← Chapters

အခန်း (၉၄၈)

Vol. 64 Ch. 948

အခန်း (၉၄၈)

Vol. 64 Ch. 948

“ဂါး...ဝေါင်း..ဂါး..ဂယား”

အောက်ဘက်ရှိလူဆယ်ယောက်နှင့် ကျီးကန်းနက်တို့အားကြည့်၍ ခက်ထန်သောနတ်ဆိုးသားရဲများက ‌ဒေါသတကြီးဟိန်းဟောက်လိုက်ပြီး ချိုင့်ဝှမ်းအတွင်းသို့ဖျက်ခနဲဦးတည်သွားသည်။

“မွန်းစတားနတ်ဘုရားသင်္ချိုင်းဝင်ပေါက်ရဲ့ ရှေးဟောင်းအစီအရင်. နတ်ဆိုးရိုင်းတောင်တန်းထဲက သားရဲကြီးတွေတောင် ဒီအကြောင်းကိုမသိကြဘူးလား”

ရှစ်ဖုန့်က သူ့ဖာသာသူထပ်မံတွေးလိုက်သည်။

“ဒီနေရာကိုရောက်လာကြတဲ့ ဒေါသအိုးပေါက်ကွဲနေတဲ့ နတ်ဆိုးသားရဲတွေအကုန်လုံး ရှေးဟောင်းအစီအရင်ကြောင့်ပြာဖြစ် သွားကြတာများလား”

ရှစ်ဖုန့်က ဖြစ်နိုင်ချေကိုထပ်မံတွေးလိုက်သည်။

“ဘယ်လိုပဲဖြစ်နေပါစေ ဒီနတ်ဆိုးသားရဲကိုးကောင်က ဒီနေရာရဲ့အန္တရာယ်များတဲ့ရှေးဟောင်းအစီအရင်တည်ရှိမှုကို မသိတာဖြစ်လောက်တယ်.မဟုတ်ရင်သူတို့ဒီကိုတစ်ကောင်ပြီးတစ်ကောင်ရောက်လာမှာ မဟုတ်ဘူး”

သို့သော်နောက်ထပ်ဖြစ်နိုင်ချေတစ်ခု လည်းရှိသေးသည်ဖြစ်၏။ ဤကြီးမားကျယ်ပြန့်သော ကောင်းကင်နှင့်မြေကြီးမှာ ဝတ်ရုံနက်က ၎င်း၏ ကောင်းကင်ဘုံကိုပင်ဖီဆန်သော လျှို့ဝှက်ပညာရပ်ဖြင့် ပြုပြင်ပြောင်းလဲထားခြင်းဖြစ်သည်။

နတ်ဆိုးရို်ငးတောင်တန်းအတွင်းနှစ်ကာလတစ်လျှောက်လုံးနေထိုင်ခဲ့ကြသည့် ဤနတ်ဆိုးသားရဲများပင် အန္တရာယ်များသောဤနေရာအား မမှတ်မိနိုင်ခြင်းဖြစ်လောက်သည်ဖြစ်သည်။

“ဒါပေမဲ့ဒါက”

ရှစ်ဖုန့်အနေဖြင့် ယင်းအားဖြစ်နိုင်ချေတစ်ခုဟု မစဉ်းစားပေ။ ယခုနတ်ဘုရားတစ်ပိုင်းနယ်ပယ်တစ်ဦး၏ စွမ်းအားအား ပို၍နားလည်လာသည်နှင့်အမျှ နတ်ဘုရားတစ်ပိုင်းနယ်ပယ်တစ်ဦးက လျှို့ဝှက်ပညာရပ်တစ်ခုနှင့် ကောင်းကင်နှင့်မြေကြီးအားပြောင်းလဲပစ်ရန်မှာ မဖြစ်နိုင်ကြောင်းကိုရှစ်ဖုန့်သိလေသည်။ အစစ်အမှန်နတ်ဘုရားစွမ်းအားနှင့် တစ်စုံတစ်ယောက်သို့မဟုတ် အစစ်အမှန်နတ်ဘုရားလက်နက်တစ်ခုကသာ ယင်းကိုလုပ်နိုင်ခြင်းဖြစ်သည်။

