာတစ်ချောင်းကို ကိုင်ဆောင်ထားလျှင် ထုတ်လွှတ်နိုင်သည့် စွမ်းအားမှာ ပိုမိုကြီးမားနေမှာသာ ရှိ၏။

ရှန်ဟိုင်ကျိုး၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားသည်။ ၆မီတာရွှေခန္ဓာ... ဤသည်မှာ မည်ကဲ့သို့သော စွမ်းအားကြီးမားသည့် ကျင့်စဉ်မျိုး ဖြစ်သနည်း။ သူ၏ သိုင်းပညာအပေါ် နားလည်သဘောပေါက်မှုနှင့် တစ်ခါမှကြားဖူးခြင်း မရှိပေ။

"လင်းနယ်မြေမှာ လူတစ်ယောက်ရဲ့ စိတ်ဆန္ဒအတိုင်း အရွယ်အစားပြောင်းလဲနိုင်တဲ့ စိတ်ဝိဉာဥ်လက်နက်မျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး.."

ရှန်ဟိုင်ကျိုးက ခေါင်းကိုရမ်းကာ ပြော၏။ ထို့နောက် စိတ်လှုပ်ရှားစွာ ဆက်လက်ပြောသည်။

"ညီအစ်ကိုရွှီ... ညီအစ်ကိုမုန့်... စုမိသားစုမှာ စိတ်ဝိဉာဥ်ပုံဆောင်ခဲတွေ အံ့သြစရာကောင်းတဲ့ ပမာဏနဲ့ စိတ်ဝိဉာဥ်သွေးကြော သတ္တုတွင်းတစ်ခုရှိတယ်။ ဘာလို့ အဲ့ဒါကိုလုယူပြီး စုမိသားစုကို သတိနည်းနည်းလောက် မပေးလိုက်မှာလဲ.."

"စိတ်ဝိဉာဥ်သွေးကြော သတ္ထုတွင်းတစ်ခုကို လုယူဖို့က မလွယ်ကူဘူး။ အချိန်တိုအတွင်းမှာ အရာအားလုံးကို တူးယူဖို့ဆိုတာ မဖြစ်နိုင်ဘူး.."

ရွှီယန်က အနည်းငယ် မျက်မှောင်ကျုံ့သွားသည်။ စုမိသားစုမှာ သူ၏ရန်သူ ဖြစ်၏။ တစ်ဖက်လူအား သိသာသည့် ဆုံးရှုံးမှုတို့သာ ဖြစ်ပေါ်စေနိုင်ပါက ရွှီယန်အနေနှင့် လှုပ်ရှားမှုပြုရန် နှောင့်နှေးနေမည် မဟုတ်ပေ။

သို့ပေမယ့် အချိန်တိုအတွင်းတွင် စိတ်ဝိဉာဥ်သွေးကြောသတ္တုတွင်းတစ်ခုကို အပြောင်ရှင်းရန်မှာ ခက်ခဲလှပါသည်။

ရှန်ဟိုင်ကျိုးက လျှို့ဝှက်ဆန်းကြယ်စွာဖြင့် တီးတိုးသည်။

"ငါ.. စိတ်ဝိဉာဥ်သွေးကြော သတ္တုတွင်း အများစုကို ဝါးမြိုဖို့ စွမ်းအင်ရှိတဲ့ အဆင့်သုံး တောင်မြိုဖားတစ်ကောင်ကို ပိုင်ဆိုင်ထားတဲ့လူတစ်ယောက်ကို သိတယ်.."

ရွှီယန်၏ မျက်ခုံးများက မြင့်တက်သွားသည်။

"တကယ်ဟုတ်ရဲ့လား.."

"စိတ်ချထားပါ ညီအစ်ကိုရွှီ... လုံးဝအာမခံတယ်.."

ရှန်ဟိုင်ကျိုးက ရင်ဘတ်ကိုပုတ်ကာ ပြော၏။

"အခုအချိန်မှာတော့ စုမိသားစုက ပိုပြီးတော့ သတိကြီးနေလောက်တယ်။ အလောတလျှင်လုပ်ဖို့ မလိုဘူး။ အရင်ဆုံး သူတို့ရဲ့သတင်းတွေကို ပိုပြီးတော့ စုံစမ်းတာပေါ့။ မှန်ကန်တဲ့ အခွင့်အရေးကိုရှာပြီးမှ လှုပ်ရှားကြမယ်.."