ဤအချိန်တွင်အောက်သို့ဖျက်ခနဲဦးတည်သွားကြသော ဧရာမသားရဲကြီးကိုးကောင်က ရှစ်ဖုန့်၏မြင်ကွင်းအတွင်းမှ ပျောက်ကွယ်သွားသည်။

“ကိုးကောင်ကတော့အောက်ကိုဆင်းသွားပြီ.. ကောင်းကင်ထဲမှာ နောက်ထပ် ကိုးကောင်ထပ်ရှိလောက်သေးတယ်”

ပျောက်ကွယ်သွားသောဧရာမပုံရိပ်ကိုးခုထံသို့ထပ်မံကြည့်၍ ရှစ်ဖုန့်ကတီးတိုးရေရွတ်လိုက်သည်။

ထို့နောက်ရှစ်ဖုန့်က ခေါင်းကိုဖြည်းဖြည်းချင်းမော့လိုက်ပြီး ကောင်းကင်ထဲသို့ကြည့်လိုက်သည်။

ဝတ်ရုံနက်က သားရဲကိုးကောင်အား မည်သို့မည်ပုံကိုင်တွယ်မည်ဆိုသည်ကို ရှစ်ဖုန့်စဉ်းစားနေပြီးဖြစ်သည်။

ထိုသားရဲကြီးများကရောက်မလာ သေးသောကြောင့် ချိုင့်ဝှမ်းအတွင်းသို့ခုန်ဆင်းသွားသည့်ရှေ့ကနတ်ဆိုးသားရဲကိုးကောင်ကို မမြင်တွေ့လိုက်ရပေ။

“ဂါး..ဂါး..ဂါး..ဂါး.ဂါး”

ထို့နောက်ဒေါသတကြီးဟိန်းဟောက်သံများဆက်တိုက်ထွက်ပေါ်လာသည်။ ထို့နောက်ဧရာမနတ်ဆိုးသားရဲကြီးများ ကတစ်ကောင်ပြီးတစ်ကောင် ဖျက်ခနဲပေါ်လာသည်။

ပထမဆုံးနတ်ဆိုးသားရဲသုံးကောင်၊ ထို့နောက်လေးကောင်နှင့် နောက်ဆုံးတွင်နှစ်ကောင်ပေါ်လာသည်။ သူတို့နောက်သို့လိုက်ဖမ်းနေသော နတ်ဆိုးသားရဲကိုးကောင်က ရောက်ရှိလာပြီဖြစ်သည်။

သို့သော်ထပ်ပေါ်လာသောသားရဲကိုးကောင်က အောက်သို့ဖျက်ခနဲထိုးဆင်းခြင်းမရှိပေ။ ၎င်းတို့ကအလျှင်စလိုပြုမူခြင်းမပြုကြချေ။ ထိုအစား အောက်ဘက်ချိုင့်ဝှမ်းအတွင်းမှပုံရိပ်များထံသို့ ဒေါသတကြီးဆက်လက် ဟိန်းဟောက်နေကြသည်။

ယင်းမှာ အောက်သို့ထိုးဆင်းသွားသည့် နတ်ဆိုးသားရဲကိုးကောင်က သဲလွန်စမကျန်ပျောက်ကွယ်သွားသောကြောင့် ၎င်းတို့အနေဖြင့် သံသယဖြစ်မှုကို စတင်ခံစားလာရခြင်းဖြစ်ဟန်တူ၏။

ထို့နောက် မာကျောသောကျောက်သားတို့ဖြင့် ပြုလုပ်ထားပုံရသည့် ဧရာမကျောက်တုံး သားရဲကြီးတစ်ကောင်က ၎င်း၏ပါးစပ်မှကျောက်တုံးကြီးတစ်ခုကို ထွေးထုတ်ကာပစ်လိုက်သည်။ထို့နောက် ၎င်းက ချိုင့်ဝှမ်းအတွင်းဥက္ကာပျံတစ်ခုနှယ်ကျဆင်းသွား၏။

“ဟားဟား. ဒါကထပ်ပြီးမလိုအပ်တော့တဲ့ပုံပဲ”

ဤအချိန်တွင် အိုမင်းပြီးအက်ရှရှအသံဖြင့်အဘိုးအိုတစ်ဦး၏ ရယ်မောသံကကောင်းကင်ထဲ၌ရိုက်ခက်ထွက်ပေါ်လာသည်။

ရယ်မောသံထွက်ပေါ်လာသကဲ့သို့ ဝင့်ကြွားစွာရပ်နေသည့်သားရဲကိုးကောင်ကလည်း ခေါင်းများကိုမော့လိုက်ပြီး ကြမ်းကြုတ်ခက်ထန်သောမျက်နှာများဖြင့် အော်ဟစ်လိုက်ကြ၏။

ထို့နောက် ကောင်းကင်ထဲ၌အနက်ရောင်ပုံရိပ်တစ်ခု ဖြည်းညှင်းစွာပေါ်လာသည်။ ၎င်းက ဝတ်ရုံနက်အဘိုးအိုပင်ဖြစ်၏။

သားရဲကိုးကောင်းအားရင်ဆိုင်ရန်အတွက်တစ်ဦးတည်းပေါ်လာခြင်းဖြစ်သည်။

သို့သော်ရှေ့ကသားရဲကိုးကောင်ပျောက်ကွယ်သွားပြီးသည့်နောက်ယခုထိတိုင်မမြင်တွေ့ရသေးပေ။ ဤအသိဉာဏ်ရှိသောသားရဲများက ဝတ်ရုံနက်အား အနည်းငယ်ကြောက်လန့်နေကြ၏။

ဝတ်ရုံနက်က ကောင်းကင်ထဲ၌တစ်ယောက်တည်းရပ်နေခြင်းဖြစ်သည်။ သူ၏ဝတ်ရုံနက်က လေထဲ၌တဖျပ်ဖျပ်လူးလွန့်နေသည်။ ခေါင်းကိုငုံ့လိုက်ပြီး သားရဲကိုးကောင်ကိုငုံ့ကြည့်လိုက်၏။

ထို့နောက်ဝတ်ရုံနက်က ထပ်မံပြောလိုက်သည်။သူ၏အသံက ဤနယ်မြေအတွင်းရိုက်ခတ်သွား၏။

“နောက်ဆုံးဒီအနေအထား ထိရောက်အောင်ငါတော်တော် လေးအားထုတ်ခဲ့ရတာ.. ဟားဟားဟား..ဒီရှေးဟောင်း အစီရင်ကိုချိုးဖျက်နိုင်ဖို့ ထိခိုက်ထားတဲ့အစစ်အမှန်ဆန်းကြယ်ရတနာကို စွန့်လွှတ်ရမယ်ဆိုရင်တောင် ဒါကထိုက်တန်တယ်”

ဤအခိုက်အတန့်တွင်ဝတ်ရုံနက်က သူ၏ အမျိုးသမီးတစ်ဦးနှင့်ဆင်တူသည့် ဖြူပြီးသွယ်လျသော ညာလက်ကိုဆန့်ထုတ်လိုက်သည်။ ထို့နောက်လက်ဝါးတစ်ခုအရွယ်အစားရှိသော အနက်ရောင်ပင့်ကူတစ်ကောင်နှင့်ဆင်တူသည့် ဆန်းကြယ်သောအနက်ရောင်ပစ္စည်းတစ်ခုက သူ၏လက်ဖဝါးအတွင်းပေါ်လာသည်။

သို့သော် အနက်ရောင်ပင့်ကူတစ်ကောင်နှင့်ဆင်တူသည့် ဤရတနာ၏ ခြေထောက်တို့က ပျက်စီးနေပြီး ပြည့်စုံမှုမရှိပေ။၎င်း၌ အက်ကြောင်းများနှင့်လည်း ပြည့်နှက်နေသည်။

“ဒါက ထိခိုက်ထားတဲ့ပစ္စည်းတစ်ခုပဲ”

ဝတ်ရုံနက်၏လက်အတွင်းမှ ပင့်ကူတစ်ကောင်ကဲ့သို့ ရတနာအား ကြည့်ရင်းရှစ်ဖုန့်ကတီးတိုးရေရွတ်လိုက်သည်။

အစောပိုင်းက ဝတ်ရုံနက်ပြောဆိုမှုတို့အား နားထောင်ရသည်မှတစ်ဆင့် ၎င်းက ထိခိုက်ထားသောအစစ်အမှန် နတ်ဘုရားလက်နက်တစ်ခုဖြစ်သည်။