ရွှီယန်က ခဏတာစဉ်းစားပြီးနောက် ပြောသည်။

"ပြဿနာမရှိဘူး... ငါ့တာဝန်ထားလိုက်.."

ရှန်ဟိုင်ကျိုးက စိတ်အားထက်သန်စွာ ပြော၏။

ရွှီယန်၊ မုန့်ချုံတို့နှင့် ဆက်သွယ်မှုပြုရန် နည်းလမ်းတစ်ခုကို သဘောတူပြီးနောက် သူတို့သည် အသွင်အပြင်များကို ပြောင်းလဲပြီး ထွက်ခွာခဲ့ကြ၏။

ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့၏ လိုက်လံမှုကို ရှောင်ကျဉ်ခဲ့သည်။ မုန့်ချုံဆိုလျှင် ဆံပင်တုတစ်ခုကိုပင် ဝတ်ထား၏။

"အောင်မြင်ပြီ.."

ဖန်းဟောင်က နဖူးရှိချွေးစေးများကို သုတ်ကာ လက်ထဲရှိ အပြားကို ကြည့်သည်။ သူ၏မျက်နှာပေါ်၌ အပြုံးတစ်ခုပေါ်လာ၏။

"ဒီပိုက်ဆံက ရှာရတာ တကယ်မလွယ်ဘူး.."

ထိုအပြားမှာ အဓိကသော့ချက်ဖြစ်ပြီး ကျန်သည်များမှာ အထောက်အကူသာ ဖြစ်သည်။ အဓိကအပြားနှင့် ပေါင်းစပ်နိုင်မည် ဖြစ်၏။

ဖန်းဟောင်သည် သေးငယ်သည့် အကူအပြား ရှစ်ခုတို့ကို အဓိကအပြားအတွင်းသို့ ထိုးစိုက်လိုက်သည်။

'ဒီပစ္စည်းက ဘယ်လိုအသုံးဝင်မလဲ မသိဘူး... အဲ့ဒီ့လျှို့ဝှက်ဆန်းကြယ်တဲ့ သင်္ကေတတွေကို ကြည့်ရတာ ပုံရိပ်ယောင်တစ်ခုလိုပဲ..'

ခဏတာစဉ်းစားပြီးနောက် ဖန်းဟောင်သည် စိတ်လှုပ်ရှားစွာဖြင့် စမ်းသပ်ကြည့်လိုနေ၏။ သို့ပေမယ့် ဖန်တီးထားသည့် အဖိုးတန် ပစ္စည်းကိရိယာများ အထိန်းအချုပ်ကင်းမဲ့ခြင်း သို့မဟုတ် မမြင်နိုင်သည့် အန္တရာယ်များ ပေါ်ပေါက်လာမည်ကို စိုးရိမ်နေပါသည်။

သူသည် ခြံဝန်းအတွင်းရှိ ရေတွင်းဆီသို့ ကြည့်လိုက်၏။

"ဟကလေး.. ထွက်လာခဲ့.."

ရေတွင်းအတွင်းမှ မီးခိုးရောင်ဖားတစ်ကောင် ခုန်ထွက်လာပြီး မြေပြင်ပေါ်တွင်ထိုင်ကာ သူ့ကိုကြည့်သည်။

"ကရွတ်.."

၎င်း၏ ဖျက်လက်သည့် မျက်လုံးများက ဖန်းဟောင်ကို စိုက်ကြည့်ကာ ပါးစပ်ကိုဖွင့်ပြီး ညင်သာစွာ အသံပြုသည်။

"ခဏနေရင် ဒီကိရိယာရဲ့ အသုံးဝင်ပုံကို ငါစမ်းကြည့်မယ်။ တစ်ခုခု အထိန်းအချုပ်လွတ်သွားတာရှိရင် ဒီအပြားကို မြိုချလိုက်.. ကြားလား.."