“ဒီကြီးမားကျယ်ပြန့်တဲ့ကောင်းကင်နဲ့မြေကြီးက ဒီအဘိုးကြီးတကယ်ပဲပြောင်းလဲထားတာလား.. ဒါကြောင့် အမြဲတမ်းနတ်ဆိုးရိုင်းတောင်တန်းထဲမှာနေထိုင်ခဲ့တဲ့ သားရဲကြီးတွေက ဒီအန္တရာယ်များတဲ့နေရာကို မမှတ်မိကြတာလား”

“နတ်ဘုရားတစ်ပိုင်းတစ်ယောက်ရဲ့စွမ်းအားက ကမ္ဘာကိုမပြောင်းလဲနိုင်ပေမဲ့.. အကယ်၍ ထိခိုက်ထားတဲ့ အစစ်အမှန်နတ်ဘုရား လက်နက်နဲ့သာဆိုရင်တော့...”

ရှစ်ဖုန့်မှာဤအရာအားတွေးနေချိန်တွင် ကမ္ဘာကြီးက စတင်ချာချာလည်ပတ်လာသည်ကို ရုတ်တရက်သဘောပေါက်လိုက်သည်။ ကမ္ဘာတစ်ခုလုံးက ဧရာမဝဲကြီးတစ်ခုအဖြစ်ပြောင်းလဲသွားပြီး စတင်တစ်ဟုန်ထိုးချာချာလည်နေသည်။

ဝဲက လှည့်ပတ်ခြင်းရပ်သွားခဲ့သည်။ ကမ္ဘာကြီးက တည်ငြိမ်သောအခြေအနေသို့ ပြန်လည်ရောက်ရှိသောအခါတွင် ကမ္ဘာကြီးကတကယ်ပဲ ကမ္ဘာတုန်လောက်အောင်ပြောင်း လဲသွားသည်ကိုရှစ်ဖုန့်တွေ့လိုက်ရသည်။

ယင်းကသူယခင်ကတွေ့ခဲ့ရသည်နှင့်လုံးဝခြားနားသည်ဖြစ်သည်။

သူ၏ခြေဖဝါးအောက်၌ မြင့်မားသည့်ဓားကဲ့သို့ တောင်တစ်လုံးရှိသည်ကို ရှစ်ဖုန့်သဘောပေါက်လိုက်သည်။

ယင်းကာသူ့ရှေ့ရှိဧရာမချောက်ကမ်းပါးတစ်ခုဖြစ်လောက်၏။ အားလုံးထက်သူ့အနေဖြင့် သူ့ရှေ့ရှိဧရာမတောင်ကြီး၏ချောက်ကမ်းပါးမှတစ်ဆင့်တစ်ဟုန်ထိုးဆင်းခဲ့သည်ကိုရှစ်ဖုန့်မှတ်မိနေဆဲဖြစ်သည်။

သို့သော်ဤအချိန်တွင် ယင်းမှာယခင်သူမြင်တွေ့ရသောအခြေအနေလုံးဝဟုတ်မနေတော့ပေ။ ထိုအစား ၎င်းကဧရာမရေတံခွန်ကြီးတစ်ခုဖြစ်သည်။ ရေများကဧရာမနဂါးငွေ့တန်းတစ်ခုကဲ့သို့ အောက်သို့တစ်ဟုန်ထိုးစီးဆင်းနေသည်။

ထိုထက်ပိုသည်ကား သားရဲကိုးကောင်၏အောက်၌ရှိနေသောအရာက ချိုင့်ဝှမ်းတစ်ခုမဟုတ်တော့ပေ။ ၎င်းက လွန်စွာကြီးမားကာ ကျယ်ပြောလှသော ရေကန်ကြီးတစ်ခုဖြစ်သည်။

ဤအခိုက်အတန့်တွင် အောက်သို့ပြုတ်ကျသွားပြီး လျှို့ဝှက်နည်းစနစ်ဖြင့်ဖုံးကွယ်ခံခဲ့ရသောပုံရိပ်များက ရေကန်ပေါ်၌ရပ်နေကြသည်။ ၎င်းတို့ကရေမျက်နှာပြင်ထက်၌ မျောလွင့်ရပ်နေသောအနေအထား ဖြင့်တစ်ယောက်ပြီးတစ်ယောက်ပေါ်လာ၏။