ဖန်းဟောင်က အကူအပြားတစ်ခုကို ဆွဲထုတ်ကာ ဟကလေးကို ညွှန်ကြားသည်။ ထိုအကူအပြားကို မြိုချလိုက်ပါက ဖွဲ့စည်းပုံတစ်ခုလုံး ဟန်ချက်ပျက်ကာ အားနည်းချက်ပေါ်လာမှာ ဖြစ်သည်။ ဤသည်က ကရိယာတစ်ခုလုံးအား ရပ်တန့်သွားစေနိုင်လောက်မည် ထင်၏။

"ကရု.."

ဟကလေးက ခေါင်းငြိမ့်သည်။

‌ဖန်းဟောင်က အသက်ကို နက်ရှိုင်းစွာရှူပြီး လေးနက်စွာကြည့်၏။ သူ့ကိုယ်သူ အံ့သြစရာကောင်းသည့် တစ်ခုခုအား ဖန်တီးခဲ့သည်ဟု ခံစားနေရသည်။ သူသည် အကူအပြား တစ်ခုကို ဟကလေး၏ရှေ့တွင် ထားလိုက်သည်။

အဓိကအပြားကို လက်ထဲတွင်ကိုင်ကာ စွမ်းအင်ကိုစီးဝင်စေလိုက်၏။ အသံတစ်ခုနှင့်အတူ အကူအပြား၇ခုတို့သည် အဓိကအပြားအတွင်းတွင် စိုက်ဝင်နေရာမှ ရုတ်တရက် ပျံထွက်လာခဲ့၏။ ခြားနားသည့် နေရာ၇ခုဆီသို့ သက်ဆင်းသွားသည်။

လျှပ်တပြက်အတွင်း ခြံဝန်းသည် ပျောက်ကွယ်သွားသည့်ပုံ ပေါ်၏။ သို့ပေမယ့် ပျောက်ကွယ်သွားခြင်း မရှိသည့်ပုံလည်း ရှိသည်။

ယခုအချိန်၌ ရင်းနှီးသည့် ခြံဝန်းသည် ပြောင်းလဲသွားသည့်ပုံ ရှိ၏။ ဖန်းဟောင်ကို မည်သည့်နေရာတွင် အိမ်ရှိသနည်း။ မည်သည့်နေရာတွင် ရေတွင်းရှိသနည်း။ အစရှိသဖြင့်ပင် ခွဲခြားနိုင်ခြင်း မရှိစေတော့ပေ။

ဟကလေး ထိုင်နေခဲ့သည့်နေရာအား သူကြည့်လိုက်၏။ ထိုနေရာတွင် မီးခိုးရောင်ဖားအစား ထုလုပ်ခြင်းမီးပေါင်းဖိုတစ်ခုကို တွေ့လိုက်ရသည်။

'တစ်ခုခုမှားနေပြီ... မီးပေါင်းဖိုက ဘယ်လိုလုပ်ပြီး အဲ့ဒီ့မှာ ရောက်နေတာလဲ..'

ဖန်းဟောင်သည် ကြီးစွာ အံ့သြသွား၏။ ဤသည်မှာ မည်ကဲ့သို့သော ရတနာကိရိယာ ဖြစ်သနည်း။

အဘယ်ကြောင့် ယခုကဲ့သို့ ဖြစ်လာသနည်း။

သူသည် ရှေ့သို့ခြေလှမ်းအနည်းငယ် လျှောက်လှမ်းရန် ကြိုးစားကြည့်လိုက်သည်။ သို့ပေမယ့် သူ၏ခြံဝန်းထဲတွင် ကိုယ့်ကိုယ်ကိုယ် လမ်းပျောက်နေကြောင်းအား တွေ့လိုက်ရ၏။ လက်ထဲရှိ အဓိကအပြားကို ခေါင်းငုံ့ကြည့်ကာ အသက်ကို နက်ရှိုင်းစွာရှူသည်။ သူ၏ စိတ်ထဲ၌ အခင်းအကျင်းပုံကြမ်းတစ်ခု ပေါ်လာခဲ့၏။

All Chapters