ကျီးကန်းနက်ကလန်၏အစစ်အမှန်ပါရမီရှင် ပုယာမှာ အနက်ရောင်ငှက်မွှေးဝတ်ရုံအား ဝတ်ဆင်ထားဆဲဖြစ်သည်။ သူ၏မျက်နှာက ခက်ထန်နေပြီး အပြင်းအထန်ရုန်းကန်နေရသည့်ပုံပေါ်သည်။ သူထံသို့လာနေသော စွမ်းအားများအားခုခံရန်အတွက် အားကုန်သုံးနေရဆဲဖြစ်သည်။

သို့သော် ဧရာမကျီးကန်းနက်ကြီးက ရှေးဟောင်းနတ်ဘုရားသားရဲ၏ မျိုးဆက်သွေးကိုပိုင်ဆိုင်ထားပြီး အားကောင်းသောခန္ဓာကိုယ်တစ်ခု ကိုပိုင်ဆိုင်ထားသော်လည်း စွမ်းအားကုန်အသုံးပြု၍ပုယာကို ကာကွယ်ခဲ့ရသည်ဖြစ်သည်။ ထိုထက်ပိုသည်ကား၎င်းတို့မှာ ဝတ်ရုံနက်၏ထောင်ချောက်အတွင်းသို့ပထမဆုံးသက်ဆင်းရသူဖြစ်၏။

ဤအချိန်တွင်ကျီးကန်းနက်မှာလုံးဝစွမ်းအားကုန်ခမ်းနေခဲ့သည်။ ၎င်းကလဲလျောငးနေပြီး သေမင်းတံခါးဝ၌အပြင်းအထန်ရုန်းကန် ကအသက်မျှင်းမျှင်းရှူနေရသည်။

ကျင်းဖူနှင့်လိုက်ပါလာခဲ့သောနတ်ဘုရားတစ်ပိုင်းနယ်ပယ်ခြောက်ဦးမှာမူ ဝတ်ရုံနက်နှင့်ကျင်းဖူတို့၏တိုက်ခိုက်မှုအားခံရပြီးနောက်သေဆုံးခြင်းမရှိကြပေ။ ခြောက်ယောက်သားတစ်ယောက် ကိုယ်တစ်ယောက်ကျောချင်းကပ်ရပ်နေပြီး မတူညီသောအရပ်မျက်နှာခြောက်ခုကိုမျက်နှာမူထားကြသည်။ ၎င်းတို့က စွမ်းအားအကုန်အဆက်မပြတ်လှည့်ပတ်ပြိး စွမ်းအားကြီးစွမ်းအင်များကိုခုခံနေသည်။

၎င်းတို့အပြင်ထပ်ပေါင်းရလျှင် ပုယာနောက်သို့လိုက်လာခဲ့သော သားရဲခုနှစ်ကောင်လည်းရှိသည်။ သိပ်မကြာခင်ကထိုးဆင်းသွား သောသားရဲကိုးကောင်လည်းရှိ၏။ ဧရာမပုံရိပ်ဆယ့်ခြောက်ခုကလည်း သူတို့ထံသို့ အရှိန်အဟုန်ဖြင့်လာနေသော စွမ်းအားများကို ခုခံနေကြသည်။

သို့သော် ဧရာမရေကန်ကြီးနှင့် နှိုင်းယှဉ်လိုက်လျှင် ပုံရိပ်ဆယ့်ခြောက်ခုက နှိုင်းယှဉ်၍မရနိုင်လောက်အောင် သေးငယ်သည်ဖြစ်သည်။

“ဂါး..ဂါး’

ဤအချိန်တွင်ကမ္ဘာကြီးက၎င်း ၏မူလအသွင်အပြင်ပြန်ဖြစ်လာသည်။ ဝတ်ရုံနက်၏အောက်ဘက်ရှိသားရဲကိုးကောင်မှာ ကမ္ဘာကြီး၏အစစ်အမှန်ပုံစံအားမြင်တွေ့လိုက်ရသည့်အခါတွင် ချက်ချင်းပဲဆက်တိုက် ဟိန်းဟောက်လိုက်ကြသည်။

ဤသားရဲများ၏အော်သံများမှတဆင့် ၎င်းတို့အနေဖြင့် တကယ်ကြောက်ရွံ့နေခြင်းဖြစ်ကြောင်းကို ရှစ်ဖုန့်ပြောနိုင်သည်ဖြစ်၏။

ဆက်ရန်.........

ဘာသာပြန်သူ-ARISE

All Chapters